အပိုင်း (၂၀)

1.5K 103 14
                                    

ညစာအတွက် သူမအခန်းပြင်ကို ထွက်လာသည့်အချိန်တွင် ထမင်းစားခန်းတွင် ရောင်ဝါတစ်ယောက်ပဲ အလုပ်ရှုပ်လို့နေပြီး ဟိုကောင်ငယ်လေးကိုဖြင့် မတွေ့ရသေးပေ။

"လာ...ထိုင် နေခြည်။ juice သောက်ထားနှင့်..."

"ဒရယ်ဂွန်ရော..."

ဧည့်ခန်းဘက်မှာလည်း မရှိသည်မို့ သူမ,မေးဖြစ်သွားသည်။ အစောကကိစ္စကြောင့်နဲ့တော့ ဒီကောင်လေး ချက်ချင်းပဲ ပြန်သွားမှာတော့ မဟုတ်လောက်ပါဘူးလို့လည်း စိတ်ထဲထင့်နေမိသည်။

"အခန်းထဲမှာ၊ ခဏနေမှ သွားခေါ်မယ်..."

ပန်းကန်ပေါ်မှာ အလှဆင်နေရင်းကနေ သူမဆီကို မကြည့်ပဲ ပြန်ဖြေသည်ကြောင့် သူမဘက်က...
"ငါ သွားခေါ်လိုက်မယ်" ဆိုကာ ထမင်းစားခန်းကနေ ထွက်ခဲ့လိုက်သည်။

ကောင်ငယ်လေးအတွက် သတ်မှတ်ထားသော အခန်းရှေ့မှာ တံခါးခေါက်လိုက်တော့ အခေါ်စောင့်နေပုံရသော ကောင်လေးက ချက်ချင်းပဲ တံခါးလာဖွင့်ပေးသည်။ သို့သော်လည်း သူမကိုမြင်သွားသည့်ချက်ချင်းမှာပဲ ကြည်လင်နေရာမှအနည်းငယ် ညစ်ထေးသွားသော မျက်နှာပုံစံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဘာကိစ္စရှိလဲ အမ..."

မေးပုံကို သဘောမကျသော်လည်း ခွေးအစာစားနေရင်တောင် မရိုက်ရလို့ ပြောထားဘူးတဲ့ ဒယ်ဒီစကားကြောင့် အခုညစာအတွက် ဒီတစ်ခါတော့ရှိစေပါတော့လေ။

"Dinnerစားမယ်..."
ပြောပြီး သူမသည် ထမင်းစားခန်းဘက်သို့ ဦးတည်လို့လျှောက်ခဲ့လိုက်သည်။ သူမနောက် မလှမ်းမကမ်းက ခြေသံလေးလည်း လိုက်ပါလာသည်ကြောင့် စိတ်ထဲပေါ့ပါးသွားရသည်။

အိမ်ရှင်ဖြစ်တဲ့ သူမက မကြည်ဖြူလို့ ဒီကောင်လေးအနေခက်နေမှာတော့ မဟုတ်ဘူးလို့ ယူဆပေမယ့်လည်း ဒီအိမ်ကို ရောက်နေသခိုက်မှာ နှစ်ဦးနှစ်ဖက် ပေါ့ပေါ့ပါးပါးဆက်ဆံရေးလေးပဲ ရှိထားရင်ကောင်းမည်။ မဟုတ်လျှင် အခုမှရောက်လာတဲ့ ရောင်ဝါ့ဆီကနေ...'နေခြည်က မရဘူး' ဆိုပြီး အပြောခံရမှာမျိုးကို တကယ်ပဲမလိုချင်။

အသက်တွေလည်း ကြီးလာပြီမို့ အများအမြင်မှာ သီးသန့်ဆန်မနေအောင် သူမကိုယ်သူမ ပြောင်းလဲခဲ့သော်လည်း ထိုအရာကအခုထိတိုင် ခက်ခဲနေဆဲဖြစ်သည်။ အတင်းလုပ်ယူထားတာ မဟုတ်တဲ့ သူမပုံစံက တကယ်ပဲ သီးသန့်ဆန်တာကို သူမကိုယ်တိုင်လည်း သိသည်။

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now