Zawgyi
"မင်းလိုချင်တာက ဘာလဲ"
“အမ်.. ”
လက်ထောက်ဝူ : “…”
“ဒီတော့ အခြေအနေက ...”
***
Unicode
သူတို့နောက်ဆုံးအကြိမ်ထိပ်တိုက်တွေ့ဆုံခဲ့တဲ့အချိန်က ရှန်ယန်းအား သူမရဲ့ရည်းစားဟောင်းအကြောင်းကို သတင်းထောက်မှမေးခွန်းထုတ်ခဲ့စဉ်ကဖြစ်တယ် ။
မုရီအန်းထံမှတုံ့ပြန်မှုကိုမရရှိတာကြောင့် သူမပြောခဲ့တဲ့အတိုင်း သူတို့ တစ်ယောက်နှင့်တစ်ယောက်သတိထားနေဖို့မလိုအပ်တော့ကြောင်း ၊ တစ်ဦးနှင့်တစ်ဦးသူစိမ်းတွေလိုပဲဆက်ဆံတော့မှာဖြစ်ကြောင်းကို ထိုသူကသဘောတူလိုက်ပြီလို့ ရှန်ယန်းတွေးတောလိုက်တယ်။
ထိုသို့တွေးပြီးချိန်မှာတော့ ရှန်ယန်းရဲ့ခြေလှမ်းတွေက နှေးကျသွားပြီး သူမရဲ့ပုံစံက လှည့်ပတ်ကြည့်ရတာကိုအရမ်းကိုမှသဘောကျနေတဲ့ပုံဖြစ်သွားတယ်။
သူမတစ်စုံတစ်ခုကို ရုတ်တရက်တွေးတောမိချိန်မှာတော့ သူမရဲ့ခြေလှမ်းကိုရပ်တန့်လိုက်ပြီး မုရီအန်းထံသို့တည့်တည့်မတ်မတ်လျှောက်သွားလိုက်တယ်။
"ဥက္ကဌမု ကျွန်မတို့စကားခဏလောက်ပြောလို့ရမလား "
ရှန်ယန်း အပြုံးလေးနှင့်ပြောလိုက်တယ်။
"ရှင်တို့မိသားစုကအသည်းအသန်လိုက်ရှာနေတယ်ဆိုတဲ့ မုမိသားစုအမှတ်အသားပါတဲ့ပန်းချီကားကို ကျွန်မရှာတွေ့ထားတယ်"
လက်ထောက်ဝူကတော့ ရှန်ယန်းမှ မုမိသားစု နှစ်အတန်ကြာအောင်လိုက်ရှာနေတယ်ဆိုတဲ့ပန်းချီကားကိုတွေ့ထားတယ်လို့ဆိုလာတာကြောင့် အရမ်းကိုအံ့သြသင့်သွားခဲ့တယ်။ သူတို့တွေ နှစ်တွေအများကြီးအများကြီးလိုက်ရှာတာတောင်ရှာမတွေ့ခဲ့တဲ့ပန်းချီကားကြီးလေ!
မုရီအန်းရဲ့မျက်လုံးတွေကတော့ ရှန်ယန်းရဲ့လက်ထဲမှာကိုင်ထားတဲ့ပစ္စည်းထံသို့အကြည့်ရောက်သွားပြီး မေးလိုက်တယ်။
"မင်းလိုချင်တာက ဘာလဲ"
မုရီအန်းက ငတုံးတစ်ယောက်မဟုတ်ဘူးလေ ။ ဒီပန်းချီကားကအတုလည်းဖြစ်နိုင်တာပဲ ။ ရှန်ယန်းကဒီပန်းချီကားကိုဘယ်လိုရှာတွေ့ခဲ့တာလဲ ။
ဒါပေမယ့် လက်ထောက်ဝူကတော့ သူ့ရဲ့မှတ်ချက်တွေကိုခေါင်းထဲမှာပဲထားပြီး ပါးစပ်မဟမိစေဖို့ကြိုးစားလိုက်တယ်။ သူ့အနေနဲ့ မုရီအန်းရဲ့တကယ့်အတွေးထဲမှာ ရှန်ယန်းကို ဘယ်လိုမျိုးစဉ်းစားနေလဲဆိုတာသူမသိနိုင်ဘူးလေ။
ထိုအချိန်မှာပဲ မုရီအန်းရဲ့ဖုန်းကို ခေါ်ဆိုမှုတစ်ခုဝင်ရောက်လာတာကြောင့် သူကဖြေဆိုဖို့ရွေးချယ်လိုက်ပြီး စကားရပ်တန့်လိုက်တယ်။
"ကိုယ် အခုပြန်ရတော့မှာ"
သူကပြောပြီးပြီးချင်းပဲ ရှန်ယန်းရဲ့လက်ကောက်ဝတ်ကိုဆွဲယူပြီး သူနှင့်အတူဆွဲခေါ်သွားတယ်။
လက်ထောက်ဝူက သူတို့ရဲ့နောက်ကနေ နီးကပ်စွာလိုက်ပါလာကာ စကားပြောဆိုခြင်းမရှိပေမယ့် ရှန်ယန်းရဲ့လက်ထဲကပစ္စည်းကိုတော့သေသေချာချာစိုက်ကြည့်နေခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ရှန်ယန်းကမုရီအန်းရဲ့လက်ထဲကရုန်းထွက်ခြင်းမလုပ်ခဲ့ပေမယ့် အကြံပေးစကားဆိုလိုက်တယ်။
"တကယ်လို့ ရှင့်မှာအလုပ်တွေအရမ်းရှုပ်နေတယ်ဆိုရင် နောက်တစ်ခေါက်မှစကားပြောကြရင်မကောင်းဘူးလား"
မုရီအန်းကတော့ သူ့ရဲ့ခြေလှမ်းတွေကိုမရပ်တန့်ခဲ့ဘူး။ အဲဒီအစား သူ့ရဲ့ပါးစပ်ကိုသာဖွင့်ပြီးအက်ကွဲတဲ့လေသံနှင့်စကားဆိုလာတယ်။
" ရှန်ယန်း ဒီလိုမျိုးတစ်ခုခုကိုပြောပြီးမှ မင်းရပ်တန့်ချင်သလိုရပ်လိုက်လို့ မဖြစ်ဘူးလေ"
သူ(မ)က သူ့ကိုအရူးလုပ်ချင်နေတာလား ? နောက်ပြီး အတူတူပြန်စချင်တယ်လို့ပြောလာတာကလည်း သူ(မ)ပဲလေ။ အခုကျတော့ သူတို့နှစ်ယောက်အတူတူပြန်ဖြစ်ဖို့ မဖြစ်နိုင်ဘူးလို့ပြောတဲ့တစ်ယောက်ကလည်း သူ(မ)ပဲဖြစ်နေပြန်ပြီ!
ဘာလို့လဲ? သူက သူ(မ)ကိုတစ်ချိန်တုန်းက အရမ်းချစ်ခဲ့တယ်ဆိုပြီး သူ(မ)က အရမ်းတွေစိတ်ကြီးဝင်ပြီးထိန်းမရသိမ်းမရပုံစံလုပ်ပြနေတာလား။
ရှန်ယန်းအနေနဲ့ကတော့ မုရီအန်းရဲ့အတွေးတွေကို စိတ်မဝင်စားနေပါဘူး။ တကယ်လို့ ထိုသူကအလုပ်တွေရှုပ်နေမယ်ဆိုရင် သူ(မ)အနေနဲ့စောင့်နေပေးနိုင်တယ်လေ။ သူမက ထိုပန်းချီကားဟာ မုမိသားစုရဲ့အရေးကြီးတဲ့ပစ္စည်းတစ်ခုဖြစ်ကြောင်းသိတဲ့အတွက် မုရီအန်းထံသို့ထိုပန်းချီကားကိုပေးအပ်ချင်နေတာဖြစ်လေတယ်။ ထိုသို့ပေးပြီးနောက် မုရီအန်းနဲ့သူမရဲ့ဆက်ဆံရေးကိုသေသေချာချာဖြတ်တောက်ပြီး နောင်အနာဂတ်မှာသူမရဲ့အနာဂတ်အတားအဆီးအဖြစ်ပေါ်မလာစေဖို့ရှင်းလင်းအောင်လုပ်ရလိမ့်မယ်။
နောက်ပြီး သူမအနေနဲ့ဇာတ်လိုက်မနှင့်လည်းထိပ်တိုက်တွေ့ဆုံလိုချင်စိတ်မရှိတာကြောင့် ထိုကိစ္စတွေနှင့်အဝေးမှာနေထိုင်ဖို့အစီအစဉ်ဆွဲထားတာပိုကောင်းလိမ့်မယ်။ ဒီအတိုင်းသာဆို သူမရဲ့သက်မွေးလမ်းကြောင်းမှာ ဘယ်သူမှပါဝင်ခြင်းမရှိဘဲသက်သောက့်သက်သာဖြတ်သန်းနိုင်ပြီဖြစ်တယ်။
သူတို့ကားအနီးသို့ရောက်တော့ လက်ထောက်ဝူက မုရီအန်းအတွက်ကားတံခါးကိုဖွင့်ပေးလိုက်တယ်။ သို့သော်လည်း တစ်ဖက်လူကတော့လှုပ်ရှားမယ့်အရိပ်အယောင်လေးတောင်မရှိဘဲ နေရာမှာဘဲမြဲမြဲရပ်တန့်နေတုန်းပဲ။ ရှန်ယန်းကလည်း မုရီအန်း ကားထဲသို့ဝင်မှာကို စောင့်နေခဲ့တာဖြစ်တယ်။ သူမက ကားရှေ့ခန်းက ခရီးသည်ခုံမှာပဲဝင်ထိုင်ဖို့စဉ်းစားထားတာဖြစ်ပြီး နောက်ခန်းထဲမှာမုရီအန်းနှင့်အတူယှဉ်တွဲပြီးထိုင်ဖို့ နည်းနည်းလောက်တောင်တွေးတောချင်စိတ်ရှိမနေဘူးလေ။
လက်ထောက်ဝူရဲ့နှုတ်ခမ်းတွေက ထိုသူနှစ်ဦးကိုကြည့်ပြီး ရှုံ့တွန့်သွားရတယ်။
ထိုပုဂ္ဂိုလ်နှစ်ဦးက ဘာတွေများတွေးတောနေကြတာတုန်း ?။
တိတ်ဆိတ်နေတဲ့အခြေအနေကို ရှန်ယန်းကဖြိုခွဲလိုက်တယ်။
"ကျွန်မရှေ့မှာထိုင်လိုက်မယ်"
" မင်းက ကိုယ့်ကိုကြောက်နေတာလား ဒါမှမဟုတ် မင်းရဲ့နှလုံးသားထဲမှာကိုယ်ရှိနေတုန်းဆိုတာကို သိသာသွားမှာစိုးလို့လား ဟမ်..?"
( T/ N _မုတာကောတို့ ဇာတ်လမ်းစပါပြီ XD )
မုရီအန်းက ထိုသို့ပြောပြီးသည်နှင့် ရှန်ယန်းရဲ့အဖြေစကားကိုစောင့်မျှော်နားထောင်ခြင်းမရှိဘဲ ကားထဲသို့ချက်ချင်းဝင်ထိုင်လိုက်တယ်။
မာရီအန်းကိုကြောက်တယ် ဒါမှမဟုတ် သူမရဲ့နှလုံးသားထဲမှာမုရီအန်းရှိနေသေးတယ် ? သူမအနေနဲ့ထိုနှစ်မျိုးလုံးကိုခေါင်းစဉ်အတပ်မခံနိုင်တာကြောင့် မုရီအန်းရဲ့နောက်ကလိုက်ဝင်ပြီး သူ့ဘေးမှာဝင်ထိုင်လိုက်တယ်။ လက်ထောက်ဝူကတော့ ကားတံခါးကိုပိတ်ပြီးပြီးချင်းပဲ အရှေ့ကိုအလျှင်အမြန်သွားကာ ဒရိုက်ဘာခုံမှာဝင်ထိုင်လိုက်တယ်။
ရှန်ယန်းက ကားမှန်ကနေ ခဏလောက်လှည့်ပတ်ကြည့်ပြီး သူမရဲ့ဖုန်းကိုကစားနေသလို မုရီအန်းကလည်း သူ့ရဲ့ကွန်ပြူတာကိုဖွင့်ပြီး အလုပ်ကိုအာရုံစိုက်နေခဲ့တယ်။ နှစ်ဦးလုံးက လမ်းတစ်လျှောက်လုံးမှာ စကားတစ်ခွန်းမှပြောလာခြင်းမရှိကြဘူး။
ကားက မုလုပ်ငန်းစုမှာရပ်တန့်သွားခဲ့တာကြောင့် ရှန်ယန်းကကားထဲကမထွက်ခင်မှာ သူမရဲ့မျက်နှာကို maskတပ်လိုက်တယ်။ ကံကောင်းထောက်မစွာနှင့် သူမက မုရီအန်းထံသို့လက်ဆောင်ပစ္စည်းတွေနေ့စဉ်သွားပို့ခြင်းမလုပ်ရသေးခင်မှာပြန်လည်မွေးဖွားလာခဲ့တယ်။ သူမရဲ့မျက်နှာကိုဖုံးကွယ်ထားရတာကတော့ သူမကိုမုရီအန်းနှင့်ပတ်သက်မှုရှိကြောင်း ဘယ်သူ့ကိုမှမသိစေချင်တာကြောင့်ဘဲ။
သူမကအနုပညာလမ်းကြောင်းမှာ အချိန်အကြာကြီးနေရဦးမှာလေ။
တစ်ဖက်မှမုရီအန်းကတော့ အမှန်တကယ့်ကိုအလုပ်ရှုပ်နေပုံရပြီး ရှန်ယန်းကိုလက်ထောက်ဝူနှင့်အပ်ခဲ့ပြီး သူကတော့အစည်းအဝေးခန်းမထဲကိုအလျှင်အမြန်ဝင်သွားခဲ့တယ်။
လက်ထောက်ဝူကတော့ ရှန်ယန်းနှင်မုရီအန်းကြားထဲမှာဖြစ်နေတဲ့အခြေအနေတွေကို တိတိကျကျမသိတာကြောင့် သူမကိုလျစ်လျူရှုပြီးမထားရဲဘူး။ သူက ရှန်ယန်းအတွက်ကော်ဖီတစ်ခွက်ဖျော်ပေးလိုက်ပြီး တခြားကုမ္မဏီတွေကတောင် အချိုပွဲနှင့်စားစရာလေးတွေမှာပေးလိုက်သေးတယ်။
"မိန်းကလေးရှန် ကျွန်တော်တို့ရဲ့ဥက္ကဌမုက နောက်တစ်နာရီလောက်ကြာရင်ပြန်ရောက်လာပါလိမ့်မယ် ဒါကြောင့်ခဏလောက်စောင့်ပေးပါဦး"
ထိုသူက ရှန်ယန်းကိုအကြောင်းကြားပြီးတာနှင့် သူမရဲ့လက်ထဲမှာကိုင်ထားတဲ့အရာကိုစိုက်ကြည့်နေမိပြီး ခဏလောက်တွေးပြီးနောက်မေးလာခဲ့တယ်။
"ဒီပန်းချီကားက တကယ်မုမိသားစုကရှာနေတဲ့ဟာလား"
“အမ်.. ”
ရှန်ယန်းက ကော်ဖီခွက်ကိုကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်တယ်။
“ရှင်က ဒါကိုအတုလို့ထင်နေတာလား?”
ထိုစကားကိုကြားတော့ လက်ထောက်ဝူတစ်ယောက်အနည်းငယ်လောက်ရှက်သွားခဲ့တယ်။ ဒါပေမယ့် ထိုပစ္စည်းကအတုများဖြစ်နေမလားဆိုတာကိုသူမတွေးမိဘဲ မနေနိုင်ဘူးလေ။ သူမက ထိုပန်းချီကားကိုဘယ်လိုများရှာတွေ့ခဲ့တာလဲ ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ထောက်ဝူကတော့ မယုံကြည်နိုင်ဖြစ်နေတုန်းပဲ။
တစ်ဖက်လူကထုတ်ဖော်မေးလာပြီဖြစ်တဲ့အတွက် ရှန်ယန်းကပြန်မေးလိုက်တယ်။
" ပန်းချီကားက အစစ်ဆိုရင်ရော ?”
သူမရဲ့အမေးစကားက လက်ထောက်ဝူကိုဖြေစရာစကားရှာမရဖြစ်သွားစေတယ်။ သူ့အနေနဲ့ဘာမှပြန်မဖြေဘဲထိုနေရာမှာပဲဆက်ရပ်နေသင့်လား ဒါမှမဟုတ် အပြင်ကိုပဲထွက်သွားသင့်လား။
ထိုအချိန်မှာပဲ ရှန်ယန်းက ပန်းချီကားကိုလက်ထောက်ဝူထံသို့လှမ်းပေးလိုက်တယ်။
လက်ထောက်ဝူက မုရီအန်းရဲ့လက်ထောက်ပဲလေ။ ဒီတော့ သူမကထိုသူ့ကို ပန်းချီကားကြည့်ဖို့ခွင့်ပြုပေးလိုက်တယ်။
ရှန်ယန်းကလက်ထောက်ဝူဘက်ကို လှည့်တောင်ကြည့်မနေခဲ့ဘူး။ သူမကဆိုဖာပေါ်မှာသက်သောင့်သက်သာထိုင်ပြီး ကော်ဖီကိုသာစိတ်အေးလက်အေးနဲ့သောက်နေခဲ့တယ်။
လက်ထောက်ဝူက တုံ့ဆိုင်းစွာနှင့်ပန်းချီကားကိုဖွင်လိုက်ပြီး အထဲမှာရှိနေတဲ့ပန်းချီကားကိုတွေ့လိုက်ချိန်မှာတော့ အံ့သြတကြီးနှင့်ရှော့ရသွားခဲ့တယ်။
ဒီပန်းချီကားကအစစ်ကြီးပဲ ။ရှန်ယန်းဒါကို ဘယ်လိုများရှာတွေ့သွားတာလဲ ?
"ဘယ်တုန်းက ရှာတွေ့ခဲ့တာလဲ?”
“ရှင်တို့နှင့်မတွေ့ခင်ကပဲ ဝယ်လိုက်တာလေ”
လက်ထောက်ဝူ : “…”
မုမိသားစုကထိုပန်းချီကားကိုပြန်ရဖို့နှစ်တွေအကြာကြီးလိုက်ရှာနေခဲ့ပေမယ့် ဘယ်သူမှရှာမတွေ့ခဲ့ဘူး။ ဒါပေမယ့်ရှန်ယန်းကတော့ အလွယ်တကူနှင့်ပိုင်ဆိုင်လာခဲ့တယ်။ ခုချိန်မှာတော့ လက်ထောက်ဝူတစ်ယောက် ဘယ်လိုစကားမျိုးပြောသင့်လဲဆိုတာတကယ့်ကိုသိသွားခဲ့ပြီ။
"ရှန်မိန်းကလေး ကျွန်တော်တကယ်တောင်းပန်ပါတယ် .. ဒီပန်းချီကားကို မုမိသားစုကနှစ်တွေအကြာကြီးလိုက်ရှာခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူလေ ဒါပေမယ့် ရှန်မိန်းကလေးကတော့ အလွယ်တကူနှင့်ရရှိလာခဲ့တယ် __ ဒါကလူတွေကို နည်းနည်းလောက်သံသယဖြစ်သွားစေလောက်တဲ့ အံ့သြစရာကိစ္စဖြစ်နေတော့လေ "
လက်ထောက်ဝူက ရှန်ယန်းကိုတောင်းပန်ပြီးအပြင်ကိုထွက်ခွာသွားခဲ့တယ်။
မုရီအန်းရဲ့ရုံးခန်းထဲမှာ အချိန်ကြာကြာစောင့်နေရပေမယ့် ရှန်ယန်းကတော့ ပျင်းရိတယ်လို့မခံစားရဘူး။ အရင်ဘဝတုန်းက သူမအနေနှင့် ထိုသူ့ကိုမရေမတွက်နိုင်လောက်တဲ့ အချိန်တွေနှင့် စောင့်ခဲ့ရဖူးတာပဲလေ။
ဒါပေမယ့် လက်ထောက်ဝူဖျော်ပေးတဲ့ ကော်ဖီကတော့ အရမ်းကိုသောက်လို့ကောင်းနေတုန်းပဲ။ အရသာက ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူး။
တစ်နာရီကျော်ကြာပြီးချိန်မှာတော့ မုရီအန်းကအစည်းအဝေးခန်းထဲကထွက်လာနိုင်ခဲ့ပြီ။ လက်ထောက်ဝူက ထိုအမျိုးသားဆီကိုအပြေးအလွှားသွားပြီး ပြောလိုက်တယ်။
"ဥက္ကဌမု ရှန်မိန်းကလေးယူလာတဲ့ပန်းချီကားက မုမိသားစုလိုက်ရှာနေတဲ့တစ်ခုပဲ .. အဲဒါကအတုလားအစစ်လားဆိုတာတော့ ကျွန်တော်မသိဘူး ရှန်မိန်းကလေးက သူအဲဒါကိုအခုလေးတင်ဝယ်လာတာလို့ပြောတယ်"
"ပန်းချီကားက အတုမဟုတ်ဘူး”
“အဲဒီပန်းချီကားက အတုမဟုတ်ဘူးဆိုတာ ဥက္ကဌမုဘယ်လိုသိတာလဲ ?”
မုရီအန်းက သူ့ရဲ့နှုတ်ခမ်းထောင့်ကိုတွန့်ကွေးပြီးပြန်ဖြေလာတယ်။
“ရှန်ယန်း .. သူမက ငါ့ကိုလိမ်မှာမဟုတ်ဘူး”
အဲဒီနောက် ထိုအမျိုးသားရဲ့မျက်နှာပေါ်မှာထစ်ငေါ့လိုတဲ့အပြုံးတစ်ခုပေါ်ပေါက်လာတယ်။
ဒါကိုမြင်တော့ လက်ထောက်ဝူတစ်ယောက် မုရီအန်းရဲ့နောက်ကနေလိုက်ရင်း သူတစ်ယောက်တည်းကြားရရုံလောက် ခပ်တိုးတိုးလေးပြောလိုက်မိတယ်။
“ဥက္ကဌမုက အခုထိရှန်ယန်းကိုကြိုက်နေတုန်းပဲလား?”
ထိုစကားအဆုံးမှာ လက်ထောက်ဝူကခေါင်းကိုလျှင်မြန်စွာခါယမ်းပြီးပြန်ပြင်ပြောလိုက်တယ်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါဘာတွေတွေးနေမိတာလဲ?! ဥက္ကဌမုက ရှန်ယန်းကိုဘယ်လိုလုပ်ဆက်ကြိုက်နေမှာတုန်း သူက သနားနေတာပဲဖြစ်မှာပါ"
သူ့ရဲ့အတွေးကိုပြန်ပြင်ပြီးနောက် လက်ထောက်ဝူက ဘယ်လိုပဲဖြစ်ဖြစ် သူ့သူဌေးနှင့် ရှန်ယန်းတို့ကြားက ဆက်ဆံရေးကိုပါဝင်ပြီး မပြောမိရင် ပိုကောင်းလိမ့်မယ်လို့ ထပ်မံတွေးလိုက်တယ်။ သူ့အနေနှင့် သူတို့ခိုင်းတာမှန်သမျှ လုပ်ပေးရမှာဖြစ်ပြီး သူဌေးရဲ့အချစ်ရေးကိစ္စကို ထင်မြင်ချက်ပေးမနေသင့်ဘူးလေ။
ရုံးခန်းတံခါးက တွန်းဖွင့်ခြင်းခံရပြီး မုရီအန်းက ရှန်ယန်းထံသို့တည့်မတ်စွာလျှောက်လာကာ သူမရဲ့ဘေးနားမှာရပ်လိုက်တယ်။ အဲဒီနောက် သူ့ကိုသူနှိမ့်ချတဲ့အပြုအမူနှင့်စကားဆိုလေတယ်။
“ဒီတော့ အခြေအနေက ...”
ရှန်ယန်းက သူမရဲ့နှုတ်ခမ်းကိုဖြေးညှင်းစွာဖွင့်ဟပြီးပြောလာတယ်။
"ဒီနေ့ကစပြီး ကျွန်မတို့တစ်ယောက်နှင့်တစ်ယောက် သူစိမ်းတွေလိုဘဲသဘောထားရအောင် .. ကျွန်မလည်းကျွန်မရဲ့အိပ်မက်အတွက်တိုက်ခိုက်မှာ ၊ ရှင်လည်းစီးပွားရေးလောကမှာစိန်အဆင့်ဘုရင်တစ်ဆူဖြစ်လာလိမ့်မယ် .. ကျွန်မအနေနှင့် မုလုပ်ငန်းစုနှင့်သက်ဆိုင်တဲ့ TV စီးရီးတွေ ဇာတ်လမ်းတွေ ဒါမှမဟုတ်ကြေညာတွေကိုလည်း လက်ခံမှာမဟုတ်ဘူး"
အဲဒီနောက် သူမကပန်းချီကားကိုထုတ်ယူလိုက်ပြီး မုရီအန်းထံသို့တွန်းပို့လိုက်တယ်။
“ရှင်သဘောတူမယ်ဆိုရင် ကျွန်မဒီပန်းချီကားကို ရှင့်ကိုပေးလိုက်မယ်”
***