My Oleander Hubby ( Completed...

By phounix12

1.6M 101K 4.2K

" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖ... More

My Oleander Hubby (Zaw+Uni)
Part - 1
Part - 2❗
Part - 3
Part - 4 ❗
Part - 5
Part - 6
Part - 7
Part - 9
Part - 10
Part -11
Part - 12
Part - 13
Part - 14 ❗
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Paet - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part -29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part -44
Part - 45
Part -46
📌ေက်းဇူးတင္လႊာ # ကျေးဇူးတင်လွှာ
Part - 47

Part - 8

26.3K 2K 53
By phounix12

Part - 8

                My Oleander Hubby

ႏွာေခါင္းထဲကို တိုးဝင္လာတဲ့ေဆးနံ႔ တစ္ခ်ိဳ႕နဲ႔
အတူတူ လက္ခံုဆီကနာက်င္မႈ ။ ေဘးတေစာင္း
အိပ္ေနရင္းကေန မ်က္လံုးဖြင့္ၾကည့္လိုက္ေတာ့
ကိုယ့္လက္မွာ ေဆးထိုးအပ္တန္းလန္းနဲ႔ ေဆးပု
လင္းႀကီးခ်ိတ္ထားတာေတြ႔လိုက္ရသည္ ။

ဒါက ေဆးခန္းလား ေဆးရံုလား  ။ ငါ ဘာျဖစ္သြားတာလဲ စတဲ့အေတြးေတြနဲ႔ အာရံုေတြကိုျပန္စုစည္းဖို႔ျပင္ေနတုန္းမွာပဲ ေနာက္ေက်ာဘက္စီကေန
ခပ္တိုးတိုးအသံတစ္ခ်ိဳ႕က ကိုယ့္အၾကားအာရံုထဲ
ဝဲပ်ံလာေတာ့တာ ။

" ငါေတာင္းပန္ပါတယ္ ၊ ရာဇ္ကို လြတ္လပ္ခြင့္
ေလးေပးလိုက္ပါ  ၊ ငါ့ေမာင္ေလးမွာ ဘာအျပစ္မွမ႐ွိ
ပါဘူး "

ၾကားလိုက္ရတဲ့ မမရဲ႕အသံဟာ တိုးညႇင္းေပမယ့္ နာက်င္မႈေတြ ေရာႁပြန္းေနမွန္းသိသာေနသည္ ။

" အခုက ဘယ္သူ႔ကိုေတာင္းပန္ေနတာလဲ
သဲႏုငယ္ ၊ တစ္ခ်ိန္က မင္းစြန္႔ပစ္ခဲ့တဲ့ မင္းမင္းဆို
တဲ့ မ်က္ႏွာမြဲေကာင္ကိုလား ၊ ဒါမွမဟုတ္ သကၠရာဇ္ရဲ႕ ခင္ပြန္းေလာင္း စစ္မင္းသိဒိၶကိုလား ၊
ဘယ္သူ႔ကိုဆိုတာ ႐ွင္း႐ွင္းလင္းလင္းေျပာေလ "

" လိုအပ္ရင္ မင္းမင္းကိုေရာ စစ္မင္းသိဒိၶကိုေရာ ငါေတာင္းပန္ပါ့မယ္ "

" အဟား ဟား! !!! သဲႏုငယ္ သဲႏုငယ္ ဒီေမာင္ေလးကိုေတာ့ အရမ္းခ်စ္တာပဲေနာ္ ၊ မင္းကို ငါသိေအာင္ေျပာလိုက္မယ္ ၊ မင္းမင္းဆိုတဲ့ေကာင္ကို မင္းေတာင္းပန္လို႔မရေတာ့ဘူး ၊ ဘာေၾကာင့္လဲဆိုေတာ့
မိန္းမတစ္ေယာက္က သူ႔ကိုလူလည္ေခါင္မွာ ပါး႐ိုက္ၿပီးအ႐ွက္ခြဲတာခံရလို႔ အဲေန႔က အဲေနရာမွာတင္
သူ ေသဆံုးသြားခဲ့ျပီးၿပီ ၊ စစ္မင္းသိဒိၶဆိုတဲ့ေကာင္ ကေတာ့ အစထဲကစီးပြားေရးသမားဟ ၊ သူက
လိုခ်င္တာ႐ွိရင္ ရေအာင္ယူတက္တယ္ ၊ သကၠရာဇ္ကိုရဖို႔ ရင္းႏွီးထားတဲ့ပိုက္ဆံေတြက ေငြတြင္းထဲ
က အလြယ္တကူ ႏိႈက္ထုတ္ထားတယ္ထင္လို႔လား ၊ သိန္းေထာင္ေပါင္းမ်ားစြာရင္းႏွီးထားရတာကို ငါက ဘာလို႔ အလြယ္တကူလက္ေလ်ွာ့ရမွာလဲ ၊ လက္ေ
လ်ွာ့ဖို႔လာေျပာတာကိုက နင့္မွာ ဦးေႏွာက္မ႐ွိတာသိပ္သိသာေနတယ္ ၊ ေအးေလ ဦးေႏွာက္မ႐ွိလို႔လဲ
အေပၚယံေတြကို အထင္ႀကီးတာေပါ့ "

" ငါ့ အျပစ္ေတြႀကီးမို႔ ငါ့ကိုႀကိဳက္သလိုေျပာလို႔ရ
တယ္ ၊ ဒါေပမယ့္ ရာဇ္ကိုေတာ့ ဆြဲမထည့္ပါနဲ႔ ၊ ငါတကယ္ေတာင္းပန္ေနတာပါ ၊ နင္ ရာဇ္အေၾကာင္း ဘယ္ေလာက္သိလို႔လဲ ၊ သူက သိပ္ကို အဆိပ္ျပင္းတဲ့ကေလး ၊ ဒီအေၾကာင္းေတြကိုသာ သူသိသြားၿပီး အတူတူေ႐ွ႕ဆက္သြားရရင္ နင္ေရာသူေရာ ေအးခ်မ္းရမွာမဟုတ္ဘူး ၊ ဒုကၡေတြမ်ားကုန္လိမ့္မယ္ "

" ခက္လိုက္တာ ေဒၚသဲႏုငယ္ရယ္ ၊ ငါ့လိုေကာင္က
ေအးခ်မ္းခ်င္မွျဖင့္ ကတံုးတံုးၿပီး ဘုန္းႀကီးဝတ္ေနေတာ့မွာေပါ့ ၊ နင္တို႔မိသားစုကို ေမႊခ်င္လို႔ကို ဒီလိုေတြလုပ္ေနတာေလ ၊ နင္ဘာလုပ္သင့္လဲဆိုတာကို
အခုခ်ိန္ထိမသိေသးတာ သိပ္သနားစရာေကာင္းလွ
ၿပီ ။ အင္းေလ!! နင္လိုမိန္းမက အစထဲက ျဖတ္
လမ္းနည္းနဲ႔ခ်မ္းသာခ်င္တာကလြဲရင္ က်န္တာဘာမွမေတြးတက္တဲ့မိန္းမပဲ ၊ သိပ္ေတာ့မထူးဆန္းပါဘူး "

" မင္းမင္း နင္! !! "

" ပါးစပ္ကိုပိတ္ထားၿပီး ငါေျပာတာကိုသာ နားေထာင္စမ္းပါ ၊ တစ္ခါထဲေျပာလိုက္မယ္ ၊ ေနာက္ဆို ရာဇ္နဲ႔ နင္တို္႔ မိသားစုေတြ ေတြ႔စရာအေၾကာင္းမ႐ွ္ိေတာ့ဘူး "

" နင့္စကားက ဘာအဓိပၸါယ္လဲ ၊ ငါတို္႔ ေမာင္ႏွမေတြကို ခြဲမယ္ေပါ့ဟုတ္လား "

" ခ်စ္ေသာသူနဲ႔ ေကြ႔ကြင္းရတဲ့ ဒုကၡကို မင္းသိသြားေစခ်င္လို႔ပါ ၊ ေအာ္! !!! အခုလိုေျပာလို႔ ငါက
မင္းကို ခ်စ္ေနေသးတယ္လို႔ေတာ့ မထင္ေစခ်င္ဘူး ၊ ငါ့မွာ မင္းကိုေပးစရာအခ်စ္မ႐ွိေတာ့တာၾကာသြား
ၿပီေလ ၊ မင္းကို ငါေပးခ်င္တာက ဒုကၡလွလွေလးေတြပဲ ၊ တစ္ခုေတာ့ မင္းစိတ္ခ်ရေအာင္ေျပာခဲ့ပါမယ္ ၊ ရာဇ္အတြက္ စိတ္မပူပါနဲ႔ ၊ ငါက ျပည့္ျပည့္စံုစံုနဲ႔
ထားေပးမယ္ ၊ ေနာက္ဆံုး သူ႔မွာမိသားစု႐ွိေသး
တယ္ဆိုတာကိုပါ ေမ့သြားေအာင္ကိုထားေပးမယ္ ၊ ပိုက္ဆံဆိုတာကို သူမသံုးႏိုင္ေလာက္အထိ ငါက႐ွာေပးထားမွာပါ ၊ ပိုကိဆံမက္တဲ့သဲႏုငယ္ရဲ႕
ေမာင္ကိုငါက ပိုက္ဆံပံုေပၚမွာထိုင္ခိုင္းထားမွာ "

" ရာဇ္ ကို ငါနဲ႔ေရာၿပီး အထင္မေသးနဲ႔ မင္းမင္း ၊ သူက ငယ္ေပမယ့္ သူ႔ကိုသူအားကိုးတက္တဲ့ကေလးပဲ ၊ နင္အခုလိုလုပ္ေနတာ ျပႆနာကိုေျဖ႐ွင္းရမယ့္ နည္းလမ္းအမွန္မဟုတ္ဘူး ၊ နင္ဟာက မဆိုင္တဲ့လူကို ဒုကၡေပးေနတာ "

" မင္းဘာသာ ေျပာခ်င္ရာေျပာ ၊ ငါက လုံးဝဂရုမစိုက္ဘူးေနာ္ ၊ အခုခ်ိန္ကေနစၿပီး ရာဇ္ကို ငါအပိုင္သိမ္းလိုက္ၿပီ ၊ ငါေျပာသလိုမလုပ္ဘဲ ေ႐ွ႕ဆက္တိုးလာရင္ နင္ေရာနင့္္ေယာက်္ားေရာကို ငါ႔ဆီကေနေငြ
ေၾကးလိမ္လည္မႈနဲ႔ ပဲဟင္းစားရေအာင္လုပ္ေပးမယ္ ၊ မယံုဘူးဆို ေ႐ွ႕သာတိုးလာလိုက္ ၊ ငါမွာ နင္ တို႔ကိုေထာင္ထဲပို႔ဖို႔ အခ်ိန္လဲ႐ွိတယ္ ၊ အေထာက္ အထားအျပည့္အစံုလဲ႐ွိတယ္ ၊ ေနာက္ၿပီး ေငြလဲ႐ွိတယ္ ၊ ၿပီးရင္ ငါက ဒီေလာက္နဲ႔ရပ္ေနမယ္မထင္နဲ႔ ၊ အစ္မေရာ ေယာက္ဖေရာ ေထာင္ထဲေရာက္ေနတဲ့အခ်ိန္မွာ သကၠရာဇ္ဆိုတဲ့ေကာင္ေလးက Night Club မွာ ေၾကးစားလုပ္စားေနပါတယ္ဆိုတဲ့
သတင္းေလးသာထြက္လာရင္ ေအး အဲမွာ
နင့္ေမာင္ဘဝလဲ သြားၿပီပဲ သဲႏုငယ္ေရ "

" ငါ - ိုးမသား ၊ ေခြးသူေတာင္းစားႀကီး ၊ ခင္ဗ်ားကို
က်ဳပ္ သတ္ပစ္ၿပီးမွ ေထာင္ထဲသြားေနမယ္ "

႐ုတ္တရက္ ကုတင္ေပၚကေန ေျပးဆင္းလာရင္း
ကိုယ့္ကို ေျပးဝင္ေဆာင့္လာတဲ့ ရာဇ္ ။ သိဒိၶက အသာေ႐ွာင္လိုက္ရင္း သူ႔ေနာက္ကေန ခ်ဳပ္ထားလိုက္ပါတယ္ ။

" အား! !! "

ရာဇ္ဆီက ခပ္တိုးတိုးေအာ္သံနဲ႔အတူတူ လူကဆက္ကနဲတုန္သြားတာမို႔ ၾကည့္လိုက္ေတာ့ သူ႔လက္ခံုမွာက ေဆးထိုးအပ္တန္းလန္းႀကီးနဲ႔မို႔ ေသြးေတြကထိုေနရာကေန စီးက်လာေနတာ ။ ေဒါသနဲ႔ထေျပးလာတာမို႔ ေဆးထိုးအပ္ကတန္းလန္းႀကီးပါလာတာေနမွာေပါ့ ။

" ေဆးသြင္းထားတာကို ေသမလို႔ ထလာတာလား ရာဇ္ရဲ႕ ၊ ငါ့ကို မသတ္ခင္ မင္းကိုယ္မင္းက်န္းမာေအာင္သာ အရင္ေနစမ္းပါ "

" က်ဳပ္ ခင္ဗ်ားကို သတ္မွာ ငါ- ိုးမသား ၊ မမ နဲ႔
ခင္ဗ်ား ေျပာေနတာကို အကုန္ၾကားထားၿပီးၿပီ ၊
သတ္မွာ ခင္ဗ်ားကိုသတ္မွာ "

" ေမာင္ေလး !! ရာဇ္ !! စိတ္ေလ်ွာ့ေနာ္ စိတ္ေလ်ွာ့လိုက္"

မမရဲ႕ ငိုေႂကြးသံနဲ႔အတူတူ လူႀကီးဆီကေတာ့
ေလွာင္ရီသံတစ္ခ်ိဳ႕ ။

" အတူတူေသလိုက္ၾကယံုေပါ့ ရာဇ္ရဲ႕ ၊ ေသရဲလား မင္းအခုေသရဲရင္ လာခဲ့ အတူတူေသရေအာင္ ၊
အခုခ်က္ခ်င္း ေဆးရံုေခါင္မိုးကေန ခုန္ခ်လိုက္ၾကမယ္ ၊ ေအး!! တကယ္မေသရဲေသးရင္ေတာ့ ေ- ာ
စကားေတြကို အပိုေတြမေျပာဘဲ ၊ ေနေကာင္းေအာင္သာေန ၊ မင္း ေနေကာင္းမွာ က်န္တဲ့ကိစၥေတြဆက္ေျပာမယ္ "

" ခင္ဗ်ား !!! ခင္ဗ်ား! !! "

" မင္းမင္း နင္ျပန္လိုက္ပါေတာ့ ၊ အခုေတာ့ျပန္ေပးပါေနာ္ ၊ ရာဇ္ကို ငါ့ဘာသာရေအာင္ထိန္းပါ့မယ္ ၊ နင္ျပန္လိုက္ပါေတာ့ ၊ ငါ အႏူးညြတ္ ေတာင္းပန္ပါတယ္ဟယ္ "

သဲႏုငယ္ရဲ႕ေတာင္းပန္စကားအဆံုးမွာ သိဒိၶလဲ ရာဇ္ကို ခပ္ေဝးေဝးအထိ ေဆာင့္တြန္းလႊတ္လိုက္ၿပီး
အေဝးကိုေရာက္သြားတဲ့ ေကာင္ေလးကို လက္ညႇိဳးနဲ႔ထိုးလိုက္ကာ ---

" မင္းေနေကာင္းေအာင္ေန ၊ ထပ္ေျပာမယ္ သကၠရာဇ္ဆိုတာ ငါ့အပိုင္ပစၥည္းပဲ ၊ ငါပိုင္ဆိုင္တဲ့ မင္းခႏၶာကိုယ္ေပၚမွာ နာက်င္မႈျဖစ္ေစတဲ့အရာေတြကို တစြန္းတစ္စေတာင္မျမင္ခ်င္လို႔ ကိုယ့္ကိုကိုယ္ ေသေသခ်ာခ်ာဂ႐ုစိုက္ ၊ ငါ့စကားကို နားေထာင္ဖို႔
ေမ်ွာ္လင့္တယ္ ၊ နားမေထာင္ဘူးဆိုရင္ေတာ့ ငါက
ဒီအတိုင္းလက္ပိုက္ၿပီး ၾကည့္ေနမယ္မထင္နဲ႔ "

ေျပာခ်င္တဲ့စကားေတြကို ေျပာၿပီးလွည့္ထြက္လာတဲ့အခါ အခန္းထဲအမွာေတာ့ ရာဇ္ရဲ႕ ဆဲသံေတြဟာ
ဆူညံစြာ လြင့္ပ်ံလာပါေတာ့တယ္ ။ သိဒိၶ အသံထြက္ေအာင္ရီလိုက္ရင္း ----

" ဆဲတာေတာင္ ခ်စ္စရာေကာင္းေအာင္ဆဲတက္
တာ နဲတဲ့ကုသိုလ္ကံေတာ့ မဟုတ္ဘူးပဲ ရာဇ္ရဲ "

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

" ကြၽန္ေတာ့္ကိုေျပာျပ ၊မမနဲ႔သူရဲ႕ၾကားက ျဖစ္ခဲ့တဲ့အေၾကာင္းတရားေတြကို ကြၽန္ေတာ္သိရမွျဖစ္မယ္ "

မင္းမင္းျပန္သြားထဲက ရာဇ္ကိုေခ်ာ့ေမာ့ၿပီး တာဝန္က်ဆရာမအကူအညီနဲ႔ ေနာက္ထပ္ေဆးပုလင္အသစ္ခ်ိတ္ေပးထားရတာ ။ ရာဇ္ကေတာ့ အိပ္ရာထဲလွဲေနရင္းနဲ႔ သူသိခ်င္တာကိုအတင္းေမးေနပါၿပီ ။

" ခဏေလးနားလိုက္ပါလား ရာဇ္ရယ္ ၊ ေမာင္ေလး အားအရမ္းနည္းေနတာ ၊ အိပ္လိုက္ေနာ္ "

" ကြၽန္ေတာ့္ကို မမေျပာျပမွာလား ၊ ဦးသိဒိၶဆီသြားေမးရမလား ၊ စကားေတြအမ်ားႀကီးမေျပာခ်င္ဘူးမမ ၊
ေျပာဆိုေျပာေတာ့ "

" ဘာေတြပဲျဖစ္ျဖစ္ ရာဇ္ သူနဲ႔ လမ္းခြဲမွကိုရမယ္ေနာ္ "

" ဒါက ကြၽန္ေတာ္ဆံုးျဖတ္ရမယ့္အပိုင္းပါ ၊ မမသာ ေျပာစရာ႐ွိတာကိုေျပာစမ္းပါ "

" ဘာကို ကြၽန္ေတာ့္အပိုင္းလဲ ရာဇ္ရဲ႕ ၊ သူ မမေမာင္ေလးအေပၚ ဘယ္လိုသေဘာထားလဲဆိုတာ ရာဇ္
လဲ သူကိုယ္တို္င္ေျပာတာကို ၾကားထားတာပဲေလ ၊
ဒါကိုေတာင္ ရာဇ္က ဘာကိုဆံုးျဖတ္ခ်င္ေနတာလဲ ၊
ေစာေစာကေတာ့ ရာဇ္ပဲ သူ႔ကိုသတ္ခ်င္ေနတာမို႔လား "

မမရဲ႕စကားအဆံုးမွာ ရာဇ္ရဲ႕အာရံုထဲ ဖ်က္ကနဲေပၚလာတာက စိုးရိမ္မႈေတြနဲ႔မ်က္ဝန္းတစ္စံု ။ ကိုယ့္လက္ကေသြးေတြကိုျမင္လိုက္တဲ့အခ်ိန္ ႏူးညံ႔သက္ဝင္
လူႀကီးရဲ႕မ်က္ဝန္းေတြ ။ ေနာက္ၿပီး ကိုယ့္ကိုဆူေငါက္လာတဲ့ ေလသံမာမာထဲမွာကပ္ညႇိပါလာတဲ့ က႐ုဏာေဒါသေတြ ။ ဒါေတြဟာ ကိုယ္တစ္ေယာက္သာသိႏိုင္တဲ့ လူႀကီးရဲ႕ ၾကင္နာမႈအေငြ႔အသက္ေတြပဲမဟုတ္လား ။

ေဒါသထြက္ခ်ိန္မွာ ဘာကိုမွသတိမထားႏိုင္ေသးေပမယ့္ အခုေတာ့တစိမ့္စိမ့္ျပန္ေတြးေနမိၿပီ ။ လူႀကီးက လူေကာင္းတစ္ေယာက္မဟုတ္သည့္တိုင္ လူယုတ္မာတစ္ေယာက္မဟုတ္ခဲ့ပါ ။ ဒါကို ကိုယ္အသိဆံုး ။ သူနဲ႔ကိုယ့္ရဲ႕ပတ္သက္မႈဟာ မ႐ိုး႐ွင္းခဲ့ဖူးဆိုရင္ေတာင္ သူဟာ ရသမ်ွအခြင့္အေရးကို ကုန္စင္ေအာင္ယူခဲ့တာမ်ိဳးမ႐ွိခဲ့ ။  ကိုယ့္အတြက္အျမဲၾကည့္ေပးခဲ့ေသးတာ ။  သူ အမကို နာက်ည္းေနရတာအေၾကာင္းတရားက ဘာေတြထပ္႐ွိႏိုင္ေသးသလဲ ။ ဒါကို ကိုယ္သိရမွျဖစ္ပါမယ္ ။

" ရာဇ္ !! "

" မမ မေျပာရင္ ဦးသိဒိၶကိုသြားေမးေတာ့မယ္ "

လက္ကေဆးထိုးအပ္ကို ဆြဲခြၽတ္ဖို႔ျပင္ေတာ့မွ မမက အတင္းဆြဲၿပီးတားလာကာ ---

" မမေျပာျပမယ္ ရာဇ္ ၊ မမအကုန္ေျပာျပပါ့မယ္ "

" အမွန္တိုင္ေျပာ ၊ တစ္ခုမွခ်န္မထားနဲ႔ ၊ ေနာက္မွ မမ မေျပာပဲခ်န္ထားတာေတြကို အျခားသူဆီကျပန္သိရရင္ မမ နဲ႔ ကြၽန္ေတာ္ အဲေတာ့က်မွ တကယ္ ကိုေသခန္းျပတ္ရလိမ့္မယ္ "

ရာဇ္ ရဲ႕ တိက်ျပတ္သားတဲ့စကားသံအဆံုးမွာေတာ့
သဲႏုငယ္ တစ္ခ်က္႐ႈိက္ငိုလိုက္မိရင္း အမွန္တရားေတြကိုေျပာျပဖို႔ အားတင္းလိုက္ရပါတယ္ ။ ဒီအေၾကာင္းအရာေတြဟာ ကိုယ္ကဖြင့္မေျပာခဲ့သည့္တိုင္
မင္းမင္းဆီကေန ရာဇ္ျပန္ၾကားရမွာပဲေလ ။ ဒီအမုန္း
တရားေတြက အစျပဳခဲ့သူဟာ ကိုယ္ပါပဲလို႔ဝန္ခံလိုက္ဖို႔ မဝံ႔ရဲေသးေပမယ့္ မေျပာမျဖစ္တဲ့အခ်ိန္ကို
ေရာက္လာခဲ့ၿပီပဲေလ ။

ကိုယ့္ကို တည့္တည့္စိုက္ၾကည့္ေနတဲ့ ရာဇ္ရဲ႕မ်က္ဝန္းေတြကို အတည္ၿငိမ္ဆံုးပံုစံနဲ႔ ျပန္လည္စိုက္ၾကည့္
လိုက္ၿပီးမွ လြန္ခဲ့တဲ့ ေျခာက္ႏွစ္ေက်ာ္ခုႏွစ္ေက်ာ္ဆီက သတင္ေတြ႔ဆံုခဲ့တဲ့ ခပ္ဆိုးဆိုးေကာင္ေလး မင္းမင္းနဲ႔ သဲႏုငယ္တို႔ရဲ႕ ေတြ႔ဆံုမႈခရီးအစဆီကို
စတင္ေခၚေဆာင္ခဲ့ရပါေတာ့သည္ ။

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>

မိဘေတြမ႐ွိလို႔ မိသားစုအတြက္႐ုန္းကန္ေနရတဲ့ သဲႏုငယ္က စက္ရံုတစ္ခုမွာ စာေရးမအလုပ္လာေလ်ွာက္တဲ့အခ်ိန္ မင္းမင္ကလဲ စက္ရံုကေအာက္
ေျခအလုပ္သမားေနရာအတြက္ အလုပ္လာေလ်ွာက္တာပါ ။ ျမင္ျမင္ခ်င္းမွာပဲ မ်က္ေမွာင္က်ံဳထားတက္တဲ့ ခပ္ေခ်ာေခ်ာလူရည္သန္႔သန္႔ေကာင္ေလးကို
ႏုငယ္က သတိထားမိသြားတာ ။

ေနာက္ပိုင္း စက္ရံုထဲက Line တစ္ခုမွာ ႏုငယ္က
စာေရးမေလးျဖစ္လာသလို မင္းမင္းက ပစၥည္းေတြကိုဂိုေထာင္ထဲသယ္ေပးရတဲ့ ေနရာမွ အလုပ္ရတဲ့အခါ ႏုငယ္နဲ႔မင္းမင္း ရင္းႏွီးမႈေတြစတင္လာပါေတာ့သည္ ။ အျမဲတမ္းလိုလို စကားေျပာရင္ စိတ္မ႐ွည္ တက္တဲ့ မင္းမင္းကို ႏုငယ္ကသာစိတ္႐ွည္႐ွည္နဲ႔
သည္းခံေျဖာင္းျဖေပးတက္တာေၾကာင့္ မင္းမင္းအတြက္ႏုငယ္သည္သာ တစ္ဦးတည္းေသာခင္တြယ္ ရာမိန္းကေလးေပါ့ ။

ရာသီစက္ဝန္း တစ္ပတ္လည္လာတဲ့အခ်ိန္မွာေတာ့
မင္းမင္းနဲ႔ႏုငယ္ ခ်စ္သူဘဝကိုေရာက္ခဲ့ရတယ္ ။ ဒါကလဲ ႏုငယ္ရဲ႕တိမ္းၫႊတ္မႈေတြအမ်ားႀကီးေၾကာင့္ဆိုတာကို ျငင္းမရခဲ့ ။ ထူးဆန္တာတစ္ခုက မင္းမင္းဟာ စေတြတဲ့အခ်ိန္ကလို ခပ္ဆိုးဆ္ိုးေကာင္ေလးမဟုတ္ေတာ့ပဲ ခ်စ္သူအေပၚကို အရိပ္တၾကည့္ၾကည့္နဲ႔ ခ်စ္ေပးတက္တဲ့ေကာင္ေလးျဖစ္လာပါတယ္ ။

* ေမာင့္ လိုေကာင္ကို ခ်စ္ေပးလို႔ ငယ့္ကိုတကယ္ေက်းဇူးတင္တယ္ ၊ လက္ထပ္ျပီးရင္ေလ ေမာင္က ငယ့္ကို ျပည့္စံုေအာင္ထားမွာသိလား ၊ ေမာင့္ကိုယံု * တဲ့ ။

သံုးဆင့္ဂ်ိဳင့္ထဲက ဘဲဥဟင္းကို ကိုယ္စားဖို႔ထည့္ေပးလာတဲ့ ခ်စ္ရတဲ့ေကာင္ေလးရဲ႕ေျပာစကားမို႔
ႏုငယ္ မရီရက္ပါ ။ ေမာင္ဟာ ႏုငယ္ကိုသိပ္ခ်စ္မွန္းသိေနေတာ့ေလ ။  ဒါေပမယ့္ လက္ေတြဘဝမွာေတာ့ ဘဲဥတစ္လံုးကို တစ္ေယာက္တစ္ျခမ္းစားေန
ရၿပီး အျခားခ်စ္သူေတြလို ဘုရားသြားေက်ာင္တက္
အေပ်ာ္ခရီးထြက္ႏိုင္ဖို႔ေတြက အိမ္မက္အျဖစ္နဲ႔သာ
ေက်နပ္ေနရဆဲ ။

ခ်စ္သူသက္တန္း ႏွစ္ႏွစ္ျပည့္တဲ့အခ်ိန္ ကုမၼဏီႏွစ္ပတ္လည္ေပ်ာ္ပြဲရႊင္ပြဲက်င္းပတဲ့အခါမွာေတာ့ စက္ရံုရဲ႕ ႐ွယ္ယာ႐ွင္တစ္ေယာက္က ႏုငယ္ဆိုတဲ့ ကိုယ့္ လိုသာမာန္မိန္းကေလးတစ္ေယာက္ကို မ်က္စိက်သြားခဲ့ပါတယ္ ။ စာေရးမရာထူးကေန ခဏေလးအတြင္းပဲ ရာထူးေတြတိုးကာ ထိုသူေဌးရဲ႕အနားမွာ
ေနရတဲ့အခ်ိန္ဟာ ႏုငယ္အတြက္ေတာ့ အိမ္မက္ မ်ားလားလို႔ ျပန္ၿပီးေတြးမိေနတဲ့အထိပါပဲ ။

မင္းမင္းနဲ႔ကခ်စ္သူေတြဆိုေပမယ့္ အမ်ားအျမင္
ကပ္ရေလာက္ေအာင္ တြဲသြားတြဲလာမ်ိဳးမ႐ွိခဲ့ေတာ့
သူနဲ႔ကိုယ္ခ်စ္သူေတြမွန္း ရင္းႏွီးသူအနည္းငယ္ကသာသိတာမို႔ ႏုငယ္အတြက္ ဒါဟာကံေကာင္းျခင္းတစ္မ်ိဳးေပါ့ ။

ေနာက္ပိုင္း ႏုငယ္နဲ႔သူေဌး ရဲ႕ ခ်စ္ဇာတ္လမ္းေလးက စက္ရံုထဲမွာ တိုးတိုးသက္သာပ်ံ႔ႏွံ႔လာတဲ့အထိ
မင္းမင္းကို ႏုငယ္လိမ္ထားႏိုင္တုန္းပါပဲ ။ မင္းမင္းကလဲ ႏုငယ္ကိုသာယံုၾကည္ျမဲ ။ ေနာက္ဆံုး ကိုယ့္ အေၾကာင္းကိုေျပာတဲ့ သူ႔သူငယ္ခ်င္းေတြနဲ႔ ထိုးႀကိတ္က်တဲ့အထိ ျဖစ္ခဲ့ရလို႔ မ်က္ႏွာတစ္ခုလံုး ဖူးေရာင္ကုန္တာေတာင္ ---

* သူတို႔က ေမာင့္ ရဲ႕ငယ္ကိုမဟုတ္တာေျပာတာေတာ့ လက္မခံႏိုင္ဘူး ၊ ေမာင္က ငယ့္ကိုယံုတယ္ * လို႔ ဆိုလာတဲ့အခ်ိန္မွာေတာ့ ႏုငယ္ကိုယ္တိုင္ ကိုယ္က်ဴးလြန္ေနတဲ့ လူမႈေရးအျပစ္ေတြကို ဖြင့္ဟ
ေျပာျပဖို႔ မဝံ႔မရဲ ျဖစ္ခဲ့ရျပန္ပါတယ္ ။

ေမာင့္ကို ခ်စ္ခဲ့ေစဦးေတာ့ ဘဲဥတစ္လံုးကို တစ္ေယာက္တစ္ျခမ္းစားေနရတဲ့ဘဝကို တကယ္မုန္းလွပါၿပီ ။ တဖက္လူရဲ႕ ျဖည့္ဆည္းေပးမႈေတြက ႏုငယ္ အတြက္တင္မဟုတ္ဘဲ အိမ္ကေမာင္ေလးအတြက္ပါ ျပည့္စံုတာထက္ကို ပိုေနတာမို႔ ဒီဘဝေလးကိုမက္ေမာလွပါသည္ ။

ကုမၼဏီရဲ႕အေရးႀကီးတဲ့ ေဆြးေႏြးပြဲတစ္ခုကို သူေဌးနဲ႔ ႏုငယ္ အတူတြဲတက္ရၿပီတဲ့ေန႔မွာေတာ့ ထိုေန႔က ႏုငယ္အိမ္မျပန္ျဖစ္ေတာ့ပါ ။ ရာဇ္ကိုေတာ့ အေရး
ႀကီးအလုပ္ကိစၥ႐ွိလို႔ဆိုၿပီး ညာျဖစ္ခဲ့သည္ ။ မွတ္မွတ္ရရ ေနာက္တစ္ေန႔က ႏုငယ္ရဲ႕ေမြးေနမို႔ ေမာင္
က ဘုရားလိုက္ပို႔မယ္လို႔ ဖုန္းဆက္လာတဲ့အခ်ိန္
ေဘးနားမွာ သူေဌးလဲ႐ွ္ိေနတာေၾကာင့္ ေအးေအးလိုသာ အျမန္ေျဖခဲ့ရသည္ ။

ႏုငယ္ေမြးေန႔မွာ မိုးေတြရြာေနေပမယ့္ ေမာင္က တစ္ေနကုန္ မိုးေရထဲေစာင့္ေနခဲ့ပါတယ္တဲ့ ။ ဖုန္စက္ပိတ္ထားတဲ့ခ်စ္သူကို ေစာင့္ေနက်ေနရာမွာ တစ္ေနကုန္ထိုင္ေစာင့္ခဲ့တဲ့အက်ိဳးဆက္က ေမာင္သတိလစ္ၿပီးေဆးရံုေရာက္ခဲ့တာေပါ့ ။

ထိုေန႔က ႏုငယ္ သူေဌးနဲ႔ႏွစ္ဦးသေဘာတူတရားရံုး
မွာလက္မွတ္သြားထိုးခဲ့တာပါ ။ အတူတူေနျဖစ္ခဲ့ၿပီးတာနဲ႔ ---

* ကိုယ္တို႔ မနက္က်ရင္ နွစ္ဦးသေဘာတူ လက္ထပ္က်မလား ႏုငယ္ * လို႔ေမးလာတဲ့အခ်ိန္မွာ အျငင္းဆန္ႏိုင္ခဲ့ပါဘူး ။ ဒီလူကသာ ကိုယ့္ဘဝကိုျပည့္စံုေအာင္ထားေပးႏိုင္မွာျဖစ္သလို လက္ထပ္ဖို႔အခြင့္အေရးဟာလဲ ဒီတစ္ခါျငင္းလိုက္ရင္ ေနာက္
တစ္ခါထပ္ရလာဖို႔မေသခ်ာတာမို႔ ခ်က္ခ်င္းပဲေခါင္း
ညႇိမ့္ခဲ့မိတာ ။

ထိုေန႔က ႏုငယ္ေမြးေန႔ ၊ ႏုငယ္နဲ႔သူေဌး တရားရံုးမွာလက္မွတ္ထိုးတဲ့ေန႔ ၊ ေမာင္ ေဆးရံုတက္ရတဲ့ေန႔ ။
ေမာင့္ကိုသနားေပမယ့္ ဆင္းရဲတြင္းထဲမွာ ဆက္ၿပီးမေနႏိုင္တာမို႔ ႏုငယ္ ဒီလမ္းကိုေရြးခ်ယ္ခဲ့ရတာပါ ။
ေနာက္ဆံုး ေမာင့္သူငယ္ခ်င္းေတြက ႏုငယ္သတင္းကို ေမာင့္ဆီပို႔ေဆာင္ေပးၾကပါတယ္ ။

သတင္းေတြျပန္ၾကားရသေလာက္ကေတာ့ ေမာင္ ဟာ မယံုၾကည္ႏိုင္ခ်င္းမ်ားစြာနဲ႔ မ႐ူးယံုတမယ္ပါတဲ့။
ခ်စ္ခဲ႔ရတဲ့သူမို႔ သနားမိေပမယ့္ ဒီဘက္မွာေလာေလာလပ္လပ္ရထားတဲ့ သူေဌးကေတာ္ဆိုတဲ့ဂုဏ္ပုဒ္ကို ေသေလာက္ေအာင္မက္ေမာေနမိတာေၾကာင့္
ေဆးရံုတက္ေနရၿပီး အ႐ူးတပိုင္းျဖစ္ေနတဲ့သူဆီကို
ႏုငယ္က အရက္စက္ဆံုးသတင္းေတြသာပို႔မိပါသည္ ။ ဒါကလဲ ကိုယ္နဲ႔ပတ္သက္ရင္ သိပ္ကိုစိတ္ႏုတဲ့ေမာင့္ အေၾကာင္းကို ေကာင္းေကာင္းႀကီးသိေနလို႔ပါ။

* ငါ ေသတာကိုျမင္ခ်င္ရင္ နင္ႀကိဳက္သလိုလုပ္ပါ *

* ငါလက္ထပ္လိုက္ၿပီမို႔ ေက်းဇူးျပဳၿပီး ငါ့အေ႐ွ႕ေနေပ်ာက္ကြယ္သြားေပးပါ *

* နင္နဲ႔ငါ့အေၾကာင္းကို ငါ့အမ်ိဳးသားသိတဲ့ေန႔က ငါေသတဲ့ေန႔ပဲ *

* ဘယ္လိုအေၾကာင္းနဲ႔ျဖစ္ျဖစ္ ငါ့အေ႐ွ႕မွာေပၚမလာပါနဲ႔ေတာ့ ၊ ငါ ငါ့အမိ်ဳးသားကိုအရမ္းခ်စ္တာမို႔
ေက်းဇူးျပဳၿပီး ငါ့ကိုသနားပါ *

ကိုယ့္ဘက္ကေန သူ႔ဆီကို အရက္စက္ဆံုးစကားလံုးေတြ ပို႔ေပးၿပီးတဲ့ေနာက္မွာေတာ့ တစ္လေလာက္အထိ မင္းမင္းဟာ ေပ်ာက္ကြယ္သြားပါတယ္။
ကိုယ္တိုင္ကလဲ သူေဌးကေတာ္ဆိုတဲ့ရာထူးမွာ လူမ်ားစြာရဲ႕အားက်တဲ့အၾကည့္ေတြမွာေပ်ာ္ေမြ႔ေနတက္ခဲ့ၿပီ ။ တစ္လေလာက္အၾကာမွာေတာ့ မင္းမင္း
ကုမၼဏီကေနအလုပ္ထြက္သြားတဲ့သတင္းကို ၾကားလိုက္ရတယ္ ။

လမ္းခြဲျခင္းမွာကိုယ္စိုးရိမ္ေနတာမ်ိဳး ဘာတစ္ခုမွမ
ၾကံဳလိုက္ရပဲ မင္းမင္းကအလြယ္တကူလက္ခံသြားတာကို ေက်နပ္ေနမိပါသည္ ။ အနည္းဆံုးေတာ့ သူေဌးလုပ္ငန္း႐ွင္တစ္ေယာက္နဲ႔အၿပိဳင္ သူအမိုက္
ခံၿပီး ယွဥ္လို္႔ မရမွန္းသိသြားတာေၾကာင့္ေနမွာပါ ။

ဒီလိုနဲ႔ အိမ္ေထာင္သက္တစ္လေက်ာ္ေလာက္မွာ
ခင္ပြန္းသည္နဲ႔ အတူတူ Shopping ထြက္ေနတဲ့အခ်ိန္ အထင္မွတ္ပဲေတြ႔လိုက္ရတာက မင္းမင္းကိုပါ ။
ကိုယ့္ကို ေနာက္ေယာင္ခံလိုက္ေနတာလားဆိုတဲ့
မလံုျခံဳတဲ့စိတ္နဲ႔အတူတူ ေဒါသစိတ္က ခ်က္ခ်င္းျဖစ္တည္လာတာမို႔ ခင္ပြန္းသည္ကို တဖက္လွည့္နဲ႔ခဏထားခဲ့ကာ မင္းမင္းနဲ႔မ်က္ႏွာခ်င္းဆိုင္ေတြ႔ေစလိုက္သည္ ။ မွတ္မွတ္ရရ လူေတြအမ်ားႀကီး႐ွိေနတဲ့ စားေသာက္ဆိုင္တစ္ခုရဲ႕အေ႐ွ႕မွာ ။

* မင္းမင္း နင္ဘာလို႔ငါ့ေနာက္ကို လိုက္ေခ်ာင္းေနရတာလဲ *

ကိုယ္ေမးလိုက္တဲ့စကားအဆံုးမွာ နားမလည္သလို
မ်က္ႏွာမ်ိဳးနဲ႔ ---

* ကိုယ္ဘယ္မွာ မင္းေနာက္လိုက္ေနလို႔လဲ *

* နင္ လိုက္မေခ်ာင္းရင္ ဒီေနရာမွာေတြ႔စရာမ႐ွိဘူးေလ *

* ႏုငယ္!!  မင္းဟာက ဘာလဲကြာ ၊ ဒီမွာလာေတြ႔တာနဲ႔ပဲ ငါကလိုက္ေခ်ာင္းေနတာျဖစ္ေရာလား ၊ ငါဘာသာလာတာေရာ မျဖစ္ႏိုင္ဘူးလား *

* မျဖစ္ႏိုင္ဘူးေလ ၊ နင့္မွာ ဒီလိုေနရာကိုလာၿပီး သံုးႏိုင္ျဖဳန္းႏိုင္တဲ့ အေျခအေနမ႐ွိမွန္း ငါသိေနတာပဲဟာ ၊ ငါက အိမ္ေထာင္သည္ျဖစ္ေနၿပီေနာ္ ၊ နင္ ငရဲယူမေနနဲ႔ ၊ ၿပီးေတာ့ ငါ့အိမ္ေထာင္ေရးကိုၿပိဳကြဲေအာင္လုပ္ဖို႔ၾကံမေနနဲ႔ ၊ ေအာက္တန္းက်တာက ေတာ္ ယံုပဲေကာင္းတယ္ *

ကိုယ္ေျပာလိုက္တဲ့စကားကို ၾကားသြားတဲ့ လူတစ္ခ်ိဳ႕ကေတာ့ မင္းမင္းကိုရြံ႐ွာသလို ၾကည့္လာက်
ပါၿပီ ။ အိမ္ေထာင္သည္ကိုေတာင္မေ႐ွာင္ခ်င္တဲ့
ေယာက်္ားလားဟဲ့ဆိုၿပီး ခပ္တိုးတိုးထြက္လာတဲ့အသံေတြ ။ မင္းမင္းရဲ႕မ်က္ႏွာဟာ ႐ွက္စိတ္ေၾကာင့္
ရဲတက္လာေတာ့တာ ။ ႏုငယ္လိုခ်င္တာလဲ ဒါပါပဲ ။
အနည္းဆံုးေတာ့ လူပံုအလည္မွာ အ႐ွက္ရၿပီး
ကိုယ့္ေဘးကေနလံုးဝေပ်ာက္ကြယ္ေပးသြားခ်င္
ယံုပါ ။

* မင္းစကားေတြက စည္းေက်ာ္လာၿပီေနာ္ ႏုငယ္ ၊
ဒီေန႔ဒီအခ်ိန္ထိ ငါသည္းခံခဲ့တာ ငါ့ပါးစပ္ကိုပိတ္ ထားခဲ့တဲ့အေၾကာင္းက မင္းသိကၡာကိုငဲ့လို႔ ၊ မင္းကိုခ်စ္ခဲ့မိလို႔ *

* ခ်စ္ဦးဟယ္!!  *

* ျဖန္း !! ျဖန္း !! "

မင္းမင္းရဲ႕စကားသံက ခပ္တိုးတိုးမို႔ ဘယ္သူမွ
မၾကားလိုက္ေပမယ့္ ႏုငယ္ရဲ႕ ခ်စ္ဦးဟယ္ဆိုတဲ့
စကားနဲ႔ ပါးကို႐ိုက္လိုက္တဲ့အခ်ိန္ အသားခ်င္းထိ
ခတ္သံက က်ယ္ေလာင္စြာထြက္လာပါေတာ့သည္ ။

အားလံုးရဲ႕အၾကည့္ေတြက မင္းမင္းကိုရြံ႔႐ွာေနသလိုမ်ိဳး ။

* ဒီလိုေကာင္မ်ိဳးေတြ ေဝးေဝးေ႐ွာင္က်ေဟ့ *

* အိမ္ေထာင္သည္ေတာင္ အလြတ္မေပးဘူးေတာ့ ၊႐ုပ္ေလးနဲ႔မလိုက္ ေအာက္တန္းက်လိုက္တာဟယ္ *

ခပ္တိုးတိုးအသံေတြၾကားေနရသလို မင္းမင္းရဲ႕မ်က္ဝန္းထဲ နီရဲတက္လာတဲ့မ်က္ရည္တစ္ခ်ိဳ႕ ။

* မေမ့နဲ႔ သဲႏုငယ္ ၊ ဒီေန႔ကိုမေမ့လိုက္နဲ႔ ၊ မင္းအေပၚ ခ်စ္ခဲ့ေယာက်္ားတစ္ေယာက္ ၊ မင္းသိကၡာအတြက္ငဲ့ၿပီး ႏြားက်ခံခဲ့တဲ့ေယာက်္ားတစ္ေယာက္ ၊ အဲလိုေယာက်္ားတစ္ေယာက္ကို လူပံုအလည္မွာ ပါး႐ိုက္ၿပီး လူယုတ္မာဇာတ္သြင္းခဲ့ဖူးတာကို မင္းမေမ့
လိုက္နဲ႔ ၊ ငါ့အ႐ွက္နဲ႔ ငါ့သိကၡာအတြက္ တန္ရာ
တန္ေၾကးကို ငါျပန္ယူမွာမို႔ ၊ မင္း မ်က္ဝန္းထဲကေန ေသြးမ်က္ရည္က်ေအာင္ ငါလုပ္ေပးမယ္ ၊
ေစာင့္ေနေနာ္ ၊ ဒီေန႔ကစၿပီး မင္းကိုခ်စ္ခဲ့ဖူးတဲ့ မင္းမင္းေသသြားၿပီဆိုတာပါ တစ္ခါထဲေျပာခဲ့မယ္ *

တကယ္ပဲထိုေန႔ကစၿပီး မင္းမင္းဟာ ႏုငယ္ဘဝထဲကေနအၿပီးအပိုင္ ေပ်ာက္ကြယ္သြားခဲ့တာပါ ။
စက္ရံုအလုပ္သမားက ငါ့ကိုဘာေတြမ်ားလုပ္ႏိုင္မွာမို႔လဲဆိုၿပီး ေမ့ေလ်ာ့စြာပဲထားလိုက္မိတာ ။ ျပန္ေပၚ
လာတဲ့အခ်ိန္မွာေတာ့ ဦးစစ္မင္းသိဒိၶအျဖစ္နဲ႔တဲ့ ။

စကားေတြအမ်ားႀကီးေျပာလိုက္ရတာမို႔ ႏုငယ္ ေမာပန္းစြာ သက္ျပင္းခ်လိုက္မိပါသည္ ။ ေနာက္ထပ္
ဘာစကားမွမေျပာရေသးခင္ပဲ ရာဇ္က လက္က
ေဆးထိုးအပ္ကိုဆြဲခြၽတ္လိုက္ကာ အခန္းအျပင္ကိုေျပးထြက္သြားသည္ ။ ျမန္ဆန္လြန္းလို႔ တားခ်ိန္ေတာင္မရလိုက္ေတာ့ပါ ။

<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>

အခ်ိန္အတိုင္းတစ္ခုအထိ အတူတူေနခဲ့ဖူးတဲ့သူေတြမို႔ ဒီအခ်ိန္ သူဘယ္မွာ႐ွိႏိုင္မလဲ ေကာင္းစြာသိေနပါတယ္ ။ အိမ္ထဲကိုေျပးဝင္ေတာ့လဲ တားဆီးမယ့္သူမ႐ွိ ။ သူ႔အလုပ္ခန္းဆီတန္းသြားလိုက္ၿပီး တံခါးဖြင့္လိုက္တဲ့အခါ လွည့္ၾကည့္လာတဲ့ လူႀကီး ။ ကိုယ့္ကိုျမင္တာနဲ႔ မက္တပ္ထရပ္လိုက္ကာ ---

" ဘာလာလုပ္တာလဲ ၊ ဒီအခ်ိန္က ေဆးရံုမွာအနားယူရမယ့္အခ်ိန္ေလ ၊ မင္းကိုငါ ဘာမွာခဲ့လဲ "

" က်ဳပ္အကုန္သိၿပီးသြားၿပီ ၊ ခင္ဗ်ားနဲ႔ မမအေၾကာင္းကို "

" ေ- ာက္ေရးမပါတာေတြကိုေျပာဖို႔ ေနမေကာင္းရင္း နဲ႔ ငါ့ဆီကိုလာရလား သကၠရာဇ္ရဲ႕ ၊ မင္း ကို
ေအးေအးေဆးေဆးနားေစခ်င္လို႔ ေဆးရံုတင္ထားတာေလ "

" လက္ထပ္ဖို႔ဖ်က္သိမ္းရေအာင္ ၊ ခင္ဗ်ားတို႔ခ်င္းျပႆနာထဲ က်ဳပ္ကိုဆြဲမထည့္ပါနဲ႔ ၊ ေတာင္းပန္ပါတယ္ ၊ ခင္ဗ်ားဆီက ယူထားမိတဲ့ေငြေၾကးေတြအတြက္ ဘာျပန္လုပ္ေပးရမလဲ ၊ ခင္ဗ်ားနဲ႔ လက္မထပ္ေပမယ့္ ခင္ဗ်ားစိတ္႐ွိတိုင္း က်ဳပ္ကိုေခၚလို႔ရပါတယ္ ၊ ခင္ဗ်ားေျပာခဲ့သလိုပဲ က်ဳပ္ကိုေၾကးစားလို႔
သေဘာထားလိုက္ပါ  ၊ စိတ္ဆႏၵ ႐ွ္ိတိုင္း အတူတူ
ေနေပးမွာမို႔ လက္ထပ္ဖို႔ကိစၥကိုဖ်က္သိမ္းေပး ၊
က်ဳပ္ ခင္ဗ်ားရဲ႕ လိင္ကြၽန္လုပ္ေပးမယ္ အဲေလာက္ ဆိုရင္ ေက်နပ္ပါေတာ့ "

စကားအဆံုးမွာ ေျခလွမ္းၾကဲၾကဲနဲ႔ ကိုယ့္အနားေလ်ွာက္လာတဲ့လူႀကီး ။ မ်က္ႏွာခ်င္းဆိုင္အကြာအေဝးကိုေရာက္တာနဲ႔ ---

" ျဖန္း! !!! "

ကိုယ့္ပါးေပၚကိုက်ေရာက္လာတဲ့ လက္ဝါး႐ိုက္ခ်က္က အားျပင္းလြန္းတာမို႔ နဂိုထဲက မူးေဝအားနည္းေနတဲ့ကိုယ္ဟာ ပံုကနဲ လဲက်သြားရၿပီ ။ ေခါင္းေတြထဲမွာ ခ်ာခ်ာလည္မူးေနာက္လာတာမို႔ လူက ေနာက္တစ္ႀကိမ္အသိစိတ္လြတ္သြားရျပန္တယ္ ။
ေနာက္ဆံုးအေနနဲ႔ေတြးလိုက္မိတာက ---

* ကိုယ့္ကို ဘယ္သူကမွ တကယ္ခ်စ္မေပးခဲ့ၾကဘူးပဲ ၊ ဘယ္သူကမွေလ *

                    Phoenix

12.4.2022
P.M - 8:00

📌A/ N - Fic Update ေပးခ်ိန္ကို ညဘက္ေျပာင္းလိုက္တာမို႔ 15 ရက္ေန႔ ည ၈ နာရီျပန္ဆံုက်ရေအာင္ေနာ္ ။ ၾကားရက္ေတြထဲမွာ " ဟုတ္ကဲ့ ကိုကို "
နဲ႔ " Dear Crown Prince " ေလး ျပန္ ေရးေပးမွာမို႔  Ongoing ေလးလိုက္ခဲ့ေပးက်ပါဦးလို႔ ။

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

Part - 8

                My Oleander Hubby

နှာခေါင်းထဲကို တိုးဝင်လာတဲ့ဆေးနံ့ တစ်ချို့နဲ့
အတူတူ လက်ခုံဆီကနာကျင်မှု ။ ဘေးတစောင်း
အိပ်နေရင်းကနေ မျက်လုံးဖွင့်ကြည့်လိုက်တော့
ကိုယ့်လက်မှာ ဆေးထိုးအပ်တန်းလန်းနဲ့ ဆေးပု
လင်းကြီးချိတ်ထားတာတွေ့လိုက်ရသည် ။

ဒါက ဆေးခန်းလား ဆေးရုံလား  ။ ငါ ဘာဖြစ်သွားတာလဲ စတဲ့အတွေးတွေနဲ့ အာရုံတွေကိုပြန်စုစည်းဖို့ပြင်နေတုန်းမှာပဲ နောက်ကျောဘက်စီကနေ
ခပ်တိုးတိုးအသံတစ်ချို့က ကိုယ့်အကြားအာရုံထဲ
ဝဲပျံလာတော့တာ ။

" ငါတောင်းပန်ပါတယ် ၊ ရာဇ်ကို လွတ်လပ်ခွင့်
လေးပေးလိုက်ပါ  ၊ ငါ့မောင်လေးမှာ ဘာအပြစ်မှမရှိ
ပါဘူး "

ကြားလိုက်ရတဲ့ မမရဲ့အသံဟာ တိုးညှင်းပေမယ့် နာကျင်မှုတွေ ရောပြွန်းနေမှန်းသိသာနေသည် ။

" အခုက ဘယ်သူ့ကိုတောင်းပန်နေတာလဲ
သဲနုငယ် ၊ တစ်ချိန်က မင်းစွန့်ပစ်ခဲ့တဲ့ မင်းမင်းဆို
တဲ့ မျက်နှာမွဲကောင်ကိုလား ၊ ဒါမှမဟုတ် သက္ကရာဇ်ရဲ့ ခင်ပွန်းလောင်း စစ်မင်းသိဒ္ဓိကိုလား ၊
ဘယ်သူ့ကိုဆိုတာ ရှင်းရှင်းလင်းလင်းပြောလေ "

" လိုအပ်ရင် မင်းမင်းကိုရော စစ်မင်းသိဒ္ဓိကိုရော ငါတောင်းပန်ပါ့မယ် "

" အဟား ဟား! !!! သဲနုငယ် သဲနုငယ် ဒီမောင်လေးကိုတော့ အရမ်းချစ်တာပဲနော် ၊ မင်းကို ငါသိအောင်ပြောလိုက်မယ် ၊ မင်းမင်းဆိုတဲ့ကောင်ကို မင်းတောင်းပန်လို့မရတော့ဘူး ၊ ဘာကြောင့်လဲဆိုတော့
မိန်းမတစ်ယောက်က သူ့ကိုလူလည်ခေါင်မှာ ပါးရိုက်ပြီးအရှက်ခွဲတာခံရလို့ အဲနေ့က အဲနေရာမှာတင်
သူ သေဆုံးသွားခဲ့ပြီးပြီ ၊ စစ်မင်းသိဒ္ဓိဆိုတဲ့ကောင် ကတော့ အစထဲကစီးပွားရေးသမားဟ ၊ သူက
လိုချင်တာရှိရင် ရအောင်ယူတက်တယ် ၊ သက္ကရာဇ်ကိုရဖို့ ရင်းနှီးထားတဲ့ပိုက်ဆံတွေက ငွေတွင်းထဲ
က အလွယ်တကူ နှိုက်ထုတ်ထားတယ်ထင်လို့လား ၊ သိန်းထောင်ပေါင်းများစွာရင်းနှီးထားရတာကို ငါက ဘာလို့ အလွယ်တကူလက်လျှော့ရမှာလဲ ၊ လက်ေ
လျှာ့ဖို့လာပြောတာကိုက နင့်မှာ ဦးနှောက်မရှိတာသိပ်သိသာနေတယ် ၊ အေးလေ ဦးနှောက်မရှိလို့လဲ
အပေါ်ယံတွေကို အထင်ကြီးတာပေါ့ "

" ငါ့ အပြစ်တွေကြီးမို့ ငါ့ကိုကြိုက်သလိုပြောလို့ရ
တယ် ၊ ဒါပေမယ့် ရာဇ်ကိုတော့ ဆွဲမထည့်ပါနဲ့ ၊ ငါတကယ်တောင်းပန်နေတာပါ ၊ နင် ရာဇ်အကြောင်း ဘယ်လောက်သိလို့လဲ ၊ သူက သိပ်ကို အဆိပ်ပြင်းတဲ့ကလေး ၊ ဒီအကြောင်းတွေကိုသာ သူသိသွားပြီး အတူတူရှေ့ဆက်သွားရရင် နင်ရောသူရော အေးချမ်းရမှာမဟုတ်ဘူး ၊ ဒုက္ခတွေများကုန်လိမ့်မယ် "

" ခက်လိုက်တာ ဒေါ်သဲနုငယ်ရယ် ၊ ငါ့လိုကောင်က
အေးချမ်းချင်မှဖြင့် ကတုံးတုံးပြီး ဘုန်းကြီးဝတ်နေတော့မှာပေါ့ ၊ နင်တို့မိသားစုကို မွှေချင်လို့ကို ဒီလိုတွေလုပ်နေတာလေ ၊ နင်ဘာလုပ်သင့်လဲဆိုတာကို
အခုချိန်ထိမသိသေးတာ သိပ်သနားစရာကောင်းလှ
ပြီ ။ အင်းလေ!! နင်လိုမိန်းမက အစထဲက ဖြတ်
လမ်းနည်းနဲ့ချမ်းသာချင်တာကလွဲရင် ကျန်တာဘာမှမတွေးတက်တဲ့မိန်းမပဲ ၊ သိပ်တော့မထူးဆန်းပါဘူး "

" မင်းမင်း နင်! !! "

" ပါးစပ်ကိုပိတ်ထားပြီး ငါပြောတာကိုသာ နားထောင်စမ်းပါ ၊ တစ်ခါထဲပြောလိုက်မယ် ၊ နောက်ဆို ရာဇ်နဲ့ နင်တို့် မိသားစုတွေ တွေ့စရာအကြောင်းမရှိတော့ဘူး "

" နင့်စကားက ဘာအဓိပ္ပါယ်လဲ ၊ ငါတို့် မောင်နှမတွေကို ခွဲမယ်ပေါ့ဟုတ်လား "

" ချစ်သောသူနဲ့ ကွေ့ကွင်းရတဲ့ ဒုက္ခကို မင်းသိသွားစေချင်လို့ပါ ၊ အော်! !!! အခုလိုပြောလို့ ငါက
မင်းကို ချစ်နေသေးတယ်လို့တော့ မထင်စေချင်ဘူး ၊ ငါ့မှာ မင်းကိုပေးစရာအချစ်မရှိတော့တာကြာသွား
ပြီလေ ၊ မင်းကို ငါပေးချင်တာက ဒုက္ခလှလှလေးတွေပဲ ၊ တစ်ခုတော့ မင်းစိတ်ချရအောင်ပြောခဲ့ပါမယ် ၊ ရာဇ်အတွက် စိတ်မပူပါနဲ့ ၊ ငါက ပြည့်ပြည့်စုံစုံနဲ့
ထားပေးမယ် ၊ နောက်ဆုံး သူ့မှာမိသားစုရှိသေး
တယ်ဆိုတာကိုပါ မေ့သွားအောင်ကိုထားပေးမယ် ၊ ပိုက်ဆံဆိုတာကို သူမသုံးနိုင်လောက်အထိ ငါကရှာပေးထားမှာပါ ၊ ပိုကိဆံမက်တဲ့သဲနုငယ်ရဲ့
မောင်ကိုငါက ပိုက်ဆံပုံပေါ်မှာထိုင်ခိုင်းထားမှာ "

" ရာဇ် ကို ငါနဲ့ရောပြီး အထင်မသေးနဲ့ မင်းမင်း ၊ သူက ငယ်ပေမယ့် သူ့ကိုသူအားကိုးတက်တဲ့ကလေးပဲ ၊ နင်အခုလိုလုပ်နေတာ ပြဿနာကိုဖြေရှင်းရမယ့် နည်းလမ်းအမှန်မဟုတ်ဘူး ၊ နင်ဟာက မဆိုင်တဲ့လူကို ဒုက္ခပေးနေတာ "

" မင်းဘာသာ ပြောချင်ရာပြော ၊ ငါက လုံးဝဂရုမစိုက်ဘူးနော် ၊ အခုချိန်ကနေစပြီး ရာဇ်ကို ငါအပိုင်သိမ်းလိုက်ပြီ ၊ ငါပြောသလိုမလုပ်ဘဲ ရှေ့ဆက်တိုးလာရင် နင်ရောနင့််ယောကျ်ားရောကို ငါ့ဆီကနေငွေ
ကြေးလိမ်လည်မှုနဲ့ ပဲဟင်းစားရအောင်လုပ်ပေးမယ် ၊ မယုံဘူးဆို ရှေ့သာတိုးလာလိုက် ၊ ငါမှာ နင် တို့ကိုထောင်ထဲပို့ဖို့ အချိန်လဲရှိတယ် ၊ အထောက် အထားအပြည့်အစုံလဲရှိတယ် ၊ နောက်ပြီး ငွေလဲရှိတယ် ၊ ပြီးရင် ငါက ဒီလောက်နဲ့ရပ်နေမယ်မထင်နဲ့ ၊ အစ်မရော ယောက်ဖရော ထောင်ထဲရောက်နေတဲ့အချိန်မှာ သက္ကရာဇ်ဆိုတဲ့ကောင်လေးက Night Club မှာ ကြေးစားလုပ်စားနေပါတယ်ဆိုတဲ့
သတင်းလေးသာထွက်လာရင် အေး အဲမှာ
နင့်မောင်ဘဝလဲ သွားပြီပဲ သဲနုငယ်ရေ "

" ငါ - ိုးမသား ၊ ခွေးသူတောင်းစားကြီး ၊ ခင်ဗျားကို
ကျုပ် သတ်ပစ်ပြီးမှ ထောင်ထဲသွားနေမယ် "

ရုတ်တရက် ကုတင်ပေါ်ကနေ ပြေးဆင်းလာရင်း
ကိုယ့်ကို ပြေးဝင်ဆောင့်လာတဲ့ ရာဇ် ။ သိဒ္ဓိက အသာရှောင်လိုက်ရင်း သူ့နောက်ကနေ ချုပ်ထားလိုက်ပါတယ် ။

" အား! !! "

ရာဇ်ဆီက ခပ်တိုးတိုးအော်သံနဲ့အတူတူ လူကဆက်ကနဲတုန်သွားတာမို့ ကြည့်လိုက်တော့ သူ့လက်ခုံမှာက ဆေးထိုးအပ်တန်းလန်းကြီးနဲ့မို့ သွေးတွေကထိုနေရာကနေ စီးကျလာနေတာ ။ ဒေါသနဲ့ထပြေးလာတာမို့ ဆေးထိုးအပ်ကတန်းလန်းကြီးပါလာတာနေမှာပေါ့ ။

" ဆေးသွင်းထားတာကို သေမလို့ ထလာတာလား ရာဇ်ရဲ့ ၊ ငါ့ကို မသတ်ခင် မင်းကိုယ်မင်းကျန်းမာအောင်သာ အရင်နေစမ်းပါ "

" ကျုပ် ခင်ဗျားကို သတ်မှာ ငါ- ိုးမသား ၊ မမ နဲ့
ခင်ဗျား ပြောနေတာကို အကုန်ကြားထားပြီးပြီ ၊
သတ်မှာ ခင်ဗျားကိုသတ်မှာ "

" မောင်လေး !! ရာဇ် !! စိတ်လျှော့နော် စိတ်လျှော့လိုက်"

မမရဲ့ ငိုကြွေးသံနဲ့အတူတူ လူကြီးဆီကတော့
လှောင်ရီသံတစ်ချို့ ။

" အတူတူသေလိုက်ကြယုံပေါ့ ရာဇ်ရဲ့ ၊ သေရဲလား မင်းအခုသေရဲရင် လာခဲ့ အတူတူသေရအောင် ၊
အခုချက်ချင်း ဆေးရုံခေါင်မိုးကနေ ခုန်ချလိုက်ကြမယ် ၊ အေး!! တကယ်မသေရဲသေးရင်တော့ ေ- ာ
စကားတွေကို အပိုတွေမပြောဘဲ ၊ နေကောင်းအောင်သာနေ ၊ မင်း နေကောင်းမှာ ကျန်တဲ့ကိစ္စတွေဆက်ပြောမယ် "

" ခင်ဗျား !!! ခင်ဗျား! !! "

" မင်းမင်း နင်ပြန်လိုက်ပါတော့ ၊ အခုတော့ပြန်ပေးပါနော် ၊ ရာဇ်ကို ငါ့ဘာသာရအောင်ထိန်းပါ့မယ် ၊ နင်ပြန်လိုက်ပါတော့ ၊ ငါ အနူးညွတ် တောင်းပန်ပါတယ်ဟယ် "

သဲနုငယ်ရဲ့တောင်းပန်စကားအဆုံးမှာ သိဒ္ဓိလဲ ရာဇ်ကို ခပ်ဝေးဝေးအထိ ဆောင့်တွန်းလွှတ်လိုက်ပြီး
အဝေးကိုရောက်သွားတဲ့ ကောင်လေးကို လက်ညှိုးနဲ့ထိုးလိုက်ကာ ---

" မင်းနေကောင်းအောင်နေ ၊ ထပ်ပြောမယ် သက္ကရာဇ်ဆိုတာ ငါ့အပိုင်ပစ္စည်းပဲ ၊ ငါပိုင်ဆိုင်တဲ့ မင်းခန္ဓာကိုယ်ပေါ်မှာ နာကျင်မှုဖြစ်စေတဲ့အရာတွေကို တစွန်းတစ်စတောင်မမြင်ချင်လို့ ကိုယ့်ကိုကိုယ် သေသေချာချာဂရုစိုက် ၊ ငါ့စကားကို နားထောင်ဖို့
မျှော်လင့်တယ် ၊ နားမထောင်ဘူးဆိုရင်တော့ ငါက
ဒီအတိုင်းလက်ပိုက်ပြီး ကြည့်နေမယ်မထင်နဲ့ "

ပြောချင်တဲ့စကားတွေကို ပြောပြီးလှည့်ထွက်လာတဲ့အခါ အခန်းထဲအမှာတော့ ရာဇ်ရဲ့ ဆဲသံတွေဟာ
ဆူညံစွာ လွင့်ပျံလာပါတော့တယ် ။ သိဒ္ဓိ အသံထွက်အောင်ရီလိုက်ရင်း ----

" ဆဲတာတောင် ချစ်စရာကောင်းအောင်ဆဲတက်
တာ နဲတဲ့ကုသိုလ်ကံတော့ မဟုတ်ဘူးပဲ ရာဇ်ရဲ "

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

" ကျွန်တော့်ကိုပြောပြ ၊မမနဲ့သူရဲ့ကြားက ဖြစ်ခဲ့တဲ့အကြောင်းတရားတွေကို ကျွန်တော်သိရမှဖြစ်မယ် "

မင်းမင်းပြန်သွားထဲက ရာဇ်ကိုချော့မော့ပြီး တာဝန်ကျဆရာမအကူအညီနဲ့ နောက်ထပ်ဆေးပုလင်အသစ်ချိတ်ပေးထားရတာ ။ ရာဇ်ကတော့ အိပ်ရာထဲလှဲနေရင်းနဲ့ သူသိချင်တာကိုအတင်းမေးနေပါပြီ ။

" ခဏလေးနားလိုက်ပါလား ရာဇ်ရယ် ၊ မောင်လေး အားအရမ်းနည်းနေတာ ၊ အိပ်လိုက်နော် "

" ကျွန်တော့်ကို မမပြောပြမှာလား ၊ ဦးသိဒ္ဓိဆီသွားမေးရမလား ၊ စကားတွေအများကြီးမပြောချင်ဘူးမမ ၊
ပြောဆိုပြောတော့ "

" ဘာတွေပဲဖြစ်ဖြစ် ရာဇ် သူနဲ့ လမ်းခွဲမှကိုရမယ်နော် "

" ဒါက ကျွန်တော်ဆုံးဖြတ်ရမယ့်အပိုင်းပါ ၊ မမသာ ပြောစရာရှိတာကိုပြောစမ်းပါ "

" ဘာကို ကျွန်တော့်အပိုင်းလဲ ရာဇ်ရဲ့ ၊ သူ မမမောင်လေးအပေါ် ဘယ်လိုသဘောထားလဲဆိုတာ ရာဇ်
လဲ သူကိုယ်တိုင်ပြောတာကို ကြားထားတာပဲလေ ၊
ဒါကိုတောင် ရာဇ်က ဘာကိုဆုံးဖြတ်ချင်နေတာလဲ ၊
စောစောကတော့ ရာဇ်ပဲ သူ့ကိုသတ်ချင်နေတာမို့လား "

မမရဲ့စကားအဆုံးမှာ ရာဇ်ရဲ့အာရုံထဲ ဖျက်ကနဲပေါ်လာတာက စိုးရိမ်မှုတွေနဲ့မျက်ဝန်းတစ်စုံ ။ ကိုယ့်လက်ကသွေးတွေကိုမြင်လိုက်တဲ့အချိန် နူးညံ့သက်ဝင်
လူကြီးရဲ့မျက်ဝန်းတွေ ။ နောက်ပြီး ကိုယ့်ကိုဆူငေါက်လာတဲ့ လေသံမာမာထဲမှာကပ်ညှိပါလာတဲ့ ကရုဏာဒေါသတွေ ။ ဒါတွေဟာ ကိုယ်တစ်ယောက်သာသိနိုင်တဲ့ လူကြီးရဲ့ ကြင်နာမှုအငွေ့အသက်တွေပဲမဟုတ်လား ။

ဒေါသထွက်ချိန်မှာ ဘာကိုမှသတိမထားနိုင်သေးပေမယ့် အခုတော့တစိမ့်စိမ့်ပြန်တွေးနေမိပြီ ။ လူကြီးက လူကောင်းတစ်ယောက်မဟုတ်သည့်တိုင် လူယုတ်မာတစ်ယောက်မဟုတ်ခဲ့ပါ ။ ဒါကို ကိုယ်အသိဆုံး ။ သူနဲ့ကိုယ့်ရဲ့ပတ်သက်မှုဟာ မရိုးရှင်းခဲ့ဖူးဆိုရင်တောင် သူဟာ ရသမျှအခွင့်အရေးကို ကုန်စင်အောင်ယူခဲ့တာမျိုးမရှိခဲ့ ။  ကိုယ့်အတွက်အမြဲကြည့်ပေးခဲ့သေးတာ ။  သူ အမကို နာကျည်းနေရတာအကြောင်းတရားက ဘာတွေထပ်ရှိနိုင်သေးသလဲ ။ ဒါကို ကိုယ်သိရမှဖြစ်ပါမယ် ။

" ရာဇ် !! "

" မမ မပြောရင် ဦးသိဒ္ဓိကိုသွားမေးတော့မယ် "

လက်ကဆေးထိုးအပ်ကို ဆွဲချွတ်ဖို့ပြင်တော့မှ မမက အတင်းဆွဲပြီးတားလာကာ ---

" မမပြောပြမယ် ရာဇ် ၊ မမအကုန်ပြောပြပါ့မယ် "

" အမှန်တိုင်ပြော ၊ တစ်ခုမှချန်မထားနဲ့ ၊ နောက်မှ မမ မပြောပဲချန်ထားတာတွေကို အခြားသူဆီကပြန်သိရရင် မမ နဲ့ ကျွန်တော် အဲတော့ကျမှ တကယ် ကိုသေခန်းပြတ်ရလိမ့်မယ် "

ရာဇ် ရဲ့ တိကျပြတ်သားတဲ့စကားသံအဆုံးမှာတော့
သဲနုငယ် တစ်ချက်ရှိုက်ငိုလိုက်မိရင်း အမှန်တရားတွေကိုပြောပြဖို့ အားတင်းလိုက်ရပါတယ် ။ ဒီအကြောင်းအရာတွေဟာ ကိုယ်ကဖွင့်မပြောခဲ့သည့်တိုင်
မင်းမင်းဆီကနေ ရာဇ်ပြန်ကြားရမှာပဲလေ ။ ဒီအမုန်း
တရားတွေက အစပြုခဲ့သူဟာ ကိုယ်ပါပဲလို့ဝန်ခံလိုက်ဖို့ မဝံ့ရဲသေးပေမယ့် မပြောမဖြစ်တဲ့အချိန်ကို
ရောက်လာခဲ့ပြီပဲလေ ။

ကိုယ့်ကို တည့်တည့်စိုက်ကြည့်နေတဲ့ ရာဇ်ရဲ့မျက်ဝန်းတွေကို အတည်ငြိမ်ဆုံးပုံစံနဲ့ ပြန်လည်စိုက်ကြည့်
လိုက်ပြီးမှ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်ခုနှစ်ကျော်ဆီက သတင်တွေ့ဆုံခဲ့တဲ့ ခပ်ဆိုးဆိုးကောင်လေး မင်းမင်းနဲ့ သဲနုငယ်တို့ရဲ့ တွေ့ဆုံမှုခရီးအစဆီကို
စတင်ခေါ်ဆောင်ခဲ့ရပါတော့သည် ။

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>

မိဘတွေမရှိလို့ မိသားစုအတွက်ရုန်းကန်နေရတဲ့ သဲနုငယ်က စက်ရုံတစ်ခုမှာ စာရေးမအလုပ်လာလျှောက်တဲ့အချိန် မင်းမင်ကလဲ စက်ရုံကအောက်
ခြေအလုပ်သမားနေရာအတွက် အလုပ်လာလျှောက်တာပါ ။ မြင်မြင်ချင်းမှာပဲ မျက်မှောင်ကျုံထားတက်တဲ့ ခပ်ချောချောလူရည်သန့်သန့်ကောင်လေးကို
နုငယ်က သတိထားမိသွားတာ ။

နောက်ပိုင်း စက်ရုံထဲက Line တစ်ခုမှာ နုငယ်က
စာရေးမလေးဖြစ်လာသလို မင်းမင်းက ပစ္စည်းတွေကိုဂိုထောင်ထဲသယ်ပေးရတဲ့ နေရာမှ အလုပ်ရတဲ့အခါ နုငယ်နဲ့မင်းမင်း ရင်းနှီးမှုတွေစတင်လာပါတော့သည် ။ အမြဲတမ်းလိုလို စကားပြောရင် စိတ်မရှည် တက်တဲ့ မင်းမင်းကို နုငယ်ကသာစိတ်ရှည်ရှည်နဲ့
သည်းခံဖြောင်းဖြပေးတက်တာကြောင့် မင်းမင်းအတွက်နုငယ်သည်သာ တစ်ဦးတည်းသောခင်တွယ် ရာမိန်းကလေးပေါ့ ။

ရာသီစက်ဝန်း တစ်ပတ်လည်လာတဲ့အချိန်မှာတော့
မင်းမင်းနဲ့နုငယ် ချစ်သူဘဝကိုရောက်ခဲ့ရတယ် ။ ဒါကလဲ နုငယ်ရဲ့တိမ်းညွှတ်မှုတွေအများကြီးကြောင့်ဆိုတာကို ငြင်းမရခဲ့ ။ ထူးဆန်တာတစ်ခုက မင်းမင်းဟာ စတွေတဲ့အချိန်ကလို ခပ်ဆိုးဆိုးကောင်လေးမဟုတ်တော့ပဲ ချစ်သူအပေါ်ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်ပေးတက်တဲ့ကောင်လေးဖြစ်လာပါတယ် ။

* မောင့် လိုကောင်ကို ချစ်ပေးလို့ ငယ့်ကိုတကယ်ကျေးဇူးတင်တယ် ၊ လက်ထပ်ပြီးရင်လေ မောင်က ငယ့်ကို ပြည့်စုံအောင်ထားမှာသိလား ၊ မောင့်ကိုယုံ * တဲ့ ။

သုံးဆင့်ဂျိုင့်ထဲက ဘဲဥဟင်းကို ကိုယ်စားဖို့ထည့်ပေးလာတဲ့ ချစ်ရတဲ့ကောင်လေးရဲ့ပြောစကားမို့
နုငယ် မရီရက်ပါ ။ မောင်ဟာ နုငယ်ကိုသိပ်ချစ်မှန်းသိနေတော့လေ ။  ဒါပေမယ့် လက်တွေဘဝမှာတော့ ဘဲဥတစ်လုံးကို တစ်ယောက်တစ်ခြမ်းစားနေ
ရပြီး အခြားချစ်သူတွေလို ဘုရားသွားကျောင်တက်
အပျော်ခရီးထွက်နိုင်ဖို့တွေက အိမ်မက်အဖြစ်နဲ့သာ
ကျေနပ်နေရဆဲ ။

ချစ်သူသက်တန်း နှစ်နှစ်ပြည့်တဲ့အချိန် ကုမ္မဏီနှစ်ပတ်လည်ပျော်ပွဲရွှင်ပွဲကျင်းပတဲ့အခါမှာတော့ စက်ရုံရဲ့ ရှယ်ယာရှင်တစ်ယောက်က နုငယ်ဆိုတဲ့ ကိုယ့် လိုသာမာန်မိန်းကလေးတစ်ယောက်ကို မျက်စိကျသွားခဲ့ပါတယ် ။ စာရေးမရာထူးကနေ ခဏလေးအတွင်းပဲ ရာထူးတွေတိုးကာ ထိုသူဌေးရဲ့အနားမှာ
နေရတဲ့အချိန်ဟာ နုငယ်အတွက်တော့ အိမ်မက် များလားလို့ ပြန်ပြီးတွေးမိနေတဲ့အထိပါပဲ ။

မင်းမင်းနဲ့ကချစ်သူတွေဆိုပေမယ့် အများအမြင်
ကပ်ရလောက်အောင် တွဲသွားတွဲလာမျိုးမရှိခဲ့တော့
သူနဲ့ကိုယ်ချစ်သူတွေမှန်း ရင်းနှီးသူအနည်းငယ်ကသာသိတာမို့ နုငယ်အတွက် ဒါဟာကံကောင်းခြင်းတစ်မျိုးပေါ့ ။

နောက်ပိုင်း နုငယ်နဲ့သူဌေး ရဲ့ ချစ်ဇာတ်လမ်းလေးက စက်ရုံထဲမှာ တိုးတိုးသက်သာပျံ့နှံ့လာတဲ့အထိ
မင်းမင်းကို နုငယ်လိမ်ထားနိုင်တုန်းပါပဲ ။ မင်းမင်းကလဲ နုငယ်ကိုသာယုံကြည်မြဲ ။ နောက်ဆုံး ကိုယ့် အကြောင်းကိုပြောတဲ့ သူ့သူငယ်ချင်းတွေနဲ့ ထိုးကြိတ်ကျတဲ့အထိ ဖြစ်ခဲ့ရလို့ မျက်နှာတစ်ခုလုံး ဖူးရောင်ကုန်တာတောင် ---

* သူတို့က မောင့် ရဲ့ငယ်ကိုမဟုတ်တာပြောတာတော့ လက်မခံနိုင်ဘူး ၊ မောင်က ငယ့်ကိုယုံတယ် * လို့ ဆိုလာတဲ့အချိန်မှာတော့ နုငယ်ကိုယ်တိုင် ကိုယ်ကျူးလွန်နေတဲ့ လူမှုရေးအပြစ်တွေကို ဖွင့်ဟ
ပြောပြဖို့ မဝံ့မရဲ ဖြစ်ခဲ့ရပြန်ပါတယ် ။

မောင့်ကို ချစ်ခဲ့စေဦးတော့ ဘဲဥတစ်လုံးကို တစ်ယောက်တစ်ခြမ်းစားနေရတဲ့ဘဝကို တကယ်မုန်းလှပါပြီ ။ တဖက်လူရဲ့ ဖြည့်ဆည်းပေးမှုတွေက နုငယ် အတွက်တင်မဟုတ်ဘဲ အိမ်ကမောင်လေးအတွက်ပါ ပြည့်စုံတာထက်ကို ပိုနေတာမို့ ဒီဘဝလေးကိုမက်မောလှပါသည် ။

ကုမ္မဏီရဲ့အရေးကြီးတဲ့ ဆွေးနွေးပွဲတစ်ခုကို သူဌေးနဲ့ နုငယ် အတူတွဲတက်ရပြီတဲ့နေ့မှာတော့ ထိုနေ့က နုငယ်အိမ်မပြန်ဖြစ်တော့ပါ ။ ရာဇ်ကိုတော့ အရေး
ကြီးအလုပ်ကိစ္စရှိလို့ဆိုပြီး ညာဖြစ်ခဲ့သည် ။ မှတ်မှတ်ရရ နောက်တစ်နေ့က နုငယ်ရဲ့မွေးနေမို့ မောင်
က ဘုရားလိုက်ပို့မယ်လို့ ဖုန်းဆက်လာတဲ့အချိန်
ဘေးနားမှာ သူဌေးလဲရှိနေတာကြောင့် အေးအေးလိုသာ အမြန်ဖြေခဲ့ရသည် ။

နုငယ်မွေးနေ့မှာ မိုးတွေရွာနေပေမယ့် မောင်က တစ်နေကုန် မိုးရေထဲစောင့်နေခဲ့ပါတယ်တဲ့ ။ ဖုန်စက်ပိတ်ထားတဲ့ချစ်သူကို စောင့်နေကျနေရာမှာ တစ်နေကုန်ထိုင်စောင့်ခဲ့တဲ့အကျိုးဆက်က မောင်သတိလစ်ပြီးဆေးရုံရောက်ခဲ့တာပေါ့ ။

ထိုနေ့က နုငယ် သူဌေးနဲ့နှစ်ဦးသဘောတူတရားရုံး
မှာလက်မှတ်သွားထိုးခဲ့တာပါ ။ အတူတူနေဖြစ်ခဲ့ပြီးတာနဲ့ ---

* ကိုယ်တို့ မနက်ကျရင် နှစ်ဦးသဘောတူ လက်ထပ်ကျမလား နုငယ် * လို့မေးလာတဲ့အချိန်မှာ အငြင်းဆန်နိုင်ခဲ့ပါဘူး ။ ဒီလူကသာ ကိုယ့်ဘဝကိုပြည့်စုံအောင်ထားပေးနိုင်မှာဖြစ်သလို လက်ထပ်ဖို့အခွင့်အရေးဟာလဲ ဒီတစ်ခါငြင်းလိုက်ရင် နောက်
တစ်ခါထပ်ရလာဖို့မသေချာတာမို့ ချက်ချင်းပဲခေါင်း
ညှိမ့်ခဲ့မိတာ ။

ထိုနေ့က နုငယ်မွေးနေ့ ၊ နုငယ်နဲ့သူဌေး တရားရုံးမှာလက်မှတ်ထိုးတဲ့နေ့ ၊ မောင် ဆေးရုံတက်ရတဲ့နေ့ ။
မောင့်ကိုသနားပေမယ့် ဆင်းရဲတွင်းထဲမှာ ဆက်ပြီးမနေနိုင်တာမို့ နုငယ် ဒီလမ်းကိုရွေးချယ်ခဲ့ရတာပါ ။
နောက်ဆုံး မောင့်သူငယ်ချင်းတွေက နုငယ်သတင်းကို မောင့်ဆီပို့ဆောင်ပေးကြပါတယ် ။

သတင်းတွေပြန်ကြားရသလောက်ကတော့ မောင် ဟာ မယုံကြည်နိုင်ချင်းများစွာနဲ့ မရူးယုံတမယ်ပါတဲ့။
ချစ်ခဲ့ရတဲ့သူမို့ သနားမိပေမယ့် ဒီဘက်မှာလောလောလပ်လပ်ရထားတဲ့ သူဌေးကတော်ဆိုတဲ့ဂုဏ်ပုဒ်ကို သေလောက်အောင်မက်မောနေမိတာကြောင့်
ဆေးရုံတက်နေရပြီး အရူးတပိုင်းဖြစ်နေတဲ့သူဆီကို
နုငယ်က အရက်စက်ဆုံးသတင်းတွေသာပို့မိပါသည် ။ ဒါကလဲ ကိုယ်နဲ့ပတ်သက်ရင် သိပ်ကိုစိတ်နုတဲ့မောင့် အကြောင်းကို ကောင်းကောင်းကြီးသိနေလို့ပါ။

* ငါ သေတာကိုမြင်ချင်ရင် နင်ကြိုက်သလိုလုပ်ပါ *

* ငါလက်ထပ်လိုက်ပြီမို့ ကျေးဇူးပြုပြီး ငါ့အရှေ့နေပျောက်ကွယ်သွားပေးပါ *

* နင်နဲ့ငါ့အကြောင်းကို ငါ့အမျိုးသားသိတဲ့နေ့က ငါသေတဲ့နေ့ပဲ *

* ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် ငါ့အရှေ့မှာပေါ်မလာပါနဲ့တော့ ၊ ငါ ငါ့အမျိုးသားကိုအရမ်းချစ်တာမို့
ကျေးဇူးပြုပြီး ငါ့ကိုသနားပါ *

ကိုယ့်ဘက်ကနေ သူ့ဆီကို အရက်စက်ဆုံးစကားလုံးတွေ ပို့ပေးပြီးတဲ့နောက်မှာတော့ တစ်လလောက်အထိ မင်းမင်းဟာ ပျောက်ကွယ်သွားပါတယ်။
ကိုယ်တိုင်ကလဲ သူဌေးကတော်ဆိုတဲ့ရာထူးမှာ လူများစွာရဲ့အားကျတဲ့အကြည့်တွေမှာပျော်မွေ့နေတက်ခဲ့ပြီ ။ တစ်လလောက်အကြာမှာတော့ မင်းမင်း
ကုမ္မဏီကနေအလုပ်ထွက်သွားတဲ့သတင်းကို ကြားလိုက်ရတယ် ။

လမ်းခွဲခြင်းမှာကိုယ်စိုးရိမ်နေတာမျိုး ဘာတစ်ခုမှမ
ကြုံလိုက်ရပဲ မင်းမင်းကအလွယ်တကူလက်ခံသွားတာကို ကျေနပ်နေမိပါသည် ။ အနည်းဆုံးတော့ သူဌေးလုပ်ငန်းရှင်တစ်ယောက်နဲ့အပြိုင် သူအမိုက်
ခံပြီး ယှဉ်လို့် မရမှန်းသိသွားတာကြောင့်နေမှာပါ ။

ဒီလိုနဲ့ အိမ်ထောင်သက်တစ်လကျော်လောက်မှာ
ခင်ပွန်းသည်နဲ့ အတူတူ Shopping ထွက်နေတဲ့အချိန် အထင်မှတ်ပဲတွေ့လိုက်ရတာက မင်းမင်းကိုပါ ။
ကိုယ့်ကို နောက်ယောင်ခံလိုက်နေတာလားဆိုတဲ့
မလုံခြုံတဲ့စိတ်နဲ့အတူတူ ဒေါသစိတ်က ချက်ချင်းဖြစ်တည်လာတာမို့ ခင်ပွန်းသည်ကို တဖက်လှည့်နဲ့ခဏထားခဲ့ကာ မင်းမင်းနဲ့မျက်နှာချင်းဆိုင်တွေ့စေလိုက်သည် ။ မှတ်မှတ်ရရ လူတွေအများကြီးရှိနေတဲ့ စားသောက်ဆိုင်တစ်ခုရဲ့အရှေ့မှာ ။

* မင်းမင်း နင်ဘာလို့ငါ့နောက်ကို လိုက်ချောင်းနေရတာလဲ *

ကိုယ်မေးလိုက်တဲ့စကားအဆုံးမှာ နားမလည်သလို
မျက်နှာမျိုးနဲ့ ---

* ကိုယ်ဘယ်မှာ မင်းနောက်လိုက်နေလို့လဲ *

* နင် လိုက်မချောင်းရင် ဒီနေရာမှာတွေ့စရာမရှိဘူးလေ *

* နုငယ်!!  မင်းဟာက ဘာလဲကွာ ၊ ဒီမှာလာတွေ့တာနဲ့ပဲ ငါကလိုက်ချောင်းနေတာဖြစ်ရောလား ၊ ငါဘာသာလာတာရော မဖြစ်နိုင်ဘူးလား *

* မဖြစ်နိုင်ဘူးလေ ၊ နင့်မှာ ဒီလိုနေရာကိုလာပြီး သုံးနိုင်ဖြုန်းနိုင်တဲ့ အခြေအနေမရှိမှန်း ငါသိနေတာပဲဟာ ၊ ငါက အိမ်ထောင်သည်ဖြစ်နေပြီနော် ၊ နင် ငရဲယူမနေနဲ့ ၊ ပြီးတော့ ငါ့အိမ်ထောင်ရေးကိုပြိုကွဲအောင်လုပ်ဖို့ကြံမနေနဲ့ ၊ အောက်တန်းကျတာက တော် ယုံပဲကောင်းတယ် *

ကိုယ်ပြောလိုက်တဲ့စကားကို ကြားသွားတဲ့ လူတစ်ချို့ကတော့ မင်းမင်းကိုရွံရှာသလို ကြည့်လာကျ
ပါပြီ ။ အိမ်ထောင်သည်ကိုတောင်မရှောင်ချင်တဲ့
ယောကျ်ားလားဟဲ့ဆိုပြီး ခပ်တိုးတိုးထွက်လာတဲ့အသံတွေ ။ မင်းမင်းရဲ့မျက်နှာဟာ ရှက်စိတ်ကြောင့်
ရဲတက်လာတော့တာ ။ နုငယ်လိုချင်တာလဲ ဒါပါပဲ ။
အနည်းဆုံးတော့ လူပုံအလည်မှာ အရှက်ရပြီး
ကိုယ့်ဘေးကနေလုံးဝပျောက်ကွယ်ပေးသွားချင်
ယုံပါ ။

* မင်းစကားတွေက စည်းကျော်လာပြီနော် နုငယ် ၊
ဒီနေ့ဒီအချိန်ထိ ငါသည်းခံခဲ့တာ ငါ့ပါးစပ်ကိုပိတ် ထားခဲ့တဲ့အကြောင်းက မင်းသိက္ခာကိုငဲ့လို့ ၊ မင်းကိုချစ်ခဲ့မိလို့ *

* ချစ်ဦးဟယ်!!  *

* ဖြန်း !! ဖြန်း !! "

မင်းမင်းရဲ့စကားသံက ခပ်တိုးတိုးမို့ ဘယ်သူမှ
မကြားလိုက်ပေမယ့် နုငယ်ရဲ့ ချစ်ဦးဟယ်ဆိုတဲ့
စကားနဲ့ ပါးကိုရိုက်လိုက်တဲ့အချိန် အသားချင်းထိ
ခတ်သံက ကျယ်လောင်စွာထွက်လာပါတော့သည် ။

အားလုံးရဲ့အကြည့်တွေက မင်းမင်းကိုရွံ့ရှာနေသလိုမျိုး ။

* ဒီလိုကောင်မျိုးတွေ ဝေးဝေးရှောင်ကျဟေ့ *

* အိမ်ထောင်သည်တောင် အလွတ်မပေးဘူးတော့ ၊ရုပ်လေးနဲ့မလိုက် အောက်တန်းကျလိုက်တာဟယ် *

ခပ်တိုးတိုးအသံတွေကြားနေရသလို မင်းမင်းရဲ့မျက်ဝန်းထဲ နီရဲတက်လာတဲ့မျက်ရည်တစ်ချို့ ။

* မမေ့နဲ့ သဲနုငယ် ၊ ဒီနေ့ကိုမမေ့လိုက်နဲ့ ၊ မင်းအပေါ် ချစ်ခဲ့ယောကျ်ားတစ်ယောက် ၊ မင်းသိက္ခာအတွက်ငဲ့ပြီး နွားကျခံခဲ့တဲ့ယောကျ်ားတစ်ယောက် ၊ အဲလိုယောကျ်ားတစ်ယောက်ကို လူပုံအလည်မှာ ပါးရိုက်ပြီး လူယုတ်မာဇာတ်သွင်းခဲ့ဖူးတာကို မင်းမမေ့
လိုက်နဲ့ ၊ ငါ့အရှက်နဲ့ ငါ့သိက္ခာအတွက် တန်ရာ
တန်ကြေးကို ငါပြန်ယူမှာမို့ ၊ မင်း မျက်ဝန်းထဲကနေ သွေးမျက်ရည်ကျအောင် ငါလုပ်ပေးမယ် ၊
စောင့်နေနော် ၊ ဒီနေ့ကစပြီး မင်းကိုချစ်ခဲ့ဖူးတဲ့ မင်းမင်းသေသွားပြီဆိုတာပါ တစ်ခါထဲပြောခဲ့မယ် *

တကယ်ပဲထိုနေ့ကစပြီး မင်းမင်းဟာ နုငယ်ဘဝထဲကနေအပြီးအပိုင် ပျောက်ကွယ်သွားခဲ့တာပါ ။
စက်ရုံအလုပ်သမားက ငါ့ကိုဘာတွေများလုပ်နိုင်မှာမို့လဲဆိုပြီး မေ့လျော့စွာပဲထားလိုက်မိတာ ။ ပြန်ပေါ်
လာတဲ့အချိန်မှာတော့ ဦးစစ်မင်းသိဒ္ဓိအဖြစ်နဲ့တဲ့ ။

စကားတွေအများကြီးပြောလိုက်ရတာမို့ နုငယ် မောပန်းစွာ သက်ပြင်းချလိုက်မိပါသည် ။ နောက်ထပ်
ဘာစကားမှမပြောရသေးခင်ပဲ ရာဇ်က လက်က
ဆေးထိုးအပ်ကိုဆွဲချွတ်လိုက်ကာ အခန်းအပြင်ကိုပြေးထွက်သွားသည် ။ မြန်ဆန်လွန်းလို့ တားချိန်တောင်မရလိုက်တော့ပါ ။

<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>

အချိန်အတိုင်းတစ်ခုအထိ အတူတူနေခဲ့ဖူးတဲ့သူတွေမို့ ဒီအချိန် သူဘယ်မှာရှိနိုင်မလဲ ကောင်းစွာသိနေပါတယ် ။ အိမ်ထဲကိုပြေးဝင်တော့လဲ တားဆီးမယ့်သူမရှိ ။ သူ့အလုပ်ခန်းဆီတန်းသွားလိုက်ပြီး တံခါးဖွင့်လိုက်တဲ့အခါ လှည့်ကြည့်လာတဲ့ လူကြီး ။ ကိုယ့်ကိုမြင်တာနဲ့ မက်တပ်ထရပ်လိုက်ကာ ---

" ဘာလာလုပ်တာလဲ ၊ ဒီအချိန်က ဆေးရုံမှာအနားယူရမယ့်အချိန်လေ ၊ မင်းကိုငါ ဘာမှာခဲ့လဲ "

" ကျုပ်အကုန်သိပြီးသွားပြီ ၊ ခင်ဗျားနဲ့ မမအကြောင်းကို "

" ေ- ာက်ရေးမပါတာတွေကိုပြောဖို့ နေမကောင်းရင်း နဲ့ ငါ့ဆီကိုလာရလား သက္ကရာဇ်ရဲ့ ၊ မင်း ကို
အေးအေးဆေးဆေးနားစေချင်လို့ ဆေးရုံတင်ထားတာလေ "

" လက်ထပ်ဖို့ဖျက်သိမ်းရအောင် ၊ ခင်ဗျားတို့ချင်းပြဿနာထဲ ကျုပ်ကိုဆွဲမထည့်ပါနဲ့ ၊ တောင်းပန်ပါတယ် ၊ ခင်ဗျားဆီက ယူထားမိတဲ့ငွေကြေးတွေအတွက် ဘာပြန်လုပ်ပေးရမလဲ ၊ ခင်ဗျားနဲ့ လက်မထပ်ပေမယ့် ခင်ဗျားစိတ်ရှိတိုင်း ကျုပ်ကိုခေါ်လို့ရပါတယ် ၊ ခင်ဗျားပြောခဲ့သလိုပဲ ကျုပ်ကိုကြေးစားလို့
သဘောထားလိုက်ပါ  ၊ စိတ်ဆန္ဒ ရှိတိုင်း အတူတူ
နေပေးမှာမို့ လက်ထပ်ဖို့ကိစ္စကိုဖျက်သိမ်းပေး ၊
ကျုပ် ခင်ဗျားရဲ့ လိင်ကျွန်လုပ်ပေးမယ် အဲလောက် ဆိုရင် ကျေနပ်ပါတော့ "

စကားအဆုံးမှာ ခြေလှမ်းကြဲကြဲနဲ့ ကိုယ့်အနားလျှောက်လာတဲ့လူကြီး ။ မျက်နှာချင်းဆိုင်အကွာအဝေးကိုရောက်တာနဲ့ ---

" ဖြန်း! !!! "

ကိုယ့်ပါးပေါ်ကိုကျရောက်လာတဲ့ လက်ဝါးရိုက်ချက်က အားပြင်းလွန်းတာမို့ နဂိုထဲက မူးဝေအားနည်းနေတဲ့ကိုယ်ဟာ ပုံကနဲ လဲကျသွားရပြီ ။ ခေါင်းတွေထဲမှာ ချာချာလည်မူးနောက်လာတာမို့ လူက နောက်တစ်ကြိမ်အသိစိတ်လွတ်သွားရပြန်တယ် ။
နောက်ဆုံးအနေနဲ့တွေးလိုက်မိတာက ---

* ကိုယ့်ကို ဘယ်သူကမှ တကယ်ချစ်မပေးခဲ့ကြဘူးပဲ ၊ ဘယ်သူကမှလေ *

                    Phoenix

12.4.2022
P.M - 8:00

📌A/ N - Fic Update ပေးချိန်ကို ညဘက်ပြောင်းလိုက်တာမို့ 15 ရက်နေ့ ည ၈ နာရီပြန်ဆုံကျရအောင်နော် ။ ကြားရက်တွေထဲမှာ " ဟုတ်ကဲ့ ကိုကို "
နဲ့ " Dear Crown Prince " လေး ပြန် ရေးပေးမှာမို့  Ongoing လေးလိုက်ခဲ့ပေးကျပါဦးလို့ ။

Continue Reading

You'll Also Like

258K 6.1K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...
61.2K 8.5K 32
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
95.6K 4.5K 44
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
174K 21.8K 43
"ဘဝအဆက်ဆက်ဆိုတဲ့ စကားလုံးလေးကို ယုံကြည်ရဲ့လား လီဆာ" "မင်းရဲ့ နှုတ်က ထွက်ကျလာတဲ့ စကားလုံးမှန်သမျှကို ကိုယ်ယုံကြည်ပါတယ်" .... 🌻 {23 May 2021} 📒 {2...