Unicode
အခန်း-၃၄ ရေကန်ဘေးမှ ကြယ်စင်ည။
[ငါ ရှုံးနေပြီးသားပါ...]
စုယန် ရွှံ့အိမ်ငယ်မှ ထွက်သွားသည်နှင့်တပြိုင်နက် ချုံပုတ်တစ်ခု၏နောက်တွင်ပုန်းကွယ်ကာ ကိုယ်ကို ကိုင်းညွှတ်၍ အော့အန်လိုက်တော့သည်။
သူ၏အစာအိမ်ကို ရှင်းပြီးသည်နှင့် သူ့မျက်နှာပေါ်ရှိ မျက်ရည်များနှင့် နှာရည်များကို ဆေးကြောရန် ရေကန်ဆီသို့ သွားလိုက်၏။
ဤကမ္ဘာသည် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုမျှသာ ဖြစ်ကြောင်းနှင့် ထိုလူများသည် အသက်မဲ့အမြောက်စာ များသာဖြစ်ကြောင်း သူ့ကိုယ်သူ ထပ်ခါထပ်ခါ သတိပေးနေခဲ့သည်။ မူလဝတ္ထုနှင့် ဇာတ်ညွှန်းတွင် သူတို့အားလုံးသည် သေခြင်းတရားနှင့် ဆုံးခန်းတိုင်ခဲ့ပေသည်။ ဤသည်မှာ သူတို့၏ ကံကြမ္မာပင်။
သည့်အပြင် ဤအရာသည် သိုင်းလောကတစ်ခုသာ ဖြစ်ပြီး အနာဂတ်တွင် သွေးထွက်သံယိုဇာတ်ကွက် များစွာဟာ သူ့အား စောင့်ကြိုနေဦးမည်ဖြစ်သည်။ နှစ်နှစ်အတွင်း၌ မိစ္ဆာဂိုဏ်းအား ချေမှုန်းခြင်းစစ်ပွဲကြီး စတင်တော့မည်ဖြစ်ပြီး မရေမတွက်နိုင်သော အသေအပျောက်များစွာ ရှိလာအုံးမည်ဖြစ်သည်။ ၎င်းသည် အစစ်အမှန် အသူတရာငရဲပင် ဖြစ်ပေသည်။
ထို့ကြောင့် အမြန်ဆုံး လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရပေမည်။
ဤအခိုက်အတန့်တွင် စုယန်သည် ကျောက်စိမ်း အိမ်တော်၏ အပြင်ဘက်၌ မည်မျှရက်စက် ကြမ်းကြုတ်သောကမ္ဘာကြီး စောင့်ကြိုနေသည်ကို အမှန်တကယ် နားလည်လိုက်ရသည်။
သို့သော်လည်း သူနောက်ပြန်လှည့်၍ မရနိုင်ချေ။
လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လိုပါက သည်းခံ စိတ်ရှည်၍ ဇာတ်လမ်းကို ပြီးဆုံးအောင်လုပ်ရမည် ဖြစ်သည်။
စုယန် ပါးပြင်ပေါ်ရှိ ရေစက်များကို သုတ်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။
မကြာမီပင် ညအချိန်သို့ ရောက်ရှိလာ၏။
မြေရိုင်းလွင်ပြင်တွင် ညအပူချိန်သည် သိသိသာသာ ကျဆင်းသွားပြီး ဆောင်းရာသီကဲ့သို့ အအေးဓာတ်ကို ယူဆောင်လာသည်။
မိစ္ဆာဂိုဏ်းအဖွဲ့သည် မိုးမခရွက်ရေကန်ဘေးတွင် ရိုးရှင်းသော ရွက်ဖျင်တဲနှစ်လုံးကို တည်ဆောက်ခဲ့ပြီး မီးပုံတစ်ခု ပြုလုပ်ခဲ့သည်။ အချို့မှာ စုပြုံကာ အနားယူနေကြပြီး အချို့ကတော့ မတော်တဆတစ်ခုခု မဖြစ်စေရန် အလှည့်ကျ စောင့်ကြပ်နေကြ၏။
စုယန်သည် သူ့ကိုယ်သူစောင်နှင့်ထုပ်ထားပြီး နွေးထွေးသော သားမွေးကူရှင်ပေါ်တွင် ရှိနေသော်လည်း အိပ်မပျော်နိုင်ပေ။ သူမျက်လုံးမှိတ်လိုက်သောအခါတွင် ညနေစောင်းအချိန်က ဖြစ်ပျက်ခဲ့သော မြစ်ထဲသို့ သွေးများစီးကျနေသည့် ရက်စက်ကြမ်းကြုတ်သော မြင်ကွင်း သို့မဟုတ် သေပြီးသည့်တိုင် သူ့ကို စိုက်ကြည့်နေကြသော လူများ၏ မျက်လုံးများအား ပြန်လည်မြင်ယောင်လာ၏။
သူသည် ထိုအဖြစ်အပျက်အား လက်ခံနိုင်ရန် အတင်းအကြပ် ကြိုးစားနေရသည်။
စုယန်သည် သက်ပြင်းချလိုက်ပြီး သူ့ဘေးရှိ မေ့ရှစ်စန်းအား လှမ်းပုတ်လိုက်၏။
"ဂိုဏ်းကထွက်သွားတုန်းက မင်းသေရည်အချို့ ယူလာခဲ့တာကို ငါမှတ်မိတယ်.. ဟုတ်တယ်မလား"
မေ့ရှစ်စန်းက ခေါင်းညိတ်လိုက်ပြီး သေရည်အိတ်ကို ထုတ်ယူကာ စုယန်အား ကမ်းပေးလိုက်သည်။
"သခင်ငယ်.. သင်အေးနေလို့လား။ ဒီသေရည်က ပြင်းတယ်။ သင့်ရဲ့ခန္ဓာကိုယ်ကို နွေးထွေးစေရုံလောက်ပဲ သောက်ပါ။ အလွန်အကျွံမသောက်ပါနဲ့"
စုယန်သည် 'အမ်း'ဟု အသံပြုပြီးနောက် သေရည်အိတ်ကိုယူကာ နှစ်ကျိုက်မော့သောက် လိုက်သည်။
သေရည်က အနည်းငယ်ပြင်းပြီး ပူလောင်သောကြောင့် စုယန်သည် သူ့လည်ချောင်းအတွင်း ပူလောင်မှုကို သိသိသာသာ ခံစားလိုက်ရသည်။ ပြင်းပြသော သွေးနံ့ကြောင့် အစာအိမ်ထဲရှိ အရာအားလုံးကို အန်ထုတ်လိုက်ပြီးနောက်တွင် သူ၏ဗိုက်ထဲ၌ ဟောင်းလောင်းဖြစ်သွားခဲ့ပြီး အနည်းငယ်သောက်ရုံဖြင့် အလွယ်တကူ မူးဝေလာစေသည်။ လေး၊ငါးကျိုက်လောက် မော့သောက်ပြီးနောက်တွင် သူသည် အမှန်တကယ် မူးနေပြီဖြစ်သည်။
ထို့ကြောင့် သေရည်အိတ်အဖုံးကိုပိတ်ကာ မေ့ရှစ်စန်းထံသို့ ပြန်ပေးလိုက်ပြီး ကိုယ့်ကိုကိုယ် စောင်နှင့်ထုပ်ကာ အိပ်ပျော်ရန် ကြိုးစားလိုက်သည်။
သို့သော် သူသည် အိပ်မက်မြေထဲ့သို့ မဝင်ရောက်နိုင်သေးပေ။
နောက်ဆုံး၌ စုယန်သည် စောင်ကိုဖယ်လိုက်ပြီး ဓားကို ဆွဲကိုင်ကာ မတ်တပ်ထလိုက်တော့သည်။ သူက မေ့ရှစ်စန်းအား ပြောလိုက်၏။
"ငါလမ်းသွားလျှောက်လိုက်အုံးမယ်.. လိုက်မလာခဲ့နဲ့"
မေ့ရှစ်စန်းက စိုးရိမ်စွာဖြင့် မျက်မှောင်ကြုတ် လိုက်သည်။
"ဒါပေမယ့် သခင်ငယ်လေး အဲဒီလူတွေက.."
စုယန်က အေးစက်စွာ ဖြတ်ပြောလိုက်၏။
"လိုက်မလာနဲ့.. ငါတစ်ယောက်တည်း နေချင်တယ်"
မေ့ရှစ်စန်းက ခေါင်းညိတ်နာခံရုံကလွဲလို့ အခြားရွေးချယ်စရာ မရှိပေ။
စုယန်သည် ရေကန်တစ်ဖက်ခြမ်းရှိ ရွှံ့အိမ်ငယ်ဆီသို့ လျှောက်မသွားပေ။ သူသည် ရေကန်အစွန်း၌ ဖြည်းညှင်းစွာ လမ်းလျှောက်ရင်း နောက်ဆုံးတွင် ကျောက်ကမ်းပါးနှစ်ခုဆုံသည့် ချွန်ထက်သောထောင့်သို့ ရောက်လာခဲ့သည်။
စုယန်သည် မျက်နှာပြင်ညီညာသော ကျောက်တုံးကြီး တစ်ခုပေါ်သို့ ခုန်တက်ကာ ခေါင်းကိုမြှောက်၍ ညကောင်းကင်အား မော့ကြည့်လိုက်၏။
တောက်ပသော နဂါးငွေ့တန်းဂလက်ဆီသည် ကောင်းကင်ယံ၌ ကန့်လန့်ဖြတ်တည်ရှိနေပြီး ဤသည်မှာ မြို့ပြမီးရောင်များဖြင့် ဘယ်သောအခါမှ မယှဉ်နိုင်သော ခမ်းနားကြီးကျယ်သည့် မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
ယစ်မူးနေသောစုယန်သည် ကောင်းကင်ရှိကြယ်များအား မြို့လမ်းမများပေါ်ရှိ ကားပင်လယ်ကြီး၏ နောက်မီးလုံး များကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းတို့သည် သူလက်လှမ်း မမှီနိုင်သောနေရာတွင် ရှိနေပုံရ၏။
သူသည် လက်ကိုမြှောက်ကာ သလင်းကျောက်ကဲ့သို့ ပြိုးပြိုးပြက်ပြက် တောက်ပနေသော အလင်းရောင်များကို ထိရန်ကြိုးစားလိုက်သည်။
ထိုအချိန်တွင် သူ့နောက်က ခြုံပုတ်များထံမှ ခြုံနှင့် အဝတ်အစား ပွတ်တိုက်သံများ ထွက်ပေါ်လာ၏။ စုယန် သူ့ဓားကိုဆွဲထုတ်ပြီး ချဉ်းကပ်လာသူကို လှည့်ကြည့်လိုက်သည်။
ထိုလူသည် ဦးခေါင်းနှင့်မျက်နှာအား ဖုံးကွယ် ထားခဲ့သော သိုင်းပညာရှင်လူငယ်လေးပင် ဖြစ်သည်။ သူသည် ချုံပုတ်များ၏အရိပ်များတွင် ပုန်းအောင်းရန် အနက်ရောင်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ခဲ့ပြီးဖြစ်ပြီး သူ၏ရုပ်သွင်မှာ ကွဲကွဲပြားပြားမရှိပေ။
စုယန်က ရယ်မောလျက် ပြောလိုက်၏။
"ညအမှောင်ထဲမှာတောင် မင်းမျက်နှာကို ဖုံးကွယ်ထားတုန်းပဲ.. မင်းမျက်နှာကိုပြဖို့ အဲ့လောက်တောင် ရှက်ရွံ့နေတာလား?"
ထိုလူငယ်လေးက ပြန်မဖြေပေ။
အချိန်အတန်ကြာသောအခါမှ မျက်နှာဖုံးအောက်ကနေ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာလေ၏။
"ကြယ်တွေကို ငေးကြည့်ရတာ ကြိုက်တဲ့သူတွေရဲ့ နှလုံးသားက အပြစ်ကင်းစင်တယ်တဲ့.. မင်းက မိစ္ဆာဂိုဏ်းက ဆိုပေမယ့် လူဆိုးတစ်ယောက် မဖြစ်နိုင်ဘူး"
စုယန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
"အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာပဲ" သူက မောက်မာစွာ ပြုံးလိုက်သည်။ "ငါက ဒီရှုခင်းကို ကြည့်ရင်း လူတွေကိုသတ်ဖို့ အစီအစဉ်ဆွဲနေမလား ဆိုတာ မင်းက ဘယ်လိုသိနိုင်မှာလဲ။ နောက်ဆုံးတော့လည်း ငါက မိစ္ဆာဂိုဏ်းဝင် တစ်ယောက်ပဲ။ မင်းဘာတတ်နိုင်မှာလဲ?"
ကုဖေးတိက ရယ်လိုက်ပြီး ခေါင်းယမ်းကာ ဘာမှပြန်မပြောပေ။
စုယန်သည် ထိုလူငယ်၏တုံ့ပြန်မှုကြောင့် အလွန်ဒေါသ ထွက်သွားပြီး ရှက်ရွံ့သွားလေသည်။ သူသည် ထိုလူငယ်အား အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက် ဆိုလေ၏။
"ငါဘယ်သူလဲဆိုတာ မင်းသိနေပြီ။ ဒါပေမယ့် မင်းကတော့ ချပ်ဝတ်တန်ဆာကို ဝတ်ထားတုန်းပဲ။ ဒါက လုံးဝ မတရားဘူး! ငါဒီနေ့ မင်းဘယ်သူဆိုတာ သိရအောင် လုပ်မယ်!"
သူစကားမဆုံးခင်မှာပင် 'မြတ်နိုးဖွယ် ပန်းပွင့်ခြေလှမ်း'ကို အသုံးပြုကာ ကျောက်တုံးပေါ်မှ ခုန်ချလာလေ၏။ သူ့ဓား၏အစွန်းသည် ထိုလူငယ်၏ ပိုးပဝါနှင့် အလွန်နီးကပ်နေပြီး ထိုလူငယ်၏မျက်နှာ အစစ်အမှန်ကို ထုတ်ဖော်ရန် ကြိုးစားနေသည်။
ကုဖေးတိက သူ့ဓားကို ပြန်လည်ခုခံရင်း မေးလေသည်။
"ငါချပ်ဝတ်တန်ဆာကိုမဝတ်ထားပါဘူး.. အဲဒါ မိစ္ဆာဂိုဏ်းရဲ့ ဝေါဟာရတစ်ခုလား?"
စုယန် "......"
စုယန်သည် ပိုလို့တောင် ဒေါသထွက်လာကာ သူ၏လှုပ်ရှားမှုများမှာ ပိုမိုပြင်းထန်လာပြီး သနားညှာတာမှု အနည်းငယ်ပင် မပြချေ။
"မိစ္ဆာဂိုဏ်းပဲဖြစ်ဖြစ် ဖြောင့်မတ်တဲ့ဂိုဏ်းပဲဖြစ်ဖြစ် ငါမြင်သလောက်တော့ မင်းတို့အလယ်ပိုင်းလွင်ပြင်က လူတွေကလည်း လူကောင်းတွေမဟုတ်ဘူး!" စုယန်က အော်ဟစ်လိုက်ပြီး သူ့ဓားကိုလှည့်ကာ တိုက်ခိုက် လိုက်သည်။ "မင်းတို့အားလုံးက နေ့တိုင်း ဘယ်လိုတိုက်ခိုက်ရမယ်၊ ဘယ်လိုသတ်ဖြတ်ရမယ် ဆိုတာပဲသိတယ်။ အချင်းချင်း အမုန်းတရားတွေ ထားပြီး ရန်ညှိုးတွေဖွဲ့ကြတယ်။ နောက်ဆုံးတော့လည်း အားလုံးက အသိအမှတ်ပြုမခံရတဲ့ စစ်သွေးကြွ အုပ်စုလေးသာသာပဲ မဟုတ်လား? ဒါတောင် လူကောင်း၊လူဆိုးနဲ့ မိစ္ဆာဂိုဏ်းတွေ ဖြောင့်မတ်ဂိုဏ်းတွေ ခွဲခြားနေကြသေးတယ်။ အရမ်းရယ်ရတာပဲ!"
ပိုးပဝါအောက်မှ ကုဖေးတိသည် မျက်ခုံးပင့်လိုက်ပြီး သူ့မျက်လုံးထဲ၌ အံ့သြမှုတွေ ပြည့်နှက်နေ၏။
သူသည် စုယန်၏ဓားကို ရှောင်တိမ်းရန် ရှေ့သို့ စောင်းလိုက်သော်လည်း သူ့မျက်နှာပေါ်ရှိ ပိုးပဝါသည် အနည်းငယ် ပြတ်တောက်သွားလေသည်။
စုယန် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့ဓားကို ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။
"ဒီနေ့ ဘယ်သူက ပထမဆုံးစတိုက်ခဲ့လဲဆိုတာ အသိသာကြီးပဲ.. သူတို့က ဖြောင့်မတ်တဲ့လူတွေ ဖြစ်နိုင်ပါ့မလား!"
ကုဖေးတိက သူ၏တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
"ဝူကျားကျိုက်က တကယ်လည်း ကောင်းတဲ့လူတွေ မဟုတ်ပါဘူး။ အင်ပါယာတရားရုံးက သူတို့ကို ဖယ်ရှားပစ်ချင်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ သူတို့က မလွဲမသွေ ဖယ်ရှားခံသင့်တဲ့လူတွေပဲ"
စုယန်က ဒေါသတကြီးနှင့် ထပ်မံတိုက်ခိုက် လိုက်ပြန်သည်။
"မင်းတို့ရဲ့ အလယ်ပိုင်းလွင်ပြင်က အရှုပ်အထွေး တွေကိုတောင် မဖြေရှင်းနိုင်သေးတာကို ဒီကိုလာပြီး မိစ္ဆာဂိုဏ်းကိုရန်စဖို့ အချိန်ရှိသေးတာလား!"
ကုဖေးတိက နောက်ပြန်ဆုတ်လိုက်ပြီး ရယ်မောလျက် ပြောလိုက်သည်။
"ငါပြောချင်တာ ဒါပဲ"
စုယန်သည် စိတ်ဓာတ်ကျနေပြီဖြစ်ပြီး သူရှေ့က လူငယ်၏ ရယ်မောသံကို ကြားလိုက်ရသောအခါ သူသည် အကြောင်းပြချက်မရှိဘဲ ပို၍ပင် ဒေါသထွက်လာရ၏။ သူ၏ဒေါသကို ဖြေဖျောက်ရန် အလို့ငှာ ပို၍ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက် လိုက်တော့သည်။
"ငါက မိစ္ဆာဂိုဏ်းကဆိုရင်ရော ဘာဖြစ်လဲ!"
"လူသတ်ဖို့ အမိန့်ပေးရင်ရော ဘာဖြစ်လဲ!"
"လူတွေသေကုန်တော့ရော ဘာဖြစ်လဲ!"
"ဘာပဲဖြစ်ဖြစ် ငါတို့က မိစ္ဆာဂိုဏ်းပဲလေ!"
"ငါတို့ပြန်မတိုက်ခိုက်ရင် ဖြောင့်မတ်တဲ့ဂိုဏ်းက လူတွေက ငါတို့ကို သတ်သွားလိမ့်မယ်!"
သူ့ရှေ့မှလူငယ်ဟာ အမြောက်စာ ဇာတ်ကောင်သာ ဖြစ်ပြီး ဇာတ်လမ်း၏ ဦးတည်ချက်ကို မထိခိုက်စေကြောင်းကို သိထားသဖြင့် စုယန်သည် အရာအားလုံးကို ပြောင်ပြောင်တင်းတင်း ထုတ်ပြောလိုက်သည်။
ထိုလူငယ်သည် စကားတစ်ခွန်းမှ ပြန်မပြောဘဲ သူ၏ စည်းမဲ့ကမ်းမဲ့ တိုက်ခိုက်မှုအားလုံးကို တိတ်တဆိတ်သာ ပိတ်ဆို့နေခဲ့၏။
စုယန်သည် ထိုလူငယ်၏မျက်နှာဖုံးပုဝါကို သူ၏ဓားနှင့် နောက်တစ်ကြိမ် ခုတ်ပစ်လိုက်သည်။
ငါ တော်တော် အရှက်ကွဲပြီးပြီ။ ဒီနောက်ဆုံး ခုတ်ချက်ကိုသာ လွတ်သွားခဲ့ရင် စခန်းကိုပဲ ပြန်ရတော့မှာပဲ။
သို့သော်လည်း သူသည် သေရည်သောက်သောကြောင့် သူ၏လှုပ်ရှားမှုများသည် အနည်းငယ်နှေးကွေးနေကာ ပြိုင်ဘက်က သူ၏တိုက်ခိုက်မှုကို အလွယ်တကူပင် ရှောင်ရှားနိုင်ခဲ့သည်။ သူ၏ဓားသည် ပစ်မှတ်ကို လွဲသွားရုံသာမက သစ်ပင်၏ပင်စည်ထဲသို့ပါ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားလေသည်။ စုယန်သည် ဓားကို ပြန်ဆွဲထုတ်သော်လည်း အချိန်အတန်ကြာသည်အထိ မထုတ်နိုင်သေးပေ။
ကုဖေးတိသည် အနောက်မှနေ၍ စုယန်၏ပခုံးပေါ် လက်တင်ကာ တိုးတိုးလေး ကပ်ပြောလိုက်လေ၏။
"မင်းမူးနေပြီ.. ပြန်သွားတော့"
နီးကပ်လွန်းလှသဖြင့် ထိုလူငယ်လေး ရှူထုတ်လိုက်သော လေသည် သူ၏နားကို ရိုက်ခတ်နေပြီး ဦးရေပြားတစ်ခုလုံး ပေါက်ကွဲထွက်လုနီးပါးပင်။
သူသည် ဓားလက်ကိုင်ကိုလွှတ်လိုက်ပြီး သူ၏အတွင်းအားကို အသုံးပြုကာ ပိုးပုဝါကို ဖမ်းဆွဲလိုက်သည်။
ပျော့ပျောင်းသောပိုးပဝါအား ဖယ်ရှားခံလိုက်ရပြီး နောက်တွင် နုပျိုချောမောသော မျက်နှာလေးတစ်ခု ပေါ်လွင်လာလေ၏။
စုယန်သည် ကုဖေးတိအား အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။
ထို့နောက် သူသည် နဖူးပေါ်လက်တင်ကာ နာကျင်စွာ သက်ပြင်းချလိုက်၏။
"ငါတကယ်မူးနေပြီပဲ! ငါဘာလို့ ဒီကောင့်ကို ထပ်ပြီး အိပ်မက်မက်နေရတာလဲ?"
ကုဖေးတိက အံ့သြသွားသည်။
"ထပ်ပြီးတော့လား?"
စုယန်က ခပ်တိုးတိုး ညည်းညူလိုက်သည်။
"မင်းဘာတွေများ စားလာခဲ့တာလဲ.. ထွားတာမြန်လိုက်တာ။ အခုဆို မင်းက ငါနဲ့ အရပ်အတူတူဖြစ်နေပြီ"
ထို့နောက် စုယန်သည် အရပ်တိုင်းရန် လက်ကို ဆန့်တန်းလိုက်သည်။
"မင်းရဲ့မျက်နှာက အရင်တုန်းကလောက် နူးညံ့ပြီး ချစ်စရာမကောင်းတော့ဘူး..."
"နူးညံ့ပြီး ဘာဖြစ်တယ်?" ကုဖေးတိက ပဟေဌိဖြစ်သွားသည်။
စုယန်သည် မျက်တောင် တဖျပ်ဖျပ်ခတ်လိုက်ပြီး နောက်ဆုံး မျက်လုံးတွေကိုမှိတ်ကာ ခေါင်းယမ်းလိုက်သည်။
မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါမှ သူသည် မူးနေခြင်းသာဖြစ်ပြီး သူ့ရှေ့ကလူသည် အိပ်မက်မဟုတ်ကြောင်း နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည်။
အခြေအနေကို နားလည်ပြီးနောက် စောစောက သူမည်သို့ ပြုမူခဲ့သည်ကို တွေးလိုက်သောအခါတွင် စုယန်၏ အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
သူသည် သခင်ငယ်၏ အမူအကျင့်ကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီး ခြိမ်းခြောက်သည့် အမူအရာဖြင့် မေးလိုက်၏။
"မင်းဘာလို့ဒီကိုရောက်နေတာလဲ?"
ကုဖေးတိ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ပြုံးလျက် ပြန်ဖြေသည်။
"ထန်းယွင်စံအိမ်က ငါ့ကို ချန်ဖုန်းတောင်ပေါ်ရွာနဲ့ ပူးပေါင်းပြီး ဓားပညာရှင်ရဲ့ ဂူသင်္ချိုင်းကိုရှာဖို့ အမိန့်ပေးလိုက်တယ်။ ဒါကြောင့် ငါဒီကို ရောက်နေတာပဲ။ ဒါပေမယ့် ကျောက်စိမ်းအိမ်တော်က အတန်းဖော်နဲ့ တွေ့ရလိမ့်လို့ ငါမမျှော်လင့်ထားဘူး"
စုယန် ခဏမျှ ငြိမ်သက်သွားသည်။
ကုဖေးတိသည် ဓားပညာရှိဂူသင်္ချိုင်းကို ရှာဖွေရန် သေချာပေါက်လာမည်ကို သူ သေချာသိသည်။ သို့သော် သူသည် ဤအချိန်၌ ဤကဲ့သို့ ပေါ်လာသည်ကို လက်မခံနိုင်ပါ။
အကြောင်းမှာ...
အစောပိုင်းက သူသည် သေရည်ကြောင့် ယစ်မူးနေခဲ့ပြီး ပေါက်ကရများ လျှောက်ပြောခဲ့ခြင်းကြောင့်ပင်။
သူသည် ကုဖေးတိနှင့် အရပ်အမြင့်ကို အမှန်တကယ် နှိုင်းယှဉ်ခဲ့သည်။
အရင်ကလို နူးညံ့ပြီး ချစ်စရာမကောင်းဟုလည်း ပြောခဲ့သေးသည်။
Mr. Plot ရေ... ဒီဇာတ်ကွက်ကို အစက ပြန်စလို့ရမလား.. ငါတို့စတိုက်တဲ့အခန်းကို ပြန်သွားရအောင်လေနော်...
စုယန်သည် အတွင်းပိုင်း၌ ပြိုလဲနေသော်လည်း သူ့အမူအရာကို အတတ်နိုင်ဆုံး ထိန်းသိမ်းထား၏။ သူက ပြောလိုက်သည်။
"မင်းရဲ့အတန်းဖော်က ဘယ်သူလဲ။ မင်းက ပုလဲစံအိမ်တော်ထဲကို ဝင်ရောက်နိုင်ခဲ့ပြီး ကျောက်စိမ်းအိမ်တော်ရဲ့ တိုက်ရိုက်တပည့်ပဲ။
ငါ့ကိုယ်ငါ မင်းရဲ့အတန်းဖော်လို့ မခံယူဝံ့ပါဘူး"
စုယန်သည် သစ်ပင်ပင်စည်မှဓားကို ဆွဲထုတ်ကာ ဆက်ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ရက်လောက်က ငါတို့အတူတူ တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာ မင်းကိုယ်မင်း ဖုံးကွယ်ထား ခဲ့တာဆိုတော့ ဒီည ငါမင်းကို မသိချင်ယောင် ဆောင်ပေးလိုက်မယ်။ မနက်ဖြန်ကစပြီး ငါတို့ ကိုယ့်လမ်းကိုယ် လျှောက်ကြရအောင်"
ကုဖေးတိက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းငါနဲ့ တကယ်ပဲ လမ်းခွဲတော့မှာလား?"
စုယန်က ဆိုလေ၏။
"...မင်းက ဖြောင့်မတ်တဲ့လမ်းကိုလျှောက်တယ်..
ငါက မကောင်းတဲ့လမ်းကိုလျှောက်တယ်.. ငါတို့နှစ်ယောက် တူညီတဲ့လမ်းပေါ် လျှောက်လှမ်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ကုဖေးတိက ပြန်ပြောလေသည်။
"မင်းကို မကောင်းတဲ့လူတစ်ယောက်လို့ ငါဘယ်တုန်းကမှ မမြင်ခဲ့ဘူး။ ဟုတ်တယ် မင်းက မိစ္ဆာဂိုဏ်းက.. ဒါပေမယ့် အဲဒါနဲ့ပဲ မင်းကို လူဆိုးတစ်ယောက်လို့ သတ်မှတ်လို့မရဘူးလေ"
"ငါက မိစ္ဆာဂိုဏ်းရဲ့ သခင်ငယ်ပါ"
ကုဖေးတိက မေးလေ၏။
"... မင်းက ဖိအားပေးခံနေရတာလား?"
စုယန် "....."
စုယန်က ဆွံ့အသွားပြီး သူ့နဖူးသူ ဖိနှိပ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
"မင်းရဲ့ခေါင်းထဲမှာ ဘာတွေတွေးနေလဲတော့ ငါမသိဘူး။ ဒါပေမယ့် ငါ့ကို ဘယ်သူ့ကမှ ဖိအားပေးနေတာမဟုတ်ဘူး.. ငါနဲ့ မိစ္ဆာဂိုဏ်းကြားမှာ ဘာပြဿနာမှလည်း မရှိဘူး။ မင်းက ငါ့ရဲ့ဂိုဏ်းကို မကောင်းတဲ့ဂိုဏ်းလို့ယူဆရင် သူတို့နဲ့ တစ်လှေတည်း စီးနေတဲ့ငါကလည်း မကောင်းတဲ့လူပဲ။ မင်း ငါတို့ကို ခွဲခြားပြီးကြည့်ဖို့ မလိုဘူး။ ဒီနေ့ အဲဒီလူတွေကို ကိုင်တွယ်ဖို့ အမိန့်ပေးခဲ့တာလဲ ငါပဲ"
ထို့နောက် သူက ခေါင်းငုံ့ကာ လက်ထဲရှိဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
"မင်းသည်းမခံနိုင်ဘူး.. အဲဒီလူတွေအတွက် လက်စား ချေချင်သေးတယ်ဆိုရင် ငါနဲ့တိုက်။ မင်းအနိုင်ရရင် မင်းငါ့ကို ကြိုက်သလိုဖြေရှင်းနိုင်တယ်.. မင်းရှုံးရင်.."
ကုဖေးတိက စိတ်အေးအေးထားကာ ပြောလိုက်သည်။
"မင်းစိတ်ကြိုက် ငါ့ကိုဖြေရှင်းမှာလား"
စုယန် သက်ပြင်းချလိုက်၏။
"မင်းရှုံးရင် ထွက်သွားလိုက်.. ငါကို့ တစ်ယောက်တည်း ထားခဲ့ပါ"
ကုဖေးတိက စုယန်ကို ခဏလောက် စိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။
"ငါ ရှုံးနေပြီးသားပါ"
စုယန်: ???
ကုဖေးတိသည် စုယန်၏အံ့ဩမှုကို လျစ်လျူရှုကာ ရယ်မောလိုက်ပြီး ဆို၏။
"ညက အေးတယ်။ မင်းက နွေးဖို့ သောက်ထားပေမယ့် ချွေးတွေအရမ်းထွက်နေတယ်။ စခန်းဆီပြန်သွားပြီး နွေးနွေးထွေးထွေးနေတာ ပိုကောင်းပါတယ်။
အအေးမမိစေနဲ့"
ထို့နောက် ကုဖေးတိသည် စုယန်၏အဖြေကို မစောင့်တော့ဘဲ လှည့်ထွက်သွားတော့၏။
စုယန်သည် ထိုနေရာတွင် ခဏတာ ငူငူငိုင်ငိုင် ရပ်နေပြီး လက်သည်းများကိုကိုက်ရန် သူ့လက်ကို မြှောက်လိုက်သည်။ သူသည် အချိန်အတန်ကြာ ရပ်နေပြီးနောက်မှ စခန်းကို ပြန်သွားလိုက်တော့သည်။
ပတ်၀န်းကျင်သည် တဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့၏။
အချိန်အတန်ကြာပြီးနောက်တွင် အနက်၀တ်အမျိုးသား တစ်ဦးသည် ကျောက်တုံးကြီးနှင့် တစ်ပေခန့်ဝေးသော ချုံပုတ်များမှ ကြောင်တစ်ကောင်ကဲ့သို့ တိုးထွက်လာခဲ့သည်။
သူသည် ပတ်ဝန်းကျင်ကို ခဏတာ သတိထား ကြည့်လိုက်ပြီးနောက် သူ့အင်္ကျီလက်ထဲမှ အရိုးပုလွေ တစ်ခုကိုထုတ်ကာ အင်းဆက်များ၏အသံကဲ့သို့ မြည်သံများကို မှုတ်လိုက်သည်။ ထို့နောက် သေးငယ်သောသစ်သားပြားတစ်ခုကို ထုတ်ယူလိုက်၏။ ကြယ်ရောင်၊ လရောင်တို့၏ အကူအညီဖြင့် ၎င်းသစ်သားပြားပေါ်၌ သေးငယ်သော စာကြောင်းနှစ်ကြောင်း ထွင်းထုထားသည်ကို မြင်နိုင်သည်။
လက်သီးအရွယ်ရှိ ဇီးကွက်နက်တစ်ကောင်သည် ညအမှောင်ထဲမှ ပျံသန်းလာပြီး အနက်ဝတ် အမျိုးသား၏ ပခုံးပေါ်သို့ တိတ်တဆိတ် ဆင်းသက်လာသည်။
အနက်၀တ် အမျိုးသားသည် တစ္ဆေဇီးကွက်၏ ခြေသည်းများအောက်တွင် သစ်သားပြားကို ကျွမ်းကျင်စွာ ချည်နှောင်လိုက်သည်။ ထို့နောက် အသားတစ်ပိုင်းကို ထုတ်ယူကာ ဇီးကွက်အား ကျွေးလိုက်ပြီး ညကောင်းကင်သို့ ပြန်လွှတ်ပေးလိုက်လေ၏။
_21.3.22
Thanks for reading ❣️
Zawgyi
အခန္း-၃၄ ေရကန္ေဘးမွ ၾကယ္စင္ည။
[ငါ ရႈံးေနၿပီးသားပါ...]
စုယန္ ႐ႊံ႕အိမ္ငယ္မွ ထြက္သြားသည္ႏွင့္တၿပိဳင္နက္ ခ်ဳံပုတ္တစ္ခု၏ေနာက္တြင္ပုန္းကြယ္ကာ ကိုယ္ကို ကိုင္းၫႊတ္၍ ေအာ့အန္လိုက္ေတာ့သည္။
သူ၏အစာအိမ္ကို ရွင္းၿပီးသည္ႏွင့္ သူ႕မ်က္ႏွာေပၚရွိ မ်က္ရည္မ်ားႏွင့္ ႏွာရည္မ်ားကို ေဆးေၾကာရန္ ေရကန္ဆီသို႔ သြားလိုက္၏။
ဤကမာၻသည္ စိတ္ကူးယဥ္ဇာတ္လမ္းတစ္ခုမွ်သာ ျဖစ္ေၾကာင္းႏွင့္ ထိုလူမ်ားသည္ အသက္မဲ့အေျမာက္စာ မ်ားသာျဖစ္ေၾကာင္း သူ႕ကိုယ္သူ ထပ္ခါထပ္ခါ သတိေပးေနခဲ့သည္။ မူလဝတၳဳႏွင့္ ဇာတ္ၫႊန္းတြင္ သူတို႔အားလုံးသည္ ေသျခင္းတရားႏွင့္ ဆုံးခန္းတိုင္ခဲ့ေပသည္။ ဤသည္မွာ သူတို႔၏ ကံၾကမၼာပင္။
သည့္အျပင္ ဤအရာသည္ သိုင္းေလာကတစ္ခုသာ ျဖစ္ၿပီး အနာဂတ္တြင္ ေသြးထြက္သံယိုဇာတ္ကြက္ မ်ားစြာဟာ သူ႕အား ေစာင့္ႀကိဳေနဦးမည္ျဖစ္သည္။ ႏွစ္ႏွစ္အတြင္း၌ မိစာၦဂိုဏ္းအား ေခ်မႈန္းျခင္းစစ္ပြဲႀကီး စတင္ေတာ့မည္ျဖစ္ၿပီး မေရမတြက္နိုင္ေသာ အေသအေပ်ာက္မ်ားစြာ ရွိလာအုံးမည္ျဖစ္သည္။ ၎သည္ အစစ္အမွန္ အသူတရာငရဲပင္ ျဖစ္ေပသည္။
ထို႔ေၾကာင့္ အျမန္ဆုံး လိုက္ေလ်ာညီေထြျဖစ္ေအာင္ ႀကိဳးစားရေပမည္။
ဤအခိုက္အတန႔္တြင္ စုယန္သည္ ေက်ာက္စိမ္း အိမ္ေတာ္၏ အျပင္ဘက္၌ မည္မွ်ရက္စက္ ၾကမ္းၾကဳတ္ေသာကမာၻႀကီး ေစာင့္ႀကိဳေနသည္ကို အမွန္တကယ္ နားလည္လိုက္ရသည္။
သို႔ေသာ္လည္း သူေနာက္ျပန္လွည့္၍ မရနိုင္ေခ်။
လက္ေတြ႕ကမာၻသို႔ ျပန္ေရာက္လိုပါက သည္းခံ စိတ္ရွည္၍ ဇာတ္လမ္းကို ၿပီးဆုံးေအာင္လုပ္ရမည္ ျဖစ္သည္။
စုယန္ ပါးျပင္ေပၚရွိ ေရစက္မ်ားကို သုတ္လိုက္ၿပီးေနာက္ မတ္တပ္ရပ္ကာ အသက္ျပင္းျပင္းရႉထုတ္လိုက္သည္။
မၾကာမီပင္ ညအခ်ိန္သို႔ ေရာက္ရွိလာ၏။
ေျမရိုင္းလြင္ျပင္တြင္ ညအပူခ်ိန္သည္ သိသိသာသာ က်ဆင္းသြားၿပီး ေဆာင္းရာသီကဲ့သို႔ အေအးဓာတ္ကို ယူေဆာင္လာသည္။
မိစာၦဂိုဏ္းအဖြဲ႕သည္ မိုးမခ႐ြက္ေရကန္ေဘးတြင္ ရိုးရွင္းေသာ ႐ြက္ဖ်င္တဲႏွစ္လုံးကို တည္ေဆာက္ခဲ့ၿပီး မီးပုံတစ္ခု ျပဳလုပ္ခဲ့သည္။ အခ်ိဳ႕မွာ စုၿပဳံကာ အနားယူေနၾကၿပီး အခ်ိဳ႕ကေတာ့ မေတာ္တဆတစ္ခုခု မျဖစ္ေစရန္ အလွည့္က် ေစာင့္ၾကပ္ေနၾက၏။
စုယန္သည္ သူ႕ကိုယ္သူေစာင္ႏွင့္ထုပ္ထားၿပီး ေႏြးေထြးေသာ သားေမြးကူရွင္ေပၚတြင္ ရွိေနေသာ္လည္း အိပ္မေပ်ာ္နိုင္ေပ။ သူမ်က္လုံးမွိတ္လိုက္ေသာအခါတြင္ ညေနေစာင္းအခ်ိန္က ျဖစ္ပ်က္ခဲ့ေသာ ျမစ္ထဲသို႔ ေသြးမ်ားစီးက်ေနသည့္ ရက္စက္ၾကမ္းၾကဳတ္ေသာ ျမင္ကြင္း သို႔မဟုတ္ ေသၿပီးသည့္တိုင္ သူ႕ကို စိုက္ၾကည့္ေနၾကေသာ လူမ်ား၏ မ်က္လုံးမ်ားအား ျပန္လည္ျမင္ေယာင္လာ၏။
သူသည္ ထိုအျဖစ္အပ်က္အား လက္ခံနိုင္ရန္ အတင္းအၾကပ္ ႀကိဳးစားေနရသည္။
စုယန္သည္ သက္ျပင္းခ်လိဳက္ၿပီး သူ႕ေဘးရွိ ေမ့ရွစ္စန္းအား လွမ္းပုတ္လိုက္၏။
"ဂိုဏ္းကထြက္သြားတုန္းက မင္းေသရည္အခ်ိဳ႕ ယူလာခဲ့တာကို ငါမွတ္မိတယ္.. ဟုတ္တယ္မလား"
ေမ့ရွစ္စန္းက ေခါင္းညိတ္လိုက္ၿပီး ေသရည္အိတ္ကို ထုတ္ယူကာ စုယန္အား ကမ္းေပးလိုက္သည္။
"သခင္ငယ္.. သင္ေအးေနလို႔လား။ ဒီေသရည္က ျပင္းတယ္။ သင့္ရဲ႕ခႏၶာကိုယ္ကို ေႏြးေထြးေစ႐ုံေလာက္ပဲ ေသာက္ပါ။ အလြန္အကြၽံမေသာက္ပါနဲ႕"
စုယန္သည္ 'အမ္း'ဟု အသံျပဳၿပီးေနာက္ ေသရည္အိတ္ကိုယူကာ ႏွစ္က်ိဳက္ေမာ့ေသာက္ လိုက္သည္။
ေသရည္က အနည္းငယ္ျပင္းၿပီး ပူေလာင္ေသာေၾကာင့္ စုယန္သည္ သူ႕လည္ေခ်ာင္းအတြင္း ပူေလာင္မႈကို သိသိသာသာ ခံစားလိုက္ရသည္။ ျပင္းျပေသာ ေသြးနံ႕ေၾကာင့္ အစာအိမ္ထဲရွိ အရာအားလုံးကို အန္ထုတ္လိုက္ၿပီးေနာက္တြင္ သူ၏ဗိုက္ထဲ၌ ေဟာင္းေလာင္းျဖစ္သြားခဲ့ၿပီး အနည္းငယ္ေသာက္႐ုံျဖင့္ အလြယ္တကူ မူးေဝလာေစသည္။ ေလး၊ငါးက်ိဳက္ေလာက္ ေမာ့ေသာက္ၿပီးေနာက္တြင္ သူသည္ အမွန္တကယ္ မူးေနၿပီျဖစ္သည္။
ထို႔ေၾကာင့္ ေသရည္အိတ္အဖုံးကိုပိတ္ကာ ေမ့ရွစ္စန္းထံသို႔ ျပန္ေပးလိုက္ၿပီး ကိုယ့္ကိုကိုယ္ ေစာင္ႏွင့္ထုပ္ကာ အိပ္ေပ်ာ္ရန္ ႀကိဳးစားလိုက္သည္။
သို႔ေသာ္ သူသည္ အိပ္မက္ေျမထဲ့သို႔ မဝင္ေရာက္နိုင္ေသးေပ။
ေနာက္ဆုံး၌ စုယန္သည္ ေစာင္ကိုဖယ္လိုက္ၿပီး ဓားကို ဆြဲကိုင္ကာ မတ္တပ္ထလိုက္ေတာ့သည္။ သူက ေမ့ရွစ္စန္းအား ေျပာလိုက္၏။
"ငါလမ္းသြားေလွ်ာက္လိုက္အုံးမယ္.. လိုက္မလာခဲ့နဲ႕"
ေမ့ရွစ္စန္းက စိုးရိမ္စြာျဖင့္ မ်က္ေမွာင္ၾကဳတ္ လိုက္သည္။
"ဒါေပမယ့္ သခင္ငယ္ေလး အဲဒီလူေတြက.."
စုယန္က ေအးစက္စြာ ျဖတ္ေျပာလိုက္၏။
"လိုက္မလာနဲ႕.. ငါတစ္ေယာက္တည္း ေနခ်င္တယ္"
ေမ့ရွစ္စန္းက ေခါင္းညိတ္နာခံ႐ုံကလြဲလို႔ အျခားေ႐ြးခ်ယ္စရာ မရွိေပ။
စုယန္သည္ ေရကန္တစ္ဖက္ျခမ္းရွိ ႐ႊံ႕အိမ္ငယ္ဆီသို႔ ေလွ်ာက္မသြားေပ။ သူသည္ ေရကန္အစြန္း၌ ျဖည္းညွင္းစြာ လမ္းေလွ်ာက္ရင္း ေနာက္ဆုံးတြင္ ေက်ာက္ကမ္းပါးႏွစ္ခုဆုံသည့္ ခြၽန္ထက္ေသာေထာင့္သို႔ ေရာက္လာခဲ့သည္။
စုယန္သည္ မ်က္ႏွာျပင္ညီညာေသာ ေက်ာက္တုံးႀကီး တစ္ခုေပၚသို႔ ခုန္တက္ကာ ေခါင္းကိုျမႇောက္၍ ညေကာင္းကင္အား ေမာ့ၾကည့္လိုက္၏။
ေတာက္ပေသာ နဂါးေငြ႕တန္းဂလက္ဆီသည္ ေကာင္းကင္ယံ၌ ကန႔္လန႔္ျဖတ္တည္ရွိေနၿပီး ဤသည္မွာ ၿမိဳ႕ျပမီးေရာင္မ်ားျဖင့္ ဘယ္ေသာအခါမွ မယွဥ္နိုင္ေသာ ခမ္းနားႀကီးက်ယ္သည့္ ျမင္ကြင္းတစ္ခုပင္ျဖစ္သည္။
ယစ္မူးေနေသာစုယန္သည္ ေကာင္းကင္ရွိၾကယ္မ်ားအား ၿမိဳ႕လမ္းမမ်ားေပၚရွိ ကားပင္လယ္ႀကီး၏ ေနာက္မီးလုံး မ်ားကဲ့သို႔ ခံစားလိုက္ရသည္။ ၎တို႔သည္ သူလက္လွမ္း မမွီနိုင္ေသာေနရာတြင္ ရွိေနပုံရ၏။
သူသည္ လက္ကိုျမႇောက္ကာ သလင္းေက်ာက္ကဲ့သို႔ ၿပိဳးၿပိဳးျပက္ျပက္ ေတာက္ပေနေသာ အလင္းေရာင္မ်ားကို ထိရန္ႀကိဳးစားလိုက္သည္။
ထိုအခ်ိန္တြင္ သူ႕ေနာက္က ၿခဳံပုတ္မ်ားထံမွ ၿခဳံႏွင့္ အဝတ္အစား ပြတ္တိုက္သံမ်ား ထြက္ေပၚလာ၏။ စုယန္ သူ႕ဓားကိုဆြဲထုတ္ၿပီး ခ်ဥ္းကပ္လာသူကို လွည့္ၾကည့္လိုက္သည္။
ထိုလူသည္ ဦးေခါင္းႏွင့္မ်က္ႏွာအား ဖုံးကြယ္ ထားခဲ့ေသာ သိုင္းပညာရွင္လူငယ္ေလးပင္ ျဖစ္သည္။ သူသည္ ခ်ဳံပုတ္မ်ား၏အရိပ္မ်ားတြင္ ပုန္းေအာင္းရန္ အနက္ေရာင္ဝတ္စုံကို ေျပာင္းလဲဝတ္ဆင္ခဲ့ၿပီးျဖစ္ၿပီး သူ၏႐ုပ္သြင္မွာ ကြဲကြဲျပားျပားမရွိေပ။
စုယန္က ရယ္ေမာလ်က္ ေျပာလိုက္၏။
"ညအေမွာင္ထဲမွာေတာင္ မင္းမ်က္ႏွာကို ဖုံးကြယ္ထားတုန္းပဲ.. မင္းမ်က္ႏွာကိုျပဖို႔ အဲ့ေလာက္ေတာင္ ရွက္႐ြံ႕ေနတာလား?"
ထိုလူငယ္ေလးက ျပန္မေျဖေပ။
အခ်ိန္အတန္ၾကာေသာအခါမွ မ်က္ႏွာဖုံးေအာက္ကေန တိုးညွင္းေသာ အသံတစ္ခု ထြက္ေပၚလာေလ၏။
"ၾကယ္ေတြကို ေငးၾကည့္ရတာ ႀကိဳက္တဲ့သူေတြရဲ႕ ႏွလုံးသားက အျပစ္ကင္းစင္တယ္တဲ့.. မင္းက မိစာၦဂိုဏ္းက ဆိုေပမယ့္ လူဆိုးတစ္ေယာက္ မျဖစ္နိုင္ဘူး"
စုယန္သည္ ေအးစက္စြာ ႏွာေခါင္းရႈံ႕လိုက္၏။
"အဓိပၸာယ္မရွိတာေတြ လာေျပာေနတာပဲ" သူက ေမာက္မာစြာ ၿပဳံးလိုက္သည္။ "ငါက ဒီရႈခင္းကို ၾကည့္ရင္း လူေတြကိုသတ္ဖို႔ အစီအစဥ္ဆြဲေနမလား ဆိုတာ မင္းက ဘယ္လိုသိနိုင္မွာလဲ။ ေနာက္ဆုံးေတာ့လည္း ငါက မိစာၦဂိုဏ္းဝင္ တစ္ေယာက္ပဲ။ မင္းဘာတတ္နိုင္မွာလဲ?"
ကုေဖးတိက ရယ္လိုက္ၿပီး ေခါင္းယမ္းကာ ဘာမွျပန္မေျပာေပ။
စုယန္သည္ ထိုလူငယ္၏တုံ႕ျပန္မႈေၾကာင့္ အလြန္ေဒါသ ထြက္သြားၿပီး ရွက္႐ြံ႕သြားေလသည္။ သူသည္ ထိုလူငယ္အား အခ်ိန္အတန္ၾကာ စိုက္ၾကည့္ၿပီးေနာက္ ဆိုေလ၏။
"ငါဘယ္သူလဲဆိုတာ မင္းသိေနၿပီ။ ဒါေပမယ့္ မင္းကေတာ့ ခ်ပ္ဝတ္တန္ဆာကို ဝတ္ထားတုန္းပဲ။ ဒါက လုံးဝ မတရားဘူး! ငါဒီေန႕ မင္းဘယ္သူဆိုတာ သိရေအာင္ လုပ္မယ္!"
သူစကားမဆုံးခင္မွာပင္ 'ျမတ္နိုးဖြယ္ ပန္းပြင့္ေျခလွမ္း'ကို အသုံးျပဳကာ ေက်ာက္တုံးေပၚမွ ခုန္ခ်လာေလ၏။ သူ႕ဓား၏အစြန္းသည္ ထိုလူငယ္၏ ပိုးပဝါႏွင့္ အလြန္နီးကပ္ေနၿပီး ထိုလူငယ္၏မ်က္ႏွာ အစစ္အမွန္ကို ထုတ္ေဖာ္ရန္ ႀကိဳးစားေနသည္။
ကုေဖးတိက သူ႕ဓားကို ျပန္လည္ခုခံရင္း ေမးေလသည္။
"ငါခ်ပ္ဝတ္တန္ဆာကိုမဝတ္ထားပါဘူး.. အဲဒါ မိစာၦဂိုဏ္းရဲ႕ ေဝါဟာရတစ္ခုလား?"
စုယန္ "......"
စုယန္သည္ ပိုလို႔ေတာင္ ေဒါသထြက္လာကာ သူ၏လႈပ္ရွားမႈမ်ားမွာ ပိုမိုျပင္းထန္လာၿပီး သနားညွာတာမႈ အနည္းငယ္ပင္ မျပေခ်။
"မိစာၦဂိုဏ္းပဲျဖစ္ျဖစ္ ေျဖာင့္မတ္တဲ့ဂိုဏ္းပဲျဖစ္ျဖစ္ ငါျမင္သေလာက္ေတာ့ မင္းတို႔အလယ္ပိုင္းလြင္ျပင္က လူေတြကလည္း လူေကာင္းေတြမဟုတ္ဘူး!" စုယန္က ေအာ္ဟစ္လိုက္ၿပီး သူ႕ဓားကိုလွည့္ကာ တိုက္ခိုက္ လိုက္သည္။ "မင္းတို႔အားလုံးက ေန႕တိုင္း ဘယ္လိုတိုက္ခိုက္ရမယ္၊ ဘယ္လိုသတ္ျဖတ္ရမယ္ ဆိုတာပဲသိတယ္။ အခ်င္းခ်င္း အမုန္းတရားေတြ ထားၿပီး ရန္ညွိုးေတြဖြဲ႕ၾကတယ္။ ေနာက္ဆုံးေတာ့လည္း အားလုံးက အသိအမွတ္ျပဳမခံရတဲ့ စစ္ေသြးႂကြ အုပ္စုေလးသာသာပဲ မဟုတ္လား? ဒါေတာင္ လူေကာင္း၊လူဆိုးနဲ႕ မိစာၦဂိုဏ္းေတြ ေျဖာင့္မတ္ဂိုဏ္းေတြ ခြဲျခားေနၾကေသးတယ္။ အရမ္းရယ္ရတာပဲ!"
ပိုးပဝါေအာက္မွ ကုေဖးတိသည္ မ်က္ခုံးပင့္လိုက္ၿပီး သူ႕မ်က္လုံးထဲ၌ အံ့ၾသမႈေတြ ျပည့္ႏွက္ေန၏။
သူသည္ စုယန္၏ဓားကို ေရွာင္တိမ္းရန္ ေရွ႕သို႔ ေစာင္းလိုက္ေသာ္လည္း သူ႕မ်က္ႏွာေပၚရွိ ပိုးပဝါသည္ အနည္းငယ္ ျပတ္ေတာက္သြားေလသည္။
စုယန္ ေအးစက္စြာ ဟစ္ေအာ္လိုက္ၿပီး သူ႕ဓားကို ေရွ႕သို႔ ေဝွ႕ယမ္းလိုက္သည္။
"ဒီေန႕ ဘယ္သူက ပထမဆုံးစတိုက္ခဲ့လဲဆိုတာ အသိသာႀကီးပဲ.. သူတို႔က ေျဖာင့္မတ္တဲ့လူေတြ ျဖစ္နိုင္ပါ့မလား!"
ကုေဖးတိက သူ၏တိုက္ခိုက္မႈကို တားဆီးလိုက္သည္။
"ဝူက်ားက်ိဳက္က တကယ္လည္း ေကာင္းတဲ့လူေတြ မဟုတ္ပါဘူး။ အင္ပါယာတရား႐ုံးက သူတို႔ကို ဖယ္ရွားပစ္ခ်င္ေနတာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနၿပီ။ သူတို႔က မလြဲမေသြ ဖယ္ရွားခံသင့္တဲ့လူေတြပဲ"
စုယန္က ေဒါသတႀကီးႏွင့္ ထပ္မံတိုက္ခိုက္ လိုက္ျပန္သည္။
"မင္းတို႔ရဲ႕ အလယ္ပိုင္းလြင္ျပင္က အရႈပ္အေထြး ေတြကိုေတာင္ မေျဖရွင္းနိုင္ေသးတာကို ဒီကိုလာၿပီး မိစာၦဂိုဏ္းကိုရန္စဖို႔ အခ်ိန္ရွိေသးတာလား!"
ကုေဖးတိက ေနာက္ျပန္ဆုတ္လိုက္ၿပီး ရယ္ေမာလ်က္ ေျပာလိုက္သည္။
"ငါေျပာခ်င္တာ ဒါပဲ"
စုယန္သည္ စိတ္ဓာတ္က်ေနၿပီျဖစ္ၿပီး သူေရွ႕က လူငယ္၏ ရယ္ေမာသံကို ၾကားလိုက္ရေသာအခါ သူသည္ အေၾကာင္းျပခ်က္မရွိဘဲ ပို၍ပင္ ေဒါသထြက္လာရ၏။ သူ၏ေဒါသကို ေျဖေဖ်ာက္ရန္ အလို႔ငွာ ပို၍ရက္စက္ၾကမ္းၾကဳတ္စြာ တိုက္ခိုက္ လိုက္ေတာ့သည္။
"ငါက မိစာၦဂိုဏ္းကဆိုရင္ေရာ ဘာျဖစ္လဲ!"
"လူသတ္ဖို႔ အမိန႔္ေပးရင္ေရာ ဘာျဖစ္လဲ!"
"လူေတြေသကုန္ေတာ့ေရာ ဘာျဖစ္လဲ!"
"ဘာပဲျဖစ္ျဖစ္ ငါတို႔က မိစာၦဂိုဏ္းပဲေလ!"
"ငါတို႔ျပန္မတိုက္ခိုက္ရင္ ေျဖာင့္မတ္တဲ့ဂိုဏ္းက လူေတြက ငါတို႔ကို သတ္သြားလိမ့္မယ္!"
သူ႕ေရွ႕မွလူငယ္ဟာ အေျမာက္စာ ဇာတ္ေကာင္သာ ျဖစ္ၿပီး ဇာတ္လမ္း၏ ဦးတည္ခ်က္ကို မထိခိုက္ေစေၾကာင္းကို သိထားသျဖင့္ စုယန္သည္ အရာအားလုံးကို ေျပာင္ေျပာင္တင္းတင္း ထုတ္ေျပာလိုက္သည္။
ထိုလူငယ္သည္ စကားတစ္ခြန္းမွ ျပန္မေျပာဘဲ သူ၏ စည္းမဲ့ကမ္းမဲ့ တိုက္ခိုက္မႈအားလုံးကို တိတ္တဆိတ္သာ ပိတ္ဆို႔ေနခဲ့၏။
စုယန္သည္ ထိုလူငယ္၏မ်က္ႏွာဖုံးပုဝါကို သူ၏ဓားႏွင့္ ေနာက္တစ္ႀကိမ္ ခုတ္ပစ္လိုက္သည္။
ငါ ေတာ္ေတာ္ အရွက္ကြဲၿပီးၿပီ။ ဒီေနာက္ဆုံး ခုတ္ခ်က္ကိုသာ လြတ္သြားခဲ့ရင္ စခန္းကိုပဲ ျပန္ရေတာ့မွာပဲ။
သို႔ေသာ္လည္း သူသည္ ေသရည္ေသာက္ေသာေၾကာင့္ သူ၏လႈပ္ရွားမႈမ်ားသည္ အနည္းငယ္ေႏွးေကြးေနကာ ၿပိဳင္ဘက္က သူ၏တိုက္ခိုက္မႈကို အလြယ္တကူပင္ ေရွာင္ရွားနိုင္ခဲ့သည္။ သူ၏ဓားသည္ ပစ္မွတ္ကို လြဲသြား႐ုံသာမက သစ္ပင္၏ပင္စည္ထဲသို႔ပါ နက္ရွိုင္းစြာ ထိုးေဖာက္ဝင္ေရာက္သြားေလသည္။ စုယန္သည္ ဓားကို ျပန္ဆြဲထုတ္ေသာ္လည္း အခ်ိန္အတန္ၾကာသည္အထိ မထုတ္နိုင္ေသးေပ။
ကုေဖးတိသည္ အေနာက္မွေန၍ စုယန္၏ပခုံးေပၚ လက္တင္ကာ တိုးတိုးေလး ကပ္ေျပာလိုက္ေလ၏။
"မင္းမူးေနၿပီ.. ျပန္သြားေတာ့"
နီးကပ္လြန္းလွသျဖင့္ ထိုလူငယ္ေလး ရႉထုတ္လိုက္ေသာ ေလသည္ သူ၏နားကို ရိုက္ခတ္ေနၿပီး ဦးေရျပားတစ္ခုလုံး ေပါက္ကြဲထြက္လုနီးပါးပင္။
သူသည္ ဓားလက္ကိုင္ကိုလႊတ္လိုက္ၿပီး သူ၏အတြင္းအားကို အသုံးျပဳကာ ပိုးပုဝါကို ဖမ္းဆြဲလိုက္သည္။
ေပ်ာ့ေပ်ာင္းေသာပိုးပဝါအား ဖယ္ရွားခံလိုက္ရၿပီး ေနာက္တြင္ ႏုပ်ိဳေခ်ာေမာေသာ မ်က္ႏွာေလးတစ္ခု ေပၚလြင္လာေလ၏။
စုယန္သည္ ကုေဖးတိအား အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနခဲ့သည္။
ထို႔ေနာက္ သူသည္ နဖူးေပၚလက္တင္ကာ နာက်င္စြာ သက္ျပင္းခ်လိဳက္၏။
"ငါတကယ္မူးေနၿပီပဲ! ငါဘာလို႔ ဒီေကာင့္ကို ထပ္ၿပီး အိပ္မက္မက္ေနရတာလဲ?"
ကုေဖးတိက အံ့ၾသသြားသည္။
"ထပ္ၿပီးေတာ့လား?"
စုယန္က ခပ္တိုးတိုး ညည္းၫူလိုက္သည္။
"မင္းဘာေတြမ်ား စားလာခဲ့တာလဲ.. ထြားတာျမန္လိုက္တာ။ အခုဆို မင္းက ငါနဲ႕ အရပ္အတူတူျဖစ္ေနၿပီ"
ထို႔ေနာက္ စုယန္သည္ အရပ္တိုင္းရန္ လက္ကို ဆန႔္တန္းလိုက္သည္။
"မင္းရဲ႕မ်က္ႏွာက အရင္တုန္းကေလာက္ ႏူးညံ့ၿပီး ခ်စ္စရာမေကာင္းေတာ့ဘူး..."
"ႏူးညံ့ၿပီး ဘာျဖစ္တယ္?" ကုေဖးတိက ပေဟဌိျဖစ္သြားသည္။
စုယန္သည္ မ်က္ေတာင္ တဖ်ပ္ဖ်ပ္ခတ္လိုက္ၿပီး ေနာက္ဆုံး မ်က္လုံးေတြကိုမွိတ္ကာ ေခါင္းယမ္းလိုက္သည္။
မ်က္လုံးကို ျပန္ဖြင့္လိုက္ေသာအခါမွ သူသည္ မူးေနျခင္းသာျဖစ္ၿပီး သူ႕ေရွ႕ကလူသည္ အိပ္မက္မဟုတ္ေၾကာင္း ေနာက္ဆုံးတြင္ အတည္ျပဳနိုင္ခဲ့သည္။
အေျခအေနကို နားလည္ၿပီးေနာက္ ေစာေစာက သူမည္သို႔ ျပဳမူခဲ့သည္ကို ေတြးလိုက္ေသာအခါတြင္ စုယန္၏ အမူအရာသည္ ခ်က္ခ်င္းပင္ မည္းေမွာင္သြားေတာ့သည္။
သူသည္ သခင္ငယ္၏ အမူအက်င့္ကို ထိန္းသိမ္းရန္ အတတ္နိုင္ဆုံး ႀကိဳးစားခဲ့ၿပီး ၿခိမ္းေျခာက္သည့္ အမူအရာျဖင့္ ေမးလိုက္၏။
"မင္းဘာလို႔ဒီကိုေရာက္ေနတာလဲ?"
ကုေဖးတိ ေျခတစ္လွမ္းဆုတ္လိုက္ၿပီး ၿပဳံးလ်က္ ျပန္ေျဖသည္။
"ထန္းယြင္စံအိမ္က ငါ့ကို ခ်န္ဖုန္းေတာင္ေပၚ႐ြာနဲ႕ ပူးေပါင္းၿပီး ဓားပညာရွင္ရဲ႕ ဂူသခၤ်ိဳင္းကိုရွာဖို႔ အမိန႔္ေပးလိုက္တယ္။ ဒါေၾကာင့္ ငါဒီကို ေရာက္ေနတာပဲ။ ဒါေပမယ့္ ေက်ာက္စိမ္းအိမ္ေတာ္က အတန္းေဖာ္နဲ႕ ေတြ႕ရလိမ့္လို႔ ငါမေမွ်ာ္လင့္ထားဘူး"
စုယန္ ခဏမွ် ၿငိမ္သက္သြားသည္။
ကုေဖးတိသည္ ဓားပညာရွိဂူသခၤ်ိဳင္းကို ရွာေဖြရန္ ေသခ်ာေပါက္လာမည္ကို သူ ေသခ်ာသိသည္။ သို႔ေသာ္ သူသည္ ဤအခ်ိန္၌ ဤကဲ့သို႔ ေပၚလာသည္ကို လက္မခံနိုင္ပါ။
အေၾကာင္းမွာ...
အေစာပိုင္းက သူသည္ ေသရည္ေၾကာင့္ ယစ္မူးေနခဲ့ၿပီး ေပါက္ကရမ်ား ေလွ်ာက္ေျပာခဲ့ျခင္းေၾကာင့္ပင္။
သူသည္ ကုေဖးတိႏွင့္ အရပ္အျမင့္ကို အမွန္တကယ္ ႏွိုင္းယွဥ္ခဲ့သည္။
အရင္ကလို ႏူးညံ့ၿပီး ခ်စ္စရာမေကာင္းဟုလည္း ေျပာခဲ့ေသးသည္။
Mr. Plot ေရ... ဒီဇာတ္ကြက္ကို အစက ျပန္စလို႔ရမလား.. ငါတို႔စတိုက္တဲ့အခန္းကို ျပန္သြားရေအာင္ေလေနာ္...
စုယန္သည္ အတြင္းပိုင္း၌ ၿပိဳလဲေနေသာ္လည္း သူ႕အမူအရာကို အတတ္နိုင္ဆုံး ထိန္းသိမ္းထား၏။ သူက ေျပာလိုက္သည္။
"မင္းရဲ႕အတန္းေဖာ္က ဘယ္သူလဲ။ မင္းက ပုလဲစံအိမ္ေတာ္ထဲကို ဝင္ေရာက္နိုင္ခဲ့ၿပီး ေက်ာက္စိမ္းအိမ္ေတာ္ရဲ႕ တိုက္ရိုက္တပည့္ပဲ။
ငါ့ကိုယ္ငါ မင္းရဲ႕အတန္းေဖာ္လို႔ မခံယူဝံ့ပါဘူး"
စုယန္သည္ သစ္ပင္ပင္စည္မွဓားကို ဆြဲထုတ္ကာ ဆက္ေျပာလိုက္သည္။
"လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္က ငါတို႔အတူတူ တိုက္ခိုက္ခဲ့တဲ့တိုက္ပြဲမွာ မင္းကိုယ္မင္း ဖုံးကြယ္ထား ခဲ့တာဆိုေတာ့ ဒီည ငါမင္းကို မသိခ်င္ေယာင္ ေဆာင္ေပးလိုက္မယ္။ မနက္ျဖန္ကစၿပီး ငါတို႔ ကိုယ့္လမ္းကိုယ္ ေလွ်ာက္ၾကရေအာင္"
ကုေဖးတိက မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"မင္းငါနဲ႕ တကယ္ပဲ လမ္းခြဲေတာ့မွာလား?"
စုယန္က ဆိုေလ၏။
"...မင္းက ေျဖာင့္မတ္တဲ့လမ္းကိုေလွ်ာက္တယ္..
ငါက မေကာင္းတဲ့လမ္းကိုေလွ်ာက္တယ္.. ငါတို႔ႏွစ္ေယာက္ တူညီတဲ့လမ္းေပၚ ေလွ်ာက္လွမ္းဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္နိုင္ဘူး"
ကုေဖးတိက ျပန္ေျပာေလသည္။
"မင္းကို မေကာင္းတဲ့လူတစ္ေယာက္လို႔ ငါဘယ္တုန္းကမွ မျမင္ခဲ့ဘူး။ ဟုတ္တယ္ မင္းက မိစာၦဂိုဏ္းက.. ဒါေပမယ့္ အဲဒါနဲ႕ပဲ မင္းကို လူဆိုးတစ္ေယာက္လို႔ သတ္မွတ္လို႔မရဘူးေလ"
"ငါက မိစာၦဂိုဏ္းရဲ႕ သခင္ငယ္ပါ"
ကုေဖးတိက ေမးေလ၏။
"... မင္းက ဖိအားေပးခံေနရတာလား?"
စုယန္ "....."
စုယန္က ဆြံ႕အသြားၿပီး သူ႕နဖူးသူ ဖိႏွိပ္လိုက္သည္။ ထို႔ေနာက္ သူက ေျပာလိုက္၏။
"မင္းရဲ႕ေခါင္းထဲမွာ ဘာေတြေတြးေနလဲေတာ့ ငါမသိဘူး။ ဒါေပမယ့္ ငါ့ကို ဘယ္သူ႕ကမွ ဖိအားေပးေနတာမဟုတ္ဘူး.. ငါနဲ႕ မိစာၦဂိုဏ္းၾကားမွာ ဘာျပႆနာမွလည္း မရွိဘူး။ မင္းက ငါ့ရဲ႕ဂိုဏ္းကို မေကာင္းတဲ့ဂိုဏ္းလို႔ယူဆရင္ သူတို႔နဲ႕ တစ္ေလွတည္း စီးေနတဲ့ငါကလည္း မေကာင္းတဲ့လူပဲ။ မင္း ငါတို႔ကို ခြဲျခားၿပီးၾကည့္ဖို႔ မလိုဘူး။ ဒီေန႕ အဲဒီလူေတြကို ကိုင္တြယ္ဖို႔ အမိန႔္ေပးခဲ့တာလဲ ငါပဲ"
ထို႔ေနာက္ သူက ေခါင္းငုံ႕ကာ လက္ထဲရွိဓားကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္သည္။
"မင္းသည္းမခံနိုင္ဘူး.. အဲဒီလူေတြအတြက္ လက္စား ေခ်ခ်င္ေသးတယ္ဆိုရင္ ငါနဲ႕တိုက္။ မင္းအနိုင္ရရင္ မင္းငါ့ကို ႀကိဳက္သလိုေျဖရွင္းနိုင္တယ္.. မင္းရႈံးရင္.."
ကုေဖးတိက စိတ္ေအးေအးထားကာ ေျပာလိုက္သည္။
"မင္းစိတ္ႀကိဳက္ ငါ့ကိုေျဖရွင္းမွာလား"
စုယန္ သက္ျပင္းခ်လိဳက္၏။
"မင္းရႈံးရင္ ထြက္သြားလိုက္.. ငါကို႔ တစ္ေယာက္တည္း ထားခဲ့ပါ"
ကုေဖးတိက စုယန္ကို ခဏေလာက္ စိုက္ၾကည့္ၿပီးေနာက္ ေျပာလိုက္သည္။
"ငါ ရႈံးေနၿပီးသားပါ"
စုယန္: ???
ကုေဖးတိသည္ စုယန္၏အံ့ဩမႈကို လ်စ္လ်ဴရႈကာ ရယ္ေမာလိုက္ၿပီး ဆို၏။
"ညက ေအးတယ္။ မင္းက ေႏြးဖို႔ ေသာက္ထားေပမယ့္ ေခြၽးေတြအရမ္းထြက္ေနတယ္။ စခန္းဆီျပန္သြားၿပီး ေႏြးေႏြးေထြးေထြးေနတာ ပိုေကာင္းပါတယ္။
အေအးမမိေစနဲ႕"
ထို႔ေနာက္ ကုေဖးတိသည္ စုယန္၏အေျဖကို မေစာင့္ေတာ့ဘဲ လွည့္ထြက္သြားေတာ့၏။
စုယန္သည္ ထိုေနရာတြင္ ခဏတာ ငူငူငိုင္ငိုင္ ရပ္ေနၿပီး လက္သည္းမ်ားကိုကိုက္ရန္ သူ႕လက္ကို ျမႇောက္လိုက္သည္။ သူသည္ အခ်ိန္အတန္ၾကာ ရပ္ေနၿပီးေနာက္မွ စခန္းကို ျပန္သြားလိုက္ေတာ့သည္။
ပတ္၀န္းက်င္သည္ တဖန္ျပန္လည္ တိတ္ဆိတ္သြားခဲ့၏။
အခ်ိန္အတန္ၾကာၿပီးေနာက္တြင္ အနက္၀တ္အမ်ိဳးသား တစ္ဦးသည္ ေက်ာက္တုံးႀကီးႏွင့္ တစ္ေပခန႔္ေဝးေသာ ခ်ဳံပုတ္မ်ားမွ ေၾကာင္တစ္ေကာင္ကဲ့သို႔ တိုးထြက္လာခဲ့သည္။
သူသည္ ပတ္ဝန္းက်င္ကို ခဏတာ သတိထား ၾကည့္လိုက္ၿပီးေနာက္ သူ႕အကၤ်ီလက္ထဲမွ အရိုးပုေလြ တစ္ခုကိုထုတ္ကာ အင္းဆက္မ်ား၏ အသံကဲ့သို႔ ျမည္သံမ်ားကို မႈတ္လိုက္သည္။ ထို႔ေနာက္ ေသးငယ္ေသာသစ္သားျပားတစ္ခုကို ထုတ္ယူလိုက္၏။ ၾကယ္ေရာင္၊ လေရာင္တို႔၏ အကူအညီျဖင့္ ၎သစ္သားျပားေပၚ၌ ေသးငယ္ေသာ စာေၾကာင္းႏွစ္ေၾကာင္း ထြင္းထုထားသည္ကို ျမင္နိုင္သည္။
လက္သီးအ႐ြယ္ရွိ ဇီးကြက္နက္တစ္ေကာင္သည္ ညအေမွာင္ထဲမွ ပ်ံသန္းလာၿပီး အနက္ဝတ္ အမ်ိဳးသား၏ ပခုံးေပၚသို႔ တိတ္တဆိတ္ ဆင္းသက္လာသည္။
အနက္၀တ္ အမ်ိဳးသားသည္ တေစၦဇီးကြက္၏ ေျခသည္းမ်ားေအာက္တြင္ သစ္သားျပားကို ကြၽမ္းက်င္စြာ ခ်ည္ေႏွာင္လိုက္သည္။ ထို႔ေနာက္ အသားတစ္ပိုင္းကို ထုတ္ယူကာ ဇီးကြက္အား ေကြၽးလိုက္ၿပီး ညေကာင္းကင္သို႔ ျပန္လႊတ္ေပးလိုက္ေလ၏။
_21.3.22
Thanks for reading ❣️