Always With You (Completed)

By Mirella_vc

30.6K 1.7K 289

ပထမဦးဆုံး ရိုးသားစွာ ဝန်ခံပါစေ ဒီ Fic ရေးဖို့ကို idea ဘယ်ကရလာလဲ ဆိုတာပါ.. ကိုယ် ပြီးခဲ့တဲ့ရက်တွေတုန်းက Tokyo... More

AWY-Intro
AWY -1
AWY_2
AWY-3
AWY-4
AWY-5
AWY-6
AWY-7
AWY-8
AWY-9
AWY-10
AWY-11
AWY-12
AWY-13
AWY-14
AWY-15
AWY-16
AWY-17
AWY-18
AWY-19
AWY-20
AWY-21
AWY-22
AWY-23
AWY-24
AWY-25
AWY-26
AWY-27
AWY-28
AWY-29
AWY-31
AWY-Final
AWY-Extra

AWY-30

693 49 4
By Mirella_vc

"ဒီနေ့ mission တွေ စကြမယ်... ကိုယ်တာဝန်ယူထားတဲ့အပိုင်းကို တာဝန်ကျေဖို့ထက် တိကျသေချာအောင် လုပ်ပါ..ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်...အဖွဲ့သားတွေကိုလည်း ဂရုစိုက်...အကုန်လုံး အသက်ရှင်လျက် ပြန်လာတာဘဲ လိုချင်တယ်..."

"ဟုတ်ကဲ့ ဂိုဏ်းချုပ်..."

"မေးစရာရှိရင် အချိန်မရွေးပြန်မေးပါ...လိုအပ်တာရှိရင်လည်း ချက်ချင်းပြောကြပါ..."

"ဟုတ်ကဲ့ ဒုဂိုဏ်းချုပ်..."

"Ok..."

"ဂိုဏ်းချုပ်...ဂိုဏ်းချုပ်...ခေါင်းဆောင် သတိရလာပြီတဲ့..."

"Gun Smile သတိရလာပြီတဲ့..."

"ဟေး...နောက်ဆုံးတော့ တို့ခေါင်းဆောင် ပြန်သတိရလာပြီ..."

ဂိုဏ်းသားတွေကို တာဝန်အသီးသီးခွဲပေးခဲ့ပြီး ခေါင်းဆောင်ပိုင်းတွေနဲ့ ဂိုဏ်းချုပ်နှစ်ယောက်မှာ Gun Smile ဆီ အပြေးအလွှားလာခဲ့လိုက်ကြ၏။ဆေးရုံခန်းထဲကို မကြီးမငယ်တွေနဲ့ အတင်းတိုးဝှေ့ဝင်နေတာကြောင့် ဂိုဏ်းချုပ်က သူတို့ကို ထအော်တော့၏။

"Vachirawit မင်းတို့ဘာဖြစ်နေတာလဲ..ငါ အပေါက်ဝ
ချဲ့ပေးရမလား...."

"ငယ်ကလည်း...ဟဲဟဲ...ဟေ့ကောင်တွေ မင်းတို့အရင်ဝင်..."

"ခုနကထဲက ပေးဝင်လိုက်နေရင် ရနေပြီကို..."

မျက်နှာချိုသွေးပြီး နောက်မှာ ကျန်ခဲ့တဲ့ ဂိုဏ်းချုပ်လေးနားကို ပြန်သွားလိုက်ရ၏။

"မင်းက ကလေးလားဟမ်...အတင်းသွားတိုးနေတာ.."

"ကိုယ်က ဝမ်းသာသွားလို့ပါ...ငယ်ကလည်း..."

"မငယ်ဘူး...ဝင်မယ်...လာ..."

သူတို့ဝင်လာတာမြင်တော့ Gun Smile က ကုန်းထဖို့ ကြိုးစားနေတာကြောင့် Bright ကဘဲ အနားသွားရင်း မထဖို့ ပြောလိုက်ရ၏။

"ဘယ်လိုလဲ အဆင်ပြေရဲ့လား...."

"အခုမှ သတိရလာတဲ့သူတွေ ဘာတွေမေးနေတာတုန်း...."

"မသိဘူးလေကွာ..ရုတ်တရက်ဆိုတော့ သိတယ်မှတ်လား...ဟီးဟီး..."

"Vachirawit တို့ မျက်နှာပိုးမသေဘူး...."

ဂိုဏ်းချုပ်ကပြောတော့ အကုန်လုံးထရယ်ကြတော့၏။

"ငါ သတိမေ့နေတာ ဘယ်လောက်ကြာသွားလဲ Mike..."

"တစ်ပတ်လောက်ရှိနေပြီ ငါ့ကောင်..."

"ဟိုကောင်တွေရော ဘယ်လိုလုပ်လိုက်လဲ..."

"အကုန်လုံးရှင်းလိုက်ပြီ...နေမြန်မြန်ကောင်းအောင်လုပ်...Mission တွေ အများကြီးရှိတယ်..."

"အခုမှ သတိရလာတဲ့သူကို ပြောပြန်ပြီ နောက်တစ်ယောက်...မင်းတို့ကလေ..."

"ငါမေးမလို့ Mike..."

"မေးလေ...Gun ရ..."

"မင်းတို့အကုန်လုံး ယောက်ျားယူကုန်ကြတာလား...သတိရရချင်း မြင်ရတာ အတွဲတွေချည်းဘဲ...ဘယ်မှာလဲ ငါ့ကောင်မလေး...."

Gun Smile ပြောလည်း ပြောချင်စရာပေ...လူနာသွားကြည့်တာ အတွဲကိုယ်စီနဲ့ လက်မောင်းကို တွဲဖက်ထားတဲ့သူနဲ့ ပုခုံးဖက်ထားတဲ့သူနဲ့...။

"ဟဲဟဲ...သွားခေါ်နေပြီ...သူလည်း ကျောင်းတစ်ဖက်နဲ့ လာလာကြည့်နေရတာ...သနားပါတယ်..."

"အင်း...Gun မင်းက ကောင်းကောင်းအနားယူလိုက်အုံး...ငါတို့ Mission တွေ ဆက်လုပ်လိုက်အုံးမယ်...ကိုယ့်ကိုကိုယ် အားဖြည့်ထားကွာ...ကြားလား..."

"အေးပါ...ငါ့အသက်ကိုရအောင် ကယ်တင်ပေးတဲ့အတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်..."

"ငါတို့ကို ကျေးဇူးတင်ဖို့မလိုပါဘူးကွာ...အသက်ဆက်ရှင်စိတ် ရှိနေတဲ့ မင်းကိုယ်မင်းဘဲ ကျေးဇူးတင်...ဟုတ်ပြီလား"

"အင်းပါ..ဘာဘဲဖြစ်ဖြစ် ကျေးဇူးတင်ချင်လို့ကွာ..."

"ဟုတ်ပြီ...ကဲ..ဒါဆို ငါတို့ သွားစရာရှိနေလို့ အရင်ပြန်နှင့်လိုက်တော့မယ်...ငယ် သွားရအောင်..."

"အားလုံးဘဲ သွားပြီ..."

ဒုဂိုဏ်းချုပ်က ဂိုဏ်းချုပ်လက်ကို ဆွဲပြီး ထွက်လာတော့ နောက်ကနေ Dew နဲ့ Nani တို့က ပြေးလိုက်လာ၏။

"Win..."

"ဟင်..."

"ငါတို့ပြောတာတွေ မမေ့နဲ့နော်...ကြားလား...တစ်ခုခု အခြေအနေမဟန်ရင် ချက်ချင်းပြန်လာခဲ့...."

"အေးပါ..."

ဒယ်ဒီကို သွားတွေ့မှာမို့ စိတ်ပူနေတဲ့ သူငယ်ချင်းနှစ်ယောက်ကို သူကျုံးဖက်လိုက်ရင်း အားပေးလိုက်ရ၏။Vachirawit က နဂိုထဲမှ ဒယ်ဒီနဲ့ တွေ့ရမှာ စိုးရိမ်နေတာကို သူ ပိုပြီးစိုးရိမ်မှုတွေ မဖြစ်စေချင်။Dew နဲ့ Nani ကပါ စိတ်ပူနေတဲ့ ပုံစံကို မြင်ရင် Win ကို သွားခိုင်းတော့မှာမဟုတ်...ဒါကြောင့်မို့သူငယ်ချင်းနှစ်ယောက်ကို အရင်ဦးဆုံး နှစ်သိမ့်လိုက်ရ၏။သုံးယောက်လုံးပွေ့ဖက်ပြီး Vachirawit က လာဆွဲခေါ်တာကြောင့် Win လည်း နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်တော့၏။

****

Crown ဌာနချုပ်....။

ဒယ်ဒီက အိမ်မှာ မရှိလောက်တာကြောင့် Win တို့လည်း ဌာနချုပ်ကို လိုက်သွားလိုက်၏။ဌာနချုပ်ရှေ့ နောက်ဆုံးပေါ်ကားတစ်စီးထိုးရပ်လာ၏။White Dragons ဂိုဏ်းရဲ့ အမှတ်တံဆိပ်ပါတဲ့ကားမို့ Crown ကလူတွေလည်း ငေးကြောင်ကြည့်နေကြ၏။ပထမဦးဆုံး ချောမောခန့်ညားတဲ့ အမျိုးသားတစ်ယောက်က ဆင်းလာပြီး တစ်ဖက်က ကားတံခါးကို လာဖွင့်ပေး၏။ကားထဲက ထွက်လာသူကို ခေါင်းဆောင့်မိမှာ စိုးရိမ်ဟန်ဖြင့် လက်နှင့်ကာပေးလိုက်သေး၏။ နှစ်ယောက်လုံးက Black suit ကို အပြည့်အစုံဝတ်ထားပြီး ကျော့ရှင်းခန့်ညားနေ၏။

"မပြုံးနဲ့နော် ငယ်..."

Mask မတပ်လာတာကြောင့် သတိပေးလိုက်ခြင်း ဖြစ်၏။အခုတောင် ကြည့်နေကြတာ အသည်းအသန်...။

"အင်း..."

သဝန်တိုတက်တဲ့သူက သတိမှ ပေးပါ့မလားလို့... Vachirawit က သူနဲ့ပတ်သတ်လာရင် အပြုံးလေး တစ်ပွင့်ကအစ နှမျောတွန့်တိုတဲ့ လူမျိုးလေ...။

"ဟာ...ဂိုဏ်းချုပ်ကြီးရဲ့ သားဟ..."

"သူဌေးလေး Win Metawinဘဲ...ဂိုဏ်းချုပ်ကို သွားအကြောင်းကြား..."

ဂိုဏ်းသားအဟောင်းတွေကတော့ သူတို့စောင့်ရှောက်ခဲ့ရတဲ့ Win ကို မှတ်မိနေကြ၏။Win က အသိအမှတ်ပြုကာ ခေါင်းငြိမ့်ပြလိုက်ရင်း သူတို့ခေါ်ဆောင်ရာနောက်ကို Vachirawit လက်ကို ဆွဲရင်း လိုက်ပါလာ၏။အဆောက်အဦးထဲ မဝင်ခင်မှာ Win ရဲ့ ဒယ်ဒီက ထွက်ကြို၏။ဘေးနားမှာလည်း The Ghost ဂိုဏ်းချုပ် Black က ရောက်နေပြန်၏။Win ရဲ့ ဒယ်ဒီက သူတို့နှစ်ယောက် တွဲထားတဲ့ လက်တွေကို ကြည့်ပြီး

"အခုမှ လာဖို့ သတိရတယ်ပေါ့ ဟုတ်လား..."

"အသိပေးစရာလေး ရှိလို့ပါ ဒယ်ဒီ..."

"အေး...လာ..ဝင်ထိုင်ပါအုံး..."

တွဲထားတဲ့လက်တွေကို စူးစူးစိုက်စိုက်ကြည့်ပြီး အထဲပြန်ဝင်သွားတော့ ငယ်က တွဲထားတဲ့ လက်တွေကို ဖြုတ်ဖို့ ကြိုးစားပေမယ့် Vachirawit က ဖျစ်ညှစ်ကိုင်ကာ မလွှတ်ပေး...ဒီအခြေအနေတွေအထိ ရောက်လာပြီးမှတော့ သတ္တိနည်းနေလို့ မရဘူးလေ...။

"ထိုင်ကြ..."

"ကျေးဇူးပါ ဒယ်ဒီ..."

Win တို့ ဝင်ထိုင်လိုက်ကြရင်း အကြာကြီးနေမှ လာတွေ့ရတဲ့အတွက်ရော ပြောရမယ့်စကားတွေအတွက်ရော စိတ်လှုပ်ရှားနေမိ၏။

"ကဲ ပြောပြအုံး metawin...ဘာတွေလုပ်နေတာလဲ...ဆိုတာ.."

"ဟို..."

"အိမ်ရှိသေးတယ်...မင်းမှာ အဖေရှိသေးတယ်ဆိုတာကိုရော သတိရသေးရဲ့လား..."

"သိပါတယ် ဒယ်ဒီ..."

"မင်းခြေထောက်ပေါ် မင်းရပ်တည်နေတာတော့ ကောင်းပါတယ်...မင်းကို ဂုဏ်လည်းယူတယ်...ဒါပေမယ့် မင်းအဖေက ငုတ်တုတ်ကြီး ရှိသေးတယ်လေ...သားတစ်ယောက်လုံး ရှိနေပါရက်နဲ့ တစ်ခြားသူကို အားကိုးနေရတာ မဟုတ်သေးဘူး..."

ဒီဘဲကြီးကတော့ ငယ့်က အတွေးများအောင် ပြောနေပြန်၏။အရင်ကတော့ တည့်နေတာကျနေတာဘဲ ပြောနေတာက။Win ရှိနေရက်နဲ့ Black ကို အားကိုးနေရပါတယ်ပေါ့ သပ်သပ် ငယ်စိတ်မကောင်းဖြစ်အောင်။

"အရင်ကလည်း ဒီလိုဘဲ နေနေတာဘဲ မဟုတ်ဘူးလား အန်ကယ်လ်...အခုကျမှ ငယ့်ကို စိတ်မကောင်းအောင် ဘာလို့ပြောနေတာလဲ..."

Bright ပြောလိုက်တော့ Win ဒယ်ဒီက Bright ကို လှည့်ကြည့်လာ၏။သူ့ပြောစကားကို ဘာမှတော့ မတုန့်ပြန်။

"မင်းက ဒုဂိုဏ်းချုပ်ဆိုတာ...Bright vachirawit ??.."

"ဟုတ်ကဲ့ပါ ခင်ဗျ..."

"မင်းသတင်းတွေလည်း အများကြီး ကြားပါတယ်...အရမ်းတော်တယ်တဲ့..."

"ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် အန်ကယ်လ်..."

"ကဲ လာရင်းကိစ္စကို ပြောကြ..."

"ဟုတ်ကဲ့ ဒီလိုပါ ဒယ်ဒီ...ဒီနေ့က ကျွန်တော့ချစ်သူကို လာမိတ်ဆက်တာပါ...ကျွန်တော့်ဘဝတစ်လျှောက်လုံး လက်တွဲသွားမယ့် လက်တွဲဖော်မို့ ဒယ်ဒီ့ကို လာပြတာပါ..."

"အဲ့တော့ ဘယ်မှာလဲ...မင်းချစ်သူက..."

"ဒီမှာပါ...Bright Vachirawit ပါ..."

"ကြားထားတဲ့ သတင်းတွေက အမှန်တွေဘဲ..."

"ဟုတ်ကဲ့ အမှန်ပါဘဲ ဒယ်ဒီ..မေမေ့ဆီကိုတော့ ချစ်သူအနေနဲ့ သွားမမိတ်ဆက်ရသေးပါဘူး...နောက်တစ်ခေါက် ထပ်ခေါ်သွားအုံးမှာပါ..."

"ဖြစ်လာပြီဆိုမှတော့ ငါ့ဘက်က လက်ခံပေးဖို့ဘဲ တတ်နိုင်တော့မှာပေါ့...ဒါပေမယ့် တစ်ခုတော့ရှိတယ်..."

"ပြောပါ အန်ကယ်လ်..."

"ငါ စမ်းသပ်ချက် တစ်ခုလုပ်မယ် ဒါက မင်း Metawin ကို ဘယ်လောက်ထိ ချစ်သလဲဆိုတာ သက်သေပြတဲ့ သဘောပေါ့... မင်းလက်ခံနိုင်တယ်ဆိုရင်တော့ ငါ မင်းကို Metawin နဲ့ သဘောတူပေးမယ်...လက်မခံနိုင်ရင် meatwin ကို ထားခဲ့ပြီး ထွက်သွားရမယ်...".

"ဒယ်ဒီ..."

"ရပါတယ် အန်ကယ်လ်..ကြိုက်တာ စမ်းသပ်ပါ..."

"အဟင်း...ယောက်ျားတွေမှာ ရှိသင့်တဲ့ လက်ရုံးရည်၊ နှလုံးရည်ပေါ့ကွာ..."

"ဒယ်ဒီ...Vachirawit..."

ငယ်က စိုးရိမ်တကြီးမျက်နှာလေးနဲ့ သူ့အဖေဘက်ကို တစ်လှည့် သူ့ဘက်ကို တလှည့် လှည့်ကာခေါ်နေ၏။ငယ့်အတွက်ဆို ဘာဘဲဖြစ်ဖြစ် သူလုပ်နိုင်မှာပါ...။

"ကျွန်တော် လက်မခံနိုင်ဘူးနော် ဒယ်ဒီ...ကျွန်တော်တို့အချစ်ကို ဘာမှ သက်သေပြစရာမလိုဘူး..."

"ငယ်..."

"အခုလိုလာပြီလေ...မင်း ချစ်သူဘာမှမဖြစ်စေချင်ရင် ငြိမ်ငြိမ်လေး ထိုင်ကြည့်နေလိုက် Meatwin...ဟေ့ကောင်တွေ သူ့ကို လာခေါ်သွား..."

"ဒယ်ဒီ...ဒယ်ဒီ...Vachirawit...ဟေ့ကောင်တွေ သူ့ကို မထိနဲ့...!!!"

"မင်းချစ်သူကို မင်းမယုံဘူးလား Metawin..."

"ကိုယ် ဘာမှ မဖြစ်ဘူးနော် ငယ်..."

ကိုက ပြုံးပြီး ထိုသူတွေခေါ်ဆောင်ရာနောက်ကို လိုက်ပါသွား၏..စမ်းသပ်မယ်ဆိုထဲက ကောင်းတဲ့အခြေအနေမှ မဟုတ်တာ....။သူလက်ခံခံ မခံခံ ငယ်တို့အချစ်ကို သက်သေပြစရာမှ မလိုဘဲ...။

"ဒါ ဘာသဘောလဲ ဒယ်ဒီ..."

"မင်းကို ပြန်ခေါ်ဖို့ ဒီတစ်နည်းရှိတယ် Metawin..သူသေရင်သေ မသေရင် မင်းသေမှ ရမယ်..."

"ဒယ်ဒီ!!!..."

ဒယ်ဒီရဲ့ ရည်ရွယ်ချက်ကို သိတဲ့နောက်မှာတော့ ကို့ကို အလွန်အမင်း စိတ်ပူသွား၏။ဒယ်ဒီက သူ့ကို ပြောပြီး Vachirawit ကို ခေါ်သွားတဲ့ဘက်ကို ထွက်သွားတာ​ကြောင့် Winလည်း လိုက်ဖို့ ပြင်ရ၏။ ဒယ်ဒီနောက်ပါးမှာ ပါလာတဲ့ Black က Win အနားကိုလာပြီး ပုခုံးကို ကိုင်ရန်ပြင်တော့ Win က ငဲ့ကာ ရှောင်လိုက်၏။သူက ပြုံးလိုက်ရင်း...

"အရမ်းအများကြီးတော့ မဟုတ်လောက်ပါဘူး...သိပ်လည်း စိုးရိမ်မနေပါနဲ့..."

"မင်း ပါးစပ်ပိတ်ထား..."

Win ဒီအချိန်မှာ တွေးမိတာက Dew တို့စကား နားမထောင်ဘဲ လာမိတာ မှားပြီဆိုတာပါဘဲ...။Vachirawit နောက်ကို လိုက်သွားတော့ အခန်းတစ်ခုထဲမှာ လူ​တွေ စုရုန်းနေကြပြီး ပွဲတစ်ခုခု စတော့မလို..။

"အဟမ်း...White Dragons ရဲ့ ဒုဂိုဏ်းချုပ်က အရမ်းသန်မာတယ်တဲ့ ဘယ်လောက်ထိ သန်မာလည်းဆိုတာကို ဒီနေ့ လက်တွေ့သိရမှာ..."

လက်ရွေးစင်လူတွေကြီးစုထားတဲ့ အယောက်ပေါင်း ၁၀၀ လောက်နဲ့ ထိုးသတ်ရမှာလား...မဖြစ်နိုင်တာ...။ Vachirawit က ဘယ်လောက်ဘဲ ထိုးနိုင်တယ်ဘဲ ပြောပြော သူကတော့ ချက်ချင်း လက်ဆွဲကာ ခေါ်ထုတ်သွားဖို့ဘဲ တွေးနေမိ၏။လူအုပ်ကြီးထဲ အတင်းတိုးဝှေ့ရင်း Vachirawit ဆီ သွားဖို့ဘဲ စိတ်စောနေမိ၏။Vachirawit ​ဆီ မရောက်ခင်မှာကို ဒယ်ဒီရဲ့ လူတွေက သူ့ကို ဖမ်းချုပ်ခေါ်သွားပြီး ဒယ်ဒီတို့အနား ပြန်ခေါ်သွား၏။

"သူ့ကို မသေစေချင်ရင် မင်း ငြိမ်ငြိမ်လေး နေလိုက် Metawin..."

Win ဘာမှမပြောဘဲ အတင်းရုန်းကာ ထတော့ Black ဆိုသူက တစ်စုံတစ်ခုကို လက်ညှိုးထိုးပြလာ၏။Win လှမ်းကြည့်လိုက်တော့ အသင့်ပြင်ထားတဲ့ sniper သမားများ။

"ဒယ်ဒီ....!!.."

"ခင်ဗျား အကြံမှတ်လား Black..."

"အန်ကယ်လ်အကြံကို အကောင်အထည်ဖော်ပေးရုံပါ..."

"ခင်ဗျားကို ကျုပ်လက်နဲ့ ကိုယ်တိုင်သတ်မှာ..."

"အဟင်း..."

Win တို့စကားပြောနေတုန်းမှာဘဲ Vachirawit နဲ့ ထိုးသတ်ရတော့၏။Crown ကလည်း လက်ရွေးစင်တွေကြီး ရွေးထားတာမို့ အသာလေးဖြိုနိုင်လောက်တဲ့ အခြေအနေတော့မဟုတ်...အုပ်စုဖွဲ့ပြီး ချောင်ပိတ်မခံရအောင် အကောင်းဆုံး ကာကွယ်နေရ၏။Win မှာလည်း ပြေးသွားပြီး သွားကူလို့လည်း မရ။အချိန်နာရီဝက်လောက် အကြာမှာတော့ Bright လည်း သွေးအလိမ်းလိမ်းနဲ့ ဖြစ်သွားသလို သူ့ထိုးချက်တွေအောက်မှာ အလဲလဲအပြိုပြိုဖြစ်သွားကြသည်မှာ မြင်လို့တောင် မကောင်းပေ။

"ဝိုး...ဒုဂိုဏ်းချုပ်က တကယ်တော်သားဘဲ..."

"ပြီးပြီမှတ်လား...ဖယ်...ကို့ကို သွားခေါ်မလို့..."

"ဒီလောက်နဲ့ ဘယ်ပြီးမလဲ...လာအုံးမယ်လေ..."

"ဒယ်ဒီ ဘာလုပ်အုံးမှာလဲ...တော်သင့်နေပြီနော်..."

"ဒါ မင်းရွေးချယ်ထားတဲ့ လမ်းဘဲ..."

"ကျွန်တော်ရွေးချယ်ထားတဲ့ လမ်းဆို ကျွန်တော်ကို လုပ်လေ...ဘာလို့ သူ့ကို..."

"သူက မင်း ချစ်သူလေ..."

"ကျစ်..."

ကို့ကို လှမ်းကြည့်ပြီး Win မှာ ဆောက်တည်မရတော့.. စမ်းသပ်ချက်တစ်ခုတိုးလာတိုင်း ပိုဆိုးလာတော့မှာ ဒယ်ဒီတို့က သူတို့ကို အသက်ရှင်လျက် ပြန်လွှတ်မယ့်ပုံ မပေါ်..ကို့အနေနဲ့ အကုန်လုံး ကျော်ဖြတ်နိုင်တယ်ဆိုရင်တောင် sniper သမားတွေက အဆင်သင့်စောင့်နေပြီးသား...။

"ကျွန်တော် ဒီမှာနေခဲ့မယ် ဒယ်ဒီ...သူ့ကို ပြန်လွှတ်လိုက်ပါ..."

"အိုး...စိတ်ပြောင်းသွားပြီပေါ့..."

"ဒယ်ဒီလိုချင်တာ ဒါဘဲ မဟုတ်ဘူးလား...ကို့ကို ပြန်လွှတ်ပေးလိုက်ပါ..."

"နောက်တစ်ခုစတော့မယ်...ကြည့်ကြရအောင်..."

"ဒယ်ဒီ..."

"ထိုင်နေ..."

ဝင်လာတဲ့သူတွေကြည့်လိုက်တော့ လက်နက်ကိရိယာ အစုံနဲ့ လူ ၁၅ယောက်ခန့်ရှိ၏။Vachirawit ကကျ လက်ဗလာနဲ့...။ကိုက သူ့ဘက်တစ်ချက်လှည့်ကြည့်ကာ ပြုံးပြရင်း တိုက်ဖို့ အဆင်သင့်ပြင်၏။လက်နက်ကိုယ်စီနဲ့မို့ ဘယ်လောက်ဘဲ ကျွမ်းကပါတယ်ပြောပြော ထိတာပါဘဲ...။ပုခုံးကိုအရိုက်ခံရလိုက်....ဝမ်းဗိုက်ကို အထိုးခံရလိုက်နဲ့မို့ Bright မှာလည်း တော်တော်အထိနာနေပြီ ဖြစ်၏။အရှေ့မှာလည်း လူတစ်ရာနီးပါးနဲ့ ထိုးကြိတ်ထားပြီးပြီကိုတောင် ဒီလိုထပ်လုပ်တယ်ဆိုတော့ တကယ်ဘဲ သူ့ကိုသေစေချင်နေတာလား...ငယ့်ပုံစံလေးကလည်း သူတစ်ခါမှ မမြင်ဖူးတဲ့ စိုးရိမ်တကြီး ဖြစ်နေတဲ့ ပုံစံလေး...ငယ့်ဆီတစ်ချက်လေးအာရုံအရောက်မှာ ခေါင်းကပူခနဲ ဖြစ်သွားပြီး မျက်လုံးတွေ ပြာဝေသွားရ၏။ပူခနဲဖြစ်သွားတဲ့နေရာကို ဖိကိုင်လိုက်တော့ ထွက်လာတဲ့ သွေးများ...။

"ရပ်လိုက်ပါတော့....ထပ်မလုပ်နဲ့တော့လို့ သေသွားလိမ့်မယ်..."

ငယ့်အသံကြားမှ မှေးမှိတ်နေတဲ့ မျက်လုံးတွေကို အားယူကာ ဖွင့်ကြည့်မိတော့ သူလဲကျနေပြီဆိုတာ သိလိုက်ရ၏။မဖြစ်ဘူး...သူ ဒီလိုလဲသွားလို့ မဖြစ်ဘူး...။အားတင်းကာ ကုန်းရုန်းထတော့ ကျောကုန်းပေါ်က ရောက်လာတဲ့ ရိုက်ချက်များ...။

"ဒိုင်း..."

သေနတ်သံ တစ်ချက်ထွက်ပေါ်လာပြီး ထွက်ပေါ်လာတဲ့ နေရာကိုလည်း သေနတ်နဲ့ အသင့်ချိန်ပြီးသား ဖြစ်ကုန်၏။

"မင်းတို့ကို ရပ်လိုက်တော့လို့ ပြောနေတယ်..."

သေနတ်သံက Win ဆီက လာတာဖြစ်ပြီး Bright ကို ဝိုင်းရိုက်နေသူတွေကို ချိန်ရွယ်ထား၏။

"ငါက ငါဒီမှာနေပေးမယ် သူ့ကို လွှတ်လိုက်ပါလို့ပြောနေတာကိုတောင် ဘာထပ်ဖြစ်ချင်နေတာလဲ..."

"ငါဒီနေ့လာတာ ငါ့ချစ်သူကို ကောင်းကောင်းမွန်မွန် မိတ်ဆက်ပေးရုံ...ငါကိုယ်တိုင် အရိပ်တကြည့်ကြည့်နဲ့ ကြည့်လာရတဲ့သူ့ကို မင်းတို့က ဘာစောက်ဆင့်ရှိလို့ ဒီလိုတွေ လုပ်နေတာလဲ...ဟမ်..."

"ထပ်ထိရင် ထိတဲ့ကောင် သေမယ်...လုပ်ကြည့်လိုက်..."

"Metawin တို့ သူ့ချစ်သူကို ထိတော့ ဘာမှမမြင်နိုင်တော့ဘူးဘဲ...မင်းကို ချိန်ထားတဲ့ သေနတ်ပေါင်းများစွာကို တွေ့လား..."

"ကျုပ်ဂရုမစိုက်ဘူး...ကျုပ် ဂရုစိုက်တာ Vachirawitဘဲ..."

"Ok ခုနက ပြောတယ်နော်...ငါ့သဘောအတိုင်း ဒီမှာနေမယ်လို့..ဒါဆို မင်းအကောင်ကို ပြန်လွှတ်ပေးလိုက်မယ်...မင်းကတော့...."

ဒီမှာနေ ဆိုတဲ့ပုံစံကို အမူအယာဖြင့် လုပ်ပြ၏။ကိုယ့်အဖေမို့လို့ မဟုတ်ရင် ပြေးထိုးပြီးနေပြီ။စောက်ကျိုးနဲ နည်းလမ်းကြီးနဲ့ သူ့ကိုပြန်ခေါ်တာတဲ့...။

"Nani တို့ကို ခေါ်ပေး..."

ဒီအတိုင်းကြီး ပြန်လွှတ်လိုက်ဖို့တော့ စိတ်မချ။သူ့ဆုံးဖြတ်ချက်ကို Vachirawit နားလည်မှာပါ...။

"ငယ်မပါဘူး ကိုယ်မပြန်ဘူးနော် ငယ်..."

ရှိသမျှ အင်အားတွေ စုပြီး အော်ပြောတဲ့စကား...။သူ့ငယ်ဟာ သူ့ကို ကယ်ဖို့ ဒီမှာနေခဲ့မယ်လို့ ပြောနေမှန်း သူနားလည်၏။

"ငယ်..."

"ငယ်...ကိုယ့်ကို ကြည့်..."

သွေးအလိမ်းလိမ်း ဒဏ်ရာဒဏ်ချက်တွေနဲ့ ကို့ကို မကြည့်ရက်စွာ မျက်နှာလွှဲထားမိ၏။အကုန်လုံး သူ့အပြစ်တွေချည်း။

"ငယ့်ကို ကိုယ်မထားခဲ့နိုင်ဘူးနော်...ကိုယ် ဒီကနေ ထွက်သွားတာနဲ့ ငယ်နဲ့ဝေးရတော့မှာနော်...ငယ်မပါဘဲ ကိုယ် တဖဝါးမှ ခွာမှာ မဟုတ်ဘူး..."

ကုန်းရုန်းထရင်းပြောနေတဲ့ Vachirawit စကားလုံးတွေဟာ ပလုံးပထွေး။ခပ်တိုးတိုးဆို​ပေမယ့် အကုန်လုံးတိတ်ဆိတ်နေတာကြောင့် ကောင်းစွာ ကြားနေရတဲ့ အနေအထားဖြစ်၏။Winလည်း နေရာကနေ မရွေ့မိ...သူ့လှုပ်လိုက်ရင် ကို့ကို တစ်ခုခုလုပ်မှာ စိုးတာကြောင့်လည်း ပါ၏။ခံစားချက်တွေ ရောထွေးပြီး မငိုမိအောင်ကို မနည်း ကြိတ်မှိတ်ချုပ်တည်းနေရ၏။ Dew နဲ့ Nani ချက်ချင်းရောက်လာပုံထောက်ရင် စိတ်မချလို့ အနီးတဝိုက်မှာဘဲ စောင့်နေဟန်တူ၏။

"ဘာတွေဖြစ်ကုန်တာလဲ Win..."

Dew တို့က သွေးအလိမ်းလိမ်းနဲ့ Vachirawit ကို ထူရင်း သူ့ကို လှမ်းမေး၏။ချစ်သူရဲ့ ပုံရိပ်ကို မြင်ရတာ ဘယ်လောက်တောင် ရင်ကွဲလိုက်ရလဲ...။ Dew တို့ရောက်လာမှ Win လည်း ကို့အနားကို လျှောက်သွားလိုက်၏။သေနတ်တွေနဲ့က ချိန်ထားခံနေရတုန်းပါဘဲ..။

"ငယ်..."

"Vachirawit..."

"အင်း..."

"ငါ မင်းကို ချစ်တယ်ဆိုတာကို သိတယ်မှတ်လား..."

"ကိုယ်မပြန်ဘူးလို့ ပြောပြီးပြီနော် ငယ်....သေရင်လည်း အတူတူသေမယ်..."

"ငါပြောတာ နားထောင်...Mission တွေကို ပြီးအောင်လုပ်ထား...အခု Dew တို့နဲ့ ပြန်လိုက်သွား..ငါမရှိတဲ့အချိန် ဂိုဏ်းကို သေချာစောင့်ရှောက်..ငါပြန်လာရင် လူတွေလျော့နေတာ မမြင်ချင်ဘူး..."

မှာနေပုံက ပြန်လာမယ်ပြောနေပေမယ့် ပြန်မလာတော့မယ့် သူလို။

"ဟအင်း ငယ်..ကိုယ့်ကို မျှော်လင့်ချက်လာမပေးနဲ့...မင်းရွေးလိုက်တဲ့လမ်းက ဘာမှန်းသိတယ်မှတ်လား..မရဘူး..ကိုယ်လက်မခံဘူး..."

"ကို့.."

"ပြန်ရအောင် Bright...Win မှာ အကြံရှိမှာပါ...လာပါကွာ.."

အချိန်ဘယ်လောက်ထိကြာမလဲ...ဘယ်လောက်ထိ ဝေးရမယ်မှန်း မသိဘဲနဲ့ ဒီလူတွေလက်ထဲ ငယ့်ကို သူဘယ်လိုစိတ်နဲ့ ထားခဲ့ရမလဲ...ပွေ့ဖက်ခွင့်လေးတောင်မရ...ချစ်တယ်လို့တောင် မပြောရဘဲ Dew တို့ ခေါ်ရာနောက်ကို အသိစိတ် လွတ်နေတဲ့သူလို လိုက်ပါလာရ၏။

"Win ဒီလိုလုပ်လိုက်လို့ မင်းကို ပြန်လွှတ်ပေးတာ... မင်းကို အရှင်ထွက်ခွင့်ပေးမှာ မဟုတ်ဘူး..."

"ငါ...ငါ...ငယ့်ကို စိတ်မချဘူး..."

"သူ့စကားကို နားထောင်ရအောင် Bright...သူ့မှာ နည်းလမ်းရှိမှာပါ..."

"ဟုတ်တယ် ငါတို့လုပ်စရာရှိတာ လုပ်ပြီး Win ကို ပြန်ခေါ်ကြရအောင်..."

Dew တို့ရဲ့ နှစ်သိမ့်မှုတွေနဲ့အတူ ငယ့်ရဲ့ စိုးရိမ်နေတဲ့ မျက်ဝန်းလေးတွေ ပြန်မြင်ယောင်ရင်း သူ့စိတ်ကို လျော့ချလိုက်၏။လဲပြိုသွားတဲ့ သူ့ခန္ဓာကိုယ်ကို Dew တို့နှစ်ယောက်က ထိန်းဖက်ပေးထား၏။နှစ်ယောက် လုံးလည်း စိတ်မကောင်းကြ။သူတို့အနေနဲ့လည်း Win ကိုနားလည်သလို ယုံလည်း ယုံ၏။ဘယ်လိုဘဲဖြစ်ဖြစ် Bright ကို ပြန်ရလာတာ အဆိုးထဲက အကောင်း။Brightမှာလည်း Dew တို့ခေါ်ရာနောက်ကို လိုက်ပါလာပေမယ့် စိတ်က ကျန်နေခဲ့တဲ့ ငယ့်ဆီမှာသာ..မရေရာတဲ့ နေ့ရက်တွေကို ငယ်မပါဘဲ သူဘယ်လို ဖြတ်သန်းရမလဲ...။

*ကျွန်တော်တို့ တကယ်ကြီး ဝေးသွားတာ မဟုတ်ဘူးမှတ်လား...*

*စာလုံးပေါင်း မစစ်ရသေးပါဘူး...ဖတ်ရတာ အဆင်ပြေလား ပြောသွားကြပါအုံးနော် *

11.6.2022
Mirella

Zawgyi

"ဒီေန႔ mission ေတြ စၾကမယ္... ကိုယ္တာဝန္ယူထားတဲ့အပိုင္းကို တာဝန္ေက်ဖို႔ထက္ တိက်ေသခ်ာေအာင္ လုပ္ပါ..ကိုယ့္ကိုကိုယ္လည္း ဂ႐ုစိုက္...အဖြဲ႕သားေတြကိုလည္း ဂ႐ုစိုက္...အကုန္လုံး အသက္႐ွင္လ်က္ ျပန္လာတာဘဲ လိုခ်င္တယ္..."

"ဟုတ္ကဲ့ ဂိုဏ္းခ်ဳပ္..."

"ေမးစရာ႐ွိရင္ အခ်ိန္မေ႐ြးျပန္ေမးပါ...လိုအပ္တာ႐ွိရင္လည္း ခ်က္ခ်င္းေျပာၾကပါ..."

"ဟုတ္ကဲ့ ဒုဂိုဏ္းခ်ဳပ္..."

"Ok..."

"ဂိုဏ္းခ်ဳပ္...ဂိုဏ္းခ်ဳပ္...ေခါင္းေဆာင္ သတိရလာၿပီတဲ့..."

"Gun Smile သတိရလာၿပီတဲ့..."

"ေဟး...ေနာက္ဆုံးေတာ့ တို႔ေခါင္းေဆာင္ ျပန္သတိရလာၿပီ..."

ဂိုဏ္းသားေတြကို တာဝန္အသီးသီးခြဲေပးခဲ့ၿပီး ေခါင္းေဆာင္ပိုင္းေတြနဲ႔ ဂိုဏ္းခ်ဳပ္ႏွစ္ေယာက္မွာ Gun Smile ဆီ အေျပးအလႊားလာခဲ့လိုက္ၾက၏။ေဆး႐ုံခန္းထဲကို မႀကီးမငယ္ေတြနဲ႔ အတင္းတိုးေဝွ႔ဝင္ေနတာေၾကာင့္ ဂိုဏ္းခ်ဳပ္က သူတို႔ကို ထေအာ္ေတာ့၏။

"Vachirawit မင္းတို႔ဘာျဖစ္ေနတာလဲ..ငါ အေပါက္ဝ
ခ်ဲ႕ေပးရမလား...."

"ငယ္ကလည္း...ဟဲဟဲ...ေဟ့ေကာင္ေတြ မင္းတို႔အရင္ဝင္..."

"ခုနကထဲက ေပးဝင္လိုက္ေနရင္ ရေနၿပီကို..."

မ်က္ႏွာခ်ိဳေသြးၿပီး ေနာက္မွာ က်န္ခဲ့တဲ့ ဂိုဏ္းခ်ဳပ္ေလးနားကို ျပန္သြားလိုက္ရ၏။

"မင္းက ကေလးလားဟမ္...အတင္းသြားတိုးေနတာ.."

"ကိုယ္က ဝမ္းသာသြားလို႔ပါ...ငယ္ကလည္း..."

"မငယ္ဘူး...ဝင္မယ္...လာ..."

သူတို႔ဝင္လာတာျမင္ေတာ့ Gun Smile က ကုန္းထဖို႔ ႀကိဳးစားေနတာေၾကာင့္ Bright ကဘဲ အနားသြားရင္း မထဖို႔ ေျပာလိုက္ရ၏။

"ဘယ္လိုလဲ အဆင္ေျပရဲ႕လား...."

"အခုမွ သတိရလာတဲ့သူေတြ ဘာေတြေမးေနတာတုန္း...."

"မသိဘူးေလကြာ..႐ုတ္တရက္ဆိုေတာ့ သိတယ္မွတ္လား...ဟီးဟီး..."

"Vachirawit တို႔ မ်က္ႏွာပိုးမေသဘူး...."

ဂိုဏ္းခ်ဳပ္ကေျပာေတာ့ အကုန္လုံးထရယ္ၾကေတာ့၏။

"ငါ သတိေမ့ေနတာ ဘယ္ေလာက္ၾကာသြားလဲ Mike..."

"တစ္ပတ္ေလာက္႐ွိေနၿပီ ငါ့ေကာင္..."

"ဟိုေကာင္ေတြေရာ ဘယ္လိုလုပ္လိုက္လဲ..."

"အကုန္လုံး႐ွင္းလိုက္ၿပီ...ေနျမန္ျမန္ေကာင္းေအာင္လုပ္...Mission ေတြ အမ်ားႀကီး႐ွိတယ္..."

"အခုမွ သတိရလာတဲ့သူကို ေျပာျပန္ၿပီ ေနာက္တစ္ေယာက္...မင္းတို႔ကေလ..."

"ငါေမးမလို႔ Mike..."

"ေမးေလ...Gun ရ..."

"မင္းတို႔အကုန္လုံး ေယာက်္ားယူကုန္ၾကတာလား...သတိရရခ်င္း ျမင္ရတာ အတြဲေတြခ်ည္းဘဲ...ဘယ္မွာလဲ ငါ့ေကာင္မေလး...."

Gun Smile ေျပာလည္း ေျပာခ်င္စရာေပ...လူနာသြားၾကည့္တာ အတြဲကိုယ္စီနဲ႔ လက္ေမာင္းကို တြဲဖက္ထားတဲ့သူနဲ႔ ပုခုံးဖက္ထားတဲ့သူနဲ႔...။

"ဟဲဟဲ...သြားေခၚေနၿပီ...သူလည္း ေက်ာင္းတစ္ဖက္နဲ႔ လာလာၾကည့္ေနရတာ...သနားပါတယ္..."

"အင္း...Gun မင္းက ေကာင္းေကာင္းအနားယူလိုက္အုံး...ငါတို႔ Mission ေတြ ဆက္လုပ္လိုက္အုံးမယ္...ကိုယ့္ကိုကိုယ္ အားျဖည့္ထားကြာ...ၾကားလား..."

"ေအးပါ...ငါ့အသက္ကိုရေအာင္ ကယ္တင္ေပးတဲ့အတြက္ မင္းတို႔ကို ေက်းဇူးတင္ပါတယ္..."

"ငါတို႔ကို ေက်းဇူးတင္ဖို႔မလိုပါဘူးကြာ...အသက္ဆက္႐ွင္စိတ္ ႐ွိေနတဲ့ မင္းကိုယ္မင္းဘဲ ေက်းဇူးတင္...ဟုတ္ၿပီလား"

"အင္းပါ..ဘာဘဲျဖစ္ျဖစ္ ေက်းဇူးတင္ခ်င္လို႔ကြာ..."

"ဟုတ္ၿပီ...ကဲ..ဒါဆို ငါတို႔ သြားစရာ႐ွိေနလို႔ အရင္ျပန္ႏွင့္လိုက္ေတာ့မယ္...ငယ္ သြားရေအာင္..."

"အားလုံးဘဲ သြားၿပီ..."

ဒုဂိုဏ္းခ်ဳပ္က ဂိုဏ္းခ်ဳပ္လက္ကို ဆြဲၿပီး ထြက္လာေတာ့ ေနာက္ကေန Dew နဲ႔ Nani တို႔က ေျပးလိုက္လာ၏။

"Win..."

"ဟင္..."

"ငါတို႔ေျပာတာေတြ မေမ့နဲ႔ေနာ္...ၾကားလား...တစ္ခုခု အေျခအေနမဟန္ရင္ ခ်က္ခ်င္းျပန္လာခဲ့...."

"ေအးပါ..."

ဒယ္ဒီကို သြားေတြ႕မွာမို႔ စိတ္ပူေနတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ကို သူက်ံဳးဖက္လိုက္ရင္း အားေပးလိုက္ရ၏။Vachirawit က နဂိုထဲမွ ဒယ္ဒီနဲ႔ ေတြ႕ရမွာ စိုးရိမ္ေနတာကို သူ ပိုၿပီးစိုးရိမ္မႈေတြ မျဖစ္ေစခ်င္။Dew နဲ႔ Nani ကပါ စိတ္ပူေနတဲ့ ပုံစံကို ျမင္ရင္ Win ကို သြားခိုင္းေတာ့မွာမဟုတ္...ဒါေၾကာင့္မို႔သူငယ္ခ်င္းႏွစ္ေယာက္ကို အရင္ဦးဆုံး ႏွစ္သိမ့္လိုက္ရ၏။သုံးေယာက္လုံးေပြ႕ဖက္ၿပီး Vachirawit က လာဆြဲေခၚတာေၾကာင့္ Win လည္း ႏႈတ္ဆက္ကာ ထြက္လာခဲ့လိုက္ေတာ့၏။

****

Crown ဌာနခ်ဳပ္....။

ဒယ္ဒီက အိမ္မွာ မ႐ွိေလာက္တာေၾကာင့္ Win တို႔လည္း ဌာနခ်ဳပ္ကို လိုက္သြားလိုက္၏။ဌာနခ်ဳပ္ေ႐ွ႕ ေနာက္ဆုံးေပၚကားတစ္စီးထိုးရပ္လာ၏။White Dragons ဂိုဏ္းရဲ႕ အမွတ္တံဆိပ္ပါတဲ့ကားမို႔ Crown ကလူေတြလည္း ေငးေၾကာင္ၾကည့္ေနၾက၏။ပထမဦးဆုံး ေခ်ာေမာခန္႔ညားတဲ့ အမ်ိဳးသားတစ္ေယာက္က ဆင္းလာၿပီး တစ္ဖက္က ကားတံခါးကို လာဖြင့္ေပး၏။ကားထဲက ထြက္လာသူကို ေခါင္းေဆာင့္မိမွာ စိုးရိမ္ဟန္ျဖင့္ လက္ႏွင့္ကာေပးလိုက္ေသး၏။ ႏွစ္ေယာက္လုံးက Black suit ကို အျပည့္အစုံဝတ္ထားၿပီး ေက်ာ့႐ွင္းခန္႔ညားေန၏။

"မျပဳံးနဲ႔ေနာ္ ငယ္..."

Mask မတပ္လာတာေၾကာင့္ သတိေပးလိုက္ျခင္း ျဖစ္၏။အခုေတာင္ ၾကည့္ေနၾကတာ အသည္းအသန္...။

"အင္း..."

သဝန္တိုတက္တဲ့သူက သတိမွ ေပးပါ့မလားလို႔... Vachirawit က သူနဲ႔ပတ္သတ္လာရင္ အျပဳံးေလး တစ္ပြင့္ကအစ ႏွေမ်ာတြန္႔တိုတဲ့ လူမ်ိဳးေလ...။

"ဟာ...ဂိုဏ္းခ်ဳပ္ႀကီးရဲ႕ သားဟ..."

"သူေဌးေလး Win Metawinဘဲ...ဂိုဏ္းခ်ဳပ္ကို သြားအေၾကာင္းၾကား..."

ဂိုဏ္းသားအေဟာင္းေတြကေတာ့ သူတို႔ေစာင့္ေ႐ွာက္ခဲ့ရတဲ့ Win ကို မွတ္မိေနၾက၏။Win က အသိအမွတ္ျပဳကာ ေခါင္းၿငိမ့္ျပလိုက္ရင္း သူတို႔ေခၚေဆာင္ရာေနာက္ကို Vachirawit လက္ကို ဆြဲရင္း လိုက္ပါလာ၏။အေဆာက္အဦးထဲ မဝင္ခင္မွာ Win ရဲ႕ ဒယ္ဒီက ထြက္ႀကိဳ၏။ေဘးနားမွာလည္း The Ghost ဂိုဏ္းခ်ဳပ္ Black က ေရာက္ေနျပန္၏။Win ရဲ႕ ဒယ္ဒီက သူတို႔ႏွစ္ေယာက္ တြဲထားတဲ့ လက္ေတြကို ၾကည့္ၿပီး

"အခုမွ လာဖို႔ သတိရတယ္ေပါ့ ဟုတ္လား..."

"အသိေပးစရာေလး ႐ွိလို႔ပါ ဒယ္ဒီ..."

"ေအး...လာ..ဝင္ထိုင္ပါအုံး..."

တြဲထားတဲ့လက္ေတြကို စူးစူးစိုက္စိုက္ၾကည့္ၿပီး အထဲျပန္ဝင္သြားေတာ့ ငယ္က တြဲထားတဲ့ လက္ေတြကို ျဖဳတ္ဖို႔ ႀကိဳးစားေပမယ့္ Vachirawit က ဖ်စ္ညႇစ္ကိုင္ကာ မလႊတ္ေပး...ဒီအေျခအေနေတြအထိ ေရာက္လာၿပီးမွေတာ့ သတၱိနည္းေနလို႔ မရဘူးေလ...။

"ထိုင္ၾက..."

"ေက်းဇူးပါ ဒယ္ဒီ..."

Win တို႔ ဝင္ထိုင္လိုက္ၾကရင္း အၾကာႀကီးေနမွ လာေတြ႕ရတဲ့အတြက္ေရာ ေျပာရမယ့္စကားေတြအတြက္ေရာ စိတ္လႈပ္႐ွားေနမိ၏။

"ကဲ ေျပာျပအုံး metawin...ဘာေတြလုပ္ေနတာလဲ...ဆိုတာ.."

"ဟို..."

"အိမ္႐ွိေသးတယ္...မင္းမွာ အေဖ႐ွိေသးတယ္ဆိုတာကိုေရာ သတိရေသးရဲ႕လား..."

"သိပါတယ္ ဒယ္ဒီ..."

"မင္းေျခေထာက္ေပၚ မင္းရပ္တည္ေနတာေတာ့ ေကာင္းပါတယ္...မင္းကို ဂုဏ္လည္းယူတယ္...ဒါေပမယ့္ မင္းအေဖက ငုတ္တုတ္ႀကီး ႐ွိေသးတယ္ေလ...သားတစ္ေယာက္လုံး ႐ွိေနပါရက္နဲ႔ တစ္ျခားသူကို အားကိုးေနရတာ မဟုတ္ေသးဘူး..."

ဒီဘဲႀကီးကေတာ့ ငယ့္က အေတြးမ်ားေအာင္ ေျပာေနျပန္၏။အရင္ကေတာ့ တည့္ေနတာက်ေနတာဘဲ ေျပာေနတာက။Win ႐ွိေနရက္နဲ႔ Black ကို အားကိုးေနရပါတယ္ေပါ့ သပ္သပ္ ငယ္စိတ္မေကာင္းျဖစ္ေအာင္။

"အရင္ကလည္း ဒီလိုဘဲ ေနေနတာဘဲ မဟုတ္ဘူးလား အန္ကယ္လ္...အခုက်မွ ငယ့္ကို စိတ္မေကာင္းေအာင္ ဘာလို႔ေျပာေနတာလဲ..."

Bright ေျပာလိုက္ေတာ့ Win ဒယ္ဒီက Bright ကို လွည့္ၾကည့္လာ၏။သူ႕ေျပာစကားကို ဘာမွေတာ့ မတုန္႔ျပန္။

"မင္းက ဒုဂိုဏ္းခ်ဳပ္ဆိုတာ...Bright vachirawit ??.."

"ဟုတ္ကဲ့ပါ ခင္ဗ်..."

"မင္းသတင္းေတြလည္း အမ်ားႀကီး ၾကားပါတယ္...အရမ္းေတာ္တယ္တဲ့..."

"ခ်ီးက်ဴးေပးလို႔ ေက်းဇူးတင္ပါတယ္ အန္ကယ္လ္..."

"ကဲ လာရင္းကိစၥကို ေျပာၾက..."

"ဟုတ္ကဲ့ ဒီလိုပါ ဒယ္ဒီ...ဒီေန႔က ကြၽန္ေတာ့ခ်စ္သူကို လာမိတ္ဆက္တာပါ...ကြၽန္ေတာ္႕ဘဝတစ္ေလွ်ာက္လုံး လက္တြဲသြားမယ့္ လက္တြဲေဖာ္မို႔ ဒယ္ဒီ့ကို လာျပတာပါ..."

"အဲ့ေတာ့ ဘယ္မွာလဲ...မင္းခ်စ္သူက..."

"ဒီမွာပါ...Bright Vachirawit ပါ..."

"ၾကားထားတဲ့ သတင္းေတြက အမွန္ေတြဘဲ..."

"ဟုတ္ကဲ့ အမွန္ပါဘဲ ဒယ္ဒီ..ေမေမ့ဆီကိုေတာ့ ခ်စ္သူအေနနဲ႔ သြားမမိတ္ဆက္ရေသးပါဘူး...ေနာက္တစ္ေခါက္ ထပ္ေခၚသြားအုံးမွာပါ..."

"ျဖစ္လာၿပီဆိုမွေတာ့ ငါ့ဘက္က လက္ခံေပးဖို႔ဘဲ တတ္ႏိုင္ေတာ့မွာေပါ့...ဒါေပမယ့္ တစ္ခုေတာ့႐ွိတယ္..."

"ေျပာပါ အန္ကယ္လ္..."

"ငါ စမ္းသပ္ခ်က္ တစ္ခုလုပ္မယ္ ဒါက မင္း Metawin ကို ဘယ္ေလာက္ထိ ခ်စ္သလဲဆိုတာ သက္ေသျပတဲ့ သေဘာေပါ့... မင္းလက္ခံႏိုင္တယ္ဆိုရင္ေတာ့ ငါ မင္းကို Metawin နဲ႔ သေဘာတူေပးမယ္...လက္မခံႏိုင္ရင္ meatwin ကို ထားခဲ့ၿပီး ထြက္သြားရမယ္...".

"ဒယ္ဒီ..."

"ရပါတယ္ အန္ကယ္လ္..ႀကိဳက္တာ စမ္းသပ္ပါ..."

"အဟင္း...ေယာက်္ားေတြမွာ ႐ွိသင့္တဲ့ လက္႐ုံးရည္၊ ႏွလုံးရည္ေပါ့ကြာ..."

"ဒယ္ဒီ...Vachirawit..."

ငယ္က စိုးရိမ္တႀကီးမ်က္ႏွာေလးနဲ႔ သူ႕အေဖဘက္ကို တစ္လွည့္ သူ႕ဘက္ကို တလွည့္ လွည့္ကာေခၚေန၏။ငယ့္အတြက္ဆို ဘာဘဲျဖစ္ျဖစ္ သူလုပ္ႏိုင္မွာပါ...။

"ကြၽန္ေတာ္ လက္မခံႏိုင္ဘူးေနာ္ ဒယ္ဒီ...ကြၽန္ေတာ္တို႔အခ်စ္ကို ဘာမွ သက္ေသျပစရာမလိုဘူး..."

"ငယ္..."

"အခုလိုလာၿပီေလ...မင္း ခ်စ္သူဘာမွမျဖစ္ေစခ်င္ရင္ ၿငိမ္ၿငိမ္ေလး ထိုင္ၾကည့္ေနလိုက္ Meatwin...ေဟ့ေကာင္ေတြ သူ႕ကို လာေခၚသြား..."

"ဒယ္ဒီ...ဒယ္ဒီ...Vachirawit...ေဟ့ေကာင္ေတြ သူ႕ကို မထိနဲ႔...!!!"

"မင္းခ်စ္သူကို မင္းမယုံဘူးလား Metawin..."

"ကိုယ္ ဘာမွ မျဖစ္ဘူးေနာ္ ငယ္..."

ကိုက ျပဳံးၿပီး ထိုသူေတြေခၚေဆာင္ရာေနာက္ကို လိုက္ပါသြား၏..စမ္းသပ္မယ္ဆိုထဲက ေကာင္းတဲ့အေျခအေနမွ မဟုတ္တာ....။သူလက္ခံခံ မခံခံ ငယ္တို႔အခ်စ္ကို သက္ေသျပစရာမွ မလိုဘဲ...။

"ဒါ ဘာသေဘာလဲ ဒယ္ဒီ..."

"မင္းကို ျပန္ေခၚဖို႔ ဒီတစ္နည္း႐ွိတယ္ Metawin..သူေသရင္ေသ မေသရင္ မင္းေသမွ ရမယ္..."

"ဒယ္ဒီ!!!..."

ဒယ္ဒီရဲ႕ ရည္႐ြယ္ခ်က္ကို သိတဲ့ေနာက္မွာေတာ့ ကို႔ကို အလြန္အမင္း စိတ္ပူသြား၏။ဒယ္ဒီက သူ႕ကို ေျပာၿပီး Vachirawit ကို ေခၚသြားတဲ့ဘက္ကို ထြက္သြားတာ​ေၾကာင့္ Winလည္း လိုက္ဖို႔ ျပင္ရ၏။ ဒယ္ဒီေနာက္ပါးမွာ ပါလာတဲ့ Black က Win အနားကိုလာၿပီး ပုခုံးကို ကိုင္ရန္ျပင္ေတာ့ Win က ငဲ့ကာ ေ႐ွာင္လိုက္၏။သူက ျပဳံးလိုက္ရင္း...

"အရမ္းအမ်ားႀကီးေတာ့ မဟုတ္ေလာက္ပါဘူး...သိပ္လည္း စိုးရိမ္မေနပါနဲ႔..."

"မင္း ပါးစပ္ပိတ္ထား..."

Win ဒီအခ်ိန္မွာ ေတြးမိတာက Dew တို႔စကား နားမေထာင္ဘဲ လာမိတာ မွားၿပီဆိုတာပါဘဲ...။Vachirawit ေနာက္ကို လိုက္သြားေတာ့ အခန္းတစ္ခုထဲမွာ လူ​ေတြ စု႐ုန္းေနၾကၿပီး ပြဲတစ္ခုခု စေတာ့မလို..။

"အဟမ္း...White Dragons ရဲ႕ ဒုဂိုဏ္းခ်ဳပ္က အရမ္းသန္မာတယ္တဲ့ ဘယ္ေလာက္ထိ သန္မာလည္းဆိုတာကို ဒီေန႔ လက္ေတြ႕သိရမွာ..."

လက္ေ႐ြးစင္လူေတြႀကီးစုထားတဲ့ အေယာက္ေပါင္း ၁၀၀ ေလာက္နဲ႔ ထိုးသတ္ရမွာလား...မျဖစ္ႏိုင္တာ...။ Vachirawit က ဘယ္ေလာက္ဘဲ ထိုးႏိုင္တယ္ဘဲ ေျပာေျပာ သူကေတာ့ ခ်က္ခ်င္း လက္ဆြဲကာ ေခၚထုတ္သြားဖို႔ဘဲ ေတြးေနမိ၏။လူအုပ္ႀကီးထဲ အတင္းတိုးေဝွ႔ရင္း Vachirawit ဆီ သြားဖို႔ဘဲ စိတ္ေစာေနမိ၏။Vachirawit ​ဆီ မေရာက္ခင္မွာကို ဒယ္ဒီရဲ႕ လူေတြက သူ႕ကို ဖမ္းခ်ဳပ္ေခၚသြားၿပီး ဒယ္ဒီတို႔အနား ျပန္ေခၚသြား၏။

"သူ႕ကို မေသေစခ်င္ရင္ မင္း ၿငိမ္ၿငိမ္ေလး ေနလိုက္ Metawin..."

Win ဘာမွမေျပာဘဲ အတင္း႐ုန္းကာ ထေတာ့ Black ဆိုသူက တစ္စုံတစ္ခုကို လက္ညိႇဳးထိုးျပလာ၏။Win လွမ္းၾကည့္လိုက္ေတာ့ အသင့္ျပင္ထားတဲ့ sniper သမားမ်ား။

"ဒယ္ဒီ....!!.."

"ခင္ဗ်ား အၾကံမွတ္လား Black..."

"အန္ကယ္လ္အၾကံကို အေကာင္အထည္ေဖာ္ေပး႐ုံပါ..."

"ခင္ဗ်ားကို က်ဳပ္လက္နဲ႔ ကိုယ္တိုင္သတ္မွာ..."

"အဟင္း..."

Win တို႔စကားေျပာေနတုန္းမွာဘဲ Vachirawit နဲ႔ ထိုးသတ္ရေတာ့၏။Crown ကလည္း လက္ေ႐ြးစင္ေတြႀကီး ေ႐ြးထားတာမို႔ အသာေလးၿဖိဳႏိုင္ေလာက္တဲ့ အေျခအေနေတာ့မဟုတ္...အုပ္စုဖြဲ႕ၿပီး ေခ်ာင္ပိတ္မခံရေအာင္ အေကာင္းဆုံး ကာကြယ္ေနရ၏။Win မွာလည္း ေျပးသြားၿပီး သြားကူလို႔လည္း မရ။အခ်ိန္နာရီဝက္ေလာက္ အၾကာမွာေတာ့ Bright လည္း ေသြးအလိမ္းလိမ္းနဲ႔ ျဖစ္သြားသလို သူ႕ထိုးခ်က္ေတြေအာက္မွာ အလဲလဲအၿပိဳၿပိဳျဖစ္သြားၾကသည္မွာ ျမင္လို႔ေတာင္ မေကာင္းေပ။

"ဝိုး...ဒုဂိုဏ္းခ်ဳပ္က တကယ္ေတာ္သားဘဲ..."

"ၿပီးၿပီမွတ္လား...ဖယ္...ကို႔ကို သြားေခၚမလို႔..."

"ဒီေလာက္နဲ႔ ဘယ္ၿပီးမလဲ...လာအုံးမယ္ေလ..."

"ဒယ္ဒီ ဘာလုပ္အုံးမွာလဲ...ေတာ္သင့္ေနၿပီေနာ္..."

"ဒါ မင္းေ႐ြးခ်ယ္ထားတဲ့ လမ္းဘဲ..."

"ကြၽန္ေတာ္ေ႐ြးခ်ယ္ထားတဲ့ လမ္းဆို ကြၽန္ေတာ္ကို လုပ္ေလ...ဘာလို႔ သူ႕ကို..."

"သူက မင္း ခ်စ္သူေလ..."

"က်စ္..."

ကို႔ကို လွမ္းၾကည့္ၿပီး Win မွာ ေဆာက္တည္မရေတာ့.. စမ္းသပ္ခ်က္တစ္ခုတိုးလာတိုင္း ပိုဆိုးလာေတာ့မွာ ဒယ္ဒီတို႔က သူတို႔ကို အသက္႐ွင္လ်က္ ျပန္လႊတ္မယ့္ပုံ မေပၚ..ကို႔အေနနဲ႔ အကုန္လုံး ေက်ာ္ျဖတ္ႏိုင္တယ္ဆိုရင္ေတာင္ sniper သမားေတြက အဆင္သင့္ေစာင့္ေနၿပီးသား...။

"ကြၽန္ေတာ္ ဒီမွာေနခဲ့မယ္ ဒယ္ဒီ...သူ႕ကို ျပန္လႊတ္လိုက္ပါ..."

"အိုး...စိတ္ေျပာင္းသြားၿပီေပါ့..."

"ဒယ္ဒီလိုခ်င္တာ ဒါဘဲ မဟုတ္ဘူးလား...ကို႔ကို ျပန္လႊတ္ေပးလိုက္ပါ..."

"ေနာက္တစ္ခုစေတာ့မယ္...ၾကည့္ၾကရေအာင္..."

"ဒယ္ဒီ..."

"ထိုင္ေန..."

ဝင္လာတဲ့သူေတြၾကည့္လိုက္ေတာ့ လက္နက္ကိရိယာ အစုံနဲ႔ လူ ၁၅ေယာက္ခန္႔႐ွိ၏။Vachirawit ကက် လက္ဗလာနဲ႔...။ကိုက သူ႕ဘက္တစ္ခ်က္လွည့္ၾကည့္ကာ ျပဳံးျပရင္း တိုက္ဖို႔ အဆင္သင့္ျပင္၏။လက္နက္ကိုယ္စီနဲ႔မို႔ ဘယ္ေလာက္ဘဲ ကြၽမ္းကပါတယ္ေျပာေျပာ ထိတာပါဘဲ...။ပုခုံးကိုအ႐ိုက္ခံရလိုက္....ဝမ္းဗိုက္ကို အထိုးခံရလိုက္နဲ႔မို႔ Bright မွာလည္း ေတာ္ေတာ္အထိနာေနၿပီ ျဖစ္၏။အေ႐ွ႕မွာလည္း လူတစ္ရာနီးပါးနဲ႔ ထိုးႀကိတ္ထားၿပီးၿပီကိုေတာင္ ဒီလိုထပ္လုပ္တယ္ဆိုေတာ့ တကယ္ဘဲ သူ႕ကိုေသေစခ်င္ေနတာလား...ငယ့္ပုံစံေလးကလည္း သူတစ္ခါမွ မျမင္ဖူးတဲ့ စိုးရိမ္တႀကီး ျဖစ္ေနတဲ့ ပုံစံေလး...ငယ့္ဆီတစ္ခ်က္ေလးအာ႐ုံအေရာက္မွာ ေခါင္းကပူခနဲ ျဖစ္သြားၿပီး မ်က္လုံးေတြ ျပာေဝသြားရ၏။ပူခနဲျဖစ္သြားတဲ့ေနရာကို ဖိကိုင္လိုက္ေတာ့ ထြက္လာတဲ့ ေသြးမ်ား...။

"ရပ္လိုက္ပါေတာ့....ထပ္မလုပ္နဲ႔ေတာ့လို႔ ေသသြားလိမ့္မယ္..."

ငယ့္အသံၾကားမွ ေမွးမွိတ္ေနတဲ့ မ်က္လုံးေတြကို အားယူကာ ဖြင့္ၾကည့္မိေတာ့ သူလဲက်ေနၿပီဆိုတာ သိလိုက္ရ၏။မျဖစ္ဘူး...သူ ဒီလိုလဲသြားလို႔ မျဖစ္ဘူး...။အားတင္းကာ ကုန္း႐ုန္းထေတာ့ ေက်ာကုန္းေပၚက ေရာက္လာတဲ့ ႐ိုက္ခ်က္မ်ား...။

"ဒိုင္း..."

ေသနတ္သံ တစ္ခ်က္ထြက္ေပၚလာၿပီး ထြက္ေပၚလာတဲ့ ေနရာကိုလည္း ေသနတ္နဲ႔ အသင့္ခ်ိန္ၿပီးသား ျဖစ္ကုန္၏။

"မင္းတို႔ကို ရပ္လိုက္ေတာ့လို႔ ေျပာေနတယ္..."

ေသနတ္သံက Win ဆီက လာတာျဖစ္ၿပီး Bright ကို ဝိုင္း႐ိုက္ေနသူေတြကို ခ်ိန္႐ြယ္ထား၏။

"ငါက ငါဒီမွာေနေပးမယ္ သူ႕ကို လႊတ္လိုက္ပါလို႔ေျပာေနတာကိုေတာင္ ဘာထပ္ျဖစ္ခ်င္ေနတာလဲ..."

"ငါဒီေန႔လာတာ ငါ့ခ်စ္သူကို ေကာင္းေကာင္းမြန္မြန္ မိတ္ဆက္ေပး႐ုံ...ငါကိုယ္တိုင္ အရိပ္တၾကည့္ၾကည့္နဲ႔ ၾကည့္လာရတဲ့သူ႕ကို မင္းတို႔က ဘာေစာက္ဆင့္႐ွိလို႔ ဒီလိုေတြ လုပ္ေနတာလဲ...ဟမ္..."

"ထပ္ထိရင္ ထိတဲ့ေကာင္ ေသမယ္...လုပ္ၾကည့္လိုက္..."

"Metawin တို႔ သူ႕ခ်စ္သူကို ထိေတာ့ ဘာမွမျမင္ႏိုင္ေတာ့ဘူးဘဲ...မင္းကို ခ်ိန္ထားတဲ့ ေသနတ္ေပါင္းမ်ားစြာကို ေတြ႕လား..."

"က်ဳပ္ဂ႐ုမစိုက္ဘူး...က်ဳပ္ ဂ႐ုစိုက္တာ Vachirawitဘဲ..."

"Ok ခုနက ေျပာတယ္ေနာ္...ငါ့သေဘာအတိုင္း ဒီမွာေနမယ္လို႔..ဒါဆို မင္းအေကာင္ကို ျပန္လႊတ္ေပးလိုက္မယ္...မင္းကေတာ့...."

ဒီမွာေန ဆိုတဲ့ပုံစံကို အမူအယာျဖင့္ လုပ္ျပ၏။ကိုယ့္အေဖမို႔လို႔ မဟုတ္ရင္ ေျပးထိုးၿပီးေနၿပီ။ေစာက္က်ိဳးနဲ နည္းလမ္းႀကီးနဲ႔ သူ႕ကိုျပန္ေခၚတာတဲ့...။

"Nani တို႔ကို ေခၚေပး..."

ဒီအတိုင္းႀကီး ျပန္လႊတ္လိုက္ဖို႔ေတာ့ စိတ္မခ်။သူ႕ဆုံးျဖတ္ခ်က္ကို Vachirawit နားလည္မွာပါ...။

"ငယ္မပါဘူး ကိုယ္မျပန္ဘူးေနာ္ ငယ္..."

႐ွိသမွ် အင္အားေတြ စုၿပီး ေအာ္ေျပာတဲ့စကား...။သူ႕ငယ္ဟာ သူ႕ကို ကယ္ဖို႔ ဒီမွာေနခဲ့မယ္လို႔ ေျပာေနမွန္း သူနားလည္၏။

"ငယ္..."

"ငယ္...ကိုယ့္ကို ၾကည့္..."

ေသြးအလိမ္းလိမ္း ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔ ကို႔ကို မၾကည့္ရက္စြာ မ်က္ႏွာလႊဲထားမိ၏။အကုန္လုံး သူ႕အျပစ္ေတြခ်ည္း။

"ငယ့္ကို ကိုယ္မထားခဲ့ႏိုင္ဘူးေနာ္...ကိုယ္ ဒီကေန ထြက္သြားတာနဲ႔ ငယ္နဲ႔ေဝးရေတာ့မွာေနာ္...ငယ္မပါဘဲ ကိုယ္ တဖဝါးမွ ခြာမွာ မဟုတ္ဘူး..."

ကုန္း႐ုန္းထရင္းေျပာေနတဲ့ Vachirawit စကားလုံးေတြဟာ ပလုံးပေထြး။ခပ္တိုးတိုးဆို​ေပမယ့္ အကုန္လုံးတိတ္ဆိတ္ေနတာေၾကာင့္ ေကာင္းစြာ ၾကားေနရတဲ့ အေနအထားျဖစ္၏။Winလည္း ေနရာကေန မေ႐ြ႕မိ...သူ႕လႈပ္လိုက္ရင္ ကို႔ကို တစ္ခုခုလုပ္မွာ စိုးတာေၾကာင့္လည္း ပါ၏။ခံစားခ်က္ေတြ ေရာေထြးၿပီး မငိုမိေအာင္ကို မနည္း ႀကိတ္မွိတ္ခ်ဳပ္တည္းေနရ၏။ Dew နဲ႔ Nani ခ်က္ခ်င္းေရာက္လာပုံေထာက္ရင္ စိတ္မခ်လို႔ အနီးတဝိုက္မွာဘဲ ေစာင့္ေနဟန္တူ၏။

"ဘာေတြျဖစ္ကုန္တာလဲ Win..."

Dew တို႔က ေသြးအလိမ္းလိမ္းနဲ႔ Vachirawit ကို ထူရင္း သူ႕ကို လွမ္းေမး၏။ခ်စ္သူရဲ႕ ပုံရိပ္ကို ျမင္ရတာ ဘယ္ေလာက္ေတာင္ ရင္ကြဲလိုက္ရလဲ...။ Dew တို႔ေရာက္လာမွ Win လည္း ကို႔အနားကို ေလွ်ာက္သြားလိုက္၏။ေသနတ္ေတြနဲ႔က ခ်ိန္ထားခံေနရတုန္းပါဘဲ..။

"ငယ္..."

"Vachirawit..."

"အင္း..."

"ငါ မင္းကို ခ်စ္တယ္ဆိုတာကို သိတယ္မွတ္လား..."

"ကိုယ္မျပန္ဘူးလို႔ ေျပာၿပီးၿပီေနာ္ ငယ္....ေသရင္လည္း အတူတူေသမယ္..."

"ငါေျပာတာ နားေထာင္...Mission ေတြကို ၿပီးေအာင္လုပ္ထား...အခု Dew တို႔နဲ႔ ျပန္လိုက္သြား..ငါမ႐ွိတဲ့အခ်ိန္ ဂိုဏ္းကို ေသခ်ာေစာင့္ေ႐ွာက္..ငါျပန္လာရင္ လူေတြေလ်ာ့ေနတာ မျမင္ခ်င္ဘူး..."

မွာေနပုံက ျပန္လာမယ္ေျပာေနေပမယ့္ ျပန္မလာေတာ့မယ့္ သူလို။

"ဟအင္း ငယ္..ကိုယ့္ကို ေမွ်ာ္လင့္ခ်က္လာမေပးနဲ႔...မင္းေ႐ြးလိုက္တဲ့လမ္းက ဘာမွန္းသိတယ္မွတ္လား..မရဘူး..ကိုယ္လက္မခံဘူး..."

"ကို႔.."

"ျပန္ရေအာင္ Bright...Win မွာ အၾကံ႐ွိမွာပါ...လာပါကြာ.."

အခ်ိန္ဘယ္ေလာက္ထိၾကာမလဲ...ဘယ္ေလာက္ထိ ေဝးရမယ္မွန္း မသိဘဲနဲ႔ ဒီလူေတြလက္ထဲ ငယ့္ကို သူဘယ္လိုစိတ္နဲ႔ ထားခဲ့ရမလဲ...ေပြ႕ဖက္ခြင့္ေလးေတာင္မရ...ခ်စ္တယ္လို႔ေတာင္ မေျပာရဘဲ Dew တို႔ ေခၚရာေနာက္ကို အသိစိတ္ လြတ္ေနတဲ့သူလို လိုက္ပါလာရ၏။

"Win ဒီလိုလုပ္လိုက္လို႔ မင္းကို ျပန္လႊတ္ေပးတာ... မင္းကို အ႐ွင္ထြက္ခြင့္ေပးမွာ မဟုတ္ဘူး..."

"ငါ...ငါ...ငယ့္ကို စိတ္မခ်ဘူး..."

"သူ႕စကားကို နားေထာင္ရေအာင္ Bright...သူ႕မွာ နည္းလမ္း႐ွိမွာပါ..."

"ဟုတ္တယ္ ငါတို႔လုပ္စရာ႐ွိတာ လုပ္ၿပီး Win ကို ျပန္ေခၚၾကရေအာင္..."

Dew တို႔ရဲ႕ ႏွစ္သိမ့္မႈေတြနဲ႔အတူ ငယ့္ရဲ႕ စိုးရိမ္ေနတဲ့ မ်က္ဝန္းေလးေတြ ျပန္ျမင္ေယာင္ရင္း သူ႕စိတ္ကို ေလ်ာ့ခ်လိုက္၏။လဲၿပိဳသြားတဲ့ သူ႕ခႏၶာကိုယ္ကို Dew တို႔ႏွစ္ေယာက္က ထိန္းဖက္ေပးထား၏။ႏွစ္ေယာက္ လုံးလည္း စိတ္မေကာင္းၾက။သူတို႔အေနနဲ႔လည္း Win ကိုနားလည္သလို ယုံလည္း ယုံ၏။ဘယ္လိုဘဲျဖစ္ျဖစ္ Bright ကို ျပန္ရလာတာ အဆိုးထဲက အေကာင္း။Brightမွာလည္း Dew တို႔ေခၚရာေနာက္ကို လိုက္ပါလာေပမယ့္ စိတ္က က်န္ေနခဲ့တဲ့ ငယ့္ဆီမွာသာ..မေရရာတဲ့ ေန႔ရက္ေတြကို ငယ္မပါဘဲ သူဘယ္လို ျဖတ္သန္းရမလဲ...။

*ကြၽန္ေတာ္တို႔ တကယ္ႀကီး ေဝးသြားတာ မဟုတ္ဘူးမွတ္လား...*

*စာလုံးေပါင္း မစစ္ရေသးပါဘူး...ဖတ္ရတာ အဆင္ေျပလား ေျပာသြားၾကပါအုံးေနာ္ *

11.6.2022
Mirella




Continue Reading

You'll Also Like

155K 5.2K 28
ဖခင်ရဲ့ တစ်ချက်လွှတ်အမိန့်နှင့် အိမ်ထောင်ဖက်သွားတွေ့ရန် စေခိုင်းခံရတဲ့ အမကိုယ်စား မိန်းကလေးလို ဝတ်ပြီး အိမ်ထောင်ဖက် သွားတွေ့တဲ့ ကောင်လေးနှင့် ထိုကေ...
150K 5.5K 32
ခင်ဗျားဟာခင်ဗျား ဘယ်လောက်ဖြောင့်ဖြောင့် နောက်ဆုံးတော့လည်း ကျုပ်အောက်မှာ ခံရတာပဲမလား? (Khun Phara Mo) မင်းနဲ့တစ်ခါလောက်အတူနေမိရုံနဲ့ ငါ gay သွားမယ် ထ...
17.1K 3.6K 52
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
50.8K 4K 36
ချစ်တယ်ဆိုတာ သူဖြစ်နေလို့ကို ချစ်နေမိတာပဲ။ကိုယ်မကြိုက်တဲ့ အပြုအမူမျိုးတွေ အမူအကျင့်မျိုးတွေ ဘယ်လောက်ပဲရှိပါစေဦး။ချစ်တဲ့မျက်စိနဲ့ကြည့်မိတဲ့ကိုယ့်အဖို...