PART 13

2.8K 144 4
                                    

Sugar Daddy
          (OR)
Daddyက ကျွန်တော့် အပိုင်

အပိုင်း 13

သိချင်သိ မသိချင်နေ အရင်ဆုံး ကျွန်တော်လုပ်သင့်တာ ကို လုပ်ရမယ်

"သိလဲသိဗျာ...ဆွဲကြိုးပြန်ပေး"

"ပေးပါ့မယ်..မင်းနာမည်လေးပြောပါအုံး"

"မပြောချင်ဘူး.."

"မပြောရင် မပေးဘူး "

"ရောင်စဥ်ဖြာ..... "

"ခနနေပါအုံး.... မင်းနာမည်က ဘာ ဘာသာစကား လဲ "

"ဘယ်ပဲဖြစ်ဖြစ်ပေါ့.....ပေးတော့"

"ရော့...."

John က လှမ်းပေးတော့ ရောင်စဥ်က လှမ်းယူလိုက်သည်။

ပြီးတော့ ထွက်သွားမည့်ဆဲဆဲဝယ် လက်ကိုလှမ်းဆွဲလိုက်သည့် John ကြောင်​့ ရောင်စဥ် လန့်သွားရသည်

"လွှတ်..."

"ခဏလေး...ငါမင်းကိုခင်လို့ရမလား"

"မရဘူး...နောက်ခါ လာမပတ်သတ်နဲ့"

ပြောကာ ထွက်သွားတော့သည်။

John က ဒါမျိုးကိုမှကြိုက်နှစ်သက်သူပင်။ ဘယ်မိန်းကလေး ဘယ်ကောင်လေးငယ်ငယ်မှ မငြင်းနိုင်တဲ့သူ့ကို ဒီလိုကောင်လေးက ငြင်းတော့ ပိုပြီးသဘောကျတယ်

"ငါက ခတ်ခတ်ခဲခဲ ယူရတာကိုပိုသဘောကျတယ်"

❤~~~~~~~~~~~~~~♥

နောက်ဆုံးတော့ ကျောင်းလည်းပြန်ဖွင့်ကာ ပြန်တတ်ကြရပြန်သည်။

"WoW..ကျောင်းပြန်ဖွင်​တော့ကောင်းလိုက်တာ"

"ဟုတ်တယ်နော်..."

သူငယ်ချင်းနှစ်ယောက်ပြန်ဆုံတုန်းမှာပဲ James ရောက်လာပြန်သည်။

"Hi...ရောင်စဉ် "

"Hi James....နင်ငါ့ကိုလက်မလျော့သေးတာလား"

"ဟုတ်တာပေါ့ "

"ထားလိုက်ပါတော့... နင်လိုက်နေလဲ အပိုပဲ...ငါ့မှာ ရှိပြီးသား"

"တော်ပါ...ငါချစ်တာ သိရင် ရပြီ
အတင်းပြန် ချစ်စရာမလိုဘူး..."

"အင်းပါ..."

"ဒါပါပဲ...ကျောင်းဖွင့်ခြင်း မင်းမျက်နှာလေးကြည့်ချင်လို့လာတာ...ငါသွားတော့မယ်နော်..ငါ့အတန်းရှိသေးတယ်"

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now