PART 16

2.6K 150 9
                                    

Sugar Daddy
          (OR)

အပိုင်း 16

John က သူ့ရဲ့ အစီစဉ်တစ်ချို့ကို
ရေးဆွဲလိုက်သည်။

"ဒါမျိုးမှပေါ့...."

"ငါရောင်စဉ်ကိုမရရင် ဘယ်သူမှ မရစေရဘူး သူ့ကို ငါရအောင်ယူမှာ..."

John ကိုယ့်ကိုပြောနေမိသည်။

❤~~~~~~~~~~~♥

ဒီနေ့ ရောင်စဉ် လဲ​ ကျောင်းမသွားဖြစ်ဘူး
အာဏာလဲ အလုပ်မသွားဘဲ သူ့ကလေးဘေးမှာနေပေးခဲ့သည်။

ရင်ခွင်ထဲမှာ တစ်ရေးအိပ်ပြီး နိုးလာတော့ သူ့ကိုကို စာအုပ်ဖတ်နေသည်။

ကိုကို ရဲ့ ရင်ခွင်ကြီးကဘယ်လောက်ကျယ်လဲဆိုရင်....ရောင်စဉ် ခန္ဓာကိုယ်လေးက ကိုကို့ရင်ခွင်ထဲမှာဆို ကြောင်လေးလောက်ပဲရှိတော့တာ

ကိုကို့ရင်ခွင်က ရောင်စဉ်အတွက်

စောင်ခြုံစရာမလိုဘဲ အနွေးဓာတ်လဲရတယ်
မွေ့ယာမလိုဘဲ သက်တောင့်သက်သာ ရှိတယ်
ဖတ်လုံးမလိုဘူး ကိုကိုရဲ့လက်မောင်းပဲဖတ်လို့ကောင်းတယ်
ခေါင်းအုံးလဲမလိုဘူး ကိုကို့ ရင်အုပ်က
ပိုပြီးအိပ်လို့ကောင်းတယ်

"ရောင်စဉ် နေရတာ အဆင်ပြေရဲ့လား"

ကိုကိုကမေးလိုက်တော့ ရောင်စဉ် ကိုတွေးရတော့သည်။

ကိုကို ကသာ လက်တစ်ဖတ်တည်းနဲ့ စာအုပ်ကိုဖတ်နေရတာ

သူကဖြင့်ရင်ခွင်ထဲမှာ လက်မောင်းကိုဖတ်ပြီအေးဆေးအိပ်နေခဲ့တာ

"အဆင်ပြေပါတယ်...ကိုကို မညောင်းဘူးလား..."

အာဏာ က ရယ်ကာ

"ညောင်းတာပေါ့..မင်းက ဝက်ပေါက်လေးဖြစ်လာပြီ "

ရောင်စဉ် မျက်လုံးတွေ အိပ်ချင်မူးတူးဖြစ်
တာတောင်...ပြေသွားသည်။
နှုတ်ခမ်းလေးဆူကာ
"ကိုကို...ရောင်စဉ်... မဝ ပါဘူးနော်"

အာဏာက ခေါင်းလေးညှိမ့်ပြကာ
"မဝ ပါဘူး ဝက်ပေါက်လေးရဲ့."

ရောင်စဉ် သူ့ကိုကို ရင်ခွင်ထဲကထလိုက်သည်။
ဒီတော့ အာဏာ က သူ့ခေါင်းကိုညောင်းလို့ ဟိုလှည့်ဒီလှည့်လုပ်လိုက်က် ခါးကိုလှည့်လိုက်ဖြင့်..ဇာတ်ချိုးလိုက်လုပ်ပြတော့.

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now