system 091

By TeeKo0

1.1M 122K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(3.16)

6.6K 777 32
By TeeKo0

Unicode

အကြီးအကဲတွေကလယ်ရိုနှင့်တစ်ခြားလူတိုင်းကိုအပြင်ဘက်သို့ခေါ်ထုတ်လာသည်။လယ်ရိုကတော့ထုံးစံအတိုင်းလင်းလက်တောက်ပနေတဲ့ကြယ်ပွင့်ကဲ့သို့လူတိုင်းရဲ့ဝန်းရံခြင်းခံနေရသည်။

ဂျိတ်ခ်ကလယ်ရိုကိုဂရုစိုက်ခြင်းမရှိပဲဖေးလစ်ကိုသာလူအုပ်ကြားထဲလိုက်ရှာနေခဲ့သည်။

၎င်းအရာအားလုံး၏အဓိကတရားခံဖြစ်သူရှောင်ကျန့်ဟာလူအုပ်ကြီးနှင့်မနီးမဝေးသစ်ပင်အမြင့်တစ်နေရာတွင်ရိုင်နယ်တေးနဲ့အတူထိုင်ရင်းလူအုပ်ကြီးကိုစောင့်ကြည့်နေသည်။

[Wow!!!!!host......
ဇာတ်လိုက်မကဒီလိုလုပ်သွားလိမ့်မယ်ဆိုတာဘယ်လိုသိတာလဲ]

'ဒီလိုပါပဲ.....ဇာတ်လိုက်မရဲ့စိတ်ဓာတ်ကအရာအားလုံးထက်သာချင်၊မြတ်ချင်တာလေ.....အဲ့ဒီအတွက်ဆိုသူမကလူတောင်သတ်နိုင်တယ်.....ဒီလိုအခွင့်အရေးတစ်ခုပေါ်လာတဲ့အခါသူမလက်မလွှတ်နိုင်တာမထူးဆန်းတော့ပါဘူး....'

ရိုင်နယ်တေးဟာအတွေးလွန်နေပုံရသည့်သူ့ဇနီးလေး၏သွယ်လျသည့်လည်တိုင်လေးကိုလျှာပြားကြီးဖြင့်ပွတ်ဆွဲရင်းလျက်လိုက်သည်။ရှောင်ကျန့်ဟာတ်ချက်လောက်တွန့်သွားရင်းသူ့ဝံပုလွေကြီးရဲ့ခေါင်းကိုအတင်းတွန်းထုတ်လိုက်သည်။

"ဘာဖြစ်လို့လဲ...."

"ကျွန်တော်သခင်ပြောသမျှနားထောင်တယ်လေ.....ကျွန်တော့်ကိုဆုမချချင်ဘူးလားဟင်..."

ရိုင်နယ်တေးကရှောင်ကျန့်ရဲ့သေးငယ်တဲ့ခါးလေးကိုပွေ့ဖက်လိုက်ရင်းသူ့ဇနီးလေးရဲ့ချစ်စဖွယ်နားသံသီးလေးကိုလျှာနှင့်လျက်ရင်းဆွဲစုပ်ယူလိုက်သည်။

"ကျွန်တော်သခင့်ကိုလုပ်ချင်တယ်"

မြေခွေးမျက်နှာဖုံးနောက်ရှိရှောင်ကျန့်ရဲ့မျက်နှာလေးမှာရဲရဲနီသွားသည်။

သူ့ချစ်သူဝံပုလွေကြီးကသောက်ရမ်းတွေထန်နေတာပဲ.....

ရှောင်ကျန့်ကဟွန့်ကနဲနှာမှုတ်လိုက်ရင်းသစ်ပင်ပေါ်မှခုန်ဆင်းလိုက်သည်။ရိုင်နယ်တေး၏ချောမောသည့်မျက်နှာကြီးမှာစိတ်ပျက်ဝမ်းနည်းသွားဟန်ပေါ်ပေါက်လာပြီးရှောင်ကျန့်ဘေးသို့ပေါ့ပါးစွာခုန်ချလိုက်သည်။မြေပြင်ထက်သို့ရောက်သည်နှင့်ရှောင်ကျန့်ကရိုင်နယ်တေး၏ချောမောသောမျက်နှာအားဝံပုလွေမျက်နှာဖုံးကိုပြန်လည်တပ်ဆင်ပေးသည်။

ထို့နောက်လေသံလေးဖြင့်ဆိုလာသည်။

"မြို့စားအိမ်တော်......."

"ဟမ်"

"အဲ့ကိုရောက်မှ"

"....."

ရိုင်နယ်တေးကခဏမျှအူကြောင်ကြောင်ဖြစ်သွားပေမယ့်ချက်ချင်းနားလည်သွားသည်။ရိုင်နယ်တေး၏ဘေးပတ်လည်တွင်ပန်းပေါင်းများစွာပွင့်လာလျက်ရှောင်ကျန့်နောက်ခွေးပေါက်ကြီးတစ်ကောင်ကဲ့သို့ပျော်ရွှင်စွာပြေးလိုက်သွားသည်။

"ဟေး.....ဂျိတ်ခ်"

ရှောင်ကျန့်ကလူအုပ်ထဲမသိမသာတိုးဝင်သွားရင်းဂျိတ်ခ်ကိုကျောနောက်ဘက်ကနေလှမ်းပုတ်လိုက်သည်။

"မင်းတကယ်ပဲဘယ်တွေရောက်နေတာလဲ"

ဂျိတ်ခ်ဟာရှောင်ကျန့်ကိုမြင်သည့်အခါမှသက်ပြင်းချလိုက်နိုင်သွားသည်။ရှောင်ကျန့်ကတော့ပုခုံးသာတွန့်ပြလိုက်ရင်းသူ့အနားရောက်လာသည့်ရိုင်နယ်တေး၏လက်ဖဝါးကြီးကိုသာဆုပ်ကိုင်လိုက်သည်။

၎င်းအဖြစ်အပျက်တွေဖြစ်ပျက်ပြီးနောက်တွင်လယ်ရို၏နာမည်မှာလူသိများလာပြီးအထူးသဖြင့်မျိုးနွယ်စုအသီးသီးကဘုရင်တွေတောင်အာရုံစိုက်ဂုဏ်ပြုလာကြသည်။

လူတော်တော်များများမှာထိုနေ့ကအလင်းတိုင်လုံးကြီးကိုမျက်မြင်ကိုယ်တွေ့မြင်တွေ့လိုက်ခဲ့ရတာကြောင့်သံသယဝင်သူတစ်ချို့ရှိပေမယ့်လယ်ရိုကိုလေးစားကိုးကွယ်သူတွေတစ်ဖြည်းဖြည်းများပြားလာသည်။

ဒီကမ္ဘာကအားကြီးသူကိုကိုးကွယ်သည်။အလင်းတိုင်လုံးကြီး၏စွမ်းအားကြီးမားမှုနဲ့အရှိန်အဝါကြောင့်လယ်ရိုကမျက်နှာပွင့်သထက်ပွင့်လာပြီးပါရမီရှင်မင်းသားဖေးလစ်တောင်မှချောင်ထိုးခံထားရသည်။ရှောင်ကျန့်ကတော့မြို့စားအိမ်တော်ကိုပြန်ရောက်တည်းကသူ့ချစ်သူနဲ့အတူအေးအေးဆေးဆေးနှပ်နေသည်။

အဟမ်း....အိပ်ယာထဲမှာညဘက်တွေအိပ်ရေးပျက်ခဲ့ရတာကိုထည့်မတွက်ရင်ပေါ့......

ဇာတ်လိုက်မရဲ့အရှိန်အဝါကကြီးမားလွန်းသည်။မှော်မြို့တော်ကြီး၌မြို့တော်ဝန်အိုင်းစက်ပြုလုပ်ခဲ့သည့်အကြံအစည်တွေဟာလူထုကြားထဲပေါက်ကွဲသွားပြီးနောက်တွင်လူတိုင်း၏ကိုးကွယ်မှုမှာပိုမိုပြင်းထန်လာသည်။

လူတိုင်းဟာမင်းသမီးလယ်ရိုအားနတ်ဘုရားတွေကလူသားတွေကိုကယ်တင်ရန်အတွက်စေလွှတ်လိုက်သည့်အလင်းသံတမန်ဖြစ်သည်ဟုဆိုလာကြ၏။

ကောလဟာလကပိုမိုပြင်းထန်လာပြီးလူတိုင်း၏ပါးစပ်ဖျား၌မင်းသမီးလယ်ရိုဟာကမ္ဘာကြီးကိုကယ်တင်ခဲ့သည့်သူရဲကောင်းလိုလိုဖြစ်လာသည်။

နောက်ထပ်ဘယ်ကစလိုက်တဲ့အရာမှန်းမသိပေမယ့်လူတစ်ချို့ဟာမင်းသားဖေးလစ်နှင့်မင်းသမီးလယ်ရိုကိုစတင်နှိုင်းယှဥ်လာသည်။

ပါရမီကြီးပြီးတော်လှထက်လှပါချည်ရဲ့ဆိုသည့်မင်းသားဖေးလစ်ကတကယ့်အရေးအကြောင်းဆိုသည့်အချိန်မှာသတိလစ်မေ့မြောနေပြီး၊နဂိုသိုသိုသိပ်သိပ်နေခဲ့သည့်မင်းသမီးလယ်ရိုကသာအားလုံးကိုကယ်တင်ခဲ့သည်။

မင်းသားဖေးလစ်၏နာမည်ကျော်ကြားမှုမှာအလကားသက်သက်သာဖြစ်ပြီးမင်းသမီးလယ်ရိုနှင့်မနှိုင်းယှဥ်နိုင်ကြောင်းပြောကြသည်။ဤသို့ဖြင့်မင်းသားဖေးလစ်၏နာမည်ဂုဏ်သတင်းမှာကျဆင်းသထက်ကျဆင်းလာပြီးလယ်ရို၏ကြီးမားလာသောဂုဏ်သတင်းအောက်နင်းချေခြင်းခံလိုက်ရသည်။

ရှောင်ကျန့်ကတော့ဒါဇာတ်လိုက်မလက်ချက်မှန်းသိသည်။ရှောင်ကျန့်ကဤသည်ကိုတားဆီးဖို့ရန်မလုပ်သည့်အပြင်နောက်ကွယ်ကနေပိုပြီတောင်သွေးထိုးလှုံ့ဆော်ပေးလိုက်သေးသည်။

လယ်ရို၏နာမည်ဂုဏ်သတင်းကြီးမှုကတစ်ခြားမျိုးနွယ်စုတွေဆီကပစားပေးမှုကြောင့်လည်းပါသည်။များပြားလှသောမျိုးနွယ်စုဘုရင်တွေက'ဖိုင်းစမစ်တတ်'အင်ပါယာဆီကိုများစွာသောလက်ဆောင်များပို့ဆောင်ခဲ့ကြကာလယ်ရို၏အရေးပါမှုကိုပြသလာသည်။

လယ်ရို၏ကြီးမားကျော်ကြားလာသည့်ဂုဏ်သတင်းနဲ့အတူမျိုးနွယ်စုပေါင်းများစွာစုဆောင်းပြီးကြီးကျယ်ခမ်းနားသည့်ဂုဏ်ပြုပွဲတစ်ခုကျင်းပပေးရန်စီစဥ်လိုက်ကြသည်။

ထိုဂုဏ်ပြုပွဲ၌မျိုးနွယ်စုတိုင်း၏ဘုရင်တွေကိုယ်တိုင်တတ်ရောက်ကြမည်ဖြစ်ကာမြင့်မားသည့်အသိုင်းအဝိုင်းကမင်းသားတွေမင်းသမီးတွေလည်းဂုဏ်ပြုတတ်ရောက်ကြမည်ဖြစ်သည်။

ရှောင်ကျန့်ကတော့ဘုရင်တွေကိုယ်တိုင်တတ်ရောက်ရသည့်အကြောင်းအရင်းကိုသိသည်။ဘရင်တွေရဲ့လယ်ရိုကိုထောက်ခံကြသည့်တကယ့်အားပေးရသည့်အကြောင်းအရင်းမှန်ကတော့အလင်းတိုင်လုံးကြီးထဲမှာပါဝင်သည့်ဧကရာဇ်အရှိန်အဝါကြောင့်ဖြစ်သည်။

ဤသို့ဖြင့်ဂုဏ်ပြုပွဲကျင်းပသည့်နေ့သို့ဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်လာသည်။

'ဖိုင်းစမစ်တတ်'အင်ပါယာကဂုဏ်ပြုပွဲကိုဦးဆောင်ကျင်းပမည်ဖြစ်ပြီးကြီးကျယ်ခမ်းနားသည့်တော်ဝင်ခန်းမကြီးထဲ၌ကျင်းပမည်ဖြစ်သည်။

ရှောင်ကျန့်ကသူ့ချစ်သူရဲ့ဝတ်စုံကိုအိမ်ရှင်မလေးတစ်ယောက်ကဲ့သို့အသေအချာဖြန့်ပေးရင်းသတိပေးစကားတစ်ချို့ကိုပြောသည်။

"အဲ့ဒီမှာခင်ဗျားကျွန်တော့်ကိုသခင်လို့မခေါ်မိစေနဲ့နော်....."

"ဟုတ်"

ရှောင်ကျန့်ကအရမ်းတွေစကားနားထောင်နေတဲ့ဝံပုလွေကြီးရဲ့ခေါင်းကိုသဘောကျစွာပုတ်ပေးလိုက်သည်။

"သခင်ဒီနေ့မျက်နှာဖုံးမတပ်သွားဘူးလား"

"အင်း.....ဒီနေ့ကပွဲကြီးပွဲကောင်းပဲလေ...."

ရိုင်နယ်တေးဟာဆူပုတ်သွားရင်းသူ့ဇနီးလေးကိုလူတိုင်းစိုက်ကြည့်လာမှာကိုတွေးရုံနှင့်ပင်လူသတ်ချင်စိတ်ပါပေါက်လာသည်။ရှောင်ကျန့်ဟာပြုံးရယ်လိုက်ရင်းရိုင်နယ်တေး၏ဆူပုတ်နေသည့်မျက်နှာရှိပါးတွေကိုဆွဲလိုက်သည်။

"မျက်နှာကြီးကိုဒီလောက်ထိဆူပုတ်မနေပါနဲ့.....ဒီနေ့မှာခင်ဗျားရဲ့အစစ်အမှန်ပုံရိပ်ကိုချပြရမယ်.....ကျွန်တော်တစ်ခုမေးချင်တာက....ခင်ဗျားတစ်ခြားမျိုးနွယ်စုတွေကဘုရင်တိုင်းကိုထိန်းချုပ်နိုင်လား"

ရိုင်နယ်တေးကခေါင်းညှိမ့်ပြသည်။

"ဒါဆိုရင်​အားလုံးအဆင်ပြေပြီ"

ရှောင်ကျန့်ဟာခပ်ဖွဖွပြုံးလိုက်ရင်းသူ့ချစ်သူရဲ့ချောမောတဲ့မျက်နှာထက်ကိုဝံပုလွေမျက်နှာဖုံးလေးတပ်ဆင်ပေးလိုက်သည်။အချိန်မကျသေးသ၍တပ်ထားဖို့ရန်လိုအပ်သည်။

_________________________________________________________________

စာရေးသူမှာပြောစရာရှိပါတယ်။

စာရေးသူ : "ဝူး....ဝူး.....လူကအခုတလောဘာဖြစ်နေမှန်းကိုမသိတော့ဘူး.....ဖုန်းအရှေ့ထိုင်ပြီးစာရေးမယ်ဆိုတာနဲ့ဘာဆက်ရေးရမှန်းမသိတော့အောင်ကိုကြောင်တောင်တောင်ဖြစ်နေတာ....ဒါတောင်အခုတလောအိမ်ကအဖေကကျွန်တော့်ဖုန်းကိုဓာတ်ကျနေသေးတာ.....သီချင်းဖွင့်မယ်ဆိုတိုင်းဒီဖုန်းကိုပဲခဏခဏသမ,သွားတယ်.....

သူ့ဖုန်းကတော့အလုပ်ကိစ္စဖုန်းခေါ်နေတတ်လို့တဲ့...အိမ်ကညီမကလည်းဖုန်းကိုမလွှတ်တော့အမေကလည်းကျွန်တော့်ဖုန်းဆီလှည့်လာပြန်ရော....မနေ့ကတောင်တစ်နေကုန်နီးပါးဖုန်းနဲ့တီဗွီချိတ်ပြီးအမေနဲ့အတူတူသရဲကားတွေကြီးထိုင်ကြည့်နေလိုက်တယ်.....ကောင်းတယ်ဟုတ်🙃🙃🙃....ဒီနေ့တိုသွားတာသိပါတယ်.....မနက်ဖြန်ကျရင်ရှည်ရှည်လေးရေးပေးမယ်နော်😘😘😘"

********************************************************

Zawgyi

အႀကီးအကဲေတြကလယ္ရိုႏွင့္တစ္ျခားလူတိုင္းကိုအျပင္ဘက္သို႔ေခၚထုတ္လာသည္။လယ္ရိုကေတာ့ထုံးစံအတိုင္းလင္းလက္ေတာက္ပေနတဲ့ၾကယ္ပြင့္ကဲ့သို႔လူတိုင္းရဲ႕ဝန္းရံျခင္းခံေနရသည္။

ဂ်ိတ္ခ္ကလယ္ရိုကိုဂ႐ုစိုက္ျခင္းမရွိပဲေဖးလစ္ကိုသာလူအုပ္ၾကားထဲလိုက္ရွာေနခဲ့သည္။

၎အရာအားလုံး၏အဓိကတရားခံျဖစ္သူေရွာင္က်န့္ဟာလူအုပ္ႀကီးႏွင့္မနီးမေဝးသစ္ပင္အျမင့္တစ္ေနရာတြင္ရိုင္နယ္ေတးနဲ႕အတူထိုင္ရင္းလူအုပ္ႀကီးကိုေစာင့္ၾကည့္ေနသည္။

[Wow!!!!!host......
ဇာတ္လိုက္မကဒီလိုလုပ္သြားလိမ့္မယ္ဆိုတာဘယ္လိုသိတာလဲ]

'ဒီလိုပါပဲ.....ဇာတ္လိုက္မရဲ႕စိတ္ဓာတ္ကအရာအားလုံးထက္သာခ်င္၊ျမတ္ခ်င္တာေလ.....အဲ့ဒီအတြက္ဆိုသူမကလူေတာင္သတ္နိုင္တယ္.....ဒီလိုအခြင့္အေရးတစ္ခုေပၚလာတဲ့အခါသူမလက္မလႊတ္နိုင္တာမထူးဆန္းေတာ့ပါဘူး....'

ရိုင္နယ္ေတးဟာအေတြးလြန္ေနပုံရသည့္သူ႕ဇနီးေလး၏သြယ္လ်သည့္လည္တိုင္ေလးကိုလွ်ာျပားႀကီးျဖင့္ပြတ္ဆြဲရင္းလ်က္လိုက္သည္။ေရွာင္က်န့္ဟာတ္ခ်က္ေလာက္တြန့္သြားရင္းသူ႕ဝံပုေလြႀကီးရဲ႕ေခါင္းကိုအတင္းတြန္းထုတ္လိုက္သည္။

"ဘာျဖစ္လို႔လဲ...."

"ကြၽန္ေတာ္သခင္ေျပာသမွ်နားေထာင္တယ္ေလ.....ကြၽန္ေတာ့္ကိုဆုမခ်ခ်င္ဘူးလားဟင္..."

ရိုင္နယ္ေတးကေရွာင္က်န့္ရဲ႕ေသးငယ္တဲ့ခါးေလးကိုေပြ႕ဖက္လိုက္ရင္းသူ႕ဇနီးေလးရဲ႕ခ်စ္စဖြယ္နားသံသီးေလးကိုလွ်ာႏွင့္လ်က္ရင္းဆြဲစုပ္ယူလိုက္သည္။

"ကြၽန္ေတာ္သခင့္ကိုလုပ္ခ်င္တယ္"

ေျမေခြးမ်က္ႏွာဖုံးေနာက္ရွိေရွာင္က်န့္ရဲ႕မ်က္ႏွာေလးမွာရဲရဲနီသြားသည္။

သူ႕ခ်စ္သူဝံပုေလြႀကီးကေသာက္ရမ္းေတြထန္ေနတာပဲ.....

ေရွာင္က်န့္ကဟြန့္ကနဲႏွာမႈတ္လိုက္ရင္းသစ္ပင္ေပၚမွခုန္ဆင္းလိုက္သည္။ရိုင္နယ္ေတး၏ေခ်ာေမာသည့္မ်က္ႏွာႀကီးမွာစိတ္ပ်က္ဝမ္းနည္းသြားဟန္ေပၚေပါက္လာၿပီးေရွာင္က်န့္ေဘးသို႔ေပါ့ပါးစြာခုန္ခ်လိဳက္သည္။ေျမျပင္ထက္သို႔ေရာက္သည္ႏွင့္ေရွာင္က်န့္ကရိုင္နယ္ေတး၏ေခ်ာေမာေသာမ်က္ႏွာအားဝံပုေလြမ်က္ႏွာဖုံးကိုျပန္လည္တပ္ဆင္ေပးသည္။

ထို႔ေနာက္ေလသံေလးျဖင့္ဆိုလာသည္။

"ၿမိဳ႕စားအိမ္ေတာ္......."

"ဟမ္"

"အဲ့ကိုေရာက္မွ"

"....."

ရိုင္နယ္ေတးကခဏမွ်အူေၾကာင္ေၾကာင္ျဖစ္သြားေပမယ့္ခ်က္ခ်င္းနားလည္သြားသည္။ရိုင္နယ္ေတး၏ေဘးပတ္လည္တြင္ပန္းေပါင္းမ်ားစြာပြင့္လာလ်က္ေရွာင္က်န့္ေနာက္ေခြးေပါက္ႀကီးတစ္ေကာင္ကဲ့သို႔ေပ်ာ္႐ႊင္စြာေျပးလိုက္သြားသည္။

"ေဟး.....ဂ်ိတ္ခ္"

ေရွာင္က်န့္ကလူအုပ္ထဲမသိမသာတိုးဝင္သြားရင္းဂ်ိတ္ခ္ကိုေက်ာေနာက္ဘက္ကေနလွမ္းပုတ္လိုက္သည္။

"မင္းတကယ္ပဲဘယ္ေတြေရာက္ေနတာလဲ"

ဂ်ိတ္ခ္ဟာေရွာင္က်န့္ကိုျမင္သည့္အခါမွသက္ျပင္းခ်လိဳက္နိုင္သြားသည္။ေရွာင္က်န့္ကေတာ့ပုခုံးသာတြန့္ျပလိုက္ရင္းသူ႕အနားေရာက္လာသည့္ရိုင္နယ္ေတး၏လက္ဖဝါးႀကီးကိုသာဆုပ္ကိုင္လိုက္သည္။

၎အျဖစ္အပ်က္ေတြျဖစ္ပ်က္ၿပီးေနာက္တြင္လယ္ရို၏နာမည္မွာလူသိမ်ားလာၿပီးအထူးသျဖင့္မ်ိဳးႏြယ္စုအသီးသီးကဘုရင္ေတြေတာင္အာ႐ုံစိုက္ဂုဏ္ျပဳလာၾကသည္။

လူေတာ္ေတာ္မ်ားမ်ားမွာထိုေန႕ကအလင္းတိုင္လုံးႀကီးကိုမ်က္ျမင္ကိုယ္ေတြ႕ျမင္ေတြ႕လိုက္ခဲ့ရတာေၾကာင့္သံသယဝင္သူတစ္ခ်ိဳ႕ရွိေပမယ့္လယ္ရိုကိုေလးစားကိုးကြယ္သူေတြတစ္ျဖည္းျဖည္းမ်ားျပားလာသည္။

ဒီကမၻာကအားႀကီးသူကိုကိုးကြယ္သည္။အလင္းတိုင္လုံးႀကီး၏စြမ္းအားႀကီးမားမႈနဲ႕အရွိန္အဝါေၾကာင့္လယ္ရိုကမ်က္ႏွာပြင့္သထက္ပြင့္လာၿပီးပါရမီရွင္မင္းသားေဖးလစ္ေတာင္မွေခ်ာင္ထိုးခံထားရသည္။ေရွာင္က်န့္ကေတာ့ၿမိဳ႕စားအိမ္ေတာ္ကိုျပန္ေရာက္တည္းကသူ႕ခ်စ္သူနဲ႕အတူေအးေအးေဆးေဆးႏွပ္ေနသည္။

အဟမ္း....အိပ္ယာထဲမွာညဘက္ေတြအိပ္ေရးပ်က္ခဲ့ရတာကိုထည့္မတြက္ရင္ေပါ့......

ဇာတ္လိုက္မရဲ႕အရွိန္အဝါကႀကီးမားလြန္းသည္။ေမွာ္ၿမိဳ႕ေတာ္ႀကီး၌ၿမိဳ႕ေတာ္ဝန္အိုင္းစက္ျပဳလုပ္ခဲ့သည့္အႀကံအစည္ေတြဟာလူထုၾကားထဲေပါက္ကြဲသြားၿပီးေနာက္တြင္လူတိုင္း၏ကိုးကြယ္မႈမွာပိုမိုျပင္းထန္လာသည္။

လူတိုင္းဟာမင္းသမီးလယ္ရိုအားနတ္ဘုရားေတြကလူသားေတြကိုကယ္တင္ရန္အတြက္ေစလႊတ္လိုက္သည့္အလင္းသံတမန္ျဖစ္သည္ဟုဆိုလာၾက၏။

ေကာလဟာလကပိုမိုျပင္းထန္လာၿပီးလူတိုင္း၏ပါးစပ္ဖ်ား၌မင္းသမီးလယ္ရိုဟာကမၻာႀကီးကိုကယ္တင္ခဲ့သည့္သူရဲေကာင္းလိုလိုျဖစ္လာသည္။

ေနာက္ထပ္ဘယ္ကစလိုက္တဲ့အရာမွန္းမသိေပမယ့္လူတစ္ခ်ိဳ႕ဟာမင္းသားေဖးလစ္ႏွင့္မင္းသမီးလယ္ရိုကိုစတင္ႏွိုင္းယွဥ္လာသည္။

ပါရမီႀကီးၿပီးေတာ္လွထက္လွပါခ်ည္ရဲ႕ဆိုသည့္မင္းသားေဖးလစ္ကတကယ့္အေရးအေၾကာင္းဆိုသည့္အခ်ိန္မွာသတိလစ္ေမ့ေျမာေနၿပီး၊နဂိုသိုသိုသိပ္သိပ္ေနခဲ့သည့္မင္းသမီးလယ္ရိုကသာအားလုံးကိုကယ္တင္ခဲ့သည္။

မင္းသားေဖးလစ္၏နာမည္ေက်ာ္ၾကားမႈမွာအလကားသက္သက္သာျဖစ္ၿပီးမင္းသမီးလယ္ရိုႏွင့္မႏွိုင္းယွဥ္နိုင္ေၾကာင္းေျပာၾကသည္။ဤသို႔ျဖင့္မင္းသားေဖးလစ္၏နာမည္ဂုဏ္သတင္းမွာက်ဆင္းသထက္က်ဆင္းလာၿပီးလယ္ရို၏ႀကီးမားလာေသာဂုဏ္သတင္းေအာက္နင္းေခ်ျခင္းခံလိုက္ရသည္။

ေရွာင္က်န့္ကေတာ့ဒါဇာတ္လိုက္မလက္ခ်က္မွန္းသိသည္။ေရွာင္က်န့္ကဤသည္ကိုတားဆီးဖို႔ရန္မလုပ္သည့္အျပင္ေနာက္ကြယ္ကေနပိုၿပီေတာင္ေသြးထိုးလႈံ႕ေဆာ္ေပးလိုက္ေသးသည္။

လယ္ရို၏နာမည္ဂုဏ္သတင္းႀကီးမႈကတစ္ျခားမ်ိဳးႏြယ္စုေတြဆီကပစားေပးမႈေၾကာင့္လည္းပါသည္။မ်ားျပားလွေသာမ်ိဳးႏြယ္စုဘုရင္ေတြက'ဖိုင္းစမစ္တတ္'အင္ပါယာဆီကိုမ်ားစြာေသာလက္ေဆာင္မ်ားပို႔ေဆာင္ခဲ့ၾကကာလယ္ရို၏အေရးပါမႈကိုျပသလာသည္။

လယ္ရို၏ႀကီးမားေက်ာ္ၾကားလာသည့္ဂုဏ္သတင္းနဲ႕အတူမ်ိဳးႏြယ္စုေပါင္းမ်ားစြာစုေဆာင္းၿပီးႀကီးက်ယ္ခမ္းနားသည့္ဂုဏ္ျပဳပြဲတစ္ခုက်င္းပေပးရန္စီစဥ္လိုက္ၾကသည္။

ထိုဂုဏ္ျပဳပြဲ၌မ်ိဳးႏြယ္စုတိုင္း၏ဘုရင္ေတြကိုယ္တိုင္တတ္ေရာက္ၾကမည္ျဖစ္ကာျမင့္မားသည့္အသိုင္းအဝိုင္းကမင္းသားေတြမင္းသမီးေတြလည္းဂုဏ္ျပဳတတ္ေရာက္ၾကမည္ျဖစ္သည္။

ေရွာင္က်န့္ကေတာ့ဘုရင္ေတြကိုယ္တိုင္တတ္ေရာက္ရသည့္အေၾကာင္းအရင္းကိုသိသည္။ဘရင္ေတြရဲ႕လယ္ရိုကိုေထာက္ခံၾကသည့္တကယ့္အားေပးရသည့္အေၾကာင္းအရင္းမွန္ကေတာ့အလင္းတိုင္လုံးႀကီးထဲမွာပါဝင္သည့္ဧကရာဇ္အရွိန္အဝါေၾကာင့္ျဖစ္သည္။

ဤသို႔ျဖင့္ဂုဏ္ျပဳပြဲက်င္းပသည့္ေန႕သို႔ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္က်ေရာက္လာသည္။

'ဖိုင္းစမစ္တတ္'အင္ပါယာကဂုဏ္ျပဳပြဲကိုဦးေဆာင္က်င္းပမည္ျဖစ္ၿပီးႀကီးက်ယ္ခမ္းနားသည့္ေတာ္ဝင္ခန္းမႀကီးထဲ၌က်င္းပမည္ျဖစ္သည္။

ေရွာင္က်န့္ကသူ႕ခ်စ္သူရဲ႕ဝတ္စုံကိုအိမ္ရွင္မေလးတစ္ေယာက္ကဲ့သို႔အေသအခ်ာျဖန့္ေပးရင္းသတိေပးစကားတစ္ခ်ိဳ႕ကိုေျပာသည္။

"အဲ့ဒီမွာခင္ဗ်ားကြၽန္ေတာ့္ကိုသခင္လို႔မေခၚမိေစနဲ႕ေနာ္....."

"ဟုတ္"

ေရွာင္က်န့္ကအရမ္းေတြစကားနားေထာင္ေနတဲ့ဝံပုေလြႀကီးရဲ႕ေခါင္းကိုသေဘာက်စြာပုတ္ေပးလိုက္သည္။

"သခင္ဒီေန႕မ်က္ႏွာဖုံးမတပ္သြားဘူးလား"

"အင္း.....ဒီေန႕ကပြဲႀကီးပြဲေကာင္းပဲေလ...."

ရိုင္နယ္ေတးဟာဆူပုတ္သြားရင္းသူ႕ဇနီးေလးကိုလူတိုင္းစိုက္ၾကည့္လာမွာကိုေတြး႐ုံႏွင့္ပင္လူသတ္ခ်င္စိတ္ပါေပါက္လာသည္။ေရွာင္က်န့္ဟာၿပဳံးရယ္လိုက္ရင္းရိုင္နယ္ေတး၏ဆူပုတ္ေနသည့္မ်က္ႏွာရွိပါးေတြကိုဆြဲလိုက္သည္။

"မ်က္ႏွာႀကီးကိုဒီေလာက္ထိဆူပုတ္မေနပါနဲ႕.....ဒီေန႕မွာခင္ဗ်ားရဲ႕အစစ္အမွန္ပုံရိပ္ကိုခ်ျပရမယ္.....ကြၽန္ေတာ္တစ္ခုေမးခ်င္တာက....ခင္ဗ်ားတစ္ျခားမ်ိဳးႏြယ္စုေတြကဘုရင္တိုင္းကိုထိန္းခ်ဳပ္နိုင္လား"

ရိုင္နယ္ေတးကေခါင္းညွိမ့္ျပသည္။

"ဒါဆိုရင္အားလုံးအဆင္ေျပၿပီ"

ေရွာင္က်န့္ဟာခပ္ဖြဖြၿပဳံးလိုက္ရင္းသူ႕ခ်စ္သူရဲ႕ေခ်ာေမာတဲ့မ်က္ႏွာထက္ကိုဝံပုေလြမ်က္ႏွာဖုံးေလးတပ္ဆင္ေပးလိုက္သည္။အခ်ိန္မက်ေသးသ၍တပ္ထားဖို႔ရန္လိုအပ္သည္။

_________________________________________________________________

စာေရးသူမွာေျပာစရာရွိပါတယ္။

စာေရးသူ : "ဝူး....ဝူး.....လူကအခုတေလာဘာျဖစ္ေနမွန္းကိုမသိေတာ့ဘူး.....ဖုန္းအေရွ႕ထိုင္ၿပီးစာေရးမယ္ဆိုတာနဲ႕ဘာဆက္ေရးရမွန္းမသိေတာ့ေအာင္ကိုေၾကာင္ေတာင္ေတာင္ျဖစ္ေနတာ....ဒါေတာင္အခုတေလာအိမ္ကအေဖကကြၽန္ေတာ့္ဖုန္းကိုဓာတ္က်ေနေသးတာ.....သီခ်င္းဖြင့္မယ္ဆိုတိုင္းဒီဖုန္းကိုပဲခဏခဏသမ,သြားတယ္.....

သူ႕ဖုန္းကေတာ့အလုပ္ကိစၥဖုန္းေခၚေနတတ္လို႔တဲ့...အိမ္ကညီမကလည္းဖုန္းကိုမလႊတ္ေတာ့အေမကလည္းကြၽန္ေတာ့္ဖုန္းဆီလွည့္လာျပန္ေရာ....မေန႕ကေတာင္တစ္ေနကုန္နီးပါးဖုန္းနဲ႕တီဗြီခ်ိတ္ၿပီးအေမနဲ႕အတူတူသရဲကားေတြႀကီးထိုင္ၾကည့္ေနလိုက္တယ္.....ေကာင္းတယ္ဟုတ္🙃🙃🙃....ဒီေန႕တိုသြားတာသိပါတယ္.....မနက္ျဖန္က်ရင္ရွည္ရွည္ေလးေရးေပးမယ္ေနာ္😘😘😘"

********************************************************

Continue Reading

You'll Also Like

259K 13.7K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
45.8K 4.5K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...
120K 10.8K 85
host: ဇာတ်လိုက်တွေက ငါလေးကို ကြိတ်ကြံနေတယ် system : mission အတွက်အထောက်အကူဖြစ်တယ် အစားခံလိုက်ပါhost someone: အဟက် ဘယ်လိုလုပ်မလဲ မင်းဘယ်ပြေးပြေး မလွတ...
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...