Sugar Daddy
(OR)
အပိုင်း 27
"ဘာကိစ္စများလဲ..."
တတ်ထားရတာလဲ"
"နာမည် ဘယ်လိုခေါ်လဲ "
"chanhoon ပါ..."
"သွားခွင့်ပြုပါအုံး..."
ခံစားနေရသည်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ရောင်စဉ် ရဲ့ အခန်းဝယ်.....
"ဘာ.....အဲ့တာ Mr.Min..လား"
"ဟုတ်ပါတယ်ဆို..."
သူမက ဆက်ပြောသေးသည်။
မေးလိုက်သည်။
Naeun ရဲ့ စိတ်ထဲဝယ်
🍀🍀🍀🍀🍀🍀>>>>
တစ်လလောက်ကြာတော့.....
❤❤❤❤❤
"Wooyoung.... "
"ဘာဖြစ်လို့လဲ... San.."
San က Wooyoung ဘေးကို
ပုတ်ကာ ပြောသည်။
"ဒါဘဲလား...."
"ဟင်...."
ကြည့်လိုက်သည်။
"ရော့ ဒါလေးက မင်းအတွက်..."
🍀🍀🍀🍀❤❤❤🍀🍀🍀🍀
"ဘာကိစ္စလဲ... Naeun.."
"ဘာကိစ္စ လဲ"
"ဘာဖြစ်နေတာလဲ Naeun.."
"ဘာ....သူ U.S.A မှာ မလုပ်ဘဲ..."
ခဏအကြာ....
"ဘာကိစ္စများလဲ"
"ငါအခု ဘယ်လို လုပ်ရမလဲ...
အခုမှတဂယ့်ပြသာနာပဲ..."
🍀🍀🍀🍀🍀🤦♀️🤦♀️🤦♀️🍀🍀🍀🍀🍀
"အား...."
"Sorry.... "
"ရပါတယ်ဗျာ...ရရဲ့လား.."
"wow...လှလိုက်တာ...ကွာ..."
သူ့ဦးလေးနဲ့တွေ့တော့
ပြီးတော့သူကပြောသေး
"ကောင်မလေးမဟုတ်ဘူး...ယောက်ျားလေး အရမ်းလှတာပဲ...မိန်းကလေးတွေထက် အရမ်းလှတယ်..အဲ့တာဘယ်သူလဲ"
"အကို....."
"Coffee သောက်မလား"
"အိုး...သူက နာမည်ကြီးလား"
"သူ့မှာကလေးရှိတာလား"
🍀🍀🍀🍀🍀🍀>>>>>>>>
"Hey...."
"မင်းထိုင်တော့..."
Seokhwa က ...ရယ်ကာ
San က ဝင်ထောက်ပေးသည်။
"ရောင်စဉ်.... ရောင်စဉ်ဖြာ"
မပီပေမယ့် မှန်ပါတယ်
"ရောင်စဉ်ဖြာ...."
"Sorry ခဏနော်"
"ဟယ်လို"
"ဘယ်သူလဲ..."
"မင်းအာဏာစက်...ပါ"
"....."
တစ်ဖက်က ပြန်မဖြေတော့...
တုန်ရီစွာပြန်ဖြေကာ
"....ဟုတ်...."
"အင်း..."
ရောက်တော့.....
ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ "
"ရောင်စဉ်ဖြာ...."
Sugar Daddy
(OR)
Daddyက ကျွန်တော့် အပိုင်
အပိုင်း 27
ရောင်စဉ် အနားသို့ တရွေ့ရွေ့လျှောက်လာသည့် အာဏာ လက်က ရောင်စဥ်
ပုခုံးပေါ်ကို တင်လိုက်သည်။
ရောင်စဉ် တစ်ကိုယ်လုံး တုန်တတ်လာသည်။
ရောင်စဉ် က အာဏာ ကို လှည့်ကြည့်လိုက်သည်။
"ဘာကိစ္စများလဲ..."
အာဏာ က ရောင်စဉ် မျက်ဝန်းတွေကို ကြည့်ကာဖြင့်
"ဘာလို့ Mask ကို တစ်ချိန်လုံး
တတ်ထားရတာလဲ"
ရောင်စဥ်က စကားတွေထစ်ကာ
"အော်...ကျွန်တော်နှာချေနေလို့ မကူးအောင်ပါ"
"နာမည် ဘယ်လိုခေါ်လဲ "
"chanhoon ပါ..."
အာဏာ က ခေါင်းညှိမ့်သည်။
"သွားခွင့်ပြုပါအုံး..."
ပြောကာ ရောင်စဉ် အလျင်ပြေးထွက်လာသည်။
မိတော့မလို့ကနေ လွတ်ထွက်သွားသည်။
အာဏာ စိတ်ထဲမှာ တစ်မျိုးကြီး
ခံစားနေရသည်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ရောင်စဉ် ရဲ့ အခန်းဝယ်.....
Naeun က အသံကျယ်ကြီးဖြင့်
"ဘာ.....အဲ့တာ Mr.Min..လား"
"ဟုတ်ပါတယ်ဆို..."
ရောင်စဥ် က သူသောက်နေကျ
အအေးဘူးလေးကိုကိုင်ကာဖြင့်
"နင် အစည်းအဝေး စတော့ မမြင်ဘူးလား.project ဖိုင်ထဲမှာ..သူ့နာမည်ကြီးအပေါ်ကရေးထားတာ"
Naeun က ပခုံးတွန့်ရင်း
"တွေ့ပေမယ့် အသံမထွက်တတ်လို့.."
သူမက ဆက်ပြောသေးသည်။
"ချောလာလိုက်တာဟယ်..Daddy Type ကြီးနဲ့ ငါတောင်ရင်ခုန်သွားသေးတယ်"
ရောင်စဥ် က ထိုင်ခုံမှာထိုင်ကာ ဖုန်းကိုယူပြကာ "James ကိုငါပြောလိုက်ရမလား"
မေးလိုက်သည်။
Naeun က ခေါင်းကိုခါပြကာ
"စတာပါဟာ...နင်အခု ဘာဆက်လုပ်မလဲ"
ရောင်စဥ် ဖုန်းကို ပစ်ချလိုက်သည်။
"ငါပုန်းကွယ်နေမယ်...ငါ့ကို ကူညီဟာ"
Naeun က ရောင်စဉ် ဘေးသို့လာခဲ့သည်။
"ငါကူညီတာကတော့ရပါတယ်..ဒါပေမယ့် အမှန်တရားကိုကြာကြာမဖုံးကွယ်နိုင်ဘူးနော်"
ရောင်စဥ် က Naeun ကို ကြည့်ကာ ပြန်ပြောသည်။
"သူက ဒီမှာဘယ်လောက်ကြာမှာမို့လို့လဲ...အလွန်ဆုံးကြာ တစ်ပါတ်ပေါ့...ဒီအချိန်မှာလဲ သူက ဆေးရုံလာမှာမှ မဟုတ်တာ....အစည်းဝေး လောက်ပဲ တွေ့ရမှာပဲ...."
ရောင်စဉ် က Naeun ပခုံးကို ကိုင်ကာဖြင့်အကူညီတောင်းသည်။
"အဲ့ချိန်လောက်ထိဖုံးကွယ်နေကြရအောင်ဟာ...ငါ့ကလေးတွေကိုရော အကုန်...
ငါဝှက်ထားမှာ..ငါသူ့ဆီထပ်မသွားတော့ဘူး"
"ငါ့ဘယ်တုန်းကများ နင်အကူညီတောင်းတိုင်းငြင်းဖူးလို့လဲ..."
ရောင်စဉ် က Naeun ကို ဖတ်လိုက်သည်။
ကျောင်းတတ်လာကတည်းအခုချိန်ထိသူ့အကူညီတွေကိုမငြင်းဘဲလက်ခံခဲ့တယ့်သူငယ်ချင်း။
Naeun ရဲ့ စိတ်ထဲဝယ်
"ကျောင်းစတတ်ကတည်းက ပေါင်းမယ့်သူမရှိ အနိုင်ကျင့်ခံနေရချိန်..ငါ့မှာသူငယ်ချင်းဆိုလို့နင်ပဲရှိတာ...နင့်ကြောင့်အနိုင်ကျင့်မခံရတော့ပဲ..ခေါင်းမော့နေလာနိုင်တာရောင်စဥ်ရယ်...နင်က ငါ့အတွက်အမြဲသူငယ်ချင်းကောင်းပါ..."
🍀🍀🍀🍀🍀🍀>>>>
တစ်လလောက်ကြာတော့.....
ရောင်စဥ်အခန်းထဲဝယ်စဥ်စားနေမိသည်။
"တစ်လရှိနေပြီ သူ့ပြန်သွားတာလား ဘာလား...ဘာသတင်းမှမကြားရဘူး..ဘာများလုပ်နေတာပါလိမ့်"
ဒီအချိန်အပြင်က တံခါးခေါက်သံနှင့်အတူ ဆရာဝန်တစ်ယောက်ရောက်လာကာအရေးပေါ်လူနာ ရောက်လာသည့်အတွက် ပြေးရပြန်သည်။
❤❤❤❤❤
Wooyoung လေး က အခုထိ ကလေးစိတ်မပြယ်သေးပါ..အလုပ်ချိန်မှာပဲ လူကြီးစိတ်နဲ့ကျန်တယ့်အချိန်တွေ အခုထိ ကလေးစိတ်ပင်။
Wooyoung က လက်မှာ Banana milk ဘူးလေး 5 ဘူးကိုပိုက်ထားကာ တစ်ဘူးကိုသောက်ရင်းဖြင့်
ခုန်ဆွခုန်ဆွလာသည်။ ထိုချိန် San က သူ့ဆီကို လာခဲ့သည်။
ခုန်ဆွခုန်ဆွနဲ့ အကောင်ကိုမြင်လိုက်တော့
"Wooyoung.... "
ခေါ်လိုက်တယ့်အသံကြောင့်ရပ်သွားသည်။
"ဘာဖြစ်လို့လဲ... San.."
San က Wooyoung ဘေးကို
ဒေါသထွက်စွာဖြင့်ရောက်လာကာ
"မင်းကို ဘယ်သူပေးတာလဲ..အဲ့ဘူးတွေ"
"အရေးပေါ် ဌာနက အလုပ်သင်လေးပေးတာ...ငါ့ကိုမဆူပါနဲ့နော်"
San က wooyoung ခေါင်းလေးကို
ပုတ်ကာ ပြောသည်။
"ငါ့မင်းကို ဘာပြောလဲထားလဲ..သူများပေးတာတွေမယူဖို့"
"ငါမယူပါဘူး...သူက အတင်းပေးတာနဲ့.."
San က မျက်လုံးစူးစူးဖြင့်ကြည့်လိုက်သည်။
"ဒါဘဲလား...."
Wooyoung လေးက ပြုံးပြကာဖြင့်
"ငါလဲ သောက်ချင်တာနည်းနည်းလေးနဲ့..."
San က သူ့လက်ထဲကို နို့ဘူးတွေအကုန်လုံးယူကာ အမှိုက်ပုံး ထဲ ထည့်လိုက်သည်။
"ဟင်...."
နှမြောနေတယ့်မျက်ဝန်းလေးနဲ့
ကြည့်လိုက်သည်။
San က သူ့ရဲ့ အိပ်ကပ်ထဲကနေ
နို့ဘူးလေးယူကာ ပေးလိုက်သည်။
"ရော့ ဒါလေးက မင်းအတွက်..."
Wooyoung လေးက ပျော်သွားတော့သည်။ချက်ချင်းဖောက်သောက်လိုက်သည်။
San က သူ့ခေါင်းလေးကို ပွတ်ပေးကာ ပြုံးကာကြည့်ပြီးနေတတ်သည်။
🍀🍀🍀🍀❤❤❤🍀🍀🍀🍀
ရောင်စဥ် ဆေးရုံဝယ် ခွဲစိတ်ခန်းဝင်ပြီးတာနဲ့ ပင်ပန်းစွာ ထွက်လာခဲ့သည်။
Naeun က အရှေ့မှာ ကြိုစောင့်နေသည်ကိုတွေ့လိုက်ရသည်။
"ဘာကိစ္စလဲ... Naeun.."
"ရောင်စဉ်... နင်ဟိုကိစ္စသိပြီးပြီလား"
ရောင်စဉ် က သူ့လက်အိတ်တွေချွတ်ရင်းအမှိုက်ပုံးထဲထည့်ရင်း
"ဘာကိစ္စ လဲ"
Naeun ပုံစံမှာ စိတ်လှုပ်ရှားနေသည့်အလားပင်။
"ဘာဖြစ်နေတာလဲ Naeun.."
"Mr.Min korea မှာ တစ်နှစ် နေမှာတယ့် သူက company ခွဲအပြင် ဆေးရုံနဲ့ပတ်သတ်တယ့်ကိရိယာတွေထုတ်မယ့် Company တစ်ခုပါထောင်မှာတယ့်..."
"ဘာ....သူ U.S.A မှာ မလုပ်ဘဲ..."
"ငါ့အထင် အခွန်ကိစ္စကြောင့်လဲ ထင်တယ်...ငါလဲသိတော့ဘူး"
သူငယ်ချင်းနှစ်ယောက်လမ်းလျှောက်ရင်း ပြောနေခဲ့သည်။
ခဏအကြာ....
ရောင်စဉ် အချို့လူနာတွေကို စစ်ဆေးပေးရင်း သူ့အခန်းထဲသို့ပြန်ဝင်သွားချိန် သူ့အခန်းမှာစောင့်နေသည် အာဏာ
ရောင်စဉ် လန့်သွားသည်။တော်သေးတယ် သူ မချွတ်ရသေးတယ့် Mask ကို ကျေးဇူးတင်နေမိသည်။
"ဘာကိစ္စများလဲ"
"ကျွန်တော် မင်းနဲ့ ဆွေးနွေးစရာရှိလို့."
အာဏာ က အလုပ်ကိစ္စ တစ်ခုကို သာပြောသွားခဲ့သည်။ သူအရမ်း အသေးစိတ်ကျလွန်းသည်။
"အဲ့ဒါ...ကျွန်တော်ကိုယ်တိုင်ဝင်မှ ဖြစ်မှာလား"
"မင်းမဝင်ချင်လဲ...ရပါတယ်..
ဒါပေမယ့်... တစ်စုံတစ်ရာ လွဲချော်လာရင် မင်းကိုယ်မင်း အရင်အပြစ်တင်ပေါ့"
"ကျွန်တော့်ကို အကျပ်ကိုင်နေတာပါ"
"မကိုင်ရပါဘူး...ကျွန်တော်ကိုယ်တိုင်လာရှင်းပြတာပါ...အဲ့တာမို့..."
"ကျွန်တော် တစ်ပတ်တစ်ခါ လာစစ်ဆေးပေးမယ်"
"ok..လေ...အဲ့တော့မှ...တွေ့ကြတာပေါ့"
အာဏာ က လှည့်ထွက်သွားသည်။
ရောင်စဥ် အခုမှ စိတ်ကို ဒုန်းဒုန်း ကျနိုင်တော့သည်။
အခန်းထဲဝယ် စိတ်ညစ်စွာဖြင့်
"ငါအခု ဘယ်လို လုပ်ရမလဲ...
အခုမှတဂယ့်ပြသာနာပဲ..."
"ဟူး....ကိုယ့်စလိုက်တယ့်...ဇာတ်လမ်းကိုယ်ပဲ အဆုံးသတ်ရတော့မယ်"
ရောင်စဉ် စိတ်ညစ်နေတော့သည်။
တစ်ပါတ်တစ်ခါ သူနဲ့တွေ့ရတော့မည်ပင်။
🍀🍀🍀🍀🍀🤦♀️🤦♀️🤦♀️🍀🍀🍀🍀🍀
ရောင်စဉ် အလုပ်ဆင်းတော့
ဖုန်းကိုဖွင့်ကြည့်ရင်း.
"အား...."
တစ်စုံတစ်ယောက်ကို ဝင်တိုက်မိတော့သည်။ ရောင်စဥ် အောက်ကိုလဲကျကာ
"Sorry.... "
"ရပါတယ်ဗျာ...ရရဲ့လား.."
ရောင်စဉ် မော့ကြည့်လိုက်တော့ ဘယ်ကမှန်းမသိတယ့် သူတစ်ယောက်ပင်။ ဝတ်ထားတာကတော့ တဂယ်နာမည်ကြီးလိုပင်။ ရုပ်ရည်ကလဲချောပေမယ့်
သူ့ကိုကိုလောက်တော့မချောဘူးပေါ့..တွေးရင်း...ငါဘာလို့သူ့အကြောင်းတွေးမိပြန်ပြီလဲ....
ထိုသူက ရောင်စဥ် ကို ထူပေးသည်။
"သွားခွင့်ပြုပါအုံး..."ပြောကာ ရောင်စဉ် က ထွက်သွားခဲ့သည်။
"wow...လှလိုက်တာ...ကွာ..."
အတွေးတွေနှင့် ထိုသူက သူ့ ဦးလေးဆီသွားသည်။
သူ့ဦးလေးက ဆေးရုံအုပ်ပင်။
San နဲ့ ဝမ်းကွဲညီအကိုတော်သည်။
သူ့ဦးလေးနဲ့တွေ့တော့
"Seokhwa(ဆော့ဟွာ).... ဘယ်တုန်းက ပြန်ရောက်တာလဲ"
အခုမှ သုံးနှစ်လောက်ဝေးကွဲနေတယ့်
ဦးလေးနဲ့တူ နှစ်ယောက်ဖတ်လိုက်သည်။
ပြီးတော့သူကပြောသေး
"ဦးလေးချွဲ ကျွန်တော် နတ်သားလေးတစ်ပါးနဲ့တွေ့ခဲ့တယ်"
"ဘာ...မင်းရူးသွားတာလား...ထိုင်"
အရင်ဆုံးထိုင်လိုက်သည်။
"အရမ်းလှတာပဲ..ဦးရယ်...ဘယ်သူများလဲ"
"ဘယ်က ကောင်မလေး နဲ့တွေ့လာတာလဲ"
"ကောင်မလေးမဟုတ်ဘူး...ယောကျ်ားလေး အရမ်းလှတာပဲ...မိန်းကလေးတွေထက် အရမ်းလှတယ်..အဲ့တာဘယ်သူလဲ"
သူ့ဦးလေးက တန်းသိလိုက်သည်။
"အဲ့တာဆို တစ်ယောက်ပဲရှိတယ်..အဲ့လိုလူက...သူနာမည်က chanhoon"
"ဘယ်လို..တောင်...ကျွန်တော်ဒါပဲ သိတာတောင် ဦးလေးက သူ့နာမည်ကိုကြိုသိနေရတာလဲ"
ပြောရင်းနဲ့ San အထဲကိုဝင်လာသည်။
"အကို....."
ညီကိုနှစ်ယောက်အရင်ထဖတ်လိုက်သည်။
"ဒါဆို မင်းအဲ့တစ်ယောက်အကြောင်းသိချင်ရင် San ကိုသာမေးပေတော့..သူ့သူငယ်ချင်း..ပြီးတော့...ငါအလုပ်ဆင်းတော့မယ်..မင်းညီက ညဂျူတီ ရှိတယ်"
ပြောလိုက်တော့ Seokhwa က
ခေါင်းညှိမ့်ပြသည်။San က တော့ ကြောင်တောင်တောင်ပင်။
"Coffee သောက်မလား"
San က ခေါင်းညှိမ့်ကာ ဆေးရုံဝယ် coffee မှာ ကာ coffee ဘူးလေးကိုင်ကာသောက်ရင်း စကားပြောမိသည်။
seokhwa ပြောလိုက်တာနဲ့ ဘယ်သူမှန်းတန်းသိနေတော့သည်။
"chanhoon ကိုပြောနေတာမလား"
"ဟုတ်တယ် ဦးလေးချွဲနဲ့မင်း ဘာလို့တန်းသိနေတာလဲ.."
"ကျွန်တော် မှ မဟုတ်ဘူး ဒီဆေးရုံရဲ့ ဘယ်သူ့ကိုသွားပြောပြောသိတယ်"
"အိုး...သူက နာမည်ကြီးလား"
"သူစရောက်တုန်းက ဆေးရုံတစ်ခုလုံး တုန်ခါသွားတာ...အရမ်းလှတာကို...သူအလုပ်ဝင်တော့ သူ့စားပွဲမှာ ပန်းစည်းတွေ ပြီးတော့ လက်ဆောင်ဘူးတွေ အမြဲပဲ...ဒါပေမယ့်...တစ်လလောက်ကြာတော့...သူ့မှာကလေးရှိကြောင်းပြောလိုက်တယ်..အဲ့တော့မှ အကုန်ငြိမ်ကျသွားတာ..."
"သူ့မှာကလေးရှိတာလား"
"ရှိတယ် နှစ်ယောက် အမြွှာလေး...
ဒါပေမယ့် သူ့အမေတော့မတွေ့ဘူး..
Single Father ...ပေါ့...ဒါတောင် သူ့ကိုကြိုက်နေတယ့်သူတွေရှိတယ်..သူက Harvard ကနေ ဆေး ဘွဲ့ရတာ.အခု Ph.D တောင်တတ်ပြီလို့...ဆေးရုံမှာ ပါမောက္ခဖြစ်နေပြီ....အသက်က ငယ်ငယ်လေးရှိသေးတယ်နော်...သူ့ကို စိတ်ဝင်စားလို့လား"
"ဟုတ်တယ် ငါ့ကိုသူနဲ့မိတ်ဆက်ပေးပါလား..."
"ဟုတ်ပြီလေ...မိတ်ဆက်ပေးမယ်..မနက်ဖန်ပေါ့..သူကနည်းနည်းမာနကြီးတယ်"
ညီအကိုနှစ်ယောက်စကားပြောနေတာရပ်ခဲ့ကြသည်။ Seokhwa က မနက်ဖန်အလှလေးနဲ့တွေ့ရမယ့်အကြောင်းကို စိတ်ထဲဆွဲနေမိသည်။
🍀🍀🍀🍀🍀🍀>>>>>>>>
နောက်တစ်နေ့ရောက်တော့
ရောင်စဥ် ရယ် Wooyoung လေးရယ် Naeun ရယ် သောက်စရာ လေးတွေနဲ့ ထိုင်နေကြစဥ်
San က သူ့အကို နဲ့ရောက်လာသည်။
"Hey...."
San ရောက်လာသည်။ရောင်စဥ်က San ကိုကြည့်လိုက်တော့ သူ့ဘေးက
တစ်ယောက်ကို မြင်လိုက်စဥ် ပိုပြီး အံ့ဩ သွားရသည်။
San က သူ့အကို ကို ဝိုင်းမှာ အရင်ထိုင်စေသည်။
"သူက ငါ့အကို seokhwa...ဒီနေ့ကစပြီး အလုပ်ဝင်မှာ ငါနဲ့ ဌာနတူတယ်..အရင်က နိုင်ငံခြား မှာလုပ်တာ"
Naeun က လက်လှမ်းကာ"Naeun ပါ တွေ့ရတာ ဝမ်းသာပါတယ်" Seokhwa က လက်လေးကို ပြန်ကိုင်ကာနှုတ်ဆက်သည်။
သူနှုတ်ဆက်ချင်နေတာ ရောင်စဉ် ပင်။ ရောင်စဉ် ဘက်ကိုလက်ကမ်းပေးတော့...ရောင်စဉ် ကပြန်ကိုင်ကာ
"ရောင်စဉ်ဖြာပါ...တွေ့ရတာဝမ်းသာပါတယ်"
နာမည်လေးမိတ်ဆက်ရုံအပြောတွေကြားမျောသွားကာလက်ပြန်ဖြုတ်ဖို့မေ့နေ့တယ့် Seokhwa ကြောင့်
ရောင်စဥ် က အတင်းဆွဲ ဖြုတ်လိုက်ရသည်။
Wooyoung လေးက သူ့လက်လေးကလှမ်းကာ ချစ်စရာအပြုံးလေးနှင့်
"မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ်"
Seokhwa က လက်ပြန်ကိုင်မယ်လုပ်တုန်း San က ကြားဖြတ်ကာ Wooyoung လက်ကို ကိုင်လိုက်သည်။
"မင်းထိုင်တော့..."
Seokhwa တောင်ကြောင်သွားသည်။ဟိုအကောင်ပေါက်ဆူပုတ်ပုတ်နဲ့ထိုင်သွားသည်။
Seokhwa က ...ရယ်ကာ
"ဘာလို့နာမည်က...chanhoon မဟုတ်ဘဲ...ရောင်...."
San က ဝင်ထောက်ပေးသည်။
"ရောင်စဉ်.... ရောင်စဉ်ဖြာ"
မပီပေမယ့် မှန်ပါတယ်
"ရောင်စဉ်ဖြာ...."
"ရောင်စဉ် လို့ပဲခေါ်ပါ"
Seokhwa စကားဆက်ပြောရန်ကြိုးစားတုန်း ရောင်စဉ် ဆီ အမည်မသိဖုန်းဝင်လာသည်။
ရောင်စဉ် က အားလုံးကိုကြည့်ကာ
"Sorry ခဏနော်"
"ဟယ်လို"
"ဟယ်လို...မင်းသုတေသနဌာနက လာပေးလို့ရမလား"
"ဘယ်သူလဲ..."
"မင်းအာဏာစက်...ပါ"
"....."
ရောင်စဥ် ငါ့ဖုန်းနိပါတ် ဘယ်လိုသိသွားတာလဲ တွေးနေမိသည်။
တစ်ဖက်က ပြန်မဖြေတော့...
"ကျွန်တော်ပြောတာကြားရဲ့လား" မေးသည်။
တုန်ရီစွာပြန်ဖြေကာ
"....ဟုတ်...."
"အင်း..."
အာဏာ က ဖုန်းချလိုက်သည်။
ရောင်စဥ် က အကုန်လုံးကို ကြည့်ကာ
" ငါကိစ္စ ပေါ်လာလို့ ခဏသွားမယ် "ပြောကာ အကုန်လုံးကို နှုတ်ဆက်သွားကာ Mask တတ်ကာဖြင့် သူ့ဌာနက တစ်ယောက်ကိုဖုန်းခေါ်ရင်းဖြင့်...
"ငါအရေးကြီး ကိစ္စကြောင့် ဆေးရုံရဲ့သုတေသနဌာနရောက်နေတယ်...တစ်ခုခုဆို ဖုန်းဆက်လိုက်..."
ပြောကာ ဖုန်းချလိုက်သည်။
ပြီးတော့ ဆေးရုံအခြားဘက်အဆောင် သုတေသနဌာနကိုသွားသည်။နီးနီးလေးမို့လမ်းလျှောက်ရုံရောက်သည်။
ရောက်တော့.....
အာဏာ က အရှေ့ဝယ်စောင့်နေသည်။သူ့ဘေးကလူယုံအချို့အား လက်ပြကာ ထွက်သွားစေသည်။
အပြင်ပိုင်းပြင်ဆင်မှုကတာမသေသပ်တာ အတွင်းထဲရောက်တော့
ရောင်စဉ် အံ့သြ သွားရလောက်အောင် အထက်တန်းကျလာသည့် ပြင်ဆင်မှုကြီး
ရောင်စဉ် စိတ်ထဲကပြောနေမိသည်။
"ဒီလောက်တော့ရှိမှာပဲပေါ့"
အာဏာ က ရောင်စဉ် ကိုကြည့်ကာ
"မင်းရောဂါ က အခုထိမပျောက်သေးတာလား"
"မဟုတ်ပါဘူး.. အခုက ချောင်းဆိုးလို့တတ်ထားတာ..ဘာပဲဖြစ်ဖြစ် သုတေသနဌာနထဲရောက်ရင်တတ်ရမှာပဲကို"
ပြောလိုက်သည်။
ရောင်စဉ် နဲ့ အာဏာ အချို့ချို့ကို အတူစစ်ဆေးနေမိသည်။
ပြီးတော့ အာဏာရဲ့ ရုံးခန်းရောက်တော့ အာဏာက သူ့ Mask ကို ချွတ်လိုက်ပေ
မယ့် ရောင်စဥ် ကမချွတ်ပေ။
ရောင်စဉ် ဆီဖုန်းဝင်လာသည်နှင့်
ရောင်စဥ်က ကိုင်လိုက်သည်။
ရောင်စဥ် ချက်ချင်းပင် ပြာတိပြာယာဖြင့်
"sorry... ကျွန်တော် အရေးပေါ်လူနာရှိလို့သွားတော့မယ်..အား...."
အာဏာ က စိုးရိမ်စွာ မက်တပ်ရက်လိုက်ကာ ရောင်စဥ် ဘေးရောက်လာကာ
"ဘာဖြစ်လို့လဲ "
"မျက်လုံး ထဲ တစ်ခုခု ဝင်သွားလို့"
အာဏာ က ရောင်စဉ် မျက်လုံးလေးကိုသူ့လက်ဖွဖွလေးထိကာ သူ့နှုတ်ခမ်းထဲက
လေနဲ့ "ဖူးးးးးး" မှုတ်ပေးသည်။
ရောင်စဥ် ကြည့်နေမိသည်။
သူ့ကိုကို ကိုအမြဲ အနီးကပ်မြင်နေချိန်တိုင်း နှလုံးသားက တစ်ဒိန်းဒိန်းခုန်နေသေးသည်။ ကိုကိုမျက်လုံးလေးကို ကြည့်ရတာသဘောကျသေးသည်။
အာဏာ က ရောင်စဥ် မျက်လုံးကိုကြည့်ရင်းနှစ်ယောက်လုံးအကြည့်စုံနေချိန်.....ကမ္ဘာကြီး ထဲနှစ်ယောက်ထဲရှိနေသလိုကြည့်မိနေရင်း....
ဒီချိန်မှာပဲ အာဏာ က ရောင်စဥ် Mask ကို ချွတ်လိုက်သည်။
ရောင်စဥ် လန့်သွားခဲ့သည်။အာဏာ နှုတ်ခမ်းကနေထွက်လာတယ့် နာမည်လေး
"ရောင်စဉ်ဖြာ...."
အပိုင်း 28 Comming Soon......