PART 3

4.6K 238 17
                                    

Sugar Daddy
          (OR)
Daddyက ကျွန်တော့် အပိုင်

အပိုင်း 3 ❤❤❤❤

အပန်းဖြေအိမ်ယာသို့ရောက်သည့်အခါ
WoW ဆိုပြီး အံသြနေသည့် ကိုယ်တော်ချောလေး အားကြည့်ကာ

"ဘာဖြစ်လို့လဲ ဒီအိမ်က ဘာဖြစ်လို့လဲ"

အာဏာ ပြောသည်ပင် မကြား အိမ်ထဲ ပြေးဝင်သွားသည်။

"ဘယ်လိုကလေးလဲ "

အာဏာ အိမ်ထဲသို့ ဝင်သွားသည်။ ကျယ်လွန်းလှသည့် ဧည့်ခန်းဝယ် မှန်တွေဖြင့်ကာရံထားသည့် မှန်နံရံ ပြင်အား ကြည့်ကာ တအံ့တသြပင်။

သူထိုသို့ ငေးနေချိန် အာဏာ တစ်ယောက် အလွန်ပူနေသဖြင့် အပေါ်ဝတ်ကုတ်တွေချွတ်ကာ အကျီကြယ်သီးတွေအားအကုန်ဖြုတ်လိုက်သည်။

ရောင်စဥ်လှည့်ကြည့်လိုက်ချိန် သူမြင်နေသည် အပေါ်ဝတ်တစ်ခုသာရှိသည့်အာဏာ မထင်မှတ်စွာ ပေါ်နေသည် ကြွက်သား များဟာ သေချာမမြင်ရပေ
မယ့် တတွေးမျိုချမိလိုက်သည်။

ခန္ဓာကိုယ်တစ်ခုလုံး အပြစ်ပြောစရာမရှိစွာ တံတိုင်းကြီး တစ်ခုလို ခိုင်ခံပြီး သံမဏိလို သန်မာသည်။

"အကြီးကြီးပဲ... "

အာဏာ အံ့သြသွားသည်။ ရောင်စဥ်
ကြည့်နေသည့်နေရာကို သူ့ကိုယ်သူခေါင်းငုံကြည့်ကာ

"ဘာကို ပြောတာလဲ "

ရောင်စဥ် အကြည့်တွေလွဲကာ မသိသလိုဆောင်လိုက်သည်။

"ဟို...အိမ်ကို ပြောတာ "

"အိမ်ကိုလား.....ရောင်စဥ်
ရဲ့အခန်းကို ကိုကို လိုက်ပြမယ် "

အာဏာ က ရောင်စဥ်ကို လိုက်ပြခဲ့သည်။
ပြီးတော့ လိုအပ်လျှင် သူ့အားခေါ်နိုင်အောင် ထပ်ပြီး သူ့အခန်းကို ညွှန်ပြသည်။

"ကိုကို့ အခန်းက ဟိုမှာနော်.."

"အင်း...ကိုကို"

"ရောင်စဥ် နားတော့နော်..."

"အင်း...ကိုကို "

ရောင်စဥ်တံခါးကို ပိတ်ကာ ရေအရင်ချိုးဖို့ပြင်ဆင်လိုက်သည်။

ရောင်စဥ်​ စိတ်ပျော်စွာ တရေးရေး လို့အော်ကာ ရေအရင်ချိုးလိုက်သည်။

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now