ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့...

By Jiji_laura

538K 87.3K 2.7K

Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO... More

Description
အခန်း-၁ မေ့ကျူးတောင်တွင် ပထမဆုံးတွေ့ဆုံးခြင်း။
အခန်း-၂ စာကြောင်းတွေကို မှတ်ရတာ ခက်လိုက်တာ။
အခန်း-၃ နုပျိုရနံ့သာဆေးလုံး။
အခန်း-၄ ဒီကျေးဇူးကို ငါပြန်ဆပ်မယ်။
အခန်း-၅ မင်းက လူကောင်းတစ်ယောက်ပဲ။
အခန်း-၆ လူရွေးပွဲ၏ ပထမဦးဆုံး အကဲဖြတ်ခြင်း။
အခန်း-၇ ငါ အရမ်းပျော်ပါတယ်။
အခန်း-၈ ဒါက ကြီးကြီးမားမား နားလည်မှုလွဲမှားတာပဲ။
အခန်း-၉ လရောင်အောက်၌ ယစ်မူးနေသော ကြာပွတ်ငယ်။
အခန်း-၁၀ မမျှော်လင့်ထားသော ပြဿနာ။
အခန်း-၁၁ ဒါက စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။
အခန်း-၁၂ အံ့ဖွယ် ကျောက်တုံးသစ်တော အခင်းအကျင်း။
အခန်း-၁၃ ဘယ်သူက ပထမလဲ?
အခန်း-၁၄ ရုန်းကန်နေစရာ မလိုတော့ဘူး။
အခန်း-၁၅ ကျောက်စိမ်းအိမ်တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၁၆ နောက်ထပ်ရှင်းပြစရာ မရှိပါ။
အခန်း-၁၇ နွေဦးသက်ဝင်ဥယျာဉ်သို့ ပြောင်းရွှေ့ခြင်း။
အခန်း-၁၈ ရေခဲကိုးလွှာပွင့်လန်းခြင်း။
အခန်း-၁၉ အလွန်ကောင်းမွန်သော အကြံဉာဏ်။
အခန်း-၂၀ ပြောင်းလဲရန် အကောင်းဆုံးကြိုးစားခြင်း။
အခန်း-၂၁ နွေမှဆောင်းသို့ ကူးပြောင်းခြင်း။
အခန်း-၂၂ ကျောက်စိမ်းအိမ်တော်မှ နှစ်တစ်ဝက်။
အခန်း-၂၃ ကျောက်စိမ်းကြေးမုံရေကန်ပေါ်၌ ကစားခြင်း။
အခန်း-၂၄ ရေခဲရေတံခွန် ပြိုကျခြင်း။
အခန်း-၂၅ ပုလဲစံအိမ်တော်သို့ မှားယွင်းစွာဝင်ရောက်ခြင်း။
အခန်း-၂၅.၂
အခန်း-၂၅.၃
အခန်း-၂၆ နိုးထခြင်းနှင့် နှစ်သစ်ကူးအကြို။
အခန်း-၂၇ မြင်းဖြူတစ်ကောင်ကဲ့သို့ မြန်ဆန်သောအချိန်။
အခန်း-၂၈ ခံစားချက်များကို ထုတ်ပြောရန်မှာ ခက်ခဲလှသည်။
အခန်း-၂၉ ခေတ်နှင့်အညီ လိုက်လျောညီထွေ နေထိုင်ခြင်း။
အခန်း-၃၀ မြင့်မြတ်သော ဓားပညာရှိ ဂူသင်္ချိုင်း၏သတင်း။
အခန်း-၃၁ ကောပိသဲကန္တာရ၌ ပြန်လည်ဆုံဆည်းခြင်း။
အခန်း-၃၂ သူစိမ်းအဖြစ် တွေ့ဆုံခြင်း။
အခန်း-၃၃ မိုးမခရွက်ရေကန် သွေးစွန်းထင်းခြင်း။
အခန်း-၃၄ ရေကန်ဘေးမှ ကြယ်စင်ည။
အခန်း-၃၆ ရှုပ်ထွေးသောတိုက်ပွဲနှင့် အပြောင်းအလဲ။
အခန်း-၃၇ မြေအောက်မြစ်ထဲသို့ ပြုတ်ကျခြင်း။
အခန်း-၃၈ အိပ်မက်ဆိုးနှင့် စူးစမ်းရှာဖွေခြင်း။
အခန်း-၃၉ မြွေတစ်အုပ်နှင့် ခန့်မှန်းချက်များ။
အခန်း-၄၀ ဓားပညာရှိ၏ ဂူပိတ်ကျင့်ရာနေရာ။
အခန်း-၄၁ ဂူကျောက်နံရံပေါ်မှ ဓားချက်များ။
အခန်း-၄၂ ရှုပ်ထွေးစေသော အမေးနှင့်အဖြေ။
အခန်း-၄၃ မဖွယ်မရာတွေ မပြောစမ်းနဲ့။
Translator Note:
အခန်း-၄၄ ထပ်မံပြောင်းလဲခြင်း။
အခန်း-၄၅ ငါမင်းရဲ့အကျဉ်းသား ဖြစ်ချင်တယ်။
အခန်း-၄၆ မင်းဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။
အခန်း-၄၇ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။
အခန်း-၄၈ အရာအားလုံးကို စွန့်လွှတ်ဖို့အချိန်ရောက်ပြီ။
အခန်း-၄၉ မတော်တဆ ရေအတူချိုးဖြစ်ခြင်း။
အခန်း-၅၀ နက်နဲသော အရှုပ်တော်ပုံ။
အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။
အခန်း-၅၂ စကားလုံးဖြင့် ဖော်ပြရန်မှာ ခက်ခဲလှသည်။
အခန်း-၅၃ ညအချိန် လေကဲ့သို့ ခိုးဝင်ခြင်း။
အခန်း-၅၄ ဝတ်စုံဖြူနှင့် လျှို့ဝှက်ဆန်းကြယ်သောလူ။
အခန်း-၅၅ 'ကြက်သွေးနီ‌ညှိုးနွမ်းခြင်း' အား ရှာဖွေခြင်း။
အခန်း-၅၆ ရေခဲဝိညာဉ်နှင့် သံသယ။
အခန်း-၅၇ မင်းနဲ့အတူရှိချင်တယ်။
အခန်း-၅၈ ပျော်ရွှင်မှုနှင့် နာကျင်မှုများ ‌မျှဝေခြင်း။
အခန်း-၅၉ ရှုပ်ထွေးနေသော နှလုံးသား။
အခန်း-၆၀ နောက်ထပ် သံသယတစ်ခု။
အခန်း-၆၁ ငါ့နှလုံးသားနောက်ကို လိုက်ပါရစေ။
အခန်း-၆၂ ခရီးသစ်တစ်ခု စတင်ခြင်း။
အခန်း-၆၃ အခြေအနေ ပြောင်းလဲခြင်း။
အခန်း-၆၄ အအေးမိခြင်းနှင့် ညဘက်တိုက်ခိုက်ခံရခြင်း။
အခန်း-၆၅ စကားတစ်ခွန်းမှ မဟရ။
အခန်း-၆၆ သူ့ကိုဘယ်လိုသတ်မှာလဲ?
အခန်း-၆၇ လန်ယန်း‌မြို့သို့ ရောက်ရှိခြင်း။
အခန်း-၆၈ မင်းလိုက်သွားစရာ မလိုဘူး။
အခန်း-၆၉ တူညီသော အတွေ့အကြုံဖြင့် ချည်နှောင်ထားခြင်း။
အခန်း-၇၀ အဖေ၊သားနှင့် ညီအစ်ကိုများကြား။
အခန်း-၇၁ အကြီးအကဲအား ငဲ့ညှာစေခြင်း။
အခန်း-၇၂ ဝူလင်မဟာမိတ်ခေါင်းဆောင်၏ စီစဉ်မှု။
အခန်း-၇၃ ချုံးယန်ပွဲတော်၌ ပြန်လည်တွေ့ဆုံကြခြင်း။
အခန်း-၇၄ ဖုံးကွယ်ထားခြင်းနှင့် နာကျင်မှု။
အခန်း-၇၅ ယွီချုံးတောင်ပေါ်လမ်း။
အခန်း-၇၆ အိပ်မက်ဟောင်းများနှင့် ဝန်ခံချက်။
အခန်း-၇၇ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရခြင်း။
အခန်း-၇၈ ဘာလို့ သေရမှာကို မကြောက်တာလဲ?
အခန်း-၇၉ ဖုံးကွယ်ထားခံရသော အမာရွတ်များ။
အခန်း-၈၀ ကျိန်စာစကားလုံးဆယ့်ခြောက်လုံး။
အခန်း-၈၁ အချစ်စကားများနှင့် သံသယ။
အခန်း-၈၂ ဆုံးဖြတ်ချက်နှင့် ထင်ကြေးများ။
အခန်း-၈၃ ကူအဆိပ်ကို ဖယ်ရှားခြင်းနှင့် နောက်ဆက်တွဲမေးခွန်း။
အခန်း-၈၄ အိပ်မက်များနှင့် အမှန်တရား။
အခန်း-၈၅ ငါမင်းနဲ့ပဲ အတူရှိနေချင်တယ်။
အခန်း-၈၆ ကယ်တင်ရန်နည်းလမ်း။
အခန်း-၈၇ အိပ်မက်မြေနှင့် ဆောင်းရာသီလများ။
အခန်း-၈၈ ဆောင်းဦးလေပြေည။
အခန်း-၈၉ နှင်းလူသားနှင့် ကတိကဝတ်။
အခန်း-၉၀ အလှည့်အပြောင်းနှင့် ရွေးချယ်မှု။
အခန်း-၉၁ မျှော်လင့်မထားသော သတင်း။
အခန်း-၉၂ ငါအမြင်မှားတာပဲ ဖြစ်ရမယ်။
အခန်း-၉၃ အခွင့်အလမ်းအသစ်တစ်ခု ပေါ်ပေါက်လာခြင်း။
အခန်း-၉၄ ကျောက်စိမ်းဆွဲကြိုးနှင့် မီးတောက်ဖြူကူ။
အခန်း-၉၅ နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုတစ်ခုနှင့် ကြုံတွေ့ခြင်း။
အခန်း-၉၆ ကျိုယန့်ရေကန်ဘေးမှ အတိတ်ဟောင်း။
အခန်း-၉၇ ညအချိန်စကားဝိုင်းနှင့် ချုံခိုတိုက်ခိုက်မှု။
အခန်း-၉၈ နတ်ဆိုးမြို့တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၉၉ ပရမ်းပတာများ တဖြည်းဖြည်း ပေါ်ပေါက်လာခြင်း။
အခန်း-၁၀၀ ဆုံဆည်းခြင်းနှင့် ခဏတာခွဲခွာခြင်း။
အခန်း-၁၀၁ ဝါးဥယျာဉ်ကျွန်းဆွယ်၌ စုဝေးခြင်း။
အခန်း-၁၀၂ အချစ်ကူ၏ လျှို့ဝှက်ချက်။
အခန်း-၁၀၃ နှစ်ရှည်လများ စောင့်စားခဲ့ရသော ပွင့်လင်းရိုးသားမှု။
အခန်း-၁၀၄ ကျွန်းထိပ်မှ အသေအကြေတိုက်ပွဲ။
အခန်း-၁၀၅ လက်ချင်းချိတ်လို့ ရေခဲလွင်ပြင်ဆီ။
အခန်း-၁၀၆ ကျော်လွှားစရာ အခက်အခဲပေါင်းများစွာ။
အခန်း-၁၀၇ အချစ်ကြောင့် ပေါက်ဖွားလာသော ထိတ်လန့်ကြောက်ရွံ့မှု။
အခန်း-၁၀၈ စုန်းဖြူမျှော်စင်အား ဝင်ရောက်စီးနင်းခြင်း။
အခန်း-၁၀၉ အဆုံးသတ်သို့‌ရောက်ရှိခြင်း။
အခန်း-၁၁၀ အဆုံးသတ်တိုက်ပွဲ။
အခန်း-၁၁၁ ခန့်မှန်းချက်များနှင့် နည်းလမ်းရှာဖွေခြင်း။
အခန်း-၁၁၂ နောက်ဆက်တွဲကိစ္စများ။
အခန်း-၁၁၃ နေ့တစ်ဝက်အားလပ်ချိန်ကို ခိုးယူခြင်း။
အခန်း-၁၁၄ ကျွင်းယိုတောင်ရှိ ခြံဝင်းငယ်။
အခန်း-၁၁၅ ပထမဆုံးအကြိမ် အတူတကွနှစ်သစ်ကူးခြင်း။
အခန်း-၁၁၆ ကျောက်စိမ်းအိမ်တော်သို့ ပြန်သွားခြင်း။
အခန်း-၁၁၇ သေချာစဉ်းစားပြီးမှ ဖြေဆိုပါ။
အခန်း-၁၁၈ ဖြေရှင်းချက်နှင့် ရွေးချယ်မှု။
အခန်း-၁၁၉ ထူးဆန်းသော ငှက်ဥ။
အခန်း-၁၂၀ ဘယ်တော့မှ မခွဲတော့ဘူး။
အချပ်ပို-၁
အချပ်ပို-၂
ကျေးဇူးတင်ကြောင်းနဲ့ နှုတ်ဆက်ကြောင်း။

အခန်း-၃၅ ကောလဟာလတွေကို ဘယ်သူတွေ ဖြန့်နေတာလဲ?

5.4K 943 38
By Jiji_laura

Unicode

အခန်း-၃၅ ကောလဟာလတွေကို ဘယ်သူတွေ ဖြန့်နေတာလဲ?

[သိုင်းလောကသည် ကျယ်ပြောလှပြီး ငှက်မျိုးစုံလည်း ရှိပေ၏။]

ထူးဆန်းသည်မှာ ကုဖေးတိနှင့်တိုက်ခိုက်ပြီး စခန်းသို့ ပြန်လာပြီးနောက် စုယန်သည် အိပ်မပျော်ခြင်း မရှိတော့ဘဲ စောင်နှင့်ထုပ်ကာ မကြာမီ အိပ်ပျော်သွားခဲ့သည်။

သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ နောက်တစ်နေ့ မနက်သို့ ရောက်ရှိနေပြီဖြစ်ပြီး မေ့ရှစ်စန်းက သူ့ပုခုံးကို ညင်သာစွာပုတ်ပြီး နှိုးနေလေသည်။

စုယန် မျက်လုံးဖွင့်လာသည်ကို မြင်သောအခါ မေ့ရှစ်စန်းက လေးလေးစားစားနှင့် ပြော၏။

"သခင်ငယ်လေး.. ထွက်သွားဖို့အချိန်ရောက်ပြီ"

စုယန်နှင့် သူ၏အဖွဲ့သည် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြပြီး မြေပြင်အနေအထားနှင့် ရင်းနှီးသော အကြီးအကဲနှစ်ဦး သို့မဟုတ် သုံးဦးတို့သည် မြေရိုင်းလွင်ပြင်ရှိ ကွဲအက်ချိုင့်ဝှမ်း မြေပုံကို ခေါင်းချင်းဆိုင်၍ လေ့လာနေကြသည်။ မနေ့က အဖြစ်အပျက်က လူတိုင်းအပေါ် သက်ရောက်မှုမရှိသည်ကို မြင်လိုက်ရသောအခါ စုယန် စိတ်ကြည်လင်လာပြီး ရေချိုးရန် ရေကန်သို့ သွားလိုက်သည်။

ရေကန်၏တစ်ဖက်ခြမ်းရှိ ထန်းယွင်စံအိမ်မှ လူတိုင်း သည်လည်း အသီးသီး နိုးထလာကြပြီဖြစ်သည်။ ၎င်းတို့သည် အဖွဲ့ငယ်များဖွဲ့ကာ အတူတကွ ဆွေး‌နွေးလုပ်ကိုင်နေကြပြီး အိုအေစစ်တဝိုက်၌ ဓားပညာရှိဂူသင်္ချိုင်းအား ရှာဖွေလိုပုံရ၏။

ထိုလူများသည် ဇာတ်လမ်းဇာတ်ကြောင်းကို မသိရှိ ထားသောကြောင့် ဓားပညာရှိဂူသင်္ချိုင်းသည် အိုအေစစ် တစ်ဝိုက်၌ ရှိလိမ့်မည်ဟု တွေးထင်နေသည်မှာ သာမန်ပင်ဖြစ်သည်။

စုယန်သည် ရွှံ့ငယ်အိမ်၏ ဆန့်ကျင်ဘက်ဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်ရာ သွယ်လျလှပ‌သော မိန်းကလေး တစ်ဦးသည် သူ့အားကျောပေးကာ မြင်းဇောင်းရှိ မြင်းများအား အစာကျွေးနေသည်ကို မြင်လိုက်ရသည်။

စုယန်က တွေးလိုက်၏။

အလယ်ပိုင်းလွင်ပြင်မှာ ဟော်မုန်းတွေသောက်တာက ရေပန်းမစားဘူးလို့ ထင်ခဲ့တာ။ ကုဖေးတိတင် မြန်မြန် ထွားလာတာမဟုတ်ဘူး.. ဖူလင်းယွင်ကပါ လအနည်းငယ်အတွင်း အတော်လေး အရပ်ရှည်လာတာပဲ!

ထိုအချိန်တွင် ရွှီယွင်ကျန်းသည် ရွှံ့ငယ်အိမ်မှ ထွက်လာပြီး မြင်းဇောင်းဆီသို့ လျှောက်လာကာ ထိုမိန်းကလေးအား စကားအနည်းငယ်ပြောလိုက်သည်။ ထို့နောက် သူက နူးညံ့စွာပြုံးလိုက်ပြီး လက်ကို မြှောက်ကာ သူမပုခုံးနားက ဆံပင်အချို့ကို သပ်ပေးလိုက်၏။

စုယန်: !!!

နေပါအုံး။ ရွှီယွင်ကျန်း မင်းရဲ့အပြုအမူက ဘာသဘောလဲ?

ဖူလင်းယွင်က မင်းရဲ့ ဝမ်းကွဲညီမလေးလေ... မဟုတ်‌သေးဘူး.. ဒီရှေးခေတ်မှာ အဲဒါက အရေးမကြီးပေမယ့်... ဖူလင်းယွင်က မင်းသူငယ်ချင်းရဲ့ အနာဂတ်ဇနီးသည်လေ။

ဒါ့အပြင် မင်းချစ်မြတ်နိုးရမယ့် ချစ်စဖွယ်ကောင်းတဲ့ မိန်းကလေးယင်းကို အနာဂတ်မှာ တွေ့ရလိမ့်မယ်လေ။

အခု မင်းရဲ့ ပြဿနာကဘာလဲ?

ရွှီယွင်ကျန်းသည် မြင်းဇောင်းထဲက အမျိုးသမီးနှင့် တစ်ခဏမျှ စကားစမြည်ပြောပြီးနောက် သူမလက်ကိုဆွဲကာ အိမ်ထဲသို့ ဝင်သွားလေသည်။

ရေကန်ရဲ့တစ်ဖက်ကမ်းမှာတော့ စုယန်သည် ​​နံနက်စောစောအချိန်၌ ရူးသွပ်နေလေပြီ။

သူကတွေးလိုက်၏။ စာပေစိစစ်ရေးကို ကျော်ဖြတ်နိုင်ဖို့ အတွက် ဖျက်ပြီးပြန်ပြုပြင်ထားတဲ့ ဇာတ်‌ကွက်တွေ အများကြီး ရှိနေပုံရတယ်။ ဖူလင်းယွင်နဲ့ ရွှီယွင်ကျန်းတို့ရဲ့ ဝမ်းကွဲ-အချစ် ဆက်ဆံရေးကိုလည်း ဖျက်ပစ်ထားတာများလား?

ဇာတ်လမ်းဇာတ်ကွက်သည် ကုဖေးတိနှင့် ဖူလင်းယွင်တို့အား ဓားပညာရှိဂူသင်္ချိုင်းထဲ၌ နှစ်ယောက်တည်းရှိစေရန် စီစဉ်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ ၎င်းမှာ သူတို့နှစ်ယောက်အတွက် အခွင့်အလမ်း ဖန်တီးပေးလိုက်ခြင်းပင် ဖြစ်သည်။

စုယန်သည် သူ၏တာဝန်မှာ ပို၍အရေးပါသည်ဟု ခံစားမိလိုက်၏။

အကယ်၍ ကုဖေးတိနှင့် ဖူလင်းယွင်တို့သာ ချောက်ကမ်းပါးအောက်သို့ အတူတူမဆင်းနိုင်ခဲ့ပါက ဖူလင်းယွင်သည် ရွှီယွင်ကျန်းဆီ ပါသွားမည်ပြီး ဇာတ်လမ်း၏ ဇာတ်ဆောင် မင်းသမီးလည်း ပျောက်ကွယ်သွားပေလိမ့်မည်!

အကယ်၍ ဇာတ်ဆောင်မင်းသမီး မရှိတော့ပါက ကုဖေးတိသည် မိစ္ဆာဂိုဏ်း၏ တားမြစ်နယ်မြေ၌ အဖမ်းခံရမည့်ဇာတ်ကွက်က မည်သို့ဖြစ်သွားမည်နည်း? ဇာတ်ကွက်က လုံးလုံးလျားလျား ပြိုပျက်သွားလိမ့်မည် ဖြစ်ပေသည်။

စုယန်သည် လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး မိစ္ဆာဂိုဏ်း၏စခန်းသို့ အမြန်ပြန်သွားခဲ့သည်။

သူက မေ့ရှစ်စန်းကို ခေါ်ပြီး မှာကြားလိုက်သည်။

"ဒီမှာနေခဲ့ဖို့ လူနှစ်ယောက်ကိုရွေးပြီး အကြံအစည်တစ်ခုကို အမြန်ဆုံးရေးဆွဲလိုက်.. ဘယ်နည်းနဲ့ဖြစ်ဖြစ် ကုဖေးတိနဲ့ တခြားလူတွေကို ကွဲအက်ချိုင့်ဝှမ်းဆီ ဦးဆောင်ခေါ်သွားရမယ်"

မေ့ရှစ်စန်းက ရှုပ်ထွေးသွားရသည်။

"ဒါပေမယ့်.. သခင်ငယ်လေးရဲ့ ပြောစကားအရ ဓားပညာရှိဂူသင်္ချိုင်းက အဲဒီနေရာမှာ ရှိနေနိုင်တယ်။ ဘာဖြစ်လို့ ကုဖေးတိကို ဦးဆောင်ခေါ်သွားချင်ရတာလဲ။
သူ့ကို ကျွန်တော်တို့လက်အောက်က အမွေအနှစ်ကို လုယူနိုင်ဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်မသွားဘူးလား"

စုယန် ခဏတာ စဉ်းစားလိုက်သော်လည်း အကြောင်း ပြချက်ကောင်းကို ရှာမ‌တွေ့နိုင်ချေ။

"ထုံးစံအတိုင်း ငါ့မှာ အစီအစဉ်တစ်ခုရှိတယ်။ အတိုချုပ် ပြောရရင် မင်းလုပ်ရမှာက ငါ့အမိန့်ကို လိုက်နာဖို့ပဲ"

မေ့ရှစ်စန်းက ခဏတာ နှုတ်ဆိတ်နေပြီးနောက် ပြန်ဖြေလေသည်။

"ဟုတ်ကဲ့ပါ သခင်ငယ်"

မိစ္ဆာဂိုဏ်းအဖွဲ့သည် လျင်မြန်စွာစုရုံးခဲ့ကြပြီး စခန်းကိုစောင့်ရန် ပန်းလက်ထောက်နှစ်ဦးကို ထားခဲ့သည်။ အခြားသူများသည် မိုးမခရွက်ရေကန် အိုအေစစ်မှ ထွက်ခွာလာကြပြီး အဲ့လော့ကွေးဂို‌ဏ်း၏ မြောက်ဘက်ခြမ်းသို့ ဆက်သွားကြလေသည်။

မြေရိုင်းလွင်ပြင် မြေနေရာနှင့်ရင်းနှီးသော ပန်းလက်ထောက် တစ်ဦးက စုယန်ပြောသော 'ကွဲအက်ချိုင့်ဝှမ်း' သည် အဲ့လော့ကွေး၏နယ်နိမိတ်နှင့် နီးစပ်သည်ဟု ဆိုလေသည်။

အဲ့လော့ကွေး၏နယ်မြေသည် မိစ္ဆာဂိုဏ်းထက် ပိုဝေးသော အနောက်မြောက်ဘက်တွင် တည်ရှိသည်။ ၎င်းတို့သည် သိုင်းလောက၌ သြဇာလွှမ်းမိုးမှု သိပ်မရှိသော်လည်း နယ်ချဲ့တရားရုံးကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်။ သူတို့၏ နယ်မြေသည် မြောက်ဘက်ရေခဲပြင်နှင့် နီးကပ်လုနီးပါးရှိ၏။

ဒဏ္ဍာရီအရ အဲ့လော့ကွေးဂိုဏ်း၏ သူရဲကောင်း များသည် လျှို့ဝှက်ကြပြီး သတင်းပေးပို့ရန်အတွက် လက်ဝါးအရွယ်ရှိသော အဖြူအမည်း ဇီးကွက်များကို အထူးအသုံးပြုကြသည်။ နေ့ခင်းဘက်တွင် ၎င်းတို့သည် နှင်းထဲတွင် ပုန်းအောင်းနိုင်သည့် တစ္ဆေဇီးကွက်ဖြူ များကို အသုံးပြုကြပြီး ညဘက်တွင်မူ အမှောင်ထဲ၌ သတိမပြုမိစေရန် အနက်ရောင် တစ္ဆေဇီးကွက်များကို အသုံးပြုကြသည်။

ပန်းလက်ထောက် ထိုအကြောင်းပြောသည်ကို ကြားသည်နှင့် စုယန်၏စိတ်ထဲ၌ ပထမဆုံး ဖြစ်ပေါ်လာသည့် အတွေးမှာ ဆေးတံဆိပ်တစ်ခု၏ စာသားဖြစ်သော 'နေ့ခင်းဘက် မငိုက်မျဉ်းစေဖို့ အဖြူရောင်ဆေးပြားကို သောက်ပါ.. ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အနက်ရောင် ဆေးပြားကို သောက်ပါ' ဟူ၍ဖြစ်သည်။

ဤကမ္ဘာသည် အမှန်ပင် စိတ်ကူးယဉ်ဆန်သည့် ကမ္ဘာတစ်ခုဖြစ်ပေသည်။ သိုင်းလောကသည် အလွန်ကျယ်ပြောလှပြီး ငှက်မျိုးစုံလည်း ရှိပေ၏။

သို့သော် စုယန်သည် အဖြူအမည်း တစ္ဆေဇီးကွက် အကြောင်းကို နားမလည်နိုင်ဘဲ လက်တွေ့တွင် မဖြစ်နိုင်ဟု သူ့စိတ်ထဲ၌ ညည်းညူနေချိန်တွင် ဤထူးဆန်းသောငှက်သည် သတင်းအချက်အလက် တစ်ခုကို လျင်မြန်စွာ ဖြန့်ကျက်နေပြီဖြစ်သည်။

ဓားပညာရှိချန်ထားခဲ့သည့် အမွေအနှစ်မှာ အလယ်ပိုင်း လွင်ပြင် အသိုင်းအဝိုင်းရှိ အင်အားစုအားလုံး ငမ်းငမ်းတက် လိုချင်နေသည့်အရာပင် ဖြစ်သည်။ သို့သော် သူတို့ ကြောက်ရွံ့သည်မှာ ဝူလင်မဟာမိတ် ခေါင်းဆောင် ကုယောင်ဟိုင်၏ ထန်းယွင်စံအိမ်နှင့် ချန်ဖုန်းတောင်ပေါ်ရွာတို့ လက်တွဲ ပါဝင်လာခြင်းပင် ဖြစ်သည်။ ဤရှာဖွေရေးတွင် ဤမျှ ကြီးမားသော အင်အားစုတစ်ခု ပါဝင်သဖြင့် သေးငယ်သော ဂိုဏ်းများအနေနှင့် အမြတ်မစွန်းရရန်မှာ အလွန်ပင် ခက်ခဲသွားလေသည်။ ၎င်းတို့သည် သူတို့၏ အဆင့်အတန်းကို အသုံးပြုပြီး ဂိုဏ်းငယ်များထံမှ သတင်းအချက်အလက်များ နှိုက်မည်ဖြစ်ပြီး ဓားပညာရှိ၏အမွေအနှစ်ကိုပင် လက်လွှဲပေးရန် အမိန့်ပေးခိုင်း‌စေနိုင်သည်။

သို့ရာတွင် အမည်မသိ ဖြန့်ဝေခဲ့သည့် ဤသတင်းသည် ဂိုဏ်းငယ်များ၏ ဆိုးရွားလှသောအခြေအနေကို ဖြေရှင်းပေးခဲ့လေသည်။

"ဘာ? ထန်းယွင်စံအိမ်က ကုသခင်လေးနဲ့ မိစ္ဆာဂိုဏ်းက သခင်ငယ်တို့က ညဘက် မိုးမခရွက်ရေကန် ကမ်းနားမှာ သီးသန့်တွေ့ဆုံခဲ့ပြီး ပျော်ပျော်ရွှင်ရွှင် စကားစမြည် ပြောခဲ့ကြတယ် ဟုတ်လား?"

"သူတို့နှစ်​​ယောက်​က ကျောက်စိမ်းအိမ်တော်ထဲကို အတူတူ​ဝင်ခဲ့တယ်​လို့ ကြားတယ်။ ရလဒ်ကို ကျုပ်မှန်းဆကြည့်လို့ ရတယ်။ ခေါင်းဆောင်ကုနဲ့ မိစ္ဆာဂိုဏ်းချုပ်တို့ ငယ်စဉ်ကလိုပဲ.. အဲ့ဒီနှစ်​​တွေမှာ သူတို့တွေ တော်တော်ဒုက္ခပေးခဲ့ကြတယ်.."

"ရှူး.. အဲဒီအကြောင်းကို ထပ်မပြောနဲ့။ သတိထား.."

"ဒါဆို သမိုင်းက တကြော့ပြန်လာတာပဲ.. ထန်းယွင်စံအိမ်နဲ့ မိစ္ဆာဂိုဏ်းက ထပ်ပြီး ပတ်သက်နေကြပြန်တာလား?"

"ငါတို့တွေ ထန်းယွင်စံအိမ်ရဲ့ သခင်လေးကို မနာခံသင့်တော့ဘူးလို့ ထင်တယ်!"

"အမှန်ပဲ.. လူငယ်တွေရဲ့ အတွေးတွေကို အတိအကျသိဖို့က ခက်ခဲ့တယ်။ သူကို မိစ္ဆာဂိုဏ်းက လှည့်စားရင် ကျုပ်တို့လည်း အန္တရာယ်ဖြစ်မှာပဲ!"

"အဲဒါကြောင့် ကျုပ်တို့အားလုံး စည်းလုံးရမယ်.. ဒါမှ သူတို့ နှစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်မှာ..."

ဤသတင်းသည် ဂိုဏ်းငယ်အားလုံး၏ လိုအပ်ချက်များနှင့် ကိုက်ညီသောကြောင့် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ တစ်ရက်အတွင်း 'ငယ်ရွယ်သူများအတွက် မ‌သင့်တော်'ဟူသော ကောက်ချက်အသစ်များ အပါအဝင် ၎င်းသည် မြေရိုင်းလွင်ပြင် နေရာအနှံ့ မရေမတွက်နိုင်သော ပုံစံအမျိုးမျိုးဖြင့် ပျံ့နှံ့သွားခဲ့သည်။

"လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျောက်စိမ်းအိမ်တော်ရဲ့ လူရွေးပွဲမှာ မိစ္ဆာဂိုဏ်းရဲ့ နတ်ဆိုးကျင့်ကြံသူက ထန်းယွင်စံအိမ်က စံအိမ်သခင်လေးကို ပရော်ပရည် လုပ်ခဲ့တယ်တဲ့!"

"လွန်ခဲ့တဲ့ နှစ်လလောက်က မိစ္ဆာဂိုဏ်းက ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ လူငယ်ဆယ့်နှစ်ယောက်ကို ရုတ်တရက် ပြန်လွှတ်ပေးလိုက်တယ်လို့ ကြားတယ်။ မိစ္ဆာဂိုဏ်းရဲ့နတ်ဆိုးကျင့်ကြံသူက စံအိမ်သခင်လေး ဆီက မျက်နှာသာရဖို့ သူ့ရဲ့မောင်းမဆောင်ကို ဖြုတ်ပစ်လိုက်တာဖြစ်ရမယ်!"

"လွန်ခဲ့တဲ့နှစ်ရက်က စုယန်က လူငယ်သူရဲကောင်းကုနဲ့ တိုက်ခိုက်ခဲ့တယ်လို့ကြားတယ်။ ဒါပေမယ့် လူငယ် သူရဲကောင်းကုက ပြန်မတိုက်တဲ့အပြင် အဆုံးမှာ စုယန်ဆီလာနေတဲ့ မြှားတစ်စင်းကို တားဆီးပေးခဲ့ပြီး သူ့ကို လွတ်မြောက်စေခဲ့တယ်တဲ့!"

ထုံးစံအတိုင်း ဤအတင်းအဖျင်းများကို ကုဖေးတိနှင့် စုယန်ရှေ့၌ မည်သူမျှ မပြောဝံ့ကြသော်လည်း ထန်းယွင် စံအိမ်နှင့် မိစ္ဆာဂိုဏ်းတွင် သတင်းအချက်အလက်များ ရယူနိုင်သည့် ကိုယ်ပိုင်နည်းလမ်းများ ရှိပေသည်။
သည်လိုနှင့် စုယန်နှင့် ကုဖေးတိတို့ နှစ်ဦးစလုံးသည် နောက်တစ်နေ့တွင် မတူညီသော အရင်းအမြစ်များမှ အတင်းအဖျင်းအမျိုးမျိုးကို သိရှိလိုက်ကြရသည်။

ဖူး..

ရေသောက်နေသောစုယန်သည် ဒေါသထွက်သွားပြီး သူ့ဆီ သတင်းပို့လာသော ပန်းလက်ထောက်၏ မျက်နှာပေါ်သို့ ရေများ ထွေးထုတ်မိလိုက်လေသည်။

"ဘာ!" သူက အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး အံကြိတ်ကာ ဒေါသတကြီးမေးလိုက်၏။

"ဒီသတင်းက ဘယ်လိုပျံ့သွားတာလဲ? ဘယ်သူက ဒီကောလဟာလ‌တွေကို ဖြန့်နေတာလဲ!?"

ပန်းလက်ထောက်၏ မျက်နှာသည် ရေစက်များဖြင့် စိုရွှဲနေသော်လည်း သူက တည်ငြိမ်စွာဖြင့် တလေးတစား ပြန်ပြောလေသည်။

"ဒီလက်အောက်ငယ်သားက စုံစမ်းပြီးပါပြီ။ သင်နဲ့ လူငယ်သူရဲကောင်းကုတို့ တွေ့ဆုံမှုသတင်းရဲ့ မူလ ရင်းမြစ်ကတော့ ဝူကျန်းမန်ကပါ။ ကျန်တဲ့ ကောလဟာလတွေကတော့ ဂိုဏ်းငယ်တွေက မဟုတ်မမှန် လျှောက်ဖြန့်တာ ဖြစ်နိုင်ပါတယ်"

စုယန်က သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး ရေရွတ်လိုက်သည်။

"ဝူကျန်းမန်?"

ပန်းလက်ထောက်က ခေါင်းညိတ်ပြီး ပြန်ဖြေ၏။

"ဟုတ်ပါတယ်.. ဝူကျန်းမန်က ဆယ်သွယ်ရေး ကောင်းပြီး သတင်းဖြန့်ဝေရာမှာ အလွန် လျင်မြန်ကြောင်း လူသိများပါတယ်။ ဒီတစ်ခါလည်း သူတို့က အဲဒီသတင်းကို မြေရိုင်းလွင်ပြင်အနှံ့ ဖြန့်ခဲ့တာပါ"

ငလူး ဝူကျန်းမန်!

စုယန်သည် သူ့စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

သူသည် ဇာတ်လမ်းဇာတ်ကြောင်းကို ဂရုတစိုက် ဆက်သွားနေသော်လည်း ဤကဲ့သို့ ရိုင်းစိုင်းသော စကားမျိုးကို ထုတ်လွှတ်နေရဆဲဖြစ်သည်။ ၎င်းသည် သူ၏ရှင်သန်မှု လမ်ကြောင်းအာလုံးကို ရိုးရိုးရှင်းရှင်း ပိတ်ဆို့ထားလေ၏။

ကုဖေးတိလည်း ဒီသတင်းရရှိခဲ့ပြီး သူနဲ့ဖူလင်းယွင်ကြား ပိုပြီး အလှမ်းဝေးသွားမယ်ဆိုရင်ရော? သူမက တကယ်ပဲ ရွှီယွင်ကျန်းရဲ့ရင်ခွင်ထဲ ရောက်သွားမယ် ဆိုရင်ရော?

လုံးဝ မဖြစ်နိုင်ဘူး။ မြေရိုင်းလွင်ပြင်က ကွဲအက် ချိုင့်ဝှမ်းကို ရှာဖွေဖို့ အမြန်လုပ်ရမယ်။ ကုဖေးတိနဲ့ ဖူလင်းယွင်တို့ကို နှစ်ယောက်တည်းအတူရှိစေပြီး သူတို့ရဲ့ဆက်ဆံရေး တိုးတက်အောင် ချောက်ကမ်းပါးပေါ်က အမြန်ဆုံး ပြုတ်ကျစေရမယ်!

ဒါ​နဲ့... ဒီကောလဟာလတွေကို ခေတ်နောက်ကျတဲ့ ကုဖေးတိသာကြားရင် ဘယ်လို​အမူအရာမျိုး​ဖြစ်​မယ်​ဆိုတာ သူတကယ်​ကို တွေးကြည့်လို့မရတော့ဘူး။

ကုဖေးတိသည် မည်သည့်အမူအရာမှမပြပေ။

သူက သတင်းလာပေးသော အစောင့်ကို မော့ကြည့်လိုက်ပြီး ဆိုလေ၏။

"ငါသိပြီ.. မင်းသွားလို့ရပြီ"

အစောင့်က အမိန့်အတိုင်း ထွက်သွားလေသည်။

ရွှီယွင်ကျန်းသည် ကုဖေးတိအား ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်၏။

"မင်း စိတ်မဆိုးဘူးလား?"

ကုဖေးတိက ပြန်ဖြေလေသည်။

"ဖြောင့်မတ်ဂိုဏ်းကလူတွေက မီးထဲကို လောင်စာထပ်ထည့်ရတာ ကြိုက်ကြတာပဲ။ နောက်ဆုံးမှာ သတင်းအများစုက အမှားတွေ ဖြစ်သွားလိမ့်မယ်။ ဒါကို ငါက လုံလုံလောက်လောက် မကြုံဖူးခဲ့လို့လား"

ရွှီယွင်ကျန်းက ပြုံးလိုက်သည်။

"ငါမင်းကို မေးတာက.. ​​ဝူကျန်းမန်က မင်းရဲ့ လှုပ်ရှားမှုတွေကို တိတ်တဆိတ် လျှို့ဝှက် ထောက်လှမ်းရေး လုပ်နေတာကို မင်းက စိတ်မဆိုးဘူးလားလို့"

ကုဖေးတိသည် တစ်ခဏမျှ နှုတ်ဆိတ်နေပြီး သူ့မျက်နှာ၍ မည်သည့်အရိပ်အယောင်မှ မရှိပေ။

"ထန်းယွင်စံအိမ်နဲ့ ချန်ဖုန်းတောင်ပေါ်ရွာတို့က ဓားပညာရှိဂူသင်္ချိုင်း ရှာဖွေရေးမှာ ပါဝင်တာကို အစက ငါသဘောမတူခဲ့ဘူး။ ဒါပေမယ့် စံအိမ်မှာရှိတဲ့ လူတိုင်းက ငါ့ကို ဓားပညာရှိရဲ့ အမွေအနှစ်ကိုရဖို့ မျှော်လင့်နေကြတယ်။ ငါ့အဖေကလည်း ငါ့ကို သိုင်းလောကထဲမှာ တတ်နိုင်သမျှ အမြန်ဆုံး ရပ်တည်နိုင်ဖို့ မျှော်လင့်နေတယ်လေ.. ဒါကြောင့် ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး"

သူက ခေတ္တရပ်ပြီးနောက် ဆက်ပြောလိုက်သည်။

"အဲဒီဂိုဏ်းငယ်တွေက ငါတို့က သူတို့ဆီက လုယက်မှာကို စိုးရိမ်နေကြပြီး ငါတို့ကိုဆန့်ကျင်ဖို့ တတ်နိုင်သမျှ အကုန်လုပ်မှာပဲ.. မင်းအနေနဲ့ အများကြီး ပိုမျှော်လင့်ထားသင့်တယ်"

ရွှီယွင်ကျန်းက ပြုံးလိုက်ပြီး ပြောလေသည်။

"သူတို့က ငါတို့နဲ့ အတူတူ လက်တွဲချင်ကြမှာ မဟုတ်ဘူးလို့ ငါမျှော်လင့်ထားပေမယ့်... မင်း သူနဲ့ ညနက်အချိန်ကြီး ရေကန်မှာ သီးသန့်တွေ့ဆုံမယ် လို့တော့ ငါမမျှော်လင့်ထားဘူး"

ထိုစကားကိုကြားသောအခါ ကုဖေးတိက မျက်ခုံးပင့်လိုက်ပြီး ပြန်လည်နောက်ပြောင်လိုက်သည်။

"မင်းပြောပုံအရဆို သူက ပြုစားတတ်တဲ့ မိန်းမလှလေးလို ဖြစ်မနေဘူးလား"

ရွှီယွင်ကျန်းက ရယ်မောပြီး ခေါင်းယမ်းလိုက်သည်။

"ဟာသပဲ"

ခေတ္တနားပြီးနောက် ကုဖေးတိက ဆိုလေသည်။

"မိစ္ဆာဂိုဏ်းက ဝူကျားကျိုက်က လူတွေကို ရေကန်ဘေးမှာ သတ်ပစ်လိုက်တယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး လျှို့ဝှက်ထားတဲ့ အကြောင်းပြချက်တွေ ရှိကောင်းရှိနိုင်တယ်"

ရွှီယွင်ကျန်းက မေးလေ၏။

"မနေ့ညက မင်းသူနဲ့စကားပြောခဲ့တာလား?"

ကုဖေးတိက ဘာမှပြန်မပြောသောကြောင့် ရွှီယွင်ကျန်းက သူဝန်ခံလိုက်သည်ဟု ယူဆလိုက်လေသည်။

"သူရဲ့ သဘောသဘာဝက မဆိုးပေမယ့် သူ့ရဲ့ တည်ရှိမှုကတော့..."

ရွှီယွင်ကျန်းက ဆက်ပြောလိုက်သည်။

"မင်းနဲ့ငါနှစ်ယောက်စလုံးမှာ တာဝန်ကိုယ်စီရှိတယ်။
မင်းရဲ့ စိတ်ခံစားမှုကြောင့်နဲ့ ကိစ္စအသေးအမွှား လေးတွေကနေ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ မရနိုင်လောက်ဘူးလို့ ငါယုံကြည်ပါတယ်"

ကုဖေးတိက မျက်လွှာချလိုက်ပြီး မြင်းဇက်ကြိုးကို ကိုင်ထားသည့် သူ့လက်ကို ကြည့်လိုက်သည်။

မာကျောသော သားရေလက်ပတ်သည် သူ၏‌နောက်ဘက် လက်တစ်ခြမ်းကို ဖုံးအုပ်ထားသည်။ သူ၏အသားအရေသည် ကျန်းမာသန်စွမ်းပြီး အသန်မာဆုံးသော စိတ်ဓာတ်ကို ပေါ်လွင်စေသည်။

လေးနာရီကြာအောင် ခရီးထွက်ပြီးနောက် သူတို့သည် ကျောက်တုံးထူထပ်သော နေရာတစ်ခုသို့ ရောက်ရှိလာကြပြီး ၎င်းတို့၏ရှေ့၌ ဖုန်မှုန့်များ ထူထပ်နေသည် ရုတ်တရက် သတိပြုမိလိုက်ကြသည်။ အဖွဲ့ပေါင်းများစွာ တိုက်ပွဲဝင်နေပုံ ရလေသည်။

လူအုပ်ထဲရှိ သွက်လက်ကြော့ရှင်းသော အနီရောင်ပုံရိပ်သည် အလွန်ပင် အာရုံများကို ဖမ်းစားနေလေ၏။ သူသည် ရန်သူသုံးယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နေရသော်လည်း အားနည်းချက် လုံးဝမရှိပေ။ သူ၏ လှုပ်ရှားမှုတိုင်းနှင့် ရိုက်ချက်တိုင်းသည် ကြောင်တစ်ကောင်က သူ၏ ကစားစရာနှင့် ဆော့ကစားနေသည်နှင့်ပင် တူလေသည်။ သူသည် ထိုဝိုင်းရံမှုအား ဖောက်ထွက်နိုင်သော်လည်း ထိုသို့ မလုပ်ခဲ့ပေ။ ကြည့်ရသည်မှာ သူသည် တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦးကို စောင့်မျှော်နေပုံရပေသည်။

ကုဖေးတိသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မြင်းကို ရှေ့သို့နှင်လိုက်သည်။

သို့သော် ရွှီယွင်ကျန်းက သူ့ကို ပိတ်ဆို့လိုက်လေ၏။

"မင်းကဘယ်သူ့ကို ကူညီမှာလဲ"

ကုဖေးတိက နှုတ်ဆိတ်နေလေသည်။

ရွှီယွင်ကျန်းက ဆက်ပြောလိုက်သည်။

"ဝူကျန်းမန်၊ ထုန်းယွင်ဘုရားကျောင်းနဲ့ ရွှမ်ကျီးဘုရားကျောင်းတွေက သိုင်းပညာ အသိုင်းအဝန်းမှာ နာမည်ကောင်းရှိကြတယ်။ စုယန်ကို ကူညီချင်တယ်ဆိုရင် မင်းသူတို့နဲ့ ရင်ဆိုင်ရလိမ့်မယ်။ ဘေးကအရင်စောင့်ကြည့်တာ ပိုကောင်းလိမ့်မယ်နော်"

ကုဖေးတိက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ပြောလေသည်။

"သဘာဝအတိုင်း ငါက အလယ်ပိုင်းလွင်ပြင် သိုင်းပညာအသိုင်းအဝိုင်းကို ကူညီချင်တာပါ"

ထိုအချိန်တွင် စုယန်သည် မည်သူ့ကိုမျှ မထိခိုက်စေဘဲ အချိန်ပိုကြာကြာတိုက်ရန် ကြိုးစားရင်း သူ့ကို ဝိုင်းထားသည့် လူသုံးယောက်နှင့် ရုန်းကန်နေရသည်။

ဤသည်မှာ သူသွားရာလမ်းတစ်လျှောက် ပထမဆုံး ကြုံတွေ့ရသည့် ရန်သူများမဟုတ်ပေ။

စောစောက တွေ့ကြုံခဲ့ရသော ဂိုဏ်းများသည် ကြီးမားခြင်းမရှိသလို မိစ္ဆာဂိုဏ်းကို ရန်စရဲသူ များဟာလည်း လူအရေအတွက် သာလွန်နေခြင်းကြောင့် ဖြစ်သည်။ စုယန်သည် လမ်းခရီးတွင် နှောင့်နှေးရန် စီစဉ်ထားပြီး သူ၏အဓိကရည်မှန်းချက်မှာ ကုဖေးတိတို့အဖွဲ့နှင့်အတူ ကွဲအက်ချိုင့်ဝှမ်းသို့ အတူတကွရောက်ရှိနိုင်ရန်ဖြစ်သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ငြင်းဆိုရန် မလွယ်ကူသော ပြိုင်ဘက်အုပ်စုနှင့် ကြုံတွေ့ခဲ့ရလေသည်။

မေ့ရှစ်စန်း၏ ပြောကြားချက်အရ ဤတစ်ကြိမ်တွင် ၎င်းတို့သည် လက်တွဲထားသော ထုန်းယွင် ဘုရားကျောင်းနှင့် ရွှမ်ကျီးဘုရားကျောင်းတို့ ဖြစ်ပြီး ထန်းယွင်စံအိမ်နှင့် ချန်ဖုန်းတောင်ပေါ်ရွာပြီးရင် ဒုတိယနေရာမှဖြစ်သည်။ သတင်းကောင်းမှာ ကောလဟာဟများ ဖြန့်ဝေသည့် ဝူကျန်းမန်ပင် ပါလာသေးသည်။ ကံကောင်းထောက်မစွာ ၎င်းတို့ထဲ၌ အကြီးအကဲများမပါရှိဘဲ ခန်းမသခင်များ၊ အဆင့်မြင့် အကြံပေးများနှင့် အစောင့်အကြပ်များသာ ဖြစ်သည်။ သူတို့နှင့် ရင်ဆိုင်ရသည်မှာ သိပ်မခက်ခဲပါချေ။

စုယန်သည် မည်သူ့ကိုမှ မသတ်ချင်သောကြောင့် သူ့အရည်အချင်း အပြည့်အဝကို ထုတ်ပြခွင့်မရပေ။

ထိုအချိန်တွင် တိုက်ပွဲအတွင်းမှလူများသည် အဝေးမှ ချဉ်းကပ်လာသော မြင်းခွာသံများကို သတိပြုမိလိုက်ကြလေ၏။

အဖြူဝတ်ထားသော ကုဖေးတိသည် ပြေးဝင်လာပြီး သူ့ဓားကိုဆွဲထုတ်ကာ စုယန်ဆီသို့ ဦးတည် သွားလိုက်သည်။ ကုဖေးတိ တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်နှင့် စုယန်သည် သူ့အား ဝိုင်းထားသော လူသုံးယောက်ကို ဘေးသို့ တိုက်ထုတ်လိုက်လေသည်။

စုယန်သည် ကုဖေးတိ၏ ထိုးနှက်ချက်ကို ပိတ်ပင်တားဆီးထားရသော်လည်း သူ၏ မျက်လုံးများသည် အမှန်တကယ်ပင် တောက်ပနေပေ၏။

နောက်ဆုံးတော့ မင်းရောက်လာပြီပဲ.. ဒီသခင်ငယ်က မင်းကိုစောင့်နေတာ ကြာလှပြီ!

_ 25.3.22

Thanks for reading ❣️

Zawgyi

အခန္း-၃၅ ေကာလဟာလေတြကို ဘယ္သူေတြ ျဖန႔္ေနတာလဲ?

[သိုင္းေလာကသည္ က်ယ္ေျပာလွၿပီး ငွက္မ်ိဳးစုံလည္း ရွိေပ၏။]

ထူးဆန္းသည္မွာ ကုေဖးတိႏွင့္တိုက္ခိုက္ၿပီး စခန္းသို႔ ျပန္လာၿပီးေနာက္ စုယန္သည္ အိပ္မေပ်ာ္ျခင္း မရွိေတာ့ဘဲ ေစာင္ႏွင့္ထုပ္ကာ မၾကာမီ အိပ္ေပ်ာ္သြားခဲ့သည္။

သူ မ်က္လုံးျပန္ဖြင့္လိုက္ေသာအခါ ေနာက္တစ္ေန႕ မနက္သို႔ ေရာက္ရွိေနၿပီျဖစ္ၿပီး ေမ့ရွစ္စန္းက သူ႕ပုခုံးကို ညင္သာစြာပုတ္ၿပီး ႏွိုးေနေလသည္။

စုယန္ မ်က္လုံးဖြင့္လာသည္ကို ျမင္ေသာအခါ ေမ့ရွစ္စန္းက ေလးေလးစားစားႏွင့္ ေျပာ၏။

"သခင္ငယ္ေလး.. ထြက္သြားဖို႔အခ်ိန္ေရာက္ၿပီ"

စုယန္ႏွင့္ သူ၏အဖြဲ႕သည္ ျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့ၾကၿပီး ေျမျပင္အေနအထားႏွင့္ ရင္းႏွီးေသာ အႀကီးအကဲႏွစ္ဦး သို႔မဟုတ္ သုံးဦးတို႔သည္ ေျမရိုင္းလြင္ျပင္ရွိ ကြဲအက္ခ်ိဳင့္ဝွမ္း ေျမပုံကို ေခါင္းခ်င္းဆိုင္၍ ေလ့လာေနၾကသည္။ မေန႕က အျဖစ္အပ်က္က လူတိုင္းအေပၚ သက္ေရာက္မႈမရွိသည္ကို ျမင္လိုက္ရေသာအခါ စုယန္ စိတ္ၾကည္လင္လာၿပီး ေရခ်ိဳးရန္ ေရကန္သို႔ သြားလိုက္သည္။

ေရကန္၏တစ္ဖက္ျခမ္းရွိ ထန္းယြင္စံအိမ္မွ လူတိုင္း သည္လည္း အသီးသီး နိုးထလာၾကၿပီျဖစ္သည္။ ၎တို႔သည္ အဖြဲ႕ငယ္မ်ားဖြဲ႕ကာ အတူတကြ ေဆြး‌ေႏြးလုပ္ကိုင္ေနၾကၿပီး အိုေအစစ္တဝိုက္၌ ဓားပညာရွိဂူသခၤ်ိဳင္းအား ရွာေဖြလိုပုံရ၏။

ထိုလူမ်ားသည္ ဇာတ္လမ္းဇာတ္ေၾကာင္းကို မသိရွိ ထားေသာေၾကာင့္ ဓားပညာရွိဂူသခၤ်ိဳင္းသည္ အိုေအစစ္ တစ္ဝိုက္၌ ရွိလိမ့္မည္ဟု ေတြးထင္ေနသည္မွာ သာမန္ပင္ျဖစ္သည္။

စုယန္သည္ ႐ႊံ႕ငယ္အိမ္၏ ဆန႔္က်င္ဘက္ဆီသို႔ အလ်င္အျမန္ လွမ္းၾကည့္လိုက္ရာ သြယ္လ်လွပ‌ေသာ မိန္းကေလး တစ္ဦးသည္ သူ႕အားေက်ာေပးကာ ျမင္းေဇာင္းရွိ ျမင္းမ်ားအား အစာေကြၽးေနသည္ကို ျမင္လိုက္ရသည္။

စုယန္က ေတြးလိုက္၏။

အလယ္ပိုင္းလြင္ျပင္မွာ ေဟာ္မုန္းေတြေသာက္တာက ေရပန္းမစားဘူးလို႔ ထင္ခဲ့တာ။ ကုေဖးတိတင္ ျမန္ျမန္ ထြားလာတာမဟုတ္ဘူး.. ဖူလင္းယြင္ကပါ လအနည္းငယ္အတြင္း အေတာ္ေလး အရပ္ရွည္လာတာပဲ!

ထိုအခ်ိန္တြင္ ႐ႊီယြင္က်န္းသည္ ႐ႊံ႕ငယ္အိမ္မွ ထြက္လာၿပီး ျမင္းေဇာင္းဆီသို႔ ေလွ်ာက္လာကာ ထိုမိန္းကေလးအား စကားအနည္းငယ္ေျပာလိုက္သည္။ ထို႔ေနာက္ သူက ႏူးညံ့စြာၿပဳံးလိုက္ၿပီး လက္ကို ျမႇောက္ကာ သူမပုခုံးနားက ဆံပင္အခ်ိဳ႕ကို သပ္ေပးလိုက္၏။

စုယန္: !!!

ေနပါအုံး။ ႐ႊီယြင္က်န္း မင္းရဲ႕အျပဳအမူက ဘာသေဘာလဲ?

ဖူလင္းယြင္က မင္းရဲ႕ ဝမ္းကြဲညီမေလးေလ... မဟုတ္‌ေသးဘူး.. ဒီေရွးေခတ္မွာ အဲဒါက အေရးမႀကီးေပမယ့္... ဖူလင္းယြင္က မင္းသူငယ္ခ်င္းရဲ႕ အနာဂတ္ဇနီးသည္ေလ။

ဒါ့အျပင္ မင္းခ်စ္ျမတ္နိုးရမယ့္ ခ်စ္စဖြယ္ေကာင္းတဲ့ မိန္းကေလးယင္းကို အနာဂတ္မွာ ေတြ႕ရလိမ့္မယ္ေလ။

အခု မင္းရဲ႕ ျပႆနာကဘာလဲ?

႐ႊီယြင္က်န္းသည္ ျမင္းေဇာင္းထဲက အမ်ိဳးသမီးႏွင့္ တစ္ခဏမွ် စကားစျမည္ေျပာၿပီးေနာက္ သူမလက္ကိုဆြဲကာ အိမ္ထဲသို႔ ဝင္သြားေလသည္။

ေရကန္ရဲ႕တစ္ဖက္ကမ္းမွာေတာ့ စုယန္သည္ ​​နံနက္ေစာေစာအခ်ိန္၌ ႐ူးသြပ္ေနေလၿပီ။

သူကေတြးလိုက္၏။ စာေပစိစစ္ေရးကို ေက်ာ္ျဖတ္နိုင္ဖို႔ အတြက္ ဖ်က္ၿပီးျပန္ျပဳျပင္ထားတဲ့ ဇာတ္‌ကြက္ေတြ အမ်ားႀကီး ရွိေနပုံရတယ္။ ဖူလင္းယြင္နဲ႕ ႐ႊီယြင္က်န္းတို႔ရဲ႕ ဝမ္းကြဲ-အခ်စ္ ဆက္ဆံေရးကိုလည္း ဖ်က္ပစ္ထားတာမ်ားလား?

ဇာတ္လမ္းဇာတ္ကြက္သည္ ကုေဖးတိႏွင့္ ဖူလင္းယြင္တို႔အား ဓားပညာရွိဂူသခၤ်ိဳင္းထဲ၌ ႏွစ္ေယာက္တည္းရွိေစရန္ စီစဥ္ခဲ့သည္မွာ အံ့ၾသစရာမဟုတ္ေပ။ ၎မွာ သူတို႔ႏွစ္ေယာက္အတြက္ အခြင့္အလမ္း ဖန္တီးေပးလိုက္ျခင္းပင္ ျဖစ္သည္။

စုယန္သည္ သူ၏တာဝန္မွာ ပို၍အေရးပါသည္ဟု ခံစားမိလိုက္၏။

အကယ္၍ ကုေဖးတိႏွင့္ ဖူလင္းယြင္တို႔သာ ေခ်ာက္ကမ္းပါးေအာက္သို႔ အတူတူမဆင္းနိုင္ခဲ့ပါက ဖူလင္းယြင္သည္ ႐ႊီယြင္က်န္းဆီ ပါသြားမည္ၿပီး ဇာတ္လမ္း၏ ဇာတ္ေဆာင္ မင္းသမီးလည္း ေပ်ာက္ကြယ္သြားေပလိမ့္မည္!

အကယ္၍ ဇာတ္ေဆာင္မင္းသမီး မရွိေတာ့ပါက ကုေဖးတိသည္ မိစာၦဂိုဏ္း၏ တားျမစ္နယ္ေျမ၌ အဖမ္းခံရမည့္ဇာတ္ကြက္က မည္သို႔ျဖစ္သြားမည္နည္း? ဇာတ္ကြက္က လုံးလုံးလ်ားလ်ား ၿပိဳပ်က္သြားလိမ့္မည္ ျဖစ္ေပသည္။

စုယန္သည္ လက္သီးမ်ားကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ထားၿပီး မိစာၦဂိုဏ္း၏စခန္းသို႔ အျမန္ျပန္သြားခဲ့သည္။

သူက ေမ့ရွစ္စန္းကို ေခၚၿပီး မွာၾကားလိုက္သည္။

"ဒီမွာေနခဲ့ဖို႔ လူႏွစ္ေယာက္ကိုေ႐ြးၿပီး အႀကံအစည္တစ္ခုကို အျမန္ဆုံးေရးဆြဲလိုက္.. ဘယ္နည္းနဲ႕ျဖစ္ျဖစ္ ကုေဖးတိနဲ႕ တျခားလူေတြကို ကြဲအက္ခ်ိဳင့္ဝွမ္းဆီ ဦးေဆာင္ေခၚသြားရမယ္"

ေမ့ရွစ္စန္းက ရႈပ္ေထြးသြားရသည္။

"ဒါေပမယ့္.. သခင္ငယ္ေလးရဲ႕ ေျပာစကားအရ ဓားပညာရွိဂူသခၤ်ိဳင္းက အဲဒီေနရာမွာ ရွိေနနိုင္တယ္။ ဘာျဖစ္လို႔ ကုေဖးတိကို ဦးေဆာင္ေခၚသြားခ်င္ရတာလဲ။
သူ႕ကို ကြၽန္ေတာ္တို႔လက္ေအာက္က အေမြအႏွစ္ကို လုယူနိုင္ဖို႔ အခြင့္အေရးေပးလိုက္သလို ျဖစ္မသြားဘူးလား"

စုယန္ ခဏတာ စဥ္းစားလိုက္ေသာ္လည္း အေၾကာင္း ျပခ်က္ေကာင္းကို ရွာမ‌ေတြ႕နိုင္ေခ်။

"ထုံးစံအတိုင္း ငါ့မွာ အစီအစဥ္တစ္ခုရွိတယ္။ အတိုခ်ဳပ္ ေျပာရရင္ မင္းလုပ္ရမွာက ငါ့အမိန႔္ကို လိုက္နာဖို႔ပဲ"

ေမ့ရွစ္စန္းက ခဏတာ ႏႈတ္ဆိတ္ေနၿပီးေနာက္ ျပန္ေျဖေလသည္။

"ဟုတ္ကဲ့ပါ သခင္ငယ္"

မိစာၦဂိုဏ္းအဖြဲ႕သည္ လ်င္ျမန္စြာစု႐ုံးခဲ့ၾကၿပီး စခန္းကိုေစာင့္ရန္ ပန္းလက္ေထာက္ႏွစ္ဦးကို ထားခဲ့သည္။ အျခားသူမ်ားသည္ မိုးမခ႐ြက္ေရကန္ အိုေအစစ္မွ ထြက္ခြာလာၾကၿပီး အဲ့ေလာ့ေကြးဂို‌ဏ္း၏ ေျမာက္ဘက္ျခမ္းသို႔ ဆက္သြားၾကေလသည္။

ေျမရိုင္းလြင္ျပင္ ေျမေနရာႏွင့္ရင္းႏွီးေသာ ပန္းလက္ေထာက္ တစ္ဦးက စုယန္ေျပာေသာ 'ကြဲအက္ခ်ိဳင့္ဝွမ္း' သည္ အဲ့ေလာ့ေကြး၏နယ္နိမိတ္ႏွင့္ နီးစပ္သည္ဟု ဆိုေလသည္။

အဲ့ေလာ့ေကြး၏နယ္ေျမသည္ မိစာၦဂိုဏ္းထက္ ပိုေဝးေသာ အေနာက္ေျမာက္ဘက္တြင္ တည္ရွိသည္။ ၎တို႔သည္ သိုင္းေလာက၌ ၾသဇာလႊမ္းမိုးမႈ သိပ္မရွိေသာ္လည္း နယ္ခ်ဲ့တရား႐ုံးကို ဆန႔္က်င္ေသာသူမ်ား ျဖစ္ၾကသည္။ သူတို႔၏ နယ္ေျမသည္ ေျမာက္ဘက္ေရခဲျပင္ႏွင့္ နီးကပ္လုနီးပါးရွိ၏။

ဒ႑ာရီအရ အဲ့ေလာ့ေကြးဂိုဏ္း၏ သူရဲေကာင္း မ်ားသည္ လွ်ို႔ဝွက္ၾကၿပီး သတင္းေပးပို႔ရန္အတြက္ လက္ဝါးအ႐ြယ္ရွိေသာ အျဖဴအမည္း ဇီးကြက္မ်ားကို အထူးအသုံးျပဳၾကသည္။ ေန႕ခင္းဘက္တြင္ ၎တို႔သည္ ႏွင္းထဲတြင္ ပုန္းေအာင္းနိုင္သည့္ တေစၦဇီးကြက္ျဖဴ မ်ားကို အသုံးျပဳၾကၿပီး ညဘက္တြင္မူ အေမွာင္ထဲ၌ သတိမျပဳမိေစရန္ အနက္ေရာင္ တေစၦဇီးကြက္မ်ားကို အသုံးျပဳၾကသည္။

ပန္းလက္ေထာက္ ထိုအေၾကာင္းေျပာသည္ကို ၾကားသည္ႏွင့္ စုယန္၏စိတ္ထဲ၌ ပထမဆုံး ျဖစ္ေပၚလာသည့္ အေတြးမွာ ေဆးတံဆိပ္တစ္ခု၏ စာသားျဖစ္ေသာ 'ေန႕ခင္းဘက္ မငိုက္မ်ဥ္းေစဖို႔ အျဖဴေရာင္ေဆးျပားကို ေသာက္ပါ.. ညဘက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစဖို႔ အနက္ေရာင္ ေဆးျပားကို ေသာက္ပါ' ဟူ၍ျဖစ္သည္။

ဤကမာၻသည္ အမွန္ပင္ စိတ္ကူးယဥ္ဆန္သည့္ ကမာၻတစ္ခုျဖစ္ေပသည္။ သိုင္းေလာကသည္ အလြန္က်ယ္ေျပာလွၿပီး ငွက္မ်ိဳးစုံလည္း ရွိေပ၏။

သို႔ေသာ္ စုယန္သည္ အျဖဴအမည္း တေစၦဇီးကြက္ အေၾကာင္းကို နားမလည္နိုင္ဘဲ လက္ေတြ႕တြင္ မျဖစ္နိုင္ဟု သူ႕စိတ္ထဲ၌ ညည္းၫူေနခ်ိန္တြင္ ဤထူးဆန္းေသာငွက္သည္ သတင္းအခ်က္အလက္ တစ္ခုကို လ်င္ျမန္စြာ ျဖန႔္က်က္ေနၿပီျဖစ္သည္။

ဓားပညာရွိခ်န္ထားခဲ့သည့္ အေမြအႏွစ္မွာ အလယ္ပိုင္း လြင္ျပင္ အသိုင္းအဝိုင္းရွိ အင္အားစုအားလုံး ငမ္းငမ္းတက္ လိုခ်င္ေနသည့္အရာပင္ ျဖစ္သည္။ သို႔ေသာ္ သူတို႔ ေၾကာက္႐ြံ႕သည္မွာ ဝူလင္မဟာမိတ္ ေခါင္းေဆာင္ ကုေယာင္ဟိုင္၏ ထန္းယြင္စံအိမ္ႏွင့္ ခ်န္ဖုန္းေတာင္ေပၚ႐ြာတို႔ လက္တြဲ ပါဝင္လာျခင္းပင္ ျဖစ္သည္။ ဤရွာေဖြေရးတြင္ ဤမွ် ႀကီးမားေသာ အင္အားစုတစ္ခု ပါဝင္သျဖင့္ ေသးငယ္ေသာ ဂိုဏ္းမ်ားအေနႏွင့္ အျမတ္မစြန္းရရန္မွာ အလြန္ပင္ ခက္ခဲသြားေလသည္။ ၎တို႔သည္ သူတို႔၏ အဆင့္အတန္းကို အသုံးျပဳၿပီး ဂိုဏ္းငယ္မ်ားထံမွ သတင္းအခ်က္အလက္မ်ား ႏွိုက္မည္ျဖစ္ၿပီး ဓားပညာရွိ၏အေမြအႏွစ္ကိုပင္ လက္လႊဲေပးရန္ အမိန႔္ေပးခိုင္း‌ေစနိုင္သည္။

သို႔ရာတြင္ အမည္မသိ ျဖန႔္ေဝခဲ့သည့္ ဤသတင္းသည္ ဂိုဏ္းငယ္မ်ား၏ ဆိုး႐ြားလွေသာအေျခအေနကို ေျဖရွင္းေပးခဲ့ေလသည္။

"ဘာ? ထန္းယြင္စံအိမ္က ကုသခင္ေလးနဲ႕ မိစာၦဂိုဏ္းက သခင္ငယ္တို႔က ညဘက္ မိုးမခ႐ြက္ေရကန္ ကမ္းနားမွာ သီးသန႔္ေတြ႕ဆုံခဲ့ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စကားစျမည္ ေျပာခဲ့ၾကတယ္ ဟုတ္လား?"

"သူတို႔ႏွစ္​​ေယာက္​က ေက်ာက္စိမ္းအိမ္ေတာ္ထဲကို အတူတူ​ဝင္ခဲ့တယ္​လို႔ ၾကားတယ္။ ရလဒ္ကို က်ဳပ္မွန္းဆၾကည့္လို႔ ရတယ္။ ေခါင္းေဆာင္ကုနဲ႕ မိစာၦဂိုဏ္းခ်ဳပ္တို႔ ငယ္စဥ္ကလိုပဲ.. အဲ့ဒီႏွစ္​​ေတြမွာ သူတို႔ေတြ ေတာ္ေတာ္ဒုကၡေပးခဲ့ၾကတယ္.."

"ရႉး.. အဲဒီအေၾကာင္းကို ထပ္မေျပာနဲ႕။ သတိထား.."

"ဒါဆို သမိုင္းက တေၾကာ့ျပန္လာတာပဲ.. ထန္းယြင္စံအိမ္နဲ႕ မိစာၦဂိုဏ္းက ထပ္ၿပီး ပတ္သက္ေနၾကျပန္တာလား?"

"ငါတို႔ေတြ ထန္းယြင္စံအိမ္ရဲ႕ သခင္ေလးကို မနာခံသင့္ေတာ့ဘူးလို႔ ထင္တယ္!"

"အမွန္ပဲ.. လူငယ္ေတြရဲ႕ အေတြးေတြကို အတိအက်သိဖို႔က ခက္ခဲ့တယ္။ သူကို မိစာၦဂိုဏ္းက လွည့္စားရင္ က်ဳပ္တို႔လည္း အႏၲရာယ္ျဖစ္မွာပဲ!"

"အဲဒါေၾကာင့္ က်ဳပ္တို႔အားလုံး စည္းလုံးရမယ္.. ဒါမွ သူတို႔ ႏွစ္ေယာက္နဲ႕ ယွဥ္ၿပိဳင္နိုင္မွာ..."

ဤသတင္းသည္ ဂိုဏ္းငယ္အားလုံး၏ လိုအပ္ခ်က္မ်ားႏွင့္ ကိုက္ညီေသာေၾကာင့္ အလြန္လ်င္ျမန္စြာ ပ်ံ့ႏွံ႕သြားေလသည္။ တစ္ရက္အတြင္း 'ငယ္႐ြယ္သူမ်ားအတြက္ မ‌သင့္ေတာ္'ဟူေသာ ေကာက္ခ်က္အသစ္မ်ား အပါအဝင္ ၎သည္ ေျမရိုင္းလြင္ျပင္ ေနရာအႏွံ႕ မေရမတြက္နိုင္ေသာ ပုံစံအမ်ိဳးမ်ိဳးျဖင့္ ပ်ံ့ႏွံ႕သြားခဲ့သည္။

"လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က ေက်ာက္စိမ္းအိမ္ေတာ္ရဲ႕ လူေ႐ြးပြဲမွာ မိစာၦဂိုဏ္းရဲ႕ နတ္ဆိုးက်င့္ႀကံသူက ထန္းယြင္စံအိမ္က စံအိမ္သခင္ေလးကို ပေရာ္ပရည္ လုပ္ခဲ့တယ္တဲ့!"

"လြန္ခဲ့တဲ့ ႏွစ္လေလာက္က မိစာၦဂိုဏ္းက ဖမ္းဆီး ေခၚေဆာင္သြားတဲ့ လူငယ္ဆယ့္ႏွစ္ေယာက္ကို ႐ုတ္တရက္ ျပန္လႊတ္ေပးလိုက္တယ္လို႔ ၾကားတယ္။ မိစာၦဂိုဏ္းရဲ႕နတ္ဆိုးက်င့္ႀကံသူက စံအိမ္သခင္ေလး ဆီက မ်က္ႏွာသာရဖို႔ သူ႕ရဲ႕ေမာင္းမေဆာင္ကို ျဖဳတ္ပစ္လိုက္တာျဖစ္ရမယ္!"

"လြန္ခဲ့တဲ့ႏွစ္ရက္က စုယန္က လူငယ္သူရဲေကာင္းကုနဲ႕ တိုက္ခိုက္ခဲ့တယ္လို႔ၾကားတယ္။ ဒါေပမယ့္ လူငယ္ သူရဲေကာင္းကုက ျပန္မတိုက္တဲ့အျပင္ အဆုံးမွာ စုယန္ဆီလာေနတဲ့ ျမႇားတစ္စင္းကို တားဆီးေပးခဲ့ၿပီး သူ႕ကို လြတ္ေျမာက္ေစခဲ့တယ္တဲ့!"

ထုံးစံအတိုင္း ဤအတင္းအဖ်င္းမ်ားကို ကုေဖးတိႏွင့္ စုယန္ေရွ႕၌ မည္သူမွ် မေျပာဝံ့ၾကေသာ္လည္း ထန္းယြင္ စံအိမ္ႏွင့္ မိစာၦဂိုဏ္းတြင္ သတင္းအခ်က္အလက္မ်ား ရယူနိုင္သည့္ ကိုယ္ပိုင္နည္းလမ္းမ်ား ရွိေပသည္။
သည္လိုႏွင့္ စုယန္ႏွင့္ ကုေဖးတိတို႔ ႏွစ္ဦးစလုံးသည္ ေနာက္တစ္ေန႕တြင္ မတူညီေသာ အရင္းအျမစ္မ်ားမွ အတင္းအဖ်င္းအမ်ိဳးမ်ိဳးကို သိရွိလိုက္ၾကရသည္။

ဖူး..

ေရေသာက္ေနေသာစုယန္သည္ ေဒါသထြက္သြားၿပီး သူ႕ဆီ သတင္းပို႔လာေသာ ပန္းလက္ေထာက္၏ မ်က္ႏွာေပၚသို႔ ေရမ်ား ေထြးထုတ္မိလိုက္ေလသည္။

"ဘာ!" သူက အႀကိမ္အနည္းငယ္ ေခ်ာင္းဆိုးလိုက္ၿပီး အံႀကိတ္ကာ ေဒါသတႀကီးေမးလိုက္၏။

"ဒီသတင္းက ဘယ္လိုပ်ံ့သြားတာလဲ? ဘယ္သူက ဒီေကာလဟာလ‌ေတြကို ျဖန႔္ေနတာလဲ!?"

ပန္းလက္ေထာက္၏ မ်က္ႏွာသည္ ေရစက္မ်ားျဖင့္ စို႐ႊဲေနေသာ္လည္း သူက တည္ၿငိမ္စြာျဖင့္ တေလးတစား ျပန္ေျပာေလသည္။

"ဒီလက္ေအာက္ငယ္သားက စုံစမ္းၿပီးပါၿပီ။ သင္နဲ႕ လူငယ္သူရဲေကာင္းကုတို႔ ေတြ႕ဆုံမႈသတင္းရဲ႕ မူလ ရင္းျမစ္ကေတာ့ ဝူက်န္းမန္ကပါ။ က်န္တဲ့ ေကာလဟာလေတြကေတာ့ ဂိုဏ္းငယ္ေတြက မဟုတ္မမွန္ ေလွ်ာက္ျဖန႔္တာ ျဖစ္နိုင္ပါတယ္"

စုယန္က သူ႕မ်က္လုံးေတြကို ေမွးက်ဥ္းလိုက္ၿပီး ေရ႐ြတ္လိုက္သည္။

"ဝူက်န္းမန္?"

ပန္းလက္ေထာက္က ေခါင္းညိတ္ၿပီး ျပန္ေျဖ၏။

"ဟုတ္ပါတယ္.. ဝူက်န္းမန္က ဆယ္သြယ္ေရး ေကာင္းၿပီး သတင္းျဖန႔္ေဝရာမွာ အလြန္ လ်င္ျမန္ေၾကာင္း လူသိမ်ားပါတယ္။ ဒီတစ္ခါလည္း သူတို႔က အဲဒီသတင္းကို ေျမရိုင္းလြင္ျပင္အႏွံ႕ ျဖန႔္ခဲ့တာပါ"

ငလူး ဝူက်န္းမန္!

စုယန္သည္ သူ႕စိတ္ထဲတြင္ တိတ္တဆိတ္ က်ိန္ဆဲလိုက္သည္။

သူသည္ ဇာတ္လမ္းဇာတ္ေၾကာင္းကို ဂ႐ုတစိုက္ ဆက္သြားေနေသာ္လည္း ဤကဲ့သို႔ ရိုင္းစိုင္းေသာ စကားမ်ိဳးကို ထုတ္လႊတ္ေနရဆဲျဖစ္သည္။ ၎သည္ သူ၏ရွင္သန္မႈ လမ္ေၾကာင္းအာလုံးကို ရိုးရိုးရွင္းရွင္း ပိတ္ဆို႔ထားေလ၏။

ကုေဖးတိလည္း ဒီသတင္းရရွိခဲ့ၿပီး သူနဲ႕ဖူလင္းယြင္ၾကား ပိုၿပီး အလွမ္းေဝးသြားမယ္ဆိုရင္ေရာ? သူမက တကယ္ပဲ ႐ႊီယြင္က်န္းရဲ႕ရင္ခြင္ထဲ ေရာက္သြားမယ္ ဆိုရင္ေရာ?

လုံးဝ မျဖစ္နိုင္ဘူး။ ေျမရိုင္းလြင္ျပင္က ကြဲအက္ ခ်ိဳင့္ဝွမ္းကို ရွာေဖြဖို႔ အျမန္လုပ္ရမယ္။ ကုေဖးတိနဲ႕ ဖူလင္းယြင္တို႔ကို ႏွစ္ေယာက္တည္းအတူရွိေစၿပီး သူတို႔ရဲ႕ဆက္ဆံေရး တိုးတက္ေအာင္ ေခ်ာက္ကမ္းပါးေပၚက အျမန္ဆုံး ျပဳတ္က်ေစရမယ္!

ဒါ​နဲ႕... ဒီေကာလဟာလေတြကို ေခတ္ေနာက္က်တဲ့ ကုေဖးတိသာၾကားရင္ ဘယ္လို​အမူအရာမ်ိဳး​ျဖစ္​မယ္​ဆိုတာ သူတကယ္​ကို ေတြးၾကည့္လို႔မရေတာ့ဘူး။

ကုေဖးတိသည္ မည္သည့္အမူအရာမွမျပေပ။

သူက သတင္းလာေပးေသာ အေစာင့္ကို ေမာ့ၾကည့္လိုက္ၿပီး ဆိုေလ၏။

"ငါသိၿပီ.. မင္းသြားလို႔ရၿပီ"

အေစာင့္က အမိန႔္အတိုင္း ထြက္သြားေလသည္။

႐ႊီယြင္က်န္းသည္ ကုေဖးတိအား ရႈပ္ေထြးေသာ အမူအရာျဖင့္ ၾကည့္ကာ ေမးလိုက္၏။

"မင္း စိတ္မဆိုးဘူးလား?"

ကုေဖးတိက ျပန္ေျဖေလသည္။

"ေျဖာင့္မတ္ဂိုဏ္းကလူေတြက မီးထဲကို ေလာင္စာထပ္ထည့္ရတာ ႀကိဳက္ၾကတာပဲ။ ေနာက္ဆုံးမွာ သတင္းအမ်ားစုက အမွားေတြ ျဖစ္သြားလိမ့္မယ္။ ဒါကို ငါက လုံလုံေလာက္ေလာက္ မႀကဳံဖူးခဲ့လို႔လား"

႐ႊီယြင္က်န္းက ၿပဳံးလိုက္သည္။

"ငါမင္းကို ေမးတာက.. ​​ဝူက်န္းမန္က မင္းရဲ႕ လႈပ္ရွားမႈေတြကို တိတ္တဆိတ္ လွ်ို႔ဝွက္ ေထာက္လွမ္းေရး လုပ္ေနတာကို မင္းက စိတ္မဆိုးဘူးလားလို႔"

ကုေဖးတိသည္ တစ္ခဏမွ် ႏႈတ္ဆိတ္ေနၿပီး သူ႕မ်က္ႏွာ၍ မည္သည့္အရိပ္အေယာင္မွ မရွိေပ။

"ထန္းယြင္စံအိမ္နဲ႕ ခ်န္ဖုန္းေတာင္ေပၚ႐ြာတို႔က ဓားပညာရွိဂူသခၤ်ိဳင္း ရွာေဖြေရးမွာ ပါဝင္တာကို အစက ငါသေဘာမတူခဲ့ဘူး။ ဒါေပမယ့္ စံအိမ္မွာရွိတဲ့ လူတိုင္းက ငါ့ကို ဓားပညာရွိရဲ႕ အေမြအႏွစ္ကိုရဖို႔ ေမွ်ာ္လင့္ေနၾကတယ္။ ငါ့အေဖကလည္း ငါ့ကို သိုင္းေလာကထဲမွာ တတ္နိုင္သမွ် အျမန္ဆုံး ရပ္တည္နိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္ေလ.. ဒါေၾကာင့္ ငါ့မွာ ေ႐ြးခ်ယ္စရာ မရွိခဲ့ဘူး"

သူက ေခတၱရပ္ၿပီးေနာက္ ဆက္ေျပာလိုက္သည္။

"အဲဒီဂိုဏ္းငယ္ေတြက ငါတို႔က သူတို႔ဆီက လုယက္မွာကို စိုးရိမ္ေနၾကၿပီး ငါတို႔ကိုဆန႔္က်င္ဖို႔ တတ္နိုင္သမွ် အကုန္လုပ္မွာပဲ.. မင္းအေနနဲ႕ အမ်ားႀကီး ပိုေမွ်ာ္လင့္ထားသင့္တယ္"

႐ႊီယြင္က်န္းက ၿပဳံးလိုက္ၿပီး ေျပာေလသည္။

"သူတို႔က ငါတို႔နဲ႕ အတူတူ လက္တြဲခ်င္ၾကမွာ မဟုတ္ဘူးလို႔ ငါေမွ်ာ္လင့္ထားေပမယ့္... မင္း သူနဲ႕ ညနက္အခ်ိန္ႀကီး ေရကန္မွာ သီးသန႔္ေတြ႕ဆုံမယ္ လို႔ေတာ့ ငါမေမွ်ာ္လင့္ထားဘူး"

ထိုစကားကိုၾကားေသာအခါ ကုေဖးတိက မ်က္ခုံးပင့္လိုက္ၿပီး ျပန္လည္ေနာက္ေျပာင္လိုက္သည္။

"မင္းေျပာပုံအရဆို သူက ျပဳစားတတ္တဲ့ မိန္းမလွေလးလို ျဖစ္မေနဘူးလား"

႐ႊီယြင္က်န္းက ရယ္ေမာၿပီး ေခါင္းယမ္းလိုက္သည္။

"ဟာသပဲ"

ေခတၱနားၿပီးေနာက္ ကုေဖးတိက ဆိုေလသည္။

"မိစာၦဂိုဏ္းက ဝူက်ားက်ိဳက္က လူေတြကို ေရကန္ေဘးမွာ သတ္ပစ္လိုက္တယ္။ အဲဒီကိစၥနဲ႕ပတ္သတ္ၿပီး လွ်ို႔ဝွက္ထားတဲ့ အေၾကာင္းျပခ်က္ေတြ ရွိေကာင္းရွိနိုင္တယ္"

႐ႊီယြင္က်န္းက ေမးေလ၏။

"မေန႕ညက မင္းသူနဲ႕စကားေျပာခဲ့တာလား?"

ကုေဖးတိက ဘာမွျပန္မေျပာေသာေၾကာင့္ ႐ႊီယြင္က်န္းက သူဝန္ခံလိုက္သည္ဟု ယူဆလိုက္ေလသည္။

"သူရဲ႕ သေဘာသဘာဝက မဆိုးေပမယ့္ သူ႕ရဲ႕ တည္ရွိမႈကေတာ့..."

႐ႊီယြင္က်န္းက ဆက္ေျပာလိုက္သည္။

"မင္းနဲ႕ငါႏွစ္ေယာက္စလုံးမွာ တာဝန္ကိုယ္စီရွိတယ္။
မင္းရဲ႕ စိတ္ခံစားမႈေၾကာင့္နဲ႕ ကိစၥအေသးအမႊား ေလးေတြကေန ႀကီးမားတဲ့ ဆုံးရႈံးမႈေတြ မရနိုင္ေလာက္ဘူးလို႔ ငါယုံၾကည္ပါတယ္"

ကုေဖးတိက မ်က္လႊာခ်လိဳက္ၿပီး ျမင္းဇက္ႀကိဳးကို ကိုင္ထားသည့္ သူ႕လက္ကို ၾကည့္လိုက္သည္။

မာေက်ာေသာ သားေရလက္ပတ္သည္ သူ၏‌ေနာက္ဘက္ လက္တစ္ျခမ္းကို ဖုံးအုပ္ထားသည္။ သူ၏အသားအေရသည္ က်န္းမာသန္စြမ္းၿပီး အသန္မာဆုံးေသာ စိတ္ဓာတ္ကို ေပၚလြင္ေစသည္။

ေလးနာရီၾကာေအာင္ ခရီးထြက္ၿပီးေနာက္ သူတို႔သည္ ေက်ာက္တုံးထူထပ္ေသာ ေနရာတစ္ခုသို႔ ေရာက္ရွိလာၾကၿပီး ၎တို႔၏ေရွ႕၌ ဖုန္မႈန့္မ်ား ထူထပ္ေနသည္ ႐ုတ္တရက္ သတိျပဳမိလိုက္ၾကသည္။ အဖြဲ႕ေပါင္းမ်ားစြာ တိုက္ပြဲဝင္ေနပုံ ရေလသည္။

လူအုပ္ထဲရွိ သြက္လက္ေၾကာ့ရွင္းေသာ အနီေရာင္ပုံရိပ္သည္ အလြန္ပင္ အာ႐ုံမ်ားကို ဖမ္းစားေနေလ၏။ သူသည္ ရန္သူသုံးေယာက္ႏွင့္ ယွဥ္ၿပိဳင္တိုက္ခိုက္ေနရေသာ္လည္း အားနည္းခ်က္ လုံးဝမရွိေပ။ သူ၏ လႈပ္ရွားမႈတိုင္းႏွင့္ ရိုက္ခ်က္တိုင္းသည္ ေၾကာင္တစ္ေကာင္က သူ၏ ကစားစရာႏွင့္ ေဆာ့ကစားေနသည္ႏွင့္ပင္ တူေလသည္။ သူသည္ ထိုဝိုင္းရံမႈအား ေဖာက္ထြက္နိုင္ေသာ္လည္း ထိုသို႔ မလုပ္ခဲ့ေပ။ ၾကည့္ရသည္မွာ သူသည္ တစ္စုံတစ္ခု သို႔မဟုတ္ တစ္စုံတစ္ဦးကို ေစာင့္ေမွ်ာ္ေနပုံရေပသည္။

ကုေဖးတိသည္ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႕ျမင္းကို ေရွ႕သို႔ႏွင္လိုက္သည္။

သို႔ေသာ္ ႐ႊီယြင္က်န္းက သူ႕ကို ပိတ္ဆို႔လိုက္ေလ၏။

"မင္းကဘယ္သူ႕ကို ကူညီမွာလဲ"

ကုေဖးတိက ႏႈတ္ဆိတ္ေနေလသည္။

႐ႊီယြင္က်န္းက ဆက္ေျပာလိုက္သည္။

"ဝူက်န္းမန္၊ ထုန္းယြင္ဘုရားေက်ာင္းနဲ႕ ႐ြမ္က်ီးဘုရားေက်ာင္းေတြက သိုင္းပညာ အသိုင္းအဝန္းမွာ နာမည္ေကာင္းရွိၾကတယ္။ စုယန္ကို ကူညီခ်င္တယ္ဆိုရင္ မင္းသူတို႔နဲ႕ ရင္ဆိုင္ရလိမ့္မယ္။ ေဘးကအရင္ေစာင့္ၾကည့္တာ ပိုေကာင္းလိမ့္မယ္ေနာ္"

ကုေဖးတိက မ်က္လုံးမ်ားကို ေမွးက်ဥ္းလိုက္ၿပီး ေျပာေလသည္။

"သဘာဝအတိုင္း ငါက အလယ္ပိုင္းလြင္ျပင္ သိုင္းပညာအသိုင္းအဝိုင္းကို ကူညီခ်င္တာပါ"

ထိုအခ်ိန္တြင္ စုယန္သည္ မည္သူ႕ကိုမွ် မထိခိုက္ေစဘဲ အခ်ိန္ပိုၾကာၾကာတိုက္ရန္ ႀကိဳးစားရင္း သူ႕ကို ဝိုင္းထားသည့္ လူသုံးေယာက္ႏွင့္ ႐ုန္းကန္ေနရသည္။

ဤသည္မွာ သူသြားရာလမ္းတစ္ေလွ်ာက္ ပထမဆုံး ႀကဳံေတြ႕ရသည့္ ရန္သူမ်ားမဟုတ္ေပ။

ေစာေစာက ေတြ႕ႀကဳံခဲ့ရေသာ ဂိုဏ္းမ်ားသည္ ႀကီးမားျခင္းမရွိသလို မိစာၦဂိုဏ္းကို ရန္စရဲသူ မ်ားဟာလည္း လူအေရအတြက္ သာလြန္ေနျခင္းေၾကာင့္ ျဖစ္သည္။ စုယန္သည္ လမ္းခရီးတြင္ ေႏွာင့္ေႏွးရန္ စီစဥ္ထားၿပီး သူ၏အဓိကရည္မွန္းခ်က္မွာ ကုေဖးတိတို႔အဖြဲ႕ႏွင့္အတူ ကြဲအက္ခ်ိဳင့္ဝွမ္းသို႔ အတူတကြေရာက္ရွိနိုင္ရန္ျဖစ္သည္။

သို႔ေသာ္လည္း ယခုတစ္ႀကိမ္တြင္မူ ျငင္းဆိုရန္ မလြယ္ကူေသာ ၿပိဳင္ဘက္အုပ္စုႏွင့္ ႀကဳံေတြ႕ခဲ့ရေလသည္။

ေမ့ရွစ္စန္း၏ ေျပာၾကားခ်က္အရ ဤတစ္ႀကိမ္တြင္ ၎တို႔သည္ လက္တြဲထားေသာ ထုန္းယြင္ ဘုရားေက်ာင္းႏွင့္ ႐ြမ္က်ီးဘုရားေက်ာင္းတို႔ ျဖစ္ၿပီး ထန္းယြင္စံအိမ္ႏွင့္ ခ်န္ဖုန္းေတာင္ေပၚ႐ြာၿပီးရင္ ဒုတိယေနရာမွျဖစ္သည္။ သတင္းေကာင္းမွာ ေကာလဟာဟမ်ား ျဖန႔္ေဝသည့္ ဝူက်န္းမန္ပင္ ပါလာေသးသည္။ ကံေကာင္းေထာက္မစြာ ၎တို႔ထဲ၌ အႀကီးအကဲမ်ားမပါရွိဘဲ ခန္းမသခင္မ်ား၊ အဆင့္ျမင့္ အႀကံေပးမ်ားႏွင့္ အေစာင့္အၾကပ္မ်ားသာ ျဖစ္သည္။ သူတို႔ႏွင့္ ရင္ဆိုင္ရသည္မွာ သိပ္မခက္ခဲပါေခ်။

စုယန္သည္ မည္သူ႕ကိုမွ မသတ္ခ်င္ေသာေၾကာင့္ သူ႕အရည္အခ်င္း အျပည့္အဝကို ထုတ္ျပခြင့္မရေပ။

ထိုအခ်ိန္တြင္ တိုက္ပြဲအတြင္းမွလူမ်ားသည္ အေဝးမွ ခ်ဥ္းကပ္လာေသာ ျမင္းခြာသံမ်ားကို သတိျပဳမိလိုက္ၾကေလ၏။

အျဖဴဝတ္ထားေသာ ကုေဖးတိသည္ ေျပးဝင္လာၿပီး သူ႕ဓားကိုဆြဲထုတ္ကာ စုယန္ဆီသို႔ ဦးတည္ သြားလိုက္သည္။ ကုေဖးတိ တိုက္ပြဲထဲသို႔ ဝင္ေရာက္လာသည္ႏွင့္ စုယန္သည္ သူ႕အား ဝိုင္းထားေသာ လူသုံးေယာက္ကို ေဘးသို႔ တိုက္ထုတ္လိုက္ေလသည္။

စုယန္သည္ ကုေဖးတိ၏ ထိုးႏွက္ခ်က္ကို ပိတ္ပင္တားဆီးထားရေသာ္လည္း သူ၏ မ်က္လုံးမ်ားသည္ အမွန္တကယ္ပင္ ေတာက္ပေနေပ၏။

ေနာက္ဆုံးေတာ့ မင္းေရာက္လာၿပီပဲ.. ဒီသခင္ငယ္က မင္းကိုေစာင့္ေနတာ ၾကာလွၿပီ!

_ 25.3.22

Thanks for reading ❣️




Continue Reading

You'll Also Like

194K 16.3K 200
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
39.4K 4.5K 43
Angel မျက်နှာလေးနဲ့ Alphaဆန်သောပလေးဘွိုင်း(Shou ) Vs ဖြူစင်ရိုး‌သားပြီး အေးစက်သော (Gong) Author - Zhìchû ( 雉楚 ) Total - 94 Chapters+ 21 Extra {•Zho...
321K 32.7K 131
ဘာသာပြန်သူ - စွဲညို့အသင်း
109K 15.1K 57
Tittle: Heart Like Brilliant Words(心似耀言) Author: One Puffed Rice Cake (作者:一个米饼) English Translator: RoaminGoldfish (Lazy Girl Translation) Chapters:...