My Oleander Hubby ( Completed...

By phounix12

1.6M 101K 4.2K

" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖ... More

My Oleander Hubby (Zaw+Uni)
Part - 1
Part - 2❗
Part - 3
Part - 4 ❗
Part - 5
Part - 6
Part - 8
Part - 9
Part - 10
Part -11
Part - 12
Part - 13
Part - 14 ❗
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Paet - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part -29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part -44
Part - 45
Part -46
📌ေက်းဇူးတင္လႊာ # ကျေးဇူးတင်လွှာ
Part - 47

Part - 7

28.3K 2K 85
By phounix12

Part - 7

                My Oleander Hubby

" ရာဇ္! ! အလုပ္သစ္ကိစၥကို ဆက္မလုပ္နဲ႔ေတာ့ေနာ္ ၊ ကိုယ္ေျပာတာၾကာလား ၊ အလကား အေရးမပါတာေတြ ၊ ကိုယ္စိတ္မခ်ဘူး "

" အင္း "

" ဒီရက္ထဲ ကိုယ္မင္းအိမ္ကိုလိုက္ေတြ႔မယ္ ၊ ကိုယ့္
ဒယ္ဒီက အရင္ထဲက ႏိုင္ငံျခားမွာေနေတာ့
လက္ထပ္ပြဲလာဖို႔ အဆင္ေျပမွာမဟုတ္ဘူး ၊ မာမီကေတာ့ ဒီမွာပဲေနတာ ၊ ဒါေပမယ့္ သူကလဲအခု ႏိုင္ငံျခားေရာက္ေနတယ္ ၊ ကိုယ့္ ဒယ္ဒီေရာ မာမီေရာကေနာက္အိမ္ေထာင္ထူေထာင္ထားက်တာေလ ၊ မာမီက အခု သူ႔အမ်ိဳးသားဘက္ကအလုပ္ေတြကို
ကိုပဲ အားစိုက္လုပ္ေနရတာဆိုေတာ့ ကိုယ့္ဘက္
လွည့္မၾကည့္ႏိုင္ဘူး ျဖစ္ေနတာ ၊ မဂၤလာေဆာင္
ရင္ သူတို႔လာႏိုင္ဖို႔မေသခ်ာေပမယ့္  ရာဇ္အ
တြက္ အေကာင္းဆံုးလုပ္ေပးပါ့မယ္ ၊ ကိုယ္ကမိသားစုနဲ႔ အတူမေနတာလဲ ၾကာၿပီဆိုေတာ့ သူတို႔
ကလဲ ကိုယ့္အေၾကာင္းကိစၥေတြဆို ေခါင္းထဲသိပ္မထည့္က်ဘူး ၊ ကိုယ့္ကို စိတ္ခ်တာလဲပါတာေပါ့ ၊
မိဘေတြမလာႏိုင္ရင္ေတာင္ ကိုယ့္ေကာင္ေလး
မ်က္ႏွာမငယ္ေစရပါဘူး ၊ အဲဒါေတာ့ စိတ္ခ်ပါ "

" အင္းပါ! ! "

ကိုယ္က စကားေတြအမ်ားႀကီးေျပာေနေပမယ့္ တဖက္ကျပန္ရလာတာက အင္း ၊ အင္းပါေလာက္လာျဖစ္ၿပီး လူကလဲေဆးလိပ္အဖြာမပ်က္ ။ ေနာက္ဆံုး
ကိုယ့္ကိုေတာင္ တခ်က္လွည့္မၾကည့္တာမို႔ ---

" ရာဇ္ !! ကိုယ္ေျပာတဲ့စကားေတြက မင္းအတြက္ အသံုးမဝင္တာမ်ိဳး ျဖစ္ေနတာလား ၊ စိတ္ဝင္တစားနားေထာင္ေပးရေလာက္ေအာင္ အေရးမပါတဲ့ ေဘာင္မဝင္တန္းမဝင္ေတြ ျဖစ္ေနတာလား ၊ ေျပာရတဲ့သူ စိတ္ဓာတ္က်တယ္ ၊ မင္းကေလ ကိုယ့္ကိုဆို အျမဲတမ္း အဲလိုအခ်ိဳးမ်ိဳးခ်ိဳးတယ္ ၊ မဂၤလာကိစၥအတြက္ေျပာေနတဲ့လူကို ေဆးလိပ္ေလာက္ေတာင္
အေရးမစိုက္ဘူး "

ခပ္မာမာထြက္လာတဲ့ စကားသံေၾကာင့္ ရာဇ္ လူႀကိီးကို ေသေသခ်ာခ်ာၾကည့္လိုက္ရင္း ---

" ေဟာဗ်ာ! စိတ္ဝင္တစားနားေထာင္ေနတယ္ေလ ၊
လူႀကီးအဆင္ေျပသလို လုပ္ ၊ ကြၽန္ေတာ္က Okay
တယ္ ၊ အဲဒါေၾကာင့္ ဘာမွျပန္မေျပာတာပါ ၊ အဲဒါကို ဘာေတြအထအနေကာက္ေနတာလဲ ၊ ကေလးလဲ မဟုတ္ဘူး ၊ ကဲပါ က်န္တာဆက္ေျပာ ၊ မ်က္နွာကိုၾကည့္ၿပီး ေသေသခ်ာခ်ာ နားေထာင္ေပးမယ္ "

" ေတာ္ၿပီ! ! ဒီကိစၥကို ေနာက္မွဆက္ေျပာေတာ့မယ္ ၊ ကိုယ့္စိတ္ထဲ တစ္မ်ိဳးျဖစ္သြားၿပီ ၊ ရာဇ္ကေလ တစ္ခါတစ္ေလ ကိုယ့္ကိုစိတ္ဒုကၡသိပ္ေပးတာပဲ "

ရာဇ္ကေတာ့ လူႀကီးကိုၾကည့္ရင္း ျပံဳးလိုက္မိတယ္ ။
ေသာက္လက္စ ေဆးလိပ္ကို ေခါင္းေမာ့ၿပီး အားရေအာင္ဖြာလိုက္ကာ လူႀကီးေဘးနားကိုသြားလိုက္သည္ ။ ၿပီးတာနဲ႔လူႀကီး အက်ႌေကာ္လံကစေနဆြဲကိုင္လိုက္ကာ ႏႈတ္ခမ္းခ်င္းေတ့လိုက္၏ ။ ေဆးလိပ္
ေငြ႔ေတြကို သူ႔ပါးစပ္ ထဲအားရပါးရမႈတ္ထည့္လိုက္ တာေၾကာင့္ ---

" ရာဇ္ ဘာလုပ္ --"

စကားကိုဆံုးေအာင္ေျပာခြင့္မေပးဘဲ အနမ္းေတြအစပ်ိဳးလိုက္သည္ ။ အစပိုင္းမွာၿငိမ္သက္ေနေပမယ့္
သိပ္မၾကာခင္ပဲ လူႀကီးရဲ႕လက္တဖက္က ကိုယ့္ခါး
ေပၚကေရာက္လာၿပီး က်န္လက္တစ္ဖက္က ကိုယ့္
လည္ပင္းကိုသိုင္းဖက္လာ၏ ။ လြတ္ထြက္မသြား
ေအာင္ ေသခ်ာခ်ဳပ္ေႏွာင္ၿပီးမွ နမ္းလာတဲ့အနမ္း
ေတြက ကိုယ့္ႏႈတ္ခမ္းေတြကို ၾကမ္းတမ္းစြာဝါးမ်ိဳစားေသာက္လို႔ ။ သူနမ္းလို႔အဆင္ေျပေအာင္ ကိုယ့္
ေခါင္းေလးကိုငဲ့ေစာင္းေပးထားလိုက္တယ္ ။ သိပ္မၾကာခင္ပဲ ကိုယ့္လည္တိုင္ေတြဆီ ေျပာင္းေရႊ႔လာတဲ့
အနမ္းေတြ ။

နမ္းတာထက္ကိုပိုတဲ့ ကိုက္ခဲမႈေတြေၾကာင့္ ---

" အား !! နာတယ္ လူႀကီးရယ္ "

လည္ပင္းေတြကို ကိုက္ခဲေနရာကေန တျဖည္းျဖည္နဲ႔ ကိုယ့္နားရြက္ဖ်ားေတြကို စုပ္ယူလာၿပီး ---

" မွတ္ၿပီလား!! ေနာက္တစ္ခါဆို အနာမခံခ်င္ရင္ လာမစနဲ႔ "

ရာဇ္ သူ႔ကို မ်က္ခံုးတစ္ခ်က္ပင့္ျပလိုက္ရင္း ---

" စမွာပဲ "

" စရင္ေတာ့ နာမွာပဲေလ "

" အင္း!! အနာကိုခံခ်င္လြန္းလို႔ပါ "

ကိုယ့္စကားေၾကာင့္ လူႀက္ိီးကတဟားဟားေအာ္ရီလာကာ ---

" ဟား !ဟား! ဟား !ဟား !ရာဇ္ရယ္ တကယ္ေကာင္ကြာ၊ စိတ္ဆိုးခ်င္ေနတဲ့စိတ္ေတာင္ ေပ်ာက္သြားတယ္ "

တကယ္သေဘာက်လြန္းလို႔ တဟားဟားေအာ္ရီမိ
ရင္းကေန ရာဇ္ကို ကိုယ့္ေပါင္ေပၚမွာ ထိုင္ေစလိုက္
တယ္ ။ ရာဇ္ကေတာ့ ကိုယ္ေပါင္ေပၚမွာထိုင္ရင္းက
ေန ေနာက္ထပ္ေဆးလိပ္တစ္လိပ္ကို ထပ္ၿပီးမီးညႇိ
ေနျပန္ၿပီ ။ ေဆးလိပ္နံ႔မႊန္ေနတဲ့ သူ႔ႏႈတ္ခမ္းေတြကို
ထိယံုေလးထပ္နမ္းလိုက္ရင္း သူ႔ႏွာေခါင္းေလးနဲ႔
ကိုယ့္ႏွာေခါင္းကို ပြတ္ဆြဲေနလိုက္ကာ ---

" ေဆးလိပ္က္ို အရမ္းႀကိဳက္တာပဲလား ရာဇ္ "

ကိုယ့္ကိုတစ္ျပန္ နမ္းလာရင္း ---

" လူႀကီးကို ခ်စ္ရတာ ပိုျပီး ၾကိဳက္ပါတယ္ ၊ ေဆးလိပ္နဲ႔ပီေကကေတာ့ လူႀကီးၿပီးမွေပါ့ "

ကိုယ့္ရင္ဘက္ေတြဆီကို ႏွာေခါင္းနဲ႔ပြတ္ဆြဲေပးေနတာေၾကာင့္ ---

" ေႁခြေနလိုက္ အဲလိုစကားလံုးေတြနဲ႔ ၊ ဒါမွ ကိုယ္ မင္းနားကေန ဘယ္ကိုမွ ႐ုန္းမထြက္ႏိုင္မွာ "

" အမွန္တိုင္းေျပာတာ ၊ ႐ုန္းထြက္သြားလဲ ရပါတယ္ ၊ မေနခ်င္တဲ့သူကို ဘယ္ေတာ့မွဆြဲမထားပါဘူး "

" ကိုယ္က ဘာလို႔ထြက္သြားရမွာတုန္း "

" သေဘာေျပာျပတာပါ "

" သေဘာလဲ ေျပာမျပနဲ႔ ၊ ကိုယ္ေျပာတာကိုနား
ေထာင္ ၊ မနက္က်ရင္ ရာဇ္အိမ္မွာပဲေန ၊ ကိုယ္
အလုပ္ကို ရာဇ္ လာေပးရမယ့္ ကိစၥ႐ွိတယ္ ၊ ကိုယ္
ဟိုမွာအလုပ္အားတာနဲ႔ လာေခၚမယ့္ကားလႊတ္လိုက္မယ္ "

ထူးထူးဆန္းဆန္း သူ႔အလုပ္ဆီကို ကိုယ့္ကိုေခၚမယ္ဆိုတာေၾကာင့္ ---

" လူႀကီးအလုပ္ကို ကြၽန္ေတာ္က ဘာလာလုပ္ရမွာလဲ "

" ေရာက္ရင္ သိမွာေပါ့ ၊ လိုက္သာလာခဲ့ေနာ္ "

" ၿပီးတာပဲ "

" ကိုယ့္ေကာင္ေလးက အရင္ကထက္စာရင္အမ်ား
ႀကီး လိမၼာလာတာပဲ ၊ ညက်ရင္ ဆုခ်ရမယ္၊ ဘယ္ပံုစံႀကိဳက္လဲ ႀကိဳေတြးထား "

" -ီး ကိုဆုခ်! ! "

ကိုယ့္စကားဆံုးတာနဲ႔ အားႀကီးနဲ႔ ဆဲခ်လိုက္တဲ့ ေကာင္ေလး ။

" ေဟာဗ်ာ ၊ ခ်ီးက်ဴးေတာင္မခံပါလား ၊ ကဲပါ မနက္က်ရင္သာ ကိုယ္လူလႊတ္ေခၚတဲ့အခ်ိန္လိုက္လာခဲ့ေနာ္ "

" အင္း "

<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>

" ဓနသိဒိၶကုမၼဏီ " ဆိုတဲ့ ေခါင္းစဥ္ေအာက္က အေဆာက္အဦးကို ရာဇ္ေငးၾကည့္ယံုနဲ႔ အံၾသမွင္သက္
ေနရပါသည္ ။ ကုမၼဏီအေဆာက္အဦးက ဘယ္ႏွစ္
ထပ္ေတာင္႐ွိလဲမသိႏိုင္ေပမယ့္ တကယ္ကိုမိုးထိလုမတက္ ။ ဒါျပင္ကိုမွ ကုမၼဏီခြဲေတြလဲ အမ်ားႀကီး႐ွိ
ေနေသးေသးတယ္ဆိုတာ ကိုယ္အသိ ။

ေလာေလာဆယ္ကိုယ္ေရာက္ေနတဲ့ အထပ္ကေတာ့ ေက်ာက္ျမတ္ရတနာေတြ ေရာင္းခ်ေနတဲ့အထပ္ ။ ကိုယ့္တသက္နဲ႔တစ္ကိုယ္ တစ္ခါမွမျမင္ခဲ့ရဖူးသည့္ ေက်ာက္စိမ္းတုန္းႀကီးေတြက ေတာင္ပံုယာပံု။
အရင္တစ္ခ်ိန္ ကိုယ့္ေယာက္ဖစီးပြားေရးအဆင္ေျပေနတဲ့အခ်ိန္တုန္းက ကိုယ္ေတြမိသားစုကလဲ လူကုန္ထံအသိုင္းအဝိုင္းထဲဝင္ဆံံ့ေပမယ့္ ကိုယ့္လူႀကိ္ီး
ရဲ႕ပိုင္ဆိုင္မႈေတြနဲ႔ယွဥ္ရင္ေတာ့ လံုးဝကိုျမဴမႈန္ သာ သာအေျခအေန ။

" ရာဇ္!! ေရာက္လာၿပီလား "

အသံေၾကာင့္ ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့
အေနာက္တိုင္းဝတ္စံုအျပည့္အစံုနဲ႔ ကိုယ့္လူႀကီး ။
ဆံပင္႐ွည္႐ွည္ေတြကို ေၾကးနီေရာင္ေတာက္ေတာက္ဆိုးထားၿပီး အျမဲတေစေနာက္လွန္ၿဖီးသင္ထားပံုက တကယ္ကို ထိပ္တန္းလုပ္ငန္း႐ွင္တစ္ေယာက္ ရဲ႕ အေငြ႔အသက္ အျပည့္အဝရေနေစတာမ်ိဳး ။

" ဟုတ္ ေရာက္ၿပီ "

" ကုိယ့္ရံုးခန္းသြားရေအာင္ လာခဲ့ ၊ ၿပီးမွာ ကုမၼဏီအထပ္ေတြကို လိုက္ျပေပးမယ္ "

VIP သီးသန္႔အတြက္ထားတဲ့ ဓာတ္ေလွကားနဲ႔ သူ႔ရံုးခန္းထဲကိုေရာက္တဲ့အခ်ိန္ တံခါးကိုေက်ာခ္ိုင္း
ၿပီးထိုင္ေနတဲ့ လူႏွစ္ေယာက္ ။ အနားကိုေရာက္တဲ့အခ်ိန္ ေသေသခ်ာခ်ာၾကည့္လိုက္ေတာ့မွ ႏွစ္ေယာက္ထဲကတစ္ေယာက္ဟာ ကိုယ့္ေယာက္ဖျဖစ္ေနၿပီး
က်န္တစ္ေယာက္က လူႀကီးရဲ႕ေ႐ွ႕ေန ။

" ဦးသိဒိၶ! ! "

အျခားလူေတြ႐ွိေနတာေၾကာင့္ သူနာမည္ကိုေခၚလိုက္မိတယ္ ။

" အရင္ထိုင္လိုက္ဦး ၊ ၿပီးရင္ ကိုယ္ အကုန္႐ွင္းျပမယ္ "

" ဟုတ္တယ္ ရာဇ္ ၊ ထိုင္လိုက္ပါဦး "

ေယာက္ဖကပါ ဝင္ေျပာေနတာေၾကာင့္ ဘာမွန္းမသိပဲဝင္ထိုင္လိုက္ရတယ္ ။ ၿပီးေတာ့မွ ေယာက္ဖနဲ႔မမ ရဲ႕နာမည္ပါတဲ့ စာခ်ဳပ္တစ္ခုက ကိုယ့္အေ႐ွ႕ ကိုေရာက္လာတာ ။ ယူၾကည့္လိုက္ေတာ့ ကုမၼဏီတစ္ခုကို လႊဲေျပာင္းေပးတဲ့စာခ်ဳပ္ ။

" ဒါက ဘာလဲ "

နားမလည္သလို ေမးလိုက္မိတဲ့ကိုယ့္ရဲ႕ အေမးစကားေၾကာင့္ ---

" ကိုယ့္ ကုမၼဏီေတြထဲမွာ လုပ္ငန္းရပ္ထားရတဲ့ကုမၼဏီတစ္ခ်ိဳ႕႐ွိေနတယ္ ရာဇ္ ၊ အဲထဲကမွတစ္ခုက္ုိ
ရာဇ္တို႔မိသားစုဆီ လႊဲေပးတာ ၊ သေဘာကကြာ
အၿပီးအလကားေပးတာမ်ိဳးမဟုတ္ပဲ ဒီကုမၼဏီကို
ဦးေဆာင္ခိုင္းလိုက္တာေပါ့ ၊ ေနာက္မွ ကုမၼဏီအက်ိဳးအျမတ္ထဲကေန ကိုယ့္ကိုပိုက္ဆံျပန္အမ္း ။
အဲလိုမ်ိဳး ၊ ေနာက္ဆို ကိုယ္တို႔ကမိသားစုေတြ
ျဖစ္ေတာ့မွာေလ ၊ ကိုယ့္လုပ္ငန္းေတြကို ကိုယ့္မိသားစုေတြကပဲ ဦးေဆာင္ေစခ်င္တာ "

လူႀကီးစကားအဆံုးမွာေတာ့ ---

" အကိုလဲ အစကေတာ့ ျငင္းပါေသးတယ္ ၊ ေနာက္မ၊ ေသေသခ်ာခ်ာျပန္စဥ္းစားၿပီ လက္ခံလိုက္ တာ ၊ အကိုတို႔မိသားစုအတြက္ ဒါကအသင့္ေတာ္ဆံုးပဲလို႔ ေတြးလိုက္မိလို႔ "

ေယာက္ဖျဖစ္သူရဲ႕ စကားေၾကာင့္ ---

" မမ သိၿပီးၿပီလား "

" နည္းနည္းပါးပါးေတာ့ ေျပာျပထားပါတယ္ "

" အမ်ားႀကီးအေတြးမလြန္ပါနဲ႔ ၊ ကုမၼဏီကို ဒီတိုင္းရပ္ထားရမယ့္အတူတူ ႏွစ္ဦးႏွစ္ဖက္အက်ိဳး႐ွိမယ့္လမ္းကို ေရြးလိုက္တာပါ ၊ ရာဇ္ ကို ႀကိဳမေျပာတာက
အေတြးလြန္မွာစိုးရိမ္လို႔ ၊ ဘာမွအမ်ားႀကီးမေတြးနဲ႔
ေနာ္ ၊ ကိုယ္ေျပာတာကို ယံု "

ကိုယ့္လက္တစ္ဖက္ကို သူ႔လက္ေလးနဲ႔ ခပ္ဖြဖြပုတ္ေပးၿပီးေျပာလာတဲ့စကားေၾကာင့္ ျပံဳးလိုက္မိပါ
တယ္ ။ ဒီလူႀကီးဟာ ကိုယ့္လိုလူကိုေတာင္ စကား
ခ်ိဳခ်ိဳ အျပံဳးခ်ိဳခ်ိဳေလးနဲ႔ သိမ္းသြင္းႏိုင္တဲ့ တစ္ဦးတည္းေသာ လူပါလား ။

" အင္းပါ !! အကုန္အဆင္ေျပတယ္ဆိုလဲ ၿပိ္ီးတာပါပဲ "

" Okay!! ဒါဆို သက္ေသေနရာမွာ ရာဇ္ လက္မွတ္ေလးထိုးလိုက္ေနာ္ "

ကိုယ့္အေ႐ွ႕က စာခ်ဳပ္ေတြမွာ ရာဇ္ ခပ္ျမန္ျမန္ပဲ
လက္မွတ္ထိုးလိုက္သည္ ။ အကုန္ၿပီးလို႔ ေယာက္ဖနဲ႔ ေ႐ွ႕ေနျပန္သြားတဲ့အခ်ိန္ ကိုယ္ နဲ႔လူႀကိ္ီးႏွစ္ေယာက္ထဲသာက်န္ေနခဲ့ပါတယ္ ။

" လူႀကီး အလုပ္႐ွိေနတယ္မို႔လား ကြၽန္ေတာ္ဘာသာျပန္လိုက္ေတာ့မယ္ "

" ေနပါဦး ရာဇ္ရယ္ ၊ ညေနက်မွ ကိုယ္နဲ႔အတူတူျပန္ေလ ေနာ္ ၊ ရာဇ္လဲ အားေနတာပဲဟာ "

ေတာင္းပန္သလို ေလသံနဲ႔ေျပာလာတာေၾကာင့္ ---

" အင္းေလ အဲဒါဆိုလဲ ေစာင့္ေနမယ္ "

" Okay ဒါဆို ကိုယ္အလုပ္လုပ္လိုက္ဦးမယ္ ၊ ရာဇ္ ခဏထိုင္ေနဦးေနာ္ ၊ ဘာစားခ်င္တာ႐ွိလဲ ေအာက္ ထပ္မွာ အကုန္မွာလို႔ရတယ္ "

" ရတယ္ မစားေတာ့ဘူး "

" အဲဒါဆို ရာဇ္ ခဏထိုင္ေနဦး ၊ ကိုယ္ အလုပ္လုပ္ေတြ ေတာ္ေတာ္မ်ားမ်ားက်န္ေနေသးလို႔ ၊ ရံုးခ်ိန္အမွီေလး လုပ္လိုက္ဦးမယ္ "

ေခါင္းပဲညႇိမ့္ျပလိုက္ေတာ့ ကိုယ္ဆံပင္ေတြကို တစ္ ခ်က္ဖြရင္း သူ႔အလုပ္စားပြဲဆီ လွည့္ထြက္သြားသည္ ။

အခ်ိန္ေတြ ေတာ္ေတာ္ႀကီးကိုၾကာတဲ့အထိ သူကအလုပ္ေတြလုပ္ေနတုန္း ။ တစ္ခ်က္တစ္ခ်က္ ေခါင္းကိုဘယ္ညာေစာင္းၿပီး လွည့္ေနတာျမင္ရတာမို႔ သူ
ေညာင္းေနေလမလားေတြးမိကာ ထိုေနရာဆီေလ်ွာက္ သြားလိုက္တယ္ ။ ခံုေနာက္ကေနဝင္ရပ္လိုက္ရင္း သူ႔ ပခံုးေပၚကိုယ္လက္ေခ်ာင္းေလးေတြကိုတင္ ကာေျပးလႊားေစလိုက္တဲ့အခါ ---

" ကိုယ့္ကို ႏွိတ္ေပးေနတာေပါ့ေလ ၊ ဒီအလိမၼာေလးက "

" ေညာင္းေနမယ္ထင္လို႔ "

" အင္း ေစာေစာကေညာင္းေနတာ ၊ အခုေတာ့အေညာင္းကိုေျပေနေရာပဲ "

" အပိုေတြေျပာျပန္ၿပီ "

" ကိုယ့္စကားမယံုဘူးေပါ့ေလ ၊ တကယ္ေျပာေနတာကို "

" အင္းပါ !! အေညာင္းေျပတယ္ဆိုလဲ ၿပိ္ီးေရာ "

႐ုတ္တရက္ ကိုယ့္လက္ကိုဆြဲလိုက္ၿပီး သူ႔ေပါင္ေပၚထိုင္ေစလိုက္သည္ ။ ခါးေတြကိုတင္းတင္းဖက္ထားရင္း ကိုယ့္ေက်ာဆီမွာ သူ႔မ်က္ႏွာကိုကပ္ထားလို႔ ။
ခဏေလာက္ၿငိမ္သက္ေနၿပီးကာမွ ---

" ရာဇ္ !!"

" အင္း!  ေျပာေလ "

" ဘာေတြပဲၾကံဳလာၾကံဳလာ ၊ ေကာင္းတာေရာ ဆိုးတာေရာေပါ့ အဲလိုေတြၾကံဳလာလဲ ကိုယ့္နားမွာပဲ ေနမယ္မို႔လား ၊ ကိုယ့္ကိုထားခဲ့ျပီးေတာ့ ထြက္မသြားဘူးမို႔လား "

" ေနမွာေပါ့ ၊ ဘာလို႔ထြက္သြားရမွာလဲ "

" တကယ္ ထြက္မသြားရဘူးေနာ္ ၊ ကတိေပးလား "

" ထြက္မသြားပါဘူး ၊ တကယ္ကတိေပးပာတယ္ ၊
တစ္ခုေတာ့ရွိတယ္ ခင္ဗ်ားထြက္သြားလဲ လိုက္ဆြဲမထားဘူး ၊ ကိုယ့္စိတ္ကိုယ့္သေဘာေပါ့ "

" ကိုယ္ကဘာလို႔ထြက္သြားရမွာလဲ "

" သေဘာေျပာျပတာပါ "

" သေဘာလဲမေျပာျပနဲ႔ ၊ ညေနအလုပ္ကျပန္ရင္
ဘယ္ဝင္ခ်င္ေသးလဲ ၊ သြားခ်င္တဲ့ေနရာ႐ွိလား ၊ လိုက္ပို႔ေပးမယ္ "

" ဘယ္မွမဝင္ခ်င္ဘူး "

" ဟုတ္ပါၿပီ ၊ အခုေတာ့ တစ္ခ်က္ေလာက္ အနမ္းေပးပါရေစ ၊ ကိုယ့္အေမာေျပေလးရယ္ "

ေျပာေျပာဆိုဆို ကိုယ့္မ်က္ႏွာကို ဆြဲႏွိမ့္တာခံလိုက္ ရၿပီး ႏႈတ္ခမ္းခ်င္းထိေတြ႔ေစလိုက္သည္ ။ ခဏေလးနဲ႔ ရပ္တန္ဖို႔အစြမ္းေဆာင္ႏိုင္တဲ့ အနမ္းေတြဟာ ရစ္မူးသာယာဖို႔ေကာင္းစြာ ။ ခ်ိဳၿမိန္ျခင္းလဲမည္၏ ။
ရင္ခုန္ျခင္းလဲမည္၏ ။

<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>

" ရာဇ္ !! ဦးသိဒၶိက ဘယ္ေတာ့လာမွာလဲ "

" မနက္ကိုလာမယ္တဲ့ မမ ၊ ထြက္လာရင္ ဖုန္းအရင္
ႀကိဳဆက္မယ္လို႔ေျပာတယ္ "

" မမ မနက္စာစီစဥ္ထားမယ္ေလ ၊ သူဘာေတြစားတက္လဲ ၊ ဘာေတြႀကိဳက္လဲ "

" မလုပ္နဲ႔ေတာ့ မမ ၊ သူ မစားအားေလာက္ဘူး ၊ အလုပ္က႐ႈပ္ပါဘိနဲ႔ ၊ ထားလိုက္ "

မမက ကိုယ့္အနားမွာလာထိုင္က လက္ေလးကို
ခပ္ဖြဖြကိုင္လာသည္ ။

" ေမာင္ေလး အခုေျပာမယ့္စကားေတြကို ေသေသ
ခ်ာခ်ာနားေထာင္ေနာ္ ၊ တကယ္လို႔ အိမ္ေထာင္ျပဳ
ၿပီးရင္ အရင္လို စိတ္လိုက္မာန္ပါေတြမေျပာနဲ႔ ၊ မလုပ္ေတာ့နဲ႔ ၊ ကိုယ္က ဘာရယ္မဟုတ္ အက်င့္ပါလို႔
ဆဲမိတာဆိုရင္ေတာင္ သူက ကိုယ့္ထက္အသက္
ႀကီးတဲ့အိမ္ေထာင္ဖက္ ျဖစ္ေနတယ္ ၊ သူစိတ္ညစ္
ေအာင္မလုပ္နဲ႔ "

" ဟုတ္ကဲ့ပါ မမရယ္ ၊ မသိရင္ ကြၽန္ေတာ္ကဆိုးေပ
ေနတဲ့လူက်ေနတာပဲ "

" အဲသေဘာေျပာတာမဟုတ္ပါဘူး ေမာင္ေလးရယ္ ၊ ခ်စ္လို႔ယူထားက်ေပမယ့္ တစ္ေကြ႔ေကြ႔မွာေတာ့
စိတ္သေဘာထားခ်င္း မတိုက္ဆိုင္တာေတြ ျဖစ္လာ
တက္တယ္ ၊ အဲအခ်ိန္ေတြမွာ သတိထားဖို႔ေျပာတာပါ "

" ဟုတ္ဟုတ္! ကြၽန္ေတာ္သတိထားပါ့မယ္ ၊ ဦးသဒိၶ
ေျပာသမ်ွကိုလဲ နားေထာင္မွာပါ "

" လက္ထပ္ၿပီးရင္ေရာ Club မွာ "

" ဟင့္အင္း ၊ သူ႔ကုမၼဏီမွာပဲ အလုပ္ဝင္ေတာ့မယ္ ၊
သူက Club မွာလုပ္တာမႀကိဳက္ဘူးေလ "

" မလုပ္တာလဲ ေကာင္းပါတယ္ ၊ ဘာပဲျဖစ္ျဖစ္ သူ
က မမတို႔မိသားစုရဲ႕ ေက်းဇူး႐ွင္ဆိုတာကိုမေမ့နဲ႔ ၊
အလုပ္႐ႈပ္တဲ့သူ႔ကို စိတ္ပူရမယ့္အလုပ္ဆို ဘာမွမလုပ္နဲ႔ "

" ကဲလို႔! ဟုတ္ပါၿပီ !အခုေတာ့ ကြၽန္ေတာ္နားခ်င္ၿပီ ၊
သြားေတာ့မယ္ "

မမဆီက ဘာစကားမွထြက္မလာခင္ပဲ အခန္းထဲဝင္
လာလိုက္သည္ ။ ဒီေန႔ည လူႀကီးကိုေျပာၿပီး အိမ္မွာ
ျပန္လာအိပ္တာ ။ မနက္ကို လက္ထပ္ဖို႔ကိစၥေတြတိုင္ပင္ဖို႔ သူကအိမ္လာမွာမို႔ေလ ။ အိပ္ယာေပၚလဲွခ်လိုက္ရင္း ကိုယ့္မိသားစုအေၾကာင္းကို ျပန္ေတြးမိပါတယ္ ။

ကုသိုလ္ကံမေကာင္းတဲ့အခ်ိန္ စီးပြားေတြပ်က္ၿပီး
ဘဝေတြ မပ်က္ရံုတမယ္ ။ ဘာလုပ္ရမယ္မွန္းမသိတဲ့အခ်ိန္ ေရနစ္သူဝါးကူထိုးခ်င္တဲ့ ပတ္ဝန္းက်င္ ။

ကိုယ့္မိသားစုေတြ တကယ္အက်ဥ္းအက်ပ္ထဲေရာက္ေနခ်ိန္မွာ တိုက္တိုက္ဆိုင္ဆိုင္ ဆံုေတြ႔ခဲ့ရတဲ့
လူႀကီး ။ သူနဲ႔ဆံုရတာ တကယ္ကို ကံေကာင္းမႈပါပဲ ။ ကိုယ့္စိတ္ကိုလဲ ေႏြးေထြးေစသလို ၊ လံုျခံဳမႈလဲေပးတက္သူ ။

အျပင္ပံုစံက မာေက်ာသလိုထင္ရေပမယ့္ ကိုယ့္ကို ဂ႐ုစိုက္ေပးတက္တဲ့အခ်ိန္ေတြဆို တကယ္ကို ႏူးညံ႔မႈအျပည့္ ။ ဆံုေတြ႔ခ်ိန္ေတြက သိပ္ကိုတိုေတာင္းေသးေပမယ့္ ဒီအခ်ိန္တိုေလးအတြင္းမွာပဲ ခ်စ္ျခင္းေမတၱာနဲ႔ ႏူးညံ႔မႈေတြကို အေကာင္းဆံုးသင္ျပသြားတဲ့လူ ။

ေနာက္ထပ္ မၾကာေတာ့တဲ့အခ်ိန္မွာ ကိုယ္နဲ႔သူ
လက္ထပ္ရေတာ့မယ္ ။ မမေျပာသလိုပဲ ကိုယ့္ရဲ႕
မေကာင္းတဲ့အက်င့္ေတြအားလံုးကို ႀကိဳးစားျပဳျပင္ သြားမွာပါ ။

ကိုယ္က ခ်စ္ျခင္းေမတၱာနဲ႔ပတ္သက္ရင္ အလံုးစံု
အျပစ္ကင္းေနတဲ့သူမဟုတ္ခဲ႔လို႔ လူႀကီးကိုလဲ အားနာရပါတယ္ ။ က်န္႐ွိေနတဲ့ တစ္ဘဝစာလံုးကေတာ့ လူႀကီးေဘးနားမွာပဲ အေကာင္းဆံုးႀကိဳးစားေနထိုင္ေတာ့မွာ အေသအခ်ာပါ ။

ဒါက ကြၽန္ေတာ့္စိတ္ႀကိဳက္ ႐ွင္သန္ေနထိုင္လာတဲ့
လူေနမႈပံုစံကို ေျပာင္းလဲခ်င္ေနမိတယ္လို႔ ပထမဆံုး
ျဖစ္တည္လာတဲ့စိတ္ကူးပဲ ။ တယုတယ ဖြင့္မေျပာ
တက္တဲ့ ကြၽန္ေတာ့္ခ်စ္ျခင္းေမတၱာကို လူႀကီးက
တကူးတကျမင္ေပးႏိုင္ရင္ေတာ့ ကြၽန္ေတာ္ဝမ္းသာရမွာပါ။

Ring! !  Ring! ! Ring! !

ဖုန္သံေၾကာင့္ ၾကည့္လိုက္မိေတာ့ လူႀကီးေခၚေနတာမို႔ ---

" ဟဲလို လူႀကီး "

" သတိရေနတယ္ ဘယ္လိုလုပ္ရမလဲ "

ခ်က္ခ်င္းေျပာခ်လိုက္တဲ့စကားေၾကာင့္ ျပံဳးမိသြားရင္း ---

" ညေနကပဲ အိမ္လိုက္ပို႔ထားတာကို "

" ညေနက အလုပ္႐ွိေတာ့ ေနရတာမသိသာဘူး ၊ ညဘက္ေရာက္ေတာ့ မေနတက္ေတာ့ဘူး ၊ ေယာင္ခ်ာခ်ာနဲ႔ကြာ ၊ မူးရင္အိပ္ေပ်ာ္မလားလို႔ ထေသာက္ေတာ့လဲ အဆင္မေျပဘူး ၊ ဒီညက်မွ ဘယ္ေလာက္ေသာက္ေသာက္မူးမေနဘူး ၊ ကိုယ္ေနရတာအဆင္မေျပလ္ု႔ိ  ဖုန္းလွမ္းဆက္မိတာ "

" အခု ဘယ္မွာလဲ "

" အိပ္ယာထဲ ဟိုလွိမ့္ဒီလွိမ့္ေပါ့ မနက္က်ရင္အလုပ္ကိုအေစာႀကီး သြားရပါမယ္ဆိုကြာ "

" အင္း VC ေျပာက်မလား ၊ လူႀကီးအိပ္ေပ်ာ္တဲ့ထိေလ "

" အင္း!! ေျပာခ်င္တယ္ "

" အဲဒါဆို ဖြင့္လိုက္ "

ခ်က္ခ်င္းပဲ ဖုန္း Screen မွာ ေပၚလာတဲ့ နီရဲရဲမ်က္
ႏွာ ။ မ်က္ႏွာကိုၾကည့္လိုက္တာနဲ႔ ကိုယ့္လူႀကီးဂါေနၿပီဆိုတာ သိႏိုင္တယ္ ။ သူ႔ကိုယ္သူေတာ့ မမူးေသးဘူးဆိုပဲ ။ တကယ္ေတာ့မူးတာမွ တဖက္ကမ္းခတ္ေနၿပီေလ ။

" ကဲ!! ဘာေျပာခ်င္လဲ "

အိပ္ယာထဲ ေဘးေစာင္းအေနအထားေတြနဲ႔ အခ်င္း
ခ်င္းၾကည့္ေနတာမို႔ သူ႔ကိုေမးလိုက္မိေတာ့ ေခါင္းပဲ
ခါျပလာတယ္ ။

" ဒီတိုင္းၾကည့္ေနခ်င္တယ္ "

" Okay !!"

တကယ္လဲ တစ္နာရီနီးပါးကို ဘာစကားမွမေျပာဘဲ ၾကည့္ေနတဲ့လူႀကီး ။ ေနာက္ေတာ့ မူးမူးနဲ႔အိပ္ေပ်ာ္
သြားပါေတာ့တယ္ ။ အိပ္မေပ်ာ္ဘူးဆိုၿပီးဖုန္းဆက္ တာက သူ ။ တကယ္တမ္း တစ္ညလံုးမအိပ္ဘဲ သူ႔မ်က္ႏွာကို ထိုင္ၾကည့္ေနမိတာက ကိုယ္  ။ ႏွစ္ႏွစ္ျခဳိက္ျခဳိက္အိပ္ေပ်ာ္ေနတဲ့ပံုေလးေတြကိုေတာ့ ျမတိႏိုးမႈနဲ႔ သိမ္းထားမိပါတယ္ ။ ဒီလူႀကိ္ီးက ကိုယ့္အတြက္ေတာ့ အႏိႈင္းအမဲ့ပါပဲ ။

<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>

" ကိုယ္ေရာက္ေနၿပီ ရာဇ္ "

ဆိုၿပီး ဖုန္းဆက္လာတာေၾကာင့္ အိမ္ေပၚကေနေျပး
ဆင္းၿပီး တံခါးဖြင့္ေပးလိုက္တယ္ ။ အျမဲသန္႔ျပန္႔ေန
တက္တဲ့ကိုယ့္လူႀကီးက ဒီေန႔မွာေတာ့ အျဖဴေရာင္ေကာ္လံတုံးေလးနဲ႔ ေယာပုဆ္ုိး အစိမ္းေရာင္ေလးကိုဝတ္ထားပါတယ္ ။

" ေရာက္လာၿပီေပါ့ "

" အင္း !! ဘယ္သူေတြ႐ွိလဲ "

" မမ ႐ွ္ိတယ္ ၊ အကိုက အလုပ္သြားၿပီ "

" ေအာ္ !! "

အိမ္ထဲေရာက္တာနဲ႔ အဆင္သင့္ေစာင့္ေနတဲ့ မမကို
---

" မမ!!  ဒါ ဦးသိဒိၶေလ "

" ေအာ္ !!ဟုတ္ကဲ့!! ေတြ႔ရတာဝမ္းသာပါတယ္ "

" လူႀကီး ဒါက ကြၽန္႔ေတာ္မမေလ သဲႏုငယ္ တဲ့ "

" ဟုတ္ကဲ့ ကြၽန္ေတာ္က အေစာႀကီးထဲကလာေတြ႔ရမွာကို အလုပ္ေတြကမအားတာနဲ႔ ေနာက္က်သြားတယ္ ၊ အားနာစရာေတာ့ ေကာင္းေနၿပီ "

" မဟုတ္တာ အားနာစရာမလိုပါဘူး ၊ ထိုင္ပါဦး႐ွင့္ ၊ ဒါနဲ႔ေလ ေမာင္ေလးေရ လမ္းထိပ္ကစတိုးဆိုင္မွာ မမ မွာထားတာေလးေတြ႐ွိလို႔ သြားယူေပးပါလား ၊
မမလႊတ္လိုက္တယ္ေျပာေနာ္ "

" အခုလား "

" ဟုတ္တယ္ ေတာ္ၾကာဆိုင္ပိတ္သြားမွာစိုးလို႔ ၊ ျမန္ျမန္သြားလိုက္ "

" အင္းပါ! !! လူႀကီး ကြၽန္ေတာ္ "

" ရတယ္ ကိုယ္စကားေျပာရင္း ေစာင့္မယ္ေလ ၊
ေျဖေျဖးသြား "

" ဟုတ္!! "

ရာဇ္ အိမ္ျခံထဲကေနထြက္ၿပီး လမ္းေပၚေရာက္မွ လက္ထဲမွာ ပိုက္ဆံအိတ္ပါမလာတာကိုသတိရၿပီး အိမ္ ကိုုျပန္လွည့္လာခဲ့ရပါသည္ ။အိမ္ထဲဝင္ခါနီးမွာေတာ့
အထဲကေန ၾကားလိုက္ရတဲ့အသံေၾကာင့္ လွမ္း
ေနတဲ့ေျခလွမ္းေတြကို ရပ္တန္႔လိုက္ရင္း အထဲကိုနားစြန္႔မိတဲ့အခါ ---

" နင္ ဒါကိုသက္သက္ႀကီး လုပ္တာမို႔လား ၊ ရာဇ္ ကို! ရာဇ္ကို !! ငါ့ေမာင္ေလးမွန္းသိလို႔ေလ "

" ဒါေပါ့!  သက္သက္မဲ့ လုပ္တာအျပင္ ဘာ႐ွိရဦး
မွာလဲ ၊ သကၠရာဇ္ က သဲႏုငယ္ရဲ႕ ေမာင္သာမဟုတ္ခဲ့ရင္ Club မွာအလုပ္လုပ္ေနတဲ့ ေကာင္ကို ငါက တကူးတက ခ်ဥ္းကပ္စရာလိုမလား ၊ ငါလိုခ်င္ရင္
အေကာင္းစား အသန္႔ေလးေတြမွ ေပါလို႔ ၊ ဒါနဲ႔အခု ေတာ္ေတာ္မွ စိမ့္ရဲ႕လား သဲႏုငယ္ ၊ မင္းကမ်က္ႏွာမြဲဆိုၿပီး စြန္႔ျပစ္ထားခဲ့တဲ့ ရည္းစားေဟာင္းငါက အခု မင္းရဲ႕ခ်စ္လွစြာေသာ ေမာင္ေလးရဲ႕ ေယာက်္ား ၊ မင္းတို႔မိသားစုရဲ႕ ေက်းဇူး႐ွင္ျဖစ္လာတာေလ ၊ အခု
ဘယ္လိုေတြမ်ား ခံစားေနရလဲဟင္ ၊ ေျပာျပပါဦး"

႐ုတ္တရက္ၾကားလိုက္ရတဲ့ စကားေၾကာင့္ ရာဇ္တစ္ကိုယ္လံုးေအးခဲသြားၿပီး အသက္႐ႈဖို႔ ေမ့သြားရပါတယ္ ။ လူႀကီးက မမရဲ႕ ---။

အေတြးေတြ မဆံုးခင္ ၊ အရာအားလံုးကို သတိမထားမိခင္မွာပဲ ကိုယ့္ ကမၻာက အေမွာင္အတိ ။

                       Phoenix12

3.4.2022
A.M - 8:00

📌 A/N - 5.4.2022 အခုလိုအခ်ိန္မွာ ျပန္ေတြ႔က်မယ္ေနာ္ ။ ဇာတ္လမ္းက အခုမွ စမွာပါလို႔ ။

<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>

Part - 7

                My Oleander Hubby

" ရာဇ်! ! အလုပ်သစ်ကိစ္စကို ဆက်မလုပ်နဲ့တော့နော် ၊ ကိုယ်ပြောတာကြာလား ၊ အလကား အရေးမပါတာတွေ ၊ ကိုယ်စိတ်မချဘူး "

" အင်း "

" ဒီရက်ထဲ ကိုယ်မင်းအိမ်ကိုလိုက်တွေ့မယ် ၊ ကိုယ့်
ဒယ်ဒီက အရင်ထဲက နိုင်ငံခြားမှာနေတော့
လက်ထပ်ပွဲလာဖို့ အဆင်ပြေမှာမဟုတ်ဘူး ၊ မာမီကတော့ ဒီမှာပဲနေတာ ၊ ဒါပေမယ့် သူကလဲအခု နိုင်ငံခြားရောက်နေတယ် ၊ ကိုယ့် ဒယ်ဒီရော မာမီရောကနောက်အိမ်ထောင်ထူထောင်ထားကျတာလေ ၊ မာမီက အခု သူ့အမျိုးသားဘက်ကအလုပ်တွေကို
ကိုပဲ အားစိုက်လုပ်နေရတာဆိုတော့ ကိုယ့်ဘက်
လှည့်မကြည့်နိုင်ဘူး ဖြစ်နေတာ ၊ မင်္ဂလာဆောင်
ရင် သူတို့လာနိုင်ဖို့မသေချာပေမယ့်  ရာဇ်အ
တွက် အကောင်းဆုံးလုပ်ပေးပါ့မယ် ၊ ကိုယ်ကမိသားစုနဲ့ အတူမနေတာလဲ ကြာပြီဆိုတော့ သူတို့
ကလဲ ကိုယ့်အကြောင်းကိစ္စတွေဆို ခေါင်းထဲသိပ်မထည့်ကျဘူး ၊ ကိုယ့်ကို စိတ်ချတာလဲပါတာပေါ့ ၊
မိဘတွေမလာနိုင်ရင်တောင် ကိုယ့်ကောင်လေး
မျက်နှာမငယ်စေရပါဘူး ၊ အဲဒါတော့ စိတ်ချပါ "

" အင်းပါ! ! "

ကိုယ်က စကားတွေအများကြီးပြောနေပေမယ့် တဖက်ကပြန်ရလာတာက အင်း ၊ အင်းပါလောက်လာဖြစ်ပြီး လူကလဲဆေးလိပ်အဖွာမပျက် ။ နောက်ဆုံး
ကိုယ့်ကိုတောင် တချက်လှည့်မကြည့်တာမို့ ---

" ရာဇ် !! ကိုယ်ပြောတဲ့စကားတွေက မင်းအတွက် အသုံးမဝင်တာမျိုး ဖြစ်နေတာလား ၊ စိတ်ဝင်တစားနားထောင်ပေးရလောက်အောင် အရေးမပါတဲ့ ဘောင်မဝင်တန်းမဝင်တွေ ဖြစ်နေတာလား ၊ ပြောရတဲ့သူ စိတ်ဓာတ်ကျတယ် ၊ မင်းကလေ ကိုယ့်ကိုဆို အမြဲတမ်း အဲလိုအချိုးမျိုးချိုးတယ် ၊ မင်္ဂလာကိစ္စအတွက်ပြောနေတဲ့လူကို ဆေးလိပ်လောက်တောင်
အရေးမစိုက်ဘူး "

ခပ်မာမာထွက်လာတဲ့ စကားသံကြောင့် ရာဇ် လူကြီးကို သေသေချာချာကြည့်လိုက်ရင်း ---

" ဟောဗျာ! စိတ်ဝင်တစားနားထောင်နေတယ်လေ ၊
လူကြီးအဆင်ပြေသလို လုပ် ၊ ကျွန်တော်က Okay
တယ် ၊ အဲဒါကြောင့် ဘာမှပြန်မပြောတာပါ ၊ အဲဒါကို ဘာတွေအထအနကောက်နေတာလဲ ၊ ကလေးလဲ မဟုတ်ဘူး ၊ ကဲပါ ကျန်တာဆက်ပြော ၊ မျက်နှာကိုကြည့်ပြီး သေသေချာချာ နားထောင်ပေးမယ် "

" တော်ပြီ! ! ဒီကိစ္စကို နောက်မှဆက်ပြောတော့မယ် ၊ ကိုယ့်စိတ်ထဲ တစ်မျိုးဖြစ်သွားပြီ ၊ ရာဇ်ကလေ တစ်ခါတစ်လေ ကိုယ့်ကိုစိတ်ဒုက္ခသိပ်ပေးတာပဲ "

ရာဇ်ကတော့ လူကြီးကိုကြည့်ရင်း ပြုံးလိုက်မိတယ် ။
သောက်လက်စ ဆေးလိပ်ကို ခေါင်းမော့ပြီး အားရအောင်ဖွာလိုက်ကာ လူကြီးဘေးနားကိုသွားလိုက်သည် ။ ပြီးတာနဲ့လူကြီး အကျႌကော်လံကစနေဆွဲကိုင်လိုက်ကာ နှုတ်ခမ်းချင်းတေ့လိုက်၏ ။ ဆေးလိပ်
ငွေ့တွေကို သူ့ပါးစပ် ထဲအားရပါးရမှုတ်ထည့်လိုက် တာကြောင့် ---

" ရာဇ် ဘာလုပ် --"

စကားကိုဆုံးအောင်ပြောခွင့်မပေးဘဲ အနမ်းတွေအစပျိုးလိုက်သည် ။ အစပိုင်းမှာငြိမ်သက်နေပေမယ့်
သိပ်မကြာခင်ပဲ လူကြီးရဲ့လက်တဖက်က ကိုယ့်ခါး
ပေါ်ကရောက်လာပြီး ကျန်လက်တစ်ဖက်က ကိုယ့်
လည်ပင်းကိုသိုင်းဖက်လာ၏ ။ လွတ်ထွက်မသွား
အောင် သေချာချုပ်နှောင်ပြီးမှ နမ်းလာတဲ့အနမ်း
တွေက ကိုယ့်နှုတ်ခမ်းတွေကို ကြမ်းတမ်းစွာဝါးမျိုစားသောက်လို့ ။ သူနမ်းလို့အဆင်ပြေအောင် ကိုယ့်
ခေါင်းလေးကိုငဲ့စောင်းပေးထားလိုက်တယ် ။ သိပ်မကြာခင်ပဲ ကိုယ့်လည်တိုင်တွေဆီ ပြောင်းရွှေ့လာတဲ့
အနမ်းတွေ ။

နမ်းတာထက်ကိုပိုတဲ့ ကိုက်ခဲမှုတွေကြောင့် ---

" အား !! နာတယ် လူကြီးရယ် "

လည်ပင်းတွေကို ကိုက်ခဲနေရာကနေ တဖြည်းဖြည်နဲ့ ကိုယ့်နားရွက်ဖျားတွေကို စုပ်ယူလာပြီး ---

" မှတ်ပြီလား!! နောက်တစ်ခါဆို အနာမခံချင်ရင် လာမစနဲ့ "

ရာဇ် သူ့ကို မျက်ခုံးတစ်ချက်ပင့်ပြလိုက်ရင်း ---

" စမှာပဲ "

" စရင်တော့ နာမှာပဲလေ "

" အင်း!! အနာကိုခံချင်လွန်းလို့ပါ "

ကိုယ့်စကားကြောင့် လူြကီးကတဟားဟားအော်ရီလာကာ ---

" ဟား !ဟား! ဟား !ဟား !ရာဇ်ရယ် တကယ်ကောင်ကွာ၊ စိတ်ဆိုးချင်နေတဲ့စိတ်တောင် ပျောက်သွားတယ် "

တကယ်သဘောကျလွန်းလို့ တဟားဟားအော်ရီမိ
ရင်းကနေ ရာဇ်ကို ကိုယ့်ပေါင်ပေါ်မှာ ထိုင်စေလိုက်
တယ် ။ ရာဇ်ကတော့ ကိုယ်ပေါင်ပေါ်မှာထိုင်ရင်းက
နေ နောက်ထပ်ဆေးလိပ်တစ်လိပ်ကို ထပ်ပြီးမီးညှိ
နေပြန်ပြီ ။ ဆေးလိပ်နံ့မွှန်နေတဲ့ သူ့နှုတ်ခမ်းတွေကို
ထိယုံလေးထပ်နမ်းလိုက်ရင်း သူ့နှာခေါင်းလေးနဲ့
ကိုယ့်နှာခေါင်းကို ပွတ်ဆွဲနေလိုက်ကာ ---

" ဆေးလိပ်ကို အရမ်းကြိုက်တာပဲလား ရာဇ် "

ကိုယ့်ကိုတစ်ပြန် နမ်းလာရင်း ---

" လူကြီးကို ချစ်ရတာ ပိုပြီး ကြိုက်ပါတယ် ၊ ဆေးလိပ်နဲ့ပီကေကတော့ လူကြီးပြီးမှပေါ့ "

ကိုယ့်ရင်ဘက်တွေဆီကို နှာခေါင်းနဲ့ပွတ်ဆွဲပေးနေတာကြောင့် ---

" ခြွေနေလိုက် အဲလိုစကားလုံးတွေနဲ့ ၊ ဒါမှ ကိုယ် မင်းနားကနေ ဘယ်ကိုမှ ရုန်းမထွက်နိုင်မှာ "

" အမှန်တိုင်းပြောတာ ၊ ရုန်းထွက်သွားလဲ ရပါတယ် ၊ မနေချင်တဲ့သူကို ဘယ်တော့မှဆွဲမထားပါဘူး "

" ကိုယ်က ဘာလို့ထွက်သွားရမှာတုန်း "

" သဘောပြောပြတာပါ "

" သဘောလဲ ပြောမပြနဲ့ ၊ ကိုယ်ပြောတာကိုနား
ထောင် ၊ မနက်ကျရင် ရာဇ်အိမ်မှာပဲနေ ၊ ကိုယ်
အလုပ်ကို ရာဇ် လာပေးရမယ့် ကိစ္စရှိတယ် ၊ ကိုယ်
ဟိုမှာအလုပ်အားတာနဲ့ လာခေါ်မယ့်ကားလွှတ်လိုက်မယ် "

ထူးထူးဆန်းဆန်း သူ့အလုပ်ဆီကို ကိုယ့်ကိုခေါ်မယ်ဆိုတာကြောင့် ---

" လူကြီးအလုပ်ကို ကျွန်တော်က ဘာလာလုပ်ရမှာလဲ "

" ရောက်ရင် သိမှာပေါ့ ၊ လိုက်သာလာခဲ့နော် "

" ပြီးတာပဲ "

" ကိုယ့်ကောင်လေးက အရင်ကထက်စာရင်အများ
ကြီး လိမ္မာလာတာပဲ ၊ ညကျရင် ဆုချရမယ်၊ ဘယ်ပုံစံကြိုက်လဲ ကြိုတွေးထား "

" -ီး ကိုဆုချ! ! "

ကိုယ့်စကားဆုံးတာနဲ့ အားကြီးနဲ့ ဆဲချလိုက်တဲ့ ကောင်လေး ။

" ဟောဗျာ ၊ ချီးကျူးတောင်မခံပါလား ၊ ကဲပါ မနက်ကျရင်သာ ကိုယ်လူလွှတ်ခေါ်တဲ့အချိန်လိုက်လာခဲ့နော် "

" အင်း "

<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>

" ဓနသိဒ္ဓိကုမ္မဏီ " ဆိုတဲ့ ခေါင်းစဉ်အောက်က အဆောက်အဦးကို ရာဇ်ငေးကြည့်ယုံနဲ့ အံသြမှင်သက်
နေရပါသည် ။ ကုမ္မဏီအဆောက်အဦးက ဘယ်နှစ်
ထပ်တောင်ရှိလဲမသိနိုင်ပေမယ့် တကယ်ကိုမိုးထိလုမတက် ။ ဒါပြင်ကိုမှ ကုမ္မဏီခွဲတွေလဲ အများကြီးရှိ
နေသေးသေးတယ်ဆိုတာ ကိုယ်အသိ ။

လောလောဆယ်ကိုယ်ရောက်နေတဲ့ အထပ်ကတော့ ကျောက်မြတ်ရတနာတွေ ရောင်းချနေတဲ့အထပ် ။ ကိုယ့်တသက်နဲ့တစ်ကိုယ် တစ်ခါမှမမြင်ခဲ့ရဖူးသည့် ကျောက်စိမ်းတုန်းကြီးတွေက တောင်ပုံယာပုံ။
အရင်တစ်ချိန် ကိုယ့်ယောက်ဖစီးပွားရေးအဆင်ပြေနေတဲ့အချိန်တုန်းက ကိုယ်တွေမိသားစုကလဲ လူကုန်ထံအသိုင်းအဝိုင်းထဲဝင်ဆံံ့ပေမယ့် ကိုယ့်လူကြီး
ရဲ့ပိုင်ဆိုင်မှုတွေနဲ့ယှဉ်ရင်တော့ လုံးဝကိုမြူမှုန် သာ သာအခြေအနေ ။

" ရာဇ်!! ရောက်လာပြီလား "

အသံကြောင့် နောက်ကိုလှည့်ကြည့်လိုက်တော့
အနောက်တိုင်းဝတ်စုံအပြည့်အစုံနဲ့ ကိုယ့်လူကြီး ။
ဆံပင်ရှည်ရှည်တွေကို ကြေးနီရောင်တောက်တောက်ဆိုးထားပြီး အမြဲတစေနောက်လှန်ဖြီးသင်ထားပုံက တကယ်ကို ထိပ်တန်းလုပ်ငန်းရှင်တစ်ယောက် ရဲ့ အငွေ့အသက် အပြည့်အဝရနေစေတာမျိုး ။

" ဟုတ် ရောက်ပြီ "

" ကိုယ့်ရုံးခန်းသွားရအောင် လာခဲ့ ၊ ပြီးမှာ ကုမ္မဏီအထပ်တွေကို လိုက်ပြပေးမယ် "

VIP သီးသန့်အတွက်ထားတဲ့ ဓာတ်လှေကားနဲ့ သူ့ရုံးခန်းထဲကိုရောက်တဲ့အချိန် တံခါးကိုကျောခိုင်း
ပြီးထိုင်နေတဲ့ လူနှစ်ယောက် ။ အနားကိုရောက်တဲ့အချိန် သေသေချာချာကြည့်လိုက်တော့မှ နှစ်ယောက်ထဲကတစ်ယောက်ဟာ ကိုယ့်ယောက်ဖဖြစ်နေပြီး
ကျန်တစ်ယောက်က လူကြီးရဲ့ရှေ့နေ ။

" ဦးသိဒ္ဓိ! ! "

အခြားလူတွေရှိနေတာကြောင့် သူနာမည်ကိုခေါ်လိုက်မိတယ် ။

" အရင်ထိုင်လိုက်ဦး ၊ ပြီးရင် ကိုယ် အကုန်ရှင်းပြမယ် "

" ဟုတ်တယ် ရာဇ် ၊ ထိုင်လိုက်ပါဦး "

ယောက်ဖကပါ ဝင်ပြောနေတာကြောင့် ဘာမှန်းမသိပဲဝင်ထိုင်လိုက်ရတယ် ။ ပြီးတော့မှ ယောက်ဖနဲ့မမ ရဲ့နာမည်ပါတဲ့ စာချုပ်တစ်ခုက ကိုယ့်အရှေ့ ကိုရောက်လာတာ ။ ယူကြည့်လိုက်တော့ ကုမ္မဏီတစ်ခုကို လွှဲပြောင်းပေးတဲ့စာချုပ် ။

" ဒါက ဘာလဲ "

နားမလည်သလို မေးလိုက်မိတဲ့ကိုယ့်ရဲ့ အမေးစကားကြောင့် ---

" ကိုယ့် ကုမ္မဏီတွေထဲမှာ လုပ်ငန်းရပ်ထားရတဲ့ကုမ္မဏီတစ်ချို့ရှိနေတယ် ရာဇ် ၊ အဲထဲကမှတစ်ခုကို
ရာဇ်တို့မိသားစုဆီ လွှဲပေးတာ ၊ သဘောကကွာ
အပြီးအလကားပေးတာမျိုးမဟုတ်ပဲ ဒီကုမ္မဏီကို
ဦးဆောင်ခိုင်းလိုက်တာပေါ့ ၊ နောက်မှ ကုမ္မဏီအကျိုးအမြတ်ထဲကနေ ကိုယ့်ကိုပိုက်ဆံပြန်အမ်း ။
အဲလိုမျိုး ၊ နောက်ဆို ကိုယ်တို့ကမိသားစုတွေ
ဖြစ်တော့မှာလေ ၊ ကိုယ့်လုပ်ငန်းတွေကို ကိုယ့်မိသားစုတွေကပဲ ဦးဆောင်စေချင်တာ "

လူကြီးစကားအဆုံးမှာတော့ ---

" အကိုလဲ အစကတော့ ငြင်းပါသေးတယ် ၊ နောက်မ၊ သေသေချာချာပြန်စဉ်းစားပြီ လက်ခံလိုက် တာ ၊ အကိုတို့မိသားစုအတွက် ဒါကအသင့်တော်ဆုံးပဲလို့ တွေးလိုက်မိလို့ "

ယောက်ဖဖြစ်သူရဲ့ စကားကြောင့် ---

" မမ သိပြီးပြီလား "

" နည်းနည်းပါးပါးတော့ ပြောပြထားပါတယ် "

" အများကြီးအတွေးမလွန်ပါနဲ့ ၊ ကုမ္မဏီကို ဒီတိုင်းရပ်ထားရမယ့်အတူတူ နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့်လမ်းကို ရွေးလိုက်တာပါ ၊ ရာဇ် ကို ကြိုမပြောတာက
အတွေးလွန်မှာစိုးရိမ်လို့ ၊ ဘာမှအများကြီးမတွေးနဲ့
နော် ၊ ကိုယ်ပြောတာကို ယုံ "

ကိုယ့်လက်တစ်ဖက်ကို သူ့လက်လေးနဲ့ ခပ်ဖွဖွပုတ်ပေးပြီးပြောလာတဲ့စကားကြောင့် ပြုံးလိုက်မိပါ
တယ် ။ ဒီလူကြီးဟာ ကိုယ့်လိုလူကိုတောင် စကား
ချိုချို အပြုံးချိုချိုလေးနဲ့ သိမ်းသွင်းနိုင်တဲ့ တစ်ဦးတည်းသော လူပါလား ။

" အင်းပါ !! အကုန်အဆင်ပြေတယ်ဆိုလဲ ပြီးတာပါပဲ "

" Okay!! ဒါဆို သက်သေနေရာမှာ ရာဇ် လက်မှတ်လေးထိုးလိုက်နော် "

ကိုယ့်အရှေ့က စာချုပ်တွေမှာ ရာဇ် ခပ်မြန်မြန်ပဲ
လက်မှတ်ထိုးလိုက်သည် ။ အကုန်ပြီးလို့ ယောက်ဖနဲ့ ရှေ့နေပြန်သွားတဲ့အချိန် ကိုယ် နဲ့လူကြီးနှစ်ယောက်ထဲသာကျန်နေခဲ့ပါတယ် ။

" လူကြီး အလုပ်ရှိနေတယ်မို့လား ကျွန်တော်ဘာသာပြန်လိုက်တော့မယ် "

" နေပါဦး ရာဇ်ရယ် ၊ ညနေကျမှ ကိုယ်နဲ့အတူတူပြန်လေ နော် ၊ ရာဇ်လဲ အားနေတာပဲဟာ "

တောင်းပန်သလို လေသံနဲ့ပြောလာတာကြောင့် ---

" အင်းလေ အဲဒါဆိုလဲ စောင့်နေမယ် "

" Okay ဒါဆို ကိုယ်အလုပ်လုပ်လိုက်ဦးမယ် ၊ ရာဇ် ခဏထိုင်နေဦးနော် ၊ ဘာစားချင်တာရှိလဲ အောက် ထပ်မှာ အကုန်မှာလို့ရတယ် "

" ရတယ် မစားတော့ဘူး "

" အဲဒါဆို ရာဇ် ခဏထိုင်နေဦး ၊ ကိုယ် အလုပ်လုပ်တွေ တော်တော်များများကျန်နေသေးလို့ ၊ ရုံးချိန်အမှီလေး လုပ်လိုက်ဦးမယ် "

ခေါင်းပဲညှိမ့်ပြလိုက်တော့ ကိုယ်ဆံပင်တွေကို တစ် ချက်ဖွရင်း သူ့အလုပ်စားပွဲဆီ လှည့်ထွက်သွားသည် ။

အချိန်တွေ တော်တော်ကြီးကိုကြာတဲ့အထိ သူကအလုပ်တွေလုပ်နေတုန်း ။ တစ်ချက်တစ်ချက် ခေါင်းကိုဘယ်ညာစောင်းပြီး လှည့်နေတာမြင်ရတာမို့ သူ
ညောင်းနေလေမလားတွေးမိကာ ထိုနေရာဆီလျှောက် သွားလိုက်တယ် ။ ခုံနောက်ကနေဝင်ရပ်လိုက်ရင်း သူ့ ပခုံးပေါ်ကိုယ်လက်ချောင်းလေးတွေကိုတင် ကာပြေးလွှားစေလိုက်တဲ့အခါ ---

" ကိုယ့်ကို နှိတ်ပေးနေတာပေါ့လေ ၊ ဒီအလိမ္မာလေးက "

" ညောင်းနေမယ်ထင်လို့ "

" အင်း စောစောကညောင်းနေတာ ၊ အခုတော့အညောင်းကိုပြေနေရောပဲ "

" အပိုတွေပြောပြန်ပြီ "

" ကိုယ့်စကားမယုံဘူးပေါ့လေ ၊ တကယ်ပြောနေတာကို "

" အင်းပါ !! အညောင်းပြေတယ်ဆိုလဲ ပြီးရော "

ရုတ်တရက် ကိုယ့်လက်ကိုဆွဲလိုက်ပြီး သူ့ပေါင်ပေါ်ထိုင်စေလိုက်သည် ။ ခါးတွေကိုတင်းတင်းဖက်ထားရင်း ကိုယ့်ကျောဆီမှာ သူ့မျက်နှာကိုကပ်ထားလို့ ။
ခဏလောက်ငြိမ်သက်နေပြီးကာမှ ---

" ရာဇ် !!"

" အင်း!  ပြောလေ "

" ဘာတွေပဲကြုံလာကြုံလာ ၊ ကောင်းတာရော ဆိုးတာရောပေါ့ အဲလိုတွေကြုံလာလဲ ကိုယ့်နားမှာပဲ နေမယ်မို့လား ၊ ကိုယ့်ကိုထားခဲ့ပြီးတော့ ထွက်မသွားဘူးမို့လား "

" နေမှာပေါ့ ၊ ဘာလို့ထွက်သွားရမှာလဲ "

" တကယ် ထွက်မသွားရဘူးနော် ၊ ကတိပေးလား "

" ထွက်မသွားပါဘူး ၊ တကယ်ကတိပေးပာတယ် ၊
တစ်ခုတော့ရှိတယ် ခင်ဗျားထွက်သွားလဲ လိုက်ဆွဲမထားဘူး ၊ ကိုယ့်စိတ်ကိုယ့်သဘောပေါ့ "

" ကိုယ်ကဘာလို့ထွက်သွားရမှာလဲ "

" သဘောပြောပြတာပါ "

" သဘောလဲမပြောပြနဲ့ ၊ ညနေအလုပ်ကပြန်ရင်
ဘယ်ဝင်ချင်သေးလဲ ၊ သွားချင်တဲ့နေရာရှိလား ၊ လိုက်ပို့ပေးမယ် "

" ဘယ်မှမဝင်ချင်ဘူး "

" ဟုတ်ပါပြီ ၊ အခုတော့ တစ်ချက်လောက် အနမ်းပေးပါရစေ ၊ ကိုယ့်အမောပြေလေးရယ် "

ပြောပြောဆိုဆို ကိုယ့်မျက်နှာကို ဆွဲနှိမ့်တာခံလိုက် ရပြီး နှုတ်ခမ်းချင်းထိတွေ့စေလိုက်သည် ။ ခဏလေးနဲ့ ရပ်တန်ဖို့အစွမ်းဆောင်နိုင်တဲ့ အနမ်းတွေဟာ ရစ်မူးသာယာဖို့ကောင်းစွာ ။ ချိုမြိန်ခြင်းလဲမည်၏ ။
ရင်ခုန်ခြင်းလဲမည်၏ ။

<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>

" ရာဇ် !! ဦးသိဒ္ဓိက ဘယ်တော့လာမှာလဲ "

" မနက်ကိုလာမယ်တဲ့ မမ ၊ ထွက်လာရင် ဖုန်းအရင်
ကြိုဆက်မယ်လို့ပြောတယ် "

" မမ မနက်စာစီစဉ်ထားမယ်လေ ၊ သူဘာတွေစားတက်လဲ ၊ ဘာတွေကြိုက်လဲ "

" မလုပ်နဲ့တော့ မမ ၊ သူ မစားအားလောက်ဘူး ၊ အလုပ်ကရှုပ်ပါဘိနဲ့ ၊ ထားလိုက် "

မမက ကိုယ့်အနားမှာလာထိုင်က လက်လေးကို
ခပ်ဖွဖွကိုင်လာသည် ။

" မောင်လေး အခုပြောမယ့်စကားတွေကို သေသေ
ချာချာနားထောင်နော် ၊ တကယ်လို့ အိမ်ထောင်ပြု
ပြီးရင် အရင်လို စိတ်လိုက်မာန်ပါတွေမပြောနဲ့ ၊ မလုပ်တော့နဲ့ ၊ ကိုယ်က ဘာရယ်မဟုတ် အကျင့်ပါလို့
ဆဲမိတာဆိုရင်တောင် သူက ကိုယ့်ထက်အသက်
ကြီးတဲ့အိမ်ထောင်ဖက် ဖြစ်နေတယ် ၊ သူစိတ်ညစ်
အောင်မလုပ်နဲ့ "

" ဟုတ်ကဲ့ပါ မမရယ် ၊ မသိရင် ကျွန်တော်ကဆိုးပေ
နေတဲ့လူကျနေတာပဲ "

" အဲသဘောပြောတာမဟုတ်ပါဘူး မောင်လေးရယ် ၊ ချစ်လို့ယူထားကျပေမယ့် တစ်ကွေ့ကွေ့မှာတော့
စိတ်သဘောထားချင်း မတိုက်ဆိုင်တာတွေ ဖြစ်လာ
တက်တယ် ၊ အဲအချိန်တွေမှာ သတိထားဖို့ပြောတာပါ "

" ဟုတ်ဟုတ်! ကျွန်တော်သတိထားပါ့မယ် ၊ ဦးသဒ္ဓိ
ပြောသမျှကိုလဲ နားထောင်မှာပါ "

" လက်ထပ်ပြီးရင်ရော Club မှာ "

" ဟင့်အင်း ၊ သူ့ကုမ္မဏီမှာပဲ အလုပ်ဝင်တော့မယ် ၊
သူက Club မှာလုပ်တာမကြိုက်ဘူးလေ "

" မလုပ်တာလဲ ကောင်းပါတယ် ၊ ဘာပဲဖြစ်ဖြစ် သူ
က မမတို့မိသားစုရဲ့ ကျေးဇူးရှင်ဆိုတာကိုမမေ့နဲ့ ၊
အလုပ်ရှုပ်တဲ့သူ့ကို စိတ်ပူရမယ့်အလုပ်ဆို ဘာမှမလုပ်နဲ့ "

" ကဲလို့! ဟုတ်ပါပြီ !အခုတော့ ကျွန်တော်နားချင်ပြီ ၊
သွားတော့မယ် "

မမဆီက ဘာစကားမှထွက်မလာခင်ပဲ အခန်းထဲဝင်
လာလိုက်သည် ။ ဒီနေ့ည လူကြီးကိုပြောပြီး အိမ်မှာ
ပြန်လာအိပ်တာ ။ မနက်ကို လက်ထပ်ဖို့ကိစ္စတွေတိုင်ပင်ဖို့ သူကအိမ်လာမှာမို့လေ ။ အိပ်ယာပေါ်လဲှချလိုက်ရင်း ကိုယ့်မိသားစုအကြောင်းကို ပြန်တွေးမိပါတယ် ။

ကုသိုလ်ကံမကောင်းတဲ့အချိန် စီးပွားတွေပျက်ပြီး
ဘဝတွေ မပျက်ရုံတမယ် ။ ဘာလုပ်ရမယ်မှန်းမသိတဲ့အချိန် ရေနစ်သူဝါးကူထိုးချင်တဲ့ ပတ်ဝန်းကျင် ။

ကိုယ့်မိသားစုတွေ တကယ်အကျဉ်းအကျပ်ထဲရောက်နေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရတဲ့
လူကြီး ။ သူနဲ့ဆုံရတာ တကယ်ကို ကံကောင်းမှုပါပဲ ။ ကိုယ့်စိတ်ကိုလဲ နွေးထွေးစေသလို ၊ လုံခြုံမှုလဲပေးတက်သူ ။

အပြင်ပုံစံက မာကျောသလိုထင်ရပေမယ့် ကိုယ့်ကို ဂရုစိုက်ပေးတက်တဲ့အချိန်တွေဆို တကယ်ကို နူးညံ့မှုအပြည့် ။ ဆုံတွေ့ချိန်တွေက သိပ်ကိုတိုတောင်းသေးပေမယ့် ဒီအချိန်တိုလေးအတွင်းမှာပဲ ချစ်ခြင်းမေတ္တာနဲ့ နူးညံ့မှုတွေကို အကောင်းဆုံးသင်ပြသွားတဲ့လူ ။

နောက်ထပ် မကြာတော့တဲ့အချိန်မှာ ကိုယ်နဲ့သူ
လက်ထပ်ရတော့မယ် ။ မမပြောသလိုပဲ ကိုယ့်ရဲ့
မကောင်းတဲ့အကျင့်တွေအားလုံးကို ကြိုးစားပြုပြင် သွားမှာပါ ။

ကိုယ်က ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင် အလုံးစုံ
အပြစ်ကင်းနေတဲ့သူမဟုတ်ခဲ့လို့ လူကြီးကိုလဲ အားနာရပါတယ် ။ ကျန်ရှိနေတဲ့ တစ်ဘဝစာလုံးကတော့ လူကြီးဘေးနားမှာပဲ အကောင်းဆုံးကြိုးစားနေထိုင်တော့မှာ အသေအချာပါ ။

ဒါက ကျွန်တော့်စိတ်ကြိုက် ရှင်သန်နေထိုင်လာတဲ့
လူနေမှုပုံစံကို ပြောင်းလဲချင်နေမိတယ်လို့ ပထမဆုံး
ဖြစ်တည်လာတဲ့စိတ်ကူးပဲ ။ တယုတယ ဖွင့်မပြော
တက်တဲ့ ကျွန်တော့်ချစ်ခြင်းမေတ္တာကို လူကြီးက
တကူးတကမြင်ပေးနိုင်ရင်တော့ ကျွန်တော်ဝမ်းသာရမှာပါ။

Ring! !  Ring! ! Ring! !

ဖုန်သံကြောင့် ကြည့်လိုက်မိတော့ လူကြီးခေါ်နေတာမို့ ---

" ဟဲလို လူကြီး "

" သတိရနေတယ် ဘယ်လိုလုပ်ရမလဲ "

ချက်ချင်းပြောချလိုက်တဲ့စကားကြောင့် ပြုံးမိသွားရင်း ---

" ညနေကပဲ အိမ်လိုက်ပို့ထားတာကို "

" ညနေက အလုပ်ရှိတော့ နေရတာမသိသာဘူး ၊ ညဘက်ရောက်တော့ မနေတက်တော့ဘူး ၊ ယောင်ချာချာနဲ့ကွာ ၊ မူးရင်အိပ်ပျော်မလားလို့ ထသောက်တော့လဲ အဆင်မပြေဘူး ၊ ဒီညကျမှ ဘယ်လောက်သောက်သောက်မူးမနေဘူး ၊ ကိုယ်နေရတာအဆင်မပြေလ်ု့ိ  ဖုန်းလှမ်းဆက်မိတာ "

" အခု ဘယ်မှာလဲ "

" အိပ်ယာထဲ ဟိုလှိမ့်ဒီလှိမ့်ပေါ့ မနက်ကျရင်အလုပ်ကိုအစောကြီး သွားရပါမယ်ဆိုကွာ "

" အင်း VC ပြောကျမလား ၊ လူကြီးအိပ်ပျော်တဲ့ထိလေ "

" အင်း!! ပြောချင်တယ် "

" အဲဒါဆို ဖွင့်လိုက် "

ချက်ချင်းပဲ ဖုန်း Screen မှာ ပေါ်လာတဲ့ နီရဲရဲမျက်
နှာ ။ မျက်နှာကိုကြည့်လိုက်တာနဲ့ ကိုယ့်လူကြီးဂါနေပြီဆိုတာ သိနိုင်တယ် ။ သူ့ကိုယ်သူတော့ မမူးသေးဘူးဆိုပဲ ။ တကယ်တော့မူးတာမှ တဖက်ကမ်းခတ်နေပြီလေ ။

" ကဲ!! ဘာပြောချင်လဲ "

အိပ်ယာထဲ ဘေးစောင်းအနေအထားတွေနဲ့ အချင်း
ချင်းကြည့်နေတာမို့ သူ့ကိုမေးလိုက်မိတော့ ခေါင်းပဲ
ခါပြလာတယ် ။

" ဒီတိုင်းကြည့်နေချင်တယ် "

" Okay !!"

တကယ်လဲ တစ်နာရီနီးပါးကို ဘာစကားမှမပြောဘဲ ကြည့်နေတဲ့လူကြီး ။ နောက်တော့ မူးမူးနဲ့အိပ်ပျော်
သွားပါတော့တယ် ။ အိပ်မပျော်ဘူးဆိုပြီးဖုန်းဆက် တာက သူ ။ တကယ်တမ်း တစ်ညလုံးမအိပ်ဘဲ သူ့မျက်နှာကို ထိုင်ကြည့်နေမိတာက ကိုယ်  ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ပုံလေးတွေကိုတော့ မြတိနိုးမှုနဲ့ သိမ်းထားမိပါတယ် ။ ဒီလူကြီးက ကိုယ့်အတွက်တော့ အနှိုင်းအမဲ့ပါပဲ ။

<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>

" ကိုယ်ရောက်နေပြီ ရာဇ် "

ဆိုပြီး ဖုန်းဆက်လာတာကြောင့် အိမ်ပေါ်ကနေပြေး
ဆင်းပြီး တံခါးဖွင့်ပေးလိုက်တယ် ။ အမြဲသန့်ပြန့်နေ
တက်တဲ့ကိုယ့်လူကြီးက ဒီနေ့မှာတော့ အဖြူရောင်ကော်လံတုံးလေးနဲ့ ယောပုဆိုး အစိမ်းရောင်လေးကိုဝတ်ထားပါတယ် ။

" ရောက်လာပြီပေါ့ "

" အင်း !! ဘယ်သူတွေရှိလဲ "

" မမ ရှိတယ် ၊ အကိုက အလုပ်သွားပြီ "

" အော် !! "

အိမ်ထဲရောက်တာနဲ့ အဆင်သင့်စောင့်နေတဲ့ မမကို
---

" မမ!!  ဒါ ဦးသိဒ္ဓိလေ "

" အော် !!ဟုတ်ကဲ့!! တွေ့ရတာဝမ်းသာပါတယ် "

" လူကြီး ဒါက ကျွန့်တော်မမလေ သဲနုငယ် တဲ့ "

" ဟုတ်ကဲ့ ကျွန်တော်က အစောကြီးထဲကလာတွေ့ရမှာကို အလုပ်တွေကမအားတာနဲ့ နောက်ကျသွားတယ် ၊ အားနာစရာတော့ ကောင်းနေပြီ "

" မဟုတ်တာ အားနာစရာမလိုပါဘူး ၊ ထိုင်ပါဦးရှင့် ၊ ဒါနဲ့လေ မောင်လေးရေ လမ်းထိပ်ကစတိုးဆိုင်မှာ မမ မှာထားတာလေးတွေရှိလို့ သွားယူပေးပါလား ၊
မမလွှတ်လိုက်တယ်ပြောနော် "

" အခုလား "

" ဟုတ်တယ် တော်ကြာဆိုင်ပိတ်သွားမှာစိုးလို့ ၊ မြန်မြန်သွားလိုက် "

" အင်းပါ! !! လူကြီး ကျွန်တော် "

" ရတယ် ကိုယ်စကားပြောရင်း စောင့်မယ်လေ ၊
ဖြေဖြေးသွား "

" ဟုတ်!! "

ရာဇ် အိမ်ခြံထဲကနေထွက်ပြီး လမ်းပေါ်ရောက်မှ လက်ထဲမှာ ပိုက်ဆံအိတ်ပါမလာတာကိုသတိရပြီး အိမ် ကိုုပြန်လှည့်လာခဲ့ရပါသည် ။အိမ်ထဲဝင်ခါနီးမှာတော့
အထဲကနေ ကြားလိုက်ရတဲ့အသံကြောင့် လှမ်း
နေတဲ့ခြေလှမ်းတွေကို ရပ်တန့်လိုက်ရင်း အထဲကိုနားစွန့်မိတဲ့အခါ ---

" နင် ဒါကိုသက်သက်ကြီး လုပ်တာမို့လား ၊ ရာဇ် ကို! ရာဇ်ကို !! ငါ့မောင်လေးမှန်းသိလို့လေ "

" ဒါပေါ့!  သက်သက်မဲ့ လုပ်တာအပြင် ဘာရှိရဦး
မှာလဲ ၊ သက္ကရာဇ် က သဲနုငယ်ရဲ့ မောင်သာမဟုတ်ခဲ့ရင် Club မှာအလုပ်လုပ်နေတဲ့ ကောင်ကို ငါက တကူးတက ချဉ်းကပ်စရာလိုမလား ၊ ငါလိုချင်ရင်
အကောင်းစား အသန့်လေးတွေမှ ပေါလို့ ၊ ဒါနဲ့အခု တော်တော်မှ စိမ့်ရဲ့လား သဲနုငယ် ၊ မင်းကမျက်နှာမွဲဆိုပြီး စွန့်ပြစ်ထားခဲ့တဲ့ ရည်းစားဟောင်းငါက အခု မင်းရဲ့ချစ်လှစွာသော မောင်လေးရဲ့ ယောကျ်ား ၊ မင်းတို့မိသားစုရဲ့ ကျေးဇူးရှင်ဖြစ်လာတာလေ ၊ အခု
ဘယ်လိုတွေများ ခံစားနေရလဲဟင် ၊ ပြောပြပါဦး"

ရုတ်တရက်ကြားလိုက်ရတဲ့ စကားကြောင့် ရာဇ်တစ်ကိုယ်လုံးအေးခဲသွားပြီး အသက်ရှုဖို့ မေ့သွားရပါတယ် ။ လူကြီးက မမရဲ့ ---။

အတွေးတွေ မဆုံးခင် ၊ အရာအားလုံးကို သတိမထားမိခင်မှာပဲ ကိုယ့် ကမ္ဘာက အမှောင်အတိ ။

                       Phoenix12

3.4.2022
A.M - 8:00

📌 A/N - 5.4.2022 အခုလိုအချိန်မှာ ပြန်တွေ့ကျမယ်နော် ။ ဇာတ်လမ်းက အခုမှ စမှာပါလို့ ။

Continue Reading

You'll Also Like

6.8K 1K 9
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
668K 23.2K 38
🚨🔞 warning fic 🔞🚨 မည်သူ တဦးတယောက်ကိုမှ ထိခိုက်လိုစိတ်မရှိတာကြောင့် မကြိုက်ရင် မဖတ်ပါနဲ့လို့ပြောချင်ပါတယ် ရှင့်
317K 75.2K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...
83.9K 5.4K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥