အပိုင်း (၁၃)

1.5K 119 4
                                    

အပေါ်မှ ထပ်၍ထပ်လာသော ပါးလွှာသောအထပ်ထည်သည် အသက်စိတ်တို့ကို လွှမ်းခြုံသွားသည့်အလားပင်။ ထ,ရပ်လိုက်သောအခါ ဒူးထိသော ထိုအပေါ်ထပ်၏ အောက်တွင် ဝတ်ဆင်ထားသော ဂါဝန်သည် နေ့ခန္ဓာကိုယ်၏ အလှတရားကို ပေါ်လွင်စေသည်။

Body fitလိုမဟုတ်ပဲ နေ့ခန္ဓာကိုယ်အား အနည်းငယ်မျှ လွတ်လပ်သလို သွားလာခွင့်ပေးထားသော ဂါဝန်၏ အဆုံးမှာ ဖွေးရုံမက ဥနုနေသောခြေတံသွယ်သွယ်နှင့် နီရဲကာနေသော ခြေချောင်းလေးများက တစ်ခါရှေ့တိုးလာတိုင်း အသက်နှင့်တစ်ဆင့်ပိုနီးကပ်လာသည်၊ ထိုသို့နီးကပ်လာမှုများကို အသက်ရှူမို့မေ့လျော့စွာနှင့် ငေးလို့ကြည့်နေမိသည်။

"ဒီနေ့ ကျောင်းသွားရမှာ မဟုတ်လား။
ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ...."

အသက်တို့အနီးမှာပဲ တင်ပါးလွှဲဝင်ထိုင်သူဟာ လက်ကိုင်အိတ်ကို ချပြီးသည်နှင့် လက်ချောင်းသေးသေးသွယ်သွယ်လေးတွေကို အစီအရီထိကပ်ပြီး ကြာဖူးသဖွယ် လက်အုပ်ချီကာ...
"ကျောင်းကို ပြန်ရင်း လမ်းမှာလာချင်စိတ်ဝင်လာတာကြောင့်ပါ ဘုရား..." ဟု လျှောက်တင်သည်။

လျှောက်တင်ပြီးချင်းမှာပဲ အသက်ဘက်သို့ကြည့်လာသည့် မျက်လုံးလှလှလေးတွေကို အသက်ဘက်က အကြည့်မလွှဲတော့။

"ဒါဖြင့် အဆင်ပြေသွားတာပဲ။ သက်တန့်လည်း ကျောင်းပြန်ရမှာ....အဆင်သင့်သွားတာပေါ့။ အသက်ကို တင်ခေါ်သွားလိုက်ပါကွယ်..."

"မရလောက်ဘူးထင်တယ်၊ နေခြည် ဒီနေ့ခွင့်ယူမလားလို့ပါ။ ဘိုးဘိုးတို့ဆီလည်း မရောက်တာကြာပြီမို့ပါ...."

သူမနဲ့အတူ နေရသည်မှာ ကလေးမလေးအတွက် စိတ်ကျဥ်းကျပ်နေမည်ကို စိုးသည်။ သူမဘက်က ပြသနာမရှိသော်လည်း ကလေးမလေးဘက်က တစ်ခုခုများပြောလာမည်ဆိုလျှင်လို့ တွေးပြီး ငြင်းလိုက်တာဖြစ်သည်။

သူမဘက်က အရင်မငြင်းပဲ ကလေးမလေးဘက်ကသာ တစ်ခုခုပြောပြီး ငြင်းမယ်ဆိုလျှင် ထိုအရာကို သူမ မည်သို့မှ သည်းခံနိုင်မည်မဟုတ်ပေ။ သူမဘက်က ချစ်သည်၊ ဒီတစ်သက်မှာ ဒီတစ်ယောက်ကိုသာ ချစ်ကြောင်းပြောခဲ့သည်မှန်သော်လည်း သူမဆီမှမာနတရားတို့က ကလေးမလေးကြောင့်ဖြစ်တည်လာနိုင်သည့် သိမ်ငယ်ခြင်းတို့ကို မည်သို့မှ လက်ခံနိုင်မည်မဟုတ်ပေ။

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now