Other Side Of Love (Complete)
By May_Soe1
148K 8.5K 189
အရာရာမှာတဇွတ်ထိုးလုပ်တတ်ပြီးမိဘအရှိန်အဝါနဲ့လိုချင်တာကိုမရရအောင်ယူတတ်တဲ့ဝမ်အိမ်တော်ရဲ့သားအငယ်ဆုံး Dominant Alp... More
OSOL 2 {U+Z}
OSOL 3 {U+Z}
OSOL 4 {U+Z}
OSOL 5 {U+Z}
OSOL 6 {U+Z}
OSOL 7 {U+Z}
OSOL 8 {U+Z}
OSOL 9 {U+Z}
OSOL10 {U+Z}🚫🚨🚨
OSOL 11 {U+Z}
OSOL 12 {U+Z}
OSOL 13 {U+Z}
🚨OSOL 14{U+Z}🚨
OSOL 15 {U+Z}
OSOL 16 {U+Z}
OSOL 17 {U+Z}
OSOL 18 {U+Z}
OSOL 19 {U+Z}
OSOL 20 {U+Z}
OSOL 21 {U+Z}
OSOL 22 {U+Z}
OSOL 23 {U+Z}
OSOL 24 {U+Z}
OSOL 25 {U+Z}
OSOL 26 {U+Z}
OSOL 27{U+Z}
🚨OSOL 28🚨{U+Z}
OSOL 29 {U+Z}
OSOL 30 {U+Z}Final
OSOL 1 {U+Z}
16.7K 582 1
By May_Soe1
Unicode
နံနက်၉နာရီ...
လမ်းမထက်အရှိန်နဲ့ပြေးလွှားနေတဲ့ဆိုင်ကယ်တစ်စီး
မောင်းနှင်လာတဲ့လူမှာလည်းတစ်ကိုယ်လုံးကိုအနက်ရောင်ဝတ်ဆင်ထားပြီး
ဆိုင်ကယ်မှာလည်းနောက်ဆုံးပေါ်Yamaha ဆိုင်ကယ်အနက်ရောင်ဖြစ်သည်
အရှိန်နဲ့ပြေးလွှားနေတဲ့ဆိုင်ကယ်ဟာလမ်းချိုးတစ်ခုထဲကိုဆက်လက်ချိုးဝင်သွားခဲ့တယ်....
လူချမ်းသာတွေနေတဲ့ရပ်ကွက်ဖြစ်တာကြောင့်တစ်ခြံနဲ့တစ်ခြံအလှမ်းဝေးကာတိတ်ဆိတ်မှုသာကြီးစိုးနေတယ်
ထိုအချိန်အရှိန်နဲ့မောင်းဝင်လာတဲ့ဆိုင်ကယ်ဟာလမ်းတစ်လျှောက်ဖြတ်ပြေးသွားတယ်
ခြံတစ်ခြံရှေ့ကိုရောက်သွားတဲ့အခါမှာတော့အရှိန်ကိုရပ်တန့်လိုက်မှုကြောင့်
တုန့် ခနဲရပ်တန့်သွားတော့သည်....
ဆိုင်ကယ်ပေါ်ကလူရွယ်ဟာသူရောက်နေတာကိုအသိပေးရန်အလို့ငှာဆိုင်ကယ်ဟွန်းကိုအသံကုန်ဖိနှိပ်လိုက်တယ်
ဆိုင်ကယ်ဟွန်းသံကြောင့်ချက်ချင်းပင်ခြံစောင့်ကခြံတံခါးကိုလာဖွင့်ပေးတယ်
ခြံစောင့်ဟာတံခါးဖွင့်ပေးနေရင်းနဲ့ဆိုင်ကယ်ပေါ်ကသခင်လေးကိုကြောက်ရွံ့စွာကြည့်မိတယ်
အေးစက်နေတဲ့ပတ်ဝန်းကျင်ကြောင့်သူကြောက်လန့်စွာခြံတံခါးကိုအလျင်အမြန်ဖွင့်နေမိသည်
ဒီတိုင်းနေရင်တောင် Dominant Alpha တစ်ယောက်ရဲ့အရှိန်အဝါတွေကိုအပြည့်အဝခံစားနေရတဲ့ သူတို့ရဲ့သခင်လေးက A နိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင်Wang Gpရဲ့အငယ်ဆုံးသား
သခင်လေး ဝမ်ရိပေါ်ဖြစ်သည်
သခင်လေးကပတ်ဝန်းကျင်ကိုဥပေက္ခာပြုထားတတ်သူဖြစ်ပြီးသူထင်ရာသူလုပ်တတ်တဲ့တဇွတ်ထိုးသမား။
ဖြစ်ချင်လာရင်ရအောင်လုပ်တတ်ပြီးလိုချင်တာရှိရင်လည်းမရရအောင်ယူတတ်တဲ့လူမျိုး
သူလုပ်သမျှပြဿနာတိုင်းကိုတားမဲ့သူရှိလားဆိုတော့လည်းအစ်မဖြစ်သူကိုယ်တိုင်ကိုကငွေထုပ်ပိုက်ပြီးလိုက်လံဖြေရှင်းပေးသည်။
Wang Groupရဲ့သခင်လေးဟာဆိုးတယ်ဆိုရင်သခင်မလေးကတော့သွေးအေးတဲ့လူမျိုးဖြစ်တယ်
မောင်ပြုလုပ်သမျှကိုအနောက်ကနေအကုန်သွေးအေးစွာဖယ်ရှားပေးမည်ဖြစ်သည်။
ခြံတံခါးပွင့်သွားတာနဲ့ဆိုင်ကယ်‌ပေါ်
ကလူရွယ်ဟာဆိုင်ကယ်ကိုစက်ပြန်နှိုးလို့အရှိန်နဲ့ဝင်သွားတော့တယ်
ဆိုင်ကယ်ကိုခြံထဲမှာရပ်ခဲ့ပြီးတာနဲ့အိမ်ထဲကိုဝင်လိုက်တယ်
အိမ်ထဲကိုဝင်လိုက်တယ်ဆိုရင်ဘဲ
"ဝမ်လေးအခုဘယ်ကပြန်လာတာလဲဟင်တစ်ညလုံးဘယ်ကိုသွားနေတာလဲကွယ်ဒီမှာကျဲနဲ့မားနဲ့ကမင်းကိုအရမ်းစိတ်ပူနေတာ"
ရိပေါ် ခေါင်းပေါ်ရှိHelemetကိုချွတ်လိုက်ပြီးလက်ထဲပြောင်းကိုင်ကာသူ့ကိုစိတ်ပူစွာမေးနေတဲ့ကျဲကိုပြန်ဖြေဖို့ပြင်လိုက်သည်
"ကျဲကလည်းဗျာကျွန့်တော့်ကိုစိတ်မပူပါနဲ့ဆိုကျွန်တော် ဟောက်ရွှမ်းတို့နဲ့ဆိုင်ကယ်ကွင်းမှာပြိုင်နေတာ"
"ဟင်းးးးဟုတ်ပါပြီအဲ့ဒါကို ကျဲနားလည်ပါတယ် ဒါပေမယ့်စိတ်ပူတာကစိတ်ပူတာဘဲလေဝမ်လေး မားဆိုဝမ်လေးကိုတစ်ညလုံးမေးနေတာအခုထိလည်းမေးနေတုန်းဘဲ ဝမ်လေးမားဆီသွားလိုက်ဦး"
"ဟုတ်ကဲ့ပါ ကျဲကျွန်တော်မားဆီသွားလိုက်မယ်"
"ဒါနဲ့ ပြိုင်ပွဲအခြေအနေလေး"
ရိပေါ် ကျဲရဲ့အမေးကြောင့်နှုတ်ခမ်းစွန်းတစ်ဖက်ကိုကော့တတ်လို့ပြုံးလိုက်ကာ
"ဟ. ကျဲကလည်းကျွန်တော်ကဘယ်သူမို့လို့လဲတစ်မိုးအောက်တစ်ယောက်
ဝမ်ရိပေါ်လေရှုံးစရာလားအရှုံးဆိုတာကျွန်တော့်ရာဇဝင်မှာမရှိဘူး"
သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ပြောနေသည့်ပုံမှာအလွန်ချစ်ဖို့ကောင်းနေသောကြောင့်
ရှင်း‌မေတစ်ချက်ရီလိုက်ပြီး
"ကောင်းပါပြီရှင်တစ်မိုးအောက်တစ်ယောက်အကို‌လေးဝမ်ရိပေါ်ရယ်အခုမားနဲ့သွားတွေ့လိုက်ဦးမားမင်းကိုအရမ်းစိတ်ပူနေတယ်"
"ဟုတ်အဲ့တာဆိုကျွန်တော်သွားပြီ"
ရှင်းမေ အပေါ်ထပ်ကိုတက်သွားတဲ့ခေတ်လေးကိုမျက်စိတစ်ဆုံးကြည့်နေမိတယ်။
ဝမ်လေးဟာသူ့အတွက်တော့တန်ဖိုးအထားရဆုံးလူတစ်ယောက်ဘဲဒယ်ဒီမရှိတော့ထဲကဝမ်လေးကသူတို့သားအမိနှစ်ယောက်အတွက်တော့တန်ဖိုးအထားရဆုံးဘဲဒယ်ဒီဆုံးတော့
ဝမ်လေးကငယ်ငယ်လေးဘဲရှိသေးတယ်
သူ့လိုဒယ်ဒီနဲ့အချိန်အကြာကြီးမနေခဲ့ရဘူး
ဒယ်ဒီဆုံးပြီးထဲကသူတို့ရဲ့စီးပွားရေးလုပ်ငန်းကယိုင်နဲ့နေခဲ့တယ်
မားကလည်းကျန်းမာရေးသိပ်မကောင်းတဲ့အတွက်ကုမ္ပဏီကိုလှည့်မကြည့်နိုင်ခဲ့ဘူး
အဲ့ဒီ့အချိန်တုန်းကသူတို့မိသားစုမပြည့်စုံခဲ့တဲ့အတွက်ဝမ်လေးလိုချင်သမျှကိုမဖြည့်ဆည်းပေးနိုင်ခဲ့ဘူး
သူဆုံးဖြတ်ခဲ့တယ်ဝမ်လေးကိုဘယ်တော့မှအဲ့လိုထပ်ပြီးမခံစားစေရတော့ဘူး
အခုသူ့မှာအင်အားရှိလာပြီဝမ်လေးလိုချင်တာအကုန်ဖြည့်ဆည်းပေးမယ်
ဝမ်လေးလိုချင်တာကမိုးပေါ်ကကြယ်ဆိုရင်တောင်သူရအောင်ယူပေးမှာ
ရိပေါ် မားရဲ့အခန်းထဲဝင်လို့မားကိုနှုတ်ဆက်လိုက်သည်
မားကသူ့ကိုနည်းနည်းတော့ဆူချင်ပေမယ့်သူနည်းနည်းလောက်ချွဲလိုက်တာနဲ့အလျှော့ပေးစမြဲပင်
သူကလည်းသူပင်အပြင်မှာဘယ်လောက်ဘဲရက်စက်အေးစက်ကာရှုပ်ပွေသည်ဆိုအိမ်ပြန်ရောက်တာနဲ့သူကကျဲနဲ့မားတို့ရဲ့ကလေးလေးပင်
ထိုသို့ဖြစ်အောင်လည်းမားနဲ့ကျဲကသူ့အပေါ်အလိုလိုက်ချစ်ပေးခဲ့သည်
ကိုယ့်အခန်းစီပြန်ရောက်တာနဲ့ဝတ်ထားတဲ့အဝတ်အစားတွေကိုချွတ်လိုက်‌
တော့သည်
အဝတ်အစားတွေကိုချွတ်လိုက်တာနဲ့ပေါ်လာတဲ့ရင်အုပ်ကြွက်သားတွေ
V shapeခန္ဓာကိုယ်နဲ့လိုက်ဖက်စွာ
Eight packတွေကလည်းသူ့နေရာနှင့်သူ
ရိပေါ် အဝတ်အစားတွေချွတ်ပြီးတာနဲ့ရေချိုးဖို့ရေချိုးခန်းထဲဝင်လိုက်သည်။
ရေချိုးပြီးတာနဲ့‌ဟောက်ရွှမ်းဆီမနက်ဖြန်တွေ့ဖို့ချိန်းလိုက်ကာအိပ်ရာထက်လှဲချလိုက်တော့သည်
သူတစ်ညလုံးမအိပ်ရသေးတဲ့အတွက်ကောင်းကောင်းအနားယူရမည်ပင်။
<<<<<<<<<<<>>>>>>>>>>>
ကြည်လင်နေတဲ့ကောင်ကင်ကြီးအောက်မှာနေရောင်ခြည်ရဲ့လင်းလတ်မှုနဲ့အတူသက်ဝင်လှုပ်ရှားနေကြပုံမှာသာယာလှပနေသော်လည်း
တရုတ်နိုင်ငံ၏No.1ဖြစ်သည့် Wang Groupပိုင်ဆေးရုံကြီး၏operationခန်းထဲတွင်တော့
"မြန်မြန်ခွဲစိတ်ဖို့ကိုပြင်တစ်မိနစ်လောက်နောက်ကျသွားရင်တောင်မှလူနာရဲ့အသက်အတွက်စိုးရိမ်ရတယ်။
ရှောင်းကျန့် ရှောင်းကျန့် ဘယ်မှာလဲ ခုချက်ချင်းသူ့ကိုခေါ်ခဲ့"
Operationခန်းထဲတွင်ခွဲစိတ်ဋ္ဌာန၏အကြီးဆုံးဆရာကြီး၏အသံဟာလွှမ်းမိုးလျက်
--------------------
"ရှောင်းကျန့် မင်းကိုဆရာ‌ရှဲ့ခေါ်နေ....."
ကျိုးချန် ရဲ့စကားမဆုံးခင်မှာပင်‌ရှောင်းကျန့်
ကဆရာ‌ရှဲ့ဆိုတဲ့အသံကြားရုံနဲ့တင်operationခန်းထဲရောက်နေလေပြီ။
ရှောင်းကျန့်ကငယ်စဉ်ထဲကမိဘနှစ်ပါးလုံးဆုံးပါးသွားခဲ့ပြီးမိဘမဲ့ဂေဟာမှာနေခဲ့ရသူပင်။
အထက်တန်းအောင်မှမိဘမဲ့ဂေဟာမှထွက်လာခဲ့ပြီးSchorlar shipနဲ့ဆေးကျောင်းဆက်တက်ခဲ့
ရတယ်။Omegaတစ်ယောက်ဖြစ်တဲ့သူ့မှာအခက်အခဲတွေအများကြီးရှိခဲ့ပေမဲ့ဆရာရှဲ့ကသူ့ကိုအများကြီးကူညီပေးခဲ့တယ်။
ဆရာရှဲ့သာမရှိခဲ့ရင်သူအခုချိန်မှာအခုလိုနေနိုင်လောက်မယ်မထင်ပေ။
သူဆရာရှဲ့ကိုကျေးဇူးပြန်ဆပ်ဖို့တေ့ာတတ်နိုင်သလောက်ကြိုးစားသွားမှာပင်။
ရှောင်းကျန့် ကခွဲစိတ်တဲ့နေရာမှာတော့သူ့ဆရာရဲ့တပည့်ကောင်းပီသစွာအရမ်းတော်တယ်။အလုပ်နဲ့ပတ်သတ်ရင်အလွဲအချော်ဆိုတာလုံးဝမရှိစေရအောင်အရမ်းဂရုစိုက်တယ်။
တစ်ချို့လူနာတွေဆိုဆရာဝန်လေး
ရှောင်းကျန့်ရဲ့အပြုံးနဲ့တင်ရောဂါတစ်ဝက်လောက်သက်သာသွားပြီလို့ပြောကြတယ်။
အပြုံးနဲ့ကုတဲ့ဆရာဝန်လေးပေါ့
အမှန်ဘဲလေ ရှောင်းကျန့်ဆိုတဲ့လူငယ်လေးဟာမျက်ခုံးမထူမပါးလေးရယ်မျက်လုံးကြည်ကြည်လေးရယ်မျက်တောင်စိတ်စိတ်လေးတွေနှာတံစင်းစင်းလေးရယ်မေးရိုးသွယ်သွယ်လေးတွေနဲ့ပြုံးလိုက်ရင်ပေါ်လာတဲ့ မထင်မရှားပါးချိုင့်နှစ်ဖက်ရယ် ရှေ့သွားလေးနှစ်ခုဖြစ်တဲ့ယုန်သွားကြီးကြီးလေးတွေရယ်
နှုတ်ခမ်းအောက်မှာရှိတဲ့အနက်ရောင်အစက်လေးဖြစ်တဲ့မှည့်နက်လေးမှာအသည်းတွေကြွေရပါသည်။အဲ့ဒါအပြင်ဂျူတီကုတ်ပါဝတ်လိုက်တော့ဒီလူသားလေးမှာနတ်သက်ကြွေလာတဲ့နတ်သားလေးအလား
အဲ့တာကြောင့်ဆေးရုံမှာရှိသမျှလူတိုင်းရဲ့ပါးစပ်ဖျားမှာOmegaလေး
ရှောင်းကျန့်ဆိုတာသတင်းမွှေးနေလေရဲ့။
................
"ဆရာကျွန်တော်ရောက်ပြီ"
"ဟုတ်ပြီကျန်တဲ့လူတွေအကုန်အပြင်ထွက်ရှောင်းကျန့်"
ဆရာရှဲ့က ရှောင်းကျန့်မျက်လုံးကိုစိုက်ကြည့်ပြီးခေါင်းညိတ်ပြတယ်သဘောက
'လုပ်နိုင်တယ်မလား'
ရှောင်းကျန့်ကလည်းပြန်ပြီးခေါင်းညိတ်ပြလိုက်တယ်
"ဟုတ်ကဲ့ဆရာ"
၂နာရီကြာပြီးနောက်
"ရှောင်းကျန့် တော်တယ်အမြဲဒီလိုဘဲဆက်ကြိုးစားသွားပါ"
"ဟုတ်ကဲ့ပါဆရာအဲ့တာဆိုသွားခွင့်ပြုပါဦး"
ရှောင်းကျန့် ဆရာ့ကိုနှုတ်ဆက်ပြီးတာနဲ့
သူတာဝန်ကျရာနေရာဆီသို့ပြန်လာကာလူနာတွေကိုစစ်ဆေးကြည့်ရှုပေးရတော့သည်။
ဒါကတော့သူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေပင်။
<<<<<<<<<<<>>>>>>>>>>
TBC
Lovely May
Dec 22,2022(Thu) {Edit}
ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင့်💙💙
Zawgyi
နံနက်၉နာရီ...
"ဝမ်လေးအခုဘယ်ကပြန်လာတာလဲဟင်တစ်ညလုံးဘယ်ကိုသွားနေတာလဲကွယ်ဒီမှာကျဲနဲ့မာမီနဲ့ကမင်းကိုအရမ်းစိတ်ပူနေတာ"
"ဟင်းးးးဟုတ်ပါပြီအဲ့ဒါကို ကျဲနားလည်ပါတယ် ဒါပေမယ့်စိတ်ပူတာကစိတ်ပူတာဘဲလေဝမ်လေး မာမီဆိုဝမ်လေးကိုတစ်ညလုံးမေးနေတာအခုထိလည်းမေးနေတုန်းဘဲ ဝမ်လေးမာမီဆီသွားလိုက်ဦး"
"ဟုတ်ကဲ့ပါ ကျဲကျွန်တော်မာမီ့ ဆီသွားလိုက်မယ်"
"ကောင်းပါပြီရှင်တစ်မိုးအောက်တစ်ယောက်အကို‌လေးဝမ်ရိပေါ်ရယ်အခုမာမီနဲ့သွားတွေ့လိုက်ဦးမာမီမင်းကိုအရမ်းစိတ်ပူနေတယ်"
မာမီကလည်းကျန်းမာရေးသိပ်မကောင်းတဲ့အတွက်ကုမ္ပဏီကိုလှည့်မကြည့်နိုင်ခဲ့ဘူး
ရိပေါ် မာမီ့အခန်းထဲဝင်လို့မာမီ့ကိုနှုတ်ဆက်လိုက်သည်
မာမီကသူ့ကိုနည်းနည်းတော့ဆူချင်ပေမယ့်သူနည်းနည်းလောက်ချွဲလိုက်တာနဲ့အလျှော့ပေးစမြဲပင်
သူကလည်းသူပင်အပြင်မှာဘယ်လောက်ဘဲရက်စက်အေးစက်ကာရှုပ်ပွေသည်ဆိုအိမ်ပြန်ရောက်တာနဲ့သူကကျဲနဲ့မာမီတို့ရဲ့ကလေးလေးပင်
ထိုသို့ဖြစ်အောင်လည်းမာမီနဲ့ကျဲကသူ့အပေါ်အလိုလိုက်ချစ်ပေးခဲ့သည်
တော့သည်
<<<<<<<<<<<>>>>>>>>>>>
--------------------
သူဆရာရှဲ့ကိုကျေးဇူးပြန်ဆပ်ဖို့တော့တတ်နိုင်သလောက်ကြိုးစားသွားမှာပင်။
................
ဆရာရှဲ့ကxzက်လုံးကိုစိုက်ကြည့်ပြီးခေါင်းညိတ်ပြတယ်သဘောက
'လုပ်နိုင်တယ်မလား'
"ဟုတ်ကဲ့ဆရာ"
၂နာရီကြာပြီးနောက်
<<<<<<<<<<<>>>>>>>>>>
TBC
Lovely May
Dec 22,2022(Thu) {Edit}
Continue Reading
You'll Also Like
91K 12.1K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
43.8M 1.3M 37
"You are mine," He murmured across my skin. He inhaled my scent deeply and kissed the mark he gave me. I shuddered as he lightly nipped it. "Danny, y...
80.6K 4.4K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။