PART 14

2.7K 151 6
                                    

Sugar Daddy
          (OR)
Daddyက ကျွန်တော့် အပိုင်

အပိုင်း 14

အာဏာ ကိုယ်ပိုင် လေယာဥ်ဖြင့် ချက်ချင်းပြန်လာတော့သည်။

လေယာဥ်စိုက်သည်နှင့် စိုးရိမ်လွန်းလို့
ဘာများဖြစ်ပြီလဲ အတွေးနဲ့တင် ရူးနိုင်သည်။

ခြေလှမ်းကျယ်ကြီးတွေနဲ့ လျှောက်လာတော့ Jack နဲ့ secretary မလေးတွေ ကိုယ်ရံတော်တွေတောင် အနောက်ကနေ မနည်းပြေးလိုက်ရသည်။

အရှေ့ဝယ်လအဆင်သင့်ရောက်နေသည့်  အာဏာရဲ့ ပြိုင်ဘက်ကင်း ပြိုင်ကား

ဒီလို ပြိုင်ကားက ဘယ်မှာမှဝယ်မရ
သလို အာဏာ ရဲ့ ကား company ကနေ သီးသန့်ထုတ်လုပ်ထားသည့်ကားပင်။

ချက်ချင်းပြိုင်ကားကိုအရှိန်ပြင်းစွာမောင်းသွားတော့သည်။

ဆေးရုံကို 7မိနစ် အတွင်းပင်ရောက်သွားခဲ့သည်။

ဆေးရုံသို့ရောက်သည်နှင့်....Bill က အာဏာအား ဆေးရုံဝင်ပေါက်ဝယ်စောင့်နေသည်။

"ရောင်စဉ် ဘယ်မှာလဲ"

Bill က အာဏာ အားလမ်းပြပေးသည်။

အာဏာက Vip အခန်းထဲသို့ရောက်မှသာ ကုတင်ပေါ်မှာ မုန့်ထိုင်စားနေသည့်အကောင်းတိုင်းရောင်စဥ်ကိုတွေ့လိုက်ရသည်။

ချက်ချင်းအာဏာ ရောင်စဥ်ဆီပြေးသွားလိုက်သည်။

ရောင်စဉ် တောင် အာဏာ ကိုမြင်တော့အံ့သြ သွားရသည်။

"ကိုကို...."

"ဘာဖြစ်သွားတာလဲ.... နာနေသေးလား..ဘာဖြစ်သေးလဲ..."

"ရောင်စဉ် ဘာမှ မဖြစ်ပါဘူး..ကိုကိုရယ်..ကိုကိုသာ ဘယ်လီုလုပ်ရောက်လာတာလဲ..."

"သတင်းကြားချင်း ထွက်လာခဲ့တာ..."

"အော်...ကိုကို ပင်ပန်းရောပေါ့"

"ဒါနဲ့...ရောင်စဥ် ကားကိုညဘယ်သူတိုက်တာလဲ...Bill နဲ့မသွားဘဲ..James နဲ့သွားတယ်ဆို...ဘာကားက ရောင်စဉ် စီးနေတယ့်ကားကို လာတိုက်ရဲတာလဲ.."

အာဏာ ဒေါသကြီးစွာဖြင့် မေးလိုက်သည်။

ဒီတော့ ရောင်စဥ်က မချိုမချဥ် ပြုံးပြပြီး

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now