Sugar Daddy (or) Daddy ကကျွန်...

By KayZinTheint9

159K 6.9K 382

"Daddy က ငါ့အပိုင်...လာမရှုပ်နဲ့" More

Intro
Part 1
PART 2
PART 3
PART 4
PART 5
PART 6
PART 7
PART 8
PART 9
PART 10
PART 11
PART 12
PART 13
PART 14
PART 15
PART 16
PART 17
PART 18
PART 19
PART 20
PART 21
PART 22
PART 23
PART 24
PART 25
PART 26
PART 27
PART 28
PART 29
PSRT 30
PART 31
PART 33
PART 34
PART 35

PART 32

3K 157 5
By KayZinTheint9

Sugar Daddy
          (OR)

အပိုင်း 32







ရောင်စဉ် နဲ့ Jack ပင်။

🍀🍀🍀🛫🛫🛫❤🛬🛬🛬🍀🍀🍀


"Hello...Nice to meet you"




"ကျွန်တော်က Jack ပါ သူက
ရောင်စဉ်ဖြာပါ..."









"ရပါတယ် "





"ဟုတ်ပါတယ်"

မလား"

"ရှိတယ်..."



လေ့လာရင်းလာခဲ့ရသည်။

"ရှုပ်လိုက်တာ...."




Jack က သတိထားမိကာ

"အဆင်ပြေရဲ့လား..."

"ပြေပါတယ်... "


"လုပ်နိုင်မှာပါနော်..."

"လုပ်နိုင်မှာပါ..."





"သူက...."





"မင်းတို့က

Sofia က ပြောသည်။

ညနေ 4 နာရီ..."

Emma က ပြောသည်။









"ဟုတ်ကဲ့ "


"ဟုတ်ကဲ့..."


"ဟုတ်ကဲ့ "


"ဟုတ်ကဲ့..."

မသက်သာဘူးမှတ်..."



🍀🍀🍀🍀❤❤❤❤❤🍀🍀🍀🍀






သူတို့တွေလဲ





ခုံလွတ်တစ်ခု






ဆက်ပြောသည်။

"Mr.Min က အခုတလော ရှယ်ယာဈေးကွက်ကိုချုပ်ကိုင်ရာမှာလဲ အားနားလာတယ်လို့ မြင်တွေ့နေရပါတယ်....ဒါကြောင့်အခုလိုသူနေမကောင်းဖြစ်နေစဉ် သူလဲ အနားယူလို့ရအောင်.. ကျွန်တော် တို့ကူညီသင့်ပါတယ်...သူလဲ နှစ်တွေအများကြီးလုပ်ပေးခဲ့ရသလို စွမ်းရည် တွေလဲ ကျဆင်းလာတာကို မြင်တွေနေရပါတယ်.....ဒါကိုလူကြီးမင်းတို့ရှေ့က Laptop ထဲသို့ File တွေမှတဆင့်ကြည့်နိုင်ပါတယ်..."






ကြသည်။

တွေဖြင့်"


"သူဘယ်သူလဲရှာစမ်း"

"ဟုတ်"



"ဒါဘာလုပ်တာလဲ...ဒါဘာလဲ"


"ဒါ...ဘာမခံလေးစားမှုလဲ..."



ဆူညံ သံတွေကြောင့်က

"တိတ်တိတ်နေပေးပါ"




"တိတ်ကြစမ်း..."



ပြောတာနားထောင်ပေးပါ"



Sugar Daddy
          (OR)
Daddyက ကျွန်တော့် အပိုင်

အပိုင်း 32

ရောင်စဉ် မထွက်သွားမှီမှာ Robot A က ရောက်စဥ်လက်ကိုဆွဲလိုက်သည်။

ရောင်စဉ် က လှည့်ကြည့်လိုက်သည်။

Robot Aက ရောင်စဥ် လက်ထဲကို ထည့်ပေးလိုက် Black card...

"ဒါက...ရောင်စဉ် အပိုင်လို့...ထင်တယ်"

ရောင်စဉ် က ပြုံးလိုက်သည်။ခေါင်းညှိမ့်ကာ သူယူလိုက်သည်။

ရောင်စဥ် ချက်ချင်း အီတလီကိုထွက်သွားရသည်။

ရောင်စဉ် နဲ့ Jack ပင်။

🍀🍀🍀🛫🛫🛫❤🛬🛬🛬🍀🍀🍀

အီတလီရောက်သည်နှင့် ရောင်စဥ် နဲ့ Jack လျို့ဝှက်ရှေ့နေ နဲ့တွေ့ဖို့စီစဥ်ခဲ့ကြသည်။

"Hello...Nice to meet you"

တစ်ယောက် နဲ့ တစ်ယောက်နှုတ်ဆက်ပြီးသည်နှင့် ထိုင်လိုက်ကြသည်။

"အရင်ဆုံး Mr.Min က သူတစ်ခုခုဖြစ်ရင်
သူရဲ့ပိုင်ဆိုင်သမျှအကုန်ကို ရောင်စဥ်ဖြာ ဆိုတယ့် သူဆီလွဲပေးခဲ့ပါတယ်...တဂယ်လို့သူမရှိရင် ယာယီအနေနဲ့ သူ့ရဲ့လူယုံ
Jack Richardson ကို လွဲပြောင်းပေးထားပါတယ်"

ရောင်စဥ် နဲ့ Jack က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ပြုံးသည်။

"ကျွန်တော်က Jack ပါ သူက
ရောင်စဉ်ဖြာပါ..."

"အင်း...သက်သေပြဖို့တော့လိုတယ်..."

"ခဏလေး ဓာတ်ပုံရှိတယ် ကျွန်တော်ကြည့်အုံးမယ်.. "

အရင်ဆုံး ရှေ့နေက ပုံကြည့်ပြီး သက်သေယူပြီးသည်နှင့်....

"ရပါပြီ...လက်မှတ်ထိုးပြီး အကုန်လွဲပြောင်းယူနိုင်ပါပြီ"

ရောင်စဥ် က လက်ကိုရပ်တန့်ကာဖြင့်

"ကျွန်တော် နောက်ထပ်စာချုပ်ထပ်လုပ်ချင်တယ်..."

"ဘာများလဲ... ကျွန်တော်ကူညီပေးပါ့မယ်"

"Mr.Min ပိုင်ဆိုင်သမျှကိုယာယီသာလွဲပြောင်းယူမယ်ဖြစ်ပြီး...Mr.Min ကျန်းမာရေး ပြန်ကောင်းသည်နှင့် အကုန်ပြန်လည်လွဲပြောင်းပေးချင်တယ်..အဲ့စာချုပ်လုပ်ချင်လို့"

"ရပါတယ် "

ဒီလိုနဲ့ ရှေ့နေနဲ့အတူ စာချုပ်ကို တရားဝင်လုပ်ပြီးသည် နှင့် ပိုင်ဆိုင်မှုတွေကို လက်မှတ်ထိုးသေချာဖတ်နေရတာ 1 နာရီကျော်ကြာသည်။အားလုံးကို 3 နာရီအတွင်းပြီးဆုံးသည်နှင့်နောက်....

"Jack ငါတို့ U.S.A ပြန်ရအောင်...."

"ဟုတ်ကဲ့...ကျွန်တော်...လေယာဉ် လက်မှတ်ဖြတ်လိုက်ပါ့မယ် "

"နေအုံး...ကိုကို့ ပိုင်ဆိုင်မှုတွေက ငါ့ဆီမှာမလား..."

"ဟုတ်ပါတယ်"

"သူ့မှာ ကိုယ်ပိုင်လေယာဥ်တော့ရှိတယ်
မလား"

"ရှိတယ်..."

"ခေါ်လိုက်လေ...သွားရအောင်"

ရောင်စဉ် တစ်ရေးတောင်မအိပ်က
သေးဘဲ ဆက်တိုက် ကမ္ဘာပတ်နေရသည်။

Jack ကတော့လေယာဥ်ပေါ်အိပ်ပြီးလိုက်လာခဲ့ပေမယ့် ရောင်စဥ် က ဆရာဝန် လေ စီးပွားရေး ရှယ်ယာကိစ္စတွေနားမလည်တော့... တစ်ချိန်လုံး လိုင်းပေါ်မှာ
လေ့လာရင်းလာခဲ့ရသည်။

"ရှုပ်လိုက်တာ...."

ဒီလိုနဲ့ United States အမေရိကန် နိုင်ငံရဲ့ Los Angeles (LA) မြို့ဝယ် တည်ရှိသည့် အာဏာ ရဲ့ ခမ်းနားထည်ဝါလှသည့် Company အရှေ့သို့ရောက်သွားခဲ့သည်။

ဘယ်တော့မှ ပြန်မလာဘူးလို့ လုပ်ထားခဲ့တာပါ...ဒီလိုပြန်လာရလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူး....ဒါပေမဲ့ တွန့်ဆုတ်ပြီး ကြောက်ရွံနေမိတယ်...သူဘာလုပ်ရမလဲသေချာမသိဘူး...ဘာပြောရမလဲ...

တစ်ကိုယ်လုံးတဆက်ဆက်တုန်အောင်ကြောက်နေမိသည်။

Jack က သတိထားမိကာ

"အဆင်ပြေရဲ့လား..."

"ပြေပါတယ်... "

တစ်ယောက် နဲ့တစ်ယောက်..ကြည့်ရင်း

"လုပ်နိုင်မှာပါနော်..."

"လုပ်နိုင်မှာပါ..."

ရောင်စဉ် နဲ့ Jack အရင်ဆုံး Company ထဲ ဝင်လိုက်သည်။

Sofia နဲ့ Emma က Jack ကို မြင်တော့

"Oh God.Jack...Mr.Min ရော အဆင်ပြေလား..သူတို့ MAM ရှယ်ယာနဲ့ ဒါရိုက်တာချုပ် အစည်းဝေးလုပ်တော့မယ်..."

Jack နောက်ကနေပြီး ရောင်စဉ် ထွက်လာတော့

"သူက...."

Sofai တို့ Emma တို့နဲ့မတွေ့တာကြာတော့ သိပ်မမှတ်မိချေ။

အရင်ဆုံးရုံးခန်းထဲဝင်ကာဖြင့် အကြောင်းစုံရှင်းပြလိုက်သည်။

"ရောင်စဉ် ပေါ့....ကောင်းတယ်"

Jack ကညသူတို့နှစ်ယောက်အားကြည့်ရင်း

"မင်းတို့က
အကုန်လုံးကိုခေါ်လိုက်တယ်ပေါ့"

Sofia က ပြောသည်။

"မခေါ်လို့မှမရတာ Mr.Min ပြီးရင် သူက ရှယ်ယာရှင် အကြီးအကဲပဲ..ဒီအစည်းဝေးကို Mr.Min သတင်းကြားပြီး 1နာရီကြာမှာ လုပ်ဖို့ဆုံးဖြတ်လိုက်ကြတာ....ငါတို့ငြင်းမှမရတာ အစည်းဝေးက မနက်ဖြန်
ညနေ 4 နာရီ..."

Emma က ပြောသည်။
"ဒါဆို အခု လွဲပြောင်းစာချုပ်တွေကိုအကုန်ဖြန့်ပြီး Media တွေနဲ့ကြေညာပြီး အစည်းဝေးဖျတ်လိုက်ကြမလား"

ရောင်စဥ် က စဥ်းစားရင်းခေါင်းခါကာ

"မဟုတ်ဘူး... သူတို့ အစည်းဝေးလုပ်ခိုင်းလိုက်...
မဖျတ်နဲ့ အကုန်ရှိတော့ ပိုကောင်းတာပေါ့
ငါ့ကိစ္စကိုလဲ အဲ့ရောက်မှ ကြေညာမယ်...အဲ့တာမှ ပိုထိရောက်မှာ"

"ဟုတ်ပြီ...ဒါဆို အရင်ဆုံး ဒါတွေကို...%$#$$##$%&*#%&@*"

ရောင်စဉ် ကြိုတင်ပြင်ဆင်မှုအချို့ကိုလုပ်ဆောင်စေသည်။ Sofia နဲ့ Emma ရောင်စဉ် ခိုင်းတယ့်အတိုင်းလုပ်ကြသည်။

"Jack မင်းကိုယ်ရံတော်တွေနဲ့ ငါစကားပြောမယ်"

Jack က ခေါင်းညှိမ့်ကာ သူ့ခန်ထားတယ့်ကိုယ်ရံတော်တွေဆီ Vd call ခေါ်သည်။

Vd call မှ တဆင့် အာဏာရဲ့bodyguard ခေါင်းဆောင်နဲ့ ရောင်စဉ် စကားပြောသည်။

"ကျွန်တော် ပြောတာနားထောင်.."

"ဟုတ်ကဲ့ "

"ဆရာဝန် Naeun က လွဲရင်...ဘယ်သူ့ကိုမှ အဝင်မခံဘူး....သန့်ရှင်းရေးလဲ အဝင်မခံသလို ဆေးရုံအုပ်တောင်အဝင်မခံဘူး နားလည်လား...."

"ဟုတ်ကဲ့..."

"မင်းတို့ Boss ရဲ့ ဝေယျဝစ္စကို
Robot A က ပြုစုလိမ့်မယ်..."

"ဟုတ်ကဲ့ "

"သေနတ်ဆောင်ထားပေးပါ....ဆေးရုံ မို့လို့ သတိထားပြီယူဆောင်ပေးပါ..."

"ဟုတ်ကဲ့..."

"သူတစ်ခုခုဖြစ်လို့ကတော့...မင်းတို့လဲ
မသက်သာဘူးမှတ်..."

"နားလည်ပါပြီ...ကျွန်တော်တို့ကိုသိတ်ချပေးပါ...Boss ဘာမှ မဖြစ်စေရပါဘူး.."

ရောင်စဉ် နဲ့ Jack တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းညှိမ့်လိုက်ကြသည်။

🍀🍀🍀🍀❤❤❤❤❤🍀🍀🍀🍀

ရောင်စဥ် ညမအိပ်ရသေးသည်မှာ 2 ရက်မြောက်ပင် ညကလဲ တစ်ညလုံး စီးပွားရေး အကြောင်းလေ့လာနေရသည်။

ဒီလောက်အချိန်အတွင်း လေ့လာလို့မရပေမယ့်အတတ်နိုင်ဆုံးကြိုးစားရမည်ပင်

အစည်းဝေးမစမှီရောင်စဥ် အိပ်ငိုက်တာမျိုးမဖြစ်အောင် ဦးနှောက်ရှင်းစေရန်
သုံးနာရီ အိပ်လိုက်သည်။

ရောင်စဥ် နိုးတော့ အကောင်းဆုံးအဝတ်တန်ဆာတွေအား Sofia နဲ့ Emma က ယူလာပေးသည်။

ရောင်စဥ် အရာအားလုံး အဆင်သင့်ဖြစ်ပြီးနောက်.........

သူတို့တွေလဲ

CEO ရာထူးအပြောင်းအလဲအတွက် စတင်ကျင်းပတော့သည်။

ရောင်စဥ် က သူ့ Laptop ကနေကြည့်ကာအချိန်ကောင်းစောင့်နေသည်။

MAM အစည်းအဝေး ရဲ့ cctv camera ကို အာဏာမှလွဲ၍ မည်သူမျှကြည့်ခွင့်မရပေ။ ရောင်စဉ် ကအာဏာရုံးခန်းက အာဏာLaptop ကိုအသုံးပြုနေချိန်ပင်။

အာဏာ က အကုန်လွဲပြောင်းထားတာပါရောင်စဥ်ဆီ သူမှာရှိသမျှ လျို့ဝှက်ကုတ်တွေပါမချန်။

သူတို့အစည်းဝေးစတော့ လွတ်လပ်
နေတယ့် ထိပ်ဆုံးက ခမ်းနားစွာရှိနေသည့်
ခုံလွတ်တစ်ခု

ထိုချိန် အစည်းအဝေး စသည်နှင့် ဒုတိယရှယ်ယာအများဆုံး Mr.Wang (ဝမ်) တရုတ်နိုင်ငံကပင်။

Mr.Wang က တည်ငြိမ်တယ့် အသံဖြင့်
.အစည်းဝေးသုံးမိုက်ဆီခေါင်းညွှန့်ကာ

"ဂုဏ်သရေရှိ ရှယ်ယာရှင်များနှင့်ဒါရိုက်တာချုပ်များ မင်္ဂလာပါ...
ဒီနေ့ခေါင်းစဥ်ကတော့ CEO ရာထူးအပြောင်းအလဲပါ....
ကျွန်တော်တို့ အရင် စမပြောမှီ screen လေးကို ကြည့်လိုက်ကြရအောင်..."

အကုန်လုံး က Screen ကိုကြည့်လိုက်သည်။

"ကျွန်တော်တို့ Company က မိနစ်တိုင်းပိုက်ဆံဝင်တယ့် company ပါ...အခုလို Mr.Min က ကျန်းမာရေး ထိခိုက်နေချိန် Company ရဲ့ခေါင်းဆောင်ရာထူးက လွတ်လပ်နေပါတယ်...ဒါဟာ မကောင်းပါဘူး...ကျွန်တော်တို့Company ဟာ ရိုးရိုး လေးမဟုတ်ပါဘူး...ဒါကြောင့် ယခုလောလောဆယ်မှာ...CEO ရာထူးနဲ့
အထိုက်တန်ဆုံးသူကို လိုနေပါတယ်"

ဆက်ပြောသည်။

"Mr.Min က အခုတလော ရှယ်ယာစျေးကွက်ကိုချုပ်ကိုင်ရာမှာလဲ အားနားလာတယ်လို့ မြင်တွေ့နေရပါတယ်....ဒါကြောင့်အခုလိုသူနေမကောင်းဖြစ်နေစဥ် သူလဲ အနားယူလို့ရအောင်.. ကျွန်တော် တို့ကူညီသင့်ပါတယ်...သူလဲ နှစ်တွေအများကြီးလုပ်ပေးခဲ့ရသလို စွမ်းရည် တွေလဲ ကျဆင်းလာတာကို မြင်တွေနေရပါတယ်.....ဒါကိုလူကြီးမင်းတို့ရှေ့က Laptop ထဲသို့ File တွေမှတဆင့်ကြည့်နိုင်ပါတယ်..."

အကုန်လုံးက File တွေကိုကြည့်ကာဆုံးဖြတ်ကြသည်။

"လက်ရှိမှာ ကျွန်တော် က Mr.Min ထက် ရှယ်ယာနှိမ့်ပေမယ့် နောက်သုံးရက်အတွင်းမှာ Mr.Min ထက်ရှယ်ယာများတော့မှာပါ...Mr.Min ကတော့ ကျန်းမာရေး ကြောင့်ဘယ်ချိန်မှနိုးထလာနိုက်မယ်ဆိုတာမသိနိုင်ဘူး..."

"ဒါဆို အခုရှေ့ကလွတ်နေတယ့်ခုံကို ကျွန်တော် က တာဝန်ယူလိုက်....."

ပြောမလို့ကျန်သေး ရုံးခန်းတံခါးပွင့်သွားကာ အဖြူရောင် Suit ဖြင့်လှပတင့်တယ်နေတယ့်နတ်သားလေးဟာ ငွေရောင်တောက်ပြောင်နေသောဖိနပ်ဖြင့်အထဲသို့ခေါင်းမော့ကာ တည်တည်ကြည်ကြည်ဝင်လာတော့သည်။

အနောက်ကနေ Jack နဲ့အတူ အာဏာရဲ့ အတွင်းရေးမူး နှစ်ယောက်က ပါလာသည်။

အကုန်လုံး က အံ့သြစွာဖြင့် ကြည့်နေ
ကြသည်။

"သူက ဘယ်သူလဲ ဆိုတယ့်...အသံ
တွေဖြင့်"

Mr.Wang က သူ့နောက်က အတွင်းရေးမူး ကိုကြည့်ကာ

"သူဘယ်သူလဲရှာစမ်း"

"ဟုတ်"

ရောင်စဉ် က ခပ်မိုက်မိုက်ဖြင့် အာဏာ ထိုင်တယ့် နေရာ ဖြစ်သလို အာဏာရှင်ထိုက်သည့်ဒီခုံပေါ်သို့ ထိုင်လိုက်သည်။

အကုန်လုံးမက်တပ်ရက်ကာ ကန့်ကွက်ကာအော်ကြတော့သည်။

"ဒါဘာလုပ်တာလဲ...ဒါဘာလဲ"

"သူဘယ်သူလဲ...လုံခြုံရေးတွေ..."

"ဒါ...ဘာမခံလေးစားမှုလဲ..."

"ဒါဘာတွေဖြစ်နေတာလဲ...ဘာတွေလဲ"

"သူကဘယ်သူလဲ...ဘာမို့လို့လဲ"

ဆူညံ သံတွေကြောင့်က

"တိတ်တိတ်နေပေးပါ"

ကောင်းကောင်းပြောပေမယ့် ဆူညံသံတွေက ထပ်တိုးနေသည်။

ရောင်စဥ် ဒေါသတွေထွက်ကာ...ခုံကို သူ့လက်နှစ်ဖက်ဖြင့် "ဗုန်း..." ခနဲ အကျယ်ကြီးရိုက်ကာ

မိုက်ကနေတဆင့်တစ်ခန်းလုံးလွှမ်းသွားအောင်အော်လိုက်သည်။

"တိတ်ကြစမ်း..."

အကုန်လုံး ကြောက်လန့်ကာ ငြိမ်ကြသွားသည်။

Mr.wang က စကားပြောဖို့ စမလို့မိုက်ရှေ့ခေါင်းတိုးရုံရှိသေး ရောင်စဥ် မျက်လုံး ကိုရောက်လာကာ

"ပါးစပ်ပိတ်ပြီး.....ကျွန်တော်
ပြောတာနားထောင်ပေးပါ"

အပိုင်း 33 Comming Soon....

နောက်အပိုင်း နည်းနည်း နောက်ကျမည်။

Continue Reading

You'll Also Like

3M 180K 115
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
364K 34.8K 101
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
9.5K 344 44
နာကျင်မှုတွေက ငါတို့နှစ်ယောက်ကြားက ပေါင်းကူးတံတားတစ်စင်းဘဲ။
17.7K 1.2K 47
***ကြမ္မာညွှန်ပြ​​သော အချစ်*** (Fancy/Drama) အရှိန်အဝါရှိ​သော မျိုးရိုးမှ ​မွေးဖွားလာခဲ့သူ..Mew ဘ၀မှာ ​ငွေ​ကြေး စီးပွား​ရေး..ချစ်သူ ...အစစအရာရာရှိပြီ...