မေ့...နေရောင်ခြည်နွေးနွေးလေး...

Από Ahlaly

72.9K 3.8K 253

💜 Περισσότερα

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
ဇာတ်သိမ်းပိုင်း

အပိုင်း (၂၇)

1.5K 95 12
Από Ahlaly

"ရောင်ဝါ...ငါ ခဏ ချီမယ်။"

ရင်ဖုံး အင်္ကျီကို စမတ်ကျနေအောင် အနည်းငယ်ဆွဲဆန့်လိုက်ပြီး ခါးကိုမတ်ကာ ချီပွေ့ဖို့အတွက် လက်ကမ်းလိုက်သည်။ ထိုအခါမှာ ရောင်ဝါ့လက်ထဲရှိ ကလေးသေးသေးလေးက သူမကိုကြည့်သည်။

"နင့်ဆီမလာချင်ဘူး ထင်တယ်။ အေးလေ နင်က သူ့ကိုနာမည်ဖျက်ကိုးး....ထည်ဝါကြီးလာရင် ပြောပြဦးမယ်။ သူငယ်ငယ်က ရွှေပင်လယ်ဆိုတဲ့နာမည်ကို မကြိုက်တဲ့အကြောင်းလေ..."

"နင် အရမ်းလေရှည်တာပဲ"

သူမသည် ခွင့်တောင်းမနေတော့ပဲ အတင်းပဲဆွဲယူပွေ့ချီိကာ နမ်းရှိုက်လိုက်သည်။

"Happy birthday ရွှေပင်လယ်မောင်..."

မျက်ခုံးလေးတွေပင့်ပြီး နှစ်နှစ်ခြိုက်ခြိုက်နဲ့ ပြုံးကာ ကလေးတစ်ယောက်ကို ချီပွေ့ ဝေ့ယမ်းနေသည့် နေ့,ကို မြင်လိုက်ရတာကြောင့် အသက်သည် နေရာမှာတင် ရပ်တန့်မိသွားသည်။

ဒီနေရာကို အသက်လာနေကြဖြစ်သော်လည်း ဒီနေရာမှာ နေ,နဲ့ဤသို့တွေ့ကြလိမ့်မည်ဟုမထင်ခဲ့ပါ။ ထိုနေ့က ဖြစ်သွားသော ကိစ္စတွေနောက်တွင် အသက်ဘက်က စပြီး နေ့,ထံဆက်သွယ်ဖို့ကို မဝံ့မရဲဖြစ်ခဲ့ရသည်။

နေ,နဲ့ပက်သတ်တဲ့ မှတ်ဉာဏ်တွေတစ်ခုမှသတိမရတဲ့ အသက်ကိုယ်အသက် စိတ်ပျက်နေရင်း နေ,မရှိတဲ့ကာလတွေမှာ အသက်သည် အတိတ်ကမှတ်ဉာဏ်မှန်သမျှကို တူးဖွဖို့ ကြိုးစားခဲ့သည်။

ထိုသို့ကြိုးစားရာမှာ အထိရောက်ဆုံးဖြစ်နိုင်သည်ဟု ယူဆရသည့် အဝန်းအနားကို အသက်အနေနဲ့အကြိမ်ပေါင်းများစွာ သွားတွေ့ပြီး စကားတွေပြောဖြစ်သည်။ ဒီလိုစကားတွေပြောရင်းဖြင့် တချို့နေ့ရက်တွေကို ပြန်ပြီးမှတ်မိလာသော်လည်း ထိုထဲတွင် နေ,ဆိုသည့် အသက်ရဲ့အနွေးဓာတ်လေးအကြောင်းကတော့ စိုးစဥ်းမျှမပါသေးပေ။

သို့သော်လည်း အသက်လက်မလျှော့ပါဘူး။ အတတ်နိုင်ဆုံး ကြိုးစားနေပြီး အခုနောက်ဆုံးဆို သက်လျာ၏ စကားများအရ သက်လျာရဲ့သူငယ်ချင်းတချို့နဲ့ပါ စကားတွေပြောဖြစ်နေသည်။

ဒီလူတွေနဲ့စကားပြောဖြစ်ကြရင်း အသက်ကိုယ်အသက် ပိုပိုပြီး သေချာလာခဲ့သည်။ ဟုတ်သည်..နေ,ပြောတာမှန်သည်။ အသက်တွင် ရောင်နီဝန်းနှင့်ပက်သတ်သော မှတ်ဉာဏ်များစွာရှိနေသည်။ သက်တန့်ကြည်သာဆိုသည့် အသက်,ဦးငယ်၏ ဓာတ်ပုံကိုကြည့်နေရင်း ထိုလူဟာ အသက်နဲ့တော်တော်လေးဆင်တူသည်ဟု ထင်မိသည်။

အသက်သည် အရပ်ရှည်သည်၊ ရိုးရှင်းသော အဝတ်အစားများကိုသာ ဝတ်ဆင်တတ်သည်၊ ဂီတာတီးရတာ ကြိုက်သည်၊ ရင်အေးစေတဲ့ သီချင်းတွေကို ချစ်တဲ့သူတွေအတွက် သီဆိုပြချင်သည်။ လှပတဲ့အရာတွေဆို အနီိးစပ်ဆုံးဖြစ်တဲ့ ဖုန်းကင်မရာဖြင့်ပင် မှတ်တမ်းတင်ထားတတ်သည်။

အသက်လိုပဲ သက်တန့်ကြည်သာသည်လည်း ရိုးရှင်း၍ အေးချမ်းသော အမျိုးသားတစ်ဦးသာဖြစ်ခဲ့သည်။

"အသက် ရောက်လာတာလား။"

"တင်ပါ့..."

အဝန်းရဲ့ အသံကြောင့် သူတို့အာရုံနဲ့သူတို့ဖြစ်နေကြသော လူနှစ်ယောက်တို့သည် အသက်ထံသို့ ကြည့်လာကြသည်။ ထိုနှစ်ယောက်တွင် အသက်ထံကို တစ်ချက်သာကြည့်ပြီး ချက်ချင်းအကြည့်လွှဲသွားသူက နေ,ပဲဖြစ်သည်။

"မရီး...."

တက်ကြွနေသော ခေါ်သံပြီးနောက်တွင် နာကျင်သွားပုံရသော မျက်နှာက မသာမယာဖြစ်သွားပြီး...
"နင် ဘာဖြစ်နေတာလဲ နေခြည်။"

"သွားမယ်..ထည်ဝါ ဗိုက်ဆာနေလောက်ပြီ။"

အသံလေးကို ခပ်သဲ့သဲ့သာကြားရသော်လည်း လုံးလုံးမကြားခဲ့ရတဲ့ နေ့ရက်တွေနဲ့ယှဥ်ရင် ဒါကတော်တော်လေး ကျေနပ်ဖို့ကောင်းသည်ဟု ယူဆလိုက်ပြီး အသက်မချိတင်ကဲဝမ်းနည်းစွာ ပြုံးလိုက်မိသည်။

"နေခြည် သဘောကျနေတယ်ဆိုတဲ့မိန်းကလေးက အသက်မဟုတ်ဖို့ မျှော်လင့်မိတယ်။"

ခရေပင်အောက်တွင်ရှိသော ခုံတန်းတွင် ဝင်ထိုင်ရင်း ဖြေညှင်းစွာဖြင့် ပြောကြားလာသော အသံကြောင့် အသက်၏ဝိညာဥ်က လွင့်စင်သွားတော့မတတ်ဖြစ်ရသည်။

"ဘုန်းဘုန်းတို့ အိမ်မှာ ပြသနာတွေရှိနေတယ် အသက်။ နေခြည်က မိန်းကလေးတစ်ယောက်နဲ့လက်ထပ်မယ်ဆိုပြီး ပြောနေတယ်။"

မြေပြင်ပေါ်မှာပဲ တင်ပါးလွှဲထိုင်ချရင်း အသက်သည် ဦးစွာအရင် အဝန်းကို ဦးချလိုက်သည်။ ပြီးမှပဲ အဝန်း၏မျက်နှာဆီသို့မျှော်ကြည့်လိုက်ရင်း...
"လူ့ဘဝက ရတာမလို၊ လိုတာမရ ဆိုတဲ့စကားက တကယ်မှန်တာပါပဲ။ အခု အသက်မှာ ပြင်းစွာသောဆန္ဒတစ်ခုရှိတာက နေရောင်ခြည်ဆိုတဲ့ မိန်းကလေးနဲ့ လိုက်ဖက်ညီတဲ့ လူတစ်ယောက်ဖြစ်ဖို့ပါပဲ။"

"အင်း...ဒါကတော့ အသက်တို့ရဲ့ကိစ္စပါပဲ။ ကိစ္စတိုင်းက အကြောင်းရှိလို့၊ အကျိုးဖြစ်တယ်လို့ပဲ မှတ်လိုက်ရင် ဖြေသာသွားပါလိမ့်မယ်.."

"အသက်တို့ ဝေးသွားဖို့ကို မျှော်လင့်လားဟင်။"

'အသက်တို့' ဆိုသည့်စကားဟာ အသက်နဲ့ နေ့,ကို ရည်ညွှန်းပြောဆိုလိုက်ကြောင်း သိနေပုံရသော အဝန်းက ကျက်သရေအဖြာဖြာ ကိန်းဝပ်နေသော အပြုံးတစ်ခုကို ပြုံးသွားပြီးနောက်တွင်.....
"ဝေးသွားဖို့ထက်၊ အသက်တို့ တတွေ အေးချမ်းဖို့ကိုပဲ မျှော်လင့်တာ။ ဒါက မုသားစကားမဟုတ်ပါဘူးကွယ်။"

"အသက်ကိုယ် အသက်မို့ပြောတာမဟုတ်ပေမယ့်လည်း အတိတ်ဘဝရဲ့မှတ်ဉာဏ်တွေက ပြန်ပြန်ပြီး ပေါ်လာနေတယ်...။ဒါပေမယ့်..."

"ပေါ်လာတဲ့ မှတ်ဉာဏ်တွေထဲမှာ နေခြည်တစ်ယောက်တော့ မပါသေးဘူး မဟုတ်လား။"

"ဘုရား..."

အသက်က အာမေဋိတ်အသံပြုလိုက်တော့ အဝန်းက သူ,သိပါတယ် ဆိုသည့် အပြုံးမျိုးကိုပြုံးသွားသည်။ ပြီးမှပဲ ထိုအပြုံးကို ဘာအဓိပ္ပါယ်မှမရှိသလို ပြောင်းလဲသွားသည်။

ရုတ်ချည်း အပြောင်းအလဲတွေမြန်လွန်းတဲ့ အဝန်းအကြောင်းတွေကို မစဥ်းစားရသေးခင်မှာပဲ နေရောင်ခြည်ဆိုတဲ့အလင်းတန်းလေး အသက်ဘဝထဲကို စရောက်လာတဲ့အချိန်ကို အဝန်းများသိနေတာလားလို့ ထင်မိလိုက်သည်။

"ကျန်တာတွေတော့ ဦးဇင်းမသိပေမယ့်လည်း မဆုံးခင် တစ်နှစ်အတွင်းမှာ အကိုကြီးရဲ့မျက်လုံးတွေက ပြောင်းလဲသွားခဲ့တယ်။ အမြဲတမ်း မျှော်လင့်ချက်တွေညှိုးငယ်နေတဲ့ အကြည့်တွေက သစ်လွင်တောက်ပနေခဲ့တာ အမှန်ပဲ။"

"ဘယ်လို..ဘယ်လိုပုံစံမျိုးလဲဟင်..."

"ပျော်ရွှင်နေတဲ့ ပုံစံမျိုးပဲ။ တစ်နေနေရာကိုကြည့်ရင်လည်း မျက်လုံးတွေကရီဝေပြီးပြုံးကြည်နူးနေတတ်တယ်။ အကိုကြီးက ဦးဇင်းအတွက်တော့ အဖြေသိပြီးသားပုစ္ဆာတစ်ပုဒ်လိုပါပဲ။

ဘယ်နေရာမှာပဲဖြစ်ဖြစ် သူ့မှာကိစ္စတစ်ခုခုရှိရင် ဦးဇင်းသိနေတယ်။ အဲ့ဒါကြောင့် အဲ့ဒီအကြောင်းကို မေးခဲ့ဖူးပေမယ့်လည်း သူက မပြောပြခဲ့ဘူး။"

"သေချာရဲ့လားဟင်။ သူတစ်ခုခုလောက်လေးပဲ ဖြစ်ဖြစ် ပြောရင်ပြောခဲ့မှာပါ.... အရိပ်အမြွက်လောက်လေးပဲဖြစ်ဖြစ်။"

ဘုန်းဘုန်းသည် ဦးခေါင်းကို အသာယမ်းရင်း ဆိတ်ငြိမ်လို့နေလေသည်။

အသက်တို့အတူ ငြိမ်သက်နေကြသည်က အချိန်တော်တော်ကြာသွားပြီမို့ နောက်ဆုံးမှာ အသက်ကပဲလက်လျော့ပြီး အိမ်ကိုပြန်လာခဲ့လိုက်ရသည်။ ဒီကနေ့မှာလည်း နေနဲ့ပက်သတ်တဲ့ အသက်ရဲ့မှတ်ဉာဏ်တွေက ပေါ်မလာသေးပေ။

နောက်ဆုံးနှစ်ရဲ့ စာသင်ချိန်တွေ မစခင်မှာ အသက်သည် သတင်းထုတ်ပြန်ရေးဌာနကို အရင်သွားဖြစ်လိုက်သည်။ ဒီနှစ်ဆို အသက်သည် ဒီဌာန၏ Major MCဖြစ်သွားခဲ့ပြီ။

ဌာနထဲသို့ ခြေချမိတိုင်း အရင်ဆုံးမော်ဖူးမိတာက စီနီယာအမနဲ့အတူ ရိုက်ကူးထားသော အနွေးဓာတ်လေး၏ ပုံဖြစ်သည်။ ဒီဌာနမှာ ဒီဓာတ်ပုံလေးရှိနေတာတစ်ခုနဲ့ပဲ အသက်သည်ဌာနအတွင်းမှာ ပင်ပန်းစွာလုပ်ဆောင်ခဲ့ရသော ကိစ္စမှန်သမျှကို လျစ်လျူရှူထားနိုင်ခဲ့သည်။

"အသက်ရောက်လာပြီပဲ။ အစည်းအဝေးခန်းထဲ ဝင်သွားရအောင်..အခုမှ စ,တာထင်တယ်"

"အင်း ဝင်မယ်လေ။"

အသက်တို့နဲ့ တစ်နှစ်ထဲဖြစ်သော သတ္တဗေဒနောက်ဆုံးနှစ်ကျောင်းသား ဝေယံမောင်သည် အသက်နဲ့အတူ ပူးပေါင်းရမည့် တွဲဖက်camera man တစ်ယောက်ဖြစ်သည်။

အသက်နဲ့ ဝေယံမောင်တို့ အစည်းအဝေးအခန်းထဲကို ဝင်သွားလိုက်သည့် အချိန်တွင်...
"ကျောင်းကနေ နားပြီးနေနေတဲ့ ဒီနှစ်နှစ်အတွင်းမှာ တို့နားထောင်ခဲ့တဲ့ သီချင်းက များများစားစားတော့မရှိပါဘူး။ 'ရွှေပင်လယ်' အဲ့ဒီသီချင်း တစ်ပုဒ်ကိုပဲ နားထောင်ဖြစ်ခဲ့တယ်။"

"စံပါယ်တွေ၊ သဇင်တွေ ခူးပြီးပန်ပေးတဲ့သူကိုများ သတိရလို့လား တီချယ်"

"မဟုတ်ပါဘူး တို့က ပန်ပေးဖူးခဲ့တာ..."

"ဝိုးး...ဒါဆို တီချယ်မှာ တွဲဖက်ရှိနေပြီလို့ ယူဆလိုက်လို့ရမလား။"

"အဲ့တာက ....အင်း၊ သိပ်တော့ မသေချာသေးဘူး။
သူ့ကို မေးရဦးမယ်လေ။ သေချာသွားရင် လာပြီးဖြေပေးမယ်။ Ok? "

"ဟုတ်ကဲ့ တီချယ်။ ဒါဆို နောက်ထပ်မေးခွန်းကို ပြောင်းလိုက်ပါ့မယ်။"

ဒီနေရာမှာပဲ ပရိတ်သတ်တော်တော်များများရဲ့ စကားသံတွေက မြင့်တက်လာခဲ့ပြီး မြန်မာစာမဟာတန်းပထမနှစ်အမ၏ interviewက Viewerအများအပြားရရှိခဲ့သည်။

"အသက်..အဲ့ဒီအချိန်တုန်းက နင်လည်း အဲ့ဒီနေရာမှာရှိခဲ့တယ်မဟုတ်လား။ ပြောပါဦး...နင်နဲ့တီချယ်နဲ့"

သီတာသည် သူ့ရည်းစားအဆောင်၏ Welcome Dinnerကို လာသည်အထိတိုင် အသက်တို့အကြောင်း စိတ်ဝင်စားနေမှုက လျော့ကျမသွားသေးပေ။

"ငါ သီချင်းဆိုလို့ရတယ်မဟုတ်လား မောင်မောင်ဦး။"

ထိုအခါမှာ သီတာ့ချစ်သူ မောင်မောင်ဦးက ဝမ်းပမ်းတသာပဲဖြစ်သွားပြီး ခေါင်းကို ဆက်တိုက်ညိမ့်ပြလေသည်။ အခုဆို အသက်မှာလည်း ကိုယ်ပိုင်ဂီတာတစ်ခုရှိခဲ့ပြီဖြစ်ပြီး ကျောင်း၏ဂီတအသင်းမှာလည်း ပါဝင်ထားသေးသည်မို့ အသက်သာ ဆိုမည်ဆိုလျှင် မည်သူကမှ ငြင်းမည်မဟုတ်ပါ။

အရင်တစ်နှစ်ကပဲ ဖွဲ့စည်းခဲ့သော အပျော်တမ်းဂီတအသင်းတွင် အသက်သည် ဒုဥက္ကအဖြစ်တာဝန်ထမ်းဆောင်နေဆဲမို့ ဂီတာရူးကြတဲ့ ပထမနှစ်လေးတွေက အသက်ကိုဆို အရမ်းလေးစားကြသည်။

Ever greenက ယောကျာ်းလေးအဆောင်ဖြစ်သော်လည်း အသက်တို့လိုပင် ခင်မင်ကြတဲ့ မိန်းကလေးတချို့လည်း လာပျော်ကြသည်မို့ ယောကျာ်းလေးတွေကြည့် ဖြစ်မနေပဲ မိန်းကလေးတချို့ပါ ရောပါနေလေသည်။

ငြိမ်သက်နေသည့် Stageပေါ်ရှိ ထိုင်ခုံအမြင့်ပေါ်တွင်  နေရာယူလိုက်ရင်း ဂီတာကြိုးကို ညှိုယူလိုက်သည်။

🎶Only mistake
You gave me 365 days.
But nothing could ever make me be ,Next to you.

I've tried so hard
But no one's perfect enough.
But when you're alone.
There's something so sweet, About death.

Cause when you're gone.
I've lost myself away.
And I've never wanted to feel so wrong
When I'm in love with you 🎶

ပထမပုဒ်ပြီးသွားသည့် ခဏမှာ အသက်သည် ရှေ့သို့ကြည့်မိလိုက်သည်။ ထိုအခါမှာ အသက်၏သီချင်းသံတွင် လူတိုင်းက ပါဝင်စီးမြောပေးကြသည်ကို တွေ့လိုက်ရသည်။

🎶I follow your step
I'll never leave you again
Cause when I'm with you
It feels like home again.

I've missed your touch
I want to drown in your eyes
And look at us now

No one's perfect enough
Cause when you're gone
I've lost myself away.
And I've never wanted to feel so wrong
When I'm in love with you 🎶

ထိုအပြိီးမှာ ချက်ချင်းပဲမြင့်တက်သွားသော သံစဥ်နှင့်အတူ အသက်နှလုံးသားကပါ ပင့်သက်ရှိုက်မိသွားသည်။

ဝတ်ဆင်လာသော အနက်ရောင် Dressသည် မီးရောင်စုံတွေအောက်မှာ ဖြူဖွေးသောအသားအရည်ကို ဆွဲဆောင်မှု ပိုစေသည်။ မျက်နှာတွင် လိမ်းခြယ်ထားသော Make up lookတွင် နှုတ်ခမ်းအထက်မှာ  နီညိုစွေးနေသော အရောင်ဖြင့် ပိုလို့ပြင်းအားကောင်းမွန်စေသည်။

🎶Your lips, like poison.
My heart , so broken.
No one believed we don't care
We have made bad choices.🎶

ပခုံးအစွန်းနှစ်ဖက်မှာ လျောကျနေသော အနက်ရောင်ကြိုးသေးသေးလေးနှစ်ချောင်းသည် ဝင်းနှစ်နေသော လက်မောင်းသားလေးနှင့် လိုက်ဖက်လွန်းနေပြီး ရှင်းလင်းနေသော လည်တိုင်မှအဖြူရောင်ပုလဲလည်ဆွဲလေးကို ဆွဲဖြတ်လိုက်ချင်သည့်စိတ်တွေ။ ပေါက်ရင်းနားအထိ ရှိသော ခွဲကြောင်းဆီမှာ လက်တင်ကာ ကိုင်ဆုပ်ထားပြီး နှုတ်ခမ်းနှင့် လည်တိုင် တစ်လျှောက် အနမ်းတွေပေးလိုက်ချင်သည်က ညှပ်ရိုးလေးတွေကိုပါ တတိတိနဲ့ကိုက်ဖြတ်ချင်သည်။

ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ဒီနေရာကနေ အနွေးဓာတ်လေးကို ဆွဲခေါ်သွားပြီး ပူနွေးတဲ့အချစ်ညကို ဖန်တီးလိုက်ချင်သည့် စိတ်များက အသက်၏မေးရိုးနှစ်ဖက်တို့ကို တည်တင်းနေစေသည်။

🎶Our souls were frozen
Now here we are once again
And I've never wanted to feel so wrong
When I'm in love with you 🎶

သီချင်းသံ အဆုံးသတ်သွားပြီးနောက်တွင် ဂျင်းဘောင်းဘီအရှည်ထဲကို fitဖြစ်စေသည့်Tee၏ အောက်အနားထည့်၍ ဝတ်ဆင်ထားသော အသက်က ခြေတံရှည်ကြီးများဖြင့် ခပ်မြန်မြန်လှမ်းပြီး သီတာ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

"ဘယ်လိုဖြစ်တာလဲ။ ဟိုက ဒီထဲဝင်လာတာနဲ့ ချက်ချင်းပဲနော် .....ပြောင်းလဲသွားလိုက်တာများ ကီးနဲ့အံကိုက်ကို ဖြစ်သွားတာပေါ့။

ခနဲ့တဲ့တဲ့ အမေးကိုမဖြေသေးခင်အရင်မှာ သီတာကမ်းပေးသော ရေခွက်ကို အရင်ယူ၍ မော့ချလိုက်ပြီး ခုံနောက်ကိုမှီကာ မျက်စိစုံမှိတ်ရင်း မျက်နှာကို အပေါ်သို့ မော့ထားလိုက်သည်။

ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်နေသည်က အချိန်ကြာတဲ့အထိ ပျောက်ကွယ်မသွားပဲရှိနေတာမို့ လူကနေရာမှာတင် ချွေးစီးချွေးပေါက်တို့ ကျဆင်းနေပြီ။

"တို့ လက်ကိုင်ပဝါ.."

ခေါင်းမော့လို့ဖြေလျော့နေစဥ် အနီးအနားကနေကြားလိုက်သည့် အသံလေးကြောင့် အနည်းငယ်စောင်းငဲ့၍ကြည့်လိုက်မိသည်။ အောက်သို့ကျသွားသော အနက်ရောင် ပဝါလေးကို ကောက်ယူဖို့ဟန်ပြင်နေသူက ခန္ဓာကိုယ်အချိုးအစားကို တမင်များ ပြနေသလားလို့ ထင်မှတ်ရလောက်သည်အထိပင်။

ဘေးတိုက်ဖြစ်သော ရှုထောင့်ကနေ ကြည့်နေရင်း ရင်ဘက်ရှိ အင်္ကျီလည်ပင်းဆီမှာ ခပ်ဖွဖွဖိထားသည့် လက်ချောင်းသွယ်သွယ်လေးတွေက အနက်ရောင်အောက်ခံကြောင့် ပုံမှန်ထက်ပိုလို့ကြည်လင်နေပြီး ရှေ့သို့ခြေတစ်ချောင်းထုတ်လိုက်သည်က ခွဲကြောင်း တစ်လျှောက်မြင်လိုက်ရသည့် ပေါင်တံသွယ်သွယ်တို့က အသက်စိတ်ကို ချောက်အနက်ကြီးထဲသို့ တွန်းချနေသည်။

"တော်ပြီ..ပြန်မယ် နေခြည်။"

တော်သေးသည်။ ပဝါကို မကောက်ယူသေးခင်မှာ ရောင်ဝါရောက်လာသည်။ ထိုသို့ ဆွဲဆောင်မှုရှိရှိဝတ်စားထားသူ၏ ပဝါကောက်ယူသည့်ပုံစံကို အသက်တစ်ယောက်ပဲမြင်ရမယ်ဆိုရင် ရောင်ဝါ့ကိုတားမိမှာအမှန်ပင်။

ရှေ့သို့ ကိုင်းညွှတ်ကျသွားမည့် ဟန်ပန်အနေအထားနှင့် နေ့,ပုံစံက စိတ်ကူးနဲ့ပင် ရူးလောက်အောင် ဆွဲဆောင်မှုရှိလွန်းနေသည်။ သို့သော် အခုအခါမှာ ထိုသို့ဆွဲဆောင်မှုရှိရှိ အလှတရားကို အသက်တင်မဟုတ်ပဲ ပွဲရှိ လူတိုင်းက ကြည့်နေကြတာဖြစ်သည်။

ကြည့်ခွင့်မရှိတဲ့ အလှတရားကို မြင်လိုက်ရသည့်အတွက် အခုချိန်မှာ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ဒီမှာရှိတဲ့လူတွေရဲ့ မျက်လုံးတွေအားလုံးကို ကန်းသွားစေချင်သည်။

_________________

Zawgyi....


"ေရာင္ဝါ...ငါ ခဏ ခ်ီမယ္။"

ရင္ဖုံး အက်ႌကို စမတ္က်ေနေအာင္ အနည္းငယ္ဆြဲဆန္႔လိုက္ၿပီး ခါးကိုမတ္ကာ ခ်ီေပြ႕ဖို႔အတြက္ လက္ကမ္းလိုက္သည္။ ထိုအခါမွာ ေရာင္ဝါ့လက္ထဲရွိ ကေလးေသးေသးေလးက သူမကိုၾကည့္သည္။

"နင့္ဆီမလာခ်င္ဘူး ထင္တယ္။ ေအးေလ နင္က သူ႔ကိုနာမည္ဖ်က္ကိုးး....ထည္ဝါႀကီးလာရင္ ေျပာျပဦးမယ္။ သူငယ္ငယ္က ေ႐ႊပင္လယ္ဆိုတဲ့နာမည္ကို မႀကိဳက္တဲ့အေၾကာင္းေလ..."

"နင္ အရမ္းေလရွည္တာပဲ"

သူမသည္ ခြင့္ေတာင္းမေနေတာ့ပဲ အတင္းပဲဆြဲယူေပြ႕ခ်ီိကာ နမ္းရႈိက္လိုက္သည္။

"Happy birthday ေ႐ႊပင္လယ္ေမာင္..."

မ်က္ခုံးေလးေတြပင့္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္နဲ႔ ၿပဳံးကာ ကေလးတစ္ေယာက္ကို ခ်ီေပြ႕ ေဝ့ယမ္းေနသည့္ ေန႔,ကို ျမင္လိုက္ရတာေၾကာင့္ အသက္သည္ ေနရာမွာတင္ ရပ္တန္႔မိသြားသည္။

ဒီေနရာကို အသက္လာေနၾကျဖစ္ေသာ္လည္း ဒီေနရာမွာ ေန,နဲ႔ဤသို႔ေတြ႕ၾကလိမ့္မည္ဟုမထင္ခဲ့ပါ။ ထိုေန႔က ျဖစ္သြားေသာ ကိစၥေတြေနာက္တြင္ အသက္ဘက္က စၿပီး ေန႔,ထံဆက္သြယ္ဖို႔ကို မဝံ့မရဲျဖစ္ခဲ့ရသည္။

ေန,နဲ႔ပက္သတ္တဲ့ မွတ္ဉာဏ္ေတြတစ္ခုမွသတိမရတဲ့ အသက္ကိုယ္အသက္ စိတ္ပ်က္ေနရင္း ေန,မရွိတဲ့ကာလေတြမွာ အသက္သည္ အတိတ္ကမွတ္ဉာဏ္မွန္သမွ်ကို တူးဖြဖို႔ ႀကိဳးစားခဲ့သည္။

ထိုသို႔ႀကိဳးစားရာမွာ အထိေရာက္ဆုံးျဖစ္ႏိုင္သည္ဟု ယူဆရသည့္ အဝန္းအနားကို အသက္အေနနဲ႔အႀကိမ္ေပါင္းမ်ားစြာ သြားေတြ႕ၿပီး စကားေတြေျပာျဖစ္သည္။ ဒီလိုစကားေတြေျပာရင္းျဖင့္ တခ်ိဳ႕ေန႔ရက္ေတြကို ျပန္ၿပီးမွတ္မိလာေသာ္လည္း ထိုထဲတြင္ ေန,ဆိုသည့္ အသက္ရဲ႕အေႏြးဓာတ္ေလးအေၾကာင္းကေတာ့ စိုးစဥ္းမွ်မပါေသးေပ။

သို႔ေသာ္လည္း အသက္လက္မေလွ်ာ့ပါဘူး။ အတတ္ႏိုင္ဆုံး ႀကိဳးစားေနၿပီး အခုေနာက္ဆုံးဆို သက္လ်ာ၏ စကားမ်ားအရ သက္လ်ာရဲ႕သူငယ္ခ်င္းတခ်ိဳ႕နဲ႔ပါ စကားေတြေျပာျဖစ္ေနသည္။

ဒီလူေတြနဲ႔စကားေျပာျဖစ္ၾကရင္း အသက္ကိုယ္အသက္ ပိုပိုၿပီး ေသခ်ာလာခဲ့သည္။ ဟုတ္သည္..ေန,ေျပာတာမွန္သည္။ အသက္တြင္ ေရာင္နီဝန္းႏွင့္ပက္သတ္ေသာ မွတ္ဉာဏ္မ်ားစြာရွိေနသည္။ သက္တန္႔ၾကည္သာဆိုသည့္ အသက္,ဦးငယ္၏ ဓာတ္ပုံကိုၾကည့္ေနရင္း ထိုလူဟာ အသက္နဲ႔ေတာ္ေတာ္ေလးဆင္တူသည္ဟု ထင္မိသည္။

အသက္သည္ အရပ္ရွည္သည္၊ ႐ိုးရွင္းေသာ အဝတ္အစားမ်ားကိုသာ ဝတ္ဆင္တတ္သည္၊ ဂီတာတီးရတာ ႀကိဳက္သည္၊ ရင္ေအးေစတဲ့ သီခ်င္းေတြကို ခ်စ္တဲ့သူေတြအတြက္ သီဆိုျပခ်င္သည္။ လွပတဲ့အရာေတြဆို အနီိးစပ္ဆုံးျဖစ္တဲ့ ဖုန္းကင္မရာျဖင့္ပင္ မွတ္တမ္းတင္ထားတတ္သည္။

အသက္လိုပဲ သက္တန္႔ၾကည္သာသည္လည္း ႐ိုးရွင္း၍ ေအးခ်မ္းေသာ အမ်ိဳးသားတစ္ဦးသာျဖစ္ခဲ့သည္။

"အသက္ ေရာက္လာတာလား။"

"တင္ပါ့..."

အဝန္းရဲ႕ အသံေၾကာင့္ သူတို႔အာ႐ုံနဲ႔သူတို႔ျဖစ္ေနၾကေသာ လူႏွစ္ေယာက္တို႔သည္ အသက္ထံသို႔ ၾကည့္လာၾကသည္။ ထိုႏွစ္ေယာက္တြင္ အသက္ထံကို တစ္ခ်က္သာၾကည့္ၿပီး ခ်က္ခ်င္းအၾကည့္လႊဲသြားသူက ေန,ပဲျဖစ္သည္။

"မရီး...."

တက္ႂကြေနေသာ ေခၚသံၿပီးေနာက္တြင္ နာက်င္သြားပုံရေသာ မ်က္ႏွာက မသာမယာျဖစ္သြားၿပီး...
"နင္ ဘာျဖစ္ေနတာလဲ ေနျခည္။"

"သြားမယ္..ထည္ဝါ ဗိုက္ဆာေနေလာက္ၿပီ။"

အသံေလးကို ခပ္သဲ့သဲ့သာၾကားရေသာ္လည္း လုံးလုံးမၾကားခဲ့ရတဲ့ ေန႔ရက္ေတြနဲ႔ယွဥ္ရင္ ဒါကေတာ္ေတာ္ေလး ေက်နပ္ဖို႔ေကာင္းသည္ဟု ယူဆလိုက္ၿပီး အသက္မခ်ိတင္ကဲဝမ္းနည္းစြာ ၿပဳံးလိုက္မိသည္။

"ေနျခည္ သေဘာက်ေနတယ္ဆိုတဲ့မိန္းကေလးက အသက္မဟုတ္ဖို႔ ေမွ်ာ္လင့္မိတယ္။"

ခေရပင္ေအာက္တြင္ရွိေသာ ခုံတန္းတြင္ ဝင္ထိုင္ရင္း ေျဖညႇင္းစြာျဖင့္ ေျပာၾကားလာေသာ အသံေၾကာင့္ အသက္၏ဝိညာဥ္က လြင့္စင္သြားေတာ့မတတ္ျဖစ္ရသည္။

"ဘုန္းဘုန္းတို႔ အိမ္မွာ ျပသနာေတြရွိေနတယ္ အသက္။ ေနျခည္က မိန္းကေလးတစ္ေယာက္နဲ႔လက္ထပ္မယ္ဆိုၿပီး ေျပာေနတယ္။"

ေျမျပင္ေပၚမွာပဲ တင္ပါးလႊဲထိုင္ခ်ရင္း အသက္သည္ ဦးစြာအရင္ အဝန္းကို ဦးခ်လိုက္သည္။ ၿပီးမွပဲ အဝန္း၏မ်က္ႏွာဆီသို႔ေမွ်ာ္ၾကည့္လိုက္ရင္း...
"လူ႔ဘဝက ရတာမလို၊ လိုတာမရ ဆိုတဲ့စကားက တကယ္မွန္တာပါပဲ။ အခု အသက္မွာ ျပင္းစြာေသာဆႏၵတစ္ခုရွိတာက ေနေရာင္ျခည္ဆိုတဲ့ မိန္းကေလးနဲ႔ လိုက္ဖက္ညီတဲ့ လူတစ္ေယာက္ျဖစ္ဖို႔ပါပဲ။"

"အင္း...ဒါကေတာ့ အသက္တို႔ရဲ႕ကိစၥပါပဲ။ ကိစၥတိုင္းက အေၾကာင္းရွိလို႔၊ အက်ိဳးျဖစ္တယ္လို႔ပဲ မွတ္လိုက္ရင္ ေျဖသာသြားပါလိမ့္မယ္.."

"အသက္တို႔ ေဝးသြားဖို႔ကို ေမွ်ာ္လင့္လားဟင္။"

'အသက္တို႔' ဆိုသည့္စကားဟာ အသက္နဲ႔ ေန႔,ကို ရည္ၫႊန္းေျပာဆိုလိုက္ေၾကာင္း သိေနပုံရေသာ အဝန္းက က်က္သေရအျဖာျဖာ ကိန္းဝပ္ေနေသာ အၿပဳံးတစ္ခုကို ၿပဳံးသြားၿပီးေနာက္တြင္.....
"ေဝးသြားဖို႔ထက္၊ အသက္တို႔ တေတြ ေအးခ်မ္းဖို႔ကိုပဲ ေမွ်ာ္လင့္တာ။ ဒါက မုသားစကားမဟုတ္ပါဘူးကြယ္။"

"အသက္ကိုယ္ အသက္မို႔ေျပာတာမဟုတ္ေပမယ့္လည္း အတိတ္ဘဝရဲ႕မွတ္ဉာဏ္ေတြက ျပန္ျပန္ၿပီး ေပၚလာေနတယ္...။ဒါေပမယ့္..."

"ေပၚလာတဲ့ မွတ္ဉာဏ္ေတြထဲမွာ ေနျခည္တစ္ေယာက္ေတာ့ မပါေသးဘူး မဟုတ္လား။"

"ဘုရား..."

အသက္က အာေမဋိတ္အသံျပဳလိုက္ေတာ့ အဝန္းက သူ,သိပါတယ္ ဆိုသည့္ အၿပဳံးမ်ိဳးကိုၿပဳံးသြားသည္။ ၿပီးမွပဲ ထိုအၿပဳံးကို ဘာအဓိပၸါယ္မွမရွိသလို ေျပာင္းလဲသြားသည္။

႐ုတ္ခ်ည္း အေျပာင္းအလဲေတြျမန္လြန္းတဲ့ အဝန္းအေၾကာင္းေတြကို မစဥ္းစားရေသးခင္မွာပဲ ေနေရာင္ျခည္ဆိုတဲ့အလင္းတန္းေလး အသက္ဘဝထဲကို စေရာက္လာတဲ့အခ်ိန္ကို အဝန္းမ်ားသိေနတာလားလို႔ ထင္မိလိုက္သည္။

"က်န္တာေတြေတာ့ ဦးဇင္းမသိေပမယ့္လည္း မဆုံးခင္ တစ္ႏွစ္အတြင္းမွာ အကိုႀကီးရဲ႕မ်က္လုံးေတြက ေျပာင္းလဲသြားခဲ့တယ္။ အၿမဲတမ္း ေမွ်ာ္လင့္ခ်က္ေတြညႇိဳးငယ္ေနတဲ့ အၾကည့္ေတြက သစ္လြင္ေတာက္ပေနခဲ့တာ အမွန္ပဲ။"

"ဘယ္လို..ဘယ္လိုပုံစံမ်ိဳးလဲဟင္..."

"ေပ်ာ္႐ႊင္ေနတဲ့ ပုံစံမ်ိဳးပဲ။ တစ္ေနေနရာကိုၾကည့္ရင္လည္း မ်က္လုံးေတြကရီေဝၿပီးၿပဳံးၾကည္ႏူးေနတတ္တယ္။ အကိုႀကီးက ဦးဇင္းအတြက္ေတာ့ အေျဖသိၿပီးသားပုစာၦတစ္ပုဒ္လိုပါပဲ။

ဘယ္ေနရာမွာပဲျဖစ္ျဖစ္ သူ႔မွာကိစၥတစ္ခုခုရွိရင္ ဦးဇင္းသိေနတယ္။ အဲ့ဒါေၾကာင့္ အဲ့ဒီအေၾကာင္းကို ေမးခဲ့ဖူးေပမယ့္လည္း သူက မေျပာျပခဲ့ဘူး။"

"ေသခ်ာရဲ႕လားဟင္။ သူတစ္ခုခုေလာက္ေလးပဲ ျဖစ္ျဖစ္ ေျပာရင္ေျပာခဲ့မွာပါ.... အရိပ္အႁမြက္ေလာက္ေလးပဲျဖစ္ျဖစ္။"

ဘုန္းဘုန္းသည္ ဦးေခါင္းကို အသာယမ္းရင္း ဆိတ္ၿငိမ္လို႔ေနေလသည္။

အသက္တို႔အတူ ၿငိမ္သက္ေနၾကသည္က အခ်ိန္ေတာ္ေတာ္ၾကာသြားၿပီမို႔ ေနာက္ဆုံးမွာ အသက္ကပဲလက္ေလ်ာ့ၿပီး အိမ္ကိုျပန္လာခဲ့လိုက္ရသည္။ ဒီကေန႔မွာလည္း ေနနဲ႔ပက္သတ္တဲ့ အသက္ရဲ႕မွတ္ဉာဏ္ေတြက ေပၚမလာေသးေပ။

ေနာက္ဆုံးႏွစ္ရဲ႕ စာသင္ခ်ိန္ေတြ မစခင္မွာ အသက္သည္ သတင္းထုတ္ျပန္ေရးဌာနကို အရင္သြားျဖစ္လိုက္သည္။ ဒီႏွစ္ဆို အသက္သည္ ဒီဌာန၏ Major MCျဖစ္သြားခဲ့ၿပီ။

ဌာနထဲသို႔ ေျခခ်မိတိုင္း အရင္ဆုံးေမာ္ဖူးမိတာက စီနီယာအမနဲ႔အတူ ႐ိုက္ကူးထားေသာ အေႏြးဓာတ္ေလး၏ ပုံျဖစ္သည္။ ဒီဌာနမွာ ဒီဓာတ္ပုံေလးရွိေနတာတစ္ခုနဲ႔ပဲ အသက္သည္ဌာနအတြင္းမွာ ပင္ပန္းစြာလုပ္ေဆာင္ခဲ့ရေသာ ကိစၥမွန္သမွ်ကို လ်စ္လ်ဴရႉထားႏိုင္ခဲ့သည္။

"အသက္ေရာက္လာၿပီပဲ။ အစည္းအေဝးခန္းထဲ ဝင္သြားရေအာင္..အခုမွ စ,တာထင္တယ္"

"အင္း ဝင္မယ္ေလ။"

အသက္တို႔နဲ႔ တစ္ႏွစ္ထဲျဖစ္ေသာ သတၱေဗဒေနာက္ဆုံးႏွစ္ေက်ာင္းသား ေဝယံေမာင္သည္ အသက္နဲ႔အတူ ပူးေပါင္းရမည့္ တြဲဖက္camera man တစ္ေယာက္ျဖစ္သည္။

အသက္နဲ႔ ေဝယံေမာင္တို႔ အစည္းအေဝးအခန္းထဲကို ဝင္သြားလိုက္သည့္ အခ်ိန္တြင္...
"ေက်ာင္းကေန နားၿပီးေနေနတဲ့ ဒီႏွစ္ႏွစ္အတြင္းမွာ တို႔နားေထာင္ခဲ့တဲ့ သီခ်င္းက မ်ားမ်ားစားစားေတာ့မရွိပါဘူး။ 'ေ႐ႊပင္လယ္' အဲ့ဒီသီခ်င္း တစ္ပုဒ္ကိုပဲ နားေထာင္ျဖစ္ခဲ့တယ္။"

"စံပါယ္ေတြ၊ သဇင္ေတြ ခူးၿပီးပန္ေပးတဲ့သူကိုမ်ား သတိရလို႔လား တီခ်ယ္"

"မဟုတ္ပါဘူး တို႔က ပန္ေပးဖူးခဲ့တာ..."

"ဝိုးး...ဒါဆို တီခ်ယ္မွာ တြဲဖက္ရွိေနၿပီလို႔ ယူဆလိုက္လို႔ရမလား။"

"အဲ့တာက ....အင္း၊ သိပ္ေတာ့ မေသခ်ာေသးဘူး။
သူ႔ကို ေမးရဦးမယ္ေလ။ ေသခ်ာသြားရင္ လာၿပီးေျဖေပးမယ္။ Ok? "

"ဟုတ္ကဲ့ တီခ်ယ္။ ဒါဆို ေနာက္ထပ္ေမးခြန္းကို ေျပာင္းလိုက္ပါ့မယ္။"

ဒီေနရာမွာပဲ ပရိတ္သတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ စကားသံေတြက ျမင့္တက္လာခဲ့ၿပီး ျမန္မာစာမဟာတန္းပထမႏွစ္အမ၏ interviewက Viewerအမ်ားအျပားရရွိခဲ့သည္။

"အသက္..အဲ့ဒီအခ်ိန္တုန္းက နင္လည္း အဲ့ဒီေနရာမွာရွိခဲ့တယ္မဟုတ္လား။ ေျပာပါဦး...နင္နဲ႔တီခ်ယ္နဲ႔"

သီတာသည္ သူ႔ရည္းစားအေဆာင္၏ Welcome Dinnerကို လာသည္အထိတိုင္ အသက္တို႔အေၾကာင္း စိတ္ဝင္စားေနမႈက ေလ်ာ့က်မသြားေသးေပ။

"ငါ သီခ်င္းဆိုလို႔ရတယ္မဟုတ္လား ေမာင္ေမာင္ဦး။"

ထိုအခါမွာ သီတာ့ခ်စ္သူ ေမာင္ေမာင္ဦးက ဝမ္းပမ္းတသာပဲျဖစ္သြားၿပီး ေခါင္းကို ဆက္တိုက္ညိမ့္ျပေလသည္။ အခုဆို အသက္မွာလည္း ကိုယ္ပိုင္ဂီတာတစ္ခုရွိခဲ့ၿပီျဖစ္ၿပီး ေက်ာင္း၏ဂီတအသင္းမွာလည္း ပါဝင္ထားေသးသည္မို႔ အသက္သာ ဆိုမည္ဆိုလွ်င္ မည္သူကမွ ျငင္းမည္မဟုတ္ပါ။

အရင္တစ္ႏွစ္ကပဲ ဖြဲ႕စည္းခဲ့ေသာ အေပ်ာ္တမ္းဂီတအသင္းတြင္ အသက္သည္ ဒုဥကၠအျဖစ္တာဝန္ထမ္းေဆာင္ေနဆဲမို႔ ဂီတာ႐ူးၾကတဲ့ ပထမႏွစ္ေလးေတြက အသက္ကိုဆို အရမ္းေလးစားၾကသည္။

Ever greenက ေယာက်ာ္းေလးအေဆာင္ျဖစ္ေသာ္လည္း အသက္တို႔လိုပင္ ခင္မင္ၾကတဲ့ မိန္းကေလးတခ်ိဳ႕လည္း လာေပ်ာ္ၾကသည္မို႔ ေယာက်ာ္းေလးေတြၾကည့္ ျဖစ္မေနပဲ မိန္းကေလးတခ်ိဳ႕ပါ ေရာပါေနေလသည္။

ၿငိမ္သက္ေနသည့္ Stageေပၚရွိ ထိုင္ခုံအျမင့္ေပၚတြင္  ေနရာယူလိုက္ရင္း ဂီတာႀကိဳးကို ညႇိဳယူလိုက္သည္။

🎶Only mistake
You gave me 365 days.
But nothing could ever make me be ,Next to you.

I've tried so hard
But no one's perfect enough.
But when you're alone.
There's something so sweet, About death.

Cause when you're gone.
I've lost myself away.
And I've never wanted to feel so wrong
When I'm in love with you 🎶

ပထမပုဒ္ၿပီးသြားသည့္ ခဏမွာ အသက္သည္ ေရွ႕သို႔ၾကည့္မိလိုက္သည္။ ထိုအခါမွာ အသက္၏သီခ်င္းသံတြင္ လူတိုင္းက ပါဝင္စီးေျမာေပးၾကသည္ကို ေတြ႕လိုက္ရသည္။

🎶I follow your step
I'll never leave you again
Cause when I'm with you
It feels like home again.

I've missed your touch
I want to drown in your eyes
And look at us now

No one's perfect enough
Cause when you're gone
I've lost myself away.
And I've never wanted to feel so wrong
When I'm in love with you 🎶

ထိုအၿပိီးမွာ ခ်က္ခ်င္းပဲျမင့္တက္သြားေသာ သံစဥ္ႏွင့္အတူ အသက္ႏွလုံးသားကပါ ပင့္သက္ရႈိက္မိသြားသည္။

ဝတ္ဆင္လာေသာ အနက္ေရာင္ Dressသည္ မီးေရာင္စုံေတြေအာက္မွာ ျဖဴေဖြးေသာအသားအရည္ကို ဆြဲေဆာင္မႈ ပိုေစသည္။ မ်က္ႏွာတြင္ လိမ္းျခယ္ထားေသာ Make up lookတြင္ ႏႈတ္ခမ္းအထက္မွာ  နီညိဳေစြးေနေသာ အေရာင္ျဖင့္ ပိုလို႔ျပင္းအားေကာင္းမြန္ေစသည္။

🎶Your lips, like poison.
My heart , so broken.
No one believed we don't care
We have made bad choices.🎶

ပခုံးအစြန္းႏွစ္ဖက္မွာ ေလ်ာက်ေနေသာ အနက္ေရာင္ႀကိဳးေသးေသးေလးႏွစ္ေခ်ာင္းသည္ ဝင္းႏွစ္ေနေသာ လက္ေမာင္းသားေလးႏွင့္ လိုက္ဖက္လြန္းေနၿပီး ရွင္းလင္းေနေသာ လည္တိုင္မွအျဖဴေရာင္ပုလဲလည္ဆြဲေလးကို ဆြဲျဖတ္လိုက္ခ်င္သည့္စိတ္ေတြ။ ေပါက္ရင္းနားအထိ ရွိေသာ ခြဲေၾကာင္းဆီမွာ လက္တင္ကာ ကိုင္ဆုပ္ထားၿပီး ႏႈတ္ခမ္းႏွင့္ လည္တိုင္ တစ္ေလွ်ာက္ အနမ္းေတြေပးလိုက္ခ်င္သည္က ညႇပ္႐ိုးေလးေတြကိုပါ တတိတိနဲ႔ကိုက္ျဖတ္ခ်င္သည္။

ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ပဲ ဒီေနရာကေန အေႏြးဓာတ္ေလးကို ဆြဲေခၚသြားၿပီး ပူေႏြးတဲ့အခ်စ္ညကို ဖန္တီးလိုက္ခ်င္သည့္ စိတ္မ်ားက အသက္၏ေမး႐ိုးႏွစ္ဖက္တို႔ကို တည္တင္းေနေစသည္။

🎶Our souls were frozen
Now here we are once again
And I've never wanted to feel so wrong
When I'm in love with you 🎶

သီခ်င္းသံ အဆုံးသတ္သြားၿပီးေနာက္တြင္ ဂ်င္းေဘာင္းဘီအရွည္ထဲကို fitျဖစ္ေစသည့္Tee၏ ေအာက္အနားထည့္၍ ဝတ္ဆင္ထားေသာ အသက္က ေျခတံရွည္ႀကီးမ်ားျဖင့္ ခပ္ျမန္ျမန္လွမ္းၿပီး သီတာ့ေဘးမွာ ဝင္ထိုင္လိုက္သည္။

"ဘယ္လိုျဖစ္တာလဲ။ ဟိုက ဒီထဲဝင္လာတာနဲ႔ ခ်က္ခ်င္းပဲေနာ္ .....ေျပာင္းလဲသြားလိုက္တာမ်ား ကီးနဲ႔အံကိုက္ကို ျဖစ္သြားတာေပါ့။

ခနဲ႔တဲ့တဲ့ အေမးကိုမေျဖေသးခင္အရင္မွာ သီတာကမ္းေပးေသာ ေရခြက္ကို အရင္ယူ၍ ေမာ့ခ်လိုက္ၿပီး ခုံေနာက္ကိုမွီကာ မ်က္စိစုံမွိတ္ရင္း မ်က္ႏွာကို အေပၚသို႔ ေမာ့ထားလိုက္သည္။

ခႏၶာကိုယ္တစ္ခုလုံး ပူေလာင္ေနသည္က အခ်ိန္ၾကာတဲ့အထိ ေပ်ာက္ကြယ္မသြားပဲရွိေနတာမို႔ လူကေနရာမွာတင္ ေခြၽးစီးေခြၽးေပါက္တို႔ က်ဆင္းေနၿပီ။

"တို႔ လက္ကိုင္ပဝါ.."

ေခါင္းေမာ့လို႔ေျဖေလ်ာ့ေနစဥ္ အနီးအနားကေနၾကားလိုက္သည့္ အသံေလးေၾကာင့္ အနည္းငယ္ေစာင္းငဲ့၍ၾကည့္လိုက္မိသည္။ ေအာက္သို႔က်သြားေသာ အနက္ေရာင္ ပဝါေလးကို ေကာက္ယူဖို႔ဟန္ျပင္ေနသူက ခႏၶာကိုယ္အခ်ိဳးအစားကို တမင္မ်ား ျပေနသလားလို႔ ထင္မွတ္ရေလာက္သည္အထိပင္။

ေဘးတိုက္ျဖစ္ေသာ ရႈေထာင့္ကေန ၾကည့္ေနရင္း ရင္ဘက္ရွိ အက်ႌလည္ပင္းဆီမွာ ခပ္ဖြဖြဖိထားသည့္ လက္ေခ်ာင္းသြယ္သြယ္ေလးေတြက အနက္ေရာင္ေအာက္ခံေၾကာင့္ ပုံမွန္ထက္ပိုလို႔ၾကည္လင္ေနၿပီး ေရွ႕သို႔ေျခတစ္ေခ်ာင္းထုတ္လိုက္သည္က ခြဲေၾကာင္း တစ္ေလွ်ာက္ျမင္လိုက္ရသည့္ ေပါင္တံသြယ္သြယ္တို႔က အသက္စိတ္ကို ေခ်ာက္အနက္ႀကီးထဲသို႔ တြန္းခ်ေနသည္။

"ေတာ္ၿပီ..ျပန္မယ္ ေနျခည္။"

ေတာ္ေသးသည္။ ပဝါကို မေကာက္ယူေသးခင္မွာ ေရာင္ဝါေရာက္လာသည္။ ထိုသို႔ ဆြဲေဆာင္မႈရွိရွိဝတ္စားထားသူ၏ ပဝါေကာက္ယူသည့္ပုံစံကို အသက္တစ္ေယာက္ပဲျမင္ရမယ္ဆိုရင္ ေရာင္ဝါ့ကိုတားမိမွာအမွန္ပင္။

ေရွ႕သို႔ ကိုင္းၫႊတ္က်သြားမည့္ ဟန္ပန္အေနအထားႏွင့္ ေန႔,ပုံစံက စိတ္ကူးနဲ႔ပင္ ႐ူးေလာက္ေအာင္ ဆြဲေဆာင္မႈရွိလြန္းေနသည္။ သို႔ေသာ္ အခုအခါမွာ ထိုသို႔ဆြဲေဆာင္မႈရွိရွိ အလွတရားကို အသက္တင္မဟုတ္ပဲ ပြဲရွိ လူတိုင္းက ၾကည့္ေနၾကတာျဖစ္သည္။

ၾကည့္ခြင့္မရွိတဲ့ အလွတရားကို ျမင္လိုက္ရသည့္အတြက္ အခုခ်ိန္မွာ ဆုေတာင္းတိုင္းသာ ျပည့္မယ္ဆိုရင္ ဒီမွာရွိတဲ့လူေတြရဲ႕ မ်က္လုံးေတြအားလုံးကို ကန္းသြားေစခ်င္သည္။
















Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

8.1K 1.3K 153
Hər üstün bilən və bacaranın bir üstün bilən və bacaranı vardır. Ən üstün bilən və bacaran isə bilik və bacarığı yaradan - Tanrıdır!
2K 344 32
ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio
57.1K 4.7K 16
_ ကိုရင်ငယ်လေးရယ် ကလေးလေးရယ် နောက်ပြီး နောင်တတစ်ပွေ့တစ်ပိုက်နဲ့ ထိုအမျိုးသားရယ် Start date: 5 march 2023 End date: ....