#Unicode
တောင်....!
တီဗွီကြည့်နေရင်း ဖုန်းထဲမှnotiတခုကြောင့် ယူကြည့်လိုက်မိသည်။
'Sett Kaung Yan also commented on Paing TaKhon's Post. ' တဲ့။
ပိုင်တံခွန် လွန်ခဲ့တဲ့တနာရီလောက်က တင်ထားသည့်ပုံအောက်မှာ 'ကိုကိုးး'ဆိုပြီး Commentရေးခဲ့တာမို့ ထိုpostမှ Notificationsတွေက တောက်လျှောက်တက်နေသည်။
တခြားဆို၀င်မကြည့်ပေမယ့် 'Sett Kaung Yan'ဆိုသည့်နာမည်ဖြင့် တက်လာသည့်notiလေးကိုတော့ ၀င်ကြည့်လိုက်မိသည်။
လက်မထောင်နေသည့်၀က်ဝံရုပ်stickerလေးကို ပိုင်တံခွန်ရဲ့postအောက်မှာ တွေ့လိုက်ရသည်။
သူကလည်း ကိုပိုင်ရဲ့Fanပါလား.....
ထိုအစ်ကို့Accထဲ ၀င်မွှေနေမိပြန်သည်။ ဘယ်အချိန်ကတည်းကFriendဖြစ်နေခဲ့သလဲတောင် သတိမထားမိခဲ့။
အစ်ကို့မှာ ဆံပင်ကောက်ကောက်တို့ကို ပိုင်ဆိုင်ထားပြီး အသားရည်နို့နှစ်ရောင်လည်း ရှိသည်။ အစ်ကို့ဆီမှ ထူးခြားသည့်အရှိန်အဝါတခုကို ခံစားရသည်။ ဘယ်လိုခိုင်းနှိုင်းရပါ့.....တောက်ပြောင်နေတာမျိုးလား၊ သေချာတော့မဖော်ပြတတ်တော့ပါ။ သို့ပေမယ့် တခုခုတော့ ထူးထူးခြားခြားရှိနေသည်။
အစ်ကိုကလည်း ငါတို့မြို့ကပါပဲလား။ မန္တလေးသား....။
အစ်ကိုက ဆေးကျောင်းသား တစ်ယောက်ပါလားလေ။ ဂျူတီကုတ်၀တ်ဆင်ထားတာမို့ ဂျူနီယာလေးတော့ မဟုတ်နိုင်ချေ။ အစ်ကို့အကြောင်း စိတ်၀င်စားမိပြန်တော့ နီးစပ်ရာ စုံစမ်းဖော်ထုတ်ရပေဦးမည်။
ဟန်ကျလိုက်ပုံများ ငါ့သူငယ်ချင်းရဲ့အစ်ကိုကလည်း ဆေးကျောင်းသားပဲ မဟုတ်ပါလား။
ထိုအစ်ကိုကြီးကိုပဲ ချည်းကပ်ပြီး အစ်ကိုအကြောင်း မေးမြန်းတီးခေါက်ရတာပေါ့။
အစ်ကိုက Final part-2 ကျောင်းသားတစ်ယောက်တဲ့လေ။ ကျောင်းမှာလည်း Top 3၀င်သည်အထိ ထူးချွန်ပါသည်တဲ့။ အစ်ကိုဟာ ရှမ်း၊ဗမာ ကပြားတစ်ယောက်ဖြစ်ပြီး မိသားစုကလည်း ကြီးကြီးတက်ချမ်းသာနေပြန်သည်။
အို....ဒါတွေ ငါစိတ်မ၀င်စားပါဘူးလေ။
နောက်ထပ်သိလိုက်ရသည်က အစ်ကိုဟာ အချေကိုယ်တော်လေးပါတဲ့။ သူ့အနားမှာ အမျိုးသမီးတွေကလိပ်ပြာတွေလို ဝဲနေပေမယ့် သူကတော့ အဖတ်ပင်မလုပ်ပါတဲ့။
ဒါကြောင့် 'ရေခဲခြစ်' လို့ အစ်ကို့နောက်ကွယ်မှာ ခေါ်တတ်ကြသတဲ့။
ဒီလိုလေးကြားရတော့ ငါလည်း ပျော်မိသား။
ငါ့အစ်ကိုက အရှုပ်အရှင်း ကင်းရှင်းတော့ ပျော်မိတာပေါ့။ ဒီခေတ်ထဲမှာ ဒီလိုယောက်ျားမျိုး ရှားနေပြီလေ။ တပြိုင်တည်းမှာပဲ ၀မ်းနည်းရပြန်ပြီ။ အစ်ကို့က ငါ့လို ချာတိတ်မလေးကိုလည်း ချေဦးမှာမလား။
"ဟင်း.....ရင်မောလိုက်တာဗျာ"
အစ်ကိုတို့မန္တလေးဆေးတက္ကသိုလ်ဘေးမှ ကော်ပြန့်ကြော်ဆိုင်သည်ဈေးတန်ပြီး စားကောင်းတာမို့ နာမည်ကြီးသည်လေ။ ငါ့သူငယ်ချင်းနှစ်ယောက်ကို အဖော်ပြုလျက် ဒါကာခံပါမည်ဟုဆိုပြီး အစ်ကို့ကျောင်းပတ်၀န်းကျင်ကို အခြေချမိသည်။
နေ့လည်ခင်းထမင်းစာနားချိန်မို့ ဆေးကျောင်းသားတွေဖြင့် ရှုပ်နေသည်။ ငါ့မှာတော့ တမော့မော့ဖြင့် အစ်ကို့ကို လိုက်ရှာနေမိသည်။
"ဟဲ့ မိုးရယ်....နင့်အစ်ကိုက ဘယ်ဆီနေမှန်းမသိတာကို မတ်တပ် မတ်တပ်နဲ့ မျက်စိကို နောက်တယ်။ လာထိုင်နေပါဟ။"
'မိုး'ဆိုတဲ့ကျွန်မကတော့လေ အဲ့လိုပါပဲ....အစ်ကိုနဲ့ပတ်သက်လာရင် တလောကလုံးကို မေ့လျော့သွားရော။
ကော်ပြန့်ကြော်ရယ်၊အအေးရယ် မှာလိုက်ပြီး ဖုန်းကိုဖွင့်ကာ အကို့ရဲ့Accountထဲမှာ စပ်စုနေမိပြန်သည်။ အစ်ကိုကpostသိပ်မတင်တာမို့ ငါ့မှာ အလွတ်တွေတောင်ရနေပြီ။
"မိုး ဟိုမှာ နင့်အအေးရပြီထင်တယ်။ သွားယူလိုက်ပါလား...."
စားပွဲထိုးလေးကလည်း လက်မလည်တာမို့ ကိုယ်ဘာကိုပဲ ထယူရန် ပြင်ရတော့သည်။
အအေးခွက်ကို လက်အလှမ်း ငါ့လက်နဲ့တခြားလူတစ်ဦး၏လက် ထပ်တူကျသွားသည်။ဖုန်းကို အာရုံရောက်နေတာမို့ ပတ်၀န်းကျင်ကို မေ့လျောမိသွားတာဖြစ်သည်။
"ဟို...sorry!"
ကမှန်းကတန်း မော့ကြည့်လိုက်မှ ......
ဟင်....အစ်ကို။
ဂျူတီကုတ်အဖြူရောင်လေးကို လက်မောင်းမှာချိန်ထားပြီး နားကြပ်ကို ကိုင်ထားသည်။ style pantအမဲရောင်ရယ် အဖြူရောင်တီရှပ်ရယ်ဖြင့် အစ်ကိုဟာ လူကြီးဆန်နေလိုက်ပုံများ။
ငါကတော့ ဂါ၀န်တိုတိုရယ်၊ ခေါင်းထိပ်မှကြက်တောင်စီးရယ်ဖြင့် သူငယ်နာမစင်သေးသယောင်။ ကိုယ့်ဘာကို ပထမဆုံးအကြိမ် သိမ်ငယ်မိသွားခြင်း။
အစ်ကိုက ငါနဲ့မလိုက်ဖက်လိုက်ပုံများ။
"ရပါတယ်....ညီမ မှာထားတာထင်တယ်။ ယူသွားလိုက်ပါ...."
"ဟုတ်ဟုတ်...ကျေးဇူးပါဗျ။"
"အင်း...." ဆိုပြီး ငါ့ကို တချက်တောင်မကြည့်ဘဲ ဆိုင်ရှင်ဘက်ကိုလှည့်ပြီး စကားတွေပြောနေသည်။
"ဟဲ့ရေ....အဲ့တာ နင့်အစ်ကိုမှလား။"
"အင်း..."
"ဟဲ့ တွေ့ချင်လို့ လာတာ တွေ့ရပြီကို ဘာလို့ မှိုင်နေရတာလဲ။"
"နင်တို့ မသိပါဘူးဟာ...."
ပထမဆုံးအကြိမ်မှာတင် ကိုယ်ဘာကို အားငယ်နေမိတာ....
"ရူးပါ့ဟယ်...." တဲ့။
ဟုတ်ပါရဲ့.....အစ်ကိုကြောင့် ရူးနေမိပုံများ။
အစ်ကိုဟာ ဖမ်းစားလွန်းပါသည်။ ငါ့မှာ ရုန်းမထွက်နိုင်တော့သည်အထိ နစ်မြုတ်နေရပြီ။
အစ်ကိုAccountကို ထိုင်ကြည့်လိုက်၊ ဆေးကျောင်းနားမှာ ဝှေ့လည်ကြောင်ပတ်လုပ်လိုက်နဲ့ပဲ အချိန်တွေလည်း ကြာလာပြီ။
အစ်ကိုကတော့ ဂရုမပြုမိသေးပါလေ။
ဒီနေ့လည်း ယောင်လည်လည်ဖြင့် ဆေးကျောင်း၀န်းထဲမှာ ထိုင်စောင့်နေမိပြန်သည်။ တိုက်ဆိုင်တာလား၊ဖူးစာပါသလားတော့ မသိပါလေ...အစ်ကိုက အပေါ်ထပ်ကနေ ပြေးဆင်းလာပြီး ဆိုင်ကယ်stanဘက်ကို တည့်တည့်လျှောက်လာကာ ဆိုင်ကယ်တစ်စီးထဲမှ အထုပ်တစ်ထုပ်ကို လာယူသွားသည်။
ဒါဟာ အစ်ကို့ဆိုင်ကယ်မဟုတ်ပါ။ အစ်ကို့အိမ်က ဆိုင်ကယ်ပေးမစီးကြောင်း၊ကားဖြင့် ကိုယ်တိုင်မောင်းလာတတ်ကြောင်း ငါသိတာပေါ့လေ။ လေ့လာထားရတာပဲဥစ္စာ!
ဒါ ဘယ်သူ့ဆိုင်ကယ်များလဲ။
ထိုအတွေးအမျှင်လေး၏နောက်ကွယ်၌ သ၀န်တိုခြင်းများ ကိန်းအောင်းလာတော့သည်။
ဟင်း.....ပိုင်ဆိုင်ခွင့်မရှိတဲ့ဒီလူသားသက်ရှိလေးအပေါ် လောဘတက်မိနေပြန်ပြီ။
ငါ့နှယ်....ရှေ့ဆက်ဖို့ ခက်ချေတော့မည်။
အစ်ကိုဆိုသည့်ဖြစ်တည်မှုဟာ ငါ့အတွက်တော့ လောဘတက်ဖို့တောင် အခွင့်အရေးမရှိသည့်အနေအထားမျိုး မဟုတ်ပါလား။
ခေါင်းကို တွင်တ္ငင်ကျယ်ကျယ်ခါလျက် ငြင်းဆန်နေမိသည်။
ထိုအချိန် အကြားအာရုံထဲသို့ သီချင်းသံသဲ့သဲ့က ၀င်ရောက်လာသည်။
♫︎♫︎ဆေးကျောင်းထဲက ကောင်ကလေး....
သိပ်ချစ်လွန်းလို့ ငါလိုက်ငေး
ခိုးခိုးပြီးတော့ အကြိမ်ကြိမ်ကြည့်
သူလေ တကယ်ကိုမသိ♫︎♫︎
♫︎♫︎ဆေးကျောင်းထဲသို့ ငါလိုက်သွား
တို့တစ်ယောက်ထဲမို့ အူကြောင်ကြား
မိုးတိုးမတ်တပ် နေရာတကာရပ် ငူငူငိုင်ငိုင်နဲ့♫︎♫︎
♫︎♫︎ကောင်ကလေးရေ
မင်းကို သိပ်ချစ်လို့သာ
တို့မှာ ဒုက္ခများစွာ ရင်ဆိုင်ရ
ဒါပေမယ့်လေ အချစ်ရာ
တို့အတွက် ပြဿနာ မရှိပါ
မင်းနဲ့တွေ့ရင် ပျော်ရွှင်မှာပါ♫︎♫︎
♫︎♫︎စတွေ့မိတဲ့ပုံရိပ်လေး
အခုထိတို့ဖြင့်မမေ့သေး
တွေ့လိုက်တိုင်းလည်း ရင်ခုန်သံလေး
မြန်မြန်လာပြီဟေး♫︎♫︎
♫︎♫︎ဂျူတီကုတ်အဖြူရောင်လေးနဲ့
သိပ်ခန့်တဲ့ကောင်လေးရာ
တို့ရဲ့အသဲကို အမြန်ကုစားပါ
ဆိုင်သူရှိရင် တို့ကို နည်းနည်းလောက်Chanceပေးပါ
သိပ်ချစ်တဲ့ဒေါက်တာလေးရာ...♫︎♫︎
♫︎♫︎ကျောင်းကြီးထဲက ထိုင်ခုံလေး
တို့နဲ့မင်းအတွက်အဖော်လုပ်ပေး
အသိအမှတ်ပြုဖို့
ဒီကောင်မလေး ၀န်ခံပါတယ်လေ
အတန်းရှေ့ဖြတ်လို့ အခါခါရပ်
မျက်စိနောက်လို့အမြင်တွေကပ်
ဒီကို လှောင်ကြမလား♫︎♫︎
သီချင်းသံမှာ တစတစဖြင့် ဝေးကွာသွားမှ အတွေးတို့သည် ပြန်စုစည်းလာတော့သည်။
ငါ့ကိုများ စောင့်ကြည့်ပြီး တေးရေးက ဒီသီချင်းကို ဖန်တီးထားလေသလားလေ။
ဘာ၊ညာလှည့်ကြည့်တော့ ရေခဲခြစ်အသည်ထံမှ ထွက်လာတာကိုး။
ထိုအသည်ဆီ အပြန်ပြေးသွားရင်း.....
"ဦးလေး သမီးကို ရေခဲခြစ် နှစ်ချောင်းလောက်။"
"အေးအေး..."
"ခုနက ဖွင့်တာ ဘာသီချင်းလဲ သိလားဗျ"
"ဪ.....အဲ့သီချင်းနာမည်က 'ဆေးကျောင်းသား' တဲ့။"
"ဟုတ်လား....ကျေးဇူးပါဗျ။"
တထောင်တန်နှစ်ရွက်ချပေးထားခဲ့ပြီး လှည့်ထွက်လာတော့.....
"တူမကြီး ရေခဲခြစ် ယူသွားဦးလေ..."
လှည်းဘေးကနေ စားချင်နေဟန်ရှိသည့်ကလေးလေးကို လက်ညှိုးညွှန်းပြပြီး.....
"ကလေးကိုပဲ ပေးလိုက်တော့နော်။"
ကလေးလေးကလည်း ပြုံးပျော်သွားဟန်။
အင့်!
"ဟင် အစ်ကို!"
အရှေ့မကြည့်ဘဲ ကလေးကို လှည့်ကြည့်ကာ လျှောက်လာတာမို့ အစ်ကို လက်မောင်းဖြင့်တိုက်မိကာ လဲကျလုဆဲဆဲ။
"ညီမ အဆင်ပြေရဲ့လား။"
"ဟုတ်။"
"တောင်းပန်ပါတယ်နော် ညီမ။ ရေခဲခြစ်လှည်း မမှီမှာဆိုးတာနဲ့ ပြေးလာလိုက်မိတာ။"
"ရေခဲခြစ်ကြိုက်တာလား။"
"မဟုတ်ပါဘူး။ အဲ့ရှေ့က ကလေးလေးကို ၀ယ်ကျွေးနေကြမလို့။ ဒီနေ့မှ professorနဲ့စကားမပြတ်လို့ နောက်ကျသွားတယ်။"
"ဟီး....ဒါဆို အစ်ကို စိတ်မပူနဲ့တော့။ ညီမ အဲ့ကလေးလေးကို နှစ်ခုတောင် ဝယ်ကျွေးခဲ့တာ။"
"ဟောဗျာ....ဟုတ်လား။ ဟင်းဟင်း....မွှေးလုံးလေးက ချစ်မွှေးပါတယ်။"
"မွှေးလုံးတဲ့လား။"
"အင်း....သူ့အမေခေါ်တာ ကြားဖူးတာပဲ။ ဒီနားလေးမှာပဲနေတာလေ။ အစ်ကိုက ဒီအချိန်ဆို ၀ယ်ကျွေးနေကျဆိုတော့ ကလေးနဲ့ခင်နေတာ။"
"အစ်ကို က ကလေးချစ်တတ်တာလား။"
"အင်း....ကလေးတွေက ဖြူစင်တယ်လေ။"
"ဟုတ်ပါရဲ့...."
ငါ့နှယ်....တွေးချလိုက်မိသည်က အစ်ကိုက ငါ့ကို အနှီးထုတ်လေးထဲထည့်ပြီး ချီထားသတဲ့။ အဟား...ငါလည်း ဆေးမမှီတော့ဘူးလေ။
ကလေးချစ်တတ်တဲ့အစ်ကို့ကိုတော့ သိပ်သဘောကျမိတာပဲ။
"ညီမ...ညီမ"
"ဗျာ..."
"အစ်ကို အတန်းတက်ရဦးမှာမို့ ခွင့်ပြုပါဦး။"
"ဟုတ်ကဲ့ဗျ"
အစ်ကိုက ပြုံးပြပြီး အေးဆေး လှည့်ထွက်သွားပေမယ့် ငါ့မှာတော့ အတောင့်လိုက် အေးခဲနေခဲ့သည်။ အစ်ကို့အပြုံးကို ပထမဆုံးအကြိမ်မြင်ဖူးတာလေ....ဓာတ်ပုံထဲမှာဖြစ်စေ၊အပြင်မှာဖြစ်စေ အစ်ကို့အပြုံးကို တခါမှ မမြင်ဖူးခဲ့ပါ။
အစ်ကို့ရဲ့နှုတ်ခမ်းအောက်နားလေးမှာ ပါးချိုင့်သေးသေးလေးနှစ်ခုကလည်း လှစ်ခနဲပေါ်သွားသည်။
အို....ငါရင်တွေခုန်လိုက်တာ။
အစ်ကိုသည် ငါ့ကို ထိုအရာလေးနှစ်ခုဖြင့် ထပ်မံဖမ်းစားလိုက်ပြန်ပြီ။ ငါ့မှာလည်း တွယ်ညှိလွယ်လိုက်ပုံများ.....။
အစ်ကိုဆိုသည့်နွံလေးထဲကို ငါ့နှလုံးသားသည် တဆိမ့်ဆိမ့် နစ်၀င်နေမိချေပြီ။ နှလုံးသား စတေးရမည်ကိုတောင် မကြောက်မရွံဖြင့် ကျေနပ်စွာပြုံးနေမိတုန်း။
••••••••••••••••••••••••••••••••••••
တောင်!!!!
Messenger မှ Notiတက်လာပြန်ပြီ။
'Sett Kaung Yan sent you a message. " တဲ့။
ခလွမ်!
ဘုရားရေ.....ငါ့မှာလက်တွေတုန်လို့။ လက်ထဲမှ ရေခွက်ကိုတောင် လွှတ်ချလိုက်မိသည်။
"ဟဲ့ သမီးရေ....ဘာဖြစ်တာတုန်း။"
"ဘာမှမဖြစ်ဘူး မေမေ။"
"ရှပ်ပြာမကတော့လေ..."
မေမေရဲ့အသံကို လျစ်လျူရှူပြီး အိပ်ခန်းထဲသို့ ၀င်လာခဲ့သည်။
အစ်ကိုက တခုခုကို ပို့ထားပြီးမှ ပြန်ဖျက်သွားချေသည်။
'ဘာပို့ထားတာလဲဗျ။'
မျက်မှောင်ကျုံးလျက် ထိုသို့ စာအတိုလေး ပို့လိုက်သည်။
'မှားပြီး Forwardလုပ်လိုက်မိတာပါ။'
'ဪ....ဟုတ်။'
ငါ့ကသာ ရင်တွေတုန်နေတာ။ သူကတော့ မှားတာတဲ့လား။
မျက်နှာကြီးဆူပုတ်ကာ ငိုမဲ့မဲ့ဖြစ်နေချိန် အစ်ကို့ဆီမှ စာလေးနောက်တကြောင်းကြောင့် မှိုရသလိုပြုံးဖြီးလာတော့သည်။
'ညီမက ရေခဲခြစ်ညီမလေးမလား' တဲ့လေ။
ဒါဆို အစ်ကိုဟာ ငါ့ကို မှတ်မိနေတာပေါ့။
'ဟုတ်...'
'ကော်ပြန့်ကြော်ဆိုင်မှာ တွေ့တာရော မှတ်မိလား။'
ဟင်.....အစ်ကိုက ဒါကိုလည်း မှတ်မိတာပဲလား။ ပျော်လွန်းလို့ ဘယ်လိုတုန့်ပြန်ရမလဲတော့ မသိတော့ပါလေ။
'မမှတ်မိဘူး ထင်တယ်။'
'မှတ်မိပါတယ်....နည်းနည်းပြန်စဉ်းစားနေမိလို့။'
'ကျောင်းမှာ ခဏခဏတွေ့တယ်နော်။ သူငယ်ချင်းရှိလို့လား။'
'ဟင့်အင်း....'
ဒီလိုနဲ့ငါတို့နှစ်ယောက်ရဲ့ခင်မင်မှု၏အစပေါ့။
အစ်ကို့ရဲ့Accountမီးစိမ်းလေးကို ထိုင်ကြည့်နေသည့်အဆင့်ကနေ တချို့ညတွေမှာ စကားစမြည်းပြောဖြစ်လာကြသည်။ နေ့တိုင်းတော့ ဘယ်ဟုတ်ပါ့မလဲလေ။ အစ်ကိုဟာ ဆေးကျောင်းသားတစ်ဦးမို့ အချိန်ဘယ်အားပါ့မလဲ။
တနေ့မှာပေါ့....သူငယ်ချင်းက လာခေါ်တာမို့ အစ်ကိုတို့ကျောင်းဘက်ကို တိုက်တိုက်ဆိုင်ဆိုင်ရောက်သွားပြန်ပြီ။
Mercedesအမဲရောင်လေးထဲ၌ လူနှစ်ဦး။ ကောင်လေးက driver seatထိုင်ပြီး ကောင်မလေးက lover seatမှာ ထိုင်နေသည်။
ဒါ အစ်ကို့ရဲ့ကား.....။
ကားထဲမှာနှစ်ယောက်တည်း.....။
ငါ့ရင်ထဲ စုန်ဆန်စီးသလို ရောက်ယက်တွေခတ်လာချေပြီ။
သူငယ်ချင်းတွေလား.....ဟင့်အင်း မဖြစ်နိုင်ဘူး။ အစ်ကို့မှာ သူငယ်ချင်းမှမရှိတာ။ အစ်ကိုက တစ်ယောက်တည်း တသီးတသန့်နေတတ်သူလေ။
အစ်ကို့ရဲ့ကားပေါ်မှာတောင် နေရာရနေပြီဆိုတော့ အစ်ကို့အတွက် Special personဖြစ်လိမ့်မည်။
မျက်နှာလွဲချလိုက်ရင်း ပါးပြင်မှာ စီးကျလာသည့်အပူစီးကြောင်းလေးကို လက်ဖမိုးဖြင့် ဖယ်သုတ်လိုက်သည်။
"ဟဲ့.....နင်ကလည်း မငိုပါနဲ့။ သူငယ်ချင်းတွေပဲ ဖြစ်မှာပါ။"
ကျွန်မရဲ့သူငယ်ချင်းကတော့ ကျွန်မရဲ့အတွေးတွေကို သိနေသည့်အလား ဖြေသိမ့်ပေးရှာသည်။ ကျွန်မလည်း အပြုံးရေးရေးလေးဖြင့် ခေါင်းငြိမ့်ပြလိုက်မှ သူက ကျွန်မပုခုံးကို ပုတ်ပေးနေသည်။
"ဟိုမှာ....ကားပေါ်ကဆင်းလာကြပြီ။ သွားနှုတ်ဆက်လိုက်ပါလား။ ဒါဆို အမှန်တရားကဘာလဲ သိရမှာပေါ့။"
"ဟင့်အင်း....ငါမရင်ဆိုင်ရဲဘူး။"
"မိုးရာ....သွားစမ်းပါ။ ငါပြောမယ် ငါကိုယုံ။ သူတို့ပတ်သက်မှုက ရိုးသားတယ်ဆိုနေ။"
"ဟင့်အင်း"
"မိုး လုပ်စမ်းပါဟာ။"
အနည်းငယ် တွေဝေသွားရပြန်သည်။
"သူတို့တကယ်လို့ နင်ထင်နေသလိုဆိုရင်လည်း နင့်ဘက်က နောက်ဆုတ်လို့ရတာပေါ့ဟ။"
ဒါလည်း ဟုတ်နေတာပဲ။ ပိုင်ရှင်ရှိသည့်အမျိုးသားတစ်ဦးကိုတော့ မစွဲလန်းသင့်ဘူးလေ။ ငါ့စိတ်တွေကို ဖြတ်တောက်ဖို့ရန်အတွက် ဒီအဖြေကို သိမှရမယ်။
လက်သီးသေးသေးလေးကို တင်းတင်းဆုတ်လျက် အစ်ကိုတို့ဆီ တည့်တည့်လျောက်သွားလိုက်သည်။
"ညီမ...."
အစ်ကိုက သူ့ကိုအရင်စပြီး နှုတ်ဆက်လိုက်လေသည်။
"အစ်ကို...."
"ဒီကို လာတာလား။"
"ဟုတ် သူငယ်ချင်းနဲ့အဖော်လိုက်လာရင်း ကော်ပြန့်ကြော်စားချင်လို့လေ။"
"အစ်ကို ၀ယ်ကျွေးမယ် လာ။"
အစ်ကိုက သူ့ဘေးက အမျိုးသမီးကို ထားခဲ့ပြီး ငါနဲ့အတူကော်ပြန့်ကြော်ဆိုင်သို့ လိုက်လာသည်။
"ဟိုအစ်မ...."
"အသိပါ....လမ်းကြုံလို့ လာတွေ့တာလေ။"
"ဟုတ်လား...ဟီး"
ငါ့မှာလည်းနော်...ဟန်မဆောင်နိုင်လောက်သည်အထိ ပျော်မြူးသွားရသည်။
"ဟင်...ဘာတွေသဘောကျနေတာလဲ။"
"ဟင်းအင်း....ဒါနဲ့လေ အစ်ကို့မှာ ဟို...ဟိုလေ"
"အစ်ကို့မှာ ချစ်သူမရှိဘူး။"
"ရှင်..."
အစ်ကိုက ငါ့မေးမည့်အရာကို ကြိုသိနေသည့်အလား ပြန်ဖြေနေသည်။
"ဟားဟား....မျက်လုံးလေးလည်း ထွက်ကျလာပါဦးမယ်ကွာ။"
အစ်ကိုက လွတ်လွတ်လပ်လပ်ကို ပြုံးရီနေတာ။ ပါးချိုင့်လေးနှစ်ဖက်ကလည်း ပေါ်လာလေပြီ။
အင်း.....ငါ့ကမ္ဘာလည်း ရပ်တန့်ချေပြီ။
"အင်း....အစ်ကိုက ညီမရဲ့စိတ်ကို သိတယ်လေ။"
ငါ့မေးခွန်းတွေကို ကြားယောင်နေသည့်အလား ဖြေလေသည်။
"ဟင်...ဘာ..ဘာစိတ်လဲ။"
"အစ်ကို့အချစ်ရေးကို စပ်စုချင်နေတာမဟုတ်လား။"
ဪ....တော်ပါသေးရဲ့။ အစ်ကို့ကို သဘောကျနေတာကိုများ သိသွားသလားလို့ နှာဖူးမှာတောင် ချွေးစက်တို့ရစ်သီသွားရသည်။
အစ်ကိုဟာ တစ်ရူးအနည်းငယ်ကို ယူလိုက်ရင်း ခြေတလှမ်းရှေ့တိုးရင်း ငါ့နှာဖူးကို ဖွဖွလေးသုပ်ပေးနေသည်။
"ငြိမ်ငြိမ်နေလေကွာ..."ဆိုပြီး ငါ့ပုခုံးကို အနည်းငယ်ဆုပ်ကိုင်လာသည်။
စက္ကန့်ပိုင်းမျှ အသက်အောင့်ထားလိုက်ရပြန်ပြီ။
"ချွေးတွေ ထွက်နေရင် မကောင်းဘူးကွ။ အင့် ဒီတစ်ရူးကို ယူထား။"
"ဟုတ်...ကျေးဇူး။"
ငါတို့နှစ်ယောက်ကြား လေထုသည် အနည်းငယ် တိတ်ဆိတ်သွားပြန်ပြီ။ ခဏကြာမှ ကော်ပြန့်ကြော်ကလည်းရလာသည်။
"အချဉ်တွေ သိပ်မစားနဲ့။ ကျန်းမာရေးနဲ့မညီဘူး။"
"ညီမက စားနေကျ အေးဆေး။"
"အစ်ကို့စကား နားထောင်စမ်းပါကွာ။"
အစ်ကိုက မျက်မှောင်ကြုတ်ပြီး ထိုသို့ဆုံးမလေသည်။ ဟုတ်ပါရဲ့....အစ်ကိုက ဆရာဝန်လောင်းပဲလေ။ ဆရာဝန်လောင်းကို ချစ်မိမှတော့ ဂဂျီးဂဂျောင်ကျတာ ခံနိုင်ရမှာပေါ့။
"ဟုတ်" ဆိုပြီး အချဉ်ပန်းကန်ကို လက်ကို မလှမ်းမိတော့။
"သူငယ်ချင်းအတွက်ပါ ပါဆယ်ယူသွားလိုက်။"
"ဟုတ်..."
ထိုနေ့ကစ၍ အစ်ကိုဟာငါ့အပေါ်ကို သိသိသာသာ တိမ်းညွန့်လာသည်။ ညတိုင်းနီးပါ စကားပြောဖြစ်သည်။ အစ်ကိုစာလုပ်နေရလို့ မအားလျှင်တောင် ဖုန်းတော့လှမ်းဆက်တတ်သည်။
ငါ့ကို ဆူငေါက်တတ်သည်။ ဆုံးမတတ်သည်။ ဟိုဟာမလုပ်နှင့်၊ဒီဟာမလုပ်နှင့် ဖြင့် ထိန်းကြောင်းပေးတတ်သည်။ တခါတလေဆို 'ဒီလိုလိမ္မာမှပေါ့။'ဆိုပြီးလည်း ချီးမွမ်းတတ်သေး၏။
အပြင်မှာဆုံတွေ့သည့်အချိန်တွေဆို သူ့ဆုံးမစကားတွေကို မမေ့မလျော့ လိုက်နာနေပါလျှင် 'တော်လိုက်တာ'ဆိုပြီး ငါ့ခေါင်းကို ပွတ်ပေးပြီး ငါ့ဆံပင်တွေကို ထိုးဖွလေ့ရှိသည်။
ငါတို့ဆက်ဆံရေးသည် သာမန်ဆက်ဆံရေးတခု မဟုတ်တော့သည်ကို ငါသတိထားမိလာသည်။
ဟိုတလောက ဆေးကျောင်းအနားမှာပဲ အကို့ကို လာစောင့်တုန်း ကောင်လေးတစ်ယောက်က ရိသဲ့သဲ့လာလုပ်တာမို့ အစ်ကိုနဲ့ရန်ပွဲဖြစ်သွားသေးသည်။
နောက်နေ့ပြန်ကြားရတာတော့ အစ်ကိုဟာ တခါမှရန်မဖြစ်ဖူးပါတဲ့။ တကျောင်းလုံးမှာ ဂယက်ပင်ထသွားသေးသည်တဲ့လေ။
အစ်ကိုကတော့ 'ချစ်သူမထားနဲ့။' ဆိုပြီး ဆူပုတ်ပုတ်ဖြင့် အမိန့်ပေးခဲ့ပြန်သည်။
'ဘာလို့လဲ။' ဆိုပြီး အထွန့်တတ်မေးကြည့်တော့ အစ်ကိုက ဆူပုတ်ပုတ်ဖြင့် 'သ၀န်တိုလို့ပေါ့ကွ။' တဲ့လေ။
အစ်ကို့ကို ဘာမှဆက်မမေးရဲခဲ့ဘူး။ အစ်ကို့ဆီကအဖြေကို မကြားရဲတာဆိုလျှင် ပိုမှန်လိမ့်မည်။
အစ်ကိုနဲ့ငါ့ရဲ့ဆက်ဆံရေးဟာ မောင်နှမတွေလိုလည်းမဟုတ်၊ သူငယ်ချင်း၊မိတ်ဆွေလိုလည်းမဟုတ်၊ ချစ်သူရည်းစားတွေလိုလည်းမဟုတ် မတင်မကျနဲ့ပဲ အချိန်တွေတောင် ကြာလာခဲ့ပြီ။
အစ်ကိုလည်း House surgeonဆင်းနေချေပြီ။
ညနေဘက်တွေဆို အစ်ကို့ရဲ့စီနီယာဖွင့်ထားသည့်ဆေးခန်းမှာ ထိုင်ပေးတတ်သည်။ နေ့ဘက်ဆိုလည်း လူနာတွေကြားထဲမှာပဲ ခေါင်းမဖော်နိုင်အောင် အစ်ကိုကအလုပ်ကြိုးစားတတ်သည်။ Projectတွေလုပ်တဲ့အချိန်ဆို အစ်ကိုဟာ ငါနဲ့နည်းနည်းတောင်ဝေးကွာလာသယောင်။
ညဘက်ကြီး ဖုန်းထမြည်လာသဖြင့် လန့်နိုးလာရသည်။
"မိုး ပြောနေပါတယ်။"
"အစ်ကိုပါ..."
ဟင်...မျက်လုံး ပွတ်သပ်ပြီး ကြည့်လိုက်မှ 'Ako'ဆိုသည့်နာမည်ကို တွေ့ရသည်။
"ဟုတ်...ပြောလေ အစ်ကို။"
"ညီမကို အစ်ကို ချစ်နေမိပြီထင်ပါရဲ့ကွာ။"
"ရှင်...."
အစ်ကိုရဲ့တိုးရှရှအသံကြောင့် ငါ့မှာ မျက်လုံးတွေတောင် ပြူးကျယ်ကုန်တော့သည်။
"ဟင်း...အစ်ကို ညီမကို တကယ်ချစ်နေမိတာ။ ဟား....ကြာတော့ကြာပါပြီ။ စတွေ့ကတည်းကလို့ပဲ ထင်တယ်။ ဂါ၀န်လေးရယ်၊ကြက်တောင်စီးလေးနဲ့ကောင်မလေးကို သဘောကျခဲ့မိတာ။ ညီမနဲ့နီးကပ်လာလေ ညီမရဲ့စိတ်ကို သိလာလေ အစ်ကိုပိုပြီး မြတ်နိုးလာခဲ့တယ်၊တန်ဖိုးထားမိလာတယ်။"
"ရှင်.....ဟို...ညီမလည်း...."
"ရူး.....အစ်ကို့ကို ကျေးဇူးပြုပြီး ဘာမှပြန်မဖြေပါနဲ့ကွာ။ ဒီတိုင်း အစ်ကို ညီမကိုချစ်တာကို သိထားပေးရင်ရပြီ။"
"ဟင်...."
"အလိမ်အညာမပါတာကိုတော့ ယုံပေးပါ ညီမငယ်ရယ်။"
ဖုန်းကျသွားပြီ။
အစ်ကို့ဆီမှအကြားချင်ဆုံးစကားတစ်ခုပါလေ။ သို့သော် အခုကြားရပြန်တော့လည်း လုံး၀ကြီးမပျော်နိုင်သေး။
အစ်ကိုဟာ လျှို့ဝှက်ချက် သိပ်များပါသည်။ ငါကသာ ငါ့အကြောင်းတွေကို ကြက်တူရွေးတစ်ကောင်နှယ် မနားတမ်းပြောပြနေတတ်ပေမယ့် အစ်ကို့အကြောင်းတွေကိုတော့ မသိရပါ။ အစ်ကိုက ငါမေးလျှင်လည်း စကားလမ်းကြောင်းလွှဲစမြဲ။
အခုလည်း အစ်ကို့ရဲ့စိတ်ကို အပြည့်အ၀နားမလည်သေးပါချေ။
••••••••••••••••••••••••••••••••••
'မောင်စဝ်ကောင်းယံ နှင့် မနန်းခမ်းလှိုင် တို့ စေ့စပ်ကြောင်းလမ်းပြီးစီးကြောင်း' ဟူသည့် ခေါင်းစီးကြီးကို ကြည့်ရင်း ငိုင်နေမိသည်။ ဟိုတလောကမှ ငါ့ကို ချစ်ပါတယ်ဆိုသည့်စကားလေးပြော၍ ငါ့အနားကနေ ထွက်ခွာ သွားခဲ့သည်။
အခုတော့လည်း တခြားသူတစ်ဦး စေ့စပ်သွားလေသတဲ့။
အစ်ကိုဟာ ငါ့ကို ကစားသွားခဲ့တာပဲ။ အစ်ကိုဟာ တော်လိုက်တာ။ ကစားသည့်နေရာတွင် သိပ်ကိုပိရိသေချာလွန်းလိုက်ပုံများ....ငါ့မှာ သတိမထားမိဘဲ အကြိမ်ကြိမ်ဒူးထောက်ဦးညွှန့်မိခဲ့ရသည်။
မျက်ရည်ပူတွေကလည်း အဆက်မပြတ် စီးဆင်းလာတော့သည်။ တိတ်သွားအောင် မကြိုးစားမိပါ။ ထိုမျက်ရည်တွေနှင့်အတူ အစ်ကို့အပေါ်ထားသည့်စိတ်ခံစားချက်များကိုပါ စီးမြောလွှတ်ပစ်လိုက်ချင်ပြီ။
အချိန်တခုကြာသည်အထိ ငိုကြွေးရင်း ခံစားချက်တို့အား မြေမြုတ်ဖျက်ဆီးလိုက်ပြီ။
ပါးထက်မှ လက်ကျန်အရည်ပူများကို သုပ်လိုက်ရင်း ခက်မဲ့မဲ့ပြုံးလိုက်မိ၏။
"ငါ့ဘ၀အသစ်က ပြန်စသင့်ပြီ။"
••••••••••••••••••••••••••••••••••••••
၅နှစ်ကြာပြီးနောက်........။
"မေမေ.....အဆင်ပြေရဲ့လား။"
"ပြေပါတယ် သမီးရဲ့။"
ဒူးရင်းသီးတွေ ပေါ်ဦးပေါ်ဖျားဆိုပြီး ကောက်ညုင်းဒရင်းအုန်းနို့စမ်း လုပ်စားလိုက်တာ ဒီနေ့မနက်ကျမှ သွေးတိုးနေပြီးမို့ ဆေးခန်းကို လာခဲ့ရသည်။
ပြနေကျဆေးခန်းကလည်း ပိတ်ထားလေသည်။ ထိုဒေါက်တာနှင့်မေမေကအဆင်ပြေနေသည်ကို။ ဒါနဲ့ ကြားရက်ကြီးကို ဘာလို့များ ပိတ်ထားသလဲမသိပါလေ။
မေမေသည် သိပ်ချေးများသောအမျိုးသမီးကြီးဖြစ်သည် ဟိုဆရာ၀န်ဆြိ၊စိတ်တိုင်းမကျ၊ဒီဆရာ၀န်စိတ်တိုင်းမကျနဲ့မို့ ဒီဆေးခန်းမှာတော့ ဟန်ကျနေသည်ကို ဒီနေ့တော့ ဘယ်ပြေးရမှန်းမသိတော့ချေ။
"သမီး ဟိုဘက်ရပ်ကွက်မှာ ဆေးခန်းဖွင့်ထားတယ် ကြားတယ်။ ဆရာ၀န်လေးကလည်း သဘောကောင်းသလားမမေးနဲ့တဲ့။"
"ဟင် မေမေက ဘယ်လိုသိတာလဲ။"
"မမစမ်းပြောပြတာ။"
"မေမေနဲ့အဆင်ပြေပါ့မလား။"
"သွားကြည့်လိုက်တော့ သိရမှာပေါ့။"
"ဟုတ်ပါပြီဗျာ မေမေ့သဘော။"
ဆေးခန်းဆိုပေမယ့် အပြင်ဆေးခန်းမို့အပျံစားပါလား။ လေးထပ်တိုက်ကြီးဖြင့် ခမ်းခမ်းနားနား။
"ဒီဘက်မှာ လူနာ နာမည်၊အသက် နဲ့တခြားလိုအပ်တာလေးတွေဖြည့်ပြီး တိုကင်လေးယူပေးပါနော်။"
စောင့်နေသည့်လူလည်းမရှိဘဲ တိုကင်ယူခိုင်းတော့ နည်းနည်းတမျိုးဖြစ်သွားသည်။
"ဒေါက်တာက ထမင်းစားနားနေလို့ပါရှင့်။ နေ့လည်တစ်နာရီမှ လူနာပြန်ကြည့်မှာမလို့ပါရှင့်။"
လက်ပတ်နာရီတချက်ကြည့်လိုက်တော့ တစ်နာရီမတ်တင်းနေပြီ။ ဆယ့်ငါးမိနစ်လောက်လိုတော့တာမို့ ထိုင်စောင့်ရန်သာ ဆုံးဖြတ်လိုက်သည်။
တိုကင်ပေးပြီးသိပ်မကြာရင် လူနာတွေ များများလာသည်။
ဟူး....တိုကင် ယူလိုက်တာ မှန်သွားတာပဲ။
နံရံမှ ဒေါက်တာရဲ့နာမည်ကို ဖတ်လိုက်မိသည့်အချိန် ခေတ္တတောင့်တင်းသွားရသည်။
'Sett Kaung Yan (M.B.B.S)' ဆိုပြီး အစချီလျက်အစ်ကို့ဘွဲ့တချို့ကို ထည့်သွင်းရေးထိုးထားသည်။
နာမည်တူတာမဟုတ်နိုင်ပါချေ။ ဒီနာမည်မျိုးကရှားပါးသည်လေ။
အစ်ကိုတောင် Masterတန်းပြီးသွားခဲ့ပြီပဲ။ အင်း....ငါးနှစ်တောင်ကြာခဲ့ပြီကိုး။
(AN/ အရင်စနစ်တုန်းက House surgeonဆင်းပြီးတာနဲ့MBBSဘွဲ့ယူပြီး နိုင်ငံတော်ပိုင်ဆေးရုံမှာ နှစ်နှစ်တာ၀န်ထမ်းဆောင်ပြီးတာနဲ့ Masterတန်းတက်လို့ရပါတယ်ဗျ။ Masterတန်းကနှစ်နှစ်တက်ရတာဆိုတော့ အချိန်အားဖြင့် လေးနှစ်ပဲလိုအပ်ပါတယ်။ အခုလက်ရှိ မအလရဲ့လက်ရှိအခြေအနေ မှာတော့ Masterတန်းတက်ဖို့အတွက်ကို နိုင်ငံပိုင်ဆေးရုံမှာ ငါးနှစ်တာ၀န်ထမ်းဆောင်ရမယ်တဲ့ကွယ်။Masterတန်းပြီးအောင်ထိဆို ခုနှစ်နှစ်လောက်ကြာသွားမှာပေါ့ ငိငိ:< )
"ဒေါ်လဲ့လဲ့မိုး ၀င်လို့ရပါပြီ။"
Nurse၏ခေါ်သံနောက် မေမေကထသွားသည်။
"ဟဲ့ သမီး လာလေ။"
"ရှင် ဟုတ်ဟုတ်။"
အစ်ကိုနဲ့မျက်နှာချင်းမဆိုင်ချင်ပါ။ သို့သော် မေမေကိုလည်း အဖော်ပြုပေးရမှာမို့ တည်ငြိမ်ချင်ယောင်ဆောင်မိသည်။
ငါ့နှလုံးအိမ်ကတော့ တုန်လှုပ်နေတုန်း။ ဒီလောက်ကြာခဲ့သည့်တိုင်အောင် အစ်ကို့ကို ငါဟာမမေ့နိုင်သေးဘူး။ ကြည့်စမ်းပါဦး 'ဒေါ်မိုးသားလဲ့'တို့ အစွဲအလမ်းသိပ်ကြီးပုံများ။
အစ်ကိုကတော့ လက်ထပ်ပြီးလောက်ရောပေါ့။
အစ်ကိုပျော်နေရင် အဆင်ပြေပါတယ်လေ။
လိုက်ကာလေးဖယ်လိုက်ပြီး ၀င်လိုက်တော့ အစ်ကိုဟာ ခန့်ညားနေဆဲ။
Leather shoeတရံသည် ပြောင်လက်နေပြီး ခြေမျက်စိအနားတဝိုက်က ဖြူဖွေးနေကာ အနည်းငယ်ပေါ်နေသည်ခြေဖမိုးသည် သွေးကြောစိမ်းများယှက်ပြေးနေ၏။ ဂျူတီကုတ်အောက်မှ pantအမဲရောင်ကို Gucci beltဖြင့် ပတ်ထားလေသည်။ Rolexနာရီ၀တ်ဆင်ထားသည့်လက်ကောက်၀တ်သည်လည်း သွေးကြောများထောင်ကာ ဆွဲဆောင်လွန်းလှသည်။
ငါ့အကြည့်တို့ကို လွဲချလိုက်ပြီး ကြမ်းပြင်ပေါ်ကို စိုက်ကြည့်လိုက်သည်။
"မိုးသားလဲ့...."
"ဪ....အကို။"
"ညီမ ဘာဖြစ်လို့လဲ။"
"ဟင့်အင်း။ မေမေလေ မနေ့ကအစားမှားပြီး သွေးတက်နေလို့ပါ။"
"ဪ....ဟုတ်ပြီ။"
လုပ်ထုံးလုပ်နည်းအတိုင်း သွေးပေါင်ချိန်။ အပေါ်သွေးကလည်းတက်နေပြီး အောက်သွေးကလည်း တော်တော်တက်နေသည်။ ဆေးတွေပေးပြီး စကားစမြည်ပြောမိတော့သည်။
"ဒေါက်တာလေးနဲ့သမီးကခင်နေတာလား။"
"ဟုတ်တယ် မေမေ။ သမီးရဲ့အသိပါ။"
"ဪ.....ဒီလို ချောချောလေးနဲ့ခင်တာကို မေမေကိုမိတ်ဆက်မပေးဘူး။"
"မေမေ...."
"ဟုတ်ပါရဲ့နော်....ဒီလိုကျက်သရေရှိတဲ့အမေကို ကျွန်တော်နဲ့မိတ်ဆက်မပေးဘူး။"
"အိုကွယ်....ဒေါက်တာလေးက မြောက်နေပြန်ပါပြီ။ ဒေါက်တာလေးမှာ ချစ်သူမရှိဘူးလား။ ရှိမှာပေါ့နော် ဒီလောက်ချောပြီးလူတော်လေးကို...."
"အမေ ဘာတွေမေး..."
"ချစ်သူရှိတယ်ဗျ။ ဒါပေမယ့် သူက ကျွန်တော့်ကိုထားခဲ့တာ။"
ဒါဆို စေ့စပ်ထားတဲ့အစ်မနဲ့လပ်မထပ်ဖြစ်တော့တာလား။ ဟိုအစ်မကသစ္စာဖောက်ခဲ့တာလား။
"ကျွန်တော့်ကို အထင်လွဲသွားတယ်ထင်တယ်။ အဆက်အသွယ်အကုန်ဖြတ်သွားခဲ့တာ။"
"ဘာလို့များလဲကွယ်။"
"ကျွန်တော်တို့နှစ်ယောက်က အချင်းချင်းသိပ်ချစ်ခဲ့ကြတာ။ ချစ်သူတွေတော့ မဟုတ်ခဲ့ပါဘူးဗျာ။ ဒါပေမယ့် ကျွန်တော့်အိမ်က အခြေအနေကြောင့်အမျိုးသမီးတစ်ယောက်နဲ့စေ့စပ်ခဲ့ရတယ်လေ။ အဲ့အမျိုးသမီးကလည်း ချစ်သူရှိတာမို့ စေ့စပ်ပြီးမကြာခင်ပဲ သူ့ချစ်သူနောက်လိုက်သွားခဲ့တာ။ ကျွန်တော်ကပဲကူညီပေးလိုက်တာပေါ့ဗျာ။ ကျွန်တော်လည်း ကျွန်တော့်ချစ်သူကောင်မလေးဆီပြန်လာတော့ သူက ခြေရာဖျောက်သွားတယ်။ အဆက်အသွယ်မရတော့ဘူးဗျ။ ညီမက ခြေရာဖျောက်တဲ့နေရာမှာ သိပ်တော်တာကွာ။"
နောက်ဆုံးကျမှ အကို့က ငါ့ကို တည့်တည့်ကြည့်ပြောလာတာမို့ ငါ့ခေါင်းထဲပူထူသွားသည်။
ဒါဆို တဖက်သတ်အထင်လွှဲနေမိခဲ့တာလား.....
"အစ်ကို....."
"အဲ့ခေါ်သံလေးကို လွမ်းနေခဲ့တာ ညီမငယ်ရဲ့။"
မေမေကလည်း အခုမှ သဘောပေါက်ဟန်၊ရှုပ်ထွေးဟန်ဖြင့် တလှည့်ဆီလိုက်ကြည့်နေသည်။
"အမေ ကျွန်တော် တစ်ခုလောက် တောင်းလို့ရမလား။"
"ပြောလေ ဒေါက်တာလေးရဲ့။"
"အမေရဲ့သမီးကို ပေးလို့ရမလားဗျ။ တသက်လုံး မြတ်မြတ်နိုးနိုးနဲ့စောင့်ရှောက်သွားမှာမို့ ကျွန်တော့်ကို ယုံကြည်ပေးပါ။"
"သမီးလေးလက်ခံရင် အမေက လက်ခံပါတယ်ကွယ်။"
"အစ်ကို...."
"လက်ခံပေးမယ်မလား.....ညီမငယ်။ အစ်ကို့မိဘတွေကို ဖွင့်ပြောပြီး တောင်းရမ်းလက်ထပ်ယူပါ့မယ်ကွာ။"
"စောလွန်းနေတယ်။"
"ငါးနှစ်....အင်း....ငါးနှစ်တောင် ဝေးခဲ့ရပြီးပါပြီ။ အစ်ကို ယုံပေးပါနော်။ အစ်ကို့ကို အရင်လိုပဲ ခံစားချက်ရှိသေးရဲ့လား။"
မေမေ့ဘက်လှည့်ကြည့်တော့ မေမေကလည်း ခေါင်းငြိမ့်ပြီးပြုံးပြနေတာမို့ ငါလည်း မလိမ်ညာချင်တော့ပါဘူး။
"ချစ်တယ် အစ်ကို။ အဲ့နေ့ညကတည်းက ပြောပြချင်ခဲ့တာ။"
"အစ်ကိုလည်း သိပ်ချစ်ရပါတယ် ညီမငယ်ရယ်။"
ချစ်တဲ့ နေကြာငယ်။🌻
#Zawgyi
ေတာင္....!
တီဗြီၾကည့္ေနရင္း ဖုန္းထဲမွnotiတခုေၾကာင့္ ယူၾကည့္လိုက္မိသည္။
'Sett Kaung Yan also commented on Paing TaKhon's Post. ' တဲ့။
ပိုင္တံခြန္ လြန္ခဲ့တဲ့တနာရီေလာက္က တင္ထားသည့္ပုံေအာက္မွာ 'ကိုကိုးး'ဆိုၿပီး Commentေရးခဲ့တာမို႔ ထိုpostမွ Notificationsေတြက ေတာက္ေလွ်ာက္တက္ေနသည္။
တျခားဆို၀င္မၾကည့္ေပမယ့္ 'Sett Kaung Yan'ဆိုသည့္နာမည္ျဖင့္ တက္လာသည့္notiေလးကိုေတာ့ ၀င်ကြည့်လိုက်မိသည်။
လက္မေထာင္ေနသည့္၀က္ဝံ႐ုပ္stickerေလးကို ပိုင္တံခြန္ရဲ႕postေအာက္မွာ ေတြ႕လိုက္ရသည္။
သူကလည္း ကိုပိုင္ရဲ႕Fanပါလား.....
ထိုအစ္ကို႔Accထဲ ၀င်မွှေနေမိပြန်သည်။ ဘယ္အခ်ိန္ကတည္းကFriendျဖစ္ေနခဲ့သလဲေတာင္ သတိမထားမိခဲ့။
အစ္ကို႔မွာ ဆံပင္ေကာက္ေကာက္တို႔ကို ပိုင္ဆိုင္ထားၿပီး အသားရည္နို႔ႏွစ္ေရာင္လည္း ရွိသည္။ အစ္ကို႔ဆီမွ ထူးျခားသည့္အရွိန္အဝါတခုကို ခံစားရသည္။ ဘယ္လိုခိုင္းႏွိုင္းရပါ့.....ေတာက္ေျပာင္ေနတာမ်ိဳးလား၊ ေသခ်ာေတာ့မေဖာ္ျပတတ္ေတာ့ပါ။ သို႔ေပမယ့္ တခုခုေတာ့ ထူးထူးျခားျခားရွိေနသည္။
အစ္ကိုကလည္း ငါတို႔ၿမိဳ႕ကပါပဲလား။ မႏၱေလးသား....။
အစ္ကိုက ေဆးေက်ာင္းသား တစ္ေယာက္ပါလားေလ။ ဂ်ဴတီကုတ္၀တ္ဆင္ထားတာမို႔ ဂ်ဴနီယာေလးေတာ့ မဟုတ္နိုင္ေခ်။ အစ္ကို႔အေၾကာင္း စိတ္၀င္စားမိျပန္ေတာ့ နီးစပ္ရာ စုံစမ္းေဖာ္ထုတ္ရေပဦးမည္။
ဟန္က်လိဳက္ပုံမ်ား ငါ့သူငယ္ခ်င္းရဲ႕အစ္ကိုကလည္း ေဆးေက်ာင္းသားပဲ မဟုတ္ပါလား။
ထိုအစ္ကိုႀကီးကိုပဲ ခ်ည္းကပ္ၿပီး အစ္ကိုအေၾကာင္း ေမးျမန္းတီးေခါက္ရတာေပါ့။
အစ္ကိုက Final part-2 ေက်ာင္းသားတစ္ေယာက္တဲ့ေလ။ ေက်ာင္းမွာလည္း Top 3၀င်သည်အထိ ထူးခြၽန္ပါသည္တဲ့။ အစ္ကိုဟာ ရွမ္း၊ဗမာ ကျပားတစ္ေယာက္ျဖစ္ၿပီး မိသားစုကလည္း ႀကီးႀကီးတက္ခ်မ္းသာေနျပန္သည္။
အို....ဒါေတြ ငါစိတ္မ၀င္စားပါဘူးေလ။
ေနာက္ထပ္သိလိုက္ရသည္က အစ္ကိုဟာ အေခ်ကိဳယ္ေတာ္ေလးပါတဲ့။ သူ႕အနားမွာ အမ်ိဳးသမီးေတြကလိပ္ျပာေတြလို ဝဲေနေပမယ့္ သူကေတာ့ အဖတ္ပင္မလုပ္ပါတဲ့။
ဒါေၾကာင့္ 'ေရခဲျခစ္' လို႔ အစ္ကို႔ေနာက္ကြယ္မွာ ေခၚတတ္ၾကသတဲ့။
ဒီလိုေလးၾကားရေတာ့ ငါလည္း ေပ်ာ္မိသား။
ငါ့အစ္ကိုက အရႈပ္အရွင္း ကင္းရွင္းေတာ့ ေပ်ာ္မိတာေပါ့။ ဒီေခတ္ထဲမွာ ဒီလိုေယာက္်ားမ်ိဳး ရွားေနၿပီေလ။ တၿပိဳင္တည္းမွာပဲ ၀မ်းနည်းရပြန်ပြီ။ အစ္ကို႔က ငါ့လို ခ်ာတိတ္မေလးကိုလည္း ေခ်ဦးမွာမလား။
"ဟင္း.....ရင္ေမာလိုက္တာဗ်ာ"
အစ္ကိုတို႔မႏၱေလးေဆးတကၠသိုလ္ေဘးမွ ေကာ္ျပန႔္ေၾကာ္ဆိုင္သည္ေဈးတန္ၿပီး စားေကာင္းတာမို႔ နာမည္ႀကီးသည္ေလ။ ငါ့သူငယ္ခ်င္းႏွစ္ေယာက္ကို အေဖာ္ျပဳလ်က္ ဒါကာခံပါမည္ဟုဆိုၿပီး အစ္ကို႔ေက်ာင္းပတ္၀န္းက်င္ကို အေျခခ်မိသည္။
ေန႕လည္ခင္းထမင္းစာနားခ်ိန္မို႔ ေဆးေက်ာင္းသားေတြျဖင့္ ရႈပ္ေနသည္။ ငါ့မွာေတာ့ တေမာ့ေမာ့ျဖင့္ အစ္ကို႔ကို လိုက္ရွာေနမိသည္။
"ဟဲ့ မိုးရယ္....နင့္အစ္ကိုက ဘယ္ဆီေနမွန္းမသိတာကို မတ္တပ္ မတ္တပ္နဲ႕ မ်က္စိကို ေနာက္တယ္။ လာထိုင္ေနပါဟ။"
'မိုး'ဆိုတဲ့ကြၽန္မကေတာ့ေလ အဲ့လိုပါပဲ....အစ္ကိုနဲ႕ပတ္သက္လာရင္ တေလာကလုံးကို ေမ့ေလ်ာ့သြားေရာ။
ေကာ္ျပန႔္ေၾကာ္ရယ္၊အေအးရယ္ မွာလိုက္ၿပီး ဖုန္းကိုဖြင့္ကာ အကို႔ရဲ႕Accountထဲမွာ စပ္စုေနမိျပန္သည္။ အစ္ကိုကpostသိပ္မတင္တာမို႔ ငါ့မွာ အလြတ္ေတြေတာင္ရေနၿပီ။
"မိုး ဟိုမွာ နင့္အေအးရၿပီထင္တယ္။ သြားယူလိုက္ပါလား...."
စားပြဲထိုးေလးကလည္း လက္မလည္တာမို႔ ကိုယ္ဘာကိုပဲ ထယူရန္ ျပင္ရေတာ့သည္။
အေအးခြက္ကို လက္အလွမ္း ငါ့လက္နဲ႕တျခားလူတစ္ဦး၏လက္ ထပ္တူက်သြားသည္။ဖုန္းကို အာ႐ုံေရာက္ေနတာမို႔ ပတ္၀န္းက်င္ကို ေမ့ေလ်ာမိသြားတာျဖစ္သည္။
"ဟို...sorry!"
ကမွန္းကတန္း ေမာ့ၾကည့္လိုက္မွ ......
ဟင္....အစ္ကို။
ဂ်ဴတီကုတ္အျဖဴေရာင္ေလးကို လက္ေမာင္းမွာခ်ိန္ထားၿပီး နားၾကပ္ကို ကိုင္ထားသည္။ style pantအမဲေရာင္ရယ္ အျဖဴေရာင္တီရွပ္ရယ္ျဖင့္ အစ္ကိုဟာ လူႀကီးဆန္ေနလိုက္ပုံမ်ား။
ငါကေတာ့ ဂါ၀န္တိုတိုရယ္၊ ေခါင္းထိပ္မွၾကက္ေတာင္စီးရယ္ျဖင့္ သူငယ္နာမစင္ေသးသေယာင္။ ကိုယ့္ဘာကို ပထမဆုံးအႀကိမ္ သိမ္ငယ္မိသြားျခင္း။
အစ္ကိုက ငါနဲ႕မလိုက္ဖက္လိုက္ပုံမ်ား။
"ရပါတယ္....ညီမ မွာထားတာထင္တယ္။ ယူသြားလိုက္ပါ...."
"ဟုတ္ဟုတ္...ေက်းဇူးပါဗ်။"
"အင္း...." ဆိုၿပီး ငါ့ကို တခ်က္ေတာင္မၾကည့္ဘဲ ဆိုင္ရွင္ဘက္ကိုလွည့္ၿပီး စကားေတြေျပာေနသည္။
"ဟဲ့ေရ....အဲ့တာ နင့္အစ္ကိုမွလား။"
"အင္း..."
"ဟဲ့ ေတြ႕ခ်င္လို႔ လာတာ ေတြ႕ရၿပီကို ဘာလို႔ မွိုင္ေနရတာလဲ။"
"နင္တို႔ မသိပါဘူးဟာ...."
ပထမဆုံးအႀကိမ္မွာတင္ ကိုယ္ဘာကို အားငယ္ေနမိတာ....
"႐ူးပါ့ဟယ္...." တဲ့။
ဟုတ္ပါရဲ႕.....အစ္ကိုေၾကာင့္ ႐ူးေနမိပုံမ်ား။
အစ္ကိုဟာ ဖမ္းစားလြန္းပါသည္။ ငါ့မွာ ႐ုန္းမထြက္နိုင္ေတာ့သည္အထိ နစ္ျမဳတ္ေနရၿပီ။
အစ္ကိုAccountကို ထိုင္ၾကည့္လိုက္၊ ေဆးေက်ာင္းနားမွာ ေဝွ႕လည္ေၾကာင္ပတ္လုပ္လိုက္နဲ႕ပဲ အခ်ိန္ေတြလည္း ၾကာလာၿပီ။
အစ္ကိုကေတာ့ ဂ႐ုမျပဳမိေသးပါေလ။
ဒီေန႕လည္း ေယာင္လည္လည္ျဖင့္ ေဆးေက်ာင္း၀န္းထဲမွာ ထိုင္ေစာင့္ေနမိျပန္သည္။ တိုက္ဆိုင္တာလား၊ဖူးစာပါသလားေတာ့ မသိပါေလ...အစ္ကိုက အေပၚထပ္ကေန ေျပးဆင္းလာၿပီး ဆိုင္ကယ္stanဘက္ကို တည့္တည့္ေလွ်ာက္လာကာ ဆိုင္ကယ္တစ္စီးထဲမွ အထုပ္တစ္ထုပ္ကို လာယူသြားသည္။
ဒါဟာ အစ္ကို႔ဆိုင္ကယ္မဟုတ္ပါ။ အစ္ကို႔အိမ္က ဆိုင္ကယ္ေပးမစီးေၾကာင္း၊ကားျဖင့္ ကိုယ္တိုင္ေမာင္းလာတတ္ေၾကာင္း ငါသိတာေပါ့ေလ။ ေလ့လာထားရတာပဲဥစၥာ!
ဒါ ဘယ္သူ႕ဆိုင္ကယ္မ်ားလဲ။
ထိုအေတြးအမွ်င္ေလး၏ေနာက္ကြယ္၌ သ၀န္တိုျခင္းမ်ား ကိန္းေအာင္းလာေတာ့သည္။
ဟင္း.....ပိုင္ဆိုင္ခြင့္မရွိတဲ့ဒီလူသားသက္ရွိေလးအေပၚ ေလာဘတက္မိေနျပန္ၿပီ။
ငါ့ႏွယ္....ေရွ႕ဆက္ဖို႔ ခက္ေခ်ေတာ့မည္။
အစ္ကိုဆိုသည့္ျဖစ္တည္မႈဟာ ငါ့အတြက္ေတာ့ ေလာဘတက္ဖို႔ေတာင္ အခြင့္အေရးမရွိသည့္အေနအထားမ်ိဳး မဟုတ္ပါလား။
ေခါင္းကို တြင္တ္ငင္က်ယ္က်ယ္ခါလ်က္ ျငင္းဆန္ေနမိသည္။
ထိုအခ်ိန္ အၾကားအာ႐ုံထဲသို႔ သီခ်င္းသံသဲ့သဲ့က ၀င်ရောက်လာသည်။
ေဆးေက်ာင္းထဲက ေကာင္ကေလး....
သိပ္ခ်စ္လြန္းလို႔ ငါလိုက္ေငး
ခိုးခိုးၿပီးေတာ့ အႀကိမ္ႀကိမ္ၾကည့္
သူေလ တကယ္ကိုမသိ
ေဆးေက်ာင္းထဲသို႔ ငါလိုက္သြား
တို႔တစ္ေယာက္ထဲမို႔ အူေၾကာင္ၾကား
မိုးတိုးမတ္တပ္ ေနရာတကာရပ္ ငူငူငိုင္ငိုင္နဲ႕
ေကာင္ကေလးေရ
မင္းကို သိပ္ခ်စ္လို႔သာ
တို႔မွာ ဒုကၡမ်ားစြာ ရင္ဆိုင္ရ
ဒါေပမယ့္ေလ အခ်စ္ရာ
တို႔အတြက္ ျပႆနာ မရွိပါ
မင္းနဲ႕ေတြ႕ရင္ ေပ်ာ္႐ႊင္မွာပါ
စေတြ႕မိတဲ့ပုံရိပ္ေလး
အခုထိတို႔ျဖင့္မေမ့ေသး
ေတြ႕လိုက္တိုင္းလည္း ရင္ခုန္သံေလး
ျမန္ျမန္လာၿပီေဟး
ဂ်ဴတီကုတ္အျဖဴေရာင္ေလးနဲ႕
သိပ္ခန႔္တဲ့ေကာင္ေလးရာ
တို႔ရဲ႕အသဲကို အျမန္ကုစားပါ
ဆိုင္သူရွိရင္ တို႔ကို နည္းနည္းေလာက္Chanceေပးပါ
သိပ္ခ်စ္တဲ့ေဒါက္တာေလးရာ...
ေက်ာင္းႀကီးထဲက ထိုင္ခုံေလး
တို႔နဲ႕မင္းအတြက္အေဖာ္လုပ္ေပး
အသိအမွတ္ျပဳဖို႔
ဒီေကာင္မေလး ၀န်ခံပါတယ်လေ
အတန္းေရွ႕ျဖတ္လို႔ အခါခါရပ္
မ်က္စိေနာက္လို႔အျမင္ေတြကပ္
ဒီကို ေလွာင္ၾကမလား
သီခ်င္းသံမွာ တစတစျဖင့္ ေဝးကြာသြားမွ အေတြးတို႔သည္ ျပန္စုစည္းလာေတာ့သည္။
ငါ့ကိုမ်ား ေစာင့္ၾကည့္ၿပီး ေတးေရးက ဒီသီခ်င္းကို ဖန္တီးထားေလသလားေလ။
ဘာ၊ညာလွည့္ၾကည့္ေတာ့ ေရခဲျခစ္အသည္ထံမွ ထြက္လာတာကိုး။
ထိုအသည္ဆီ အျပန္ေျပးသြားရင္း.....
"ဦးေလး သမီးကို ေရခဲျခစ္ ႏွစ္ေခ်ာင္းေလာက္။"
"ေအးေအး..."
"ခုနက ဖြင့္တာ ဘာသီခ်င္းလဲ သိလားဗ်"
"ဪ.....အဲ့သီခ်င္းနာမည္က 'ေဆးေက်ာင္းသား' တဲ့။"
"ဟုတ္လား....ေက်းဇူးပါဗ်။"
တေထာင္တန္ႏွစ္႐ြက္ခ်ေပးထားခဲ့ၿပီး လွည့္ထြက္လာေတာ့.....
"တူမႀကီး ေရခဲျခစ္ ယူသြားဦးေလ..."
လွည္းေဘးကေန စားခ်င္ေနဟန္ရွိသည့္ကေလးေလးကို လက္ညွိုးၫႊန္းျပၿပီး.....
"ကေလးကိုပဲ ေပးလိုက္ေတာ့ေနာ္။"
ကေလးေလးကလည္း ၿပဳံးေပ်ာ္သြားဟန္။
အင့္!
"ဟင္ အစ္ကို!"
အေရွ႕မၾကည့္ဘဲ ကေလးကို လွည့္ၾကည့္ကာ ေလွ်ာက္လာတာမို႔ အစ္ကို လက္ေမာင္းျဖင့္တိုက္မိကာ လဲက်လဳဆဲဆဲ။
"ညီမ အဆင္ေျပရဲ႕လား။"
"ဟုတ္။"
"ေတာင္းပန္ပါတယ္ေနာ္ ညီမ။ ေရခဲျခစ္လွည္း မမွီမွာဆိုးတာနဲ႕ ေျပးလာလိုက္မိတာ။"
"ေရခဲျခစ္ႀကိဳက္တာလား။"
"မဟုတ္ပါဘူး။ အဲ့ေရွ႕က ကေလးေလးကို ၀ယ်ကျွေးနေကြမလို့။ ဒီေန႕မွ professorနဲ႕စကားမျပတ္လို႔ ေနာက္က်သြားတယ္။"
"ဟီး....ဒါဆို အစ္ကို စိတ္မပူနဲ႕ေတာ့။ ညီမ အဲ့ကေလးေလးကို ႏွစ္ခုေတာင္ ဝယ္ေကြၽးခဲ့တာ။"
"ေဟာဗ်ာ....ဟုတ္လား။ ဟင္းဟင္း....ေမႊးလုံးေလးက ခ်စ္ေမႊးပါတယ္။"
"ေမႊးလုံးတဲ့လား။"
"အင္း....သူ႕အေမေခၚတာ ၾကားဖူးတာပဲ။ ဒီနားေလးမွာပဲေနတာေလ။ အစ္ကိုက ဒီအခ်ိန္ဆို ၀ယ်ကျွေးနေကျဆိုတော့ ကေလးနဲ႕ခင္ေနတာ။"
"အစ္ကို က ကေလးခ်စ္တတ္တာလား။"
"အင္း....ကေလးေတြက ျဖဴစင္တယ္ေလ။"
"ဟုတ္ပါရဲ႕...."
ငါ့ႏွယ္....ေတြးခ်လိဳက္မိသည္က အစ္ကိုက ငါ့ကို အႏွီးထုတ္ေလးထဲထည့္ၿပီး ခ်ီထားသတဲ့။ အဟား...ငါလည္း ေဆးမမွီေတာ့ဘူးေလ။
ကေလးခ်စ္တတ္တဲ့အစ္ကို႔ကိုေတာ့ သိပ္သေဘာက်မိတာပဲ။
"ညီမ...ညီမ"
"ဗ်ာ..."
"အစ္ကို အတန္းတက္ရဦးမွာမို႔ ခြင့္ျပဳပါဦး။"
"ဟုတ္ကဲ့ဗ်"
အစ္ကိုက ၿပဳံးျပၿပီး ေအးေဆး လွည့္ထြက္သြားေပမယ့္ ငါ့မွာေတာ့ အေတာင့္လိုက္ ေအးခဲေနခဲ့သည္။ အစ္ကို႔အၿပဳံးကို ပထမဆုံးအႀကိမ္ျမင္ဖူးတာေလ....ဓာတ္ပုံထဲမွာျဖစ္ေစ၊အျပင္မွာျဖစ္ေစ အစ္ကို႔အၿပဳံးကို တခါမွ မျမင္ဖူးခဲ့ပါ။
အစ္ကို႔ရဲ႕ႏႈတ္ခမ္းေအာက္နားေလးမွာ ပါးခ်ိဳင့္ေသးေသးေလးႏွစ္ခုကလည္း လွစ္ခနဲေပၚသြားသည္။
အို....ငါရင္ေတြခုန္လိုက္တာ။
အစ္ကိုသည္ ငါ့ကို ထိုအရာေလးႏွစ္ခုျဖင့္ ထပ္မံဖမ္းစားလိုက္ျပန္ၿပီ။ ငါ့မွာလည္း တြယ္ညွိလြယ္လိုက္ပုံမ်ား.....။
အစ္ကိုဆိုသည့္ႏြံေလးထဲကို ငါ့ႏွလုံးသားသည္ တဆိမ့္ဆိမ့္ နစ္၀င္ေနမိေခ်ၿပီ။ ႏွလုံးသား စေတးရမည္ကိုေတာင္ မေၾကာက္မ႐ြံျဖင့္ ေက်နပ္စြာၿပဳံးေနမိတုန္း။
ေတာင္!!!!
Messenger မွ Notiတက္လာျပန္ၿပီ။
'Sett Kaung Yan sent you a message. " တဲ့။
ခလြမ္!
ဘုရားေရ.....ငါ့မွာလက္ေတြတုန္လို႔။ လက္ထဲမွ ေရခြက္ကိုေတာင္ လႊတ္ခ်လိဳက္မိသည္။
"ဟဲ့ သမီးေရ....ဘာျဖစ္တာတုန္း။"
"ဘာမွမျဖစ္ဘူး ေမေမ။"
"ရွပ္ျပာမကေတာ့ေလ..."
ေမေမရဲ႕အသံကို လ်စ္လ်ဴရႉၿပီး အိပ္ခန္းထဲသို႔ ၀င်လာခဲ့သည်။
အစ္ကိုက တခုခုကို ပို႔ထားၿပီးမွ ျပန္ဖ်က္သြားေခ်သည္။
'ဘာပို႔ထားတာလဲဗ်။'
မ်က္ေမွာင္က်ဳံးလ်က္ ထိုသို႔ စာအတိုေလး ပို႔လိုက္သည္။
'မွားၿပီး Forwardလုပ္လိုက္မိတာပါ။'
'ဪ....ဟုတ္။'
ငါ့ကသာ ရင္ေတြတုန္ေနတာ။ သူကေတာ့ မွားတာတဲ့လား။
မ်က္ႏွာႀကီးဆူပုတ္ကာ ငိုမဲ့မဲ့ျဖစ္ေနခ်ိန္ အစ္ကို႔ဆီမွ စာေလးေနာက္တေၾကာင္းေၾကာင့္ မွိုရသလိုၿပဳံးၿဖီးလာေတာ့သည္။
'ညီမက ေရခဲျခစ္ညီမေလးမလား' တဲ့ေလ။
ဒါဆို အစ္ကိုဟာ ငါ့ကို မွတ္မိေနတာေပါ့။
'ဟုတ္...'
'ေကာ္ျပန႔္ေၾကာ္ဆိုင္မွာ ေတြ႕တာေရာ မွတ္မိလား။'
ဟင္.....အစ္ကိုက ဒါကိုလည္း မွတ္မိတာပဲလား။ ေပ်ာ္လြန္းလို႔ ဘယ္လိုတုန႔္ျပန္ရမလဲေတာ့ မသိေတာ့ပါေလ။
'မမွတ္မိဘူး ထင္တယ္။'
'မွတ္မိပါတယ္....နည္းနည္းျပန္စဥ္းစားေနမိလို႔။'
'ေက်ာင္းမွာ ခဏခဏေတြ႕တယ္ေနာ္။ သူငယ္ခ်င္းရွိလို႔လား။'
'ဟင့္အင္း....'
ဒီလိုနဲ႕ငါတို႔ႏွစ္ေယာက္ရဲ႕ခင္မင္မႈ၏အစေပါ့။
အစ္ကို႔ရဲ႕Accountမီးစိမ္းေလးကို ထိုင္ၾကည့္ေနသည့္အဆင့္ကေန တခ်ိဳ႕ညေတြမွာ စကားစျမည္းေျပာျဖစ္လာၾကသည္။ ေန႕တိုင္းေတာ့ ဘယ္ဟုတ္ပါ့မလဲေလ။ အစ္ကိုဟာ ေဆးေက်ာင္းသားတစ္ဦးမို႔ အခ်ိန္ဘယ္အားပါ့မလဲ။
တေန႕မွာေပါ့....သူငယ္ခ်င္းက လာေခၚတာမို႔ အစ္ကိုတို႔ေက်ာင္းဘက္ကို တိုက္တိုက္ဆိုင္ဆိုင္ေရာက္သြားျပန္ၿပီ။
Mercedesအမဲေရာင္ေလးထဲ၌ လူႏွစ္ဦး။ ေကာင္ေလးက driver seatထိုင္ၿပီး ေကာင္မေလးက lover seatမွာ ထိုင္ေနသည္။
ဒါ အစ္ကို႔ရဲ႕ကား.....။
ကားထဲမွာႏွစ္ေယာက္တည္း.....။
ငါ့ရင္ထဲ စုန္ဆန္စီးသလို ေရာက္ယက္ေတြခတ္လာေခ်ၿပီ။
သူငယ္ခ်င္းေတြလား.....ဟင့္အင္း မျဖစ္နိုင္ဘူး။ အစ္ကို႔မွာ သူငယ္ခ်င္းမွမရွိတာ။ အစ္ကိုက တစ္ေယာက္တည္း တသီးတသန႔္ေနတတ္သူေလ။
အစ္ကို႔ရဲ႕ကားေပၚမွာေတာင္ ေနရာရေနၿပီဆိုေတာ့ အစ္ကို႔အတြက္ Special personျဖစ္လိမ့္မည္။
မ်က္ႏွာလြဲခ်လိဳက္ရင္း ပါးျပင္မွာ စီးက်လာသည့္အပူစီးေၾကာင္းေလးကို လက္ဖမိုးျဖင့္ ဖယ္သုတ္လိုက္သည္။
"ဟဲ့.....နင္ကလည္း မငိုပါနဲ႕။ သူငယ္ခ်င္းေတြပဲ ျဖစ္မွာပါ။"
ကြၽန္မရဲ႕သူငယ္ခ်င္းကေတာ့ ကြၽန္မရဲ႕အေတြးေတြကို သိေနသည့္အလား ေျဖသိမ့္ေပးရွာသည္။ ကြၽန္မလည္း အၿပဳံးေရးေရးေလးျဖင့္ ေခါင္းၿငိမ့္ျပလိုက္မွ သူက ကြၽန္မပုခုံးကို ပုတ္ေပးေနသည္။
"ဟိုမွာ....ကားေပၚကဆင္းလာၾကၿပီ။ သြားႏႈတ္ဆက္လိုက္ပါလား။ ဒါဆို အမွန္တရားကဘာလဲ သိရမွာေပါ့။"
"ဟင့္အင္း....ငါမရင္ဆိုင္ရဲဘူး။"
"မိုးရာ....သြားစမ္းပါ။ ငါေျပာမယ္ ငါကိုယုံ။ သူတို႔ပတ္သက္မႈက ရိုးသားတယ္ဆိုေန။"
"ဟင့္အင္း"
"မိုး လုပ္စမ္းပါဟာ။"
အနည္းငယ္ ေတြေဝသြားရျပန္သည္။
"သူတို႔တကယ္လို႔ နင္ထင္ေနသလိုဆိုရင္လည္း နင့္ဘက္က ေနာက္ဆုတ္လို႔ရတာေပါ့ဟ။"
ဒါလည္း ဟုတ္ေနတာပဲ။ ပိုင္ရွင္ရွိသည့္အမ်ိဳးသားတစ္ဦးကိုေတာ့ မစြဲလန္းသင့္ဘူးေလ။ ငါ့စိတ္ေတြကို ျဖတ္ေတာက္ဖို႔ရန္အတြက္ ဒီအေျဖကို သိမွရမယ္။
လက္သီးေသးေသးေလးကို တင္းတင္းဆုတ္လ်က္ အစ္ကိုတို႔ဆီ တည့္တည့္ေလ်ာက္သြားလိုက္သည္။
"ညီမ...."
အစ္ကိုက သူ႕ကိုအရင္စၿပီး ႏႈတ္ဆက္လိုက္ေလသည္။
"အစ္ကို...."
"ဒီကို လာတာလား။"
"ဟုတ္ သူငယ္ခ်င္းနဲ႕အေဖာ္လိုက္လာရင္း ေကာ္ျပန႔္ေၾကာ္စားခ်င္လို႔ေလ။"
"အစ္ကို ၀ယ်ကျွေးမယ် လာ။"
အစ္ကိုက သူ႕ေဘးက အမ်ိဳးသမီးကို ထားခဲ့ၿပီး ငါနဲ႕အတူေကာ္ျပန႔္ေၾကာ္ဆိုင္သို႔ လိုက္လာသည္။
"ဟိုအစ္မ...."
"အသိပါ....လမ္းႀကဳံလို႔ လာေတြ႕တာေလ။"
"ဟုတ္လား...ဟီး"
ငါ့မွာလည္းေနာ္...ဟန္မေဆာင္နိုင္ေလာက္သည္အထိ ေပ်ာ္ျမဴးသြားရသည္။
"ဟင္...ဘာေတြသေဘာက်ေနတာလဲ။"
"ဟင္းအင္း....ဒါနဲ႕ေလ အစ္ကို႔မွာ ဟို...ဟိုေလ"
"အစ္ကို႔မွာ ခ်စ္သူမရွိဘူး။"
"ရွင္..."
အစ္ကိုက ငါ့ေမးမည့္အရာကို ႀကိဳသိေနသည့္အလား ျပန္ေျဖေနသည္။
"ဟားဟား....မ်က္လုံးေလးလည္း ထြက္က်လာပါဦးမယ္ကြာ။"
အစ္ကိုက လြတ္လြတ္လပ္လပ္ကို ၿပဳံးရီေနတာ။ ပါးခ်ိဳင့္ေလးႏွစ္ဖက္ကလည္း ေပၚလာေလၿပီ။
အင္း.....ငါ့ကမၻာလည္း ရပ္တန႔္ေခ်ၿပီ။
"အင္း....အစ္ကိုက ညီမရဲ႕စိတ္ကို သိတယ္ေလ။"
ငါ့ေမးခြန္းေတြကို ၾကားေယာင္ေနသည့္အလား ေျဖေလသည္။
"ဟင္...ဘာ..ဘာစိတ္လဲ။"
"အစ္ကို႔အခ်စ္ေရးကို စပ္စုခ်င္ေနတာမဟုတ္လား။"
ဪ....ေတာ္ပါေသးရဲ႕။ အစ္ကို႔ကို သေဘာက်ေနတာကိုမ်ား သိသြားသလားလို႔ ႏွာဖူးမွာေတာင္ ေခြၽးစက္တို႔ရစ္သီသြားရသည္။
အစ္ကိုဟာ တစ္႐ူးအနည္းငယ္ကို ယူလိုက္ရင္း ေျခတလွမ္းေရွ႕တိုးရင္း ငါ့ႏွာဖူးကို ဖြဖြေလးသုပ္ေပးေနသည္။
"ၿငိမ္ၿငိမ္ေနေလကြာ..."ဆိုၿပီး ငါ့ပုခုံးကို အနည္းငယ္ဆုပ္ကိုင္လာသည္။
စကၠန႔္ပိုင္းမွ် အသက္ေအာင့္ထားလိုက္ရျပန္ၿပီ။
"ေခြၽးေတြ ထြက္ေနရင္ မေကာင္းဘူးကြ။ အင့္ ဒီတစ္႐ူးကို ယူထား။"
"ဟုတ္...ေက်းဇူး။"
ငါတို႔ႏွစ္ေယာက္ၾကား ေလထုသည္ အနည္းငယ္ တိတ္ဆိတ္သြားျပန္ၿပီ။ ခဏၾကာမွ ေကာ္ျပန႔္ေၾကာ္ကလည္းရလာသည္။
"အခ်ဥ္ေတြ သိပ္မစားနဲ႕။ က်န္းမာေရးနဲ႕မညီဘူး။"
"ညီမက စားေနက် ေအးေဆး။"
"အစ္ကို႔စကား နားေထာင္စမ္းပါကြာ။"
အစ္ကိုက မ်က္ေမွာင္ၾကဳတ္ၿပီး ထိုသို႔ဆုံးမေလသည္။ ဟုတ္ပါရဲ႕....အစ္ကိုက ဆရာဝန္ေလာင္းပဲေလ။ ဆရာဝန္ေလာင္းကို ခ်စ္မိမွေတာ့ ဂဂ်ီးဂေဂ်ာင္က်တာ ခံနိုင္ရမွာေပါ့။
"ဟုတ္" ဆိုၿပီး အခ်ဥ္ပန္းကန္ကို လက္ကို မလွမ္းမိေတာ့။
"သူငယ္ခ်င္းအတြက္ပါ ပါဆယ္ယူသြားလိုက္။"
"ဟုတ္..."
ထိုေန႕ကစ၍ အစ္ကိုဟာငါ့အေပၚကို သိသိသာသာ တိမ္းၫြန့္လာသည္။ ညတိုင္းနီးပါ စကားေျပာျဖစ္သည္။ အစ္ကိုစာလုပ္ေနရလို႔ မအားလွ်င္ေတာင္ ဖုန္းေတာ့လွမ္းဆက္တတ္သည္။
ငါ့ကို ဆူေငါက္တတ္သည္။ ဆုံးမတတ္သည္။ ဟိုဟာမလုပ္ႏွင့္၊ဒီဟာမလုပ္ႏွင့္ ျဖင့္ ထိန္းေၾကာင္းေပးတတ္သည္။ တခါတေလဆို 'ဒီလိုလိမၼာမွေပါ့။'ဆိုၿပီးလည္း ခ်ီးမြမ္းတတ္ေသး၏။
အျပင္မွာဆုံေတြ႕သည့္အခ်ိန္ေတြဆို သူ႕ဆုံးမစကားေတြကို မေမ့မေလ်ာ့ လိုက္နာေနပါလွ်င္ 'ေတာ္လိုက္တာ'ဆိုၿပီး ငါ့ေခါင္းကို ပြတ္ေပးၿပီး ငါ့ဆံပင္ေတြကို ထိုးဖြေလ့ရွိသည္။
ငါတို႔ဆက္ဆံေရးသည္ သာမန္ဆက္ဆံေရးတခု မဟုတ္ေတာ့သည္ကို ငါသတိထားမိလာသည္။
ဟိုတေလာက ေဆးေက်ာင္းအနားမွာပဲ အကို႔ကို လာေစာင့္တုန္း ေကာင္ေလးတစ္ေယာက္က ရိသဲ့သဲ့လာလုပ္တာမို႔ အစ္ကိုနဲ႕ရန္ပြဲျဖစ္သြားေသးသည္။
ေနာက္ေန႕ျပန္ၾကားရတာေတာ့ အစ္ကိုဟာ တခါမွရန္မျဖစ္ဖူးပါတဲ့။ တေက်ာင္းလုံးမွာ ဂယက္ပင္ထသြားေသးသည္တဲ့ေလ။
အစ္ကိုကေတာ့ 'ခ်စ္သူမထားနဲ႕။' ဆိုၿပီး ဆူပုတ္ပုတ္ျဖင့္ အမိန႔္ေပးခဲ့ျပန္သည္။
'ဘာလို႔လဲ။' ဆိုၿပီး အထြန႔္တတ္ေမးၾကည့္ေတာ့ အစ္ကိုက ဆူပုတ္ပုတ္ျဖင့္ 'သ၀န္တိုလို႔ေပါ့ကြ။' တဲ့ေလ။
အစ္ကို႔ကို ဘာမွဆက္မေမးရဲခဲ့ဘူး။ အစ္ကို႔ဆီကအေျဖကို မၾကားရဲတာဆိုလွ်င္ ပိုမွန္လိမ့္မည္။
အစ္ကိုနဲ႕ငါ့ရဲ႕ဆက္ဆံေရးဟာ ေမာင္ႏွမေတြလိုလည္းမဟုတ္၊ သူငယ္ခ်င္း၊မိတ္ေဆြလိုလည္းမဟုတ္၊ ခ်စ္သူရည္းစားေတြလိုလည္းမဟုတ္ မတင္မက်နဲ႕ပဲ အခ်ိန္ေတြေတာင္ ၾကာလာခဲ့ၿပီ။
အစ္ကိုလည္း House surgeonဆင္းေနေခ်ၿပီ။
ညေနဘက္ေတြဆို အစ္ကို႔ရဲ႕စီနီယာဖြင့္ထားသည့္ေဆးခန္းမွာ ထိုင္ေပးတတ္သည္။ ေန႕ဘက္ဆိုလည္း လူနာေတြၾကားထဲမွာပဲ ေခါင္းမေဖာ္နိုင္ေအာင္ အစ္ကိုကအလုပ္ႀကိဳးစားတတ္သည္။ Projectေတြလုပ္တဲ့အခ်ိန္ဆို အစ္ကိုဟာ ငါနဲ႕နည္းနည္းေတာင္ေဝးကြာလာသေယာင္။
ညဘက္ႀကီး ဖုန္းထျမည္လာသျဖင့္ လန႔္နိုးလာရသည္။
"မိုး ေျပာေနပါတယ္။"
"အစ္ကိုပါ..."
ဟင္...မ်က္လုံး ပြတ္သပ္ၿပီး ၾကည့္လိုက္မွ 'Ako'ဆိုသည့္နာမည္ကို ေတြ႕ရသည္။
"ဟုတ္...ေျပာေလ အစ္ကို။"
"ညီမကို အစ္ကို ခ်စ္ေနမိၿပီထင္ပါရဲ႕ကြာ။"
"ရွင္...."
အစ္ကိုရဲ႕တိုးရွရွအသံေၾကာင့္ ငါ့မွာ မ်က္လုံးေတြေတာင္ ျပဴးက်ယ္ကုန္ေတာ့သည္။
"ဟင္း...အစ္ကို ညီမကို တကယ္ခ်စ္ေနမိတာ။ ဟား....ၾကာေတာ့ၾကာပါၿပီ။ စေတြ႕ကတည္းကလို႔ပဲ ထင္တယ္။ ဂါ၀န္ေလးရယ္၊ၾကက္ေတာင္စီးေလးနဲ႕ေကာင္မေလးကို သေဘာက်ခဲ့မိတာ။ ညီမနဲ႕နီးကပ္လာေလ ညီမရဲ႕စိတ္ကို သိလာေလ အစ္ကိုပိုၿပီး ျမတ္နိုးလာခဲ့တယ္၊တန္ဖိုးထားမိလာတယ္။"
"ရွင္.....ဟို...ညီမလည္း...."
"႐ူး.....အစ္ကို႔ကို ေက်းဇူးျပဳၿပီး ဘာမွျပန္မေျဖပါနဲ႕ကြာ။ ဒီတိုင္း အစ္ကို ညီမကိုခ်စ္တာကို သိထားေပးရင္ရၿပီ။"
"ဟင္...."
"အလိမ္အညာမပါတာကိုေတာ့ ယုံေပးပါ ညီမငယ္ရယ္။"
ဖုန္းက်သြားၿပီ။
အစ္ကို႔ဆီမွအၾကားခ်င္ဆုံးစကားတစ္ခုပါေလ။ သို႔ေသာ္ အခုၾကားရျပန္ေတာ့လည္း လုံး၀ႀကီးမေပ်ာ္နိုင္ေသး။
အစ္ကိုဟာ လွ်ို႔ဝွက္ခ်က္ သိပ္မ်ားပါသည္။ ငါကသာ ငါ့အေၾကာင္းေတြကို ၾကက္တူေ႐ြးတစ္ေကာင္ႏွယ္ မနားတမ္းေျပာျပေနတတ္ေပမယ့္ အစ္ကို႔အေၾကာင္းေတြကိုေတာ့ မသိရပါ။ အစ္ကိုက ငါေမးလွ်င္လည္း စကားလမ္းေၾကာင္းလႊဲစၿမဲ။
အခုလည္း အစ္ကို႔ရဲ႕စိတ္ကို အျပည့္အ၀နားမလည္ေသးပါေခ်။
'ေမာင္စဝ္ေကာင္းယံ ႏွင့္ မနန္းခမ္းလွိုင္ တို႔ ေစ့စပ္ေၾကာင္းလမ္းၿပီးစီးေၾကာင္း' ဟူသည့္ ေခါင္းစီးႀကီးကို ၾကည့္ရင္း ငိုင္ေနမိသည္။ ဟိုတေလာကမွ ငါ့ကို ခ်စ္ပါတယ္ဆိုသည့္စကားေလးေျပာ၍ ငါ့အနားကေန ထြက္ခြာ သြားခဲ့သည္။
အခုေတာ့လည္း တျခားသူတစ္ဦး ေစ့စပ္သြားေလသတဲ့။
အစ္ကိုဟာ ငါ့ကို ကစားသြားခဲ့တာပဲ။ အစ္ကိုဟာ ေတာ္လိုက္တာ။ ကစားသည့္ေနရာတြင္ သိပ္ကိုပိရိေသခ်ာလြန္းလိုက္ပုံမ်ား....ငါ့မွာ သတိမထားမိဘဲ အႀကိမ္ႀကိမ္ဒူးေထာက္ဦးၫႊန႔္မိခဲ့ရသည္။
မ်က္ရည္ပူေတြကလည္း အဆက္မျပတ္ စီးဆင္းလာေတာ့သည္။ တိတ္သြားေအာင္ မႀကိဳးစားမိပါ။ ထိုမ်က္ရည္ေတြႏွင့္အတူ အစ္ကို႔အေပၚထားသည့္စိတ္ခံစားခ်က္မ်ားကိုပါ စီးေျမာလႊတ္ပစ္လိုက္ခ်င္ၿပီ။
အခ်ိန္တခုၾကာသည္အထိ ငိုေႂကြးရင္း ခံစားခ်က္တို႔အား ေျမျမဳတ္ဖ်က္ဆီးလိုက္ၿပီ။
ပါးထက္မွ လက္က်န္အရည္ပူမ်ားကို သုပ္လိုက္ရင္း ခက္မဲ့မဲ့ၿပဳံးလိုက္မိ၏။
"ငါ့ဘ၀အသစ္က ျပန္စသင့္ၿပီ။"
၅ႏွစ္ၾကာၿပီးေနာက္........။
"ေမေမ.....အဆင္ေျပရဲ႕လား။"
"ေျပပါတယ္ သမီးရဲ႕။"
ဒူးရင္းသီးေတြ ေပၚဦးေပၚဖ်ားဆိုၿပီး ေကာက္ၫုင္းဒရင္းအုန္းနို႔စမ္း လုပ္စားလိုက္တာ ဒီေန႕မနက္က်မွ ေသြးတိုးေနၿပီးမို႔ ေဆးခန္းကို လာခဲ့ရသည္။
ျပေနက်ေဆးခန္းကလည္း ပိတ္ထားေလသည္။ ထိုေဒါက္တာႏွင့္ေမေမကအဆင္ေျပေနသည္ကို။ ဒါနဲ႕ ၾကားရက္ႀကီးကို ဘာလို႔မ်ား ပိတ္ထားသလဲမသိပါေလ။
ေမေမသည္ သိပ္ေခ်းမ်ားေသာအမ်ိဳးသမီးႀကီးျဖစ္သည္ ဟိုဆရာ၀န္ႀဆိ၊စိတ္တိုင္းမက်၊ဒီဆရာ၀န္စိတ္တိုင္းမက်နဲ႕မို႔ ဒီေဆးခန္းမွာေတာ့ ဟန္က်ေနသည္ကို ဒီေန႕ေတာ့ ဘယ္ေျပးရမွန္းမသိေတာ့ေခ်။
"သမီး ဟိုဘက္ရပ္ကြက္မွာ ေဆးခန္းဖြင့္ထားတယ္ ၾကားတယ္။ ဆရာ၀န္ေလးကလည္း သေဘာေကာင္းသလားမေမးနဲ႕တဲ့။"
"ဟင္ ေမေမက ဘယ္လိုသိတာလဲ။"
"မမစမ္းေျပာျပတာ။"
"ေမေမနဲ႕အဆင္ေျပပါ့မလား။"
"သြားၾကည့္လိုက္ေတာ့ သိရမွာေပါ့။"
"ဟုတ္ပါၿပီဗ်ာ ေမေမ့သေဘာ။"
ေဆးခန္းဆိုေပမယ့္ အျပင္ေဆးခန္းမို႔အပ်ံစားပါလား။ ေလးထပ္တိုက္ႀကီးျဖင့္ ခမ္းခမ္းနားနား။
"ဒီဘက္မွာ လူနာ နာမည္၊အသက္ နဲ႕တျခားလိုအပ္တာေလးေတြျဖည့္ၿပီး တိုကင္ေလးယူေပးပါေနာ္။"
ေစာင့္ေနသည့္လူလည္းမရွိဘဲ တိုကင္ယူခိုင္းေတာ့ နည္းနည္းတမ်ိဳးျဖစ္သြားသည္။
"ေဒါက္တာက ထမင္းစားနားေနလို႔ပါရွင့္။ ေန႕လည္တစ္နာရီမွ လူနာျပန္ၾကည့္မွာမလို႔ပါရွင့္။"
လက္ပတ္နာရီတခ်က္ၾကည့္လိုက္ေတာ့ တစ္နာရီမတ္တင္းေနၿပီ။ ဆယ့္ငါးမိနစ္ေလာက္လိုေတာ့တာမို႔ ထိုင္ေစာင့္ရန္သာ ဆုံးျဖတ္လိုက္သည္။
တိုကင္ေပးၿပီးသိပ္မၾကာရင္ လူနာေတြ မ်ားမ်ားလာသည္။
ဟူး....တိုကင္ ယူလိုက္တာ မွန္သြားတာပဲ။
နံရံမွ ေဒါက္တာရဲ႕နာမည္ကို ဖတ္လိုက္မိသည့္အခ်ိန္ ေခတၱေတာင့္တင္းသြားရသည္။
'Sett Kaung Yan (M.B.B.S)' ဆိုၿပီး အစခ်ီလ်က္အစ္ကို႔ဘြဲ႕တခ်ိဳ႕ကို ထည့္သြင္းေရးထိုးထားသည္။
နာမည္တူတာမဟုတ္နိုင္ပါေခ်။ ဒီနာမည္မ်ိဳးကရွားပါးသည္ေလ။
အစ္ကိုေတာင္ Masterတန္းၿပီးသြားခဲ့ၿပီပဲ။ အင္း....ငါးႏွစ္ေတာင္ၾကာခဲ့ၿပီကိုး။
(AN/ အရင္စနစ္တုန္းက House surgeonဆင္းၿပီးတာနဲ႕MBBSဘြဲ႕ယူၿပီး နိုင္ငံေတာ္ပိုင္ေဆး႐ုံမွာ ႏွစ္ႏွစ္တာ၀န္ထမ္းေဆာင္ၿပီးတာနဲ႕ Masterတန္းတက္လို႔ရပါတယ္ဗ်။ Masterတန္းကႏွစ္ႏွစ္တက္ရတာဆိုေတာ့ အခ်ိန္အားျဖင့္ ေလးႏွစ္ပဲလိုအပ္ပါတယ္။ အခုလက္ရွိ မအလရဲ႕လက္ရွိအေျခအေန မွာေတာ့ Masterတန္းတက္ဖို႔အတြက္ကို နိုင္ငံပိုင္ေဆး႐ုံမွာ ငါးႏွစ္တာ၀န္ထမ္းေဆာင္ရမယ္တဲ့ကြယ္။Masterတန္းၿပီးေအာင္ထိဆို ခုႏွစ္ႏွစ္ေလာက္ၾကာသြားမွာေပါ့ ငိငိ:< )
"ေဒၚလဲ့လဲ့မိုး ၀င်လို့ရပါပြီ။"
Nurse၏ေခၚသံေနာက္ ေမေမကထသြားသည္။
"ဟဲ့ သမီး လာေလ။"
"ရွင္ ဟုတ္ဟုတ္။"
အစ္ကိုနဲ႕မ်က္ႏွာခ်င္းမဆိုင္ခ်င္ပါ။ သို႔ေသာ္ ေမေမကိုလည္း အေဖာ္ျပဳေပးရမွာမို႔ တည္ၿငိမ္ခ်င္ေယာင္ေဆာင္မိသည္။
ငါ့ႏွလုံးအိမ္ကေတာ့ တုန္လႈပ္ေနတုန္း။ ဒီေလာက္ၾကာခဲ့သည့္တိုင္ေအာင္ အစ္ကို႔ကို ငါဟာမေမ့နိုင္ေသးဘူး။ ၾကည့္စမ္းပါဦး 'ေဒၚမိုးသားလဲ့'တို႔ အစြဲအလမ္းသိပ္ႀကီးပုံမ်ား။
အစ္ကိုကေတာ့ လက္ထပ္ၿပီးေလာက္ေရာေပါ့။
အစ္ကိုေပ်ာ္ေနရင္ အဆင္ေျပပါတယ္ေလ။
လိုက္ကာေလးဖယ္လိုက္ၿပီး ၀င်လိုက်တော့ အစ္ကိုဟာ ခန႔္ညားေနဆဲ။
Leather shoeတရံသည္ ေျပာင္လက္ေနၿပီး ေျခမ်က္စိအနားတဝိုက္က ျဖဴေဖြးေနကာ အနည္းငယ္ေပၚေနသည္ေျခဖမိုးသည္ ေသြးေၾကာစိမ္းမ်ားယွက္ေျပးေန၏။ ဂ်ဴတီကုတ္ေအာက္မွ pantအမဲေရာင္ကို Gucci beltျဖင့္ ပတ္ထားေလသည္။ Rolexနာရီ၀တ္ဆင္ထားသည့္လက္ေကာက္၀တ္သည္လည္း ေသြးေၾကာမ်ားေထာင္ကာ ဆြဲေဆာင္လြန္းလွသည္။
ငါ့အၾကည့္တို႔ကို လြဲခ်လိဳက္ၿပီး ၾကမ္းျပင္ေပၚကို စိုက္ၾကည့္လိုက္သည္။
"မိုးသားလဲ့...."
"ဪ....အကို။"
"ညီမ ဘာျဖစ္လို႔လဲ။"
"ဟင့္အင္း။ ေမေမေလ မေန႕ကအစားမွားၿပီး ေသြးတက္ေနလို႔ပါ။"
"ဪ....ဟုတ္ၿပီ။"
လုပ္ထုံးလုပ္နည္းအတိုင္း ေသြးေပါင္ခ်ိန္။ အေပၚေသြးကလည္းတက္ေနၿပီး ေအာက္ေသြးကလည္း ေတာ္ေတာ္တက္ေနသည္။ ေဆးေတြေပးၿပီး စကားစျမည္ေျပာမိေတာ့သည္။
"ေဒါက္တာေလးနဲ႕သမီးကခင္ေနတာလား။"
"ဟုတ္တယ္ ေမေမ။ သမီးရဲ႕အသိပါ။"
"ဪ.....ဒီလို ေခ်ာေခ်ာေလးနဲ႕ခင္တာကို ေမေမကိုမိတ္ဆက္မေပးဘူး။"
"ေမေမ...."
"ဟုတ္ပါရဲ႕ေနာ္....ဒီလိုက်က္သေရရွိတဲ့အေမကို ကြၽန္ေတာ္နဲ႕မိတ္ဆက္မေပးဘူး။"
"အိုကြယ္....ေဒါက္တာေလးက ေျမာက္ေနျပန္ပါၿပီ။ ေဒါက္တာေလးမွာ ခ်စ္သူမရွိဘူးလား။ ရွိမွာေပါ့ေနာ္ ဒီေလာက္ေခ်ာၿပီးလူေတာ္ေလးကို...."
"အေမ ဘာေတြေမး..."
"ခ်စ္သူရွိတယ္ဗ်။ ဒါေပမယ့္ သူက ကြၽန္ေတာ့္ကိုထားခဲ့တာ။"
ဒါဆို ေစ့စပ္ထားတဲ့အစ္မနဲ႕လပ္မထပ္ျဖစ္ေတာ့တာလား။ ဟိုအစ္မကသစၥာေဖာက္ခဲ့တာလား။
"ကြၽန္ေတာ့္ကို အထင္လြဲသြားတယ္ထင္တယ္။ အဆက္အသြယ္အကုန္ျဖတ္သြားခဲ့တာ။"
"ဘာလို႔မ်ားလဲကြယ္။"
"ကြၽန္ေတာ္တို႔ႏွစ္ေယာက္က အခ်င္းခ်င္းသိပ္ခ်စ္ခဲ့ၾကတာ။ ခ်စ္သူေတြေတာ့ မဟုတ္ခဲ့ပါဘူးဗ်ာ။ ဒါေပမယ့္ ကြၽန္ေတာ့္အိမ္က အေျခအေနေၾကာင့္အမ်ိဳးသမီးတစ္ေယာက္နဲ႕ေစ့စပ္ခဲ့ရတယ္ေလ။ အဲ့အမ်ိဳးသမီးကလည္း ခ်စ္သူရွိတာမို႔ ေစ့စပ္ၿပီးမၾကာခင္ပဲ သူ႕ခ်စ္သူေနာက္လိုက္သြားခဲ့တာ။ ကြၽန္ေတာ္ကပဲကူညီေပးလိုက္တာေပါ့ဗ်ာ။ ကြၽန္ေတာ္လည္း ကြၽန္ေတာ့္ခ်စ္သူေကာင္မေလးဆီျပန္လာေတာ့ သူက ေျခရာေဖ်ာက္သြားတယ္။ အဆက္အသြယ္မရေတာ့ဘူးဗ်။ ညီမက ေျခရာေဖ်ာက္တဲ့ေနရာမွာ သိပ္ေတာ္တာကြာ။"
ေနာက္ဆုံးက်မွ အကို႔က ငါ့ကို တည့္တည့္ၾကည့္ေျပာလာတာမို႔ ငါ့ေခါင္းထဲပူထူသြားသည္။
ဒါဆို တဖက္သတ္အထင္လႊဲေနမိခဲ့တာလား.....
"အစ္ကို....."
"အဲ့ေခၚသံေလးကို လြမ္းေနခဲ့တာ ညီမငယ္ရဲ႕။"
ေမေမကလည္း အခုမွ သေဘာေပါက္ဟန္၊ရႈပ္ေထြးဟန္ျဖင့္ တလွည့္ဆီလိုက္ၾကည့္ေနသည္။
"အေမ ကြၽန္ေတာ္ တစ္ခုေလာက္ ေတာင္းလို႔ရမလား။"
"ေျပာေလ ေဒါက္တာေလးရဲ႕။"
"အေမရဲ႕သမီးကို ေပးလို႔ရမလားဗ်။ တသက္လုံး ျမတ္ျမတ္နိုးနိုးနဲ႕ေစာင့္ေရွာက္သြားမွာမို႔ ကြၽန္ေတာ့္ကို ယုံၾကည္ေပးပါ။"
"သမီးေလးလက္ခံရင္ အေမက လက္ခံပါတယ္ကြယ္။"
"အစ္ကို...."
"လက္ခံေပးမယ္မလား.....ညီမငယ္။ အစ္ကို႔မိဘေတြကို ဖြင့္ေျပာၿပီး ေတာင္းရမ္းလက္ထပ္ယူပါ့မယ္ကြာ။"
"ေစာလြန္းေနတယ္။"
"ငါးႏွစ္....အင္း....ငါးႏွစ္ေတာင္ ေဝးခဲ့ရၿပီးပါၿပီ။ အစ္ကို ယုံေပးပါေနာ္။ အစ္ကို႔ကို အရင္လိုပဲ ခံစားခ်က္ရွိေသးရဲ႕လား။"
ေမေမ့ဘက္လွည့္ၾကည့္ေတာ့ ေမေမကလည္း ေခါင္းၿငိမ့္ၿပီးၿပဳံးျပေနတာမို႔ ငါလည္း မလိမ္ညာခ်င္ေတာ့ပါဘူး။
"ခ်စ္တယ္ အစ္ကို။ အဲ့ေန႕ညကတည္းက ေျပာျပခ်င္ခဲ့တာ။"
"အစ္ကိုလည္း သိပ္ခ်စ္ရပါတယ္ ညီမငယ္ရယ္။"
ခ်စ္တဲ့ ေနၾကာငယ္။🌻