Ring Ring Ring.....
"Hello..."
"နေခြည်..ငါရောက်နေပြီ"
တက်ကြွနေသည့်အသံကြောင့် ရောင်ခြည် ဖုန်းကိုချက်ချင်းပဲပြန်ကြည့်မိလိုက်တော့ အန်တီလေးဟု မှတ်ထားသည်ကြောင့် လှဲနေရာမှ ထ,လိုက်ပြီး အပေါ်ထပ် ပြတင်းတံခါးဆီကို သွားလိုက်သည်။
ကားကိုမှီပြီး ရပ်နေသည့် အန်တီလေးက သူမကိုမြင်တော့ လက်လှမ်းပြသည်။ ထို့ကြောင့် သူမလည်း လက်ပြန်ပြလိုက်ရသည်။
"သွားရအောင်...ထွက်လာခဲ့"
"ဟုတ်ကဲ့ အန်တီလေး၊ ခဏနော်..."
"ငါ့ကို မှီအောင်တော့ ပြင်ခဲ့"
"အိုးးး..."
အပြုံးတွေနဲ့ပဲ သူမဖုန်းချလိုက်သည်။ သူမနဲ့အပြိုင် လှနေဆဲဖြစ်သည့် အန်တီလေးနဲ့အတူသွားမည်မို့ သူမတကယ်ကို ဂရုတစိုက်လေးနဲ့ခပ်မြန်မြန်လေးပဲ ပြင်ဆင်လိုက်သည်။
မာမီ့လို Fashionအကြောင်းကို လိုက်စားသူမဟုတ်ပေမယ့် အန်တီလေးဟာ အလှအပကိုတော့ သိပ်ဂရုစိုက်သည်။ သူမထက်ယှဥ်လျှင် အရပ်ပုသူမို့ တစ်ခါတစ်လေများဆို သူမထက် ပိုလို့ပင်ငယ်ပုံပေါက်၏။
ဟိုတစ်ပတ်ကမှ မာမီဝယ်ပေးလိုက်သည့် ကြည်ပြာရောင် ဂါဝန်လေးကို ဝတ်ဆင်လိုက်ပြီး ပခုံးအောက်ရောက်နေပြီ ဖြစ်သည့် ဆံနွယ်များကို ဖြည်ချထားလိုက်သည်။
အိတ်ယူပြီး အပြင်ထွက်လာသည့် အချိန်မှာပဲ...
"ဘယ်စိုးလို့လဲ..."
သူမခန္ဓာကိုယ်ကို အသေအချာကြည့်ပြီး အန်တီလေးက မှတ်ချက်ပေးသည်။ ထို့ကြောင့် သူမပြုံးလိုက်ပြီး လက်ကိုင်အိတ်မှာ ချိတ်ထားသည့် နေကာမျက်မှန်ကို ဟန်ပါပါဖြင့်တပ်ဆင်ပြလိုက်သည်။
"ဝါးးး...လုံးဝကို Perfect။"
"ဟား ဟားးး...So သွားကြမလား။"
"အင်း..."
သို့နှင့် အန်တီလေးအနားသို့ သွားလိုက်ပြီး...
"နေခြည် မောင်းပေးမယ်""Ok..."
ကားမောင်းသူ နေရာမှာ ထိုင်ပြီး သူမစတင်လို့ ထွက်ခွာတော့သည်။