My Oleander Hubby ( Completed...
By phounix12
1.6M 101K 4.2K
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖ... More
My Oleander Hubby (Zaw+Uni)
Part - 2❗
Part - 3
Part - 4 ❗
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part -11
Part - 12
Part - 13
Part - 14 ❗
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Paet - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part -29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part -44
Part - 45
Part -46
📌ေက်းဇူးတင္လႊာ # ကျေးဇူးတင်လွှာ
Part - 47
Part - 1
84K 3.5K 166
By phounix12
Part - 1
My Oleander Hubby
***************
" သွားကျရအောင် "
သက်ပြင်းကိုခပ်ကျယ်ကျယ်ချလိုက်ပြိီမှ ယောက်ဖ
" ပြန်မှာပါအေ ၊ ကျုပ်တို့က ကိုယ့်ရပ်ကွက်သားတွေမို့ သတင်းလာမေးမိတာပါ ၊ အစကတော့ သူဌေးယောက်ျားကို အမိယူလို့ရတယ်ဆိုပြီး ရပ်ကွက် ထဲကနေ ကျောကော့ထွက်သွားပြီး စီးပွားပျက် ကာမှ ရပ်ကွက်ထဲပြန်ဝင်လာတဲ့သူတွေကို ကျုပ် တို့ ကလဲ မပတ်သက်ချင်ပါဘူး ၊ ရပ်ကွက်နာတယ် "
" ဟာ! !! ဒီကောင်မကတော့ "
ယောက်ဖစကားဆုံးကာမှ ---
" ဘာအလုပ်လဲ "
" သိတယ်လေ "
လား "
ဘူး ၊ ဘာကိုရှယ်အမ်းမှာလဲ ၊ ငါက ယောက်ျား မိန်းမတော့ မရွေးဘူး ၊ တစ်ခုပဲ ငါ့အောက်ကနေ အော
" Okay သားကြီး "
" အာ! !! ဟား! !!! "
" ချောက်! !!! "
" ကျွီ! !!! "
" ဘာကိစ္စလဲ "
" သေချာလား "
" သေချာတယ်! !"
" ဘာ!!! ခင်ဗျားကတော့လား "
" ခဏနေဦး "
" ခင်ဗျားနာမည်ပြော "
" စစ်မင်းသိဒ္ဓိ "
**********************************
" သူက ဘယ်သူမို့လ်ို့လဲ ကိုည်ီ "
***********************************
************************************
" ဖောက်! !! ဖောက်! !!! "
" ထင်လို့ပါ "
" မင်း "
" ဘာလို့လဲ "
" ဘယ်လိုမှလုပ်မရပါဘူး ၊ လာလမ်းအတိုင်းပြန်ကြွလိုက်ပါ ၊ ကျွန်တော် ယောက်ျားလေးချင်းသဘောကျရင်တောင် ခင်ဗျားတော့မဟုတ်ဘူး "
" ဒေါက်!!! ဒေါက်!! ဒေါက် !! "
" မမလား "
" ဝင်လာလေ မမ "
" နှစ်ရာလောက် "
24.3.2022
A.M - 9:10
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
Part - 1
My Oleander Hubby
***************
ကားပေါ်ကို ပစ္စည်းတွေတင်ပြီးတာနဲ့ မောင်းထွက်ဖို့အဆင်သင့်ဖြစ်နေပါပြီ ။ မမ နဲ့ ယောက်ဖဖြစ်သူကတော့ ချန်ထားရစ်ခဲ့ရမယ့် အိမ်ကြီးကို နှမျောတသစွာနဲ့ လည်ပြန်ငေးမောကြည့်လို့ ။ သိန်ပေါင်းသောင်းချီတဲ့ဒီအိမ်ကြီးကို စွန့်ခွာခဲ့ရမယ့်အကြောင်းဖန်လာတော့ ရှိသမျှ အိမ်ထောင်ပရိဘောဂတွေကို ဘာမှတောင်မသယ်နိုင်ခဲ့ ။ လိုသလောက်လေးပဲ ယူနိုင်ခဲ့တာ ။
ကိုယ့်အတွက်တော့ ဘာမှထူးပြီးဝမ်းမနည်းမိပေမယ့် ယောက်ဖနဲ့မမအတွက်တော့ ဒါဟာ တကယ့်ဆုံးရှုံးမှုကြီး ။ အထူးသဖြင့် မမပေါ့ ။ ကိုယ့်အတွက်ရော သူ့အတွက်ပါတွေးဆပြီး လူကုန်ထံအသိုင်းအဝိုင်းက ယောက်ဖဖြစ်သူကိုရွေးချယ်ခဲ့ရတာ ။
အခု ဟိုးအရင်လို နွမ်းပါးတဲ့ဘဝကိုပြန်သွားရမယ်ဆိုတော့ မရူးရုံတမယ် ။ စီးပွားရေးလုပ်ကြရင်း
မထင်မှတ်ထားတဲ့အကြပ်အတည်းတွေကြောင့် ပိုင်ဆိုင်သမျှကို ရောင်းပြီး လျှော်ကြေးပေးခဲ့ရတာကြောင့် ကိုယ်တွေအရင်ကနေခဲ့ရတဲ့ မိဘအမွေအနှစ်အိမ်လေးဆီ ပြန်ပြောင်းရမှာ ။
ချမ်းသာလာလို့ ဘဝင်လဲအမြင့်ခဲ့တဲ့ကိုယ်က ပြန်ပြီးဆင်းရဲလာတဲ့အချိန်မှာလဲ အထူးအထွေဝမ်းမနည်းခဲ့ ။ စိတ်မကောင်းတာတစ်အခုက တသက်လုံးပေါ့ပေါ့နေ ပေါ့ပေါ့စားခဲ့တော့ မိသားစုဒုက္ခရောက်ချိန်မှာ
ဘာမှမကူညီနိုင်ခဲ့ ။ ဒီတစ်ချက်ကိုပဲ ဝမ်းနည်းမိတာ။
" သွားကျရအောင် "
သက်ပြင်းကိုခပ်ကျယ်ကျယ်ချလိုက်ပြီမှ ယောက်ဖ
ဖြစ်သူနှုတ်ကထွက်လာတဲ့စကား ။ နီရဲနေတဲ့မျက်ဝန်းတွေက ငိုချင်နေတာကိုကြိုးစားထိန်းချုပ်ထားနေတာမျိုး ။ မမရဲ့ပခုံးကိုဖက်ပြီး ကားပေါ်တက်လိုက်တဲ့အချိန် ရင်ခေါင်းထဲကနေ လှိုက်တက်လာတဲ့ငို
သံနဲ့ ငိုချလိုက်တဲ့ မမ ။
မျှော်လင့်ချက်တွေ ရေစုန်မျောသွားခဲ့ရတာမို့ စိတ် ထွက်ပေါက်အနေနဲ့ ငိုကြွေးချင်းမျိုးသာမည်ပါ၏ ။
ကားစက်နှိုးသံက ငိုသံကိုဖုန်းလွှမ်းသွားတဲ့အချိန်
ယောက်ဖဖြစ်သူက မမပခုံးကိုအသာပွေ့ဖက်ရင်း --
" ကိုယ်ပြန်ကြိုးစားပါ့မယ် နုငယ်ရယ် ၊ ကိုယ် မင်းတို့မောင်နှမကို အရင်လိုဘဝမျိုးနဲ့ပြန်ထားပေးနိုင်အောင် အလုပ်ကိုကြိုးစားပါ့မယ် ၊ ခဏတော့ အားတင်းထားပါနော် "
မချိတင်ကဲထွက်လာတဲ့ ယောက်ဖဖြစ်သူရဲ့စကားသံအဆုံးမှာ ကိုယ့်မျက်ဝန်းကနေ မျက်ရည်တွေရစ်ဝဲလာမိပါ၏ ။ ကိုယ့်ကို ညီအရင်းတစ်ယောက်လို
ချစ်ပေးတဲ့ တစ်ဦးတည်းသော သူစိမ်းမို့လား ။
ရပ်ကွက်ထဲက ကိုယ့်မိဘတွေရဲ့အမွေဖြစ်တဲ့ ပျဉ်
ထောင်အိမ်လေးဆီရောက်တဲ့အချိန်မှာတော့ ပတ်ဝန်းကျင်က ကွက်ကြည့်ကွက်ကြည့် ။ တစ်ချို့သော
လူတွေရဲ့မျက်ဝန်းတွေထဲမှာတော့ မနာလိုစိတ်နဲ့
အားရကျေနပ်မှုတွေကအထင်းသား ။ ဒီလိုပါပဲလေ
လူတော်တော်များများဟာ အခြားသူဒုက္ခရောက်
တာမျိုးကို ကျိတ်ပြီးကျေနပ်ကျတာမျိုးပေါ့ ။ မဖိတ်ခေါ်ရပါပဲ လာပြီးကူညီသလိုနဲ့ ---
" နုငယ်! ရွှေတောင်ကြားထဲက အိမ်က အကြွေးနဲ့
ပေးခဲ့ရတာဆို ဟုတ်လား! တော်သေးတာပေါ့ ဒီအိမ်လေး မရောင်းခဲ့လို့ ၊ နို့မိုဆိုရင် နေစရာမရှိဖြစ်မှာ "
စကားသွက်သွက်အမျိုးသမီးရဲ့စကားကြောင့် ဒေါသကထောင်းကနဲထွက်လာမိပြီး ---
" ဒီမှာ ခင်ဗျား စောက်ကြောင်းဘာပါလို့လဲ ၊ ကျုပ်တို့နေစရာမရှိရင်ရော ခင်ဗျားက အိမ်ပေါ်ခေါ်တင်ထားမှာမို့လား ၊ ကိုယ်နဲ့မဆိုင်တဲ့ သူများမိသားစုအကြောင်းကို နေရာတကာဝင်မပါနဲ့ ၊ ပါးစပ်ဖွာတာက ဓားထိုးခံရနီးတယ်နော် ။ စောက်ပြောတွေကို ဆင်ခြင်လိုက် "
" ရာဇ်! !! တော်လိုက်တော့ မောင်လေး ၊ မအေးလေးတို့လဲ ပြန်လိုက်ပါတော့ ၊ တော်ကြာဘာမဟုတ် တာနဲ့ ပြဿနာဖြစ်ရင် လူကြားမကောင်းဖြစ်မယ် "
မမရဲ့ ဟန့်တားတဲ့စကားသံအဆုံးမှာ ---
" ပြန်မှာပါအေ ၊ ကျုပ်တို့က ကိုယ့်ရပ်ကွက်သားတွေမို့ သတင်းလာမေးမိတာပါ ၊ အစကတော့ သူဌေးယောကျ်ားကို အမိယူလို့ရတယ်ဆိုပြီး ရပ်ကွက် ထဲကနေ ကျောကော့ထွက်သွားပြီး စီးပွားပျက် ကာမှ ရပ်ကွက်ထဲပြန်ဝင်လာတဲ့သူတွေကို ကျုပ် တို့ ကလဲ မပတ်သက်ချင်ပါဘူး ၊ ရပ်ကွက်နာတယ် "
" ဟာ! !! ဒီကောင်မကတော့ "
ကြားလိုက်ရတဲ့စကားကြောင့် ဒေါသကထိန်းမရတော့ပဲ မမတို့လက်ထဲကနေ ရုန်းထွက်လိုက်ကာ အနီးအနားကိုမျက်လုံးဝေ့ကြည့်လိုက်မိတာ ။ အဆင်သင့်စွာပဲတွေ့လိုက်ရတာက အုတ်ခဲကျိုးတစ်ခု ။
အုတ်ခဲကိုပြေးကောက်လိုက်ကာ အနီးက မိန်းမကို
အားနဲ့ထုချလိုက်ပေမယ့် ယောက်ဖက လှမ်းဆွဲလိုက်တာမို့ အုတ်ခဲက ထိုမိန်းမကိုမထိလိုက် ။ ထိုအမျိုးသမီးလဲ လန့်သွားသလို မျက်နှာပေးနဲ့ ခဏတော့ ကြောင်သွားတဲ့အချိန် ယောက်ဖကပဲ ---
" ကျွန်တော် တောင်းပန်ပါတယ် အမရယ် ၊ ပြန်လိုက်ပါတော့ ၊ သက္ကရာဇ် က စိတ်ဆက်တယ် ၊ တော်ကြာပြဿနာတွေများကုန်လိမ့်မယ် "
ယောက်ဖစကားဆုံးကာမှ ---
" အေး! !! သက္ကရာဇ် ဆိုတဲ့အကောင် မိုက်ရိုင်းမှန်း
ငါတို့က ဟိုးအရင်ထဲကသိပြီးသား ၊ အခုကိစ္စကိုလဲညရပ်ကွက်ရုံးကိုတိုင်မှာ ၊ ပြဿနာကောင်မိသားစု၊
ငါတို့ရပ်ကွက်ကို ဒုက္ခပေးဖို့ပြန်လာတာ ၊ နည်းနည်းမှမကျေနပ်ဘူး "
" မကျေနပ်လဲ အကုန်လုံးကို - ီး ပဲ ၊ ကြိုက်တဲ့နေရာကိုတိုင် ၊ ကျုပ်က စောက်ဂရုကိုမစိုက်တာ ၊ ကျုပ် တို့ခြံထဲကို မခေါ်ပဲဝင်လာတဲ့ဟာတွေကို အကုန် - ီး
ပဲနော် ၊ မကျေနပ်ရင် နောက်ထပ် - ီး ပဲ "
" ရာဇ်! ! တော်တော့လို့ မမတားနေတယ်နော် ၊ တော်လိုက်တော့ "
မမ အသံကြောင့် စိတ်လျှော့လိုက်တဲ့အချိန် ထိုအမျိုးသမီးလဲ ခြံထဲကနေထွက်သွားပါတယ် ။ ယောက်ဖဖြစ်သူကတော့ သူမရင်းနှီးတဲ့ပတ်ဝန်းကျင်မို့
ဘာမှဝင်မပြော ။ အိမ်ထဲမှာ ပစ္စည်းတွေနေရာချပြီး
ညနေစာအတွက် မမက ချက်ပေးပါတယ် ။ ညစာစားပြီးတဲ့အချိန်မှာပဲ ရပ်ကွက်ရုံးကနေ လာခေါ်တာမို့ မမနဲ့ကိုယ် ရောက်သွားချိန်မှာ နေ့လည်ကကိုယ်နဲ့ပြဿနာတက်တဲ့အမျိုးသမီးနဲ့အခြားလူတစ်စု ။
ရပ်ကွက်လူကြီးကပါ တဖက်လူတွေဘက်ကနေပါပြီး ကိုယ်တွေက ရပ်ကွက်ထဲရောက်ရောက်ချင်း ရန်စသလိုတွေစကားထွက်လာတာမို့ ပြန်ပြောဖို့ဟန်ပြင်ပေမယ့် မမက အပြောမခံ ။ နောင်မဖြစ်စေရပါဘူးဆိုတဲ့ ခံဝန်ချက်လက်မှတ်ကိုထိုးရချိန် ကိုယ့်လက်တွေဟာ ဒေါသကြောင့် တဆက်ဆက်တုန်လို့ ။
အပြန်လမ်းတစ်လျှောက်လုံးမှာတော့ မောင်နှမနှစ်ယောက်စကားမပြောဖြစ်ခဲ့ကြ ။ ဒီရပ်ကွက်ဟာ ကိုယ်တွေမွေးထဲကနေလာတဲ့ရပ်ကွက် ။ ဒီရပ်ကွက်ထဲကနေပြောင်းသွားခဲ့တာက မမအိမ်ထောင်ကျတဲ့ လွန်ခဲ့တဲ့သုံးနှစ်ကမှ ။ ကိုယ် ဘယ်လောက်ဆိုးဆိုး ဘယ်သူ့ကိုမှရန်စတာမျိုးမရှိခဲ့ ။ ဒါတောင် ပြဿနာဖြစ်
တိုင်း ကိုယ့်အလွန်ကြောင့်လို့သတ်မှတ်တဲ့ ငါ- ိုးမသားပတ်ဝန်းကျင် ။ စောက်ကျိုးနည်း အတွေးအခေါ်ပိုင်ရှင်တွေစုနေတဲ့နေရာမို့ အကုန်လုံးရဲ့ ဦးနှောက်တွေကို ရွှေချထားချင်မိတော့တာပါပဲ ။
အဲညကစလို့ပေါ့ ရာဇ်တို့မိသားစုသုံးယောက် အဆင်မပြေတာတွေ တစ်မျိုးပြီးတစ်မျိုးကြုံရတာပါပဲ ။
ဈေးဆိုင်မှာဈေးသွားဝယ်ရင်တောင် မရောင်းချင် သလိုတွေမျိုး ဆက်ဆံခံရတာမို့ မမမှာမျက်ရည်နဲ့မျက်ခွက် ။ ယောက်ဖဖြစ်သူကလဲ ကျန်နေတဲ့အကြွေး
တွေကိုဆပ်ဖို့နဲ့ လုပ်ငန်းလေးပြန်လည်ပတ်နိုင်ဖို့ကြိုးစားနေရတာကြောင့် အိမ်ကိုလှည့်မကြည့်နိုင် ။
ဒီအခြေအနေမှာ ကိုယ့်အနေနဲ့ အလုပ်တစ်ခုတော့လုပ်သင့်တယ်လို့တွေးမိပေမယ့် ဘာလုပ်ရမှန်းတကယ်မသိ ။ တက္ကသိုလ်ကနေ ရထားတဲ့ဘွဲ့တစ်ခုက အလုပ်ရှာဖို့အတွက် မလုံလောက် ။ နောက်ဆုံး
တော့ သူငယ်ချင်းဖြစ်တဲ့ မင်းထိုက်ရဲ့အကူအညီနဲ့
Club တစ်ခုမှာအလုပ်ရပါတယ် ။ မင်းထိုက်က အလုပ်နဲ့ပတ်သက်ပြီး ပြောလာတုန်းက ---
" ရာဇ်! ! ငါ မင်းနဲ့ပတ်သက်တဲ့ အလုပ်တစ်ခုတွေ့ ထားတယ် ၊ မင်းစိတ်ဝင်စားမလားတော့ မသိဘူး "
" ဘာအလုပ်လဲ "
" မင်း K.Z.T Club ကိုသိတယ်မို့လား "
" သိတယ်လေ "
K.Z.T Club ဆိုတာ တကယ့်ကိုနာမည်ကြီး Club ။ မမ အဆင်ပြေနေတဲ့အချိန်တုန်းက ကိုယ့်အသုံးစရိတ်ကို အလျံအပယ်ပေးထားတာမို့ ကိုယ်လဲ အဲဒီ
Club ကို ခဏခဏရောက်ခဲ့ဖူးတယ် ။ အဲနေရာမှာက ပိုက်ဆံသာရှိရင် အစုံရတာ ကိုယ်အသိဆုံး ။
တရားမဝင်မူးရာဇ်ဆေးကနေစပြီး ယောကျ်ား ၊ မိန်းမ ညအိပ်ဖို့ခေါ်လို့ရသည် ။ လုံးဝအသန့်တွေချည်းပဲ ။
" အဲမှာ ဒရမ်တီးဖို့ လူလိုနေတာ ၊ Club မန်နေဂျာက ငါနဲ့သိတော့ ငါ့ကိုလူရှာခိုင်းနေတာ ၊ မင်းက ဒရမ်တီးကောင်းတာ ငါသိလေ ၊ မင်း စိတ်ဝင်စား
လား "
" အေး စိတ်ဝင်စားတယ် ၊ လစာကရော ဘယ်လိုလဲ "
" သူက နေ့တိုင်မဟုတ်ဘူး ၊ ရက်ခြားတီးရမှာ ၊ ည ၈နာရီကနေ ၁၂ အထိ ၊ တစ်ရက်တီးရင် သုံးသိန်းတဲ့ "
" မဆိုးပါဘူး ၊ ငါလုပ်ချင်တယ် "
" အေး ငါအရင်ပြောလိုက်မယ် ၊ ပြီးရင်မင်းကိုခေါ်သွားပေးမယ်လေ ၊ မင်း အဆင်ပြေမှာပါ ။ K.Z.T က
တော်ရုံလူ အနားမကပ်နိုင်ဘူး ။ တကယ့်ရေလျံသူတွေပဲလာတာ ၊ မင်းက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပဲဟာ ၊ မင်းကို ရှယ်ကြွေပြီး အမ်းချင်တဲ့သူတွေ အများကြီးပေါ်လာနိုင်တယ် ဟား!! ဟား!! ဟား!! "
" ငါ -ိုးမသား! ! စကားပြောတာ ဆင်ခြင်နော် ၊ စောက်ခွက်စုတ်သွားမယ် ၊ ငါက ပိုင်လုံးကောင်မဟုတ်
ဘူး ၊ ဘာကိုရှယ်အမ်းမှာလဲ ၊ ငါက ယောကျ်ား မိန်းမတော့ မရွေးဘူး ၊ တစ်ခုပဲ ငါ့အောက်ကနေ အော
ပေးတဲ့သူပဲ လိုချင်တာ ၊ ရှင်းလား "
" အေးပါကွာ!!! ငါကစတာပါ ၊ နောက်ရက်ငါလာခေါ်မယ် "
" Okay သားကြီး "
ဒီလိုနဲ့ပဲ K.Z.T Club မှာ ဒရမ်တီးတဲ့အလုပ်ကိုရခဲ့ပါပြီ ။ စတီးရတဲ့ရက်မှာပဲ လူတော်တော်များများက ဆီကနေစိတ်ဝင်စားမှုကို လက်ခံရရှိပြီး ၊ နောက်ပိုင်း
ရာဇ် ဒရမ်တီးတဲ့နေ့တွေဆိုရင် Club မှာ လူပိုစည် ကားလာတာကြောင့် မန်မေဂျာက လစာပိုပေးလာပါတယ် ။
ရာဇ် အတွက်လဲ ရတဲ့ပိုက်ဆံကအဆင်ပြေသလို အလုပ်ကလဲ မပင်ပန်းတာမို့ တော်တော်ကြီးအဆင်ပြေသည် ။ ဒီကြားထဲ ကိုယ့်ကိုသဘောကျလို့ဆိုပြီး Club လာတဲ့သူတွေက လက်ဆောင်ပေးတာကြတာမျိုး ၊ တစ်ချို့ဆို ပိုက်ဆံကိုသိန်းနဲ့ချီဆုချပြီး သွေးတိုးစမ်းကြသေးတာ ။ ဒါမျိုးကျတော့ ရာဇ်က လူလည် ။
Sex ကိစ္စဆိုတာ ကိုယ့်အတွက်သိပ်မထူးဆန်း ။ လိုချင်လာရင် ကိုယ်နဲ့တွဲနေတဲ့သူနဲ့နေလိုက်တာပဲ ။
တစ်ကိုယ်ရည်အကာအကွယ်ကိုသုံးဖို့တော့ ဘယ်တော့မှမမေ့ ။ အဓိကကတော့ ကိုယ်ကဦးဆောင်သူအဖြစ်နေတာ ။ ဒါကြောင့် ကိုယ့်ဆီချဉ်းကပ်လာတဲ့သူတွေထဲမှာလဲ ကုတင်ပေါ်ရောက်မှ နေရာယှဉ်လုရမယ့်သူမျိုးဆို ဝေါင်ဝေါင်ရွှေး ၊ ဝေးဝေးရှောင် ။
Sex ကိစ္စပတ်သက်ပြီးရင် အရှုပ်အရှင်းဖြစ်မလာဖို့ကိုတော့ အထူးသတိထားပါတယ် ။
" အာ! !! ဟား! !!! "
အခုလဲ တိတ်ဆိတ်နေတဲ့အခန်းထဲ ခပ်တိုးတိုးညည်းသံတစ်ချို့ ဖိတ်စင်ကျလာလို့ ။ ဒါ ရာဇ်အတွက်
Club မန်နေဂျာက သီးသန့်ပေးထားတဲ့နားနေခန်း ။
ကိုယ့်ခွင့်ပြုချက်မရဘဲ ဘယ်သူမှဝင်မလာရတဲ့နေရာ ။ မန်နေဂျာအကိုကတော ချွင်းချက်ပေါ့ ။
အခုလဲ ဒရမ်တီးတဲ့အချိန်ပြီးတာနဲ့ ကိုယ့် Partner နဲ့အတူတူအနားယူနေတာ ။ အကောင်းစားဝိုင်တစ်ခွက်ကို လျှာဖျားစိုစွတ်ယုံအရသာခံသောက်နေရင်း ဆိုဖာပေါ်မှာ ခပ်လျှောလျှောထိုင်နေတာ ။ သေသေချာချာကြည့်မှသာ မြင်နိုင်တဲ့အလင်းရောင်မှိန်မှိန်အားကိုးနဲ့ ခါးပတ်ဖြုတ်ပြီး ဆွဲချွတ်ခံထားရတဲ့
ဘောင်းဘီက ပေါင်လည်နားမှာ ။
စားပွဲခုံကိုအကာအကွယ်ယူပြီး ကိုယ့်ပေါင်ကြားထဲ
ခေါင်းတိုးဝင်နေတဲ့ Partner ကောင်လေးရဲ့ခေါင်က ရှေ့တိုးနောင်ငင် ။ သူ့ဆံပင်တွေကို လက်တစ်ဖက်နဲ့ ခပ်ဖွဖွဖိသပ်ပေးနေရင်း ဝိုင်းကိုလဲ အသောက်မပျက်စေရ ။ တစ်ချက်တစ်ချက်တော့ ကိုယ့်ခေါင်းတွေမော့သွားစေရင်း ညည်းသံကခပ်သဲ့သဲ့ ။ ကိုယ်ပြီးဆုံးကာနီးပြီမို့ ပေါင်ကြားထဲမှာရှိနေတဲ့ခေါင်းကို လက်တစ်ဖက်နဲ့ ခပ်မြန်မြန်ကူပြီးလှုပ်ရှားပေးနေမိတဲ့အချိန် ----
" ချောက်! !!! "
" ကျွီ! !!! "
ရုတ်တရက်ပွင့်လာတဲ့တံခါးကြောင့် ကိုယ်ပေါင်ကြားကလူ ဆက်ကနဲတုန်တက်သွားရင်း ခေါင်ထောင်ဖို့ပြင်လိုက်တာကြောင့် လက်နဲ့အသာဖိထားလိုက်တယ် ။ ဘယ် ခွေးသူတောင်းစားကများ ဒီအချိန်ကြီး အခန်းထဲဝင်လာရတာတုန်း ။ သေချာတာကတော့
အခန်းဝခပ်လှန်းလှန်းကနေဆိုရင် ကိုယ့်ခါးအောက်ပိုင်းအခြေအနေကို ထိုသူမြင်နိုင်ဖို့မလွယ် ။
လျာထိုးဦးထုတ်ကိုဆောင်းထားတာမို့ မျက်နှာကို
သဲကွဲစွာမမြင်ရတဲ့လူတစ်ယောက် ။ တစ်ကိုယ်လုံးနက်စွေနေတဲ့အသွေးအမွေးနဲ့တောင်မှ လူက ထင်းထွက်နေတာမျိုး ။
" ဘာကိစ္စလဲ "
" အလုပ်ကိစ္စပြောချင်လို့ မင်းမန်နေဂျာက လွှတ်လိုက်တာ "
" ချီးပဲ !!! ဒီလိုအချိန်မှာလား "
" ဒါဆို ဘယ်လိုအချိန်လာရမှာလဲ ပြောကြည့် "
" အခုချိန်မဟုတ်တာသေချာလို့ လာရာလမ်းကိုပြန်ကြွ "
" No! ! ကိုယ် မင်းနဲ့စကားပြောဖို့ မင်းမန်နေဂျာကို ရေဖြည့်ခဲ့ရတာလေ ၊ ပိုက်ဆံကအလကားသက်သက်မိုးပေါ်ကနေကျလာတဲ့အရာမဟုတ်ဘူး "
" အား! !! ဘယ်လိုလူတုန်းကွာ f..k ပဲ! ! အလုပ်ကိစ္စပြောချင်လဲ သဘက်ခါ စနေနေ့မှလာခဲ့ ၊ ကျုပ်ရှိတယ် "
" သေချာလား "
" သေချာတယ်! !"
" Okay ပါ အမှန်တော့ကိုယ်က ခေါင်းမာတဲ့လူစားမျိုး ၊ ချက်ချင်းဆို ချက်ချင်းမှကြိုက်တာ ၊ ဒါပေမယ့်အခုပြန်ပေးလိုက်မယ် ၊ မင်း စကားကိုနားထောင်တာတော့မဟုတ်ဘူး ၊ စားပွဲခုံအောက်ကတစ်ယောက်ကို သနားလို့ ၊ သူ့ခမျာ ညောင်းနေလောက်ပြီ "
" ဘာ!!! ခင်ဗျားကတော့လား "
အမှောင်ကြီးထဲမို့ ကိုယ့်စားပွဲခုံအောက်အထိ သူမြင်နိုင်စရာအကြောင်းကိုမရှိတာက အသေအချာ ။ ဒါဆိုခန့်မှန်းပြောတာပေါ့ ။ ဒီလူကတော့သေချင်နေတာ ။
" ကိုယ့်ကိုခွင့်ပြုပါဦး "
သူကပြောပြီးလှည့်ထွက်သွားပေမယ့် ---
" ခဏနေဦး "
တိုတိုတုတ်တုတ် တားဆီသံစကားတစ်ခွန်း ။ သူပြန်လှည့်ကြည့်လာချိန် ---
" ခင်ဗျားနာမည်ပြော "
" စစ်မင်းသိဒ္ဓိ "
" မကြိုဆိုပဲ ကျုပ်အခန်းထဲဝင်လာလို့ ဒါပဲမှတ်ပါတယ် ဦးစစ်မင်းသိဒ္ဓိ "
ဆက်ကနဲထောင်ပြလိုက်တဲ့ လက်ခလယ်သင်္ကေတက ထင်ထင်ရှားရှား ။ တဖက်လူက ပြုံးလိုက်ရင်း
" ကိုယ်ကတော့ မင်းနဲ့ဆုံခွင့်ရလို့ ဝမ်းသာပါတယ်
ဘေဘီ ၊ မင်းလက်ခလယ်ကို ကိုယ့်လက်ခံယူသွားပါပြီ ၊ တစ်ချိန်ချိန် ဒီလက်လေးက အသုံးဝင်လာမှာပါ ၊ ကိုယ်ကတော့ မင်းကို အာဘွားပြန်ပေးခဲ့ပါ့မယ် ၊ မင်းနှလုံးသားထဲမှာ သိမ်းထားလိုက်ပေါ့ "
ပြောပြီးတာနဲ့ သူ့လက်ကိုနှုတ်ခမ်းမှာကပ်ပြီး အနမ်းပုံစံလုပ်ကာ ကိုယ့်ဆီကို လေနဲ့အတူပျံဝဲလာစေတဲ့ပုံစံမျိုး ။ လှည့်ထွက်သွားတဲ့ဖိနပ်သံပျောက်တဲ့အထိ ဒေါသက အရှိန်မသေသေးတာမို့ ခန္ဓာကိုယ်အောက်ပိုင်းဆီက အထိအတွေ့မှာ သာယာနေတဲ့က ကြက်ပျောက်ငှက်ပျောက် ။ ထပ်ကာထပ်ကာ - ီးပဲ ဟိုလူကြီးရေ ။
ခုံအောက်ကတစ်ယောက်ကို ဆိုဖာပေါ်မှာထိုင်ခိုင်းလိုက်ရင်း နှုတ်ခမ်းက စိုရွှဲရွှဲအရာတစ်ချို့ကို လက် ဖနောင့်နဲ့သုတ်ပေးလိုက်တဲ့အခါ ---
" ရာဇ် !!!မပြီးသေးဘူးမို့လား ၊ ကိုယ်ပြီးအောင် လုပ်ပေး ---"
" စိတ်မပါတော့ဘူး ၊ ထားလိုက်တော့ "
လက်ကျန်ဝိုင်ခွက်ကို တရှိန်ထဲမော့သောက်လိုက်ရင်း ပြီးတာနဲ့အခန်းအပြင်ထွက်လာလိုက်ပါတယ် ။
ခြေလှမ်းတွေက အိမ်ပြန်ရန်ဦးတည်လို့ ။ ရာဇ် မသိတာလေးတစ်ခုက လူတစ်ယောက်ဟာ အမှောင်ရိပ်အကွယ်ကနေ သူ့ကိုစောင့်ကြည့်နေတယ်ဆိုတာပါပဲ ။ ဆုံဆည်းခြင်းတွေဟာ တစ်ခါတစ်လေ တိုက်ဆိုင်မှုကြောင့် ၊ တစ်ခါတစ်လေတော့ ကြိုတင်ဖန်တီးထားခဲ့မှုတွေကြောင့် ။
ညမီးရောင်ရဲ့အောက်မှာ စီးကရက်သောက်ရင်း စိတ်အေးလက်အေးအနားယူနေသလိုမျိုး ခပ်ဖြေးဖြေးလမ်းလျှောက်နေတဲ့သူတစ်ယောက် ။ လူရှင်းနေတဲ့ကားလမ်းပေါ်မှာ ဘီးလှိမ့်ယုံလေးမောင်းလာတဲ့ ကားတစ်စီး ။ ဆုံတွေ့ခြင်းရေစက်က ထိုသို့စလေသတည်းပေါ့ ။
**********************************
" ရာဇ်! ! ဟိုတစ်နေ့က ညီလေးဆီ ဦးစစ်မင်းသိဒ္ဓိလာတာကို နှင်လွှတ်လိုက်တယ်ဆို ၊ သူက ငါ့ညီနဲ့အလုပ်ကိစ္စပြောချင်နေတာ "
စင်ပေါ်မတက်ခင် သွေးပူလေ့ကျင့်ခန်းလုပ်နေတဲ့ကိုယ့်အနားကိုရောက်လာပြီး ပြောလာတဲ့ မန်နေဂျာရဲ့စကားကြောင့် ---
" ကျွန်တော်သူ့ကို ဒီနေ့ပြန်ချိန်းထားတယ် ကိုညီ ၊ သူလာ မလာတော့ မသိဘူးရယ် "
" ရောက်နေပြီ ရှေ့ဆုံးဝိုင်းမှာ နေရာချပေးထားရတယ် ၊ သူ့ကိုတော့ နည်းနည်းအရေးပေးပြီးဆက်ဆံပေးဖို့ အကိုတောင်းဆိုပါရစေကွာ ။ လူတိုင်းက သူနဲ့
ရင်းနှီးချင်ကျတာကြီးပဲ ၊ သူ့ကသာ ဘယ်သူကိုမှဂရုမစိုက်တာ ။ အဲလိုလူက ငါ့ညီဆီ တန်းတန်းမက်မက်ရောက်လာတယ်ဆိုထဲက ငါ့ညီအတွက်ကောင်းကျိုးတွေဖြစ်လာစေမှာပါ "
" သူက ဘယ်သူမို့လ်ု့ိလဲ ကိုည်ီ "
" ဦးစစ်မင်းသိဒ္ဓိတဲ့ ၊ အရင်က သူ့မိသားစုနဲ့ ဥရောပဘက်မှာနေတာ ၊ မြန်မာပြည်မှာက သူ့အမေရှိတယ် ၊ သူ့မိဘတွေက ကွာရှင်းထားတော့ သူက အဖေဘက်ပါသွားတာ ။ အခုမှ သူ့အမေနဲ့ပြန်လာနေတာ ၊
ဓနသိဒ္ဓိကုမ္မဏီပိုင်ရှင် ဒေါ်နန်းမာလာရဲ့ တစ်ဦးတည်းသောသား ။ မြန်မာပြည်ကိုသူပြန်လာတာ ငါးနှစ်လောက်ပဲရှိဦးမယ် ၊ အခုနောက်ပိုင်း နာမည်ကြီးလာတဲ့ ဓနသိဒ္ဓိလုပ်ငန်းစုအားလုံးရဲ့ CEO က သူပဲ ၊ လူငယ်ဆိုတော့စီးပွားရေးအကွက်လဲမြင်တယ် ၊ မြင်သလောက်လဲ တွန်းလုပ်နိုင်တဲ့ နောက်ခံအင်အားကတောင့်တင်းတယ် ၊ အဲတော့ ခဏလေးတဲ့ ထိပ်ဆုံးရောက်လာတယ်ပေါ့ "
" မိဘ အားကိုးနဲ့ဆိုပါတော့ "
" အစထဲက ဝရှိတဲ့လူတန်းစားဆိုတော့လဲ ဝိလုပ် လို့ကောင်းသွားတာပေါ့ကွာ ။ ဘာပဲဖြစ်ဖြစ် သူပြောတဲ့စကားတော့ တစ်ချက်လောက်နားထောင်ကြည့်ပေါ့ ၊ အကျိုးမယုတ်လောက်ပါဘူး ၊ အခုနောက် ပိုင်း သူက အနုပညာကျောင်းတစ်ခုဖွင့်မလို့လို့ကြားတယ် ၊ အဲမှာ ငါ့ညီကိုများ ထားချင်လို့လားပဲ "
" ဟုတ်ကဲ့ပါ ကျွန်တော်စကားပြောကြည့်လိုက်ပါ့မယ် ၊ သူလာမယ်ဆိုရင်ပေါ့ "
စကားစပြတ်သွားတာနဲ့ ရာဇ်လဲ စင်ပေါ်တက်လာလိုက်သည် ။ ရောင်စုံမီးရောင်တွေကြားထဲကနေ အရှေ့ဆုံးဝိုင်းကိုမျက်လုံးဝေ့ကြည့်လိုက်တော့ ဝိုင်တစ်ခွက်ကို အရှေ့မှာချထားပြီး ကိုယ့်ကိုစိုက်ကြည့်နေတဲ့ ဟိုလူ ။ ဟိုညက မျက်နှာကို သေသေချာချာမမြင်လိုက်ရပေမယ့် သူ့ကိုသေချာမှတ်မိနေ၏ ။
ကိုယ့်စိတ်ထင်နေတာကြောင့်လားတော့မသိ ။ ရုပ်က ပြီတီတီနဲ့ ကိုယ့်ကိုလှမ်းပြီးလှောင်ပြနေတော့သလိုမျိုး ။ F**k! !! ရုပ်မြင်တာနဲ့ အမြင်ကပ်ချင် စရာ ။ အတွေးဆုံးတာနဲ့ ကိုယ့်အလုပ်ကိုသာအာရုံပြန်စိုက်လိုက်ပါသည် ။ ဒရမ်းစတီးပြီးဆိုတာနဲ့ တစ်လောကလုံးကိုမေ့ထားနိုင်တာက ကိုယ်ရဲ့အားသာချက် ။
***********************************
သိဒ္ဓိကတော့ စင်ပေါ်မှာ ဒရမ်းကိုစိတ်ပါလက်ပါတီးပြီ စီးမျောနေတဲ့ကောင်လေးကို မျက်တောင်မခတ် တမ်းငေးနေလိုက်ပါတယ် ။ ဂျိုင်းပြတ်အကျႌကို
ဘောင်းဘီပွပွထဲထည့်ဝတ်ထားတာကြောင့် လက်မောင်းပေါ်က တက်တူးကိုတမင်လှစ်ဟပြနေတော့သလိုလို ။ မီးရောင်ကိုအားပြုကြည့်ရတာမို့ အတောင်ပံနှစ်ဖက်ရဲ့ပုံစံကသာထင်ထင်ရှားရှား ။ သိပ်မသေးလှတဲ့ တက်တူးပုံစံက အသားညို့စိမ့်စိမ့်သူ့လက်မောင်းကြွက်အိုးသားပေါ်မှာ ဝင့်ဝင့်ကြွားကြွား ။
ပြုံးရီလိုက်တိုင်း နှာခေါင်းဘေးတစ်ဖက်တစ်ချက်စီကနေပေါ်လာတဲ့အရာလေးက သူ့ကိုရုပ်ဆိုးမသွားစေပဲ ပိုကြည့်ကောင်းတဲ့လူတစ်ယောက်ဖြစ်စေဖို့ ပံ့ပိုးနေတော့တဲ့ပုံစံ ။ အချိန်ဘယ်လောက်ကြာအောင် ကြည့်နေမိတယ်မသိ ။ လက်ခုတ်သံတွေကြောင့် သတိပြန်ဝင်လာရပါ၏ ။ နောက်တစ်ကြိမ်ကြည့်လိုက်မိတော့ ဒရမ်မင်းသားက စင်ပေါ်ကနေ ပရိတ်သတ်ကိုနှုတ်ဆက်နေပြီ ။ ကိုယ်မင်းနဲ့တွေ့ဖို့ တဖြေးဖြေးချင်းလာနေပြီ ရာဇ် ။ မင်း ဘယ်ပြေးချင်လဲ မိရွှေသဲပေါ့ ။
************************************
" ဖောက်! !! ဖောက်! !!! "
ကိုယ်က စကားပြောနေတဲ့အချိန် တဖက်လူက ပိကေကို စိမ်ပြေနပြေဝါးနေကာ တဖောက်ဖောက်မြည်အောင်ဖောက်နေတာမို့ ---
" ကိုယ်စကားပြောနေတာကို အာရုံစိုက်လို့ရမလား
မင်း ပီကေကိုပဲစိတ်ရောက်နေသလားလို့ "
" ထင်လို့ပါ "
သူ့ပုံစံအတိုင်း တိုတိုတုတ်တုတ် တုန့်ပြန်သံက ကိုယ့်စကားရဲ့အနောက်မှာ ချက်ချင်းကပ်ပါလာတော့တာ ။
" ထင်တာမဟုတ်ဘူး ၊ မြင်နေရတာ ၊ တဖက်လူအပေါ် လေးစားမှုတော့ရှိသင့်တယ်လေ "
" ခက်တာပဲ လူတွေက တအားကိုအလေးစားခံချင်နေကျတာ ၊ ဘဝင်မြင့်တဲ့ရောဂါများလား "
" မင်း "
" ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပါပြီ ခင်ဗျားစကားကို တကယ်အလေးထားပြီးနားထောင်နေတာပါ ၊ ကျွန်တော်အတွက်က အဆင်မပြေဘူးထင်တယ် "
" ဘာလို့လဲ "
" ဘာလို့လဲတော့ မသိပေမယ့် ကျွန်တော်ခင်ဗျားကိုစိတ်မဝင်စားဘူး "
" ကိုယ်ကတော့ စိတ်ဝင်စားနေမိပြီ ၊ အဲတော့ ဘယ်လိုနောက်ဆုတ်ရပါ့မလဲ "
" ဘယ်လိုမှလုပ်မရပါဘူး ၊ လာလမ်းအတိုင်းပြန်ကြွလိုက်ပါ ၊ ကျွန်တော် ယောကျ်ားလေးချင်းသဘောကျရင်တောင် ခင်ဗျားတော့မဟုတ်ဘူး "
" သေချာလား ၊ ကိုယ့်က မင်းကိုအနားရောက်အောင်ဆွဲခေါ်နိုင်တာ မင်းမသိဘူးနော် ၊ ကိုယ်က လိုချင်တာမှန်သမျှကို ငွေလမ်းခင်းပြီး အလွယ်တကူလျှောက်လို့ရတယ် ၊ မင်းကိုပါ ဝယ်လို့ရတဲ့နည်းလမ်းတွေရှိတယ်ကွာ ၊ နားလည်လား "
" F**k ပဲ ဟေ့လူ ၊ ခင်ဗျားကို ခင်ဗျား ဘာထင်နေလဲ ၊ အခုချက်ချင်း ကျုပ်ရှေ့ကထွက်သွားတော့ "
" ကိုယ့်ကို နှင်မလွှတ်နဲ့ ရာဇ် ၊ မင်း နောင်တတွေ တစ်လှေကြီးရသွားလိမ့်မယ် "
" ကျုပ် ဒီ့ထက်ပိုပြီး မရိုင်းချင်ဘူး ဦးစစ်မင်းသိဒ္ဓိ ၊ ကျုပ်ရှေ့ကို ထပ်မရောက်လာပါနဲ့တော့ "
" Okay လေ ကိုယ်အခုတော့ မင်းစကားကိုနားထောင်ပေးမယ် ၊ တစ်ခုတော့ရှိတယ် ၊ ကိုယ်တို့ဆက်ဆက်ပြန်ဆုံကျရမှာပါ "
ပြောပြီးတာနဲ့ ချက်ချင်းထပြန်သွားတဲ့လူ ။ အလုပ် ကိစ္စဆိုလို့ သူ့ကိုလက်ခံပြီးစကားပြောခဲ့တာ ။ သူက ကိုယ့်ကိုမြင်တာနဲ့ သဘောကျကြောင်းတွေတန်းပြောတော့တာတဲ့လား ။ ဘယ်လောက်တောင်အခြေအနေနဲ့အချိန်အခါကိုမကြည့်တဲ့သူလဲ ။ ပိုက်ဆံရျိတိုင်း အရာရာကိုငွေနဲ့တန်ဖိုးဖြတ်တက်တဲ့ပုံစံက သူ့ဆီမှာအထင်အရှားမို့ ကိုယ်က ပိုလို့တောင်ရှောငိချင်သေး ။ ဒီလိုလူတွေက လေကြီးဖင်ကျယ် ဘဝင်မြင့်ရောဂါစွဲကပ်နေတာမျိုးလေ ။
ရာဇ်ကတော့ ဘယ်အရာကိုမှ စိတ်ထဲမှာအကြာကြီးသိမ်းမထားတက်သူမို့ အခုကိစ္စကိုလဲ ခပ်မြန်မြန်ပဲခေါင်းထဲကနေထုတ်လိုက်ပါတယ် ။ အလကားနေအလကား စိတ်ရှုပ်မခံနိုင်ဘူးလေ ။
ဒီလိုနဲ့ပဲ တစ်လလောက်ကြာသွားတဲ့အချိန် ပုံမှန်အတိုင်း Club ကိုသွား ဒရမ်တီး ။ မနက်လင်းတော့မှ
Club ကနေအိမ်ပြန်လာတဲ့အချိန် အိမ်ရှေ့ဧည့်ခန်းမှထိုင်နေတဲ့ ယောက်ဖနဲ့မမ ။ သူတို့အရှေ့မှာတော့
ကိုယ်မမြင်ဖူးတဲ့လူတစ်ယောက် ။ ကိုယ်ရောက်တာနဲ့ ထိုသူကထပြန်သွားသည် ။ ကိုယ်စိတ်ထင်လို့ လားတော့မသိ ။ မမ မျက်နှာက အသဲအသန်ငိုထားသလိုမျိုးအစ်မို့နေလို့ ။
" ဒေါက်!!! ဒေါက်!! ဒေါက် !! "
အခန်းတံခါးခေါက်သံကြောင့် ---
" မမလား "
" ဟုတ်တယ် ရာဇ်! မမ ခဏဝင်လာမယ်နော် "
" ဝင်လာလေ မမ "
စကားဆုံးတာနဲ့ အခန်းထဲဝင်လာတဲ့ မမ ။ ကိုယ့်ကုတင်ဘေးမှာဝင်ထိုင်လိုက်ရင်း မျက်နှာမကောင်းတဲ့မမ ။
" မမ ဘာပြောစရာရှိလို့လဲ ပြောပါ "
ကိုယ့်စကားအဆုံးမှာ မမကသက်ပြင်းသာချနေတာမို့ ---
" မမ ပြောစရာရှိတာကိုသာပြောပါ ။ဘာဖြစ်လို့လဲ "
" ရာဇ် ! ဟို ဟိုလေ! မမကို ပိုက်ဆံနည်းနည်းလောက်ရှာပေးလို့ရမလားဟင် "
" ပိုက်ဆံ! မမက ဘယ်လောက်လိုလို့လဲ "
" နှစ်ရာလောက် "
" နှစ်ရာတောင်! ! နှစ်ရာဆိုတာကြီးကို ကျွန်တော် က ဘယ်ကနေရှာလို့ရမှာလဲမမရယ် "
ကိုယ့်စကားအဆုံးမှာ တသိမ့်သိမ့်ရှိုက်ငိုသွားတဲ့မမ ။
" ဟာ မမ မငိုနဲ့လေ ကျွန်တော်ကမမကို အပြစ်တင်နေတာမဟုတ်ဘူးလေ ၊ ကျွန်တော် ရှာဖို့မလွယ်တာကိုပြောတာပါ ၊ ဘာလို့ သိန်းနှစ်ရာတောင် လိုရတာလဲမမ "
" မမတို့ အကြွေးတွေမကျေသေးဘူး ရာဇ်ရယ် ၊ သိန်းနှစ်ထောင်လောက်ရှိသေးတယ် ၊ အခု တဖက်က
ပြန်တောင်းနေပြီ ၊ မပေးနိုင်ရင် ရာဇ် အကိုကိုတရားစွဲကျတော့မှာ ၊ မမလဲ ရူးချင်နေပါပြီ မောင်လေးရယ်"
" ဒီအိမ်ရောင်းလိုက်ရင်ရောမမ "
" အများဆုံးရမှ သိန်းရှစ်ရာပေါ့ ရာဇ်ရယ် ၊ ကျန်တဲ့
ထောင့်နှစ်ရာကို ဘယ်လိုပေးကျမလဲ "
တကယ်ဆို ယောက်ဖရဲ့လုပ်ငန်းတွေအားလုံးဟာသူ့ဟာသူအောင်မြင်နေခဲ့ပြီးသား ။ ပြိုင်ဘက်ကုမ္မဏီတစ်ခုရဲ့ တိုက်ခိုက်မှုကြောင့်သာ ပြိုလဲခဲ့ရတာ ။
စီးပွားရေးလောကရဲ့ထုံးစံအတိုင်း နိုင်တစ်ခါရှုံးတစ်လှည့်ဆိုပေမယ့် ရှုံးတဲ့အခါမှာတော့ သိန်းပေါင်းသောင်းချီဆုံးရှုံးခဲ့ရပြီး ဘဝပါပျက်ခဲ့ရတဲ့အထိ ။ မရပ်တမ်းငိုနေတဲ့မမကို ပခုံးကနေအသာလေးဖက်ကထားပေးရင်း ---
" မငိုပါနဲ့မမရယ် ကျွန်တော် ရှာကြည့်ပါဦးမယ် ၊ မငိုနဲ့တော့နော် "
ငိုနေတဲ့သူကိုနှစ်သိမ့်ဖို့ စကားကိုအလွယ်တကူပြောလိုက်မိပေမယ့် ကိုယ့်အနေအထားနဲ့ သိန်းနှစ်ရာအသာထားလို့ သိန်းနှစ်ဆယ်တောင်ဘယ်ကနေရှာရမှာပါလိမ့် ။ မှုတ်ထုတ်လိုက်တဲ့သက်ပြင်းတွေကတော့ စိတ်ရဲ့လေးလံခြင်းတွေကို သယ်ဆောင်မသွားပေးနိုင်ရှာ ။ ငွေ ငွေ ကြောက်စရာကောင်းလောက်အောင်အသုံးဝင်တဲ့ငွေ ၊ ကိုယ့်မှာမရှိရင် ဘယ်သူ့ခြေသလုံးဖြေးဖက်ရမှန်းမသိတဲ့ငွေ ။ Money is the second god ဆိုတာ တကယ်အမှန် တရားပါလား ။
24.3.2022
A.M - 9:10
Continue Reading
You'll Also Like
520K 103K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
88.2K 4.2K 42
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
106K 11.5K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...
34.1K 6.5K 39
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් .. රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by @F...