𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫

By Kim_Vante_Koo

21.9K 1.5K 167

ကျန်တာတွေမလို... ဖဝါးမလပ်ခြေရာထပ်ဖို့ကသာ ကျွန်တော့်ရဲ့ဘဝအဆက်အဆက် တောင်းဆုတစ်ခု ဖြစ်ခဲ့၏။ More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10 🔞
Part 11
Part 12
Part 14🔞
Part 15
Part 16
Part 17
Ending
Thank you all
Announcement for _
Hello

Part 13

955 84 11
By Kim_Vante_Koo

Dream World ထဲအဝ ပတ်ပြီး နှစ်ကောင်သားပြန်ထွက်လာတော့ Bkk စံတော်ချိန် 6:30 တိတိ။ ၃နာရီလောက်
ဟိုငေးဒီငေးနဲ့တစ်ယောက်ပခုံးတစ်ယောက်ဖက်ပြီး
ခြေရာချင်းထပ်လောက်တဲ့အထိ Dream World ထဲမှာ
မွှေ့နေခဲ့တာ။ မိန်းကလေးတွေများများစားစားရှိတဲ့
နေရာရောက်တိုင်း ကျွန်တော့်လက်တစ်ဖက်ကို ကျစ်နေအောင်လာဆုပ်ကိုင်တဲ့ Nanon က ဒီလို မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး အူတိုတက်သေးတယ်။

အရပ်အမောင်းကသိပ်ပြီးမကွာပေမယ့် သူ့ထက်ခန္ဓာကိုယ်အနည်းငယ်ပိုထွားတဲ့ ကျွန်တော့်ကို မော့မော့ကြည့်ပြီး
နှုတ်ခမ်းစူတတ်တဲ့သူ့ကို ကျွန်တော့်မှာမွှေ့ယမ်းပစ်ချင်လောက်တဲ့ထိ အူတယားယား။

ကျွန်တော်တို့ထူးဆန်းလွန်းနေတယ်မဟုတ်ဘူးလား။
တကယ်ဆို ကျွန်တော်တို့ပင်ပန်းခဲ့ကြတာ။ နှစ်ချီလမ်းခွဲခဲ့ကြပြီး ပြန်တွေ့ခဲ့ကြတာ။ ရုပ်ရှင်ထဲကလို တစ်ယောက်နဲ့တစ်​ယောက် အကြာကြီးဖက်ငိုတာမျိုးတွေလည်းကျွန်တော်တို့မလုပ်ကြဘူး။ ကျွန်တော်သိတာ ကျွန်တော်အခုအရမ်းပေါ့ပါးနေတယ်။ ဟုတ်တယ်။ သူနဲ့အတူအချိန်ဖြုန်းရခြင်းတွေမှာ
ကျွန်တော်နည်းနည်းလေးတောင် သက်သောင့်သက်သာမဖြစ်တာမျိုး မခံစားရဘူး။ သူ့လက်ကိုဆွဲပြီး Dream World ကိုပတ်ရခြင်းကပဲ တကမ္ဘာလုံးကို လက်ဆွဲပြီးခေါ်သွားနိုင်လောက်တဲ့အထိ အားအင်မျိုးတွေရစေတယ်။

အခုလည်းနာရီအတော်ကြာလမ်းလျှောက်ထားရလို့
ကျွန်တော့် ခြေထောက်တွေညောင်းကိုက်နေပြီ။ဒါပေမယ့်
ကျွန်တော်မမှုဘူး။ ကျွန်တော်သူနဲ့အချိန်အကြာကြီးကုန်ဆုံးချင်တယ်။ ဖာသိဖာသာနေရင်းအချိန်တွေကုန်သွားမှာကိုပဲ
ကျွန်တော်သေမလိုကြောက်နေတာ။ ကုန်ဆုံးသွားတဲ့အချိန်
အပိုင်းစလေးတွေကအစ ကျွန်တော်နှမျောတသကြီးလွန်းနေတာ။ အရင်ကတွဲခဲ့တုန်းကလို အိမ်နဲ့ကျောင်းမှာပဲ
အချိန်မကုန်ချင်ဘူး။ ဘယ်ထပ်သွားချင်လဲ Babe
လို့မေးလိုက်တော့ မင်းသွားချင်တဲ့နေရာလို့ ပြန်ဖြေတယ်။
အိမ်ရဲ့အငယ်ဆုံးကလေးကိုအလိုလိုက်နေရသလိုအကြည့်မျိုးနဲ့ ပြန်​ဖြေတဲ့ လေသံနုနုက တကယ်ပဲကျွန်တော်ဖြစ်ချင်တာ
မှန်သမျှ လိုက်လျောပေးမယ်ဆိုတဲ့အသွင်ကိုဆောင်တယ်။

"ခြေထောက်တွေညောင်းနေသလား"

"ရင်တွေခုန်နေတာ"

မေးတဲ့မေးခွန်းနဲ့အဖြေက ကိုက်ညီမှုမရှိပေမယ့် သဘောကျစွာနဲ့ပဲ ကျွန်တော်တို့ နှစ်ယာက်လုံးခေါင်းမော့ပြီး ရယ်မိကြတယ်။ ကျွန်တော်သိတယ်။ လောကမှာငွေကအရေးကြီးတယ်မှန်တယ်။ ဒါမဲ့ချစ်ခြင်းမေတ္တာတွေကြားပျော်ဝင်မှုဟာ ဘယ်ငွေတွေနဲ့မှပေးဝယ်လို့မရဘူး။ ဒီလိုအတွေးပေါက်တော့ အရင်ကာလတွေတုန်း ​က တွေဝေနေခဲ့ဖူးတဲ့ကိုယ့်အဖြစ်ကိုယ်မြင်ယောင်ရင်း ဟက်ခနဲရယ်မိတယ်။ မတန်ဘူး ကိုယ်လိုမကောင်းတဲ့ကောင်ကိုချစ်စေမိခဲ့လို့အားနာတယ်။
အရာအားလုံးမေ့ပျောက်ပြီးအခုချိန်ကျွန်တော့် ဘေးနားမှာ
ကြည်ကြည်စင်စင်ပြုံးနေပေးတဲ့ Nanon ကိုမြင်ရတာ
ကျွန်တော့်ရင်ထဲနင့်ခနဲပဲ။ ဘယ်ဘဝကတည်းကပါလာတဲ့ ပါရမီတွေကြောင့် ခွင့်လွှတ်လွယ်ပြီးအေးချမ်းနေရတာလည်းကလေးရယ်။

ဒီအချိန်မှာကျွန်တော်သေချာသထက်သေချာသွားခဲ့တာ
ကျွန်တော်သူ့ကို လက်မလွှတ်ပေးနိုင်တော့ဘူး။
စားရတဲ့ခွေး ပိုငတ်တယ်ဆိုသလို အလိုလိုက်ခံရတဲ့
ကျွန်တော်ကလည်းNanonကိုပိုမက်လာတယ်။
ဒီထက်ပိုလောဘကြီးချင်တယ်။ လောဘလည်းကြီးဦးမယ်။
ကျွန်တော့်ရင်ခွင်ထဲကနေ တစ်စက္ကန့်တောင်မထုတ်ချင်တော့တဲ့အထိ ဒီကောင်က မင်းအပေါ်လောဘတွေထားနေမိပြီ။
သူ့လက်ကိုကိုင်ထားမယ်။ အတူအိပ်စက်မယ်အတူနိုးထမယ်။
တခါတရံကျွန်တော်ချွဲချင်လာတိုင်းသူ့ကိုချွဲမယ်။ သူစိတ်ဆိုးချင်ယောင်ဆောင်တဲ့အခါခါတိုင်းမှာလည်း ကျွန်တော်ကပဲအဖြစ်သည်းလွန်းတဲ့ပုံစံနဲ့ သူ့ကိုခခယယချော့ရမယ်။ ဟန်ဆောင်တာမျိုးတော့မဟုတ်ဘူး...။ကျွန်တော်ကတကယ်ပဲအဖြစ်သည်းလွန်းနေတယ်မဟုတ်ဘူးလား။

သိပ်လှတယ်။ သူ့မျက်ဝန်းကြည်ကြည်တွေ သူ့နှာဖျားလေးတွေ သူ့ပါးချိုင့်တွေက ကျွန်တော်ငေးမဝတဲ့အလှဆုံးViewပဲ။ သူ့နဲ့သာဆိုရင်လို့ တွေးမိတဲ့ကျွန်တော့်မနက်ခင်း
ကျွန်တော့်ရဲ့နေ့ ကျွန်တော့်ရဲ့ည ကျွန်တော့်ရဲ့အနာဂတ်တွေကလည်း အများကြီးလှတယ်။ Nanonမျက်နှာကိုငေးမယ်။
ပတ်ဝန်းကျင်ကိုလည်းအတူငေးကြမယ်။ တကယ်လို့တစ်စုံတစ်ယောက်ကများဒါဘယ်သူလဲလို့လာမေးတဲ့အခါ ကျွန်တော့်ချစ်သူလို့ရဲရဲဝံ့ဝံ့ပြန်ဖြေပစ်လိုက်တော့မှာ။ ဟုတ်တယ် ဒါကျွန်တော့်ချစ်သူ။ ကျွန်တော့်ချစ်ဦးသူ။ Nanonဆိုတာ ဟိုးအရင်ကတည်းက ကျွန်တော့်အပိုင်။
======

Dream World ကအပြန် ဦးတည်မိတာကွန်ဒိုမဟုတ်။
ဟိုအရင်ကတည်းကသွားချင်တယ်လို့ကြိမ်ဖန်များစွာ
ပူဆာခဲ့ပေမယ့် မသွားဖြစ်လိုက်တဲ့ Sea Life (Ocean World)။
အတူရှိခဲ့တုန်းက ဘာတွေမအားမလပ်ဖြစ်နေလို့လိုက်မပို့နိုင်ခဲ့တာလဲဆိုတဲ့အတွေးကြောင့် ကိုယ့်ကိုယ်ကိုယ်အမြင်ကပ်ချင်လာသည်။ ကိုယ့်ဇက်ပိုးကိုယ် ဖောင်းခနဲနေအောင်ရိုက်ချတော့ ရှေ့ကဦးဆောင်သွားနေတဲ့ Nanon က မျက်လုံးလေးပြူးပြီးလှည့်ကြည့်လာတယ်။ ဟီးခနဲ တစ်ချက်ရယ်ပြပြီး
ခြင်ကိုက်လို့ဟု ဖြေရှင်းချက်ထုတ်မိတော့ကျွန်တော့်ကိုကြည့်ပြီး ခွီခနဲရယ်ချတယ်။

" Ocean World ထဲ ခြင်ရှိမှန်း မင်းနဲ့မှသိတော့တယ်"

"အဲ....."

ကျွန်တော်ဘာမှဆက်မပြောနိုင်။ ခွေးအကြီးလှည်းနင်းခံရသလို အီလည်လည်ကြီးကျန်ခဲ့တယ်။ ငါ့နှယ် တစ်ယောက်တည်း
ပတ်ချာကိုလည်နေတာပဲ။

နောက်ကိုမြန်မြန်လေးပြေးလိုက်တော့ နေရာလေးတစ်ခုမှာ
Jelly Fish တွေကိုငေးကြည့်ရင်းကျွန်တော့်ကိုစောင့်နေပုံ။
ရေနဲ့ ကျွန်တော်တို့ကိုပိုင်းခြားထားတဲ့ မှန်ကိုလက်လေးနဲ့ထိရင်း သူသေချာစိတ်ဝင်တစားကြည့်နေတာမြင်တော့
ကျွန်တော်လည်း စကားသွားမပြောဖြစ်တော့ပဲ သူ့ကိုပဲငေးနေမိတော့တယ်။ မှန်ကိုလက်ညှိုးနဲ့တတောက်တောက်ခေါက်ရင်း
အကောင်လေးတွေကိုသူ့ရှေ့ခေါ်နေသေးတယ်။
တစ်ကောင်စ နှစ်ကောင်စ သူ့ရှေ့ရောက်လာတဲ့အခါတိုင်း
ပါးချိုင့်တွေခွက်ဝင်သွားလိုက်တာများပြန်ကိုပြည့်မလာတော့ဘူး။

ရုတ်တရက်ကြီးဗျာ ကျွန်တော်မျက်ရည်တွေဝဲတတ်လာတာ။
ရှိုက်ကြီးတငင်ငိုချပစ်ချင်လောက်တဲ့ထိပဲ။ ဒါဟာဝမ်းနည်းလို့မဟုတ်ဘူး။ ပျော်လို့။ သူနဲ့တစ်ညတာဆက်ဆံခဲ့ရတုန်းကပျော်ရွှင်မှုလိုပဲ မလျော့နည်းစွာ ကျွန်တော်ရင်ထဲပျော်နေလိုက်တာဗျာ။ ချစ်သူရဲ့ပုံရိပ်ကိုငေးကြည့်နေရခြင်းကပဲ
ကျွန်တော့်အတွက်အစစအရာရာက ပြည့်စုံသွားသလို။
ကျွန်တော်အသက်ရှူဖို့ပါ မေ့သွားတော့မှာ။ ဒီလိုသာနေ့တိုင်းငေးကြည့်ခွင့်ရမယ်ဆိုရင် ထမင်းမစားရေမသောက်ပဲ
ထမင်းလွတ်ဟင်းလွတ်ရူးသွားမယ့်ကောင်က ကျွန်တော်ဖြစ်တော့မှာ။

ရင်ထဲအလျှံပယ်ထွက်ကျလာတဲ့ချစ်ဆိပ်တွေကိုလျစ်လျူမရှုနိုင်ပဲ အနောက်ကနေသိုင်းဖက်ပြီးဆံပင်ထဲမျက်နှာအပ်ရင်း
အနံ့သင်းသင်းကို ရှူရှိုက်မိတယ်။

"ဘာတွေအဖြစ်သည်းနေလဲ"

ဖက်ထားတဲ့ကျွန်တော့်လက်တွေပေါ်အုပ်မိုးကိုင်ရင်းမေးလာတယ်။

" Babe ပျောက်သွားမှာစိုးလို့"

" ငါ မင်းရှေ့မှာပဲလေ Ohmရယ် "

"သိပါတယ် ကိုယ်အများကြီးသိပါတယ် ကိုယ်အဲ့ထက်လည်းပိုသိပါတယ်။ ငေးကြည့်နေရင်းနဲ့ ကိုယ့်ရှေ့မှာရှိလျက်နဲ့
ပျောက်ကွယ်သွားမှာဆုံးရှုံးလိုက်ရမှာကို ကိုယ်ဒီလောက်ထိလန့်သွားတယ်ဆိုရင် ကိုယ်နဲ့လမ်းခွဲခဲ့တဲ့အချိန်တုန်းကNonဆို
ဘယ်လောက်ခံစားခဲ့ရမလဲ"

"အခုမင်းရှိနေပြီလေ"

"တောင်းပန်ပါတယ် ကိုယ်တကယ်အများကြီးတောင်းပန်ပါတယ်။ ခွင့်လွှတ်ဖို့မတန်ဘူးဆိုတာလည်းသိပါတယ်။
ဒါကြောင့် Babe အနားမှာနေရင်းကိုယ်သက်သေပြပါ့မယ်။
ဒါကြောင့် ကိုယ့်ကိုဒီအချိန်မှာခွင့်လွှတ်ဖို့ထက် ချစ်တယ်ဆိုတဲ့စကားကိုပဲများများလေးပြောပေးပါ။ Babe ဘက်က
ခွင့်လွှတ်ကြောင်းသိရလေ ကိုယ်တစ်ကိုယ်ကောင်းဆန်ခဲ့မိတာတွေကိုပြန်တွေးမိလေလေပဲ။ ကိုယ့်ဘက်က တန်ဖိုးမထားမိခဲ့ခြင်းအပေါ် အားအနာကြီးနာတယ်"

" မဟုတ်တာ Ohm ရယ် မင်းသိလား ငါကလေ မင်းကို မင်းသိထားတာထက်အများကြီးပိုပါတယ်"

"ကိုယ်သိပါတယ်"

ဘယ်ချိန်ကတည်းက ကျနေမှန်းမသိတဲ့မျက်ရည်တချို့ကို
လက်ဖဝါးနုနုကဆွဲယူပြီးဖျက်ပစ်တယ်။ လူတွေအများကြီး
ရှိနေတာကျွန်တော်သိတယ်။ နောက်ထပ်ကျွန်တော်သိတာတစ်ခုက ကျွန်တော် Nanonကိုနမ်းချင်တယ်။ အခုချက်ချင်းမှ
မနမ်းရရင် ကျွန်တော်ရူးပြီးလျှောက်ပြေးနေမိတော့မှာ။

ငြင်းမယ်ထင်သော်လည်း မငြင်းပဲအသာတကြည့်တုံ့ပြန်
နေသေးတယ်။ အရာရာတိုင်းကျွန်တော်နဲ့အတူ လိုက်ပါစီးမျောပြီး ကျွန်တော့်မျက်နှာကိုသာကြည့်တဲ့ဒီကောင်လေးကိုပိုလို့သာတိုးပြီးချစ်မိပြန်တယ်။ အူမြူးနေတဲ့စိတ်ကဘာနဲ့မှ
လဲမရ။ Ocean Tunnel ထဲလက်တွဲပြီးလမ်းလျှောက်တဲ့အခါ ကျွန်တော့်ခြေထောက်ကမြေကြီးကိုတောင်မထိတော့သလိုပဲ။

ပျော်တယ်။ ဒီလူနဲ့ရှိတဲ့အခါတိုင်းပျော်တယ်။
ဒီလူမျက်နှာမြင်ရတိုင်းဝမ်းသာအားရစိတ်တွေက
ဘာနဲ့မှလဲလို့မရနိုင်။ ကျိန်းသေတယ် ယောကျ်ားတစ်ယောက်အပေါ်တိမ်းညွတ်မှုဟာ မှားယွင်းမှုဆိုရင်တောင် ကျွန်တော်ဟာ အဖန်ငါးရာငါးကမ္ဘာမက ရည်ရွယ်ချက် ရှိရှိ
မှားယွင်းပစ်တော့မှာ။

========
-Wint
13.4.2022
ဆက်ရန်

A/N

Nanon ငေးကြည့်နေတဲ့နေရာ





ဒါက လက်တွဲလျှောက်ကြတဲ့ Ocean Tunnel
-----
( သင်္ကြန်တွင်း မလည်ပဲအိမ်ထဲမှာပဲငြိမ်ငြိမ်လေးနေတဲ့
အချစ်တို့ကို အပန်းပြေစေရန်အလို့ငှာ အချိုလေးတွေ
Up ပေးလိုက်ပါတယ်။ နောက်ရက်တွေလည်း Upနိုင်အောင်
ကြိုးစားပါ့မယ်ရှင်။

ဒီရက်ပိုင်းအတွင်းစာရေးဖို့ ကျွန်တော့်အတွက်သိပ်ခက်ခဲနေပါတယ်။ ဒါဟာ "နင့်စာဖတ်ရင် ဘာရမှာလဲ" ဆိုတဲ့စကားတစ်ခွန်းကို မြင်မိခဲ့တာကြောင့်ပါ။
ကိုယ့်ကိုယ်ရည်ရွယ်ပြီးပြောတာမဟုတ်သည့်တိုင် ဒီစကားဟာကျွန်တော့်အတွက် အတွေးအများကြီးကိုပေးပါတယ်။
ကျွန်တော်ရေးတဲ့စာက တစ်စုံတစ်ယောက်အတွက်
အဆိပ်သင့်မှာကိုစိုးရိမ်မိပါတယ်။ ပညာဝမ်းစာမပြည့်ဝသေးတဲ့ စာရေးသူတောင်မဟုတ်တဲ့ကျွန်တော်ဟာ ဗဟုသုတအများကြီးမပေးနိုင်တာမို့ ကျွန်တော့်စာဟာ စာဖတ်သူတို့ကို စိတ်ခံစားချက်တစ်ခုပေးနိုင်မယ့် ရသစာပေလောက်ဖြစ်ရင်ပဲကျေနပ်ပါပြီ။ ဝါသနာကိုကိုင်စွဲပြီးကျွန်တော်ရှေ့လျှောက်စာတွေအများကြီးဆက်ရေးဖြစ်မယ်လို့လည်း ထင်ပါတယ်။
အများကြီးလည်းဆက်လေ့လာလျက်ပါ )

/

/

/

-------
Dream World ထဲအဝ ပတ္ၿပီး ႏွစ္ေကာင္သားျပန္ထြက္လာေတာ့ Bkk စံေတာ္ခ်ိန္ 6:30 တိတိ။ ၃နာရီေလာက္
ဟိုေငးဒီေငးနဲ႕တစ္ေယာက္ပခုံးတစ္ေယာက္ဖက္ၿပီး
ေျခရာခ်င္းထပ္ေလာက္တဲ့အထိ Dream World ထဲမွာ
ေမႊ႕ေနခဲ့တာ။ မိန္းကေလးေတြမ်ားမ်ားစားစားရွိတဲ့
ေနရာေရာက္တိုင္း ကြၽန္ေတာ့္လက္တစ္ဖက္ကို က်စ္ေနေအာင္လာဆုပ္ကိုင္တဲ့ Nanon က ဒီလို မသိမသာတစ္မ်ိဳး သိသိသာသာတစ္မ်ိဳး အူတိုတက္ေသးတယ္။

အရပ္အေမာင္းကသိပ္ၿပီးမကြာေပမယ့္ သူ႕ထက္ခႏၶာကိုယ္အနည္းငယ္ပိုထြားတဲ့ ကြၽန္ေတာ့္ကို ေမာ့ေမာ့ၾကည့္ၿပီး
ႏႈတ္ခမ္းစူတတ္တဲ့သူ႕ကို ကြၽန္ေတာ့္မွာေမႊ႕ယမ္းပစ္ခ်င္ေလာက္တဲ့ထိ အူတယားယား။

ကြၽန္ေတာ္တို႔ထူးဆန္းလြန္းေနတယ္မဟုတ္ဘူးလား။
တကယ္ဆို ကြၽန္ေတာ္တို႔ပင္ပန္းခဲ့ၾကတာ။ ႏွစ္ခ်ီလမ္းခြဲခဲ့ၾကၿပီး ျပန္ေတြ႕ခဲ့ၾကတာ။ ႐ုပ္ရွင္ထဲကလို တစ္ေယာက္နဲ႕တစ္ေယာက္ အၾကာႀကီးဖက္ငိုတာမ်ိဳးေတြလည္းကြၽန္ေတာ္တို႔မလုပ္ၾကဘူး။ ကြၽန္ေတာ္သိတာ ကြၽန္ေတာ္အခုအရမ္းေပါ့ပါးေနတယ္။ ဟုတ္တယ္။ သူနဲ႕အတူအခ်ိန္ျဖဳန္းရျခင္းေတြမွာ
ကြၽန္ေတာ္နည္းနည္းေလးေတာင္ သက္ေသာင့္သက္သာမျဖစ္တာမ်ိဳး မခံစားရဘူး။ သူ႕လက္ကိုဆြဲၿပီး Dream World ကိုပတ္ရျခင္းကပဲ တကမၻာလုံးကို လက္ဆြဲၿပီးေခၚသြားနိုင္ေလာက္တဲ့အထိ အားအင္မ်ိဳးေတြရေစတယ္။

အခုလည္းနာရီအေတာ္ၾကာလမ္းေလွ်ာက္ထားရလို႔
ကြၽန္ေတာ့္ ေျခေထာက္ေတြေညာင္းကိုက္ေနၿပီ။ဒါေပမယ့္
ကြၽန္ေတာ္မမႈဘူး။ ကြၽန္ေတာ္သူနဲ႕အခ်ိန္အၾကာႀကီးကုန္ဆုံးခ်င္တယ္။ ဖာသိဖာသာေနရင္းအခ်ိန္ေတြကုန္သြားမွာကိုပဲ
ကြၽန္ေတာ္ေသမလိုေၾကာက္ေနတာ။ ကုန္ဆုံးသြားတဲ့အခ်ိန္
အပိုင္းစေလးေတြကအစ ကြၽန္ေတာ္ႏွေမ်ာတသႀကီးလြန္းေနတာ။ အရင္ကတြဲခဲ့တုန္းကလို အိမ္နဲ႕ေက်ာင္းမွာပဲ
အခ်ိန္မကုန္ခ်င္ဘူး။ ဘယ္ထပ္သြားခ်င္လဲ Babe
လို႔ေမးလိုက္ေတာ့ မင္းသြားခ်င္တဲ့ေနရာလို႔ ျပန္ေျဖတယ္။
အိမ္ရဲ႕အငယ္ဆုံးကေလးကိုအလိုလိုက္ေနရသလိုအၾကည့္မ်ိဳးနဲ႕ ျပန္ေျဖတဲ့ ေလသံႏုႏုက တကယ္ပဲကြၽန္ေတာ္ျဖစ္ခ်င္တာ
မွန္သမွ် လိုက္ေလ်ာေပးမယ္ဆိုတဲ့အသြင္ကိုေဆာင္တယ္။

"ေျခေထာက္ေတြေညာင္းေနသလား"

"ရင္ေတြခုန္ေနတာ"

ေမးတဲ့ေမးခြန္းနဲ႕အေျဖက ကိုက္ညီမႈမရွိေပမယ့္ သေဘာက်စြာနဲ႕ပဲ ကြၽန္ေတာ္တို႔ ႏွစ္ယာက္လုံးေခါင္းေမာ့ၿပီး ရယ္မိၾကတယ္။ ကြၽန္ေတာ္သိတယ္။ ေလာကမွာေငြကအေရးႀကီးတယ္မွန္တယ္။ ဒါမဲ့ခ်စ္ျခင္းေမတၱာေတြၾကားေပ်ာ္ဝင္မႈဟာ ဘယ္ေငြေတြနဲ႕မွေပးဝယ္လို႔မရဘူး။ ဒီလိုအေတြးေပါက္ေတာ့ အရင္ကာလေတြတုန္း က ေတြေဝေနခဲ့ဖူးတဲ့ကိုယ့္အျဖစ္ကိုယ္ျမင္ေယာင္ရင္း ဟက္ခနဲရယ္မိတယ္။ မတန္ဘူး ကိုယ္လိုမေကာင္းတဲ့ေကာင္ကိုခ်စ္ေစမိခဲ့လို႔အားနာတယ္။
အရာအားလုံးေမ့ေပ်ာက္ၿပီးအခုခ်ိန္ကြၽန္ေတာ့္ ေဘးနားမွာ
ၾကည္ၾကည္စင္စင္ၿပဳံးေနေပးတဲ့ Nanon ကိုျမင္ရတာ
ကြၽန္ေတာ့္ရင္ထဲနင့္ခနဲပဲ။ ဘယ္ဘဝကတည္းကပါလာတဲ့ ပါရမီေတြေၾကာင့္ ခြင့္လႊတ္လြယ္ၿပီးေအးခ်မ္းေနရတာလည္းကေလးရယ္။

ဒီအခ်ိန္မွာကြၽန္ေတာ္ေသခ်ာသထက္ေသခ်ာသြားခဲ့တာ
ကြၽန္ေတာ္သူ႕ကို လက္မလႊတ္ေပးနိုင္ေတာ့ဘူး။
စားရတဲ့ေခြး ပိုငတ္တယ္ဆိုသလို အလိုလိုက္ခံရတဲ့
ကြၽန္ေတာ္ကလည္းNanonကိုပိုမက္လာတယ္။
ဒီထက္ပိုေလာဘႀကီးခ်င္တယ္။ ေလာဘလည္းႀကီးဦးမယ္။
ကြၽန္ေတာ့္ရင္ခြင္ထဲကေန တစ္စကၠန့္ေတာင္မထုတ္ခ်င္ေတာ့တဲ့အထိ ဒီေကာင္က မင္းအေပၚေလာဘေတြထားေနမိၿပီ။
သူ႕လက္ကိုကိုင္ထားမယ္။ အတူအိပ္စက္မယ္အတူနိုးထမယ္။
တခါတရံကြၽန္ေတာ္ခြၽဲခ်င္လာတိုင္းသူ႕ကိုခြၽဲမယ္။ သူစိတ္ဆိုးခ်င္ေယာင္ေဆာင္တဲ့အခါခါတိုင္းမွာလည္း ကြၽန္ေတာ္ကပဲအျဖစ္သည္းလြန္းတဲ့ပုံစံနဲ႕ သူ႕ကိုခခယယေခ်ာ့ရမယ္။ ဟန္ေဆာင္တာမ်ိဳးေတာ့မဟုတ္ဘူး...။ကြၽန္ေတာ္ကတကယ္ပဲအျဖစ္သည္းလြန္းေနတယ္မဟုတ္ဘူးလား။

သိပ္လွတယ္။ သူ႕မ်က္ဝန္းၾကည္ၾကည္ေတြ သူ႕ႏွာဖ်ားေလးေတြ သူ႕ပါးခ်ိဳင့္ေတြက ကြၽန္ေတာ္ေငးမဝတဲ့အလွဆုံးViewပဲ။ သူ႕နဲ႕သာဆိုရင္လို႔ ေတြးမိတဲ့ကြၽန္ေတာ့္မနက္ခင္း
ကြၽန္ေတာ့္ရဲ႕ေန႕ ကြၽန္ေတာ့္ရဲ႕ည ကြၽန္ေတာ့္ရဲ႕အနာဂတ္ေတြကလည္း အမ်ားႀကီးလွတယ္။ Nanonမ်က္ႏွာကိုေငးမယ္။
ပတ္ဝန္းက်င္ကိုလည္းအတူေငးၾကမယ္။ တကယ္လို႔တစ္စုံတစ္ေယာက္ကမ်ားဒါဘယ္သူလဲလို႔လာေမးတဲ့အခါ ကြၽန္ေတာ့္ခ်စ္သူလို႔ရဲရဲဝံ့ဝံ့ျပန္ေျဖပစ္လိုက္ေတာ့မွာ။ ဟုတ္တယ္ ဒါကြၽန္ေတာ့္ခ်စ္သူ။ ကြၽန္ေတာ့္ခ်စ္ဦးသူ။ Nanonဆိုတာ ဟိုးအရင္ကတည္းက ကြၽန္ေတာ့္အပိုင္။
======

Dream World ကအျပန္ ဦးတည္မိတာကြန္ဒိုမဟုတ္။
ဟိုအရင္ကတည္းကသြားခ်င္တယ္လို႔ႀကိမ္ဖန္မ်ားစြာ
ပူဆာခဲ့ေပမယ့္ မသြားျဖစ္လိုက္တဲ့ Sea Life (Ocean World)။
အတူရွိခဲ့တုန္းက ဘာေတြမအားမလပ္ျဖစ္ေနလို႔လိုက္မပို႔နိုင္ခဲ့တာလဲဆိုတဲ့အေတြးေၾကာင့္ ကိုယ့္ကိုယ္ကိုယ္အျမင္ကပ္ခ်င္လာသည္။ ကိုယ့္ဇက္ပိုးကိုယ္ ေဖာင္းခနဲေနေအာင္ရိုက္ခ်ေတာ့ ေရွ႕ကဦးေဆာင္သြားေနတဲ့ Nanon က မ်က္လုံးေလးျပဴးၿပီးလွည့္ၾကည့္လာတယ္။ ဟီးခနဲ တစ္ခ်က္ရယ္ျပၿပီး
ျခင္ကိုက္လို႔ဟု ေျဖရွင္းခ်က္ထုတ္မိေတာ့ကြၽန္ေတာ့္ကိုၾကည့္ၿပီး ခြီခနဲရယ္ခ်တယ္။

" Ocean World ထဲ ျခင္ရွိမွန္း မင္းနဲ႕မွသိေတာ့တယ္"

"အဲ....."

ကြၽန္ေတာ္ဘာမွဆက္မေျပာနိုင္။ ေခြးအႀကီးလွည္းနင္းခံရသလို အီလည္လည္ႀကီးက်န္ခဲ့တယ္။ ငါ့ႏွယ္ တစ္ေယာက္တည္း
ပတ္ခ်ာကိုလည္ေနတာပဲ။

ေနာက္ကိုျမန္ျမန္ေလးေျပးလိုက္ေတာ့ ေနရာေလးတစ္ခုမွာ
Jelly Fish ေတြကိုေငးၾကည့္ရင္းကြၽန္ေတာ့္ကိုေစာင့္ေနပုံ။
ေရနဲ႕ ကြၽန္ေတာ္တို႔ကိုပိုင္းျခားထားတဲ့ မွန္ကိုလက္ေလးနဲ႕ထိရင္း သူေသခ်ာစိတ္ဝင္တစားၾကည့္ေနတာျမင္ေတာ့
ကြၽန္ေတာ္လည္း စကားသြားမေျပာျဖစ္ေတာ့ပဲ သူ႕ကိုပဲေငးေနမိေတာ့တယ္။ မွန္ကိုလက္ညွိုးနဲ႕တေတာက္ေတာက္ေခါက္ရင္း
အေကာင္ေလးေတြကိုသူ႕ေရွ႕ေခၚေနေသးတယ္။
တစ္ေကာင္စ ႏွစ္ေကာင္စ သူ႕ေရွ႕ေရာက္လာတဲ့အခါတိုင္း
ပါးခ်ိဳင့္ေတြခြက္ဝင္သြားလိုက္တာမ်ားျပန္ကိုျပည့္မလာေတာ့ဘူး။

႐ုတ္တရက္ႀကီးဗ်ာ ကြၽန္ေတာ္မ်က္ရည္ေတြဝဲတတ္လာတာ။
ရွိုက္ႀကီးတငင္ငိုခ်ပစ္ခ်င္ေလာက္တဲ့ထိပဲ။ ဒါဟာဝမ္းနည္းလို႔မဟုတ္ဘူး။ ေပ်ာ္လို႔။ သူနဲ႕တစ္ညတာဆက္ဆံခဲ့ရတုန္းကေပ်ာ္႐ႊင္မႈလိုပဲ မေလ်ာ့နည္းစြာ ကြၽန္ေတာ္ရင္ထဲေပ်ာ္ေနလိုက္တာဗ်ာ။ ခ်စ္သူရဲ႕ပုံရိပ္ကိုေငးၾကည့္ေနရျခင္းကပဲ
ကြၽန္ေတာ့္အတြက္အစစအရာရာက ျပည့္စုံသြားသလို။
ကြၽန္ေတာ္အသက္ရႉဖို႔ပါ ေမ့သြားေတာ့မွာ။ ဒီလိုသာေန႕တိုင္းေငးၾကည့္ခြင့္ရမယ္ဆိုရင္ ထမင္းမစားေရမေသာက္ပဲ
ထမင္းလြတ္ဟင္းလြတ္႐ူးသြားမယ့္ေကာင္က ကြၽန္ေတာ္ျဖစ္ေတာ့မွာ။

ရင္ထဲအလွ်ံပယ္ထြက္က်လာတဲ့ခ်စ္ဆိပ္ေတြကိုလ်စ္လ်ဴမရႈနိုင္ပဲ အေနာက္ကေနသိုင္းဖက္ၿပီးဆံပင္ထဲမ်က္ႏွာအပ္ရင္း
အနံ႕သင္းသင္းကို ရႉရွိုက္မိတယ္။

"ဘာေတြအျဖစ္သည္းေနလဲ"

ဖက္ထားတဲ့ကြၽန္ေတာ့္လက္ေတြေပၚအုပ္မိုးကိုင္ရင္းေမးလာတယ္။

" Babe ေပ်ာက္သြားမွာစိုးလို႔"

" ငါ မင္းေရွ႕မွာပဲေလ Ohmရယ္ "

"သိပါတယ္ ကိုယ္အမ်ားႀကီးသိပါတယ္ ကိုယ္အဲ့ထက္လည္းပိုသိပါတယ္။ ေငးၾကည့္ေနရင္းနဲ႕ ကိုယ့္ေရွ႕မွာရွိလ်က္နဲ႕
ေပ်ာက္ကြယ္သြားမွာဆုံးရႈံးလိုက္ရမွာကို ကိုယ္ဒီေလာက္ထိလန့္သြားတယ္ဆိုရင္ ကိုယ္နဲ႕လမ္းခြဲခဲ့တဲ့အခ်ိန္တုန္းကNonဆို
ဘယ္ေလာက္ခံစားခဲ့ရမလဲ"

"အခုမင္းရွိေနၿပီေလ"

"ေတာင္းပန္ပါတယ္ ကိုယ္တကယ္အမ်ားႀကီးေတာင္းပန္ပါတယ္။ ခြင့္လႊတ္ဖို႔မတန္ဘူးဆိုတာလည္းသိပါတယ္။
ဒါေၾကာင့္ Babe အနားမွာေနရင္းကိုယ္သက္ေသျပပါ့မယ္။
ဒါေၾကာင့္ ကိုယ့္ကိုဒီအခ်ိန္မွာခြင့္လႊတ္ဖို႔ထက္ ခ်စ္တယ္ဆိုတဲ့စကားကိုပဲမ်ားမ်ားေလးေျပာေပးပါ။ Babe ဘက္က
ခြင့္လႊတ္ေၾကာင္းသိရေလ ကိုယ္တစ္ကိုယ္ေကာင္းဆန္ခဲ့မိတာေတြကိုျပန္ေတြးမိေလေလပဲ။ ကိုယ့္ဘက္က တန္ဖိုးမထားမိခဲ့ျခင္းအေပၚ အားအနာႀကီးနာတယ္"

" မဟုတ္တာ Ohm ရယ္ မင္းသိလား ငါကေလ မင္းကို မင္းသိထားတာထက္အမ်ားႀကီးပိုပါတယ္"

"ကိုယ္သိပါတယ္"

ဘယ္ခ်ိန္ကတည္းက က်ေနမွန္းမသိတဲ့မ်က္ရည္တခ်ိဳ႕ကို
လက္ဖဝါးႏုႏုကဆြဲယူၿပီးဖ်က္ပစ္တယ္။ လူေတြအမ်ားႀကီး
ရွိေနတာကြၽန္ေတာ္သိတယ္။ ေနာက္ထပ္ကြၽန္ေတာ္သိတာတစ္ခုက ကြၽန္ေတာ္ Nanonကိုနမ္းခ်င္တယ္။ အခုခ်က္ခ်င္းမွ
မနမ္းရရင္ ကြၽန္ေတာ္႐ူးၿပီးေလွ်ာက္ေျပးေနမိေတာ့မွာ။

ျငင္းမယ္ထင္ေသာ္လည္း မျငင္းပဲအသာတၾကည့္တုံ႕ျပန္
ေနေသးတယ္။ အရာရာတိုင္းကြၽန္ေတာ္နဲ႕အတူ လိုက္ပါစီးေမ်ာၿပီး ကြၽန္ေတာ့္မ်က္ႏွာကိုသာၾကည့္တဲ့ဒီေကာင္ေလးကိုပိုလို႔သာတိုးၿပီးခ်စ္မိျပန္တယ္။ အူျမဴးေနတဲ့စိတ္ကဘာနဲ႕မွ
လဲမရ။ Ocean Tunnel ထဲလက္တြဲၿပီးလမ္းေလွ်ာက္တဲ့အခါ ကြၽန္ေတာ့္ေျခေထာက္ကေျမႀကီးကိုေတာင္မထိေတာ့သလိုပဲ။

ေပ်ာ္တယ္။ ဒီလူနဲ႕ရွိတဲ့အခါတိုင္းေပ်ာ္တယ္။
ဒီလူမ်က္ႏွာျမင္ရတိုင္းဝမ္းသာအားရစိတ္ေတြက
ဘာနဲ႕မွလဲလို႔မရနိုင္။ က်ိန္းေသတယ္ ေယာက်္ားတစ္ေယာက္အေပၚတိမ္းၫြတ္မႈဟာ မွားယြင္းမႈဆိုရင္ေတာင္ ကြၽန္ေတာ္ဟာ အဖန္ငါးရာငါးကမၻာမက ရည္႐ြယ္ခ်က္ ရွိရွိ
မွားယြင္းပစ္ေတာ့မွာ။

========
-Wint
13.4.2022
ဆက္ရန္

( သၾကၤန္တြင္း မလည္ပဲအိမ္ထဲမွာပဲၿငိမ္ၿငိမ္ေလးေနတဲ့
အခ်စ္တို႔ကို အပန္းေျပေစရန္အလို႔ငွာ အခ်ိဳေလးေတြ
Up ေပးလိုက္ပါတယ္။ ေနာက္ရက္ေတြလည္း Upနိုင္ေအာင္
ႀကိဳးစားပါ့မယ္ရွင္။

ဒီရက္ပိုင္းအတြင္းစာေရးဖို႔ ကြၽန္ေတာ့္အတြက္သိပ္ခက္ခဲေနပါတယ္။ ဒါဟာ "နင့္စာဖတ္ရင္ ဘာရမွာလဲ" ဆိုတဲ့စကားတစ္ခြန္းကို ျမင္မိခဲ့တာေၾကာင့္ပါ။
ကိုယ့္ကိုယ္ရည္႐ြယ္ၿပီးေျပာတာမဟုတ္သည့္တိုင္ ဒီစကားဟာကြၽန္ေတာ့္အတြက္အေတြးအမ်ားႀကီးကိုေပးပါတယ္။
ကြၽန္ေတာ္ေရးတဲ့စာက တစ္စုံတစ္ေယာက္အတြက္
အဆိပ္သင့္မွာကိုစိုးရိမ္မိပါတယ္။ ပညာဝမ္းစာမျပည့္ဝေသးတဲ့ စာေရးသူေတာင္မဟုတ္တဲ့ကြၽန္ေတာ္ဟာ ဗဟုသုတအမ်ားႀကီးမေပးနိုင္တာမို႔ ကြၽန္ေတာ့္စာဟာ စာဖတ္သူတို႔ကို စိတ္ခံစားခ်က္တစ္ခုေပးနိုင္မယ့္ ရသစာေပေလာက္ျဖစ္ရင္ပဲေက်နပ္ပါၿပီ။ ဝါသနာကိုကိုင္စြဲၿပီးကြၽန္ေတာ္ေရွ႕ေလွ်ာက္စာေတြအမ်ားႀကီးဆက္ေရးျဖစ္မယ္လို႔လည္း ထင္ပါတယ္။
အမ်ားႀကီးလည္းဆက္ေလ့လာလ်က္ပါ )

Continue Reading

You'll Also Like

356K 13K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
1M 40K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
1.2M 54.5K 100
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
28.6K 2K 46
Unicode အနေအေးပြီးအချေဆန်ပေမယ့်ရီးစားအရမ်းရှုပ်တဲ့Bounတယောက်သူ့ညီရဲ့သူငယ်ချင်းPremကိုချစ်မိသွားတဲ့အချိန်ကစပြီးဘယ်သူနဲ့မှမရှုပ်တော့တဲ့သူ့ကိုPremကရောယု...