ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့...

بواسطة Jiji_laura

470K 80K 2.6K

Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO... المزيد

Description
အခန်း-၁ မေ့ကျူးတောင်တွင် ပထမဆုံးတွေ့ဆုံးခြင်း။
အခန်း-၂ စာကြောင်းတွေကို မှတ်ရတာ ခက်လိုက်တာ။
အခန်း-၃ နုပျိုရနံ့သာဆေးလုံး။
အခန်း-၄ ဒီကျေးဇူးကို ငါပြန်ဆပ်မယ်။
အခန်း-၅ မင်းက လူကောင်းတစ်ယောက်ပဲ။
အခန်း-၆ လူရွေးပွဲ၏ ပထမဦးဆုံး အကဲဖြတ်ခြင်း။
အခန်း-၇ ငါ အရမ်းပျော်ပါတယ်။
အခန်း-၈ ဒါက ကြီးကြီးမားမား နားလည်မှုလွဲမှားတာပဲ။
အခန်း-၉ လရောင်အောက်၌ ယစ်မူးနေသော ကြာပွတ်ငယ်။
အခန်း-၁၀ မမျှော်လင့်ထားသော ပြဿနာ။
အခန်း-၁၁ ဒါက စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။
အခန်း-၁၂ အံ့ဖွယ် ကျောက်တုံးသစ်တော အခင်းအကျင်း။
အခန်း-၁၃ ဘယ်သူက ပထမလဲ?
အခန်း-၁၄ ရုန်းကန်နေစရာ မလိုတော့ဘူး။
အခန်း-၁၅ ကျောက်စိမ်းအိမ်တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၁၆ နောက်ထပ်ရှင်းပြစရာ မရှိပါ။
အခန်း-၁၇ နွေဦးသက်ဝင်ဥယျာဉ်သို့ ပြောင်းရွှေ့ခြင်း။
အခန်း-၁၈ ရေခဲကိုးလွှာပွင့်လန်းခြင်း။
အခန်း-၁၉ အလွန်ကောင်းမွန်သော အကြံဉာဏ်။
အခန်း-၂၀ ပြောင်းလဲရန် အကောင်းဆုံးကြိုးစားခြင်း။
အခန်း-၂၁ နွေမှဆောင်းသို့ ကူးပြောင်းခြင်း။
အခန်း-၂၂ ကျောက်စိမ်းအိမ်တော်မှ နှစ်တစ်ဝက်။
အခန်း-၂၃ ကျောက်စိမ်းကြေးမုံရေကန်ပေါ်၌ ကစားခြင်း။
အခန်း-၂၄ ရေခဲရေတံခွန် ပြိုကျခြင်း။
အခန်း-၂၅ ပုလဲစံအိမ်တော်သို့ မှားယွင်းစွာဝင်ရောက်ခြင်း။
အခန်း-၂၅.၂
အခန်း-၂၅.၃
အခန်း-၂၆ နိုးထခြင်းနှင့် နှစ်သစ်ကူးအကြို။
အခန်း-၂၇ မြင်းဖြူတစ်ကောင်ကဲ့သို့ မြန်ဆန်သောအချိန်။
အခန်း-၂၈ ခံစားချက်များကို ထုတ်ပြောရန်မှာ ခက်ခဲလှသည်။
အခန်း-၂၉ ခေတ်နှင့်အညီ လိုက်လျောညီထွေ နေထိုင်ခြင်း။
အခန်း-၃၀ မြင့်မြတ်သော ဓားပညာရှိ ဂူသင်္ချိုင်း၏သတင်း။
အခန်း-၃၁ ကောပိသဲကန္တာရ၌ ပြန်လည်ဆုံဆည်းခြင်း။
အခန်း-၃၂ သူစိမ်းအဖြစ် တွေ့ဆုံခြင်း။
အခန်း-၃၃ မိုးမခရွက်ရေကန် သွေးစွန်းထင်းခြင်း။
အခန်း-၃၄ ရေကန်ဘေးမှ ကြယ်စင်ည။
အခန်း-၃၅ ကောလဟာလတွေကို ဘယ်သူတွေ ဖြန့်နေတာလဲ?
အခန်း-၃၆ ရှုပ်ထွေးသောတိုက်ပွဲနှင့် အပြောင်းအလဲ။
အခန်း-၃၈ အိပ်မက်ဆိုးနှင့် စူးစမ်းရှာဖွေခြင်း။
အခန်း-၃၉ မြွေတစ်အုပ်နှင့် ခန့်မှန်းချက်များ။
အခန်း-၄၀ ဓားပညာရှိ၏ ဂူပိတ်ကျင့်ရာနေရာ။
အခန်း-၄၁ ဂူကျောက်နံရံပေါ်မှ ဓားချက်များ။
အခန်း-၄၂ ရှုပ်ထွေးစေသော အမေးနှင့်အဖြေ။
အခန်း-၄၃ မဖွယ်မရာတွေ မပြောစမ်းနဲ့။
Translator Note:
အခန်း-၄၄ ထပ်မံပြောင်းလဲခြင်း။
အခန်း-၄၅ ငါမင်းရဲ့အကျဉ်းသား ဖြစ်ချင်တယ်။
အခန်း-၄၆ မင်းဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။
အခန်း-၄၇ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။
အခန်း-၄၈ အရာအားလုံးကို စွန့်လွှတ်ဖို့အချိန်ရောက်ပြီ။
အခန်း-၄၉ မတော်တဆ ရေအတူချိုးဖြစ်ခြင်း။
အခန်း-၅၀ နက်နဲသော အရှုပ်တော်ပုံ။
အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။
အခန်း-၅၂ စကားလုံးဖြင့် ဖော်ပြရန်မှာ ခက်ခဲလှသည်။
အခန်း-၅၃ ညအချိန် လေကဲ့သို့ ခိုးဝင်ခြင်း။
အခန်း-၅၄ ဝတ်စုံဖြူနှင့် လျှို့ဝှက်ဆန်းကြယ်သောလူ။
အခန်း-၅၅ 'ကြက်သွေးနီ‌ညှိုးနွမ်းခြင်း' အား ရှာဖွေခြင်း။
အခန်း-၅၆ ရေခဲဝိညာဉ်နှင့် သံသယ။
အခန်း-၅၇ မင်းနဲ့အတူရှိချင်တယ်။
အခန်း-၅၈ ပျော်ရွှင်မှုနှင့် နာကျင်မှုများ ‌မျှဝေခြင်း။
အခန်း-၅၉ ရှုပ်ထွေးနေသော နှလုံးသား။
အခန်း-၆၀ နောက်ထပ် သံသယတစ်ခု။
အခန်း-၆၁ ငါ့နှလုံးသားနောက်ကို လိုက်ပါရစေ။
အခန်း-၆၂ ခရီးသစ်တစ်ခု စတင်ခြင်း။
အခန်း-၆၃ အခြေအနေ ပြောင်းလဲခြင်း။
အခန်း-၆၄ အအေးမိခြင်းနှင့် ညဘက်တိုက်ခိုက်ခံရခြင်း။
အခန်း-၆၅ စကားတစ်ခွန်းမှ မဟရ။
အခန်း-၆၆ သူ့ကိုဘယ်လိုသတ်မှာလဲ?
အခန်း-၆၇ လန်ယန်း‌မြို့သို့ ရောက်ရှိခြင်း။
အခန်း-၆၈ မင်းလိုက်သွားစရာ မလိုဘူး။
အခန်း-၆၉ တူညီသော အတွေ့အကြုံဖြင့် ချည်နှောင်ထားခြင်း။
အခန်း-၇၀ အဖေ၊သားနှင့် ညီအစ်ကိုများကြား။
အခန်း-၇၁ အကြီးအကဲအား ငဲ့ညှာစေခြင်း။
အခန်း-၇၂ ဝူလင်မဟာမိတ်ခေါင်းဆောင်၏ စီစဉ်မှု။
အခန်း-၇၃ ချုံးယန်ပွဲတော်၌ ပြန်လည်တွေ့ဆုံကြခြင်း။
အခန်း-၇၄ ဖုံးကွယ်ထားခြင်းနှင့် နာကျင်မှု။
အခန်း-၇၅ ယွီချုံးတောင်ပေါ်လမ်း။
အခန်း-၇၆ အိပ်မက်ဟောင်းများနှင့် ဝန်ခံချက်။
အခန်း-၇၇ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရခြင်း။
အခန်း-၇၈ ဘာလို့ သေရမှာကို မကြောက်တာလဲ?
အခန်း-၇၉ ဖုံးကွယ်ထားခံရသော အမာရွတ်များ။
အခန်း-၈၀ ကျိန်စာစကားလုံးဆယ့်ခြောက်လုံး။
အခန်း-၈၁ အချစ်စကားများနှင့် သံသယ။
အခန်း-၈၂ ဆုံးဖြတ်ချက်နှင့် ထင်ကြေးများ။
အခန်း-၈၃ ကူအဆိပ်ကို ဖယ်ရှားခြင်းနှင့် နောက်ဆက်တွဲမေးခွန်း။
အခန်း-၈၄ အိပ်မက်များနှင့် အမှန်တရား။
အခန်း-၈၅ ငါမင်းနဲ့ပဲ အတူရှိနေချင်တယ်။
အခန်း-၈၆ ကယ်တင်ရန်နည်းလမ်း။
အခန်း-၈၇ အိပ်မက်မြေနှင့် ဆောင်းရာသီလများ။
အခန်း-၈၈ ဆောင်းဦးလေပြေည။
အခန်း-၈၉ နှင်းလူသားနှင့် ကတိကဝတ်။
အခန်း-၉၀ အလှည့်အပြောင်းနှင့် ရွေးချယ်မှု။
အခန်း-၉၁ မျှော်လင့်မထားသော သတင်း။
အခန်း-၉၂ ငါအမြင်မှားတာပဲ ဖြစ်ရမယ်။
အခန်း-၉၃ အခွင့်အလမ်းအသစ်တစ်ခု ပေါ်ပေါက်လာခြင်း။
အခန်း-၉၄ ကျောက်စိမ်းဆွဲကြိုးနှင့် မီးတောက်ဖြူကူ။
အခန်း-၉၅ နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုတစ်ခုနှင့် ကြုံတွေ့ခြင်း။
အခန်း-၉၆ ကျိုယန့်ရေကန်ဘေးမှ အတိတ်ဟောင်း။
အခန်း-၉၇ ညအချိန်စကားဝိုင်းနှင့် ချုံခိုတိုက်ခိုက်မှု။
အခန်း-၉၈ နတ်ဆိုးမြို့တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၉၉ ပရမ်းပတာများ တဖြည်းဖြည်း ပေါ်ပေါက်လာခြင်း။
အခန်း-၁၀၀ ဆုံဆည်းခြင်းနှင့် ခဏတာခွဲခွာခြင်း။
အခန်း-၁၀၁ ဝါးဥယျာဉ်ကျွန်းဆွယ်၌ စုဝေးခြင်း။
အခန်း-၁၀၂ အချစ်ကူ၏ လျှို့ဝှက်ချက်။
အခန်း-၁၀၃ နှစ်ရှည်လများ စောင့်စားခဲ့ရသော ပွင့်လင်းရိုးသားမှု။
အခန်း-၁၀၄ ကျွန်းထိပ်မှ အသေအကြေတိုက်ပွဲ။
အခန်း-၁၀၅ လက်ချင်းချိတ်လို့ ရေခဲလွင်ပြင်ဆီ။
အခန်း-၁၀၆ ကျော်လွှားစရာ အခက်အခဲပေါင်းများစွာ။
အခန်း-၁၀၇ အချစ်ကြောင့် ပေါက်ဖွားလာသော ထိတ်လန့်ကြောက်ရွံ့မှု။
အခန်း-၁၀၈ စုန်းဖြူမျှော်စင်အား ဝင်ရောက်စီးနင်းခြင်း။
အခန်း-၁၀၉ အဆုံးသတ်သို့‌ရောက်ရှိခြင်း။
အခန်း-၁၁၀ အဆုံးသတ်တိုက်ပွဲ။
အခန်း-၁၁၁ ခန့်မှန်းချက်များနှင့် နည်းလမ်းရှာဖွေခြင်း။
အခန်း-၁၁၂ နောက်ဆက်တွဲကိစ္စများ။
အခန်း-၁၁၃ နေ့တစ်ဝက်အားလပ်ချိန်ကို ခိုးယူခြင်း။
အခန်း-၁၁၄ ကျွင်းယိုတောင်ရှိ ခြံဝင်းငယ်။
အခန်း-၁၁၅ ပထမဆုံးအကြိမ် အတူတကွနှစ်သစ်ကူးခြင်း။
အခန်း-၁၁၆ ကျောက်စိမ်းအိမ်တော်သို့ ပြန်သွားခြင်း။
အခန်း-၁၁၇ သေချာစဉ်းစားပြီးမှ ဖြေဆိုပါ။
အခန်း-၁၁၈ ဖြေရှင်းချက်နှင့် ရွေးချယ်မှု။
အခန်း-၁၁၉ ထူးဆန်းသော ငှက်ဥ။
အခန်း-၁၂၀ ဘယ်တော့မှ မခွဲတော့ဘူး။
အချပ်ပို-၁
အချပ်ပို-၂
ကျေးဇူးတင်ကြောင်းနဲ့ နှုတ်ဆက်ကြောင်း။

အခန်း-၃၇ မြေအောက်မြစ်ထဲသို့ ပြုတ်ကျခြင်း။

4.5K 935 24
بواسطة Jiji_laura

Unicode

အခန်း-၃၇ မြေအောက်မြစ်ထဲသို့ ပြုတ်ကျခြင်း

[ဒါဆို ဇာတ်လိုက်မကို လုယူသွားခဲ့တာ မင်းပေါ့လေ!]

ကု‌ဖေးတိသည် စုယန်အား လက်တစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ရန်သူနှစ်ဦး၏ တိုက်ခိုက်မှုကို ခက်ခက်ခဲခဲ ပိတ်ဆို့ထားကာ တိုက်ပွဲ အပြင်ဘက်သို့ ဆုတ်ခွာရန် သူ၏ကိုယ်ဖော့ပညာကို အသုံးပြုလိုက်သည်။

သူတို့၏စံအိမ်သခင်လေးကို အမြဲအာရုံစိုက်နေခဲ့သော ထန်းယွင်စံအိမ်မှတပ်ဖွဲ့များသည် မိစ္ဆာဂိုဏ်းနှင့် တိုက်ခိုက်နေမှုကို ချက်ချင်း စွန့်လွှတ်လိုက်ကြ၏။

သူတို့‌သည် ကုဖေးတိ၏ရှေ့တွင် စုရုံးလာကြပြီး ရန်သူတပ်များ၏ တိုက်ခိုက်မှုအားလုံးကို အကာအကွယ်ပေးကြသည်။

ထိုအချိန်တွင် တိုက်ပွဲအခြေအနေ တနည်းမဟုတ်တနည်း ပြောင်းလဲသွားသည်ကို တိုက်ပွဲအတွင်းရှိလူအားလုံးက သဘောပေါက်လိုက်ကြသည်။

သို့သော်လည်း သူတို့တုံ့ပြန်ရန် အချိန်မရသေးမီ ပတ်ဝန်းကျင်မှ စူးရှသောအသံများကို ကြားလိုက်ရလေသည်။

အဲ့လော့ကွေးဂိုဏ်းမှ ဒါဇင်ပေါင်းများစွာသော သိုင်းပညာရှင် များသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ ကျောက်ဆောင်များနောက်မှ ခုန်ထွက်လာကြပြီး အလယ်ပိုင်းလွင်ပြင်နှင့် မိစ္ဆာဂိုဏ်းကြား တိုက်ပွဲစက်ဝိုင်းအတွင်းသို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက် လာကြလေသည်။

ရုတ်ခြည်းဆိုသလို သွေးနှင့်အသားစများသည် မြေပြင်တွင် ပိုမိုပြန့်ကျဲလာပြီး တိုက်ပွဲအခြေအနေသည် အလွန်ပင် ကြောက်စရာကောင်းလာလေ၏။

ထိုအချိန်တွင် ရွှီယွင်ကျန်းသည် ပြန်လည်သတိရနေပြီ ဖြစ်သော ဟော့ယင်းနှင့်အတူ ရောက်လာခဲ့သည်။ တိုက်ပွဲအခြေအနေကို မြင်သောအခါ သူသည် အလွန်
လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး အလယ်ပိုင်းလွင်ပြင် အသိုင်းအဝိုင်း၏ အချက်ပြမီးရှူးမီးပန်းများကို ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်သည်။

မီးရှူးမီးပန်းများသည် အနီရောင်‌တောက်တောက်ဖြစ်ပြီး နေ့ခင်းဘက်၌ပင် အလွန်ဆွဲဆောင်မှုရှိပေသည်။

ရွှီယွင်ကျန်းသည် ဤအနီးနားတွင် အလယ်ပိုင်းလွင်ပြင်မှ ဂိုဏ်းများရှိနေစေရန်သာ မျှော်လင့်နေမိသည်။ သို့မှသာ အချက်ပြမှုကိုမြင်ပြီး အမြန်ဆုံး လာရောက်ကူညီ နိုင်မည်ဖြစ်သည်။

စုယန်သည် သူ၏နောက်ကျော၌ ပူလောင်မှုကို ခံစားနေရပြီး အမည်းရောင်အရိပ်များမှာ သူ၏အမြင်အာရုံကို တဖြည်းဖြည်း ပိတ်ဆို့လာသည်။ သူသည် သတိရှိနေသော်လည်း ပင်ပန်းနွမ်းနယ်မှုဒဏ်ကို မခုခံနိုင်တော့ဘဲ မေ့မျောလုနီးပါးဖြစ်နေ၏။

သူသည် ကုဖေးတိ၏ဝတ်ရုံစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ၏အတွင်းအားကို ချိန်ညှိကာ ကုဖေးတိ၏နားထဲသို့ တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။

"ချောက်ကမ်းပါးအောက်... မြစ်တလျှောက်မှာ... ဂူသင်္ချိုင်း... အဲဒီအောက်မှာရှိတယ်..."

ကုဖေးတိသည် စုယန်အား သူ့ကို ပိုတင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး ပြောလေ၏။

"စိတ်မပူနဲ့.. ငါဒီမှာရှိတယ်။ အားလုံး အဆင်ပြေသွားမှာပါ..."

အဲ့လော့ကွေးဂိုဏ်း၏ သိုင်းပညာရှင်အများအပြားသည် ထန်းယွင်စံအိမ် အစောင့်များကိုကျော်ဖြတ်ကာ ကုဖေးတိထံသို့ ရောက်ရှိသွားကြသည်။

သူတို့သည် လက်ထဲရှိ ဓားရှည်များအား ကျွမ်းကျင် ပိုင်နိုင်စွာ လွှဲယမ်းနေကြပြီး တိုက်ချက်တစ်ချက်စီ တိုင်းဟာလည်း တိကျပြီး ပြင်းထန်ပေသည်။ ထို့ကြောင့် ကုဖေးတိသည် အချိန်ခဏလေးအတွင်း သူတို့၏ အားနည်းချက်များကို ရှာမတွေ့နိုင်ဘဲ မကျေမချမ်းသာ ခုခံနေရ၏။

သူသည် မေ့မြောလုနီးနီးဖြစ်နေသော စုယန်ကို လက်တစ်ဖက်ဖြင့်ပွေ့ဖက်ထားရသောကြောင့် အစွမ်းကုန် တိုက်ခိုက်၍မရနိုင်ပေ။ ထို့ကြောင့် တစ်လှမ်းပြီးတစ်လှမ်း ဆုတ်ခွာနေရပြီး အရှုံးနှင့်ရင်ဆိုင်ရန်မှာ နီးကပ်လာလေသည်။

ထိုအချိန်တွင် ရွှီယွင်ကျန်းသည်လည်း တိုက်ပွဲ စက်ဝိုင်းထဲ၌ ပိတ်မိနေပြီး ဖောက်ထွက်မသွားနိုင်ပေ။ သူသည် ကုဖေးတိနှင့် စုယန်တို့ ချောက်ကမ်းပါးစွန်းသို့ အတင်းအကြပ် တွန်းပို့ခံနေရသည့် မြင်ကွင်းအား စိုးရိမ်တကြီးဖြင့်သာ စောင့်ကြည့်နေနိုင်သည်။

စုယန်သည် ခဏတာ မှိန်းနေပြီးနောက် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ကုဖေးတိ၏လက်များ ယိမ်းနွဲ့သွားသောအခါတွင် ချောက်ကမ်းပါးစွန်းနှင့် ၎င်း၏အောက်ရှိ နက်ပြာရောင်မြစ်ကြီးကို သူတွေ့လိုက်ရ၏။

စုယန်သည် ရှုပ်ယှက်ခတ်နေသော တိုက်ပွဲမှ ဒေါသတကြီး ကြုံးဝါးသံများနှင့် နာကျင်စွာ အော်ဟစ်သံများကို ကြား‌နေရသည်။ သည့်အပြင် ကုဖေးတိ၏ မောပန်းနေသော အသက်ရှူသံကိုပါ ခံစားနေရ၏။ ထို့ကြောင့် သူသည် အရာအားလုံးကို ဘေးဖယ်ထားပြီး အလောင်းအစားလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်...

စုယန်သည် သူ့ခန္ဓာကိုယ်၌ ကျန်ရှိသည့် ခွန်အား အလုံးစုံကို စုစည်းလိုက်ပြီး ကုဖေးတိ၏ခါးကိုဖက်ရန် လက်ကိုဆန့်တန်းလိုက်သည်။ ထို့နောက် ပြင်းထန်သော အင်အားဖြင့် ခြေထောက်များကို မြေပြင်ပေါ် ဆတ်ခနဲဆောင့်ကာ ကုဖေးတိအား သူနှင့်အတူ မီတာသုံးဆယ်နက်သော ချောက်ထဲသို့ ဆွဲချသွားတော့၏!

"ဖေးတိ!"

ရွှီယွင်ကျန်း၏အသံသည် တိုက်ပွဲအတွင်းသို့ တိုးဝင်သွားပြီး လွတ်နေသော ချောက်ကမ်းပါးပေါ်၌ အချည်းနှီး ပဲ့တင်ထပ်နေလေသည်။

"စုယန်!"

စုယန်သည် ကုဖေးတိအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထား၏။ လှိုင်းပုတ်သံကဲ့သို့လေသည် သူ့နားထဲသို့ အရှိန်ပြင်းစွာ ရိုက်ခတ်နေသည်။

ညကောင်းကင်ယံက ကြယ်များကဲ့သို့ ထင်မှတ်ရသည့် သူနှင့် အလွန်နီးကပ်စွာရှိနေသော အနက်ရောင် မျက်လုံးများကို စိုက်ကြည့်ရင်း သူ၏နှုတ်ခမ်းထောင့် လေးများ အနည်းငယ် ကော့တက်သွားလေ၏။

ပြီးနောက် ရုတ်ခြည်းဆိုသလိုပင် နာကျင်မှုကို ခံစားလိုက်ရပြီး ရေစီးသံများကြားတွင် သတိလစ်သွားတော့၏။

ကုဖေးတိသည် ရေ၏ကြီးမားသော ရိုက်ခတ်မှု အောက်တွင် မညည်းတွားဘဲ မနေနိုင်ပေ။ သူသည် စုယန်အား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး မည်သည့်အကြောင်းကြောင့်မှ လက်မလွှတ်လိုက်ပေ။ ရေထဲသို့ကျပြီးသည့်နောက် ကု‌ဖေးတိသည် စုယန်အား ရေမျက်နှာပြင်ပေါ်သို့ ချက်ချင်းဆွဲမခေါ်ခဲ့ချေ။ ယင်းအစား သူသည် စုယန်၏ ပါးစပ်နှင့် နှာခေါင်းကိုအုပ်ကာ မြစ်နက်ထဲသို့ ဦးတည်ကူးခတ် သွားခဲ့၏။

သူတို့နှစ်ယောက် ရေထဲ၌ တိတ်တဆိတ်ကူးခတ်‌နေပြီး မကြာခင်မှာပင် ကုဖေးတိသည် ရန်သူများက သူတို့အား လိုက်ရှာနေဆဲဆိုတာကို သတိထားမိလိုက်သည်။ အဲ့လော့ကွေးမှလူအချို့သည် ရေထဲသို့လိုက်ဆင်းခဲ့ပြီး အချို့က ကမ်းပါးတစ်လျှောက် ပြေးလွှားနေကြသည်။ ကောင်းကင်ယံ၌မူ တစ္ဆေဇီးကွက်ဖြူများ ပျံဝဲနေကြပြီး သူတို့၏သခင်အား အချိန်နှင့်တပြေးညီ သတင်းပေးနေကြ၏။

အကယ်၍ ၎င်းတို့အား မဖယ်ရှားနိုင်ခဲ့ပါက သူတို့နှစ်ဦး စလုံး၏ ခွန်အားများ ကုန်ဆုံးသွားသည်နှင့် သို့မဟုတ် သူတို့ရှေ့သို့ ချီမတက်နိုင်စေရန် တားဆီးထားသည့် မြေပြင်အနေအထားနှင့် ကြုံတွေ့ရသည်နှင့် သူတို့သည် အဲ့လော့ကွေး၏လူများထံမှ သတ်ဖြတ်ခံရနိုင်ဖွယ် ရှိသည်။

ကံကောင်းထောက်မစွာ ဤမြစ်၏လမ်းကြောင်းသည် ငြိမ်သက်နေပုံရသော်လည်း ရေ၏အရှိန်သည် အလွန် လျင်မြန်ပေသည်။

ကုဖေးတိသည် သတိလစ်နေသော စုယန်အားဆွဲလျက် ရေစီးကြောင်းအတိုင်း ကူးခတ်သွားခဲ့သည်။ သူသည် ရေထဲ၌ ခပ်ကြာကြာ မနေရဲတော့ပေ။

ချောက်သည် ပိုကျဉ်းမြောင်းလာပြီး မြစ်သည် ပို၍ လှိုင်းထန်လာသည်နှင့်အမျှ ကုဖေးတိသည် သူ့ခန္ဓာကိုယ်အား မထိန်းချုပ်နိုင်တော့ဘဲ ရေစီးကြောင်းအတိုင်းသာ လိုက်ပါသွားနိုင်လေသည်။

ရုတ်​တရက်​ပင်​ ​ရှေ့၌ လမ်းဆုံတစ်​ခု​ပေါ်လာလေ၏။

တစ်ဖက်သည် ပို၍ပြန့်ကားသော ပင်မမြစ်ကြောင်းလမ်း ဖြစ်ပြီး ကျန်တစ်ဖက်ကမူ ထူးဆန်းစွာ ကျဉ်းမြောင်းနေသော လမ်းကြောင်းငယ်လေးတစ်ခု ဖြစ်သည်။ ၎င်းလမ်းကြောင်းငယ်သည် လုံးဝ မှောင်မိုက်နေပြီး ထွက်လမ်းလား သို့မဟုတ် သေမင်းထောင်ချောက်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။ သို့သော်လည်း ရေတံခွန်၏ ကျယ်လောင်စွာ ရေကျသံက ကုဖေးတိအား သွားရန်မကောင်းသော တွင်းနက်ကြီးတစ်ခုဖြစ်ကြောင်း သတိပေးနေ၏။

သို့သော်လည်း အဲ့လော့ကွေးဂိုဏ်းသည့် သူ့အား ရွေးချယ်ခွင့်မပေးခဲ့ပေ။

ကျယ်လောင်စူးရှ‌သော အရိုးပုလွေသံ ထွက်ပေါ်လာပြီး ဧရာမပိုက်ကွန်ကြီးတစ်ခုသည် ပင်မမြစ်ကြောင်းလမ်း တလျှောက် ရေမျက်နှာပြင်ကို ရုတ်တရုတ် ဖုံးအုပ်သွားလေသည်။

ဤအခြေအနေကိုမြင်လိုက်သောအခါ ကုဖေးတိ၏ မျက်လုံးများသည် သွေးထွက်လုမတတ် နီရဲသွားလေ၏။

ဒီရက်စက်ကြမ်းကြုတ်တဲ့ အဲ့လော့ကွေးဂိုဏ်းဆီမှာ အရှင်လတ်လတ် အဖမ်းခံရတာထက် နောက်ဆုံးထွက်သက်ထိ တိုက်ပွဲဝင်ရတာ ပိုကောင်းလိမ့်မယ်!

ကုဖေးတိသည် စုယန်အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ အံကြိတ်လျက် ကျဉ်းမြောင်းသော လမ်းကြောင်းငယ်လေး ဆီသို့ ကူးခတ်သွားလိုက်သည်။

ယင်းလမ်းကြောင်းငယ်‌လေး၏ ဝင်ပေါက်သည် ကြောက်စရာကောင်းသော နဂါးတစ်ကောင် ပါးစပ်ဖြဲထားသည်နှင့်ပင် ဆင်တူလေသည်။ ရေ၏ဆွဲအားနှင့်အတူ ၎င်းသည် ကုဖေးတိနှင့်စုယန်အား လျင်မြန်စွာ မျိုချလိုက်လေ၏။

ရေသည် တဟုန်ထိုး စီးဆင်းနေပြီး အလွန်အေးခဲသော မြေအောက်မြစ်ကြီးထဲသို့ ကျဆင်းသွားလေသည်။

ချောက်ကမ်းပါးပေါ်၌...

အဲ့လော့ကွေး၏ အဖွဲ့ခေါင်းဆောင်သည် လက်ထဲရှိ အရိုးပုလွေကိုမြှောက်ကာ တစ္ဆေရယ်သံကဲ့သို့ ခြောက်ခြားဖွယ်ကောင်းသော အသံများကို စည်းချက်ကျကျ မှုတ်ထုတ်လိုက်သည်။

သူတို့သည် မြစ်ထဲရှိ ဧရာမပိုက်ကွန်ကို စွန့်ပစ်လိုက်ပြီး တစ္ဆေဇီးကွက်ဖြူများမှာလည်း လေထဲ၌ ပြန့်ကျဲနေလေသည်။ ကြည့်ရသည်မှာ သူတို့သည် လိုက်ရှာခြင်းအား လက်လျှော့လိုက်ပုံရ၏။

......

မိမိ၏လက်ချောင်းများကိုပင် မမြင်နိုင်လောက်အောင် မှောင်မည်းနေသော မြေအောက်မြစ်ထဲတွင် ကုဖေးတိသည် စုယန်အား မျက်နှာပြင်ညီညာသော ကျောက်ဆောင်တစ်ခုပေါ်သို့ အားကုန် ဆွဲတင်လိုက်သည်။

ကျောက်ဆောင်သည် လူနှစ်ဦးနေရန်အတွက် အလွန် ကျဉ်းမြောင်းသော်လည်း အနည်းဆုံးတော့ ရေနှင့်လွတ်ရာမှာ သူတို့၏ဒဏ်ရာများကို ကုစားနိုင်ပေသည်။

ကုဖေးတိသည် စုယန်အား သူ၏ပေါင်ပေါ်သို့ မှောက်လျက်လှဲချလိုက်သည်။ သူသည် လက်ချောင်းများကို အသုံးပြု၍ စုယန်၏ ကျောပေါ်မှဒဏ်ရာကို ညင်သာစွာ စစ်ဆေးကြည့်လိုက်၏။

ဒဏ်ရာသည် သွေးအလွန်ထွက်နေသည်။ သူ၏ အသက်ရှူနှုန်းနှင့် သွေးခုန်နှုန်းမှာလည်း အလွန် အားနည်းနေပြီး ခန္ဓာကိုယ်အပူချိန်ပင် ကျဆင်းလာ၏။ ကုဖေးတိသည် စုယန်၏ခန္ဓာကိုယ်အား နွေးထွေးစေရန်နှင့် ဒဏ်ရာများသက်သာစေရန် သူ၏အတွင်းစွမ်းအားကို အသုံးပြုခဲ့သည်။ ထို့နောက် နောက်ကျောဒဏ်ရာကို ဆေးထည့်ပေးရန် သူ၏ အဝတ်အစားတွေကိုလည်း ဖယ်ရှားလိုက်လေသည်။

ရေထဲကျစဉ်က သူတို့နှစ်ဦးစလုံးတွင် မည်သူကမှ ခရီးဆောင်အိတ် မသယ်ထားကြပေ။ ကုဖေးတိထံ၌ ‌အရေးပေါ်ဆောင်ထားသော ဆေးအိတ်လေး ရှိသော်လည်း ရေအေးနှင့်ထိတွေ့ပြီးနောက် ဆေးအာနိသင်ကျန်မကျန် မသိနိုင်ပေ။

သူသည် ရွှံ့နှင့်တူသောဆေးကိုယူလိုက်ပြီး အမှောင်ထဲ၌ စမ်းတဝါးဝါးဖြင့် စုယန်၏ကျောပေါ်ရှိ ဒဏ်ရာကို ခပ်ပါးပါး လိမ်းကျံပေးလိုက်သည်။ ထို့နောက် အခြားဒဏ်ရာများရှိမရှိ စစ်ဆေးရန် သူ၏ လက်ချောင်းထိပ်များသည် စုယန်၏ ကျောပေါ်၌ ပြေးလွှားနေလေ၏။

ရုတ်တရက် သူ၏လက်ချောင်းထိပ်များသည် တစ်စုံတစ်ရာကို ထိတွေ့မိသွားပြီး ရပ်တန့်သွား လေသည်။ ကုဖေးတိသည် ၎င်းကို ခဏတာ ဂရုတစိုက် ပွတ်သပ်ကြည့်ပြီးနောက် ပျောက်ကင်းပြီးသော အမာရွတ်များဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

အမာရွတ်တွေက ရှုပ်ပွနေပြီး ပန်းပွင့်‌တက်တူးနဲ့ မတူဘူး... မဟုတ်မှ အဲဒါက...

...စကားလုံးတွေလား?

ကုဖေးတိသည် အမှောင်ထဲတွင် မျက်မှောင်ကြုတ်လိုက်ပြီး စကားလုံးများကို ပုံဖော်ရန် ထပ်ခါထပ်ခါ ပွတ်သပ်ကြည့်နေ၏။

"မင်း... ငါ့ကို မတော်တရော်တွေလုပ်နေတာလား?"

ရုတ်တရက်ဆိုသလိုပင် စုယန်၏ အားပျော့သော အသံသည် ကျဉ်းမြောင်းသည့် မြေအောက်မြစ် လှိုဏ်ဂူအတွင်း ထွက်ပေါ်လာ၏။

ကုဖေးတိသည် သူ့လက်ကို ပြန်ရုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းနိုးလာပြီလား?"

စုယန်က ညည်းညူလိုက်သည်။

"နာလွန်းလို့ နိုးလာတာလေ... မင်းငါ့ကို ဘာတွေများ မကောင်းကြံထားတာလဲ? ဘာလို့ ဒီလောက်တောင် နာနေရတာလဲ?"

ကုဖေးတိက ရှင်းပြလိုက်သည်။

"ဒါက ငါတို့ထန်းယွင်စံအိမ်က အထူးပြုလုပ်ထားတဲ့ လိမ်းဆေးတစ်မျိုးပဲ"

စုယန်သည် အေးစိမ့်သောလေကို အနည်းငယ် ရှုရှိုက်ရင်း ကု‌ဖေးတိ၏ပေါင်ပေါ်မှ ထလိုက်သည်။

ယခုအချိန်၌ သူသည် နာကျင်မှုကို အာရုံလွှဲနိုင်ရန် အတွက် တစ်စုံတစ်ခုကိုပြောရန် လိုအပ်ပေသည်။ ထို့ကြောင့် အလွန်အမင်း တွေးတောမနေဘဲ ကြုံရာစကားတွေကို ပေါ့ရွှတ်ရွှတ် လျှောက်ပြောလိုက်၏။

"ရှစ်ဇွင်းက ငါတို့ကို လမ်းညွှန်သင်ပြဖို့ လင်းရှစ်ကျဲကို တာဝန်ပေးခဲ့တယ်။ အဲဒါက တကယ် အကြောင်းအရင်း
ရှိတာပဲ..."

ကုဖေးတိ အကြောင်းမပြန်ပေ။

စုယန်သည် ရှက်ကိုးရှက်ကန်းဖြင့် သူ့နှာခေါင်းကို ကုတ်ခြစ်ကာ စကားဆက်လိုက်၏။

".. ငါတို့တွေ အလင်းရောင်မရှိတဲ့ ဂူထဲမှာ မကြာခဏ ပိတ်မိမယ်ဆိုတာ သူမ ကြိုသိနေတာဖြစ်ရမယ်။ ဒါကြောင့် လင်းရှစ်ကျဲကို စံနမူရာယူစေချင်ခဲ့တာ။ ဒါမှ သူမလို အရာဝတ္ထုတွေကို အသံနဲ့ ခွဲခြားသိမြင် နိုင်မှာလေ ဟားဟားဟား..." စုယန်သည် ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး သူ၏ အဆင်မပြေဖြစ်မှုကို ဖုံးကွယ်လိုက်သည်။

ကုဖေးတိသည် ခဏတာ နှုတ်ဆိတ်နေပြီးနောက် ပြန်ပြောလေ၏။

"ငါတို့ အရင်နည်းလမ်းအတိုင်း ကျင့်သုံးလို့မရဘူး။ ရှင်သန်ချင်ရင် တခြားနည်းလမ်းတစ်ခုကို ရှာရမယ်"

စုယန်သည် ပါးစပ်ကိုဖွင့်ဟလိုက်သော်လည်း ဘာပြန်ပြောရမှန်းမသိပေ။

သူနိုးလာသောအခါ သူသည် ထူးဆန်းသောဂူထဲသို့ ခေါ်ဆောင်သွားခံရသည်ကို သိလိုက်ရသည်။ ဆိုလိုသည်မှာ ကုဖေးတိ၏ဇာတ်လိုက်အရှိန်အဝါသည် အသက်ဝင်လာပြီ ဖြစ်သည်။

ကျောက်စိမ်းကြေးမုံရေကန်ရှိ ရေအောက်လှိုဏ်ဂူထဲသို့ မှားယွင်းဝင်ရောက်သွားခြင်းသည် ပုလဲစံအိမ် ဇာတ်ကွက်ကို အစပျိုးခဲ့ခြင်းဖြစ်သည်။ ယခုအချိန်၌ စုယန်သည် ဦးနှောက်ဖြင့်မစဉ်းစားဘဲ ခြေထောက်ဖြင့် စဉ်းစားလျှင်တောင် ဤအရာသည် မည်သည့် ဇာတ်ကွက်ကို ဦးတည်သွားနေမှန်း သိနိုင်လေသည်။

အစပိုင်းတွင် ကုဖေးတိအား ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျစေရန် မျှားခေါ်ခဲ့သော်လည်း သူ(စုယန်)၏ ကံမှာ ဆိုးရွားလွန်းလှသည်။ ယခုအခါ ကုဖေးတိသည် မြေရိုင်းလွင်ပြင်မှ ထူးဆန်းသော မြေအောက်မြစ် လှိုဏ်ဂူကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့ပြီး သူသည်လည်း ကုဖေးတိနှင့် အတူရှိနေ၏။ စုယန် တုန်လှုပ်သွားပြီး ဦးရေပြားတစ်ခုလုံး ထုံကျင်လာသည်။

ဇာတ်လိုက်နှစ်ယောက်ရဲ့အချစ်ကို ဖွံ့ဖြိုးတိုးတက်စေတဲ့ ဇာတ်ကွက်က ဘယ်ရောက်သွားပြီလဲ?!

သူဘာလို့ သူများဇာတ်ကွက်ကို ထပ်ပြီး လုယက်ရတာလဲ?

သူသည် ပုလဲစံအိမ်တော်ဇာတ်ကွက်တွင် ရွှီယွင်ကျန်း၏ ညီအစ်ကိုဆက်ဆံရေးဇာတ်ကွက်ကို လုယူခဲ့ပြီး ယခုအခါတွင်လည်း ဓားပညာရှိဂူသင်္ချိုင်း ဇာတ်ကွက်တွင် ဖူလင်းယွင်၏ အချစ်ဇာတ်လမ်းကို လုယူခဲ့ပြန်သည်။

သူဒီကို ကူးပြောင်းလာရတဲ့အကြောင်းရင်းက ဇာတ်ကြောင်းကို လိုက်နာဖို့မဟုတ်ဘဲ ကောင်းကင်ဘုံကို အံတုဖို့များလား?!

သို့သော် ဖူလင်းယွင်၏ဇာတ်ကွက်အား ခိုးယူမိခြင်းသည် သူ့အား အပြစ်တင်၍မရ‌ပေ။ ဖူလင်းယွင်သည် မြေရိုင်းလွင်ပြင်သို့ ရောက်မလာခဲ့ချေ။ ထို့ကြောင့် ဇာတ်လိုက်နှင့်ဇာတ်လိုက်မကြား ဆက်ဆံရေးကို မြှင့်တင်ပေးလိုလျှင်တောင် သူ့အတွက် မဖြစ်နိုင်ပေ။ ၎င်းမှာ ဆန်တစ်စိမှမပေးဘဲ ထမင်းချက်ခိုင်းသည်နှင့် တူပေသည်။

ထိုသို့တွေးရင်း စုယန်သည် အစကတည်းက သူ့စိတ်ထဲရှိနေသော မေးခွန်းကို ထုတ်မေးလိုက်သည်။

"ဖူလင်းယွင်က ဘာလို့ မြေရိုင်းလွင်ပြင်ကို မလာတာလဲ?"

ကုဖေးတိက အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးမှ ပြန်ပြော၏။

"ငါတို့အခုမှ သေခါနီးဆဲဆဲ အခြေအနေကနေ လွတ်မြောက်လာတာ.. မင်းပထမဆုံးမေးတဲ့မေးခွန်းက ဒါတဲ့လား? မင်းသူမကို အရမ်းတွေ့ချင်နေတာလား?"

စုယန်က ခြောက်ကပ်စွာ ရယ်မောလိုက်သည်။

"အာ!.. တကယ်တော့.."

ကုဖေးတိက ဆက်ပြီး အော်ငေါက်လိုက်၏။

"ဒါဆို မင်းက သူမကိုဖမ်းခေါ်ချင်ပေမယ့် လူမှားဖမ်းမိသွားတာပေါ့လေ"

စုယန် "....."

သူ့မှာ ပါးစပ်ဆယ်ပေါက်ရှိလျှင်တောင် ပြန်ငြင်းရန် စကားမရှိချေ။

ကုဖေးတိက စုယန်ရဲ့အဖြေကို မစောင့်တော့ဘဲ ဆက်ပြောလိုက်၏။

"...ဟုတ်ပါတယ်။ သူမက တက်ကြွပြီး ရိုးရှင်းတဲ့ စိတ်နေစိတ်ထားရှိတယ်.. သူမက တကယ့်ကို သဘောကျချင်စရာ ကောင်းပါတယ်"

စုယန်သည် ခေါင်းမာပြီး ဒေါသအလွန်ကြီးသော ဖူလင်းယွင်ကို မြင်ယောင်မိလိုက်သည်။ ဖန်ရှီသည် သူမအား ရယ်မော‌ခြင်း သို့မဟုတ် မျက်ရည်ကျ‌ခြင်း ဖြစ်သည်အထိ အကြိမ်ပေါင်းများစွာ စနောက် ခဲ့သည်ကိုလည်း ပြန်တွေးမိလိုက်သည်။ သို့သော် ကုဖေးတိ၏မျက်လုံးထဲ၌မူ သူ၏ချစ်ရသူအား တစ်လောကလုံးတွင် အံ့ဩစရာကောင်းဆုံးသူဟု ရှုမြင်မှာ သေချာပေသည်။

မြေရိုင်းလွင်ပြင်ရှိ ဇာတ်လိုက်မ၏ ဇာတ်ဝင်ခန်းသည် လေနှင့်အတူလွင့်ပါသွားပြီ ဖြစ်သည်။ ထို့ကြောင့် ဇာတ်လိုက် သူမအပေါ်ထားရှိသည့် နှစ်သက်မှုကို မလျော့နည်းသွားစေရန် ဇာတ်လိုက်ရှေ့၌ သူမ၏ မကောင်းကြောင်းကို ပြောလို့မရပေ။

ထိုသို့တွေးရင်း စုယန်သည် အလွန်ချဲ့ကားသော လေသံဖြင့် ထောက်ခံလိုက်၏။

"အမှန်ပဲ။ လင်းယွင်က အရမ်းလှပြီး သန်လည်း သန်မာတယ်။ သူမရဲ့ အကျင့်စရိုက်ကလည်း ကောင်းမွန်တော့ ဘယ်သူမဆို သူမကို သဘောကျမှာပဲ"

ကုဖေးတိသည် စကားပြန်မပြောလာပေ။ သူသည် ကိုယ်အနေအထားကို ပြောင်းလဲလိုက်ပြီး ကျောက်နံရံကိုမှီကာ တင်းတင်းကျပ်ကျပ် ဆုပ်ထားသည့် လက်သီးများကို ဝှက်ထားလိုက်လေသည်။

စုယန်က သတိမထားမိဘဲ ဆက်မေးလိုက်၏။

"ဒါဆိုဖြေပါအုံး.. သူမက ဘာလို့ပါမလာတာလဲ?"

နောက်ဆုံးတော့ ကုဖေးတိက ပြန်ဖြေလေသည်။

"သူမက ကျောက်စိမ်းအိမ်တော်မှာ ပညာသင်လို့မပြီးသေးဘူး"

စုယန် အံ့အားသင့်သွားရ၏။

"မဟုတ်သေးပါဘူး.. ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? သူမက ပညာသင်လို့ မပြီးသေးဘူး...?"

"သူမက ဖန်ရှီ့ကိုစောင့်နေတာ"

ကုဖေးတိက ရုတ်တရက် ရယ်မောလိုက်သည်။

"သူမနဲ့ ဖန်ရှီက လီရှစ်ကျဲရဲ့လက်အောက်မှာ အတူတူ ပညာသင်ခဲ့ကြတာဆိုတော့ ရင်းနှီးတာ သဘာဝကျပါတယ်။ ဖန်ရှီက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်မှာ အောင်မြင်မှုမရသေးဘူး။ အဲ့တာကြောင့် သူမက ကျောက်စိမ်းအိမ်တော်မှာ နေခဲ့ပြီး သူပြီးမှ အတူတူထွက်လာမယ်တဲ့"

စုယန် : !!!

ဖန်အာ! ကောင်းလေစွ!

ဒါဆို ဇာတ်လိုက်မကိုလုယူသွားခဲ့တာ မင်းပေါ့လေ!

ကုဖေးတိက စကားဆက်လိုက်သည်။

"မင်းနဲ့ ဖန်ရှီက ဆက်ဆံရေးကောင်းတယ်မဟုတ်လား?
သူ သူ့နှလုံးသားနောက် လိုက်နေတာကို မင်းက ပျော်နေသင့်တယ်လေ"

သူ့နှလုံးသားနောက်ကို လိုက်တာမလိုက်တာက အရေးမကြီးဘူး။ အရေးကြီးတာ ဖူလင်းယွင်က ဇာတ်လိုက်မလေ!

ကုဖေးတိ! မင်းကရော ဘယ်လိုဇာတ်လိုက်မျိုးလဲ? ဘာလို့ မင်းရဲ့အချစ်ရေးမှာ ပေါ့လျော့နေရတာလဲ? ဖန်အာက မင်းရဲ့ အနာဂတ်ဇနီးသည်ကို ခိုးပြေးသွားမှာ မကြောက်ဘူးလား?

ထိုသို့တွေးရင်း စုယန် သက်ပြင်းအရှည်ကြီး ချလိုက်သည်။

လိပ်ပြာအတောင်ပံခတ်တာက မုန်တိုင်းကိုတောင် ဖြစ်‌ပေါ်စေတာပဲ။ အရင်က ငါအရာအားလုံးကို ရိုးရိုးရှင်းရှင်းလေး တွက်ချက်မိခဲ့တယ်။

စုယန်၏ သက်ပြင်းချသံကို ကြားလိုက်ရသော ကုဖေးတိသည် နောက်ဆုံးတွင် မနေနိုင်ဘဲ မေးလိုက်လေ၏။

"မင်းက ဖူလင်းယွင်ကို အရမ်းဂရုစိုက်တာပဲလား?"

_2.4.22

T/N: ကိုယ့်အမေက ကျန်းမာရေးမကောင်းဖြစ်နေပြီး ဒီလထဲမှာ ဆေးရုံတက်ရ ခွဲရစိတ်ရတွေ လုပ်ရအုံးမှာဆိုတော့ ကိုယ်လဲ ဘာသာပြန်ဖို့ကို အာရုံသိပ်မစိုက်နိုင်ဘူးဖြစ်နေတယ်။ အဲ့တာကြောင့် update တွေ နောက်ကျနိုင်ပါတယ်နော်။
တင်တာကတော့ တင်ပေးမှာပါ။ ရက်လေးတော့ နည်းနည်းခြားမယ်ပေါ့နော် (◕ᴗ◕✿)

Thanks for reading ❣️

Zawgyi

အခန္း-၃၇ ေျမေအာက္ျမစ္ထဲသို႔ ျပဳတ္က်ျခင္း။

[ဒါဆို ဇာတ္လိုက္မကို လုယူသြားခဲ့တာ မင္းေပါ့ေလ!]

ကု‌ေဖးတိသည္ စုယန္အား လက္တစ္ဖက္ျဖင့္ တင္းက်ပ္စြာ ဆုပ္ကိုင္ထားၿပီး က်န္လက္တစ္ဖက္ျဖင့္ ရန္သူႏွစ္ဦး၏ တိုက္ခိုက္မႈကို ခက္ခက္ခဲခဲ ပိတ္ဆို႔ထားကာ တိုက္ပြဲ အျပင္ဘက္သို႔ ဆုတ္ခြာရန္ သူ၏ကိုယ္ေဖာ့ပညာကို အသုံးျပဳလိုက္သည္။

သူတို႔၏စံအိမ္သခင္ေလးကို အၿမဲအာ႐ုံစိုက္ေနခဲ့ေသာ ထန္းယြင္စံအိမ္မွတပ္ဖြဲ႕မ်ားသည္ မိစာၦဂိုဏ္းႏွင့္ တိုက္ခိုက္ေနမႈကို ခ်က္ခ်င္း စြန႔္လႊတ္လိုက္ၾက၏။

သူတို႔‌သည္ ကုေဖးတိ၏ေရွ႕တြင္ စု႐ုံးလာၾကၿပီး ရန္သူတပ္မ်ား၏ တိုက္ခိုက္မႈအားလုံးကို အကာအကြယ္ေပးၾကသည္။

ထိုအခ်ိန္တြင္ တိုက္ပြဲအေျခအေန တနည္းမဟုတ္တနည္း ေျပာင္းလဲသြားသည္ကို တိုက္ပြဲအတြင္းရွိလူအားလုံးက သေဘာေပါက္လိုက္ၾကသည္။

သို႔ေသာ္လည္း သူတို႔တုံ႕ျပန္ရန္ အခ်ိန္မရေသးမီ ပတ္ဝန္းက်င္မွ စူးရွေသာအသံမ်ားကို ၾကားလိုက္ရေလသည္။

အဲ့ေလာ့ေကြးဂိုဏ္းမွ ဒါဇင္ေပါင္းမ်ားစြာေသာ သိုင္းပညာရွင္ မ်ားသည္ ၎တို႔ပတ္ဝန္းက်င္ရွိ ေက်ာက္ေဆာင္မ်ားေနာက္မွ ခုန္ထြက္လာၾကၿပီး အလယ္ပိုင္းလြင္ျပင္ႏွင့္ မိစာၦဂိုဏ္းၾကား တိုက္ပြဲစက္ဝိုင္းအတြင္းသို႔ လ်င္ျမန္စြာ ထိုးေဖာက္ဝင္ေရာက္ လာၾကေလသည္။

႐ုတ္ျခည္းဆိုသလို ေသြးႏွင့္အသားစမ်ားသည္ ေျမျပင္တြင္ ပိုမိုျပန႔္က်ဲလာၿပီး တိုက္ပြဲအေျခအေနသည္ အလြန္ပင္ ေၾကာက္စရာေကာင္းလာေလ၏။

ထိုအခ်ိန္တြင္ ႐ႊီယြင္က်န္းသည္ ျပန္လည္သတိရေနၿပီ ျဖစ္ေသာ ေဟာ့ယင္းႏွင့္အတူ ေရာက္လာခဲ့သည္။ တိုက္ပြဲအေျခအေနကို ျမင္ေသာအခါ သူသည္ အလြန္
လ်င္ျမန္စြာ တုံ႕ျပန္ခဲ့ၿပီး အလယ္ပိုင္းလြင္ျပင္ အသိုင္းအဝိုင္း၏ အခ်က္ျပမီးရႉးမီးပန္းမ်ားကို ေကာင္းကင္ယံသို႔ ပစ္လႊတ္လိုက္သည္။

မီးရႉးမီးပန္းမ်ားသည္ အနီေရာင္‌ေတာက္ေတာက္ျဖစ္ၿပီး ေန႕ခင္းဘက္၌ပင္ အလြန္ဆြဲေဆာင္မႈရွိေပသည္။

႐ႊီယြင္က်န္းသည္ ဤအနီးနားတြင္ အလယ္ပိုင္းလြင္ျပင္မွ ဂိုဏ္းမ်ားရွိေနေစရန္သာ ေမွ်ာ္လင့္ေနမိသည္။ သို႔မွသာ အခ်က္ျပမႈကိုျမင္ၿပီး အျမန္ဆုံး လာေရာက္ကူညီ နိုင္မည္ျဖစ္သည္။

စုယန္သည္ သူ၏ေနာက္ေက်ာ၌ ပူေလာင္မႈကို ခံစားေနရၿပီး အမည္းေရာင္အရိပ္မ်ားမွာ သူ၏အျမင္အာ႐ုံကို တျဖည္းျဖည္း ပိတ္ဆို႔လာသည္။ သူသည္ သတိရွိေနေသာ္လည္း ပင္ပန္းႏြမ္းနယ္မႈဒဏ္ကို မခုခံနိုင္ေတာ့ဘဲ ေမ့ေမ်ာလုနီးပါးျဖစ္ေန၏။

သူသည္ ကုေဖးတိ၏ဝတ္႐ုံစကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားၿပီး သူ၏အတြင္းအားကို ခ်ိန္ညွိကာ ကုေဖးတိ၏နားထဲသို႔ တိုးညွင္းေသာအသံျဖင့္ ေျပာလိုက္သည္။

"ေခ်ာက္ကမ္းပါးေအာက္... ျမစ္တေလွ်ာက္မွာ... ဂူသခၤ်ိဳင္း... အဲဒီေအာက္မွာရွိတယ္..."

ကုေဖးတိသည္ စုယန္အား သူ႕ကို ပိုတင္းက်ပ္စြာ ေပြ႕ဖက္လိုက္ၿပီး ေျပာေလ၏။

"စိတ္မပူနဲ႕.. ငါဒီမွာရွိတယ္။ အားလုံး အဆင္ေျပသြားမွာပါ..."

အဲ့ေလာ့ေကြးဂိုဏ္း၏ သိုင္းပညာရွင္အမ်ားအျပားသည္ ထန္းယြင္စံအိမ္ အေစာင့္မ်ားကိုေက်ာ္ျဖတ္ကာ ကုေဖးတိထံသို႔ ေရာက္ရွိသြားၾကသည္။

သူတို႔သည္ လက္ထဲရွိ ဓားရွည္မ်ားအား ကြၽမ္းက်င္ ပိုင္နိုင္စြာ လႊဲယမ္းေနၾကၿပီး တိုက္ခ်က္တစ္ခ်က္စီ တိုင္းဟာလည္း တိက်ၿပီး ျပင္းထန္ေပသည္။ ထို႔ေၾကာင့္ ကုေဖးတိသည္ အခ်ိန္ခဏေလးအတြင္း သူတို႔၏ အားနည္းခ်က္မ်ားကို ရွာမေတြ႕နိုင္ဘဲ မေက်မခ်မ္းသာ ခုခံေနရ၏။

သူသည္ ေမ့ေျမာလုနီးနီးျဖစ္ေနေသာ စုယန္ကို လက္တစ္ဖက္ျဖင့္ေပြ႕ဖက္ထားရေသာေၾကာင့္ အစြမ္းကုန္ တိုက္ခိုက္၍မရနိုင္ေပ။ ထို႔ေၾကာင့္ တစ္လွမ္းၿပီးတစ္လွမ္း ဆုတ္ခြာေနရၿပီး အရႈံးႏွင့္ရင္ဆိုင္ရန္မွာ နီးကပ္လာေလသည္။

ထိုအခ်ိန္တြင္ ႐ႊီယြင္က်န္းသည္လည္း တိုက္ပြဲ စက္ဝိုင္းထဲ၌ ပိတ္မိေနၿပီး ေဖာက္ထြက္မသြားနိုင္ေပ။ သူသည္ ကုေဖးတိႏွင့္ စုယန္တို႔ ေခ်ာက္ကမ္းပါးစြန္းသို႔ အတင္းအၾကပ္ တြန္းပို႔ခံေနရသည့္ ျမင္ကြင္းအား စိုးရိမ္တႀကီးျဖင့္သာ ေစာင့္ၾကည့္ေနနိုင္သည္။

စုယန္သည္ ခဏတာ မွိန္းေနၿပီးေနာက္ မ်က္လုံးမ်ားကို ဖြင့္ၾကည့္လိုက္သည္။ ကုေဖးတိ၏လက္မ်ား ယိမ္းႏြဲ႕သြားေသာအခါတြင္ ေခ်ာက္ကမ္းပါးစြန္းႏွင့္ ၎၏ေအာက္ရွိ နက္ျပာေရာင္ျမစ္ႀကီးကို သူေတြ႕လိုက္ရ၏။

စုယန္သည္ ရႈပ္ယွက္ခတ္ေနေသာ တိုက္ပြဲမွ ေဒါသတႀကီး ႀကဳံးဝါးသံမ်ားႏွင့္ နာက်င္စြာ ေအာ္ဟစ္သံမ်ားကို ၾကား‌ေနရသည္။ သည့္အျပင္ ကုေဖးတိ၏ ေမာပန္းေနေသာ အသက္ရႉသံကိုပါ ခံစားေနရ၏။ ထို႔ေၾကာင့္ သူသည္ အရာအားလုံးကို ေဘးဖယ္ထားၿပီး အေလာင္းအစားလုပ္ရန္ ဆုံးျဖတ္လိုက္ေတာ့သည္...

စုယန္သည္ သူ႕ခႏၶာကိုယ္၌ က်န္ရွိသည့္ ခြန္အား အလုံးစုံကို စုစည္းလိုက္ၿပီး ကုေဖးတိ၏ခါးကိုဖက္ရန္ လက္ကိုဆန႔္တန္းလိုက္သည္။ ထို႔ေနာက္ ျပင္းထန္ေသာ အင္အားျဖင့္ ေျခေထာက္မ်ားကို ေျမျပင္ေပၚ ဆတ္ခနဲေဆာင့္ကာ ကုေဖးတိအား သူႏွင့္အတူ မီတာသုံးဆယ္နက္ေသာ ေခ်ာက္ထဲသို႔ ဆြဲခ်သြားေတာ့၏!

"ေဖးတိ!"

႐ႊီယြင္က်န္း၏အသံသည္ တိုက္ပြဲအတြင္းသို႔ တိုးဝင္သြားၿပီး လြတ္ေနေသာ ေခ်ာက္ကမ္းပါးေပၚ၌ အခ်ည္းႏွီး ပဲ့တင္ထပ္ေနေလသည္။

"စုယန္!"

စုယန္သည္ ကုေဖးတိအား တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထား၏။ လွိုင္းပုတ္သံကဲ့သို႔ေလသည္ သူ႕နားထဲသို႔ အရွိန္ျပင္းစြာ ရိုက္ခတ္ေနသည္။

ညေကာင္းကင္ယံက ၾကယ္မ်ားကဲ့သို႔ ထင္မွတ္ရသည့္ သူႏွင့္ အလြန္နီးကပ္စြာရွိေနေသာ အနက္ေရာင္ မ်က္လုံးမ်ားကို စိုက္ၾကည့္ရင္း သူ၏ႏႈတ္ခမ္းေထာင့္ ေလးမ်ား အနည္းငယ္ ေကာ့တက္သြားေလ၏။

ၿပီးေနာက္ ႐ုတ္ျခည္းဆိုသလိုပင္ နာက်င္မႈကို ခံစားလိုက္ရၿပီး ေရစီးသံမ်ားၾကားတြင္ သတိလစ္သြားေတာ့၏။

ကုေဖးတိသည္ ေရ၏ႀကီးမားေသာ ရိုက္ခတ္မႈ ေအာက္တြင္ မညည္းတြားဘဲ မေနနိုင္ေပ။ သူသည္ စုယန္အား တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားၿပီး မည္သည့္အေၾကာင္းေၾကာင့္မွ လက္မလႊတ္လိုက္ေပ။ ေရထဲသို႔က်ၿပီးသည့္ေနာက္ ကု‌ေဖးတိသည္ စုယန္အား ေရမ်က္ႏွာျပင္ေပၚသို႔ ခ်က္ခ်င္းဆြဲမေခၚခဲ့ေခ်။ ယင္းအစား သူသည္ စုယန္၏ ပါးစပ္ႏွင့္ ႏွာေခါင္းကိုအုပ္ကာ ျမစ္နက္ထဲသို႔ ဦးတည္ကူးခတ္ သြားခဲ့၏။

သူတို႔ႏွစ္ေယာက္ ေရထဲ၌ တိတ္တဆိတ္ကူးခတ္‌ေနၿပီး မၾကာခင္မွာပင္ ကုေဖးတိသည္ ရန္သူမ်ားက သူတို႔အား လိုက္ရွာေနဆဲဆိုတာကို သတိထားမိလိုက္သည္။ အဲ့ေလာ့ေကြးမွလူအခ်ိဳ႕သည္ ေရထဲသို႔လိုက္ဆင္းခဲ့ၿပီး အခ်ိဳ႕က ကမ္းပါးတစ္ေလွ်ာက္ ေျပးလႊားေနၾကသည္။ ေကာင္းကင္ယံ၌မူ တေစၦဇီးကြက္ျဖဴမ်ား ပ်ံဝဲေနၾကၿပီး သူတို႔၏သခင္အား အခ်ိန္ႏွင့္တေျပးညီ သတင္းေပးေနၾက၏။

အကယ္၍ ၎တို႔အား မဖယ္ရွားနိုင္ခဲ့ပါက သူတို႔ႏွစ္ဦး စလုံး၏ ခြန္အားမ်ား ကုန္ဆုံးသြားသည္ႏွင့္ သို႔မဟုတ္ သူတို႔ေရွ႕သို႔ ခ်ီမတက္နိုင္ေစရန္ တားဆီးထားသည့္ ေျမျပင္အေနအထားႏွင့္ ႀကဳံေတြ႕ရသည္ႏွင့္ သူတို႔သည္ အဲ့ေလာ့ေကြး၏လူမ်ားထံမွ သတ္ျဖတ္ခံရနိုင္ဖြယ္ ရွိသည္။

ကံေကာင္းေထာက္မစြာ ဤျမစ္၏လမ္းေၾကာင္းသည္ ၿငိမ္သက္ေနပုံရေသာ္လည္း ေရ၏အရွိန္သည္ အလြန္ လ်င္ျမန္ေပသည္။

ကုေဖးတိသည္ သတိလစ္ေနေသာ စုယန္အားဆြဲလ်က္ ေရစီးေၾကာင္းအတိုင္း ကူးခတ္သြားခဲ့သည္။ သူသည္ ေရထဲ၌ ခပ္ၾကာၾကာ မေနရဲေတာ့ေပ။

ေခ်ာက္သည္ ပိုက်ဥ္းေျမာင္းလာၿပီး ျမစ္သည္ ပို၍ လွိုင္းထန္လာသည္ႏွင့္အမွ် ကုေဖးတိသည္ သူ႕ခႏၶာကိုယ္အား မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ ေရစီးေၾကာင္းအတိုင္းသာ လိုက္ပါသြားနိုင္ေလသည္။

႐ုတ္​တရက္​ပင္​ ​ေရွ႕၌ လမ္းဆုံတစ္​ခု​ေပၚလာေလ၏။

တစ္ဖက္သည္ ပို၍ျပန႔္ကားေသာ ပင္မျမစ္ေၾကာင္းလမ္း ျဖစ္ၿပီး က်န္တစ္ဖက္ကမူ ထူးဆန္းစြာ က်ဥ္းေျမာင္းေနေသာ လမ္းေၾကာင္းငယ္ေလးတစ္ခု ျဖစ္သည္။ ၎လမ္းေၾကာင္းငယ္သည္ လုံးဝ ေမွာင္မိုက္ေနၿပီး ထြက္လမ္းလား သို႔မဟုတ္ ေသမင္းေထာင္ေခ်ာက္လားဆိုသည္ကို ရွင္းရွင္းလင္းလင္း မသိနိုင္ေပ။ သို႔ေသာ္လည္း ေရတံခြန္၏ က်ယ္ေလာင္စြာ ေရက်သံက ကုေဖးတိအား သြားရန္မေကာင္းေသာ တြင္းနက္ႀကီးတစ္ခုျဖစ္ေၾကာင္း သတိေပးေန၏။

သို႔ေသာ္လည္း အဲ့ေလာ့ေကြးဂိုဏ္းသည့္ သူ႕အား ေ႐ြးခ်ယ္ခြင့္မေပးခဲ့ေပ။

က်ယ္ေလာင္စူးရွ‌ေသာ အရိုးပုေလြသံ ထြက္ေပၚလာၿပီး ဧရာမပိုက္ကြန္ႀကီးတစ္ခုသည္ ပင္မျမစ္ေၾကာင္းလမ္း တေလွ်ာက္ ေရမ်က္ႏွာျပင္ကို ႐ုတ္တ႐ုတ္ ဖုံးအုပ္သြားေလသည္။

ဤအေျခအေနကိုျမင္လိုက္ေသာအခါ ကုေဖးတိ၏ မ်က္လုံးမ်ားသည္ ေသြးထြက္လုမတတ္ နီရဲသြားေလ၏။

ဒီရက္စက္ၾကမ္းၾကဳတ္တဲ့ အဲ့ေလာ့ေကြးဂိုဏ္းဆီမွာ အရွင္လတ္လတ္ အဖမ္းခံရတာထက္ ေနာက္ဆုံးထြက္သက္ထိ တိုက္ပြဲဝင္ရတာ ပိုေကာင္းလိမ့္မယ္!

ကုေဖးတိသည္ စုယန္အား တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ကာ အံႀကိတ္လ်က္ က်ဥ္းေျမာင္းေသာ လမ္းေၾကာင္းငယ္ေလး ဆီသို႔ ကူးခတ္သြားလိုက္သည္။

ယင္းလမ္းေၾကာင္းငယ္‌ေလး၏ ဝင္ေပါက္သည္ ေၾကာက္စရာေကာင္းေသာ နဂါးတစ္ေကာင္ ပါးစပ္ၿဖဲထားသည္ႏွင့္ပင္ ဆင္တူေလသည္။ ေရ၏ဆြဲအားႏွင့္အတူ ၎သည္ ကုေဖးတိႏွင့္စုယန္အား လ်င္ျမန္စြာ မ်ိဳခ်လိဳက္ေလ၏။

ေရသည္ တဟုန္ထိုး စီးဆင္းေနၿပီး အလြန္ေအးခဲေသာ ေျမေအာက္ျမစ္ႀကီးထဲသို႔ က်ဆင္းသြားေလသည္။

ေခ်ာက္ကမ္းပါးေပၚ၌...

အဲ့ေလာ့ေကြး၏ အဖြဲ႕ေခါင္းေဆာင္သည္ လက္ထဲရွိ အရိုးပုေလြကိုျမႇောက္ကာ တေစၦရယ္သံကဲ့သို႔ ေျခာက္ျခားဖြယ္ေကာင္းေသာ အသံမ်ားကို စည္းခ်က္က်က် မႈတ္ထုတ္လိုက္သည္။

သူတို႔သည္ ျမစ္ထဲရွိ ဧရာမပိုက္ကြန္ကို စြန႔္ပစ္လိုက္ၿပီး တေစၦဇီးကြက္ျဖဴမ်ားမွာလည္း ေလထဲ၌ ျပန႔္က်ဲေနေလသည္။ ၾကည့္ရသည္မွာ သူတို႔သည္ လိုက္ရွာျခင္းအား လက္ေလွ်ာ့လိုက္ပုံရ၏။

......

မိမိ၏လက္ေခ်ာင္းမ်ားကိုပင္ မျမင္နိုင္ေလာက္ေအာင္ ေမွာင္မည္းေနေသာ ေျမေအာက္ျမစ္ထဲတြင္ ကုေဖးတိသည္ စုယန္အား မ်က္ႏွာျပင္ညီညာေသာ ေက်ာက္ေဆာင္တစ္ခုေပၚသို႔ အားကုန္ ဆြဲတင္လိုက္သည္။

ေက်ာက္ေဆာင္သည္ လူႏွစ္ဦးေနရန္အတြက္ အလြန္ က်ဥ္းေျမာင္းေသာ္လည္း အနည္းဆုံးေတာ့ ေရႏွင့္လြတ္ရာမွာ သူတို႔၏ဒဏ္ရာမ်ားကို ကုစားနိုင္ေပသည္။

ကုေဖးတိသည္ စုယန္အား သူ၏ေပါင္ေပၚသို႔ ေမွာက္လ်က္လွဲခ်လိဳက္သည္။ သူသည္ လက္ေခ်ာင္းမ်ားကို အသုံးျပဳ၍ စုယန္၏ ေက်ာေပၚမွဒဏ္ရာကို ညင္သာစြာ စစ္ေဆးၾကည့္လိုက္၏။

ဒဏ္ရာသည္ ေသြးအလြန္ထြက္ေနသည္။ သူ၏ အသက္ရႉႏႈန္းႏွင့္ ေသြးခုန္ႏႈန္းမွာလည္း အလြန္ အားနည္းေနၿပီး ခႏၶာကိုယ္အပူခ်ိန္ပင္ က်ဆင္းလာ၏။ ကုေဖးတိသည္ စုယန္၏ခႏၶာကိုယ္အား ေႏြးေထြးေစရန္ႏွင့္ ဒဏ္ရာမ်ားသက္သာေစရန္ သူ၏အတြင္းစြမ္းအားကို အသုံးျပဳခဲ့သည္။ ထို႔ေနာက္ ေနာက္ေက်ာဒဏ္ရာကို ေဆးထည့္ေပးရန္ သူ၏ အဝတ္အစားေတြကိုလည္း ဖယ္ရွားလိုက္ေလသည္။

ေရထဲက်စဥ္က သူတို႔ႏွစ္ဦးစလုံးတြင္ မည္သူကမွ ခရီးေဆာင္အိတ္ မသယ္ထားၾကေပ။ ကုေဖးတိထံ၌ ‌အေရးေပၚေဆာင္ထားေသာ ေဆးအိတ္ေလး ရွိေသာ္လည္း ေရေအးႏွင့္ထိေတြ႕ၿပီးေနာက္ ေဆးအာနိသင္က်န္မက်န္ မသိနိုင္ေပ။

သူသည္ ႐ႊံ႕ႏွင့္တူေသာေဆးကိုယူလိုက္ၿပီး အေမွာင္ထဲ၌ စမ္းတဝါးဝါးျဖင့္ စုယန္၏ေက်ာေပၚရွိ ဒဏ္ရာကို ခပ္ပါးပါး လိမ္းက်ံေပးလိုက္သည္။ ထို႔ေနာက္ အျခားဒဏ္ရာမ်ားရွိမရွိ စစ္ေဆးရန္ သူ၏ လက္ေခ်ာင္းထိပ္မ်ားသည္ စုယန္၏ ေက်ာေပၚ၌ ေျပးလႊားေနေလ၏။

႐ုတ္တရက္ သူ၏လက္ေခ်ာင္းထိပ္မ်ားသည္ တစ္စုံတစ္ရာကို ထိေတြ႕မိသြားၿပီး ရပ္တန႔္သြား ေလသည္။ ကုေဖးတိသည္ ၎ကို ခဏတာ ဂ႐ုတစိုက္ ပြတ္သပ္ၾကည့္ၿပီးေနာက္ ေပ်ာက္ကင္းၿပီးေသာ အမာ႐ြတ္မ်ားျဖစ္ေၾကာင္း အတည္ျပဳနိုင္ခဲ့သည္။

အမာ႐ြတ္ေတြက ရႈပ္ပြေနၿပီး ပန္းပြင့္‌တက္တူးနဲ႕ မတူဘူး... မဟုတ္မွ အဲဒါက...

...စကားလုံးေတြလား?

ကုေဖးတိသည္ အေမွာင္ထဲတြင္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး စကားလုံးမ်ားကို ပုံေဖာ္ရန္ ထပ္ခါထပ္ခါ ပြတ္သပ္ၾကည့္ေန၏။

"မင္း... ငါ့ကို မေတာ္တေရာ္ေတြလုပ္ေနတာလား?"

႐ုတ္တရက္ဆိုသလိုပင္ စုယန္၏ အားေပ်ာ့ေသာ အသံသည္ က်ဥ္းေျမာင္းသည့္ ေျမေအာက္ျမစ္ လွိုဏ္ဂူအတြင္း ထြက္ေပၚလာ၏။

ကုေဖးတိသည္ သူ႕လက္ကို ျပန္႐ုတ္လိုက္ၿပီး တည္ၿငိမ္စြာ ေျပာလိုက္သည္။

"မင္းနိုးလာၿပီလား?"

စုယန္က ညည္းၫူလိုက္သည္။

"နာလြန္းလို႔ နိုးလာတာေလ... မင္းငါ့ကို ဘာေတြမ်ား မေကာင္းႀကံထားတာလဲ? ဘာလို႔ ဒီေလာက္ေတာင္ နာေနရတာလဲ?"

ကုေဖးတိက ရွင္းျပလိုက္သည္။

"ဒါက ငါတို႔ထန္းယြင္စံအိမ္က အထူးျပဳလုပ္ထားတဲ့ လိမ္းေဆးတစ္မ်ိဳးပဲ"

စုယန္သည္ ေအးစိမ့္ေသာေလကို အနည္းငယ္ ရႈရွိုက္ရင္း ကု‌ေဖးတိ၏ေပါင္ေပၚမွ ထလိုက္သည္။

ယခုအခ်ိန္၌ သူသည္ နာက်င္မႈကို အာ႐ုံလႊဲနိုင္ရန္ အတြက္ တစ္စုံတစ္ခုကိုေျပာရန္ လိုအပ္ေပသည္။ ထို႔ေၾကာင့္ အလြန္အမင္း ေတြးေတာမေနဘဲ ႀကဳံရာစကားေတြကို ေပါ့႐ႊတ္႐ႊတ္ ေလွ်ာက္ေျပာလိုက္၏။

"ရွစ္ဇြင္းက ငါတို႔ကို လမ္းၫႊန္သင္ျပဖို႔ လင္းရွစ္က်ဲကို တာဝန္ေပးခဲ့တယ္။ အဲဒါက တကယ္ အေၾကာင္းအရင္း
ရွိတာပဲ..."

ကုေဖးတိ အေၾကာင္းမျပန္ေပ။

စုယန္သည္ ရွက္ကိုးရွက္ကန္းျဖင့္ သူ႕ႏွာေခါင္းကို ကုတ္ျခစ္ကာ စကားဆက္လိုက္၏။

".. ငါတို႔ေတြ အလင္းေရာင္မရွိတဲ့ ဂူထဲမွာ မၾကာခဏ ပိတ္မိမယ္ဆိုတာ သူမ ႀကိဳသိေနတာျဖစ္ရမယ္။ ဒါေၾကာင့္ လင္းရွစ္က်ဲကို စံနမူရာယူေစခ်င္ခဲ့တာ။ ဒါမွ သူမလို အရာဝတၳဳေတြကို အသံနဲ႕ ခြဲျခားသိျမင္ နိုင္မွာေလ ဟားဟားဟား..." စုယန္သည္ ေျခာက္ကပ္ကပ္ ရယ္ေမာလိုက္ၿပီး သူ၏ အဆင္မေျပျဖစ္မႈကို ဖုံးကြယ္လိုက္သည္။

ကုေဖးတိသည္ ခဏတာ ႏႈတ္ဆိတ္ေနၿပီးေနာက္ ျပန္ေျပာေလ၏။

"ငါတို႔ အရင္နည္းလမ္းအတိုင္း က်င့္သုံးလို႔မရဘူး။ ရွင္သန္ခ်င္ရင္ တျခားနည္းလမ္းတစ္ခုကို ရွာရမယ္"

စုယန္သည္ ပါးစပ္ကိုဖြင့္ဟလိုက္ေသာ္လည္း ဘာျပန္ေျပာရမွန္းမသိေပ။

သူနိုးလာေသာအခါ သူသည္ ထူးဆန္းေသာဂူထဲသို႔ ေခၚေဆာင္သြားခံရသည္ကို သိလိုက္ရသည္။ ဆိုလိုသည္မွာ ကုေဖးတိ၏ဇာတ္လိုက္အရွိန္အဝါသည္ အသက္ဝင္လာၿပီ ျဖစ္သည္။

ေက်ာက္စိမ္းေၾကးမုံေရကန္ရွိ ေရေအာက္လွိုဏ္ဂူထဲသို႔ မွားယြင္းဝင္ေရာက္သြားျခင္းသည္ ပုလဲစံအိမ္ ဇာတ္ကြက္ကို အစပ်ိဳးခဲ့ျခင္းျဖစ္သည္။ ယခုအခ်ိန္၌ စုယန္သည္ ဦးေႏွာက္ျဖင့္မစဥ္းစားဘဲ ေျခေထာက္ျဖင့္ စဥ္းစားလွ်င္ေတာင္ ဤအရာသည္ မည္သည့္ ဇာတ္ကြက္ကို ဦးတည္သြားေနမွန္း သိနိုင္ေလသည္။

အစပိုင္းတြင္ ကုေဖးတိအား ေခ်ာက္ကမ္းပါးေပၚမွ ျပဳတ္က်ေစရန္ မွ်ားေခၚခဲ့ေသာ္လည္း သူ(စုယန္)၏ ကံမွာ ဆိုး႐ြားလြန္းလွသည္။ ယခုအခါ ကုေဖးတိသည္ ေျမရိုင္းလြင္ျပင္မွ ထူးဆန္းေသာ ေျမေအာက္ျမစ္ လွိုဏ္ဂူကို အမွန္တကယ္ ရွာေဖြေတြ႕ရွိခဲ့ၿပီး သူသည္လည္း ကုေဖးတိႏွင့္ အတူရွိေန၏။ စုယန္ တုန္လႈပ္သြားၿပီး ဦးေရျပားတစ္ခုလုံး ထုံက်င္လာသည္။

ဇာတ္လိုက္ႏွစ္ေယာက္ရဲ႕အခ်စ္ကို ဖြံ႕ၿဖိဳးတိုးတက္ေစတဲ့ ဇာတ္ကြက္က ဘယ္ေရာက္သြားၿပီလဲ?!

သူဘာလို႔ သူမ်ားဇာတ္ကြက္ကို ထပ္ၿပီး လုယက္ရတာလဲ?

သူသည္ ပုလဲစံအိမ္ေတာ္ဇာတ္ကြက္တြင္ ႐ႊီယြင္က်န္း၏ ညီအစ္ကိုဆက္ဆံေရးဇာတ္ကြက္ကို လုယူခဲ့ၿပီး ယခုအခါတြင္လည္း ဓားပညာရွိဂူသခၤ်ိဳင္း ဇာတ္ကြက္တြင္ ဖူလင္းယြင္၏ အခ်စ္ဇာတ္လမ္းကို လုယူခဲ့ျပန္သည္။

သူဒီကို ကူးေျပာင္းလာရတဲ့အေၾကာင္းရင္းက ဇာတ္ေၾကာင္းကို လိုက္နာဖို႔မဟုတ္ဘဲ ေကာင္းကင္ဘုံကို အံတုဖို႔မ်ားလား?!

သို႔ေသာ္ ဖူလင္းယြင္၏ဇာတ္ကြက္အား ခိုးယူမိျခင္းသည္ သူ႕အား အျပစ္တင္၍မရ‌ေပ။ ဖူလင္းယြင္သည္ ေျမရိုင္းလြင္ျပင္သို႔ ေရာက္မလာခဲ့ေခ်။ ထို႔ေၾကာင့္ ဇာတ္လိုက္ႏွင့္ဇာတ္လိုက္မၾကား ဆက္ဆံေရးကို ျမႇင့္တင္ေပးလိုလွ်င္ေတာင္ သူ႕အတြက္ မျဖစ္နိုင္ေပ။ ၎မွာ ဆန္တစ္စိမွမေပးဘဲ ထမင္းခ်က္ခိုင္းသည္ႏွင့္ တူေပသည္။

ထိုသို႔ေတြးရင္း စုယန္သည္ အစကတည္းက သူ႕စိတ္ထဲရွိေနေသာ ေမးခြန္းကို ထုတ္ေမးလိုက္သည္။

"ဖူလင္းယြင္က ဘာလို႔ ေျမရိုင္းလြင္ျပင္ကို မလာတာလဲ?"

ကုေဖးတိက အခ်ိန္အေတာ္ၾကာ ႏႈတ္ဆိတ္ေနၿပီးမွ ျပန္ေျပာ၏။

"ငါတို႔အခုမွ ေသခါနီးဆဲဆဲ အေျခအေနကေန လြတ္ေျမာက္လာတာ.. မင္းပထမဆုံးေမးတဲ့ေမးခြန္းက ဒါတဲ့လား? မင္းသူမကို အရမ္းေတြ႕ခ်င္ေနတာလား?"

စုယန္က ေျခာက္ကပ္စြာ ရယ္ေမာလိုက္သည္။

"အာ!.. တကယ္ေတာ့.."

ကုေဖးတိက ဆက္ၿပီး ေအာ္ေငါက္လိုက္၏။

"ဒါဆို မင္းက သူမကိုဖမ္းေခၚခ်င္ေပမယ့္ လူမွားဖမ္းမိသြားတာေပါ့ေလ"

စုယန္ "....."

သူ႕မွာ ပါးစပ္ဆယ္ေပါက္ရွိလွ်င္ေတာင္ ျပန္ျငင္းရန္ စကားမရွိေခ်။

ကုေဖးတိက စုယန္ရဲ႕အေျဖကို မေစာင့္ေတာ့ဘဲ ဆက္ေျပာလိုက္၏။

"...ဟုတ္ပါတယ္။ သူမက တက္ႂကြၿပီး ရိုးရွင္းတဲ့ စိတ္ေနစိတ္ထားရွိတယ္.. သူမက တကယ့္ကို သေဘာက်ခ်င္စရာ ေကာင္းပါတယ္"

စုယန္သည္ ေခါင္းမာၿပီး ေဒါသအလြန္ႀကီးေသာ ဖူလင္းယြင္ကို ျမင္ေယာင္မိလိုက္သည္။ ဖန္ရွီသည္ သူမအား ရယ္ေမာ‌ျခင္း သို႔မဟုတ္ မ်က္ရည္က်‌ျခင္း ျဖစ္သည္အထိ အႀကိမ္ေပါင္းမ်ားစြာ စေနာက္ ခဲ့သည္ကိုလည္း ျပန္ေတြးမိလိုက္သည္။ သို႔ေသာ္ ကုေဖးတိ၏မ်က္လုံးထဲ၌မူ သူ၏ခ်စ္ရသူအား တစ္ေလာကလုံးတြင္ အံ့ဩစရာေကာင္းဆုံးသူဟု ရႈျမင္မွာ ေသခ်ာေပသည္။

ေျမရိုင္းလြင္ျပင္ရွိ ဇာတ္လိုက္မ၏ ဇာတ္ဝင္ခန္းသည္ ေလႏွင့္အတူလြင့္ပါသြားၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ ဇာတ္လိုက္ သူမအေပၚထားရွိသည့္ ႏွစ္သက္မႈကို မေလ်ာ့နည္းသြားေစရန္ ဇာတ္လိုက္ေရွ႕၌ သူမ၏ မေကာင္းေၾကာင္းကို ေျပာလို႔မရေပ။

ထိုသို႔ေတြးရင္း စုယန္သည္ အလြန္ခ်ဲ့ကားေသာ ေလသံျဖင့္ ေထာက္ခံလိုက္၏။

"အမွန္ပဲ။ လင္းယြင္က အရမ္းလွၿပီး သန္လည္း သန္မာတယ္။ သူမရဲ႕ အက်င့္စရိုက္ကလည္း ေကာင္းမြန္ေတာ့ ဘယ္သူမဆို သူမကို သေဘာက်မွာပဲ"

ကုေဖးတိသည္ စကားျပန္မေျပာလာေပ။ သူသည္ ကိုယ္အေနအထားကို ေျပာင္းလဲလိုက္ၿပီး ေက်ာက္နံရံကိုမွီကာ တင္းတင္းက်ပ္က်ပ္ ဆုပ္ထားသည့္ လက္သီးမ်ားကို ဝွက္ထားလိုက္ေလသည္။

စုယန္က သတိမထားမိဘဲ ဆက္ေမးလိုက္၏။

"ဒါဆိုေျဖပါအုံး.. သူမက ဘာလို႔ပါမလာတာလဲ?"

ေနာက္ဆုံးေတာ့ ကုေဖးတိက ျပန္ေျဖေလသည္။

"သူမက ေက်ာက္စိမ္းအိမ္ေတာ္မွာ ပညာသင္လို႔မၿပီးေသးဘူး"

စုယန္ အံ့အားသင့္သြားရ၏။

"မဟုတ္ေသးပါဘူး.. ဒါက ဘယ္လိုျဖစ္နိုင္မွာလဲ? သူမက ပညာသင္လို႔ မၿပီးေသးဘူး...?"

"သူမက ဖန္ရွီ့ကိုေစာင့္ေနတာ"

ကုေဖးတိက ႐ုတ္တရက္ ရယ္ေမာလိုက္သည္။

"သူမနဲ႕ ဖန္ရွီက လီရွစ္က်ဲရဲ႕လက္ေအာက္မွာ အတူတူ ပညာသင္ခဲ့ၾကတာဆိုေတာ့ ရင္းႏွီးတာ သဘာဝက်ပါတယ္။ ဖန္ရွီက သူ႕ရဲ႕စိတ္ပိုင္းဆိုင္ရာ က်င့္စဥ္မွာ ေအာင္ျမင္မႈမရေသးဘူး။ အဲ့တာေၾကာင့္ သူမက ေက်ာက္စိမ္းအိမ္ေတာ္မွာ ေနခဲ့ၿပီး သူၿပီးမွ အတူတူထြက္လာမယ္တဲ့"

စုယန္ : !!!

ဖန္အာ! ေကာင္းေလစြ!

ဒါဆို ဇာတ္လိုက္မကိုလုယူသြားခဲ့တာ မင္းေပါ့ေလ!

ကုေဖးတိက စကားဆက္လိုက္သည္။

"မင္းနဲ႕ ဖန္ရွီက ဆက္ဆံေရးေကာင္းတယ္မဟုတ္လား?
သူ သူ႕ႏွလုံးသားေနာက္ လိုက္ေနတာကို မင္းက ေပ်ာ္ေနသင့္တယ္ေလ"

သူ႕ႏွလုံးသားေနာက္ကို လိုက္တာမလိုက္တာက အေရးမႀကီးဘူး။ အေရးႀကီးတာ ဖူလင္းယြင္က ဇာတ္လိုက္မေလ!

ကုေဖးတိ! မင္းကေရာ ဘယ္လိုဇာတ္လိုက္မ်ိဳးလဲ? ဘာလို႔ မင္းရဲ႕အခ်စ္ေရးမွာ ေပါ့ေလ်ာ့ေနရတာလဲ? ဖန္အာက မင္းရဲ႕ အနာဂတ္ဇနီးသည္ကို ခိုးေျပးသြားမွာ မေၾကာက္ဘူးလား?

ထိုသို႔ေတြးရင္း စုယန္ သက္ျပင္းအရွည္ႀကီး ခ်လိဳက္သည္။

လိပ္ျပာအေတာင္ပံခတ္တာက မုန္တိုင္းကိုေတာင္ ျဖစ္‌ေပၚေစတာပဲ။ အရင္က ငါအရာအားလုံးကို ရိုးရိုးရွင္းရွင္းေလး တြက္ခ်က္မိခဲ့တယ္။

စုယန္၏ သက္ျပင္းခ်သံကို ၾကားလိုက္ရေသာ ကုေဖးတိသည္ ေနာက္ဆုံးတြင္ မေနနိုင္ဘဲ ေမးလိုက္ေလ၏။

"မင္းက ဖူလင္းယြင္ကို အရမ္းဂ႐ုစိုက္တာပဲလား?"

_2.4.22

T/N: ကိုယ့္အေမက က်န္းမာေရးမေကာင္းျဖစ္ေနၿပီး ဒီလထဲမွာ ေဆး႐ုံတက္ရ ခြဲရစိတ္ရေတြ လုပ္ရအုံးမွာဆိုေတာ့ ကိုယ္လဲ ဘာသာျပန္ဖို႔ကို အာ႐ုံသိပ္မစိုက္နိုင္ဘူးျဖစ္ေနတယ္။ အဲ့တာေၾကာင့္ update ေတြ ေနာက္က်နိဳင္ပါတယ္ေနာ္။
တင္တာကေတာ့ တင္ေပးမွာပါ။ ရက္ေလးေတာ့ နည္းနည္းျခားမယ္ေပါ့ေနာ္ (◕ᴗ◕✿)

Thanks for reading ❣️

واصل القراءة

ستعجبك أيضاً

4.4K 343 8
I am just Translator and this precious story is not belong to me. I RESPECTFULLY give a full credit to the Author " Yu Xiao Lanshan " Title - A Swor...
16.7K 2.6K 18
သိတယ်မလား မရေးတော့ဝူး အင်တာနက်ရ‌နေသရွေ့ တစ်ရက်တစ်ပိုင်းပါပဲချင်
6.7K 924 4
Author(s) 多金少女猫 Status in COO 3 Chapters (Completed) Associated Names 作祟的完美雕像 It just my fan translate and I don't own this story ~
56.9K 6.1K 90
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...