The Everlasting One (volume 2...

By _pannthoon_

743K 74.3K 17.4K

Start Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ... More

Author's note
Preview
Characters
Chapter : 96
Chapter : 97
Chapter : 98
Chapter : 99
Chapter : 100
Chapter : 101
Chapter : 102
Chapter : 103
Chapter : 104
Chapter : 105
Chapter : 106
Chapter : 107
Chapter : 108
Chapter : 109 (ပ)
Chapter : 109 (ဒု)
Chapter : 110
Multiuniverse Group
Chapter : 111
Chapter : 112
Chapter : 113
Revision
Chapter : 115
Chapter : 116
Chapter : 117
Chapter : 118
Chapter: 119
Chapter : 120
Chapter : 121
Chapter : 122
Chapter : 123
Chapter : 124
Chapter : 125 (ပ)
Chapter : 125 (ဒု)
Chapter : 126
Chapter : 127
Chapter : 128
Chapter : 129
Chapter : 130
Chapter : 131
Chapter : 132
Chapter : 133
Chapter : 134
Chapter : 135
Chapter : 136
Chapter : 137
Chapter : 138
Chapter : 139
Chapter : 140
Volume 3 Preview
Chapter : 141
Chapter : 142
Chapter : 143
Chapter : 144
Chapter: 145
Chapter : 146
Chapter : 147 ( က)
Chapter : 147 (ခ)
Chapter : 148
Chapter : 149
Chapter : 150
Physical book ( Unicode)
Physical book ( Zawgyi)
Chapter : 151
Chapter : 152
Chapter : 153
Chapter : 154
Chapter : 155 (ပ)
Chapter : 155 ( ဒု)
Chapter : 156
Chapter : 157
Chapter : 158 (ပ)
Chapter : 158 ( ဒု)
Chapter : 159
Chapter : 160
Book!!
The end

Chapter : 114

10.1K 1.1K 448
By _pannthoon_

Unicode

အခြေအမြစ်မရှိသော စွပ်စွဲချက်များ

_________________

လက်ထဲရှိ သဝဏ်လွှာကို ကျွန်းစားပွဲပေါ်သို့ ချ,ပြီးသည့်နောက်တွင် မယ်တော်ကြီးပဉ္စမာယာသည် နန်းဆောင်အပြင်ဘက်ရှိ မြင်ကွင်းများကို လှမ်းမျှော်ကြည့်ရှု​၏။

အပြင်ဘက်တွင် မိုး​၏ရှေ့ပြေးဖြစ်သော တိမ်ညိုတိမ်မည်းတို့က အုံ့ဆိုင်းမှိုင်းညို့နေသည်။ မိုးနံ့ပါသော လေပြည်လေညင်းများက တဖြူးဖြူးတိုက်ခတ်နေသကဲ့သို့ သစ်ပင်သစ်ခက်များဟာလည်း လေကြောင့် ယိမ်းတိမ်းလျက်ရှိသည်။

ထိုမြင်ကွင်းကိုကြည့်နေသော ပဉ္စမာယာ​၏စူးရဲသောမျက်ဝန်းများသည် သိုဝှက်လွန်းသောဗျူဟာများစွာကို ဖုံးကွယ်၍ထား​၏။ သူမ​၏အကြံအစည်ကို မသိရ။ မမြင်ရ။ သူမ​၏အနီးဆုံးတွင်ရှိပြီး သူမ​၏လူယုံတော်ဖြစ်သော သူ,တောင် မယ်တော်ကြီး​၏မျက်နှာအမူအရာကို မခန့်မှန်းနိုင်ဘဲရှိနေသည်။

ထို့ကြောင့် လူယုံသည် မယ်တော်ကြီး​၏အနောက်ခပ်လှမ်းလှမ်းအကွာတွင်ရပ်ရင်း အမိန့်ကိုသာ စောင့်ဆိုင်းလျက် နှုတ်ဆိတ်နေသည်။

မယ်တော်ကြီးက တီးတိုးရေရွတ်သည်။

" အရုဏက ဘီလူးပုံစံပြောင်းလဲသွားတယ်ပေါ့"

တစ်ဆက်တည်းပင် သူမ​၏နှုတ်ခမ်းထက်၌ နက်နဲသောအပြုံးတစ်ပွင့်ပေါ်ပေါက်လာသည်။ ထိုအပြုံးသည် မည်မျှစူးရဲ၍ပြင်းထန်ကြောင်း လူယုံတော်အသိရှိဆုံးဖြစ်သည်။ မယ်တော်ကြီးဟာ ခိုင်ခံ့သောအကြံအစည်တစ်ခုခုရရှိနေပြီဖြစ်သည်။ နောက်ပြီး ထိုအကြံအစည်အတိုင်း သူမ မရ,ရအောင် လုပ်ဆောင်ပေလိမ့်မည်။

" ထင်တဲ့အတိုင်း ယုဂန်နိုင်အတွက်ဆို ဘာမှမလုပ်ရဲတာ မရှိတဲ့သူပဲ။ ဒါ့ကြောင့် အရုဏကို အဆုံးထိဆွဲချဖို့ဆိုရင် သူ့ကိုတိုက်ခိုက်ရမှာမဟုတ်ဘူး။ ယုဂန်နိုင်ကို ထိပါးမှရမှာ။ ယုဂန်နိုင်သာ အနားမှာမရှိတော့ရင် အရုဏက အလိုလိုပြိုလဲသွားမယ့်သူပဲ"

မယ်တော်ကြီး ပြတ်သားသေချာစွာဆိုပြီးနောက် ဆက်လက်သောတာဝန်များကိုပေးအပ်ရန် လူယုံတော်ကို လှည့်ကြည့်သည်။

***********************************

ယုဂန်​၏ကျန်းမာရေးအခြေအနေစိတ်ချရသည်နှင့် အရုဏနှင့်ယုဂန်နိုင်သည် မိမိတို့​၏တပ်ဖွဲ့များနှင့်အတူ တမာပင်မြို့သို့ ပြန်လာခဲ့ကြသည်။ 

ထို့နောက် သူတို့သည် နယုန်နှင့် ဝါဆိုလနှစ်လလုံး ခုခံစစ်ပြုသည်မှအပ စစ်ပွဲများကို ခေတ္တရပ်၍ အနားယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအတောအတွင်း စစ်ပွဲပြင်ဆင်ရန်၊ ဗျူဟာချမှတ်ရန် လိုအပ်သည့်တာဝန်များကိုတော့ အဆက်မပြတ်လုပ်ဆောင်နေကြမည်ဖြစ်သည်။

ဝါဆိုလ​၏ မိုးကလေးစိမ့်စိမ့်ရွာသော မနက်ခင်းတစ်ခုတွင် ပီယံမိတ်သည် လေသာဆောင်တွင်တစ်ကိုယ်တည်းထိုင်လျက် စောင်းကောက်ကို တယုတယပွေ့ပိုက်၊ တို့တိတီးခတ်လျက်ရှိသည်။ ထိုအချိန်တွင် အရုဏ သူ့အနားသို့ရောက်ရှိလာသည်။ ပီယံသည် စောင်းကောက်ကိုဘေးချလျက် အရုဏထိုင်ရန် ကတ္တီပါဖုံခင်းပြင်ဆင်ပေးသည်။

အရုဏက ကတ္တီပါပေါ်မထိုင်ခင်တွင် တုံးတိကြီးမေးချလာသည်။

" ယောက်ျားလေးက ကလေးမွေးနိုင်မယ့်နည်းလမ်းရှိလား"

ထိုမေးခွန်းက ပီယံ့ကို ခေတ္တဆွံ့အသွားစေသည်။

" ဘယ်လိုလုပ်ပြီး ယောက်ျားလေးက ကလေးမွေးနိုင်မှာလဲ"

ပီယံ့အဖြေကြောင့် အရုဏ မျက်မှောင်အတန်ငယ်ကုတ်သွားကာ ကတ္တီပါဖုံခင်းပေါ်သို့ထိုင်ချသည်။

" သဘာဝအားဖြင့်တော့ မွေးလို့မရဘူးပေါ့။ ဒါပေမဲ့ တစ်နည်းနည်းနဲ့ရော မွေးလို့ရအောင် လုပ်လို့မရဘူးလား။ ပီယံ...မင်းက ဘာမေးမေးအကုန်သိတာပဲကို။ ဒီကိစ္စကိုရော ဘယ်လိုလုပ်ရမလဲ မသိဘူးလား"

" သိတယ်ဆိုတာ အချက်အလက်ရှိမှ သိရမှာပေါ့။ အဖိုပါဆိုမှ၊ အမရဲ့ သားအိမ်အင်္ဂါမှမပါ,တာ ဘယ်လိုမွေးမှာတုန်း။ စွမ်းအားကြီးတဲ့မှော်ပညာနဲ့လုပ်ယူရင်တောင် မဖြစ်နိုင်တဲ့ကိစ္စပဲ"

အရုဏ စိတ်ပျက်လက်ပျက်ဖြစ်သွားပုံရသည်။ သူသည် တင်ပလ္လင်ချိတ်ထားသော ဒူးတစ်ဖက်အပေါ် လက်ထောက်လျက် မေးတင်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်သည်။

အရုဏ​၏မျှော်လင့်ချက်မဲ့သွားသော ပုံစံကိုကြည့်ရင်း ပီယံသည် ကိစ္စတစ်စုံတစ်ရာရှိကြောင်း ခန့်မှန်းမိလိုက်သည်။

" ဘာဖြစ်လို့လဲ။ ဧကန္တ အစ်ကိုတော် အစ်ကိုယုဂန်နဲ့ ကလေးလိုချင်လို့လား"

အရုဏ ခေါင်းညိတ်ပြသည်။

" ယုဂန်က ငါ့ကလေးလိုချင်တယ်တဲ့​။ ငါနဲ့မျက်လုံးအရောင်တူတဲ့ကလေးတဲ့"

" အစ်ကိုတော့်ကလေးဖြစ်ရင် ပြီးပြီလား"

" အင်းလေ။ ငါ့ကလေးပါဆို"

" မဟုတ်ဘူးလေ။ ဘယ်သူနဲ့ပဲရရ၊ အစ်ကိုတော့်သွေးပါတဲ့ ကလေးဆို ပြီးပြီလားလို့"

ထိုစကားကြောင့် အရုဏမျက်မှောင်ကြုတ်လျက် ဆူပုတ်ပုတ်ဖြစ်သွားသည်။

" ငါ့ကလေးကို ကြင်ယာတော်ဖြစ်တဲ့ ယုဂန်နဲ့ပဲရ,ရမှာပေါ့။ ဘယ်သူနဲ့ရ,ရမှာလဲ။ ယုဂန်နဲ့ငါ့ရဲ့ကလေးပဲ ဖြစ်ရမှာပေါ့"

" အခြေခံအားဖြင့်တော့ အစ်ကိုတော်တို့နှစ်ယောက်ပေါင်းပြီး ကလေးမရနိုင်ဘူး။ ဒါပေမဲ့ အစ်ကိုတော့်ရဲ့ကလေးဖြစ်ဖြစ်၊ သူ့ရဲ့ကလေးဖြစ်ဖြစ် သီးသန့်တော့ရနိုင်မယ်"

ထိုစကားကြောင့် အရုဏ​၏မျက်ဝန်းအရောင်များ ဖျပ်ခနဲလက်သွားကာ သူ ပီယံ့အနားသို့စိတ်ဝင်တစားတိုးကပ်လာသည်။

" ဘယ်လိုမျိုးလဲ"

ထိုသို့ပြောပြီးသည်နှင့် အရုဏသည် တစ်စုံတစ်ရာအတွေးပေါက်သွားသည့်အလား မျက်နှာထပ်ပြီးဆူပုတ်သွားပြန်သည်။

"မဟုတ်မှလွဲရော ငါ့ကို ကလေးမွေးဖို့ဆိုပြီး အမျိုးသမီးကြင်ယာတော်ထပ်ယူခိုင်းမလို့လား"

ပီယံသည် မလွယ်ပါ့ရန်ကော ဟူသောသဘောနှင့်ပြုံး​၏။

" ယူလို့ပြောရင်တောင် ယူမှာမဟုတ်ဘူးမလား။ ယူရင်တောင် အဲ့အမျိုးသမီးငုပ်တုပ်ဖြစ်နေပါဦးမယ်။ အစ်ကိုတော်က အစ်ကိုယုဂန်အနားကနေ တစ်ဖွားမှခွာတာမှမဟုတ်တာ။ ဟိုက ကြင်ယာတော်အမည်ခံပဲရှိနေမှာ"

အရုဏ ပါးစပ်ဟ,သွားကာ မယုံကြည်နိုင်သောလေသံဖြင့်ပွစိပွစိရေရွတ်လာသည်။

" တကယ် ငါ့ကိုကြင်ယာတော်ထပ်ယူခိုင်းဖို့ တွေးနေတာပဲ။ ဒီစကားမျိုး ယုဂန်ရှေ့သွားပြောလို့ မဖြစ်ဘူးနော်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး သူက အပြင်ဘက်မှာသာ ကြံ့ခိုင်ချင်ယောင်ဆောင်နေတာ။ အတွင်းစိတ်ထဲမှာ အကြာကြီးစိတ်မကောင်းဖြစ်ပြီး ကြိတ်ဝမ်းနည်းနေတတ်တာ"

" ကျွန်ုပ်က ကြင်ယာတော်ထပ်ယူဖို့မပြောပါဘူး အစ်ကိုတော်ရာ၊ ကျွန်ုပ်ပြောတာအရင်နားထောင်ပါဦး။ ကမ္ဘာဦးကြာပန်းကို အစ်ကိုတော်သိတယ်မဟုတ်လား"

အရုဏ ထပ်ပြီးစိတ်ဝင်တစားဖြစ်ဟန်နှင့် ချဉ်းကပ်လာပြန်သည်။

"သိတယ်။ အနှစ်တစ်သောင်းကို တစ်ကြိမ် သံသေဒဇတည်ပြီး လူသားမွေးဖွားတဲ့ကြာပန်း"

" ဟုတ်တယ်။ အဲ့ကြာပန်းကို ကိုယ့်ရဲ့သွေးနဲ့ လောင်းလိုက်မယ်ဆိုရင် ကြာပန်းက ကိုယ့်ရဲ့သွေးကိုစုပ်ယူပြီး ရှစ်လ၊ ကိုးလအကြာ တူညီတဲ့ရက်မှာ ကိုယ့်ရဲ့သွေးသားအရင်းအချာဖြစ်တဲ့ လူသားတစ်ဦးမွေးဖွားလာလိမ့်မယ်"

အရုဏ နက်နက်နဲနဲစဉ်းစားသွားသည်။ ထို့နောက် သူ ချက်ချင်းပြန်မေးသည်။

" အဲ့လူက နံ့ရှားကြာဖြစ်သွားမှာလား"

ကမ္ဘာဦးကြာပန်းမှမွေးသောသူများသည် ကြာပန်းရနံ့ထုံသင်းလေ့ရှိကြသည်။ ထို့ကြောင့် သူတို့ကို ကြာရနံ့မွှေးကြိုင်သည်ဟု အဓိပ္ပါယ်ရသော နံ့ရှားကြာဟု ခေါ်ဆိုလေ့ရှိကြသည်။ နံ့ရှားကြာများသည် အခြေခံအားဖြင့် လူသားဖြစ်​၏။ သို့ရာတွင် သာမန်လူထက်အစွမ်းပကားကြီးရလေကာ သစ်ပင်ပန်းမန်များကို ချုပ်ထိန်းနိုင်စွမ်းရှိသည်။ နံ့ရှားကြာများကို နတ်သိကြားတို့က အုပ်ထိန်း၍လေ့ကျင့်သင်ကြားပေးသည်။ ထို့ကြောင့် နံ့ရှားကြာများမှာ မြင်းမိုရ်တောင်တွင်သာ နေထိုင်၍ လူ့ပြည်သို့ဆင်းသက်လာခြင်း ရှားပါးသည်။

နောက်ဆုံးသော နံ့ရှားကြာမွေးဖွားခဲ့ခြင်းမှာ လွန်ခဲ့သော နှစ်ငါးရာခန့်ကဖြစ်ကြောင်း အရုဏ တစ်နေရာရာ၌မှတ်သားခဲ့ဖူးသည်။ ထိုမှတစ်ပါး အနှီနံ့ရှားကြာကို မည်သူမျှမမြင်ဖူးကြပေ။ နံ့ရှားကြာသည် မြင်းမိုရ်တောင်တွင်သာ နေထိုင်ပြီး နတ်များ​၏အုပ်ထိန်းမှုအောက်တွင်ရှိသောကြောင့် လူသားများမမြင်ဖူးခြင်း ဖြစ်နိုင်သည်။

( နံ့ရှားကြာ​က သုနန္ဒာပါ။ ကြောင်ယောင်ဆောင် မာရစ်နဲ့ ဘာညာဘာညာဖြစ်မယ့်တစ်ယောက်ပေါ့။ နဂါးရေဝတီကို ယုဂန်ကိုရှာဖို့လွှတ်လိုက်တာလည်း သူဖြစ်ပါတယ်)

အရုဏ​၏အမေးကို ပီယံမိတ် ခေါင်းခါသည်။

" နံ့ရှားကြာဆိုတာက ဘေးဘီပယောဂမပါဘဲ ကြာပန်းကမွေးတဲ့လူမှ ဖြစ်တာ။ အခုက ကိုယ့်ရဲ့သွေးနဲ့ဆိုတော့ ကိုယ်နဲ့လက္ခဏာသွင်ပြင်၊ မျိုးနွယ်တူတဲ့ လူတစ်ဦးပဲမွေးလာမှာ။ မေထုန်နည်းမပါဘဲ ကိုယ့်ရဲ့သွေးသားရဖို့ဆိုရင် အဲ့တစ်နည်းပဲရှိတယ်"

အရုဏမြစိမ်းရောင်မျက်ဝန်းများ ဖိတ်ဖိတ်တောက်ရွှန်းလဲ့သွားသည်။

" ကမ္ဘာဦးကြာပန်းကဘယ်မှာလဲ"

အားတက်သရောမေးသည့် အရုဏနှင့်ခြားနားစွာ ပီယံမိတ်က အေးဆေးလွန်းသောအသွင်အပြင်နှင့် ပခုံးတွန့်ပြသည်။

" ကျွန်ုပ်လည်းမသိဘူးလေ"

အရုဏ သူ့ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည်။ ထို့ကြောင့် ပီယံမိတ် ထပ်ဆင့်စကားဆိုလိုက်သည်။

" ကျွန်ုပ်က သဗ္ဗေညုတဉာဏ် အလင်းပွင့်နေတာမှ မဟုတ်တာ။ အရာအားလုံးကိုဘယ်သိပါ့မလဲ။ ရှာချင်တယ်ဆိုရင်တော့ ကျွန်ုပ်ကူညီပေးနိုင်ပါမယ်။ သဲလွန်စတွေစုလိုက်ရင်တော့ ကြာပန်းရဲ့နေရာကို ခန့်မှန်းနိုင်လောက်မှာပါ"

ထိုအခါမှ အရုဏပြုံးသွား​၏။ သူသည် ပီယံံ့​၏ပခုံးကို အားတက်သရောပုတ်ကာ

" ကျေးဇူးပါ ပီယံ"

ဟု တက်တက်ကြွကြွဆိုသည်။ သူ့ကို ပြန်လည်တုံ့ပြန်လာသောပီယံ့​၏အပြုံးက နှစ်လိုစဖွယ်ကောင်းလောက်အောင် နူးညံ့ရွှန်းပနေသည်။

သူ ဘီလူးအသွင်ရှိကြောင်း ဖော်ထုတ်ပြသပြီးသည့်နောက် သူ့အပေါ်ထိုသို့ပြုံးပြနိုင်သည့်သူမှာ ပြန်လည်ရှားပါးသွားခဲ့ပြီဖြစ်သည်။ ပီယံမိတ်ဟာတော့ ထိုကိစ္စနှင့်ပတ်သက်ပြီး  မကောင်းသောခံစားချက်ရှိပုံမရပါချေ။ ပီယံသည် သူ့ကို ယခင်အတိုင်းဆက်ဆံစမြဲဖြစ်ပြီး ယခင်အတိုင်း နွေးထွေးသော ညီအစ်ကိုဆက်ဆံရေးကို ထိန်းသိမ်းထားစမြဲဖြစ်သည်။

အရုဏ ထိုအတွေးများနှင့်အတူ လေသာဆောင်ပြင်ပသို့ထွက်ခွာလာစဉ်တွင် ပီယံသည် စောင်းကောက်ကို အသာတီိးခတ်ရင်းတစ်ကိုယ်တည်း ကျန်ရစ်ခဲ့သည်။

******************************

အရုဏနှင့်ယုဂန်နိုင်သည် နယ်မြေချဲ့ထွင်သောစစ်ပွဲများအား,ခေတ္တရပ်တန့်ထားသည်ဟု ဆိုသော်လည်း တစ်ဖက်တွင်မူ မယ်တော်ကြီး​၏ရန်မှာ တည်ရှိစမြဲဖြစ်သည်။ ထို့ကြောင့် ယုဂန်သည် မယ်တော်ကြီးကို ခံစစ်ပြုရန်အတွက် အမြဲတစေ ဗျုဟာချမှတ်ထားရသလို အရုဏသည်လည်း စစ်ရေးစီမံခန့်ခွဲမှုများ ဆောင်ရွက်ရသည်။

သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်ယုံကြည်ကြလေရာ များသောအားဖြင့် တာဝန်များကို ခွဲဝေလုပ်ဆောင်၍ အတူတကွဦးစီးလေ့ရှိကြသည်။ ဆိုရပါက အရုဏမှ အုပ်ချုပ်ရေးပိုင်းဆောင်ရွက်လျှင် ယုဂန်သည် စီးပွားရေးပိုင်းကိုကြည့်၍ အရုဏမှ စစ်ပွဲအတွက်ဗျူဟာချလျှင် ယုဂန်သည် စစ်ရေးကုန်ကျစရိတ်၊ စာရင်းဇယားစသည်အားလုံးကို ကိုယ်တိုင်ကြီးကြပ်လေ့ရှိသည်။

သို့ရာတွင် ယခင်ကနှင့်မတူညီသော အခြေအနေတစ်ရပ်ကရှိလာသည်။ ဤသည်မှာ စစ်ရေးအတွက် အရုဏဗျူဟာချမှတ်၍ တပ်မှူးဗိုလ်မင်းများနှင့် အဆက်အဆံရှိလာချိန်တွင် တပ်မှူးဗိုလ်မင်းအချို့​၏သစ္စာတရားက မသိမသာပျက်ယွင်းလာမှုကို တွေ့မြင်နေရခြင်းဖြစ်သည်။ ထိုသူတို့သည် အရုဏ​၏အရှေ့တွင်မူ ကြောက်လန့်ခြင်းတရားဖြင့် နှုတ်ဆိတ်ကြ​၏။ သို့သော် နောက်ကွယ်တွင်မူ အရုဏမင်းသား​၏ ဘီလူးအသွင်ရှိခြင်းအပေါ် မနှစ်မြို့သော၊ အရိုသေတန်သောစကားများ ပြောဆိုကြသည်။ ထိုသူတို့က မင်းသားအရုဏကို ဘုရင်နေရာအတွက် ထောက်ခံလိုခြင်းမရှိကြတော့ချေ။

ထို့ထက်ပိုဆိုးလာသည်မှာ အချို့သောမြို့စားနယ်စားများက ပီယံမိတ်နားချဉ်းကပ်ကာ မင်းသားအရုဏအစား ပီယံမိတ် ထီးနန်းဥသျှောင်ဖြစ်ပါက ပို၍ကြီးမြတ်နိုင်ချေရှိကြောင်း မသိမသာစကားထည့်ပြောလာကြခြင်းဖြစ်သည်။

ထိုအကြောင်းအရာများကို ယုဂန်ပြန်လည်ကြားသိရစမြဲဖြစ်​၏။ သို့ပါ၍ တစ်နေ့သောအခါတွင် ယုဂန်သည် စစ်ရေးဆွေးနွေးပွဲဟု ခေါင်းစဉ်တပ်ပြီး တပ်မှူးဗိုလ်မင်းများအားလုံးကို ဖိတ်ခေါ်လိုက်လေသည်။

အခေါ်တော်ရှိခြင်းကြောင့် ထိုသူတို့ရောက်လာသောအခါအရင်ဦးစွာ မင်းသားအရုဏမရှိဘဲ အမတ်ယုဂန်နိုင်တစ်ဦးတည်းသာရှိနေသဖြင့် အံ့အားသင့်ကြရသည်။ အမတ်ယုဂန်ဘေးတွင် သူ​၏လူယုံဟုဆိုရမည်ဖြစ်သော စောရံနှင့် တပ်မှူးသုန္ဒရီသာရှိနေသည်ဖြစ်​၏။

လူစုံတက်စုံရောက်ရှိ၍ ဆွေးနွေးပွဲစတင်ရန်အချိန်ကျရောက်သောအခါ ယုဂန်နိုင်သည် ထိပ်ဆုံးရှိ သလွန်တွင်ထိုင်လျက် တပ်မှူးဗိုလ်မင်းများအားလုံးကို ဝေ့ဝဲကြည့်ရှုသည်။ ထို့နောက် သူ, တင်းမာကျယ်လောင်သောအသံဖြင့် စကားပြောလာသည်။

" စကားကို ရှင်းရှင်းလင်းလင်း ပဲပြောလိုက်ကြတာပေါ့"

အမတ်ယုဂန်နိုင်​၏လေသံသည် သာမန်နှင့်မတူဘဲ ခက်ထန်ပြတ်ရှနေသည်။ ရွှေကနုတ်ဖော်သလွန်ပေါ်တွင် ခံ့ခံ့ညားညားထိုင်လျက် ယုဂန်​၏နက်မှောင်သောမျက်ဝန်းများက စူးရဲနေလေရာ လေးနက်သော၊ အရှိန်အဝါကြီးသောပုံရိပ်ကို ထုတ်လွှင့်လျက်ရှိနေသည်။

ထိုပုံစံကြောင့် တပ်မှူးနှင့်ဗိုလ်မင်းများသည် အမတ်ယုဂန်နိုင်၌ စစ်ရေးဆွေးနွေးမှုထက်ပိုသော တခြားအကြောင်းအရာတစ်ခုရှိနေသေးကြောင်း အသီးသီးရိပ်စားမိလိုက်ကြသည်။

အမတ်ယုဂန်နိုင်သည် မင်းသားအရုဏနှင့်မတူသောအချက်မှာ မင်းသားအရုဏသည် အမြဲတစေတည်ကြည်သော၊ အရှိန်အဝါမြင့်သောပုံရိပ်ကို ထိန်းလေ့ရှိပြီး အမတ်ယုဂန်နိုင်မှာမူ ပျော့သင့်သည့်အခါပျော့၊ မာသည့်နေရာမာလျက် တချို့သောအချိန်တွင် နူးညံ့ချိုသာစွာပြုံးပြလေ့ရှိသလို တစ်ချိန်ချိန်တွင်လည်း ခက်ထန်စူးရဲသော အကြည့်မျိုးကို ပိုင်ဆိုင်ခြင်းဖြစ်သည်။ အမတ်ယုဂန်နိုင်​၏ပုံစံဟာ တစ်သမတ်တည်းမရှိ။ ပြုံးနေသူက မျက်နှာတည်ပါက ပိုကြောက်စရာကောင်းသည်ဟူသော အချက်မှာ အမတ်ယုဂန်နိုင်အတွက် မှန်ကန်သောစကားမျိုးဖြစ်နေသည်။ တစ်နည်း သူဟာ ဖြစ်လာသောအခြေအနေကို မည်သို့ကိုင်တွယ်ရမှန်း တစ်ခဏအတွင်းဆုံးဖြတ်နိုင်သော သူတစ်ဦးလည်းဖြစ်သည်။

" ဒီထဲမှာ မင်းသားအရုဏက ဘီလူးအသွင်ရှိတာမို့လို့ ခေါင်းဆောင်အဖြစ် မတင်မြှောက်ထိုက်ဘူးလို့ ထင်မှတ်တဲ့သူမှန်သမျှ ထွက်သွားပါ"

လိုရာကို တဲ့တိုးပြောချလိုက်သော ယုဂန်နိုင်​၏စကားကြောင့် တပ်မှူးဗိုလ်မင်းများအားလုံးသည် မည်သို့တုံ့ပြန်ရမည်မှန်း ချက်ချင်းစဉ်းစားမရဘဲ တစ်ယောက်မျက်နှာတစ်ယောက်လှည့်ကြည့်ကြကုန်သည်။

ထိုသို့ဖြစ်သွားသော တပ်မှူးဗိုလ်မင်းများကိုကြည့်ရင်း အမတ်ယုဂန်နိုင်သည် ပို၍မာကျောသောအသံဖြင့် စကားဆက်ဆိုလာသည်။

" အခုစုဝေးနေတဲ့ တပ်မှူးစစ်ကဲ ဗိုလ်မင်းတွေအားလုံး မင်းသားအရုဏဆီ သစ္စာခံလာတုန်းက မင်းသားအရုဏကိုကြည်ညိုလို့၊ အရည်အချင်းကို သဘောကျလေးစားလို့၊ တိုင်းပြည်ရဲ့ မမျှတဘဲ ယိုယွင်းနေတဲ့အုပ်ချုပ်ရေးကို ပြောင်းလဲပေးနိုင်မယ်ထင်မှတ်လို့ လာရောက်ခဲ့ကြတာပဲ မဟုတ်ဘူးလား။ အဲ့တုန်းက မင်းသားအရုဏနဲ့ အခုမင်းသားအရုဏနဲ့ အတူတူပဲ။ ဘာများပြောင်းလဲသွားလို့လဲ။ ဘာများပြောင်းလဲသွားလို့ အခုချိန်မှလာပြီး မင်းသားအရုဏအပေါ် မထီမဲ့မြင်ပြုဝံ့ကြသလဲ"

အမတ်ယုဂန်​၏စကားဆုံး၍ ခေတ္တကြာသည့်တိုင်အောင် တပ်မှူးဗိုလ်မင်းများထံမှ တုံ့ပြန်သံပြန်လည်မထွက်ပေါ်လာပေ။ ယုဂန်သည် အားလုံးကို စိမ်းစိမ်းစူးစူးကြည့်လျက် မိမိကို ပြန်လည်ခွန်းတုံ့ပြန်မည့်စကားအား စောင့်မျှော်နေသည်။ အတန်ကြာမှ တပ်မှူးတစ်ဦးက ယုဂန်အပေါ်တုံ့ပြန်သည့်စကားအား ရဲရဲဝံ့ဝံ့ပြန်ပြောလာသည်။

" အဲ့တုန်းက အရှင့်သားမှာ ဘီလူးအသွင်ရှိမှန်း ကျွန်ုပ်တို့အားလုံး မသိခဲ့လို့ပါ။ အဲ့လိုမသိအောင်လည်း အရှင့်သားတို့က ဖုံးကွယ်ထားခဲ့တာပဲ မဟုတ်ပါလား။ ဘီလူးဦးစီးရင် တိုင်းပြည်ပျက်မှာသိသိရက်နဲ့ ကျွန်ုပ်တို့က ဘယ်လိုများဆက်ပြီး မင်းသားအရုဏကို ဘုရင်အဖြစ် ထောက်ခံရမလဲ"

ထိုတစ်ဦး​၏စကားဆုံးမှ တခြားသောတပ်မှူးဗိုလ်မင်းများသည် ထိုလူ့စကားမှန်ကန်ကြောင်း ဝိုင်းဝန်းထောက်ခံလာကြသည်။

ယုဂန်သည် ထိုလူတို့​အသံများရပ်သည့်အချိန်ထိ စောင့်ဆိုင်းနေ​၏။ အသံတို့ပြန်လည်ဆိတ်ငြိမ်သွားမှ တည်ငြိမ်သောအသံဖြင့် ပြန်လည်ပြောဆိုသည်။

" ပထမအချက် မင်းသားအရုဏက ဘီလူးစစ်စစ်မဟုတ်ဘူး"

"ဘီလူးပုံစံပြောင်းနိုင်နေမှတော့ ဘီလူးဆိုတဲ့အသုံးအနှုန်းနဲ့သက်ဆိုင်သွားပါပြီ အမတ်မင်း"

" ငါစကားပြောနေတုန်း ဖြတ်မပြောနဲ့စမ်း"

ယုဂန်နိုင်​၏ ဒေါသတကြီးဖြစ်သော၊ ကျယ်လောင်သောအသံကြောင့် ကြားဖြတ်ဝင်ပြောလိုက်မိသော တပ်မှူးသည် ချောင်းတစ်ချက်ဟန့်ကာ နှုတ်ပြန်ပိတ်သွား​၏။

ထိုတပ်မှူး​၏မျက်နှာအမူအရာမှာ မကျေမချမ်းဖြစ်သွားဟန်ရှိသော်လည်း ယုဂန်နိုင်ကို ရာထူးအရ၊ ဂုဏ်အင်အရ မယှဉ်သာသဖြင့် မကျေနပ်သော်လည်း နှုတ်ဆိတ်လိုက်ရသည်။ ယခုအချိန်တွင် အမတ်ယုဂန်နိုင်သည် သူ​၏အရှိန်အဝါအားလုံးကို ထုတ်သုံးနေပြီဟု ထင်မှတ်ယုံကြည်ရသည်။

" ဒုတိယတစ်ချက် သူကဘီလူးဆိုရင်တောင် ဘီလူးဦးစီးရင် တိုင်းပြည်ပျက်မယ်ဆိုတဲ့ သက်သေ ရှိကြပါသလား"

ယုဂန်နိုင်သည် ဒီတစ်ခေါက်တွင်မူ မေးခွန်းမေးမြန်းလိုက်ခြင်းဖြစ်သော်လည်း မည်သူကမှ ပြန်မဖြေကြ။ ယုဂန် အတန်ကြာစကားပြောရပ်၍ စောင့်ဆိုင်းနေမှသာ ဗိုလ်မင်းတစ်ဦးက

" ဘီလူးက တိုင်းပြည်ကို ဘေးဒုက္ခရောက်စေနိုင်ပါတယ်"

ဟု သူ​၏အမြင်ကိုတင်ပြလာသည်။

ယုဂန် ထိုဗိုလ်မင်းကို စောင်းငဲ့ကြည့်သည်။ သူ​၏မရယ်မပြုံးမျက်နှာအနေအထားက ဗိုလ်မင်း​၏စကားကို ကြိုဆိုနေဟန်မရှိပါချေ။ သို့တိုင် သူ့​၏အသံက ဒေါသသံထပ်မပါတော့ဘဲ ကြည်လင်၍ တည်ငြိမ်လျက်ရှိသည်။

" ဘယ်လိုနည်းနဲ့ ဒုက္ခရောက်စေမယ် ထင်မှတ်ရတာပါလဲ"

" ဘီလူးဆိုတဲ့အမျိုးဟာ ကြမ်းကြုတ်ရိုင်းစိုင်းပြီး လူ့အသွေးအသားကို စားတဲ့သူပါ။ ဒီလိုမျိုး လူတွေကို သေကျေပျက်စီးစေတဲ့အပြစ်ဒဏ်အနေနဲ့ ဘီလူးအုပ်ချုပ်တဲ့တိုင်းပြည်ကို သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာပါလိမ့်မယ်"

" မင်းသားအရုဏက စစ်သည်ပီပီ၊ ခေါင်းဆောင်တစ်ဦးပီပီ ခက်ထန်သင့်တဲ့ နေရာမျိုးမှာခက်ထန်ပြီး ပြတ်သားရပေမဲ့ ရိုင်းစိုင်းပြီး အထိန်းအကွက်မဲ့တာမျိုး သင်တို့ကြုံဖူးပါသလား။ သူ လူ့အသွေးအသားစားတယ်လို့ရော သင်တို့ မြင်ဖူးပါသလား"

ယုဂန် ပြန်၍မေးမြန်းလိုက်သောအခါ ထိုဗိုလ်မင်းနှုတ်ဆိတ်သွား​၏။ ထိုအခါ ယုဂန်ကပဲ စကားဆက်ဆိုသည်။

" မင်းသားအရုဏက လူနဲ့ဘီလူးကပြားပါ​။ ဇာတ်တူသားကို ဘယ်လိုများစားပါ့မလဲ။ နောက်ပြီး သူနဲ့လက်ထပ်ထားတဲ့ငါက လူစစ်စစ်ပါ​။ ငါ့ခင်ပွန်းကို ငါအသိဆုံးမို့လို့ စွပ်စွဲပြောဆိုမှုတွေကို ယုံတဲ့သင်တို့ကို သိပ်အံ့ဩမိပါတယ်။ မင်းသားအရုဏသာ ကောလဟာလတွေအတိုင်း မှန်ကန်နေမယ်ဆိုရင် ငါက သူနဲ့ခုထက်ထိ အတူရှိနေနိုင်ပါ့မလား။ လူတွေကို သေကျေပျက်စီးစေလို့ ဘေးအန္တရာယ်ကျရောက်ရမယ်ဆိုရင် ကမ္ဘာပေါ်က နိုင်ငံတွေအကုန် မုန်တိုင်းဒဏ်နဲ့စုန်းစုန်းမြုပ်နေပြီ။ လူအစုလိုက်အပြုံလိုက် ဆိုးဆိုးဝါးဝါးမသေဖူးတဲ့တိုင်းပြည်ရှိရင် ငါ့ကို လက်ညှိုးထိုးပြစမ်းပါ"

ပတ်ဝန်းကျင်မှာ ပြန်ဖြေသံမပေါ်ဘဲ အတန်ကြာတိတ်ဆိတ်သွားသည်။ ထို့ကြောင့် ယုဂန်သည် စကားဆက်ပြောရန် ကြံစည်လိုက်စဉ် လူကြားထဲမှ မဝံ့မရဲအသံတစ်သံထွက်ပေါ်လာသည်။

" ဘီလူးက အသားစားပါတယ်"

ယုဂန် ဒေါသထောင်းခနဲထွက်သွား​၏။ သူသည် ပြတ်ထွက်မတတ် မျက်နှာတင်းမာသွားကာ

" ဒီထဲမှာရော သက်သက်လွတ်သမားဘယ်သူရှိလို့လဲ။ ဘယ်သူအသားမစားဘဲ နေလို့လဲ။ အဓိပ္ပါယ်ရှိတဲ့စကားကို ပြောစမ်းပါ"

ဟု ခြင်္သေ့တစ်ကောင်​၏ဟိန်းဟောက်သောအသံမျိုးနှင့် အော်ငေါက်လိုက်လေသည်။ သူ​၏ဒေါသတကြီးအသံကြောင့် ပတ်ဝန်းကျင်ဟာ ထပ်မံအသံတိတ်ဆိတ်သွားပြန်​၏။

" ငါ နောက်တစ်မျိုးလှည့်မေးမယ်။ မင်းသားအရုဏက အာဏာကိုသုံးပြီး ဖိနှိပ်တာမျိုးလုပ်ဖူးသလား။ မတရားတဲ့နည်းတဲ့ ကောက်ကျစ်စဉ်းလဲတာမျိုးရော ရှိဖူးသလား။ ပြီးခဲ့တဲ့စစ်ပွဲရော မင်းသားအရုဏရဲ့ဘီလူးအစွမ်းကြောင့် အနိုင်ရခဲ့တာ မဟုတ်ဘူးလား။ အရှင်မင်းကြီးဘရဏသူရဲ့ထီးနန်းလည်း မောင့်ရဲ့ဘီလူးအစွမ်းကြောင့်ရခဲ့တာပဲ​။ တော်ဝင်အကျဉ်းထောင်ကိုတောင် ပြိုကျအောင်လုပ်နိုင်တဲ့ အစွမ်းပါ။ အဓိက,က ငါ့ရဲ့ခင်ပွန်းမှာ အဲ့လောက်ကြီးမားတဲ့အစွမ်းရှိရက်နဲ့ ဘယ်သူ့ကိုမှ မတရားသဖြင့်ဖိနှိပ်တာမျိုး မပြုလုပ်ခဲ့တာပဲ။"

ယုဂန်​၏အသံသည် တည်ကြည်သော်လည်း ဒေါသနှင့်မာန်မာနပါဝင်နေ​၏။ ဒေါသကြောင့်ကြမ်း​၏။ မာန်ကြောင့် တင်းမာခက်ထန်​၏။ ယုဂန်​၏ အာဏာအရှိန်အဝါအသုံးပြုသောပုံစံက သူတို့အတွက် တစ်ကြိမ်တစ်ခါမျှမမြင်ဖူးသော ပုံစံမျိုးဖြစ်သည်။ အမတ်ယုဂန်နိုင်သည် လိုအပ်ပါက ပါးပျဉ်းထောင်တတ်သောမြွေကဲ့သို့လူဖြစ်ကြောင်း သူတို့အကုန်သဘောပေါက်မိလိုက်ကြသည်။

အမတ်ယုဂန်နိုင်က တစ်ဦးတည်း တင်းမာပြတ်တောက်စွာ ဆက်လက်ပြောဆိုနေသည်။

"တကယ်က ဘာလဲသိလား။ မောင်က သာမန်မဟုတ်ဘဲ ကွဲထွက်နေလို့ သင်တို့အကုန်လုံး မောင့်ကို အရိုသေတန်ချင်နေကြတာပဲ။ သင်တို့က လူတစ်ဦးကို သူ့ရဲ့ဖြစ်တည်မှုနဲ့၊ သူရဲ့မျိုးရိုးနဲ့၊သူ့ရဲ့ပုံစံနဲ့ တန်ဖိုးဖြတ်နေကြတာပဲ။ ဘီလူးတွေထဲ ကြမ်းကြုတ်သူတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲ့လိုဆိုတာနဲ့ အားလုံးကို ကြမ်းကြုတ်ပါတယ်၊ ရက်စက်ပါတယ်လို့ ခြုံပြောပိုင်ခွင့် သင်တို့မှာမရှိဘူး။ လူတစ်ယောက်ရဲ့ ကောင်း​၏ဆိုး​၏က သူ့ရဲ့မျိုးရိုး၊ မျိုးနွယ်၊ ပုံပန်းသွင်ပြင်နဲ့ဘာမှမသက်ဆိုင်ဘူး။ သူ့ရဲ့လုပ်ရပ်ကပဲ အဲ့လူကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ဗုဒ္ဓကိုယ်တိုင်ဟောကြားခဲ့တာပါ​။ အခုတော့သင်တို့ကိုကြည့်ပါဦး။ မျိုးရိုးနဲ့ ကျွန် ဆိုပြီးခွဲတယ်၊ မျိုးရိုးနဲ့ အထက်တန်းလွှာဆိုပြီးခွဲတယ်။ အရေပြားရောဂါရှိရင် အနူဆိုပြီးထပ်ခွဲတယ်။ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိတဲ့သူတွေက တစ်နည်းနည်းနဲ့ထပ်ခွဲခြားခံရတယ်။ ဒီလိုခွဲတာလည်း လူတွေပဲလုပ်နေတာ။ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိတဲ့ခွေးတစ်ကောင်ကို တခြားခွေးတွေ ခွဲခြားဆက်ဆံတာမြင်ဖူးလား။ တိရိစ္ဆာန်ထက်တောင် နိမ့်ကျတဲ့ ခွဲခြားမှုတွေလုပ်တဲ့လူမျိုး သင်တို့ဖြစ်ချင်ကြသလား"

ဘယ်သူမှ ပြန်မဖြေကြ။ အသံမထွက်ကြ။ ထိုအခြင်းအရာက ယုဂန်​၏အသံကိုပို၍ မာကြောလာစေသည်။

" မယ်တော်ကြီးက တိုင်းရင်းသားမျိုးနွယ်တွေအပေါ် မမျှမတလုပ်ပြီး တော်ဝင်မိသားစုကိုထောက်ပံ့တဲ့ မန္တာမျိုးနွယ်စုကိုပဲ ဦးစားပေးခဲ့တာ သင်တို့အသိဆုံးပဲ။ သင်တို့ရဲ့မျိုးနွယ်တွေလည်း အခွင့်အရေးပိုနည်းပြီး ရခဲ့တာ မဟုတ်ဘူးလား။ ခွဲခြားခံရတဲ့ခံစားချက်၊ မညီမျှတဲ့ခံစားချက် သင်တို့မခံစားခဲ့ရဘူးလား။ ဒါတောင်ကိုယ်ချင်းမစာနိုငိဘူးလား။

ငါ့ရဲ့ခင်ပွန်းက အဲ့လိုမမျှတမှုတွေကို ဖယ်ရှားဖြစ်ဖို့အတွက် ဦးတည်ချက်နဲ့ စတင်ပုန်ကန်ခဲ့တယ်။ ဖယ်ရှားဖို့အတွက် အာဏာလိုအပ်လို့ အာဏာကိုအရင်ဆုပ်ကိုင်ဖို့ကြိုးစားနေတာပဲ။ သင်တို့အကုန်လည်း အဲ့အချက်ကိုသဘောကျပြီး သစ္စာခံဖြစ်လာတာ။ အခုကျမှ မမျှမတမှုကို ပုန်ကန်မယ့်သူတွေက ကိုယ်တိုင်ခွဲခြားနေတယ်။ ဟာသပဲ"

အမတ်ယုဂန်နိုင် ဟက်ခနဲရယ်သည်။ သူသည် ဒေါသအားလုံးကိုဖွင့်ဟပြီးနောက် ပြန်လည်စိတ်တည်ငြိမ်သွားသကဲ့သို့ သူ​၏နက်မှောင်သောမျက်လုံးအစုံကို ခေတ္တမျှမှိတ်ချပြီးနောက် နဂိုအသံနှုန်းဖြင့် ပြန်လည်ပြောလာသည်

"ကိုယ့်ရဲ့လုပ်ရပ်တွေ၊ စိတ်ထားတွေ၊ မှန်ကန်ခဲ့မှုတွေ အဲ့တာတွေအားလုံးက ကိုယ့်ရဲ့ဖြစ်တည်မှုလောက် အရေးမကြီးတော့ဘူးလို့ထင်တဲ့သူတွေ​က ငါတို့ရဲ့ဦးတည်ချက်ကို ကိုယ်တိုင်မလိုက်နာနိုင်တဲ့သူတွေပဲ။ ဒါ့ကြောင့် အဲ့လိုလူမျိုးကိုဒီနေရာမှာ မလိုအပ်ဘူး။ အဲ့လိုစိတ်ရှိရင် အကုန်ထွက်သွားကြ"

တပ်မှူးဗိုလ်မင်းများ တစ်ယောက်ကိုတစ်ယောက်ကြည့်ကြပြန်သည်။ ခဏကြာသော် တပ်မှူးတစ်ဦး ထိုင်နေရာမှ ဝုန်းခနဲမတ်တပ်ထ,ရပ်လာသည်။

"မင်းသားအရုဏအပေါ် မထီမဲ့မြင်ပြုဝံ့တာမဟုတ်ပါဘူး​။ ဒါပေမဲ့ ဘီလူးကတော့ လူဖြစ်လာမှာမဟုတ်ပါဘူး အမတ်မင်း။ ခွင့်ပြုပါ"

ထိုတပ်မှူးသည် အနှီစကားအားဆိုပြီးသည်နှင့် ခန်းမတွင်းမှ ထွက်သွားရန် လှေကားဆီသွား​၏။ ထိုတပ်မှူး တံခါးဆီမရောက်ခင်တွင် ဓားမြှောင်တစ်ချောင်းဟာ ထိုလူ​၏မျက်နှာရှေ့တည့်တည့်မှ ဖြတ်ပျံကာ ဘေးရှိတိုင်လုံးအတွင်းစိုက်ဝင်သွားလေသည်။ ဓားမြှောင်သည် ထိုတပ်မှူးကို မထိလိုက်။ သို့ရာတွင် တပ်မှူးကို ထိတ်လန့်သွားစေရန်အတွက်တော့လုံလောက်ခဲ့လေသည်။

တပ်မှူးသည် ထိတ်လန့်မှုနှင့်အတူ ဓားမြှောင်​၏လားရာကို လှည့်ကြည့်သည်။ ထိုတွင် တပ်မှူးသုန္ဒရီကို တွေ့သည်။ တပ်မှူးသုန္ဒရီသည် အလိုရှိပါက သူ့​၏ခေါင်းတည့်တည့်ကို ထိမှန်အောင် ဓားဖြင့်ပစ်ခွင်းနိုင်သူဖြစ်သည်။ ယခုလို တိုင်ဘက် လွဲချော်သွားခြင်းမှာ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လိုက်ခြင်းသာဖြစ်ရမည်။

တစ်ဆက်တည်းပင် အဆောင်ခန်းမပေါ်သို့ရောက်ရှိနေသော တပ်မှူးဗိုလ်မင်းများသည် တစ်စုံတစ်ရာကို သတိပြုမိလိုက်​​​ကြ​၏။ ဆွေးနွေးပွဲကျင်းပရာ အဆောင်သည် တိုင်လုံးများဖြင့် အမိုးကိုထောက်ပံ့ထားပြီးပတ်ပတ်လည်နံရံမရှိရလေရာ အပြင်ဘက်ကို အတိုင်းသားလှမ်းမြင်နေရသည်။ ထိုကြောင့် အပြင်ဘက်၌ အဆောင်ပေါ်မှဆင်းလာမည့် တပ်မှူးဗိုလ်မင်းများကို ဝိုင်းဝန်းတိုက်ခိုက်ရန် အသင့်ပြင်ဝန်းရံနေသောစစ်သည်များကို တွေ့လိုက်ရသည်။ စစ်သည်များက လှံရှည်ကို ကိုင်ဆောင်ထားလျက် အဆောင်ကို ပတ်ပတ်လည်ဝန်းရံထားကြသည်။ ထွက်ပေါက်မရှိ။ ပြေးလမ်းမရှိ။ အမတ်ယုဂန်နိုင်က အရာအားလုံးကို ကြိုတင်စီစဉ်ထားခဲ့သည်။

" ပုဂ္ဂိုလ်ရေးဆိုင်ရာ မုန်းတီးမှုမပါဝင်ပါဘူး။ ဒါပေမဲ့ ဒီကလူတွေအကုန်လုံးဟာ နောက်လာမယ့်စစ်ဗျူဟာကိုသိပြီးဖြစ်တဲ့အတွက် အသက်ရှင်ရက်တော့ထွက်သွားခွင့် မပေးနိုင်ပါဘူး"

အမတ်မင်းယုဂန်နိုင်ဆီမှ အသံထွက်ပေါ်လာသည်။

ဓားမြှောင်ဖြင့်အခြိမ်းခြောက်ခံလိုက်ရသော တပ်မှူးသည် အမတ်ယုဂန်နိုင်ဆီသို့ပြန်လည်လှည့်ကြည့်လိုက်သည့်အခါ ယုဂန်နိုင်​၏ မထီမဲ့မြင်ဆန်လှသောမျက်နှာအမူအရာကိုတွေ့မြင်ရ​၏။ တစ်နည်း နူးညံ့သောခံစားချက်အမူအရာတို့ကင်းမဲ့နေကာ မာန်ဖြင့် ပြင်းထန်နေသောမျက်နှာထားဟုဆိုရမည်ဖြစ်သည်။

" အသက်ပင်သေပါစေ၊ ဘီလူးသွေးပါတဲ့သူကို ဒူးမထောက်နိုင်ဘူးဆိုတဲ့လူတွေ ထွက်သွားလို့ရပါပြီ"

စကားအဆုံးတွင် ယုဂန်သည် သလွန်ပေါ်ဝယ် သက်သောင့်သက်သာထိုင်လိုက်​သည်။

ခန်းမ​၏အပြင်ဘက်တွင်မူ စစ်သည်များက လှံရှည်ကိုကိုင်ဆောင်လျက်

*********************************

မွေ့ရာပေါ်တွင် ဘေးတစ်စောင်းလဲလျောင်းနေခိုက် အနောက်မှ ပွေ့ဖက်လိုက်သောအထိအတွေ့ကြောင့် မောင်ရောက်ရှိလာကြောင်း ယုဂန်သိရှိလိုက်သည်။

မောင်သည် သူ​၏ခါးကိုပွေ့ဖက်​၏။ သူ့​၏ဆံနွယ်များကြား မျက်နှာကိုအပ်ကာ သူ​၏လည်ပင်းအနောက်ကို ချွန်မြသောနှာဖျားဖြင့် မထိတထိပွတ်သပ်နေသည်။

ယုဂန်သည် သူ့ခါးအား,ဖက်ထားသည့် မောင့်လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ရင်း မောင့်ရင်ခွင်နှင့်သူ့နောက်ကျောထိမိသည်အထိ မောင့်ရင်ခွင်ထဲတိုးဝှေ့ဝင်ရောက်လိုက်သည်။

" ပင်ပန်းတဲ့နေ့တစ်နေ့ဖြစ်ခဲ့တယ်ပေါ့"

မောင်ရှူထုတ်လိုက်သော လေနွေးများက ယုဂန်​၏လည်ပင်းအနောက်ကို ပူနွေးသွားစေသည်။ မောင်က ပင်ပန်းစရာကိစ္စရှိတိုင်း အမြဲဒီလိုပင်။ သူ့ကိုပွေ့ဖက်ပြီး အကြာကြီးငြိမ်နေတတ်သည်။ ဤအရာက မောင့်ကိုစိတ်ပင်ပန်းမှု ပြေလျော့စေသောနည်းလမ်းဟု မောင်ကိုယ်တိုင်ပြောပြဖူးသည်။

" အင်း...မောင်စစ်ထွက်ရဦးမယ်ထင်တယ်"

မောင့်စကားက ယုဂန်ကိုအံ့အားသင့်သွားစေသည်မှာတော့ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် မမျှော်လင့်ထားသောစကားမျိုးတော့မဟုတ်။ မယ်တော်ကြီးမှ နယ်မြေပြန်သိမ်းရန်ကြိုးပမ်းနေသောကြောင့် မောင့်ဘက်က စစ်ထွက်၍ ခုခံစစ်ပြုရမည်သာဖြစ်သည်။ မောင် ထီးနန်းရမှသာ ဤစစ်ပွဲများက အလုံးစုံချုပ်ငြိမ်းသွားလိမ့်မည်။ ဒီအတောအတွင်းတော့ စစ်ပွဲများက ဖြစ်လိုက်၊ ရပ်လိုက်နှင့်သာ သံသရာလည်နေဦးမည်ဖြစ်သည်။

" ဟုတ်လား။ ဘယ်ကိုလဲ"

" မဒေါင်"

" မောင် အဲ့ကိုသွားတာလည်းပြေသားပဲ။ ဒါဆိုရင် ကျွန်တော်က မက္ကနဲ့ဇိယတ္တအပိုင်း ကိုင်တွယ်လိုက်မယ်"

" အင်း...ပီယံလည်း အချစ်ကိုကူညီပါလိမ့်မယ်"

မောင် သူ့ကိုပို၍တင်းတင်းကျပ်ကျပ်ပွေ့ဖက်လာသည်။ သူသည်လည်း ထိုအတိုင်း မောင့်​၏နွေးထွေးသောပွေ့ဖက်မှုအောက်၌ ဇိမ်ခံရင်း အသာမှေးနေလိုက်​၏။  ခေတ္တမျှကြာသော် မောင်ဟာ အက်ရှတိုးညှင်းသောစကားတစ်ခွန်းကို ဆိုလာသည်။

" တစ်ခါတလေကျရင် ယုဂန် မောင့်ကြောင့်ပင်ပန်းရတယ်လို့ မောင်တွေးမိတယ်"

မောင့်စကားကြောင့် ယုဂန်ပိတ်ထားသောမျက်လုံးများကို ချက်ချင်းဖွင့်လိုက်မိသည်။ ကမ္ဘာပေါ်မှာ မောင်ထိုသို့တွေးမည်ကို သူ,အကြောက်ဆုံးဖြစ်သည်။

" ဘာလို့အဲ့လိုတွေးရတာလဲ"

"တကယ်လို့ မောင်သာ တော်ဝင်မိသားစုဝင်မဟုတ်ခဲ့ရင်၊ မင်းသားရာထူးမရှိခဲ့ရင်၊ ထီးနန်းရဖို့မကြိုးစားခဲ့ရင် ယုဂန် အခုလောက်စိတ်ပင်ပန်းရမှာမဟုတ်ဘူး။ မောင်တို့သာ သာမန်စုံတွဲဖြစ်ခဲ့ရင် ယုဂန် ပိုပြီးစိတ်ချမ်းချမ်းသာသာနေရမှာ"

ယုဂန် မောင့်ကို မျက်နှာချင်းဆိုင်လှည့်လိုက်သည်။ သူသည် မောင့်နှုတ်ခမ်းကို ခပ်ဖွဖွဖိနမ်းကာ

" ကျွန်တော်အခုလည်း စိတ်ချမ်းသာပါတယ်"

ဟု အပြုံးတစ်ပွင့်နှင့်ဆိုသည်။ သို့တိုင် မောင့်​၏မှိုင်းညို့နေသောအသွင်ဟာတော့ မပြောင်းလဲသွားသေးပါချေ။

" ဒါပေမဲ့ စိတ်ရောလူရော ပင်ပန်းရတာပဲမလား"

" ဒါကတော့ အမြင့်ဆုံးနေရာကို လိုချင်ရင် ပိုပြီးအပင်ပန်းခံရမှာပေါ့"

"ဟုတ်တာတော့ဟုတ်ပေမဲ့ ယုဂန် သည်းမခံနိုင်တော့လောက်အောင် ပင်ပန်းတယ်လို့ပြောလိုက်တာနဲ့ မောင်အားလုံးကိုထားခဲ့မှာ"

ယုဂန်​၏ ပန်းနုသွေးသောနှုတ်ခမ်းလွှာတို့ ညင်သာစွာပြုံးသွားကြသဖြင့် နူးညံ့သောပါးအို့အို့မှာ အပေါ်သို့မို့တက်သွားလေသည်။

ယုဂန်ဟာ မောင့်​၏ကော်ဖီစေ့ရောင်ဆံသားကောက်ကောက်များကို အသာအယာပွတ်သပ်သည်။ တစ်ချိန်တည်းမှာပင် မင်းသားတစ်ပါးအနေနှင့် အထွဋ်အမြတ်ထားရသော မောင့်​၏ဦးခေါင်းကို သူတစ်ဦးတည်းသာလျှင် ကိုင်တွယ်ခွင့်ရကြောင်း တွေးမိနေသည်။

"ကျွန်တော်ကလေ မောင် ကျွန်တော့်အတွက် အရာအားလုံးကိုစွန့်လွှတ်နိုင်တယ်ဆိုတဲ့စကားထက် မောင် ကျွန်တော့်ကြောင့် အရာအားလုံးကိုရရှိသွားတယ်ဆိုတဲ့ စကားမျိုးကို ပိုပြီးလိုချင်တာ။ ပြီးတော့ ကျွန်တော့်ကို အခုလိုအနောက်ကနေ ပွေ့ဖက်ထားရုံနဲ့တင် ကျွန်တော်,ပျော်တယ်။ ဒါ့ကြောင့် ကျွန်တော် မပျော်နေဘူးလို့ မထင်ပါနဲ့"

သူ့စကားကြောင့် မောင်စိတ်အေးသွားပုံရသည်။ မောင် ပြုံးလာကာ သူ့ကို ရီဝေဖျော့မှိန်စွာငေးကြည့်သည်။

" ဒါနဲ့ ယုဂန် တပ်မှူးတွေကို သောင်းကျန်းလိုက်တယ်လို့မောင်,ကြားတယ်"

ယုဂန် နှုတ်ခမ်းမဲ့ပြလျက်

" ပြောသင့်ပြောထိုက်တာကို ပြောလိုက်တာပါ"

ဟူ၍ "သောင်းကျန်းသည်"ဟူသောစကားလုံးအပေါ် ပြန်လည်ချေပသည်။

မောင်ရယ်သည်။ ထို့နောက် ယုဂန်​၏နှာဖျားကို လက်ညိုးဖြင့်တို့ကာ

" လူဆိုးလေး"

ဟု ခပ်တိုးတိုးဆိုသည်။

"မဒေါင်ကို မောင်,ဘယ်တော့ထွက်မှာလဲ။ ကျွန်တော်မောင့်ကို သပြေခက်ပန်,ပေးလိုက်သင့်တယ်မလား။ ကျွန်တော်ကအခု မောင့်ဇနီးဖြစ်နေပြီဆိုတော့လေ"

" အင်း ပန်ပေး"

မောင်ကျေနပ်စွာပြုံးပြီးနောက် သူ့ကို မက်မက်မောမောနှင့် အားပါးတရနမ်းရှုပ်သည်။ နမ်းနေသည့်ကြားကပင် မောင်ဟာ စကားတစ်ခွန်းကို မရမကဆိုသွားသေးသည်။

" မောင် ယုဂန်ရဲ့ဆန္ဒတွေအကုန်လုံးပြည့်အောင် ဖြည့်ဆည်းပေးပါ့မယ်။ ကတိပေးတယ်"

ဟူသတတ်။ မည်သည့်ဆန္ဒကို မောင်အရင်ဖြည့်ဆည်းပေးမည့်အကြောင်တော့ ယုဂန်မပြောတတ်ပါချေ။

**********************************

" မယ်တော်ကြီးရဲ့မြင်းလျင်တပ်သားတစ်ဦးကို ဖမ်းဆီးဖို့ကြိုးစားရင်း ရလာတဲ့ သတင်းပါ။ မြင်းလျင်တပ်သားကတော့ လွတ်မြောက်အောင် ထွက်ပြေးသွားနိုင်ခဲ့လို့ မဖမ်းမိလိုက်ပါဘူး"

စစ်သည်တစ်ဦး​၏ ထိိုသို့သောစကားနှင့်အတူ ယုဂန်​၏လက်ထဲသို့ သဝဏ်လွှာတစ်စောင်ရောက်ရှိလာသည်။ ယုဂန်သည် သဝဏ်လွှာကိုချက်ချင်းဖတ်ရှုကြည့်​၏။

ထူးဆန်းသည်မှာ ထိုထဲ၌ရေးသားထားသောစာက စစ်ရေးဗျူဟာနှင့်အမိန့်ဆိုသည်ထက် မက္ကမြို့နှင့်ဇိယတ္တမြို့ကြားရှိမီးတောင်ကြီးကို ဖောက်ခွဲမည့်အကြောင်းရေးသားထားခြင်းဖြစ်သည်။

မက္ကမြို့စားသည် ယခင်ခေမာမင်းကြီးလက်ထက်က မင်းကြိးအတွက် သစ္စာရှိလူယုံတစ်ဦးဖြစ်ခဲ့သည်။ သို့ရာတွင် မင်းကြီးဘရဏသူနန်းတက်သောအခါတွင်မူ မင်းကြီးဘရဏသူ​၏အုပ်ချုပ်မှုကို မနှစ်သက်သူဖြစ်လာသည်။ ထို့ကြောင့် မင်းသားအရုဏပုန်ကန်သောအခါ မင်းသားအရုဏ​၏ဘက်သို့ သစ္စာခံဝင်ရောက်လာခဲ့သည်။ လက်ရှိအချိန်တွင် မယ်တော်ကြီး​၏တပ်တစ်တပ်မှာ မက္ကမြို့ကိုဦးတည်၍ တိုက်ခိုက်ရန်အတွက် ချဉ်းကပ်လာနေသည်ဟု သတင်းရရှိထားသည်။ မက္ကမြို့ကိုရရှိပါက မယ်တော်ကြီးအတွက်အကျိုးများနိုင်သည်။ အကြောင်းမှာ မက္ကမြို့သည် လမ်းပန်းဆက်သွယ်ရေးအချက်အချာကျသဖြင့် ထိုနေရာကနေတစ်ဆင့် မယ်တော်ကြီး​၏တပ်များက အရုဏ​၏ပိုင်နက်ဆီ တစ်ဟုန်ထိုးဝင်ရောက်သွားနိုင်သည်။

ယုဂန်သည် သဝဏ်လွှာကိုဖတ်ရင်း ထိုသို့အတွေးများနေခိုက် အခန်းတွင်းသို့ မောင်ဝင်ရောက်လာသည်။ ယုဂန် သဝဏ်လွှာကို မောင့်အားပြသရန်,ပြင်စဉ် မရှေးမနှောင်းပင် စောရံတစ်ယောက် အခန်းထဲသို့ ပျာတီးပျာယာဝင်ရောက်လာသည်။

စောရံကပြောသည်။

" တပ်မှူးစိတ္တရယ်၊ တမာပင်မြို့စားရယ်၊ မြို့စားသမီးရှင်ထွေးရယ်၊ သူ့အစ်ကိုရယ် အရှင့်သားကို အရေးတကြီးတွေ့စရာရှိလို့ပါတဲ့။ အပြင်ဘက်မှာရောက်နေကြတယ်"

အရုဏက "ဝင်ခိုင်းလိုက်ပါ" ဟူသောသဘောနှင့် ခေါင်းညိတ်ပြသည်။ ထိုအခါ ယုဂန်သည်လည်း သဝဏ်လွှာလာပေးသောစစ်သည်ကို ထွက်သွားပေးရန် ပြောလိုက်​၏။ စစ်သည်နှင့်အတူ စောရံလည်းပြန်ထွက်သွားသည်။

သိပ်မကြာခင်မှာပင် စောရံနှင့်အတူ၊ ယခင်သူကြီး ယခုတမာပင်မြို့စားနှင့် သူ​၏သားသမီးနှစ်ဦး၊ တပ်မှူးစိတ္တတို့ဝင်ရောက်လာကြသည်။

ရှင်ထွေးသည် မျက်ရည်အရွဲရွဲနှင့်ဖြစ်​၏။ ရှိုက်ကြီးတငင်ငိုယိုထားပုံလည်းရှိ​၏။ သူမ​၏အစ်ကိုနှင့် မြို့စားတို့မှာမူ သိသိသာသာမျက်နှာပျက်ယွင်းပြီး ညို့မှိုင်းနေလျက်ရှိသည်။ အမူအရာမပျက်ဘဲ တည်ငြိမ်နေသူဟူ၍ တပ်မှူးစိတ္တတစ်ဦးတည်းသာရှိသည်။

"ဘာဖြစ်လာကြတာလဲ"

သာမန်မဟုတ်သောပုံစံများကြောင့် အရုဏမေးမြန်းလိုက်သည်။ ထိုအခါ မြို့စားက ပြောရန်ဟန်ပြင်​၏။ သို့ရာတွင် မျက်လွှာချကာ နှုတ်ဆိတ်သွားပြန်သည်။

တမာပင်မြို့စား​၏ထုတ်ဖော်ရန် ချီတုံချတုံဖြစ်နေသောပုံစံကြောင့် တပ်မှူးစိတ္တကသာ စကားအရင်စ,ဆိုလာသည်။

" အရှင့်သား...အရှင့်သားက အမြဲတစေ ပျက်ယွင်းဖောက်လွဲမှုမရှိဘဲ ကိုယ့်ကျင့်သိက္ခာပြည့်စုံခဲ့တဲ့သူပါ။ ဒါ့ကြောင့် အခုကျွန်ုပ်မေးမယ့်မေးခွန်းကိုလည်း အမှန်တိုင်းဖြေဆိုလိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်ပါတယ်"

တပ်မှူးစိတ္တ​၏စကားက အရုဏနှင့်ယုဂန်ကို ပို၍ရှုပ်ထွေးသွားစေသည်။ အရုဏသည် အားလုံးထဲမှာမှ သာမန်မဟုတ်ဆုံးဖြစ်နေသေယ တအင့်အင့်ရှိုက်ငိုနေသည့် ရှင်ထွေးကို တစ်ချက်လှမ်းကြည့်သည်။ ထို့နောက်

" အစအဆုံး ကိစ္စကိုဂဃနဏလျှောက်တင်"

ဟု အမိန့်ပေးသည်။

" မှန်ပါ့"

တပ်မှူးစိတ္တ ရိုကျိုးစွာခေါင်းငုံ့ပြီးနောက် ရှင်ထွေးဘက်ကို လက်ဖဝါးဖြင့်ညွှန်ပြသည်။

" အခု ရှင်ထွေးမှာ ကိုယ်လေးလက်ဝန်ရှိနေပါတယ်"

ယုဂန် အံ့အားသင့်သွားသဖြင့် မျက်လုံးတို့ဝိုင်းစက်ပြူးကျယ်သွား​၏။ အရုဏဟာတော့ အလွန်အမင်းအံ့ဩသွားသည်ဆိုသည်ထက် စိတ်ရှုပ်ထွေးသွားဟန်၊ နားမလည်နိုင်ဖြစ်သွားဟန်သာရှိသည်။

" အိမ်ထောင်မရှိတဲ့အမျိုးသမီးတစ်ဦး ကိုယ်လေးလက်ဝန်ရှိလာတဲ့အတွက် ကျွန်ုပ်ကို တရားမျှတမှုရှာပေးစေချင်တာပါလား"

" ဟုတ်ပါတယ်။ ဒါ့ကြောင့် အမှန်တိုင်းဖြေဆိုပေးပါ။ ဒီကိုယ်ဝန်ဟာ အရှင့်သားရဲ့ရင်သွေး ဟုတ်ပါသလား"

မမျှော်လင့်ထားသောအမေးကြောင့် အရုဏ​၏မျက်ဝန်းများ ပြူးကျယ်လျက် မျက်ခုံးတို့တွန့်ချိုးသွားသည်။ သူသည် ရှင်ထွေးဘက်ကို တစ်ချက်လှမ်းကြည့်သော် သူ့ကို မျက်ရည်ကလေးတစမ်းစမ်းနှင့် မော့ကြည့်နေသည့် ရှင်ထွေး​၏အကြည့်နှင့်သွားဆုံသည်။

အရုဏ​၏ခက်ထန်သောအကြည့်ကိုမြင်သော် ရှင်ထွေးသည် ထပ်မံ၍သည်းသည်းထန်ထန် ငိုကြွေးသွားပြီး လည်ပင်းကျိုးကျမတတ် ခေါင်းငုံ့သွား​၏။

အရုဏ ရှင်ထွေးဆီမှအကြည့်ပြန်ရုတ်သိမ်းကာ တပ်မှူးစိတ္တကို စူးစူးရဲရဲပြန်ကြည့်သည်။

" ဘယ်နှယ့်ကြောင့် ငါ့ရင်သွေးဖြစ်ရမှာလဲ"

အရုဏ​၏အသံဟာ မာထန်နေသည့်တိုင် တပ်မှူးစိတ္တဟာတော့ ကြောက်ရွံ့ခြင်းအလျဉ်းမရှိ။ သူဟာ အမှန်တရားကိုဆိုနေသည့်အလား ရဲဝံ့စွာပြောဆိုလာသည်။

" လွန်ခဲ့တဲ့ သုံးလကျော် တန်ခူးလမှာ အရှင့်သားနဲ့ရှင်ထွေး တောထဲမှာတစ်ညအတူရှိခဲ့ကြပါတယ်။ အဲ့တုန်းက နှစ်ယောက်သား မှားယွင်းခဲ့မိလို့ ကိုယ်လေးလက်ဝန်ရှိလာခဲ့တယ်လို့ ရှင်ထွေးကပြောပါတယ်။ ဒါ့ကြောင့် အရှင့်သား အမှန်တိုင်းဖြေဆိုပေးပါ"

တပ်မှူးစိတ္တ​၏စကားမဆုံးခင်မှာတင် အရုဏ​၏အတွေးထဲဝင်ရောက်လာသူမှာ ယုဂန်နိုင်ဖြစ်သည်။

အရုဏ ယုဂန်ဘက်ကို စိုးရိမ်တကြီးလှည့်ကြည့်သည်။

သူ​၏ကြင်ယာတော်မှာ မျက်လုံးများပြူးကျယ်ဝိုင်းစက်လျက် မယုံကြည်နိုင်ခြင်း၊ အံ့အားသင့်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်းများစွာကို တစ်ဒင်္ဂအတွင်း စုပြုံခံစားလိုက်ရသူနှယ် လက်ဖျားများတဆက်ဆက်တုန်ယင်နေလျက်ရှိသည်။

*********************************

A/N

LOL ( mission impossible) ရဲ့စာအုပ်အတွက် ဒီအတောအတွင်း ကျွန်မအလုပ်ရှုပ်သွားတာကြောင့် teo အပိုင်းသစ်တင်ဖို့ နောက်ကျခဲ့ရပါတယ်။ ဒါပေမဲ့ စာအုပ်ကိစ္စ နောက်ရွှေ့လိုက်တဲ့အတွက် ပြန်အားသွားပါပြီ။ TEO ကို update မှန်အောင်ပြန်ကြိုးစားပါ့မယ်။

ဒါနဲ့ ကိုယ်ရေးကိုယ်တာ ကတိပြုစရာလေး တစ်ချက်ပြောလိုက်ပါဦးမယ်ရှင်။

TEO က စစ်ပွဲတွေဘက်ပဲဦးစားပေးနေပြီး universe ကို အရန်သဘောပဲထားနေလို့၊ universe ရဲ့fantasy သဘောကို အပြည့်အဝပုံမဖော်နိုင်လို့ review နဲ့ ဇာတ်လမ်းနဲ့မညီဘူးလို့ ပြောတာတွေ့လိုက်ရပါတယ်။ ကျွန်မဇာတ်လမ်းက perfect မဟုတ်တာမို့လို့( အရမ်းကောင်းတဲ့ဇာတ်လမ်းတွေကြားမှာ TEO က စိတ်ကူးထဲရှိရာထည့်ပေါင်းထားတဲ့ သာမန်ဇာတ်လမ်းတစ်ခုမို့လို့) ဝေဖန်မှုတွေကို ရယူပြီး နောက်ဇာတ်လမ်းပုံဖော်တဲ့အခါ ပြင်ဆင်သွားပါ့မယ်ရှင်။

ဒါပေမဲ့ TEO က arc တွေနဲ့သွားတာမို့လို့ universe နဲ့သက်ဆိုင်တာက final arc ( Book 3) မှာ အကြီးအကျယ်ပါလာလိမ့်မယ့်အကြောင်းတော့ ကျွန်မပြောပြနိုင်ပါတယ်ရှင်။

အားလုံးကျန်းမာရေးဂရုစိုက်ကြပါ။

18.7.2022
(Monday)
.
.
.

Zawgyi

အေျခအျမစ္မရွိေသာ စြပ္စြဲခ်က္မ်ား

_________________

လက္ထဲရွိ သဝဏ္လႊာကို ကြၽန္းစားပြဲေပၚသို႔ ခ်,ၿပီးသည့္ေနာက္တြင္ မယ္ေတာ္ႀကီးပၪၥမာယာသည္ နန္းေဆာင္အျပင္ဘက္ရွိ ျမင္ကြင္းမ်ားကို လွမ္းေမွ်ာ္ၾကည့္ရႈ​၏။

အျပင္ဘက္တြင္ မိုး​၏ေရွ႕ေျပးျဖစ္ေသာ တိမ္ညိဳတိမ္မည္းတို႔က အုံ႔ဆိုင္းမႈိင္းညိဳ႕ေနသည္။ မိုးနံ႔ပါေသာ ေလျပည္ေလညင္းမ်ားက တျဖဴးျဖဴးတိုက္ခတ္ေနသကဲ့သို႔ သစ္ပင္သစ္ခက္မ်ားဟာလည္း ေလေၾကာင့္ ယိမ္းတိမ္းလ်က္ရွိသည္။

ထိုျမင္ကြင္းကိုၾကည့္ေနေသာ ပၪၥမာယာ​၏စူးရဲေသာမ်က္ဝန္းမ်ားသည္ သိုဝွက္လြန္းေသာဗ်ဴဟာမ်ားစြာကို ဖုံးကြယ္၍ထား​၏။ သူမ​၏အႀကံအစည္ကို မသိရ။ မျမင္ရ။ သူမ​၏အနီးဆုံးတြင္ရွိၿပီး သူမ​၏လူယုံေတာ္ျဖစ္ေသာ သူ,ေတာင္ မယ္ေတာ္ႀကီး​၏မ်က္ႏွာအမူအရာကို မခန႔္မွန္းႏိုင္ဘဲရွိေနသည္။

ထို႔ေၾကာင့္ လူယုံသည္ မယ္ေတာ္ႀကီး​၏အေနာက္ခပ္လွမ္းလွမ္းအကြာတြင္ရပ္ရင္း အမိန႔္ကိုသာ ေစာင့္ဆိုင္းလ်က္ ႏႈတ္ဆိတ္ေနသည္။

မယ္ေတာ္ႀကီးက တီးတိုးေရ႐ြတ္သည္။

" အ႐ုဏက ဘီလူးပုံစံေျပာင္းလဲသြားတယ္ေပါ့"

တစ္ဆက္တည္းပင္ သူမ​၏ႏႈတ္ခမ္းထက္၌ နက္နဲေသာအၿပဳံးတစ္ပြင့္ေပၚေပါက္လာသည္။ ထိုအၿပဳံးသည္ မည္မွ်စူးရဲ၍ျပင္းထန္ေၾကာင္း လူယုံေတာ္အသိရွိဆုံးျဖစ္သည္။ မယ္ေတာ္ႀကီးဟာ ခိုင္ခံ့ေသာအႀကံအစည္တစ္ခုခုရရွိေနၿပီျဖစ္သည္။ ေနာက္ၿပီး ထိုအႀကံအစည္အတိုင္း သူမ မရ,ရေအာင္ လုပ္ေဆာင္ေပလိမ့္မည္။

" ထင္တဲ့အတိုင္း ယုဂန္ႏိုင္အတြက္ဆို ဘာမွမလုပ္ရဲတာ မရွိတဲ့သူပဲ။ ဒါ့ေၾကာင့္ အ႐ုဏကို အဆုံးထိဆြဲခ်ဖို႔ဆိုရင္ သူ႔ကိုတိုက္ခိုက္ရမွာမဟုတ္ဘူး။ ယုဂန္ႏိုင္ကို ထိပါးမွရမွာ။ ယုဂန္ႏိုင္သာ အနားမွာမရွိေတာ့ရင္ အ႐ုဏက အလိုလိုၿပိဳလဲသြားမယ့္သူပဲ"

မယ္ေတာ္ႀကီး ျပတ္သားေသခ်ာစြာဆိုၿပီးေနာက္ ဆက္လက္ေသာတာဝန္မ်ားကိုေပးအပ္ရန္ လူယုံေတာ္ကို လွည့္ၾကည့္သည္။

***********************************

ယုဂန္​၏က်န္းမာေရးအေျခအေနစိတ္ခ်ရသည္ႏွင့္ အ႐ုဏႏွင့္ယုဂန္ႏိုင္သည္ မိမိတို႔​၏တပ္ဖြဲ႕မ်ားႏွင့္အတူ တမာပင္ၿမိဳ႕သို႔ ျပန္လာခဲ့ၾကသည္။ 

ထို႔ေနာက္ သူတို႔သည္ နယုန္ႏွင့္ ဝါဆိုလႏွစ္လလုံး ခုခံစစ္ျပဳသည္မွအပ စစ္ပြဲမ်ားကို ေခတၱရပ္၍ အနားယူရန္ ဆုံးျဖတ္ခဲ့ၾကသည္။ ထိုအေတာအတြင္း စစ္ပြဲျပင္ဆင္ရန္၊ ဗ်ဴဟာခ်မွတ္ရန္ လိုအပ္သည့္တာဝန္မ်ားကိုေတာ့ အဆက္မျပတ္လုပ္ေဆာင္ေနၾကမည္ျဖစ္သည္။

ဝါဆိုလ​၏ မိုးကေလးစိမ့္စိမ့္႐ြာေသာ မနက္ခင္းတစ္ခုတြင္ ပီယံမိတ္သည္ ေလသာေဆာင္တြင္တစ္ကိုယ္တည္းထိုင္လ်က္ ေစာင္းေကာက္ကို တယုတယေပြ႕ပိုက္၊ တို႔တိတီးခတ္လ်က္ရွိသည္။ ထိုအခ်ိန္တြင္ အ႐ုဏ သူ႔အနားသို႔ေရာက္ရွိလာသည္။ ပီယံသည္ ေစာင္းေကာက္ကိုေဘးခ်လ်က္ အ႐ုဏထိုင္ရန္ ကတၱီပါဖုံခင္းျပင္ဆင္ေပးသည္။

အ႐ုဏက ကတၱီပါေပၚမထိုင္ခင္တြင္ တုံးတိႀကီးေမးခ်လာသည္။

" ေယာက္်ားေလးက ကေလးေမြးႏိုင္မယ့္နည္းလမ္းရွိလား"

ထိုေမးခြန္းက ပီယံ့ကို ေခတၱဆြံ႕အသြားေစသည္။

" ဘယ္လိုလုပ္ၿပီး ေယာက္်ားေလးက ကေလးေမြးႏိုင္မွာလဲ"

ပီယံ့အေျဖေၾကာင့္ အ႐ုဏ မ်က္ေမွာင္အတန္ငယ္ကုတ္သြားကာ ကတၱီပါဖုံခင္းေပၚသို႔ထိုင္ခ်သည္။

" သဘာဝအားျဖင့္ေတာ့ ေမြးလို႔မရဘူးေပါ့။ ဒါေပမဲ့ တစ္နည္းနည္းနဲ႔ေရာ ေမြးလို႔ရေအာင္ လုပ္လို႔မရဘူးလား။ ပီယံ...မင္းက ဘာေမးေမးအကုန္သိတာပဲကို။ ဒီကိစၥကိုေရာ ဘယ္လိုလုပ္ရမလဲ မသိဘူးလား"

" သိတယ္ဆိုတာ အခ်က္အလက္ရွိမွ သိရမွာေပါ့။ အဖိုပါဆိုမွ၊ အမရဲ႕ သားအိမ္အဂၤါမွမပါ,တာ ဘယ္လိုေမြးမွာတုန္း။ စြမ္းအားႀကီးတဲ့ေမွာ္ပညာနဲ႔လုပ္ယူရင္ေတာင္ မျဖစ္ႏိုင္တဲ့ကိစၥပဲ"

အ႐ုဏ စိတ္ပ်က္လက္ပ်က္ျဖစ္သြားပုံရသည္။ သူသည္ တင္ပလႅင္ခ်ိတ္ထားေသာ ဒူးတစ္ဖက္အေပၚ လက္ေထာက္လ်က္ ေမးတင္လိုက္ၿပီး အသက္ျပင္းျပင္းတစ္ခ်က္ရွဴထုတ္သည္။

အ႐ုဏ​၏ေမွ်ာ္လင့္ခ်က္မဲ့သြားေသာ ပုံစံကိုၾကည့္ရင္း ပီယံသည္ ကိစၥတစ္စုံတစ္ရာရွိေၾကာင္း ခန႔္မွန္းမိလိုက္သည္။

" ဘာျဖစ္လို႔လဲ။ ဧကႏၲ အစ္ကိုေတာ္ အစ္ကိုယုဂန္နဲ႔ ကေလးလိုခ်င္လို႔လား"

အ႐ုဏ ေခါင္းညိတ္ျပသည္။

" ယုဂန္က ငါ့ကေလးလိုခ်င္တယ္တဲ့​။ ငါနဲ႔မ်က္လုံးအေရာင္တူတဲ့ကေလးတဲ့"

" အစ္ကိုေတာ့္ကေလးျဖစ္ရင္ ၿပီးၿပီလား"

" အင္းေလ။ ငါ့ကေလးပါဆို"

" မဟုတ္ဘူးေလ။ ဘယ္သူနဲ႔ပဲရရ၊ အစ္ကိုေတာ့္ေသြးပါတဲ့ ကေလးဆို ၿပီးၿပီလားလို႔"

ထိုစကားေၾကာင့္ အ႐ုဏမ်က္ေမွာင္ၾကဳတ္လ်က္ ဆူပုတ္ပုတ္ျဖစ္သြားသည္။

" ငါ့ကေလးကို ၾကင္ယာေတာ္ျဖစ္တဲ့ ယုဂန္နဲ႔ပဲရ,ရမွာေပါ့။ ဘယ္သူနဲ႔ရ,ရမွာလဲ။ ယုဂန္နဲ႔ငါ့ရဲ႕ကေလးပဲ ျဖစ္ရမွာေပါ့"

" အေျခခံအားျဖင့္ေတာ့ အစ္ကိုေတာ္တို႔ႏွစ္ေယာက္ေပါင္းၿပီး ကေလးမရႏိုင္ဘူး။ ဒါေပမဲ့ အစ္ကိုေတာ့္ရဲ႕ကေလးျဖစ္ျဖစ္၊ သူ႔ရဲ႕ကေလးျဖစ္ျဖစ္ သီးသန႔္ေတာ့ရႏိုင္မယ္"

ထိုစကားေၾကာင့္ အ႐ုဏ​၏မ်က္ဝန္းအေရာင္မ်ား ဖ်ပ္ခနဲလက္သြားကာ သူ ပီယံ့အနားသို႔စိတ္ဝင္တစားတိုးကပ္လာသည္။

" ဘယ္လိုမ်ိဳးလဲ"

ထိုသို႔ေျပာၿပီးသည္ႏွင့္ အ႐ုဏသည္ တစ္စုံတစ္ရာအေတြးေပါက္သြားသည့္အလား မ်က္ႏွာထပ္ၿပီးဆူပုတ္သြားျပန္သည္။

"မဟုတ္မွလြဲေရာ ငါ့ကို ကေလးေမြးဖို႔ဆိုၿပီး အမ်ိဳးသမီးၾကင္ယာေတာ္ထပ္ယူခိုင္းမလို႔လား"

ပီယံသည္ မလြယ္ပါ့ရန္ေကာ ဟူေသာသေဘာႏွင့္ၿပဳံး​၏။

" ယူလို႔ေျပာရင္ေတာင္ ယူမွာမဟုတ္ဘူးမလား။ ယူရင္ေတာင္ အဲ့အမ်ိဳးသမီးငုပ္တုပ္ျဖစ္ေနပါဦးမယ္။ အစ္ကိုေတာ္က အစ္ကိုယုဂန္အနားကေန တစ္ဖြားမွခြာတာမွမဟုတ္တာ။ ဟိုက ၾကင္ယာေတာ္အမည္ခံပဲရွိေနမွာ"

အ႐ုဏ ပါးစပ္ဟ,သြားကာ မယုံၾကည္ႏိုင္ေသာေလသံျဖင့္ပြစိပြစိေရ႐ြတ္လာသည္။

" တကယ္ ငါ့ကိုၾကင္ယာေတာ္ထပ္ယူခိုင္းဖို႔ ေတြးေနတာပဲ။ ဒီစကားမ်ိဳး ယုဂန္ေရွ႕သြားေျပာလို႔ မျဖစ္ဘူးေနာ္။ အဲ့ကိစၥနဲ႔ပတ္သက္ၿပီး သူက အျပင္ဘက္မွာသာ ႀကံ့ခိုင္ခ်င္ေယာင္ေဆာင္ေနတာ။ အတြင္းစိတ္ထဲမွာ အၾကာႀကီးစိတ္မေကာင္းျဖစ္ၿပီး ႀကိတ္ဝမ္းနည္းေနတတ္တာ"

" ကြၽန္ုပ္က ၾကင္ယာေတာ္ထပ္ယူဖို႔မေျပာပါဘူး အစ္ကိုေတာ္ရာ၊ ကြၽန္ုပ္ေျပာတာအရင္နားေထာင္ပါဦး။ ကမာၻဦးၾကာပန္းကို အစ္ကိုေတာ္သိတယ္မဟုတ္လား"

အ႐ုဏ ထပ္ၿပီးစိတ္ဝင္တစားျဖစ္ဟန္ႏွင့္ ခ်ဥ္းကပ္လာျပန္သည္။

"သိတယ္။ အႏွစ္တစ္ေသာင္းကို တစ္ႀကိမ္ သံေသဒဇတည္ၿပီး လူသားေမြးဖြားတဲ့ၾကာပန္း"

" ဟုတ္တယ္။ အဲ့ၾကာပန္းကို ကိုယ့္ရဲ႕ေသြးနဲ႔ ေလာင္းလိုက္မယ္ဆိုရင္ ၾကာပန္းက ကိုယ့္ရဲ႕ေသြးကိုစုပ္ယူၿပီး ရွစ္လ၊ ကိုးလအၾကာ တူညီတဲ့ရက္မွာ ကိုယ့္ရဲ႕ေသြးသားအရင္းအခ်ာျဖစ္တဲ့ လူသားတစ္ဦးေမြးဖြားလာလိမ့္မယ္"

အ႐ုဏ နက္နက္နဲနဲစဥ္းစားသြားသည္။ ထို႔ေနာက္ သူ ခ်က္ခ်င္းျပန္ေမးသည္။

" အဲ့လူက နံ႔ရွားၾကာျဖစ္သြားမွာလား"

ကမာၻဦးၾကာပန္းမွေမြးေသာသူမ်ားသည္ ၾကာပန္းရနံ႔ထုံသင္းေလ့ရွိၾကသည္။ ထို႔ေၾကာင့္ သူတို႔ကို ၾကာရနံ႔ေမႊးႀကိဳင္သည္ဟု အဓိပၸါယ္ရေသာ နံ႔ရွားၾကာဟု ေခၚဆိုေလ့ရွိၾကသည္။ နံ႔ရွားၾကာမ်ားသည္ အေျခခံအားျဖင့္ လူသားျဖစ္​၏။ သို႔ရာတြင္ သာမန္လူထက္အစြမ္းပကားႀကီးရေလကာ သစ္ပင္ပန္းမန္မ်ားကို ခ်ဳပ္ထိန္းႏိုင္စြမ္းရွိသည္။ နံ႔ရွားၾကာမ်ားကို နတ္သိၾကားတို႔က အုပ္ထိန္း၍ေလ့က်င့္သင္ၾကားေပးသည္။ ထို႔ေၾကာင့္ နံ႔ရွားၾကာမ်ားမွာ ျမင္းမိုရ္ေတာင္တြင္သာ ေနထိုင္၍ လူ႔ျပည္သို႔ဆင္းသက္လာျခင္း ရွားပါးသည္။

ေနာက္ဆုံးေသာ နံ႔ရွားၾကာေမြးဖြားခဲ့ျခင္းမွာ လြန္ခဲ့ေသာ ႏွစ္ငါးရာခန႔္ကျဖစ္ေၾကာင္း အ႐ုဏ တစ္ေနရာရာ၌မွတ္သားခဲ့ဖူးသည္။ ထိုမွတစ္ပါး အႏွီနံ႔ရွားၾကာကို မည္သူမွ်မျမင္ဖူးၾကေပ။ နံ႔ရွားၾကာသည္ ျမင္းမိုရ္ေတာင္တြင္သာ ေနထိုင္ၿပီး နတ္မ်ား​၏အုပ္ထိန္းမႈေအာက္တြင္ရွိေသာေၾကာင့္ လူသားမ်ားမျမင္ဖူးျခင္း ျဖစ္ႏိုင္သည္။

( နံ႔ရွားၾကာ​က သုနႏၵာပါ။ ေၾကာင္ေယာင္ေဆာင္ မာရစ္နဲ႔ ဘာညာဘာညာျဖစ္မယ့္တစ္ေယာက္ေပါ့။ နဂါးေရဝတီကို ယုဂန္ကိုရွာဖို႔လႊတ္လိုက္တာလည္း သူျဖစ္ပါတယ္)

အ႐ုဏ​၏အေမးကို ပီယံမိတ္ ေခါင္းခါသည္။

" နံ႔ရွားၾကာဆိုတာက ေဘးဘီပေယာဂမပါဘဲ ၾကာပန္းကေမြးတဲ့လူမွ ျဖစ္တာ။ အခုက ကိုယ့္ရဲ႕ေသြးနဲ႔ဆိုေတာ့ ကိုယ္နဲ႔လကၡဏာသြင္ျပင္၊ မ်ိဳးႏြယ္တူတဲ့ လူတစ္ဦးပဲေမြးလာမွာ။ ေမထုန္နည္းမပါဘဲ ကိုယ့္ရဲ႕ေသြးသားရဖို႔ဆိုရင္ အဲ့တစ္နည္းပဲရွိတယ္"

အ႐ုဏျမစိမ္းေရာင္မ်က္ဝန္းမ်ား ဖိတ္ဖိတ္ေတာက္႐ႊန္းလဲ့သြားသည္။

" ကမာၻဦးၾကာပန္းကဘယ္မွာလဲ"

အားတက္သေရာေမးသည့္ အ႐ုဏႏွင့္ျခားနားစြာ ပီယံမိတ္က ေအးေဆးလြန္းေသာအသြင္အျပင္ႏွင့္ ပခုံးတြန႔္ျပသည္။

" ကြၽန္ုပ္လည္းမသိဘူးေလ"

အ႐ုဏ သူ႔ကို မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနသည္။ ထို႔ေၾကာင့္ ပီယံမိတ္ ထပ္ဆင့္စကားဆိုလိုက္သည္။

" ကြၽန္ုပ္က သေဗၺညဳတဉာဏ္ အလင္းပြင့္ေနတာမွ မဟုတ္တာ။ အရာအားလုံးကိုဘယ္သိပါ့မလဲ။ ရွာခ်င္တယ္ဆိုရင္ေတာ့ ကြၽန္ုပ္ကူညီေပးႏိုင္ပါမယ္။ သဲလြန္စေတြစုလိုက္ရင္ေတာ့ ၾကာပန္းရဲ႕ေနရာကို ခန႔္မွန္းႏိုင္ေလာက္မွာပါ"

ထိုအခါမွ အ႐ုဏၿပဳံးသြား​၏။ သူသည္ ပီယံံ့​၏ပခုံးကို အားတက္သေရာပုတ္ကာ

" ေက်းဇူးပါ ပီယံ"

ဟု တက္တက္ႂကြႂကြဆိုသည္။ သူ႔ကို ျပန္လည္တုံ႔ျပန္လာေသာပီယံ့​၏အၿပဳံးက ႏွစ္လိုစဖြယ္ေကာင္းေလာက္ေအာင္ ႏူးညံ့႐ႊန္းပေနသည္။

သူ ဘီလူးအသြင္ရွိေၾကာင္း ေဖာ္ထုတ္ျပသၿပီးသည့္ေနာက္ သူ႔အေပၚထိုသို႔ၿပဳံးျပႏိုင္သည့္သူမွာ ျပန္လည္ရွားပါးသြားခဲ့ၿပီျဖစ္သည္။ ပီယံမိတ္ဟာေတာ့ ထိုကိစၥႏွင့္ပတ္သက္ၿပီး  မေကာင္းေသာခံစားခ်က္ရွိပုံမရပါေခ်။ ပီယံသည္ သူ႔ကို ယခင္အတိုင္းဆက္ဆံစၿမဲျဖစ္ၿပီး ယခင္အတိုင္း ေႏြးေထြးေသာ ညီအစ္ကိုဆက္ဆံေရးကို ထိန္းသိမ္းထားစၿမဲျဖစ္သည္။

အ႐ုဏ ထိုအေတြးမ်ားႏွင့္အတူ ေလသာေဆာင္ျပင္ပသို႔ထြက္ခြာလာစဥ္တြင္ ပီယံသည္ ေစာင္းေကာက္ကို အသာတီိးခတ္ရင္းတစ္ကိုယ္တည္း က်န္ရစ္ခဲ့သည္။

******************************

အ႐ုဏႏွင့္ယုဂန္ႏိုင္သည္ နယ္ေျမခ်ဲ႕ထြင္ေသာစစ္ပြဲမ်ားအား,ေခတၱရပ္တန႔္ထားသည္ဟု ဆိုေသာ္လည္း တစ္ဖက္တြင္မူ မယ္ေတာ္ႀကီး​၏ရန္မွာ တည္ရွိစၿမဲျဖစ္သည္။ ထို႔ေၾကာင့္ ယုဂန္သည္ မယ္ေတာ္ႀကီးကို ခံစစ္ျပဳရန္အတြက္ အၿမဲတေစ ဗ်ဳဟာခ်မွတ္ထားရသလို အ႐ုဏသည္လည္း စစ္ေရးစီမံခန႔္ခြဲမႈမ်ား ေဆာင္႐ြက္ရသည္။

သူတို႔ႏွစ္ဦးသည္ တစ္ေယာက္ကိုတစ္ေယာက္ယုံၾကည္ၾကေလရာ မ်ားေသာအားျဖင့္ တာဝန္မ်ားကို ခြဲေဝလုပ္ေဆာင္၍ အတူတကြဦးစီးေလ့ရွိၾကသည္။ ဆိုရပါက အ႐ုဏမွ အုပ္ခ်ဳပ္ေရးပိုင္းေဆာင္႐ြက္လွ်င္ ယုဂန္သည္ စီးပြားေရးပိုင္းကိုၾကည့္၍ အ႐ုဏမွ စစ္ပြဲအတြက္ဗ်ဴဟာခ်လွ်င္ ယုဂန္သည္ စစ္ေရးကုန္က်စရိတ္၊ စာရင္းဇယားစသည္အားလုံးကို ကိုယ္တိုင္ႀကီးၾကပ္ေလ့ရွိသည္။

သို႔ရာတြင္ ယခင္ကႏွင့္မတူညီေသာ အေျခအေနတစ္ရပ္ကရွိလာသည္။ ဤသည္မွာ စစ္ေရးအတြက္ အ႐ုဏဗ်ဴဟာခ်မွတ္၍ တပ္မႉးဗိုလ္မင္းမ်ားႏွင့္ အဆက္အဆံရွိလာခ်ိန္တြင္ တပ္မႉးဗိုလ္မင္းအခ်ိဳ႕​၏သစၥာတရားက မသိမသာပ်က္ယြင္းလာမႈကို ေတြ႕ျမင္ေနရျခင္းျဖစ္သည္။ ထိုသူတို႔သည္ အ႐ုဏ​၏အေရွ႕တြင္မူ ေၾကာက္လန႔္ျခင္းတရားျဖင့္ ႏႈတ္ဆိတ္ၾက​၏။ သို႔ေသာ္ ေနာက္ကြယ္တြင္မူ အ႐ုဏမင္းသား​၏ ဘီလူးအသြင္ရွိျခင္းအေပၚ မႏွစ္ၿမိဳ႕ေသာ၊ အ႐ိုေသတန္ေသာစကားမ်ား ေျပာဆိုၾကသည္။ ထိုသူတို႔က မင္းသားအ႐ုဏကို ဘုရင္ေနရာအတြက္ ေထာက္ခံလိုျခင္းမရွိၾကေတာ့ေခ်။

ထို႔ထက္ပိုဆိုးလာသည္မွာ အခ်ိဳ႕ေသာၿမိဳ႕စားနယ္စားမ်ားက ပီယံမိတ္နားခ်ဥ္းကပ္ကာ မင္းသားအ႐ုဏအစား ပီယံမိတ္ ထီးနန္းဥေသွ်ာင္ျဖစ္ပါက ပို၍ႀကီးျမတ္ႏိုင္ေခ်ရွိေၾကာင္း မသိမသာစကားထည့္ေျပာလာၾကျခင္းျဖစ္သည္။

ထိုအေၾကာင္းအရာမ်ားကို ယုဂန္ျပန္လည္ၾကားသိရစၿမဲျဖစ္​၏။ သို႔ပါ၍ တစ္ေန႔ေသာအခါတြင္ ယုဂန္သည္ စစ္ေရးေဆြးေႏြးပြဲဟု ေခါင္းစဥ္တပ္ၿပီး တပ္မႉးဗိုလ္မင္းမ်ားအားလုံးကို ဖိတ္ေခၚလိုက္ေလသည္။

အေခၚေတာ္ရွိျခင္းေၾကာင့္ ထိုသူတို႔ေရာက္လာေသာအခါအရင္ဦးစြာ မင္းသားအ႐ုဏမရွိဘဲ အမတ္ယုဂန္ႏိုင္တစ္ဦးတည္းသာရွိေနသျဖင့္ အံ့အားသင့္ၾကရသည္။ အမတ္ယုဂန္ေဘးတြင္ သူ​၏လူယုံဟုဆိုရမည္ျဖစ္ေသာ ေစာရံႏွင့္ တပ္မႉးသုႏၵရီသာရွိေနသည္ျဖစ္​၏။

လူစုံတက္စုံေရာက္ရွိ၍ ေဆြးေႏြးပြဲစတင္ရန္အခ်ိန္က်ေရာက္ေသာအခါ ယုဂန္ႏိုင္သည္ ထိပ္ဆုံးရွိ သလြန္တြင္ထိုင္လ်က္ တပ္မႉးဗိုလ္မင္းမ်ားအားလုံးကို ေဝ့ဝဲၾကည့္ရႈသည္။ ထို႔ေနာက္ သူ, တင္းမာက်ယ္ေလာင္ေသာအသံျဖင့္ စကားေျပာလာသည္။

" စကားကို ရွင္းရွင္းလင္းလင္း ပဲေျပာလိုက္ၾကတာေပါ့"

အမတ္ယုဂန္ႏိုင္​၏ေလသံသည္ သာမန္ႏွင့္မတူဘဲ ခက္ထန္ျပတ္ရွေနသည္။ ေ႐ႊကႏုတ္ေဖာ္သလြန္ေပၚတြင္ ခံ့ခံ့ညားညားထိုင္လ်က္ ယုဂန္​၏နက္ေမွာင္ေသာမ်က္ဝန္းမ်ားက စူးရဲေနေလရာ ေလးနက္ေသာ၊ အရွိန္အဝါႀကီးေသာပုံရိပ္ကို ထုတ္လႊင့္လ်က္ရွိေနသည္။

ထိုပုံစံေၾကာင့္ တပ္မႉးႏွင့္ဗိုလ္မင္းမ်ားသည္ အမတ္ယုဂန္ႏိုင္၌ စစ္ေရးေဆြးေႏြးမႈထက္ပိုေသာ တျခားအေၾကာင္းအရာတစ္ခုရွိေနေသးေၾကာင္း အသီးသီးရိပ္စားမိလိုက္ၾကသည္။

အမတ္ယုဂန္ႏိုင္သည္ မင္းသားအ႐ုဏႏွင့္မတူေသာအခ်က္မွာ မင္းသားအ႐ုဏသည္ အၿမဲတေစတည္ၾကည္ေသာ၊ အရွိန္အဝါျမင့္ေသာပုံရိပ္ကို ထိန္းေလ့ရွိၿပီး အမတ္ယုဂန္ႏိုင္မွာမူ ေပ်ာ့သင့္သည့္အခါေပ်ာ့၊ မာသည့္ေနရာမာလ်က္ တခ်ိဳ႕ေသာအခ်ိန္တြင္ ႏူးညံ့ခ်ိဳသာစြာၿပဳံးျပေလ့ရွိသလို တစ္ခ်ိန္ခ်ိန္တြင္လည္း ခက္ထန္စူးရဲေသာ အၾကည့္မ်ိဳးကို ပိုင္ဆိုင္ျခင္းျဖစ္သည္။ အမတ္ယုဂန္ႏိုင္​၏ပုံစံဟာ တစ္သမတ္တည္းမရွိ။ ၿပဳံးေနသူက မ်က္ႏွာတည္ပါက ပိုေၾကာက္စရာေကာင္းသည္ဟူေသာ အခ်က္မွာ အမတ္ယုဂန္ႏိုင္အတြက္ မွန္ကန္ေသာစကားမ်ိဳးျဖစ္ေနသည္။ တစ္နည္း သူဟာ ျဖစ္လာေသာအေျခအေနကို မည္သို႔ကိုင္တြယ္ရမွန္း တစ္ခဏအတြင္းဆုံးျဖတ္ႏိုင္ေသာ သူတစ္ဦးလည္းျဖစ္သည္။

" ဒီထဲမွာ မင္းသားအ႐ုဏက ဘီလူးအသြင္ရွိတာမို႔လို႔ ေခါင္းေဆာင္အျဖစ္ မတင္ေျမႇာက္ထိုက္ဘူးလို႔ ထင္မွတ္တဲ့သူမွန္သမွ် ထြက္သြားပါ"

လိုရာကို တဲ့တိုးေျပာခ်လိုက္ေသာ ယုဂန္ႏိုင္​၏စကားေၾကာင့္ တပ္မႉးဗိုလ္မင္းမ်ားအားလုံးသည္ မည္သို႔တုံ႔ျပန္ရမည္မွန္း ခ်က္ခ်င္းစဥ္းစားမရဘဲ တစ္ေယာက္မ်က္ႏွာတစ္ေယာက္လွည့္ၾကည့္ၾကကုန္သည္။

ထိုသို႔ျဖစ္သြားေသာ တပ္မႉးဗိုလ္မင္းမ်ားကိုၾကည့္ရင္း အမတ္ယုဂန္ႏိုင္သည္ ပို၍မာေက်ာေသာအသံျဖင့္ စကားဆက္ဆိုလာသည္။

" အခုစုေဝးေနတဲ့ တပ္မႉးစစ္ကဲ ဗိုလ္မင္းေတြအားလုံး မင္းသားအ႐ုဏဆီ သစၥာခံလာတုန္းက မင္းသားအ႐ုဏကိုၾကည္ညိဳလို႔၊ အရည္အခ်င္းကို သေဘာက်ေလးစားလို႔၊ တိုင္းျပည္ရဲ႕ မမွ်တဘဲ ယိုယြင္းေနတဲ့အုပ္ခ်ဳပ္ေရးကို ေျပာင္းလဲေပးႏိုင္မယ္ထင္မွတ္လို႔ လာေရာက္ခဲ့ၾကတာပဲ မဟုတ္ဘူးလား။ အဲ့တုန္းက မင္းသားအ႐ုဏနဲ႔ အခုမင္းသားအ႐ုဏနဲ႔ အတူတူပဲ။ ဘာမ်ားေျပာင္းလဲသြားလို႔လဲ။ ဘာမ်ားေျပာင္းလဲသြားလို႔ အခုခ်ိန္မွလာၿပီး မင္းသားအ႐ုဏအေပၚ မထီမဲ့ျမင္ျပဳဝံ့ၾကသလဲ"

အမတ္ယုဂန္​၏စကားဆုံး၍ ေခတၱၾကာသည့္တိုင္ေအာင္ တပ္မႉးဗိုလ္မင္းမ်ားထံမွ တုံ႔ျပန္သံျပန္လည္မထြက္ေပၚလာေပ။ ယုဂန္သည္ အားလုံးကို စိမ္းစိမ္းစူးစူးၾကည့္လ်က္ မိမိကို ျပန္လည္ခြန္းတုံ႔ျပန္မည့္စကားအား ေစာင့္ေမွ်ာ္ေနသည္။ အတန္ၾကာမွ တပ္မႉးတစ္ဦးက ယုဂန္အေပၚတုံ႔ျပန္သည့္စကားအား ရဲရဲဝံ့ဝံ့ျပန္ေျပာလာသည္။

" အဲ့တုန္းက အရွင့္သားမွာ ဘီလူးအသြင္ရွိမွန္း ကြၽန္ုပ္တို႔အားလုံး မသိခဲ့လို႔ပါ။ အဲ့လိုမသိေအာင္လည္း အရွင့္သားတို႔က ဖုံးကြယ္ထားခဲ့တာပဲ မဟုတ္ပါလား။ ဘီလူးဦးစီးရင္ တိုင္းျပည္ပ်က္မွာသိသိရက္နဲ႔ ကြၽန္ုပ္တို႔က ဘယ္လိုမ်ားဆက္ၿပီး မင္းသားအ႐ုဏကို ဘုရင္အျဖစ္ ေထာက္ခံရမလဲ"

ထိုတစ္ဦး​၏စကားဆုံးမွ တျခားေသာတပ္မႉးဗိုလ္မင္းမ်ားသည္ ထိုလူ႔စကားမွန္ကန္ေၾကာင္း ဝိုင္းဝန္းေထာက္ခံလာၾကသည္။

ယုဂန္သည္ ထိုလူတို႔​အသံမ်ားရပ္သည့္အခ်ိန္ထိ ေစာင့္ဆိုင္းေန​၏။ အသံတို႔ျပန္လည္ဆိတ္ၿငိမ္သြားမွ တည္ၿငိမ္ေသာအသံျဖင့္ ျပန္လည္ေျပာဆိုသည္။

" ပထမအခ်က္ မင္းသားအ႐ုဏက ဘီလူးစစ္စစ္မဟုတ္ဘူး"

"ဘီလူးပုံစံေျပာင္းႏိုင္ေနမွေတာ့ ဘီလူးဆိုတဲ့အသုံးအႏႈန္းနဲ႔သက္ဆိုင္သြားပါၿပီ အမတ္မင္း"

" ငါစကားေျပာေနတုန္း ျဖတ္မေျပာနဲ႔စမ္း"

ယုဂန္ႏိုင္​၏ ေဒါသတႀကီးျဖစ္ေသာ၊ က်ယ္ေလာင္ေသာအသံေၾကာင့္ ၾကားျဖတ္ဝင္ေျပာလိုက္မိေသာ တပ္မႉးသည္ ေခ်ာင္းတစ္ခ်က္ဟန႔္ကာ ႏႈတ္ျပန္ပိတ္သြား​၏။

ထိုတပ္မႉး​၏မ်က္ႏွာအမူအရာမွာ မေက်မခ်မ္းျဖစ္သြားဟန္ရွိေသာ္လည္း ယုဂန္ႏိုင္ကို ရာထူးအရ၊ ဂုဏ္အင္အရ မယွဥ္သာသျဖင့္ မေက်နပ္ေသာ္လည္း ႏႈတ္ဆိတ္လိုက္ရသည္။ ယခုအခ်ိန္တြင္ အမတ္ယုဂန္ႏိုင္သည္ သူ​၏အရွိန္အဝါအားလုံးကို ထုတ္သုံးေနၿပီဟု ထင္မွတ္ယုံၾကည္ရသည္။

" ဒုတိယတစ္ခ်က္ သူကဘီလူးဆိုရင္ေတာင္ ဘီလူးဦးစီးရင္ တိုင္းျပည္ပ်က္မယ္ဆိုတဲ့ သက္ေသ ရွိၾကပါသလား"

ယုဂန္ႏိုင္သည္ ဒီတစ္ေခါက္တြင္မူ ေမးခြန္းေမးျမန္းလိုက္ျခင္းျဖစ္ေသာ္လည္း မည္သူကမွ ျပန္မေျဖၾက။ ယုဂန္ အတန္ၾကာစကားေျပာရပ္၍ ေစာင့္ဆိုင္းေနမွသာ ဗိုလ္မင္းတစ္ဦးက

" ဘီလူးက တိုင္းျပည္ကို ေဘးဒုကၡေရာက္ေစႏိုင္ပါတယ္"

ဟု သူ​၏အျမင္ကိုတင္ျပလာသည္။

ယုဂန္ ထိုဗိုလ္မင္းကို ေစာင္းငဲ့ၾကည့္သည္။ သူ​၏မရယ္မၿပဳံးမ်က္ႏွာအေနအထားက ဗိုလ္မင္း​၏စကားကို ႀကိဳဆိုေနဟန္မရွိပါေခ်။ သို႔တိုင္ သူ႔​၏အသံက ေဒါသသံထပ္မပါေတာ့ဘဲ ၾကည္လင္၍ တည္ၿငိမ္လ်က္ရွိသည္။

" ဘယ္လိုနည္းနဲ႔ ဒုကၡေရာက္ေစမယ္ ထင္မွတ္ရတာပါလဲ"

" ဘီလူးဆိုတဲ့အမ်ိဳးဟာ ၾကမ္းၾကဳတ္႐ိုင္းစိုင္းၿပီး လူ႔အေသြးအသားကို စားတဲ့သူပါ။ ဒီလိုမ်ိဳး လူေတြကို ေသေက်ပ်က္စီးေစတဲ့အျပစ္ဒဏ္အေနနဲ႔ ဘီလူးအုပ္ခ်ဳပ္တဲ့တိုင္းျပည္ကို သဘာဝေဘးအႏၲရာယ္ေတြ က်ေရာက္လာပါလိမ့္မယ္"

" မင္းသားအ႐ုဏက စစ္သည္ပီပီ၊ ေခါင္းေဆာင္တစ္ဦးပီပီ ခက္ထန္သင့္တဲ့ ေနရာမ်ိဳးမွာခက္ထန္ၿပီး ျပတ္သားရေပမဲ့ ႐ိုင္းစိုင္းၿပီး အထိန္းအကြက္မဲ့တာမ်ိဳး သင္တို႔ႀကဳံဖူးပါသလား။ သူ လူ႔အေသြးအသားစားတယ္လို႔ေရာ သင္တို႔ ျမင္ဖူးပါသလား"

ယုဂန္ ျပန္၍ေမးျမန္းလိုက္ေသာအခါ ထိုဗိုလ္မင္းႏႈတ္ဆိတ္သြား​၏။ ထိုအခါ ယုဂန္ကပဲ စကားဆက္ဆိုသည္။

" မင္းသားအ႐ုဏက လူနဲ႔ဘီလူးကျပားပါ​။ ဇာတ္တူသားကို ဘယ္လိုမ်ားစားပါ့မလဲ။ ေနာက္ၿပီး သူနဲ႔လက္ထပ္ထားတဲ့ငါက လူစစ္စစ္ပါ​။ ငါ့ခင္ပြန္းကို ငါအသိဆုံးမို႔လို႔ စြပ္စြဲေျပာဆိုမႈေတြကို ယုံတဲ့သင္တို႔ကို သိပ္အံ့ဩမိပါတယ္။ မင္းသားအ႐ုဏသာ ေကာလဟာလေတြအတိုင္း မွန္ကန္ေနမယ္ဆိုရင္ ငါက သူနဲ႔ခုထက္ထိ အတူရွိေနႏိုင္ပါ့မလား။ လူေတြကို ေသေက်ပ်က္စီးေစလို႔ ေဘးအႏၲရာယ္က်ေရာက္ရမယ္ဆိုရင္ ကမာၻေပၚက ႏိုင္ငံေတြအကုန္ မုန္တိုင္းဒဏ္နဲ႔စုန္းစုန္းျမဳပ္ေနၿပီ။ လူအစုလိုက္အၿပဳံလိုက္ ဆိုးဆိုးဝါးဝါးမေသဖူးတဲ့တိုင္းျပည္ရွိရင္ ငါ့ကို လက္ညႇိဳးထိုးျပစမ္းပါ"

ပတ္ဝန္းက်င္မွာ ျပန္ေျဖသံမေပၚဘဲ အတန္ၾကာတိတ္ဆိတ္သြားသည္။ ထို႔ေၾကာင့္ ယုဂန္သည္ စကားဆက္ေျပာရန္ ႀကံစည္လိုက္စဥ္ လူၾကားထဲမွ မဝံ့မရဲအသံတစ္သံထြက္ေပၚလာသည္။

" ဘီလူးက အသားစားပါတယ္"

ယုဂန္ ေဒါသေထာင္းခနဲထြက္သြား​၏။ သူသည္ ျပတ္ထြက္မတတ္ မ်က္ႏွာတင္းမာသြားကာ

" ဒီထဲမွာေရာ သက္သက္လြတ္သမားဘယ္သူရွိလို႔လဲ။ ဘယ္သူအသားမစားဘဲ ေနလို႔လဲ။ အဓိပၸါယ္ရွိတဲ့စကားကို ေျပာစမ္းပါ"

ဟု ျခေသၤ့တစ္ေကာင္​၏ဟိန္းေဟာက္ေသာအသံမ်ိဳးႏွင့္ ေအာ္ေငါက္လိုက္ေလသည္။ သူ​၏ေဒါသတႀကီးအသံေၾကာင့္ ပတ္ဝန္းက်င္ဟာ ထပ္မံအသံတိတ္ဆိတ္သြားျပန္​၏။

" ငါ ေနာက္တစ္မ်ိဳးလွည့္ေမးမယ္။ မင္းသားအ႐ုဏက အာဏာကိုသုံးၿပီး ဖိႏွိပ္တာမ်ိဳးလုပ္ဖူးသလား။ မတရားတဲ့နည္းတဲ့ ေကာက္က်စ္စဥ္းလဲတာမ်ိဳးေရာ ရွိဖူးသလား။ ၿပီးခဲ့တဲ့စစ္ပြဲေရာ မင္းသားအ႐ုဏရဲ႕ဘီလူးအစြမ္းေၾကာင့္ အႏိုင္ရခဲ့တာ မဟုတ္ဘူးလား။ အရွင္မင္းႀကီးဘရဏသူရဲ႕ထီးနန္းလည္း ေမာင့္ရဲ႕ဘီလူးအစြမ္းေၾကာင့္ရခဲ့တာပဲ​။ ေတာ္ဝင္အက်ဥ္းေထာင္ကိုေတာင္ ၿပိဳက်ေအာင္လုပ္ႏိုင္တဲ့ အစြမ္းပါ။ အဓိက,က ငါ့ရဲ႕ခင္ပြန္းမွာ အဲ့ေလာက္ႀကီးမားတဲ့အစြမ္းရွိရက္နဲ႔ ဘယ္သူ႔ကိုမွ မတရားသျဖင့္ဖိႏွိပ္တာမ်ိဳး မျပဳလုပ္ခဲ့တာပဲ။"

ယုဂန္​၏အသံသည္ တည္ၾကည္ေသာ္လည္း ေဒါသႏွင့္မာန္မာနပါဝင္ေန​၏။ ေဒါသေၾကာင့္ၾကမ္း​၏။ မာန္ေၾကာင့္ တင္းမာခက္ထန္​၏။ ယုဂန္​၏ အာဏာအရွိန္အဝါအသုံးျပဳေသာပုံစံက သူတို႔အတြက္ တစ္ႀကိမ္တစ္ခါမွ်မျမင္ဖူးေသာ ပုံစံမ်ိဳးျဖစ္သည္။ အမတ္ယုဂန္ႏိုင္သည္ လိုအပ္ပါက ပါးပ်ဥ္းေထာင္တတ္ေသာေႁမြကဲ့သို႔လူျဖစ္ေၾကာင္း သူတို႔အကုန္သေဘာေပါက္မိလိုက္ၾကသည္။

အမတ္ယုဂန္ႏိုင္က တစ္ဦးတည္း တင္းမာျပတ္ေတာက္စြာ ဆက္လက္ေျပာဆိုေနသည္။

"တကယ္က ဘာလဲသိလား။ ေမာင္က သာမန္မဟုတ္ဘဲ ကြဲထြက္ေနလို႔ သင္တို႔အကုန္လုံး ေမာင့္ကို အ႐ိုေသတန္ခ်င္ေနၾကတာပဲ။ သင္တို႔က လူတစ္ဦးကို သူ႔ရဲ႕ျဖစ္တည္မႈနဲ႔၊ သူရဲ႕မ်ိဳး႐ိုးနဲ႔၊သူ႔ရဲ႕ပုံစံနဲ႔ တန္ဖိုးျဖတ္ေနၾကတာပဲ။ ဘီလူးေတြထဲ ၾကမ္းၾကဳတ္သူေတြ ရွိႏိုင္ပါတယ္။ ဒါေပမဲ့ အဲ့လိုဆိုတာနဲ႔ အားလုံးကို ၾကမ္းၾကဳတ္ပါတယ္၊ ရက္စက္ပါတယ္လို႔ ၿခဳံေျပာပိုင္ခြင့္ သင္တို႔မွာမရွိဘူး။ လူတစ္ေယာက္ရဲ႕ ေကာင္း​၏ဆိုး​၏က သူ႔ရဲ႕မ်ိဳး႐ိုး၊ မ်ိဳးႏြယ္၊ ပုံပန္းသြင္ျပင္နဲ႔ဘာမွမသက္ဆိုင္ဘူး။ သူ႔ရဲ႕လုပ္ရပ္ကပဲ အဲ့လူကို အဆုံးအျဖတ္ေပးလိမ့္မယ္လို႔ ဗုဒၶကိုယ္တိုင္ေဟာၾကားခဲ့တာပါ​။ အခုေတာ့သင္တို႔ကိုၾကည့္ပါဦး။ မ်ိဳး႐ိုးနဲ႔ ကြၽန္ ဆိုၿပီးခြဲတယ္၊ မ်ိဳး႐ိုးနဲ႔ အထက္တန္းလႊာဆိုၿပီးခြဲတယ္။ အေရျပားေရာဂါရွိရင္ အႏူဆိုၿပီးထပ္ခြဲတယ္။ ႐ုပ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းခ်က္ရွိတဲ့သူေတြက တစ္နည္းနည္းနဲ႔ထပ္ခြဲျခားခံရတယ္။ ဒီလိုခြဲတာလည္း လူေတြပဲလုပ္ေနတာ။ ႐ုပ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္ရွိတဲ့ေခြးတစ္ေကာင္ကို တျခားေခြးေတြ ခြဲျခားဆက္ဆံတာျမင္ဖူးလား။ တိရိစာၦန္ထက္ေတာင္ နိမ့္က်တဲ့ ခြဲျခားမႈေတြလုပ္တဲ့လူမ်ိဳး သင္တို႔ျဖစ္ခ်င္ၾကသလား"

ဘယ္သူမွ ျပန္မေျဖၾက။ အသံမထြက္ၾက။ ထိုအျခင္းအရာက ယုဂန္​၏အသံကိုပို၍ မာေၾကာလာေစသည္။

" မယ္ေတာ္ႀကီးက တိုင္းရင္းသားမ်ိဳးႏြယ္ေတြအေပၚ မမွ်မတလုပ္ၿပီး ေတာ္ဝင္မိသားစုကိုေထာက္ပံ့တဲ့ မႏၲာမ်ိဳးႏြယ္စုကိုပဲ ဦးစားေပးခဲ့တာ သင္တို႔အသိဆုံးပဲ။ သင္တို႔ရဲ႕မ်ိဳးႏြယ္ေတြလည္း အခြင့္အေရးပိုနည္းၿပီး ရခဲ့တာ မဟုတ္ဘူးလား။ ခြဲျခားခံရတဲ့ခံစားခ်က္၊ မညီမွ်တဲ့ခံစားခ်က္ သင္တို႔မခံစားခဲ့ရဘူးလား။ ဒါေတာင္ကိုယ္ခ်င္းမစာႏိုငိဘူးလား။

ငါ့ရဲ႕ခင္ပြန္းက အဲ့လိုမမွ်တမႈေတြကို ဖယ္ရွားျဖစ္ဖို႔အတြက္ ဦးတည္ခ်က္နဲ႔ စတင္ပုန္ကန္ခဲ့တယ္။ ဖယ္ရွားဖို႔အတြက္ အာဏာလိုအပ္လို႔ အာဏာကိုအရင္ဆုပ္ကိုင္ဖို႔ႀကိဳးစားေနတာပဲ။ သင္တို႔အကုန္လည္း အဲ့အခ်က္ကိုသေဘာက်ၿပီး သစၥာခံျဖစ္လာတာ။ အခုက်မွ မမွ်မတမႈကို ပုန္ကန္မယ့္သူေတြက ကိုယ္တိုင္ခြဲျခားေနတယ္။ ဟာသပဲ"

အမတ္ယုဂန္ႏိုင္ ဟက္ခနဲရယ္သည္။ သူသည္ ေဒါသအားလုံးကိုဖြင့္ဟၿပီးေနာက္ ျပန္လည္စိတ္တည္ၿငိမ္သြားသကဲ့သို႔ သူ​၏နက္ေမွာင္ေသာမ်က္လုံးအစုံကို ေခတၱမွ်မွိတ္ခ်ၿပီးေနာက္ နဂိုအသံႏႈန္းျဖင့္ ျပန္လည္ေျပာလာသည္

"ကိုယ့္ရဲ႕လုပ္ရပ္ေတြ၊ စိတ္ထားေတြ၊ မွန္ကန္ခဲ့မႈေတြ အဲ့တာေတြအားလုံးက ကိုယ့္ရဲ႕ျဖစ္တည္မႈေလာက္ အေရးမႀကီးေတာ့ဘူးလို႔ထင္တဲ့သူေတြ​က ငါတို႔ရဲ႕ဦးတည္ခ်က္ကို ကိုယ္တိုင္မလိုက္နာႏိုင္တဲ့သူေတြပဲ။ ဒါ့ေၾကာင့္ အဲ့လိုလူမ်ိဳးကိုဒီေနရာမွာ မလိုအပ္ဘူး။ အဲ့လိုစိတ္ရွိရင္ အကုန္ထြက္သြားၾက"

တပ္မႉးဗိုလ္မင္းမ်ား တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၾကျပန္သည္။ ခဏၾကာေသာ္ တပ္မႉးတစ္ဦး ထိုင္ေနရာမွ ဝုန္းခနဲမတ္တပ္ထ,ရပ္လာသည္။

"မင္းသားအ႐ုဏအေပၚ မထီမဲ့ျမင္ျပဳဝံ့တာမဟုတ္ပါဘူး​။ ဒါေပမဲ့ ဘီလူးကေတာ့ လူျဖစ္လာမွာမဟုတ္ပါဘူး အမတ္မင္း။ ခြင့္ျပဳပါ"

ထိုတပ္မႉးသည္ အႏွီစကားအားဆိုၿပီးသည္ႏွင့္ ခန္းမတြင္းမွ ထြက္သြားရန္ ေလွကားဆီသြား​၏။ ထိုတပ္မႉး တံခါးဆီမေရာက္ခင္တြင္ ဓားေျမႇာင္တစ္ေခ်ာင္းဟာ ထိုလူ​၏မ်က္ႏွာေရွ႕တည့္တည့္မွ ျဖတ္ပ်ံကာ ေဘးရွိတိုင္လုံးအတြင္းစိုက္ဝင္သြားေလသည္။ ဓားေျမႇာင္သည္ ထိုတပ္မႉးကို မထိလိုက္။ သို႔ရာတြင္ တပ္မႉးကို ထိတ္လန႔္သြားေစရန္အတြက္ေတာ့လုံေလာက္ခဲ့ေလသည္။

တပ္မႉးသည္ ထိတ္လန႔္မႈႏွင့္အတူ ဓားေျမႇာင္​၏လားရာကို လွည့္ၾကည့္သည္။ ထိုတြင္ တပ္မႉးသုႏၵရီကို ေတြ႕သည္။ တပ္မႉးသုႏၵရီသည္ အလိုရွိပါက သူ႔​၏ေခါင္းတည့္တည့္ကို ထိမွန္ေအာင္ ဓားျဖင့္ပစ္ခြင္းႏိုင္သူျဖစ္သည္။ ယခုလို တိုင္ဘက္ လြဲေခ်ာ္သြားျခင္းမွာ ရည္႐ြယ္ခ်က္ရွိရွိလုပ္ေဆာင္လိုက္ျခင္းသာျဖစ္ရမည္။

တစ္ဆက္တည္းပင္ အေဆာင္ခန္းမေပၚသို႔ေရာက္ရွိေနေသာ တပ္မႉးဗိုလ္မင္းမ်ားသည္ တစ္စုံတစ္ရာကို သတိျပဳမိလိုက္​​​ၾက​၏။ ေဆြးေႏြးပြဲက်င္းပရာ အေဆာင္သည္ တိုင္လုံးမ်ားျဖင့္ အမိုးကိုေထာက္ပံ့ထားၿပီးပတ္ပတ္လည္နံရံမရွိရေလရာ အျပင္ဘက္ကို အတိုင္းသားလွမ္းျမင္ေနရသည္။ ထိုေၾကာင့္ အျပင္ဘက္၌ အေဆာင္ေပၚမွဆင္းလာမည့္ တပ္မႉးဗိုလ္မင္းမ်ားကို ဝိုင္းဝန္းတိုက္ခိုက္ရန္ အသင့္ျပင္ဝန္းရံေနေသာစစ္သည္မ်ားကို ေတြ႕လိုက္ရသည္။ စစ္သည္မ်ားက လွံရွည္ကို ကိုင္ေဆာင္ထားလ်က္ အေဆာင္ကို ပတ္ပတ္လည္ဝန္းရံထားၾကသည္။ ထြက္ေပါက္မရွိ။ ေျပးလမ္းမရွိ။ အမတ္ယုဂန္ႏိုင္က အရာအားလုံးကို ႀကိဳတင္စီစဥ္ထားခဲ့သည္။

" ပုဂၢိဳလ္ေရးဆိုင္ရာ မုန္းတီးမႈမပါဝင္ပါဘူး။ ဒါေပမဲ့ ဒီကလူေတြအကုန္လုံးဟာ ေနာက္လာမယ့္စစ္ဗ်ဴဟာကိုသိၿပီးျဖစ္တဲ့အတြက္ အသက္ရွင္ရက္ေတာ့ထြက္သြားခြင့္ မေပးႏိုင္ပါဘူး"

အမတ္မင္းယုဂန္ႏိုင္ဆီမွ အသံထြက္ေပၚလာသည္။

ဓားေျမႇာင္ျဖင့္အၿခိမ္းေျခာက္ခံလိုက္ရေသာ တပ္မႉးသည္ အမတ္ယုဂန္ႏိုင္ဆီသို႔ျပန္လည္လွည့္ၾကည့္လိုက္သည့္အခါ ယုဂန္ႏိုင္​၏ မထီမဲ့ျမင္ဆန္လွေသာမ်က္ႏွာအမူအရာကိုေတြ႕ျမင္ရ​၏။ တစ္နည္း ႏူးညံ့ေသာခံစားခ်က္အမူအရာတို႔ကင္းမဲ့ေနကာ မာန္ျဖင့္ ျပင္းထန္ေနေသာမ်က္ႏွာထားဟုဆိုရမည္ျဖစ္သည္။

" အသက္ပင္ေသပါေစ၊ ဘီလူးေသြးပါတဲ့သူကို ဒူးမေထာက္ႏိုင္ဘူးဆိုတဲ့လူေတြ ထြက္သြားလို႔ရပါၿပီ"

စကားအဆုံးတြင္ ယုဂန္သည္ သလြန္ေပၚဝယ္ သက္ေသာင့္သက္သာထိုင္လိုက္​သည္။

ခန္းမ​၏အျပင္ဘက္တြင္မူ စစ္သည္မ်ားက လွံရွည္ကိုကိုင္ေဆာင္လ်က္

*********************************

ေမြ႕ရာေပၚတြင္ ေဘးတစ္ေစာင္းလဲေလ်ာင္းေနခိုက္ အေနာက္မွ ေပြ႕ဖက္လိုက္ေသာအထိအေတြ႕ေၾကာင့္ ေမာင္ေရာက္ရွိလာေၾကာင္း ယုဂန္သိရွိလိုက္သည္။

ေမာင္သည္ သူ​၏ခါးကိုေပြ႕ဖက္​၏။ သူ႔​၏ဆံႏြယ္မ်ားၾကား မ်က္ႏွာကိုအပ္ကာ သူ​၏လည္ပင္းအေနာက္ကို ခြၽန္ျမေသာႏွာဖ်ားျဖင့္ မထိတထိပြတ္သပ္ေနသည္။

ယုဂန္သည္ သူ႔ခါးအား,ဖက္ထားသည့္ ေမာင့္လက္ကို ျပန္လည္ဆုပ္ကိုင္လိုက္ရင္း ေမာင့္ရင္ခြင္ႏွင့္သူ႔ေနာက္ေက်ာထိမိသည္အထိ ေမာင့္ရင္ခြင္ထဲတိုးေဝွ႔ဝင္ေရာက္လိုက္သည္။

" ပင္ပန္းတဲ့ေန႔တစ္ေန႔ျဖစ္ခဲ့တယ္ေပါ့"

ေမာင္ရွဴထုတ္လိုက္ေသာ ေလေႏြးမ်ားက ယုဂန္​၏လည္ပင္းအေနာက္ကို ပူေႏြးသြားေစသည္။ ေမာင္က ပင္ပန္းစရာကိစၥရွိတိုင္း အၿမဲဒီလိုပင္။ သူ႔ကိုေပြ႕ဖက္ၿပီး အၾကာႀကီးၿငိမ္ေနတတ္သည္။ ဤအရာက ေမာင့္ကိုစိတ္ပင္ပန္းမႈ ေျပေလ်ာ့ေစေသာနည္းလမ္းဟု ေမာင္ကိုယ္တိုင္ေျပာျပဖူးသည္။

" အင္း...ေမာင္စစ္ထြက္ရဦးမယ္ထင္တယ္"

ေမာင့္စကားက ယုဂန္ကိုအံ့အားသင့္သြားေစသည္မွာေတာ့ အမွန္ပင္ျဖစ္သည္။ သို႔ရာတြင္ မေမွ်ာ္လင့္ထားေသာစကားမ်ိဳးေတာ့မဟုတ္။ မယ္ေတာ္ႀကီးမွ နယ္ေျမျပန္သိမ္းရန္ႀကိဳးပမ္းေနေသာေၾကာင့္ ေမာင့္ဘက္က စစ္ထြက္၍ ခုခံစစ္ျပဳရမည္သာျဖစ္သည္။ ေမာင္ ထီးနန္းရမွသာ ဤစစ္ပြဲမ်ားက အလုံးစုံခ်ဳပ္ၿငိမ္းသြားလိမ့္မည္။ ဒီအေတာအတြင္းေတာ့ စစ္ပြဲမ်ားက ျဖစ္လိုက္၊ ရပ္လိုက္ႏွင့္သာ သံသရာလည္ေနဦးမည္ျဖစ္သည္။

" ဟုတ္လား။ ဘယ္ကိုလဲ"

" မေဒါင္"

" ေမာင္ အဲ့ကိုသြားတာလည္းေျပသားပဲ။ ဒါဆိုရင္ ကြၽန္ေတာ္က မကၠနဲ႔ဇိယတၱအပိုင္း ကိုင္တြယ္လိုက္မယ္"

" အင္း...ပီယံလည္း အခ်စ္ကိုကူညီပါလိမ့္မယ္"

ေမာင္ သူ႔ကိုပို၍တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္လာသည္။ သူသည္လည္း ထိုအတိုင္း ေမာင့္​၏ေႏြးေထြးေသာေပြ႕ဖက္မႈေအာက္၌ ဇိမ္ခံရင္း အသာေမွးေနလိုက္​၏။ ေခတၱမွ်ၾကာေသာ္ ေမာင္ဟာ အက္ရွတိုးညႇင္းေသာစကားတစ္ခြန္းကို ဆိုလာသည္။

" တစ္ခါတေလက်ရင္ ယုဂန္ ေမာင့္ေၾကာင့္ပင္ပန္းရတယ္လို႔ ေမာင္ေတြးမိတယ္"

ေမာင့္စကားေၾကာင့္ ယုဂန္ပိတ္ထားေသာမ်က္လုံးမ်ားကို ခ်က္ခ်င္းဖြင့္လိုက္မိသည္။ ကမာၻေပၚမွာ ေမာင္ထိုသို႔ေတြးမည္ကို သူ,အေၾကာက္ဆုံးျဖစ္သည္။

" ဘာလို႔အဲ့လိုေတြးရတာလဲ"

"တကယ္လို႔ ေမာင္သာ ေတာ္ဝင္မိသားစုဝင္မဟုတ္ခဲ့ရင္၊ မင္းသားရာထူးမရွိခဲ့ရင္၊ ထီးနန္းရဖို႔မႀကိဳးစားခဲ့ရင္ ယုဂန္ အခုေလာက္စိတ္ပင္ပန္းရမွာမဟုတ္ဘူး။ ေမာင္တို႔သာ သာမန္စုံတြဲျဖစ္ခဲ့ရင္ ယုဂန္ ပိုၿပီးစိတ္ခ်မ္းခ်မ္းသာသာေနရမွာ"

ယုဂန္ ေမာင့္ကို မ်က္ႏွာခ်င္းဆိုင္လွည့္လိုက္သည္။ သူသည္ ေမာင့္ႏႈတ္ခမ္းကို ခပ္ဖြဖြဖိနမ္းကာ

" ကြၽန္ေတာ္အခုလည္း စိတ္ခ်မ္းသာပါတယ္"

ဟု အၿပဳံးတစ္ပြင့္ႏွင့္ဆိုသည္။ သို႔တိုင္ ေမာင့္​၏မႈိင္းညိဳ႕ေနေသာအသြင္ဟာေတာ့ မေျပာင္းလဲသြားေသးပါေခ်။

" ဒါေပမဲ့ စိတ္ေရာလူေရာ ပင္ပန္းရတာပဲမလား"

" ဒါကေတာ့ အျမင့္ဆုံးေနရာကို လိုခ်င္ရင္ ပိုၿပီးအပင္ပန္းခံရမွာေပါ့"

"ဟုတ္တာေတာ့ဟုတ္ေပမဲ့ ယုဂန္ သည္းမခံႏိုင္ေတာ့ေလာက္ေအာင္ ပင္ပန္းတယ္လို႔ေျပာလိုက္တာနဲ႔ ေမာင္အားလုံးကိုထားခဲ့မွာ"

ယုဂန္​၏ ပန္းႏုေသြးေသာႏႈတ္ခမ္းလႊာတို႔ ညင္သာစြာၿပဳံးသြားၾကသျဖင့္ ႏူးညံ့ေသာပါးအို႔အို႔မွာ အေပၚသို႔မို႔တက္သြားေလသည္။

ယုဂန္ဟာ ေမာင့္​၏ေကာ္ဖီေစ့ေရာင္ဆံသားေကာက္ေကာက္မ်ားကို အသာအယာပြတ္သပ္သည္။ တစ္ခ်ိန္တည္းမွာပင္ မင္းသားတစ္ပါးအေနႏွင့္ အထြဋ္အျမတ္ထားရေသာ ေမာင့္​၏ဦးေခါင္းကို သူတစ္ဦးတည္းသာလွ်င္ ကိုင္တြယ္ခြင့္ရေၾကာင္း ေတြးမိေနသည္။

"ကြၽန္ေတာ္ကေလ ေမာင္ ကြၽန္ေတာ့္အတြက္ အရာအားလုံးကိုစြန႔္လႊတ္ႏိုင္တယ္ဆိုတဲ့စကားထက္ ေမာင္ ကြၽန္ေတာ့္ေၾကာင့္ အရာအားလုံးကိုရရွိသြားတယ္ဆိုတဲ့ စကားမ်ိဳးကို ပိုၿပီးလိုခ်င္တာ။ ၿပီးေတာ့ ကြၽန္ေတာ့္ကို အခုလိုအေနာက္ကေန ေပြ႕ဖက္ထား႐ုံနဲ႔တင္ ကြၽန္ေတာ္,ေပ်ာ္တယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ္ မေပ်ာ္ေနဘူးလို႔ မထင္ပါနဲ႔"

သူ႔စကားေၾကာင့္ ေမာင္စိတ္ေအးသြားပုံရသည္။ ေမာင္ ၿပဳံးလာကာ သူ႔ကို ရီေဝေဖ်ာ့မွိန္စြာေငးၾကည့္သည္။

" ဒါနဲ႔ ယုဂန္ တပ္မႉးေတြကို ေသာင္းက်န္းလိုက္တယ္လို႔ေမာင္,ၾကားတယ္"

ယုဂန္ ႏႈတ္ခမ္းမဲ့ျပလ်က္

" ေျပာသင့္ေျပာထိုက္တာကို ေျပာလိုက္တာပါ"

ဟူ၍ "ေသာင္းက်န္းသည္"ဟူေသာစကားလုံးအေပၚ ျပန္လည္ေခ်ပသည္။

ေမာင္ရယ္သည္။ ထို႔ေနာက္ ယုဂန္​၏ႏွာဖ်ားကို လက္ညိဳးျဖင့္တို႔ကာ

" လူဆိုးေလး"

ဟု ခပ္တိုးတိုးဆိုသည္။

"မေဒါင္ကို ေမာင္,ဘယ္ေတာ့ထြက္မွာလဲ။ ကြၽန္ေတာ္ေမာင့္ကို သေျပခက္ပန္,ေပးလိုက္သင့္တယ္မလား။ ကြၽန္ေတာ္ကအခု ေမာင့္ဇနီးျဖစ္ေနၿပီဆိုေတာ့ေလ"

" အင္း ပန္ေပး"

ေမာင္ေက်နပ္စြာၿပဳံးၿပီးေနာက္ သူ႔ကို မက္မက္ေမာေမာႏွင့္ အားပါးတရနမ္းရႈပ္သည္။ နမ္းေနသည့္ၾကားကပင္ ေမာင္ဟာ စကားတစ္ခြန္းကို မရမကဆိုသြားေသးသည္။

" ေမာင္ ယုဂန္ရဲ႕ဆႏၵေတြအကုန္လုံးျပည့္ေအာင္ ျဖည့္ဆည္းေပးပါ့မယ္။ ကတိေပးတယ္"

ဟူသတတ္။ မည္သည့္ဆႏၵကို ေမာင္အရင္ျဖည့္ဆည္းေပးမည့္အေၾကာင္ေတာ့ ယုဂန္မေျပာတတ္ပါေခ်။

**********************************

" မယ္ေတာ္ႀကီးရဲ႕ျမင္းလ်င္တပ္သားတစ္ဦးကို ဖမ္းဆီးဖို႔ႀကိဳးစားရင္း ရလာတဲ့ သတင္းပါ။ ျမင္းလ်င္တပ္သားကေတာ့ လြတ္ေျမာက္ေအာင္ ထြက္ေျပးသြားႏိုင္ခဲ့လို႔ မဖမ္းမိလိုက္ပါဘူး"

စစ္သည္တစ္ဦး​၏ ထိိုသို႔ေသာစကားႏွင့္အတူ ယုဂန္​၏လက္ထဲသို႔ သဝဏ္လႊာတစ္ေစာင္ေရာက္ရွိလာသည္။ ယုဂန္သည္ သဝဏ္လႊာကိုခ်က္ခ်င္းဖတ္ရႈၾကည့္​၏။

ထူးဆန္းသည္မွာ ထိုထဲ၌ေရးသားထားေသာစာက စစ္ေရးဗ်ဴဟာႏွင့္အမိန႔္ဆိုသည္ထက္ မကၠၿမိဳ႕ႏွင့္ဇိယတၱၿမိဳ႕ၾကားရွိမီးေတာင္ႀကီးကို ေဖာက္ခြဲမည့္အေၾကာင္းေရးသားထားျခင္းျဖစ္သည္။

မကၠၿမိဳ႕စားသည္ ယခင္ေခမာမင္းႀကီးလက္ထက္က မင္းႀကိးအတြက္ သစၥာရွိလူယုံတစ္ဦးျဖစ္ခဲ့သည္။ သို႔ရာတြင္ မင္းႀကီးဘရဏသူနန္းတက္ေသာအခါတြင္မူ မင္းႀကီးဘရဏသူ​၏အုပ္ခ်ဳပ္မႈကို မႏွစ္သက္သူျဖစ္လာသည္။ ထို႔ေၾကာင့္ မင္းသားအ႐ုဏပုန္ကန္ေသာအခါ မင္းသားအ႐ုဏ​၏ဘက္သို႔ သစၥာခံဝင္ေရာက္လာခဲ့သည္။ လက္ရွိအခ်ိန္တြင္ မယ္ေတာ္ႀကီး​၏တပ္တစ္တပ္မွာ မကၠၿမိဳ႕ကိုဦးတည္၍ တိုက္ခိုက္ရန္အတြက္ ခ်ဥ္းကပ္လာေနသည္ဟု သတင္းရရွိထားသည္။ မကၠၿမိဳ႕ကိုရရွိပါက မယ္ေတာ္ႀကီးအတြက္အက်ိဳးမ်ားႏိုင္သည္။ အေၾကာင္းမွာ မကၠၿမိဳ႕သည္ လမ္းပန္းဆက္သြယ္ေရးအခ်က္အခ်ာက်သျဖင့္ ထိုေနရာကေနတစ္ဆင့္ မယ္ေတာ္ႀကီး​၏တပ္မ်ားက အ႐ုဏ​၏ပိုင္နက္ဆီ တစ္ဟုန္ထိုးဝင္ေရာက္သြားႏိုင္သည္။

ယုဂန္သည္ သဝဏ္လႊာကိုဖတ္ရင္း ထိုသို႔အေတြးမ်ားေနခိုက္ အခန္းတြင္းသို႔ ေမာင္ဝင္ေရာက္လာသည္။ ယုဂန္ သဝဏ္လႊာကို ေမာင့္အားျပသရန္,ျပင္စဥ္ မေရွးမေႏွာင္းပင္ ေစာရံတစ္ေယာက္ အခန္းထဲသို႔ ပ်ာတီးပ်ာယာဝင္ေရာက္လာသည္။

ေစာရံကေျပာသည္။

" တပ္မႉးစိတၱရယ္၊ တမာပင္ၿမိဳ႕စားရယ္၊ ၿမိဳ႕စားသမီးရွင္ေထြးရယ္၊ သူ႔အစ္ကိုရယ္ အရွင့္သားကို အေရးတႀကီးေတြ႕စရာရွိလို႔ပါတဲ့။ အျပင္ဘက္မွာေရာက္ေနၾကတယ္"

အ႐ုဏက "ဝင္ခိုင္းလိုက္ပါ" ဟူေသာသေဘာႏွင့္ ေခါင္းညိတ္ျပသည္။ ထိုအခါ ယုဂန္သည္လည္း သဝဏ္လႊာလာေပးေသာစစ္သည္ကို ထြက္သြားေပးရန္ ေျပာလိုက္​၏။ စစ္သည္ႏွင့္အတူ ေစာရံလည္းျပန္ထြက္သြားသည္။

သိပ္မၾကာခင္မွာပင္ ေစာရံႏွင့္အတူ၊ ယခင္သူႀကီး ယခုတမာပင္ၿမိဳ႕စားႏွင့္ သူ​၏သားသမီးႏွစ္ဦး၊ တပ္မႉးစိတၱတို႔ဝင္ေရာက္လာၾကသည္။

ရွင္ေထြးသည္ မ်က္ရည္အ႐ြဲ႐ြဲႏွင့္ျဖစ္​၏။ ရႈိက္ႀကီးတငင္ငိုယိုထားပုံလည္းရွိ​၏။ သူမ​၏အစ္ကိုႏွင့္ ၿမိဳ႕စားတို႔မွာမူ သိသိသာသာမ်က္ႏွာပ်က္ယြင္းၿပီး ညိဳ႕မႈိင္းေနလ်က္ရွိသည္။ အမူအရာမပ်က္ဘဲ တည္ၿငိမ္ေနသူဟူ၍ တပ္မႉးစိတၱတစ္ဦးတည္းသာရွိသည္။

"ဘာျဖစ္လာၾကတာလဲ"

သာမန္မဟုတ္ေသာပုံစံမ်ားေၾကာင့္ အ႐ုဏေမးျမန္းလိုက္သည္။ ထိုအခါ ၿမိဳ႕စားက ေျပာရန္ဟန္ျပင္​၏။ သို႔ရာတြင္ မ်က္လႊာခ်ကာ ႏႈတ္ဆိတ္သြားျပန္သည္။

တမာပင္ၿမိဳ႕စား​၏ထုတ္ေဖာ္ရန္ ခ်ီတုံခ်တုံျဖစ္ေနေသာပုံစံေၾကာင့္ တပ္မႉးစိတၱကသာ စကားအရင္စ,ဆိုလာသည္။

" အရွင့္သား...အရွင့္သားက အၿမဲတေစ ပ်က္ယြင္းေဖာက္လြဲမႈမရွိဘဲ ကိုယ့္က်င့္သိကၡာျပည့္စုံခဲ့တဲ့သူပါ။ ဒါ့ေၾကာင့္ အခုကြၽန္ုပ္ေမးမယ့္ေမးခြန္းကိုလည္း အမွန္တိုင္းေျဖဆိုလိမ့္မယ္လို႔ ကြၽန္ုပ္ယုံၾကည္ပါတယ္"

တပ္မႉးစိတၱ​၏စကားက အ႐ုဏႏွင့္ယုဂန္ကို ပို၍ရႈပ္ေထြးသြားေစသည္။ အ႐ုဏသည္ အားလုံးထဲမွာမွ သာမန္မဟုတ္ဆုံးျဖစ္ေနေသယ တအင့္အင့္ရႈိက္ငိုေနသည့္ ရွင္ေထြးကို တစ္ခ်က္လွမ္းၾကည့္သည္။ ထို႔ေနာက္

" အစအဆုံး ကိစၥကိုဂဃနဏေလွ်ာက္တင္"

ဟု အမိန႔္ေပးသည္။

" မွန္ပါ့"

တပ္မႉးစိတၱ ႐ိုက်ိဳးစြာေခါင္းငုံ႔ၿပီးေနာက္ ရွင္ေထြးဘက္ကို လက္ဖဝါးျဖင့္ၫႊန္ျပသည္။

" အခု ရွင္ေထြးမွာ ကိုယ္ေလးလက္ဝန္ရွိေနပါတယ္"

ယုဂန္ အံ့အားသင့္သြားသျဖင့္ မ်က္လုံးတို႔ဝိုင္းစက္ျပဴးက်ယ္သြား​၏။ အ႐ုဏဟာေတာ့ အလြန္အမင္းအံ့ဩသြားသည္ဆိုသည္ထက္ စိတ္ရႈပ္ေထြးသြားဟန္၊ နားမလည္ႏိုင္ျဖစ္သြားဟန္သာရွိသည္။

" အိမ္ေထာင္မရွိတဲ့အမ်ိဳးသမီးတစ္ဦး ကိုယ္ေလးလက္ဝန္ရွိလာတဲ့အတြက္ ကြၽန္ုပ္ကို တရားမွ်တမႈရွာေပးေစခ်င္တာပါလား"

" ဟုတ္ပါတယ္။ ဒါ့ေၾကာင့္ အမွန္တိုင္းေျဖဆိုေပးပါ။ ဒီကိုယ္ဝန္ဟာ အရွင့္သားရဲ႕ရင္ေသြး ဟုတ္ပါသလား"

မေမွ်ာ္လင့္ထားေသာအေမးေၾကာင့္ အ႐ုဏ​၏မ်က္ဝန္းမ်ား ျပဴးက်ယ္လ်က္ မ်က္ခုံးတို႔တြန႔္ခ်ိဳးသြားသည္။ သူသည္ ရွင္ေထြးဘက္ကို တစ္ခ်က္လွမ္းၾကည့္ေသာ္ သူ႔ကို မ်က္ရည္ကေလးတစမ္းစမ္းႏွင့္ ေမာ့ၾကည့္ေနသည့္ ရွင္ေထြး​၏အၾကည့္ႏွင့္သြားဆုံသည္။

အ႐ုဏ​၏ခက္ထန္ေသာအၾကည့္ကိုျမင္ေသာ္ ရွင္ေထြးသည္ ထပ္မံ၍သည္းသည္းထန္ထန္ ငိုေႂကြးသြားၿပီး လည္ပင္းက်ိဳးက်မတတ္ ေခါင္းငုံ႔သြား​၏။

အ႐ုဏ ရွင္ေထြးဆီမွအၾကည့္ျပန္႐ုတ္သိမ္းကာ တပ္မႉးစိတၱကို စူးစူးရဲရဲျပန္ၾကည့္သည္။

" ဘယ္ႏွယ့္ေၾကာင့္ ငါ့ရင္ေသြးျဖစ္ရမွာလဲ"

အ႐ုဏ​၏အသံဟာ မာထန္ေနသည့္တိုင္ တပ္မႉးစိတၱဟာေတာ့ ေၾကာက္႐ြံ႕ျခင္းအလ်ဥ္းမရွိ။ သူဟာ အမွန္တရားကိုဆိုေနသည့္အလား ရဲဝံ့စြာေျပာဆိုလာသည္။

" လြန္ခဲ့တဲ့ သုံးလေက်ာ္ တန္ခူးလမွာ အရွင့္သားနဲ႔ရွင္ေထြး ေတာထဲမွာတစ္ညအတူရွိခဲ့ၾကပါတယ္။ အဲ့တုန္းက ႏွစ္ေယာက္သား မွားယြင္းခဲ့မိလို႔ ကိုယ္ေလးလက္ဝန္ရွိလာခဲ့တယ္လို႔ ရွင္ေထြးကေျပာပါတယ္။ ဒါ့ေၾကာင့္ အရွင့္သား အမွန္တိုင္းေျဖဆိုေပးပါ"

တပ္မႉးစိတၱ​၏စကားမဆုံးခင္မွာတင္ အ႐ုဏ​၏အေတြးထဲဝင္ေရာက္လာသူမွာ ယုဂန္ႏိုင္ျဖစ္သည္။

အ႐ုဏ ယုဂန္ဘက္ကို စိုးရိမ္တႀကီးလွည့္ၾကည့္သည္။

သူ​၏ၾကင္ယာေတာ္မွာ မ်က္လုံးမ်ားျပဴးက်ယ္ဝိုင္းစက္လ်က္ မယုံၾကည္ႏိုင္ျခင္း၊ အံ့အားသင့္ျခင္း၊ ေၾကာက္႐ြံ႕ထိတ္လန႔္ျခင္းမ်ားစြာကို တစ္ဒဂၤအတြင္း စုၿပဳံခံစားလိုက္ရသူႏွယ္ လက္ဖ်ားမ်ားတဆက္ဆက္တုန္ယင္ေနလ်က္ရွိသည္။

*********************************

A/N

LOL ( mission impossible) ရဲ႕စာအုပ္အတြက္ ဒီအေတာအတြင္း ကြၽန္မအလုပ္ရႈပ္သြားတာေၾကာင့္ teo အပိုင္းသစ္တင္ဖို႔ ေနာက္က်ခဲ့ရပါတယ္။ ဒါေပမဲ့ စာအုပ္ကိစၥ ေနာက္ေ႐ႊ႕လိုက္တဲ့အတြက္ ျပန္အားသြားပါၿပီ။ TEO ကို update မွန္ေအာင္ျပန္ႀကိဳးစားပါ့မယ္။

ဒါနဲ႔ ကိုယ္ေရးကိုယ္တာ ကတိျပဳစရာေလး တစ္ခ်က္ေျပာလိုပ္ပါဦးမယ္ရွင္။

TEO က စစ္ပြဲေတြဘက္ပဲဦးစားေပးေနၿပီး universe ကို အရန္သေဘာပဲထားေနလို႔၊ universe ရဲ႕fantasy သေဘာကို အျပည့္အဝပုံမေဖာ္ႏိုင္လို႔ review နဲ႔ ဇာတ္လမ္းနဲ႔မညီဘူးလို႔ ေျပာတာေတြ႕လိုက္ရပါတယ္။ ကြၽန္မဇာတ္လမ္းက perfect မဟုတ္တာမို႔လို႔( အရမ္းေကာင္းတဲ့ဇာတ္လမ္းေတြၾကားမွာ TEO က စိတ္ကူးထဲရွိရာထည့္ေပါင္းထားတဲ့ သာမန္ဇာတ္လမ္းတစ္ခုမို႔လို႔) ေဝဖန္မႈေတြကို ရယူၿပီး ေနာက္ဇာတ္လမ္းပုံေဖာ္တဲ့အခါ ျပင္ဆင္သြားပါ့မယ္ရွင္။

ဒါေပမဲ့ TEO က arc ေတြနဲ႔သြားတာမို႔လို႔ universe နဲ႔သက္ဆိုင္တာက final arc ( Book 3) မွာ အႀကီးအက်ယ္ပါလာလိမ့္မယ့္အေၾကာင္းေတာ့ ကြၽန္မေျပာျပႏိုင္ပါတယ္ရွင္။

အားလုံးက်န္းမာေရးဂ႐ုစိုက္ၾကပါ။

18.7.2022
(Monday)

Continue Reading

You'll Also Like

558K 46.4K 33
စိတ္ကူးရတုန္းခနေရးတင္သည္
2.4M 278K 106
Start Date : 4.9.2020 End Date : 24.11.2021 သူဟာ သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ ။ မှော်စွမ်းအင်တွေ၊ parallel worldတွေကို ယုံကြည်တဲ့ကောင်လေးတစ်ယေ...
9.9K 622 31
​နေကြာပန်း​လေး​တွေကသူနဲ့တူလို့မြတ်​နိုးရပါသည်​ဆိုတဲ့ohsehunလို​ခေါ်တဲ့​ကောင်​​လေးတစ်​​ယောက်​ရယ်​ Oh Sehun​လေးချစ်​ရတဲ့Pack Chanyeolလို့​ခေါ်တဲ့​နေမင်...
176K 26.2K 32
#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~