My Oleander Hubby ( Completed...

By phounix12

1.6M 101K 4.2K

" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖ... More

My Oleander Hubby (Zaw+Uni)
Part - 1
Part - 2❗
Part - 3
Part - 4 ❗
Part - 5
Part - 7
Part - 8
Part - 9
Part - 10
Part -11
Part - 12
Part - 13
Part - 14 ❗
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Paet - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part -29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part -44
Part - 45
Part -46
📌ေက်းဇူးတင္လႊာ # ကျေးဇူးတင်လွှာ
Part - 47

Part - 6

29.9K 2.1K 52
By phounix12

Part - 6

                My Oleander Hubby

ျဖဴလႊလႊ႐ွပ္အက်ႌေလးလက္တိုေလးက လူငယ္ဆန္ဆန္ဒီဇိုင္းေလးနဲ႔မို႔  ျမင္တာနဲ႔ကို သေဘာက်ခ်င္စရာေကာင္းေနတာေၾကာင့္ ရာဇ္ ယူၾကည့္လိုက္သည္ ။ Size ကလဲ ကိုယ္နဲ႔ကြက္တိ ။ ေစ်းကိုၾကည့္လိုက္မိတဲ့အခ်ိန္မွာေတာ့ ပခံုးတစ္ခ်က္သာတြန္႔လိုက္
ႏိုင္ေတာ့တယ္ ။ ငါးသိန္းေက်ာ္ ။ ေတာ္ၿပီ မဝတ္
ေတာ့ဘူး ။ ငါးသိန္းေပးဝယ္ၿပီး ကိုယ္ေပၚတင္လိုက္
ရင္ ေရႊေတြထြက္လာမွာလဲမဟုတ္ ။

" ရာဇ္!! ယူလိုက္ေလ သေဘာက်တယ္မို႔လား "

ကိုယ့္ေနာက္ေက်ာဆီကအသံေၾကာင့္ လွည့္ၾကည့္
လိုက္ေတာ့ သူ႔အတြက္ေရြးထားတဲ့ အက်ႌကိုကိုင္
ထားတဲ့ လူႀကီး ။ ေခါင္းခါျပလိုက္ကာ---

" မယူခ်င္ပါဘူး ေစ်းကမတန္တဆႀကီးကို "

လူႀကီးက အက်ႌတံဆိတ္ကို တစ္ခ်က္ၾကည့္လိုက္ၿပီးမွ  ---

" ပစၥည္းေကာင္းလို႔ ေစ်းေကာင္းတာ ယူလိုက္ သူေစ်းနဲ႔သူ တန္တယ္ "

" မယူဘူး !"

" ကြၽတ္!! လိုခ်င္ေနတာကိုကြ ၊ ဘာလို ေစ်းေတြလိုက္ၾကည့္ေနရတာလဲ "

" မဝယ္ရရင္ ေသရေလာက္ေအာင္ ႀကိဳက္ေနတာဆိုတစ္မ်ိဳးေပါ့ ၊ အခုဟာက အဲေလာက္အထိလဲ ႀကိဳက္မေနဘူး ၊ အဲဒါေၾကာင့္မယူတာ "

ရာဇ္ တစ္ခါထဲအျပတ္ျငင္းၿပီး ထိုေနရာကေနလွည့္လာလိုက္သည္ ။ မဟုတ္ရင္စကားေၾကာ႐ွည္ေနမွာစိုးလို႔ ။ ဒီေန႔ သူ႔ အလုပ္ကေန ေစာေစာျပန္လာၿပီး
ကိုယ့္ကိုေခၚကာ Shopping ထြက္ေနက်တာ
ျဖစ္သည္ ။

ဟိုဟိုဒီဒီေလ်ွာက္ၾကည့္ရင္း လိုတာေလးပဲနည္းနည္းပါးပါးဝယ္ကာ ျပန္လာခဲ့တယ္ ။ ညေရာက္ေတာ့ သူကအလုပ္လုပ္ေနတာမို႔ ကိုယ့္ဘာသာပဲေစာေစာအိပ္ယာဝင္လိုက္ေပမယ့္ အိပ္မေပ်ာ္ခင္ပဲ သူကအခန္းထဲဝင္လာကာ ---

" ရာဇ္!!  အိပ္ေပ်ာ္ေနတာလား "

ကိုယ္က အိပ္ေပ်ာ္ေနတာမ်ိဳးမဟုတ္တာေၾကာင့္
ခ်က္ခ်င္းပဲ ---

" မအိပ္ေသးပါဘူး "

" ဒါဆိုခဏထဦး ကိုယ္ေပးစရာ႐ွိလို႔ "

" ဘာေပးမွာလဲ "

" အရင္ထပါဦး ကိုယ့္ေကာင္ေလးရယ္ ထ !ထ !"

ေျပာလဲေျပာ ကိုယ့္ကိုအိပ္ယာေပၚကေနဆြဲထူေနတာမို႔ နွဖူးကိုပာ နမ္းလိုက္တာမို႔ ထထိုင္လိုက္ကာ ---

" ထၿပီ !ထၿပီ! ေပးေတာ့ ဘာလဲဆိုတာ "

" ေရာ! "

ကိုယ့္ကိုလွမ္းေပးလာတာက အေကာင္းစားစကၠဴအိတ္ေတြ ။ တစ္အိတ္ထဲအဟုတ္ အမ်ားႀကီး ။
ဖြင့္ၾကည့္လိုက္ေတာ့ မနက္က Shopping ထြက္ရင္း ေတြ႔ခဲ့ရတဲ့ ကိုယ္သေဘာက်မိတဲ့ အက်ႌေတြ ။
အိတ္အကုန္လံုးမွာ အက်ႌေတြကတစ္ပံုစံထဲ ။
အေရာင္ေတြသာမတူတာ ။ အိတ္ေတြကို ေရတြက္
ၾကည့္လိုက္ေတာ့ အားလံုးေပါင္းဆယ္အိတ္ ။

ေခါင္းထဲမွာ ေသြးေတာင္ေဆာင့္ျပီးတိုးသြားသလိုပါပဲ ။ တစ္ထည္ကိုငါးသိန္းေက်ာ္ ။ ဆယ္ထည္ဆိုေတာ့ သိန္းငါးဆယ္ေက်ာ္ ။ ဒီလူႀကီးကေတာ့ ပိုက္ဆံ
ေပါတိုင္း လုပ္ခ်င္ရာလုပ္ေနေတာ့တာပါလား ။
ကိုယ္ဘာမွမေျပာႏိုင္ေသးခင္ပဲ ---

" ေနာက္ဆို ရာဇ္သေဘာက်တာမွန္သမ်ွကို ဝယ္ လိုက္ဖို႔ေတြေဝမေနနဲ႔ ၊ ရာဇ္က လိုခ်င္ေနရဲ႕သား
နဲ႔ ပိုက္ဆံေၾကာင့္လက္လႊတ္လိုက္မယ္ဆိုရင္ ကိုယ္
ကအခုလိုပဲဝယ္ေပးေနမွာ "

" ပိုက္ဆံေပါလို႔ ျဖဳန္းေနမွန္းသိတယ္ "

ကိုယ္စကားက ရြဲ႔ေနတာမွန္းသူသိတာေၾကာင့္
ရီျပလာရင္း ---

" မျဖဳန္းပါဘူး သံုးသင့္လို႔သံုးေနတာ ၊ ကိုယ္႐ွာေနတာကို ရာဇ္ တစ္ေယာက္ထဲအတြက္ေလ စိတ္ႀကိဳက္သာသံုးစမ္းပါ ၊ ဘာကိုအားနာေနတာလဲ ၊ ေရာ့! ဒါေလးပါယူထား "

လွမ္းေပးထားတာကို ၾကည့္လိုက္ေတာ့ ကဒ္တစ္ခု ။

" ယူထားလိုက္ ကိုယ္မ႐ွိတဲ့အခ်ိန္ ရာဇ္ ဟိုဟိုဒီဒီသံုးခ်င္တာသံုးလို႔ရေအာင္ "

" မယူဘူး ၊ က်ဳပ္သံုးဖို႔ က်ဳပ္ဘာသာ႐ွာႏိုင္တယ္ "

" ယူထားဆိုရင္ ယူလိုက္ေလ ရာဇ္ရယ္ ၊ ရာဇ္
ပိိုက္ဆံ႐ွာႏိုင္မွန္းသိတယ္ ၊ ဒါက ကိုယ္မုန္႔ဖိုးေပးတာလို႔သေဘာထားလိုက္ေလ ၊ အမ်ားႀကီးလဲ ထည့္မထားဘူး "

" ဘယ္ေလာက္ထည့္ထားလဲ "

" မုန္႔ဖိုးေလာက္ပါပဲဆိုကြာ ႏွစ္ေထာင္ထဲ ၊ မမ်ားဘူး "

" ဘာ!! ႏွစ္ေထာင္ ! ႏွစ္ေထာင္က မမ်ားဘူးဟုတ္ လား ၊ တကယ္မမ်ားဘူးေပါ့ "

" ကိုယ့္အေနအထားနဲ႔ဆို မမ်ားဘူးေလကြာ ၊ ယူ
ထားလိုက္စမ္းပါ ၊ ကိုယ္အစထဲကေျပာထားၿပိ္ီးသား
၊ ရာဇ္ မသံုးႏိုင္ေလာက္တဲ့အထိ ကိုယ္ပိုက္ဆံ
ေတြ႐ွာေပးပါ့မယ္ဆိုတာေလ ၊ ယူထားလိုက္ "

" ဒါေပမယ့္ --- "

" ထပ္ၿပီးစကားေတြမ်ားေနရင္ ရာဇ္ႏႈတ္ခမ္းေလး
ေယာင္မလာေစရပါဘူးလို႔ ကိုယ္အာမမခံႏိုင္ဘူး
ေနာ္ ၊ ေနာက္ၿပိီး ႏႈတ္ခမ္းေလာက္နဲ႔တင္ ရပ္ေနမွာလဲမဟုတ္ဘူး "

" မွတ္ေတာင္ထားရဦးမယ္ က်ဳပ္အိပ္ေတာ့မွာ "

" ဟုတ္ပါၿပီ  အိပ္ပါ! အိပ္ပါ! မအိပ္ခင္ဒီကဒ္ေလးေတာ့သိမ္းထားေနာ္ ၊ သံုးတာမသံုးတာက ရာဇ္သေဘာပဲ ၊ လက္ခံယူျပီး သိမ္းထားလိုက္ရင္ ေပးရတဲ့ကိုယ္လဲစိတ္ခ်မ္းသာတယ္ေလ  "

စကားဆက္ေျပာေနလဲ အေၾကာင္းမထူးတာမို႔
ရာဇ္ ကဒ္ကိုယူၿပီး ေဘးကခံုေပၚပစ္တင္ထား
လိုက္သည္ ။ ၿပီးတာနဲ႔ အိပ္ဖို႔ျပန္ျပင္ပါတယ္ ။
ခဏအၾကာမွာေတာ့ အခန္းထဲမွာမိီးေမွာင္သြားၿပီး
ညအိပ္မီး ျပာလဲ့လဲ့ေလးထြန္းလင္းလာ၏ ။
ေနာက္ၿပီး ခပ္က်ယ္က်ယ္ရင္ခြင္တစ္ခုထဲကို ေထြး
ေပြ႔ခံလိုက္ရတဲ့ ခံစားခ်က္ ။ ေႏြးေထြးလံုျခံဳမႈက
အတိုင္းအဆမဲ့ ။ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေစျခင္း အ
ေၾကာင္းတရားထဲမွာ ဒီရင္ခြင္ထဲခိုဝင္ရျခင္းကလဲ
အဓိကအခ်က္ျဖစ္ေနတက္ပါၿပီ ။ ခ်စ္တယ္ က်ဳပ္ရဲ႕ လူႀကီး ။

ျငင္ျငင္သာသာ အနမ္းေတြကေတာ့ အိပ္ယာဝင္လက္ေဆာက္ေပါ့ ။ ခ်ိဳၿမိန္မႈအျပည့္နဲ႔ပါ ။

<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>

" ရာဇ္! ! ဧည့္သည္တစ္ေယာက္က ငါ့ညီကိုေတြ႔ခ်င္လို႔တဲ့ "

Club မန္ေနဂ်ာရဲ႕စကားေၾကာင့္ ရာဇ္ မ်က္ခံုးပင့္မိသြားရင္း ---

" ဘယ္သူလဲ အကို၊ ကြၽန္ေတာ့္အလုပ္ခ်ိန္ၿပီးရင္
ဘယ္ဧည့္သည္နဲ႔မွ လက္ခံၿပီးစကားမေျပာေတာ့
ဘူးေလ "

" ကိုယ္သိတယ္ ၊ ဒါေပမယ့္သူက ေတာင္းေတာင္းပန္ပန္နဲ႔ေျပာလာတယ္ ၊ အလုပ္ကိစၥေဆြးေႏြးခ်င္ယံု
ပါတဲ့ ၊ ငါ့ညီ သူ႔နာမည္ကိုၾကားဖူးမယ္ထင္တယ္ ၊
Zinnia Fashion ကုမၼဏီက မန္ေနဂ်င္းဒါ႐ိုက္တာ
ေခတ္ဇ်ာန္ထူးေလ ၊ အခုလာတာ သူမို႔လို႔ "

" ဘာအလုပ္ကိစၥလို႔ေျပာလဲ အကို "

" မသိဘူးကြာ ကိုယ့္ကိုေတာ့ ငါ့ညီနဲ႔ေတြရေအာင္
စီစဥ္ေပးပါပဲေျပာတယ္ ၊ ခဏေတာ့ ေတြၾကည့္
လိုက္ပါလား ၊ ကိုယ္အေနအထားကက်ေတာ့ ျငင္း
ရတာ အဆင္မေျပလို႔ပါ "

ရာဇ္ လဲ မန္ေနဂ်ာ အကို႔စကားေၾကာင့္ အားနာလာတာနဲ႔ ---

" ဟုတ္ၿပီး ကြၽန္ေတာ္ ေတြ႔ၾကည့္လိုက္ပါမယ္ "

" ေက်းဇူးပါ ငါ့ညီရယ္ ၊ ဒါဆို ကိုယ္စီစဥ္လိုက္မယ္ေနာ္ "

" ဟုတ္ကဲ့ "

မန္ေနဂ်ာထြက္သြားမွ လက္ကနာရီကိုၾကည့္လိုိက္
ေတာ့ ညဆယ္နာရီမိနစ္ႏွစ္ဆယ္ ။ အျပန္ေနာက္ က်ရင္ ကိုယ့္လူႀကီးစိတ္ပူေနမွာစိုးတာမို႔ ျမန္ျမန္
စကားစျဖတ္ရမယ္ေတြးလိုက္မိတယ္ ။ အိမ္ျပန္ခ်ိန္
ေနာက္မက်ဖို႔အတြက္ဆိုၿပီး သိပ္မၾကာခင္ရက္က
မွာ သူနဲ႔ဆင္တူဝတ္မယ္ဆိုၿပီးဝယ္လာေပးတဲ့ ပံုစံ
တူ အေရာင္ကြဲ Limited နဲ႔ထုတ္ထားတဲ့နာရီေလးက ကိုယ့္လက္ေပၚမွာ ခန္႔ညားထည္ဝါစြာ ။

သီးသန္႔ခန္းထဲေရာက္တာနဲ႔ ကိုယ့္ကိုအျပံဳးနဲ႔ဆီး
ႀကိဳေနတဲ့ လူငယ္တစ္ဦး ။ ျမင္တာနဲ႔ သေဘာေကာင္းၿပီး ေဖာ္ေရြတဲ့လူမွန္းသိေစသည္ ။ ရာဇ္ လဲ ျပန္
ျပံဳးျပလိုက္ရင္း သူနဲ႔မ်က္ႏွာခ်င္းဆိုင္ခံုမွာဝင္ထိုင္လိုက္တယ္ ။

" မဂၤလာပါ သကၠရာဇ္ ၊ ေတြ႔ရတာဝမ္းသာပါတယ္ ၊ ကိုယ္က Zinnia က ေခတ္ဇ်ာန္ထူးပါ "

" ဟုတ္ကဲ့ ေတြ႔ရတာဝမ္းသာပါတယ္ ၊ ကြၽန္ေတာ့္ကိုေတြ႔ခ်င္တဲ့အေၾကာင္းက ဘာမ်ားျဖစ္မလဲမသိဘူး "

ခပ္ျမန္ျမန္စကားစျဖတ္ခ်င္တာမို႔ အလုပ္ကိစၥကိုသာတန္းေမးလိုက္သည္ ။

" ကိုယ္တို႔ ေအးေအးေဆးေဆးစကားေျပာရေအာင္
အခ်ိန္နည္းနည္းေတာ့ေပးပါ ၊ အရင္ဆံုးမိတ္ျဖစ္ေဆြျဖစ္ ဒါေလးလက္ခံေပးလား "

စကားအဆံုးမွာ ကိုယ့္ဆီလွမ္းေပးလာတဲ့ အေကာင္းစားဝိုင္တစ္ခြက္ ။ လူမႈေရးအရ ျငင္းလို႔မသင့္ေတာ္ဘူးဆိုတာကို သိတာေၾကာင့္ ဝိုင္ခြက္ကိုလက္
ခံယူလိုက္ပါတယ္ ။ ဝိုင္ခြက္ခ်င္းတိုက္ၿပီးတာနဲ႔
လ်ွာဖ်ားစိုစြတ္ယံု ေသာက္လိုက္သည္ ။ ခဏၾကာမွ ---

" ကိုယ္ ရာဇ္ နဲ႔ အလုပ္ကိစၥေျပာခ်င္တာက ကိုယ္
တို႔ကုမၼဏီကထုတ္မယ့္ ေႏြရာသီဝတ္စံုေတြအတြက္ အမ်ိဳးသားModel အျဖစ္ငွါးခ်င္လို႔ပါ "

" ဗ်ာ! ကြၽန္ေတာ့္ကို Model လုပ္ဖို႔ ဟုတ္လား ၊
ဟား !ဟား! ဟား! အကိုက လာေနာက္ေနျပန္ၿပီ "

မထင္ထားမိတဲ့အလုပ္ကမ္းလွမ္းမႈမ်ိဳးမို႔ ရီခ်င္ေနမိေတာ့တာပါပဲ ။

" ကိုယ္ေနာက္ေနတာမဟုတ္ဘူး ရာဇ္ ၊ မင္းကို
တကယ္သေဘာက်လို႔ပါ ၊ ကိုယ္က အခုတစ္ေခါက္
မွာ လံုးဝကိုအေတြ႔အၾကံဳမ႐ွိတဲ့ လူသစ္ေတြကိုသံုးခ်င္လို႔ေလ ၊ အဲဒါေၾကာင့္ လူလိုက္႐ွာေနတာ ၊ မင္းကိုေတာ့ ေတြ႔ေတြ႔ခ်င္းကို သေဘာက်မိသြားလို႔ ကိုယ္ကိုယ္တိုင္လာေတြ႔ရတာပါ ၊ အဆင္ေျပရင္ အလုပ္ကို စဥ္းစားေပးေစခ်င္ပါတယ္ ၊ ကိုယ္နဲ႔လက္တြဲရင္ လုပ္ငန္းခြက္နစ္နာမႈေတြ လံုးဝကိုမ႐ွိေစရပါဘူး "

" ဒါေပမယ့္ ကြၽန္ေတာ္ကလံုးဝအစိမ္းသက္သက္ႀကီးေနာ္ "

" အဲကိစၥအတြက္ စိတ္မပူလို႔ရပါတယ္ ၊ ကိုယ္ကအဆင္ေျပေအာင္လုပ္ေပးမွာပါ ၊ တစ္ခါေလာက္ယံုၾကည္ၿပီး လက္တြဲေပးရင္ေတာ့ ကိုယ္ေပ်ာ္မိမွာပါ "

မထင္မွတ္ပဲၾကားလိုက္ရတဲ့စကားေတြေၾကာင့္ ရာဇ္ နည္းနည္းေတာ့ေတြေဝသြားရပါသည္ ။ ဒါ ကိုယ္အတြက္အခြင့္အေရးေကာင္း ျဖစ္လာႏိုင္မလားေပါ့ ။
Zinnia ဆိုတာ Fashion ေလာကရဲ႕ ေ႐ွ႕ေဆာင္ လမ္းျပကုမၼဏီတစ္ခု ။ ဒီလိုေနရာကေနေတာင္ ကိုယ့္ကိုလာကမ္းလွမ္းတယ္ဆိုေတာ့ေလ ။ ၿပီးတာနဲတဖက္လူကလဲ သူ႔ဖုန္းထဲကေန ပံုေတြကိုျပကာ
တစ္ခုၿပီးတစ္ခု႐ွင္းျပေနေတာ့သည္ ။ အခ်ိန္ေတာ္
ေတာ္ၾကာမွ ----

" သကၠရာဇ္ အခု ဘယ္လိုေတြးလဲမသိဘူး "

" ဟုတ္ကဲ့ ကြၽန္ေတာ္ အခုကိစၥကိုစဥ္းစားဖို႔ အခ်ိန္ လိုတာမို႔ နည္းနည္းေတာ့ေစာင့္ေပးပါဦး ၊ ဖုန္းနံပါတ္ခ်န္ထားခဲ့ပါ ၊ စဥ္းစားၿပီးရင္ ျပန္ဆက္သြယ္လိုက္
ပါ့မယ္ "

" Okay ပါ ၊ သကၠရာဇ္ရဲ႕ဖုန္း ကိုယ့္ကိုခဏငွါးပါလား "

ကိုယ့္ဖုန္းကို တဖက္လူဆီလွမ္းေပးလိုက္ေတာ့ ခ်က္ခ်င္းပဲ သူ႔ဖုန္းနံပါတ္႐ိုက္ထည့္လိုက္တယ္ ။ ၿပီးတာနဲ႔ ကိုယ့္ဖုန္းနဲ႔ သူ႔ဖုန္းဆီကိုလွမ္းေခၚလိုက္ျပန္သည္ ။

" ကိုယ္လဲ သကၠရာဇ္ရဲ႕ဖုန္းနံပါတ္ကို မွတ္ထားလိုက္ၿပီေနာ္ "

" မွတ္ထားလိုက္ပါ "

" သတင္းေကာင္းေမ်ွာ္ေနပါ့မယ္ ၊ တစ္ခြက္ေလာက္
ေသာက္ပါဦး "

ကိုယ္ဆီကို ေနာက္ထပ္ဝိုင္တစ္ခြက္ကမ္းေပးလာတာမို႔ လွမ္းယူလိုက္ၿပီး ေမာ့ေသာက္လိုက္ခ်ိန္ ---

" ဒုန္း! !!! "

က်ယ္ေလာင္တဲ့အသံနဲ႔ဖြင့္လာတဲ့တံခါးဆီကို ႏွစ္ေယာက္ၿပိဳင္တူလွည့္ၾကည့္လိုက္ခ်ိန္ ေျခလွမ္းၾကဲၾကဲ
ေတြနဲ႔ေဒါသတႀကီးဝင္လာတဲ့လူတစ္ေယာက္ ။ မ်က္ႏွာက ညမီးေရာင္ေအာက္မွာေတာင္ သိသာထင္႐ွားစြာ ခက္ထန္ေနလို႔ ။ အျပန္ေနာက္က်လို႔ စိတ္ဆိုးေနတာေနမယ္ေလ ဆိုတဲ့အေတြးနဲ႔ ----

" လူႀကီး !! ဒီအခ်ိန္ႀကီးက်မွ ဘာလာလုပ္တာလဲ "

" အိမ္ျပန္ခ်ိန္မွန္းမသိေအာင္ အေလလိုက္ေနတဲ့လူ
ကို ငါလာေခၚတာ ၊ အခုျပန္လိုက္ခဲ့ "

ကိုယ့္လက္ကိုေဆာင့္ဆြဲၿပီးေခၚတာေၾကာင့္ေရာ သူစိမ္းလူတစ္ေယာက္အေ႐ွ႕ အေလလိုက္ေနတယ္ လို႔ စကားလံုးအသံုးခံလိုက္ရတာေၾကာင့္ ကိုယ့္ေဒါသက ေထာင္းကနဲထြက္လာရၿပီ ။ ဒါက ဘယ္
လိုေ- ာက္ခ်ိဳးမ်ိဳးတုန္း ။ သူဆြဲထားတဲ့လက္ကို ဆက္ကနဲခါထုတ္လိုက္ရင္း ---

" က်ဳပ္ အလုပ္ကိစၥေျပာေနတာ "

" အလုပ္ !! ဘာအလုပ္တုန္း ဒရမ္တီးတာအျပင္ မင္းက ဘာေတြထပ္လုပ္ခ်င္ေနေသးတာလဲ ၊ အခ်ိန္ေတြသိပ္ပိုေနရင္ အိမ္မွာအိပ္ေနလိုက္ သကၠရာဇ္ ၊ မေရာင္ရာဆီလူးမေနနဲ႔ ၊ ငါအားမေနဘူး"

" က်ဳပ္ဘာသာ ဘယ္အလုပ္ကိုလုပ္လုပ္ ခင္ဗ်ား
ေ- ာက္ေၾကာင္းဘာပါသလဲ ၊ အရမ္းကို တရားေတြလြန္မလာနဲ႔ေနာ္ "

ႏွစ္ေယာက္သားၾကား တင္းမာေနတဲ့အေျခအေန
တစ္ခုမွာပဲ ---

" သကၠရာဇ္ ကိုယ့္ေၾကာင့္ျပႆနာျဖစ္သြားရင္
ေတာင္းပန္ပါတယ္ ၊ တစ္ခုခုဆံုးျဖတ္ၿပီးရင္ ကိုယ့္ဆီဖုန္းဆက္ေပးပါ ၊ အခ်ိန္ၾကာသြားလဲရတယ္ ၊
ကိုယ့္ကိုခြင့္ျပဳပါဦး "

ႏႈတ္ဆက္စကားနဲ႔အတူတူ ကိုယ္ေတြႏွစ္ေယာက္ေဘးကေနျဖတ္ေက်ာ္ၿပီး အခန္းအျပင္ထြက္သြားတဲ့
လူကြယ္သြားတာနဲ႔ ---

" မင္းလာခဲ့ အခုအိမ္ျပန္မယ္ "

" - ီးေတာင္မလိုက္ဘူး ၊ သူစိမ္းလူေ႐ွ႕ က်ဳပ္ကိုေ- ာက္႐ွက္ခြဲရတာ ေပ်ာ္လား ဦးသိဒိၶ "

" ငါ က မင္းကို ေ- ာက္႐ွက္ခြဲတယ္ ဟုတ္လား ၊
မင္းျပန္မလာလို႔ ကိုယ္ အလုပ္ လုပ္ေနရာကေန တန္းလိုက္လာရတာ ၊ ကိုယ္က အရမ္းအားယားေနတဲ့လူလား ၊ အိမ္ျပန္ရမယ္အခ်ိန္မွာ ျပန္မလာတာ
မင္းေလ ၊ ငါစိတ္မပူပဲေနမလား ၊ ဒီေရာက္ေတာ့
လဲ ျမင္ေနရတာက ထင္ထားတဲ့အတိုင္းပဲ "

" အလုပ္ကိစၥ စကားေျပာေနတာလို႔ ႐ွင္းျပတယ္ မို႔လား "

" အလုပ္က ညဘက္မွေျပာလို႔ အဆင္ေျပတာလား "

" မသိဘူး တဖက္က မန္ေနဂ်ာကိုေျပာထားတာမို႔
အားနာလို႔ လက္ခံစကားေျပာေပးေနတာ "

" ပိုက္ဆံသိပ္မမက္နဲ႔ ရာဇ္ ၊ ကိုယ္က မင္းကို စိတ္ႀကိဳက္ထားလို႔ရေနၿပီးသားလို႔ ေျပာထားတယ္ ၊ ဒီမွာ
အလုပ္လုပ္ေနတာကိုေတာင္ ေျပာမရလြန္းလို႔ ကိုယ္လႊတ္ထားတာ ၊ ဒါကိုေနာက္ထပ္အလုပ္တစ္ခုတဲ့လား ၊ စိတ္မခ်ဘူး ငါမင္းေဘးနားကလူေတြကိုစိတ္မခ်ဘူးလို႔ ေျပာေနတယ္ေလ ၊ ဘာလို႔ နားမလည္ရတာလဲ ၊ မိုးလင္းမိုးခ်ဳပ္ ေသေလာက္ေအာင္အလုပ္႐ႈပ္တဲ့ ငါ့ကို ေနာက္ဆံတငင္ငင္နဲ႔ ပိုၿပီးစိတ္ပင္ ပန္းေစခ်င္တာလား ၊ ငါ လူေရာစိတ္ေရာ ပင္ပန္းၿပီး လဲက်သြားတာျမင္ခ်င္ေနတာလား "

" ဘာမွမဟုတ္တာေတြကို ပံုႀကီးခ်ဲ့ေတြးၿပီး တစ္ေယာက္ထဲစိတ္ စိတ္ပင္ပန္းေနတာကို က်ဳပ္ကဘာလုပ္ေပးရမွာလဲ ၊ က်ဳပ္ေဘးနားကလူေတြကို စိတ္မခ်တာလား ၊ ခင္ဗ်ားမ်က္စိအေ႐ွ႕မွာ အျခားေယာက်္ားတစ္ေယာက္နဲ႔ ဒီလိုအခန္းထဲမွာ အတူတူ႐ွိေနတာကိုျမင္ခဲ့ဖူးတဲ့ က်ဳပ္ကိုစိတ္မခ်တာလား ၊ အမွန္တိုင္ေျပာစမ္းပါ ၊ က်ဳပ္ကို သူစိမ္းေယာက်္ားတစ္
ေယာက္နဲ႔တြဲေတြ႔ရတိုင္း အိပ္ယာေပၚကကိစၥအထိ
ခင္ဗ်ားေတြးေနတာမို္႔လား ၊ ဒီေကာင္က ၾကံဳရာေနရာမွာ ၾကံဳရာလူနဲ႔ျဖစ္ေနက်ဆိုၿပီေလ "

" ဟာ! ေျပာေလ ကဲေလကြာ !"

" ခြမ္း ! ဒုန္း !ခြမ္း !ခြမ္း !ဝုန္း !ခ်လြမ္!!!! "

ေ႐ွ႕မွာ႐ွိေနတဲ့ခံုေပၚက ဝိုင္ပုလင္းကိုယူၿပီး အားနဲ႔႐ိုက္ခ်လိုက္တာမို႔ ဝိုင္ေတြနဲ႔အတူတူ ပုလင္းကြဲေတြက ပ်ံ႔က်ဲကုန္ေတာ့တာ ။ ဒါနဲ႔တင္မရပ္ဘဲ စားပြဲခံု
ကိုအားနဲ႔ဆြဲလွည့္လိုက္ၿပီး ေဘးနားမွာ႐ွိေနတဲ့ပစၥည္းေတြကိုပါ အဆက္မပ်က္႐ိုက္ခြဲေနေတာ့တာပါ ။

စကၠန္႔ပိုင္းအတြင္းမွာကို ရစရာမ႐ွိေအာင္႐ႈပ္ပြသြားတဲ့ သီးသန္႔ခန္းေလး ။

" ခင္ဗ်ား အခုလာခဲ့ "

ရာဇ္ သူ႔ရဲ႕လက္ကိုဆြဲက အခန္းအျပင္ထြက္လာလိုက္သည္ ။ အျပင္မွာ မန္ေနဂ်ာအက္ုိကိုေတြ႔တာနဲ႔ ---

" အကို အထဲက ပ်က္စီးသြားတာေတြကို စာရင္းတြက္ေပးထားပါ ၊ ကြၽန္ေတာ္ျပန္ေလ်ာ္ေပးပါ့မယ္ ၊ ေနာက္ၿပီး ေတာင္းပန္ပါတယ္ "

" ရတယ္! ရတယ္! ရာဇ္ ကိုယ္အဆင္ေျပေအာင္လုပ္လိုက္မယ္ "

မန္ေနဂ်ာရဲ႕စကားဆံုးတာနဲ႔ ရာဇ္ သူနဲ႔အတူတူ
ကားပါကင္ေနရာကို ေလ်ွာက္လာလိုက္တယ္ ။
ကားနားကိုေရာက္တဲ့အခ်ိန္ သူ႔လက္ကိုကိုင္ထားတဲ့ ကိုယ့္လက္ထဲကေန ေစးကပ္ကပ္အထိအေတြ႔ကို ခံစားလိုက္ရတာေၾကာင့္ ငံု႔ၾကည့္လိုက္မိေတာ့ လက္ဖဝါးႏွစ္ခုၾကားကေနစီးက်ေနတဲ့ ေသြးစက္ေတြ ။ ေစာေစာက အခန္းထဲေသာင္းက်န္းထားတာ ဘာနဲ႔ထိခိုက္မိတယ္သာမသိ ။ သူၾကည့္လိုက္ေတာ့လဲ နာက်င္ပံုမျပ ။

" ကားေသာ့ေပး "

ကိုယ့္စကားအဆံုးမွာ အက်ႌအိတ္ကပ္ထဲကေနထုတ္ယူၿပီး ေပးလာတဲ့ကားေသာ့ ။ ကားထဲေရာက္ တာနဲ႔ အဆင္သင့္႐ွိေနတဲ့ တစ္႐ွဴးနဲ႔ သူ႔လက္ကိုသုတ္ေပးလိုက္သည္ ။

" ေဒါသထြက္တာနဲ႔ပဲ ကိုယ့္ဘာသာထိခိုက္မိေအာင္လုပ္တယ္ေပါ့ေလ "

" ေဒါသထြက္ေနရင္ လူပါသတ္ရဲတယ္ဆိုတာ မေမ့နဲ႔ ၊ ကိုယ့္ရဲ႕ အေမွာင္ဘက္ကအျခမ္းကို ထုတ္မျပခ်င္လို႔ မင္းက ျပႆနာေတြတစ္ခုၿပီးတစ္ခုထပ္မ႐ွာဖို႔ ေမ်ွာ္လင့္ပါတယ္ ၊ မင္းအေ႐ွ႕မွာ အလံုးစံုမဟုတ္ေတာင္မွ အေတာ္အသင့္ေကာင္းမြန္တဲ့လူအျဖစ္႐ွိခ်င္တယ္ "

" ခင္ဗ်ားလဲ က်ဳပ္သိကၡာကို ခဏခဏမထိပါးဖို႔ သတိေပးပါရေစ ၊ သည္းခံျခင္းက အတိုင္းအတာ႐ွိတယ္ "

" ကိုယ္ မင္းအလုပ္လုပ္ေနတာမႀကိဳက္ဘူး "

" မႀကိဳက္လဲ မတက္ႏိုင္ဘူး "

" ရာဇ္! မင္းငါ့ကို အဲလိုေတြကန္႔လန္႔ေျပာေနရတာကို ေပ်ာ္ေနတာလား "

" အိမ္ျပန္မယ္ မေက်နပ္ရင္ အိမ္က်မွထပ္ၿပီးေျပာ "

" ဒီည ေခါင္းေက်ာမာတဲ့ေကာင္နဲ႔ စကားထပ္ျပီးမေျပာခ်င္ဘူး ၊ စိတ္ပင္ပန္းတယ္ "

" ေလကုန္သက္သာတယ္ေလ "

တကယ္ပဲ ထိုညက အိမ္ျပန္ေရာက္တဲ့အခ်ိန္ေရာ ၊
အိပ္ယာဝင္တဲ့အခ်ိန္ထိ လူႀကိ္ီးက ကိုယ့္ကိုစကားမေျပာေတာ့ပါ ။

အိမ္ကိုေရာက္ေရာက္ခ်င္း သူ႔အတြင္းေရးမႉးက ဧည့္ခန္းထဲမွာစာရင္းေတြလုပ္ေနတယ္ ။ သူေရခ်ိဳးေနတုန္း အခန္းအျပင္ျပန္ထြက္ၿပီး အတြင္းေရးမႉးနားသြားကာ ---

" ဒီေန႔ အလုပ္ေတြ႐ႈပ္ေနတာလား "

" ဟုတ္တယ္ခင္ဗ်ာ့ ၊ နည္းနည္းအလုပ္႐ႈပ္ေနလို႔ အိမ္ေတာင္မျပန္ရဘူး ၊ ဒီမွာပဲ ညအိပ္လို႔ေျပာတယ္ "

" ေအာ္! ပင္ပန္းေနၿပီေပါ့ "

" တစ္ခါတစ္ေလပါခင္ဗ်ာ ၊ အမွန္ေတာ့ သူေဌးက
အျပင္သြားစရာ႐ွိလို႔ဆိုၿပီး အလုပ္ေတြေတာင္မၿပီးပဲ
ျပန္ထြက္သြားတာ ၊ လက္စသတ္ေတာ့ ကိုသကၠရာဇ္ကို သြားႀကိဳတာကိုး ၊ အရင္ကဆို အလုပ္မၿပီးရင္
အိမ္ကိုသယ္လာၿပီး တစ္ညလံုးမအိပ္ဘဲလုပ္တဲ့လူဗ် ၊  အခုမွသာ အလုပ္ေတြကိုထားခဲ့တာ "

ၾကားလိုက္ရတဲ့စကားေၾကာင့္ ကိုယ့္ရဲ႕မၾကည္မလင္ျဖစ္ေနတဲ့စိတ္ေလးက နည္းနည္းေလာက္ေတာ့ ျပန္ၿပီး ၾကည္လင္လာရသည္ ။ အလုပ္ကိုပဲအျမဲဦးစား
ေပးတဲ့သူက ဒီတစ္ခါေတာ့ သူ႔အလုပ္ေတြကိုေတာင္ခ်န္ထားခဲ့ၿပီး အိမ္ျပန္ေနာက္က်တဲ့ကိုယ့္ေနာက္ ကို လိုက္လာတာေပါ့ ။

တစ္စံုတစ္ေယာက္ရဲ႕ ဂ႐ုစိုက္ျခင္းကိုခံရတယ္ဆိုတဲ့အသိက ရင္ထဲမွာတကယ္ေႏြးေႏြးေထြးေထြးေလး ။
အခန္းထဲျပန္ဝင္လာေတာ့ ေရခ်ိဳးၿပီးကာစလူႀကီး ။
ကိုယ္လဲ ေရျမန္ျမန္ခ်ိဳးလိုက္ပါတယ္ ။ ကိုယ္ေရခ်ိဳး
ၿပီးေတာ့ လူႀကီးက အိပ္ဖို႔ျပင္ေနၿပီ ။ ကိုယ္သူအနားမွာဝင္လွဲလိုက္တဲ့အထိ လံုးဝလွည့္မၾကည့္ ။ တကယ္စိတ္ဆိုးေနတာပဲ ။ ခက္တာက ဘယ္လိုေခ်ာ့ရမလဲ ကိုယ္မသိတာပဲ ။ တစ္စံုတစ္ေယာက္ကို
ေခ်ာ့ျမႇဴဖို႔အတြက္ ဘာလုပ္ရမယ္မွန္း ကိုယ္တကယ္ၾကီးကိုမသ္ိ ။

ကိုယ့္ကို ေက်ာခိုင္းအိပ္ေနတဲ့သူရဲ႕ ခါးေနရာကို ေစာင္ေအာက္ကေန အသာဖက္လိုက္ေတာ့လဲ တုတ္တုတ္မ်ွမလႈပ္ ။ သူ႔ ဂုတ္သားျဖဴဝင္းဝင္းေလးကို
ႏွာေခါင္းနစ္ဝင္မတက္နမ္းတာကိုလဲ အေရးမစိုက္ ။

" လူႀကီး ကြၽန္ေတာ္ေျပာခ်င္တာကေလ "

" ကိုယ္အိပ္ေတာ့မယ္ ရာဇ္ "

ကိုယ့္စကားမဆံုးခင္ျဖတ္ေျပာလာတဲ့ေလသံက တိုတိုျပတ္ျပတ္ ။ ေခ်ာ့ေနရင္းနဲ႔ ေဒါသျပန္ထြက္လာရသူက ကိုယ္ကိုယ္တိုင္ျဖစ္ေနၿပီ ။ အသက္ကို ဝေအာင္႐ွဴၿပီး စိတ္႐ွည္႐ွည္ဆြဲဆန္႔ကာ ေနာက္ဆံုးအေနနဲ႔ ေခ်ာ့ဖို႔နည္းကို ထုတ္သံုးလိုက္သည္ ။

" လူႀကီး! အတူေနရေအာင္ေလ ဒီည ကြၽန္ေတာ္လိုခ်င္ေနတယ္ "

အသက္႐ွဴသံကအစ တိတ္ဆိတ္သြားၿပီး ခဏၾကာေတာ့မွ ---

" ငါ ကေတာ့ တကယ္ကိုအိပ္ခ်င္ေနျပ္ိီ "

ကဲ !သည္းခံႏိုင္စိတ္ကုန္ခမ္းသြားပါၿပီ ။ ေခ်ာ့မရရင္ဆဲယံုေပါ့ ။

" အိပ္ !အိပ္ !မႏိုးတမ္းအိပ္လိုက္ ၊ ေနာက္ရက္က်မွ
လိုခ်င္ပါတယ္ဆိုလို႔ကေတာ့ - ီးေတာင္မရဘူးမွတ္ ၊
- ာလိုးမသားႀကီး ေစ်းကိုင္ေနတာ "

ကိုယ္ဘယ္လိုဆဲဆဲ ဒင္းက တကယ္အိပ္ေနပါၿပီ ။
တလူးလူး တလြန္႔လြန္႔ နဲ႔ လံုးဝအိပ္မေပ်ာ္တဲ့သူက
ကိုယ္ပဲျဖစ္ရပါေတာ့သည္ ။ ခိုဝင္ေနက် ရင္ခြင္ပိုင္
႐ွင္က တကယ္ႀကီး စိတ္ဆိုးၿပီး ကိုယ့္ကိုပစ္ထားတာကိုး ။

<<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>

" ညေန ကိုယ္လာေခၚမယ္ ၊ ဒီကေနပဲေစာင့္ေန "

" ၿပီးတာပဲ "

မေန႔ညက ကိုယ့္ကိုစကားမေျပာတဲ့သူက ဒီေန႔
ကိုယ္ အိမ္ျပန္တာက် သူ႔အလုပ္ကိုသြားရင္းနဲ႔ တစ္ခါထဲဝင္ပို႔ေပးလို႔ ။အိမ္ကိုလိုက္ပို႔တိုင္း အိမ္ထဲေခၚလို႔မရတာသူ႔အက်င့္ ။ သူ႔အလုပ္ကိစၥမွမဟုတ္ရင္
ဘယ္သူ႔ကိုမွလဲ စိတ္မဝင္စားသူႀကီး ။

အိမ္ျပန္လာတိုင္း မမက ကိုယ္စားခ်င္တာေလးေတြကို ဖြယ္ဖြယ္ရာရာ ခ်က္ေကြၽးျမဲ ။ ကိုယ္ နဲ႔ စစ္မင္းသိဒိၶဆိုတဲ့လူရဲ႕ၾကားက ဆက္သြယ္မႈကို တကူးတ
ကဖြင့္မေျပာျပသည့္တိုင္ မမတို႔လဲနားလည္ေနက်
ၿပီ ။ ေနာက္ၿပီးသူကမိသားစုရဲ႕ေက်းဇူး႐ွင္မို႔လား ။

ကိုယ္ေခၚသလိုမ်ိဳး ဦးသိဒိၶလို႔ ေခၚတက္ၿပီး အိမ္လည္လာဖို႔ကို ကိုယ္နဲ႔အျမဲဖိတ္ေပမယ့္ လူႀကိ္ီးကေတာ့ အခုထိအိမ္ထဲေတာင္မဝင္ေသး ။ သူအလုပ္မ
အားတာလဲပါတာေပါ့ ။

တစ္ေနကုန္ ေအးေအးေဆးေဆးနားၿပီး ေရမိုးခ်ိဳး ။
ညေန ေျခာက္နာရီထိုးကာနီးမွ လူၾကီးကျပန္လာေခၚတယ္ ။ အိမ္ကိုတန္းျပန္မယ္ထင္ေပမယ့္ သူ ကိုယ့္ကိုေခၚလာတာက ၿမိဳ႕ျပင္တစ္ေနရာ ။ လူသူေလးပါးကင္း႐ွင္းၿပီး ဆူညံမႈေတြလဲမ႐ွိတဲ့ေနရာ ။

" ေနဝင္ခ်ိန္ကို ေစာင့္ၾကည့္ရေအာင္ ရာဇ္ "

"  အင္း! ! "

ကားေအာက္ကိုဆင္းလိုက္တာနဲ႔ ဝင္ခါစေနလံုးႀကီး
ကိုေတြ႔လိုက္ရသည္ ။ ပုစြန္ဆီေရာင္ဝင္းႏွစ္ေနတဲ့
ေနလံုးႀကီးက တကယ္ကိုလွပစြာ ။ တိမ္ေရာင္ေတြကအစ နီရဲစိုလဲ့ေနတာေၾကာင့္ ၾကည့္ရတာၾကည္ႏူး
စရာေကာင္းလွသည္ ။

လူႀကီးရဲ႕ကားက Body အျမင့္မို႔ ကားေ႐ွ႕ဖံုးမွာတက္ထိုင္လိုက္တယ္ ။ လူႀကီးကေတာ့ ကားကိုမွီၿပီးပဲ
မက္တပ္ ရပ္ေနပါသည္ ။ ကိုယ္နဲ႔ ကပ္ရက္သား
မက္တပ္ရပ္ေနတဲ့ လူႀကီးရဲ႕ လည္ပင္ေတြကို
ကိုယ့္လက္ႏွစ္ဖက္နဲ႔ ခပ္တင္းတင္းေလးဖက္ထားလိုက္သည္ ။ ၿပီးေတာ့ ကိုယ္ကိုကိုင္းၫႊတ္ကာ
သူ႔ပခံုးေပၚ ကိုယ့္ေမးေစ့ေလး တင္ထားေနမိတာ ။

လူႀကီးရဲ႕လက္တစ္ဖက္က ကိုယ့္လက္ေတြေပၚကေန ျပန္အုပ္မိုးကိုင္ေပးထားရင္း က်န္လက္တစ္ဖက္ ကေတာ့ ကိုယ့္ဆံပင္ေတြကို ထိုးဖြကာ အသာေဆာ့ကစားေနသည္ ။ အရင္က ကိုယ့္ကိုအခုလိုေတြလုပ္ရင္ လံုးဝမႀကိဳက္ေပမယ့္ အခုေတာ့ လူႀကီးရဲ႕
ႏူးႏူးညံ႔ညံ႔အျပဳအမူေတြၾကား ကိုယ္ေပ်ာ္ဝင္ေနတက္ၿပီ ။ ခ်စ္တဲ့စိတ္ဟာ တကယ္ပဲလူတစ္ေယာက္ ကို ႏူးညံ႔စြာေျပာင္းလဲေပးတက္လာတာမ်ိဳး ။

" ကြၽန္ေတာ့္ဆံပင္ေတြကို ဖြရတာ အဲေလာက္ေတာင္ႀကိဳက္လားလူႀကိ္ီး "

" မင္းနဲ႔ ထိေတြ႔ေနရာတာမွန္သမ်ွ ကိုယ္ကႀကိဳက္ တယ္ "

" စိတ္ဆိုးေနတာေရာ အခု ေျပသြားျပီလား "

" စိတ္ဆိုးေနတာလို႔ ထင္ေနရင္ ရာဇ္ ကိုယ့္ကိုအ
ထင္လြဲေနတာပါ ။ စိတ္မဆိုးပါဘူး ခ်စ္လို႔စိတ္မခ်မိတာပါ ၊ စိတ္ပူမိတယ္ စိုးရိမ္မိတယ္ ၊ ဒါကိုယ့္ခံစားခ်က္အမွန္ပါပဲ "

ရာဇ္ လူႀကီးရဲ႕ဂုတ္သားေတြကိုနမ္႐ႈိက္လိုက္ၿပီးမွ ---

" မစိုးရိမ္ပါနဲ႔ ၊ ကြၽန္ေတာ္က လူႀကီးအပိုင္ေလ ၊
လူႀကီးကိုပဲ ခ်စ္တာ ၊ အဲဒါေၾကာင့္ စိတ္ပူေနတာ
ေတြကိုေလ်ာ့ေနာ္ "

" စိတ္ဆိုတာက သူ႔အလိုလိုျဖစ္ေနတာေလ ၊ ကိုယ့္ကိုစိတ္မပူနဲ႔လို႔ ေျပာေနမယ့္အစား ကိုယ္မႀကိဳက္
တာကို မလုပ္ရင္ပိုအဆင္မေျပဘူးလား ၊ ကိုယ့္အလုပ္ေတြက အရမ္းစိတ္ပင္ပန္းရတာကိုသိလား ၊ တစ္ေနကုန္ပင္ပန္းေနတာထက္ အိမ္ျပန္လာခ်ိန္ မင္းမ်က္ႏွာကိုမျမင္ရရင္ ပိုၿပီးကိုပင္ပန္းတယ္ ၊ ကိုယ့္ကို
မသနားဘူးလား ရာဇ္ ရယ္ "

ကိုယ့္ကိုေျပာေနတဲ့ သူ႔ေလသံက တကယ္ကို ခပ္ႏြမ္းႏြမ္းမို႔ ကိုယ္ပဲစိတ္ေလ်ွာ့လိုက္ရင္း ---

" အင္းပါ! ေနာက္ဆို လူႀကီးစိတ္မပူရေအာင္ ပိုၿပီးသတိထားပါ့မယ္ "

" ရာဇ္! "

" ေျပာေလ လူႀကီး "

" အခုခ်ိန္က အခ်ိန္အခါေကာင္းလို႔ မထင္ဘူးလား "

" လူႀကီး ဘာေျပာခ်င္တာလဲ ကြၽန္ေတာ္နားမလည္ဘူး "

" အခုခ်ိန္က ကိုယ္တို႔ႏွစ္ေယာက္ လက္ထပ္သင့္တဲ့ အခ်ိန္အခါေကာင္းလို႔ မထင္ဘူးလာလို႔ေမးတာ ၊ ကိုယ္ကေတာ့ထင္တယ္ ၊ ကိုယ္ နဲ႔ ကိုယ့္ေကာင္ေလးက လက္ထပ္သင့္တဲ့အခ်ိန္ေရာက္ၿပီပဲ ၊ အဲေတာ့ ကိုယ့္ကိုလက္ထပ္ပါလား ရာဇ္မူးဖြယ္ေလးရယ္ "

မထင္မွတ္တဲ့အခ်ိန္မွာၾကားလိုက္ရတဲ့ မေမ်ွာ္လင့္ေသာစကားပါပဲ ။ ကမၻာဟာ သူ႔ဝန္႐ိုးေပၚမွာ ဘယ္ေလာက္ဒီဂရီ တိမ္းေစာင္းၿပီးလည္ပတ္ေနသလဲဆိုတာ ျပန္မေတြးႏိုင္အားေတာ့ပါ ။ သကၠရာဇ္ဆိုတဲ့
ကိုယ္ကေတာ့ ဒီလူႀကိ္ီးကိုအမွီသဟဲျပဳရင္း ေထာင့္ငါးရာဒီဂရီတိမ္းေစာင္းလည္ပတ္ေနရပါေတာ့တယ္ ။

အားကိုးျခင္းလို႔ ေခါင္းစဥ္မတပ္ဘဲ ခ်စ္ရသူနားမွာ
သက္ဆံုးတိုင္ ႐ွင္သန္ေနထိုင္လိုျခင္းသက္သက္သာ ။ ဒီလူႀကီးသာ ကိုယ့္အနားမွာ႐ွိေနရင္ ဘာလိုေသးလဲအခ်စ္ရယ္ေပါ့ ။

                        Phoenix12

1.4.2022
AM- 8:00

📌 A/N - 3 ရက္ေန႔ မနက္ 8 နာရီမွာ ျပန္ဆံုက်မယ္ေနာ္ ဒါဒါေလးတို႔ေရ ။ Plot အလွည့္အေျပာင္းေတြလာေတာ့မွာမို႔ ဘာေတြပဲၾကံဳၾကံဳ စာေရးသူကိုသာယံုၾကည္ၿပီး အတူလိုက္ခဲ့ေပးပါဦးလို႔ ။

<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

Part - 6

                My Oleander Hubby

ဖြူလွှလွှရှပ်အကျႌလေးလက်တိုလေးက လူငယ်ဆန်ဆန်ဒီဇိုင်းလေးနဲ့မို့  မြင်တာနဲ့ကို သဘောကျချင်စရာကောင်းနေတာကြောင့် ရာဇ် ယူကြည့်လိုက်သည် ။ Size ကလဲ ကိုယ်နဲ့ကွက်တိ ။ ဈေးကိုကြည့်လိုက်မိတဲ့အချိန်မှာတော့ ပခုံးတစ်ချက်သာတွန့်လိုက်
နိုင်တော့တယ် ။ ငါးသိန်းကျော် ။ တော်ပြီ မဝတ်
တော့ဘူး ။ ငါးသိန်းပေးဝယ်ပြီး ကိုယ်ပေါ်တင်လိုက်
ရင် ရွှေတွေထွက်လာမှာလဲမဟုတ် ။

" ရာဇ်!! ယူလိုက်လေ သဘောကျတယ်မို့လား "

ကိုယ့်နောက်ကျောဆီကအသံကြောင့် လှည့်ကြည့်
လိုက်တော့ သူ့အတွက်ရွေးထားတဲ့ အကျႌကိုကိုင်
ထားတဲ့ လူကြီး ။ ခေါင်းခါပြလိုက်ကာ---

" မယူချင်ပါဘူး ဈေးကမတန်တဆကြီးကို "

လူကြီးက အကျႌတံဆိတ်ကို တစ်ချက်ကြည့်လိုက်ပြီးမှ  ---

" ပစ္စည်းကောင်းလို့ ဈေးကောင်းတာ ယူလိုက် သူဈေးနဲ့သူ တန်တယ် "

" မယူဘူး !"

" ကျွတ်!! လိုချင်နေတာကိုကွ ၊ ဘာလို ဈေးတွေလိုက်ကြည့်နေရတာလဲ "

" မဝယ်ရရင် သေရလောက်အောင် ကြိုက်နေတာဆိုတစ်မျိုးပေါ့ ၊ အခုဟာက အဲလောက်အထိလဲ ကြိုက်မနေဘူး ၊ အဲဒါကြောင့်မယူတာ "

ရာဇ် တစ်ခါထဲအပြတ်ငြင်းပြီး ထိုနေရာကနေလှည့်လာလိုက်သည် ။ မဟုတ်ရင်စကားကြောရှည်နေမှာစိုးလို့ ။ ဒီနေ့ သူ့ အလုပ်ကနေ စောစောပြန်လာပြီး
ကိုယ့်ကိုခေါ်ကာ Shopping ထွက်နေကျတာ
ဖြစ်သည် ။

ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း လိုတာလေးပဲနည်းနည်းပါးပါးဝယ်ကာ ပြန်လာခဲ့တယ် ။ ညရောက်တော့ သူကအလုပ်လုပ်နေတာမို့ ကိုယ့်ဘာသာပဲစောစောအိပ်ယာဝင်လိုက်ပေမယ့် အိပ်မပျော်ခင်ပဲ သူကအခန်းထဲဝင်လာကာ ---

" ရာဇ်!!  အိပ်ပျော်နေတာလား "

ကိုယ်က အိပ်ပျော်နေတာမျိုးမဟုတ်တာကြောင့်
ချက်ချင်းပဲ ---

" မအိပ်သေးပါဘူး "

" ဒါဆိုခဏထဦး ကိုယ်ပေးစရာရှိလို့ "

" ဘာပေးမှာလဲ "

" အရင်ထပါဦး ကိုယ့်ကောင်လေးရယ် ထ !ထ !"

ပြောလဲပြော ကိုယ့်ကိုအိပ်ယာပေါ်ကနေဆွဲထူနေတာမို့ နှဖူးကိုပာ နမ်းလိုက်တာမို့ ထထိုင်လိုက်ကာ ---

" ထပြီ !ထပြီ! ပေးတော့ ဘာလဲဆိုတာ "

" ရော! "

ကိုယ့်ကိုလှမ်းပေးလာတာက အကောင်းစားစက္ကူအိတ်တွေ ။ တစ်အိတ်ထဲအဟုတ် အများကြီး ။
ဖွင့်ကြည့်လိုက်တော့ မနက်က Shopping ထွက်ရင်း တွေ့ခဲ့ရတဲ့ ကိုယ်သဘောကျမိတဲ့ အကျႌတွေ ။
အိတ်အကုန်လုံးမှာ အကျႌတွေကတစ်ပုံစံထဲ ။
အရောင်တွေသာမတူတာ ။ အိတ်တွေကို ရေတွက်
ကြည့်လိုက်တော့ အားလုံးပေါင်းဆယ်အိတ် ။

ခေါင်းထဲမှာ သွေးတောင်ဆောင့်ပြီးတိုးသွားသလိုပါပဲ ။ တစ်ထည်ကိုငါးသိန်းကျော် ။ ဆယ်ထည်ဆိုတော့ သိန်းငါးဆယ်ကျော် ။ ဒီလူကြီးကတော့ ပိုက်ဆံ
ပေါတိုင်း လုပ်ချင်ရာလုပ်နေတော့တာပါလား ။
ကိုယ်ဘာမှမပြောနိုင်သေးခင်ပဲ ---

" နောက်ဆို ရာဇ်သဘောကျတာမှန်သမျှကို ဝယ် လိုက်ဖို့တွေဝေမနေနဲ့ ၊ ရာဇ်က လိုချင်နေရဲ့သား
နဲ့ ပိုက်ဆံကြောင့်လက်လွှတ်လိုက်မယ်ဆိုရင် ကိုယ်
ကအခုလိုပဲဝယ်ပေးနေမှာ "

" ပိုက်ဆံပေါလို့ ဖြုန်းနေမှန်းသိတယ် "

ကိုယ်စကားက ရွဲ့နေတာမှန်းသူသိတာကြောင့်
ရီပြလာရင်း ---

" မဖြုန်းပါဘူး သုံးသင့်လို့သုံးနေတာ ၊ ကိုယ်ရှာနေတာကို ရာဇ် တစ်ယောက်ထဲအတွက်လေ စိတ်ကြိုက်သာသုံးစမ်းပါ ၊ ဘာကိုအားနာနေတာလဲ ၊ ရော့! ဒါလေးပါယူထား "

လှမ်းပေးထားတာကို ကြည့်လိုက်တော့ ကဒ်တစ်ခု ။

" ယူထားလိုက် ကိုယ်မရှိတဲ့အချိန် ရာဇ် ဟိုဟိုဒီဒီသုံးချင်တာသုံးလို့ရအောင် "

" မယူဘူး ၊ ကျုပ်သုံးဖို့ ကျုပ်ဘာသာရှာနိုင်တယ် "

" ယူထားဆိုရင် ယူလိုက်လေ ရာဇ်ရယ် ၊ ရာဇ်
ပိုက်ဆံရှာနိုင်မှန်းသိတယ် ၊ ဒါက ကိုယ်မုန့်ဖိုးပေးတာလို့သဘောထားလိုက်လေ ၊ အများကြီးလဲ ထည့်မထားဘူး "

" ဘယ်လောက်ထည့်ထားလဲ "

" မုန့်ဖိုးလောက်ပါပဲဆိုကွာ နှစ်ထောင်ထဲ ၊ မများဘူး "

" ဘာ!! နှစ်ထောင် ! နှစ်ထောင်က မများဘူးဟုတ် လား ၊ တကယ်မများဘူးပေါ့ "

" ကိုယ့်အနေအထားနဲ့ဆို မများဘူးလေကွာ ၊ ယူ
ထားလိုက်စမ်းပါ ၊ ကိုယ်အစထဲကပြောထားပြီးသား
၊ ရာဇ် မသုံးနိုင်လောက်တဲ့အထိ ကိုယ်ပိုက်ဆံ
တွေရှာပေးပါ့မယ်ဆိုတာလေ ၊ ယူထားလိုက် "

" ဒါပေမယ့် --- "

" ထပ်ပြီးစကားတွေများနေရင် ရာဇ်နှုတ်ခမ်းလေး
ယောင်မလာစေရပါဘူးလို့ ကိုယ်အာမမခံနိုင်ဘူး
နော် ၊ နောက်ပြီး နှုတ်ခမ်းလောက်နဲ့တင် ရပ်နေမှာလဲမဟုတ်ဘူး "

" မှတ်တောင်ထားရဦးမယ် ကျုပ်အိပ်တော့မှာ "

" ဟုတ်ပါပြီ  အိပ်ပါ! အိပ်ပါ! မအိပ်ခင်ဒီကဒ်လေးတော့သိမ်းထားနော် ၊ သုံးတာမသုံးတာက ရာဇ်သဘောပဲ ၊ လက်ခံယူပြီး သိမ်းထားလိုက်ရင် ပေးရတဲ့ကိုယ်လဲစိတ်ချမ်းသာတယ်လေ  "

စကားဆက်ပြောနေလဲ အကြောင်းမထူးတာမို့
ရာဇ် ကဒ်ကိုယူပြီး ဘေးကခုံပေါ်ပစ်တင်ထား
လိုက်သည် ။ ပြီးတာနဲ့ အိပ်ဖို့ပြန်ပြင်ပါတယ် ။
ခဏအကြာမှာတော့ အခန်းထဲမှာမီးမှောင်သွားပြီး
ညအိပ်မီး ပြာလဲ့လဲ့လေးထွန်းလင်းလာ၏ ။
နောက်ပြီး ခပ်ကျယ်ကျယ်ရင်ခွင်တစ်ခုထဲကို ထွေး
ပွေ့ခံလိုက်ရတဲ့ ခံစားချက် ။ နွေးထွေးလုံခြုံမှုက
အတိုင်းအဆမဲ့ ။ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း အ
ကြောင်းတရားထဲမှာ ဒီရင်ခွင်ထဲခိုဝင်ရခြင်းကလဲ
အဓိကအချက်ဖြစ်နေတက်ပါပြီ ။ ချစ်တယ် ကျုပ်ရဲ့ လူကြီး ။

ငြင်ငြင်သာသာ အနမ်းတွေကတော့ အိပ်ယာဝင်လက်ဆောက်ပေါ့ ။ ချိုမြိန်မှုအပြည့်နဲ့ပါ ။

<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>

" ရာဇ်! ! ဧည့်သည်တစ်ယောက်က ငါ့ညီကိုတွေ့ချင်လို့တဲ့ "

Club မန်နေဂျာရဲ့စကားကြောင့် ရာဇ် မျက်ခုံးပင့်မိသွားရင်း ---

" ဘယ်သူလဲ အကို၊ ကျွန်တော့်အလုပ်ချိန်ပြီးရင်
ဘယ်ဧည့်သည်နဲ့မှ လက်ခံပြီးစကားမပြောတော့
ဘူးလေ "

" ကိုယ်သိတယ် ၊ ဒါပေမယ့်သူက တောင်းတောင်းပန်ပန်နဲ့ပြောလာတယ် ၊ အလုပ်ကိစ္စဆွေးနွေးချင်ယုံ
ပါတဲ့ ၊ ငါ့ညီ သူ့နာမည်ကိုကြားဖူးမယ်ထင်တယ် ၊
Zinnia Fashion ကုမ္မဏီက မန်နေဂျင်းဒါရိုက်တာ
ခေတ်ဇျာန်ထူးလေ ၊ အခုလာတာ သူမို့လို့ "

" ဘာအလုပ်ကိစ္စလို့ပြောလဲ အကို "

" မသိဘူးကွာ ကိုယ့်ကိုတော့ ငါ့ညီနဲ့တွေရအောင်
စီစဉ်ပေးပါပဲပြောတယ် ၊ ခဏတော့ တွေကြည့်
လိုက်ပါလား ၊ ကိုယ်အနေအထားကကျတော့ ငြင်း
ရတာ အဆင်မပြေလို့ပါ "

ရာဇ် လဲ မန်နေဂျာ အကို့စကားကြောင့် အားနာလာတာနဲ့ ---

" ဟုတ်ပြီး ကျွန်တော် တွေ့ကြည့်လိုက်ပါမယ် "

" ကျေးဇူးပါ ငါ့ညီရယ် ၊ ဒါဆို ကိုယ်စီစဉ်လိုက်မယ်နော် "

" ဟုတ်ကဲ့ "

မန်နေဂျာထွက်သွားမှ လက်ကနာရီကိုကြည့်လိုက်
တော့ ညဆယ်နာရီမိနစ်နှစ်ဆယ် ။ အပြန်နောက် ကျရင် ကိုယ့်လူကြီးစိတ်ပူနေမှာစိုးတာမို့ မြန်မြန်
စကားစဖြတ်ရမယ်တွေးလိုက်မိတယ် ။ အိမ်ပြန်ချိန်
နောက်မကျဖို့အတွက်ဆိုပြီး သိပ်မကြာခင်ရက်က
မှာ သူနဲ့ဆင်တူဝတ်မယ်ဆိုပြီးဝယ်လာပေးတဲ့ ပုံစံ
တူ အရောင်ကွဲ Limited နဲ့ထုတ်ထားတဲ့နာရီလေးက ကိုယ့်လက်ပေါ်မှာ ခန့်ညားထည်ဝါစွာ ။

သီးသန့်ခန်းထဲရောက်တာနဲ့ ကိုယ့်ကိုအပြုံးနဲ့ဆီး
ကြိုနေတဲ့ လူငယ်တစ်ဦး ။ မြင်တာနဲ့ သဘောကောင်းပြီး ဖော်ရွေတဲ့လူမှန်းသိစေသည် ။ ရာဇ် လဲ ပြန်
ပြုံးပြလိုက်ရင်း သူနဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်တယ် ။

" မင်္ဂလာပါ သက္ကရာဇ် ၊ တွေ့ရတာဝမ်းသာပါတယ် ၊ ကိုယ်က Zinnia က ခေတ်ဇျာန်ထူးပါ "

" ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ၊ ကျွန်တော့်ကိုတွေ့ချင်တဲ့အကြောင်းက ဘာများဖြစ်မလဲမသိဘူး "

ခပ်မြန်မြန်စကားစဖြတ်ချင်တာမို့ အလုပ်ကိစ္စကိုသာတန်းမေးလိုက်သည် ။

" ကိုယ်တို့ အေးအေးဆေးဆေးစကားပြောရအောင်
အချိန်နည်းနည်းတော့ပေးပါ ၊ အရင်ဆုံးမိတ်ဖြစ်ဆွေဖြစ် ဒါလေးလက်ခံပေးလား "

စကားအဆုံးမှာ ကိုယ့်ဆီလှမ်းပေးလာတဲ့ အကောင်းစားဝိုင်တစ်ခွက် ။ လူမှုရေးအရ ငြင်းလို့မသင့်တော်ဘူးဆိုတာကို သိတာကြောင့် ဝိုင်ခွက်ကိုလက်
ခံယူလိုက်ပါတယ် ။ ဝိုင်ခွက်ချင်းတိုက်ပြီးတာနဲ့
လျှာဖျားစိုစွတ်ယုံ သောက်လိုက်သည် ။ ခဏကြာမှ ---

" ကိုယ် ရာဇ် နဲ့ အလုပ်ကိစ္စပြောချင်တာက ကိုယ်
တို့ကုမ္မဏီကထုတ်မယ့် နွေရာသီဝတ်စုံတွေအတွက် အမျိုးသားModel အဖြစ်ငှါးချင်လို့ပါ "

" ဗျာ! ကျွန်တော့်ကို Model လုပ်ဖို့ ဟုတ်လား ၊
ဟား !ဟား! ဟား! အကိုက လာနောက်နေပြန်ပြီ "

မထင်ထားမိတဲ့အလုပ်ကမ်းလှမ်းမှုမျိုးမို့ ရီချင်နေမိတော့တာပါပဲ ။

" ကိုယ်နောက်နေတာမဟုတ်ဘူး ရာဇ် ၊ မင်းကို
တကယ်သဘောကျလို့ပါ ၊ ကိုယ်က အခုတစ်ခေါက်
မှာ လုံးဝကိုအတွေ့အကြုံမရှိတဲ့ လူသစ်တွေကိုသုံးချင်လို့လေ ၊ အဲဒါကြောင့် လူလိုက်ရှာနေတာ ၊ မင်းကိုတော့ တွေ့တွေ့ချင်းကို သဘောကျမိသွားလို့ ကိုယ်ကိုယ်တိုင်လာတွေ့ရတာပါ ၊ အဆင်ပြေရင် အလုပ်ကို စဉ်းစားပေးစေချင်ပါတယ် ၊ ကိုယ်နဲ့လက်တွဲရင် လုပ်ငန်းခွက်နစ်နာမှုတွေ လုံးဝကိုမရှိစေရပါဘူး "

" ဒါပေမယ့် ကျွန်တော်ကလုံးဝအစိမ်းသက်သက်ကြီးနော် "

" အဲကိစ္စအတွက် စိတ်မပူလို့ရပါတယ် ၊ ကိုယ်ကအဆင်ပြေအောင်လုပ်ပေးမှာပါ ၊ တစ်ခါလောက်ယုံကြည်ပြီး လက်တွဲပေးရင်တော့ ကိုယ်ပျော်မိမှာပါ "

မထင်မှတ်ပဲကြားလိုက်ရတဲ့စကားတွေကြောင့် ရာဇ် နည်းနည်းတော့တွေဝေသွားရပါသည် ။ ဒါ ကိုယ်အတွက်အခွင့်အရေးကောင်း ဖြစ်လာနိုင်မလားပေါ့ ။
Zinnia ဆိုတာ Fashion လောကရဲ့ ရှေ့ဆောင် လမ်းပြကုမ္မဏီတစ်ခု ။ ဒီလိုနေရာကနေတောင် ကိုယ့်ကိုလာကမ်းလှမ်းတယ်ဆိုတော့လေ ။ ပြီးတာနဲတဖက်လူကလဲ သူ့ဖုန်းထဲကနေ ပုံတွေကိုပြကာ
တစ်ခုပြီးတစ်ခုရှင်းပြနေတော့သည် ။ အချိန်တော်
တော်ကြာမှ ----

" သက္ကရာဇ် အခု ဘယ်လိုတွေးလဲမသိဘူး "

" ဟုတ်ကဲ့ ကျွန်တော် အခုကိစ္စကိုစဉ်းစားဖို့ အချိန် လိုတာမို့ နည်းနည်းတော့စောင့်ပေးပါဦး ၊ ဖုန်းနံပါတ်ချန်ထားခဲ့ပါ ၊ စဉ်းစားပြီးရင် ပြန်ဆက်သွယ်လိုက်
ပါ့မယ် "

" Okay ပါ ၊ သက္ကရာဇ်ရဲ့ဖုန်း ကိုယ့်ကိုခဏငှါးပါလား "

ကိုယ့်ဖုန်းကို တဖက်လူဆီလှမ်းပေးလိုက်တော့ ချက်ချင်းပဲ သူ့ဖုန်းနံပါတ်ရိုက်ထည့်လိုက်တယ် ။ ပြီးတာနဲ့ ကိုယ့်ဖုန်းနဲ့ သူ့ဖုန်းဆီကိုလှမ်းခေါ်လိုက်ပြန်သည် ။

" ကိုယ်လဲ သက္ကရာဇ်ရဲ့ဖုန်းနံပါတ်ကို မှတ်ထားလိုက်ပြီနော် "

" မှတ်ထားလိုက်ပါ "

" သတင်းကောင်းမျှော်နေပါ့မယ် ၊ တစ်ခွက်လောက်
သောက်ပါဦး "

ကိုယ်ဆီကို နောက်ထပ်ဝိုင်တစ်ခွက်ကမ်းပေးလာတာမို့ လှမ်းယူလိုက်ပြီး မော့သောက်လိုက်ချိန် ---

" ဒုန်း! !!! "

ကျယ်လောင်တဲ့အသံနဲ့ဖွင့်လာတဲ့တံခါးဆီကို နှစ်ယောက်ပြိုင်တူလှည့်ကြည့်လိုက်ချိန် ခြေလှမ်းကြဲကြဲ
တွေနဲ့ဒေါသတကြီးဝင်လာတဲ့လူတစ်ယောက် ။ မျက်နှာက ညမီးရောင်အောက်မှာတောင် သိသာထင်ရှားစွာ ခက်ထန်နေလို့ ။ အပြန်နောက်ကျလို့ စိတ်ဆိုးနေတာနေမယ်လေ ဆိုတဲ့အတွေးနဲ့ ----

" လူကြီး !! ဒီအချိန်ကြီးကျမှ ဘာလာလုပ်တာလဲ "

" အိမ်ပြန်ချိန်မှန်းမသိအောင် အလေလိုက်နေတဲ့လူ
ကို ငါလာခေါ်တာ ၊ အခုပြန်လိုက်ခဲ့ "

ကိုယ့်လက်ကိုဆောင့်ဆွဲပြီးခေါ်တာကြောင့်ရော သူစိမ်းလူတစ်ယောက်အရှေ့ အလေလိုက်နေတယ် လို့ စကားလုံးအသုံးခံလိုက်ရတာကြောင့် ကိုယ့်ဒေါသက ထောင်းကနဲထွက်လာရပြီ ။ ဒါက ဘယ်
လိုေ- ာက်ချိုးမျိုးတုန်း ။ သူဆွဲထားတဲ့လက်ကို ဆက်ကနဲခါထုတ်လိုက်ရင်း ---

" ကျုပ် အလုပ်ကိစ္စပြောနေတာ "

" အလုပ် !! ဘာအလုပ်တုန်း ဒရမ်တီးတာအပြင် မင်းက ဘာတွေထပ်လုပ်ချင်နေသေးတာလဲ ၊ အချိန်တွေသိပ်ပိုနေရင် အိမ်မှာအိပ်နေလိုက် သက္ကရာဇ် ၊ မရောင်ရာဆီလူးမနေနဲ့ ၊ ငါအားမနေဘူး"

" ကျုပ်ဘာသာ ဘယ်အလုပ်ကိုလုပ်လုပ် ခင်ဗျား
ေ- ာက်ကြောင်းဘာပါသလဲ ၊ အရမ်းကို တရားတွေလွန်မလာနဲ့နော် "

နှစ်ယောက်သားကြား တင်းမာနေတဲ့အခြေအနေ
တစ်ခုမှာပဲ ---

" သက္ကရာဇ် ကိုယ့်ကြောင့်ပြဿနာဖြစ်သွားရင်
တောင်းပန်ပါတယ် ၊ တစ်ခုခုဆုံးဖြတ်ပြီးရင် ကိုယ့်ဆီဖုန်းဆက်ပေးပါ ၊ အချိန်ကြာသွားလဲရတယ် ၊
ကိုယ့်ကိုခွင့်ပြုပါဦး "

နှုတ်ဆက်စကားနဲ့အတူတူ ကိုယ်တွေနှစ်ယောက်ဘေးကနေဖြတ်ကျော်ပြီး အခန်းအပြင်ထွက်သွားတဲ့
လူကွယ်သွားတာနဲ့ ---

" မင်းလာခဲ့ အခုအိမ်ပြန်မယ် "

" - ီးတောင်မလိုက်ဘူး ၊ သူစိမ်းလူရှေ့ ကျုပ်ကိုေ- ာက်ရှက်ခွဲရတာ ပျော်လား ဦးသိဒ္ဓိ "

" ငါ က မင်းကို ေ- ာက်ရှက်ခွဲတယ် ဟုတ်လား ၊
မင်းပြန်မလာလို့ ကိုယ် အလုပ် လုပ်နေရာကနေ တန်းလိုက်လာရတာ ၊ ကိုယ်က အရမ်းအားယားနေတဲ့လူလား ၊ အိမ်ပြန်ရမယ်အချိန်မှာ ပြန်မလာတာ
မင်းလေ ၊ ငါစိတ်မပူပဲနေမလား ၊ ဒီရောက်တော့
လဲ မြင်နေရတာက ထင်ထားတဲ့အတိုင်းပဲ "

" အလုပ်ကိစ္စ စကားပြောနေတာလို့ ရှင်းပြတယ် မို့လား "

" အလုပ်က ညဘက်မှပြောလို့ အဆင်ပြေတာလား "

" မသိဘူး တဖက်က မန်နေဂျာကိုပြောထားတာမို့
အားနာလို့ လက်ခံစကားပြောပေးနေတာ "

" ပိုက်ဆံသိပ်မမက်နဲ့ ရာဇ် ၊ ကိုယ်က မင်းကို စိတ်ကြိုက်ထားလို့ရနေပြီးသားလို့ ပြောထားတယ် ၊ ဒီမှာ
အလုပ်လုပ်နေတာကိုတောင် ပြောမရလွန်းလို့ ကိုယ်လွှတ်ထားတာ ၊ ဒါကိုနောက်ထပ်အလုပ်တစ်ခုတဲ့လား ၊ စိတ်မချဘူး ငါမင်းဘေးနားကလူတွေကိုစိတ်မချဘူးလို့ ပြောနေတယ်လေ ၊ ဘာလို့ နားမလည်ရတာလဲ ၊ မိုးလင်းမိုးချုပ် သေလောက်အောင်အလုပ်ရှုပ်တဲ့ ငါ့ကို နောက်ဆံတငင်ငင်နဲ့ ပိုပြီးစိတ်ပင် ပန်းစေချင်တာလား ၊ ငါ လူရောစိတ်ရော ပင်ပန်းပြီး လဲကျသွားတာမြင်ချင်နေတာလား "

" ဘာမှမဟုတ်တာတွေကို ပုံကြီးချဲ့တွေးပြီး တစ်ယောက်ထဲစိတ် စိတ်ပင်ပန်းနေတာကို ကျုပ်ကဘာလုပ်ပေးရမှာလဲ ၊ ကျုပ်ဘေးနားကလူတွေကို စိတ်မချတာလား ၊ ခင်ဗျားမျက်စိအရှေ့မှာ အခြားယောကျ်ားတစ်ယောက်နဲ့ ဒီလိုအခန်းထဲမှာ အတူတူရှိနေတာကိုမြင်ခဲ့ဖူးတဲ့ ကျုပ်ကိုစိတ်မချတာလား ၊ အမှန်တိုင်ပြောစမ်းပါ ၊ ကျုပ်ကို သူစိမ်းယောကျ်ားတစ်
ယောက်နဲ့တွဲတွေ့ရတိုင်း အိပ်ယာပေါ်ကကိစ္စအထိ
ခင်ဗျားတွေးနေတာမို့်လား ၊ ဒီကောင်က ကြုံရာနေရာမှာ ကြုံရာလူနဲ့ဖြစ်နေကျဆိုပြီလေ "

" ဟာ! ပြောလေ ကဲလေကွာ !"

" ခွမ်း ! ဒုန်း !ခွမ်း !ခွမ်း !ဝုန်း !ချလွမ်!!!! "

ရှေ့မှာရှိနေတဲ့ခုံပေါ်က ဝိုင်ပုလင်းကိုယူပြီး အားနဲ့ရိုက်ချလိုက်တာမို့ ဝိုင်တွေနဲ့အတူတူ ပုလင်းကွဲတွေက ပျံ့ကျဲကုန်တော့တာ ။ ဒါနဲ့တင်မရပ်ဘဲ စားပွဲခုံ
ကိုအားနဲ့ဆွဲလှည့်လိုက်ပြီး ဘေးနားမှာရှိနေတဲ့ပစ္စည်းတွေကိုပါ အဆက်မပျက်ရိုက်ခွဲနေတော့တာပါ ။

စက္ကန့်ပိုင်းအတွင်းမှာကို ရစရာမရှိအောင်ရှုပ်ပွသွားတဲ့ သီးသန့်ခန်းလေး ။

" ခင်ဗျား အခုလာခဲ့ "

ရာဇ် သူ့ရဲ့လက်ကိုဆွဲက အခန်းအပြင်ထွက်လာလိုက်သည် ။ အပြင်မှာ မန်နေဂျာအကိုကိုတွေ့တာနဲ့ ---

" အကို အထဲက ပျက်စီးသွားတာတွေကို စာရင်းတွက်ပေးထားပါ ၊ ကျွန်တော်ပြန်လျော်ပေးပါ့မယ် ၊ နောက်ပြီး တောင်းပန်ပါတယ် "

" ရတယ်! ရတယ်! ရာဇ် ကိုယ်အဆင်ပြေအောင်လုပ်လိုက်မယ် "

မန်နေဂျာရဲ့စကားဆုံးတာနဲ့ ရာဇ် သူနဲ့အတူတူ
ကားပါကင်နေရာကို လျှောက်လာလိုက်တယ် ။
ကားနားကိုရောက်တဲ့အချိန် သူ့လက်ကိုကိုင်ထားတဲ့ ကိုယ့်လက်ထဲကနေ စေးကပ်ကပ်အထိအတွေ့ကို ခံစားလိုက်ရတာကြောင့် ငုံ့ကြည့်လိုက်မိတော့ လက်ဖဝါးနှစ်ခုကြားကနေစီးကျနေတဲ့ သွေးစက်တွေ ။ စောစောက အခန်းထဲသောင်းကျန်းထားတာ ဘာနဲ့ထိခိုက်မိတယ်သာမသိ ။ သူကြည့်လိုက်တော့လဲ နာကျင်ပုံမပြ ။

" ကားသော့ပေး "

ကိုယ့်စကားအဆုံးမှာ အကျႌအိတ်ကပ်ထဲကနေထုတ်ယူပြီး ပေးလာတဲ့ကားသော့ ။ ကားထဲရောက် တာနဲ့ အဆင်သင့်ရှိနေတဲ့ တစ်ရှူးနဲ့ သူ့လက်ကိုသုတ်ပေးလိုက်သည် ။

" ဒေါသထွက်တာနဲ့ပဲ ကိုယ့်ဘာသာထိခိုက်မိအောင်လုပ်တယ်ပေါ့လေ "

" ဒေါသထွက်နေရင် လူပါသတ်ရဲတယ်ဆိုတာ မမေ့နဲ့ ၊ ကိုယ့်ရဲ့ အမှောင်ဘက်ကအခြမ်းကို ထုတ်မပြချင်လို့ မင်းက ပြဿနာတွေတစ်ခုပြီးတစ်ခုထပ်မရှာဖို့ မျှော်လင့်ပါတယ် ၊ မင်းအရှေ့မှာ အလုံးစုံမဟုတ်တောင်မှ အတော်အသင့်ကောင်းမွန်တဲ့လူအဖြစ်ရှိချင်တယ် "

" ခင်ဗျားလဲ ကျုပ်သိက္ခာကို ခဏခဏမထိပါးဖို့ သတိပေးပါရစေ ၊ သည်းခံခြင်းက အတိုင်းအတာရှိတယ် "

" ကိုယ် မင်းအလုပ်လုပ်နေတာမကြိုက်ဘူး "

" မကြိုက်လဲ မတက်နိုင်ဘူး "

" ရာဇ်! မင်းငါ့ကို အဲလိုတွေကန့်လန့်ပြောနေရတာကို ပျော်နေတာလား "

" အိမ်ပြန်မယ် မကျေနပ်ရင် အိမ်ကျမှထပ်ပြီးပြော "

" ဒီည ခေါင်းကျောမာတဲ့ကောင်နဲ့ စကားထပ်ပြီးမပြောချင်ဘူး ၊ စိတ်ပင်ပန်းတယ် "

" လေကုန်သက်သာတယ်လေ "

တကယ်ပဲ ထိုညက အိမ်ပြန်ရောက်တဲ့အချိန်ရော ၊
အိပ်ယာဝင်တဲ့အချိန်ထိ လူကြီးက ကိုယ့်ကိုစကားမပြောတော့ပါ ။

အိမ်ကိုရောက်ရောက်ချင်း သူ့အတွင်းရေးမှူးက ဧည့်ခန်းထဲမှာစာရင်းတွေလုပ်နေတယ် ။ သူရေချိုးနေတုန်း အခန်းအပြင်ပြန်ထွက်ပြီး အတွင်းရေးမှူးနားသွားကာ ---

" ဒီနေ့ အလုပ်တွေရှုပ်နေတာလား "

" ဟုတ်တယ်ခင်ဗျာ့ ၊ နည်းနည်းအလုပ်ရှုပ်နေလို့ အိမ်တောင်မပြန်ရဘူး ၊ ဒီမှာပဲ ညအိပ်လို့ပြောတယ် "

" အော်! ပင်ပန်းနေပြီပေါ့ "

" တစ်ခါတစ်လေပါခင်ဗျာ ၊ အမှန်တော့ သူဌေးက
အပြင်သွားစရာရှိလို့ဆိုပြီး အလုပ်တွေတောင်မပြီးပဲ
ပြန်ထွက်သွားတာ ၊ လက်စသတ်တော့ ကိုသက္ကရာဇ်ကို သွားကြိုတာကိုး ၊ အရင်ကဆို အလုပ်မပြီးရင်
အိမ်ကိုသယ်လာပြီး တစ်ညလုံးမအိပ်ဘဲလုပ်တဲ့လူဗျ ၊  အခုမှသာ အလုပ်တွေကိုထားခဲ့တာ "

ကြားလိုက်ရတဲ့စကားကြောင့် ကိုယ့်ရဲ့မကြည်မလင်ဖြစ်နေတဲ့စိတ်လေးက နည်းနည်းလောက်တော့ ပြန်ပြီး ကြည်လင်လာရသည် ။ အလုပ်ကိုပဲအမြဲဦးစား
ပေးတဲ့သူက ဒီတစ်ခါတော့ သူ့အလုပ်တွေကိုတောင်ချန်ထားခဲ့ပြီး အိမ်ပြန်နောက်ကျတဲ့ကိုယ့်နောက် ကို လိုက်လာတာပေါ့ ။

တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက်ခြင်းကိုခံရတယ်ဆိုတဲ့အသိက ရင်ထဲမှာတကယ်နွေးနွေးထွေးထွေးလေး ။
အခန်းထဲပြန်ဝင်လာတော့ ရေချိုးပြီးကာစလူကြီး ။
ကိုယ်လဲ ရေမြန်မြန်ချိုးလိုက်ပါတယ် ။ ကိုယ်ရေချိုး
ပြီးတော့ လူကြီးက အိပ်ဖို့ပြင်နေပြီ ။ ကိုယ်သူအနားမှာဝင်လှဲလိုက်တဲ့အထိ လုံးဝလှည့်မကြည့် ။ တကယ်စိတ်ဆိုးနေတာပဲ ။ ခက်တာက ဘယ်လိုချော့ရမလဲ ကိုယ်မသိတာပဲ ။ တစ်စုံတစ်ယောက်ကို
ချော့မြှူဖို့အတွက် ဘာလုပ်ရမယ်မှန်း ကိုယ်တကယ်ကြီးကိုမသိ ။

ကိုယ့်ကို ကျောခိုင်းအိပ်နေတဲ့သူရဲ့ ခါးနေရာကို စောင်အောက်ကနေ အသာဖက်လိုက်တော့လဲ တုတ်တုတ်မျှမလှုပ် ။ သူ့ ဂုတ်သားဖြူဝင်းဝင်းလေးကို
နှာခေါင်းနစ်ဝင်မတက်နမ်းတာကိုလဲ အရေးမစိုက် ။

" လူကြီး ကျွန်တော်ပြောချင်တာကလေ "

" ကိုယ်အိပ်တော့မယ် ရာဇ် "

ကိုယ့်စကားမဆုံးခင်ဖြတ်ပြောလာတဲ့လေသံက တိုတိုပြတ်ပြတ် ။ ချော့နေရင်းနဲ့ ဒေါသပြန်ထွက်လာရသူက ကိုယ်ကိုယ်တိုင်ဖြစ်နေပြီ ။ အသက်ကို ဝအောင်ရှူပြီး စိတ်ရှည်ရှည်ဆွဲဆန့်ကာ နောက်ဆုံးအနေနဲ့ ချော့ဖို့နည်းကို ထုတ်သုံးလိုက်သည် ။

" လူကြီး! အတူနေရအောင်လေ ဒီည ကျွန်တော်လိုချင်နေတယ် "

အသက်ရှူသံကအစ တိတ်ဆိတ်သွားပြီး ခဏကြာတော့မှ ---

" ငါ ကတော့ တကယ်ကိုအိပ်ချင်နြေပီ "

ကဲ !သည်းခံနိုင်စိတ်ကုန်ခမ်းသွားပါပြီ ။ ချော့မရရင်ဆဲယုံပေါ့ ။

" အိပ် !အိပ် !မနိုးတမ်းအိပ်လိုက် ၊ နောက်ရက်ကျမှ
လိုချင်ပါတယ်ဆိုလို့ကတော့ - ီးတောင်မရဘူးမှတ် ၊
- ာလိုးမသားကြီး ဈေးကိုင်နေတာ "

ကိုယ်ဘယ်လိုဆဲဆဲ ဒင်းက တကယ်အိပ်နေပါပြီ ။
တလူးလူး တလွန့်လွန့် နဲ့ လုံးဝအိပ်မပျော်တဲ့သူက
ကိုယ်ပဲဖြစ်ရပါတော့သည် ။ ခိုဝင်နေကျ ရင်ခွင်ပိုင်
ရှင်က တကယ်ကြီး စိတ်ဆိုးပြီး ကိုယ့်ကိုပစ်ထားတာကိုး ။

<<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>

" ညနေ ကိုယ်လာခေါ်မယ် ၊ ဒီကနေပဲစောင့်နေ "

" ပြီးတာပဲ "

မနေ့ညက ကိုယ့်ကိုစကားမပြောတဲ့သူက ဒီနေ့
ကိုယ် အိမ်ပြန်တာကျ သူ့အလုပ်ကိုသွားရင်းနဲ့ တစ်ခါထဲဝင်ပို့ပေးလို့ ။အိမ်ကိုလိုက်ပို့တိုင်း အိမ်ထဲခေါ်လို့မရတာသူ့အကျင့် ။ သူ့အလုပ်ကိစ္စမှမဟုတ်ရင်
ဘယ်သူ့ကိုမှလဲ စိတ်မဝင်စားသူကြီး ။

အိမ်ပြန်လာတိုင်း မမက ကိုယ်စားချင်တာလေးတွေကို ဖွယ်ဖွယ်ရာရာ ချက်ကျွေးမြဲ ။ ကိုယ် နဲ့ စစ်မင်းသိဒ္ဓိဆိုတဲ့လူရဲ့ကြားက ဆက်သွယ်မှုကို တကူးတ
ကဖွင့်မပြောပြသည့်တိုင် မမတို့လဲနားလည်နေကျ
ပြီ ။ နောက်ပြီးသူကမိသားစုရဲ့ကျေးဇူးရှင်မို့လား ။

ကိုယ်ခေါ်သလိုမျိုး ဦးသိဒ္ဓိလို့ ခေါ်တက်ပြီး အိမ်လည်လာဖို့ကို ကိုယ်နဲ့အမြဲဖိတ်ပေမယ့် လူကြီးကတော့ အခုထိအိမ်ထဲတောင်မဝင်သေး ။ သူအလုပ်မ
အားတာလဲပါတာပေါ့ ။

တစ်နေကုန် အေးအေးဆေးဆေးနားပြီး ရေမိုးချိုး ။
ညနေ ခြောက်နာရီထိုးကာနီးမှ လူကြီးကပြန်လာခေါ်တယ် ။ အိမ်ကိုတန်းပြန်မယ်ထင်ပေမယ့် သူ ကိုယ့်ကိုခေါ်လာတာက မြို့ပြင်တစ်နေရာ ။ လူသူလေးပါးကင်းရှင်းပြီး ဆူညံမှုတွေလဲမရှိတဲ့နေရာ ။

" နေဝင်ချိန်ကို စောင့်ကြည့်ရအောင် ရာဇ် "

"  အင်း! ! "

ကားအောက်ကိုဆင်းလိုက်တာနဲ့ ဝင်ခါစနေလုံးကြီး
ကိုတွေ့လိုက်ရသည် ။ ပုစွန်ဆီရောင်ဝင်းနှစ်နေတဲ့
နေလုံးကြီးက တကယ်ကိုလှပစွာ ။ တိမ်ရောင်တွေကအစ နီရဲစိုလဲ့နေတာကြောင့် ကြည့်ရတာကြည်နူး
စရာကောင်းလှသည် ။

လူကြီးရဲ့ကားက Body အမြင့်မို့ ကားရှေ့ဖုံးမှာတက်ထိုင်လိုက်တယ် ။ လူကြီးကတော့ ကားကိုမှီပြီးပဲ
မက်တပ် ရပ်နေပါသည် ။ ကိုယ်နဲ့ ကပ်ရက်သား
မက်တပ်ရပ်နေတဲ့ လူကြီးရဲ့ လည်ပင်တွေကို
ကိုယ့်လက်နှစ်ဖက်နဲ့ ခပ်တင်းတင်းလေးဖက်ထားလိုက်သည် ။ ပြီးတော့ ကိုယ်ကိုကိုင်းညွှတ်ကာ
သူ့ပခုံးပေါ် ကိုယ့်မေးစေ့လေး တင်ထားနေမိတာ ။

လူကြီးရဲ့လက်တစ်ဖက်က ကိုယ့်လက်တွေပေါ်ကနေ ပြန်အုပ်မိုးကိုင်ပေးထားရင်း ကျန်လက်တစ်ဖက် ကတော့ ကိုယ့်ဆံပင်တွေကို ထိုးဖွကာ အသာဆော့ကစားနေသည် ။ အရင်က ကိုယ့်ကိုအခုလိုတွေလုပ်ရင် လုံးဝမကြိုက်ပေမယ့် အခုတော့ လူကြီးရဲ့
နူးနူးညံ့ညံ့အပြုအမူတွေကြား ကိုယ်ပျော်ဝင်နေတက်ပြီ ။ ချစ်တဲ့စိတ်ဟာ တကယ်ပဲလူတစ်ယောက် ကို နူးညံ့စွာပြောင်းလဲပေးတက်လာတာမျိုး ။

" ကျွန်တော့်ဆံပင်တွေကို ဖွရတာ အဲလောက်တောင်ကြိုက်လားလူကြီး "

" မင်းနဲ့ ထိတွေ့နေရာတာမှန်သမျှ ကိုယ်ကကြိုက် တယ် "

" စိတ်ဆိုးနေတာရော အခု ပြေသွားပြီလား "

" စိတ်ဆိုးနေတာလို့ ထင်နေရင် ရာဇ် ကိုယ့်ကိုအ
ထင်လွဲနေတာပါ ။ စိတ်မဆိုးပါဘူး ချစ်လို့စိတ်မချမိတာပါ ၊ စိတ်ပူမိတယ် စိုးရိမ်မိတယ် ၊ ဒါကိုယ့်ခံစားချက်အမှန်ပါပဲ "

ရာဇ် လူကြီးရဲ့ဂုတ်သားတွေကိုနမ်ရှိုက်လိုက်ပြီးမှ ---

" မစိုးရိမ်ပါနဲ့ ၊ ကျွန်တော်က လူကြီးအပိုင်လေ ၊
လူကြီးကိုပဲ ချစ်တာ ၊ အဲဒါကြောင့် စိတ်ပူနေတာ
တွေကိုလျော့နော် "

" စိတ်ဆိုတာက သူ့အလိုလိုဖြစ်နေတာလေ ၊ ကိုယ့်ကိုစိတ်မပူနဲ့လို့ ပြောနေမယ့်အစား ကိုယ်မကြိုက်
တာကို မလုပ်ရင်ပိုအဆင်မပြေဘူးလား ၊ ကိုယ့်အလုပ်တွေက အရမ်းစိတ်ပင်ပန်းရတာကိုသိလား ၊ တစ်နေကုန်ပင်ပန်းနေတာထက် အိမ်ပြန်လာချိန် မင်းမျက်နှာကိုမမြင်ရရင် ပိုပြီးကိုပင်ပန်းတယ် ၊ ကိုယ့်ကို
မသနားဘူးလား ရာဇ် ရယ် "

ကိုယ့်ကိုပြောနေတဲ့ သူ့လေသံက တကယ်ကို ခပ်နွမ်းနွမ်းမို့ ကိုယ်ပဲစိတ်လျှော့လိုက်ရင်း ---

" အင်းပါ! နောက်ဆို လူကြီးစိတ်မပူရအောင် ပိုပြီးသတိထားပါ့မယ် "

" ရာဇ်! "

" ပြောလေ လူကြီး "

" အခုချိန်က အချိန်အခါကောင်းလို့ မထင်ဘူးလား "

" လူကြီး ဘာပြောချင်တာလဲ ကျွန်တော်နားမလည်ဘူး "

" အခုချိန်က ကိုယ်တို့နှစ်ယောက် လက်ထပ်သင့်တဲ့ အချိန်အခါကောင်းလို့ မထင်ဘူးလာလို့မေးတာ ၊ ကိုယ်ကတော့ထင်တယ် ၊ ကိုယ် နဲ့ ကိုယ့်ကောင်လေးက လက်ထပ်သင့်တဲ့အချိန်ရောက်ပြီပဲ ၊ အဲတော့ ကိုယ့်ကိုလက်ထပ်ပါလား ရာဇ်မူးဖွယ်လေးရယ် "

မထင်မှတ်တဲ့အချိန်မှာကြားလိုက်ရတဲ့ မမျှော်လင့်သောစကားပါပဲ ။ ကမ္ဘာဟာ သူ့ဝန်ရိုးပေါ်မှာ ဘယ်လောက်ဒီဂရီ တိမ်းစောင်းပြီးလည်ပတ်နေသလဲဆိုတာ ပြန်မတွေးနိုင်အားတော့ပါ ။ သက္ကရာဇ်ဆိုတဲ့
ကိုယ်ကတော့ ဒီလူကြီးကိုအမှီသဟဲပြုရင်း ထောင့်ငါးရာဒီဂရီတိမ်းစောင်းလည်ပတ်နေရပါတော့တယ် ။

အားကိုးခြင်းလို့ ခေါင်းစဉ်မတပ်ဘဲ ချစ်ရသူနားမှာ
သက်ဆုံးတိုင် ရှင်သန်နေထိုင်လိုခြင်းသက်သက်သာ ။ ဒီလူကြီးသာ ကိုယ့်အနားမှာရှိနေရင် ဘာလိုသေးလဲအချစ်ရယ်ပေါ့ ။

                        Phoenix12

1.4.2022
AM- 8:00

📌 A/N - 3 ရက်နေ့ မနက် 8 နာရီမှာ ပြန်ဆုံကျမယ်နော် ဒါဒါလေးတို့ရေ ။ Plot အလှည့်အပြောင်းတွေလာတော့မှာမို့ ဘာတွေပဲကြုံကြုံ စာရေးသူကိုသာယုံကြည်ပြီး အတူလိုက်ခဲ့ပေးပါဦးလို့ ။

Continue Reading

You'll Also Like

106K 11.5K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...
522K 103K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
206K 38.9K 50
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
41.2K 11.2K 41
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥