Unicode
မယ်တော်ကြီး၏တိုက်စစ်
______________________
အရီးတော်၏ ခဲအိုဟောင်းဖြစ်သူ သျှသိမြို့စားသည် လွန်ခဲ့သောလေးနှစ်ကျော် နန်းသိမ်းသည့်ကိစ္စ ပြီးစီးကတည်းက နိုင်ငံ့သစ္စာဖောက်မှုဖြင့် သေဒဏ်ပေးအပ်ခြင်းခံလိုက်ရသူ ဖြစ်သည်။
ထို့ကြောင့် သူအပိုင်စားရခဲ့သော သျှသိမြို့ကို မြို့စားအသစ်လက်ထဲ အပ်နှံလိုက်ရလေသည်။
ထိုမြို့စားအသစ်မှာ တခြားသူမဟုတ်။ နန်းတော်ကိုပြန်သိမ်းရာတွင် မင်းသားဘရဏသူဘက်မှ တိုက်ခိုက်ပေးခဲ့သည့် တပ်မှူးစိတ္တပင်ဖြစ်၏။
တပ်မှူးစိတ္တသည် ကျိန်စာနှင့် အင်းအိုင်ကွက်များကို အလွန်တရာကျွမ်းကျင်သူဖြစ်ပြီး မှော်နက်စွမ်းအင်များအကြောင်းကိုလည်း နှံ့စပ်သူတစ်ယောက်ဖြစ်သည်။ မြားရေးတွင်လည်း အတော်ဆုံးလေးသည်တော်ထဲ တစ်ဦးအပါအဝင်ဖြစ်၏။ တပ်မှူးစိတ္တနှင့် ယုဂန်သည် သန္နီးစစ်ပွဲတုန်းက တွေ့ဆုံခဲ့ကြရာ အထိုက်အလျောက်သိကျွမ်းခဲ့ကြသည်။
အသက် ၃၅ နှစ်မျှရှိပြီဖြစ်သော တပ်မှူးစိတ္တသည် လူပျိုကြ်ီးတစ်ဦးဖြစ်သလို အနေအေးပြီး၊ လိုအပ်မှသာ စကားပြောသောသူဖြစ်မှန်း တပ်မှူးစိတ္တနှင့်တွေ့ဆုံစဉ်အခါက ယုဂန်ကောက်ချက်ချမိသည်။ သူဟာ အတိုက်အခံဆွေးနွေးသည်မျိုးမပြုတတ်ဘဲ သူ၏ထင်မြင်ချက်၊ ယူဆချက်များကို တစ်ဖက်လူနားလည်အောင် လေသံအေးအေးနှင့်ရှင်းပြတတ်လေ့ရှိသည်။ ထို့ကြောင့် တပ်မှူးစိတ္တကို စိတ်ခုသူ၊ အမြင်မကြည်သူဟူ၍ နန်းတွင်း၌မရှိပေ။
ထိုကဲ့သို့သော သျှသိမြို့စားအသစ် တပ်မှူးစိတ္တသည် တန်ခူးလကုန်၍ ကဆုန်လသို့ အကူးအပြောင်းကာလ၌ မင်းသားအရုဏနှင့်လာရောက်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် လက်ဆောင်ဘဏ္ဍာများ ဆောင်ကြဉ်းလာကာ မင်းသားအရုဏ၏လုပ်ဆောင်ချက်များကို ထောက်ခံကြောင်း၊ စိတ်ဓာတ်နှင့်ခံယူချက်များကို လေးစားကြောင်း စသဖြင့် လေသံအေးအေးနှင့် ချီးမွမ်းစကားဆိုသည်။ နောက်ဆုံးတွင် မင်းသားအရုဏ၏လက်အောက်သို့ ဝင်ရောက်လိုကြောင်းပါ ပြောလေသည်။ သစ္စာရေတိုက်ကျွေးသောအခါတွင်လည်း တုံ့ဆိုင်းခြင်းမရှိ သောက်သုံးသည်။
ဤသို့နှင့် သျှသိမြို့စားမင်းစိတ္တဟာ မင်းသားအရုဏ၏သစ္စာခံဖြစ်လာသည်။ ထို့ကြောင့် သျှသိမြို့ဟာလည်း အရုဏ၏အာဏာစက်ကွင်းအောက် အလိုလိုရောက်ရှိလာသည်။
ကဆုန်လဆန်း ၃ ရက်နေ့တွင် အရုဏလက်အောက်တွင်ရှိသော မြို့သုံးမြို့ကို ဘုရင်ဘရဏသူ၏သစ္စာခံတပ်ဖွဲ့များ လာရောက်တိုက်ခိုက်သည်။
သည်တစ်ခါတွင် တစ်ဖက်ရန်သူက ဗြုန်းစားလာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ရည်များသာမက ဗျူဟာများကပါ ပြင်းထန်၍အကွက်ကျစေ့စပ်နေသည်။
ကြားရသော မှန်ကန်သည့်သတင်းအရ ယခု ဥတ္တရနိုင်ငံကို စီမံအုပ်ချုပ်နေသူမှာ ဘုရင်ဘရဏသူမဟုတ်။ မယ်တော်ကြီးပဉ္စမာယာက အာဏာယာယီလွှဲပြောင်း၍ ဘုရင်မအဖြစ်အုပ်ချုပ်နေသည်ဟု သိရသည်။
မယ်တော်ကြီး အုပ်ချုပ်နေသည်ဟူသောသတင်းမှာ ပေါ့သေးသေးထင်မှတ်၍ မရသောသတင်းပင်။ မယ်တော်ကြီး၏ အကွက်မြင်မှု၊ စေ့စပ်မှု၊ ထက်မြက်မှုတို့ကို တခြားသူများထက်ပို၍ မြင်ခဲ့ရသည့် အရုဏနှင့်ယုဂန်တို့သည် ရန်သူ၏တိုက်စစ်များကို ပြန်လည်ခုခံရန် သေသေချာချာဆောင်ရွက်ရတော့သည်။
မင်းကြီး ဘရဏသူက တွန့်သည်။ ရွံ့သည်။ မြင်သာအောင်ထုတ်ပြခြင်းမဟုတ်သော်လည်း အမှားပါမည်ကို ကြောက်သောစိတ်အခံရှိသဖြင့် ဆုံးဖြတ်ချက်ချရာတွင် တုံ့ဆိုင်းသည်။
သို့ရာတွင် မယ်တော်ကြီးက ထိုသို့မဟုတ်။ သူမက ဝံ့သည်။ ရဲသည်။ သူမ၏အကြံအစည်အပေါ် ယုံမှား သံသယမရှိနိုင်အောင် အစကတည်းက ပြီးပြည့်စုံနေအောင် ပြင်ဆင်ထားတတ်သည်။ အကယ်၍ ပြင်ဆင်ထားသည့်ကြားမှ အမှားအယွင်းတစ်စုံတစ်ရာဖြစ်တည်သွားပါကလည်း ချက်ချင်းပြုပြင်နိုင်သည့်ဉာဏ်မျိုး မယ်တော်ကြီးပဉ္စမာယာထံတွင်ရှိသည်။
ဤသို့နှင့် အရုဏသည် သူ၏ဩဇာခံနယ်မြေများ တစ်ဖက်ရန်သူ့လက်ထဲမပါသွားအောင် ခံစစ်ကို ခိုင်မြဲအောင် ဆောက်တည်ရတော့သည်။
ထိုအခြင်းအရာနှင့်ပင် ပတ်သက်ပြီး တပ်မှူး၊ စစ်မင်းမင်းကဲများနှင့် အုပ်ချုပ်ရေးပိုင်းမှလူများကို အစည်းအဝေးအခေါ်ရှိသည်။
ထိုအစည်းအဝေးပွဲကို တမာပင်မြို့တွင် အဆောတလျင်ကျင်းပလိုက်ခြင်းဖြစ်ပြီး တပ်မှူးစိတ္တနှင့် တမာပင်မြို့၏စီးပွားရေးကို ခြယ်လှယ်သူ ရှင်ထွေးလည်း ပါဝင်သည်။
ထိုအစည်းအဝေးပွဲကို ညနေခင်းတစ်ခင်းလုံးကျင်းပ၍ စစ်ပွဲနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများစွာပြုလုပ်ခဲ့သည်။ အစည်းအဝေးပြီးသော် တပ်မှူး၊ စစ်ကဲနှင့် အုပ်ချုပ်ရေးပိုင်းမှလူများ တဖွဲဖွဲပြန်လည်ထွက်ခွာသွားကြသည်။
အားလုံးထွက်ခွာပြီးမှ နောက်ဆုံးကျန်သောရှင်ထွေးသည် မင်းသားအရုဏကို ဂါရဝပြု၍ အဆောင်ထဲမှထွက်လာ၏။ အဆောင်တံခါးဝသို့ရောက်ချိန်တွင် သူမသည် မင်းသားအရုဏကို လည်ပြန်လှည့်၍ကြည့်မိသည်။
မင်းသားအရုဏသည် သူ့ဘေးရှိ အမတ်ယုဂန်နိုင်ကို စောင်းကြည့်နေ၏။ တစ်နည်း သူ၏ကြင်ယာတော်ကို ဖျော့မှိန်သောမျက်ဝန်းများနှင့် မမှိတ်မသုန်ငေးကြည့်နေသည်။
စစ်ရေးဗျူဟာများချမှတ်စဉ်အခါက မင်းသားအရုဏ၏ ရဲရဲတောက်နေသောမျက်ဝန်းများနှင့် ကြင်ယာတော်ကိုကြည့်သောအခါ ဖြစ်တည်သော နူးညံ့သည့်မျက်ဝန်းများသည် မြင်လိုက်ရုံနှင့်တင် ကွာခြားမှန်းသိသာလွန်းသည်။
ယုဂန်အပေါ် ရှုမြင်သော အရုဏ၏ချစ်ခင်ကြင်နာသောအကြည့်၊ ယုဂန်၏ပခုံးကို အသာအယာဖက်လိုက်သောညင်သာခြင်းများသည် ရှင်ထွေး၏ရင်ကိုစူးအောင့်သွားစေသည်။
အမတ်ယုဂန်နိုင်က သူ၏နားထင်ကို လက်ညှိုးဖြင့်ဖိချေနေသည်။ မျက်မှောင်ကြုတ်ထားပုံအရ ယုဂန်နိုင်ဟာ နေထိုင်၍ကောင်းပုံ မရှိပေ။
"ခေါင်းကိုက်လို့လား"
အရုဏ နူးညံ့သောအသံဖြင့်မေးသည်။
ထို့ကြောင့်လည်း ကြမ်းကြုတ်လှပါသည့် ရက္ခမင်းသားဟုအမည်တွင်သော မင်းသားအရုဏသည် ကြင်ယာတော်ကိုမူ အလွန်တရာချစ်မြတ်နိုးသဖြင့် အသံတောင်မြှင့်၍မပြောကြောင်း လူအများက ပြောဆိုခြင်းဖြစ်ရမည်။ ရှင်ထွေးကတော့ ထိုသို့ မင်းသားအရုဏ၏ ကြင်ယာတော်အပေါ် မည်မျှချစ်ခင်မြတ်နိုးကြောင်း ပြောဆိုနေပါလျှင် ထိုစကားဝိုင်းကနေ ရှောင်ထွက်သွားတတ်သည်။ သို့ထိတိုင် သူမရင်ထဲနာကျင်နေတုန်းပင်။
"ခဏလေးသွားအိပ်နေလိုက်။ မောင် စောရံကို ဆေးကြိုခိုင်းထားလိုက်မယ်။ ပြီးတာနဲ့ ယုဂန်ကိုနှိုးပြီးတိုက်မယ်"
ယုဂန်ကိုကြည့်လျက်ပြောနေသော အရုဏ၏အသံတွင် ဂရုစိုက်ခြင်းများစွာပါဝင်နေသည်။
အရုဏဟာ ဂရုစိုက်တတ်သော ခင်ပွန်းသည်ဖြစ်ကြောင်း ရှင်ထွေးသိပါသည်။ သူဟာ တာဝန်ယူတတ်သောသူမျိုးဖြစ်သဖြင့် အမတ်ယုဂန်နိုင်မှမဟုတ်ဘဲ သူ၏နောင်လာလတ္တံ့သော ကြင်ယာတော်တိုင်းကိုလည်း ဂရုစိုက်ပေးလိမ့်မည်ဟု ရှင်ထွေး ထင်မှတ်မိသည်။ ဂရုစိုက်ပေးဖို့ ချစ်ခြင်းမေတ္တာ မရှိမဖြစ်လိုအပ်သည်မှ မဟုတ်ဘဲလေ။ မင်းသားအရုဏက သူ့သွေးသား၏မိခင်ကိုလည်း သဲသဲလှုပ်ဂရုစိုက်ပေးမည့်လူမျိုးသာဖြစ်ရမည်။ ရှင်ထွေးသည် ထိုသို့ အရုဏ၏ဂရုစိုက်မှုမျိုး တစ်နေ့တစ်ချိန် သူမရရှိမည်ဖြစ်ကြောင်း တွေးတောမိသည်။
သို့ရာတွင် သူမအတွေးစပြတ်သွားသည်။
မင်းသားအရုဏက
" အခုတော့ ခဏသွားအိပ်လိုက်ဦး"
ဟု ညင်ညင်သာသာပြောဆိုပြီး ယုဂန်နိုင်၏နားထင်ကို အသာအယာဖိကပ်နမ်းသည်။
ရှင်ထွေး အရှေ့သို့ ဆတ်ခနဲပြန်လှည့်သွားသည်။ သူမ၏မျက်နှာထက်တွင် စိတ်အဆင်မပြေသောအမူအရာများက ထင်းခနဲပေါ်လွင်နေသည်။
သူမ၏ ထိုကဲ့သို့သောအမူအရာကို အဆောင်၏ခပ်လှမ်းလှမ်းတွင်ရပ်ကာ လှမ်းကြည့်နေသော တပ်မှူးစိတ္တ အသေအချာသတိပြုမိလိုက်သည်။
*************************************
အဝတ်အထည်များတွင် ဆေးဆိုးသော တောက်ပသည့်ပန်းရောင်ရရှိရန် သီတင်းသီးမှည့်များကို ကြိတ်၍ဖျော်စပ်ရသည်။
ထိုအခြင်းအရာအလို့ငှါ ဆေးဆိုးလုပ်ငန်းကို လုပ်ကိုင်ကြသော အလုပ်သမားယောက်ျားများက သီတင်းသီးမှည့်များထည့်ထားသည့် ခြင်းတောင်းခြင်းငယ်အသွယ်သွယ်ကို သိုလှောင်ရုံထဲ သယ်ပို့နေကြသည်။
ထိုခြင်းတောင်းများနှင့် အသီးပမာဏကို ကြီးကြပ်သူက ရှင်ထွေးပင်ဖြစ်သည်။ သူမသည် သီတင်းသီးမှည့်များသာမက အပြာရင့်ရောင်ရရန်အတွက် လိုအပ်သည့် မဲနယ်ရွက်ပမာဏကိုပါ ပြန်လည်၍စာရင်းပြုစုတွက်ချက်နေသည်။
ထိုအခိုက်တွင် သူမ၏ရက်ကန်းရုံသို့ တပ်မှူး တဖြစ်လဲ မြို့စားမင်းစိတ္တရောက်ရှိလာသည်။ မြို့စားစိတ္တက ရက်ကန်းရုံသို့ လာရောက်လေ့လာခြင်းဖြစ်သည်ဟုသာ ပေါ့ပေါ့တန်တန်အကြောင်းပြချက်ပေးသည်။
ရှင်ထွေးသည် လူမှုရေးအရ ပြုံး၍ခေါင်းညိတ်ပြသော်လည်း စိတ္တမှာ ထိုအကြောင်းအတွက် ရောက်လာခြင်းမဟုတ်မှန်းသိသည်။ မြို့စားတစ်ဦး၊ စစ်သည်တစ်ဦးက ရက်ကန်းရုံကို လေ့လာစရာအကြောင်းမရှိဘူး မဟုတ်ပါလား။
ရှင်ထွေးသည် တပ်မှူးစိတ္တကို ရက်ကန်းရုံရှိ သူမ၏သီးသန့်နားနေခန်း၌ ဧည့်ခံစကားပြောသည်။ စစချင်း ရက်ကန်းအထည်များအကြောင်းပြောဖြစ်သည်။ ထိုရာကနေ သီတင်းသီးမှည့်များ သိုလှောင်ပုံကိုပြောရင်း အဝတ်အထည်ဆေးဆိုးရာသို့ရောက်သည်။ ထိုမှတစ်ဆင့် မြို့၏ရက်ကန်းအထည်စီးပွားရေးအကြောင်းရောက်ကာ နောက်ဆုံး မင်းသားအရုဏအကြောင်းဆီ စကားလမ်းကြောင်း တည့်တည့်မတ်မတ်ဆိုက်လေသည်။
တပ်မှူးစိတ္တက ဆိုသည်။
" မင်းသားအရုဏရဲ့ အရည်အချင်းတွေက သံသယဖြစ်စရာအလျှင်းမရှိပါဘူး။ အရှင့်သားအရုဏက သိပ်ကိုဘုန်းကံကြီးတယ်။ နောင်တစ်ချိန် သူက ဥတ္တရနိုင်ငံတော်တစ်ခုလုံးကို ချုပ်ကိုင်နိုင်တဲ့အထိ အင်အားကြီးထွားလာမှာ အသေအချာပဲ"
ထိုအရာကိုတော့ ရှင်ထွေးထောက်ခံသည်။ မင်းသားအရုဏထံတွင် မမြင်ရသောဩဇာစွမ်းပကားရှိသည်။ ထိုဩဇာက သူ့ကို အရာအားလုံးထက်မြင့်သော တစ်နေရာသို့ ငြမ်းသဖွယ် တင်ပို့ပေးလိမ့်မည်ဟု ရှင်ထွေးယုံကြည်သည်။
ဒီအချက်ကပဲ မင်းသားအရုဏအပေါ် သူမမျှော်လင့်မိသော အကြောင်းရင်းတစ်ရပ်ဖြစ်သည်။
" ကျွန်ုပ်စကားကို အထင်တော့မလွဲပါနဲ့။ ဒါပေမဲ့ အရှင့်သားအရုဏ ဘုရင်ဖြစ်လာတဲ့အခါ သူ့ကိုအဟန့်အတားဖြစ်စေမယ့်အရာက တစ်ခုပဲရှိတယ်"
တပ်မှူးစိတ္တ၏စကားကြောင့် ရှင်ထွေး၏မျက်ခုံးများ အတန်ငယ်တွန့်သွားသည်။
" ဘာများလဲ မြို့စားမင်း"
တပ်မှူးစိတ္တက စိတ်အားလျော့သလို လေပြင်းပြင်းရှူထုတ်သည်။ ထို့နောက် အရှေ့သို့ပိုတိုးလာပြီး အနည်းငယ်တိုးသောလေသံဖြင့်ပြောသည်။
" မိဖုရားကိစ္စပါ"
ရှင်ထွေး၏ မျက်ဝန်းများကျယ်သွားသည်။
တပ်မှူးစိတ္တသည် သူမ၏ ဆတ်ခနဲဖြစ်သွားသောအမူအရာကို တိတိပပသတိပြုမိ၏။ ထိုအခါ တပ်မှူးစိတ္တ၏အကြည့်များဟာ မသိမသာစူးရှသွားပြီး တစ်ဖက်လူကို သိမ်းသွင်းလိုသော အရိပ်အယောင်များပေါ်ထွန်းလာသည်။ သို့သော်လည်း တပ်မှူးစိတ္တဟာ သူ့ကိုနဂိုခပ်အေးအေးနေတတ်သော အသွင်ကိုအလုံးစုံမကွယ်ဖျောက်ပါချေ။
" အရှင့်သားအတွက် အရှင့်သားရဲ့မျိုးဆက်ကို ဖွားမြင်နိုင်မယ့်မိဖုရားတစ်ဦး လိုအပ်တာအမှန်ပါပဲ။ ဒါ့အပြင် ဘုရင်တစ်ဦးဟာ ချစ်ကြည်ရေးအတွက်၊ အကျိုးတစ်စုံတစ်ရာအတွက် သစ္စာခံတွေရဲ့သမီးကညာဆက်သခြင်းကို လက်သင့်ခံရမှာဖြစ်တယ်။ ဒါပေမဲ့ အရှင့်သားအရုဏကတော့ သင်မြင်တဲ့အတိုင်းပဲ။ သူ့ရဲ့ကြင်ယာတော်ယုဂန်နိုင်ကလွဲပြီး တခြားမိဖုရားတင်မြှောက်ဖို့ကိစ္စ သူ့မျက်စိထဲမမြင်ဘူး။ သူက အမတ်ယုဂန်နိုင်တစ်ဦးတည်းကိုပဲ သူ့အနားမှာ ထားမယ့်သဘောရှိတယ်"
ရှင်ထွေးသည် ဂရုတစိုက်နားထောင်နေဟန်မှအပ တခြားသော မျက်နှာအမူအရာမပြသမိအောင် နေ,နေသည်။ သူမက စကားတောင်မထောက်ပေးဘဲ ခေါင်းညိတ်၍သာ နားထောင်နေသည်။
" ကျွန်ုပ် မယ်တော်ကြီးရဲ့ နိုင်ငံ့အရေးပေါ် သဘောထားနဲ့ လုပ်ဆောင်ချက်တွေကို မနှစ်ခြိုက်ပါဘူး။ အရှင့်သားအရုဏကိုလည်း အစဉ်တစိုက်လေးစားပြီး ကြည်ညိုလွန်းလို့လည်း လာရောက်သစ္စာခံထားတာပါ။ ဒါပေမဲ့ အရှင့်သားအရုဏနဲ့ပတ်သက်ပြီး မယ်တော်ကြီးရဲ့ပြောစကားကိုတော့ ထောက်ခံရလိမ့်မယ်။ အရှင့်သားအရုဏက အမတ်ယုဂန်နိုင်နဲ့ပတ်သက်ရင် ကိုယ်ရေးကိုယ်တာခံစားချက်ကို ဦးစားပေးလွန်းတယ်"
"အရှင့်သားက အခြေအနေနဲ့ အချိန်အခါကိုကြည့်ရှုပြီး သင့်လျော်တဲ့ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်တဲ့သူပါ။ ဒါကြောင့် အကြောင်းသာဖန်လာလို့ မဖြစ်မနေရွေးချယ်ရမယ့်ဆိုရင်တော့ ကိုယ်ရေးကိုယ်တာခံစားချက်ကို ဦးစားကးလောက်မယ်မထင်ပါဘူး"
" မျှော်လင့်ရတာပါပဲ။ အရှင့်သားသာ ဥတ္တရနိုင်ငံရဲ့အရှင်အဖြစ် နန်းတက်ပွဲခံယူမယ်ဆိုရင် သူ့ရဲ့ဘေးနားမှာ သားသမီးမွေးဖွားနိုင်တဲ့ မိဖုရားခေါင်ကြီးတစ်ပါးရှိဖို့လိုအပ်ပါတယ်။ အဲ့ဒီ့မိဖုရားခေါင်ကြီးကလည်း ထက်မြက်ပြီး ပြည်သူတွေအတွက် စွန့်လွှတ်စွန့်စားရဲသူမျိုးဖြစ်ဖို့လိုအပ်ပါတယ်"
" မှန်ပါတယ်။ တိုင်းပြည်ရဲ့မိခင်ကြီးဖြစ်မှာမို့လို့ အမြင့်မြတ်ဆုံးအရည်အချင်းရှိမှဖြစ်မှာပါ"
" ဥပမာ သင့်လို အမျိုးသမီးမျိုးပါပဲ"
တပ်မှူးစိတ္တ၏စကားကြောင့် ရှင်ထွေးသည် အံ့အားသင့်သောမျက်နှာဖြစ်သွား၏။
သို့ရာတွင် သူမသည် ဝိုင်းစက်သွားသောမျက်ဝန်းမျိုးကို ချက်ချင်းဖုံးကွယ်ပစ်ကာ မဝံ့မရဲဟန်ဖြင့်ပြုံးရင်း
" အို အထွေး မခံယူဝံ့ပါဘူး။ အထွေးလို အညတရအမျိုးသမီးက တိုင်းပြည်ရဲ့မိခင်ကြီး ဘယ်လိုများဖြစ်ဝံ့ပါ့မလဲ"
ဟု ဆိုသည်။ ထိုစကားအတွင်းမှာပင် သူမ၏ ဖုံးကွယ်ထားသော ကျေနပ်ဟန်နှင့် နှစ်ခြိုက်ဟန်များကို ခံစားမိသဖြင့် တပ်မှူးစိတ္တပြုံးသွားသည်။
" မိမိကိုယ်ကိုနှိမ့်ချခြင်း နိဝါဒတရားဟာ ကောင်းသောအမှုပါပဲ။ ဒါပေမဲ့လည်း သင်က ရုပ်ရည်ကြန်အင်ကစလို့လဉာဏ်ရည်ဉာဏ်သွေး၊ ရဲရင့်သတ္တိရှိမှု စတဲ့မိဖုရားတစ်ပါးရဲ့ လက္ခဏာနဲ့ ပြည့်စုံတဲ့သူဆိုတာ ငြင်းမရတဲ့အမှန်တရားပါ။ ကျွန်ုပ်ရဲ့စိတ်တိုင်းသာဆိုရင်တော့ သင့်ကို အရှင့်သားအရုဏရဲ့ မိဖုရားအဖြစ် တင်မြှောက်မိမှာပါပဲ"
ထိုစကားကြောင့် ရှင်ထွေး၏နားရွက်ဖျားလေးများ နီမြန်းသွားသည်။ ယင်းအခြင်းအရာကိုမြင်ပြီးနောက် တပ်မှူးစိတ္တ၏မျက်နှာက တစ်မျိုးတစ်ဖုံပြောင်းလဲသွားသည်။ သူက ရှင်ထွေးကို မသိမသာစောင်းငဲ့ကြည့်ရင်း သက်ပြင်းချသည်။
" အဲ့သလိုမျိုး သင်က မိဖုရားတစ်ပါးရဲ့ကြန်အင်လက္ခဏာနဲ့ ပြီးပြည့်စုံပေမဲ့ အခြေအနေတစ်ရပ်က ရှိနေသေးပြန်တယ်"
ထပ်ဆင့်လာသော အနှီစကားကြောင့် ရှင်ထွေးပြုံးနေရာမှ ပြေလျော့သွားသည်။ သို့သော်လည်း သူမဟာ သူမ၏စိတ်တွင်း၌ မိဖုရားနေရာမှန်းနေမှန်း ပေါ်သွားမည်စိုးသဖြင့် မေးလည်းမမေးရဲပေ။
တော်သေးသည်က တပ်မှူးစိတ္တက သူ့အလိုလိုဆက်ပြောလာသည်။
" အရှင့်သားသာ ထီးနန်းရလာရင် သူ့ကိုဆက်သလာမယ့် မြို့စားနယ်စားတွေရဲ့ သမီးကညာပျိုတွေက အပြိုင်အဆိုင်ကို ဖြစ်လာမှာပဲ။ အဲ့အခါကျရင် မိဖုရားခေါင်ဖြစ်နိုင်ချေ သိပ်ကိုနည်းပါးလိမ့်မယ်"
ရှင်ထွေး မျက်နှာတစ်ချက်ပျက်သွားသော်လည်း သူမ ဘာမှမဖြစ်သလို ထိန်းပြောသည်။
" အရှင့်သားနဲ့သင့်လျော်တဲ့ တော်ဝင်မျိုးနွယ်၊ ဒါမှမဟုတ် အထက်တန်းလွှာတစ်ဦးက ရောက်ရှိလာမှာပါ"
စိတ္တသည် ရှင်ထွေးကို စူးစိုက်ကြည့်ရင်း အရှေ့သို့ပိုတိုးလာသည်။
" ရှင်ထွေး...ကျွန်ုပ်က လူတစ်ယောက်ရဲ့မျက်နှာရိပ်မျက်နှာကဲကို သိတတ်လွန်းတဲ့အကြောင်း သင်ကြားဖူးသလား"
" ရှင်"
ရှင်ထွေး တအံ့တဩ၊ သို့မဟုတ် နားမလည်နိုင်စွာရေရွတ်သည်။ တစ်ချိန်တည်းတွင် သူမ၏ခံစားချက်များ ပေါ်သွားမည်ကို ရွက်အုပ်သီးပူသလို စိုးရိမ်နေသည့်မျက်နှာ ဖြစ်တည်သွားသည်။
" သင့်ရဲ့မျက်ဝန်းထဲမှာ မင်းသားအရုဏအပေါ်ထားတဲ့ခံစားချက်တွေကို တွေ့နေရတယ်"
ရှင်ထွေးမျက်နှာရဲသွားသည်။ သူမ ခပ်ဆက်ဆက်ဆိုသည်။
" မြို့စားမင်း ဘာကိုဆိုလိုချင်သလဲဆိုတာ အထွေးနားမလည်တော့ဘူးရှင့်"
တပ်မှူးစိတ္တသည် နှုတ်ခမ်းစွန်းတစ်ဖက်ကို အပေါ်သို့တွန့်ကွေးရင်းပြုံး၏။
" ကျွန်ုပ်က လူတွေရဲ့သွင်ပြင်လက္ခဏာကိုအကဲခတ်တတ်လွန်းတာကြောင့် သင် ကျွန်ုပ်ကို ဖုံးကွယ်လို့မရနိုင်ပါဘူး"
ရှင်ထွေးမျက်နှာ ပျက်သည်ထက် ပို၍ပျက်ယွင်းလာသည်။ ထိုအခါ စိတ္တက နူးညံ့စွာဆိုလာသည်။
" အသင်...သိပ်ပြီးမစိုးရိမ်ပါနဲ့။ လူတစ်ဦးကို ချစ်ခင်မိတာ အပြစ်မဟုတ်သလို သင်နဲ့ထိုက်တန်တဲ့နေရာကို မှန်းမိတာကလည်း အပြစ်မဟုတ်ပါဘူး။ ကျွန်ုပ် သင့်ကိုနားလည်ပါတယ်။ လူတစ်ယောက်အပေါ် ကြည်ညိုလေးစားရာကနေ ချစ်ခင်မိတဲ့စိတ်ကို ဘယ်လိုများတားဆီးနိုင်ပါ့မလဲ"
ရှင်ထွေး သူ့ကိုအားကိုးတကြီးကြည့်လာသည်။ သူမသည် ဖြည်းဖြည်းချင်း စိတ်သက်သာရာရသွားပုံရှိပြီး လေသံပျော့ဖြင့်ပြောသည်။
" အထွေးကိုနားလည်ပေးလို့ မြို့စားမင်းကိုကျေးဇူးတင်ရှိပါတယ်။ ဒါပေမဲ့ အရှင့်သားက အိမ်ထောင်သည်မဟုတ်ပါလား။ အထွေးက မထားသင့်တဲ့ခံစားချက်တွေကို သိမ်းထားမိတဲ့သူပါ။ အထွေးထိုက်နဲ့အထွေးကံမို့လို့ တစ်ယောက်တည်း ခံစားချက်ကိုသိမ်းဆည်းထားပါရစေ။ သည်အကြောင်းတွေ ဘယ်သူ့ကိုမှ မပြောပါနဲ့...မြို့စားမင်း"
" အို...ပြောစရာလား။ နောက်ပြီး သင် အတွေးမှားနေပြီ။ အရှင့်သားအရုဏက ဘုရင်ဖြစ်မယ့် ယောက်ျားတစ်ဦးပဲ။ ဘုရင်တစ်ဦးရဲ့တာဝန်အရ သွေးသားချန်ခဲ့ဖို့၊ တိုင်းပြည်ငြိမ်းချမ်းသာယာဖို့ တော်ကောက်ရမယ့် မိဖုရားတွေ၊ ကိုယ်လုပ်တော်တွေ လိုအပ်တယ်။ အမတ်ယုဂန်နိုင်က ထက်မြက်ပြည့်စုံသူမှန်ပေမဲ့ ယောက်ျားတစ်ဦးဖြစ်တာကြောင့် မိဖုရားမဖြစ်နိုင်ဘူး။ အရှင့်သားအရုဏရဲ့ ဆောင်ရနန်းရ ကြင်ယာတော်ရာထူးအဆင့်ထိသာ ဖြစ်နိုင်တယ်။ အရှင့်သားရဲ့ သားသမီးကိုဖွားမြင်ပေးမယ့် မိဖုရားခေါင်ကြီး ဖြစ်ထိုက်သူကတော့ သင်ပဲ"
ထိုစကားကြောင့် ရှင်ထွေး၏မျက်နှာ ဝင်းလက်လာသည်။ သူမသည် ပို၍အားအင်ရှိလာသလိုပင် ခံစားလိုက်ရ၏။
"သင် အခုချိန်ဝေဝါးနေမယ်ဆိုတာ ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့ သင်မမေ့ပါနဲ့။ သင် မိဖုရားခေါင်ကြီးဖြစ်အောင် ကျွန်ုပ်ဆောင်ရွက်ပေးနိုင်တယ်"
ရှင်ထွေးသည် သူမထိုနေရာကိုမက်မောနေမှန်း တခြားသူရိပ်မိမည်စိုးသဖြင့် အမြဲတစေဖုံးကွယ်ခဲ့သော်လည်း တပ်မှူးစိတ္တ၏ သူမအပေါ်နားလည်မှုများကိုကြုံသော် အလွန်တရာအပြစ်ကင်းစင်ပြီး နှိမ်ချတတ်သောမိန်းမပျိုသဖွယ် မလုပ်ဆောင်နေတော့ချေ။ သူမ သူမ၏တကယ့်စိတ်အမှန်အတိုင်း အမေးရှိလာသည်။
" ဘယ်လိုပါလဲ မြို့စားမင်း"
တပ်မှူးစိတ္တ အသံကိုတိုး၍ဆိုသည်။
" အရှင့်သား ဘုရင်,မဖြစ်ခင်ကတည်းက သူ့အနားကို သင်ရောက်နေရမယ်"
ရှင်ထွေး ခဏတာငြိမ်သွား၏။ နောက်မှ သူမမေးသည်။
" ဘာလို့ မြို့စားမင်းက အထွေး မိဖုရားဖြစ်ရေးအတွက် ဆောင်ရွက်ပေးရတာပါလဲ"
တပ်မှူးစိတ္တသည် ပကတိတည်ကြည်အေးချမ်းသောအသွင်ဖြင့် ပြုံးပြ၏။
" ကျွန်ုပ်က အရှင့်သားရဲ့အကျိုးကိုရှေးရှုတာပါ။ သင်က သူ့အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ"
ရှင်ထွေး တွေဝေနေဟန်ရှိသည်။ သူမအနေနှင့် တပ်မှူးစိတ္တကို ယုံကြည်သင့်သလား၊ မယုံကြည်သင့်သလား စဉ်းစားရန် လိုအပ်သေးသည်။
*************************************
ကဆုန်လသည် အရုဏနှင့်ယုဂန်တို့အဖို့ ခေါင်းအုံးထက်တွင် စိတ်အေးချမ်းသာစွာ အိပ်စက်ရသောနေ့
ရက်များ မရှိသလောက်နည်းပါးသော လတစ်လဖြစ်ခဲ့သည်။
မယ်တော်ကြီး၏ မရပ်မနားသောထိုးစစ်များသည် အရုဏလက်အောက်မှ နယ်မြေများကို အဆက်မပြတ်ခြိမ်းခြောက်နေသည်။
မယ်တော်ကြီးက ပြတ်သားသည်။ လိုရာရဖို့ စတေးပစ်ရဲသည့် သတ္တိရှိသည်။ ခံစားချက်တို့ကင်းမဲ့သည်။ နှလုံးသားတို့ မာကြောသည်။ ထိုသို့ ခံစားချက်များ မာကြောတင်းမာခြင်းမှာ စစ်ပွဲကိုစတင်မည့် လူတစ်ဦးအတွက် ကောင်းသောအကျိုးကျေးဇူးများရှိသည်။
မယ်တော်ကြီးက မည်သည်မည်ဝါကိုမှ သံယောဇဉ်ငြိတွယ်ခြင်း မယ်မယ်ရရမရှိသဖြင့် စစ်ပွဲအောင်နိုင်ရေးကိုသာ အာရုံစိုက်နိုင်သည်။ အောင်နိုင်ရေးအတွက် မကောင်းဆိုးဝါးဆန်ပစ်နိုင်သည်။
တရားမျှတခြင်း၊ အများ၏ထိခိုက်ခြင်းကိုရှောင်လွှဲခြင်း ဟူသည် ယဉ်ကျေးသောလူ့အဖွဲ့အစည်းအတွက် ကောင်းမွန်သော ဆောင်ရွက်ချက်များဖြစ်သည်။ သို့ရာတွင် ထိုအရာများကို လက်ကိုင်ထားသောသူထက် မကောင်းဆိုးဝါးဖြစ်နိုင်သောလူက အောင်နိုင်ခြင်းကို အလျင်အမြန်ချုပ်ကိုင်ခြယ်လှယ်နိုင်သည်မှာ လောက၏မနှစ်မြို့စရာကောင်းသော အမှန်တရားတစ်ခုဖြစ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မကောင်းဆိုးဝါးဆန်နိုင်သူက ရည်ရွယ်ချက်တစ်ခုတည်းအတွက် အရာအားလုံးကို ခြေဖျက်နိုင်ပြီး မကောင်းဆိုးဝါးမဆန်လိုသူကမူ အရာအားလုံးကို ငဲ့တွက်၍ ကြန့်ကြာနေခြင်းကြောင့်သာ။
ထို့ကြောင့် အောင်နိုင်ရေးအတွက် လောလောဆယ်အရာအားလုံးကို ချနင်းနိုင်သော မယ်တော်ကြီးက အရုဏအတွက် ခြိမ်းခြောက်မှုဖြစ်လာသည်။
မယ်တော်ကြီးက သူမ,ရည်ရွယ်တိုက်ခိုက်သောမြို့များကို အစာရေစာဖြတ်တောက်ပစ်သည်။ ကုန်သွယ်ခြင်းများ ရပ်ဆိုင်းအောင်ပြုသည်။ သူမ၏စစ်တပ်ရှေ့မှ ပိတ်ရပ်လာသော အရာအားလုံးကို ချေမှုန်းပစ်ရန် အမိန့်ပေးထားသည်။ အရုဏဘက်မှပါသောသူတိုင်း ပြည်သူများပါ,မချန် အပြစ်ပေးရန် စစ်သည်များကို မှာကြားထားသည်။
မြို့သူမြို့သားများ တုန်လှုပ်လာသည်။ ကဆုန်လကုန်၍ နယုန်လလောက်သော် ကုန်သွယ်ရေးပြတ်တောက်မှု၊ အစာရေစာရှားပါးမှုကြောင့် မြို့သူမြို့သားများ ဒုက္ခရောက်လာသည်။ မယ်တော်ကြီးတပ်များ၏ ဖိနှိပ်မှုကြောင့် မင်းသားအရုဏဘက်မှ ရဲဝံ့စွာလိုက်ပါနိုင်သူ ရှားပါးလာသည်။
မယ်တော်ကြီး၏ ကမ်းလှမ်းမှုကရှင်းပါသည်။ သူ့လက်အောက်သို့ ထိုမြို့၏ မြို့စားမင်း သစ္စာပြန်ခံသည်နှင့် အရာအားလုံးယခင်အတိုင်း ပြန်ဖြစ်စေရမည်ဟူသော ကတိနှင့်ဖြစ်သည်။ အကယ်၍ သစ္စာလာမခံဘဲ သူမ တိုက်၍နိုင်ပါက မြို့စားမင်းကို ကွပ်မျက်မည်ဖြစ်သည်။
ဤသို့နှင့် နယုန်လဆန်း ၁၄ ရက်နေ့တွင် မယ်တော်ကြီးလက်အောက်သို့ မြို့တစ်မြို့ရောက်ရှိသွားသည်။ နောက်ထပ် တစ်ပတ်နေသော် တခြားသောမြို့တစ်မြို့ထပ်ပါသွားသည်။
အရုဏနှင့်ယုဂန်နိုင်သည် ခုခံတပ်ဖွဲ့များကို လှမ်း၍ညွှန်ကြားရုံမျှ မနေသာတော့ဘဲ တခြားနယ်မြေများကို ကိုယ်တိုင်ကာကွယ်ရန် တမာပင်မြို့မှ ထွက်လာရတော့သည်။
မင်းသားပီယံမိတ်ဟာတော့ ထိုမတိုင်ခင်ကတည်းက မယ်တော်ကြီးလာရောက်ထိပါးနေသော နယ်မြေတစ်ခုမှ စစ်တပ်ကို ဦးစီးရန် ထွက်ခွာသွားပြီး ဖြစ်သည်။
ထို့ကြောင့် ယခု အရုဏတို့နှင့်အတူလိုက်ပါလာသူမှာ တပ်မှူးစိတ္တဖြစ်သည်။
အရုဏ၊ ယုဂန်နှင့် တပ်မှူးစိတ္တတို့သည် တမာပင်မြို့မှထွက်ခွာရန် တောအုပ်အစပ်နားကိုရောက်ရှိနေပြီဖြစ်၏။ သူတို့ကိုလိုက်လံပို့ဆောင်ပေးရန် အစက ရှင်ထွေး၏အစ်ကိုဖြစ်သူကို တာဝန်ပေးထားသော်လည်း ထိုသူမှာရုတ်ချည်းနေထိုင်မကောင်းဖြစ်သောကြောင့် ရှင်ထွေးက သူ့အစားလိုက်လာသည်။ ရှင်ထွေးက မြို့အစွန် တောစပ်အထိသာ လိုက်ပို့ပေးရန်လိုအပ်သည်။
အရုဏတို့တောစပ်ကိုရောက်လာချိန်တွင် အမည်မသိလူတစ်စု တိုက်ခိုက်လာခြင်းကိုခံရသည်။ ထိုလူစုသည် မျက်နှာဖုံးများဝတ်ထားပြီး အယောက် ၇၀ မျှရှိ၏။
ထိုသူတို့၏ နောက်ကျောမှ ရုတ်တရက်ချုံခို တိုက်ခိုက်လာမှုကြောင့် အရုဏနှင့်ယုဂန်တို့ ပြန်လည်ခုခံကာကွယ်ရင်း လူစုကွဲသွားကြသည်။
ယုဂန်သည် တပ်မှူးစိတ္တဆွဲခေါ်ရာသို့ ပါသွား၏။
အရုဏကမူ အနားရှိသည့် လက်အောက်ငယ်သားများကို ခေါင်းဆောင်တစ်ဦးအနေနှင့် ကာကွယ်ပေးရင်း ရှင်ထွေးနှင့်အတူ တောအုပ်ထဲသို့ ရောက်ရှိသွားလေသည်။
ယုဂန် မောင့်ကို မျက်ခြည်ပြတ်သွားသည်။
လုပ်ကြံသူတို့ထွက်ပြေးသွားသောအခါ ယုဂန်သည် တပ်မှူးစိတ္တနှင့်အတူ တမာပင်မြို့သို့ပြန်လာပြီး မောင့်ကိုစောင့်၏။
သို့သော် မောင် တစ်ညလုံးပြန်မရောက်လာပါချေ။
*************************************
30.4.2022
(Saturday )
.
.
.
Zawgyi
မယ္ေတာ္ႀကီး၏တိုက္စစ္
______________________
အရီးေတာ္၏ ခဲအိုေဟာင္းျဖစ္သူ သွ်သိၿမိဳ႕စားသည္ လြန္ခဲ့ေသာေလးႏွစ္ေက်ာ္ နန္းသိမ္းသည့္ကိစၥ ၿပီးစီးကတည္းက ႏိုင္ငံ့သစၥာေဖာက္မႈျဖင့္ ေသဒဏ္ေပးအပ္ျခင္းခံလိုက္ရသူ ျဖစ္သည္။
ထို႔ေၾကာင့္ သူအပိုင္စားရခဲ့ေသာ သွ်သိၿမိဳ႕ကို ၿမိဳ႕စားအသစ္လက္ထဲ အပ္ႏွံလိုက္ရေလသည္။
ထိုၿမိဳ႕စားအသစ္မွာ တျခားသူမဟုတ္။ နန္းေတာ္ကိုျပန္သိမ္းရာတြင္ မင္းသားဘရဏသူဘက္မွ တိုက္ခိုက္ေပးခဲ့သည့္ တပ္မႉးစိတၱပင္ျဖစ္၏။
တပ္မႉးစိတၱသည္ က်ိန္စာႏွင့္ အင္းအိုင္ကြက္မ်ားကို အလြန္တရာကြၽမ္းက်င္သူျဖစ္ၿပီး ေမွာ္နက္စြမ္းအင္မ်ားအေၾကာင္းကိုလည္း ႏွံ႔စပ္သူတစ္ေယာက္ျဖစ္သည္။ ျမားေရးတြင္လည္း အေတာ္ဆုံးေလးသည္ေတာ္ထဲ တစ္ဦးအပါအဝင္ျဖစ္၏။ တပ္မႉးစိတၱႏွင့္ ယုဂန္သည္ သႏၷီးစစ္ပြဲတုန္းက ေတြ႕ဆုံခဲ့ၾကရာ အထိုက္အေလ်ာက္သိကြၽမ္းခဲ့ၾကသည္။
အသက္ ၃၅ ႏွစ္မွ်ရွိၿပီျဖစ္ေသာ တပ္မႉးစိတၱသည္ လူပ်ိဳၾက္ီးတစ္ဦးျဖစ္သလို အေနေအးၿပီး၊ လိုအပ္မွသာ စကားေျပာေသာသူျဖစ္မွန္း တပ္မႉးစိတၱႏွင့္ေတြ႕ဆုံစဥ္အခါက ယုဂန္ေကာက္ခ်က္ခ်မိသည္။ သူဟာ အတိုက္အခံေဆြးေႏြးသည္မ်ိဳးမျပဳတတ္ဘဲ သူ၏ထင္ျမင္ခ်က္၊ ယူဆခ်က္မ်ားကို တစ္ဖက္လူနားလည္ေအာင္ ေလသံေအးေအးႏွင့္ရွင္းျပတတ္ေလ့ရွိသည္။ ထို႔ေၾကာင့္ တပ္မႉးစိတၱကို စိတ္ခုသူ၊ အျမင္မၾကည္သူဟူ၍ နန္းတြင္း၌မရွိေပ။
ထိုကဲ့သို႔ေသာ သွ်သိၿမိဳ႕စားအသစ္ တပ္မႉးစိတၱသည္ တန္ခူးလကုန္၍ ကဆုန္လသို႔ အကူးအေျပာင္းကာလ၌ မင္းသားအ႐ုဏႏွင့္လာေရာက္ေတြ႕ဆုံသည္။
ေတြ႕ဆုံရာတြင္ လက္ေဆာင္ဘ႑ာမ်ား ေဆာင္ၾကဥ္းလာကာ မင္းသားအ႐ုဏ၏လုပ္ေဆာင္ခ်က္မ်ားကို ေထာက္ခံေၾကာင္း၊ စိတ္ဓာတ္ႏွင့္ခံယူခ်က္မ်ားကို ေလးစားေၾကာင္း စသျဖင့္ ေလသံေအးေအးႏွင့္ ခ်ီးမြမ္းစကားဆိုသည္။ ေနာက္ဆုံးတြင္ မင္းသားအ႐ုဏ၏လက္ေအာက္သို႔ ဝင္ေရာက္လိုေၾကာင္းပါ ေျပာေလသည္။ သစၥာေရတိုက္ေကြၽးေသာအခါတြင္လည္း တုံ႔ဆိုင္းျခင္းမရွိ ေသာက္သုံးသည္။
ဤသို႔ႏွင့္ သွ်သိၿမိဳ႕စားမင္းစိတၱဟာ မင္းသားအ႐ုဏ၏သစၥာခံျဖစ္လာသည္။ ထို႔ေၾကာင့္ သွ်သိၿမိဳ႕ဟာလည္း အ႐ုဏ၏အာဏာစက္ကြင္းေအာက္ အလိုလိုေရာက္ရွိလာသည္။
ကဆုန္လဆန္း ၃ ရက္ေန႔တြင္ အ႐ုဏလက္ေအာက္တြင္ရွိေသာ ၿမိဳ႕သုံးၿမိဳ႕ကို ဘုရင္ဘရဏသူ၏သစၥာခံတပ္ဖြဲ႕မ်ား လာေရာက္တိုက္ခိုက္သည္။
သည္တစ္ခါတြင္ တစ္ဖက္ရန္သူက ျဗဳန္းစားလာေရာက္တိုက္ခိုက္ျခင္းျဖစ္ၿပီး တိုက္ရည္မ်ားသာမက ဗ်ဴဟာမ်ားကပါ ျပင္းထန္၍အကြက္က်ေစ့စပ္ေနသည္။
ၾကားရေသာ မွန္ကန္သည့္သတင္းအရ ယခု ဥတၱရႏိုင္ငံကို စီမံအုပ္ခ်ဳပ္ေနသူမွာ ဘုရင္ဘရဏသူမဟုတ္။ မယ္ေတာ္ႀကီးပၪၥမာယာက အာဏာယာယီလႊဲေျပာင္း၍ ဘုရင္မအျဖစ္အုပ္ခ်ဳပ္ေနသည္ဟု သိရသည္။
မယ္ေတာ္ႀကီး အုပ္ခ်ဳပ္ေနသည္ဟူေသာသတင္းမွာ ေပါ့ေသးေသးထင္မွတ္၍ မရေသာသတင္းပင္။ မယ္ေတာ္ႀကီး၏ အကြက္ျမင္မႈ၊ ေစ့စပ္မႈ၊ ထက္ျမက္မႈတို႔ကို တျခားသူမ်ားထက္ပို၍ ျမင္ခဲ့ရသည့္ အ႐ုဏႏွင့္ယုဂန္တို႔သည္ ရန္သူ၏တိုက္စစ္မ်ားကို ျပန္လည္ခုခံရန္ ေသေသခ်ာခ်ာေဆာင္႐ြက္ရေတာ့သည္။
မင္းႀကီး ဘရဏသူက တြန႔္သည္။ ႐ြံ႕သည္။ ျမင္သာေအာင္ထုတ္ျပျခင္းမဟုတ္ေသာ္လည္း အမွားပါမည္ကို ေၾကာက္ေသာစိတ္အခံရွိသျဖင့္ ဆုံးျဖတ္ခ်က္ခ်ရာတြင္ တုံ႔ဆိုင္းသည္။
သို႔ရာတြင္ မယ္ေတာ္ႀကီးက ထိုသို႔မဟုတ္။ သူမက ဝံ့သည္။ ရဲသည္။ သူမ၏အႀကံအစည္အေပၚ ယုံမွား သံသယမရွိႏိုင္ေအာင္ အစကတည္းက ၿပီးျပည့္စုံေနေအာင္ ျပင္ဆင္ထားတတ္သည္။ အကယ္၍ ျပင္ဆင္ထားသည့္ၾကားမွ အမွားအယြင္းတစ္စုံတစ္ရာျဖစ္တည္သြားပါကလည္း ခ်က္ခ်င္းျပဳျပင္ႏိုင္သည့္ဉာဏ္မ်ိဳး မယ္ေတာ္ႀကီးပၪၥမာယာထံတြင္ရွိသည္။
ဤသို႔ႏွင့္ အ႐ုဏသည္ သူ၏ဩဇာခံနယ္ေျမမ်ား တစ္ဖက္ရန္သူ႔လက္ထဲမပါသြားေအာင္ ခံစစ္ကို ခိုင္ၿမဲေအာင္ ေဆာက္တည္ရေတာ့သည္။
ထိုအျခင္းအရာႏွင့္ပင္ ပတ္သက္ၿပီး တပ္မႉး၊ စစ္မင္းမင္းကဲမ်ားႏွင့္ အုပ္ခ်ဳပ္ေရးပိုင္းမွလူမ်ားကို အစည္းအေဝးအေခၚရွိသည္။
ထိုအစည္းအေဝးပြဲကို တမာပင္ၿမိဳ႕တြင္ အေဆာတလ်င္က်င္းပလိုက္ျခင္းျဖစ္ၿပီး တပ္မႉးစိတၱႏွင့္ တမာပင္ၿမိဳ႕၏စီးပြားေရးကို ျခယ္လွယ္သူ ရွင္ေထြးလည္း ပါဝင္သည္။
ထိုအစည္းအေဝးပြဲကို ညေနခင္းတစ္ခင္းလုံးက်င္းပ၍ စစ္ပြဲႏွင့္ပတ္သက္ၿပီး ေဆြးေႏြးမႈမ်ားစြာျပဳလုပ္ခဲ့သည္။ အစည္းအေဝးၿပီးေသာ္ တပ္မႉး၊ စစ္ကဲႏွင့္ အုပ္ခ်ဳပ္ေရးပိုင္းမွလူမ်ား တဖြဲဖြဲျပန္လည္ထြက္ခြာသြားၾကသည္။
အားလုံးထြက္ခြာၿပီးမွ ေနာက္ဆုံးက်န္ေသာရွင္ေထြးသည္ မင္းသားအ႐ုဏကို ဂါရဝျပဳ၍ အေဆာင္ထဲမွထြက္လာ၏။ အေဆာင္တံခါးဝသို႔ေရာက္ခ်ိန္တြင္ သူမသည္ မင္းသားအ႐ုဏကို လည္ျပန္လွည့္၍ၾကည့္မိသည္။
မင္းသားအ႐ုဏသည္ သူ႔ေဘးရွိ အမတ္ယုဂန္ႏိုင္ကို ေစာင္းၾကည့္ေန၏။ တစ္နည္း သူ၏ၾကင္ယာေတာ္ကို ေဖ်ာ့မွိန္ေသာမ်က္ဝန္းမ်ားႏွင့္ မမွိတ္မသုန္ေငးၾကည့္ေနသည္။
စစ္ေရးဗ်ဴဟာမ်ားခ်မွတ္စဥ္အခါက မင္းသားအ႐ုဏ၏ ရဲရဲေတာက္ေနေသာမ်က္ဝန္းမ်ားႏွင့္ ၾကင္ယာေတာ္ကိုၾကည့္ေသာအခါ ျဖစ္တည္ေသာ ႏူးညံ့သည့္မ်က္ဝန္းမ်ားသည္ ျမင္လိုက္႐ုံႏွင့္တင္ ကြာျခားမွန္းသိသာလြန္းသည္။
ယုဂန္အေပၚ ရႈျမင္ေသာ အ႐ုဏ၏ခ်စ္ခင္ၾကင္နာေသာအၾကည့္၊ ယုဂန္၏ပခုံးကို အသာအယာဖက္လိုက္ေသာညင္သာျခင္းမ်ားသည္ ရွင္ေထြး၏ရင္ကိုစူးေအာင့္သြားေစသည္။
အမတ္ယုဂန္ႏိုင္က သူ၏နားထင္ကို လက္ညႇိဳးျဖင့္ဖိေခ်ေနသည္။ မ်က္ေမွာင္ၾကဳတ္ထားပုံအရ ယုဂန္ႏိုင္ဟာ ေနထိုင္၍ေကာင္းပုံ မရွိေပ။
"ေခါင္းကိုက္လို႔လား"
အ႐ုဏ ႏူးညံ့ေသာအသံျဖင့္ေမးသည္။
ထို႔ေၾကာင့္လည္း ၾကမ္းၾကဳတ္လွပါသည့္ ရကၡမင္းသားဟုအမည္တြင္ေသာ မင္းသားအ႐ုဏသည္ ၾကင္ယာေတာ္ကိုမူ အလြန္တရာခ်စ္ျမတ္ႏိုးသျဖင့္ အသံေတာင္ျမႇင့္၍မေျပာေၾကာင္း လူအမ်ားက ေျပာဆိုျခင္းျဖစ္ရမည္။ ရွင္ေထြးကေတာ့ ထိုသို႔ မင္းသားအ႐ုဏ၏ ၾကင္ယာေတာ္အေပၚ မည္မွ်ခ်စ္ခင္ျမတ္ႏိုးေၾကာင္း ေျပာဆိုေနပါလွ်င္ ထိုစကားဝိုင္းကေန ေရွာင္ထြက္သြားတတ္သည္။ သို႔ထိတိုင္ သူမရင္ထဲနာက်င္ေနတုန္းပင္။
"ခဏေလးသြားအိပ္ေနလိုက္။ ေမာင္ ေစာရံကို ေဆးႀကိဳခိုင္းထားလိုက္မယ္။ ၿပီးတာနဲ႔ ယုဂန္ကိုႏႈိးၿပီးတိုက္မယ္"
ယုဂန္ကိုၾကည့္လ်က္ေျပာေနေသာ အ႐ုဏ၏အသံတြင္ ဂ႐ုစိုက္ျခင္းမ်ားစြာပါဝင္ေနသည္။
အ႐ုဏဟာ ဂ႐ုစိုက္တတ္ေသာ ခင္ပြန္းသည္ျဖစ္ေၾကာင္း ရွင္ေထြးသိပါသည္။ သူဟာ တာဝန္ယူတတ္ေသာသူမ်ိဳးျဖစ္သျဖင့္ အမတ္ယုဂန္ႏိုင္မွမဟုတ္ဘဲ သူ၏ေနာင္လာလတၱံ့ေသာ ၾကင္ယာေတာ္တိုင္းကိုလည္း ဂ႐ုစိုက္ေပးလိမ့္မည္ဟု ရွင္ေထြး ထင္မွတ္မိသည္။ ဂ႐ုစိုက္ေပးဖို႔ ခ်စ္ျခင္းေမတၱာ မရွိမျဖစ္လိုအပ္သည္မွ မဟုတ္ဘဲေလ။ မင္းသားအ႐ုဏက သူ႔ေသြးသား၏မိခင္ကိုလည္း သဲသဲလႈပ္ဂ႐ုစိုက္ေပးမည့္လူမ်ိဳးသာျဖစ္ရမည္။ ရွင္ေထြးသည္ ထိုသို႔ အ႐ုဏ၏ဂ႐ုစိုက္မႈမ်ိဳး တစ္ေန႔တစ္ခ်ိန္ သူမရရွိမည္ျဖစ္ေၾကာင္း ေတြးေတာမိသည္။
သို႔ရာတြင္ သူမအေတြးစျပတ္သြားသည္။
မင္းသားအ႐ုဏက
" အခုေတာ့ ခဏသြားအိပ္လိုက္ဦး"
ဟု ညင္ညင္သာသာေျပာဆိုၿပီး ယုဂန္ႏိုင္၏နားထင္ကို အသာအယာဖိကပ္နမ္းသည္။
ရွင္ေထြး အေရွ႕သို႔ ဆတ္ခနဲျပန္လွည့္သြားသည္။ သူမ၏မ်က္ႏွာထက္တြင္ စိတ္အဆင္မေျပေသာအမူအရာမ်ားက ထင္းခနဲေပၚလြင္ေနသည္။
သူမ၏ ထိုကဲ့သို႔ေသာအမူအရာကို အေဆာင္၏ခပ္လွမ္းလွမ္းတြင္ရပ္ကာ လွမ္းၾကည့္ေနေသာ တပ္မႉးစိတၱ အေသအခ်ာသတိျပဳမိလိုက္သည္။
*************************************
အဝတ္အထည္မ်ားတြင္ ေဆးဆိုးေသာ ေတာက္ပသည့္ပန္းေရာင္ရရွိရန္ သီတင္းသီးမွည့္မ်ားကို ႀကိတ္၍ေဖ်ာ္စပ္ရသည္။
ထိုအျခင္းအရာအလို႔ငွါ ေဆးဆိုးလုပ္ငန္းကို လုပ္ကိုင္ၾကေသာ အလုပ္သမားေယာက္်ားမ်ားက သီတင္းသီးမွည့္မ်ားထည့္ထားသည့္ ျခင္းေတာင္းျခင္းငယ္အသြယ္သြယ္ကို သိုေလွာင္႐ုံထဲ သယ္ပို႔ေနၾကသည္။
ထိုျခင္းေတာင္းမ်ားႏွင့္ အသီးပမာဏကို ႀကီးၾကပ္သူက ရွင္ေထြးပင္ျဖစ္သည္။ သူမသည္ သီတင္းသီးမွည့္မ်ားသာမက အျပာရင့္ေရာင္ရရန္အတြက္ လိုအပ္သည့္ မဲနယ္႐ြက္ပမာဏကိုပါ ျပန္လည္၍စာရင္းျပဳစုတြက္ခ်က္ေနသည္။
ထိုအခိုက္တြင္ သူမ၏ရက္ကန္း႐ုံသို႔ တပ္မႉး တျဖစ္လဲ ၿမိဳ႕စားမင္းစိတၱေရာက္ရွိလာသည္။ ၿမိဳ႕စားစိတၱက ရက္ကန္း႐ုံသို႔ လာေရာက္ေလ့လာျခင္းျဖစ္သည္ဟုသာ ေပါ့ေပါ့တန္တန္အေၾကာင္းျပခ်က္ေပးသည္။
ရွင္ေထြးသည္ လူမႈေရးအရ ၿပဳံး၍ေခါင္းညိတ္ျပေသာ္လည္း စိတၱမွာ ထိုအေၾကာင္းအတြက္ ေရာက္လာျခင္းမဟုတ္မွန္းသိသည္။ ၿမိဳ႕စားတစ္ဦး၊ စစ္သည္တစ္ဦးက ရက္ကန္း႐ုံကို ေလ့လာစရာအေၾကာင္းမရွိဘူး မဟုတ္ပါလား။
ရွင္ေထြးသည္ တပ္မႉးစိတၱကို ရက္ကန္း႐ုံရွိ သူမ၏သီးသန႔္နားေနခန္း၌ ဧည့္ခံစကားေျပာသည္။ စစခ်င္း ရက္ကန္းအထည္မ်ားအေၾကာင္းေျပာျဖစ္သည္။ ထိုရာကေန သီတင္းသီးမွည့္မ်ား သိုေလွာင္ပုံကိုေျပာရင္း အဝတ္အထည္ေဆးဆိုးရာသို႔ေရာက္သည္။ ထိုမွတစ္ဆင့္ ၿမိဳ႕၏ရက္ကန္းအထည္စီးပြားေရးအေၾကာင္းေရာက္ကာ ေနာက္ဆုံး မင္းသားအ႐ုဏအေၾကာင္းဆီ စကားလမ္းေၾကာင္း တည့္တည့္မတ္မတ္ဆိုက္ေလသည္။
တပ္မႉးစိတၱက ဆိုသည္။
" မင္းသားအ႐ုဏရဲ႕ အရည္အခ်င္းေတြက သံသယျဖစ္စရာအလွ်င္းမရွိပါဘူး။ အရွင့္သားအ႐ုဏက သိပ္ကိုဘုန္းကံႀကီးတယ္။ ေနာင္တစ္ခ်ိန္ သူက ဥတၱရႏိုင္ငံေတာ္တစ္ခုလုံးကို ခ်ဳပ္ကိုင္ႏိုင္တဲ့အထိ အင္အားႀကီးထြားလာမွာ အေသအခ်ာပဲ"
ထိုအရာကိုေတာ့ ရွင္ေထြးေထာက္ခံသည္။ မင္းသားအ႐ုဏထံတြင္ မျမင္ရေသာဩဇာစြမ္းပကားရွိသည္။ ထိုဩဇာက သူ႔ကို အရာအားလုံးထက္ျမင့္ေသာ တစ္ေနရာသို႔ ျငမ္းသဖြယ္ တင္ပို႔ေပးလိမ့္မည္ဟု ရွင္ေထြးယုံၾကည္သည္။
ဒီအခ်က္ကပဲ မင္းသားအ႐ုဏအေပၚ သူမေမွ်ာ္လင့္မိေသာ အေၾကာင္းရင္းတစ္ရပ္ျဖစ္သည္။
" ကြၽန္ုပ္စကားကို အထင္ေတာ့မလြဲပါနဲ႔။ ဒါေပမဲ့ အရွင့္သားအ႐ုဏ ဘုရင္ျဖစ္လာတဲ့အခါ သူ႔ကိုအဟန႔္အတားျဖစ္ေစမယ့္အရာက တစ္ခုပဲရွိတယ္"
တပ္မႉးစိတၱ၏စကားေၾကာင့္ ရွင္ေထြး၏မ်က္ခုံးမ်ား အတန္ငယ္တြန႔္သြားသည္။
" ဘာမ်ားလဲ ၿမိဳ႕စားမင္း"
တပ္မႉးစိတၱက စိတ္အားေလ်ာ့သလို ေလျပင္းျပင္းရွဴထုတ္သည္။ ထို႔ေနာက္ အေရွ႕သို႔ပိုတိုးလာၿပီး အနည္းငယ္တိုးေသာေလသံျဖင့္ေျပာသည္။
" မိဖုရားကိစၥပါ"
ရွင္ေထြး၏ မ်က္ဝန္းမ်ားက်ယ္သြားသည္။
တပ္မႉးစိတၱသည္ သူမ၏ ဆတ္ခနဲျဖစ္သြားေသာအမူအရာကို တိတိပပသတိျပဳမိ၏။ ထိုအခါ တပ္မႉးစိတၱ၏အၾကည့္မ်ားဟာ မသိမသာစူးရွသြားၿပီး တစ္ဖက္လူကို သိမ္းသြင္းလိုေသာ အရိပ္အေယာင္မ်ားေပၚထြန္းလာသည္။ သို႔ေသာ္လည္း တပ္မႉးစိတၱဟာ သူ႔ကိုနဂိုခပ္ေအးေအးေနတတ္ေသာ အသြင္ကိုအလုံးစုံမကြယ္ေဖ်ာက္ပါေခ်။
" အရွင့္သားအတြက္ အရွင့္သားရဲ႕မ်ိဳးဆက္ကို ဖြားျမင္ႏိုင္မယ့္မိဖုရားတစ္ဦး လိုအပ္တာအမွန္ပါပဲ။ ဒါ့အျပင္ ဘုရင္တစ္ဦးဟာ ခ်စ္ၾကည္ေရးအတြက္၊ အက်ိဳးတစ္စုံတစ္ရာအတြက္ သစၥာခံေတြရဲ႕သမီးကညာဆက္သျခင္းကို လက္သင့္ခံရမွာျဖစ္တယ္။ ဒါေပမဲ့ အရွင့္သားအ႐ုဏကေတာ့ သင္ျမင္တဲ့အတိုင္းပဲ။ သူ႔ရဲ႕ၾကင္ယာေတာ္ယုဂန္ႏိုင္ကလြဲၿပီး တျခားမိဖုရားတင္ေျမႇာက္ဖို႔ကိစၥ သူ႔မ်က္စိထဲမျမင္ဘူး။ သူက အမတ္ယုဂန္ႏိုင္တစ္ဦးတည္းကိုပဲ သူ႔အနားမွာ ထားမယ့္သေဘာရွိတယ္"
ရွင္ေထြးသည္ ဂ႐ုတစိုက္နားေထာင္ေနဟန္မွအပ တျခားေသာ မ်က္ႏွာအမူအရာမျပသမိေအာင္ ေန,ေနသည္။ သူမက စကားေတာင္မေထာက္ေပးဘဲ ေခါင္းညိတ္၍သာ နားေထာင္ေနသည္။
" ကြၽန္ုပ္ မယ္ေတာ္ႀကီးရဲ႕ ႏိုင္ငံ့အေရးေပၚ သေဘာထားနဲ႔ လုပ္ေဆာင္ခ်က္ေတြကို မႏွစ္ၿခိဳက္ပါဘူး။ အရွင့္သားအ႐ုဏကိုလည္း အစဥ္တစိုက္ေလးစားၿပီး ၾကည္ညိဳလြန္းလို႔လည္း လာေရာက္သစၥာခံထားတာပါ။ ဒါေပမဲ့ အရွင့္သားအ႐ုဏနဲ႔ပတ္သက္ၿပီး မယ္ေတာ္ႀကီးရဲ႕ေျပာစကားကိုေတာ့ ေထာက္ခံရလိမ့္မယ္။ အရွင့္သားအ႐ုဏက အမတ္ယုဂန္ႏိုင္နဲ႔ပတ္သက္ရင္ ကိုယ္ေရးကိုယ္တာခံစားခ်က္ကို ဦးစားေပးလြန္းတယ္"
"အရွင့္သားက အေျခအေနနဲ႔ အခ်ိန္အခါကိုၾကည့္ရႈၿပီး သင့္ေလ်ာ္တဲ့ဆုံးျဖတ္ခ်က္မ်ိဳး ခ်မွတ္ႏိုင္တဲ့သူပါ။ ဒါေၾကာင့္ အေၾကာင္းသာဖန္လာလို႔ မျဖစ္မေနေ႐ြးခ်ယ္ရမယ့္ဆိုရင္ေတာ့ ကိုယ္ေရးကိုယ္တာခံစားခ်က္ကို ဦးစားကးေလာက္မယ္မထင္ပါဘူး"
" ေမွ်ာ္လင့္ရတာပါပဲ။ အရွင့္သားသာ ဥတၱရႏိုင္ငံရဲ႕အရွင္အျဖစ္ နန္းတက္ပြဲခံယူမယ္ဆိုရင္ သူ႔ရဲ႕ေဘးနားမွာ သားသမီးေမြးဖြားႏိုင္တဲ့ မိဖုရားေခါင္ႀကီးတစ္ပါးရွိဖို႔လိုအပ္ပါတယ္။ အဲ့ဒီ့မိဖုရားေခါင္ႀကီးကလည္း ထက္ျမက္ၿပီး ျပည္သူေတြအတြက္ စြန႔္လႊတ္စြန႔္စားရဲသူမ်ိဳးျဖစ္ဖို႔လိုအပ္ပါတယ္"
" မွန္ပါတယ္။ တိုင္းျပည္ရဲ႕မိခင္ႀကီးျဖစ္မွာမို႔လို႔ အျမင့္ျမတ္ဆုံးအရည္အခ်င္းရွိမွျဖစ္မွာပါ"
" ဥပမာ သင့္လို အမ်ိဳးသမီးမ်ိဳးပါပဲ"
တပ္မႉးစိတၱ၏စကားေၾကာင့္ ရွင္ေထြးသည္ အံ့အားသင့္ေသာမ်က္ႏွာျဖစ္သြား၏။
သို႔ရာတြင္ သူမသည္ ဝိုင္းစက္သြားေသာမ်က္ဝန္းမ်ိဳးကို ခ်က္ခ်င္းဖုံးကြယ္ပစ္ကာ မဝံ့မရဲဟန္ျဖင့္ၿပဳံးရင္း
" အို အေထြး မခံယူဝံ့ပါဘူး။ အေထြးလို အညတရအမ်ိဳးသမီးက တိုင္းျပည္ရဲ႕မိခင္ႀကီး ဘယ္လိုမ်ားျဖစ္ဝံ့ပါ့မလဲ"
ဟု ဆိုသည္။ ထိုစကားအတြင္းမွာပင္ သူမ၏ ဖုံးကြယ္ထားေသာ ေက်နပ္ဟန္ႏွင့္ ႏွစ္ၿခိဳက္ဟန္မ်ားကို ခံစားမိသျဖင့္ တပ္မႉးစိတၱၿပဳံးသြားသည္။
" မိမိကိုယ္ကိုႏွိမ့္ခ်ျခင္း နိဝါဒတရားဟာ ေကာင္းေသာအမႈပါပဲ။ ဒါေပမဲ့လည္း သင္က ႐ုပ္ရည္ၾကန္အင္ကစလို႔လဉာဏ္ရည္ဉာဏ္ေသြး၊ ရဲရင့္သတၱိရွိမႈ စတဲ့မိဖုရားတစ္ပါးရဲ႕ လကၡဏာနဲ႔ ျပည့္စုံတဲ့သူဆိုတာ ျငင္းမရတဲ့အမွန္တရားပါ။ ကြၽန္ုပ္ရဲ႕စိတ္တိုင္းသာဆိုရင္ေတာ့ သင့္ကို အရွင့္သားအ႐ုဏရဲ႕ မိဖုရားအျဖစ္ တင္ေျမႇာက္မိမွာပါပဲ"
ထိုစကားေၾကာင့္ ရွင္ေထြး၏နား႐ြက္ဖ်ားေလးမ်ား နီျမန္းသြားသည္။ ယင္းအျခင္းအရာကိုျမင္ၿပီးေနာက္ တပ္မႉးစိတၱ၏မ်က္ႏွာက တစ္မ်ိဳးတစ္ဖုံေျပာင္းလဲသြားသည္။ သူက ရွင္ေထြးကို မသိမသာေစာင္းငဲ့ၾကည့္ရင္း သက္ျပင္းခ်သည္။
" အဲ့သလိုမ်ိဳး သင္က မိဖုရားတစ္ပါးရဲ႕ၾကန္အင္လကၡဏာနဲ႔ ၿပီးျပည့္စုံေပမဲ့ အေျခအေနတစ္ရပ္က ရွိေနေသးျပန္တယ္"
ထပ္ဆင့္လာေသာ အႏွီစကားေၾကာင့္ ရွင္ေထြးၿပဳံးေနရာမွ ေျပေလ်ာ့သြားသည္။ သို႔ေသာ္လည္း သူမဟာ သူမ၏စိတ္တြင္း၌ မိဖုရားေနရာမွန္းေနမွန္း ေပၚသြားမည္စိုးသျဖင့္ ေမးလည္းမေမးရဲေပ။
ေတာ္ေသးသည္က တပ္မႉးစိတၱက သူ႔အလိုလိုဆက္ေျပာလာသည္။
" အရွင့္သားသာ ထီးနန္းရလာရင္ သူ႔ကိုဆက္သလာမယ့္ ၿမိဳ႕စားနယ္စားေတြရဲ႕ သမီးကညာပ်ိဳေတြက အၿပိဳင္အဆိုင္ကို ျဖစ္လာမွာပဲ။ အဲ့အခါက်ရင္ မိဖုရားေခါင္ျဖစ္ႏိုင္ေခ် သိပ္ကိုနည္းပါးလိမ့္မယ္"
ရွင္ေထြး မ်က္ႏွာတစ္ခ်က္ပ်က္သြားေသာ္လည္း သူမ ဘာမွမျဖစ္သလို ထိန္းေျပာသည္။
" အရွင့္သားနဲ႔သင့္ေလ်ာ္တဲ့ ေတာ္ဝင္မ်ိဳးႏြယ္၊ ဒါမွမဟုတ္ အထက္တန္းလႊာတစ္ဦးက ေရာက္ရွိလာမွာပါ"
စိတၱသည္ ရွင္ေထြးကို စူးစိုက္ၾကည့္ရင္း အေရွ႕သို႔ပိုတိုးလာသည္။
" ရွင္ေထြး...ကြၽန္ုပ္က လူတစ္ေယာက္ရဲ႕မ်က္ႏွာရိပ္မ်က္ႏွာကဲကို သိတတ္လြန္းတဲ့အေၾကာင္း သင္ၾကားဖူးသလား"
" ရွင္"
ရွင္ေထြး တအံ့တဩ၊ သို႔မဟုတ္ နားမလည္ႏိုင္စြာေရ႐ြတ္သည္။ တစ္ခ်ိန္တည္းတြင္ သူမ၏ခံစားခ်က္မ်ား ေပၚသြားမည္ကို ႐ြက္အုပ္သီးပူသလို စိုးရိမ္ေနသည့္မ်က္ႏွာ ျဖစ္တည္သြားသည္။
" သင့္ရဲ႕မ်က္ဝန္းထဲမွာ မင္းသားအ႐ုဏအေပၚထားတဲ့ခံစားခ်က္ေတြကို ေတြ႕ေနရတယ္"
ရွင္ေထြးမ်က္ႏွာရဲသြားသည္။ သူမ ခပ္ဆက္ဆက္ဆိုသည္။
" ၿမိဳ႕စားမင္း ဘာကိုဆိုလိုခ်င္သလဲဆိုတာ အေထြးနားမလည္ေတာ့ဘူးရွင့္"
တပ္မႉးစိတၱသည္ ႏႈတ္ခမ္းစြန္းတစ္ဖက္ကို အေပၚသို႔တြန႔္ေကြးရင္းၿပဳံး၏။
" ကြၽန္ုပ္က လူေတြရဲ႕သြင္ျပင္လကၡဏာကိုအကဲခတ္တတ္လြန္းတာေၾကာင့္ သင္ ကြၽန္ုပ္ကို ဖုံးကြယ္လို႔မရႏိုင္ပါဘူး"
ရွင္ေထြးမ်က္ႏွာ ပ်က္သည္ထက္ ပို၍ပ်က္ယြင္းလာသည္။ ထိုအခါ စိတၱက ႏူးညံ့စြာဆိုလာသည္။
" အသင္...သိပ္ၿပီးမစိုးရိမ္ပါနဲ႔။ လူတစ္ဦးကို ခ်စ္ခင္မိတာ အျပစ္မဟုတ္သလို သင္နဲ႔ထိုက္တန္တဲ့ေနရာကို မွန္းမိတာကလည္း အျပစ္မဟုတ္ပါဘူး။ ကြၽန္ုပ္ သင့္ကိုနားလည္ပါတယ္။ လူတစ္ေယာက္အေပၚ ၾကည္ညိဳေလးစားရာကေန ခ်စ္ခင္မိတဲ့စိတ္ကို ဘယ္လိုမ်ားတားဆီးႏိုင္ပါ့မလဲ"
ရွင္ေထြး သူ႔ကိုအားကိုးတႀကီးၾကည့္လာသည္။ သူမသည္ ျဖည္းျဖည္းခ်င္း စိတ္သက္သာရာရသြားပုံရွိၿပီး ေလသံေပ်ာ့ျဖင့္ေျပာသည္။
" အေထြးကိုနားလည္ေပးလို႔ ၿမိဳ႕စားမင္းကိုေက်းဇူးတင္ရွိပါတယ္။ ဒါေပမဲ့ အရွင့္သားက အိမ္ေထာင္သည္မဟုတ္ပါလား။ အေထြးက မထားသင့္တဲ့ခံစားခ်က္ေတြကို သိမ္းထားမိတဲ့သူပါ။ အေထြးထိုက္နဲ႔အေထြးကံမို႔လို႔ တစ္ေယာက္တည္း ခံစားခ်က္ကိုသိမ္းဆည္းထားပါရေစ။ သည္အေၾကာင္းေတြ ဘယ္သူ႔ကိုမွ မေျပာပါနဲ႔...ၿမိဳ႕စားမင္း"
" အို...ေျပာစရာလား။ ေနာက္ၿပီး သင္ အေတြးမွားေနၿပီ။ အရွင့္သားအ႐ုဏက ဘုရင္ျဖစ္မယ့္ ေယာက္်ားတစ္ဦးပဲ။ ဘုရင္တစ္ဦးရဲ႕တာဝန္အရ ေသြးသားခ်န္ခဲ့ဖို႔၊ တိုင္းျပည္ၿငိမ္းခ်မ္းသာယာဖို႔ ေတာ္ေကာက္ရမယ့္ မိဖုရားေတြ၊ ကိုယ္လုပ္ေတာ္ေတြ လိုအပ္တယ္။ အမတ္ယုဂန္ႏိုင္က ထက္ျမက္ျပည့္စုံသူမွန္ေပမဲ့ ေယာက္်ားတစ္ဦးျဖစ္တာေၾကာင့္ မိဖုရားမျဖစ္ႏိုင္ဘူး။ အရွင့္သားအ႐ုဏရဲ႕ ေဆာင္ရနန္းရ ၾကင္ယာေတာ္ရာထူးအဆင့္ထိသာ ျဖစ္ႏိုင္တယ္။ အရွင့္သားရဲ႕ သားသမီးကိုဖြားျမင္ေပးမယ့္ မိဖုရားေခါင္ႀကီး ျဖစ္ထိုက္သူကေတာ့ သင္ပဲ"
ထိုစကားေၾကာင့္ ရွင္ေထြး၏မ်က္ႏွာ ဝင္းလက္လာသည္။ သူမသည္ ပို၍အားအင္ရွိလာသလိုပင္ ခံစားလိုက္ရ၏။
"သင္ အခုခ်ိန္ေဝဝါးေနမယ္ဆိုတာ ကြၽန္ုပ္သိပါတယ္။ ဒါေပမဲ့ သင္မေမ့ပါနဲ႔။ သင္ မိဖုရားေခါင္ႀကီးျဖစ္ေအာင္ ကြၽန္ုပ္ေဆာင္႐ြက္ေပးႏိုင္တယ္"
ရွင္ေထြးသည္ သူမထိုေနရာကိုမက္ေမာေနမွန္း တျခားသူရိပ္မိမည္စိုးသျဖင့္ အၿမဲတေစဖုံးကြယ္ခဲ့ေသာ္လည္း တပ္မႉးစိတၱ၏ သူမအေပၚနားလည္မႈမ်ားကိုႀကဳံေသာ္ အလြန္တရာအျပစ္ကင္းစင္ၿပီး ႏွိမ္ခ်တတ္ေသာမိန္းမပ်ိဳသဖြယ္ မလုပ္ေဆာင္ေနေတာ့ေခ်။ သူမ သူမ၏တကယ့္စိတ္အမွန္အတိုင္း အေမးရွိလာသည္။
" ဘယ္လိုပါလဲ ၿမိဳ႕စားမင္း"
တပ္မႉးစိတၱ အသံကိုတိုး၍ဆိုသည္။
" အရွင့္သား ဘုရင္,မျဖစ္ခင္ကတည္းက သူ႔အနားကို သင္ေရာက္ေနရမယ္"
ရွင္ေထြး ခဏတာၿငိမ္သြား၏။ ေနာက္မွ သူမေမးသည္။
" ဘာလို႔ ၿမိဳ႕စားမင္းက အေထြး မိဖုရားျဖစ္ေရးအတြက္ ေဆာင္႐ြက္ေပးရတာပါလဲ"
တပ္မႉးစိတၱသည္ ပကတိတည္ၾကည္ေအးခ်မ္းေသာအသြင္ျဖင့္ ၿပဳံးျပ၏။
" ကြၽန္ုပ္က အရွင့္သားရဲ႕အက်ိဳးကိုေရွးရႈတာပါ။ သင္က သူ႔အတြက္ အေကာင္းဆုံးေ႐ြးခ်ယ္မႈပါပဲ"
ရွင္ေထြး ေတြေဝေနဟန္ရွိသည္။ သူမအေနႏွင့္ တပ္မႉးစိတၱကို ယုံၾကည္သင့္သလား၊ မယုံၾကည္သင့္သလား စဥ္းစားရန္ လိုအပ္ေသးသည္။
*************************************
ကဆုန္လသည္ အ႐ုဏႏွင့္ယုဂန္တို႔အဖို႔ ေခါင္းအုံးထက္တြင္ စိတ္ေအးခ်မ္းသာစြာ အိပ္စက္ရေသာေန႔
ရက္မ်ား မရွိသေလာက္နည္းပါးေသာ လတစ္လျဖစ္ခဲ့သည္။
မယ္ေတာ္ႀကီး၏ မရပ္မနားေသာထိုးစစ္မ်ားသည္ အ႐ုဏလက္ေအာက္မွ နယ္ေျမမ်ားကို အဆက္မျပတ္ၿခိမ္းေျခာက္ေနသည္။
မယ္ေတာ္ႀကီးက ျပတ္သားသည္။ လိုရာရဖို႔ စေတးပစ္ရဲသည့္ သတၱိရွိသည္။ ခံစားခ်က္တို႔ကင္းမဲ့သည္။ ႏွလုံးသားတို႔ မာေၾကာသည္။ ထိုသို႔ ခံစားခ်က္မ်ား မာေၾကာတင္းမာျခင္းမွာ စစ္ပြဲကိုစတင္မည့္ လူတစ္ဦးအတြက္ ေကာင္းေသာအက်ိဳးေက်းဇူးမ်ားရွိသည္။
မယ္ေတာ္ႀကီးက မည္သည္မည္ဝါကိုမွ သံေယာဇဥ္ၿငိတြယ္ျခင္း မယ္မယ္ရရမရွိသျဖင့္ စစ္ပြဲေအာင္ႏိုင္ေရးကိုသာ အာ႐ုံစိုက္ႏိုင္သည္။ ေအာင္ႏိုင္ေရးအတြက္ မေကာင္းဆိုးဝါးဆန္ပစ္ႏိုင္သည္။
တရားမွ်တျခင္း၊ အမ်ား၏ထိခိုက္ျခင္းကိုေရွာင္လႊဲျခင္း ဟူသည္ ယဥ္ေက်းေသာလူ႔အဖြဲ႕အစည္းအတြက္ ေကာင္းမြန္ေသာ ေဆာင္႐ြက္ခ်က္မ်ားျဖစ္သည္။ သို႔ရာတြင္ ထိုအရာမ်ားကို လက္ကိုင္ထားေသာသူထက္ မေကာင္းဆိုးဝါးျဖစ္ႏိုင္ေသာလူက ေအာင္ႏိုင္ျခင္းကို အလ်င္အျမန္ခ်ဳပ္ကိုင္ျခယ္လွယ္ႏိုင္သည္မွာ ေလာက၏မႏွစ္ၿမိဳ႕စရာေကာင္းေသာ အမွန္တရားတစ္ခုျဖစ္ခဲ့သည္။
အဘယ္ေၾကာင့္ဆိုေသာ္ မေကာင္းဆိုးဝါးဆန္ႏိုင္သူက ရည္႐ြယ္ခ်က္တစ္ခုတည္းအတြက္ အရာအားလုံးကို ေျခဖ်က္ႏိုင္ၿပီး မေကာင္းဆိုးဝါးမဆန္လိုသူကမူ အရာအားလုံးကို ငဲ့တြက္၍ ၾကန႔္ၾကာေနျခင္းေၾကာင့္သာ။
ထို႔ေၾကာင့္ ေအာင္ႏိုင္ေရးအတြက္ ေလာေလာဆယ္အရာအားလုံးကို ခ်နင္းႏိုင္ေသာ မယ္ေတာ္ႀကီးက အ႐ုဏအတြက္ ၿခိမ္းေျခာက္မႈျဖစ္လာသည္။
မယ္ေတာ္ႀကီးက သူမ,ရည္႐ြယ္တိုက္ခိုက္ေသာၿမိဳ႕မ်ားကို အစာေရစာျဖတ္ေတာက္ပစ္သည္။ ကုန္သြယ္ျခင္းမ်ား ရပ္ဆိုင္းေအာင္ျပဳသည္။ သူမ၏စစ္တပ္ေရွ႕မွ ပိတ္ရပ္လာေသာ အရာအားလုံးကို ေခ်မႈန္းပစ္ရန္ အမိန႔္ေပးထားသည္။ အ႐ုဏဘက္မွပါေသာသူတိုင္း ျပည္သူမ်ားပါ,မခ်န္ အျပစ္ေပးရန္ စစ္သည္မ်ားကို မွာၾကားထားသည္။
ၿမိဳ႕သူၿမိဳ႕သားမ်ား တုန္လႈပ္လာသည္။ ကဆုန္လကုန္၍ နယုန္လေလာက္ေသာ္ ကုန္သြယ္ေရးျပတ္ေတာက္မႈ၊ အစာေရစာရွားပါးမႈေၾကာင့္ ၿမိဳ႕သူၿမိဳ႕သားမ်ား ဒုကၡေရာက္လာသည္။ မယ္ေတာ္ႀကီးတပ္မ်ား၏ ဖိႏွိပ္မႈေၾကာင့္ မင္းသားအ႐ုဏဘက္မွ ရဲဝံ့စြာလိုက္ပါႏိုင္သူ ရွားပါးလာသည္။
မယ္ေတာ္ႀကီး၏ ကမ္းလွမ္းမႈကရွင္းပါသည္။ သူ႔လက္ေအာက္သို႔ ထိုၿမိဳ႕၏ ၿမိဳ႕စားမင္း သစၥာျပန္ခံသည္ႏွင့္ အရာအားလုံးယခင္အတိုင္း ျပန္ျဖစ္ေစရမည္ဟူေသာ ကတိႏွင့္ျဖစ္သည္။ အကယ္၍ သစၥာလာမခံဘဲ သူမ တိုက္၍ႏိုင္ပါက ၿမိဳ႕စားမင္းကို ကြပ္မ်က္မည္ျဖစ္သည္။
ဤသို႔ႏွင့္ နယုန္လဆန္း ၁၄ ရက္ေန႔တြင္ မယ္ေတာ္ႀကီးလက္ေအာက္သို႔ ၿမိဳ႕တစ္ၿမိဳ႕ေရာက္ရွိသြားသည္။ ေနာက္ထပ္ တစ္ပတ္ေနေသာ္ တျခားေသာၿမိဳ႕တစ္ၿမိဳ႕ထပ္ပါသြားသည္။
အ႐ုဏႏွင့္ယုဂန္ႏိုင္သည္ ခုခံတပ္ဖြဲ႕မ်ားကို လွမ္း၍ၫႊန္ၾကား႐ုံမွ် မေနသာေတာ့ဘဲ တျခားနယ္ေျမမ်ားကို ကိုယ္တိုင္ကာကြယ္ရန္ တမာပင္ၿမိဳ႕မွ ထြက္လာရေတာ့သည္။
မင္းသားပီယံမိတ္ဟာေတာ့ ထိုမတိုင္ခင္ကတည္းက မယ္ေတာ္ႀကီးလာေရာက္ထိပါးေနေသာ နယ္ေျမတစ္ခုမွ စစ္တပ္ကို ဦးစီးရန္ ထြက္ခြာသြားၿပီး ျဖစ္သည္။
ထို႔ေၾကာင့္ ယခု အ႐ုဏတို႔ႏွင့္အတူလိုက္ပါလာသူမွာ တပ္မႉးစိတၱျဖစ္သည္။
အ႐ုဏ၊ ယုဂန္ႏွင့္ တပ္မႉးစိတၱတို႔သည္ တမာပင္ၿမိဳ႕မွထြက္ခြာရန္ ေတာအုပ္အစပ္နားကိုေရာက္ရွိေနၿပီျဖစ္၏။ သူတို႔ကိုလိုက္လံပို႔ေဆာင္ေပးရန္ အစက ရွင္ေထြး၏အစ္ကိုျဖစ္သူကို တာဝန္ေပးထားေသာ္လည္း ထိုသူမွာ႐ုတ္ခ်ည္းေနထိုင္မေကာင္းျဖစ္ေသာေၾကာင့္ ရွင္ေထြးက သူ႔အစားလိုက္လာသည္။ ရွင္ေထြးက ၿမိဳ႕အစြန္ ေတာစပ္အထိသာ လိုက္ပို႔ေပးရန္လိုအပ္သည္။
အ႐ုဏတို႔ေတာစပ္ကိုေရာက္လာခ်ိန္တြင္ အမည္မသိလူတစ္စု တိုက္ခိုက္လာျခင္းကိုခံရသည္။ ထိုလူစုသည္ မ်က္ႏွာဖုံးမ်ားဝတ္ထားၿပီး အေယာက္ ၇၀ မွ်ရွိ၏။
ထိုသူတို႔၏ ေနာက္ေက်ာမွ ႐ုတ္တရက္ခ်ဳံခို တိုက္ခိုက္လာမႈေၾကာင့္ အ႐ုဏႏွင့္ယုဂန္တို႔ ျပန္လည္ခုခံကာကြယ္ရင္း လူစုကြဲသြားၾကသည္။
ယုဂန္သည္ တပ္မႉးစိတၱဆြဲေခၚရာသို႔ ပါသြား၏။
အ႐ုဏကမူ အနားရွိသည့္ လက္ေအာက္ငယ္သားမ်ားကို ေခါင္းေဆာင္တစ္ဦးအေနႏွင့္ ကာကြယ္ေပးရင္း ရွင္ေထြးႏွင့္အတူ ေတာအုပ္ထဲသို႔ ေရာက္ရွိသြားေလသည္။
ယုဂန္ ေမာင့္ကို မ်က္ျခည္ျပတ္သြားသည္။
လုပ္ႀကံသူတို႔ထြက္ေျပးသြားေသာအခါ ယုဂန္သည္ တပ္မႉးစိတၱႏွင့္အတူ တမာပင္ၿမိဳ႕သို႔ျပန္လာၿပီး ေမာင့္ကိုေစာင့္၏။
သို႔ေသာ္ ေမာင္ တစ္ညလုံးျပန္မေရာက္လာပါေခ်။
*************************************
30.4.2022
(Saturday )