Worship Me, I Can Make You Ri...

By XiaoMaoMao55

505K 95.5K 3.9K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... More

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 3 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 21 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 28 (U+Z)
Chapter 29 (U+Z)
Chapter 30 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 33 (U+Z)
Chapter 34 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 38 (U+Z)
Chapter 39 (U+Z)
Chapter 40 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 43 (U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 46 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 55 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 64 - Extra 1 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)
Chapter 67: Extra 4 (U+Z)- End

Chapter 58 (U+Z)

5.3K 1.1K 119
By XiaoMaoMao55

-Unicode-

အခန်း ၅၈: ငါ့မှာ တန်ခိုးစွမ်းအင်ရှိပြီး မင်းမှာ သိပ္ပံနဲ့ နည်းပညာရှိတယ်

ကောင်းကင်က မည်းမှောင်ပြီး အုံ့မှိုင်းနေလိုက်တာဆိုတာ မိုးပြိုကျလာတော့မလိုပဲ။

မိုးခြိမ်းသံက ဘီလူးကြီးတစ်ကောင် ဒီကမ္ဘာမြေပေါ်ကို အတားအဆီးမဲ့ လွတ်ထွက်လာတော့မဲ့အတိုင်း တဂျိန်းဂျိန်းမြည်ဟည်းနေတယ်။ လျှပ်စီးတွေကလည်း ပင့်ကူအိမ်ရဲ့ ရှုပ်ထွေးပွေလီနေတဲ့ကွန်ရက်တစ်ခုလိုပဲ မျက်စိစူးမတတ် ထပ်ခါထပ်ခါ တဖျပ်ဖျပ်လက်နေတယ်။

အခု နေ့လယ် ၂ နာရီထိုးပြီ။ ဒါပေမဲ့ အဲဒီက ကောင်းကင်ယံကတော့ စုပ်ဝဲကြီးတစ်ခုအလား ဖြစ်ပေါ်နေတယ်။ မြေပြင်ပေါ်မှာ အမှောင်ယံက ကြီးစိုးထားပြီး လူသားတွေကို အရင်က တစ်ခါမှ မကြုံဖူး၊ မခံစားဖူးတဲ့ ဖိစီးမှုမျိုးကို သူတို့ရဲ့နှလုံးသားအောက်ခြေထိတောင် ခိုက်နေအောင် ခံစားရစေတယ်။

ကြယ်အစုအဝေးခေတ်မှာ ဒီလိုမျိုး အနှောင့်အယှက်ဖြစ်စေတဲ့ ရာသီဥတုမျိုးက တကယ်တမ်း အလွန်ရှားပါးတယ်။ အထူးသဖြင့် မြို့တော်ဂြိုလ်မှာပေါ့။ ရာသီဥတုဆိုးဆိုးရွားရွား ကျခါနီးပြီဆိုတိုင်း အလုပ်သမားတွေက ကြိုတင်ပြီး အထိအခိုက်အန္တရာယ်နည်းပါးအောင် ကြိုတင်ပြင်ဆင်တတ်ကြတယ်။

လုံးဝစုံးစုံးမြုပ်သွားတဲ့ ကမ္ဘာမြေကြီးကိုလည်း ဥပမာအနေနဲ့ယူပြီး အခုဆိုရင် လူသားတွေက သူတို့နေထိုင်နေတဲ့ ဂြိုလ်ကို အတော်လေး ချစ်ခင်မြတ်နိုး တန်ဖိုးထားလာကြပြီ။ ပတ်ဝန်းကျင်ကိုလည်း တော်တော်လေး ကောင်းကောင်းမွန်မွန် ကာကွယ်ထားတယ်။

အဲဒါကြောင့် ဒီလိုရုတ်တရက် ပြင်းထန်တဲ့ရာသီဥတုမျိုး ဖြစ်လာတဲ့အခါ မြို့တော်ဂြိုလ်ရဲ့ မိုးလေဝသသတင်းအချက်အလက်ဌာနက တော်တော်လေး စိုးရိမ်ပူပန်သွားတယ်။

သို့ပေမဲ့ ချန်ကျင့်ရွှယ်က ကျိုးကျိုးရဲ့ အရင်က ညွှန်ကြားချက်ကို မှတ်မိနေသေးတယ်။ တကယ်လို့ သူ ရှောင်ဖော့လန်ကို အဝေးကို ခေါ်မသွားနိုင်ရင် လူတွေကို စွန့်ခွာခိုင်းဖို့ လုပ်ရမယ်။

ဒါက ဂြိုလ်သားအင်းဆက်တွေရဲ့ အလုံးအရင်းကျူးကျော်ဝင်ရောက်မှုကြီးလိုမျိုး ခံစားနေရပြီး ချန့်ကျင့်ရွှယ်ရဲ့ရင်ကို အထိတ်တလန့်နဲ့ ခုန်နေစေတယ်။ သူက ညွှန်ကြားထားတဲ့အတိုင်းပဲ လုပ်ပေးနိုင်တယ်။

ကျိုးကျိုး အပြေးရောက်လာတော့ ရှောင်ဖော့လန်က ပြောရမယ်ဆိုရင် ခြေပစ်လက်ပစ်ကို ဖြစ်နေပြီ။

ရှောင်ဖော့လန်က ကျိုးကျိုးရဲ့ တန်ခိုးစွမ်းအင်နဲ့ ထိတွေ့မိတဲ့အတွက် မိစ္ဆာအဖြစ်ပြောင်းသွားခဲ့တာဖြစ်တယ်။ သူက ကျိုးကျိုးနောက်ကို နေ့တိုင်း လျှောက်ပတ်လိုက်နေတဲ့ အချက်ကိုပါ ပေါင်းထည့်ကြည့်လိုက်ရင် သူက ကျိုးကျိုးရဲ့ တန်ခိုးစွမ်းအင်တွေကို စုပ်ယူနေခဲ့တာပဲ။ ကျိုးကျိုးရဲ့ ကိုယ်ကနေ မရရင် သူ့ရဲ့ နတ်ဘုရားပုံတော်ကနေ စုပ်ယူနေခဲ့တာ။

အခုဆို သူ့မှာ စွမ်းအင်တွေ ပိုလျှံနေအောင်ရှိပေမဲ့ ဘယ်လိုအသုံးချရမလဲဆိုတာ မသိတဲ့ အခြေအနေမျိုးကို ရောက်နေတယ်။

အဲဒါကြောင့် ရှောင်ဖော့လန်ကိုတွေ့တော့ ကျိုးကျိုးက တော်တော်လေး အပြစ်ရှိသလို ခံစားလိုက်ရတယ်။ "တောင်းပန်ပါတယ် ရှောင်ဖော့လန်.. ငါမင်းကို ဘယ်လိုကျင့်ကြံအားထုတ်ရမလဲတောင် မသင်ပေးခဲ့ဘူး"

သူက ရှောင်ဖော့လန်ကို ပွေ့ချီပြီး လူသူမရှိတဲ့နေရာဆီကို ပြေးတော့တယ်။

သို့ပေမဲ့ သူဘယ်ကိုပဲပြေးပြေး မိုးကြိုးစစ်ဆေးချက်က ရှောင်ဖော့လန်ဆီကိုပဲ ပစ်မှတ်ထားနေတယ်။

အခုတော့ ရှောင်ဖော့လန်လည်းပဲ သဘောပေါက်သွားပြီ။ မိစ္ဆာတစ်ကောင်ဖြစ်လာပြီးနောက် အလွန်ဂုဏ်ယူဝံ့ကြွားနေခဲ့တဲ့သူက အခုတော့ နည်းနည်း ဇဝေဇဝါ ခံစားနေရတယ်။ "သခင် ကျွန်တော် ကောင်းကင်ဘုံစစ်ဆေးချက်ကို ရင်ဆိုင်ရတော့မှာလား"

ကျွမ်းကျိုးက ပြေးလွှားရင်း ပြောလာတယ်။ "ဟုတ်တယ် မင်းရဲ့စွမ်းအားတွေက အကန့်အသတ်တစ်ခုကို ရောက်နေပြီ။ လူသားတစ်ယောက်ဖြစ်ဖို့အတွက် စစ်ဆေးချက်နဲ့ ရင်ဆိုင်ရမယ်"

အဲဒါကြောင့်ပဲ သူက အပြစ်မကင်းသလိုခံစားနေရတာပဲ။ သူ ရှောင်ဖော့လန်ကို ကျင့်ကြံအားထုတ်ဖို့ မသင်ပေးခဲ့ဘူး။

ဒါကိုကြားတော့ ရှောင်ဖော့လန်က လုံးဝကို မပျော်ရွှင်တော့ဘူး။ အဲဒီအစား သူက အရမ်းစိတ်လှုပ်ရှားလာတယ်။ "သခင် ထွက်သွားမှရမယ်လေ!"

ရှောင်ဖော့လန်က ကျိုးကျိုးကြောင့် အသက်ဝင်လာခဲ့တာ။ သူက ကျိုးကျိုးရဲ့ တန်ခိုးစွမ်းအင်တွေကိုလည်း စုပ်ယူနေခဲ့တယ်။ သူဆက်ခံရရှိထားသမျှ အသိပညာတွေအကုန်လုံးကလည်း ကျွမ်းကျိုးက ပေးခဲ့တာ။ အဲဒါကြောင့် သူက ကမ္ဘာမြေဟောင်းယဉ်ကျေးမှုကိုလည်း ကောင်းကောင်းကြီး နားလည်ထားတယ်။

နားလည်ထားလို့ပဲ ရှောင်ဖော့လန်က ရုတ်တရက် မှတ်မိသွားတယ်။ မိုးကြိုးစစ်ဆေးချက်က အားကြီးမှုအပေါ်လိုက်ပြီး အလျှော့အတင်းရှိတယ်။ အားကြီးတဲ့သူကို စစ်ဆေးရင် အားပြင်းတယ်။ အားနည်းတဲ့လူကို စစ်ဆေးရင် အားလျော့တယ်။ နောက်ပြီး စစ်ဆေးမှုမှာ ဘေးကမဆိုင်တဲ့သူတွေကိုလည်း ထိခိုက်နိုင်သေးတယ်။

ဥပမာ စစ်ဆေးချက်ကို ကြုံရတဲ့သူက အစက ရှောင်ဖော့လန်ကိုယ်တိုင်ပဲ။ သို့ပေမဲ့ တကယ်လို့ တစ်ယောက်ယောက်က ကူညီပေးဖို့ ကြိုးစားရင် ရှောင်ဖော့လန်ကို ကူညီတဲ့သူကလည်း မိုးကြိုးစစ်ဆေးချက်ထဲ ရောပါသွားလိမ့်မယ်။ ကူညီပေးဖို့ကြိုးစားတဲ့သူက အားကြီးလေလေ ကောင်းကင်ဘုံစစ်ဆေးချက်ရဲ့ ပြင်းအားက ပိုပြင်းထန်လေလေပဲ။

အစက ချန်ကျင့်ရွှယ်လည်း မိုးကြိုးစစ်ဆေးချက်ရဲ့ ပရဝုဏ်ထဲမှာ ရှိနေတယ်။ သို့ပေမဲ့ ရှောင်‌ဖော့လန်က ဘာမှ ထူးထူးခြားခြား သတိမထားမိဘူး။ ချန်ကျင့်ရွှယ်က သာမန်လူသား သက်သက်တစ်ယောက်ပဲလေ။

ဒါပေမဲ့ သခင်ကတော့ မတူဘူး။ သခင်က နတ်ဘုရားတစ်ပါးလေ!

ရှောင်ဖော့လန်က စိုးရိမ်လာပြီး အသံတွေကလည်း လေးနက်လာတယ်။ "သခင် ကျွန်တော့်ကို စိတ်မပူနဲ့၊ မြန်မြန် ထွက်သွားတော့!"

ကျွမ်းကျိုးက ခေါင်းခါလိုက်တယ်။ "အရမ်းနောက်ကျသွားပြီ"

သူ ရှောင်ဖော့လန်နဲ့အတူ မိုးကြိုးစစ်ဆေးချက် နယ်နိမိတ်ထဲ ဝင်လာတာနဲ့တစ်ပြိုင်နက် မိုးကြိုးစစ်ဆေးချက်က သူ့ကိုပါ စစ်ဆေးပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်လိုက်ပြီးပြီ။

အစောပိုင်းက ကောင်းကောင်းစုဝေးနေတဲ့ မိုးကြိုး အခုထိမပစ်ရသေးတဲ့ အကြောင်းအရင်းက တိတိပပပြောရရင် သူဝင်လာတာကြောင့်ပဲ။ မိုးကြိုးအားက အခုဆို ပိုပြီးအားကောင်းလာဖို့ အချိန်ယူဖို့ ပိုလိုအပ်တယ်လေ။

အခုလက်ရှိ သူတို့တွေက လုံးဝ လူသူမရှိတဲ့ တောင်ကတုံးပေါ် ရောက်နေကြပြီ။

မိုးကြိုးတိမ်တိုက်တွေက ကောင်းကင်မှာ တလိမ့်လိမ့် တက်လာပြီး အသံခပ်အုပ်အုပ်မြည်ဟည်းနေတယ်။ မိုးကြိုးစစ်ဆေးချက်ရဲ့ စွမ်းအားတွေက အလွန်ချောက်ချားစရာကောင်းလောက်တဲ့ အဆင့်အထိ စုဝေးနေနှင့်ပြီ။

ကျွမ်းကျိုးက ရှောင်ဖော့လန်ကို အောက်ကိုချလိုက်ပြီး မျက်ခုံးတွေ တင်းကျပ်စွာတွန့်ချိုးပြီး ကောင်းကင်ပေါ်ကို ငေးမော့ကြည့်လိုက်တယ်။ ရှောင်ဖော့လန်ရဲ့ ရုတ်ချည်းစစ်ဆေးချက်ကို သူ လျစ်လျူရှုထားခဲ့တဲ့ အဓိကအကြောင်းပြချက်တစ်ခုက စစ်ဆေးချက်တွေက အာကာသထဲမှာလည်း ဖြစ်ပေါ်တတ်တယ်ဆိုတာ သူတကယ်မသိခဲ့လို့ပဲ။

"ဖီလာဖာလာ" (*လျှပ်စီးသံ)

သူအလေးအနက် အချိန်ယူစဉ်းစားနေတုန်းမှာ မြေကြီးပင်တုန်ခါသွားလောက်တဲ့ မိုးခြိမ်းသံတစ်ခုနဲ့အတူ ကောင်းကင်ကနေ ပင့်ကူကွန်ရက်လို လျှပ်စီးကြောင်းတွေက တန်းတန်းမတ်မတ် ကျလာတယ်။

ရှောင်ဖော့လန်က သခင်ကို ဂရုစိုက်ဖို့ ပြောချင်ခဲ့ပေမဲ့ သူ့ရဲ့စက်ရုပ်ခန္ဓာကိုယ်လေးက အင်မတန် လွယ်ကူစွာ လျှပ်ကူးနိုင်စွမ်းရှိတယ်။ မိုးကြိုးပစ်လိုက်တဲ့အချိန် ကျွမ်းကျိုးကိုတောင် မိုးကြိုးမထိမှန်ခင် ပိုလျှံနေတဲ့ လေထဲက လျှပ်စစ်တွေက ရှောင်ဖော့လန်ဆီကို ရွေ့သွားနေပြီ။

ရှောင်ဖော့လန်က သူ့ရဲ့ စက်ရုပ်လက်လေးနှစ်ဖက်ကို လှုပ်ရှားလိုက်ပြီး မြေပေါ်မှာ အမြန် တွင်းတစ်တွင်းတူးလိုက်ကာ သူ့ကိုယ်သူ တွင်းထဲမှာ မြှုပ်ထားလိုက်တယ်။

သူ့ကိုယ်သူ တွင်းထဲမှာ မြှုပ်ထားလိုက်ပြီး ခေါင်းလေးပဲ ဖော်ထားပြီးနောက်မှာ ရှောင်ဖော့လန်က ခေါင်းမော့ကြည့်လိုက်တယ်။ ကျွမ်းကျိုးက လေထဲကို ခုန်ပျံတက်သွားပြီး မိုးကြိုးကို ဘာအကူအညီမှ မပါဘဲ လက်ချည်းနဲ့ တားဆီးလိုက်တာကို တွေ့လိုက်ရတယ်။

ကျွမ်းကျိုးရဲ့ ကိုယ်က ယိမ်းယိုင်သွားတယ်။ သူက နတ်ဘုရားတစ်ပါးဆိုပေမဲ့လည်း ကောင်းကင်ဘုံရဲ့ စစ်ဆေးချက်က အမြဲလိုလို စစ်ဆေးခံရသူရဲ့ စွမ်းအားနဲ့အညီ လိုက်ပြောင်းတယ်။ သူ့စွမ်းအားရဲ့ အတိုင်းအတာအလိုက် ကောင်းကင်ဘုံရဲ့စစ်ဆေးချက်ကလည်း အဲဒါနဲ့အညီ အဆအချို့ တိုးသွားလိမ့်မယ်။

အဲဒါကြောင့် ကျွမ်းကျိုးအတွက် ဒီမိုးကြိုးကို လွယ်လင့်တကူ ရင်ဆိုင်လိုက်ရတာ မဟုတ်ဘူး။

"သခင်!"

သူ့ကိုယ်သူ မြေထဲမြှုပ်ပြီး ပုန်းနေတဲ့ ရှောင်ဖော့လန်က ဘယ်လိုလုပ်ပြီး ဆက်ပုန်းနေနိုင်မှာလဲ။ တုံ့ဆိုင်းမနေတော့ဘဲ သူက တွင်းထဲကနေ တက်လာပြီး ကျွမ်းကျိုးခြေထောက်ဘေးကို လှိမ့်သွားတယ်။

"ငါအဆင်ပြေတယ်!" ကျွမ်းကျိုးက မရေမရာ ပြုံးပြလာတယ်။ သူက ဘယ်လိုမှကို အဆင်ပြေနေတဲ့ပုံမရဘဲ ဘယ်လောက်တောင် သနားစရာကောင်းနေလဲဆိုတာ လုံးလုံးမေ့နေတဲ့ပုံရတယ်။

မိုးကြိုးပစ်ချပြီးနောက်မှာတောင် ကောင်းကင်ယံက အဖြစ်အပျက်တွေက ရပ်တန့်မသွားဘူး။ မိုးကြိုးစစ်ဆေးချက်က နောက်ထပ်ပိုအားကြီးတဲ့ မိုးကြိုးအတွက် အားယူစုဝေးနေပြန်တယ်။

ရှောင်ဖော့လန်က အာကာသထဲမှာ မွေးဖွားလာတဲ့ မိစ္ဆာမပီသတဲ့ မိစ္ဆာတစ်ကောင်ဖြစ်တယ်။ သူက ကျိုးကျိုးဆီကနေ အသိပညာတွေ အမွေဆက်ခံရယူထားတယ်ဆိုပေမဲ့ ကောင်းကင်ဘုံစစ်ဆေးချက် လုံးဝကြီး ပြီးစီးသွားဖို့အတွက် မိုးကြိုးတွေ ဘယ်နှစ်ချက်လောက် ထပ်ပြီးပစ်ချဦးမလဲဆိုတာ သေချာရှင်းရှင်းလင်းလင်း မသိဘူး။ ချက်ချင်းပဲ သူက ပြောလာတယ်။ "နောက်လာမဲ့ မိုးကြိုးတွေကို ကျွန်တော့်ဘာသာပဲ လက်ခံလိုက်မယ်"

ကျွမ်းကျိုးက ခေါင်းခါလိုက်တယ်။ "မရဘူး မင်းက ဘာအစွမ်းမှ မကျင့်ကြံရသေးဘူး"

ဆန့်ကျင်ဘက်အနေနဲ့ သူက ရှောင်ဖော့လန်ကို နှစ်သိမ့်လိုက်သေးတယ်။ "မိစ္ဆာတွေက စစ်ဆေးချက်နှစ်ခုကို ကျော်ဖြတ်ရတယ်။ တစ်ခုက ပုံစံပြောင်းဖို့။ ဒုတိယတစ်ခုက *"သောင်" ကိုရဖို့။ ဒီတစ်ခေါက် စစ်ဆေးချက်က ပုံစံပြောင်းဖို့ပဲ။ မိုးကြိုးပေါင်း ၉ ကြိမ်ရှိတယ်။ အခု ဘယ်နှစ်ကြိမ်ရှိပြီလဲ" (*အသိဉာဏ်ပွင့်လင်းဖို့)

ရှောင်ဖော့လန်က အသံတိတ်ကျသွားတယ်။ "ဒုတိယအကြိမ်"

စောစောကတင် သူတစ်ချက်ခံလိုက်ရတာ၊ သူ့ကိုယ်က ပျက်စီးသွားတော့မတတ်ပဲ။

သခင်က သူ့ထက်အားကြီးတယ်ဆိုပေမဲ့ အခုသခင်ပါ ပါလာပြီဆိုတော့ ကောင်းကင်ဘုံရဲ့စစ်ဆေးချက်က ဘယ်လောက်တောင် အားပိုကြီးလာလဲဆိုတာ ဘယ်သူသိမှာလဲ။

ရှားရှားပါးပါး ရှောင်ဖော့လန်ရဲ့ စစ်ရုပ်အသံလေးမှာ စိတ်ပိုင်းဖြတ်ထားမှုတွေ တွေ့နေရတယ်။ "ကျွန်တော်သေရင် သေတယ်မှတ်ပေါ့၊ သခင်ကတော့ ဘာမှဖြစ်လို့မရဘူး"

ဒါကိုကြားတော့ ကျွမ်းကျိုးက တောင့်ခဲသွားတယ်။

ဒီစကားလုံးတွေက အရမ်းရင်းနှီးနေသလိုပဲ။ ဘယ်လောက်တောင်လဲဆို သူ့ခေါင်းထဲမှာ ကျယ်လောင်တဲ့ တစီစီမြည်သံက ကွဲထွက်လာသလိုပဲ။

--မင်းက ငါတို့ရဲ့မျှော်လင့်ချက်ပဲ၊ ငါပျောက်ကွယ်သွားရင် ပျောက်ကွယ်သွားတယ်ပေါ့၊ မင်းကတော့ ဘာမှဖြစ်လို့မရဘူး!

ခေါင်းကိုက်တာက ထပ်ဖြစ်လာပြန်တယ်။ သူ့ခေါင်းထဲမှာ အသံတွေ ကျယ်လောင်စွာ တစီစီမြည်နေတယ်။ ကျိုးကျိုးက သူ့ခေါင်းထဲကအသံတွေ တိတ်သွားအောင် ကြိုးစားဖို့အတွက် သူ့ခေါင်းသူ ရိုက်နေတယ်။

အဲဒီအချိန်မှာပဲ တတိယအကြိမ် မိုးကြိုးစစ်ဆေးချက်က ဖြစ်ပေါ်လာပြီး ကျယ်လောင်တဲ့ မြည်ဟိန်းသံနဲ့အတူ မိုးကြိုးပစ်ချလာတယ်။

စဉ်းစားချိန်တောင်မရလိုက်ဘဲ ကျွမ်းကျိုးက သူ့ရဲ့ချန်ခွင်းအိတ်ထဲက မှော်ပစ္စည်းတွေအကုန်လုံးကို ဆွဲထုတ်ပြီး အဲဒီမိုးကြိုးကို တားဆီးလိုက်တယ်။

"ဘုံး---"

မြေပြင်နဲ့ တောင်တန်းလိုဏ်ဂူတွေက တုန်ခါသွားပြီး လေထဲမှာ ဖုန်လုံးတွေ တလိပ်လိပ်ထလာတယ်။ မြေပြင်တစ်ခုလုံးကလည်း တစ်ဝက်ကွဲထွက်သွားတော့မလိုပဲ။

ရိုင်းပျတဲ့ဧည့်သည် ထွက်ခွာသွားပြီးတဲ့နောက် တစပြင်လိုတောင်ပေါ်မှာ မိုးကြိုးဒဏ်ကြောင့် မီတာအချို့နက်တဲ့ ဧရာမချိုင့်ကြီးတစ်ခု ကျန်ခဲ့တယ်!

ကျွမ်းကျိုးက ဧရာမချိုင့်ကြီးအလယ်မှာ ရှိနေတယ်။ သူက မြေကြီးထဲမှာ ဟိုသည်ကကျလာတဲ့ ကျောက်စိုင်ကျောက်ခဲတွေနဲ့ ပိနေပြီး သူ့အင်္ကျီအစအနလေးပဲ မြင်နေရတယ်။

ရှောင်ဖော့လန်ကလည်း တတိယမိုးကြိုးကနေ ပိုလျှံနေတဲ့လျှပ်စီးကြောင်းတွေကြောင့် တစစီပြုတ်ထွက်တော့မလို ဖြစ်နေတယ်။ သူက လက်ကျန်ခန္ဓာကိုယ်လေးကို တရွတ်ဆွဲပြီး ချိုင့်ဝှမ်းရှိရာကို အားတင်းပြီး သွားနေတယ်။ တဟွတ်ဟွတ်နဲ့ မောဟိုက်နေတယ်။

"သခင်!"

"ဟွတ် ဟွတ် ဟွတ်...." ကျွမ်းကျိုးက ပါးစပ်အပြည့်သွေးတွေကို ဟပ်ထုတ်လိုက်တယ်။ "ငါအဆင်ပြေတယ်... ကိစ္စမရှိဘူး...."

သူ ဘယ်လိုလုပ် အဆင်ပြေမှာလဲ!

သူတို့ သိလာကြတဲ့တစ်လျှောက်လုံး ရှောင်ဖော့လန် သခင် သွေးအန်တာ ပထမဆုံးမြင်ဖူးတာပဲ!

ရှောင်ဖော့လန်က ငိုချင်နေတယ်။

သူ့အရည်အချင်းကသာ ဒီလောက် စိတ်ပျက်စရာမကောင်းခဲ့ဘူးဆိုရင်....

မျက်ရည်တွေတောင် မကျသေးဘူး ရှောင်ဖော့လန်က ကျိုးကျိုး မြေပေါ်ကနေ ကုန်းထလာပြီး အဲဒီနားမှာ ဆောင့်ကြောင့်ထိုင်လိုက်တာကိုတွေ့လိုက်တယ်။ သူက ပုလင်းတစ်ပုလင်းကို ကိုင်ထားပြီး ဘာမှန်းမသိတဲ့ တစ်ခုခုကို လုပ်နေတယ်။

ကျွမ်းကျိုးက သူ့ကိုယ်ထဲက မအီမသာဖြစ်မှုတွေကို ချိုးနှိမ်ပြီး စိတ်နဲ့ကိုယ်မကပ်စွာ ပြောလိုက်တယ်။ "ငါထွေးထုတ်လိုက်တဲ့သွေးတွေကို စုနေတာ"

ရှောင်ဖော့လန်: "သခင် ..."

ကျွမ်းကျိုး: "ဒါက ဟွတ် ဟွတ်.. နတ်ဘုရားရဲ့သွေးပဲ၊ အလကားဖြစ်သွားလို့ မရဘူး..."

ရှောင်ဖော့လန်: "........"

ရှောင်ဖော့လန်က ဘာပြောရမှန်းတောင် မသိတော့ဘူး။ ခုနကလေးတင် သူက သခင်ကြောင့် စိတ်ထဲမှာ ထိရှသွားပြီး ငိုတောင်ငိုချင်သွားတာ။ နောက်ခဏနေတော့ သူက ဆဲပဲဆဲချင်တော့တယ်။

ခက်ခက်ခဲခဲနဲ့ ကျွမ်းကျိုးက သူ့သွေးတွေကို အကုန်အစင် စုလိုက်ပြီးနောက် မြေပေါ်မှာ ပုံလျက်သားလေး လဲလျောင်းနေတယ်။ သူ့ခေါင်းက ပိုပိုပြီး နာကျင်လာတာတင်မကဘူး၊ သူ့ကိုယ်ကလည်း နာကျင်မှုလှိုင်းလုံးတွေကို ခံစားနေရတယ်။

အဲဒီအချိန်မှာပဲ စတုတ္ထအကြိမ်မြောက် မိုးကြိုးက စုဝေးပြီး ပုံပေါ်နေပြီ။

ဒီတစ်ခေါက်တော့ ကျွမ်းကျိုး ဘာပဲပြောပြော ရှောင်ဖော့လန်က ထွက်သွားဖို့ကို ငြင်းဆန်နေတယ်။ ကျွမ်းကျိုးရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားပြီး အတူတူ မိုးကြိုးစစ်ဆေးချက်ကို လက်ခံလိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။

"သခင် သေခြင်းတရားက လာနေပြီဆို ကျွန်တော်တို့ အတူတူ သေကြတာပေါ့!"

ကျွမ်းကျိုးမှာ ရှောင်ဖော့လန်ကို တွန်းဖယ်ဖို့ အင်အား မရှိတော့ဘူး။ "တကယ်တော့ တကယ်ဆို ငါက မိုးကြိုးကြောင့် ပြာအဖြစ်ပြောင်းသွားရင်တောင် အဟွတ် ဟွတ်... နတ်ဘုရားပုံတော်ရှိနေသေးသရွေ့ ငါ့ရဲ့တန်ခိုးအဆီအနှစ်ကို သိမ်းဆည်းထားနိုင်တယ်... ငါက လူအဖြစ် ပြန်ပြောင်းနိုင်သေးတယ်။ မင်းကတော့ မရဘူး။ အဲဒါကြောင့် မြန်မြန် ထွက်သွားတော့...."

ဘာကို အတူတူ သေမှာလဲ။ မဖြစ်နိုင်ဘူး။

အနည်းဆုံးတော့ သူက နတ်ဘုရားလေ။ သူ့မှာ ကြွယ်ဝခြင်းနတ်ဘုရားနတ်ကွန်းမှာ နတ်ဘုရားရုပ်တုတစ်ခုလည်း ရှိသေးတယ်။ အဲဒါက သူ့ရဲ့ပင်မကိုယ်ပွားလို့ သတ်မှတ်လို့ရတယ်။ သူ့ပင်မကိုယ်သာ မထိမခိုက်ကျန်နေသေးရင် သူက အခု တူးခြစ်သွားအောင် လျှပ်ရိုက်ခံလိုက်ရရင်တောင်မှ တန်ခိုးအဆီအနှစ်၊ သူ့ဝိညာဉ် ရှိနေသေးတယ်။ သူ့ရဲ့ နတ်ဘုရားစွမ်းအင် ပြန်ပြည့်လာတာနဲ့ သူလည်း ပြန်ကောင်းလာမှာပဲ။

ရှောင်ဖော့လန်ကတော့ မတူဘူး။ သူသေသွားရင် သူ့ဝိညာဉ်က တစစီပြိုကွဲသွားပြီး ထာဝရ ပျောက်ကွယ်သွားလိမ့်မယ်။

ဒါပေမဲ့ ကျွမ်းကျိုးပြောတဲ့ ပြန်ကောင်းလာမယ်ဆိုတာက သူ့ရဲ့အကောင်းဆုံးအခြေအနေအထိ ပြန်ကောင်းလာမှာတော့ မဟုတ်ဘူး။ သူ့ကိုယ်သူ အပိုင်းပိုင်းပြန်ဆက်ရတဲ့အခါတိုင်းမှာ သူက အရင်ကထက် ပိုပြီး အားနည်းသွားမှာပဲ။

နောက်ဆုံးတစ်ခေါက်ကဆို အဲဒါကြောင့်ပဲ သူက ပိုပြီး အားနည်းသွားရတာ။

အမ်? နောက်ဆုံးအခေါက်တဲ့လား?

နောက်ဆုံးအခေါက်က ဘယ်တုန်းကလဲ?

ဒီအတွေး သူ့စိတ်ထဲကို ဝင်လာတာနဲ့တစ်ပြိုင်နက် ကျွမ်းကျိုးက သူ့ခေါင်း ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရတယ်။ ဒီလိုမျိုး နာကျင်မှုက သူ့ကိုယ်ထဲက လာတာနဲ့ မတူဘူး... သူ့စိတ်ဝိညာဉ်ကနေ ဖြစ်ပေါ်လာတာဖြစ်တယ်။

ရှောင်ဖော့လန်ကတော့ သူ့သခင်က သူ့ကို လှည့်စားဖို့ကြိုးစားနေတာလို့ ထင်နေတယ်။ သူက ဘာပဲဖြစ်ဖြစ် ထွက်သွားဖို့ကို ငြင်းဆန်နေတယ်။

ကောင်းကင်က မိုးတိမ်လိပ်တွေက တဂျိန်းဂျိန်းမြည်ဟည်းနေတယ်။ စတုတ္ထအကြိမ်မိုးကြိုးစစ်ဆေးချက်က ပုံစံပေါ်နေပြီ။ ကောင်းကင်ဘုံစစ်ဆေးချက်က တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီး အားကြီးလာတဲ့အပြင် ပိုပိုပြီး ချောက်ချားစရာကောင်းလာတယ်။ စတုတ္ထမိုးကြိုးစစ်ဆေးချက်ရဲ့ ကြောက်မက်ဖွယ်ရာ အရောင်အဝါကို မြင်တော့ ကျိုးကျိုးက သူ့ခေါင်းသူအုပ်လိုက်ပြီး သူက ဒီတစ်ချက်ကိုတော့ဖြင့် တောင့်ခံနိုင်မှာမဟုတ်လောက်ဘူးလို့ ခံစားလိုက်ရတယ်။

တကယ်လို့... တကယ်လို့ သူသာ ဒါကို တောင့်မခံနိုင်ဘဲ သူ့ကိုယ်သာ တစစီဖြစ်သွားခဲ့ရင် သူဝမ်ရှောင်းယွင်နဲ့ မင်္ဂလာဆောင်အခမ်းအနား ကျင်းပလို့မရတော့ဘူး။ ဝမ်ရှောင်းယွင်က သူ့ကို အကြာ အကြာကြီး စောင့်နေရတော့မယ်.... သူက စောင့်ပါ့မလား။

"ဘုံး----"

မိုးခြိမ်းသံက ထွက်ပေါ်လာတယ်။ အဲဒါက ကောင်းကင်ပေါ်မှာ ဧရာမသားရဲကောင်ကြီးတစ်ကောင် လှောင်အိမ်ကနေ လွတ်ထွက်လာတဲ့အတိုင်းပဲ။

စတုတ္ထမိုးကြိုးစစ်ဆေးချက် မြေပေါ်ကျလာတာနဲ့ လူသူကင်းမဲ့နေတဲ့ တောင်တစ်ခုလုံးက မြေပြင်နဲ့ တန်းတူအထိ နိမ့်ကျသွားသလိုပဲ။ သူတို့ကိုယ်တွေတောင်မှ တရစပ် တုန်ခါနေတော့တယ်။

နေဦး?

သူတို့မှာ ကိုယ်ရှိသေးတယ်လား? သူတို့ကိုယ်က တစစီပြန့်ကျဲမသွားသေးဘူးလား?

စတုတ္ထမိုးကြိုးစစ်ဆေးချက်က ပစ်လိုက်ပြီမဟုတ်ဘူးလား။

မိုးကြိုးက ဘယ်ကို ထိသွားတာလဲ။

နတ်ဘုရားတစ်ပါးနဲ့ စက်ရုပ်တစ်ရုပ်က စိတ်ရှုပ်ထွေးစွာ မျက်လုံးဖွင့်ကြည့်လိုက်ကြတယ်။ သူတို့မြင်လိုက်ရတာက ဘယ်တုန်းကမှန်းမသိတဲ့အချိန်က ကောင်းကင်မှာ ကြီးမားတဲ့ ဧရာမအရာကြီးတစ်ခုရှိနေတာပဲ။ အဲဒါကြီးက သူတို့အပေါ်မှာ ဖြန့်ကျက်ပြီး ကောင်းကင်တစ်ခုလုံးကို လုံးဝ ဖုံးကာထားပြီး မှောင်မိုက်နေတဲ့ ကောင်းကင်ကို မမြင်ရအောင် ကာရံထားတယ်။

အဲဒီအရာကြီးရဲ့ အပြင်ဘက် မာကျောခိုင်ခံ့တဲ့ သတ္တုအလွှာက သူ့ရဲ့အတုမရှိတဲ့ ကြံ့ခိုင်မှုကို ပြသနေတယ်။ အဲဒီ ရင်းနှီးနေတဲ့တည်ဆောက်ပုံက ကျွမ်ကျိုးကို ပိုလို့တောင် စိတ်ရှုပ်ထွေးသွားစေတယ်။

အဲဒါက... စစ်သင်္ဘော ဝီဗန်ပဲ!

ဘာလို့ စစ်သင်္ဘောဝီဗန်က ဒီမှာ ပေါ်လာရတာလဲ။

သူတို့တွေ တုံ့ပြန်ချိန်ကိုတောင် မစောင့်ဘဲ အနက်ရောင်မက်ခါတစ်စီးက သူတို့ရှေ့ကို ကျလာတယ်။ ခမ်းနားထည်ဝါတဲ့မက်ခါက အပျက်အစီးပုံကြား တောင်ပေါ်မှာ ဝင့်ကြွားစွာ ရပ်နေတယ်။ ကျွမ်းကျိုးက အဲဒါကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိတယ်။ အဲဒါက ဝမ်ရှောင်းယွင်ရဲ့ မက်ခါ ဝေါ့စီးပဲ။

ထင်တဲ့အတိုင်းပဲ မောင်းနှင်ခန်းက ပွင့်လာပြီး တောင့်တင်းပြီး မြင့်မားတဲ့ကိုယ်ဟန်တစ်ခုက ခုန်ချလာတယ်။

"ကျိုးကျိုး!"

ဝမ်ရှောင်းယွင်က ကျွမ်းကျိုးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး နောက်လက်တစ်ဖက်နဲ့ ရှောင်ဖော့လန်ကို ပွေ့ချီပြီး မက်ခါရဲ့ မောင်းနှင်ခန်းထဲကို ပြန်ဝင်သွားတယ်။

သူနဲ့ ဝေါ့စီးက စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်ထားပြီးသား။ လူကိုယ်တိုင် စက်ကိုမောင်းနှင်ဖို့ မလိုတဲ့အတွက် သူက အမိန့်တန်းပြီး ပေးလိုက်တယ်။ "ဝေါ့စီး စစ်သင်္ဘောကိုပြန်မယ်"

"နားလည်ပါပြီ"

ဝေါ့စီးဟာ လေထဲကိုထိုးတက်သွားပြီးနောက် လျင်မြန်တဲ့အရှိန်နဲ့ စစ်သင်္ဘောဝီဗန်ကို ပြန်သွားတယ်။

ဝမ်ရှောင်းယွင် ကျွမ်းကျိုးကို အောက်ကိုချပေးလိုက်တဲ့အချိန်မှာ ခေါင်းကွဲထွက်မတတ် နာကျင်နေတဲ့ ကျွမ်းကျိုးဟာ နောက်ဆုံးတော့ ပြန်သက်သာလာပြီး အလျင်စလို ပြောလိုက်တယ်။ "ကျွန်တော်တို့ကို မြန်မြန် ပြန်လွှတ်ပေး။ ကောင်းကင်ဘုံစစ်ဆေးချက်.. ကောင်းကင်ဘုံစစ်ဆေးချက်က စစ်သင်္ဘောကို ဖျက်ဆီးပစ်လိုက်လိမ့်မယ်!"

အဲဒီလိုဖြစ်သွားရင် သူတို့တွေအကုန်လုံး သူရယ် ရှောင်ဖော့လန်ရယ်နဲ့အတူတူ သေကုန်လိမ့်မယ်။

သူတို့တွေက သာမန်လူတွေချည်းပဲ။ ဘယ်လိုလုပ် ကောင်းကင်ဘုံစစ်ဆေးချက်ကို ခံနိုင်ရည်ရှိပါ့မလဲ!

"မပျက်စီးပါဘူး ကျိုးကျိုး" ဝမ်ရှောင်းယွင်က ကမန်းကတန်း သူ့ကို ပွေ့ဖက်လိုက်ပြီး ညင်သာတဲ့အသံလေးနဲ့ သူ့ကို စိတ်ငြိမ်သွားအောင် နှစ်သိမ့်နေတယ်။ "ကောင်းကင်ဘုံစစ်ဆေးချက်ရဲ့ မိုးကြိုးက စစ်သင်္ဘောကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး"

"ဖျက်ဆီးလိမ့်မယ်!" ဒီတစ်ကြိမ်တော့ ကျွမ်းကျိုးက တကယ်ကို အထိတ်တလန့်ဖြစ်နေပြီ။ သူကတော့ သေမှာမဟုတ်ပေမဲ့ ဝမ်ရှောင်းယွင်နဲ့ တခြားသူတွေ မိုးကြိုးကြောင့် သေကျေကုန်မှာ သူစိုးရိမ်တယ်။ သူက အမောတကော ပြောတယ်။ "ဒါက သာမန်လျှပ်စီးနဲ့ မိုးကြိုးမဟုတ်ဘူး။ ဒါက...."

သူ့စကားတောင် မဆုံးသေးဘူး၊ ကျယ်လောင်တဲ့အသံကြီးတစ်သံက စစ်သင်္ဘောပတ်လည်ကနေ ထွက်ပေါ်လာတယ်။ အဲဒါက ပဥ္စမအကြိမ်မြောက် မိုးကြိုးစစ်ဆေးချက် ကျလာတဲ့အသံပဲ။

ဒါပေမဲ့ အခုတော့ သူတို့တွေက စစ်သင်္ဘောအထဲမှာ.... လုံးဝကို အကောင်းအတိုင်းပဲ!

ကျွမ်းကျိုးက စိတ်ရှုပ်ထွေးသွားတယ်။ "ဘာ.. ဘာတွေဖြစ်ကုန်တာလဲ..."

ဝမ်ရှောင်းယွင်က ဆိုတယ်။ "ကျိုးကျိုး စစ်သင်္ဘောမှာ မိုးကြိုးလွှဲတွေ တပ်ထားတယ်"

ကျွမ်းကျိုး: "............"

ကျွမ်းကျိုး: "........အမ်"

ဝမ်ရှောင်းယွင်က ရှင်းပြတယ်။ "စစ်သင်္ဘောက ဂလက်ဆီတွေကြားမှာ ခရီးသွားရတယ်၊ တစ်ခါတလေ သူက အခုန်မှတ်တွေကို ခုန်ရတာတို့.. ဂြိုလ်သိမ်ဂြိုလ်မွှားရပ်ဝန်းတွေမျိုးစုံကြားမှာ ဖြတ်သန်းသွားလာရတာတို့ လျှပ်မုန်တိုင်းကျနေတဲ့ နယ်ပယ်တေအမျိုးမျိုးကို ပတ်ပြီး သွားရတာမျိုးတွေ ရှိတယ်။ မိုးကြိုးလွှဲတွေနဲ့ လျှပ်ကာပစ္စည်းတွေက သေချာပေါက် မရှိမဖြစ်ပဲ။ မိုးကြိုးလွှဲတွေနဲ့ မတားနိုင်ခဲ့ရင်တောင်မှ ကောင်းကင်ဘုံရဲ့ မိုးကြိုးက စစ်သင်္ဘောရဲ့ အကာအကွယ်ကို ဖြတ်ပြီး မဝင်လာနိုင်ဘူး။"

ပြောရမယ်ဆိုရင် စစ်သင်္ဘောက ဂြိုလ်သိမ်ဂြိုလ်မွှားရပ်ဝန်းတွေကြားတောင်မှ သွားလာရသေးတယ်။ တကယ်လို့ သူက ဂြိုလ်သိမ်တွေနဲ့ တိုက်မိခဲ့သည်ရှိသော် သူ့ကိုသာ အကောင်းတကာ့အကောင်းဆုံး အရည်အသွေးရှိတဲ့ ကြံ့ခိုင်တဲ့ပစ္စည်းတွေနဲ့ မလုပ်ခဲ့ရင် ဘယ်လိုလုပ်ပြီး အဲဒီဒဏ်ကို ခံနိုင်ရည်ရှိပါ့မလဲ။

တစ်နည်းပြောရရင် စစ်သင်္ဘောဝီဗန်က ဂြိုလ်သိမ်တွေနဲ့ တိုက်မိတာကိုတောင် ခံနိုင်ရည်ရှိတယ်။

အင်ပါယာကြီးက ဒီလောက်ကြီးတယ်ဆိုပေမဲ့ စုစုပေါင်းမှ စစ်သင်္ဘောပေါင်း သုံးစီးပဲ ရှိတယ်။ အဲဒါကလည်း စစ်သင်္ဘောဆောက်လုပ်စရိတ်က တကယ်အရမ်းများတယ်မလား။

ဝမ်ရှောင်းယွင်က ဆက်တိုက်ဆိုသလို တစ်နှစ်ပတ်လုံး ဂြိုလ်သားအင်းဆက်မျိုးနွယ်တွေနဲ့ အာကာသစစ်ပွဲတွေ ဆင်နွှဲဖို့ တာဝန်ယူထားရတဲ့အတွက် သူက ကံကောင်းပြီး စစ်သင်္ဘောတစ်စီးကို ရထားတယ်။ မဟုတ်ရင် သူလည်း ပထမတပ်ဖွဲ့နဲ့ ဒုတိယတပ်ဖွဲ့လိုပဲ တစ်စီးတောင်ရှိမှာမဟုတ်ဘူး။

ကြွယ်ဝခြင်းနတ်ဘုရားလေးက အံ့အားသင့်သွားတယ်။

ကြွယ်ဝခြင်းနတ်ဘုရားလေးက ကြက်သေသေနေတယ်။

သူတို့ တကယ်ပဲ ကောင်းကင်ဘုံစစ်ဆေးချက်တွေကို ဒီအတိုင်း ကျော်ဖြတ်သွားလို့ရလား။

ကြွယ်ဝခြင်းနတ်ဘုရားလေးက အလွန့်အလွန် အကြာကြီးနေအောင် တိတ်ဆိတ်နေပြီး နောက်မှ ရှောင်ဖော့လန်ရဲ့လက်ကို မိန်းမောတွေဝေနေပြီး ဆွဲယူလိုက်တယ်။ "မင်း... မင်း ကျင့်ကြံအားထုတ်ဖို့ မေ့လိုက်တော့။ အဲဒါက အသုံးမဝင်ဘူး... ဒီအတိုင်း သိပ္ပံနဲ့ နည်းပညာကိုသာ လေ့လာတော့"

ရှောင်ဖော့လန်: "..............."

ကြွယ်ဝခြင်းနတ်ဘုရား: "သိပ္ပံနဲ့နည်းပညာက တကယ့်စွမ်းအားပဲ။ အဲဒါက စကြဝဠာရဲ့ အခြေခံစွမ်းအားပဲ... အဲဒါက အနာဂတ်ကို ပြောင်းလဲပစ်တဲ့နေရာမှာ ပင်မထောက်တိုင်အင်အားပဲ"

ရှောင်ဖော့လန်: "............."

ကြွယ်ဝခြင်းနတ်ဘုရားလေး: "အနာဂတ်မှာ... ငါ့မှာ တန်ခိုးစွမ်းအင်ရှိပြီး မင်းမှာ သိပ္ပံနဲ့ နည်းပညာရှိလိမ့်မယ်"

ရှောင်ဖော့လန်: "........."

မဖြစ်တော့ဘူး။ သခင်ကတော့ မိုးကြိုးမှန်ပြီး ရူးသွားပြီ!

......................xxx......................

-Zawgyi-

အခန္း ၅၈: ငါ့မွာ တန္ခိုးစြမ္းအင္ရွိၿပီး မင္းမွာ သိပၸံနဲ႔ နည္းပညာရွိတယ္

ေကာင္းကင္က မည္းေမွာင္ၿပီး အုံ႔မွိုင္းေနလိုက္တာဆိုတာ မိုးၿပိဳက်လာေတာ့မလိုပဲ။

မိုးၿခိမ္းသံက ဘီလူးႀကီးတစ္ေကာင္ ဒီကမၻာေျမေပၚကို အတားအဆီးမဲ့ လြတ္ထြက္လာေတာ့မဲ့အတိုင္း တဂ်ိန္းဂ်ိန္းျမည္ဟည္းေနတယ္။ လၽွပ္စီးေတြကလည္း ပင့္ကူအိမ္ရဲ့ ရႈပ္ေထြးေပြလီေနတဲ့ကြန္ရက္တစ္ခုလိုပဲ မ်က္စိစူးမတတ္ ထပ္ခါထပ္ခါ တဖ်ပ္ဖ်ပ္လက္ေနတယ္။

အခု ေန႔လယ္ ၂ နာရီထိုးၿပီ။ ဒါေပမဲ့ အဲဒီက ေကာင္းကင္ယံကေတာ့ စုပ္ဝဲႀကီးတစ္ခုအလား ျဖစ္ေပၚေနတယ္။ ေျမျပင္ေပၚမွာ အေမွာင္ယံက ႀကီးစိုးထားၿပီး လူသားေတြကို အရင္က တစ္ခါမွ မၾကဳံဖူး၊ မခံစားဖူးတဲ့ ဖိစီးမႈမ်ိဳးကို သူတို႔ရဲ့ႏွလုံးသားေအာက္ေျခထိေတာင္ ခိုက္ေနေအာင္ ခံစားရေစတယ္။

ၾကယ္အစုအေဝးေခတ္မွာ ဒီလိုမ်ိဳး အေႏွာင့္အယွက္ျဖစ္ေစတဲ့ ရာသီဥတုမ်ိဳးက တကယ္တမ္း အလြန္ရွားပါးတယ္။ အထူးသျဖင့္ ၿမိဳ႕ေတာ္ၿဂိဳလ္မွာေပါ့။ ရာသီဥတုဆိုးဆိုးရြားရြား က်ခါနီးၿပီဆိုတိုင္း အလုပ္သမားေတြက ႀကိဳတင္ၿပီး အထိအခိုက္အႏၲရာယ္နည္းပါးေအာင္ ႀကိဳတင္ျပင္ဆင္တတ္ၾကတယ္။

လုံးဝစုံးစုံးျမဳပ္သြားတဲ့ ကမၻာေျမႀကီးကိုလည္း ဥပမာအေနနဲ႔ယူၿပီး အခုဆိုရင္ လူသားေတြက သူတို႔ေနထိုင္ေနတဲ့ ၿဂိဳလ္ကို အေတာ္ေလး ခ်စ္ခင္ျမတ္နိုး တန္ဖိုးထားလာၾကၿပီ။ ပတ္ဝန္းက်င္ကိုလည္း ေတာ္ေတာ္ေလး ေကာင္းေကာင္းမြန္မြန္ ကာကြယ္ထားတယ္။

အဲဒါေၾကာင့္ ဒီလို႐ုတ္တရက္ ျပင္းထန္တဲ့ရာသီဥတုမ်ိဳး ျဖစ္လာတဲ့အခါ ၿမိဳ႕ေတာ္ၿဂိဳလ္ရဲ့ မိုးေလဝသသတင္းအခ်က္အလက္ဌာနက ေတာ္ေတာ္ေလး စိုးရိမ္ပူပန္သြားတယ္။

သို႔ေပမဲ့ ခ်န္က်င့္ရႊယ္က က်ိဳးက်ိဳးရဲ့ အရင္က ညႊန္ၾကားခ်က္ကို မွတ္မိေနေသးတယ္။ တကယ္လို႔ သူ ေရွာင္ေဖာ့လန္ကို အေဝးကို ေခၚမသြားနိုင္ရင္ လူေတြကို စြန႔္ခြာခိုင္းဖို႔ လုပ္ရမယ္။

ဒါက ၿဂိဳလ္သားအင္းဆက္ေတြရဲ့ အလုံးအရင္းက်ဴးေက်ာ္ဝင္ေရာက္မႈႀကီးလိုမ်ိဳး ခံစားေနရၿပီး ခ်န႔္က်င့္ရႊယ္ရဲ့ရင္ကို အထိတ္တလန႔္နဲ႔ ခုန္ေနေစတယ္။ သူက ညႊန္ၾကားထားတဲ့အတိုင္းပဲ လုပ္ေပးနိုင္တယ္။

က်ိဳးက်ိဳး အေျပးေရာက္လာေတာ့ ေရွာင္ေဖာ့လန္က ေျပာရမယ္ဆိုရင္ ေျခပစ္လက္ပစ္ကို ျဖစ္ေနၿပီ။

ေရွာင္ေဖာ့လန္က က်ိဳးက်ိဳးရဲ့ တန္ခိုးစြမ္းအင္နဲ႔ ထိေတြ႕မိတဲ့အတြက္ မိစၧာအျဖစ္ေျပာင္းသြားခဲ့တာျဖစ္တယ္။ သူက က်ိဳးက်ိဳးေနာက္ကို ေန႔တိုင္း ေလၽွာက္ပတ္လိုက္ေနတဲ့ အခ်က္ကိုပါ ေပါင္းထည့္ၾကည့္လိုက္ရင္ သူက က်ိဳးက်ိဳးရဲ့ တန္ခိုးစြမ္းအင္ေတြကို စုပ္ယူေနခဲ့တာပဲ။ က်ိဳးက်ိဳးရဲ့ ကိုယ္ကေန မရရင္ သူ႔ရဲ့ နတ္ဘုရားပုံေတာ္ကေန စုပ္ယူေနခဲ့တာ။

အခုဆို သူ႔မွာ စြမ္းအင္ေတြ ပိုလၽွံေနေအာင္ရွိေပမဲ့ ဘယ္လိုအသုံးခ်ရမလဲဆိုတာ မသိတဲ့ အေျခအေနမ်ိဳးကို ေရာက္ေနတယ္။

အဲဒါေၾကာင့္ ေရွာင္ေဖာ့လန္ကိုေတြ႕ေတာ့ က်ိဳးက်ိဳးက ေတာ္ေတာ္ေလး အျပစ္ရွိသလို ခံစားလိုက္ရတယ္။ "ေတာင္းပန္ပါတယ္ ေရွာင္ေဖာ့လန္.. ငါမင္းကို ဘယ္လိုက်င့္ႀကံအားထုတ္ရမလဲေတာင္ မသင္ေပးခဲ့ဘူး"

သူက ေရွာင္ေဖာ့လန္ကို ေပြ႕ခ်ီၿပီး လူသူမရွိတဲ့ေနရာဆီကို ေျပးေတာ့တယ္။

သို႔ေပမဲ့ သူဘယ္ကိုပဲေျပးေျပး မိုးႀကိဳးစစ္ေဆးခ်က္က ေရွာင္ေဖာ့လန္ဆီကိုပဲ ပစ္မွတ္ထားေနတယ္။

အခုေတာ့ ေရွာင္ေဖာ့လန္လည္းပဲ သေဘာေပါက္သြားၿပီ။ မိစၧာတစ္ေကာင္ျဖစ္လာၿပီးေနာက္ အလြန္ဂုဏ္ယူဝံ့ႂကြားေနခဲ့တဲ့သူက အခုေတာ့ နည္းနည္း ဇေဝဇဝါ ခံစားေနရတယ္။ "သခင္ ကၽြန္ေတာ္ ေကာင္းကင္ဘုံစစ္ေဆးခ်က္ကို ရင္ဆိုင္ရေတာ့မွာလား"

ကၽြမ္းက်ိဳးက ေျပးလႊားရင္း ေျပာလာတယ္။ "ဟုတ္တယ္ မင္းရဲ့စြမ္းအားေတြက အကန႔္အသတ္တစ္ခုကို ေရာက္ေနၿပီ။ လူသားတစ္ေယာက္ျဖစ္ဖို႔အတြက္ စစ္ေဆးခ်က္နဲ႔ ရင္ဆိုင္ရမယ္"

အဲဒါေၾကာင့္ပဲ သူက အျပစ္မကင္းသလိုခံစားေနရတာပဲ။ သူ ေရွာင္ေဖာ့လန္ကို က်င့္ႀကံအားထုတ္ဖို႔ မသင္ေပးခဲ့ဘူး။

ဒါကိုၾကားေတာ့ ေရွာင္ေဖာ့လန္က လုံးဝကို မေပ်ာ္ရႊင္ေတာ့ဘူး။ အဲဒီအစား သူက အရမ္းစိတ္လႈပ္ရွားလာတယ္။ "သခင္ ထြက္သြားမွရမယ္ေလ!"

ေရွာင္ေဖာ့လန္က က်ိဳးက်ိဳးေၾကာင့္ အသက္ဝင္လာခဲ့တာ။ သူက က်ိဳးက်ိဳးရဲ့ တန္ခိုးစြမ္းအင္ေတြကိုလည္း စုပ္ယူေနခဲ့တယ္။ သူဆက္ခံရရွိထားသမၽွ အသိပညာေတြအကုန္လုံးကလည္း ကၽြမ္းက်ိဳးက ေပးခဲ့တာ။ အဲဒါေၾကာင့္ သူက ကမၻာေျမေဟာင္းယဥ္ေက်းမႈကိုလည္း ေကာင္းေကာင္းႀကီး နားလည္ထားတယ္။

နားလည္ထားလို႔ပဲ ေရွာင္ေဖာ့လန္က ႐ုတ္တရက္ မွတ္မိသြားတယ္။ မိုးႀကိဳးစစ္ေဆးခ်က္က အားႀကီးမႈအေပၚလိုက္ၿပီး အေလၽွာ့အတင္းရွိတယ္။ အားႀကီးတဲ့သူကို စစ္ေဆးရင္ အားျပင္းတယ္။ အားနည္းတဲ့လူကို စစ္ေဆးရင္ အားေလ်ာ့တယ္။ ေနာက္ၿပီး စစ္ေဆးမႈမွာ ေဘးကမဆိုင္တဲ့သူေတြကိုလည္း ထိခိုက္နိုင္ေသးတယ္။

ဥပမာ စစ္ေဆးခ်က္ကို ၾကဳံရတဲ့သူက အစက ေရွာင္ေဖာ့လန္ကိုယ္တိုင္ပဲ။ သို႔ေပမဲ့ တကယ္လို႔ တစ္ေယာက္ေယာက္က ကူညီေပးဖို႔ ႀကိဳးစားရင္ ေရွာင္ေဖာ့လန္ကို ကူညီတဲ့သူကလည္း မိုးႀကိဳးစစ္ေဆးခ်က္ထဲ ေရာပါသြားလိမ့္မယ္။ ကူညီေပးဖို႔ႀကိဳးစားတဲ့သူက အားႀကီးေလေလ ေကာင္းကင္ဘုံစစ္ေဆးခ်က္ရဲ့ ျပင္းအားက ပိုျပင္းထန္ေလေလပဲ။

အစက ခ်န္က်င့္ရႊယ္လည္း မိုးႀကိဳးစစ္ေဆးခ်က္ရဲ့ ပရဝုဏ္ထဲမွာ ရွိေနတယ္။ သို႔ေပမဲ့ ေရွာင္‌ေဖာ့လန္က ဘာမွ ထူးထူးျခားျခား သတိမထားမိဘူး။ ခ်န္က်င့္ရႊယ္က သာမန္လူသား သက္သက္တစ္ေယာက္ပဲေလ။

ဒါေပမဲ့ သခင္ကေတာ့ မတူဘူး။ သခင္က နတ္ဘုရားတစ္ပါးေလ!

ေရွာင္ေဖာ့လန္က စိုးရိမ္လာၿပီး အသံေတြကလည္း ေလးနက္လာတယ္။ "သခင္ ကၽြန္ေတာ့္ကို စိတ္မပူနဲ႔၊ ျမန္ျမန္ ထြက္သြားေတာ့!"

ကၽြမ္းက်ိဳးက ေခါင္းခါလိုက္တယ္။ "အရမ္းေနာက္က်သြားၿပီ"

သူ ေရွာင္ေဖာ့လန္နဲ႔အတူ မိုးႀကိဳးစစ္ေဆးခ်က္ နယ္နိမိတ္ထဲ ဝင္လာတာနဲ႔တစ္ၿပိဳင္နက္ မိုးႀကိဳးစစ္ေဆးခ်က္က သူ႔ကိုပါ စစ္ေဆးပြဲရဲ့ တစ္စိတ္တစ္ပိုင္းအျဖစ္ သတ္မွတ္လိုက္ၿပီးၿပီ။

အေစာပိုင္းက ေကာင္းေကာင္းစုေဝးေနတဲ့ မိုးႀကိဳး အခုထိမပစ္ရေသးတဲ့ အေၾကာင္းအရင္းက တိတိပပေျပာရရင္ သူဝင္လာတာေၾကာင့္ပဲ။ မိုးႀကိဳးအားက အခုဆို ပိုၿပီးအားေကာင္းလာဖို႔ အခ်ိန္ယူဖို႔ ပိုလိုအပ္တယ္ေလ။

အခုလက္ရွိ သူတို႔ေတြက လုံးဝ လူသူမရွိတဲ့ ေတာင္ကတုံးေပၚ ေရာက္ေနၾကၿပီ။

မိုးႀကိဳးတိမ္တိုက္ေတြက ေကာင္းကင္မွာ တလိမ့္လိမ့္ တက္လာၿပီး အသံခပ္အုပ္အုပ္ျမည္ဟည္းေနတယ္။ မိုးႀကိဳးစစ္ေဆးခ်က္ရဲ့ စြမ္းအားေတြက အလြန္ေခ်ာက္ခ်ားစရာေကာင္းေလာက္တဲ့ အဆင့္အထိ စုေဝးေနႏွင့္ၿပီ။

ကၽြမ္းက်ိဳးက ေရွာင္ေဖာ့လန္ကို ေအာက္ကိုခ်လိုက္ၿပီး မ်က္ခုံးေတြ တင္းက်ပ္စြာတြန႔္ခ်ိဳးၿပီး ေကာင္းကင္ေပၚကို ေငးေမာ့ၾကည့္လိုက္တယ္။ ေရွာင္ေဖာ့လန္ရဲ့ ႐ုတ္ခ်ည္းစစ္ေဆးခ်က္ကို သူ လ်စ္လ်ဴရႈထားခဲ့တဲ့ အဓိကအေၾကာင္းျပခ်က္တစ္ခုက စစ္ေဆးခ်က္ေတြက အာကာသထဲမွာလည္း ျဖစ္ေပၚတတ္တယ္ဆိုတာ သူတကယ္မသိခဲ့လို႔ပဲ။

"ဖီလာဖာလာ" (*လၽွပ္စီးသံ)

သူအေလးအနက္ အခ်ိန္ယူစဥ္းစားေနတုန္းမွာ ေျမႀကီးပင္တုန္ခါသြားေလာက္တဲ့ မိုးၿခိမ္းသံတစ္ခုနဲ႔အတူ ေကာင္းကင္ကေန ပင့္ကူကြန္ရက္လို လၽွပ္စီးေၾကာင္းေတြက တန္းတန္းမတ္မတ္ က်လာတယ္။

ေရွာင္ေဖာ့လန္က သခင္ကို ဂ႐ုစိုက္ဖို႔ ေျပာခ်င္ခဲ့ေပမဲ့ သူ႔ရဲ့စက္႐ုပ္ခႏၶာကိုယ္ေလးက အင္မတန္ လြယ္ကူစြာ လၽွပ္ကူးနိုင္စြမ္းရွိတယ္။ မိုးႀကိဳးပစ္လိုက္တဲ့အခ်ိန္ ကၽြမ္းက်ိဳးကိုေတာင္ မိုးႀကိဳးမထိမွန္ခင္ ပိုလၽွံေနတဲ့ ေလထဲက လၽွပ္စစ္ေတြက ေရွာင္ေဖာ့လန္ဆီကို ေရြ႕သြားေနၿပီ။

ေရွာင္ေဖာ့လန္က သူ႔ရဲ့ စက္႐ုပ္လက္ေလးႏွစ္ဖက္ကို လႈပ္ရွားလိုက္ၿပီး ေျမေပၚမွာ အျမန္ တြင္းတစ္တြင္းတူးလိုက္ကာ သူ႔ကိုယ္သူ တြင္းထဲမွာ ျမႇုပ္ထားလိုက္တယ္။

သူ႔ကိုယ္သူ တြင္းထဲမွာ ျမႇုပ္ထားလိုက္ၿပီး ေခါင္းေလးပဲ ေဖာ္ထားၿပီးေနာက္မွာ ေရွာင္ေဖာ့လန္က ေခါင္းေမာ့ၾကည့္လိုက္တယ္။ ကၽြမ္းက်ိဳးက ေလထဲကို ခုန္ပ်ံတက္သြားၿပီး မိုးႀကိဳးကို ဘာအကူအညီမွ မပါဘဲ လက္ခ်ည္းနဲ႔ တားဆီးလိုက္တာကို ေတြ႕လိုက္ရတယ္။

ကၽြမ္းက်ိဳးရဲ့ ကိုယ္က ယိမ္းယိုင္သြားတယ္။ သူက နတ္ဘုရားတစ္ပါးဆိုေပမဲ့လည္း ေကာင္းကင္ဘုံရဲ့ စစ္ေဆးခ်က္က အျမဲလိုလို စစ္ေဆးခံရသူရဲ့ စြမ္းအားနဲ႔အညီ လိုက္ေျပာင္းတယ္။ သူ႔စြမ္းအားရဲ့ အတိုင္းအတာအလိုက္ ေကာင္းကင္ဘုံရဲ့စစ္ေဆးခ်က္ကလည္း အဲဒါနဲ႔အညီ အဆအခ်ိဳ႕ တိုးသြားလိမ့္မယ္။

အဲဒါေၾကာင့္ ကၽြမ္းက်ိဳးအတြက္ ဒီမိုးႀကိဳးကို လြယ္လင့္တကူ ရင္ဆိုင္လိုက္ရတာ မဟုတ္ဘူး။

"သခင္!"

သူ႔ကိုယ္သူ ေျမထဲျမႇုပ္ၿပီး ပုန္းေနတဲ့ ေရွာင္ေဖာ့လန္က ဘယ္လိုလုပ္ၿပီး ဆက္ပုန္းေနနိုင္မွာလဲ။ တုံ႔ဆိုင္းမေနေတာ့ဘဲ သူက တြင္းထဲကေန တက္လာၿပီး ကၽြမ္းက်ိဳးေျခေထာက္ေဘးကို လွိမ့္သြားတယ္။

"ငါအဆင္ေျပတယ္!" ကၽြမ္းက်ိဳးက မေရမရာ ျပဳံးျပလာတယ္။ သူက ဘယ္လိုမွကို အဆင္ေျပေနတဲ့ပုံမရဘဲ ဘယ္ေလာက္ေတာင္ သနားစရာေကာင္းေနလဲဆိုတာ လုံးလုံးေမ့ေနတဲ့ပုံရတယ္။

မိုးႀကိဳးပစ္ခ်ၿပီးေနာက္မွာေတာင္ ေကာင္းကင္ယံက အျဖစ္အပ်က္ေတြက ရပ္တန႔္မသြားဘူး။ မိုးႀကိဳးစစ္ေဆးခ်က္က ေနာက္ထပ္ပိုအားႀကီးတဲ့ မိုးႀကိဳးအတြက္ အားယူစုေဝးေနျပန္တယ္။

ေရွာင္ေဖာ့လန္က အာကာသထဲမွာ ေမြးဖြားလာတဲ့ မိစၧာမပီသတဲ့ မိစၧာတစ္ေကာင္ျဖစ္တယ္။ သူက က်ိဳးက်ိဳးဆီကေန အသိပညာေတြ အေမြဆက္ခံရယူထားတယ္ဆိုေပမဲ့ ေကာင္းကင္ဘုံစစ္ေဆးခ်က္ လုံးဝႀကီး ၿပီးစီးသြားဖို႔အတြက္ မိုးႀကိဳးေတြ ဘယ္ႏွစ္ခ်က္ေလာက္ ထပ္ၿပီးပစ္ခ်ဦးမလဲဆိုတာ ေသခ်ာရွင္းရွင္းလင္းလင္း မသိဘူး။ ခ်က္ခ်င္းပဲ သူက ေျပာလာတယ္။ "ေနာက္လာမဲ့ မိုးႀကိဳးေတြကို ကၽြန္ေတာ့္ဘာသာပဲ လက္ခံလိုက္မယ္"

ကၽြမ္းက်ိဳးက ေခါင္းခါလိုက္တယ္။ "မရဘူး မင္းက ဘာအစြမ္းမွ မက်င့္ႀကံရေသးဘူး"

ဆန႔္က်င္ဘက္အေနနဲ႔ သူက ေရွာင္ေဖာ့လန္ကို ႏွစ္သိမ့္လိုက္ေသးတယ္။ "မိစၧာေတြက စစ္ေဆးခ်က္ႏွစ္ခုကို ေက်ာ္ျဖတ္ရတယ္။ တစ္ခုက ပုံစံေျပာင္းဖို႔။ ဒုတိယတစ္ခုက *"ေသာင္" ကိုရဖို႔။ ဒီတစ္ေခါက္ စစ္ေဆးခ်က္က ပုံစံေျပာင္းဖို႔ပဲ။ မိုးႀကိဳးေပါင္း ၉ ႀကိမ္ရွိတယ္။ အခု ဘယ္ႏွစ္ႀကိမ္ရွိၿပီလဲ" (*အသိဉာဏ္ပြင့္လင္းဖို႔)

ေရွာင္ေဖာ့လန္က အသံတိတ္က်သြားတယ္။ "ဒုတိယအႀကိမ္"

ေစာေစာကတင္ သူတစ္ခ်က္ခံလိုက္ရတာ၊ သူ႔ကိုယ္က ပ်က္စီးသြားေတာ့မတတ္ပဲ။

သခင္က သူ႔ထက္အားႀကီးတယ္ဆိုေပမဲ့ အခုသခင္ပါ ပါလာၿပီဆိုေတာ့ ေကာင္းကင္ဘုံရဲ့စစ္ေဆးခ်က္က ဘယ္ေလာက္ေတာင္ အားပိုႀကီးလာလဲဆိုတာ ဘယ္သူသိမွာလဲ။

ရွားရွားပါးပါး ေရွာင္ေဖာ့လန္ရဲ့ စစ္႐ုပ္အသံေလးမွာ စိတ္ပိုင္းျဖတ္ထားမႈေတြ ေတြ႕ေနရတယ္။ "ကၽြန္ေတာ္ေသရင္ ေသတယ္မွတ္ေပါ့၊ သခင္ကေတာ့ ဘာမွျဖစ္လို႔မရဘူး"

ဒါကိုၾကားေတာ့ ကၽြမ္းက်ိဳးက ေတာင့္ခဲသြားတယ္။

ဒီစကားလုံးေတြက အရမ္းရင္းႏွီးေနသလိုပဲ။ ဘယ္ေလာက္ေတာင္လဲဆို သူ႔ေခါင္းထဲမွာ က်ယ္ေလာင္တဲ့ တစီစီျမည္သံက ကြဲထြက္လာသလိုပဲ။

--မင္းက ငါတို႔ရဲ့ေမၽွာ္လင့္ခ်က္ပဲ၊ ငါေပ်ာက္ကြယ္သြားရင္ ေပ်ာက္ကြယ္သြားတယ္ေပါ့၊ မင္းကေတာ့ ဘာမွျဖစ္လို႔မရဘူး!

ေခါင္းကိုက္တာက ထပ္ျဖစ္လာျပန္တယ္။ သူ႔ေခါင္းထဲမွာ အသံေတြ က်ယ္ေလာင္စြာ တစီစီျမည္ေနတယ္။ က်ိဳးက်ိဳးက သူ႔ေခါင္းထဲကအသံေတြ တိတ္သြားေအာင္ ႀကိဳးစားဖို႔အတြက္ သူ႔ေခါင္းသူ ရိုက္ေနတယ္။

အဲဒီအခ်ိန္မွာပဲ တတိယအႀကိမ္ မိုးႀကိဳးစစ္ေဆးခ်က္က ျဖစ္ေပၚလာၿပီး က်ယ္ေလာင္တဲ့ ျမည္ဟိန္းသံနဲ႔အတူ မိုးႀကိဳးပစ္ခ်လာတယ္။

စဥ္းစားခ်ိန္ေတာင္မရလိုက္ဘဲ ကၽြမ္းက်ိဳးက သူ႔ရဲ့ခ်န္ခြင္းအိတ္ထဲက ေမွာ္ပစၥည္းေတြအကုန္လုံးကို ဆြဲထုတ္ၿပီး အဲဒီမိုးႀကိဳးကို တားဆီးလိုက္တယ္။

"ဘုံး---"

ေျမျပင္နဲ႔ ေတာင္တန္းလိုဏ္ဂူေတြက တုန္ခါသြားၿပီး ေလထဲမွာ ဖုန္လုံးေတြ တလိပ္လိပ္ထလာတယ္။ ေျမျပင္တစ္ခုလုံးကလည္း တစ္ဝက္ကြဲထြက္သြားေတာ့မလိုပဲ။

ရိုင္းပ်တဲ့ဧည့္သည္ ထြက္ခြာသြားၿပီးတဲ့ေနာက္ တစျပင္လိုေတာင္ေပၚမွာ မိုးႀကိဳးဒဏ္ေၾကာင့္ မီတာအခ်ိဳ႕နက္တဲ့ ဧရာမခ်ိဳင့္ႀကီးတစ္ခု က်န္ခဲ့တယ္!

ကၽြမ္းက်ိဳးက ဧရာမခ်ိဳင့္ႀကီးအလယ္မွာ ရွိေနတယ္။ သူက ေျမႀကီးထဲမွာ ဟိုသည္ကက်လာတဲ့ ေက်ာက္စိုင္ေက်ာက္ခဲေတြနဲ႔ ပိေနၿပီး သူ႔အကၤ်ီအစအနေလးပဲ ျမင္ေနရတယ္။

ေရွာင္ေဖာ့လန္ကလည္း တတိယမိုးႀကိဳးကေန ပိုလၽွံေနတဲ့လၽွပ္စီးေၾကာင္းေတြေၾကာင့္ တစစီျပဳတ္ထြက္ေတာ့မလို ျဖစ္ေနတယ္။ သူက လက္က်န္ခႏၶာကိုယ္ေလးကို တရြတ္ဆြဲၿပီး ခ်ိဳင့္ဝွမ္းရွိရာကို အားတင္းၿပီး သြားေနတယ္။ တဟြတ္ဟြတ္နဲ႔ ေမာဟိုက္ေနတယ္။

"သခင္!"

"ဟြတ္ ဟြတ္ ဟြတ္...." ကၽြမ္းက်ိဳးက ပါးစပ္အျပည့္ေသြးေတြကို ဟပ္ထုတ္လိုက္တယ္။ "ငါအဆင္ေျပတယ္... ကိစၥမရွိဘူး...."

သူ ဘယ္လိုလုပ္ အဆင္ေျပမွာလဲ!

သူတို႔ သိလာၾကတဲ့တစ္ေလၽွာက္လုံး ေရွာင္ေဖာ့လန္ သခင္ ေသြးအန္တာ ပထမဆုံးျမင္ဖူးတာပဲ!

ေရွာင္ေဖာ့လန္က ငိုခ်င္ေနတယ္။

သူ႔အရည္အခ်င္းကသာ ဒီေလာက္ စိတ္ပ်က္စရာမေကာင္းခဲ့ဘူးဆိုရင္....

မ်က္ရည္ေတြေတာင္ မက်ေသးဘူး ေရွာင္ေဖာ့လန္က က်ိဳးက်ိဳး ေျမေပၚကေန ကုန္းထလာၿပီး အဲဒီနားမွာ ေဆာင့္ေၾကာင့္ထိုင္လိုက္တာကိုေတြ႕လိုက္တယ္။ သူက ပုလင္းတစ္ပုလင္းကို ကိုင္ထားၿပီး ဘာမွန္းမသိတဲ့ တစ္ခုခုကို လုပ္ေနတယ္။

ကၽြမ္းက်ိဳးက သူ႔ကိုယ္ထဲက မအီမသာျဖစ္မႈေတြကို ခ်ိဳးႏွိမ္ၿပီး စိတ္နဲ႔ကိုယ္မကပ္စြာ ေျပာလိုက္တယ္။ "ငါေထြးထုတ္လိုက္တဲ့ေသြးေတြကို စုေနတာ"

ေရွာင္ေဖာ့လန္: "သခင္ ..."

ကၽြမ္းက်ိဳး: "ဒါက ဟြတ္ ဟြတ္.. နတ္ဘုရားရဲ့ေသြးပဲ၊ အလကားျဖစ္သြားလို႔ မရဘူး..."

ေရွာင္ေဖာ့လန္: "........"

ေရွာင္ေဖာ့လန္က ဘာေျပာရမွန္းေတာင္ မသိေတာ့ဘူး။ ခုနကေလးတင္ သူက သခင္ေၾကာင့္ စိတ္ထဲမွာ ထိရွသြားၿပီး ငိုေတာင္ငိုခ်င္သြားတာ။ ေနာက္ခဏေနေတာ့ သူက ဆဲပဲဆဲခ်င္ေတာ့တယ္။

ခက္ခက္ခဲခဲနဲ႔ ကၽြမ္းက်ိဳးက သူ႔ေသြးေတြကို အကုန္အစင္ စုလိုက္ၿပီးေနာက္ ေျမေပၚမွာ ပုံလ်က္သားေလး လဲေလ်ာင္းေနတယ္။ သူ႔ေခါင္းက ပိုပိုၿပီး နာက်င္လာတာတင္မကဘူး၊ သူ႔ကိုယ္ကလည္း နာက်င္မႈလွိုင္းလုံးေတြကို ခံစားေနရတယ္။

အဲဒီအခ်ိန္မွာပဲ စတုတၳအႀကိမ္ေျမာက္ မိုးႀကိဳးက စုေဝးၿပီး ပုံေပၚေနၿပီ။

ဒီတစ္ေခါက္ေတာ့ ကၽြမ္းက်ိဳး ဘာပဲေျပာေျပာ ေရွာင္ေဖာ့လန္က ထြက္သြားဖို႔ကို ျငင္းဆန္ေနတယ္။ ကၽြမ္းက်ိဳးရဲ့ လက္ကို တင္းတင္းက်ပ္က်ပ္ ဖက္တြယ္ထားၿပီး အတူတူ မိုးႀကိဳးစစ္ေဆးခ်က္ကို လက္ခံလိုက္ဖို႔ စိတ္ပိုင္းျဖတ္ထားတယ္။

"သခင္ ေသျခင္းတရားက လာေနၿပီဆို ကၽြန္ေတာ္တို႔ အတူတူ ေသၾကတာေပါ့!"

ကၽြမ္းက်ိဳးမွာ ေရွာင္ေဖာ့လန္ကို တြန္းဖယ္ဖို႔ အင္အား မရွိေတာ့ဘူး။ "တကယ္ေတာ့ တကယ္ဆို ငါက မိုးႀကိဳးေၾကာင့္ ျပာအျဖစ္ေျပာင္းသြားရင္ေတာင္ အဟြတ္ ဟြတ္... နတ္ဘုရားပုံေတာ္ရွိေနေသးသေရြ႕ ငါ့ရဲ့တန္ခိုးအဆီအႏွစ္ကို သိမ္းဆည္းထားနိုင္တယ္... ငါက လူအျဖစ္ ျပန္ေျပာင္းနိုင္ေသးတယ္။ မင္းကေတာ့ မရဘူး။ အဲဒါေၾကာင့္ ျမန္ျမန္ ထြက္သြားေတာ့...."

ဘာကို အတူတူ ေသမွာလဲ။ မျဖစ္နိုင္ဘူး။

အနည္းဆုံးေတာ့ သူက နတ္ဘုရားေလ။ သူ႔မွာ ႂကြယ္ဝျခင္းနတ္ဘုရားနတ္ကြန္းမွာ နတ္ဘုရား႐ုပ္တုတစ္ခုလည္း ရွိေသးတယ္။ အဲဒါက သူ႔ရဲ့ပင္မကိုယ္ပြားလို႔ သတ္မွတ္လို႔ရတယ္။ သူ႔ပင္မကိုယ္သာ မထိမခိုက္က်န္ေနေသးရင္ သူက အခု တူးျခစ္သြားေအာင္ လၽွပ္ရိုက္ခံလိုက္ရရင္ေတာင္မွ တန္ခိုးအဆီအႏွစ္၊ သူ႔ဝိညာဥ္ ရွိေနေသးတယ္။ သူ႔ရဲ့ နတ္ဘုရားစြမ္းအင္ ျပန္ျပည့္လာတာနဲ႔ သူလည္း ျပန္ေကာင္းလာမွာပဲ။

ေရွာင္ေဖာ့လန္ကေတာ့ မတူဘူး။ သူေသသြားရင္ သူ႔ဝိညာဥ္က တစစီၿပိဳကြဲသြားၿပီး ထာဝရ ေပ်ာက္ကြယ္သြားလိမ့္မယ္။

ဒါေပမဲ့ ကၽြမ္းက်ိဳးေျပာတဲ့ ျပန္ေကာင္းလာမယ္ဆိုတာက သူ႔ရဲ့အေကာင္းဆုံးအေျခအေနအထိ ျပန္ေကာင္းလာမွာေတာ့ မဟုတ္ဘူး။ သူ႔ကိုယ္သူ အပိုင္းပိုင္းျပန္ဆက္ရတဲ့အခါတိုင္းမွာ သူက အရင္ကထက္ ပိုၿပီး အားနည္းသြားမွာပဲ။

ေနာက္ဆုံးတစ္ေခါက္ကဆို အဲဒါေၾကာင့္ပဲ သူက ပိုၿပီး အားနည္းသြားရတာ။

အမ္? ေနာက္ဆုံးအေခါက္တဲ့လား?

ေနာက္ဆုံးအေခါက္က ဘယ္တုန္းကလဲ?

ဒီအေတြး သူ႔စိတ္ထဲကို ဝင္လာတာနဲ႔တစ္ၿပိဳင္နက္ ကၽြမ္းက်ိဳးက သူ႔ေခါင္း ေပါက္ကြဲထြက္ေတာ့မလို ခံစားလိုက္ရတယ္။ ဒီလိုမ်ိဳး နာက်င္မႈက သူ႔ကိုယ္ထဲက လာတာနဲ႔ မတူဘူး... သူ႔စိတ္ဝိညာဥ္ကေန ျဖစ္ေပၚလာတာျဖစ္တယ္။

ေရွာင္ေဖာ့လန္ကေတာ့ သူ႔သခင္က သူ႔ကို လွည့္စားဖို႔ႀကိဳးစားေနတာလို႔ ထင္ေနတယ္။ သူက ဘာပဲျဖစ္ျဖစ္ ထြက္သြားဖို႔ကို ျငင္းဆန္ေနတယ္။

ေကာင္းကင္က မိုးတိမ္လိပ္ေတြက တဂ်ိန္းဂ်ိန္းျမည္ဟည္းေနတယ္။ စတုတၳအႀကိမ္မိုးႀကိဳးစစ္ေဆးခ်က္က ပုံစံေပၚေနၿပီ။ ေကာင္းကင္ဘုံစစ္ေဆးခ်က္က တစ္ႀကိမ္ထက္တစ္ႀကိမ္ ပိုၿပီး အားႀကီးလာတဲ့အျပင္ ပိုပိုၿပီး ေခ်ာက္ခ်ားစရာေကာင္းလာတယ္။ စတုတၳမိုးႀကိဳးစစ္ေဆးခ်က္ရဲ့ ေၾကာက္မက္ဖြယ္ရာ အေရာင္အဝါကို ျမင္ေတာ့ က်ိဳးက်ိဳးက သူ႔ေခါင္းသူအုပ္လိုက္ၿပီး သူက ဒီတစ္ခ်က္ကိုေတာ့ျဖင့္ ေတာင့္ခံနိုင္မွာမဟုတ္ေလာက္ဘူးလို႔ ခံစားလိုက္ရတယ္။

တကယ္လို႔... တကယ္လို႔ သူသာ ဒါကို ေတာင့္မခံနိုင္ဘဲ သူ႔ကိုယ္သာ တစစီျဖစ္သြားခဲ့ရင္ သူဝမ္ေရွာင္းယြင္နဲ႔ မဂၤလာေဆာင္အခမ္းအနား က်င္းပလို႔မရေတာ့ဘူး။ ဝမ္ေရွာင္းယြင္က သူ႔ကို အၾကာ အၾကာႀကီး ေစာင့္ေနရေတာ့မယ္.... သူက ေစာင့္ပါ့မလား။

"ဘုံး----"

မိုးၿခိမ္းသံက ထြက္ေပၚလာတယ္။ အဲဒါက ေကာင္းကင္ေပၚမွာ ဧရာမသားရဲေကာင္ႀကီးတစ္ေကာင္ ေလွာင္အိမ္ကေန လြတ္ထြက္လာတဲ့အတိုင္းပဲ။

စတုတၳမိုးႀကိဳးစစ္ေဆးခ်က္ ေျမေပၚက်လာတာနဲ႔ လူသူကင္းမဲ့ေနတဲ့ ေတာင္တစ္ခုလုံးက ေျမျပင္နဲ႔ တန္းတူအထိ နိမ့္က်သြားသလိုပဲ။ သူတို႔ကိုယ္ေတြေတာင္မွ တရစပ္ တုန္ခါေနေတာ့တယ္။

ေနဦး?

သူတို႔မွာ ကိုယ္ရွိေသးတယ္လား? သူတို႔ကိုယ္က တစစီျပန႔္က်ဲမသြားေသးဘူးလား?

စတုတၳမိုးႀကိဳးစစ္ေဆးခ်က္က ပစ္လိုက္ၿပီမဟုတ္ဘူးလား။

မိုးႀကိဳးက ဘယ္ကို ထိသြားတာလဲ။

နတ္ဘုရားတစ္ပါးနဲ႔ စက္႐ုပ္တစ္႐ုပ္က စိတ္ရႈပ္ေထြးစြာ မ်က္လုံးဖြင့္ၾကည့္လိုက္ၾကတယ္။ သူတို႔ျမင္လိုက္ရတာက ဘယ္တုန္းကမွန္းမသိတဲ့အခ်ိန္က ေကာင္းကင္မွာ ႀကီးမားတဲ့ ဧရာမအရာႀကီးတစ္ခုရွိေနတာပဲ။ အဲဒါႀကီးက သူတို႔အေပၚမွာ ျဖန႔္က်က္ၿပီး ေကာင္းကင္တစ္ခုလုံးကို လုံးဝ ဖုံးကာထားၿပီး ေမွာင္မိုက္ေနတဲ့ ေကာင္းကင္ကို မျမင္ရေအာင္ ကာရံထားတယ္။

အဲဒီအရာႀကီးရဲ့ အျပင္ဘက္ မာေက်ာခိုင္ခံ့တဲ့ သတၱဳအလႊာက သူ႔ရဲ့အတုမရွိတဲ့ ႀကံ့ခိုင္မႈကို ျပသေနတယ္။ အဲဒီ ရင္းႏွီးေနတဲ့တည္ေဆာက္ပုံက ကၽြမ္က်ိဳးကို ပိုလို႔ေတာင္ စိတ္ရႈပ္ေထြးသြားေစတယ္။

အဲဒါက... စစ္သေဘၤာ ဝီဗန္ပဲ!

ဘာလို႔ စစ္သေဘၤာဝီဗန္က ဒီမွာ ေပၚလာရတာလဲ။

သူတို႔ေတြ တုံ႔ျပန္ခ်ိန္ကိုေတာင္ မေစာင့္ဘဲ အနက္ေရာင္မက္ခါတစ္စီးက သူတို႔ေရွ႕ကို က်လာတယ္။ ခမ္းနားထည္ဝါတဲ့မက္ခါက အပ်က္အစီးပုံၾကား ေတာင္ေပၚမွာ ဝင့္ႂကြားစြာ ရပ္ေနတယ္။ ကၽြမ္းက်ိဳးက အဲဒါကို တစ္ခ်က္ၾကည့္႐ုံနဲ႔ မွတ္မိတယ္။ အဲဒါက ဝမ္ေရွာင္းယြင္ရဲ့ မက္ခါ ေဝါ့စီးပဲ။

ထင္တဲ့အတိုင္းပဲ ေမာင္းႏွင္ခန္းက ပြင့္လာၿပီး ေတာင့္တင္းၿပီး ျမင့္မားတဲ့ကိုယ္ဟန္တစ္ခုက ခုန္ခ်လာတယ္။

"က်ိဳးက်ိဳး!"

ဝမ္ေရွာင္းယြင္က ကၽြမ္းက်ိဳးကို သူ႔ရင္ခြင္ထဲ ဆြဲသြင္းလိုက္ၿပီး ေနာက္လက္တစ္ဖက္နဲ႔ ေရွာင္ေဖာ့လန္ကို ေပြ႕ခ်ီၿပီး မက္ခါရဲ့ ေမာင္းႏွင္ခန္းထဲကို ျပန္ဝင္သြားတယ္။

သူနဲ႔ ေဝါ့စီးက စိတ္ပိုင္းဆိုင္ရာ ခ်ိတ္ဆက္ထားၿပီးသား။ လူကိုယ္တိုင္ စက္ကိုေမာင္းႏွင္ဖို႔ မလိုတဲ့အတြက္ သူက အမိန႔္တန္းၿပီး ေပးလိုက္တယ္။ "ေဝါ့စီး စစ္သေဘၤာကိုျပန္မယ္"

"နားလည္ပါၿပီ"

ေဝါ့စီးဟာ ေလထဲကိုထိုးတက္သြားၿပီးေနာက္ လ်င္ျမန္တဲ့အရွိန္နဲ႔ စစ္သေဘၤာဝီဗန္ကို ျပန္သြားတယ္။

ဝမ္ေရွာင္းယြင္ ကၽြမ္းက်ိဳးကို ေအာက္ကိုခ်ေပးလိုက္တဲ့အခ်ိန္မွာ ေခါင္းကြဲထြက္မတတ္ နာက်င္ေနတဲ့ ကၽြမ္းက်ိဳးဟာ ေနာက္ဆုံးေတာ့ ျပန္သက္သာလာၿပီး အလ်င္စလို ေျပာလိုက္တယ္။ "ကၽြန္ေတာ္တို႔ကို ျမန္ျမန္ ျပန္လႊတ္ေပး။ ေကာင္းကင္ဘုံစစ္ေဆးခ်က္.. ေကာင္းကင္ဘုံစစ္ေဆးခ်က္က စစ္သေဘၤာကို ဖ်က္ဆီးပစ္လိုက္လိမ့္မယ္!"

အဲဒီလိုျဖစ္သြားရင္ သူတို႔ေတြအကုန္လုံး သူရယ္ ေရွာင္ေဖာ့လန္ရယ္နဲ႔အတူတူ ေသကုန္လိမ့္မယ္။

သူတို႔ေတြက သာမန္လူေတြခ်ည္းပဲ။ ဘယ္လိုလုပ္ ေကာင္းကင္ဘုံစစ္ေဆးခ်က္ကို ခံနိုင္ရည္ရွိပါ့မလဲ!

"မပ်က္စီးပါဘူး က်ိဳးက်ိဳး" ဝမ္ေရွာင္းယြင္က ကမန္းကတန္း သူ႔ကို ေပြ႕ဖက္လိုက္ၿပီး ညင္သာတဲ့အသံေလးနဲ႔ သူ႔ကို စိတ္ၿငိမ္သြားေအာင္ ႏွစ္သိမ့္ေနတယ္။ "ေကာင္းကင္ဘုံစစ္ေဆးခ်က္ရဲ့ မိုးႀကိဳးက စစ္သေဘၤာကို ဖ်က္ဆီးနိုင္မွာမဟုတ္ဘူး"

"ဖ်က္ဆီးလိမ့္မယ္!" ဒီတစ္ႀကိမ္ေတာ့ ကၽြမ္းက်ိဳးက တကယ္ကို အထိတ္တလန႔္ျဖစ္ေနၿပီ။ သူကေတာ့ ေသမွာမဟုတ္ေပမဲ့ ဝမ္ေရွာင္းယြင္နဲ႔ တျခားသူေတြ မိုးႀကိဳးေၾကာင့္ ေသေက်ကုန္မွာ သူစိုးရိမ္တယ္။ သူက အေမာတေကာ ေျပာတယ္။ "ဒါက သာမန္လၽွပ္စီးနဲ႔ မိုးႀကိဳးမဟုတ္ဘူး။ ဒါက...."

သူ႔စကားေတာင္ မဆုံးေသးဘူး၊ က်ယ္ေလာင္တဲ့အသံႀကီးတစ္သံက စစ္သေဘၤာပတ္လည္ကေန ထြက္ေပၚလာတယ္။ အဲဒါက ပဥၥမအႀကိမ္ေျမာက္ မိုးႀကိဳးစစ္ေဆးခ်က္ က်လာတဲ့အသံပဲ။

ဒါေပမဲ့ အခုေတာ့ သူတို႔ေတြက စစ္သေဘၤာအထဲမွာ.... လုံးဝကို အေကာင္းအတိုင္းပဲ!

ကၽြမ္းက်ိဳးက စိတ္ရႈပ္ေထြးသြားတယ္။ "ဘာ.. ဘာေတြျဖစ္ကုန္တာလဲ..."

ဝမ္ေရွာင္းယြင္က ဆိုတယ္။ "က်ိဳးက်ိဳး စစ္သေဘၤာမွာ မိုးႀကိဳးလႊဲေတြ တပ္ထားတယ္"

ကၽြမ္းက်ိဳး: "............"

ကၽြမ္းက်ိဳး: "........အမ္"

ဝမ္ေရွာင္းယြင္က ရွင္းျပတယ္။ "စစ္သေဘၤာက ဂလက္ဆီေတြၾကားမွာ ခရီးသြားရတယ္၊ တစ္ခါတေလ သူက အခုန္မွတ္ေတြကို ခုန္ရတာတို႔.. ၿဂိဳလ္သိမ္ၿဂိဳလ္မႊားရပ္ဝန္းေတြမ်ိဳးစုံၾကားမွာ ျဖတ္သန္းသြားလာရတာတို႔ လၽွပ္မုန္တိုင္းက်ေနတဲ့ နယ္ပယ္ေတအမ်ိဳးမ်ိဳးကို ပတ္ၿပီး သြားရတာမ်ိဳးေတြ ရွိတယ္။ မိုးႀကိဳးလႊဲေတြနဲ႔ လၽွပ္ကာပစၥည္းေတြက ေသခ်ာေပါက္ မရွိမျဖစ္ပဲ။ မိုးႀကိဳးလႊဲေတြနဲ႔ မတားနိုင္ခဲ့ရင္ေတာင္မွ ေကာင္းကင္ဘုံရဲ့ မိုးႀကိဳးက စစ္သေဘၤာရဲ့ အကာအကြယ္ကို ျဖတ္ၿပီး မဝင္လာနိုင္ဘူး။"

ေျပာရမယ္ဆိုရင္ စစ္သေဘၤာက ၿဂိဳလ္သိမ္ၿဂိဳလ္မႊားရပ္ဝန္းေတြၾကားေတာင္မွ သြားလာရေသးတယ္။ တကယ္လို႔ သူက ၿဂိဳလ္သိမ္ေတြနဲ႔ တိုက္မိခဲ့သည္ရွိေသာ္ သူ႔ကိုသာ အေကာင္းတကာ့အေကာင္းဆုံး အရည္အေသြးရွိတဲ့ ႀကံ့ခိုင္တဲ့ပစၥည္းေတြနဲ႔ မလုပ္ခဲ့ရင္ ဘယ္လိုလုပ္ၿပီး အဲဒီဒဏ္ကို ခံနိုင္ရည္ရွိပါ့မလဲ။

တစ္နည္းေျပာရရင္ စစ္သေဘၤာဝီဗန္က ၿဂိဳလ္သိမ္ေတြနဲ႔ တိုက္မိတာကိုေတာင္ ခံနိုင္ရည္ရွိတယ္။

အင္ပါယာႀကီးက ဒီေလာက္ႀကီးတယ္ဆိုေပမဲ့ စုစုေပါင္းမွ စစ္သေဘၤာေပါင္း သုံးစီးပဲ ရွိတယ္။ အဲဒါကလည္း စစ္သေဘၤာေဆာက္လုပ္စရိတ္က တကယ္အရမ္းမ်ားတယ္မလား။

ဝမ္ေရွာင္းယြင္က ဆက္တိုက္ဆိုသလို တစ္ႏွစ္ပတ္လုံး ၿဂိဳလ္သားအင္းဆက္မ်ိဳးႏြယ္ေတြနဲ႔ အာကာသစစ္ပြဲေတြ ဆင္ႏႊဲဖို႔ တာဝန္ယူထားရတဲ့အတြက္ သူက ကံေကာင္းၿပီး စစ္သေဘၤာတစ္စီးကို ရထားတယ္။ မဟုတ္ရင္ သူလည္း ပထမတပ္ဖြဲ႕နဲ႔ ဒုတိယတပ္ဖြဲ႕လိုပဲ တစ္စီးေတာင္ရွိမွာမဟုတ္ဘူး။

ႂကြယ္ဝျခင္းနတ္ဘုရားေလးက အံ့အားသင့္သြားတယ္။

ႂကြယ္ဝျခင္းနတ္ဘုရားေလးက ၾကက္ေသေသေနတယ္။

သူတို႔ တကယ္ပဲ ေကာင္းကင္ဘုံစစ္ေဆးခ်က္ေတြကို ဒီအတိုင္း ေက်ာ္ျဖတ္သြားလို႔ရလား။

ႂကြယ္ဝျခင္းနတ္ဘုရားေလးက အလြန႔္အလြန္ အၾကာႀကီးေနေအာင္ တိတ္ဆိတ္ေနၿပီး ေနာက္မွ ေရွာင္ေဖာ့လန္ရဲ့လက္ကို မိန္းေမာေတြေဝေနၿပီး ဆြဲယူလိုက္တယ္။ "မင္း... မင္း က်င့္ႀကံအားထုတ္ဖို႔ ေမ့လိုက္ေတာ့။ အဲဒါက အသုံးမဝင္ဘူး... ဒီအတိုင္း သိပၸံနဲ႔ နည္းပညာကိုသာ ေလ့လာေတာ့"

ေရွာင္ေဖာ့လန္: "..............."

ႂကြယ္ဝျခင္းနတ္ဘုရား: "သိပၸံနဲ႔နည္းပညာက တကယ့္စြမ္းအားပဲ။ အဲဒါက စၾကဝဠာရဲ့ အေျခခံစြမ္းအားပဲ... အဲဒါက အနာဂတ္ကို ေျပာင္းလဲပစ္တဲ့ေနရာမွာ ပင္မေထာက္တိုင္အင္အားပဲ"

ေရွာင္ေဖာ့လန္: "............."

ႂကြယ္ဝျခင္းနတ္ဘုရားေလး: "အနာဂတ္မွာ... ငါ့မွာ တန္ခိုးစြမ္းအင္ရွိၿပီး မင္းမွာ သိပၸံနဲ႔ နည္းပညာရွိလိမ့္မယ္"

ေရွာင္ေဖာ့လန္: "........."

မျဖစ္ေတာ့ဘူး။ သခင္ကေတာ့ မိုးႀကိဳးမွန္ၿပီး ႐ူးသြားၿပီ!

......................xxx......................

Continue Reading

You'll Also Like

2.9M 227K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
463K 80.8K 115
MC က ခွေးတစ်ကောင်အဖြစ် ပြောင်းသွားပြီးတဲ့နောက် သူ့ပြိုင်ဘက် ML ရဲ့အိမ်မှာ လိုက်နေရတယ်။ MC က ေခြးတစ္ေကာင္အျဖစ္ ေျပာင္းသြားၿပီးတဲ့ေနာက္ သူ႔ၿပိဳင္ဘက္ M...
610K 110K 140
ဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတ...
109K 15.2K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...