Unicode
မင်းသားအရုဏ၏အင်အား ကြီးထွားလာခြင်း
____________________
တန်ဆောင်မုန်းလဆန်း ၆ ရက်နေ့တွင် အင်အားနှစ်သောင်းကျော်ခန့်ရှိသော ဘရဏသူ၏တပ်များသည် ခံတပ်ကို လာရောက်တိုက်ခိုက်၏။
သို့သော်လည်း အရုဏတို့ဘက်က ခံစစ်တောင့်တင်းလွန်းသည်ဖြစ်ရာ ဘရဏသူ၏တပ်မှာ ရှုံးနိမ့်ခြင်းနှင့်သာ ရင်ဆိုင်လိုက်ရပြီး လက်နက်ဆင်မြင်းသုံ့ပန်းများကို အရုဏမင်းသားလက်ထဲ ထိုးအပ်ခဲ့ရလေသည်။
တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့တွင် တတိယအကြိမ်အဖြစ် အင်အားငါးသောင်းခန့်နှင့် လာရောက်တိုက်ခိုက်ပြန်သည်။ ထိုအခါတွင်လည်း ထပ်မံရှုံးနိမ့်ပြန်သည်။
အရုဏတို့ဘက်ကသာ တစ်ဖက်ရန်သူ့ဆီမှ သိမ်းပိုက်ရရှိသော လက်နက်လူသူများနှင့် စစ်ရေးအင်အား တစ်စထက်တစ်စ ပိုမိုကြ်ီးထွားလာသည်။
တစ်ဖက်တွင်လည်း ပီယံမိတ်သည် စစ်ရေးအတွက် ကုန်ကျစရိတ်များရရှိရန် အုပ်ချုပ်ရာနယ်မြေ၏စီးပွားရေးကို စနစ်တကျကိုင်တွယ်နေသည်။ ထိုသို့ကွပ်ကဲရာတွင် ရှင်ထွေး၏ အကြံများကို လက်တွေ့အကောင်အထည်ဖော်ပစ်ကာ ရွာ၏စီးပွားရေးကို အဆင့်မြှင့်တင်နိုင်ခဲ့သည်။ ထိုအခါ ဝင်ငွေဘဏ္ဍာဟာလည်း ပို၍များပြားလာခဲ့သည်။
ထိုသို့ မင်းသားအရုဏဘက်မှ အင်အားပိုကြီးလာမှန်း သိလာသောအခါ ရဲသွေးရဲမာန်တက်ကြွသော လူငယ်များသည် အရုဏ၏တပ်ထဲသို့ ဝင်ရောက်လာကြ၏။ မင်းကြီး၏တပ်တွင်းမှ စစ်သည်အချို့ပါ ခိုလှုံလာသည်။ တပ်မှူးအချို့ အရုဏလက်အောက်သို့ရောက်ရှိလာသည်။
ထင်မထားသောအချက်မှာ မြို့စားတစ်ဦးကပါ အရုဏ၏ဘက်ကို ဗြောင်ဗြောင်တင်းတင်းထောက်ပံ့ပေးလာခြင်းဖြစ်သည်။
ဤသို့နှင့် တန်ဆောင်မုန်းလပြည့်ကျော် ရောက်လျှင် အရုဏသည် ခံစစ်နှင့်မရောင့်ရဲဘဲ တိုက်စစ်သို့ ဦးတည်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
အရုဏ၊ ယုဂန်နှင့် တပ်မှူးသုန္ဒရီတို့ ဦးဆောင်ကာ စစ်ရေးဗျူဟာများကို နေ့နေ့ညညချမှတ်၍ စစ်ရေးဆွေးနွေးကြတော့သည်။ သူတို့သည် တစ်စတစ်စသိမ်းပိုက်သွားမည့် လမ်းကြောင်းများကို ရေးဆွဲလျက် မည်သို့သောလူနှင့် ကြိုတင်မဟာမိတ်ဖွဲ့ထားသင့်သည်ဟူသော အချက်ကိုပါ တွေးတောထားကြသည်။
အရင်ဦးစွာ အရုဏသည် အနီးနားရှိ ရွာများနှင့် မြို့ငယ်များကို သွားရောက်သိမ်းပိုက်သည်။ ခက်ခဲစွာ မကြိုးစားလိုက်ရဘဲ သူအုပ်စိုးနိုင်သောနယ်မြေဧရိယာကို ချဲ့ထွင်နိုင်ခဲ့သည်။
တပို့တွဲလဆန်း၁ ရက်နေ့တွင် တမာပင်ရွာနှင့် အနီးတစ်ဝိုက်ရှိ ရွာငယ်အားလုံးကိုစုပေါင်း၍ တမာပင်မြို့ဟု တရားဝင်ကြေညာခဲ့သည်။
တကယ်က ပုန်ကန်သူတိုင်းသည် သူတို့စတင်ခဲ့သောနေရာကို အောင်မြေဟုသတ်မှတ်ကာ လှပခမ်းနားသောအမည်များ ပြောင်းလဲလေ့ရှိသည်။ သို့ရာတွင် အရုဏမှာမူ အမည်နှင့်ပတ်သတ်ပြီး များစွာခေါင်းစားမခံသူဖြစ်လေရာ တမာပင် အနောက်တွင် " ရွာ" ဖြုတ်၍ " မြို့" ပြောင်းတပ်ခြင်းသာ ပြုလုပ်ခဲ့လေသည်။ သူက ရှေ့ဆက်ပြီး
" လူတွေ တခြားနာမည် ထပ်မှတ်နေစရာမလိုတော့ဘူး"
ဆိုပြီးတောင် ရုပ်တည်ကြီးနှင့်ဆိုခဲ့သေးသည်။
မည်သို့ပင်ဆိုစေကာမူ တမာပင်သည် မြို့ကြီးဖြစ်သွားလေပြီး ရွာသူကြီးမှာ မြို့စားအဆင့်ရောက်ရှိသွားလေသည်။
အရုဏသည် တမာပင်မြို့၏အုပ်ချုပ်ရေးကို မြို့စားဖြစ်သွားသော သူကြီးထံတွင် အပ်နှံခဲ့ကာ တစ်ပါးသောအရပ်များတွင် စစ်ချီရန် စစ်ထွက်ခဲ့တော့သည်။ သူနှင့်အတူ ယုဂန်သည်လည်း လိုက်ပါ၏။ ပီယံကမူ အရုဏအာဏာစက်ဝန်းအောက်မှ မြို့ရွာများ၏အခြေအနေကို ထိန်းကွပ်ရန်အလို့ငှါ ပင်မအုပ်ချုပ်ရေးဆိုက်ရာ တမာပင်မြို့၌ပင် ကျန်ရစ်ခဲ့သည်။
တပို့တွဲလဆန်း ၁၁ ရက်နေ့တွင် သန္နီးမြို့ကို မင်းသားအရုဏသိမ်းပိုက်လိုက်ပြီဟူသော သတင်းမှာ ဟီရနန်းတော်တစ်ခွင်ကို ဆူညံပွက်လောရိုက်သွားစေသည်။
နောက်ထပ်တစ်ပတ်မျှအကြာတွင် တခြားသောမြို့တစ်မြို့ကို မင်းသားအရုဏ သိမ်းလိုက်ပြန်ပြီဟူသော သတင်းထွက်ပေါ်လာသည်။
မင်းကြီး၏တပ်မှ ထိုမြို့များကို အရုဏလက်ထဲမှ ပြန်ယူရန်ကြိုးပမ်းသော်လည်း တစ်ဖက်က ခံစစ်ကောင်းမွန်လွန်းသည်ဖြစ်ရာ ပါသွားသောမြို့များကို လက်လွှတ်လိုက်ရပြီး တခြားသောမြို့များကို ကာကွယ်ရန်သာ ကြိုးပမ်းတော့သည်။
သို့သော်လည်း အရုဏ၏တပ်သည် သူတို့မထင်မှတ်ထားသော မြို့တစ်မြို့ကို ထပ်ပြီးသိမ်းပိုက်သွားပြန်သည်။
ကာကွယ်နေသည့်ကြားမှ တပေါင်းလပြည့်မတိုင်ခင်လေးမှာပင် အရုဏ၏တပ်မှာ မြို့ကြီးငါးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်လေသည်။ တပေါင်းလပြည့်ကျော်လျှင် စော်ဘွားနှစ်ဦးနှင့် မြို့စားတစ်ဦး သူ၏လက်အောက်သို့ ထပ်ပြီးဩဇာခံလာသည်။
မင်းသားအရုဏ၏အင်အားကြီးမားလာပုံမှာ ကောက်ရိုးကို မီးစွဲသည့်ပမာ လွန်စွာလျင်မြန်လွန်းလှပြီး ကြောက်ခမန်းလိလိဖြစ်၏။ ယခုဆို သူ၏လက်အောက်တွင် စစ်သည်အင်အားတစ်သိန်းကျော်ကျော်ရှိနေလေပြီ။
ခန့်မှန်းထားခဲ့သည့်အတိုင်း အခြေအနေစောင့်ကြည့်နေသော မြို့စားအချို့သည် မင်းသားအရုဏဘက်သို့ ယိုင်လာကြပြီ။ လက်နက်ထောက်ပံ့မှုများ ပိုမိုများပြားလာသည်။
မင်းသားအရုဏ တပ်ချီလာမည်ကို မင်းကြီး၏လက်အောက်မှ မြို့စားတို့စိုးရွံ့လာသည်။
ဟီရနန်းတော်တွင်လည်း မင်းသားအရုဏ၏အမည်နာမမှာ လူတိုင်းနှုတ်ဖျားတွင် တဖွဖွရေရွတ်လျက်ရှိနေတော့သည်။ ယုံကြည်ရသော လူများနှင့်သာ တွေ့ဆုံသည့်သီးသန့်အချိန်များတွင်တော့ မင်းကြီးကိုစိတ်ပျက်နေသော အမတ်ဝန်မင်းများသည် မင်းသားအရုဏ၏လုပ်ဆောင်မှုကို ချီးကျူးနေကြလျက်ရှိသည်။
ထိုသတင်းကို ယုဂန်အကြံပေးသဖြင့် ဟီရသို့လွှတ်ထားသည့် သူလျှိုများမှတစ်ဆင့်သိရ၏။ အကယ်၍ အရုဏသာ ဟီရမြို့တော်ကို တက်သိမ်းပါလျှင် အမတ်ဝန်ကြီးများ၏ထောက်ခံမှုက သူ၏အာဏာကို တရားဝင်ဖြစ်စေလိမ့်မည်။ ထို့ကြောင့် လွှတ်တော်အမတ်များ၏ကဏ္ဍကလည်း အရေးပါသည်။
တပေါင်းလပြည့်ကျော် ၁၂ ရက်နေ့တွင် မင်းသားအရုဏ၏ အင်အားကြီးလာမှုကို မီးမောင်းထိုးပြသည့်ကိစ္စတစ်ခုပေါ်ပေါက်လာသည်။
ဤသည်မှာ မဒေါင်မြို့ကို သိမ်းရန် ကြိုးစားသည့်အရေး၌ဖြစ်သည်။
အရုဏသည် သူ၏စစ်သည်များကို မလိုအပ်ဘဲ အပင်ပန်းမခံစေချင်၊ အသေမခံစေချင်ဟူသော အကြောင်းပြချက်ဖြင့် မဒေါင်မြို့စားဆီ " သစ္စာခံမည်လော၊ ချီရမည်လော" ဟု သဝဏ်လွှာကို ပေးပို့စေသည်။
ထိုသဝဏ်လွှာတစ်စောင်တည်းနှင့် မဒေါင်မြို့စားသည် လက်နက်ချကာ အရုဏ၏ဩဇာအောက်ကို အသာတကြည်ဝင်ရောက်သွားလေသည်။ သွေးမြေမကျလိုက်၊ ဓားတစ်ချက်မဝှေ့လိုက်ရဘဲ မဒေါင်မှာ အရုဏ၏လက်အောက်သို့ ရောက်ရှိသွားလေသည်။
ထိုသတင်းက ပျံ့နှံ့သွားလေသော် မြို့စားနှစ်ဦးသည် အရုဏကို လက်ဆောင်ဘဏ္ဍာများပို့သ၍ မဟာမိတ်လာဖွဲ့ကြလေသည်။ အရုဏ၏အာဏာစက်ဝန်းဟာ ပို၍တောင့်တင်းခိုင်မာလာသည်။
ဤသို့နှင့် တပေါင်းလဆုတ် ၁၄ ရက်နေ့တွင် အရုဏသည် ဥတ္တရနိုင်ငံ၏ သုံးပုံတစ်ပုံကို သိမ်းပိုက်ရရှိပြီးဖြစ်လေသည်။
သူ စတင်ပုန်ကန်သည့်အချိန်နှင့်တွက်လျှင် ခြောက်လကျော်မျှသာ အချိန်ကြာမြင့်ခဲ့သည်။
*******************************
မယ်တော်ကြီးပဉ္စမာယာသည် ခါးကိုမတ်၊ ရင်ကိုကော့ကာ ပျင်းရိခြင်း၊ နှေးကွေးခြင်းမရှိသော ခြေလှမ်းများဖြင့် မြန်မြန်၊ မှန်မှန်လမ်းလျှောက်လေ့ရှိ၏။
သို့ရာတွင် ယခုအခါ မယ်တော်ကြီး၏ခြေလှမ်းမှာ သာမန်ထက်ပို၍မြန်လှသဖြင့် သူမအနောက်မှ ရံရွေတော်များသည် ဗြန့်ထဘီအနား ခပ်သုတ်သုတ်ခပ်ကာ ကမန်းကတန်း လိုက်နေရတော့သည်။
လမ်းတွင်တွေ့သမျှ နန်းတွင်းအမှုထမ်းတိုင်းသည် မယ်တော်ကြီး၏ စိတ်ဆိုးမာန်ဆိုးဖြစ်နေသောပုံစံကြောင့် မည်သည့်အပြစ်မျှ မပြုလုပ်ထားသည့်တိုင် အလိုလိုနေရင်း ကြောက်ရွံ့တုန်လှုပ်သွားကြ၏။ သူတို့သည် လမ်းဘေးသို့ အလျင်ကပ်ကာ မယ်တော်ကြီးကို အမြန်အဆန် ဒူးထောက်ခ,စားကြတော့သည်။
မယ်တော်ကြီးသည် သူ့အားဦးညွှတ်နေသောသူများအလယ်မှ မာန်ဝံ့စွာလျှောက်ကာ အဆောင်တစ်ဆောင်တွင်းသို့ ချိုးဝင်သွားသည်။
မယ်တော်ကြီး၏တင်းမာနေသော မျက်နှာထားကိုတွေ့လျှင် အဆောင်ရှေ့မှ ရဲမက်တို့သည် " မယ်တော်ကြီး ကြွချီလာပါပြီ" ဟုတောင် အရင်မဆိုနိုင်ဘဲ တံခါးကို ကပျာကယာဖွင့်ပေး၏။
မယ်တော်ကြီး ထိုအဆောင်တွင်းသို့ဝင်သွားသည်။
အဆောင်အတွင်းတွင် မင်းကြီးဘရဏသူမှာ ညောင်စောင်းထက်တွင် ဒူးတစ်ဖက်ကိုထောင်၊ ခြေတစ်ဖက်ကိုဆန့်၍ထိုင်လျက် သေရည်သောက်နေသည်။
မင်းကြီး၏ပါးရိုးတစ်လျှောက်တွင် မရိတ်မသိမ်းဖြစ်သော မုတ်ဆိတ်မွေးများ စိမ်းဖန့်နေသည်။ ညှို့မှိုင်းနေသော မျက်နှာ၊ ရီဝေနေသော မျက်လုံးများနှင့် သေရည်နံ့လှိုင်ကာ ဝတ်လဲတော်မှာလည်း ဖရိုဖရဲဖြစ်နေသည်မို့ ဘုရင်တစ်ပါး၏ ထည်ဝါတောက်ပမှု မရှိဘဲ ညှင်းသိုးသိုးဖြစ်နေလေသည်။
မယ်တော်ကြီးသည် ဘရဏသူရှေ့သို့ ဒုန်းဆိုင်းသွား၏။ ထို့နောက် သူမ၏လက်ကို မြှောက်ကာ ဘရဏသူ၏ဇက်ပိုးကို ပိတ်ရိုက်လိုက်လေသည်။
ဖြောင်း!
မယ်တော်ကြီးသည် အမျိုးသမီးကြီးဖြစ်သော်လည်း ငယ်ရွယ်စဉ်မှ အားအင်တို့ မကုန်ဆုံးသေးသူဖြစ်ရာ ဘရဏသူ၏မျက်နှာ အောက်စိုက်ကျသွားသည်။
ဘရဏသူ ခေါင်းငုံ့သွားသည်။ သူ ပြန်၍မော့မကြည့်။ သူ့လက်ထဲတွင် သေရည်ပုလင်းကိုသာ တင်းတင်းဆုပ်ကိုင်ထားသည်။
" မယ်မယ်က ကျွန်ုပ်ကို ရုပ်သေးရုပ်လို ဆက်ဆံနေတာဆို...အဲ့စကားကြောင့် သနားလို့ ကောင်းကောင်းလုပ်နိုင်မလားဆိုပြီး လွှတ်ထားပေးခဲ့တာ။ အခုတော့ ဘယ်လိုဖြစ်နေပြီလဲ။ စောက်သုံးကိုမကျဘူး။ နင့်ကိုနင် ဘုရင်လို့ သတ်မှတ်ရဲရဲ့လား"
မယ်တော်ကြီး၏အသံသည် မကျယ်။ တိုးလည်း မတိုး။ ဒေါသသံမပါသော်လည်း အလွန်တကြာမာကြောပြီး ကေသရာဇာကဲ့သို့ ဩဇာအရှိန်အဝါကို ထုတ်ပြနေလေသည်။
ဘရဏသူဟာ မည်သို့သောတုံ့ပြန်မှုမျှမပြလာ။ သေရည်နံ့ စူးလှသော သူ့ခန္ဓာကိုယ်ကြီးက ကျောက်ရုပ်လို ငြိမ်သက်နေသည်။ အသက်ရှူ၍သာ လူမှန်းသိရသည်။
ဒီအတောအတွင်း ရှုပ်ထွေးလှသောနန်းတွင်းရေးနှင့် တိုင်းရေးကြည်ရေးများက ဘရဏသူကို နှိပ်စက်ထားသည်ဖြစ်ရာ သူ၏ပုံမှာ ညှင်းသိုးလျက် အလွန်တရာချုံးချုံးချနေလေပြီ။ ထိုကြားထဲ မင်းသားအရုဏ၏အင်အားကြီးထွားမှုကလည်း သူ့ကို အိပ်မပျော်အောင် ဖိအားပေးလျက်ရှိသည်။ သူဟာ သူကိုယ်တိုင်မသိလိုက်သည့်အချိန်မှာပင် သေရည်တောထဲမြုပ်နေလေပြီ။
နေ့စဉ်ရက်ဆက် သေမူးနေသဖြင့် သူ၏သားတော်နှင့်မတွေ့ရသည်မှာလည်း ကြာလှပြီဖြစ်သည်။ သေမူးနေစဉ် သူ့အနားသို့ ပြုံးပြုံးရွှင်ရွှင်နှင့် လာကပ်သော သားတော်လေးဝသန္တကို ဒေါသတကြီးအော်ဟစ်မိပြီး ကလေးငိုသွားကတည်းက သူ သားတော်နှင့် ထပ်မတွေ့မိခြင်းဖြစ်သည်။ ကလေးအပေါ် အပြစ်ကျူးလွန်မိသည်ဟု ခံစားရသောကြောင့် ကိုယ့်ကိုယ်ကိုဒဏ်ခတ်၍ ရှောင်ရှားမိနေခြင်းသာ။ ထိုသို့ ဒဏ်ခတ်လေ၊ သူ၏စိတ်ဟာ ပို၍ဆိုးဝါးလာလေပေ။
ထို့အတူ မိဖုရားခေါင်ကြီး သုဒြာနှင့်လည်း မတွေ့ချင်။ မုန်း၍မဟုတ်၊ စိတ်ကုန်၍မဟုတ်။ သူ၏ရင်ထဲတွင် ဗလာအခေါင်းပေါက်ကြီးဖြစ်နေသဖြင့်သာ။ ခံစားချက်အားလုံးထုံနေသဖြင့် မယ်တော်ကြီးကိုလည်း သူ မည်သို့မျှ ပြန်လည်မတုံ့ပြန်လိုတော့ပေ။
" ဒီနေ့ကစပြီး တိုင်းပြည်ရေးနဲ့ အရုဏကိစ္စကို ငါကိုင်တွယ်မယ်။ စောက်ပါးစပ်ပိတ်ထားပြီး အရင်တိုင်း ရုပ်သေးရုပ်လိုပဲနေ"
မယ်တော်ကြီး ပြတ်သားစွာပြောပြီးနောက် သူ့အရှေ့မှ လှည့်ထွက်သွားသည်။
အဆောင်အတွင်းမှ မယ်တော်ကြီးထွက်သွားမှသာ ဘရဏသူ ခေါင်းပြန်ထောင်လာပြီး သေရည်ကိုမော့သောက်သည်။
မော့သောက်နေရင်းမှာပင် သူ၏ရင်တွင်း၌ ဖိအားများက တစ်စို့၍ကြီးထွားလာသည်။ သူ မခံနိုင်တော့သည်ဖြစ်ရာ သေရည်ပုလင်းကို ကြမ်းပြင်ပေါ် ပစ်ခွဲလိုက်သည်။
တစ်ပြိုင်တည်းမှာပင် ရင်ခေါင်းမှလာသောအသံဖြင့်
" အား...."
ဟု ကျယ်လောင်စွာအော်ဟစ်မိတော့သည်။
**********************************
တန်ခူးလဆန်း ၁ ရက်နေ့တွင် အရုဏနှင့် ယုဂန်သည် နယ်မြေချဲ့ထွင်ရေးကို ခေတ္တရပ်ကာ ကျန်အစီအစဉ်များချမှတ်ရန်နှင့် မိမိတို့စစ်သည်များ အနားယူရန်
ပီယံမိတ်ရှိရာ တမာပင်မြို့သို့ ပြန်လာကြသည်။
ထိုတွင် မထင်မှတ်ထားသော အရာတစ်ခုက အရုဏနှင့်တွေ့ဆုံရန် ခွင့်ပန်လာသည်။
ဤသည်မှာ မင်းသားနန္ဒကန်စီပင်။
နန္ဒကန်စီရောက်ရှိနေပြီး အရုဏနှင့်တွေ့ခွင့်တောင်းနေသည် ဆိုသောကြောင့် အရုဏသည် နန္ဒနှင့် ဧည့်တွေ့သောအဆောင်တွင်တွေ့၏။
သူတို့သည် မျက်နှာချင်းဆိုင်ထိုင်ကြပြီး နန္ဒ၏အနောက်တွင်တော့ တပ်မှူးသုန္ဒရီဟာ မင်းသားအရုဏ၏ကိုယ်ရံတော်အဖြစ် မတ်တပ်ရပ်နေသည်။
နန္ဒသည် မျက်နှာရှစ်ခေါက်ချိုးနေပြီး ဒေါသထွက်နေပုံရ၏။ သူသည် အရုဏကို ပြင်းထန်သောမျက်ဝန်းများနှင့်ကြည့်ရင်း စွာစွာကျယ်ကျယ်ပြောလာသည်။
" အခု နန်းတော်မှာ ဘာတွေဖြစ်နေပြီလဲ သိရဲ့လား။ အစ်ကိုတော့်ကြောင့် အစ်ကိုတော်ဘရဏသူက ညဘက်တွေအိပ်မပျော်လို့ ဆေးကုသရတဲ့အခြေအနေရောက်နေပြီ။ နေ့တိုင်းနေ့တိုင်း သေရည်တွေသောက်ပြီးတော့ လမ်းဘေးကသူဖုန်းစားတောင် သူ့လောက်ညှင်းသိုးသိုးပုံပေါက်မနေဘူး"
နန္ဒသည် ခေါင်းထဲပေါ်လာသော စကားလုံးကို ပြောသင့်သည်၊ မပြောသင့်သည် ဝေခွဲမနေဘဲ တဲ့တိုးဆိုတတ်သည်ဖြစ်ရာ ကြီးမြတ်လှသော ဘုရင်ကို သူဖုန်းစားကို မအပ်မရာသွား၍ နှိုင်းယှဉ်သကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့် သူသည် ဘရဏသူဘက်မှ နာ၍ပြောသည့်တိုင် သူဖုန်းစားနှင့်ယှဉ်၍ ဘုရင်ကိုနှိမ်သလိုလည်းဖြစ်နေသည်။
ထိုကြောင့် ယင်းစကားမှာ ရယ်ချင်စရာကောင်းသွား၏။ သို့သော်လည်း မည်သူ့မျှမရယ်ပါ။ စကားအသုံးအနှုန်းက ကပျက်ကချော်ဖြစ်နေသည့်တိုင် ဤစကားဝိုင်းနှင့် နန္ဒ၏ဒေါသမျက်နှာဟာ ဟာသမဟုတ်နေသဖြင့် မည်သူမျှမရယ်ကြပေ။
" ဒါ သူ့ကိစ္စပဲ။ ဘာလို့ငါ့ကိုလာပြီးအပြစ်တင်နေတာလဲ"
အရုဏ၏ တည်လွန်းသောစကားအဆုံးတွင် နန္ဒ၏မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
" သူ့ကိစ္စ? ဟား"
နန္ဒ အံ့ဩသွားဟန်ဖြင့် တစ်ချက်ရယ်သည်။
" အစ်ကိုတော်က မင်းကြီးကို ညီအစ်ကိုလို့ မသတ်မှတ်တော့ဘူးမလား။ ဒါကြောင့် ဒီလိုစကားပြောတာပေါ့။ မင်းကြီးက အစ်ကိုတော့်အတွက် ဘယ်လောက်ကြည့်ပေးခဲ့လဲဆိုတာ အစ်ကိုတော်အသိဆုံးပဲ။ သူ အစ်ကိုတော့်အပေါ် ကောင်းပေးခဲ့တာ နည်းနည်းလောက်ပြန်စဉ်းစားပြီး သူ့အပေါ်နည်းနည်းလောက် အလျှော့ပေးလို့မရဘူးလား"
" ငါ သူ့ကိုအစ်ကိုကြီးတစ်ယောက်အနေနဲ့ အမြဲရိုသေခဲ့ပါတယ်။ ဒါပေမဲ့ အခုကိစ္စက ငါတို့နှစ်ယောက်တည်း ရန်ဖြစ်နေတာလည်းမဟုတ်ဘူး..."
" အစ်ကိုတော်သာ ညှိနှိုင်းဖို့ပြန်လာမယ်ဆိုရင် တောင်းဆိုတာ အကုန်လုပ်ပေးမယ်တဲ့..."
အရုဏ၏စကားမဆုံးခင်မှာပင် နန္ဒက အားတက်သရော ကြားဖြတ်ဝင်ပြောသည်။
သူ၏မျက်နှာသည် ဆူပုတ်နေရာမှ မျှော်လင့်တကြီးစောင့်ဆိုင်းနေဟန်ဖြင့် တလက်လက်တောက်ပလာသည်။
"အစ်ကိုတော်ဘရဏသူက အဲ့လိုပြောတယ်။ ဒါကြောင့်တစ်ခါလောက်ပဲဖြစ်ဖြစ် သူနဲ့တွေ့ပြီး ဆွေးနွေးကြည့်ပါ"
အရုဏ အတန်ကြာနှုတ်ဆိတ်နေသည်။ ခံစားချက်ဟူသည် အထွေထွေမရှိဘဲ ဗလာပြင်ဖြစ်နေသော မျက်နှာအမူအရာကြောင့် သူ၏စိတ်ကို နန္ဒ ခန့်မှန်း၍မရနိုင်ပေ။
" သူ့ကိုမယုံဘူး။ ဆွေးနွေးဖို့မဖြစ်နိုင်ဘူး"
အတန်ကြာပြီးမှ ထွက်ပေါ်လာသော အရုဏ၏အဖြေကြောင့် နန္ဒ၏ဝင်းပနေသောမျက်နှာ ပြေလျော့သွားကာ ဖြည်းဖြည်းချင်းမျက်နှာတည်သွားသည်။
" ဘာလို့လဲ။ သူဒီလောက်လျှော့ပေးနေတာပဲကို အစ်ကိုတော့်ဘက်က လက်တစ်ဆစ်လောက်ပဲဖြစ်ဖြစ် လျှော့လို့မရဘူးလား"
အရုဏ ပြန်မဖြေ။ ခေါင်းလည်းမညိတ်။ ထိုအတိုင်း တုံဏှိဘာဝေ။
" ဆက်ပြီးပုန်ကန်မယ်ပေါ့"
နန္ဒ ခေါင်းငုံ့ကာ နှုတ်ခမ်းစွန်းတစ်ဖက်တည်း ကွေးညွတ်၍ရယ်သည်။ သူ၏ အက်ကွဲသောရယ်သံက တစ်လောကလုံးကို စိတ်ကုန်၍ အရွဲ့တိုက်နေဟန်ဖြင့် တမင်ရယ်သော အသံမျိုးဖြစ်သည်။
" ကြည့်ရတာ တိုင်းပြည်အတွက် တောင်းဆိုတာ မလုပ်ပေးလို့ နန်းတော်ကထွက်သွားတာမဟုတ်ဘဲနဲ့ ဘုရင်ဖြစ်ချင်လို့ ပုန်ကန်တာမလား"
" စကားပြောဆင်ခြင်ပါ"
နန္ဒအနောက်မှ သုန္ဒရီ အသံမာမာဖြင့်ဟန့်သည်။ ထိုအခါ နန္ဒသည် သူမကိုလှည့်ကြည့်၍
" နင့်ကိစ္စမပါဘူး"
ဟု တင်းမာစွာဆိုလေသည်။ သူတို့နှစ်ဦး၏အပြန်အလှန်ကြည့်သော အကြည့်များက စူးရဲကြမ်းရှနေသည်။
ထို့နောက် နန္ဒ အရှေ့သို့ပြန်လှည့်သွားကာ အရုဏကို စေ့စေ့ကြည့်လျက်
" အစ်ကိုတော် ဘယ်တုန်းက ဒီလိုလောဘဖြစ်သွားတာလဲ။ ဘာမဟုတ်တဲ့ ထီးနန်းကြောင့် အစ်ကိုတော်မင်းယောဇာလည်း ဒီလိုလမ်းလိုက်ပြီးပြီ။ အခု အစ်ကိုတော်ကပါ ထပ်ပြီး ဘယ်လိုဖြစ်နေတာလဲ"
ဟု အပြစ်တင်လိုဟန်၊ အားမလို အားမရဟန်ဖြင့်ဆိုသည်။
" ဒီကိုလာတာ ဒါတွေပြောဖို့လား"
အရုဏ၏ တည်ကြည်သောတုံ့ပြန်မှုကြောင့် နန္ဒမျက်နှာမဲ့သွားသည်။ သူသည် နာနာကျင်ကျင်ပြုံးသွားပြီး
" အစ်ကိုတော့်အတွက် ထီးနန်းက သွေးသားတွေထက်တောင် အရေးပါတယ်ပေါ့"
ဟု ဆိုသည်။ ထို့နောက် အရှေ့ရှိစားပွဲခုံကို ဖုန်းခနဲရိုက်ကာ ယိုင်တိယိုင်တိုင်ဖြင့် မတ်တပ်ထ,သည်။ တစ်ဆက်တည်းပင် ခါးတွင် လွယ်ထားသောဓားကို ဓားအိမ်အတွင်းမှ ဆွဲထုတ်ဟန်ပြင်သည်။
ဓား၏အစိတ်အပိုင်းအနည်းငယ်သာ ဓားအိမ်ထဲမှ ထွက်လာရုံရှိသေး။ လျင်မြန်လွန်းသော သုန္ဒရီ့၏လက်က ဓားမြှောင်တစ်လက်ကို တင်းတင်းကိုင်ကာ နန္ဒ၏လည်ပင်းကို ထောက်ပြီးဖြစ်သည်။
နန္ဒသည် အံ့လည်းဩမိသလို တစ်ချိန်တည်းမှာပင် ရင်ထဲနာသွား၏။ သူ သုန္ဒရီ့ဘက်ကို မျက်လုံးထောင့်ကပ်ကြည့်သည်။
" နင်က အဆုံးထိသူ့ဘက်ကပေါ့။ အစ်ကိုတော်အရုဏအတွက်နဲ့ ငါ့လည်ပင်းပေါ်မှာပါ နင်ကဓားတင်ရဲတယ်ပေါ့"
" မင်းသားအရုဏက ငါသစ္စာခံထားတဲ့သခင်။ ငါ့ရဲ့အရှင်သခင်အတွက်ဆိုရင် ဓားတင်သင့်တဲ့သူကို ဓားတင်ရမှာပဲ"
နန္ဒသည် စိတ်တွင်းခံစားချက်ကို ပြင်ပတွင်ထုတ်ပြလေ့ရှိသူဖြစ်ရာ သုန္ဒရီ့၏ပြန်ဖြေသောစကားကို ကြားသော် သိသိသာသာမျက်နှာမဲ့သွားလေသည်။
သူသည် သုန္ဒရီ့၏ဓားကိုင်ထားသောလက်ကို လျှပ်တပြတ် ချုပ်ကိုင်၍ လိမ်ချိုးသည်။ သို့သော်လည်း သုန္ဒရီသည် ခေသူမဟုတ်လေရာ နန္ဒ၏တိုက်ခိုက်လာမှုကို ခုခံလျက် နန္ဒကို ပြန်လည်ချုပ်ထိန်းနိုင်ရန်လည်း ကြိုးပမ်းသည်။ လျင်မြန်လွန်းသော လှုပ်ရှားမှုများအဆုံးတွင် သူမသည်
နန္ဒ၏လက်ကို နောက်ပြန်လိမ်ချိုးကာ နန္ဒ၏ပါးပြင်ကို စားပွဲတွင် ဖိကပ်ထားနိုင်လေသည်။
" ချီးပဲ"
သုန္ဒရီ့လက်ထဲခံလိုက်ရသဖြင့် နန္ဒ ဒေါသတကြီးဆဲရေးသည်။
အရုဏသည် သုန္ဒရီ့ကိုကြည့်ကာ မျက်နှာရိပ်ပြ၏။ ထို့ကြောင့် သုန္ဒရီ နန္ဒကိုလွှတ်ပေးကာ အနောက်သို့ပြန်ဆုတ်သွားသည်။
စားပွဲပေါ် မှောက်ရက်ကြ်ီးဖြစ်နေရာမှ ပြန်ထ,လာသော နန္ဒ၏မျက်နှာကား တစ်ခြမ်းနီနေလေပြီ။ ထိုမျက်နှာနှင့် ဒေါသထွက်နေပုံနှင့်ပေါင်းသော် ခရမ်းချဉ်သီးတစ်လုံး ဆူပုတ်ပုတ်ဖြစ်နေသည်နှင့်တူသည်။
" ခရီးပန်းလာလို့ရှိရင်လည်း ဒီမှာတစ်ညအနားယူပြီးမှ ပြန်နိုင်တယ်။ ငါတို့က တစ်ဖက်တစ်ခြမ်းမှာရှိနေလည်း ငါ့ရဲ့ညီအစ်ကိုတွေကို ငါအန္တရာယ်ပြုမှာမဟုတ်လို့ စိတ်ချလက်ချနေနိုင်တယ်"
" မနေဘူး ပြန်မှာ"
နန္ဒ ပြောပြောဆိုဆိုနှင့် လှည့်ထွက်သွားသည်။ တံခါးဝကိုရောက်ခါနီးမှ တစ်ခေါက်ပြန်လှည့်ကြည့်ကာ
" ပြီးတော့ယုဂန်နိုင်...အစ်ကိုတော်နဲ့ အတူနေနေရလို့ ပျော်နေမှာပေါ့။ ကောင်းကောင်းပျော်နေပါလို့ ပြောပေး"
ဟု ဘုဆတ်ဆတ်ဆိုသည်။
ပြီးနောက် ချာခနဲလှည့်ထွက်သွားပြန်သည်။ နန္ဒကို လိုက်ပို့ရန်၊ စောင့်ကြည့်ရန်အတွက် သူ့အနောက်မှ တပ်မှူးသုန္ဒရီလိုက်ပါသွားသည်။
စီးတော်မြင်းဆီ သွားနေသော လမ်းတွင် နန္ဒသည် သုန္ဒရီ့ကိုလှည့်ကြည့်လှည့်ကြည့်နှင့်နေ၏။ ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွနေသည်ကိုသာ သူတွေ့ဖူးသော သုန္ဒရီဟာ ယခုအခါတွင်တော့ အလွန်တရာမျက်နှာတည်တံ့နေသည်။
ထို့ကြောင့် နန္ဒမနေနိုင်တော့ဘဲ မေးသည်။
" ငါ့ကိုမုန်းနေတာလား"
သုန္ဒရီ သူ့ကိုလှည့်မကြည့်ဘဲပြန်ဖြေသည်။
" မမုန်းပါဘူး"
သုန္ဒရီ တည်နေဆဲဖြစ်ပြီး စစ်သည်တစ်ဦးလို လမ်းလျှောက်နေသော သူမပုံမှာ သံပတ်ပေးထားသော အရုပ်ကြီးနှယ်ဖြစ်နေသည်။
" ဒါဆို ဘာလို့ငါ့ကို ဒေါသမျက်လုံးတွေနဲ့ကြည့်နေတာလဲ"
" မကြည့်ပါဘူး။ ငါက ကိုယ်နဲ့လမ်းမတူတော့တဲ့သူတစ်ယောက်ကို ကြိုဆိုသလိုပဲ ကြိုဆိုတာပါ"
မြင်းဆီရောက်ပြီိဖြစ်သဖြင့် သုန္ဒရီ မြင်းဇက်ကျိုးဖြုတ်ကာ နန္ဒလက်ထဲထည့်သည်။
သုန္ဒရီ၏ မထိတရီပုံစံကြောင့် နန္ဒစိတ်အချဉ်ပေါက်သွားကာ
" နင်ကရော ဘာလို့ဒီရောက်နေတာလဲ။ ဘာလို့ သစ္စာဖောက်ရတာလဲ"
ဟု ခပ်ဆတ်ဆတ်မေးသည်။
" ဒါတွေပြောရင် နင်နားလည်မှာမို့လို့လား။ နင်က နင့်ကိုနင်ကလွဲပြီး တခြားဘာကိုဂရုစိုက်လို့လဲ"
သုန္ဒရီ့စကားကြောင့် နန္ဒမျက်နှာရဲတက်သွားသည်။
" ငါ့ညီအစ်ကိုတွေနဲ့ နင့်ကို ငါဂရုစိုက်တယ်။ ဟုတ်ပြီလား"
နန္ဒ စိတ်ရှိလက်ရှိ အော်ငေါက်လိုက်ရာ သုန္ဒရီသည်မမျှော်လင့်ထားဟန်ဖြင့် မျက်ဝန်းတို့ အတန်ငယ်ကျယ်ဝန်းသွားသည်။
" အစ်ကိုတော်ဘရဏသူဘက်က လျှော့ပေးနေရဲ့သားနဲ့ အစ်ကိုတော်အရုဏက သူမြင်ချင်တာပဲမြင်တယ်။ နင်လည်း နင်မြင်ချင်တာပဲမြင်တယ်။ ငါက ဒီလောက် ညှိညှိနှိုင်းနှိုင်းလုပ်ကြပါလို့ ပြောနေတာကို ငါ့ဘယ်သူ့မှစောက်ဂရုမစိုက်ဘူး။ မြင်ချင်ရာပဲမြင်ပြီး လုပ်ချင်ရာပဲလုပ်တယ်"
နန္ဒသည် ဒေါသဖြင့်ပြောဆိုရင်းမှ စကားအဆုံးတွင် အသံတို့ အက်သွားသည်။ သူ နှုတ်ခမ်းမဲ့ကာ ခေါင်းကိုငုံ့သွားပြီး
" ငါက အကုန်လုံးကို ဟီရနန်းတော်မှာ ပြန်ဆုံစေချင်ရုံပါ"
ဟု တီးတိုးစွာဆိုသည်။ သူ၏မျက်လုံးများ ရှိန်းခနဲပူနွေးသွားပြီး မျက်ရည်ကြည်တို့ရစ်သိုင်းလာသည်။ သူ ထိုမျက်ရည်တို့ကို မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး သိမ်းည်းသည်။
" ငါအစ်ကိုနှစ်ယောက်နဲ့ ညီတော်တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီ။ သူငယ်ချင်းနှစ်ယောက်ကိုရောပဲ။ ဒါပေမဲ့ အားလုံးသာပြန်လာရင် ကောင်းမှာပဲဆိုတဲ့စိတ်နဲ့ အောက်ကျနောက်ကျခံပြီးလိုက်ခေါ်နေတာကို ငါက ငါ့ကိုယ်ငါဂရုစိုက်လို့လုပ်နေတာလား။ ငါတို့အားလုံးစည်းလုံးရမယ်ဆိုပြီးတော့ အခုကျ အားလုံးက တစ်ယောက်တစ်ပေါက်နဲ့"
ထိန်းနေသည့်ကြားမှ နန္ဒ၏ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက်လိမ့်ဆင်းလာသည်။ နန္ဒသည် နှာရှုံ့ရင်း မျက်ရည်ကို လက်ဖမိုးဖြင့် ပွတ်သုတ်သည်။
သုန္ဒရီ ခေါင်းစောင်းကာ နန္ဒထံမှ အကြည့်လွှဲသွား၏။ သူမ အသံငြိမ်ငြိမ်ဖြင့်ဆိုသည်။
" သွားတော့"
သုန္ဒရီ လှည့်ထွက်သွားသည်။ သူမ၏ ဂရုမစိုက်သောအပြုအမူကြောင့် နန္ဒစိတ်ထဲတင်းသွားသည်။
သူမ ခပ်လှမ်းလှမ်းသို့ရောက်သွားသော် နန္ဒ သူမကို လှမ်းအော်သည်။
"ငါနင့်ကို သူငယ်ချင်းသံယောဇဉ်က ပြတ်တယ်"
သုန္ဒရီ လှည့်မကြည့်ပါ။ ခြေလှမ်းကိုလည်း မရပ်တန့်သွားပါ။
ထိုအခါ နန္ဒပို၍ ပူလောင်လာသည်။
" ကြားလား....နင်နဲ့ငါ သူငယ်ချင်းမဟုတ်တော့ဘူးလို့"
နန္ဒ ဒုတိယအကြိမ်အော်သည်။ သုန္ဒရီ အဝေးသို့သာဆက်သွားနေသည်။
" သူငယ်ချင်းအဖြစ်ကနေ ဆယ်ဘဝပြတ်တယ်"
တတိယအကြိမ်အော်ပြီးချိန်မှာတော့ နန္ဒ နှာခေါင်းဟာရဲတွတ်ကာ မျက်ရည်တို့ထပ်ပြီး ကျဆင်းလာသည်။ သုန္ဒရီဟာလည်း အဝေးကြီးကို ရောက်သွားပြီဖြစ်သဖြင့် နန္ဒ ထိုအရပ်ကနေ ခေါင်းကိုလွှဲသွားသည်။
" နင်ကအစ ငါ့ကိုစောက်ဂရုမစိုက်ဘူးပဲ"
နန္ဒ ခပ်တိုးတိုးဆိုကာ နှာတရှုံ့ရှုံ့နှင့် ထပ်မံကျဆင်းလာသော မျက်ရည်များကို လက်ဖြင့်အကြမ်းပတမ်းပွတ်သုတ်ပြန်သည်။
******************************
"တပ်မှူးသုန္ဒရီကပြောတယ် နန္ဒလာသွားတယ်ဆို"
ဖတ်လက်စစာအုပ်ကို ပိတ်ကာ စာအုပ်စင်ပေါ်တင်ရင်း ယုဂန်ကဆိုသည်။ ထို့နောက် အရုဏဘက်ကို လှည့်ကြည့်သည်။
မောင်က ထိုင်ခုံတွင်ထိုင်လျက် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိ ရင်ခတ်ပန်းပင်ကိုလှမ်းမျှော်ကြည့်ရှုနေသည်။
တန်ခူးသို့ရောက်ပြ်ီဖြစ်သောကြောင့် ရင်ခတ်ပင်တွင် ရင်ခတ်ပန်းများဟာ ပင်ယံထက် အကိုင်းအဖျား အကြားအလပ်မကျန် ဟီးလေးခိုနေသည်။ တစ်ပင်လုံးဟာ ရင်ခတ်ပန်းများကြောင့် အဝါရောင်လွှမ်းကာ တမူထူးသောအသွေးကိုဆောင်နေသည်။
" သူကတော့ မောင့်ကိုအပြစ်တင်သွားမှာပေါ့"
ယုဂန် ပြောပြောဆိုဆိုနှင့် မောင့်ဘေးသို့သွားကာ စားပွဲစောင်းကို အသာအယာမှီိသည်။
" မောင်က ထီးနန်းကိုမက်လို့ ပုန်ကန်တာတဲ့။ သူအဲ့လိုပြောသွားတယ်"
"သူထင်တာလည်း မှားမှမမှားဘဲ"
ထိုစကားကြောင့် မောင် မတ်တပ်ရပ်နေသည့် ယုဂန်ကိုမော့ကြည့်သည်။
" မောင် စပုန်ကန်တာ ထီးနန်းကြောင့်မဟုတ်ဘူး။ ယုဂန်သိပါတယ်"
" ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အခုမောင်လျှောက်နေတဲ့လမ်းက ထီးနန်းကိုရမှ ဆုံးမယ့်လမ်းပဲ။ မောင်က မင်းကြီးနဲ့ညှိနှိုင်းဖို့ ဆန္ဒရှိတာမှမဟုတ်တာ။ ဒါဆို မောင့်ရည်မှန်းချက်ပန်းတိုင်က ပလ္လင်ထက်က နေရာပဲ ကျန်တော့တယ်"
မောင် ခေါင်းပြန်ငုံ့သွားပြီး ငြိမ်သက်နေသည်။ ထို့ကြောင့် ယုဂန်သာ စကားဆက်ဆိုသည်။
" ထီးနန်းက လောဘတက်မှလိုချင်မယ့်အရာလား။ တစ်စိတ်တစ်ပိုင်းတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ထီးနန်းဆိုတဲ့ ထီးဖြူအောက်က ပလ္လင်ကပဲ လုပ်ပိုင်ခွင့်တွေအားလုံးကိ ချုပ်ကိုင်ထားတာ။ ကိုယ်က ကြီးမြတ်တဲ့ပြုပြင်မှုတွေ လုပ်ဆောင်ချင်ရင် အဲ့နေရာကိုရမှ လုပ်နိုင်မှာ"
ယုဂန် အရုဏ၏မေးဖျားကို လက်ဖျားလေးနှင့်ပင့်၍ မော့စေသည်။ မောင့်၏အစိမ်းရောင်မျက်ဝန်းများ မှုန်မှိုင်းနေပုံက တိကျသောအဖြေကို မဖော်ထုတ်နိုင်ဘဲ တွေဝေတွန့်ဆုတ်နေပုံရသည်။
" ရှင်းရှင်းလေးပါ။ ကျွန်တော်မေးမယ်။ မောင် ပွင့်ပွင့်လင်းလင်းပဲဖြေ"
ယုဂန် မောင့်မေးဖျားကို ပင့်ထားသည့်လက်အား အောက်ပြန်ချသည်။ ထို့နောက် သူ ကြည်လင်စွာမေးသည်။
" မောင် ဘုရင်ဖြစ်ချင်လား"
အရုဏ၏မျက်ဝန်းသည် အစကရီဝေကာလေးတွဲ့နေ၏။ ထိုမှတစ်ဆင့် ဆုံးဖြတ်ချက်ခိုင်မာစွာ ဆောက်တည်လိုက်ပုံနှင့် ဖြည်းဖြည်းချင်း မာန်ရဲစွာ စူးရှလာသည်။
" အင်း"
သူ စကားတစ်လုံးတည်းနှင့် ရိုးရှင်းသောအဖြေကိုပေးသည်။ အသံ၏ပြတ်သားနေမှုအရ သူအဖြေမှာ မည်မျှခိုင်မာမှန်းသိရှိနိုင်သည်။
" ယုဂန်ကရော မောင့်ကိုဘုရင်ဖြစ်စေချင်လား"
ယုဂန် အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်သည်။
" မောင့်သဘောပါ။ ကျွန်တော်ကတော့ မောင့်ချစ်သူအနေနဲ့စိုးရိမ်မိတာလေး နည်းနည်းရှိရုံပါပဲ။ မောင်ဘုရင်ဖြစ်ရင် ကျွန်တော်တို့နှစ်ယောက် အရင်လို အေးအေးနေရမှာတော့ မဟုတ်ဘူး။ ပြီးတော့..."
ယုဂန် ဆက်မပြောလာသဖြင့် အရုဏသည် စကားကိုဖြည့်စွက်ထောက်ပေးသည်။
" ပြီးတော့ ဘုရင်ရာထူးကို ထောက်ပံ့ပေးနိုင်မယ့် မိဖုရားတွေ"
ယုဂန် မောင့်ကိုကြည့်လျက် ယိုင်နဲ့စွာပြုံးသည်။
" ကျွန်တော်က ထီးနန်းရော မောင့်ကိုရော အလိုရှိတယ်ပြောရင် လောဘကြ်ီးတယ်ဖြစ်မလား"
မောင် ထိုင်ရာမှ ထ,လာပြီး ယုဂန်အရှေ့တွင် အုပ်မိုးရပ်သည်။ သူ ယုဂန်၏ပါးပြင်ပေါ် ဝေ့ဝဲကျနေသည့် ဆံနွယ်များကို သပ်တင်၍ နားနောက်သို့ ထိုးသွင်းပေးသည်။
" မောင့်ကို တစ်ယောက်တည်းအပိုင်လိုချင်တာ အတ္တကြီးမှ ဖြစ်တဲ့ခံစားချက်လား။ မဟုတ်ဘူးလေ။ ယုဂန်က မောင့်ကိုချစ်တာပဲ။ ချစ်ခြင်းတိုင်းမှာ အပိုင်လိုချင်တဲ့ခံစားချက်က ပါကိုပါတယ်"
မောင့်၏နူးနူးညံ့ညံ့၊ ချိုချိုသာသာစကားကြောင့် ယုဂန် ပြုံးလာသည်။
မောင်က ပြုံးလိုက်သဖြင့် အိတက်သွားသော ယုဂန်၏ပါးပြင်နုနုကို အတန်ငယ်ကြမ်းနေသည့် သူ၏လက်မဖြင့် အသာအယာပွတ်သပ်ရင်း
" မောင်က လိုချင်တာကိုမရရအောင် လုပ်တတ်တဲ့အကျင့်ရှိတယ်။ ထီးနန်းရော၊ ယုဂန်ရော မောင်တစ်ခုမှ လက်လွှတ်ခံမှာ မဟုတ်ဘူး။ ယုဂန် မောင့်ကိုယုံပေးပါ"
ဟုဆိုသည်။
သူ ယုဂန်၏ပါးပြင်ကို ပွတ်သပ်ရာမှရပ်၍ ယုဂန်၏လက်နှစ်ဖက်ကို ဆုပ်ကိုင်သည်။
" မောင့်ကိုလက်ထက်ပါ"
ထိုစကားကြောင့် ယုဂန်၏မျက်ဆန်နက်နက်များ ရွှန်းရရွန်းဝိုင်းစက်သွားကာ အရုဏကို မော့ကြည့်သည်။
မောင်ဟာ ဒုတိယအကြိမ်ထပ်ဆိုပြန်သည်။
" မောင့်ရဲ့ကြင်ယာတော်ဖြစ်ပေးပါ"
တစ်နေ့ကျလျှင် လက်ဆက်မည်ဟူသော အသိရှိသော်လည်း ယခုလိုတရားဝင်ခွင့်ပန်ခြင်းခံရသောအခါ မမျှော်လင့်ထားသည့်လူပမာ အံ့အားသင့်ခြင်း၊ ရင်ခုန်ခြင်းတို့ကို တစ်ပြိုင်တည်းခံစားရသည်။
တကယ်တမ်း မောင်သည် သူတို့နှစ်ဦး ဟီရမှထွက်လာကတည်းက လက်ဆက်ရန်ဆန္ဒရှိနေမှန်း ယုဂန်သိသည်။ ခံတပ်တည်ဆောက်ရေး၊ နယ်မြေသိမ်းပိုက်ရေးတို့ကိုသာ ဦးစားပေးနေရသဖြင့် သူတို့၏မင်္ဂလာပွဲကိစ္စကို သေချာစွာမပြောဖြစ်ဘဲ ချောင်ထဲ၌ ပစ်ထားခဲ့ရခြင်းဖြစ်သည်။
ယခုတွင်တော့ မောင်အာဏာသက်ညောင်းသော နယ်မြေများဟာလည်း ခိုင်မာနေပြီး စိတ်ချနိုင်သောအနေအထားကိုရောက်ရှိနေပြီ။ ထို့ကြောင့် မောင်က ယုဂန်ကို သူ၏ကြင်ယာတော်အဖြစ် တရားဝင်သတ်မှတ်ရန် ဆောင်ရွက်လိုခြင်းဖြစ်နိုင်သည်။
ယုဂန်အနေနှင့် သုံးနှစ်ခွဲမျှ ချစ်ကြိုက်လာပြီး မိမိနှင့်အဆင်ပြေညီညွတ်လှသော ချစ်သူကို လက်ထပ်ရန်အတွက် များစွာစဉ်းစားနေစရာမလိုပါ။ သို့ရာတွင် အနာဂတ်အတွက် မောင့်၏ရည်မှန်းချက်ကသာ လက်ထပ်ပွဲကို ဟန့်၍နေသည်။
မောင်လိုချင်သည့်ထီးနန်းကို မောင်က ယောက်ျားလေးဖြစ်သည့်ကြင်ယာတော်ကို လက်တွဲ၍ ရနိုင်ပါဦးမည်လားဟူသော ကိစ္စသာ။
" မောင် ထီးနန်းလိုချင်တာဆို။ နောင်တစ်ချိန် ကျွန်တော့်ကြောင့်နဲ့ နောင်တမရမှာ သေချာလို့လား"
ပြောသာပြောလိုက်ရသော်လည်း ယုဂန်ရင်ထဲ စူးအောင့်နေသည်။
မောင့်ရည်မှန်းချက်ကိုလည်း သူ,မတားဆီးချင်သည့်အတွက် မောင်ဘုရင်ဖြစ်လိုလျှင် အာဏာအထောက်အပံ့ပေးနိုင်မည့်၊ မောင့်မျိုးဆက်ကိုမွေးဖွားနိုင်မည့် မိဖုရားတစ်ဦး လိုအပ်သည့်အရေးကို သူထည့်စဉ်းစားမှရမည်။
အမျိုးသားကြင်ယာတော် တစ်ဦးတည်းသာ ရှိပါလျှင် မောင်က အမတ်ဝန်မင်းများ၏ထောက်ခံမှုကို ရနိုင်ပါဦးမည်လား။
သူဟာ တစ်နေ့ကျလျှင် မောင့်ပန်းတိုင်အတွက် အဟန့်အထားဖြစ်နေမည်ကို သူစိတ်ပူသည်။
" မောင် ယုဂန်ကိုလက်ထပ်တာ ဘယ်သောအခါမှ နောင်တရမယ့်ကိစ္စမဟုတ်ဘူး"
မောင်က မှိုင်ကျသွားသည့် သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် နွေးနွေးထွေးထွေးအုပ်ကိုင်လျက်ဆိုသည်။ မောင့်အသံက နွေးထွေးလွန်းသဖြင့် သူ၏စိုးရိမ်ပူပန်မှုကို အတန်ငယ်လျော့ကျစေသည်။
" မောင့်ကိုယုံပေးပါလို့ မောင်ပြောထားတယ်လေ။ ပြောပါဦး။ ယုဂန် မောင့်ကို လက်ထပ်နိုင်မလား"
သူ မောင့်ကို အစဉ်တစိုက်အမြဲယုံကြည်ခဲ့ပါသည်။ တစ်ခါတလေတော့လည်း တခြားဘာမှမစဉ်းစားဘဲ မောင့်မျက်နှာသာ ကြည့်နေလိုက်ချင်သည်။
နောင်အခါကိစ္စကို နောင်အခါမှစဉ်းစားကြပေဦးစို့။
သူ ယုံသည်။ မောင်က တစ်ဖက်ကလည်း အချစ်ကိုမစွန့်လွှတ်ဘဲ တစ်ဖက်ကလည်း သူလိုရာကို ရအောင်ယူနိုင်လိမ့်မည်။
" အင်း...ကျွန်တော်တို့လက်ထပ်ကြတာပေါ့"
ယုဂန် ပြုံးလျက်ပြောကာ မောင့်ကိုပွေ့ဖက်လိုက်သည်။ မောင် သူ့ကိုတင်းတင်းကြပ်ကြပ်ပြန်ဖက်လိုက်သောကြောင့် သူ မောင့်ရင်ခွင်ထဲသို့ အိခနဲနစ်မြုပ်သွားသည်။
" လက်ခံပေးလို့ မောင် ယုဂန်ကို ကျေးဇူးတင်ပါတယ်"
မောင် သူ၏ကျောပြင်ကို ညင်သာစွာပွတ်သပ်ရင်းဆ်ိုသည်။ မောင့်အသံတွေ အနည်းငယ်တုန်နေသည်ဟု သူထင်သည်။
" မောင်တို့ မင်္ဂလာပွဲအတွက် မနက်ဖြန်ကစပြီး စီစဉ်ကြရအောင်နော်"
သူ မောင့်ရင်ခွင်ထဲမှမထွက်ဘဲ မောင့်စကားကို နာခံသောအားဖြင့် ခေါင်းညိတ်ပြသည်။
**************************
ညီလာခံခန်းမ,ရှိ ပလ္လင်ထက်တွင် ဥတ္တရနိုင်ငံ၏ ရေမြေ့သခင်ပြည့်ရှင်မင်း မရှိ။
ပလ္လင်ထက်တွင်နေရာလွတ်နေကာ ထိုဘေးရှိသလွန်တော်ပေါ်မှာသာ မယ်တော်ကြီးပဉ္စမာယာထိုင်နေသည်။
သူမသည် ခေါင်းကိုမော်ချီထားလျက် ပလ္လင်အောက်ဘေးတွင် ရပ်နေသော သံတော်ဆင့်ကို မသိမသာကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ သံတော်ဆင့်သည် သဝဏ်လွှာကိုကိုင်လျက် အားမာန်အပြည့်နှင့်ကျယ်လောင်စွာ ရေရွတ်တော့သည်။
"မင်းကြီးဟာ စိတ်လက်မချမ်းသာဘဲ မမာမကျန်းဖြစ်နေသောကြောင့် တိုင်းပြည်ရေးတွေကို သေချာစွာမစီစစ်နိုင်ဘဲ အတန်ကြာလှစ်လှပ်ထားခဲ့ရပါသည်။ သည်လိုမျိုး တိုင်းပြည်ရေးလှစ်လှပ်မှုအတွက် အမတ်ဝန်မင်းတို့ဟာ အလွန်အမင်းစိုးရိမ်ပူပန်ပြီး မယ်တော်ကြီးကို အထပ်ထပ်အခါခါ လာရောက်တောင်းဆိုကြပါသည်။ သို့ပါ၍ တိုင်းပြည်ရေးလိုအပ်ချက်များကို သေချာစွာဖြည့်ဆည်းပေးနိုင်ရေးနှင့် တိုင်းပြည်၏ငြိမ်းချမ်းရေးကို ထိန်းကွပ်ပေးနိုင်ရေးအတွက် မယ်တော်ကြီးဟာ ယာယီဘုရင်မအဖြစ် မင်းကြီး ကျန်းမာရေးပြန်လည် ကောင်းမွန်မလာမချင်း တိုင်းပြည်ကိုအုပ်ချုပ်သွားမည်ဖြစ်ကြောင်း အမိန့်တော်ထုတ်ပြန်အပ်ပါသည်"
ထိုအမိန့်တော်စာ၏အဆုံးတွင် ညီလာခံခန်းမတစ်ခုလုံးသည်
" သင့်မြတ်လှကြောင်းပါ မယ်တော်ကြီးဘုရား...."
ဟူသော သံပြိုင်အသံကြီးနှင့် ပြည့်လျှံသွားလေသည်။
************************
A/N
မောင်နဲ့ယုဂန်ကတော့ လက်ထပ်တော့မယ်!
ဒါ့အပြင် မယ်တော်ကြီးပါလာတော့ မိုက်ပြီမလား။
သူနဲ့ ယုဂန်နဲ့ ဉာဏ်ချင်းပြိုင်ချတာ မြင်ရတော့မယ် xD
ဉာဏ်ကောင်းတဲ့သူတွေ သူတစ်ပြန်ကိုယ်တစ်ပြန်ချရင် အရမ်းကြိုက်တာပဲ!!!!
4.4.2022
( Monday )
.
.
.
Zawgyi
မင္းသားအ႐ုဏ၏အင္အား ႀကီးထြားလာျခင္း
____________________
တန္ေဆာင္မုန္းလဆန္း ၆ ရက္ေန႔တြင္ အင္အားႏွစ္ေသာင္းေက်ာ္ခန႔္ရွိေသာ ဘရဏသူ၏တပ္မ်ားသည္ ခံတပ္ကို လာေရာက္တိုက္ခိုက္၏။
သို႔ေသာ္လည္း အ႐ုဏတို႔ဘက္က ခံစစ္ေတာင့္တင္းလြန္းသည္ျဖစ္ရာ ဘရဏသူ၏တပ္မွာ ရႈံးနိမ့္ျခင္းႏွင့္သာ ရင္ဆိုင္လိုက္ရၿပီး လက္နက္ဆင္ျမင္းသုံ႔ပန္းမ်ားကို အ႐ုဏမင္းသားလက္ထဲ ထိုးအပ္ခဲ့ရေလသည္။
တန္ေဆာင္မုန္းလဆန္း ၁၄ ရက္ေန႔တြင္ တတိယအႀကိမ္အျဖစ္ အင္အားငါးေသာင္းခန႔္ႏွင့္ လာေရာက္တိုက္ခိုက္ျပန္သည္။ ထိုအခါတြင္လည္း ထပ္မံရႈံးနိမ့္ျပန္သည္။
အ႐ုဏတို႔ဘက္ကသာ တစ္ဖက္ရန္သူ႔ဆီမွ သိမ္းပိုက္ရရွိေသာ လက္နက္လူသူမ်ားႏွင့္ စစ္ေရးအင္အား တစ္စထက္တစ္စ ပိုမိုၾက္ီးထြားလာသည္။
တစ္ဖက္တြင္လည္း ပီယံမိတ္သည္ စစ္ေရးအတြက္ ကုန္က်စရိတ္မ်ားရရွိရန္ အုပ္ခ်ဳပ္ရာနယ္ေျမ၏စီးပြားေရးကို စနစ္တက်ကိုင္တြယ္ေနသည္။ ထိုသို႔ကြပ္ကဲရာတြင္ ရွင္ေထြး၏ အႀကံမ်ားကို လက္ေတြ႕အေကာင္အထည္ေဖာ္ပစ္ကာ ႐ြာ၏စီးပြားေရးကို အဆင့္ျမႇင့္တင္ႏိုင္ခဲ့သည္။ ထိုအခါ ဝင္ေငြဘ႑ာဟာလည္း ပို၍မ်ားျပားလာခဲ့သည္။
ထိုသို႔ မင္းသားအ႐ုဏဘက္မွ အင္အားပိုႀကီးလာမွန္း သိလာေသာအခါ ရဲေသြးရဲမာန္တက္ႂကြေသာ လူငယ္မ်ားသည္ အ႐ုဏ၏တပ္ထဲသို႔ ဝင္ေရာက္လာၾက၏။ မင္းႀကီး၏တပ္တြင္းမွ စစ္သည္အခ်ိဳ႕ပါ ခိုလႈံလာသည္။ တပ္မႉးအခ်ိဳ႕ အ႐ုဏလက္ေအာက္သို႔ေရာက္ရွိလာသည္။
ထင္မထားေသာအခ်က္မွာ ၿမိဳ႕စားတစ္ဦးကပါ အ႐ုဏ၏ဘက္ကို ေျဗာင္ေျဗာင္တင္းတင္းေထာက္ပံ့ေပးလာျခင္းျဖစ္သည္။
ဤသို႔ႏွင့္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ေရာက္လွ်င္ အ႐ုဏသည္ ခံစစ္ႏွင့္မေရာင့္ရဲဘဲ တိုက္စစ္သို႔ ဦးတည္ရန္ ဆုံးျဖတ္ခ်က္ခ်လိုက္ေတာ့သည္။
အ႐ုဏ၊ ယုဂန္ႏွင့္ တပ္မႉးသုႏၵရီတို႔ ဦးေဆာင္ကာ စစ္ေရးဗ်ဴဟာမ်ားကို ေန႔ေန႔ညညခ်မွတ္၍ စစ္ေရးေဆြးေႏြးၾကေတာ့သည္။ သူတို႔သည္ တစ္စတစ္စသိမ္းပိုက္သြားမည့္ လမ္းေၾကာင္းမ်ားကို ေရးဆြဲလ်က္ မည္သို႔ေသာလူႏွင့္ ႀကိဳတင္မဟာမိတ္ဖြဲ႕ထားသင့္သည္ဟူေသာ အခ်က္ကိုပါ ေတြးေတာထားၾကသည္။
အရင္ဦးစြာ အ႐ုဏသည္ အနီးနားရွိ ႐ြာမ်ားႏွင့္ ၿမိဳ႕ငယ္မ်ားကို သြားေရာက္သိမ္းပိုက္သည္။ ခက္ခဲစြာ မႀကိဳးစားလိုက္ရဘဲ သူအုပ္စိုးႏိုင္ေသာနယ္ေျမဧရိယာကို ခ်ဲ႕ထြင္ႏိုင္ခဲ့သည္။
တပို႔တြဲလဆန္း၁ ရက္ေန႔တြင္ တမာပင္႐ြာႏွင့္ အနီးတစ္ဝိုက္ရွိ ႐ြာငယ္အားလုံးကိုစုေပါင္း၍ တမာပင္ၿမိဳ႕ဟု တရားဝင္ေၾကညာခဲ့သည္။
တကယ္က ပုန္ကန္သူတိုင္းသည္ သူတို႔စတင္ခဲ့ေသာေနရာကို ေအာင္ေျမဟုသတ္မွတ္ကာ လွပခမ္းနားေသာအမည္မ်ား ေျပာင္းလဲေလ့ရွိသည္။ သို႔ရာတြင္ အ႐ုဏမွာမူ အမည္ႏွင့္ပတ္သတ္ၿပီး မ်ားစြာေခါင္းစားမခံသူျဖစ္ေလရာ တမာပင္ အေနာက္တြင္ " ႐ြာ" ျဖဳတ္၍ " ၿမိဳ႕" ေျပာင္းတပ္ျခင္းသာ ျပဳလုပ္ခဲ့ေလသည္။ သူက ေရွ႕ဆက္ၿပီး
" လူေတြ တျခားနာမည္ ထပ္မွတ္ေနစရာမလိုေတာ့ဘူး"
ဆိုၿပီးေတာင္ ႐ုပ္တည္ႀကီးႏွင့္ဆိုခဲ့ေသးသည္။
မည္သို႔ပင္ဆိုေစကာမူ တမာပင္သည္ ၿမိဳ႕ႀကီးျဖစ္သြားေလၿပီး ႐ြာသူႀကီးမွာ ၿမိဳ႕စားအဆင့္ေရာက္ရွိသြားေလသည္။
အ႐ုဏသည္ တမာပင္ၿမိဳ႕၏အုပ္ခ်ဳပ္ေရးကို ၿမိဳ႕စားျဖစ္သြားေသာ သူႀကီးထံတြင္ အပ္ႏွံခဲ့ကာ တစ္ပါးေသာအရပ္မ်ားတြင္ စစ္ခ်ီရန္ စစ္ထြက္ခဲ့ေတာ့သည္။ သူႏွင့္အတူ ယုဂန္သည္လည္း လိုက္ပါ၏။ ပီယံကမူ အ႐ုဏအာဏာစက္ဝန္းေအာက္မွ ၿမိဳ႕႐ြာမ်ား၏အေျခအေနကို ထိန္းကြပ္ရန္အလို႔ငွါ ပင္မအုပ္ခ်ဳပ္ေရးဆိုက္ရာ တမာပင္ၿမိဳ႕၌ပင္ က်န္ရစ္ခဲ့သည္။
တပို႔တြဲလဆန္း ၁၁ ရက္ေန႔တြင္ သႏၷီးၿမိဳ႕ကို မင္းသားအ႐ုဏသိမ္းပိုက္လိုက္ၿပီဟူေသာ သတင္းမွာ ဟီရနန္းေတာ္တစ္ခြင္ကို ဆူညံပြက္ေလာ႐ိုက္သြားေစသည္။
ေနာက္ထပ္တစ္ပတ္မွ်အၾကာတြင္ တျခားေသာၿမိဳ႕တစ္ၿမိဳ႕ကို မင္းသားအ႐ုဏ သိမ္းလိုက္ျပန္ၿပီဟူေသာ သတင္းထြက္ေပၚလာသည္။
မင္းႀကီး၏တပ္မွ ထိုၿမိဳ႕မ်ားကို အ႐ုဏလက္ထဲမွ ျပန္ယူရန္ႀကိဳးပမ္းေသာ္လည္း တစ္ဖက္က ခံစစ္ေကာင္းမြန္လြန္းသည္ျဖစ္ရာ ပါသြားေသာၿမိဳ႕မ်ားကို လက္လႊတ္လိုက္ရၿပီး တျခားေသာၿမိဳ႕မ်ားကို ကာကြယ္ရန္သာ ႀကိဳးပမ္းေတာ့သည္။
သို႔ေသာ္လည္း အ႐ုဏ၏တပ္သည္ သူတို႔မထင္မွတ္ထားေသာ ၿမိဳ႕တစ္ၿမိဳ႕ကို ထပ္ၿပီးသိမ္းပိုက္သြားျပန္သည္။
ကာကြယ္ေနသည့္ၾကားမွ တေပါင္းလျပည့္မတိုင္ခင္ေလးမွာပင္ အ႐ုဏ၏တပ္မွာ ၿမိဳ႕ႀကီးငါးၿမိဳ႕ကို သိမ္းပိုက္ႏိုင္ခဲ့ၿပီးျဖစ္ေလသည္။ တေပါင္းလျပည့္ေက်ာ္လွ်င္ ေစာ္ဘြားႏွစ္ဦးႏွင့္ ၿမိဳ႕စားတစ္ဦး သူ၏လက္ေအာက္သို႔ ထပ္ၿပီးဩဇာခံလာသည္။
မင္းသားအ႐ုဏ၏အင္အားႀကီးမားလာပုံမွာ ေကာက္႐ိုးကို မီးစြဲသည့္ပမာ လြန္စြာလ်င္ျမန္လြန္းလွၿပီး ေၾကာက္ခမန္းလိလိျဖစ္၏။ ယခုဆို သူ၏လက္ေအာက္တြင္ စစ္သည္အင္အားတစ္သိန္းေက်ာ္ေက်ာ္ရွိေနေလၿပီ။
ခန႔္မွန္းထားခဲ့သည့္အတိုင္း အေျခအေနေစာင့္ၾကည့္ေနေသာ ၿမိဳ႕စားအခ်ိဳ႕သည္ မင္းသားအ႐ုဏဘက္သို႔ ယိုင္လာၾကၿပီ။ လက္နက္ေထာက္ပံ့မႈမ်ား ပိုမိုမ်ားျပားလာသည္။
မင္းသားအ႐ုဏ တပ္ခ်ီလာမည္ကို မင္းႀကီး၏လက္ေအာက္မွ ၿမိဳ႕စားတို႔စိုး႐ြံ႕လာသည္။
ဟီရနန္းေတာ္တြင္လည္း မင္းသားအ႐ုဏ၏အမည္နာမမွာ လူတိုင္းႏႈတ္ဖ်ားတြင္ တဖြဖြေရ႐ြတ္လ်က္ရွိေနေတာ့သည္။ ယုံၾကည္ရေသာ လူမ်ားႏွင့္သာ ေတြ႕ဆုံသည့္သီးသန႔္အခ်ိန္မ်ားတြင္ေတာ့ မင္းႀကီးကိုစိတ္ပ်က္ေနေသာ အမတ္ဝန္မင္းမ်ားသည္ မင္းသားအ႐ုဏ၏လုပ္ေဆာင္မႈကို ခ်ီးက်ဴးေနၾကလ်က္ရွိသည္။
ထိုသတင္းကို ယုဂန္အႀကံေပးသျဖင့္ ဟီရသို႔လႊတ္ထားသည့္ သူလွ်ိဳမ်ားမွတစ္ဆင့္သိရ၏။ အကယ္၍ အ႐ုဏသာ ဟီရၿမိဳ႕ေတာ္ကို တက္သိမ္းပါလွ်င္ အမတ္ဝန္ႀကီးမ်ား၏ေထာက္ခံမႈက သူ၏အာဏာကို တရားဝင္ျဖစ္ေစလိမ့္မည္။ ထို႔ေၾကာင့္ လႊတ္ေတာ္အမတ္မ်ား၏က႑ကလည္း အေရးပါသည္။
တေပါင္းလျပည့္ေက်ာ္ ၁၂ ရက္ေန႔တြင္ မင္းသားအ႐ုဏ၏ အင္အားႀကီးလာမႈကို မီးေမာင္းထိုးျပသည့္ကိစၥတစ္ခုေပၚေပါက္လာသည္။
ဤသည္မွာ မေဒါင္ၿမိဳ႕ကို သိမ္းရန္ ႀကိဳးစားသည့္အေရး၌ျဖစ္သည္။
အ႐ုဏသည္ သူ၏စစ္သည္မ်ားကို မလိုအပ္ဘဲ အပင္ပန္းမခံေစခ်င္၊ အေသမခံေစခ်င္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ မေဒါင္ၿမိဳ႕စားဆီ " သစၥာခံမည္ေလာ၊ ခ်ီရမည္ေလာ" ဟု သဝဏ္လႊာကို ေပးပို႔ေစသည္။
ထိုသဝဏ္လႊာတစ္ေစာင္တည္းႏွင့္ မေဒါင္ၿမိဳ႕စားသည္ လက္နက္ခ်ကာ အ႐ုဏ၏ဩဇာေအာက္ကို အသာတၾကည္ဝင္ေရာက္သြားေလသည္။ ေသြးေျမမက်လိုက္၊ ဓားတစ္ခ်က္မေဝွ႔လိုက္ရဘဲ မေဒါင္မွာ အ႐ုဏ၏လက္ေအာက္သို႔ ေရာက္ရွိသြားေလသည္။
ထိုသတင္းက ပ်ံ႕ႏွံ႔သြားေလေသာ္ ၿမိဳ႕စားႏွစ္ဦးသည္ အ႐ုဏကို လက္ေဆာင္ဘ႑ာမ်ားပို႔သ၍ မဟာမိတ္လာဖြဲ႕ၾကေလသည္။ အ႐ုဏ၏အာဏာစက္ဝန္းဟာ ပို၍ေတာင့္တင္းခိုင္မာလာသည္။
ဤသို႔ႏွင့္ တေပါင္းလဆုတ္ ၁၄ ရက္ေန႔တြင္ အ႐ုဏသည္ ဥတၱရႏိုင္ငံ၏ သုံးပုံတစ္ပုံကို သိမ္းပိုက္ရရွိၿပီးျဖစ္ေလသည္။
သူ စတင္ပုန္ကန္သည့္အခ်ိန္ႏွင့္တြက္လွ်င္ ေျခာက္လေက်ာ္မွ်သာ အခ်ိန္ၾကာျမင့္ခဲ့သည္။
*******************************
မယ္ေတာ္ႀကီးပၪၥမာယာသည္ ခါးကိုမတ္၊ ရင္ကိုေကာ့ကာ ပ်င္းရိျခင္း၊ ေႏွးေကြးျခင္းမရွိေသာ ေျခလွမ္းမ်ားျဖင့္ ျမန္ျမန္၊ မွန္မွန္လမ္းေလွ်ာက္ေလ့ရွိ၏။
သို႔ရာတြင္ ယခုအခါ မယ္ေတာ္ႀကီး၏ေျခလွမ္းမွာ သာမန္ထက္ပို၍ျမန္လွသျဖင့္ သူမအေနာက္မွ ရံေ႐ြေတာ္မ်ားသည္ ျဗန႔္ထဘီအနား ခပ္သုတ္သုတ္ခပ္ကာ ကမန္းကတန္း လိုက္ေနရေတာ့သည္။
လမ္းတြင္ေတြ႕သမွ် နန္းတြင္းအမႈထမ္းတိုင္းသည္ မယ္ေတာ္ႀကီး၏ စိတ္ဆိုးမာန္ဆိုးျဖစ္ေနေသာပုံစံေၾကာင့္ မည္သည့္အျပစ္မွ် မျပဳလုပ္ထားသည့္တိုင္ အလိုလိုေနရင္း ေၾကာက္႐ြံ႕တုန္လႈပ္သြားၾက၏။ သူတို႔သည္ လမ္းေဘးသို႔ အလ်င္ကပ္ကာ မယ္ေတာ္ႀကီးကို အျမန္အဆန္ ဒူးေထာက္ခ,စားၾကေတာ့သည္။
မယ္ေတာ္ႀကီးသည္ သူ႔အားဦးၫႊတ္ေနေသာသူမ်ားအလယ္မွ မာန္ဝံ့စြာေလွ်ာက္ကာ အေဆာင္တစ္ေဆာင္တြင္းသို႔ ခ်ိဳးဝင္သြားသည္။
မယ္ေတာ္ႀကီး၏တင္းမာေနေသာ မ်က္ႏွာထားကိုေတြ႕လွ်င္ အေဆာင္ေရွ႕မွ ရဲမက္တို႔သည္ " မယ္ေတာ္ႀကီး ႂကြခ်ီလာပါၿပီ" ဟုေတာင္ အရင္မဆိုႏိုင္ဘဲ တံခါးကို ကပ်ာကယာဖြင့္ေပး၏။
မယ္ေတာ္ႀကီး ထိုအေဆာင္တြင္းသို႔ဝင္သြားသည္။
အေဆာင္အတြင္းတြင္ မင္းႀကီးဘရဏသူမွာ ေညာင္ေစာင္းထက္တြင္ ဒူးတစ္ဖက္ကိုေထာင္၊ ေျခတစ္ဖက္ကိုဆန႔္၍ထိုင္လ်က္ ေသရည္ေသာက္ေနသည္။
မင္းႀကီး၏ပါး႐ိုးတစ္ေလွ်ာက္တြင္ မရိတ္မသိမ္းျဖစ္ေသာ မုတ္ဆိတ္ေမြးမ်ား စိမ္းဖန႔္ေနသည္။ ညႇိဳ႕မႈိင္းေနေသာ မ်က္ႏွာ၊ ရီေဝေနေသာ မ်က္လုံးမ်ားႏွင့္ ေသရည္နံ႔လႈိင္ကာ ဝတ္လဲေတာ္မွာလည္း ဖ႐ိုဖရဲျဖစ္ေနသည္မို႔ ဘုရင္တစ္ပါး၏ ထည္ဝါေတာက္ပမႈ မရွိဘဲ ညႇင္းသိုးသိုးျဖစ္ေနေလသည္။
မယ္ေတာ္ႀကီးသည္ ဘရဏသူေရွ႕သို႔ ဒုန္းဆိုင္းသြား၏။ ထို႔ေနာက္ သူမ၏လက္ကို ေျမႇာက္ကာ ဘရဏသူ၏ဇက္ပိုးကို ပိတ္႐ိုက္လိုက္ေလသည္။
ေျဖာင္း!
မယ္ေတာ္ႀကီးသည္ အမ်ိဳးသမီးႀကီးျဖစ္ေသာ္လည္း ငယ္႐ြယ္စဥ္မွ အားအင္တို႔ မကုန္ဆုံးေသးသူျဖစ္ရာ ဘရဏသူ၏မ်က္ႏွာ ေအာက္စိုက္က်သြားသည္။
ဘရဏသူ ေခါင္းငုံ႔သြားသည္။ သူ ျပန္၍ေမာ့မၾကည့္။ သူ႔လက္ထဲတြင္ ေသရည္ပုလင္းကိုသာ တင္းတင္းဆုပ္ကိုင္ထားသည္။
" မယ္မယ္က ကြၽန္ုပ္ကို ႐ုပ္ေသး႐ုပ္လို ဆက္ဆံေနတာဆို...အဲ့စကားေၾကာင့္ သနားလို႔ ေကာင္းေကာင္းလုပ္ႏိုင္မလားဆိုၿပီး လႊတ္ထားေပးခဲ့တာ။ အခုေတာ့ ဘယ္လိုျဖစ္ေနၿပီလဲ။ ေစာက္သုံးကိုမက်ဘူး။ နင့္ကိုနင္ ဘုရင္လို႔ သတ္မွတ္ရဲရဲ႕လား"
မယ္ေတာ္ႀကီး၏အသံသည္ မက်ယ္။ တိုးလည္း မတိုး။ ေဒါသသံမပါေသာ္လည္း အလြန္တၾကာမာေၾကာၿပီး ေကသရာဇာကဲ့သို႔ ဩဇာအရွိန္အဝါကို ထုတ္ျပေနေလသည္။
ဘရဏသူဟာ မည္သို႔ေသာတုံ႔ျပန္မႈမွ်မျပလာ။ ေသရည္နံ႔ စူးလွေသာ သူ႔ခႏၶာကိုယ္ႀကီးက ေက်ာက္႐ုပ္လို ၿငိမ္သက္ေနသည္။ အသက္ရွဴ၍သာ လူမွန္းသိရသည္။
ဒီအေတာအတြင္း ရႈပ္ေထြးလွေသာနန္းတြင္းေရးႏွင့္ တိုင္းေရးၾကည္ေရးမ်ားက ဘရဏသူကို ႏွိပ္စက္ထားသည္ျဖစ္ရာ သူ၏ပုံမွာ ညႇင္းသိုးလ်က္ အလြန္တရာခ်ဳံးခ်ဳံးခ်ေနေလၿပီ။ ထိုၾကားထဲ မင္းသားအ႐ုဏ၏အင္အားႀကီးထြားမႈကလည္း သူ႔ကို အိပ္မေပ်ာ္ေအာင္ ဖိအားေပးလ်က္ရွိသည္။ သူဟာ သူကိုယ္တိုင္မသိလိုက္သည့္အခ်ိန္မွာပင္ ေသရည္ေတာထဲျမဳပ္ေနေလၿပီ။
ေန႔စဥ္ရက္ဆက္ ေသမူးေနသျဖင့္ သူ၏သားေတာ္ႏွင့္မေတြ႕ရသည္မွာလည္း ၾကာလွၿပီျဖစ္သည္။ ေသမူးေနစဥ္ သူ႔အနားသို႔ ၿပဳံးၿပဳံး႐ႊင္႐ႊင္ႏွင့္ လာကပ္ေသာ သားေတာ္ေလးဝသႏၲကို ေဒါသတႀကီးေအာ္ဟစ္မိၿပီး ကေလးငိုသြားကတည္းက သူ သားေတာ္ႏွင့္ ထပ္မေတြ႕မိျခင္းျဖစ္သည္။ ကေလးအေပၚ အျပစ္က်ဴးလြန္မိသည္ဟု ခံစားရေသာေၾကာင့္ ကိုယ့္ကိုယ္ကိုဒဏ္ခတ္၍ ေရွာင္ရွားမိေနျခင္းသာ။ ထိုသို႔ ဒဏ္ခတ္ေလ၊ သူ၏စိတ္ဟာ ပို၍ဆိုးဝါးလာေလေပ။
ထို႔အတူ မိဖုရားေခါင္ႀကီး သုျဒာႏွင့္လည္း မေတြ႕ခ်င္။ မုန္း၍မဟုတ္၊ စိတ္ကုန္၍မဟုတ္။ သူ၏ရင္ထဲတြင္ ဗလာအေခါင္းေပါက္ႀကီးျဖစ္ေနသျဖင့္သာ။ ခံစားခ်က္အားလုံးထုံေနသျဖင့္ မယ္ေတာ္ႀကီးကိုလည္း သူ မည္သို႔မွ် ျပန္လည္မတုံ႔ျပန္လိုေတာ့ေပ။
" ဒီေန႔ကစၿပီး တိုင္းျပည္ေရးနဲ႔ အ႐ုဏကိစၥကို ငါကိုင္တြယ္မယ္။ ေစာက္ပါးစပ္ပိတ္ထားၿပီး အရင္တိုင္း ႐ုပ္ေသး႐ုပ္လိုပဲေန"
မယ္ေတာ္ႀကီး ျပတ္သားစြာေျပာၿပီးေနာက္ သူ႔အေရွ႕မွ လွည့္ထြက္သြားသည္။
အေဆာင္အတြင္းမွ မယ္ေတာ္ႀကီးထြက္သြားမွသာ ဘရဏသူ ေခါင္းျပန္ေထာင္လာၿပီး ေသရည္ကိုေမာ့ေသာက္သည္။
ေမာ့ေသာက္ေနရင္းမွာပင္ သူ၏ရင္တြင္း၌ ဖိအားမ်ားက တစ္စို႔၍ႀကီးထြားလာသည္။ သူ မခံႏိုင္ေတာ့သည္ျဖစ္ရာ ေသရည္ပုလင္းကို ၾကမ္းျပင္ေပၚ ပစ္ခြဲလိုက္သည္။
တစ္ၿပိဳင္တည္းမွာပင္ ရင္ေခါင္းမွလာေသာအသံျဖင့္
" အား...."
ဟု က်ယ္ေလာင္စြာေအာ္ဟစ္မိေတာ့သည္။
**********************************
တန္ခူးလဆန္း ၁ ရက္ေန႔တြင္ အ႐ုဏႏွင့္ ယုဂန္သည္ နယ္ေျမခ်ဲ႕ထြင္ေရးကို ေခတၱရပ္ကာ က်န္အစီအစဥ္မ်ားခ်မွတ္ရန္ႏွင့္ မိမိတို႔စစ္သည္မ်ား အနားယူရန္
ပီယံမိတ္ရွိရာ တမာပင္ၿမိဳ႕သို႔ ျပန္လာၾကသည္။
ထိုတြင္ မထင္မွတ္ထားေသာ အရာတစ္ခုက အ႐ုဏႏွင့္ေတြ႕ဆုံရန္ ခြင့္ပန္လာသည္။
ဤသည္မွာ မင္းသားနႏၵကန္စီပင္။
နႏၵကန္စီေရာက္ရွိေနၿပီး အ႐ုဏႏွင့္ေတြ႕ခြင့္ေတာင္းေနသည္ ဆိုေသာေၾကာင့္ အ႐ုဏသည္ နႏၵႏွင့္ ဧည့္ေတြ႕ေသာအေဆာင္တြင္ေတြ႕၏။
သူတို႔သည္ မ်က္ႏွာခ်င္းဆိုင္ထိုင္ၾကၿပီး နႏၵ၏အေနာက္တြင္ေတာ့ တပ္မႉးသုႏၵရီဟာ မင္းသားအ႐ုဏ၏ကိုယ္ရံေတာ္အျဖစ္ မတ္တပ္ရပ္ေနသည္။
နႏၵသည္ မ်က္ႏွာရွစ္ေခါက္ခ်ိဳးေနၿပီး ေဒါသထြက္ေနပုံရ၏။ သူသည္ အ႐ုဏကို ျပင္းထန္ေသာမ်က္ဝန္းမ်ားႏွင့္ၾကည့္ရင္း စြာစြာက်ယ္က်ယ္ေျပာလာသည္။
" အခု နန္းေတာ္မွာ ဘာေတြျဖစ္ေနၿပီလဲ သိရဲ႕လား။ အစ္ကိုေတာ့္ေၾကာင့္ အစ္ကိုေတာ္ဘရဏသူက ညဘက္ေတြအိပ္မေပ်ာ္လို႔ ေဆးကုသရတဲ့အေျခအေနေရာက္ေနၿပီ။ ေန႔တိုင္းေန႔တိုင္း ေသရည္ေတြေသာက္ၿပီးေတာ့ လမ္းေဘးကသူဖုန္းစားေတာင္ သူ႔ေလာက္ညႇင္းသိုးသိုးပုံေပါက္မေနဘူး"
နႏၵသည္ ေခါင္းထဲေပၚလာေသာ စကားလုံးကို ေျပာသင့္သည္၊ မေျပာသင့္သည္ ေဝခြဲမေနဘဲ တဲ့တိုးဆိုတတ္သည္ျဖစ္ရာ ႀကီးျမတ္လွေသာ ဘုရင္ကို သူဖုန္းစားကို မအပ္မရာသြား၍ ႏႈိင္းယွဥ္သကဲ့သို႔ျဖစ္ေနသည္။ ထို႔ေၾကာင့္ သူသည္ ဘရဏသူဘက္မွ နာ၍ေျပာသည့္တိုင္ သူဖုန္းစားႏွင့္ယွဥ္၍ ဘုရင္ကိုႏွိမ္သလိုလည္းျဖစ္ေနသည္။
ထိုေၾကာင့္ ယင္းစကားမွာ ရယ္ခ်င္စရာေကာင္းသြား၏။ သို႔ေသာ္လည္း မည္သူ႔မွ်မရယ္ပါ။ စကားအသုံးအႏႈန္းက ကပ်က္ကေခ်ာ္ျဖစ္ေနသည့္တိုင္ ဤစကားဝိုင္းႏွင့္ နႏၵ၏ေဒါသမ်က္ႏွာဟာ ဟာသမဟုတ္ေနသျဖင့္ မည္သူမွ်မရယ္ၾကေပ။
" ဒါ သူ႔ကိစၥပဲ။ ဘာလို႔ငါ့ကိုလာၿပီးအျပစ္တင္ေနတာလဲ"
အ႐ုဏ၏ တည္လြန္းေသာစကားအဆုံးတြင္ နႏၵ၏မ်က္ဝန္းမ်ား က်ဥ္းေျမာင္းသြားသည္။
" သူ႔ကိစၥ? ဟား"
နႏၵ အံ့ဩသြားဟန္ျဖင့္ တစ္ခ်က္ရယ္သည္။
" အစ္ကိုေတာ္က မင္းႀကီးကို ညီအစ္ကိုလို႔ မသတ္မွတ္ေတာ့ဘူးမလား။ ဒါေၾကာင့္ ဒီလိုစကားေျပာတာေပါ့။ မင္းႀကီးက အစ္ကိုေတာ့္အတြက္ ဘယ္ေလာက္ၾကည့္ေပးခဲ့လဲဆိုတာ အစ္ကိုေတာ္အသိဆုံးပဲ။ သူ အစ္ကိုေတာ့္အေပၚ ေကာင္းေပးခဲ့တာ နည္းနည္းေလာက္ျပန္စဥ္းစားၿပီး သူ႔အေပၚနည္းနည္းေလာက္ အေလွ်ာ့ေပးလို႔မရဘူးလား"
" ငါ သူ႔ကိုအစ္ကိုႀကီးတစ္ေယာက္အေနနဲ႔ အၿမဲ႐ိုေသခဲ့ပါတယ္။ ဒါေပမဲ့ အခုကိစၥက ငါတို႔ႏွစ္ေယာက္တည္း ရန္ျဖစ္ေနတာလည္းမဟုတ္ဘူး..."
" အစ္ကိုေတာ္သာ ညႇိႏႈိင္းဖို႔ျပန္လာမယ္ဆိုရင္ ေတာင္းဆိုတာ အကုန္လုပ္ေပးမယ္တဲ့..."
အ႐ုဏ၏စကားမဆုံးခင္မွာပင္ နႏၵက အားတက္သေရာ ၾကားျဖတ္ဝင္ေျပာသည္။
သူ၏မ်က္ႏွာသည္ ဆူပုတ္ေနရာမွ ေမွ်ာ္လင့္တႀကီးေစာင့္ဆိုင္းေနဟန္ျဖင့္ တလက္လက္ေတာက္ပလာသည္။
"အစ္ကိုေတာ္ဘရဏသူက အဲ့လိုေျပာတယ္။ ဒါေၾကာင့္တစ္ခါေလာက္ပဲျဖစ္ျဖစ္ သူနဲ႔ေတြ႕ၿပီး ေဆြးေႏြးၾကည့္ပါ"
အ႐ုဏ အတန္ၾကာႏႈတ္ဆိတ္ေနသည္။ ခံစားခ်က္ဟူသည္ အေထြေထြမရွိဘဲ ဗလာျပင္ျဖစ္ေနေသာ မ်က္ႏွာအမူအရာေၾကာင့္ သူ၏စိတ္ကို နႏၵ ခန႔္မွန္း၍မရႏိုင္ေပ။
" သူ႔ကိုမယုံဘူး။ ေဆြးေႏြးဖို႔မျဖစ္ႏိုင္ဘူး"
အတန္ၾကာၿပီးမွ ထြက္ေပၚလာေသာ အ႐ုဏ၏အေျဖေၾကာင့္ နႏၵ၏ဝင္းပေနေသာမ်က္ႏွာ ေျပေလ်ာ့သြားကာ ျဖည္းျဖည္းခ်င္းမ်က္ႏွာတည္သြားသည္။
" ဘာလို႔လဲ။ သူဒီေလာက္ေလွ်ာ့ေပးေနတာပဲကို အစ္ကိုေတာ့္ဘက္က လက္တစ္ဆစ္ေလာက္ပဲျဖစ္ျဖစ္ ေလွ်ာ့လို႔မရဘူးလား"
အ႐ုဏ ျပန္မေျဖ။ ေခါင္းလည္းမညိတ္။ ထိုအတိုင္း တုံဏွိဘာေဝ။
" ဆက္ၿပီးပုန္ကန္မယ္ေပါ့"
နႏၵ ေခါင္းငုံ႔ကာ ႏႈတ္ခမ္းစြန္းတစ္ဖက္တည္း ေကြးၫြတ္၍ရယ္သည္။ သူ၏ အက္ကြဲေသာရယ္သံက တစ္ေလာကလုံးကို စိတ္ကုန္၍ အ႐ြဲ႕တိုက္ေနဟန္ျဖင့္ တမင္ရယ္ေသာ အသံမ်ိဳးျဖစ္သည္။
" ၾကည့္ရတာ တိုင္းျပည္အတြက္ ေတာင္းဆိုတာ မလုပ္ေပးလို႔ နန္းေတာ္ကထြက္သြားတာမဟုတ္ဘဲနဲ႔ ဘုရင္ျဖစ္ခ်င္လို႔ ပုန္ကန္တာမလား"
" စကားေျပာဆင္ျခင္ပါ"
နႏၵအေနာက္မွ သုႏၵရီ အသံမာမာျဖင့္ဟန႔္သည္။ ထိုအခါ နႏၵသည္ သူမကိုလွည့္ၾကည့္၍
" နင့္ကိစၥမပါဘူး"
ဟု တင္းမာစြာဆိုေလသည္။ သူတို႔ႏွစ္ဦး၏အျပန္အလွန္ၾကည့္ေသာ အၾကည့္မ်ားက စူးရဲၾကမ္းရွေနသည္။
ထို႔ေနာက္ နႏၵ အေရွ႕သို႔ျပန္လွည့္သြားကာ အ႐ုဏကို ေစ့ေစ့ၾကည့္လ်က္
" အစ္ကိုေတာ္ ဘယ္တုန္းက ဒီလိုေလာဘျဖစ္သြားတာလဲ။ ဘာမဟုတ္တဲ့ ထီးနန္းေၾကာင့္ အစ္ကိုေတာ္မင္းေယာဇာလည္း ဒီလိုလမ္းလိုက္ၿပီးၿပီ။ အခု အစ္ကိုေတာ္ကပါ ထပ္ၿပီး ဘယ္လိုျဖစ္ေနတာလဲ"
ဟု အျပစ္တင္လိုဟန္၊ အားမလို အားမရဟန္ျဖင့္ဆိုသည္။
" ဒီကိုလာတာ ဒါေတြေျပာဖို႔လား"
အ႐ုဏ၏ တည္ၾကည္ေသာတုံ႔ျပန္မႈေၾကာင့္ နႏၵမ်က္ႏွာမဲ့သြားသည္။ သူသည္ နာနာက်င္က်င္ၿပဳံးသြားၿပီး
" အစ္ကိုေတာ့္အတြက္ ထီးနန္းက ေသြးသားေတြထက္ေတာင္ အေရးပါတယ္ေပါ့"
ဟု ဆိုသည္။ ထို႔ေနာက္ အေရွ႕ရွိစားပြဲခုံကို ဖုန္းခနဲ႐ိုက္ကာ ယိုင္တိယိုင္တိုင္ျဖင့္ မတ္တပ္ထ,သည္။ တစ္ဆက္တည္းပင္ ခါးတြင္ လြယ္ထားေသာဓားကို ဓားအိမ္အတြင္းမွ ဆြဲထုတ္ဟန္ျပင္သည္။
ဓား၏အစိတ္အပိုင္းအနည္းငယ္သာ ဓားအိမ္ထဲမွ ထြက္လာ႐ုံရွိေသး။ လ်င္ျမန္လြန္းေသာ သုႏၵရီ႕၏လက္က ဓားေျမႇာင္တစ္လက္ကို တင္းတင္းကိုင္ကာ နႏၵ၏လည္ပင္းကို ေထာက္ၿပီးျဖစ္သည္။
နႏၵသည္ အံ့လည္းဩမိသလို တစ္ခ်ိန္တည္းမွာပင္ ရင္ထဲနာသြား၏။ သူ သုႏၵရီ႕ဘက္ကို မ်က္လုံးေထာင့္ကပ္ၾကည့္သည္။
" နင္က အဆုံးထိသူ႔ဘက္ကေပါ့။ အစ္ကိုေတာ္အ႐ုဏအတြက္နဲ႔ ငါ့လည္ပင္းေပၚမွာပါ နင္ကဓားတင္ရဲတယ္ေပါ့"
" မင္းသားအ႐ုဏက ငါသစၥာခံထားတဲ့သခင္။ ငါ့ရဲ႕အရွင္သခင္အတြက္ဆိုရင္ ဓားတင္သင့္တဲ့သူကို ဓားတင္ရမွာပဲ"
နႏၵသည္ စိတ္တြင္းခံစားခ်က္ကို ျပင္ပတြင္ထုတ္ျပေလ့ရွိသူျဖစ္ရာ သုႏၵရီ႕၏ျပန္ေျဖေသာစကားကို ၾကားေသာ္ သိသိသာသာမ်က္ႏွာမဲ့သြားေလသည္။
သူသည္ သုႏၵရီ႕၏ဓားကိုင္ထားေသာလက္ကို လွ်ပ္တျပတ္ ခ်ဳပ္ကိုင္၍ လိမ္ခ်ိဳးသည္။ သို႔ေသာ္လည္း သုႏၵရီသည္ ေခသူမဟုတ္ေလရာ နႏၵ၏တိုက္ခိုက္လာမႈကို ခုခံလ်က္ နႏၵကို ျပန္လည္ခ်ဳပ္ထိန္းႏိုင္ရန္လည္း ႀကိဳးပမ္းသည္။ လ်င္ျမန္လြန္းေသာ လႈပ္ရွားမႈမ်ားအဆုံးတြင္ သူမသည္
နႏၵ၏လက္ကို ေနာက္ျပန္လိမ္ခ်ိဳးကာ နႏၵ၏ပါးျပင္ကို စားပြဲတြင္ ဖိကပ္ထားႏိုင္ေလသည္။
" ခ်ီးပဲ"
သုႏၵရီ႕လက္ထဲခံလိုက္ရသျဖင့္ နႏၵ ေဒါသတႀကီးဆဲေရးသည္။
အ႐ုဏသည္ သုႏၵရီ႕ကိုၾကည့္ကာ မ်က္ႏွာရိပ္ျပ၏။ ထို႔ေၾကာင့္ သုႏၵရီ နႏၵကိုလႊတ္ေပးကာ အေနာက္သို႔ျပန္ဆုတ္သြားသည္။
စားပြဲေပၚ ေမွာက္ရက္ၾက္ီးျဖစ္ေနရာမွ ျပန္ထ,လာေသာ နႏၵ၏မ်က္ႏွာကား တစ္ျခမ္းနီေနေလၿပီ။ ထိုမ်က္ႏွာႏွင့္ ေဒါသထြက္ေနပုံႏွင့္ေပါင္းေသာ္ ခရမ္းခ်ဥ္သီးတစ္လုံး ဆူပုတ္ပုတ္ျဖစ္ေနသည္ႏွင့္တူသည္။
" ခရီးပန္းလာလို႔ရွိရင္လည္း ဒီမွာတစ္ညအနားယူၿပီးမွ ျပန္ႏိုင္တယ္။ ငါတို႔က တစ္ဖက္တစ္ျခမ္းမွာရွိေနလည္း ငါ့ရဲ႕ညီအစ္ကိုေတြကို ငါအႏၲရာယ္ျပဳမွာမဟုတ္လို႔ စိတ္ခ်လက္ခ်ေနႏိုင္တယ္"
" မေနဘူး ျပန္မွာ"
နႏၵ ေျပာေျပာဆိုဆိုႏွင့္ လွည့္ထြက္သြားသည္။ တံခါးဝကိုေရာက္ခါနီးမွ တစ္ေခါက္ျပန္လွည့္ၾကည့္ကာ
" ၿပီးေတာ့ယုဂန္ႏိုင္...အစ္ကိုေတာ္နဲ႔ အတူေနေနရလို႔ ေပ်ာ္ေနမွာေပါ့။ ေကာင္းေကာင္းေပ်ာ္ေနပါလို႔ ေျပာေပး"
ဟု ဘုဆတ္ဆတ္ဆိုသည္။
ၿပီးေနာက္ ခ်ာခနဲလွည့္ထြက္သြားျပန္သည္။ နႏၵကို လိုက္ပို႔ရန္၊ ေစာင့္ၾကည့္ရန္အတြက္ သူ႔အေနာက္မွ တပ္မႉးသုႏၵရီလိုက္ပါသြားသည္။
စီးေတာ္ျမင္းဆီ သြားေနေသာ လမ္းတြင္ နႏၵသည္ သုႏၵရီ႕ကိုလွည့္ၾကည့္လွည့္ၾကည့္ႏွင့္ေန၏။ ၿပဳံးၿပဳံး႐ႊင္႐ႊင္ တက္တက္ႂကြႂကြေနသည္ကိုသာ သူေတြ႕ဖူးေသာ သုႏၵရီဟာ ယခုအခါတြင္ေတာ့ အလြန္တရာမ်က္ႏွာတည္တံ့ေနသည္။
ထို႔ေၾကာင့္ နႏၵမေနႏိုင္ေတာ့ဘဲ ေမးသည္။
" ငါ့ကိုမုန္းေနတာလား"
သုႏၵရီ သူ႔ကိုလွည့္မၾကည့္ဘဲျပန္ေျဖသည္။
" မမုန္းပါဘူး"
သုႏၵရီ တည္ေနဆဲျဖစ္ၿပီး စစ္သည္တစ္ဦးလို လမ္းေလွ်ာက္ေနေသာ သူမပုံမွာ သံပတ္ေပးထားေသာ အ႐ုပ္ႀကီးႏွယ္ျဖစ္ေနသည္။
" ဒါဆို ဘာလို႔ငါ့ကို ေဒါသမ်က္လုံးေတြနဲ႔ၾကည့္ေနတာလဲ"
" မၾကည့္ပါဘူး။ ငါက ကိုယ္နဲ႔လမ္းမတူေတာ့တဲ့သူတစ္ေယာက္ကို ႀကိဳဆိုသလိုပဲ ႀကိဳဆိုတာပါ"
ျမင္းဆီေရာက္ၿပီိျဖစ္သျဖင့္ သုႏၵရီ ျမင္းဇက္က်ိဳးျဖဳတ္ကာ နႏၵလက္ထဲထည့္သည္။
သုႏၵရီ၏ မထိတရီပုံစံေၾကာင့္ နႏၵစိတ္အခ်ဥ္ေပါက္သြားကာ
" နင္ကေရာ ဘာလို႔ဒီေရာက္ေနတာလဲ။ ဘာလို႔ သစၥာေဖာက္ရတာလဲ"
ဟု ခပ္ဆတ္ဆတ္ေမးသည္။
" ဒါေတြေျပာရင္ နင္နားလည္မွာမို႔လို႔လား။ နင္က နင့္ကိုနင္ကလြဲၿပီး တျခားဘာကိုဂ႐ုစိုက္လို႔လဲ"
သုႏၵရီ႕စကားေၾကာင့္ နႏၵမ်က္ႏွာရဲတက္သြားသည္။
" ငါ့ညီအစ္ကိုေတြနဲ႔ နင့္ကို ငါဂ႐ုစိုက္တယ္။ ဟုတ္ၿပီလား"
နႏၵ စိတ္ရွိလက္ရွိ ေအာ္ေငါက္လိုက္ရာ သုႏၵရီသည္မေမွ်ာ္လင့္ထားဟန္ျဖင့္ မ်က္ဝန္းတို႔ အတန္ငယ္က်ယ္ဝန္းသြားသည္။
" အစ္ကိုေတာ္ဘရဏသူဘက္က ေလွ်ာ့ေပးေနရဲ႕သားနဲ႔ အစ္ကိုေတာ္အ႐ုဏက သူျမင္ခ်င္တာပဲျမင္တယ္။ နင္လည္း နင္ျမင္ခ်င္တာပဲျမင္တယ္။ ငါက ဒီေလာက္ ညႇိညႇိႏႈိင္းႏႈိင္းလုပ္ၾကပါလို႔ ေျပာေနတာကို ငါ့ဘယ္သူ႔မွေစာက္ဂ႐ုမစိုက္ဘူး။ ျမင္ခ်င္ရာပဲျမင္ၿပီး လုပ္ခ်င္ရာပဲလုပ္တယ္"
နႏၵသည္ ေဒါသျဖင့္ေျပာဆိုရင္းမွ စကားအဆုံးတြင္ အသံတို႔ အက္သြားသည္။ သူ ႏႈတ္ခမ္းမဲ့ကာ ေခါင္းကိုငုံ႔သြားၿပီး
" ငါက အကုန္လုံးကို ဟီရနန္းေတာ္မွာ ျပန္ဆုံေစခ်င္႐ုံပါ"
ဟု တီးတိုးစြာဆိုသည္။ သူ၏မ်က္လုံးမ်ား ရွိန္းခနဲပူေႏြးသြားၿပီး မ်က္ရည္ၾကည္တို႔ရစ္သိုင္းလာသည္။ သူ ထိုမ်က္ရည္တို႔ကို မ်က္ေတာင္ပုတ္ခတ္ ပုတ္ခတ္လုပ္ၿပီး သိမ္းည္းသည္။
" ငါအစ္ကိုႏွစ္ေယာက္နဲ႔ ညီေတာ္တစ္ေယာက္ကို ဆုံးရႈံးလိုက္ရၿပီ။ သူငယ္ခ်င္းႏွစ္ေယာက္ကိုေရာပဲ။ ဒါေပမဲ့ အားလုံးသာျပန္လာရင္ ေကာင္းမွာပဲဆိုတဲ့စိတ္နဲ႔ ေအာက္က်ေနာက္က်ခံၿပီးလိုက္ေခၚေနတာကို ငါက ငါ့ကိုယ္ငါဂ႐ုစိုက္လို႔လုပ္ေနတာလား။ ငါတို႔အားလုံးစည္းလုံးရမယ္ဆိုၿပီးေတာ့ အခုက် အားလုံးက တစ္ေယာက္တစ္ေပါက္နဲ႔"
ထိန္းေနသည့္ၾကားမွ နႏၵ၏ပါးျပင္ေပၚသို႔ မ်က္ရည္တစ္စက္လိမ့္ဆင္းလာသည္။ နႏၵသည္ ႏွာရႈံ႕ရင္း မ်က္ရည္ကို လက္ဖမိုးျဖင့္ ပြတ္သုတ္သည္။
သုႏၵရီ ေခါင္းေစာင္းကာ နႏၵထံမွ အၾကည့္လႊဲသြား၏။ သူမ အသံၿငိမ္ၿငိမ္ျဖင့္ဆိုသည္။
" သြားေတာ့"
သုႏၵရီ လွည့္ထြက္သြားသည္။ သူမ၏ ဂ႐ုမစိုက္ေသာအျပဳအမူေၾကာင့္ နႏၵစိတ္ထဲတင္းသြားသည္။
သူမ ခပ္လွမ္းလွမ္းသို႔ေရာက္သြားေသာ္ နႏၵ သူမကို လွမ္းေအာ္သည္။
"ငါနင့္ကို သူငယ္ခ်င္းသံေယာဇဥ္က ျပတ္တယ္"
သုႏၵရီ လွည့္မၾကည့္ပါ။ ေျခလွမ္းကိုလည္း မရပ္တန႔္သြားပါ။
ထိုအခါ နႏၵပို၍ ပူေလာင္လာသည္။
" ၾကားလား....နင္နဲ႔ငါ သူငယ္ခ်င္းမဟုတ္ေတာ့ဘူးလို႔"
နႏၵ ဒုတိယအႀကိမ္ေအာ္သည္။ သုႏၵရီ အေဝးသို႔သာဆက္သြားေနသည္။
" သူငယ္ခ်င္းအျဖစ္ကေန ဆယ္ဘဝျပတ္တယ္"
တတိယအႀကိမ္ေအာ္ၿပီးခ်ိန္မွာေတာ့ နႏၵ ႏွာေခါင္းဟာရဲတြတ္ကာ မ်က္ရည္တို႔ထပ္ၿပီး က်ဆင္းလာသည္။ သုႏၵရီဟာလည္း အေဝးႀကီးကို ေရာက္သြားၿပီျဖစ္သျဖင့္ နႏၵ ထိုအရပ္ကေန ေခါင္းကိုလႊဲသြားသည္။
" နင္ကအစ ငါ့ကိုေစာက္ဂ႐ုမစိုက္ဘူးပဲ"
နႏၵ ခပ္တိုးတိုးဆိုကာ ႏွာတရႈံ႕ရႈံ႕ႏွင့္ ထပ္မံက်ဆင္းလာေသာ မ်က္ရည္မ်ားကို လက္ျဖင့္အၾကမ္းပတမ္းပြတ္သုတ္ျပန္သည္။
******************************
"တပ္မႉးသုႏၵရီကေျပာတယ္ နႏၵလာသြားတယ္ဆို"
ဖတ္လက္စစာအုပ္ကို ပိတ္ကာ စာအုပ္စင္ေပၚတင္ရင္း ယုဂန္ကဆိုသည္။ ထို႔ေနာက္ အ႐ုဏဘက္ကို လွည့္ၾကည့္သည္။
ေမာင္က ထိုင္ခုံတြင္ထိုင္လ်က္ ျပတင္းေပါက္မွတစ္ဆင့္ အျပင္ဘက္ရွိ ရင္ခတ္ပန္းပင္ကိုလွမ္းေမွ်ာ္ၾကည့္ရႈေနသည္။
တန္ခူးသို႔ေရာက္ျပ္ီျဖစ္ေသာေၾကာင့္ ရင္ခတ္ပင္တြင္ ရင္ခတ္ပန္းမ်ားဟာ ပင္ယံထက္ အကိုင္းအဖ်ား အၾကားအလပ္မက်န္ ဟီးေလးခိုေနသည္။ တစ္ပင္လုံးဟာ ရင္ခတ္ပန္းမ်ားေၾကာင့္ အဝါေရာင္လႊမ္းကာ တမူထူးေသာအေသြးကိုေဆာင္ေနသည္။
" သူကေတာ့ ေမာင့္ကိုအျပစ္တင္သြားမွာေပါ့"
ယုဂန္ ေျပာေျပာဆိုဆိုႏွင့္ ေမာင့္ေဘးသို႔သြားကာ စားပြဲေစာင္းကို အသာအယာမွီိသည္။
" ေမာင္က ထီးနန္းကိုမက္လို႔ ပုန္ကန္တာတဲ့။ သူအဲ့လိုေျပာသြားတယ္"
"သူထင္တာလည္း မွားမွမမွားဘဲ"
ထိုစကားေၾကာင့္ ေမာင္ မတ္တပ္ရပ္ေနသည့္ ယုဂန္ကိုေမာ့ၾကည့္သည္။
" ေမာင္ စပုန္ကန္တာ ထီးနန္းေၾကာင့္မဟုတ္ဘူး။ ယုဂန္သိပါတယ္"
" ကြၽန္ေတာ္သိပါတယ္။ ဒါေပမဲ့ အခုေမာင္ေလွ်ာက္ေနတဲ့လမ္းက ထီးနန္းကိုရမွ ဆုံးမယ့္လမ္းပဲ။ ေမာင္က မင္းႀကီးနဲ႔ညႇိႏႈိင္းဖို႔ ဆႏၵရွိတာမွမဟုတ္တာ။ ဒါဆို ေမာင့္ရည္မွန္းခ်က္ပန္းတိုင္က ပလႅင္ထက္က ေနရာပဲ က်န္ေတာ့တယ္"
ေမာင္ ေခါင္းျပန္ငုံ႔သြားၿပီး ၿငိမ္သက္ေနသည္။ ထို႔ေၾကာင့္ ယုဂန္သာ စကားဆက္ဆိုသည္။
" ထီးနန္းက ေလာဘတက္မွလိုခ်င္မယ့္အရာလား။ တစ္စိတ္တစ္ပိုင္းေတာ့ မွန္ပါတယ္။ ဒါေပမဲ့ အဲ့ဒီ့ထီးနန္းဆိုတဲ့ ထီးျဖဴေအာက္က ပလႅင္ကပဲ လုပ္ပိုင္ခြင့္ေတြအားလုံးကိ ခ်ဳပ္ကိုင္ထားတာ။ ကိုယ္က ႀကီးျမတ္တဲ့ျပဳျပင္မႈေတြ လုပ္ေဆာင္ခ်င္ရင္ အဲ့ေနရာကိုရမွ လုပ္ႏိုင္မွာ"
ယုဂန္ အ႐ုဏ၏ေမးဖ်ားကို လက္ဖ်ားေလးႏွင့္ပင့္၍ ေမာ့ေစသည္။ ေမာင့္၏အစိမ္းေရာင္မ်က္ဝန္းမ်ား မႈန္မႈိင္းေနပုံက တိက်ေသာအေျဖကို မေဖာ္ထုတ္ႏိုင္ဘဲ ေတြေဝတြန႔္ဆုတ္ေနပုံရသည္။
" ရွင္းရွင္းေလးပါ။ ကြၽန္ေတာ္ေမးမယ္။ ေမာင္ ပြင့္ပြင့္လင္းလင္းပဲေျဖ"
ယုဂန္ ေမာင့္ေမးဖ်ားကို ပင့္ထားသည့္လက္အား ေအာက္ျပန္ခ်သည္။ ထို႔ေနာက္ သူ ၾကည္လင္စြာေမးသည္။
" ေမာင္ ဘုရင္ျဖစ္ခ်င္လား"
အ႐ုဏ၏မ်က္ဝန္းသည္ အစကရီေဝကာေလးတြဲ႕ေန၏။ ထိုမွတစ္ဆင့္ ဆုံးျဖတ္ခ်က္ခိုင္မာစြာ ေဆာက္တည္လိုက္ပုံႏွင့္ ျဖည္းျဖည္းခ်င္း မာန္ရဲစြာ စူးရွလာသည္။
" အင္း"
သူ စကားတစ္လုံးတည္းႏွင့္ ႐ိုးရွင္းေသာအေျဖကိုေပးသည္။ အသံ၏ျပတ္သားေနမႈအရ သူအေျဖမွာ မည္မွ်ခိုင္မာမွန္းသိရွိႏိုင္သည္။
" ယုဂန္ကေရာ ေမာင့္ကိုဘုရင္ျဖစ္ေစခ်င္လား"
ယုဂန္ အသက္ျပင္းျပင္းတစ္ခ်က္ရွဴထုတ္သည္။
" ေမာင့္သေဘာပါ။ ကြၽန္ေတာ္ကေတာ့ ေမာင့္ခ်စ္သူအေနနဲ႔စိုးရိမ္မိတာေလး နည္းနည္းရွိ႐ုံပါပဲ။ ေမာင္ဘုရင္ျဖစ္ရင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အရင္လို ေအးေအးေနရမွာေတာ့ မဟုတ္ဘူး။ ၿပီးေတာ့..."
ယုဂန္ ဆက္မေျပာလာသျဖင့္ အ႐ုဏသည္ စကားကိုျဖည့္စြက္ေထာက္ေပးသည္။
" ၿပီးေတာ့ ဘုရင္ရာထူးကို ေထာက္ပံ့ေပးႏိုင္မယ့္ မိဖုရားေတြ"
ယုဂန္ ေမာင့္ကိုၾကည့္လ်က္ ယိုင္နဲ႔စြာၿပဳံးသည္။
" ကြၽန္ေတာ္က ထီးနန္းေရာ ေမာင့္ကိုေရာ အလိုရွိတယ္ေျပာရင္ ေလာဘၾက္ီးတယ္ျဖစ္မလား"
ေမာင္ ထိုင္ရာမွ ထ,လာၿပီး ယုဂန္အေရွ႕တြင္ အုပ္မိုးရပ္သည္။ သူ ယုဂန္၏ပါးျပင္ေပၚ ေဝ့ဝဲက်ေနသည့္ ဆံႏြယ္မ်ားကို သပ္တင္၍ နားေနာက္သို႔ ထိုးသြင္းေပးသည္။
" ေမာင့္ကို တစ္ေယာက္တည္းအပိုင္လိုခ်င္တာ အတၱႀကီးမွ ျဖစ္တဲ့ခံစားခ်က္လား။ မဟုတ္ဘူးေလ။ ယုဂန္က ေမာင့္ကိုခ်စ္တာပဲ။ ခ်စ္ျခင္းတိုင္းမွာ အပိုင္လိုခ်င္တဲ့ခံစားခ်က္က ပါကိုပါတယ္"
ေမာင့္၏ႏူးႏူးညံ့ညံ့၊ ခ်ိဳခ်ိဳသာသာစကားေၾကာင့္ ယုဂန္ ၿပဳံးလာသည္။
ေမာင္က ၿပဳံးလိုက္သျဖင့္ အိတက္သြားေသာ ယုဂန္၏ပါးျပင္ႏုႏုကို အတန္ငယ္ၾကမ္းေနသည့္ သူ၏လက္မျဖင့္ အသာအယာပြတ္သပ္ရင္း
" ေမာင္က လိုခ်င္တာကိုမရရေအာင္ လုပ္တတ္တဲ့အက်င့္ရွိတယ္။ ထီးနန္းေရာ၊ ယုဂန္ေရာ ေမာင္တစ္ခုမွ လက္လႊတ္ခံမွာ မဟုတ္ဘူး။ ယုဂန္ ေမာင့္ကိုယုံေပးပါ"
ဟုဆိုသည္။
သူ ယုဂန္၏ပါးျပင္ကို ပြတ္သပ္ရာမွရပ္၍ ယုဂန္၏လက္ႏွစ္ဖက္ကို ဆုပ္ကိုင္သည္။
" ေမာင့္ကိုလက္ထက္ပါ"
ထိုစကားေၾကာင့္ ယုဂန္၏မ်က္ဆန္နက္နက္မ်ား ႐ႊန္းရ႐ြန္းဝိုင္းစက္သြားကာ အ႐ုဏကို ေမာ့ၾကည့္သည္။
ေမာင္ဟာ ဒုတိယအႀကိမ္ထပ္ဆိုျပန္သည္။
" ေမာင့္ရဲ႕ၾကင္ယာေတာ္ျဖစ္ေပးပါ"
တစ္ေန႔က်လွ်င္ လက္ဆက္မည္ဟူေသာ အသိရွိေသာ္လည္း ယခုလိုတရားဝင္ခြင့္ပန္ျခင္းခံရေသာအခါ မေမွ်ာ္လင့္ထားသည့္လူပမာ အံ့အားသင့္ျခင္း၊ ရင္ခုန္ျခင္းတို႔ကို တစ္ၿပိဳင္တည္းခံစားရသည္။
တကယ္တမ္း ေမာင္သည္ သူတို႔ႏွစ္ဦး ဟီရမွထြက္လာကတည္းက လက္ဆက္ရန္ဆႏၵရွိေနမွန္း ယုဂန္သိသည္။ ခံတပ္တည္ေဆာက္ေရး၊ နယ္ေျမသိမ္းပိုက္ေရးတို႔ကိုသာ ဦးစားေပးေနရသျဖင့္ သူတို႔၏မဂၤလာပြဲကိစၥကို ေသခ်ာစြာမေျပာျဖစ္ဘဲ ေခ်ာင္ထဲ၌ ပစ္ထားခဲ့ရျခင္းျဖစ္သည္။
ယခုတြင္ေတာ့ ေမာင္အာဏာသက္ေညာင္းေသာ နယ္ေျမမ်ားဟာလည္း ခိုင္မာေနၿပီး စိတ္ခ်ႏိုင္ေသာအေနအထားကိုေရာက္ရွိေနၿပီ။ ထို႔ေၾကာင့္ ေမာင္က ယုဂန္ကို သူ၏ၾကင္ယာေတာ္အျဖစ္ တရားဝင္သတ္မွတ္ရန္ ေဆာင္႐ြက္လိုျခင္းျဖစ္ႏိုင္သည္။
ယုဂန္အေနႏွင့္ သုံးႏွစ္ခြဲမွ် ခ်စ္ႀကိဳက္လာၿပီး မိမိႏွင့္အဆင္ေျပညီၫြတ္လွေသာ ခ်စ္သူကို လက္ထပ္ရန္အတြက္ မ်ားစြာစဥ္းစားေနစရာမလိုပါ။ သို႔ရာတြင္ အနာဂတ္အတြက္ ေမာင့္၏ရည္မွန္းခ်က္ကသာ လက္ထပ္ပြဲကို ဟန႔္၍ေနသည္။
ေမာင္လိုခ်င္သည့္ထီးနန္းကို ေမာင္က ေယာက္်ားေလးျဖစ္သည့္ၾကင္ယာေတာ္ကို လက္တြဲ၍ ရႏိုင္ပါဦးမည္လားဟူေသာ ကိစၥသာ။
" ေမာင္ ထီးနန္းလိုခ်င္တာဆို။ ေနာင္တစ္ခ်ိန္ ကြၽန္ေတာ့္ေၾကာင့္နဲ႔ ေနာင္တမရမွာ ေသခ်ာလို႔လား"
ေျပာသာေျပာလိုက္ရေသာ္လည္း ယုဂန္ရင္ထဲ စူးေအာင့္ေနသည္။
ေမာင့္ရည္မွန္းခ်က္ကိုလည္း သူ,မတားဆီးခ်င္သည့္အတြက္ ေမာင္ဘုရင္ျဖစ္လိုလွ်င္ အာဏာအေထာက္အပံ့ေပးႏိုင္မည့္၊ ေမာင့္မ်ိဳးဆက္ကိုေမြးဖြားႏိုင္မည့္ မိဖုရားတစ္ဦး လိုအပ္သည့္အေရးကို သူထည့္စဥ္းစားမွရမည္။
အမ်ိဳးသားၾကင္ယာေတာ္ တစ္ဦးတည္းသာ ရွိပါလွ်င္ ေမာင္က အမတ္ဝန္မင္းမ်ား၏ေထာက္ခံမႈကို ရႏိုင္ပါဦးမည္လား။
သူဟာ တစ္ေန႔က်လွ်င္ ေမာင့္ပန္းတိုင္အတြက္ အဟန႔္အထားျဖစ္ေနမည္ကို သူစိတ္ပူသည္။
" ေမာင္ ယုဂန္ကိုလက္ထပ္တာ ဘယ္ေသာအခါမွ ေနာင္တရမယ့္ကိစၥမဟုတ္ဘူး"
ေမာင္က မႈိင္က်သြားသည့္ သူ႔မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ ေႏြးေႏြးေထြးေထြးအုပ္ကိုင္လ်က္ဆိုသည္။ ေမာင့္အသံက ေႏြးေထြးလြန္းသျဖင့္ သူ၏စိုးရိမ္ပူပန္မႈကို အတန္ငယ္ေလ်ာ့က်ေစသည္။
" ေမာင့္ကိုယုံေပးပါလို႔ ေမာင္ေျပာထားတယ္ေလ။ ေျပာပါဦး။ ယုဂန္ ေမာင့္ကို လက္ထပ္ႏိုင္မလား"
သူ ေမာင့္ကို အစဥ္တစိုက္အၿမဲယုံၾကည္ခဲ့ပါသည္။ တစ္ခါတေလေတာ့လည္း တျခားဘာမွမစဥ္းစားဘဲ ေမာင့္မ်က္ႏွာသာ ၾကည့္ေနလိုက္ခ်င္သည္။
ေနာင္အခါကိစၥကို ေနာင္အခါမွစဥ္းစားၾကေပဦးစို႔။
သူ ယုံသည္။ ေမာင္က တစ္ဖက္ကလည္း အခ်စ္ကိုမစြန႔္လႊတ္ဘဲ တစ္ဖက္ကလည္း သူလိုရာကို ရေအာင္ယူႏိုင္လိမ့္မည္။
" အင္း...ကြၽန္ေတာ္တို႔လက္ထပ္ၾကတာေပါ့"
ယုဂန္ ၿပဳံးလ်က္ေျပာကာ ေမာင့္ကိုေပြ႕ဖက္လိုက္သည္။ ေမာင္ သူ႔ကိုတင္းတင္းၾကပ္ၾကပ္ျပန္ဖက္လိုက္ေသာေၾကာင့္ သူ ေမာင့္ရင္ခြင္ထဲသို႔ အိခနဲနစ္ျမဳပ္သြားသည္။
" လက္ခံေပးလို႔ ေမာင္ ယုဂန္ကို ေက်းဇူးတင္ပါတယ္"
ေမာင္ သူ၏ေက်ာျပင္ကို ညင္သာစြာပြတ္သပ္ရင္းဆ္ိုသည္။ ေမာင့္အသံေတြ အနည္းငယ္တုန္ေနသည္ဟု သူထင္သည္။
" ေမာင္တို႔ မဂၤလာပြဲအတြက္ မနက္ျဖန္ကစၿပီး စီစဥ္ၾကရေအာင္ေနာ္"
သူ ေမာင့္ရင္ခြင္ထဲမွမထြက္ဘဲ ေမာင့္စကားကို နာခံေသာအားျဖင့္ ေခါင္းညိတ္ျပသည္။
**************************
ညီလာခံခန္းမ,ရွိ ပလႅင္ထက္တြင္ ဥတၱရႏိုင္ငံ၏ ေရေျမ့သခင္ျပည့္ရွင္မင္း မရွိ။
ပလႅင္ထက္တြင္ေနရာလြတ္ေနကာ ထိုေဘးရွိသလြန္ေတာ္ေပၚမွာသာ မယ္ေတာ္ႀကီးပၪၥမာယာထိုင္ေနသည္။
သူမသည္ ေခါင္းကိုေမာ္ခ်ီထားလ်က္ ပလႅင္ေအာက္ေဘးတြင္ ရပ္ေနေသာ သံေတာ္ဆင့္ကို မသိမသာၾကည့္၍ ေခါင္းညိတ္ျပလိုက္သည္။ ထိုအခါ သံေတာ္ဆင့္သည္ သဝဏ္လႊာကိုကိုင္လ်က္ အားမာန္အျပည့္ႏွင့္က်ယ္ေလာင္စြာ ေရ႐ြတ္ေတာ့သည္။
"မင္းႀကီးဟာ စိတ္လက္မခ်မ္းသာဘဲ မမာမက်န္းျဖစ္ေနေသာေၾကာင့္ တိုင္းျပည္ေရးေတြကို ေသခ်ာစြာမစီစစ္ႏိုင္ဘဲ အတန္ၾကာလွစ္လွပ္ထားခဲ့ရပါသည္။ သည္လိုမ်ိဳး တိုင္းျပည္ေရးလွစ္လွပ္မႈအတြက္ အမတ္ဝန္မင္းတို႔ဟာ အလြန္အမင္းစိုးရိမ္ပူပန္ၿပီး မယ္ေတာ္ႀကီးကို အထပ္ထပ္အခါခါ လာေရာက္ေတာင္းဆိုၾကပါသည္။ သို႔ပါ၍ တိုင္းျပည္ေရးလိုအပ္ခ်က္မ်ားကို ေသခ်ာစြာျဖည့္ဆည္းေပးႏိုင္ေရးႏွင့္ တိုင္းျပည္၏ၿငိမ္းခ်မ္းေရးကို ထိန္းကြပ္ေပးႏိုင္ေရးအတြက္ မယ္ေတာ္ႀကီးဟာ ယာယီဘုရင္မအျဖစ္ မင္းႀကီး က်န္းမာေရးျပန္လည္ ေကာင္းမြန္မလာမခ်င္း တိုင္းျပည္ကိုအုပ္ခ်ဳပ္သြားမည္ျဖစ္ေၾကာင္း အမိန႔္ေတာ္ထုတ္ျပန္အပ္ပါသည္"
ထိုအမိန႔္ေတာ္စာ၏အဆုံးတြင္ ညီလာခံခန္းမတစ္ခုလုံးသည္
" သင့္ျမတ္လွေၾကာင္းပါ မယ္ေတာ္ႀကီးဘုရား...."
ဟူေသာ သံၿပိဳင္အသံႀကီးႏွင့္ ျပည့္လွ်ံသြားေလသည္။
************************
A/N
ေမာင္နဲ႔ယုဂန္ကေတာ့ လက္ထပ္ေတာ့မယ္!
ဒါ့အျပင္ မယ္ေတာ္ႀကီးပါလာေတာ့ မိုက္ၿပီမလား။
သူနဲ႔ ယုဂန္နဲ႔ ဉာဏ္ခ်င္းၿပိဳင္ခ်တာ ျမင္ရေတာ့မယ္ xD
ဉာဏ္ေကာင္းတဲ့သူေတြ သူတစ္ျပန္ကိုယ္တစ္ျပန္ခ်ရင္ အရမ္းႀကိဳက္တာပဲ!!!!
4.4.2022
( Monday )