PART 21

2.3K 142 9
                                    

Sugar Daddy
          (OR)

အပိုင်း 21

"နောက်ဆုံး အနမ်း...ဘယ်တော့မှ
ထပ်မရတော့ဘူး...ဆိုတာ မှတ်ထား
ပေးပါ"

ရောင်စဉ် လှည့်ကာ ထွက်သွားခဲ့သည်။

ဒီမြင်ကွင်းကို အစဆုံးမြင်သွားသည့် Han ဖြစ်သလို
Han တစ်ချိန်လုံးနောက်မှာရှိနေတာကို
သိနေသည့် အာဏာ

အာဏာ ခေါင်းရှုပ်စွာ ဖြင့်အနောက်သို့ပြန်လှည့်လာသည်။

❤~~~~~~~~~♥

ဆိုင်တစ်ဆိုင် အာဏာ နဲ့ AJ နဲ့ အတူထိုင်နေသည်။

အာဏာ စိတ်ရှုပ် တိုင်းလာတဲ့ဆိုင် ရူခင်းလဲကောင်းတယ်...စိတ်လဲ ငြိမ်းတယ်

သူငယ်ချင်းဖြစ်သူ AJ က သူ့သူငယ်ချင်းကိုကြည့်ကာပြောလိုက်သည်။
"အာဏာ မင်းဘာဖြစ်နေတာလဲ...ဘာတွေဖြစ်ထားလဲ... ငါဘာကူညီရမလဲ"

အာဏာ သက်ပြင်းချကာပြောသည်။
"ဘာလို့ လူမှုရေးကိစ္စတွေ အချစ်ရေးကိစ္စတွေက ဘာလို့...စီးပွားရေးကိစ္စထက် ရှုပ်ထွေးနေရတာလဲ...."

"ဒါကတော့ လူ့သဘာဝပဲလေကွာ...
လူနဲ့လူ ကိစ္စလောက် ဘယ်ကိစ္စကမှရှုပ်မထွေးဘူး...လူနဲ့စီးပွားရေး.လူနဲ့ပညာရေး ဒါမျိုးတွေကို လူတွေက ကြိုးစားရင်း အနိုင်ရပေမယ့်....လူနဲ့လူ ချင်းကတော့
နှစ်ဖက် စလုံးက ကြိုးစားနေမှာမို့...မင်းဘယ်လိုမှ မရုန်းနိုင်ဘူး..."

အာဏာ က စိတ်ရှုပ်စွာပြန်ပြောသည်။
"ငါအခု...ဘာဆက်လုပ်သင့်လဲ.. ငါအရမ်းစိတ်ရှုပ်နေပြီ...."

"ဒီမှာ သူငယ်ချင်း... ငါပြောချင်တာကတော့...မင်းလုပ်စရာရှိတာကိုလုပ်...
မင်းဦးနှောက်..မင်းထင်တာကိုလုပ်.."

"ဟူး.....ခတ်ခဲလိုက်တာ....ငါအခုတလေည Company ကိစ္စတွေ သိပ်ပြီးလုပ်နိုင်မှာ မဟုတ်လို့...မင်းကူညီပေးပါလား"

"အင်း...ငါတာဝန် ထားလိုက်..
မင်းအစည်းဝေးပဲ ပုံမှန်တတ်ပေး.."

"ကျေးဇူးပဲ..."

🚨🚨
(အာဏာ က ပိုပြီးစိတ်ရှုပ်လာတတ်ပြီး ကြောက်ရွံလာပြီး ဘယ်ဟာကိုဆုံးဖြတ်ရမလဲ
သူမဝေခွဲနိုင်ဖြစ်လာတာကိုမြင်နေရတယ်
ဘာလို့လဲဆိုရင် အာဏာက ငယ်စဉ်ကတည်းက တစ်ယောက်တည်းနေလာသူပင်
သူကနေ ချစ်ရမယ့်သူ ဂရုစိုက်ပေးရမယ့်သူ တစ်ခါမှမရှိဘူးပဲ ဘဝမှာ ပထမဆုံးအကြိမ်ဂရုစိုက်ရမယ့်သူ ချစ်ရမယ့်သူ
ပေါ်လာတယ့်အချိန်သူဘယ်လိုပြုမူရမလဲနားမလည်တော့တာပါ....ပြီးတော့သူချစ်နေတယ့်သူကယောက်ျားလေးဖြစ်နေချိန်ပိုရှုပ်ထွေးနေပါတယ်...သူက လူမှုရေးကိစ္စတွေနဲ့ဝေးကွာနေသူမို့...ဒါမျိုးတွေသူ့ဘဝမှာဖြစ်လာတယ့်အချိန်..သူအများကြီးတွေးရပါတယ်...တစ်ဖက်က ကျွမ်းကျင်တယ့် စီးပွားရေးကိစ္စကိုဦးစားပေးရသလို..တစ်ဖက်က မကျွမ်းကျင်
တယ့် အချစ်ရေးကိစ္စကိုလဲ ကြည့်နေရတာပါသူ့နေရာမှာ ငါတို့သာဆို ရူးနိုင်ပါတယ်နော်)🚨🚨

Sugar Daddy (or) Daddy ကကျွန်တော့်အပိုင်Where stories live. Discover now