My Oleander Hubby ( Completed...

By phounix12

1.6M 102K 4.2K

" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖ... More

My Oleander Hubby (Zaw+Uni)
Part - 1
Part - 2❗
Part - 3
Part - 4 ❗
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part -11
Part - 12
Part - 13
Part - 14 ❗
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Paet - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part -29
Part - 30
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part -44
Part - 45
Part -46
📌ေက်းဇူးတင္လႊာ # ကျေးဇူးတင်လွှာ
Part - 47

Part - 31

28.7K 1.9K 83
By phounix12

Part - 31

📌Part -31 သည္ သိဒိၶ POV သာျဖစ္သည္ ။

My Oleander Hubby

ကိုယ့္ကို မျမင္မေတြ႔ေစခ်င္လို႔ တမင္တကာေ႐ွာင္
ပုန္းေနသူကို႐ွာရတာဟာ ေကာက္႐ိုးပံုထဲအပ္က်သြားသလိုပဲ အစျပန္႐ွာဖို႔ခက္ခဲလွပါသည္ ။ ဒီေန႔ နဲ႔ဆိုရင္ ရာဇ္ ကိုယ့္အနားမွာမ႐ွိတာ ဆယ္သံုးရက္ တိုင္႐ွိေနခဲ့ပါၿပီ ။ ဘယ္ကိုမွထြက္မလာဘဲ တစ္ေနရာရာမွာၿငိမ္ၿပီးေနပံုရသည္ ။ စံုစမ္းခိုင္းသမ်ွလူေတြဆီကေန ဘာသတင္းအစအနမွကိုမရပါ ။
နယ္ေဝးကိုမထြက္ေသးပဲ ရန္ကုန္ေျမထဲမွာ႐ွိေနတာေသခ်ာလွပါသည္ ။

" ရာဇ္ ရယ္ ျပန္လာပါေတာ့ကြာ ၊ ကိုယ္တကယ္ကို
သတိရေနလို႔ပါ "

ရာဇ္နဲ႔ကိုယ္ၾကားထဲကျပႆနာတစ္ခ်ိဳ႕ကို ဒယ္ဒီ
သိၿပီးတဲ့ေနာက္မွာ မာမီနဲ႔အႀကီးအက်ယ္စကားမ်ားက်ေသးသည္ ။ ကိုယ္က ဒယ္ဒီ့ဆီမွာ ႏွစ္နဲ႔ခ်ီၿပီး
လိုက္ေနခဲ့ဖူးသလို ဒယ္ဒီကိုယ္တိုင္ကလဲ
သူ႔ေနာက္အိမ္ေထာင္နဲ႔ေမြးထားတဲ့ ကေလးေတြနဲ႔ ကိုယ့္ကို အတင္းေရာေထြးၿပီးေနေစတာမ်ိဳးမ႐ွိခဲ့ ။

သူ႔မိသားစုအသစ္နဲ႔ရင္းႏွီးေအာင္ သြယ္ဝိုက္ၿပီးဖိအားေပးခဲ့တာမ်ိဳးမ႐ွိခဲ့သလို ေနာက္အိမ္ေထာင္အမ်ိဳးသမီးကလဲ ကိုယ့္အေပၚသားတစ္ေယာက္လို
အရမ္းႀကီးမေႏြးေထြးေပးသည့္တိုင္ သူေၾကာင့္
အေနအစားက်ပ္တာမ်ိဳးမ႐ွိေအာင္ ေနေပးဖူးသည္။

မိသားစုထမင္းဝိုင္းလိုအခ်ိန္ေတြမ်ိဳးမွာ ဒယ္ဒီနဲ႔သူတို႔မိသားစု အတူ႐ွိေနတဲ့အခါ ကိုယ့္ကိုပါေခၚတက္ သလို ကိုယ္ကျငင္းဆန္တဲ့အခါမ်ိဳးမွာလဲ
တစ္ေယာက္စာကို သီးသီးသန္႔သန္႔ဖယ္ေပးထားၿပီး ေသေသခ်ာခ်ာ သိမ္းဆည္းေပးခိုင္းထားတာမ်ိဳးေလးေတြ လုပ္ေပးတက္သည္ ။ ဒါေၾကာင့္ပဲ ဒယ္ဒီနဲ႔ေနခဲ့ရတဲ့ႏွစ္ေတြထဲမွာ ကိုယ့္အတြက္အခက္အခဲဆိုတာမ႐ွ္ိခဲ့ပါ ။

ေနာက္အိမ္ေထာင္နဲ႔ရတဲ့ကေလးေတြကလဲ ကိုယ္ နဲ႔အရမ္းႀကီး ရင္းရင္းႏွီးႏွီးမေနေပမယ့္ သူတို႔ရဲ႕
အကိုႀကီးအျဖစ္ အသိအမွတ္ျပဳ႐ိုေသေပးက်သည္။
ဒါေတြေၾကာင့္ပဲ ဒယ္ဒီနဲ႔က အရမ္းစိမ္းမေနေတာ့ပဲ
ရင္းႏွီးသလိုခံစားခဲ့ရသည္ ။

မာမီကေတာ့ ကိုယ္နဲ႔အဆက္အသြယ္စရတဲ့အခ်ိန္ ထဲက အမိန္႔သံနဲ႔ေျပာတာမ်ားသည္ ။
သူ႔ခင္ပြန္းနဲ႔သူ႔မိသားစုအသစ္ကိုသာ ခ်စ္ခင္ေပး
တက္တဲ့မာမီ့ဆီက ခ်စ္ေပးတယ္ဆိုတဲ့ခံစားခ်က္ကို
ၾကံဳခဲ့ဖူးခ်င္ခဲ့တာ ကေလးဘဝထဲက အေတာင္းတဆံုးဆုတစ္ခု ။

* မာမီက ငါ့ကိုခ်စ္ေပးတယ္ * ဆိုတဲ့စကားကို
သူငယ္ခ်င္ေတြၾကားမွေျပာခ်င္ခဲ့တာေၾကာင့္ မာမီဆီက ဂ႐ုစိုက္ခံရဖို႔အတြက္ နည္းမ်ိဳးစံုႏွင့္ႀကိဳးစားဖူးသည္။

ငယ္ငယ္ကဆိုရင္ မာမီဘက္ကအဖိုးအဖြားေတြဆီ
ေရာက္ေနတဲ့အခ်ိန္ မာမီကလဲ ေမႏွင္းကိုေခၚလာ
ၿပီး အိမ္ျပန္လာတဲ့အခ်ိန္နဲ႔ၾကံဳခဲ့ဘူးသည္ ။ ေမႏွင္းကို သမီးဆိုတာပါးစပ္ဖ်ားကမခ်သလို သနပ္ခါးေျခဆံုးေခါင္းဆံုးလိမ္းေပးၿပီး ၊ သူ႔ရင္ခြင္ထဲအျမဲတမ္းေပြ႔ဖက္ထားတက္တဲ့မာမီဟာ ကိုယ္ေဆာ့ရင္းနဲ႔အပင္
ေပၚကျပဳတ္က်တဲ့အခ်ိန္မွာေတာ့ ----

* အမ်ိဳးတစ္ျခမ္းယုတ္ေကာင္ *

* သစ္ပင္ေပၚကျပဳတ္က်ၿပီး မေသရင္ေတာင္လူစင္မမွီတဲ့ဘဝနဲ႔ေနရပါေစ ၊ ဒါမွ သူ႔အေဖဆိုတဲ့မ်ိဳးယုတ္ေကာင္ ရင္ကြဲရမွာ *

* မလိုခ်င္တဲ့အသက္ေတြက် အေၾကာျပင္းလိုက္ တာလြန္ေရာ * ဆိုတဲ့စကားမ်ိဳးေတြကို ကိုယ့္မ်က္ မွာကိုတည့္တည့္ၾကည့္ၿပီး ေျပာခဲ့ဖူးေလသည္။

ထိုစကားေတြကို အဖိုးအဖြားေတြျပန္ၾကားတဲ့အခါ
သူမ်ားေသြးသားကိုက် ခ်စ္ေပးေနၿပီး ကိုယ္ေမြးထားတဲ့သားကိုက် က်ိန္စာတိုက္ရေကာင္းမလား
ဆိုၿပီး သားမိ သားဖေတြစကားမ်ားၿပီး မာမီကသူ႔
အမ်ိဳးသားဆီျပန္သြားခဲ့သည္။

သိတက္ေနတဲ့အရြယ္ကိုေရာက္ေနတဲ့ ကိုယ့္အတြက္ေတာ့ မာမီဆီကအခ်စ္ကိုမခံရတာဟာ သိပ္ကို
ဝမ္းနည္းစရာျဖစ္ေနခဲ့သည္ ။

ေနာက္ပိုင္း ပညာစံုလို႔ လုပ္ငန္းခြင္ဝင္တဲ့အခ်ိန္မွာေတာ့ မာမီက ငယ္ငယ္ကေလာက္ ဆ္ိုးရြားစြာေျပာဆိုျခင္းမ႐ွ္ိေတာ့ပါ ။ လုပ္ငန္းတိုင္းမွာ ကိုယ္ေအာင္
ျမင္ေနတာေၾကာင့္လဲပါႏိုင္ပါသည္ ။သားမိႏွစ္ေယာက္ၾကားမွာ ေႏြးေထြးသည္မဆိုႏိုင္ေသာ္လဲ ၾကမ္းတမ္းသည့္ ဆက္ဆံေရးေတြမ႐ွိေတာ့တာေၾကာင့္ ေပ်ာ္ခဲ့ရဖူးသည္ ။

မာမီႏွလံုးေရာဂါနဲ႔ ေဆးရံုကိုအေရးေပၚတက္ရတဲ့
အခ်ိန္ မာမီ႐ွိေနသည့္ အဂၤလန္အထိကိုယ္လိုက္ သြားခဲ့ၿပီး ေနေကာင္းတဲ့အထိအနီးကပ္ျပဳစုေပး
ၿပီး ေဆးရံုဆင္းမွ ျမန္မာျပည္ျပန္လာခဲ့သည္။
အဲအခ်ိန္ထဲကစၿပိ္ီး မာမီကကိုယ့္ကို သားလို႔ေခၚေ
ေပးလာသည္ ။ ဘဝတစ္ေလ်ွာက္လံုး ၾကားခြင့္မ႐ွိ
ေတာ့ဘူးလို႔ေတြးထားရာကေန ပထမဆံုးၾကားလိုက္ရတဲ့အခ်ိန္တုန္းကဆိုရင္ ဝမ္းသာမ်က္ရည္က်ျပီး အၾကာႀကီးငိုမိတဲ့အထိပါပဲ ။

ေနာက္ပိုင္း ကိုယ္အိမ္ေထာင္ေရးနဲ႔ပတ္သက္ေတာ့လဲ မိဘအေနနဲ႔ ကိုယ္အေလးထားတိုင္ပင္ခဲ့သည္။
ေနာက္ဆံုးေတာ့ ကိုယ့္မာမီကပဲ ကိုယ့္အိမ္ေထာင္ေရးကိုဖ်က္စီးခဲ့ေလသည္ ။ ခက္ခက္ခဲခဲတည္ေဆာက္ထားရတဲ့အိမ္ေထာင္ေရးလို႔ မဆိုႏိုင္သည့္တိုင္ေအာင္ အရမ္းႀကီးလြယ္ကူေခ်ာေမြ႔ခဲ့ေသာ အိမ္ေထာင္ေရးလဲမဟုတ္ပါ ။ မေက်လည္မႈေတြ႐ွိခဲ့သည့္တိုင္
ရာဇ္ နဲ႔အစျပဳထားသည့္အိမ္ေထာင္ေရးကို ရပ္တန္႔ လိုက္ဖို႔ ဘယ္တုန္းကမွစိတ္မကူးခဲ့ ။

သဲႏုငယ္နဲ႔ပတ္သက္ၿပီး ရခဲ့တဲ့စိတ္ဒဏ္ရာေတြအတြက္ လက္တုန္႔ျပန္ဖ္ု႔ိနည္းလမ္းမ်ားစြာ႐ွိေနသည့္တိုင္ ရာဇ္ကို လက္ထပ္ဖို႔လမ္းကိုသာေရြးခ်ယ္ခဲ့သည္ ။ ကိုယ့္စိတ္ထဲမွာ ဘယ္ေလာက္ပဲနာက်ည္းပါတယ္ဆိုဆို ရာဇ္မ်က္ႏွာတစ္ခ်က္ညႇိဳးေနရင္ ေနရတာအဆင္မေျပလို႔ ကိုယ္ဘယ္လိုမွ ခြင့္မလႊတ္
မေက်ေအးေပးႏိုင္ခဲ့တဲ့ သဲႏုငယ္တို႔ကို စီးပြားေရး
အဆင္ေျပေအာင္ ျပန္ၿပီးတည့္မက္ေပးခဲ့ရဖူးသည္ ။ ဒါေတြအားလံုးဟာ ရာဇ္ဆိုေသာ လူသားတစ္ေယာက္အတြက္ေၾကာင့္သာ ကိုယ္စိတ္ေလ်ွာ့ခဲ့ရျခင္းေတြေပါ့ ။

ရာဇ္အေပၚ ကိုယ္မွားခဲ့တဲ႔အမွားေတြက ေရတြက္
လို႔ို႔ေတာင္မရႏိုင္ခဲ့ ။ ကိုယ့္တစ္ကိုယ္စာအႏိုင္ယူမႈေတြအျပင္ မာမီရဲ႕ေစာ္ကားေျပာဆိုမႈေတြကိုပါ
လ်စ္လ်ဴရႈေပးခဲ့မိတဲ့အထိ ။ ေနာက္ဆံုး သူစိမ္ေတြအေ႐ွ႕မွာေတာင္မေ႐ွာင္ဘဲ ကိုယ္ထိလက္ေရာက္ေစာ္ကားမႈ ၊ ဒါေတြအားလံုးကို ရာဇ္က သည္းခံေပးခဲ့သည္ ။ ႏႈတ္ထြက္စကားေတြက ၾကမ္းတမ္းတယိထင္ရေပမယ့္ ေကာင္းမြန္ေသာစိတ္ရင္းခံေလးနဲ႔
ကိုိုယ္ေခ်ာ့လိုက္တိုင္း အျမဲစိတ္ေျပသြားတက္တဲ့ေကာင္ေလး ။

ထိုေကာင္ေလးက ေမႏွင္းနဲ႔ကိစၥမွာေတာ့ ကိုယ့္ကိုအဆံုးစြန္ထိ စိတ္နာသြားခဲ့ပံုရသည္ ။ အရင္ကဆို သူ႔စိတ္ထဲ႐ွိတဲ့အတိုင္း ေျပာဆိုေျဖ႐ွင္းတက္တဲ့ေကာင္ေလးက အခုေတာ့ လံုးဝကိုေရငံုႏႈတ္ပိတ္ကာ ထြက္သြားခဲ့ေလၿပီ ။

ရာဇ္နဲ႔ပတ္သက္ၿပီး သူ႔စိတ္ကိုအမ်ားႀကီးနားလည္ ထားသူမို႔ အရင္ကလိုဆဲဆိုေျဖ႐ွင္းေနတာထက္ အခုလို လံုးဝတိတ္ဆိတ္သြားတာက ပိုၿပီးေၾကာက္ စရာမွန္း ကိုယ္ေကာင္းေကာင္းႀကီးသိသည္ ။

* ေမႏွင္းကိစၥ ဘယ္သူ႔ကိုမွေပးမသိပါနဲ႔ * ဆိုၿပီး
အငိုေတြနဲ႔ဖုန္းဆက္ေျပာလာတဲ့ မာမီစကားကိုနားေထာင္မိကာ ကိုယ္လဲေရငံုႏႈတ္ပိတ္ေနခဲ့မိသည္ ။

ရာဇ္ အိမ္ကေနထြက္သြားတဲ့အခ်ိန္ မာမီတို႔ကိုယ့္အိမ္ေရာက္လာမွာမို႔ ကိုယ္ဘယ္လိုမွ မ်က္ႏွာေတာင္
မျမင္ခ်င္တဲ့ သဲႏုငယ္အိမ္အထိလိုက္ၿပီး ရာဇ္ကိုသြားျပန္ေခၚခဲ့တဲ့အေၾကာင္းျပခ်က္က တစ္ခုထဲပါ ။
သူအိမ္မွာမရွိတဲ့အခ်ိန္က်မွ အျခားအမ်ိဳးသမီးတစ္ေယာက္အိမ္ေပၚတက္လာမွာကို ကိုယ္မလိုလားလို႔။

ကိုယ္ဝန္လရင့္လာတာနဲ႔အမ်ွ ကေလးကိုေမြးၿပီး
ဘယ္မွာထားရမလဲ ၊ ဘယ္လိုေ႐ွ႕ဆက္ရမလဲဆိုတဲ့
အေတြးေတြေၾကာင့္ စိတ္ဖိစီးမႈမ်ားခဲ့တဲ့ ေမႏွင္းက
အိပ္ေဆးေတြ အလြန္အကၽြံေသာက္ကာ ေသေၾကာင္းၾကံစည္ခဲ့ေသးသည္ ။ မွတ္မွတ္ရရထိုေန႔က
ကိုယ္နဲ႔ရာဇ္ အတူတူေ ယနဖို႔အဆင္သင့္ျဖစ္ေနတဲ့အခ်ိန္ႀကီး ။ မာမီရဲ႕ငိုသံေၾကာင့္ ရာဇ္ကို ---

* ခဏေလးပဲ ကိုယ္ျပန္လာခဲ့မယ္ * ဆိုတဲ့စကားနဲ႔
တစ္ေယာက္ထဲထားခဲ့ဖူးသည္ ။ တစ္ဖက္ခန္းကို
ေရာက္သြားခ်ိန္ မာမီက အငိုေတြနဲ႔ ။ ေမႏွင္းကေတာ့ အိပ္ေဆးေတြေသာက္ထားၿပီး သတိလစ္ေနၿပီ။
ေဆးရံုပို႔ဖို႔ကိုက် သူအသိမိတ္ေဆြေတြသိမွာကိုဆိုတာေၾကာင့္ မာမီကလက္မခံ ။ ေနာက္ဆံုး ရင္းႏွီးတဲ့ ဆရာဝန္ႀကီးတစ္ေယာက္ကို အိမ္ကိုပင့္ၿပီး
ကုသေပးခဲ့ရသည္ ။

ကိုယ္အိမ္မွာ အျခားသူေတြေၾကာင့္ အမႈအခင္းၾကံဳရတာမ်ိဳးေတြမလိုခ်င္တာေၾကာင့္ ေနာက္ပိုင္းအခ်ိန္ေတြမွာ ေမႏွင္းကိုပိုၿပီးေစာင့္ၾကည့္ေပးျဖစ္သည္ ။ ေသေၾကာင္းၾကံစည္တာမ်ိဳး ထပ္လုပ္မွာစိုးတာ
ေၾကာင့္ ကိုယ္ကပိုၿပီး အားေပးစကားေျပာတာမ်ိဳး ၊ သူ႔အတြက္လိုအပ္တာေတြ လိုက္လုပ္ေပးတာမ်ိဳးေတြကို လုပ္ေပးျဖစ္ခဲ့သည္ ။ ကိုယ့္အိမ္မွာ႐ွိေနတဲ့အခ်ိန္ခဏေလးအတြင္းမွာ ဘယ္လိုအမႈအခင္းေတြမွ မျဖစ္ေစခ်င္တာေၾကာင့္ ေစာင့္ၾကည့္ေပးတဲ့သေဘာပါပဲ ။ ဒါေတြကိုအကင္းပါးလွတဲ့ရာဇ္က ေစာင့္ၾကည့္
ေနခဲ့ပံုေပၚသည္ ။

ေနာက္ဆံုးမွာေတာ့ ရာဇ္ ဘက္ကေန ကိုယ့္ကို လံုးဝလက္လႊတ္ေပးခဲ့ေလၿပီ ။ သူေျပာဖူးခဲ့တဲ့စကားေတြလိုပဲ ကိုယ့္ကိုစိတ္နာရမယ့္အေၾကာင္းတရားေတြက သူ႔ရင္ဘက္ထဲမွာ တျဖည္းျဖည္းခ်င္း ထုထည္ႀကီးမားလာခဲ့ၿပီထင္ပါရဲ႕ ။ ကိုယ့္ကိုသိပ္ခ်စ္တဲ့ေကာင္ေလးက ကိုယ့္ကို ေ႐ွာင္ပုန္းသြားခဲသည္။

" Ring! !! Ring ! !!Ring ! !! "

ဖုန္းျမည္သံေၾကာင့္ အေတြးအာရံုတို႔ျပတ္ေတာက္ရခဲ့ေလသည္ ။ ေခၚေနတဲ့သူက မာမီ ။ ဒီေန႔ဆို မာမီနဲ႔ေမႏွင္း ႐ွမ္းျပည္မွာ႐ွိေနတဲ့ သူတို႔အိမ္ကိုသြားတာငါးရက္႐ွိခဲ့ၿပီ ။ မသြားခင္က တစ္ခ်ိန္လံုးလိုလို
ကိုယ္ကရာဇ္ကိုလိုက္မ႐ွာဖို႔ ၊ ဒီအိမ္ေထာင္ေရးကို အဆံုးသတ္လိုက္ဖို႔ ၊ အဆင့္အတန္းျမင့္တဲ့မိသားစုထဲက မိန္းကေလးေတြနဲ႔ သူကမိတ္ဆက္ေပးမွာမို႔
သင့္ေတာ္တဲ့သူကိုေရြးခ်ယ္ၿပီး အိမ္ေထာင္သစ္ထူေထာင္ဖို႔ ထိုသို႔ေသာစကားေတြကိုပဲ ထပ္တလဲလဲေျပာသြားသည္ ။

ဒယ္ဒီကေတာ့ ရာဇ္ကိုမရရေအာင္လိုက္႐ွာဖို႔သာေျပာေနတာမို႔ မာမီနဲ႔စကား အႀကီးအက်ယ္မ်ားက်တာ ။ ဒယ္ဒီကေတာ့ မာမီ့လို စကားေတြအမ်ားႀကီးနဲ႔ခြန္းတံု႔မျပန္ဘဲ ----

* ဘာလဲ ငါ့သားကို မင္းနဲ႔ငါတုန္းကလို မခ်စ္မႀကိဳက္ဘဲနဲ႔ မိဘေပးစားလို႔ယူ ၊ ၿပီးရင္ တစ္ေယာက္က
ငယ္ရည္းစားနဲ႔တိတ္တိတ္ပုန္းခိုးစား ၊ တစ္ေယာက္က ေနာက္ထပ္အငယ္အေႏွာင္းကို ေပၚတင္ယူ ၊
ေမြးထားတဲ့ကေလးက ဘယ္သူ႔ကိုအေဖအေမေခၚရမွန္းမသိတဲ့ဘဝမ်ိဳး ထပ္ေရာက္ေစခ်င္ေနတာလား ၊ ငါ့သားကို ငါ့လိုဘဝမ်ိဳး ဘယ္ေတာ့မွထပ္မေရာက္ေစရေအာင္ လမ္းၫႊန္ေပးရမယ္ ၊ မင္းဘာသာ
မင္းေယာက်္ားရဲ႕သမီးကိစၥကိုအာရံုစိုက္ေန ၊ ငါ့သားကို ထပ္ၿပိ္ီးဒုကၡလာမေပးေတာ့နဲ႔ ၊ စစ္မင္းက မိဘေမတၱာသိပ္လိုခ်င္ေနတဲ့ကေလးမွန္းသိေနလို႔ မင္းက
မခ်စ္ေသာ္လည္းေအာင့္နမ္းၿပီး မင္းလင္ပါသမီးအတြက္ အသံုးခ်ေနတာကို ငါသိတယ္ ၊ မင္းသာ စစ္မင္းကိုတကယ္ခ်စ္ရင္ လင္ပါသမီးရဲ႕ေယာက်္ားေနရာမွာအ႐ွင္မခံခိုင္ဘူး ၊ မင္းဆိုတဲ့မိန္းမက မင္းလင္ပါသမီးအတြက္ဆိုရင္ သားအရင္းကိုေတာ ခ်နင္းရဲတဲ့မိန္းမေနာ္ ၊ ဒီလိုအေမမ်ိဳး ကမၻာပတ္႐ွာရင္ေတာင္မေတြ႔ဘူး ၊ ေနာက္ဆိုငါ့သားနဲ႔ေဝးေဝးေန "

ထိုေန႔က ဒယ္ဒီနဲ႔မာမီ အႀကီးအက်ယ္ရန္ျဖစ္က်သည္ ။

" Ring! !! Ring!!! Ring!!! Ring!!! "

ဖုန္းသံကိုၾကားၿပီး အေတြးလြန္ေနတာေၾကာင့္ မာမီက ဖုန္းကိုဆက္တိုက္ေခၚေနေလသည္ ။

" Hello မာမီ "

" ဘာလုပ္ေနလဲ စစ္မင္း "

" ဘာမွမလုပ္ဘူး မာမီ "

" ဘာမွမလုပ္ဘဲနဲ႔ကို ဖုန္းကိုမကိုင္တာလား "

မာမီရဲ႕အလိုမက်တဲ့ ေလသံမာမာေၾကာင့္ သက္ျပင္းခ်လိုက္ရင္း ---

" ကြၽန္ေတာ္မၾကားလိုက္လို႔ပါ "

" ထားပါေတာ့ ၊ မာမီကို ဆရာဝန္နွစ္ေယာက္ေလာက္႐ွာေပးပါလား ၊ မင္းအသိထဲကေပါ့ ၊ သူနာျပဳတစ္ေယာက္ေလာက္လဲလိုခ်င္တယ္ ၊ ဒီမွာလာေနေပးနိုင္မယ့္သူမ်ိဳးကိုလိုခ်င္တာ ၊ ေမႏွင္း ကိုအျပင္ေဆးခန္းေတြမွာမျပခ်င္ဘူး ၊ ေဆးခန္းသြားတိုင္း အျခား
မိသားစုေတြကိုျမင္ရင္ သူစိတ္မေကာင္းျဖစ္ေနလိမ့္မယ္ "

ဒီတစ္ခါေတာ့ ကိုယ္ျပံဳးလိုက္မိပါေတာ့သည္ ။
ေမႏွင္းမွ သူမ်ားမိသားစုကိုျမင္ရင္ စိတ္မေကာင္းျဖစ္ မွာလား ။ ကိုယ္ေရာ အျခားသူေတြကိုျမင္ရင္
စိတ္မေကာင္းျဖစ္ေနမွာကို မသိေလသလား ။
ၾကားဖူးေနက် ေပးဆပ္မႈနဲ႔ခ်စ္ေပးၾကသည္ဆိုတဲ့
မိဘေမတၱာဟာ ကိုယ္တစ္ေယာက္ထဲအေပၚမွာ
သာေသြဖယ္ေနတာ စိတ္မေကာင္းစရာဘဲေလ ။

" စစ္မင္း မာမီေျပာတာၾကားလား "

" ၾကားေပမယ့္ ကြၽန္ေတာ္လုပ္ေပးဖို႔အဆင္မေျပဘူးမာမီ "

ကိုယ္ေျပာလိုက္တဲ့စကားက မာမီေမ်ွာ္လင့္မထားေလာက္တဲ့စကားမို႔ ----

" ဘာ!!! မင္းဘာေျပာတယ္ ၊ ဘာလို႔လုပ္ေပးဖို႔အဆင္မေျပရတာလဲ ၊ မင္းမသိဆရာဝန္ေတြ ႐ိုက္သတ္လို႔ေတာင္မကုန္ဘူးေလ ၊ ဟိုတစ္ေယာက္ကို ႐ွာေနရလို႔ဆိုတဲ့စကားေတာ့ လာမေျပာနဲ႔ေနာ္ "

" ေမႏွင္းအတြက္ဆရာဝန္႐ွာေပးတာထက္ ရာဇ္ကိုလိုက္႐ွာတာက ကြၽန္ေတာ္အတြက္ပိုျဖစ္သင့္တာမဟုတ္ဘူးလား မာမီ ၊ ရာဇ္က ကြၽန္ေတာ့္အမ်ိဳးသားေလ ၊ ေမႏွင္းက ကြၽန္ေတာ္နဲ႔ဘာဆိုင္လို႔လဲ "

" ေနပါဦး စစ္မင္းရဲ႕ ေမႏွင္းအတြက္ဆရာဝန္႐ွာေပးရတာ မင္းအတြက္ဘာအပန္းႀကီးေနလို႔လဲ ၊ မာမီမင္းကိုေျပာထားၿပီးသားေလ ၊ မင္း အိမ္ေထာင္ေရးကိုလူမသိသူမသိတဲ့အခ်ိန္မွာ အဆံုးသတ္လိုက္လို႔ ၊
မင္းအတြက္ေျပာေနတာကို မသိတာမ်ားလား ၊
ဘာလို႔မ်ား ဒီတစ္ေယာက္ကိုမက္ေမာေနရတာလဲ ၊
ေမႏွင္းေလးကို မင္းမိသားစုလိုသေဘာထားဖို႔ မာမီသင္ေပးထားၿပီးသားေနာ္ "

" မိဘေတြရဲ့ ေသြးသားေတာ္ဆပ္မႈမ႐ွိတဲ့ လူႏွစ္ေယာက္က ဘယ္လိုမ်ိဳးမိသားစုျဖစ္လာႏိုင္မွာလဲ ၊
အားနာေပမယ့္ တစ္ခါထဲေျပာပါရေစ ၊ ေနာက္ဆို
ေမႏွင္းကိစၥနဲ႔ပတ္သက္ၿပီး ဘာမွလာမခိုင္းပါနဲ႔ေတာ့ ၊ ကြၽန္ေတာ္ႏြားက်ခံေပးေနခဲ့တာ မာမီ့ေၾကာင့္ေနာ္၊

" စစ္မင္း! !!! မင္းက မာမီ့စကားကို ကလန္ကဆန္
လုပ္ရဲေနတာေပါ့ေလ ၊ ဟုတ္လား! ! ေမႏွင္းကို
မင္းမိသားစုလို႔ မသတ္မွတ္ႏိုင္ရင္ ငါ့ဆီကေနလဲေ
မိခင္ေမတၱာရဖို႔ကို ေမ်ွာ္လင့္မေနနဲ႔ "

ေျပာထြက္တဲ့စကားကို မအံ႔ၾသေပမယ့္ နာနာက်င္က်င္ရီလိုက္မိသည္ ။

" မာမီက ကြၽန္ေတာ္ကို ဘယ္တုန္းကမ်ား မိခင္ေမတၱာအျပည့္အဝေပးခဲ့ဖူးလို႔လဲ ၊ ကြၽန္ေတာ္ငယ္ငယ္ထဲက မာမီ့ဆီကေန ဂ႐ုစိုက္ခံရဖို႔ကို နည္းမ်ိဳးစံု
ႀကိဳးစားခဲ့ဖူးတယ္ေလ ၊ အဲအခ်ိန္ကဆ္ိုအျမဲက်ိန္သတ္ေနတာမဟုတ္ဘူးလား ၊ ကြၽန္ေတာ္က မာမီ့ဆီကေန ခ်စ္ေပးတာမ်ိဳးခံခ်င္ေနမွန္းသိလို႔ အတုမေယာင္ေမတၱာေတြေပးၿပီး မာမီ့မိသားစုကိစၥေတြကို
ႏြားတစ္ေကာင္လိုပခံုးထမ္းေပးခိုင္းေနမွန္း ကြၽန္ေတာ္သေဘာေပါက္လာၿပီ ၊ မာမီ့ဆီကေမတၱာကိုလဲ
ဒီတစ္သက္မေမ်ွာ္လင့္ေတာ့ပါဘူး "

" ေအးေလ မင္းကျပတ္ႏိုင္ရင္ၿပီးတာပါပဲ ၊ ငါ့မွာ
ဒီေန႔ကစၿပီး စစ္မင္းသိဒိၶဆိုတဲ့သားတစ္ေယာက္ မ႐ွိေတာ့ဘူး ၊ ေယာက်္ားျခင္းအ႐ွက္မ႐ွိယူထားတဲ့ေကာင္ကို ငါမိသားစုလို႔ဘယ္သူ႔ကိုမွေပးမသိနဲ႔ေ
ေနာ္ ၊ နင္မ႐ွက္ေပမယ့္ ငါ႐ွက္တယ္ အမ်ိဳးတစ္ျခမ္းယုတ္ေကာင္ရယ့္ "

အမ်ိဳးတစ္ျခမ္းယုတ္တဲ့ ။ ငယ္ငယ္ကဆိုအျမဲတမ္း
ၾကားဖူးေနက်စကားေလး ။ ငယ္တုန္းကမသိသာ
ေပမယ့္ အသက္ႀကီးလာေတာ့ စကားလံုးေတြရဲ႕
အဓိပၸာယ္ကို ခြဲျခမ္းစိတ္ျဖာၿပီး နာတက္လာခဲ့ၿပီ။

" ယုတ္မယ့္ယုတ္ အမ်ိဳးကႏွစ္ျခမ္းစလံုးယုတ္ေနတာေနမွာပါ ၊ ဖြားဖြားေျပာျပခဲ့ဖူးတဲ့ စကားအရဆိုရင္ မာမီလဲ ဒယ္ဒီနဲ႔မကြာ႐ွင္းရေသးဘဲ အိမ္ေထာင္ေရး ေဖာက္ျပန္တာမဟုတ္ဘူးလား ၊ ဒယ္ဒိီနဲ႔ကြာ႐ွင္း
ျပီးတဲ့အခ်ိန္ ေမႏွင္းအေဖက သူ႔အိမ္ေထာင္နဲ႔သူ႐ွိေနတုန္းမို႔ မာမီက တိတ္တိတ္ပုန္းဘဝနဲ႔ေနေပးခဲ့တာဆို ၊ ေမႏွင္းအေမဆံုးကာမွ အဲဒီအိမ္ေပၚကို မာမီတက္ခြင့္ရတာမဟုတ္လား ၊ေမႏွင္းကိုအရမ္းဂ႐ုစိုက္ေပးေနတာကလဲ မာမ္ီ့ေယာက်္ားကိုမျပတ္ႏိုင္လို႔ဆိုတာ ကြၽန္ေတာ္သိေနပါတယ္ "

" စစ္မင္းသိဒိၶ နင္ကမ်ားငါ့ကို ေျပာရဲဆိုရဲေနတာေပါ့
ဟုတ္လား "

မွန္တာေျပာလို႔မ်ား မာမီနာသြားေလသလား ။
ဒီစကားေတြကို ကိုယ့္ႏႈတ္ကေနထုတ္ၿပီးမေျပာခ်င္ေပမယ့္ မာမီဆိုတဲ့အမ်ိဳးသမီးက ကိုယ္တိုင္ထိမွ
နာတက္မယ့္သူေလ ။

" ကြၽန္ေတာ္ မာမီနဲ႔ပတ္သက္ရင္ အကုန္သိထားပါတယ္ ၊ မေျပာခ်င္လို႔ ေရငံုႏႈတ္ပိတ္ေနတာမ်ိဳးပါ ၊
ေနာက္ဆံုး ရာဇ္ကို သူ႔ကုမၼဏီပိုင္႐ွင္နဲ႔သတင္းထြက္ေအာင္လုပ္တာ မာမီဆိုတာပါထပ္သိထားေသးတာမို႔ ကိစၥေတြအားလံုးကို ဒီတိုင္းေလးရပ္လိုက္ရေအာင္ ၊ မာမီ့ဘက္ကမရပ္ရင္ သတင္းမွားဖြတဲ့အမႈနဲ႔ ကြၽန္ေတာ္တရားစြဲရပါလိမ့္မယ္ ၊ သားက အေမကို
တရားျပန္စြဲတာမ်ိဳး မာမီမၾကံဳခ်င္ဘူးလို႔ထင္ပါတယ္ "

အားတင္းၿပီးေျပာမိတဲ့စကားလံုးေတြတိုင္းမွာ ေသြးမ်က္ရည္အျပည့္ ။ ကိုယ္ဟာ စစ္မွန္ေသာခ်စ္ျခင္းေမတၱာႏွင့္ မထိုက္တန္တဲ့သူေလလား ။ မိဘေတြက
ရက္စက္စြာစြန္ျပစ္ခဲ့က်သည္။ စိတ္ေရာကိုယ္ပါႏွစ္ၿပီးယံုၾကည္ခဲ့တဲ့ ခ်စ္ဦးသူဆီက သစၥာေဖာက္မႈႏွင့္ၾကံဳရသည္ ။ ႐ွား႐ွားပါးပါး ကိုယ့္ကိုခ်စ္ေပးခဲ့သူကိုေတာ့ ကိုယ္ကနာက်င္မႈေတြေပးၿပီး ဟိုးအေဝးကိုတြန္႔ပို႔ခဲ့မိသည္ ။ ေနာက္ဆံုးေတာ့ ကိုယ္တစ္ေယာက္
ထဲပါပဲလား ။

" ေအး!! နင္နဲ႔ငါ ဒီေန႔ကစၿပီး ေသခန္းျပတ္ၿပီး ၊ ဘာမဟုတ္တဲ့ေကာင္နဲ႔မိဘကိုလဲရဲတဲ့ေကာင္ ၊ ငါေသရင္ေတာင္နင္မလာနဲ႔ ၊ နင့္ကိုလဲ ငါလံုးဝမျမင္ခ်င္ေတာ့ဘူး "

ေမ်ွာ္လင့္ထားၿပီးသားစကားေတြမို႔ အံ႔ၾသစရာေတာ့မ႐ွိပါ ။ သူ႔မိသားစုအတြက္အသံုးမဝင္ေတာ့လို႔
ကန္ထုတ္ခံရျခင္းေပါ့ ။

" မာမီနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္လံုလံုေလာက္ေလာက္နာက်င္ခဲ့ရၿပီးၿပီမို႔ အဲလိုပဲလုပ္က်ရေအာင္ ၊
ေနာက္ဆို သကၠရာဇ္ကို လာထိတာနဲ႔တရားစြဲတဲ့အထိလုပ္မယ္ဆိုတာ မာမီသိထားေပးပါ "

စကားဆံုးတာနဲ႔ တဖက္ကဖုန္းကိုခ်သြားေလၿပီ ။
ကေလးဘဝထဲက ကိုယ္ေတာင္းတခဲ့ရတဲ့မိခင္ေမတၱာဟာ ဒီဘဝမွာေတာ့ မရႏိုင္ေတာ့တာေသခ်ာသြားခဲ့ၿပီေပါ့ ။ ေနာက္ဘဝမွလူျပန္ျဖစ္ခဲ့ရင္ ဆင္းရဲသည္ျဖစ္ေစ ခ်မ္းသာသည္ျဖစ္ေစ ေႏြးေတြးယုယမႈ
ေတြနဲ႔ထံုမႊန္းထားတဲ့မိသားစုမွာသာ ေမြးဖြားလာရပါေစ ။ ဒါဟာ မိသားစုနဲ႔ပတ္သက္ရင္ လိုခ်င္မိတဲ့
တစ္ခုတည္းေသာဆုေတာင္းေလးပါပဲ ။

Phoenix12

30.5.2022
P.M - 10:00

<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>

Part - 31

📌Part -31 သည် သိဒ္ဓိ POV သာဖြစ်သည် ။

My Oleander Hubby

ကိုယ့်ကို မမြင်မတွေ့စေချင်လို့ တမင်တကာရှောင်
ပုန်းနေသူကိုရှာရတာဟာ ကောက်ရိုးပုံထဲအပ်ကျသွားသလိုပဲ အစပြန်ရှာဖို့ခက်ခဲလှပါသည် ။ ဒီနေ့ နဲ့ဆိုရင် ရာဇ် ကိုယ့်အနားမှာမရှိတာ ဆယ်သုံးရက် တိုင်ရှိနေခဲ့ပါပြီ ။ ဘယ်ကိုမှထွက်မလာဘဲ တစ်နေရာရာမှာငြိမ်ပြီးနေပုံရသည် ။ စုံစမ်းခိုင်းသမျှလူတွေဆီကနေ ဘာသတင်းအစအနမှကိုမရပါ ။
နယ်ဝေးကိုမထွက်သေးပဲ ရန်ကုန်မြေထဲမှာရှိနေတာသေချာလှပါသည် ။

" ရာဇ် ရယ် ပြန်လာပါတော့ကွာ ၊ ကိုယ်တကယ်ကို
သတိရနေလို့ပါ "

ရာဇ်နဲ့ကိုယ်ကြားထဲကပြဿနာတစ်ချို့ကို ဒယ်ဒီ
သိပြီးတဲ့နောက်မှာ မာမီနဲ့အကြီးအကျယ်စကားများကျသေးသည် ။ ကိုယ်က ဒယ်ဒီ့ဆီမှာ နှစ်နဲ့ချီပြီး
လိုက်နေခဲ့ဖူးသလို ဒယ်ဒီကိုယ်တိုင်ကလဲ
သူ့နောက်အိမ်ထောင်နဲ့မွေးထားတဲ့ ကလေးတွေနဲ့ ကိုယ့်ကို အတင်းရောထွေးပြီးနေစေတာမျိုးမရှိခဲ့ ။

သူ့မိသားစုအသစ်နဲ့ရင်းနှီးအောင် သွယ်ဝိုက်ပြီးဖိအားပေးခဲ့တာမျိုးမရှိခဲ့သလို နောက်အိမ်ထောင်အမျိုးသမီးကလဲ ကိုယ့်အပေါ်သားတစ်ယောက်လို
အရမ်းကြီးမနွေးထွေးပေးသည့်တိုင် သူကြောင့်
အနေအစားကျပ်တာမျိုးမရှိအောင် နေပေးဖူးသည်။

မိသားစုထမင်းဝိုင်းလိုအချိန်တွေမျိုးမှာ ဒယ်ဒီနဲ့သူတို့မိသားစု အတူရှိနေတဲ့အခါ ကိုယ့်ကိုပါခေါ်တက် သလို ကိုယ်ကငြင်းဆန်တဲ့အခါမျိုးမှာလဲ
တစ်ယောက်စာကို သီးသီးသန့်သန့်ဖယ်ပေးထားပြီး သေသေချာချာ သိမ်းဆည်းပေးခိုင်းထားတာမျိုးလေးတွေ လုပ်ပေးတက်သည် ။ ဒါကြောင့်ပဲ ဒယ်ဒီနဲ့နေခဲ့ရတဲ့နှစ်တွေထဲမှာ ကိုယ့်အတွက်အခက်အခဲဆိုတာမရှိခဲ့ပါ ။

နောက်အိမ်ထောင်နဲ့ရတဲ့ကလေးတွေကလဲ ကိုယ် နဲ့အရမ်းကြီး ရင်းရင်းနှီးနှီးမနေပေမယ့် သူတို့ရဲ့
အကိုကြီးအဖြစ် အသိအမှတ်ပြုရိုသေပေးကျသည်။
ဒါတွေကြောင့်ပဲ ဒယ်ဒီနဲ့က အရမ်းစိမ်းမနေတော့ပဲ
ရင်းနှီးသလိုခံစားခဲ့ရသည် ။

မာမီကတော့ ကိုယ်နဲ့အဆက်အသွယ်စရတဲ့အချိန် ထဲက အမိန့်သံနဲ့ပြောတာများသည် ။
သူ့ခင်ပွန်းနဲ့သူ့မိသားစုအသစ်ကိုသာ ချစ်ခင်ပေး
တက်တဲ့မာမီ့ဆီက ချစ်ပေးတယ်ဆိုတဲ့ခံစားချက်ကို
ကြုံခဲ့ဖူးချင်ခဲ့တာ ကလေးဘဝထဲက အတောင်းတဆုံးဆုတစ်ခု ။

* မာမီက ငါ့ကိုချစ်ပေးတယ် * ဆိုတဲ့စကားကို
သူငယ်ချင်တွေကြားမှပြောချင်ခဲ့တာကြောင့် မာမီဆီက ဂရုစိုက်ခံရဖို့အတွက် နည်းမျိုးစုံနှင့်ကြိုးစားဖူးသည်။

ငယ်ငယ်ကဆိုရင် မာမီဘက်ကအဖိုးအဖွားတွေဆီ
ရောက်နေတဲ့အချိန် မာမီကလဲ မေနှင်းကိုခေါ်လာ
ပြီး အိမ်ပြန်လာတဲ့အချိန်နဲ့ကြုံခဲ့ဘူးသည် ။ မေနှင်းကို သမီးဆိုတာပါးစပ်ဖျားကမချသလို သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းပေးပြီး ၊ သူ့ရင်ခွင်ထဲအမြဲတမ်းပွေ့ဖက်ထားတက်တဲ့မာမီဟာ ကိုယ်ဆော့ရင်းနဲ့အပင်
ပေါ်ကပြုတ်ကျတဲ့အချိန်မှာတော့ ----

* အမျိုးတစ်ခြမ်းယုတ်ကောင် *

* သစ်ပင်ပေါ်ကပြုတ်ကျပြီး မသေရင်တောင်လူစင်မမှီတဲ့ဘဝနဲ့နေရပါစေ ၊ ဒါမှ သူ့အဖေဆိုတဲ့မျိုးယုတ်ကောင် ရင်ကွဲရမှာ *

* မလိုချင်တဲ့အသက်တွေကျ အကြောပြင်းလိုက် တာလွန်ရော * ဆိုတဲ့စကားမျိုးတွေကို ကိုယ့်မျက် မှာကိုတည့်တည့်ကြည့်ပြီး ပြောခဲ့ဖူးလေသည်။

ထိုစကားတွေကို အဖိုးအဖွားတွေပြန်ကြားတဲ့အခါ
သူများသွေးသားကိုကျ ချစ်ပေးနေပြီး ကိုယ်မွေးထားတဲ့သားကိုကျ ကျိန်စာတိုက်ရကောင်းမလား
ဆိုပြီး သားမိ သားဖတွေစကားများပြီး မာမီကသူ့
အမျိုးသားဆီပြန်သွားခဲ့သည်။

သိတက်နေတဲ့အရွယ်ကိုရောက်နေတဲ့ ကိုယ့်အတွက်တော့ မာမီဆီကအချစ်ကိုမခံရတာဟာ သိပ်ကို
ဝမ်းနည်းစရာဖြစ်နေခဲ့သည် ။

နောက်ပိုင်း ပညာစုံလို့ လုပ်ငန်းခွင်ဝင်တဲ့အချိန်မှာတော့ မာမီက ငယ်ငယ်ကလောက် ဆိုးရွားစွာပြောဆိုခြင်းမရှိတော့ပါ ။ လုပ်ငန်းတိုင်းမှာ ကိုယ်အောင်
မြင်နေတာကြောင့်လဲပါနိုင်ပါသည် ။သားမိနှစ်ယောက်ကြားမှာ နွေးထွေးသည်မဆိုနိုင်သော်လဲ ကြမ်းတမ်းသည့် ဆက်ဆံရေးတွေမရှိတော့တာကြောင့် ပျော်ခဲ့ရဖူးသည် ။

မာမီနှလုံးရောဂါနဲ့ ဆေးရုံကိုအရေးပေါ်တက်ရတဲ့
အချိန် မာမီရှိနေသည့် အင်္ဂလန်အထိကိုယ်လိုက် သွားခဲ့ပြီး နေကောင်းတဲ့အထိအနီးကပ်ပြုစုပေး
ပြီး ဆေးရုံဆင်းမှ မြန်မာပြည်ပြန်လာခဲ့သည်။
အဲအချိန်ထဲကစပြီး မာမီကကိုယ့်ကို သားလို့ခေါ်ေ
ပေးလာသည် ။ ဘဝတစ်လျှောက်လုံး ကြားခွင့်မရှိ
တော့ဘူးလို့တွေးထားရာကနေ ပထမဆုံးကြားလိုက်ရတဲ့အချိန်တုန်းကဆိုရင် ဝမ်းသာမျက်ရည်ကျပြီး အကြာကြီးငိုမိတဲ့အထိပါပဲ ။

နောက်ပိုင်း ကိုယ်အိမ်ထောင်ရေးနဲ့ပတ်သက်တော့လဲ မိဘအနေနဲ့ ကိုယ်အလေးထားတိုင်ပင်ခဲ့သည်။
နောက်ဆုံးတော့ ကိုယ့်မာမီကပဲ ကိုယ့်အိမ်ထောင်ရေးကိုဖျက်စီးခဲ့လေသည် ။ ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့အိမ်ထောင်ရေးလို့ မဆိုနိုင်သည့်တိုင်အောင် အရမ်းကြီးလွယ်ကူချောမွေ့ခဲ့သော အိမ်ထောင်ရေးလဲမဟုတ်ပါ ။ မကျေလည်မှုတွေရှိခဲ့သည့်တိုင်
ရာဇ် နဲ့အစပြုထားသည့်အိမ်ထောင်ရေးကို ရပ်တန့် လိုက်ဖို့ ဘယ်တုန်းကမှစိတ်မကူးခဲ့ ။

သဲနုငယ်နဲ့ပတ်သက်ပြီး ရခဲ့တဲ့စိတ်ဒဏ်ရာတွေအတွက် လက်တုန့်ပြန်ဖ်ု့ိနည်းလမ်းများစွာရှိနေသည့်တိုင် ရာဇ်ကို လက်ထပ်ဖို့လမ်းကိုသာရွေးချယ်ခဲ့သည် ။ ကိုယ့်စိတ်ထဲမှာ ဘယ်လောက်ပဲနာကျည်းပါတယ်ဆိုဆို ရာဇ်မျက်နှာတစ်ချက်ညှိုးနေရင် နေရတာအဆင်မပြေလို့ ကိုယ်ဘယ်လိုမှ ခွင့်မလွှတ်
မကျေအေးပေးနိုင်ခဲ့တဲ့ သဲနုငယ်တို့ကို စီးပွားရေး
အဆင်ပြေအောင် ပြန်ပြီးတည့်မက်ပေးခဲ့ရဖူးသည် ။ ဒါတွေအားလုံးဟာ ရာဇ်ဆိုသော လူသားတစ်ယောက်အတွက်ကြောင့်သာ ကိုယ်စိတ်လျှော့ခဲ့ရခြင်းတွေပေါ့ ။

ရာဇ်အပေါ် ကိုယ်မှားခဲ့တဲ့အမှားတွေက ရေတွက်
လို့ို့တောင်မရနိုင်ခဲ့ ။ ကိုယ့်တစ်ကိုယ်စာအနိုင်ယူမှုတွေအပြင် မာမီရဲ့စော်ကားပြောဆိုမှုတွေကိုပါ
လျစ်လျူရှုပေးခဲ့မိတဲ့အထိ ။ နောက်ဆုံး သူစိမ်တွေအရှေ့မှာတောင်မရှောင်ဘဲ ကိုယ်ထိလက်ရောက်စော်ကားမှု ၊ ဒါတွေအားလုံးကို ရာဇ်က သည်းခံပေးခဲ့သည် ။ နှုတ်ထွက်စကားတွေက ကြမ်းတမ်းတယိထင်ရပေမယ့် ကောင်းမွန်သောစိတ်ရင်းခံလေးနဲ့
ကိုယ်ချော့လိုက်တိုင်း အမြဲစိတ်ပြေသွားတက်တဲ့ကောင်လေး ။

ထိုကောင်လေးက မေနှင်းနဲ့ကိစ္စမှာတော့ ကိုယ့်ကိုအဆုံးစွန်ထိ စိတ်နာသွားခဲ့ပုံရသည် ။ အရင်ကဆို သူ့စိတ်ထဲရှိတဲ့အတိုင်း ပြောဆိုဖြေရှင်းတက်တဲ့ကောင်လေးက အခုတော့ လုံးဝကိုရေငုံနှုတ်ပိတ်ကာ ထွက်သွားခဲ့လေပြီ ။

ရာဇ်နဲ့ပတ်သက်ပြီး သူ့စိတ်ကိုအများကြီးနားလည် ထားသူမို့ အရင်ကလိုဆဲဆိုဖြေရှင်းနေတာထက် အခုလို လုံးဝတိတ်ဆိတ်သွားတာက ပိုပြီးကြောက် စရာမှန်း ကိုယ်ကောင်းကောင်းကြီးသိသည် ။

* မေနှင်းကိစ္စ ဘယ်သူ့ကိုမှပေးမသိပါနဲ့ * ဆိုပြီး
အငိုတွေနဲ့ဖုန်းဆက်ပြောလာတဲ့ မာမီစကားကိုနားထောင်မိကာ ကိုယ်လဲရေငုံနှုတ်ပိတ်နေခဲ့မိသည် ။

ရာဇ် အိမ်ကနေထွက်သွားတဲ့အချိန် မာမီတို့ကိုယ့်အိမ်ရောက်လာမှာမို့ ကိုယ်ဘယ်လိုမှ မျက်နှာတောင်
မမြင်ချင်တဲ့ သဲနုငယ်အိမ်အထိလိုက်ပြီး ရာဇ်ကိုသွားပြန်ခေါ်ခဲ့တဲ့အကြောင်းပြချက်က တစ်ခုထဲပါ ။
သူအိမ်မှာမရှိတဲ့အချိန်ကျမှ အခြားအမျိုးသမီးတစ်ယောက်အိမ်ပေါ်တက်လာမှာကို ကိုယ်မလိုလားလို့။

ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ကလေးကိုမွေးပြီး
ဘယ်မှာထားရမလဲ ၊ ဘယ်လိုရှေ့ဆက်ရမလဲဆိုတဲ့
အတွေးတွေကြောင့် စိတ်ဖိစီးမှုများခဲ့တဲ့ မေနှင်းက
အိပ်ဆေးတွေ အလွန်အကျွံသောက်ကာ သေကြောင်းကြံစည်ခဲ့သေးသည် ။ မှတ်မှတ်ရရထိုနေ့က
ကိုယ်နဲ့ရာဇ် အတူတူေ ယနဖို့အဆင်သင့်ဖြစ်နေတဲ့အချိန်ကြီး ။ မာမီရဲ့ငိုသံကြောင့် ရာဇ်ကို ---

* ခဏလေးပဲ ကိုယ်ပြန်လာခဲ့မယ် * ဆိုတဲ့စကားနဲ့
တစ်ယောက်ထဲထားခဲ့ဖူးသည် ။ တစ်ဖက်ခန်းကို
ရောက်သွားချိန် မာမီက အငိုတွေနဲ့ ။ မေနှင်းကတော့ အိပ်ဆေးတွေသောက်ထားပြီး သတိလစ်နေပြီ။
ဆေးရုံပို့ဖို့ကိုကျ သူအသိမိတ်ဆွေတွေသိမှာကိုဆိုတာကြောင့် မာမီကလက်မခံ ။ နောက်ဆုံး ရင်းနှီးတဲ့ ဆရာဝန်ကြီးတစ်ယောက်ကို အိမ်ကိုပင့်ပြီး
ကုသပေးခဲ့ရသည် ။

ကိုယ်အိမ်မှာ အခြားသူတွေကြောင့် အမှုအခင်းကြုံရတာမျိုးတွေမလိုချင်တာကြောင့် နောက်ပိုင်းအချိန်တွေမှာ မေနှင်းကိုပိုပြီးစောင့်ကြည့်ပေးဖြစ်သည် ။ သေကြောင်းကြံစည်တာမျိုး ထပ်လုပ်မှာစိုးတာ
ကြောင့် ကိုယ်ကပိုပြီး အားပေးစကားပြောတာမျိုး ၊ သူ့အတွက်လိုအပ်တာတွေ လိုက်လုပ်ပေးတာမျိုးတွေကို လုပ်ပေးဖြစ်ခဲ့သည် ။ ကိုယ့်အိမ်မှာရှိနေတဲ့အချိန်ခဏလေးအတွင်းမှာ ဘယ်လိုအမှုအခင်းတွေမှ မဖြစ်စေချင်တာကြောင့် စောင့်ကြည့်ပေးတဲ့သဘောပါပဲ ။ ဒါတွေကိုအကင်းပါးလှတဲ့ရာဇ်က စောင့်ကြည့်
နေခဲ့ပုံပေါ်သည် ။

နောက်ဆုံးမှာတော့ ရာဇ် ဘက်ကနေ ကိုယ့်ကို လုံးဝလက်လွှတ်ပေးခဲ့လေပြီ ။ သူပြောဖူးခဲ့တဲ့စကားတွေလိုပဲ ကိုယ့်ကိုစိတ်နာရမယ့်အကြောင်းတရားတွေက သူ့ရင်ဘက်ထဲမှာ တဖြည်းဖြည်းချင်း ထုထည်ကြီးမားလာခဲ့ပြီထင်ပါရဲ့ ။ ကိုယ့်ကိုသိပ်ချစ်တဲ့ကောင်လေးက ကိုယ့်ကို ရှောင်ပုန်းသွားခဲသည်။

" Ring! !! Ring ! !!Ring ! !! "

ဖုန်းမြည်သံကြောင့် အတွေးအာရုံတို့ပြတ်တောက်ရခဲ့လေသည် ။ ခေါ်နေတဲ့သူက မာမီ ။ ဒီနေ့ဆို မာမီနဲ့မေနှင်း ရှမ်းပြည်မှာရှိနေတဲ့ သူတို့အိမ်ကိုသွားတာငါးရက်ရှိခဲ့ပြီ ။ မသွားခင်က တစ်ချိန်လုံးလိုလို
ကိုယ်ကရာဇ်ကိုလိုက်မရှာဖို့ ၊ ဒီအိမ်ထောင်ရေးကို အဆုံးသတ်လိုက်ဖို့ ၊ အဆင့်အတန်းမြင့်တဲ့မိသားစုထဲက မိန်းကလေးတွေနဲ့ သူကမိတ်ဆက်ပေးမှာမို့
သင့်တော်တဲ့သူကိုရွေးချယ်ပြီး အိမ်ထောင်သစ်ထူထောင်ဖို့ ထိုသို့သောစကားတွေကိုပဲ ထပ်တလဲလဲပြောသွားသည် ။

ဒယ်ဒီကတော့ ရာဇ်ကိုမရရအောင်လိုက်ရှာဖို့သာပြောနေတာမို့ မာမီနဲ့စကား အကြီးအကျယ်များကျတာ ။ ဒယ်ဒီကတော့ မာမီ့လို စကားတွေအများကြီးနဲ့ခွန်းတုံ့မပြန်ဘဲ ----

* ဘာလဲ ငါ့သားကို မင်းနဲ့ငါတုန်းကလို မချစ်မကြိုက်ဘဲနဲ့ မိဘပေးစားလို့ယူ ၊ ပြီးရင် တစ်ယောက်က
ငယ်ရည်းစားနဲ့တိတ်တိတ်ပုန်းခိုးစား ၊ တစ်ယောက်က နောက်ထပ်အငယ်အနှောင်းကို ပေါ်တင်ယူ ၊
မွေးထားတဲ့ကလေးက ဘယ်သူ့ကိုအဖေအမေခေါ်ရမှန်းမသိတဲ့ဘဝမျိုး ထပ်ရောက်စေချင်နေတာလား ၊ ငါ့သားကို ငါ့လိုဘဝမျိုး ဘယ်တော့မှထပ်မရောက်စေရအောင် လမ်းညွှန်ပေးရမယ် ၊ မင်းဘာသာ
မင်းယောကျ်ားရဲ့သမီးကိစ္စကိုအာရုံစိုက်နေ ၊ ငါ့သားကို ထပ်ပြီးဒုက္ခလာမပေးတော့နဲ့ ၊ စစ်မင်းက မိဘမေတ္တာသိပ်လိုချင်နေတဲ့ကလေးမှန်းသိနေလို့ မင်းက
မချစ်သော်လည်းအောင့်နမ်းပြီး မင်းလင်ပါသမီးအတွက် အသုံးချနေတာကို ငါသိတယ် ၊ မင်းသာ စစ်မင်းကိုတကယ်ချစ်ရင် လင်ပါသမီးရဲ့ယောကျ်ားနေရာမှာအရှင်မခံခိုင်ဘူး ၊ မင်းဆိုတဲ့မိန်းမက မင်းလင်ပါသမီးအတွက်ဆိုရင် သားအရင်းကိုတော ချနင်းရဲတဲ့မိန်းမနော် ၊ ဒီလိုအမေမျိုး ကမ္ဘာပတ်ရှာရင်တောင်မတွေ့ဘူး ၊ နောက်ဆိုငါ့သားနဲ့ဝေးဝေးနေ "

ထိုနေ့က ဒယ်ဒီနဲ့မာမီ အကြီးအကျယ်ရန်ဖြစ်ကျသည် ။

" Ring! !! Ring!!! Ring!!! Ring!!! "

ဖုန်းသံကိုကြားပြီး အတွေးလွန်နေတာကြောင့် မာမီက ဖုန်းကိုဆက်တိုက်ခေါ်နေလေသည် ။

" Hello မာမီ "

" ဘာလုပ်နေလဲ စစ်မင်း "

" ဘာမှမလုပ်ဘူး မာမီ "

" ဘာမှမလုပ်ဘဲနဲ့ကို ဖုန်းကိုမကိုင်တာလား "

မာမီရဲ့အလိုမကျတဲ့ လေသံမာမာကြောင့် သက်ပြင်းချလိုက်ရင်း ---

" ကျွန်တော်မကြားလိုက်လို့ပါ "

" ထားပါတော့ ၊ မာမီကို ဆရာဝန်နှစ်ယောက်လောက်ရှာပေးပါလား ၊ မင်းအသိထဲကပေါ့ ၊ သူနာပြုတစ်ယောက်လောက်လဲလိုချင်တယ် ၊ ဒီမှာလာနေပေးနိုင်မယ့်သူမျိုးကိုလိုချင်တာ ၊ မေနှင်း ကိုအပြင်ဆေးခန်းတွေမှာမပြချင်ဘူး ၊ ဆေးခန်းသွားတိုင်း အခြား
မိသားစုတွေကိုမြင်ရင် သူစိတ်မကောင်းဖြစ်နေလိမ့်မယ် "

ဒီတစ်ခါတော့ ကိုယ်ပြုံးလိုက်မိပါတော့သည် ။
မေနှင်းမှ သူများမိသားစုကိုမြင်ရင် စိတ်မကောင်းဖြစ် မှာလား ။ ကိုယ်ရော အခြားသူတွေကိုမြင်ရင်
စိတ်မကောင်းဖြစ်နေမှာကို မသိလေသလား ။
ကြားဖူးနေကျ ပေးဆပ်မှုနဲ့ချစ်ပေးကြသည်ဆိုတဲ့
မိဘမေတ္တာဟာ ကိုယ်တစ်ယောက်ထဲအပေါ်မှာ
သာသွေဖယ်နေတာ စိတ်မကောင်းစရာဘဲလေ ။

" စစ်မင်း မာမီပြောတာကြားလား "

" ကြားပေမယ့် ကျွန်တော်လုပ်ပေးဖို့အဆင်မပြေဘူးမာမီ "

ကိုယ်ပြောလိုက်တဲ့စကားက မာမီမျှော်လင့်မထားလောက်တဲ့စကားမို့ ----

" ဘာ!!! မင်းဘာပြောတယ် ၊ ဘာလို့လုပ်ပေးဖို့အဆင်မပြေရတာလဲ ၊ မင်းမသိဆရာဝန်တွေ ရိုက်သတ်လို့တောင်မကုန်ဘူးလေ ၊ ဟိုတစ်ယောက်ကို ရှာနေရလို့ဆိုတဲ့စကားတော့ လာမပြောနဲ့နော် "

" မေနှင်းအတွက်ဆရာဝန်ရှာပေးတာထက် ရာဇ်ကိုလိုက်ရှာတာက ကျွန်တော်အတွက်ပိုဖြစ်သင့်တာမဟုတ်ဘူးလား မာမီ ၊ ရာဇ်က ကျွန်တော့်အမျိုးသားလေ ၊ မေနှင်းက ကျွန်တော်နဲ့ဘာဆိုင်လို့လဲ "

" နေပါဦး စစ်မင်းရဲ့ မေနှင်းအတွက်ဆရာဝန်ရှာပေးရတာ မင်းအတွက်ဘာအပန်းကြီးနေလို့လဲ ၊ မာမီမင်းကိုပြောထားပြီးသားလေ ၊ မင်း အိမ်ထောင်ရေးကိုလူမသိသူမသိတဲ့အချိန်မှာ အဆုံးသတ်လိုက်လို့ ၊
မင်းအတွက်ပြောနေတာကို မသိတာများလား ၊
ဘာလို့များ ဒီတစ်ယောက်ကိုမက်မောနေရတာလဲ ၊
မေနှင်းလေးကို မင်းမိသားစုလိုသဘောထားဖို့ မာမီသင်ပေးထားပြီးသားနော် "

" မိဘတွေရဲ့ သွေးသားတော်ဆပ်မှုမရှိတဲ့ လူနှစ်ယောက်က ဘယ်လိုမျိုးမိသားစုဖြစ်လာနိုင်မှာလဲ ၊
အားနာပေမယ့် တစ်ခါထဲပြောပါရစေ ၊ နောက်ဆို
မေနှင်းကိစ္စနဲ့ပတ်သက်ပြီး ဘာမှလာမခိုင်းပါနဲ့တော့ ၊ ကျွန်တော်နွားကျခံပေးနေခဲ့တာ မာမီ့ကြောင့်နော်၊

" စစ်မင်း! !!! မင်းက မာမီ့စကားကို ကလန်ကဆန်
လုပ်ရဲနေတာပေါ့လေ ၊ ဟုတ်လား! ! မေနှင်းကို
မင်းမိသားစုလို့ မသတ်မှတ်နိုင်ရင် ငါ့ဆီကနေလဲေ
မိခင်မေတ္တာရဖို့ကို မျှော်လင့်မနေနဲ့ "

ပြောထွက်တဲ့စကားကို မအံ့သြပေမယ့် နာနာကျင်ကျင်ရီလိုက်မိသည် ။

" မာမီက ကျွန်တော်ကို ဘယ်တုန်းကများ မိခင်မေတ္တာအပြည့်အဝပေးခဲ့ဖူးလို့လဲ ၊ ကျွန်တော်ငယ်ငယ်ထဲက မာမီ့ဆီကနေ ဂရုစိုက်ခံရဖို့ကို နည်းမျိုးစုံ
ကြိုးစားခဲ့ဖူးတယ်လေ ၊ အဲအချိန်ကဆိုအမြဲကျိန်သတ်နေတာမဟုတ်ဘူးလား ၊ ကျွန်တော်က မာမီ့ဆီကနေ ချစ်ပေးတာမျိုးခံချင်နေမှန်းသိလို့ အတုမယောင်မေတ္တာတွေပေးပြီး မာမီ့မိသားစုကိစ္စတွေကို
နွားတစ်ကောင်လိုပခုံးထမ်းပေးခိုင်းနေမှန်း ကျွန်တော်သဘောပေါက်လာပြီ ၊ မာမီ့ဆီကမေတ္တာကိုလဲ
ဒီတစ်သက်မမျှော်လင့်တော့ပါဘူး "

" အေးလေ မင်းကပြတ်နိုင်ရင်ပြီးတာပါပဲ ၊ ငါ့မှာ
ဒီနေ့ကစပြီး စစ်မင်းသိဒ္ဓိဆိုတဲ့သားတစ်ယောက် မရှိတော့ဘူး ၊ ယောကျ်ားခြင်းအရှက်မရှိယူထားတဲ့ကောင်ကို ငါမိသားစုလို့ဘယ်သူ့ကိုမှပေးမသိနဲ့ေ
နော် ၊ နင်မရှက်ပေမယ့် ငါရှက်တယ် အမျိုးတစ်ခြမ်းယုတ်ကောင်ရယ့် "

အမျိုးတစ်ခြမ်းယုတ်တဲ့ ။ ငယ်ငယ်ကဆိုအမြဲတမ်း
ကြားဖူးနေကျစကားလေး ။ ငယ်တုန်းကမသိသာ
ပေမယ့် အသက်ကြီးလာတော့ စကားလုံးတွေရဲ့
အဓိပ္ပာယ်ကို ခွဲခြမ်းစိတ်ဖြာပြီး နာတက်လာခဲ့ပြီ။

" ယုတ်မယ့်ယုတ် အမျိုးကနှစ်ခြမ်းစလုံးယုတ်နေတာနေမှာပါ ၊ ဖွားဖွားပြောပြခဲ့ဖူးတဲ့ စကားအရဆိုရင် မာမီလဲ ဒယ်ဒီနဲ့မကွာရှင်းရသေးဘဲ အိမ်ထောင်ရေး ဖောက်ပြန်တာမဟုတ်ဘူးလား ၊ ဒယ်ဒီနဲ့ကွာရှင်း
ပြီးတဲ့အချိန် မေနှင်းအဖေက သူ့အိမ်ထောင်နဲ့သူရှိနေတုန်းမို့ မာမီက တိတ်တိတ်ပုန်းဘဝနဲ့နေပေးခဲ့တာဆို ၊ မေနှင်းအမေဆုံးကာမှ အဲဒီအိမ်ပေါ်ကို မာမီတက်ခွင့်ရတာမဟုတ်လား ၊မေနှင်းကိုအရမ်းဂရုစိုက်ပေးနေတာကလဲ မာမ်ီ့ယောကျ်ားကိုမပြတ်နိုင်လို့ဆိုတာ ကျွန်တော်သိနေပါတယ် "

" စစ်မင်းသိဒ္ဓိ နင်ကများငါ့ကို ပြောရဲဆိုရဲနေတာပေါ့
ဟုတ်လား "

မှန်တာပြောလို့များ မာမီနာသွားလေသလား ။
ဒီစကားတွေကို ကိုယ့်နှုတ်ကနေထုတ်ပြီးမပြောချင်ပေမယ့် မာမီဆိုတဲ့အမျိုးသမီးက ကိုယ်တိုင်ထိမှ
နာတက်မယ့်သူလေ ။

" ကျွန်တော် မာမီနဲ့ပတ်သက်ရင် အကုန်သိထားပါတယ် ၊ မပြောချင်လို့ ရေငုံနှုတ်ပိတ်နေတာမျိုးပါ ၊
နောက်ဆုံး ရာဇ်ကို သူ့ကုမ္မဏီပိုင်ရှင်နဲ့သတင်းထွက်အောင်လုပ်တာ မာမီဆိုတာပါထပ်သိထားသေးတာမို့ ကိစ္စတွေအားလုံးကို ဒီတိုင်းလေးရပ်လိုက်ရအောင် ၊ မာမီ့ဘက်ကမရပ်ရင် သတင်းမှားဖွတဲ့အမှုနဲ့ ကျွန်တော်တရားစွဲရပါလိမ့်မယ် ၊ သားက အမေကို
တရားပြန်စွဲတာမျိုး မာမီမကြုံချင်ဘူးလို့ထင်ပါတယ် "

အားတင်းပြီးပြောမိတဲ့စကားလုံးတွေတိုင်းမှာ သွေးမျက်ရည်အပြည့် ။ ကိုယ်ဟာ စစ်မှန်သောချစ်ခြင်းမေတ္တာနှင့် မထိုက်တန်တဲ့သူလေလား ။ မိဘတွေက
ရက်စက်စွာစွန်ပြစ်ခဲ့ကျသည်။ စိတ်ရောကိုယ်ပါနှစ်ပြီးယုံကြည်ခဲ့တဲ့ ချစ်ဦးသူဆီက သစ္စာဖောက်မှုနှင့်ကြုံရသည် ။ ရှားရှားပါးပါး ကိုယ့်ကိုချစ်ပေးခဲ့သူကိုတော့ ကိုယ်ကနာကျင်မှုတွေပေးပြီး ဟိုးအဝေးကိုတွန့်ပို့ခဲ့မိသည် ။ နောက်ဆုံးတော့ ကိုယ်တစ်ယောက်
ထဲပါပဲလား ။

" အေး!! နင်နဲ့ငါ ဒီနေ့ကစပြီး သေခန်းပြတ်ပြီး ၊ ဘာမဟုတ်တဲ့ကောင်နဲ့မိဘကိုလဲရဲတဲ့ကောင် ၊ ငါသေရင်တောင်နင်မလာနဲ့ ၊ နင့်ကိုလဲ ငါလုံးဝမမြင်ချင်တော့ဘူး "

မျှော်လင့်ထားပြီးသားစကားတွေမို့ အံ့သြစရာတော့မရှိပါ ။ သူ့မိသားစုအတွက်အသုံးမဝင်တော့လို့
ကန်ထုတ်ခံရခြင်းပေါ့ ။

" မာမီနဲ့ ပတ်သက်ပြီး ကျွန်တော်လုံလုံလောက်လောက်နာကျင်ခဲ့ရပြီးပြီမို့ အဲလိုပဲလုပ်ကျရအောင် ၊
နောက်ဆို သက္ကရာဇ်ကို လာထိတာနဲ့တရားစွဲတဲ့အထိလုပ်မယ်ဆိုတာ မာမီသိထားပေးပါ "

စကားဆုံးတာနဲ့ တဖက်ကဖုန်းကိုချသွားလေပြီ ။
ကလေးဘဝထဲက ကိုယ်တောင်းတခဲ့ရတဲ့မိခင်မေတ္တာဟာ ဒီဘဝမှာတော့ မရနိုင်တော့တာသေချာသွားခဲ့ပြီပေါ့ ။ နောက်ဘဝမှလူပြန်ဖြစ်ခဲ့ရင် ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ နွေးတွေးယုယမှု
တွေနဲ့ထုံမွှန်းထားတဲ့မိသားစုမှာသာ မွေးဖွားလာရပါစေ ။ ဒါဟာ မိသားစုနဲ့ပတ်သက်ရင် လိုချင်မိတဲ့
တစ်ခုတည်းသောဆုတောင်းလေးပါပဲ ။

Phoenix12

30.5.2022
P.M - 10:00

Continue Reading

You'll Also Like

7.5K 1.8K 40
ඔහුගේ අත්වැරදීමෙන් සිදු වූ අපරාදයෙන් දරුවෙක් සමග තනි වූ තරුණයෙක්ගේ ජීවිතේ..🖤💔
257K 19.2K 60
ដើម្បីកូន អូនព្រមទទួលយកគ្រប់យ៉ាង សូម្បីតែនាមជា«ប្រពន្ធចុង» Jeon Jungkook x Kim Taehyung (Top) (Btt)
150K 9.7K 50
"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស...
94.6K 11.4K 65
လူတွေမသိတဲ့ ငါ့ရဲ့နောက်ပုံစံတစ်မျိုးကို ငါကိုယ်တိုင်တောင်အံ့ဩတယ်...