Worship Me, I Can Make You Ri...

By XiaoMaoMao55

505K 95.5K 3.9K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... More

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 3 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 21 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 28 (U+Z)
Chapter 29 (U+Z)
Chapter 30 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 33 (U+Z)
Chapter 34 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 38 (U+Z)
Chapter 39 (U+Z)
Chapter 40 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 43 (U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 46 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 58 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 64 - Extra 1 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)
Chapter 67: Extra 4 (U+Z)- End

Chapter 55 (U+Z)

5.8K 1.1K 20
By XiaoMaoMao55

-Unicode-

အခန်း ၅၅: ဝိညာဉ်စာချုပ် ချုပ်ဆိုခြင်း

ကောင်းတဲ့အရာတဲ့လား။

ကျွမ်းကျိုးက သူနားကြားများမှားသလားလို့ ခံစားလိုက်ရတယ်။ အဲဒီလိုမှမဟုတ်ရင် ဘာလို့ ဝမ်ရှောင်းယွင်က ဒီလောက်ဆိုးရွားတဲ့အရာကို ကောင်းတဲ့ကိစ္စလို့ ခေါ်မှာလဲ။

ဒီဖြစ်ရပ်ဖြစ်ပျက်သွားတုန်းက နတ်ဘုရားအများအပြားဟာ နောက်ဆက်တွဲအနေနဲ့ ကြောက်ရွံ့စိတ်တွေ ကြာရှည်ခံစားခဲ့ရတယ်။ လူတိုင်းက မဟာနတ်မင်းကြီးရဲ့စကားကို ကျိုးနွံစွာပဲ နာခံကြပြီး ချစ်သံယောဇဉ်တည်ဆောက်ဖို့ မကြိုးစားတော့ဘဲ သူတို့ အလုပ်အကိုင်မှာပဲ အာရုံစိုက်ကြတယ်။

အဲဒီကိစ္စဖြစ်သွားပြီးနောက် နတ်ဘုရားတစ်ပါးက လူတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်တဲ့အခါတိုင်း အဲဒီနတ်ဘုရားက လူသားကို အသိပေးဖို့ ဒီဇာတ်လမ်းကို ပြောပြရတယ်။

လူသားက ဒီလိုမျိုး 'ဖိနှိပ်ညှဉ်းပန်းတတ်ပြီး ကြီးစိုးခြယ်လှယ်တတ်တဲ့' စာချုပ်မျိုးကို လက်ခံနိုင်တယ်ဆိုရင် သူတို့ လက်ထပ်လို့ ရတယ်။

တကယ်လို့ လူသားက မလိုလားခဲ့ဘူးဆိုရင် သူတို့ အတူရှိလို့မရဘူး။

ရလဒ်ကတော့ သိသာပါတယ်။ သူတို့ လူသားတွေကို ဒီဇာတ်လမ်းကို ပြောပြလိုက်ရင် လူသားအများစုက အကုန်လုံး လန့်ပြေးကုန်ကြတယ်။

သူတို့က လူသားရဲ့မှတ်ဉာဏ်တွေကို ဖျက်ပစ်ပြီး နောက်ပိုင်း သူတို့နဲ့ ဆက်ပြီးမပတ်သက်ရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။

အချိန်တွေကုန်လွန်လာပြီးနောက် လူသားတွေနဲ့ အတူတူနေကြတဲ့ နတ်ဘုရားရယ်လို့ မရှိတော့ဘူး။ သူတို့ အမတနွယ်ဝင်တွေကြားမှာ လူလွတ်တွေ များလာကြတယ်။ တော်တော်များများကလည်း သူတို့အချင်းချင်းဘက်ပဲ လှည့်သွားကြတယ်။ (နတ်အချင်းချင်းတွဲတယ်)

နဂိုက စည်းမျဉ်းစည်းကမ်းအရဆိုရင် သူနဲ့ ဝမ်ရှောင်းယွင် လက်မထပ်ခင်ကတည်းက ဝမ်ရှောင်းယွင်ကို ဒီဇာတ်လမ်းကို ပြောပြပြီး နတ်ဘုရားနဲ့ စာချုပ်ချုပ်ရင် ဖြစ်လာမဲ့အကျိုးဆက်တွေကို အသိပေးရမယ်။

တကယ်လို့ ဝမ်ရှောင်းယွင်သာ ဒီအကျိုးဆက်ကို လက်ခံနိုင်ရင် သူတို့ လက်ထပ်လို့ရတယ်။

ဒါပေမဲ့ ကျွမ်းကျိုးက မပြောခဲ့ဘူး။

သူကြောက်တယ်။ သူပြောလိုက်လို့ ဝမ်ရှောင်းယွင် သူနဲ့ လက်မထပ်တော့မှာကို သူကြောက်တယ်။

အဲဒါကြောင့် သူဝမ်ရှောင်းယွင်ကို လှည့်စားပြီး လက်ထပ်ခဲ့တယ်။

တကယ်လို့ ဒါသာ ကမ္ဘာမြေမှာဆိုရင် ဒါကို လိမ်လည်လက်ထပ်မှုလို့ ယူဆလို့ရတယ်!

ကျွမ်းကျိုးက သူက ကောင်းမွန်တဲ့အမတနတ်ဘုရားမဟုတ်တော့ဘူးလို့ ခံစားလိုက်ရတယ်။ သူက ပိုပိုပြီး မကောင်းစိတ်ဝင်ဝင်လာပြီ!

သူဒါကို စဉ်းစားမိတော့ သူမျက်လုံးထဲမှာ မျက်ရည်ဥတွေ စုဝေးလာပြီး ဆက်ပဲလိမ့်ဆင်းလာရမလား၊ မလာရဘူးလား မသေချာမရေရာဘဲ တွဲလဲခိုနေတာမို့ မျက်လုံးတွေဟာ စိုစွတ်တောက်ပနေတော့တယ်။

ဆန့်ကျင်ဘက်အနေနဲ့ ဝမ်ရှောင်းယွင်ရဲ့ ဒီနေ့ စိတ်အခြေအနေက ရိုလာကိုစတာစီးရသလိုပဲ အပေါ်တက်သွားလိုက် အောက်ကျလာလိုက်နဲ့ ဖြစ်နေတယ်။

အစတုန်းက သူအရင်ကလုပ်ခဲ့တာအတွက် လိပ်ပြာမလုံသလို ခံစားနေရဆဲဖြစ်ပြီး သူကျိုးကျိုးနဲ့ နီးနီးကပ်ကပ်မနေခဲ့သင့်ဘူးဆိုပြီး နောင်တရနေတယ်။ ကျိုးကျိုးနဲ့ အတူတူရှိနေတာအတွက် နောင်တရနေခဲ့တယ်။

သူ ဒီလိုမျိုး နောင်တရခဲတယ်။ သူအမှားလုပ်မိတဲ့အခါတိုင်း အမြဲတမ်း အမှားကိုပြင်ဆင်ဖို့နည်းလမ်းကိုပဲ စဉ်းစားလေ့ရှိတယ်။

ဒါပေမဲ့ အမှားလုပ်ပြီးသွားတဲ့နောက် ခံစားချက်တွေကတော့ ပြင်ဆင်လို့ရတဲ့အရာ မဟုတ်ဘူး။

ဘယ်လိုပဲဖြစ်ပါစေ၊ သူ့ရဲ့ အနာဂတ်မှာခွဲခွာသွားမဲ့အမှုကိစ္စကတော့ ပြင်ဆင်ဖို့ မဖြစ်နိုင်တာပဲလေ။ အဲဒီအချိန် ကျိုးကျိုးဘေးမှာ နေဖို့ သူ့အစား ဘယ်သူဝင်နိုင်မှာလဲ။

သူက ဒီအခွင့်အရေးကိုယူပြီး စောသေးတုန်း သူတို့ရဲ့ဆက်နွယ်မှုကို အဆုံးသတ်လိုက်ရင်ကောင်းမလားလို့တောင် တွေးမိသေးတယ်။ အဲဒါဆို သူသေသွားရင် ကျိုးကျိုးက အရာတိုင်းကို တစ်ယောက်တည်း ရင်ဆိုင်ရဖို့ ကျန်ခဲ့မှာတော့ မဟုတ်ဘူး။

သူတို့အားလုံးက ပြောကြတယ် လူနှစ်ယောက်က ချစ်ကြိုက်ကြပြီဆိုရင် ရှင်သန်နေတဲ့လူက အခံစားရဆုံးပဲတဲ့။ သူက ကျိုးကျိုးထက် ပိုစောပြီး သေဖို့ ကြမ္မာဖန်လာတယ်။ သူ ဘယ်လိုလုပ်ပြီး ကျိုးကျိုး ခံစားရဖို့ ချန်ထားခဲ့နိုင်မှာလဲ။

အဲဒါကြောင့် ကျိုးကျိုးပြောစကားကို ကြာပြီးနောက်မှာ သူ့စိတ်အခြေအနေက တစ်ဖန် လျှိုမြောင်အောက်ခြေကနေ ကောင်းကင်ယံတိမ်လွှာကြားထိ ပျံတက်သွားပြန်တယ်။

သူက ကျိုးကျိုးကို ဘယ်လိုမျိုး ဆက်ပြီး ထာဝရအဖော်ပြုသွားရမလဲဆိုတာကို စိတ်ရှုပ်နေရာကနေ အခု ကျိုးကျိုးနဲ့ ဘဝဆက်တိုင်းဆက်တိုင်း အတူတူနေလို့ရတယ်လို့ ပြောလာမှတော့ သူမပျော်ဘဲ နေပါတော့မလား။

"ကျိုးကျိုး မင်းပြောခဲ့တာတွေက တကယ်အမှန်တွေပဲလား" ဝမ်ရှောင်းယွင်က စိတ်မရှည်စွာနဲ့ အတည်ပြုဖို့ မေးလိုက်တယ်။

ကျွမ်းကျိုးက သူ့ကို သနားစဖွယ် ကြည့်လာတယ်။ ဝမ်ရှောင်းယွင် တကယ် ကြောက်တဲ့ပုံမရတော့မှ ကျွမ်းကျိုးက သူ့မျက်လုံးတွေကို ပွတ်သပ်ပြီး ခြောက်ကပ်ကပ်နဲ့ မေးလာတယ်။ "ခင်ဗျား ခင်ဗျား မကြောက်ဘူးလား"

ဝမ်ရှောင်းယွင်က ပြောတယ်။ "ဘာလို့ ကိုယ်က ကြောက်ရမှာလဲ"

ကျွမ်းကျိုးက ပြောတယ်။ "အနာဂတ်မှာ လူပြန်ဝင်စားတဲ့အခါတိုင်း ခင်ဗျားက ကျွန်တော်နဲ့ ချည်နှောင်ထားခံရတော့မှာ။ အိမ်ထောင်ဖက် ပြောင်းလို့ရမှာမဟုတ်ဘူး။ အခု ကျွန်တော်က အနည်းဆုံး နောက်ထပ် နှစ်ပေါင်းနှစ်ထောင်လောက် နေနိုင်သေးတယ်..."

သူက ကြယ်အစုအဝေးကလူတွေရဲ့ သက်တမ်းကို တွက်ချက်ကြည့်ပြီး ဝမ်းနည်းမှုအပြည့်နဲ့ ပြောလာတယ်။ "ခင်ဗျား ကျွန်တော်သေတဲ့အထိဆိုရင် အနည်းဆုံး ၁၅ ကြိမ်လောက် လူပြန်ဝင်စားရမယ်။ အဲဒီနောက်မှ နောက်ဆုံး ဇနီးပြောင်းခွင့်ရမယ်..."

ဆန်းသစ်မှုမရှိဘူးလို့ သူမခံစားရလောက်ဘူးလား။

ဘဝတိုင်းမှာ သူ့လက်တွဲဖော်အဖြစ် လူတစ်ယောက်တည်းကို တွဲရတာ ပျင်းရိနေမှာမဟုတ်ဘူးလား။

ဝမ်ရှောင်းယွင်: "မင်းနဲ့ ၁၅ သက်တိုင် အတူတူနေနိုင်တယ်ဆိုတာ... ကျိုးကျိုး မင်းနဲ့တွေ့ဆုံရတာ ကိုယ့်အတွက် တကယ့် အကြီးမားဆုံးကံကောင်းမှုကြီးပဲ"

ကျွမ်းကျိုးက ရှက်သွေးဖြာသွားတယ်။

အားလုံးအဆင်ပြေနေမှ ဒါက ဘယ်ကရောက်လာတာလဲ။

နေပါဦး ဘာလို့ သူက ရှက်သွေးဖြာနေတာလဲ။

အခုက ဒီအကြောင်းဆွေးနွေးရမဲ့ အချိန်မဟုတ်ဘူး။

ကျွမ်းကျိုးက အလျင်စလို ပြောတယ်။ "နတ်ဘုရားအကြောင်း ပုံပြင်တွေမှာဆိုရင် ပြီးပြည့်စုံတဲ့ချစ်ခြင်းမေတ္တာက သုံးဘဝတိုင်တိုင် ကြာရှည်ခံတယ်လို့ ဘာလို့ပြောကြလဲ ခင်ဗျားသိလား"

ဝမ်ရှောင်းယွင်က ကျိုးကျိုးနဲ့ အတူတူရှိပြီးနောက် သူက ကမ္ဘာမြေဟောင်းအကြောင်း ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေ အများအပြား လေ့လာသင်ယူထားတယ်။ သူက ပြောတယ်။ "အဲဒါက ဗုဒ္ဓဘာသာရဲ့ ဘဝတစ်ခုကနေနောက်တစ်ခုကို ကူးပြောင်းတဲ့သံသရာအကြောင်း ယုံတမ်းပုံပြင်တွေနဲ့ ပတ်သက်နေတာလား။ ဒါမှမဟုတ် သုံးဘဝကျောက်တိုင်နဲ့ ပတ်သက်နေတာလား။ ဒါမှမဟုတ် ... အတိတ်ဘဝ၊ ပစ္စုပ္ပန်ဘဝ နဲ့ အနာဂတ်ဘဝနဲ့ ပတ်သက်နေတဲ့ဟာလား"

ကျွမ်းကျိုးက ခပ်တည်တည်နဲ့ ပြောတယ်။ "တစ်ခုမှမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူမှ စတုတ္ထဘဝထိ မခံကြလို့ပဲ"

ဝမ်ရှောင်းယွင်: "............"

ဟုတ်တယ် ဒါက ကျိုးကျိုးရဲ့ ခန့်မှန်းချက်ပဲ။ တကယ့်အကြောင်းရင်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူကတော့ ဒီလိုပဲ အဓိပ္ပါယ်ကောက်လိုက်တယ်။

ဝမ်ရှောင်းယွင်က သက်ပြင်းချလိုက်တယ်။ ဒီလိုမျိုးဥပမာတွေပေးလာတာကြောင့် ကျိုးကျိုးက သူ့ကို သိပ်မယုံဘူးဆိုတာ သူသိတယ်။

"ကျိုးကျိုး လူတိုင်းက မတူကြဘူး" ကျွမ်းကျိုးရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီး သူ့ဒူးပေါ်က လက်တစ်ဖက်ကို ဆွဲယူလိုက်ပြီး ဝမ်ရှောင်းယွင်က ညင်သာစွာ ဆိုတယ်။ "ဒါပေမဲ့ အဲဒီနတ်ဘုရားက မင်းဖြစ်နေသရွေ့၊ အဲဒီလူသားက ကိုယ်ဖြစ်နေသရွေ့တော့ ဘဝသက်တမ်း ဘယ်လောက်ပဲဖြစ်ဖြစ် ကိုယ်က ကျော်ဖြတ်လိုစိတ်ရှိတယ်"

ကျွမ်းကျိုး ခက်ခက်ခဲခဲ ချိုးနှိမ်ထားရတဲ့ မျက်ရည်တွေက တစ်ဖန် ပြန်ဝဲတက်လာပြန်တယ်။ "ခင်ဗျား တကယ်ပဲ မကြောက်ဘူးလား။ အခုပဲ ကျွန်တော်ပြောနေတယ်လေ။ ကျွန်တော်နဲ့ စာချုပ်ချုပ်ပြီး နောက်မှ ကတိဖျက်ချင်.. ဖျက်ချင်လာရင် ကျွန်တော်နဲ့ ငရဲကိုသွားဖို့ပဲရှိတယ်"

ဝမ်ရှောင်းယွင်က ညင်သာစွာပြောတယ်။ "ငရဲဆိုတာ ရှိခဲ့ရင် ကိုယ်တစ်ယောက်တည်းပဲ သွားပါ့မယ်။ မင်းကို ဘယ်လိုလုပ် လွှတ်ရက်ပါ့မလဲ"

ကျွမ်းကျိုးက မထိန်းနိုင်တော့ဘဲ ဝမ်ရှောင်းယွင်ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားတယ်။ သူ့အသံကလည်း ငိုသံစွက်နေသေးတယ်။ "ခင်ဗျားပဲ ပြောတာနော်...."

သူ မဟာနတ်မင်းကြီးရဲ့ စည်းကမ်းအတိုင်း ဝမ်ရှောင်းယွင်ကို အကျိုးဆက်တွေ ပြောပြပြီးသွားပြီ။

ဝမ်ရှောင်းယွင်က ကြောက်ပြီးလန့်ပြေးမသွားဘူး။ သူနဲ့ စာချုပ်တောင် ချုပ်လိုစိတ်ရှိနေသေးတယ်။

ဒီတစ်ခါတော့ သူဘယ်သူ့ကိုမှ မလှည့်စားခဲ့ဘူး။

ဝမ်ရှောင်းယွင်က တကယ်ကို လိုလိုလားလားရှိတယ်။

ကျွမ်းကျိုးက သူ့ခေါင်းကို မော့လိုက်ပြီး ဝမ်ရှောင်းယွင်နဲ့ နဖူးချင်းအပ်လိုက်တယ်။ "ခင်ဗျားမှာ နောင်တရခွင့်မရှိတော့ဘူး...."

နောက်ဆုံးတော့ ဝမ်ရှောင်းယွင်ရဲ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်။

သူငယ်ချင်းလေးဆီကနေ ဒီလိုမျိုး ခိုင်မာပြီးလွှမ်းမိုးလိုတဲ့ စကားလုံးမျိုး ကြားရဖို့ဆိုတာ ခဲယဉ်းလွန်းတယ်။

နတ်ဘုရားတစ်ပါးရဲ့ အကြွင်းမဲ့အာဏာ။ ဒါက သူ့နှလုံးသားထဲက နတ်ဘုရားပဲ။ ထိပ်ဆုံးက မြင့်မြတ်လွန်းတဲ့ နတ်ဘုရား။

သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျွမ်းကျိုးရဲ့ မျက်လုံးတွေထဲကို ကြည့်လိုက်တယ်။ သူ့ရဲ့နက်ရှိုင်းတဲ့ မဟူရာမျက်လုံးတွေမှာ ကျွမ်းကျိုးရဲ့အရိပ်တစ်ခုတည်းသာ ရောင်ပြန်ဟပ်နေတယ်။

"လာခဲ့"

သူက သူ့ကိုယ်သူ လုံးဝလွှတ်ချလိုက်ပြီး အကာအကွယ်သတိတွေအကုန်လုံးကို လျှော့ချထားတယ်။

အလွန်အားကြီးတဲ့တွန်းအားတစ်ခုက သူ့ကိုယ်ထဲကို တိုးဝင်လာပြီး သူ့ရဲ့စိတ်ဝိညာဉ်ကမ္ဘာထဲကို ဝင်လာတယ်။ ဒါက ကျိုးကျိုးရဲ့တန်ခိုးစွမ်းအင်ပဲ။

ဝမ်ရှောင်းယွင်က သူ့မျက်လုံးတွေကို မှိတ်ထားပြီး စိတ်စွမ်းအားကမ္ဘာကို အပြည့်အဝဖွင့်ဟထားပြီး သူငယ်ချင်းလေးကို သူ့စိတ်အတွင်းကို ကြိုဆိုနေတယ်။

ဒါက သူပထမဆုံးလုပ်ဖူးတာတော့ မဟုတ်ဘူး။ အရင်တုန်းက ကျိုးကျိုး သူ့စိတ်စွမ်းအားကို ကုသတဲ့အခါတိုင်း သူအမြဲတမ်း ဒီလိုလုပ်တယ်။ စင်စစ် သူဘယ်တုန်းကမှ ကျိုးကျိုးနဲ့ပတ်သက်ရင် သတိထားနေတာမျိုး မရှိခဲ့ဘူး။

ကျိုးကျိုးက သူ့ကို ဘယ်အချိန်မဆို အမှတ်အသားပြုလို့ရတယ်။

ဒါပေမဲ့ ဒီတစ်ခေါက်စာချုပ်က အရင်က စိတ်စွမ်းအားကို ကုသတာနဲ့ မတူဘူး။ သူ့စိတ်စွမ်းအားကမ္ဘာကို ဝင်လာတဲ့အရာက ကျိုးကျိုးရဲ့တန်ခိုးစွမ်းအင်တစ်ခုတည်း မဟုတ်လောက်ဘူးလို့ ဝမ်ရှောင်းယွင်က ရေးတေးတေး သိလိုက်ရတယ်။

ဝမ်ရှောင်းယွင်က အနည်းငယ် အံ့အားသင့်သွားတယ်။ အဲဒီနောက်တော့ ရုတ်တရက် သူ့ကိုယ်သူ ကျယ်ပြောလှတဲ့သမုဒ္ဒရာရဲ့ အလယ်မှာ တွေ့လိုက်ရတယ်။

သမုဒ္ဒရာက အတောမသတ်နိုင်အောင်ပဲ နယ်နိမိတ်အကန့်အသတ်လည်း မရှိဘူး။ ဒါပေမဲ့ ဘောင်ဘင်ခတ်နေတဲ့ လှိုင်းတံပိုးတွေ မရှိဘူး။ အဲဒီအစား တည်ငြိမ်ပြီး အေးချမ်းနေတယ်။ ဝမ်ရှောင်းယွင်ဟာ နေရောင်ခြည်အောက်မှာ လှပတဲ့ ကမ်းရိုးတန်းတစ်ခုမှာ အနားယူအပန်းဖြေဖို့ ရောက်နေသလို ခံစားနေရတယ်။

ဒါက... ကျိုးကျိုးရဲ့ စိတ်စွမ်းအားကမ္ဘာလား။

ဒါဆို ကျိုးကျိုးက တကယ်ပဲ နွေးထွေးပြီးနူးညံ့တဲ့လူတစ်ဦးပဲ။ သူ့ရဲ့စိတ်စွမ်းအားကမ္ဘာက ကျယ်ပြောတဲ့သမုဒ္ဒရာဖြစ်နေပေမဲ့ သူက အားလုံးကို သည်းခံပြီး တည်ငြိမ်အေးချမ်းနေလိုစိတ်ရှိတယ်။

ဝမ်ရှောင်းယွင်က သမုဒ္ဒရာရေပြင်ကို မသိမသာ တို့ထိကြည့်ချင်ပေမဲ့ သူက မတော်တဆ ကြုံရာ မှတ်ဉာဏ်တစ်ခုကို ထိမိသွားတယ်။ သူ့ရှေ့က ကျယ်ပြောတဲ့သမုဒ္ဒရာကြီးက ရုတ်တရက် ပြောင်းသွားတယ်....

လူသားတွေဟာ သမုဒ္ဒရာလိုပဲ ကြီးမားလှတဲ့ တောင်ကြီးသဖွယ် အထပ်လိုက်အထပ်လိုက်ရှိနေကြတယ်။ တေးဂီတသံတစ်ခုက လူသံတွေကို လွှမ်းမိုးထားပြီး နီယွန်မီးရောင်က တလက်လက်နဲ့ တောက်ပနေတယ်။

အကစတိတ်စင်ပေါ်မှာ ရင်းနှီးနေတဲ့လူတစ်ဦးက မရေမတွက်နိုင်အောင် များပြားတဲ့လူအုပ်ရဲ့ အကြည့်တွေကို မျက်နှာမူထားတယ်။

သူက သူ့ကိုကြည့်နေတဲ့ အကြည့်တွေအောက်မှာ အားလုံးရဲ့လက်ခုပ်ဩဘာသံတွေကို ယုံကြည်ချက်အပြည့်နဲ့ ကြိုဆိုလိုက်တယ်။

ပွဲရဲ့အစီအစဉ်မှူးက စိတ်လှုပ်အရှားဆုံး၊ အတက်ကြွဆုံးအသံကိုသုံးပြီး ကျယ်လောင်စွာ ကြေညာလိုက်တယ်။ "ကျွန်တော်တို့ရဲ့ စိတ်အားအတက်ကြွဆုံး အားပေးသံတွေနဲ့ မဟာ ဂီတနဲ့အကပြိုင်ပွဲကြီးရဲ့ အဓိကအောင်နိုင်သူ ကျွမ်းကျိုးကို ကြိုဆိုလိုက်ကြရအောင်!"

အကစတိတ်စင်ပေါ်မှာ ရင်းနှီးနေတဲ့လူငယ်လေးက ခပ်ယဲ့ယဲ့ပြုံးနေပြီး ပရိသတ်ထုကြီးကို ဦးညွှတ်ဂါရဝပြုလိုက်တယ်။

ဝမ်ရှောင်းယွင်က ကြည့်နေရင်း မှင်တက်နေမိတယ်။

ဒါ ကျိုးကျိုးလား။

သူက ယုံကြည်ချက်ရှိရှိ ပြုံးပြနေတာများ လူတွေက အကြည့်တောင်မလွှဲနိုင်ကြဘူး။

တအားထူးဆန်းတယ်။ သူတို့ပြောတဲ့စကားက ဝမ်ရှောင်းယွင်နဲ့ သေချာပေါက် မရင်းနှီးဘူး။

ဒါပေမဲ့ သူက အခု ကျိုးကျိုးရဲ့စိတ်စွမ်းအားကမ္ဘာနဲ့ ချိတ်ဆက်ထားတာမို့ဖြစ်မယ်။ တကယ်ပဲ ဒီမရင်းနှီးတဲ့ ဘာသာစကားကို နားလည်ပြီး သူတို့ ဘာဆိုလိုတာလဲဆိုတာကို နားလည်နေတယ်။

သူ့ရဲ့ကျိုးကျိုးက တကယ်ကို စူပါအမေးဇင်းပဲ။

ဝမ်ရှောင်းယွင်က လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး ဒီလိုပုံနဲ့ ကျွမ်းကျိုးကို လှမ်းဆွဲလိုက်ချင်ခဲ့တယ်။

ဒါပေမဲ့ သူလက်ဆန့်လိုက်တာနဲ့ ချက်ချင်း သူက နောက်ထပ်မှတ်ဉာဏ်တစ်စကို ထိမိသွားတာနဲ့ တူတယ်။ သူ့ရှေ့က ကမ္ဘာကြီးက တစ်ဖန် ပြောင်းသွားပြန်တယ်။

ဒါကလည်း စတိတ်စင်နဲ့ပဲတူတယ်။ ဒါပေမဲ့ စောစောကလို ကျယ်လောင်ပြီး ဗရုတ်သုတ်ခနိုင်တဲ့ စင်တော့မဟုတ်ဘူး။ အဲဒီအစား သတင်းစာရှင်းလင်းပွဲတစ်ခုအတွက် သေချာမျက်စိပသာဒဖြစ်အောင် သေချာ ဒီဇိုင်းဆင်ထားတဲ့ စတိတ်စင်ဖြစ်တယ်။

သူရင်းနှီးနေတဲ့ လူငယ်လေးက အသက်ကြီးလာတဲ့ပုံပေါက်တယ်။ သူက လူငယ်နဲ့ လူလတ်ပိုင်းအရွယ်ကြားမှာ ရှိပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားတယ်။

သူက ပရိသတ်တွေအကုန်လုံးကို မျက်နှာမူထားပြီး သူ့နောက်က စခရင်ကြီးကတော့ သူစကားပြောတိုင်းမှာ ဆက်တိုက် ပြောင်းနေတယ်--

"ဒီတစ်ခေါက် ကျွန်တော်တို့ ထွင်လိုက်တဲ့ ဆဲလ်ဖုန်းမိုက်ခရိုချပ်စ်ပြားက လုံးဝနည်းပညာအဆင့်အတန်းအသစ်တစ်ခုကို အသုံးပြုထားပြီး အရင်ကဟာကို အစားထိုး...."

စကားလုံးတွေက မပြီးသေးပေမဲ့ ကမ္ဘာက ထပ်ပြီး ပြောင်းသွားပြန်တယ်။

ဒီတစ်ခေါက်တော့ ဝမ်ရှောင်းယွင်ဟာ အလွန်တည်ငြိမ်နေတယ်။ သူက အခုလက်ရှိ ကျိုးကျိုးရဲ့ စိတ်စွမ်းအားကမ္ဘာထဲမှာဆိုတာ သေချာ နားလည်ထားတယ်။ သူအခုလေးတင်မြင်လိုက်ရတာက ကျိုးကျိုး အတိတ်တုန်းက ကြုံတွေ့ခဲ့တဲ့အရာတွေ အကုန်လုံးပဲ။

အဲဒါကြောင့် ဝမ်ရှောင်းယွင်က မျှော်လင့်စောင့်စားစိတ်တွေ ပေါ်လာတယ်။ သူက ကျိုးကျိုးရဲ့ ပုံစံမျိုးစုံ အကုန်လုံးကို အလွန်နှစ်သက်ပြီး ပိုပိုပြီး မြင်ချင်လာမိတယ်။

သူ့အတွေးတောင် မဆုံးသေးခင် ရုတ်တရက် မြေကြီးက နှစ်ခြမ်းကွဲသွားပြီး လေပြင်းတွေ တိုက်လာတယ်!

မိုးကြိုးက သူ့ခေါင်းထိပ်တည့်တည့်ကို ပစ်လိုက်သလိုပဲ။ ဆိုးရွားလှတဲ့ လေပြင်းမုန်တိုင်းဟာ အားလုံးကို ဖြတ်တိုက်သွားတာနဲ့အတူ မိုးခြိမ်းသံ တဂျိန်းဂျိန်းဟာ ထွက်ပေါ်လာတယ်။

ကောင်းကင်ကြီးက ပြိုကျတော့မဲ့ပုံပေါက်နေပြီး ကမ္ဘာလောကကြီးက အပျက်အစီးလွင်ပြင်အဖြစ် ပြောင်းလဲသွားတယ်။

ဒီတစ်ကြိမ်မှာတော့ သူ ကျွမ်းကျိုးကို မတွေ့ဘူး။

"ကျိုးကျိုး!"

ဝမ်ရှောင်းယွင်ရဲ့နှလုံးသားက လည်ချောင်းထဲကနေ ခုန်ထွက်လာတော့မလိုပဲ သူက ကျိုးကျိုးရဲ့ အရိပ်အယောင်ကို အမောတကော လိုက်ရှာနေမိတယ်။

စိတ်ပူပန်စွာ အော်ဟစ်ခေါ်နေရင်း ဝမ်ရှောင်းယွင်က ချက်ချင်း သူ့ခေါင်းထဲမှာ နာကျင်မှုတစ်ခုကို ခံစားလိုက်ရတယ်။ အဲဒီနောက် သူ့ရဲ့စိတ်စွမ်းအားတွေကို တွန်းအားတစ်ခုက ကန်ထုတ်လိုက်သည့်နှယ် သူ့ကို ကျိုးကျိုးရဲ့စိတ်စွမ်းအားကမ္ဘာအပြင်ကို တန်းပြီး ကန်ထုတ်ခံလိုက်ရတယ်။

ဝမ်ရှောင်းယွင်က အလျင်စလို မျက်လုံးဖွင့်ကြည့်လိုက်တယ်။ "ကျိုးကျိုး!"

အဲဒီနောက် သူက တောက်ပပြီးတလက်လက်ထနေတဲ့ မျက်လုံးတစ်စုံနဲ့ စုံသွားတယ်။

ကျိုးကျိုးက ပျော်ရွှင်စွာ ရယ်မောနေတယ်။ "ချည်နှောင်တာ ပြီးသွားပြီ! ခင်ဗျား နောက်ဆိုဘယ်တော့မှ ထွက်ပြေးလို့မရတော့ဘူး"

ကျွမ်းကျိုး လုံးဝ ထိခိုက်မှုမရှိတာတွေ့တော့မှ ဝမ်ရှောင်းယွင်က စိတ်အေးသွားတယ်။ သူ ကျိုးကျိုးရဲ့ စိတ်စွမ်းအားကမ္ဘာထဲမှာ တွေ့လိုက်ရတဲ့ နောက်ဆုံးမြင်ကွင်းက သူ့ကို အရမ်း ကြောက်လန့်သွားစေတယ်။

သူက ကျွမ်းကျိုးကို သူ့ရင်ထဲမှာ ပွေ့ဖက်ထားပြီး "ထွက်မပြေးဘူး။ ကိုယ် ဘယ်တုန်းကမှ ထွက်ပြေးဖို့ မစဉ်းစားဖူးဘူး"

ကျွမ်းကျိုးက သူ ဒီလိုစကားတွေပြောတာ နားထောင်ရတာ တကယ်သဘောကျတယ်။ သူက ပိုလို့တောင် ပျော်ရွှင်မြူးထူးစွာ ပြုံးပြလိုက်တာမှာ မျက်လုံးလေးတွေတောင် ကွေးညွတ်သွားတယ်။

လူနှစ်ယောက်က ခဏလောက် ငြိမ်သက်စွာ ဖက်ထားကြတယ်။ နောက်ဆုံးမှာတော့ ဝမ်ရှောင်းယွင်က သူ့ကို မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေးလိုက်ပြီး ညင်သာစွာ ပြောတယ်။ "ကျိုးကျိုး ကိုယ် အခုလေးတင် မင်းရဲ့ စိတ်စွမ်းအားကမ္ဘာကို မြင်လိုက်ရတယ်ထင်တယ်"

ကျွမ်းကျိုးက ပြောတယ်။ "အဲဒါ မထူးဆန်းဘူး! စာချုပ်နဲ့ချည်နှောင်လိုက်ပြီဆိုရင် သေချာပေါက် မြင်နိုင်တယ်"

ဝမ်ရှောင်းယွင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ပြောတယ်။ "ကိုယ် မင်းရဲ့ စိတ်စွမ်းအားကမ္ဘာထဲမှာ အတိတ်မှတ်ဉာဏ်အချို့ကို မြင်လိုက်တယ်။ မင်း အရင်က အနုပညာရှင်ဖြစ်ဖူးတာလား"

သူက ကျိုးကျိုး ကနေတဲ့မြင်ကွင်းက တောက်ပပြီး ယုံကြည်မှုရှိနေပြီး အရမ်းကို သောက်ရမ်း ဆွဲဆောင်မှုရှိတယ်လို့ ပြောချင်ခဲ့တာ...

တကယ်လို့ ကျိုးကျိုးသာ သူ့ရှေ့မှာ ကပြလာခဲ့ရင်....

ကျစ် တွေးတောင် မတွေးဝံ့ဘူး။

အဲဒီမြင်ကွင်းကို မြင်ယောင်ကြည့်ရုံနဲ့တင် သူ့ဦးရေပြားဟာ ကလိကလိနဲ့ ထုံကျဉ်လာပြီး သူ့ရင်ခွင်ထဲက လူသားကို လုံးဝ ဖျက်ဆီးပစ်လိုက်ချင်တဲ့စိတ်ပေါက်လာတယ်။

ကျွမ်းကျိုးက ဇဝေဇဝါဖြစ်နေတဲ့အသံနဲ့ "ဟင့်အင်း မလုပ်ဖူးဘူး"

ဒါကိုကြားတော့ ဝမ်ရှောင်းယွင်က ခဏလောက် အံ့အားသင့်သွားတယ်။ "မလုပ်ဖူးဘူးလား"

ကျွမ်းကျိုးက ခေါင်းခါပြီး နည်းနည်း ရှက်ကိုးရှက်ကန်းနဲ့ ပြောလာတယ်။ "ကျွန်တော် ကျွန်တော် မလုပ်ဖူးဘူး။ ကျွန်တော်က ဘယ်လိုဆိုရမယ်၊ ကရမယ်ဆိုတာ မသိဘူး.... ဒါပေမဲ့ အနောက်အရပ်က ကြွယ်ဝခြင်းနတ်ဘုရားတွေထဲမှာ အရမ်းအထင်ကြီးစရာကောင်းတဲ့ ကြွယ်ဝခြင်းနတ်ဘုရားတစ်ပါးရှိတယ်! သူက လူ့ကမ္ဘာကိုသွား စွမ်းရည်ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး နာမည်ကြီးအနုပညာရှင်ဖြစ်လာတယ်။ သူ့မှာ ယုံကြည်သက်ဝင်သူတွေ အများ အများကြီး ရှိတယ်။ ကျွန်တော် အဲဒီအကြောင်း ခင်ဗျားကို ပြောပြဖူးတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော်က ကြယ်စုဘာသာစကားကို မပြောတတ်သေးဘူး..."

ဝမ်ရှောင်းယွင်ရဲ့မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတယ်။

သူက ကျွမ်းကျိုးကို အသံတိတ် ကြည့်နေမိတယ်။ ကျိုးကျိုး အဲဒီစကားတွေ ပြောနေတဲ့အချိန်မှာ သူ့မျက်နှာမှာ အားကျမှုတွေ အပြည့်နဲ့ဖြစ်နေတယ်။

သူက လိမ်ညာနေပုံမရဘူး။ အဲဒီအစား သူက တကယ်ကို အဲဒီလို ယုံကြည်ထားခဲ့တာ။

ဒါပေမဲ့ ဝမ်ရှောင်းယွင် ကျိုးကျိုးရဲ့ စိတ်စွမ်းအားကမ္ဘာထဲမှာ မြင်လိုက်ရတဲ့ မှတ်ဉာဏ်အပိုင်းအစလေးကတော့ သေချာပေါက် စွမ်းရည်ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့သူက ကျွမ်းကျိုးကိုယ်တိုင်ဆိုတာ ပြသနေတယ်။

အဲဒါက သူ့ရဲ့စိတ်စွမ်းအားကမ္ဘာထဲက မှတ်ဉာဏ်အပိုင်းအစလေးတစ်ခုပဲ။ ကျိုးကျိုးက ဘာလို့ မသိဘဲ တခြားသူတစ်ယောက်ရဲ့ဟာလို့ ထင်နေရတာလဲ။

ကျွမ်းကျိုးက ဝမ်ရှောင်းယွင်ရဲ့ မျက်နှာအမူအရာကို မမြင်ဘူး။ သူက တရစပ် ဆက်ပြောနေတယ်။ "နာမည်ကြီး အနုပညာရှင်ဖြစ်သွားတဲ့ ကြွယ်ဝခြင်းနတ်ဘုရားက အရမ်းအရမ်းကို အထင်ကြီးစရာကောင်းတယ်။ သူက ကြွယ်ဝခြင်းနတ်ဘုရားတွေ အားလုံးထဲမှာ သက်ဝင်ယုံကြည်သူအများဆုံးပဲ။ နတ်ဘုရားတွေအားလုံးက သူ့ကို လေးစားကြတယ်။ သူ့ရဲ့စိတ်ထားကလည်း အရမ်းကောင်းတယ်။ မှတ်မိသေးတယ်.. အရင်တုန်းက သူနဲ့ တိုင်ပင်ဖူးတဲ့ ကြွယ်ဝခြင်းနတ်ဘုရားအလုပ်သင်လေးတစ်ယောက်ရှိတယ်။ သူက "ကျွန်တော် ခင်ဗျားဆီက အကနဲ့ အဆိုပညာ သင်ယူလို့ရမလား" လို့မေးလာတော့ အဲဒီ နာမည်ကြီး အနုပညာရှင် ကြွယ်ဝခြင်းနတ်ဘုရားက သူ့ကို အကနဲ့ အဆိုပညာ သင်ပေးဖို့ သဘောတူခဲ့ပေမဲ့ အဲဒီအလုပ်သင်ကြွယ်ဝခြင်းနတ်ဘုရားလေးက သင်ယူဖို့ အခွင့်အရေး မရှိတော့ဘူး"

ခဏလောက် အသံတိတ်သွားတော့ ဝမ်ရှောင်းယွင်က မျက်မှောင်ကြုတ်သွားတယ်။ "ဘာဖြစ်လို့ အခွင့်အရေးမရှိတော့တာလဲ"

ကျွမ်းကျိုးက ဆိုတယ်။ "ဘာလို့လဲဆိုတော့ အဲဒီအလုပ်သင် ကြွယ်ဝခြင်းနတ်ဘုရားလေးက သေသွားလို့ပဲ!"

ဒါကိုကြားတော့ ဝမ်ရှောင်းယွင်က ခဏလောက် ကြောင်အသွားတယ်။ "သေသွားတယ်ဟုတ်လား။ ဘာလို့သေသွားတာလဲ"

ကျွမ်းကျိုးက ရုတ်တရက်ကြီး ခေါင်းကိုက်လာတယ်။ "ကျွန်တော်ထင်တာတော့.... ဘာဖြစ်တာလဲ ကျွန်တော် သူဘယ်လိုသေသွားလဲ မမှတ်မိတော့ဘူး..."

သူခေါင်းကိုက်နေတာကို မြင်တော့ ဝမ်ရှောင်းယွင်က ကမန်းကတန်း သူ့ခေါင်းကို ပွတ်သပ်ပေးတယ်။ "မစဉ်းစားနဲ့တော့ မစဉ်းစားနဲ့တော့ မေ့သွားရင် မေ့တဲ့အတိုင်း ထားလိုက်တော့"

ကျွမ်းကျိုးက နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားပြီး သူ့ခေါင်းကို ပွတ်နေတယ်။ "ထူးဆန်းလိုက်တာ ဘာဖြစ်လို့ မေ့သွားရတာလဲ"

ဒီလိုပြောရင်း သူက ဝမ်ရှောင်းယွင်ကို ကြည့်လိုက်တယ်။ "ကျွန်တော့်ရဲ့ စိတ်စွမ်းအားကမ္ဘာထဲမှာ ဘာတွေ ထပ်တွေ့သေးလဲ"

ဝမ်ရှောင်းယွင်က ခဏလောက် တုန့်ဆိုင်းနေပြီးမှ ဆိုလာတယ်။ ".....ကိုယ် ဆဲလ်ဖုန်းမိုက်ခရိုချပ်စ်ပြား တီထွင်ခဲ့တဲ့သူလား အဲဒီလိုမျိုးလည်း တွေ့ခဲ့တယ်"

ဒီတစ်ခေါက်မှာတော့ သူက အဲဒါ ကျိုးကျိုးကိုယ်တိုင်ဆိုတာ ထုတ်မပြောခဲ့ဘူး။

ကျိုးကျိုးက ချက်ချင်း နားလည်သွားတယ်။ "အိုး သူ့အကြောင်း ပြောနေတာပဲ!"

ဝမ်ရှောင်းယွင်က မေးတယ်။ "သူ့ကို သိလို့လား"

ကျိုးကျိုးက ဆိုတယ်။ "သေချာတာပေါ့! သူက တောင်အရပ်က ကြွယ်ဝခြင်းနတ်ဘုရားတွေထဲက အားကြီးတဲ့နတ်ဘုရားတစ်ပါးပဲ။ သူက လူ့လောကမှာ အလွန်နာမည်ကြီးပြီး အားကျစရာကောင်းတဲ့ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာ။ အဲဒီနောက် သူက ကျွန်တော်တို့ အရှေ့အရပ်ကို ကျော်သွားပြီး ကျွန်တော်တို့ရဲ့ ဘော့စ်အကြီးစားကို ခိုးယူသွားတာလေ။ အဲဒီဘော့စ်ကို သူ့ရဲ့ယုံကြည်သူဖြစ်အောင် သိမ်းသွင်းလှည့်စားသွားတာ။ သူက အဲဒီဘော့စ် ဆဲလ်ဖုန်းမိုက်ခရိုချပ်စ်အသစ် တီထွင်တဲ့နေရာမှာ ကူညီပေးခဲ့တယ်။ အဲဒီဘော့စ်က အစက ကျွန်တော်တို့ အရှေ့အရပ်ထဲကပဲ။ မဟာနတ်မင်းကြီး သိသွားတော့ အရမ်းစိတ်ဆိုးပြီး ကျွန်တော်တို့ကို မျှော်လင့်ချက်တွေ မပြည့်မီတဲ့အတွက် ဆူငေါက်ခဲ့သေးတယ်... ဒီအကြောင်းလဲ ကျွန်တော် ပြောပြဖူးတယ်!"

ဝမ်ရှောင်းယွင်က နားထောင်လေနားထောင်လေ သူ့အမူအရာက ပိုပြီး အကျည်းတန်လာလေလေပဲ။

သူ့ရဲ့မျက်နှာ သုန်မှုန်နေတာကိုတွေ့တော့ ကျွမ်းကျိုးက စိတ်ပူသွားတယ်။ "ဘာဖြစ်လို့လဲ"

ဝမ်ရှောင်းယွင်က တိုးတိုးပြောတယ်။ "ဘာမှမဟုတ်ပါဘူး။ ကိုယ်က ဒီအတိုင်း... ဒီအတိုင်း စဉ်းစားနေတာ။ အဲဒီအားကြီးတဲ့မိုင်ခရိုချပ်စ်နတ်ဘုရားးက ဘယ်လိုနတ်ဘုရားမျိုးလဲလို့"

ကျွမ်းကျိုးက အသက်ရှူထုတ်လိုက်ပြီး ပျော်ရွှင်စွာ ရှင်းပြလာတယ်။ "သူကလည်း အရမ်းတော်တဲ့ နတ်ဘုရားပဲ!"

ဝမ်ရှောင်းယွင်က မေးတယ်။ "သူနဲ့သိလား"

ကျွမ်းကျိုးက ခေါင်းညိတ်ပြတယ်။ "အင်း အင်း သိတယ်။ သူနဲ့ လူချင်းတောင် တွေ့ဖူးသေးတယ်! ကျွန်တော်ပြောပြမယ်။ အဲဒီဘော့စ်အကြီးစား နေတဲ့နေရာမှာ ရှစ်မန်လို့ခေါ်တဲ့ ကြွယ်ဝခြင်းနတ်ဘုရားရှိတယ်။ သူ(မ)က အဲဒီအရပ်ကို တာဝန်ယူထားတာဆိုပေမဲ့ အဲဒီဘော့စ်ကို အဲဒီအားကြီးတဲ့နတ်ဘုရားရဲ့ သက်ဝင်ယုံကြည်သူအဖြစ် ခိုးယူခံလိုက်ရတယ်လေ။ အဲဒါနဲ့ သူ(မ)က မဟာနတ်မင်းကြီးရဲ့ အဆူအဆဲကို တော်တော်လေး ခံလိုက်ရတယ်။ ရှစ်မန်က အရမ်း ဝမ်းနည်းပက်လက် ငိုခဲ့တာ။ သူသေခါနီးမှာ အဲဒီ အားကြီးတဲ့ မိုင်ခရိုချပ်စ်နတ်ဘုရားနဲ့ ပြန်တွေ့ခဲ့တယ်။ သူက အားကြီးတဲ့နတ်ဘုရားကို "ကျွန်မလည်း နောက်ကျရင် ရှင့်လို အားကြီးတဲ့သူဖြစ်လာမှာလား" ဆိုပြီး မေးတယ်။ အားကြီးတဲ့နတ်ဘုရားက ပြန်ဖြေတယ် "မင်းသာ ကောင်းကောင်းအသက်ရှင်၊ ရှင်သန်နေမယ်ဆိုရင် ငါ့ရဲ့နတ်တန်ခိုးတွေကို မင်းကို လွှဲပြောင်းပေးလိုက်မယ်" တဲ့။ အဲဒီတုန်းက ကျွန်တော်က ဘေးကနေ ကြည့်နေခဲ့တာ။ စိတ်ထိခိုက်လွန်းလို့ ငိုတောင်ငိုခဲ့သေးတယ်"

ဝမ်ရှောင်းယွင်က ဒီမှာ ချက်ချင်းပဲ အဓိကအရေးကြီးတဲ့အချက်ကို ဆွဲထုတ်ပြောလိုက်တယ်။ "အဲဒီ ရှစ်မန်လို့ခေါ်တဲ့ နတ်ဘုရား... လည်း သေသွားတာလား။ ဘယ်လိုလုပ် သေသွားတာလဲ"

ကျွမ်းကျိုးက ခဏလောက် တုန့်ခဲသွားတယ်။ သူက အခုလေးတင် ဒီစကားတွေအားလုံးကို တတွတ်တွတ် ပြောနေခဲ့တာ။ ဝမ်ရှောင်းယွင် မေးခွန်းမေးလာတော့မှပဲ ရုတ်တရက် အသိဝင်လာတယ်။ သူမမှတ်မိဘူး။

ရှစ်မန် ဘယ်လိုလုပ်သေသွားတာလဲ။

ကျွမ်းကျိုးက သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ထားရင်း ခေါင်းကွဲထွက်မတတ် ကိုက်ခဲလာတယ်။ "ကျွန်တော် မမှတ်မိဘူး။ မမှတ်မိဘူး။ မန်မန်က မသေခဲ့ဘူးမလား... သူ အသက်ရှင်နေလောက်တယ်..."

...................xxx..................

-Zawgyi-

အခန္း ၅၅ ဝိညာဥ္စာခ်ဳပ္ ခ်ဳပ္ဆိုျခင္း

ေကာင္းတဲ့အရာတဲ့လား။

ကၽြမ္းက်ိဳးက သူနားၾကားမ်ားမွားသလားလို႔ ခံစားလိုက္ရတယ္။ အဲဒီလိုမွမဟုတ္ရင္ ဘာလို႔ ဝမ္ေရွာင္းယြင္က ဒီေလာက္ဆိုးရြားတဲ့အရာကို ေကာင္းတဲ့ကိစၥလို႔ ေခၚမွာလဲ။

ဒီျဖစ္ရပ္ျဖစ္ပ်က္သြားတုန္းက နတ္ဘုရားအမ်ားအျပားဟာ ေနာက္ဆက္တြဲအေနနဲ႔ ေၾကာက္ရြံ့စိတ္ေတြ ၾကာရွည္ခံစားခဲ့ရတယ္။ လူတိုင္းက မဟာနတ္မင္းႀကီးရဲ့စကားကို က်ိဳးႏြံစြာပဲ နာခံၾကၿပီး ခ်စ္သံေယာဇဥ္တည္ေဆာက္ဖို႔ မႀကိဳးစားေတာ့ဘဲ သူတို႔ အလုပ္အကိုင္မွာပဲ အာ႐ုံစိုက္ၾကတယ္။

အဲဒီကိစၥျဖစ္သြားၿပီးေနာက္ နတ္ဘုရားတစ္ပါးက လူတစ္ေယာက္နဲ႔ ခ်စ္ကၽြမ္းဝင္တဲ့အခါတိုင္း အဲဒီနတ္ဘုရားက လူသားကို အသိေပးဖို႔ ဒီဇာတ္လမ္းကို ေျပာျပရတယ္။

လူသားက ဒီလိုမ်ိဳး 'ဖိႏွိပ္ညႇဥ္းပန္းတတ္ၿပီး ႀကီးစိုးျခယ္လွယ္တတ္တဲ့' စာခ်ဳပ္မ်ိဳးကို လက္ခံနိုင္တယ္ဆိုရင္ သူတို႔ လက္ထပ္လို႔ ရတယ္။

တကယ္လို႔ လူသားက မလိုလားခဲ့ဘူးဆိုရင္ သူတို႔ အတူရွိလို႔မရဘူး။

ရလဒ္ကေတာ့ သိသာပါတယ္။ သူတို႔ လူသားေတြကို ဒီဇာတ္လမ္းကို ေျပာျပလိုက္ရင္ လူသားအမ်ားစုက အကုန္လုံး လန႔္ေျပးကုန္ၾကတယ္။

သူတို႔က လူသားရဲ့မွတ္ဉာဏ္ေတြကို ဖ်က္ပစ္ၿပီး ေနာက္ပိုင္း သူတို႔နဲ႔ ဆက္ၿပီးမပတ္သက္႐ုံကလြဲၿပီး ေရြးခ်ယ္စရာမရွိခဲ့ဘူး။

အခ်ိန္ေတြကုန္လြန္လာၿပီးေနာက္ လူသားေတြနဲ႔ အတူတူေနၾကတဲ့ နတ္ဘုရားရယ္လို႔ မရွိေတာ့ဘူး။ သူတို႔ အမတႏြယ္ဝင္ေတြၾကားမွာ လူလြတ္ေတြ မ်ားလာၾကတယ္။ ေတာ္ေတာ္မ်ားမ်ားကလည္း သူတို႔အခ်င္းခ်င္းဘက္ပဲ လွည့္သြားၾကတယ္။ (နတ္အခ်င္းခ်င္းတြဲတယ္)

နဂိုက စည္းမ်ဥ္းစည္းကမ္းအရဆိုရင္ သူနဲ႔ ဝမ္ေရွာင္းယြင္ လက္မထပ္ခင္ကတည္းက ဝမ္ေရွာင္းယြင္ကို ဒီဇာတ္လမ္းကို ေျပာျပၿပီး နတ္ဘုရားနဲ႔ စာခ်ဳပ္ခ်ဳပ္ရင္ ျဖစ္လာမဲ့အက်ိဳးဆက္ေတြကို အသိေပးရမယ္။

တကယ္လို႔ ဝမ္ေရွာင္းယြင္သာ ဒီအက်ိဳးဆက္ကို လက္ခံနိုင္ရင္ သူတို႔ လက္ထပ္လို႔ရတယ္။

ဒါေပမဲ့ ကၽြမ္းက်ိဳးက မေျပာခဲ့ဘူး။

သူေၾကာက္တယ္။ သူေျပာလိုက္လို႔ ဝမ္ေရွာင္းယြင္ သူနဲ႔ လက္မထပ္ေတာ့မွာကို သူေၾကာက္တယ္။

အဲဒါေၾကာင့္ သူဝမ္ေရွာင္းယြင္ကို လွည့္စားၿပီး လက္ထပ္ခဲ့တယ္။

တကယ္လို႔ ဒါသာ ကမၻာေျမမွာဆိုရင္ ဒါကို လိမ္လည္လက္ထပ္မႈလို႔ ယူဆလို႔ရတယ္!

ကၽြမ္းက်ိဳးက သူက ေကာင္းမြန္တဲ့အမတနတ္ဘုရားမဟုတ္ေတာ့ဘူးလို႔ ခံစားလိုက္ရတယ္။ သူက ပိုပိုၿပီး မေကာင္းစိတ္ဝင္ဝင္လာၿပီ!

သူဒါကို စဥ္းစားမိေတာ့ သူမ်က္လုံးထဲမွာ မ်က္ရည္ဥေတြ စုေဝးလာၿပီး ဆက္ပဲလိမ့္ဆင္းလာရမလား၊ မလာရဘူးလား မေသခ်ာမေရရာဘဲ တြဲလဲခိုေနတာမို႔ မ်က္လုံးေတြဟာ စိုစြတ္ေတာက္ပေနေတာ့တယ္။

ဆန႔္က်င္ဘက္အေနနဲ႔ ဝမ္ေရွာင္းယြင္ရဲ့ ဒီေန႔ စိတ္အေျခအေနက ရိုလာကိုစတာစီးရသလိုပဲ အေပၚတက္သြားလိုက္ ေအာက္က်လာလိုက္နဲ႔ ျဖစ္ေနတယ္။

အစတုန္းက သူအရင္ကလုပ္ခဲ့တာအတြက္ လိပ္ျပာမလုံသလို ခံစားေနရဆဲျဖစ္ၿပီး သူက်ိဳးက်ိဳးနဲ႔ နီးနီးကပ္ကပ္မေနခဲ့သင့္ဘူးဆိုၿပီး ေနာင္တရေနတယ္။ က်ိဳးက်ိဳးနဲ႔ အတူတူရွိေနတာအတြက္ ေနာင္တရေနခဲ့တယ္။

သူ ဒီလိုမ်ိဳး ေနာင္တရခဲတယ္။ သူအမွားလုပ္မိတဲ့အခါတိုင္း အျမဲတမ္း အမွားကိုျပင္ဆင္ဖို႔နည္းလမ္းကိုပဲ စဥ္းစားေလ့ရွိတယ္။

ဒါေပမဲ့ အမွားလုပ္ၿပီးသြားတဲ့ေနာက္ ခံစားခ်က္ေတြကေတာ့ ျပင္ဆင္လို႔ရတဲ့အရာ မဟုတ္ဘူး။

ဘယ္လိုပဲျဖစ္ပါေစ၊ သူ႔ရဲ့ အနာဂတ္မွာခြဲခြာသြားမဲ့အမႈကိစၥကေတာ့ ျပင္ဆင္ဖို႔ မျဖစ္နိုင္တာပဲေလ။ အဲဒီအခ်ိန္ က်ိဳးက်ိဳးေဘးမွာ ေနဖို႔ သူ႔အစား ဘယ္သူဝင္နိုင္မွာလဲ။

သူက ဒီအခြင့္အေရးကိုယူၿပီး ေစာေသးတုန္း သူတို႔ရဲ့ဆက္ႏြယ္မႈကို အဆုံးသတ္လိုက္ရင္ေကာင္းမလားလို႔ေတာင္ ေတြးမိေသးတယ္။ အဲဒါဆို သူေသသြားရင္ က်ိဳးက်ိဳးက အရာတိုင္းကို တစ္ေယာက္တည္း ရင္ဆိုင္ရဖို႔ က်န္ခဲ့မွာေတာ့ မဟုတ္ဘူး။

သူတို႔အားလုံးက ေျပာၾကတယ္ လူႏွစ္ေယာက္က ခ်စ္ႀကိဳက္ၾကၿပီဆိုရင္ ရွင္သန္ေနတဲ့လူက အခံစားရဆုံးပဲတဲ့။ သူက က်ိဳးက်ိဳးထက္ ပိုေစာၿပီး ေသဖို႔ ၾကမၼာဖန္လာတယ္။ သူ ဘယ္လိုလုပ္ၿပီး က်ိဳးက်ိဳး ခံစားရဖို႔ ခ်န္ထားခဲ့နိုင္မွာလဲ။

အဲဒါေၾကာင့္ က်ိဳးက်ိဳးေျပာစကားကို ၾကာၿပီးေနာက္မွာ သူ႔စိတ္အေျခအေနက တစ္ဖန္ လၽွိုေျမာင္ေအာက္ေျခကေန ေကာင္းကင္ယံတိမ္လႊာၾကားထိ ပ်ံတက္သြားျပန္တယ္။

သူက က်ိဳးက်ိဳးကို ဘယ္လိုမ်ိဳး ဆက္ၿပီး ထာဝရအေဖာ္ျပဳသြားရမလဲဆိုတာကို စိတ္ရႈပ္ေနရာကေန အခု က်ိဳးက်ိဳးနဲ႔ ဘဝဆက္တိုင္းဆက္တိုင္း အတူတူေနလို႔ရတယ္လို႔ ေျပာလာမွေတာ့ သူမေပ်ာ္ဘဲ ေနပါေတာ့မလား။

"က်ိဳးက်ိဳး မင္းေျပာခဲ့တာေတြက တကယ္အမွန္ေတြပဲလား" ဝမ္ေရွာင္းယြင္က စိတ္မရွည္စြာနဲ႔ အတည္ျပဳဖို႔ ေမးလိုက္တယ္။

ကၽြမ္းက်ိဳးက သူ႔ကို သနားစဖြယ္ ၾကည့္လာတယ္။ ဝမ္ေရွာင္းယြင္ တကယ္ ေၾကာက္တဲ့ပုံမရေတာ့မွ ကၽြမ္းက်ိဳးက သူ႔မ်က္လုံးေတြကို ပြတ္သပ္ၿပီး ေျခာက္ကပ္ကပ္နဲ႔ ေမးလာတယ္။ "ခင္ဗ်ား ခင္ဗ်ား မေၾကာက္ဘူးလား"

ဝမ္ေရွာင္းယြင္က ေျပာတယ္။ "ဘာလို႔ ကိုယ္က ေၾကာက္ရမွာလဲ"

ကၽြမ္းက်ိဳးက ေျပာတယ္။ "အနာဂတ္မွာ လူျပန္ဝင္စားတဲ့အခါတိုင္း ခင္ဗ်ားက ကၽြန္ေတာ္နဲ႔ ခ်ည္ေႏွာင္ထားခံရေတာ့မွာ။ အိမ္ေထာင္ဖက္ ေျပာင္းလို႔ရမွာမဟုတ္ဘူး။ အခု ကၽြန္ေတာ္က အနည္းဆုံး ေနာက္ထပ္ ႏွစ္ေပါင္းႏွစ္ေထာင္ေလာက္ ေနနိုင္ေသးတယ္..."

သူက ၾကယ္အစုအေဝးကလူေတြရဲ့ သက္တမ္းကို တြက္ခ်က္ၾကည့္ၿပီး ဝမ္းနည္းမႈအျပည့္နဲ႔ ေျပာလာတယ္။ "ခင္ဗ်ား ကၽြန္ေတာ္ေသတဲ့အထိဆိုရင္ အနည္းဆုံး ၁၅ ႀကိမ္ေလာက္ လူျပန္ဝင္စားရမယ္။ အဲဒီေနာက္မွ ေနာက္ဆုံး ဇနီးေျပာင္းခြင့္ရမယ္..."

ဆန္းသစ္မႈမရွိဘူးလို႔ သူမခံစားရေလာက္ဘူးလား။

ဘဝတိုင္းမွာ သူ႔လက္တြဲေဖာ္အျဖစ္ လူတစ္ေယာက္တည္းကို တြဲရတာ ပ်င္းရိေနမွာမဟုတ္ဘူးလား။

ဝမ္ေရွာင္းယြင္: "မင္းနဲ႔ ၁၅ သက္တိုင္ အတူတူေနနိုင္တယ္ဆိုတာ... က်ိဳးက်ိဳး မင္းနဲ႔ေတြ႕ဆုံရတာ ကိုယ့္အတြက္ တကယ့္ အႀကီးမားဆုံးကံေကာင္းမႈႀကီးပဲ"

ကၽြမ္းက်ိဳးက ရွက္ေသြးျဖာသြားတယ္။

အားလုံးအဆင္ေျပေနမွ ဒါက ဘယ္ကေရာက္လာတာလဲ။

ေနပါဦး ဘာလို႔ သူက ရွက္ေသြးျဖာေနတာလဲ။

အခုက ဒီအေၾကာင္းေဆြးေႏြးရမဲ့ အခ်ိန္မဟုတ္ဘူး။

ကၽြမ္းက်ိဳးက အလ်င္စလို ေျပာတယ္။ "နတ္ဘုရားအေၾကာင္း ပုံျပင္ေတြမွာဆိုရင္ ၿပီးျပည့္စုံတဲ့ခ်စ္ျခင္းေမတၱာက သုံးဘဝတိုင္တိုင္ ၾကာရွည္ခံတယ္လို႔ ဘာလို႔ေျပာၾကလဲ ခင္ဗ်ားသိလား"

ဝမ္ေရွာင္းယြင္က က်ိဳးက်ိဳးနဲ႔ အတူတူရွိၿပီးေနာက္ သူက ကမၻာေျမေဟာင္းအေၾကာင္း ယဥ္ေက်းမႈဆိုင္ရာ ဗဟုသုတေတြ အမ်ားအျပား ေလ့လာသင္ယူထားတယ္။ သူက ေျပာတယ္။ "အဲဒါက ဗုဒၶဘာသာရဲ့ ဘဝတစ္ခုကေနေနာက္တစ္ခုကို ကူးေျပာင္းတဲ့သံသရာအေၾကာင္း ယုံတမ္းပုံျပင္ေတြနဲ႔ ပတ္သက္ေနတာလား။ ဒါမွမဟုတ္ သုံးဘဝေက်ာက္တိုင္နဲ႔ ပတ္သက္ေနတာလား။ ဒါမွမဟုတ္ ... အတိတ္ဘဝ၊ ပစၥဳပၸန္ဘဝ နဲ႔ အနာဂတ္ဘဝနဲ႔ ပတ္သက္ေနတဲ့ဟာလား"

ကၽြမ္းက်ိဳးက ခပ္တည္တည္နဲ႔ ေျပာတယ္။ "တစ္ခုမွမဟုတ္ဘူး။ ဘာလို႔လဲဆိုေတာ့ ဘယ္သူမွ စတုတၳဘဝထိ မခံၾကလို႔ပဲ"

ဝမ္ေရွာင္းယြင္: "............"

ဟုတ္တယ္ ဒါက က်ိဳးက်ိဳးရဲ့ ခန႔္မွန္းခ်က္ပဲ။ တကယ့္အေၾကာင္းရင္းေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ သူကေတာ့ ဒီလိုပဲ အဓိပၸါယ္ေကာက္လိုက္တယ္။

ဝမ္ေရွာင္းယြင္က သက္ျပင္းခ်လိုက္တယ္။ ဒီလိုမ်ိဳးဥပမာေတြေပးလာတာေၾကာင့္ က်ိဳးက်ိဳးက သူ႔ကို သိပ္မယုံဘူးဆိုတာ သူသိတယ္။

"က်ိဳးက်ိဳး လူတိုင္းက မတူၾကဘူး" ကၽြမ္းက်ိဳးေရွ႕မွာ ဒူးတစ္ဖက္ေထာက္ၿပီး သူ႔ဒူးေပၚက လက္တစ္ဖက္ကို ဆြဲယူလိုက္ၿပီး ဝမ္ေရွာင္းယြင္က ညင္သာစြာ ဆိုတယ္။ "ဒါေပမဲ့ အဲဒီနတ္ဘုရားက မင္းျဖစ္ေနသေရြ႕၊ အဲဒီလူသားက ကိုယ္ျဖစ္ေနသေရြ႕ေတာ့ ဘဝသက္တမ္း ဘယ္ေလာက္ပဲျဖစ္ျဖစ္ ကိုယ္က ေက်ာ္ျဖတ္လိုစိတ္ရွိတယ္"

ကၽြမ္းက်ိဳး ခက္ခက္ခဲခဲ ခ်ိဳးႏွိမ္ထားရတဲ့ မ်က္ရည္ေတြက တစ္ဖန္ ျပန္ဝဲတက္လာျပန္တယ္။ "ခင္ဗ်ား တကယ္ပဲ မေၾကာက္ဘူးလား။ အခုပဲ ကၽြန္ေတာ္ေျပာေနတယ္ေလ။ ကၽြန္ေတာ္နဲ႔ စာခ်ဳပ္ခ်ဳပ္ၿပီး ေနာက္မွ ကတိဖ်က္ခ်င္.. ဖ်က္ခ်င္လာရင္ ကၽြန္ေတာ္နဲ႔ ငရဲကိုသြားဖို႔ပဲရွိတယ္"

ဝမ္ေရွာင္းယြင္က ညင္သာစြာေျပာတယ္။ "ငရဲဆိုတာ ရွိခဲ့ရင္ ကိုယ္တစ္ေယာက္တည္းပဲ သြားပါ့မယ္။ မင္းကို ဘယ္လိုလုပ္ လႊတ္ရက္ပါ့မလဲ"

ကၽြမ္းက်ိဳးက မထိန္းနိုင္ေတာ့ဘဲ ဝမ္ေရွာင္းယြင္ကို တင္းတင္းက်ပ္က်ပ္ ဖက္တြယ္ထားတယ္။ သူ႔အသံကလည္း ငိုသံစြက္ေနေသးတယ္။ "ခင္ဗ်ားပဲ ေျပာတာေနာ္...."

သူ မဟာနတ္မင္းႀကီးရဲ့ စည္းကမ္းအတိုင္း ဝမ္ေရွာင္းယြင္ကို အက်ိဳးဆက္ေတြ ေျပာျပၿပီးသြားၿပီ။

ဝမ္ေရွာင္းယြင္က ေၾကာက္ၿပီးလန႔္ေျပးမသြားဘူး။ သူနဲ႔ စာခ်ဳပ္ေတာင္ ခ်ဳပ္လိုစိတ္ရွိေနေသးတယ္။

ဒီတစ္ခါေတာ့ သူဘယ္သူ႔ကိုမွ မလွည့္စားခဲ့ဘူး။

ဝမ္ေရွာင္းယြင္က တကယ္ကို လိုလိုလားလားရွိတယ္။

ကၽြမ္းက်ိဳးက သူ႔ေခါင္းကို ေမာ့လိုက္ၿပီး ဝမ္ေရွာင္းယြင္နဲ႔ နဖူးခ်င္းအပ္လိုက္တယ္။ "ခင္ဗ်ားမွာ ေနာင္တရခြင့္မရွိေတာ့ဘူး...."

ေနာက္ဆုံးေတာ့ ဝမ္ေရွာင္းယြင္ရဲ့မ်က္ႏွာမွာ အျပဳံးတစ္ခု ေပၚလာတယ္။

သူငယ္ခ်င္းေလးဆီကေန ဒီလိုမ်ိဳး ခိုင္မာၿပီးလႊမ္းမိုးလိုတဲ့ စကားလုံးမ်ိဳး ၾကားရဖို႔ဆိုတာ ခဲယဥ္းလြန္းတယ္။

နတ္ဘုရားတစ္ပါးရဲ့ အႂကြင္းမဲ့အာဏာ။ ဒါက သူ႔ႏွလုံးသားထဲက နတ္ဘုရားပဲ။ ထိပ္ဆုံးက ျမင့္ျမတ္လြန္းတဲ့ နတ္ဘုရား။

သူက လက္ႏွစ္ဖက္ကို ဆန႔္ထုတ္လိုက္ၿပီး ကၽြမ္းက်ိဳးရဲ့ မ်က္လုံးေတြထဲကို ၾကည့္လိုက္တယ္။ သူ႔ရဲ့နက္ရွိုင္းတဲ့ မဟူရာမ်က္လုံးေတြမွာ ကၽြမ္းက်ိဳးရဲ့အရိပ္တစ္ခုတည္းသာ ေရာင္ျပန္ဟပ္ေနတယ္။

"လာခဲ့"

သူက သူ႔ကိုယ္သူ လုံးဝလႊတ္ခ်လိုက္ၿပီး အကာအကြယ္သတိေတြအကုန္လုံးကို ေလၽွာ့ခ်ထားတယ္။

အလြန္အားႀကီးတဲ့တြန္းအားတစ္ခုက သူ႔ကိုယ္ထဲကို တိုးဝင္လာၿပီး သူ႔ရဲ့စိတ္ဝိညာဥ္ကမၻာထဲကို ဝင္လာတယ္။ ဒါက က်ိဳးက်ိဳးရဲ့တန္ခိုးစြမ္းအင္ပဲ။

ဝမ္ေရွာင္းယြင္က သူ႔မ်က္လုံးေတြကို မွိတ္ထားၿပီး စိတ္စြမ္းအားကမၻာကို အျပည့္အဝဖြင့္ဟထားၿပီး သူငယ္ခ်င္းေလးကို သူ႔စိတ္အတြင္းကို ႀကိဳဆိုေနတယ္။

ဒါက သူပထမဆုံးလုပ္ဖူးတာေတာ့ မဟုတ္ဘူး။ အရင္တုန္းက က်ိဳးက်ိဳး သူ႔စိတ္စြမ္းအားကို ကုသတဲ့အခါတိုင္း သူအျမဲတမ္း ဒီလိုလုပ္တယ္။ စင္စစ္ သူဘယ္တုန္းကမွ က်ိဳးက်ိဳးနဲ႔ပတ္သက္ရင္ သတိထားေနတာမ်ိဳး မရွိခဲ့ဘူး။

က်ိဳးက်ိဳးက သူ႔ကို ဘယ္အခ်ိန္မဆို အမွတ္အသားျပဳလို႔ရတယ္။

ဒါေပမဲ့ ဒီတစ္ေခါက္စာခ်ဳပ္က အရင္က စိတ္စြမ္းအားကို ကုသတာနဲ႔ မတူဘူး။ သူ႔စိတ္စြမ္းအားကမၻာကို ဝင္လာတဲ့အရာက က်ိဳးက်ိဳးရဲ့တန္ခိုးစြမ္းအင္တစ္ခုတည္း မဟုတ္ေလာက္ဘူးလို႔ ဝမ္ေရွာင္းယြင္က ေရးေတးေတး သိလိုက္ရတယ္။

ဝမ္ေရွာင္းယြင္က အနည္းငယ္ အံ့အားသင့္သြားတယ္။ အဲဒီေနာက္ေတာ့ ႐ုတ္တရက္ သူ႔ကိုယ္သူ က်ယ္ေျပာလွတဲ့သမုဒၵရာရဲ့ အလယ္မွာ ေတြ႕လိုက္ရတယ္။

သမုဒၵရာက အေတာမသတ္နိုင္ေအာင္ပဲ နယ္နိမိတ္အကန႔္အသတ္လည္း မရွိဘူး။ ဒါေပမဲ့ ေဘာင္ဘင္ခတ္ေနတဲ့ လွိုင္းတံပိုးေတြ မရွိဘူး။ အဲဒီအစား တည္ၿငိမ္ၿပီး ေအးခ်မ္းေနတယ္။ ဝမ္ေရွာင္းယြင္ဟာ ေနေရာင္ျခည္ေအာက္မွာ လွပတဲ့ ကမ္းရိုးတန္းတစ္ခုမွာ အနားယူအပန္းေျဖဖို႔ ေရာက္ေနသလို ခံစားေနရတယ္။

ဒါက... က်ိဳးက်ိဳးရဲ့ စိတ္စြမ္းအားကမၻာလား။

ဒါဆို က်ိဳးက်ိဳးက တကယ္ပဲ ေႏြးေထြးၿပီးႏူးညံ့တဲ့လူတစ္ဦးပဲ။ သူ႔ရဲ့စိတ္စြမ္းအားကမၻာက က်ယ္ေျပာတဲ့သမုဒၵရာျဖစ္ေနေပမဲ့ သူက အားလုံးကို သည္းခံၿပီး တည္ၿငိမ္ေအးခ်မ္းေနလိုစိတ္ရွိတယ္။

ဝမ္ေရွာင္းယြင္က သမုဒၵရာေရျပင္ကို မသိမသာ တို႔ထိၾကည့္ခ်င္ေပမဲ့ သူက မေတာ္တဆ ၾကဳံရာ မွတ္ဉာဏ္တစ္ခုကို ထိမိသြားတယ္။ သူ႔ေရွ႕က က်ယ္ေျပာတဲ့သမုဒၵရာႀကီးက ႐ုတ္တရက္ ေျပာင္းသြားတယ္....

လူသားေတြဟာ သမုဒၵရာလိုပဲ ႀကီးမားလွတဲ့ ေတာင္ႀကီးသဖြယ္ အထပ္လိုက္အထပ္လိုက္ရွိေနၾကတယ္။ ေတးဂီတသံတစ္ခုက လူသံေတြကို လႊမ္းမိုးထားၿပီး နီယြန္မီးေရာင္က တလက္လက္နဲ႔ ေတာက္ပေနတယ္။

အကစတိတ္စင္ေပၚမွာ ရင္းႏွီးေနတဲ့လူတစ္ဦးက မေရမတြက္နိုင္ေအာင္ မ်ားျပားတဲ့လူအုပ္ရဲ့ အၾကည့္ေတြကို မ်က္ႏွာမူထားတယ္။

သူက သူ႔ကိုၾကည့္ေနတဲ့ အၾကည့္ေတြေအာက္မွာ အားလုံးရဲ့လက္ခုပ္ဩဘာသံေတြကို ယုံၾကည္ခ်က္အျပည့္နဲ႔ ႀကိဳဆိုလိုက္တယ္။

ပြဲရဲ့အစီအစဥ္မႉးက စိတ္လႈပ္အရွားဆုံး၊ အတက္ႂကြဆုံးအသံကိုသုံးၿပီး က်ယ္ေလာင္စြာ ေၾကညာလိုက္တယ္။ "ကၽြန္ေတာ္တို႔ရဲ့ စိတ္အားအတက္ႂကြဆုံး အားေပးသံေတြနဲ႔ မဟာ ဂီတနဲ႔အကၿပိဳင္ပြဲႀကီးရဲ့ အဓိကေအာင္နိုင္သူ ကၽြမ္းက်ိဳးကို ႀကိဳဆိုလိုက္ၾကရေအာင္!"

အကစတိတ္စင္ေပၚမွာ ရင္းႏွီးေနတဲ့လူငယ္ေလးက ခပ္ယဲ့ယဲ့ျပဳံးေနၿပီး ပရိသတ္ထုႀကီးကို ဦးညႊတ္ဂါရဝျပဳလိုက္တယ္။

ဝမ္ေရွာင္းယြင္က ၾကည့္ေနရင္း မွင္တက္ေနမိတယ္။

ဒါ က်ိဳးက်ိဳးလား။

သူက ယုံၾကည္ခ်က္ရွိရွိ ျပဳံးျပေနတာမ်ား လူေတြက အၾကည့္ေတာင္မလႊဲနိုင္ၾကဘူး။

တအားထူးဆန္းတယ္။ သူတို႔ေျပာတဲ့စကားက ဝမ္ေရွာင္းယြင္နဲ႔ ေသခ်ာေပါက္ မရင္းႏွီးဘူး။

ဒါေပမဲ့ သူက အခု က်ိဳးက်ိဳးရဲ့စိတ္စြမ္းအားကမၻာနဲ႔ ခ်ိတ္ဆက္ထားတာမို႔ျဖစ္မယ္။ တကယ္ပဲ ဒီမရင္းႏွီးတဲ့ ဘာသာစကားကို နားလည္ၿပီး သူတို႔ ဘာဆိုလိုတာလဲဆိုတာကို နားလည္ေနတယ္။

သူ႔ရဲ့က်ိဳးက်ိဳးက တကယ္ကို စူပါအေမးဇင္းပဲ။

ဝမ္ေရွာင္းယြင္က လက္တစ္ဖက္ကိုဆန႔္ထုတ္ၿပီး ဒီလိုပုံနဲ႔ ကၽြမ္းက်ိဳးကို လွမ္းဆြဲလိုက္ခ်င္ခဲ့တယ္။

ဒါေပမဲ့ သူလက္ဆန႔္လိုက္တာနဲ႔ ခ်က္ခ်င္း သူက ေနာက္ထပ္မွတ္ဉာဏ္တစ္စကို ထိမိသြားတာနဲ႔ တူတယ္။ သူ႔ေရွ႕က ကမၻာႀကီးက တစ္ဖန္ ေျပာင္းသြားျပန္တယ္။

ဒါကလည္း စတိတ္စင္နဲ႔ပဲတူတယ္။ ဒါေပမဲ့ ေစာေစာကလို က်ယ္ေလာင္ၿပီး ဗ႐ုတ္သုတ္ခနိုင္တဲ့ စင္ေတာ့မဟုတ္ဘူး။ အဲဒီအစား သတင္းစာရွင္းလင္းပြဲတစ္ခုအတြက္ ေသခ်ာမ်က္စိပသာဒျဖစ္ေအာင္ ေသခ်ာ ဒီဇိုင္းဆင္ထားတဲ့ စတိတ္စင္ျဖစ္တယ္။

သူရင္းႏွီးေနတဲ့ လူငယ္ေလးက အသက္ႀကီးလာတဲ့ပုံေပါက္တယ္။ သူက လူငယ္နဲ႔ လူလတ္ပိုင္းအရြယ္ၾကားမွာ ရွိၿပီး ဝတ္စုံျပည့္ဝတ္ဆင္ထားတယ္။

သူက ပရိသတ္ေတြအကုန္လုံးကို မ်က္ႏွာမူထားၿပီး သူ႔ေနာက္က စခရင္ႀကီးကေတာ့ သူစကားေျပာတိုင္းမွာ ဆက္တိုက္ ေျပာင္းေနတယ္--

"ဒီတစ္ေခါက္ ကၽြန္ေတာ္တို႔ ထြင္လိုက္တဲ့ ဆဲလ္ဖုန္းမိုက္ခရိုခ်ပ္စ္ျပားက လုံးဝနည္းပညာအဆင့္အတန္းအသစ္တစ္ခုကို အသုံးျပဳထားၿပီး အရင္ကဟာကို အစားထိုး...."

စကားလုံးေတြက မၿပီးေသးေပမဲ့ ကမၻာက ထပ္ၿပီး ေျပာင္းသြားျပန္တယ္။

ဒီတစ္ေခါက္ေတာ့ ဝမ္ေရွာင္းယြင္ဟာ အလြန္တည္ၿငိမ္ေနတယ္။ သူက အခုလက္ရွိ က်ိဳးက်ိဳးရဲ့ စိတ္စြမ္းအားကမၻာထဲမွာဆိုတာ ေသခ်ာ နားလည္ထားတယ္။ သူအခုေလးတင္ျမင္လိုက္ရတာက က်ိဳးက်ိဳး အတိတ္တုန္းက ၾကဳံေတြ႕ခဲ့တဲ့အရာေတြ အကုန္လုံးပဲ။

အဲဒါေၾကာင့္ ဝမ္ေရွာင္းယြင္က ေမၽွာ္လင့္ေစာင့္စားစိတ္ေတြ ေပၚလာတယ္။ သူက က်ိဳးက်ိဳးရဲ့ ပုံစံမ်ိဳးစုံ အကုန္လုံးကို အလြန္ႏွစ္သက္ၿပီး ပိုပိုၿပီး ျမင္ခ်င္လာမိတယ္။

သူ႔အေတြးေတာင္ မဆုံးေသးခင္ ႐ုတ္တရက္ ေျမႀကီးက ႏွစ္ျခမ္းကြဲသြားၿပီး ေလျပင္းေတြ တိုက္လာတယ္!

မိုးႀကိဳးက သူ႔ေခါင္းထိပ္တည့္တည့္ကို ပစ္လိုက္သလိုပဲ။ ဆိုးရြားလွတဲ့ ေလျပင္းမုန္တိုင္းဟာ အားလုံးကို ျဖတ္တိုက္သြားတာနဲ႔အတူ မိုးၿခိမ္းသံ တဂ်ိန္းဂ်ိန္းဟာ ထြက္ေပၚလာတယ္။

ေကာင္းကင္ႀကီးက ၿပိဳက်ေတာ့မဲ့ပုံေပါက္ေနၿပီး ကမၻာေလာကႀကီးက အပ်က္အစီးလြင္ျပင္အျဖစ္ ေျပာင္းလဲသြားတယ္။

ဒီတစ္ႀကိမ္မွာေတာ့ သူ ကၽြမ္းက်ိဳးကို မေတြ႕ဘူး။

"က်ိဳးက်ိဳး!"

ဝမ္ေရွာင္းယြင္ရဲ့ႏွလုံးသားက လည္ေခ်ာင္းထဲကေန ခုန္ထြက္လာေတာ့မလိုပဲ သူက က်ိဳးက်ိဳးရဲ့ အရိပ္အေယာင္ကို အေမာတေကာ လိုက္ရွာေနမိတယ္။

စိတ္ပူပန္စြာ ေအာ္ဟစ္ေခၚေနရင္း ဝမ္ေရွာင္းယြင္က ခ်က္ခ်င္း သူ႔ေခါင္းထဲမွာ နာက်င္မႈတစ္ခုကို ခံစားလိုက္ရတယ္။ အဲဒီေနာက္ သူ႔ရဲ့စိတ္စြမ္းအားေတြကို တြန္းအားတစ္ခုက ကန္ထုတ္လိုက္သည့္ႏွယ္ သူ႔ကို က်ိဳးက်ိဳးရဲ့စိတ္စြမ္းအားကမၻာအျပင္ကို တန္းၿပီး ကန္ထုတ္ခံလိုက္ရတယ္။

ဝမ္ေရွာင္းယြင္က အလ်င္စလို မ်က္လုံးဖြင့္ၾကည့္လိုက္တယ္။ "က်ိဳးက်ိဳး!"

အဲဒီေနာက္ သူက ေတာက္ပၿပီးတလက္လက္ထေနတဲ့ မ်က္လုံးတစ္စုံနဲ႔ စုံသြားတယ္။

က်ိဳးက်ိဳးက ေပ်ာ္ရႊင္စြာ ရယ္ေမာေနတယ္။ "ခ်ည္ေႏွာင္တာ ၿပီးသြားၿပီ! ခင္ဗ်ား ေနာက္ဆိုဘယ္ေတာ့မွ ထြက္ေျပးလို႔မရေတာ့ဘူး"

ကၽြမ္းက်ိဳး လုံးဝ ထိခိုက္မႈမရွိတာေတြ႕ေတာ့မွ ဝမ္ေရွာင္းယြင္က စိတ္ေအးသြားတယ္။ သူ က်ိဳးက်ိဳးရဲ့ စိတ္စြမ္းအားကမၻာထဲမွာ ေတြ႕လိုက္ရတဲ့ ေနာက္ဆုံးျမင္ကြင္းက သူ႔ကို အရမ္း ေၾကာက္လန႔္သြားေစတယ္။

သူက ကၽြမ္းက်ိဳးကို သူ႔ရင္ထဲမွာ ေပြ႕ဖက္ထားၿပီး "ထြက္မေျပးဘူး။ ကိုယ္ ဘယ္တုန္းကမွ ထြက္ေျပးဖို႔ မစဥ္းစားဖူးဘူး"

ကၽြမ္းက်ိဳးက သူ ဒီလိုစကားေတြေျပာတာ နားေထာင္ရတာ တကယ္သေဘာက်တယ္။ သူက ပိုလို႔ေတာင္ ေပ်ာ္ရႊင္ျမဴးထူးစြာ ျပဳံးျပလိုက္တာမွာ မ်က္လုံးေလးေတြေတာင္ ေကြးညြတ္သြားတယ္။

လူႏွစ္ေယာက္က ခဏေလာက္ ၿငိမ္သက္စြာ ဖက္ထားၾကတယ္။ ေနာက္ဆုံးမွာေတာ့ ဝမ္ေရွာင္းယြင္က သူ႔ကို မလႊတ္ခ်င္လႊတ္ခ်င္နဲ႔ လႊတ္ေပးလိုက္ၿပီး ညင္သာစြာ ေျပာတယ္။ "က်ိဳးက်ိဳး ကိုယ္ အခုေလးတင္ မင္းရဲ့ စိတ္စြမ္းအားကမၻာကို ျမင္လိုက္ရတယ္ထင္တယ္"

ကၽြမ္းက်ိဳးက ေျပာတယ္။ "အဲဒါ မထူးဆန္းဘူး! စာခ်ဳပ္နဲ႔ခ်ည္ေႏွာင္လိုက္ၿပီဆိုရင္ ေသခ်ာေပါက္ ျမင္နိုင္တယ္"

ဝမ္ေရွာင္းယြင္က ယဲ့ယဲ့ေလး ျပဳံးလိုက္ၿပီး ေျပာတယ္။ "ကိုယ္ မင္းရဲ့ စိတ္စြမ္းအားကမၻာထဲမွာ အတိတ္မွတ္ဉာဏ္အခ်ိဳ႕ကို ျမင္လိုက္တယ္။ မင္း အရင္က အႏုပညာရွင္ျဖစ္ဖူးတာလား"

သူက က်ိဳးက်ိဳး ကေနတဲ့ျမင္ကြင္းက ေတာက္ပၿပီး ယုံၾကည္မႈရွိေနၿပီး အရမ္းကို ေသာက္ရမ္း ဆြဲေဆာင္မႈရွိတယ္လို႔ ေျပာခ်င္ခဲ့တာ...

တကယ္လို႔ က်ိဳးက်ိဳးသာ သူ႔ေရွ႕မွာ ကျပလာခဲ့ရင္....

က်စ္ ေတြးေတာင္ မေတြးဝံ့ဘူး။

အဲဒီျမင္ကြင္းကို ျမင္ေယာင္ၾကည့္႐ုံနဲ႔တင္ သူ႔ဦးေရျပားဟာ ကလိကလိနဲ႔ ထုံက်ဥ္လာၿပီး သူ႔ရင္ခြင္ထဲက လူသားကို လုံးဝ ဖ်က္ဆီးပစ္လိုက္ခ်င္တဲ့စိတ္ေပါက္လာတယ္။

ကၽြမ္းက်ိဳးက ဇေဝဇဝါျဖစ္ေနတဲ့အသံနဲ႔ "ဟင့္အင္း မလုပ္ဖူးဘူး"

ဒါကိုၾကားေတာ့ ဝမ္ေရွာင္းယြင္က ခဏေလာက္ အံ့အားသင့္သြားတယ္။ "မလုပ္ဖူးဘူးလား"

ကၽြမ္းက်ိဳးက ေခါင္းခါၿပီး နည္းနည္း ရွက္ကိုးရွက္ကန္းနဲ႔ ေျပာလာတယ္။ "ကၽြန္ေတာ္ ကၽြန္ေတာ္ မလုပ္ဖူးဘူး။ ကၽြန္ေတာ္က ဘယ္လိုဆိုရမယ္၊ ကရမယ္ဆိုတာ မသိဘူး.... ဒါေပမဲ့ အေနာက္အရပ္က ႂကြယ္ဝျခင္းနတ္ဘုရားေတြထဲမွာ အရမ္းအထင္ႀကီးစရာေကာင္းတဲ့ ႂကြယ္ဝျခင္းနတ္ဘုရားတစ္ပါးရွိတယ္! သူက လူ႔ကမၻာကိုသြား စြမ္းရည္ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ၿပီး နာမည္ႀကီးအႏုပညာရွင္ျဖစ္လာတယ္။ သူ႔မွာ ယုံၾကည္သက္ဝင္သူေတြ အမ်ား အမ်ားႀကီး ရွိတယ္။ ကၽြန္ေတာ္ အဲဒီအေၾကာင္း ခင္ဗ်ားကို ေျပာျပဖူးတယ္။ ဒါေပမဲ့ အဲဒီတုန္းက ကၽြန္ေတာ္က ၾကယ္စုဘာသာစကားကို မေျပာတတ္ေသးဘူး..."

ဝမ္ေရွာင္းယြင္ရဲ့မ်က္ႏွာေပၚက အျပဳံးက တျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္သြားတယ္။

သူက ကၽြမ္းက်ိဳးကို အသံတိတ္ ၾကည့္ေနမိတယ္။ က်ိဳးက်ိဳး အဲဒီစကားေတြ ေျပာေနတဲ့အခ်ိန္မွာ သူ႔မ်က္ႏွာမွာ အားက်မႈေတြ အျပည့္နဲ႔ျဖစ္ေနတယ္။

သူက လိမ္ညာေနပုံမရဘူး။ အဲဒီအစား သူက တကယ္ကို အဲဒီလို ယုံၾကည္ထားခဲ့တာ။

ဒါေပမဲ့ ဝမ္ေရွာင္းယြင္ က်ိဳးက်ိဳးရဲ့ စိတ္စြမ္းအားကမၻာထဲမွာ ျမင္လိုက္ရတဲ့ မွတ္ဉာဏ္အပိုင္းအစေလးကေတာ့ ေသခ်ာေပါက္ စြမ္းရည္ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ခဲ့တဲ့သူက ကၽြမ္းက်ိဳးကိုယ္တိုင္ဆိုတာ ျပသေနတယ္။

အဲဒါက သူ႔ရဲ့စိတ္စြမ္းအားကမၻာထဲက မွတ္ဉာဏ္အပိုင္းအစေလးတစ္ခုပဲ။ က်ိဳးက်ိဳးက ဘာလို႔ မသိဘဲ တျခားသူတစ္ေယာက္ရဲ့ဟာလို႔ ထင္ေနရတာလဲ။

ကၽြမ္းက်ိဳးက ဝမ္ေရွာင္းယြင္ရဲ့ မ်က္ႏွာအမူအရာကို မျမင္ဘူး။ သူက တရစပ္ ဆက္ေျပာေနတယ္။ "နာမည္ႀကီး အႏုပညာရွင္ျဖစ္သြားတဲ့ ႂကြယ္ဝျခင္းနတ္ဘုရားက အရမ္းအရမ္းကို အထင္ႀကီးစရာေကာင္းတယ္။ သူက ႂကြယ္ဝျခင္းနတ္ဘုရားေတြ အားလုံးထဲမွာ သက္ဝင္ယုံၾကည္သူအမ်ားဆုံးပဲ။ နတ္ဘုရားေတြအားလုံးက သူ႔ကို ေလးစားၾကတယ္။ သူ႔ရဲ့စိတ္ထားကလည္း အရမ္းေကာင္းတယ္။ မွတ္မိေသးတယ္.. အရင္တုန္းက သူနဲ႔ တိုင္ပင္ဖူးတဲ့ ႂကြယ္ဝျခင္းနတ္ဘုရားအလုပ္သင္ေလးတစ္ေယာက္ရွိတယ္။ သူက "ကၽြန္ေတာ္ ခင္ဗ်ားဆီက အကနဲ႔ အဆိုပညာ သင္ယူလို႔ရမလား" လို႔ေမးလာေတာ့ အဲဒီ နာမည္ႀကီး အႏုပညာရွင္ ႂကြယ္ဝျခင္းနတ္ဘုရားက သူ႔ကို အကနဲ႔ အဆိုပညာ သင္ေပးဖို႔ သေဘာတူခဲ့ေပမဲ့ အဲဒီအလုပ္သင္ႂကြယ္ဝျခင္းနတ္ဘုရားေလးက သင္ယူဖို႔ အခြင့္အေရး မရွိေတာ့ဘူး"

ခဏေလာက္ အသံတိတ္သြားေတာ့ ဝမ္ေရွာင္းယြင္က မ်က္ေမွာင္ၾကဳတ္သြားတယ္။ "ဘာျဖစ္လို႔ အခြင့္အေရးမရွိေတာ့တာလဲ"

ကၽြမ္းက်ိဳးက ဆိုတယ္။ "ဘာလို႔လဲဆိုေတာ့ အဲဒီအလုပ္သင္ ႂကြယ္ဝျခင္းနတ္ဘုရားေလးက ေသသြားလို႔ပဲ!"

ဒါကိုၾကားေတာ့ ဝမ္ေရွာင္းယြင္က ခဏေလာက္ ေၾကာင္အသြားတယ္။ "ေသသြားတယ္ဟုတ္လား။ ဘာလို႔ေသသြားတာလဲ"

ကၽြမ္းက်ိဳးက ႐ုတ္တရက္ႀကီး ေခါင္းကိုက္လာတယ္။ "ကၽြန္ေတာ္ထင္တာေတာ့.... ဘာျဖစ္တာလဲ ကၽြန္ေတာ္ သူဘယ္လိုေသသြားလဲ မမွတ္မိေတာ့ဘူး..."

သူေခါင္းကိုက္ေနတာကို ျမင္ေတာ့ ဝမ္ေရွာင္းယြင္က ကမန္းကတန္း သူ႔ေခါင္းကို ပြတ္သပ္ေပးတယ္။ "မစဥ္းစားနဲ႔ေတာ့ မစဥ္းစားနဲ႔ေတာ့ ေမ့သြားရင္ ေမ့တဲ့အတိုင္း ထားလိုက္ေတာ့"

ကၽြမ္းက်ိဳးက ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ထားၿပီး သူ႔ေခါင္းကို ပြတ္ေနတယ္။ "ထူးဆန္းလိုက္တာ ဘာျဖစ္လို႔ ေမ့သြားရတာလဲ"

ဒီလိုေျပာရင္း သူက ဝမ္ေရွာင္းယြင္ကို ၾကည့္လိုက္တယ္။ "ကၽြန္ေတာ့္ရဲ့ စိတ္စြမ္းအားကမၻာထဲမွာ ဘာေတြ ထပ္ေတြ႕ေသးလဲ"

ဝမ္ေရွာင္းယြင္က ခဏေလာက္ တုန႔္ဆိုင္းေနၿပီးမွ ဆိုလာတယ္။ ".....ကိုယ္ ဆဲလ္ဖုန္းမိုက္ခရိုခ်ပ္စ္ျပား တီထြင္ခဲ့တဲ့သူလား အဲဒီလိုမ်ိဳးလည္း ေတြ႕ခဲ့တယ္"

ဒီတစ္ေခါက္မွာေတာ့ သူက အဲဒါ က်ိဳးက်ိဳးကိုယ္တိုင္ဆိုတာ ထုတ္မေျပာခဲ့ဘူး။

က်ိဳးက်ိဳးက ခ်က္ခ်င္း နားလည္သြားတယ္။ "အိုး သူ႔အေၾကာင္း ေျပာေနတာပဲ!"

ဝမ္ေရွာင္းယြင္က ေမးတယ္။ "သူ႔ကို သိလို႔လား"

က်ိဳးက်ိဳးက ဆိုတယ္။ "ေသခ်ာတာေပါ့! သူက ေတာင္အရပ္က ႂကြယ္ဝျခင္းနတ္ဘုရားေတြထဲက အားႀကီးတဲ့နတ္ဘုရားတစ္ပါးပဲ။ သူက လူ႔ေလာကမွာ အလြန္နာမည္ႀကီးၿပီး အားက်စရာေကာင္းတဲ့ တကၠသိုလ္ကေန ဘြဲ႕ရခဲ့တာ။ အဲဒီေနာက္ သူက ကၽြန္ေတာ္တို႔ အေရွ႕အရပ္ကို ေက်ာ္သြားၿပီး ကၽြန္ေတာ္တို႔ရဲ့ ေဘာ့စ္အႀကီးစားကို ခိုးယူသြားတာေလ။ အဲဒီေဘာ့စ္ကို သူ႔ရဲ့ယုံၾကည္သူျဖစ္ေအာင္ သိမ္းသြင္းလွည့္စားသြားတာ။ သူက အဲဒီေဘာ့စ္ ဆဲလ္ဖုန္းမိုက္ခရိုခ်ပ္စ္အသစ္ တီထြင္တဲ့ေနရာမွာ ကူညီေပးခဲ့တယ္။ အဲဒီေဘာ့စ္က အစက ကၽြန္ေတာ္တို႔ အေရွ႕အရပ္ထဲကပဲ။ မဟာနတ္မင္းႀကီး သိသြားေတာ့ အရမ္းစိတ္ဆိုးၿပီး ကၽြန္ေတာ္တို႔ကို ေမၽွာ္လင့္ခ်က္ေတြ မျပည့္မီတဲ့အတြက္ ဆူေငါက္ခဲ့ေသးတယ္... ဒီအေၾကာင္းလဲ ကၽြန္ေတာ္ ေျပာျပဖူးတယ္!"

ဝမ္ေရွာင္းယြင္က နားေထာင္ေလနားေထာင္ေလ သူ႔အမူအရာက ပိုၿပီး အက်ည္းတန္လာေလေလပဲ။

သူ႔ရဲ့မ်က္ႏွာ သုန္မႈန္ေနတာကိုေတြ႕ေတာ့ ကၽြမ္းက်ိဳးက စိတ္ပူသြားတယ္။ "ဘာျဖစ္လို႔လဲ"

ဝမ္ေရွာင္းယြင္က တိုးတိုးေျပာတယ္။ "ဘာမွမဟုတ္ပါဘူး။ ကိုယ္က ဒီအတိုင္း... ဒီအတိုင္း စဥ္းစားေနတာ။ အဲဒီအားႀကီးတဲ့မိုင္ခရိုခ်ပ္စ္နတ္ဘုရားးက ဘယ္လိုနတ္ဘုရားမ်ိဳးလဲလို႔"

ကၽြမ္းက်ိဳးက အသက္ရႉထုတ္လိုက္ၿပီး ေပ်ာ္ရႊင္စြာ ရွင္းျပလာတယ္။ "သူကလည္း အရမ္းေတာ္တဲ့ နတ္ဘုရားပဲ!"

ဝမ္ေရွာင္းယြင္က ေမးတယ္။ "သူနဲ႔သိလား"

ကၽြမ္းက်ိဳးက ေခါင္းညိတ္ျပတယ္။ "အင္း အင္း သိတယ္။ သူနဲ႔ လူခ်င္းေတာင္ ေတြ႕ဖူးေသးတယ္! ကၽြန္ေတာ္ေျပာျပမယ္။ အဲဒီေဘာ့စ္အႀကီးစား ေနတဲ့ေနရာမွာ ရွစ္မန္လို႔ေခၚတဲ့ ႂကြယ္ဝျခင္းနတ္ဘုရားရွိတယ္။ သူ(မ)က အဲဒီအရပ္ကို တာဝန္ယူထားတာဆိုေပမဲ့ အဲဒီေဘာ့စ္ကို အဲဒီအားႀကီးတဲ့နတ္ဘုရားရဲ့ သက္ဝင္ယုံၾကည္သူအျဖစ္ ခိုးယူခံလိုက္ရတယ္ေလ။ အဲဒါနဲ႔ သူ(မ)က မဟာနတ္မင္းႀကီးရဲ့ အဆူအဆဲကို ေတာ္ေတာ္ေလး ခံလိုက္ရတယ္။ ရွစ္မန္က အရမ္း ဝမ္းနည္းပက္လက္ ငိုခဲ့တာ။ သူေသခါနီးမွာ အဲဒီ အားႀကီးတဲ့ မိုင္ခရိုခ်ပ္စ္နတ္ဘုရားနဲ႔ ျပန္ေတြ႕ခဲ့တယ္။ သူက အားႀကီးတဲ့နတ္ဘုရားကို "ကၽြန္မလည္း ေနာက္က်ရင္ ရွင့္လို အားႀကီးတဲ့သူျဖစ္လာမွာလား" ဆိုၿပီး ေမးတယ္။ အားႀကီးတဲ့နတ္ဘုရားက ျပန္ေျဖတယ္ "မင္းသာ ေကာင္းေကာင္းအသက္ရွင္၊ ရွင္သန္ေနမယ္ဆိုရင္ ငါ့ရဲ့နတ္တန္ခိုးေတြကို မင္းကို လႊဲေျပာင္းေပးလိုက္မယ္" တဲ့။ အဲဒီတုန္းက ကၽြန္ေတာ္က ေဘးကေန ၾကည့္ေနခဲ့တာ။ စိတ္ထိခိုက္လြန္းလို႔ ငိုေတာင္ငိုခဲ့ေသးတယ္"

ဝမ္ေရွာင္းယြင္က ဒီမွာ ခ်က္ခ်င္းပဲ အဓိကအေရးႀကီးတဲ့အခ်က္ကို ဆြဲထုတ္ေျပာလိုက္တယ္။ "အဲဒီ ရွစ္မန္လို႔ေခၚတဲ့ နတ္ဘုရား... လည္း ေသသြားတာလား။ ဘယ္လိုလုပ္ ေသသြားတာလဲ"

ကၽြမ္းက်ိဳးက ခဏေလာက္ တုန႔္ခဲသြားတယ္။ သူက အခုေလးတင္ ဒီစကားေတြအားလုံးကို တတြတ္တြတ္ ေျပာေနခဲ့တာ။ ဝမ္ေရွာင္းယြင္ ေမးခြန္းေမးလာေတာ့မွပဲ ႐ုတ္တရက္ အသိဝင္လာတယ္။ သူမမွတ္မိဘူး။

ရွစ္မန္ ဘယ္လိုလုပ္ေသသြားတာလဲ။

ကၽြမ္းက်ိဳးက သူ႔ေခါင္းကို လက္ႏွစ္ဖက္နဲ႔ အုပ္ကိုင္ထားရင္း ေခါင္းကြဲထြက္မတတ္ ကိုက္ခဲလာတယ္။ "ကၽြန္ေတာ္ မမွတ္မိဘူး။ မမွတ္မိဘူး။ မန္မန္က မေသခဲ့ဘူးမလား... သူ အသက္ရွင္ေနေလာက္တယ္..."

...................xxx..................

Continue Reading

You'll Also Like

2.9M 227K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
136K 9.5K 41
ဒါကဘာသာပြန်လုံး၀ လုံး၀ မဟုတ်ရပါ! ကျောက်မျက်များဖြင့်ဖန်တီးထားသောစကြာ၀ဠာ၏အဆင်းရဲဆုံးနဲ့အငြိမ်းချမ်းဆုံးကမ္ဘာထဲသို့၂၁ရာစုမှကောင်လေးတစ်ဦးဟာ ကလေးတစ်ယောက်...
834K 148K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။
184K 20.3K 77
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...