အပိုင်း (၁၉)

1.4K 107 5
                                    

အိမ်ကိုပြန်လာသည့် အချိန်သည် ညနေ၃နာရီကျော်သာရှိသေးသည်မို့ တစ်ယောက်ထဲပဲဖြစ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

"အထဲမှာလူရှိနေတယ် ဒရယ်ဂွန်။"

"အမ ပြန်ရောက်နေတာဖြစ်မယ်။ ရတယ်...ဒီမှာပဲ ကားရပ်လိုက်တော့၊ မင်းတို့ကို သူမြင်သွားရင် ပွားလုံးတွေထုတ်လာဦးမယ်...."

အမနေရောင်ခြည်အကြောင်းကို သူအသိဆုံးမို့ သူမနဲ့အချိန်မတူအောင် ပြန်ပို့ခိုင်းခဲ့သော်လည်း သူမကဦးစွာပြန်ရောက်နှင့်နေသည်ကို သိလိုက်ရတော့ ညီးညူစွာနဲ့ ပြောရင်း အိမ်နှင့်မလှမ်းမကမ်းကပင် ကားပေါ်ကနေ ဆင်းခဲ့လိုက်သည်။

ခြံတံခါးကို ဖွင့်ထားသည်မို့ သူသည် အားလေးတစ်ချက်တောင်မစိုက်ခဲ့ရပဲ ချောချူစွာနဲ့ အိမ်ထဲသို့ဝင်ခဲ့ရသည်။ သို့သော်လည်း ခြံထဲတွင်ရပ်ထားသော ခဲရောင်ပြိုင်ကားလေးကြောင့် သူ့စိတ်ထဲအနည်းငယ်ထင့်သွားသည်။

အကိုလေးများလား လို့ တွေးမိပေမယ့် အမနေခြည်လည်း ဒီလိုကားမျိုးစီးမှာပဲလို့ပဲမှတ်ယူကာ အိမ်ထဲသို့ဆက်လျှောက်ခဲ့သည်။ အိမ်ထဲတွင် လူရိပ်ပင်မမြင်ရသောကြောင့် သူလည်းပဲ အခန်းထဲကိုပဲသွားဖို့ ဆုံးဖြတ်လိုက်သည်။

မွေးပျံ့သော ရနံ့ကြောင့် ခြေလှမ်းတို့ကို မီးဖိုခန်းသို့ဦးတည်ပစ်သည်။ မီိးဖိုခန်းတွင် မြင်လိုက်ရသော အကြင်လူသားကြောင့် သူ့မှာ ခွေယိုင်သွားမည်စိုး၍ အနီးအနားရှိနံရံကို မှီကပ်လိုက်ရသည်။

"အို့....."

စတိတ်ခ်လုပ်နေရင်းမှ မြင်လိုက်ရသည့် ဒရယ်ဂွန်သေးသေးလေးရဲ့ ပုံစံကြောင့် ရောင်ဝါအံ့သြသွားပြီး ချက်ချင်းမှာပဲ လုပ်လက်စများကို သိမ်းဆည်းကာ မီးဖိုနေရာမှထွက်လာခဲ့သည်။

"ဒီကို ရောက်နေတာလား...."
ပြောပြောဆိုဆိုနဲ့ပဲ မတွေ့တာကြာပြီဖြစ်တဲ့ ခန္ဓာကိုယ် သေးသေးလေးကို လက်မောင်းကနေကိုင်ဆွဲကာ ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

အတန်ကြာသည်အထိ ဖျစ်ညှစ်လို့ဖက်ထားပြီးမှ လွတ်ပေးလိုက်ကာ......
"ကြည့်ဦးကွာ ရှိနေတယ်ဆိုတာ ကိုယ့်ကို ကြိုပြောမထားဘူး။"

မေ့...နေရောင်ခြည်နွေးနွေးလေး (Completed)Where stories live. Discover now