Sugar Daddy
(OR)
Daddyက ကျွန်တော့် အပိုင်အပိုင်း 7 ❤❤❤❤
PARTY ပွဲသို့ရောက်သည်နှင့် အရှေ့ဝယ် media များက ဓာတ်ပုံတွေတဖြတ်ဖြတ်ရိုက်တော့ ရောင်စဥ် ကြောက်ကြောက်နဲ့ အာဏာ လက်မောင်းကို ဖတ်ကာထားသည်။
"ကြောက်နေတာလား "
"........"
နောက်ဆုံးတော့ အဆင်ချောချောနဲ့အထဲသို့ရောက်သွားခဲ့သည်။
အကုန်လုံးရဲ့ အာရုံစိုက်မှုကို ရထားတယ့် အာဏာ နဲ့ရောင်စဥ် ပြီးတော့ ဘေးဝယ် ကိုယ်ရံတော်အချို့နဲ့ jack က ရှိနေသည်။
"Wow ပွဲ ကအကြီးကြီပဲ..."
ဟုတ်ပါတယ် ။ အရမ်းကိုခမ်းနားကြီးကျယ်တယ့် ပွဲ ကြီး ပါ ကလို့ရတဲ့နေရာအကျယ်ကြီးရှိပြီ။ VIP တွေနေတဲ့ နေရာတွေက တစ်နေရာ ရေဗန်းအကြီးကြီးတွေနဲ့ ရောင်စုံမီးများထွန်းထားတယ့် လှပပြီးခမ်းနားလှတဲ့ Party ပွဲ ကြီးပင်။
PARTY ဝယ်ရှိတယ့်လူများဟာလဲ
လှပတင့်တယ်လှတဲ့သူများပင်။ Cinderella ကားထဲက မင်းသားလေးရဲ့ ကပွဲ ကျင်းပနေသလိုပါပဲ။"Hello Mr.Min "
ထိုချိန်မှာပဲ အရပ်ရှည်ရှည်ခပ်ချောချော လူကြီး သူ့ကြည့်ရသည်မှာ အသက် 50
ဝန်းကျင်လောက်ရှိသည်။ဒါပေမယ့် သူကြည့်ရသည်မှာ ခပ်ချေချေ ပင်။"Hi..."
အာဏာ ခပ်ပျော့ပျော့အသံဖြင့်
ပြန်ဖြေလိုက်သည်။ထိုလူကြီးက ကျွန်တော့်ကိုကြည့်ကာ
"သူလေးက..."
"ကျွန်တော့်ရဲ့ ညီပါ "
"အော်....."
သူက ကျွန်တော့်အားသေချာကြည့်၍
"မိန်းကလေးထင်တာ
ယောကျာ်းလေးကို"ဒီချိန်မှာပဲ အာဏာ က မျက်မှောက်ကြုံကာ ရောင်စဥ်ကို ဖတ်ထားလိုက်ရင်း
"ယောကျာ်းလေးပါ....အရမ်းမကြည့်ပါနဲ့
ကျွန်တော်မကြိုက်ဘူး"ဒီလို တည့်ပြောလိုက်တော့ ထိုသူက ခပ်ဟဟရယ်လိုက်ပြီး
"Mr.Min တို့ကတော့ တည့်ပဲနော်..တောင်းပန်ပါတယ်... လှတော့ကြည့်မိသွားတာပါ... "