Unicode
အခန်း-၄၃ မဖွယ်မရာတွေ မပြောစမ်းနဲ့။
[ဒါက တကယ့်တော့ အနီရောင်ကုမုဒြာပဲ.....]
ထိုစကား စုယန်၏နှုတ်မှ ထွက်သွားသည်နှင့်တပြိုင်နက် ကုဖေးတိ၏အမူအရာဟာ ရုတ်ချည်း ပြောင်းလဲသွား လေသည်။ စူးရှသော မြှားတစ်ချောင်းဖြင့် ထိုးစိုက်ခံလိုက်ရသကဲ့သို့ သူ၏မျက်လုံးများသည် တုန်လှုပ်ခြင်း၊ မယုံကြည်နိုင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် ဒေါသများဖြင့် ပြည့်နှက်နေ၏။
ကုဖေးတိ၏အသံသည် တိုးလျပြီး တုန်ယင်နေလေသည်။
"မင်း..တကယ် သတ္တိရှိတယ်လား?!"
စုဟန် အံ့ဩသွားရသည်။
သူ သေသေချာချာ တွေးကြည့်ပြီးနောက် ရုတ်တရတ် ချွေးအေးများ ထွက်လာတော့၏။
အစောပိုင်းက ကုဖေးတိ၏အိမ်ထောင်ရေးကိစ္စကို သူစိတ်ကူးယဉ်နေခဲ့သည်။
ဒါနဲ့ ကုဖေးတိရဲ့မေးခွန်းကဘာပါလိမ့်?
'မိစ္ဆာဂိုဏ်းချုပ်က မင်းအတွက် လက်ထပ်ဖို့ စီစဉ်ပြီးပြီလား?'
'ဖူလင်းယွင်က တကယ့်ကို မိန်းမကောင်းတစ်ယောက်ပါ'
စုယန် "......."
စုယန်သည် သုံးပေလောက်အထိ ခုန်ဆုတ်လိုက်ပြီး လက်နှစ်ဖက်ကိုမြှောက်ကာ ငြင်းဆန်ရန် ကြိုးစားလိုက်သည်။
"မဟုတ်ဘူး.. မဟုတ်ဘူး.. မဟုတ်ဘူး.. ငါ ဖူလင်းယွင်ကို မကြိုက်ပါဘူး။ ဖူလင်းယွင်က မင်းအတွက် အရမ်းကိုသင့်တော်တယ်လို့ ငါပြောချင်တာ! မင်း အိမ်ထောင်ပြုဖို့ကို ရှောင်နေစရာ မလိုဘူး။ မင်းသူမကို အချိန်ပေးကြည့်လိုက်ပါ။
သူမက မိန်းမကောင်းတစ်ယောက်ဆိုတာ မင်း သဘောပေါက်လာလိမ့်မယ်"
"ဟား....." ကုဖေးတိက အရူးတစ်ယောက်လို ရယ်မောလိုက်ပြီး မေးလိုက်သည်။
"မင်းက ငါ့ကို ဂရုစိုက်နေတာလား?"
စုယန် နှုတ်ဆိတ်နေပြီး တွေးလိုက်သည်။ ကုဖေးတိရဲ့ အမူအရာက တော်တော်စိတ်တိုနေပုံပဲ။ ကြည့်ရတာ သူ ဖူလင်းယွင်ကို တကယ် မကြိုက်ဘူးထင်တယ်။
ကျစ်.. တကယ်ဒုက္ခပါပဲ။ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကြား ခံစားချက်နဲ့ ကတိသစ္စာတွေ မရှိတော့ရင် မိစ္ဆာဂိုဏ်းရဲ့ တားမြစ်နယ်မြေ ဇာတ်ကွက်မှာ ဇာတ်လိုက်မက သူ့ကို ဘယ်လိုလုပ်ပြီး အဆိပ်ထုတ်ဖို့ ကူညီပေးတော့မှာလဲ?
စုယန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကုဖေးတိလည်း တိတ်ဆိတ်သွားလေသည်။ သူ၏ဓားဖျားသည် မြေပြင်ပေါ်သို့ တွဲလျားကျနေပြီး စိတ်ပျက်အားငယ်နေပုံရလေ၏။
အချိန်အတန်ကြာပြီးနောက် သူက တိုးညှင်းစွာ ခေါ်လာသည်။
"စုယန်"
စုယန် အသိပြန်ဝင်လာပြီး ထူးလိုက်၏။
"ဟင်?"
ကုဖေးတိ အံကြိတ်ကာ နှုတ်ခမ်းထောင့်တွေကို လှုပ်ယမ်းရုံ ပြောလေသည်။
"တစ်ခါတစ်လေ ငါမင်းကို အရမ်းရိုက်ပစ်ချင်တာပဲ"
စုယန် "......"
စုယန်က မကျေမနပ်ဖြစ်သွားပြီး ပြန်ပြောလိုက်၏။
"မင်းက ငါ့ကိုရိုက်ပစ်ချင်တယ်? မင်းငါ့ကို အနိုင်မတိုက်နိုင်ပါဘူးကွာ ဟုတ်ပြီလား?"
ကုဖေးတိက မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်ကို အနိုင်ယူချင်သည် ဆိုလျှင်တော့ သွားရမည့်လမ်းက အရှည်ကြီးလိုသေးပေသည်။ မိစ္ဆာဂိုဏ်း၏ တားမြစ်နယ်မြေဇာတ်ကွက်၌ပင် ကုဖေးတိသည် သခင်ငယ်နှင့်ယှဉ်နိုင်ရန် အများကြီး အားနည်းနေသေး ပေသည်။
ဟမ့်!
စုယန်၏ ဝံ့ကြွားသေားစကားကို ကြားသောအခါ ကုဖေးတိက အန္တရာယ်ရှိသော မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ပြောလေသည်။
"ငါတို့ ဘာလို့ လက်တွေ့မစမ်းကြည့်တာလဲ?"
စုယန်သည် ကုဖေးတိနှင့် မတိုက်ချင်ပေ။ သူ့အား ထိခိုက်စေမိပါက ဇာတ်လမ်းဇာတ်ကြောင်းကို နောက်တစ်ကြိမ် နှောင့်နှေးသွားစေမိမည် မဟုတ်လော?
စုယန်သည် ကုဖေးတိ၏ခါး၌ ချိတ်ဆွဲထားသော ဓားကိုကြည့်ပြီး ရုတ်တရက် အတွေးတစ်ခုဝင်လာ၏။
"လက်နက်တွေက အဆင်မပြေဘူး! ဘာပဲဖြစ်ဖြစ် ငါတို့အရင်က အကြိမ်အနည်းငယ် တိုက်ခဲ့ဖူးတယ်.. မင်းပဲရှုံးခဲ့တာ မဟုတ်လား"
"ဟားဟား.." ကုဖေးတိက အသံထွက် ရယ်လိုက်သည်။
"အဲဒါ ငါမင်းကို အနိုင်ပေးခဲ့လို့"
စုယန်က သူ့ကို မယုံကြည်ပေ။
"ငါက အဲဒီလို လုပ်ခိုင်းခဲ့လို့လား?"
ကုဖေးတိ ဒေါသအလွန်ထွက်သွားပြီး ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။
"ဒါဆို ငါတို့ ဓားတွေမသုံးဘူး။ လက်တွေခြေတွေနဲ့ပဲ တိုက်ခိုက်ကြမယ်လေ။ ငါမင်းကို တစ်ခါအနိုင်ယူ ပြီးတာနဲ့ မင်းမာနကြီးနေနိုင်အုံးမလားဆိုတာ ကြည့်ရသေးတာပေါ့"
စုယန်: "ငါမတိုက်ချင်ဘူး!"
ကုဖေးတိ: "မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်က လက်နက်မဲ့ တိုက်ခိုက်ရမှာကို ကြောက်နေတာလား?"
စုယန်က တွေးလိုက်၏။
'နောက်နေတာပဲ ဖြစ်ရမယ်။ ဒီသခင်ငယ်က ဘာကိုကြောက်ရမှာလဲ? ငါ့ရဲ့ခေါင်းကိုဖြတ်ပြီး သွေးချောင်းစီးနိုင်တယ်။ ငါ့ရဲ့ကိုယ်ကျင့်သိက္ခာကတော့ ဘယ်တော့မှ မပြိုပျက်စေရဘူး!'
ထို့နောက် နှစ်ယောက်သားသည် ကျောက်ခန်း အပြင်ဘက်ရှိ မြေကွက်လပ်တွင်ရပ်ကာ တစ်ဦးကိုတစ်ဦး ဦးညွှတ်လိုက်ကြလေသည်။ စုယန်သည် အနည်းငယ် သောကရောက်နေဆဲဖြစ်၏။
သူတို့သည် လွန်ခဲ့သည့် ရက်အနည်းငယ်က ဓားပညာရှိ၏ ဓားချက်များကိုဖြေရှင်းပြီး ဓားအမွေအနှစ်အကြောင်းကို ဆွေးနွေးနေခဲ့ကြသည် မဟုတ်လော။ ပြီးနောက် တာဝန်နှင့် အိမ်ထောင်ရေး အကြောင်းတွေ စကားစမြည်ပြောရင်း အဘယ်ကြောင့် တိုက်ခိုက်သည့်ဘက်ကို ရောက်သွားရသနည်း?
သူ့မှာ စဉ်းစားဖို့ အချိန်ကျန်ပါသေးသည်။ ဒါက ဘယ်လိုယုတ္တိမဲ့တဲ့ ဖြစ်စဉ်မျိုးပါလိမ့်...
သို့သော် ကုဖေးတိက စုယန်ကို စဉ်းစားဖို့အချိန် မပေးခဲ့ပေ။
သူသည် စုယန်ကိုမျက်နှာမူပြီး လက်ကိုမြှောက်ကာ ပြောလိုက်သည်။
"ငါမင်းကို လှုပ်ရှားမှုနှစ်ခု အကြောပေးတယ်"
စုယန်က သခင်ငယ်၏အသွင်ကိုယူပြီး မောက်မာစွာ ရယ်မောလိုက်သည်။
"ဒီသခင်ငယ်က မင်းရဲ့အသာစီးပေးမှုကို မလိုပါဘူး။ မင်းတတ်ထားတာတွေအကုန် ငါ့ကိုထုတ်ပြလိုက်!"
ကုဖေးတိက ခနဲ့လိုက်သည်။
"မင်းရဲ့ဆန္ဒအတိုင်းပဲ"
ကုဖေးတိနှင့် စုယန်တို့သည် ဓားရှည်များကို ကျွမ်းကျင်စွာ လေ့ကျင့်ထားခဲ့ကြသော်လည်း တကယ်တမ်း လက်ဗလာဖြင့် တိုက်ခိုက်ရာတွင် သူတို့၏လက်သီးများသည် ကောင်းမွန်သော တိုက်ခိုက်ရေးစွမ်းအင်များ ရှိပေသည်။
အထူးသဖြင့် ကုဖေးတိ ငယ်စဉ်ကတည်းက လေ့ကျင့်ခဲ့သော ကျွမ်းကျင်မှုများသည် အလှဆင်ခြင်းမျှသာမဟုတ်ပေ။ နှစ်ပေါင်းများစွာ ပင်ပန်းနွမ်းနယ်မှုတွေ ကြုံလာရပြီးနောက် သူလိုအပ်သည့်အခါ ထိုစွမ်းရည်များက သဘာဝအတိုင်း ပေါက်ကွဲထွက်လာလိမ့်မည်ဖြစ်သည်။
သူနှင့်နှိုင်းယှဉ်ပါက သခင်ငယ်၏ ခန္ဓာကိုယ်သို့ တစ်ဝက်တစ်ပျက် ကူးပြောင်းလာခဲ့သည့် စုယန်သည် အနည်းငယ် ဆိုးရွားနေသေးသည်။ မူလသခင်ငယ် ဆိုပါက ယခုအခြေအနေတွင် အနိုင်ရရန် အခွင့်အလမ်းအချို့ ရှိနေဆဲဖြစ်သော်လည်း စုယန်သည် သူကူးပြောင်းလာကတည်းက စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုနှင့် ဓားရေးစွမ်းရည်ကိုသာ အလေးထား ခဲ့လေသည်။ ထို့ကြောင့် သူ၏လက်သီးနှင့် ခြေကန်ချက်များသည် အတော်လေး သာမန်ဆန်ပေသည်။ အဆုံးတွင် စုယန်သည် ကုဖေးတိ၏ ထိုးနှက်ချက်များကိုရှောင်ရန် သူ၏ 'မြတ်နိုးဖွယ်ပန်းပွင့်ခြေလှမ်း'ကို လုံးလုံးနီးပါး အားကိုးအားထား ခဲ့ရလေ၏။
ကျောက်စိမ်းအိမ်တော်တွင် နှစ်နှစ်ကြာ အဆင့်မြှင့် လေ့လာမှုများ ပြုလုပ်ပြီးနောက် သူတို့နှစ်ဦးစလုံး၏ အတွင်းအားသည် အညီအမျှ တူညီနေပြီဖြစ်သည်။ ထို့ကြောင့် မည်သူ၏ သိုင်းပညာစွမ်းရည် ပိုကောင်းသည်ကို ဆုံးဖြတ်ရန်သာ အရေးအကြီးဆုံး ဖြစ်ပေသည်။
လက်ဖက်ရည်တစ်ခွက်သောက်ချိန် (ဆယ့်ငါးမိနစ်) အထိ သတ်ပုတ်နေပြီးနောက်တွင် ကုဖေးတိသည် စုယန်၏ ဟာကွက်တစ်ခုကို ဖမ်းမိသွားပြီး သူ၏ခါးမှ မြေပြင်ပေါ်သို့ လှဲချနိုင်လိုက်သည်။
စုယန်သည် မြေပြင်ပေါ်မှခေါင်းထောင်ကာ နောက်သို့ လှည့်ကြည့်ပြီး ဒေါသတကြီး ဆိုလေသည်။
"ဒါကို ထည့်တွက်လို့မရဘူး။ ငါက ဒဏ်ရာကြီးနဲ့ဆိုတော့ အားအပြည့် ထုတ်မသုံးနိုင်ဘူးလေ!"
ကုဖေးတိက စုယန်၏ခါးကိုဖိထားပြီး သူ၏ လက်နှစ်ဖက်ကို နောက်ကျော၌ ချုပ်ကိုင်ထား လိုက်သည်။ သူက ပြုံးလျက် ပြောလာ၏။
"အရှုံးကိုဝန်ခံလား?"
စုယန်က မျက်လုံးလှန်လိုက်လေသည်။
"မင်း ကလေးဆန်လွန်းနေတယ်လို့ မထင်ဘူးလား!"
ကုဖေးတိက ပြုံးလိုက်ပြီး ဘာမှပြန်မပြောပေ။
စုယန်သည် အချိန်အတန်ကြာအောင် ရုန်းကန်နေ သော်လည်း မအောင်မြင်သောကြောင့် သူ့ကိုယ်သူ ကယ်တင်နိုင်ရန် သွယ်ဝိုက်သောနည်းဗျူဟာကို အသုံးပြုရန် ကြိုးစားလိုက်သည်။
"ကျောက်ခန်းထဲက ဓားပညာက သင်ယူရကျိုးနပ်တယ်လို့ ငါထင်တယ်။ ငါတို့အတူတူလေ့လာကြရင် ဘယ်လိုလဲ?"
ကုဖေးတိက ရယ်မောလျက်ပြောလိုက်သည်။
"မင်းအရှုံးကိုဝန်ခံရင် ငါမင်းနဲ့အတူ သွားလေ့လာမယ်လေ"
စုယန် ခဏလောက်စဉ်းစားပြီးနောက် နာကျင်စွာရှိုက်သံ နှင့်အတူ ဟန်ဆောင်ပန်ဆောင်ပြောလိုက်သည်။
"မင်း ငါ့ဒဏ်ရာကိုဖိထားတာ နာနေတယ်"
စုယန်၏ နာကျင်စွာညည်းညူသံကို ကြားသောအခါ ကုဖေးတိ နောင်တရသွားပြီး သူ့လက်မှခွန်အားကို အနည်းငယ် ဖြေလျော့ပေးလိုက်သည်။
စုယန်သည် ချက်ချင်းပင် ကုဖေးတိ၏ လက်ဖဝါး အောက်မှရုန်းထွက်ရန် သူ့လက်ကို ဆတ်ခနဲ လိမ်လိုက်သည်။ ကုဖေးတိက သူလှည့်စားခံလိုက် ရတာကိုသိလိုက်ပြီး သူ့လက်ထဲသို့ခွန်အား ထပ်ဖြည့်လိုက်သော်လည်း စုယန်သည် တစ်စိတ်တစ်ပိုင်း လွတ်မြောက်နေပြီဖြစ်ပြီး ပြန်ထိန်းချုပ်ဖို့ သိပ်မလွယ်တော့ပေ။ သူတို့နှစ်ဦးသည် မြေပြင်ပေါ်၌ အချင်းချင်း ခဏတာ လုံးထွေးသတ်ပုတ် လိုက်ကြ၏။
ချောက်ကမ်းပါးပေါ်၌ စုတ်ပြဲပြီးသော စုယန်၏ အဝတ်အစားများသည် ရေထဲ၌ကြာရှည်စွာ စိမ်ခဲ့ပြီးနောက် နောက်ထပ်စုတ်ပြဲရန် အလွန်ပင် လွယ်ကူသွားခဲ့သည်။ ယခုအခါ သူ၏ဝတ်ရုံ နောက်ကျောရှိ အက်ကွဲကြောင်းမှာ ပို၍ကြီးမားစွာ စုတ်ပြဲသွားပြီဖြစ်၏။
စုယန် "......"
ကောင်းလေစွ။ သူ့ရဲ့အပေါ်ဝတ်ရုံကို မီးတုတ်လုပ်ဖို့ အတွက် ပေးလှူခဲ့တယ်။ အခုလည်း သူ့ရဲ့ အတွင်းဝတ်ရုံက တိုက်ပွဲမှာ ကျဆုံးသွားပြန်ပြီ။ သူအတွင်းခံလေးနဲ့ လျှောက်ပြေးနေရမယ်လို့ ဆိုလိုတာလား?
ကုဖေးတိသည် စုယန်၏ကျောအောက်ပိုင်း၌ တက်ထိုင်လိုက်ပြီး သူ့ရှေ့မှမြင်ကွင်းကြောင့် ခဏတာ အံ့အားသင့်သွားသည်။
စုယန်၏နောက်ကျောတွင် မီးတောက်ကဲ့သို့ ပွင့်လန်းနေသော အနီရောင်ပန်းပွင့်ပုံများ တည်ရှိသည်။ ကုဖေးတိသည် မသိစိတ်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး စုယန်၏ကျောပေါ်မှ အပေါက်အပြဲအား ချဲ့ထွင်လိုက်၏။
ယခုဆိုလျှင် ပိုးသားဝတ်ရုံ၏အကာအကွယ် မရှိတော့ဘဲ ပန်းပွင့်များသည် သူ၏မျက်လုံးများရှေ့၌ အလွန်ထင်ရှားစွာ ပေါ်လွင်နေလေသည်။
ပန်းပွင့်များသည် အနီရောင်ဖြစ်ပြီး တင့်တယ်လှပ သော်လည်း ပွင့်ချပ်များသည် ဗုဒ္ဓရှေ့တော်မှ ကြာပန်းဖြူများကဲ့သို့ အထပ်ထပ်စီလျက် ညှို့အားပြင်းပြီး အပြစ်ကင်းစင်ပုံပေါ်၏။ မီးကဲ့သို့ တောက်လောင်ပြီး တသီးတခြားဆန်သည်မှာ မှန်သော်လည်း ၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ လူအများက မျက်စိမလွှဲနိုင်လောက်အောင် လှပလွန်းနေပြန်သည်။ ၎င်းသည် ကမ္ဘာပေါ်၌ တည်ရှိသော သက်တမ်းတိုသည့် အနီရောင် ကုမုဒြာပန်းများပင် ဖြစ်ချေသည်။
ကုဖေးတိ၏ မျက်လုံးများသည် အံ့ဩခြင်းများစွာဖြင့် ရုတ်တရက် ပြူးကျယ်သွားလေသည်။
သူက ရေရွတ်လိုက်၏။ "...ယင်ထန်.... တကယ်တော့ အဲဒါက အနီရောင်ကုမုဒြာကို ပြောတာလား?"
(T/N: ပြောရမှာ နည်းနည်းရှည်ပေမယ့် တစ်ခါတည်း နားလည်ရင်းဖတ်သွားတာ ကောင်းမယ်ထင်လို့ပါနော်။ စုယန်တို့ဂိုဏ်းကို အရှေ့မှာ'ယင်ထန်'လို့ သုံးလာပေမယ့် အဲဒီတရုတ်စကားလုံး '殷' က ယင်နဲ့ ယန်ဆိုပြီး အသံနှစ်မျိုးထွက်သလို အဓိပ္ပာယ်လည်းကွဲပါတယ်။
စုယန်တို့ရဲ့ ဂိုဏ်းနာမည်က အမှန်တကယ် 'ယန်'ကို သုံးထားတာပါ။ အနီရင့်ရောင်လို့အဓိပ္ပာယ်ရပါတယ်။
'ထန်' <昙> ကကျ သူတစ်လုံးတည်းဆို နက်မှောင်သော တိမ်တိုက်လို့ အဓိပ္ပာယ်ရပြီး အနောက်မှာ ပန်းဆိုတဲ့ 'ဟွား' <花 > ပေါင်းလိုက်ရင် 'ထန်ဟွား' <ကုမုဒြာပန်း> ဆိုပြီး ဖြစ်သွားတာပါ။ ကုဖေးတိက စုယန်တို့ဂိုဏ်းရဲ့ နာမည်အမှန်က 'ယန်ထန်'ဖြစ်ပြီး အနီရောင်ကုမုဒြာကို ရည်ညွှန်းမှန်း အခုမှသိသွားတာ)
"ဝေ့! ကုဖေးတိ.. သိက္ခာရှိစမ်းပါအုံး!" စုယန် ဒေါသထွက်သွားသည်။
သူသည်ခန္ဓာကိုယ်ကို ဆတ်ခနဲ လှုပ်ယမ်းပစ်လိုက်ပြီး မှင်သက်နေဆဲဖြစ်သော ကုဖေးတိကို သူ့နောက်ကျောပေါ်မှ ပစ်ချလိုက်လေသည်။ ပြီးနောက် သူသည် ကုဖေးတိပေါ်သို့ ပြန်ခွထိုင်လိုက်ပြီး သူ၏လည်ပင်းကိုဆုပ်ကိုင်ကာ မျက်လုံးများ မှေးကျဉ်းလျက် ပြုံးလိုက်သည်။
"မင်းက ဒီသခင်ငယ်ရဲ့ ခန္ဓာကိုယ်ကို ကြည့်ဝံ့တယ်လား။ မင်းရဲ့ စော်ကားမှုအတွက် ပြန်ပေးဆပ်ရမယ်!"
ကုဖေးတိသည် ထိုစကားများကို မကြားနိုင်တော့ပေ။
သူသည် မြေပြင်ပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းနေပြီး စုယန်၏ ပြုံးနေသောမျက်နှာကို ကြည့်ကာ ထပ်မံရေရွတ်လိုက်သည်။
"ဒါက တကယ့်တော့ အနီရောင်ကုမုဒြာပဲ.. "
သူ၏နှုတ်ခမ်းထောင့်ရှိ အပြုံးသည် ဖုံးကွယ်ထားရန် ခက်ခဲပေသည်။
"ဒါဆို ငါက ဘာမဟုတ်တာလေးအတွက် စိတ်အနှောင့်အယှက် ဖြစ်ခံနေတာပေါ့လေ"
စုယန်ကမူ ရှုပ်ထွေးနေ၏။ ကုဖေးတိက အခု ဘာဖြစ်နေတာလဲ?
သူမေးဖို့အချိန်မရခင်မှာပဲ ကုဖေးတိသည် ရုတ်တရတ် ကုန်းထလာကာ သူ့အား ရင်ခွင်ထဲသို့ ဆွဲသွင်း ပွေ့ဖက်လိုက်လေသည်။
ဤပွေ့ဖက်မှုသည် မတင်းကျပ်ပေ။ ကုဖေးတိသည် စုယန်၏ နောက်ကျောမှ ဒဏ်ရာကို အာရုံစိုက်ပုံရပြီး အင်အားသိပ်မထုတ်ခဲ့ပေ။
သို့သော် စုယန်၏လည်တိုင်သည် ကုဖေးတိ၏ပါးနှင့် ဖိကပ်မိနေပြီး ထိုနူးညံ့သည့် အထိအတွေ့က စုယန်အား နားမလည်နိုင်အောင် တုန်လှုပ်သွားစေသည်။
စုယန်သည် အစပိုင်းတွင် တွန်းဖယ်ချင်သော်လည်း ကုဖေးတိ၏ ခန္ဓာကိုယ်မှ ပန်းရနံ့သင်းသင်းလေးကို ရှူရှိုက်မိသောအခါ သူ့လက်က ရပ်တန့်သွားလေသည်။
"မင်းဘာဖြစ်နေတာလဲ?" စုယန်က အသံတိုးတိုးဖြင့် မေးလိုက်၏။
ကုဖေးတိကပြန်မဖြေဘဲ သူ၏ဆုပ်ကိုင်မှုကို ဖြေလျှော့လိုက်ပြီး စုယန်အား သူ့ရင်ခွင်ထဲမှ လွှတ်ပေးလိုက်သည်။
စုယန်သည် ယခုအချိန်တွင် ကုဖေးတိ၏ကိုယ်ပေါ်၌ ထိုင်လျက်ရှိနေဆဲဖြစ်သည်။ အခုနက တိုက်ပွဲကြောင့် သူ၏ အဝတ်အစားများ စုတ်ပြဲနေပြီး ဆံပင်များမှာလည်း ရှုပ်ပွနေ၏။ သူ၏ပါးပြင်များမှာ နီမြန်းနေကာ နှုတ်ခမ်းနှင့် မျက်ဝန်းထောင့်ရှိ မှဲ့နီလေးပင် လောင်ကျွမ်းနေပုံရလေသည်။
သူသည် ခေါင်းကို အနည်းငယ်ငုံ့ထားပြီး သူ့ရှေ့မှ လူငယ်နှင့် လူကြီးကြားအရွယ်ဖြစ်သည့် ကုဖေးတိ၏ နုပျိုသောမျက်နှာကို စိုက်ကြည့်နေသည်။ ပြီးနောက် သူ၏နှုတ်ခမ်း ထောင့်လေးများသည် အနည်းငယ် ကွေးတက်သွားပြီး ပြုံးရယ်လိုက်၏။
သူတို့နှစ်ယောက်စလုံး၏ ကိုယ်ဟန်အနေအထားသည် အနည်းငယ် ထူးဆန်းနေပြီး စုယန်သည် တစ်နေရာရာ၌ တစ်ခုခုမှားနေကြောင်း ရုတ်တရတ်ခံစားလိုက်ရသည်။
ကုဖေးတိ၏ အမူအရာဟာလည်း ရုတ်ခြည်း ပြောင်းလဲသွား၏။
သူသည် စုယန်ကို တွန်းဖယ်လိုက်ပြီး သူ၏ ခြေထောက်များကို ကွေးကာ နောက်သို့သုံးပေ ဆုတ်လိုက်လေသည်။ ထို့နောက် ခေါင်းငိုက်စိုက်နှင့် ထိုင်နေပြီး နှုတ်ဆိတ်နေ၏။
စုယန်သည် ခေတ်သစ်ကမ္ဘာမှဖြစ်သည်။ သူ ခဏတာ ဆင်ခြင်သုံးသပ်ပြီးနောက် ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားလေသည်။
ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ်အရွယ် ယောက်ျားလေး များသည် စနောက်ခြင်းကို သည်းမခံနိုင်ကြဘဲ ကိုယ်ထိလက်ရောက် တုံ့ပြန်တတ်ကြသည်။ ခေတ်သစ်ကမ္ဘာတွင် သူကိုယ်တိုင် ကြုံတွေ့ခဲ့ရ သည့်အတွက် သေချာပေါက် နားလည်ပေသည်။ အပေါင်းအသင်းများအကြား မြေပြင်ပေါ်တွင် လူးလှိမ့်ခြင်းနှင့် အဖွဲ့လိုက်နပန်းလုံးခြင်းကဲ့သို့ 'ရင်းနှီးသော' ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုများအား မဆိုထားနှင့်၊ ပေါ့ပေါ့တန်တန် ရန်ပွဲနှစ်ကြိမ်ကပင် ဤကဲ့သို့ ရှက်ဖွယ်အခြေအနေမျိုးကို ဖြစ်ပွားစေနိုင်သည်။
ကုဖေးတိသည် ခေတ်နောက်ကျသည့်လူတစ်ဦး ဖြစ်သည့်အပြင် ဤသို့သော ကိစ္စမျိုးတွင် မိမိကိုယ်ကို
အလွန် စည်းကမ်းတင်းကြပ်သူဖြစ်ပြီး ပို၍ပင် သတိထားနေလိမ့်ပေမည်။
ထိုသို့တွေးရင်း စုယန်သည် တစ်ခုခုစနောက်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။
သူ့ကို ကရုဏာမပြဘဲ ရန်ပွဲထဲဆွဲသွင်းခဲ့တာ ဘယ်သူလဲ? ဒီသခင်ငယ်က ကြင်ကြင်နာနာ လက်တုံ့ပြန်ပေးဖို့ တကယ် လိုအပ်တာပေါ့။
ထို့ကြောင့် စုယန်သည် ဆိုးသွမ်းသောအပြုံးဖြင့် ကုဖေးတိအနား ချဉ်းကပ်လာကာ မျက်ခုံးပင့်လိုက်သည်။
"အိုး.. မင်းက ဘာတွေဖုံးကွယ်နေတာလဲ? ငါတို့က ယောက်ျားလေးတွေပဲလေ.. မင်းဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ဟာကို ဘယ်သူက မသိဘဲနေမှာလဲ"
ထိုစကားလုံးအနည်းငယ်ဖြင့်ပင် ကုဖေးတိ၏ နားနှင့် လည်တိုင်တစ်လျှောက် အနီရောင်အလွှာပါးလေး ဖြတ်ပြေးသွားပြီဖြစ်သည်။
ကုဖေးတိက အံကြိတ်လျက် ပြောလိုက်၏။
"မင်း... မဖွယ်မရာတွေ မပြောစမ်းနဲ့!"
စုယန်က အံ့သြဟန်ဆောင်ပြီး ပြန်ပြောလိုက်၏။
"မင်းငါ့ကို အရင်ဆုံး မဖွယ်မရာတွေလုပ်ခဲ့တယ်ဆိုတာ အရှင်းကြီးပဲ!"
ကုဖေးတိက ဒေါသတကြီးဖြင့် အော်သည်။
"မင်း..."
စုယန်က သူ့စကားကို ဖြတ်ပြောလိုက်၏။
"အရှက်မရှိဘူး! ငါသိတယ်.. မင်း ခဏခဏ ပြောနေကြပဲ"
ကုဖေးတိ "......"
ကုဖေးတိသည် လှိုင်းထနေသော ပင်လယ်ပြင်ကဲ့သို့ မျက်လုံးများဖြင့် စုယန်ကို တည့်တည့်စိုက်ကြည့်ရင်း ပြုံးလိုက်လေသည်။
"မင်းသိရင် ရယ်နိုင်အုံးမလားဆိုတာ ကြည့်ရသေးတာပေါ့"
စုယန်က မှင်သက်သွားပြီး မေးလိုက်သည်။
"ဘာကိုသိရင်လဲ?"
ကုဖေးတိ: "ဟမ့်..."
သူသည် လက်သီးများကို တင်းတင်းဆုပ်ကာ ရုတ်တရက်ထလိုက်ပြီး ကျောက်ခန်းထဲသို့ ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်ဝင်သွားလေ၏။
ကုဖေးတိ၏ထွက်ပြေးပုံကို မြင်လိုက်ရသောအခါ စုယန် သတိပြန်လည်လာခဲ့သည်။ သူသည် ထိုနေရာ၌ ထိုင်လျက် ခဏတာ အောင်ပွဲခံနေပြီးနောက် ထကာ အညစ်အကြေးများကို သုတ်လိုက်၏။ စုတ်ပြဲနေသော အဝတ်အစားများကို ကိုယ်ပေါ်တွင် ကျစ်ကျစ် ထုပ်ပိုးကား ကျောက်ခန်းထဲသို့ လျှောက်သွားလိုက်သည်။
သူဝင်လိုက်သည်နှင့် ကုဖေးတိသည် သူ့အား အဝတ်တစ်ထည်ဖြင့် ဖုံးလွှမ်းလိုက်၏။
ပြီးနောက် ကုဖေးတိ၏အသံ ထွက်ပေါ်လာသည်။
"ဝတ်ထားလိုက်။ ညကအေးတယ်.. ဒါကြောင့်ဂရုစိုက်။"
ယင်းအဝတ်သည် ပျော့ပျောင်းသော ပိုးသား အတွင်းဝတ်အင်္ကျီဖြစ်ပြီး ခန္ဓာကိုယ်အပူချိန်ဖြင့် နွေးထွေးနေဆဲဖြစ်သည်။ ကုဖေးတိ ယခုလေးတင် ချွတ်လိုက်သည်မှာ ထင်ရှားပေသည်။
စုယန် သူ၏အတွင်းဝတ်စုံကို ခေါင်းပေါ်ကနေ ဆွဲချွတ်လိုက်ပြီးသောအခါ ကုဖေးတိက သူ့အား ကျောပေးထားသည်ကို တွေ့လိုက်ရသည်။ ကုဖေးတိသည် သူ၏အလယ်ဝတ်စုံနှင့် အပေါ်ဝတ်စုံကိုသာ တိုက်ရိုက်ဝတ်ဆင်ထားသည်။ အပေါ်ဘက်ချည်ကြမ်းဝတ်ရုံသည် အကြိမ်ပေါင်းများစွာ လျှောဖွတ်ခဲ့ခြင်းကြောင့် အနည်းငယ် တောင့်တင်းနေပြီ ဖြစ်သည်။ အောက်၌ အလယ်ဝတ်ရုံတစ်ထပ် ရှိသေး သော်လည်း ၎င်းသည် ပါးလွှာသောကြောင့် ဝတ်ရတာ အဆင်မပြေဖြစ်မှာ သေချာပေသည်။
စုယန်က ပြောလိုက်၏။
"မင်းရဲ့ အတွင်းဝတ်စုံကို ပြန်ယူထားလိုက်။ ငါ့ကို အပေါ်ဝတ်ရုံပဲပေး"
ကုဖေးတိက ဆိုလာသည်။
"မင်းရဲ့ဒဏ်ရာကြောင့် ပျော့ပျောင်းတဲ့အဝတ်အစားကို ဝတ်ဆင်သင့်တယ်"
ထိုသို့ပြောပြီး သူ၏ဝတ်စုံခါးစည်းကို ချည်နှောင်လိုက်လေသည်။
တစ်ဖက်က ပြောပြီးသားဖြစ်လို့ စုယန်လည်း သဘောကောင်းမနေတော့ဘဲ ကုဖေးတိ၏ အတွင်းဝတ်စုံကို ဝတ်ဆင်လိုက်တော့သည်။
ကုဖေးတိ၏အတွင်းဝတ်စုံသည် မွှေးကြိုင်သောပန်းရနံ့ သင်းပျံ့နေပြီး စုယန်၏နှလုံးသားအား တည်ငြိမ် အေးချမ်းစေသည်။ ၎င်းသည် အမှန်တကယ်ပင် 'နုပျိုနရံ့သာဆေးလုံး'၏ ရနံ့ဖြစ်ပြီး နှစ်နှစ်ကျော် ကြာသည့်တိုင် ပျောက်ကွယ်မသွားသေးပေ။
_24.4.22
စာရေးစရာမှာ ပြောစရာရှိပါတယ်:
ဖေးတိ: .... ပျော်လိုက်တာ။
Su_Yang. exe အလုပ်မလုပ်တော့ပါ။
Thanks for reading ❣️
Zawgyi
အခန္း-၄၃ မဖြယ္မရာေတြ မေျပာစမ္းနဲ႕။
[ဒါက တကယ့္ေတာ့ အနီေရာင္ကုမုျဒာပဲ.....]
ထိုစကား စုယန္၏ႏႈတ္မွ ထြက္သြားသည္ႏွင့္တၿပိဳင္နက္ ကုေဖးတိ၏ အမူအရာဟာ ႐ုတ္ခ်ည္း ေျပာင္းလဲသြား ေလသည္။ စူးရွေသာ ျမႇားတစ္ေခ်ာင္းျဖင့္ ထိုးစိုက္ခံလိုက္ရသကဲ့သို႔ သူ၏မ်က္လုံးမ်ားသည္ တုန္လႈပ္ျခင္း၊ မယုံၾကည္နိုင္ျခင္း၊ စိတ္ရႈပ္ေထြးျခင္းႏွင့္ ေဒါသမ်ားျဖင့္ ျပည့္ႏွက္ေန၏။
ကုေဖးတိ၏အသံသည္ တိုးလ်ၿပီး တုန္ယင္ေနေလသည္။
"မင္း..တကယ္ သတၱိရွိတယ္လား?!"
စုဟန္ အံ့ဩသြားရသည္။
သူ ေသေသခ်ာခ်ာ ေတြးၾကည့္ၿပီးေနာက္ ႐ုတ္တရတ္ ေခြၽးေအးမ်ား ထြက္လာေတာ့၏။
အေစာပိုင္းက ကုေဖးတိ၏အိမ္ေထာင္ေရးကိစၥကို သူစိတ္ကူးယဥ္ေနခဲ့သည္။
ဒါနဲ႕ ကုေဖးတိရဲ႕ေမးခြန္းကဘာပါလိမ့္?
'မိစာၦဂိုဏ္းခ်ဳပ္က မင္းအတြက္ လက္ထပ္ဖို႔ စီစဥ္ၿပီးၿပီလား?'
'ဖူလင္းယြင္က တကယ့္ကို မိန္းမေကာင္းတစ္ေယာက္ပါ'
စုယန္ "......."
စုယန္သည္ သုံးေပေလာက္အထိ ခုန္ဆုတ္လိုက္ၿပီး လက္ႏွစ္ဖက္ကိုျမႇောက္ကာ ျငင္းဆန္ရန္ ႀကိဳးစားလိုက္သည္။
"မဟုတ္ဘူး.. မဟုတ္ဘူး.. မဟုတ္ဘူး.. ငါ ဖူလင္းယြင္ကို မႀကိဳက္ပါဘူး။ ဖူလင္းယြင္က မင္းအတြက္ အရမ္းကိုသင့္ေတာ္တယ္လို႔ ငါေျပာခ်င္တာ! မင္း အိမ္ေထာင္ျပဳဖို႔ကို ေရွာင္ေနစရာ မလိုဘူး။ မင္းသူမကို အခ်ိန္ေပးၾကည့္လိုက္ပါ။
သူမက မိန္းမေကာင္းတစ္ေယာက္ဆိုတာ မင္း သေဘာေပါက္လာလိမ့္မယ္"
"ဟား....." ကုေဖးတိက အ႐ူးတစ္ေယာက္လို ရယ္ေမာလိုက္ၿပီး ေမးလိုက္သည္။
"မင္းက ငါ့ကို ဂ႐ုစိုက္ေနတာလား?"
စုယန္ ႏႈတ္ဆိတ္ေနၿပီး ေတြးလိုက္သည္။ ကုေဖးတိရဲ႕ အမူအရာက ေတာ္ေတာ္စိတ္တိုေနပုံပဲ။ ၾကည့္ရတာ သူ ဖူလင္းယြင္ကို တကယ္ မႀကိဳက္ဘူးထင္တယ္။
က်စ္.. တကယ္ဒုကၡပါပဲ။ ဇာတ္လိုက္နဲ႕ ဇာတ္လိုက္မၾကား ခံစားခ်က္နဲ႕ ကတိသစၥာေတြ မရွိေတာ့ရင္ မိစာၦဂိုဏ္းရဲ႕ တားျမစ္နယ္ေျမ ဇာတ္ကြက္မွာ ဇာတ္လိုက္မက သူ႕ကို ဘယ္လိုလုပ္ၿပီး အဆိပ္ထုတ္ဖို႔ ကူညီေပးေတာ့မွာလဲ?
စုယန္ တိတ္ဆိတ္ေနသည္ကို ျမင္ေသာအခါ ကုေဖးတိလည္း တိတ္ဆိတ္သြားေလသည္။ သူ၏ဓားဖ်ားသည္ ေျမျပင္ေပၚသို႔ တြဲလ်ားက်ေနၿပီး စိတ္ပ်က္အားငယ္ေနပုံရေလ၏။
အခ်ိန္အတန္ၾကာၿပီးေနာက္ သူက တိုးညွင္းစြာ ေခၚလာသည္။
"စုယန္"
စုယန္ အသိျပန္ဝင္လာၿပီး ထူးလိုက္၏။
"ဟင္?"
ကုေဖးတိ အံႀကိတ္ကာ ႏႈတ္ခမ္းေထာင့္ေတြကို လႈပ္ယမ္း႐ုံ ေျပာေလသည္။
"တစ္ခါတစ္ေလ ငါမင္းကို အရမ္းရိုက္ပစ္ခ်င္တာပဲ"
စုယန္ "......"
စုယန္က မေက်မနပ္ျဖစ္သြားၿပီး ျပန္ေျပာလိုက္၏။
"မင္းက ငါ့ကိုရိုက္ပစ္ခ်င္တယ္? မင္းငါ့ကို အနိုင္မတိုက္နိုင္ပါဘူးကြာ ဟုတ္ၿပီလား?"
ကုေဖးတိက မိစာၦဂိုဏ္းရဲ႕သခင္ငယ္ကို အနိုင္ယူခ်င္သည္ ဆိုလွ်င္ေတာ့ သြားရမည့္လမ္းက အရွည္ႀကီးလိုေသးေပသည္။ မိစာၦဂိုဏ္း၏ တားျမစ္နယ္ေျမဇာတ္ကြက္၌ပင္ ကုေဖးတိသည္ သခင္ငယ္ႏွင့္ယွဥ္နိုင္ရန္ အမ်ားႀကီး အားနည္းေနေသး ေပသည္။
ဟမ့္!
စုယန္၏ ဝံ့ႂကြားေသားစကားကို ၾကားေသာအခါ ကုေဖးတိက အႏၲရာယ္ရွိေသာ မ်က္လုံးမ်ားကို ေမွးက်ဥ္းလိုက္ၿပီး ေျပာေလသည္။
"ငါတို႔ ဘာလို႔ လက္ေတြ႕မစမ္းၾကည့္တာလဲ?"
စုယန္သည္ ကုေဖးတိႏွင့္ မတိုက္ခ်င္ေပ။ သူ႕အား ထိခိုက္ေစမိပါက ဇာတ္လမ္းဇာတ္ေၾကာင္းကို ေနာက္တစ္ႀကိမ္ ေႏွာင့္ေႏွးသြားေစမိမည္ မဟုတ္ေလာ?
စုယန္သည္ ကုေဖးတိ၏ခါး၌ ခ်ိတ္ဆြဲထားေသာ ဓားကိုၾကည့္ၿပီး ႐ုတ္တရက္ အေတြးတစ္ခုဝင္လာ၏။
"လက္နက္ေတြက အဆင္မေျပဘူး! ဘာပဲျဖစ္ျဖစ္ ငါတို႔အရင္က အႀကိမ္အနည္းငယ္ တိုက္ခဲ့ဖူးတယ္.. မင္းပဲရႈံးခဲ့တာ မဟုတ္လား"
"ဟားဟား.." ကုေဖးတိက အသံထြက္ ရယ္လိုက္သည္။
"အဲဒါ ငါမင္းကို အနိုင္ေပးခဲ့လို႔"
စုယန္က သူ႕ကို မယုံၾကည္ေပ။
"ငါက အဲဒီလို လုပ္ခိုင္းခဲ့လို႔လား?"
ကုေဖးတိ ေဒါသအလြန္ထြက္သြားၿပီး ရယ္ရမည္လား ငိုရမည္လား မသိေတာ့ေပ။
"ဒါဆို ငါတို႔ ဓားေတြမသုံးဘူး။ လက္ေတြေျခေတြနဲ႕ပဲ တိုက္ခိုက္ၾကမယ္ေလ။ ငါမင္းကို တစ္ခါအနိုင္ယူ ၿပီးတာနဲ႕ မင္းမာနႀကီးေနနိုင္အုံးမလားဆိုတာ ၾကည့္ရေသးတာေပါ့"
စုယန္: "ငါမတိုက္ခ်င္ဘူး!"
ကုေဖးတိ: "မိစာၦဂိုဏ္းရဲ႕သခင္ငယ္က လက္နက္မဲ့ တိုက္ခိုက္ရမွာကို ေၾကာက္ေနတာလား?"
စုယန္က ေတြးလိုက္၏။
'ေနာက္ေနတာပဲ ျဖစ္ရမယ္။ ဒီသခင္ငယ္က ဘာကိုေၾကာက္ရမွာလဲ? ငါ့ရဲ႕ေခါင္းကိုျဖတ္ၿပီး ေသြးေခ်ာင္းစီးနိုင္တယ္။ ငါ့ရဲ႕ကိုယ္က်င့္သိကၡာကေတာ့ ဘယ္ေတာ့မွ မၿပိဳပ်က္ေစရဘူး!'
ထို႔ေနာက္ ႏွစ္ေယာက္သားသည္ ေက်ာက္ခန္း အျပင္ဘက္ရွိ ေျမကြက္လပ္တြင္ရပ္ကာ တစ္ဦးကိုတစ္ဦး ဦးၫႊတ္လိုက္ၾကေလသည္။ စုယန္သည္ အနည္းငယ္ ေသာကေရာက္ေနဆဲျဖစ္၏။
သူတို႔သည္ လြန္ခဲ့သည့္ ရက္အနည္းငယ္က ဓားပညာရွိ၏ ဓားခ်က္မ်ားကိုေျဖရွင္းၿပီး ဓားအေမြအႏွစ္အေၾကာင္းကို ေဆြးေႏြးေနခဲ့ၾကသည္ မဟုတ္ေလာ။ ၿပီးေနာက္ တာဝန္ႏွင့္ အိမ္ေထာင္ေရး အေၾကာင္းေတြ စကားစျမည္ေျပာရင္း အဘယ္ေၾကာင့္ တိုက္ခိုက္သည့္ဘက္ကို ေရာက္သြားရသနည္း?
သူ႕မွာ စဥ္းစားဖို႔ အခ်ိန္က်န္ပါေသးသည္။ ဒါက ဘယ္လိုယုတၱိမဲ့တဲ့ ျဖစ္စဥ္မ်ိဳးပါလိမ့္...
သို႔ေသာ္ ကုေဖးတိက စုယန္ကို စဥ္းစားဖို႔အခ်ိန္ မေပးခဲ့ေပ။
သူသည္ စုယန္ကိုမ်က္ႏွာမူၿပီး လက္ကိုျမႇောက္ကာ ေျပာလိုက္သည္။
"ငါမင္းကို လႈပ္ရွားမႈႏွစ္ခု အေၾကာေပးတယ္"
စုယန္က သခင္ငယ္၏အသြင္ကိုယူၿပီး ေမာက္မာစြာ ရယ္ေမာလိုက္သည္။
"ဒီသခင္ငယ္က မင္းရဲ႕အသာစီးေပးမႈကို မလိုပါဘူး။ မင္းတတ္ထားတာေတြအကုန္ ငါ့ကိုထုတ္ျပလိုက္!"
ကုေဖးတိက ခနဲ႕လိုက္သည္။
"မင္းရဲ႕ဆႏၵအတိုင္းပဲ"
ကုေဖးတိႏွင့္ စုယန္တို႔သည္ ဓားရွည္မ်ားကို ကြၽမ္းက်င္စြာ ေလ့က်င့္ထားခဲ့ၾကေသာ္လည္း တကယ္တမ္း လက္ဗလာျဖင့္ တိုက္ခိုက္ရာတြင္ သူတို႔၏လက္သီးမ်ားသည္ ေကာင္းမြန္ေသာ တိုက္ခိုက္ေရးစြမ္းအင္မ်ား ရွိေပသည္။
အထူးသျဖင့္ ကုေဖးတိ ငယ္စဥ္ကတည္းက ေလ့က်င့္ခဲ့ေသာ ကြၽမ္းက်င္မႈမ်ားသည္ အလွဆင္ျခင္းမွ်သာမဟုတ္ေပ။ ႏွစ္ေပါင္းမ်ားစြာ ပင္ပန္းႏြမ္းနယ္မႈေတြ ႀကဳံလာရၿပီးေနာက္ သူလိုအပ္သည့္အခါ ထိုစြမ္းရည္မ်ားက သဘာဝအတိုင္း ေပါက္ကြဲထြက္လာလိမ့္မည္ျဖစ္သည္။
သူႏွင့္ႏွိုင္းယွဥ္ပါက သခင္ငယ္၏ ခႏၶာကိုယ္သို႔ တစ္ဝက္တစ္ပ်က္ ကူးေျပာင္းလာခဲ့သည့္ စုယန္သည္ အနည္းငယ္ ဆိုး႐ြားေနေသးသည္။ မူလသခင္ငယ္ ဆိုပါက ယခုအေျခအေနတြင္ အနိုင္ရရန္ အခြင့္အလမ္းအခ်ိဳ႕ ရွိေနဆဲျဖစ္ေသာ္လည္း စုယန္သည္ သူကူးေျပာင္းလာကတည္းက စိတ္ပိုင္းဆိုင္ရာ က်င့္ႀကံမႈႏွင့္ ဓားေရးစြမ္းရည္ကိုသာ အေလးထား ခဲ့ေလသည္။ ထို႔ေၾကာင့္ သူ၏လက္သီးႏွင့္ ေျခကန္ခ်က္မ်ားသည္ အေတာ္ေလး သာမန္ဆန္ေပသည္။ အဆုံးတြင္ စုယန္သည္ ကုေဖးတိ၏ ထိုးႏွက္ခ်က္မ်ားကိုေရွာင္ရန္ သူ၏ 'ျမတ္နိုးဖြယ္ပန္းပြင့္ေျခလွမ္း'ကို လုံးလုံးနီးပါး အားကိုးအားထား ခဲ့ရေလ၏။
ေက်ာက္စိမ္းအိမ္ေတာ္တြင္ ႏွစ္ႏွစ္ၾကာ အဆင့္ျမႇင့္ ေလ့လာမႈမ်ား ျပဳလုပ္ၿပီးေနာက္ သူတို႔ႏွစ္ဦးစလုံး၏ အတြင္းအားသည္ အညီအမွ် တူညီေနၿပီျဖစ္သည္။ ထို႔ေၾကာင့္ မည္သူ၏ သိုင္းပညာစြမ္းရည္ ပိုေကာင္းသည္ကို ဆုံးျဖတ္ရန္သာ အေရးအႀကီးဆုံး ျဖစ္ေပသည္။
လက္ဖက္ရည္တစ္ခြက္ေသာက္ခ်ိန္ (ဆယ့္ငါးမိနစ္) အထိ သတ္ပုတ္ေနၿပီးေနာက္တြင္ ကုေဖးတိသည္ စုယန္၏ ဟာကြက္တစ္ခုကို ဖမ္းမိသြားၿပီး သူ၏ခါးမွ ေျမျပင္ေပၚသို႔ လွဲခ်နိဳင္လိုက္သည္။
စုယန္သည္ ေျမျပင္ေပၚမွေခါင္းေထာင္ကာ ေနာက္သို႔ လွည့္ၾကည့္ၿပီး ေဒါသတႀကီး ဆိုေလသည္။
"ဒါကို ထည့္တြက္လို႔မရဘူး။ ငါက ဒဏ္ရာႀကီးနဲ႕ဆိုေတာ့ အားအျပည့္ ထုတ္မသုံးနိုင္ဘူးေလ!"
ကုေဖးတိက စုယန္၏ခါးကိုဖိထားၿပီး သူ၏ လက္ႏွစ္ဖက္ကို ေနာက္ေက်ာ၌ ခ်ဳပ္ကိုင္ထား လိုက္သည္။ သူက ၿပဳံးလ်က္ ေျပာလာ၏။
"အရႈံးကိုဝန္ခံလား?"
စုယန္က မ်က္လုံးလွန္လိုက္ေလသည္။
"မင္း ကေလးဆန္လြန္းေနတယ္လို႔ မထင္ဘူးလား!"
ကုေဖးတိက ၿပဳံးလိုက္ၿပီး ဘာမွျပန္မေျပာေပ။
စုယန္သည္ အခ်ိန္အတန္ၾကာေအာင္ ႐ုန္းကန္ေန ေသာ္လည္း မေအာင္ျမင္ေသာေၾကာင့္ သူ႕ကိုယ္သူ ကယ္တင္နိုင္ရန္ သြယ္ဝိုက္ေသာနည္းဗ်ဴဟာကို အသုံးျပဳရန္ ႀကိဳးစားလိုက္သည္။
"ေက်ာက္ခန္းထဲက ဓားပညာက သင္ယူရက်ိဳးနပ္တယ္လို႔ ငါထင္တယ္။ ငါတို႔အတူတူေလ့လာၾကရင္ ဘယ္လိုလဲ?"
ကုေဖးတိက ရယ္ေမာလ်က္ေျပာလိုက္သည္။
"မင္းအရႈံးကိုဝန္ခံရင္ ငါမင္းနဲ႕အတူ သြားေလ့လာမယ္ေလ"
စုယန္ ခဏေလာက္စဥ္းစားၿပီးေနာက္ နာက်င္စြာရွိုက္သံ ႏွင့္အတူ ဟန္ေဆာင္ပန္ေဆာင္ေျပာလိုက္သည္။
"မင္း ငါ့ဒဏ္ရာကိုဖိထားတာ နာေနတယ္"
စုယန္၏ နာက်င္စြာညည္းၫူသံကို ၾကားေသာအခါ ကုေဖးတိ ေနာင္တရသြားၿပီး သူ႕လက္မွခြန္အားကို အနည္းငယ္ ေျဖေလ်ာ့ေပးလိုက္သည္။
စုယန္သည္ ခ်က္ခ်င္းပင္ ကုေဖးတိ၏ လက္ဖဝါး ေအာက္မွ႐ုန္းထြက္ရန္ သူ႕လက္ကို ဆတ္ခနဲ လိမ္လိုက္သည္။ ကုေဖးတိက သူလွည့္စားခံလိုက္ ရတာကိုသိလိုက္ၿပီး သူ႕လက္ထဲသို႔ခြန္အား ထပ္ျဖည့္လိုက္ေသာ္လည္း စုယန္သည္ တစ္စိတ္တစ္ပိုင္း လြတ္ေျမာက္ေနၿပီျဖစ္ၿပီး ျပန္ထိန္းခ်ဳပ္ဖို႔ သိပ္မလြယ္ေတာ့ေပ။ သူတို႔ႏွစ္ဦးသည္ ေျမျပင္ေပၚ၌ အခ်င္းခ်င္း ခဏတာ လုံးေထြးသတ္ပုတ္ လိုက္ၾက၏။
ေခ်ာက္ကမ္းပါးေပၚ၌ စုတ္ၿပဲၿပီးေသာ စုယန္၏ အဝတ္အစားမ်ားသည္ ေရထဲ၌ၾကာရွည္စြာ စိမ္ခဲ့ၿပီးေနာက္ ေနာက္ထပ္စုတ္ၿပဲရန္ အလြန္ပင္ လြယ္ကူသြားခဲ့သည္။ ယခုအခါ သူ၏ဝတ္႐ုံ ေနာက္ေက်ာရွိ အက္ကြဲေၾကာင္းမွာ ပို၍ႀကီးမားစြာ စုတ္ၿပဲသြားၿပီျဖစ္၏။
စုယန္ "......"
ေကာင္းေလစြ။ သူ႕ရဲ႕အေပၚဝတ္႐ုံကို မီးတုတ္လုပ္ဖို႔ အတြက္ ေပးလႉခဲ့တယ္။ အခုလည္း သူ႕ရဲ႕ အတြင္းဝတ္႐ုံက တိုက္ပြဲမွာ က်ဆဳံးသြားျပန္ၿပီ။ သူအတြင္းခံေလးနဲ႕ ေလွ်ာက္ေျပးေနရမယ္လို႔ ဆိုလိုတာလား?
ကုေဖးတိသည္ စုယန္၏ေက်ာေအာက္ပိုင္း၌ တက္ထိုင္လိုက္ၿပီး သူ႕ေရွ႕မွျမင္ကြင္းေၾကာင့္ ခဏတာ အံ့အားသင့္သြားသည္။
စုယန္၏ေနာက္ေက်ာတြင္ မီးေတာက္ကဲ့သို႔ ပြင့္လန္းေနေသာ အနီေရာင္ပန္းပြင့္ပုံမ်ား တည္ရွိသည္။ ကုေဖးတိသည္ မသိစိတ္က သူ႕လက္ကို ဆန႔္ထုတ္လိုက္ၿပီး စုယန္၏ေက်ာေပၚမွ အေပါက္အၿပဲအား ခ်ဲ့ထြင္လိုက္၏။
ယခုဆိုလွ်င္ ပိုးသားဝတ္႐ုံ၏အကာအကြယ္ မရွိေတာ့ဘဲ ပန္းပြင့္မ်ားသည္ သူ၏မ်က္လုံးမ်ားေရွ႕၌ အလြန္ထင္ရွားစြာ ေပၚလြင္ေနေလသည္။
ပန္းပြင့္မ်ားသည္ အနီေရာင္ျဖစ္ၿပီး တင့္တယ္လွပ ေသာ္လည္း ပြင့္ခ်ပ္မ်ားသည္ ဗုဒၶေရွ႕ေတာ္မွ ၾကာပန္းျဖဴမ်ားကဲ့သို႔ အထပ္ထပ္စီလ်က္ ညွို႔အားျပင္းၿပီး အျပစ္ကင္းစင္ပုံေပၚ၏။ မီးကဲ့သို႔ ေတာက္ေလာင္ၿပီး တသီးတျခားဆန္သည္မွာ မွန္ေသာ္လည္း ၎ႏွင့္ ဆန႔္က်င္ဘက္ျဖစ္စြာ လူအမ်ားက မ်က္စိမလႊဲနိုင္ေလာက္ေအာင္ လွပလြန္းေနျပန္သည္။ ၎သည္ ကမာၻေပၚ၌ တည္ရွိေသာ သက္တမ္းတိုသည့္ အနီေရာင္ ကုမုျဒာပန္းမ်ားပင္ ျဖစ္ေခ်သည္။
ကုေဖးတိ၏ မ်က္လုံးမ်ားသည္ အံ့ဩျခင္းမ်ားစြာျဖင့္ ႐ုတ္တရက္ ျပဴးက်ယ္သြားေလသည္။
သူက ေရ႐ြတ္လိုက္၏။ "...ယင္ထန္.... တကယ္ေတာ့ အဲဒါက အနီေရာင္ကုမုျဒာကို ေျပာတာလား?"
(T/N: ေျပာရမွာ နည္းနည္းရွည္ေပမယ့္ တစ္ခါတည္း နားလည္ရင္းဖတ္သြားတာ ေကာင္းမယ္ထင္လို႔ပါေနာ္။ စုယန္တို႔ဂိုဏ္းကို အေရွ႕မွာ'ယင္ထန္'လို႔ သုံးလာေပမယ့္ အဲဒီတ႐ုတ္စကားလုံး '殷' က ယင္နဲ႕ ယန္ဆိုၿပီး အသံႏွစ္မ်ိဳးထြက္သလို အဓိပၸာယ္လည္းကြဲပါတယ္။
စုယန္တို႔ရဲ႕ ဂိုဏ္းနာမည္က အမွန္တကယ္ 'ယန္'ကို သုံးထားတာပါ။ အနီရင့္ေရာင္လို႔အဓိပၸာယ္ရပါတယ္။
'ထန္' <昙> ကက် သူတစ္လုံးတည္းဆို နက္ေမွာင္ေသာ တိမ္တိုက္လို႔ အဓိပၸာယ္ရၿပီး အေနာက္မွာ ပန္းဆိုတဲ့ 'ဟြား' <花 > ေပါင္းလိုက္ရင္ 'ထန္ဟြား' <ကုမုျဒာပန္း> ဆိုၿပီး ျဖစ္သြားတာပါ။ ကုေဖးတိက စုယန္တို႔ဂိုဏ္းရဲ႕ နာမည္အမွန္က 'ယန္ထန္'ျဖစ္ၿပီး အနီေရာင္ကုမုျဒာကို ရည္ၫႊန္းမွန္း အခုမွသိသြားတာ)
"ေဝ့! ကုေဖးတိ.. သိကၡာရွိစမ္းပါအုံး!" စုယန္ ေဒါသထြက္သြားသည္။
သူသည္ခႏၶာကိုယ္ကို ဆတ္ခနဲ လႈပ္ယမ္းပစ္လိုက္ၿပီး မွင္သက္ေနဆဲျဖစ္ေသာ ကုေဖးတိကို သူ႕ေနာက္ေက်ာေပၚမွ ပစ္ခ်လိဳက္ေလသည္။ ၿပီးေနာက္ သူသည္ ကုေဖးတိေပၚသို႔ ျပန္ခြထိုင္လိုက္ၿပီး သူ၏လည္ပင္းကိုဆုပ္ကိုင္ကာ မ်က္လုံးမ်ား ေမွးက်ဥ္းလ်က္ ၿပဳံးလိုက္သည္။
"မင္းက ဒီသခင္ငယ္ရဲ႕ ခႏၶာကိုယ္ကို ၾကည့္ဝံ့တယ္လား။ မင္းရဲ႕ ေစာ္ကားမႈအတြက္ ျပန္ေပးဆပ္ရမယ္!"
ကုေဖးတိသည္ ထိုစကားမ်ားကို မၾကားနိုင္ေတာ့ေပ။
သူသည္ ေျမျပင္ေပၚတြင္ သက္ေတာင့္သက္သာ လွဲေလ်ာင္းေနၿပီး စုယန္၏ ၿပဳံးေနေသာမ်က္ႏွာကို ၾကည့္ကာ ထပ္မံေရ႐ြတ္လိုက္သည္။
"ဒါက တကယ့္ေတာ့ အနီေရာင္ကုမုျဒာပဲ.. "
သူ၏ႏႈတ္ခမ္းေထာင့္ရွိ အၿပဳံးသည္ ဖုံးကြယ္ထားရန္ ခက္ခဲေပသည္။
"ဒါဆို ငါက ဘာမဟုတ္တာေလးအတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္ခံေနတာေပါ့ေလ"
စုယန္ကမူ ရႈပ္ေထြးေန၏။ ကုေဖးတိက အခု ဘာျဖစ္ေနတာလဲ?
သူေမးဖို႔အခ်ိန္မရခင္မွာပဲ ကုေဖးတိသည္ ႐ုတ္တရတ္ ကုန္းထလာကာ သူ႕အား ရင္ခြင္ထဲသို႔ ဆြဲသြင္း ေပြ႕ဖက္လိုက္ေလသည္။
ဤေပြ႕ဖက္မႈသည္ မတင္းက်ပ္ေပ။ ကုေဖးတိသည္ စုယန္၏ ေနာက္ေက်ာမွ ဒဏ္ရာကို အာ႐ုံစိုက္ပုံရၿပီး အင္အားသိပ္မထုတ္ခဲ့ေပ။
သို႔ေသာ္ စုယန္၏လည္တိုင္သည္ ကုေဖးတိ၏ပါးႏွင့္ ဖိကပ္မိေနၿပီး ထိုႏူးညံ့သည့္ အထိအေတြ႕က စုယန္အား နားမလည္နိုင္ေအာင္ တုန္လႈပ္သြားေစသည္။
စုယန္သည္ အစပိုင္းတြင္ တြန္းဖယ္ခ်င္ေသာ္လည္း ကုေဖးတိ၏ ခႏၶာကိုယ္မွ ပန္းရနံ႕သင္းသင္းေလးကို ရႉရွိုက္မိေသာအခါ သူ႕လက္က ရပ္တန႔္သြားေလသည္။
"မင္းဘာျဖစ္ေနတာလဲ?" စုယန္က အသံတိုးတိုးျဖင့္ ေမးလိုက္၏။
ကုေဖးတိကျပန္မေျဖဘဲ သူ၏ဆုပ္ကိုင္မႈကို ေျဖေလွ်ာ့လိုက္ၿပီး စုယန္အား သူ႕ရင္ခြင္ထဲမွ လႊတ္ေပးလိုက္သည္။
စုယန္သည္ ယခုအခ်ိန္တြင္ ကုေဖးတိ၏ကိုယ္ေပၚ၌ ထိုင္လ်က္ရွိေနဆဲျဖစ္သည္။ အခုနက တိုက္ပြဲေၾကာင့္ သူ၏ အဝတ္အစားမ်ား စုတ္ၿပဲေနၿပီး ဆံပင္မ်ားမွာလည္း ရႈပ္ပြေန၏။ သူ၏ပါးျပင္မ်ားမွာ နီျမန္းေနကာ ႏႈတ္ခမ္းႏွင့္ မ်က္ဝန္းေထာင့္ရွိ မွဲ႕နီေလးပင္ ေလာင္ကြၽမ္းေနပုံရေလသည္။
သူသည္ ေခါင္းကို အနည္းငယ္ငုံ႕ထားၿပီး သူ႕ေရွ႕မွ လူငယ္ႏွင့္ လူႀကီးၾကားအ႐ြယ္ျဖစ္သည့္ ကုေဖးတိ၏ ႏုပ်ိဳေသာမ်က္ႏွာကို စိုက္ၾကည့္ေနသည္။ ၿပီးေနာက္ သူ၏ႏႈတ္ခမ္း ေထာင့္ေလးမ်ားသည္ အနည္းငယ္ ေကြးတက္သြားၿပီး ၿပဳံးရယ္လိုက္၏။
သူတို႔ႏွစ္ေယာက္စလုံး၏ ကိုယ္ဟန္အေနအထားသည္ အနည္းငယ္ ထူးဆန္းေနၿပီး စုယန္သည္ တစ္ေနရာရာ၌ တစ္ခုခုမွားေနေၾကာင္း ႐ုတ္တရတ္ခံစားလိုက္ရသည္။
ကုေဖးတိ၏ အမူအရာဟာလည္း ႐ုတ္ျခည္း ေျပာင္းလဲသြား၏။
သူသည္ စုယန္ကို တြန္းဖယ္လိုက္ၿပီး သူ၏ ေျခေထာက္မ်ားကို ေကြးကာ ေနာက္သို႔သုံးေပ ဆုတ္လိုက္ေလသည္။ ထို႔ေနာက္ ေခါင္းငိုက္စိုက္ႏွင့္ ထိုင္ေနၿပီး ႏႈတ္ဆိတ္ေန၏။
စုယန္သည္ ေခတ္သစ္ကမာၻမွျဖစ္သည္။ သူ ခဏတာ ဆင္ျခင္သုံးသပ္ၿပီးေနာက္ ျဖစ္ပ်က္ေနသည္မ်ားကို သေဘာေပါက္သြားေလသည္။
ဆယ့္ရွစ္ႏွစ္၊ ဆယ့္ကိုးႏွစ္အ႐ြယ္ ေယာက္်ားေလး မ်ားသည္ စေနာက္ျခင္းကို သည္းမခံနိုင္ၾကဘဲ ကိုယ္ထိလက္ေရာက္ တုံ႕ျပန္တတ္ၾကသည္။ ေခတ္သစ္ကမာၻတြင္ သူကိုယ္တိုင္ ႀကဳံေတြ႕ခဲ့ရ သည့္အတြက္ ေသခ်ာေပါက္ နားလည္ေပသည္။ အေပါင္းအသင္းမ်ားအၾကား ေျမျပင္ေပၚတြင္ လူးလွိမ့္ျခင္းႏွင့္ အဖြဲ႕လိုက္နပန္းလုံးျခင္းကဲ့သို႔ 'ရင္းႏွီးေသာ' ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈမ်ားအား မဆိုထားႏွင့္၊ ေပါ့ေပါ့တန္တန္ ရန္ပြဲႏွစ္ႀကိမ္ကပင္ ဤကဲ့သို႔ ရွက္ဖြယ္အေျခအေနမ်ိဳးကို ျဖစ္ပြားေစနိုင္သည္။
ကုေဖးတိသည္ ေခတ္ေနာက္က်သည့္လူတစ္ဦး ျဖစ္သည့္အျပင္ ဤသို႔ေသာ ကိစၥမ်ိဳးတြင္ မိမိကိုယ္ကို
အလြန္ စည္းကမ္းတင္းၾကပ္သူျဖစ္ၿပီး ပို၍ပင္ သတိထားေနလိမ့္ေပမည္။
ထိုသို႔ေတြးရင္း စုယန္သည္ တစ္ခုခုစေနာက္ခ်င္စိတ္ကို မထိန္းထားနိုင္ေတာ့ေပ။
သူ႕ကို က႐ုဏာမျပဘဲ ရန္ပြဲထဲဆြဲသြင္းခဲ့တာ ဘယ္သူလဲ? ဒီသခင္ငယ္က ၾကင္ၾကင္နာနာ လက္တုံ႕ျပန္ေပးဖို႔ တကယ္ လိုအပ္တာေပါ့။
ထို႔ေၾကာင့္ စုယန္သည္ ဆိုးသြမ္းေသာအၿပဳံးျဖင့္ ကုေဖးတိအနား ခ်ဥ္းကပ္လာကာ မ်က္ခုံးပင့္လိုက္သည္။
"အိုး.. မင္းက ဘာေတြဖုံးကြယ္ေနတာလဲ? ငါတို႔က ေယာက္်ားေလးေတြပဲေလ.. မင္းဖုံးကြယ္ဖို႔ ႀကိဳးစားေနတဲ့ဟာကို ဘယ္သူက မသိဘဲေနမွာလဲ"
ထိုစကားလုံးအနည္းငယ္ျဖင့္ပင္ ကုေဖးတိ၏ နားႏွင့္ လည္တိုင္တစ္ေလွ်ာက္ အနီေရာင္အလႊာပါးေလး ျဖတ္ေျပးသြားၿပီျဖစ္သည္။
ကုေဖးတိက အံႀကိတ္လ်က္ ေျပာလိုက္၏။
"မင္း... မဖြယ္မရာေတြ မေျပာစမ္းနဲ႕!"
စုယန္က အံ့ၾသဟန္ေဆာင္ၿပီး ျပန္ေျပာလိုက္၏။
"မင္းငါ့ကို အရင္ဆုံး မဖြယ္မရာေတြလုပ္ခဲ့တယ္ဆိုတာ အရွင္းႀကီးပဲ!"
ကုေဖးတိက ေဒါသတႀကီးျဖင့္ ေအာ္သည္။
"မင္း..."
စုယန္က သူ႕စကားကို ျဖတ္ေျပာလိုက္၏။
"အရွက္မရွိဘူး! ငါသိတယ္.. မင္း ခဏခဏ ေျပာေနၾကပဲ"
ကုေဖးတိ "......"
ကုေဖးတိသည္ လွိုင္းထေနေသာ ပင္လယ္ျပင္ကဲ့သို႔ မ်က္လုံးမ်ားျဖင့္ စုယန္ကို တည့္တည့္စိုက္ၾကည့္ရင္း ၿပဳံးလိုက္ေလသည္။
"မင္းသိရင္ ရယ္နိုင္အုံးမလားဆိုတာ ၾကည့္ရေသးတာေပါ့"
စုယန္က မွင္သက္သြားၿပီး ေမးလိုက္သည္။
"ဘာကိုသိရင္လဲ?"
ကုေဖးတိ: "ဟမ့္..."
သူသည္ လက္သီးမ်ားကို တင္းတင္းဆုပ္ကာ ႐ုတ္တရက္ထလိုက္ၿပီး ေက်ာက္ခန္းထဲသို႔ ေျခလွမ္းက်ယ္ႀကီးမ်ားျဖင့္ ေလွ်ာက္ဝင္သြားေလ၏။
ကုေဖးတိ၏ထြက္ေျပးပုံကို ျမင္လိုက္ရေသာအခါ စုယန္ သတိျပန္လည္လာခဲ့သည္။ သူသည္ ထိုေနရာ၌ ထိုင္လ်က္ ခဏတာ ေအာင္ပြဲခံေနၿပီးေနာက္ ထကာ အညစ္အေၾကးမ်ားကို သုတ္လိုက္၏။ စုတ္ၿပဲေနေသာ အဝတ္အစားမ်ားကို ကိုယ္ေပၚတြင္ က်စ္က်စ္ ထုပ္ပိုးကား ေက်ာက္ခန္းထဲသို႔ ေလွ်ာက္သြားလိုက္သည္။
သူဝင္လိုက္သည္ႏွင့္ ကုေဖးတိသည္ သူ႕အား အဝတ္တစ္ထည္ျဖင့္ ဖုံးလႊမ္းလိုက္၏။
ၿပီးေနာက္ ကုေဖးတိ၏အသံ ထြက္ေပၚလာသည္။
"ဝတ္ထားလိုက္။ ညကေအးတယ္.. ဒါေၾကာင့္ဂ႐ုစိုက္။"
ယင္းအဝတ္သည္ ေပ်ာ့ေပ်ာင္းေသာ ပိုးသား အတြင္းဝတ္အကၤ်ီျဖစ္ၿပီး ခႏၶာကိုယ္အပူခ်ိန္ျဖင့္ ေႏြးေထြးေနဆဲျဖစ္သည္။ ကုေဖးတိ ယခုေလးတင္ ခြၽတ္လိုက္သည္မွာ ထင္ရွားေပသည္။
စုယန္ သူ၏အတြင္းဝတ္စုံကို ေခါင္းေပၚကေန ဆြဲခြၽတ္လိုက္ၿပီးေသာအခါ ကုေဖးတိက သူ႕အား ေက်ာေပးထားသည္ကို ေတြ႕လိုက္ရသည္။ ကုေဖးတိသည္ သူ၏အလယ္ဝတ္စုံႏွင့္ အေပၚဝတ္စုံကိုသာ တိုက္ရိုက္ဝတ္ဆင္ထားသည္။ အေပၚဘက္ခ်ည္ၾကမ္းဝတ္႐ုံသည္ အႀကိမ္ေပါင္းမ်ားစြာ ေလွ်ာဖြတ္ခဲ့ျခင္းေၾကာင့္ အနည္းငယ္ ေတာင့္တင္းေနၿပီ ျဖစ္သည္။ ေအာက္၌ အလယ္ဝတ္႐ုံတစ္ထပ္ ရွိေသး ေသာ္လည္း ၎သည္ ပါးလႊာေသာေၾကာင့္ ဝတ္ရတာ အဆင္မေျပျဖစ္မွာ ေသခ်ာေပသည္။
စုယန္က ေျပာလိုက္၏။
"မင္းရဲ႕ အတြင္းဝတ္စုံကို ျပန္ယူထားလိုက္။ ငါ့ကို အေပၚဝတ္႐ုံပဲေပး"
ကုေဖးတိက ဆိုလာသည္။
"မင္းရဲ႕ဒဏ္ရာေၾကာင့္ ေပ်ာ့ေပ်ာင္းတဲ့အဝတ္အစားကို ဝတ္ဆင္သင့္တယ္"
ထိုသို႔ေျပာၿပီး သူ၏ဝတ္စုံခါးစည္းကို ခ်ည္ေႏွာင္လိုက္ေလသည္။
တစ္ဖက္က ေျပာၿပီးသားျဖစ္လို႔ စုယန္လည္း သေဘာေကာင္းမေနေတာ့ဘဲ ကုေဖးတိ၏ အတြင္းဝတ္စုံကို ဝတ္ဆင္လိုက္ေတာ့သည္။
ကုေဖးတိ၏အတြင္းဝတ္စုံသည္ ေမႊးႀကိဳင္ေသာပန္းရနံ႕ သင္းပ်ံ့ေနၿပီး စုယန္၏ႏွလုံးသားအား တည္ၿငိမ္ ေအးခ်မ္းေစသည္။ ၎သည္ အမွန္တကယ္ပင္ 'ႏုပ်ိဳနရံ႕သာေဆးလုံး'၏ ရနံ႕ျဖစ္ၿပီး ႏွစ္ႏွစ္ေက်ာ္ ၾကာသည့္တိုင္ ေပ်ာက္ကြယ္မသြားေသးေပ။
_24.4.22
စာေရးစရာမွာ ေျပာစရာရွိပါတယ္:
ေဖးတိ: .... ေပ်ာ္လိုက္တာ။
Su_Yang. exe အလုပ္မလုပ္ေတာ့ပါ။
Thanks for reading ❣️