Unicode
အခန်း-၃၃ မိုးမခရွက်ရေကန် သွေးစွန်းထင်းခြင်း။
[မိစ္ဆာဂိုဏ်းရဲ့ အခြေခံမူတွေကို လျှော့တွက်ခဲ့မိတယ်..]
နှစ်ရက်အကြာ နေ့လည်ပိုင်းတွင် စုယန်နှင့်အဖွဲ့သည် ကော့ပိသဲကန္တာရရှိ ကြီးမားသောအိုအေစစ်တစ်ခုဆီသို့ ရောက်ရှိခဲ့ကြသည်။
၎င်းအိုအေစစ်သည် အမြင့်နှစ်ပေခန့်ရှိသော ကျောက်ကမ်းပါးများနှင့် ဝန်းရံထားသည့် မြေနိမ့်ချိုင့်ဝှမ်းတစ်ခုတွင် တည်ရှိလေသည်။
ချိုင့်ဝှမ်းအလယ်တွင်မူ လွန်ခဲ့သည့်နှစ်ရက်က တွေ့ခဲ့ရသော ရေကန်ထက် နှစ်ဆခန့်ကြီးမားသည် နက်ပြာရောင် ရေကန်ကြီးတစ်ကန် တည်ရှိသည်။ ၎င်း၏ ရှည်လျားကျဉ်းမြောင်းသော ပုံသဏ္ဍာန်ကြောင့် ဒေသခံများက မိုးမခရွက်ရေကန်ဟု ခေါ်တွင်ကြ လေသည်။ ရေကန်၏ ပတ်ဝန်းကျင်ဖြစ်သော ချိုင့်ဝှမ်းတစ်ခုလုံးတွင် သစ်ပင်ချုံနွယ်များ ထူထပ်ပေါများစွာ ပေါက်ရောက်ပြီး စိမ်းလန်းစိုပြေနေ၏။
မိုးမခရွက်ရေကန် အိုအေစစ်သည် မိစ္ဆာဂိုဏ်း၏ ဌာနချုပ်မှလွဲ၍ ကော့ပိသဲကန္တာရရှိ အကြီးဆုံး အိုအေစစ်ဖြစ်သည်။ မိစ္ဆာဂိုဏ်း၏ဌာနချုပ်ကို ဖုံးကွယ်ထားသောကြောင့် မိုးမခရွက်ရေကန်သည် သိုင်းလောကတွင် အကြီးဆုံး အိုအေစစ်အဖြစ် လူသိများပြီး အင်ပါယာတရားရုံး၏ မြေပုံပေါ်တွင် တွေ့မြင်နိုင်သော တစ်ခုတည်းသော အိုအေစစ် ဖြစ်လာခဲ့သည်။ ထို့အပြင် အနောက်တိုင်းဒေသများသို့ ဖြတ်သန်းသွားလာသော ခရီးသွားများအတွက် မဖြစ်မနေ နားခိုရာနေရာတစ်ခုလည်း ဖြစ်ပေသည်။
ထို့ကြောင့် ဤနေရာ၌ ဆောက်လုပ်ထားသော တည်းခိုစရာနေရာများနှင့် နွားတင်းကုပ်များ ရှိပေသည်။
ယခုအချိန်တွင် ရေကန်ဘေး၌ မည်သူမျှမရှိသော်လည်း စိမ်းလန်းသောသစ်ပင်များ၏ အရိပ်အောက် ရွှံ့တံတိုင်း ခတ်ထားသည့် ခြံဝင်းလေးထဲတွင် မြင်းနှစ်ကောင် ရှိနေ၏။ တစ်စုံတစ်ယောက် ဤနေရာသို့ စောစော ရောက်လာသည်မှာ ထင်ရှားပေသည်။
မေ့ရှစ်စန်းက ရှေ့သို့လှမ်းလာကာ မေးလေသည်။
"သခင်ငယ်လေး.. အရင် စစ်ဆေးကြည့်လိုက်ရမလား?"
စုယန်သည် ဇာတ်လမ်း၌ ထိုသို့သောမြင်ကွင်းမျိုး ရှိပုံရသည်ဟုတွေးကာ မျက်မှောင်ကြုတ်လိုက်သည်။
"မလိုဘူး.. ဒီတိုင်းသွားရအောင်"
သူမှတ်မိတာ မှန်ကန်ပါက ဤအိုအေစစ်တွင် အမြောက်စာဇာတ်ကောင် အမြောက်အမြားနှင့် ဆုံတွေ့ရမည်ဖြစ်သည်။ သူသည် ထိုအမြောက်စာများကို မြေပြင်ပေါ် အလဲသိပ်ပြီးနောက် ကုဖေးတိသည် အချိန်ကိုက်ရောက်ရှိလာမည် ဖြစ်ပေသည်။
အမှန်ပဲ။ ကုဖေးတိက ထပ်ပြီး ကယ်တင်ပေးရအုံးမယ်။
ဤဇာတ်ညွှန်းသည် 'Arch-Rivals' ဟူသော ၎င်း၏ခေါင်းစဉ်နှင့် အံဝင်ခွင်ကျဖြစ်ပေသည်။ သူသည် အချိန်တိုင်းလိုလို လူများကိုအနိုင်ကျင့်ရန် တာဝန်ရှိပြီး ကုဖေးတိသည် ထိုလူများကို ကယ်တင်ရန် တာဝန်ရှိပေသည်။ ၎င်းသည် ငြီးငွေ့ဖွယ်ကောင်း လိမ့်မည်ဟု ထင်ရသော်လည်း ဇာတ်ကွက်များသည် ကွဲပြားနေပြီး သူသရုပ်ဆောင်သောအခါ၌ အံ့အားသင့်စွာဘဲ ငြီးငွေ့သည်ဟု မခံစားခဲ့ရပေ။
စုယန်သည် စိတ်ထဲ၌ ညည်းညူပြီးနောက် ချိုင့်ဝှမ်း အောက်ခြေသို့ ဆင်းသက်လိုက်သည်။ သူသည် သူ၏မြင်းကို ရေတိုက်ရန်အတွက် ပန်းလက်ထောက် တစ်ဦးထံအပ်လိုက်ပြီး မေ့ရှစ်စန်းနှင့် တခြားလူများနှင့် အတူ ရွှံ့အိမ်ငယ်လေး၏ ခြံဝင်းထဲကို လျှောက်သွားလိုက်သည်။
လူသစ်များ ချဉ်းကပ်လာသည်ကို သတိပြုမိသောအခါ အိမ်ငယ်လေးထဲမှ အမျိုးသားနှစ်ဦးသည် ထွက်လာခဲ့၏။ စုယန်သည် နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း ထိုနှစ်ယောက်မှာ သူ့ကိုမြင်ပြီး အံ့ဩသွားကြလေသည်။
သူတို့ထဲမှ တစ်ယောက်က နှုတ်ခမ်းရွဲ့လိုက်ပြီး ရွံမုန်းစွာ ကဲ့ရဲ့လိုက်၏။
"မိစ္ဆာဂိုဏ်းက လူတွေက အလယ်ပိုင်းလွင်ပြင်က ဓားပညာရှိရဲ့ အမွေအနှစ်ကို တက်မက်ရဲတာလား"
ထိုစကားကိုကြားသောအခါ စုယန် မျက်ခုံးပင့်လိုက်သည်။
ဤသည်မှာ အမြောက်စာများ၏ ဂန္တဝင်ဇာတ်ကွက်ပင် ဖြစ်ပေသည်။ ဤတစ်ခါတော့ ဇာတ်ကွက်က မပြိုလဲသွားပုံရသည်။ ၎င်းမှာ ဇာတ်ညွှန်းထဲ၌ ရေးထားသော စာကြောင်းနှင့် အတူတူပင်ဖြစ်၏။
စုယန် စိတ်တွေကြည်လင်လာပြီး မိစ္ဆာဂိုဏ်း၏ သခင်ငယ်ရဲ့ ထုံးစံအတိုင်း နှုတ်ခမ်းထောင့်ကို ပင့်မြှောက်ကာ ယုတ်မာသော အပြုံးကို ပြသလိုက်သည်။
"အိုး! ဒီအမွေအနှစ်က အလယ်ပိုင်းလွင်ပြင်နဲ့ ဆိုင်တာဆိုရင် ဘာလို့ မြေရိုင်းလွင်ပြင်မှာ ရှိနေရတာလဲ? ဒီမြေရိုင်းလွင်ပြင်က ငါတို့ဂိုဏ်းရဲ့ နောက်ဖေးခြံဆိုတာ မသိဘူးလား?"
ထိုလူသည် ဆို့နင့်သွားသော်လည်း မေးစေ့ကို ပင့်မြှောက်ကာ ပြန်ပြောလေသည်။
"ဓားပညာရှိက မြေရိုင်းလွင်ပြင်ကိုဖြတ်ကျော်ရင်း ကံဆိုးမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး ဒီနေရာကနေ မထွက်ခွာနိုင်ဘဲ သေဆုံးခဲ့ရတာ။ ဒါကြောင့် သူ့ရဲ့အမွေအနှစ်ကို အလယ်ပိုင်းလွင်ပြင်ဆီ ပြန်ယူသွားဖို့က ငါတို့ရဲ့တာဝန်ပဲ"
စုယန်က ပြုံးလိုက်ပြီး ခါးမှဓားကို ဆွဲထုတ်ကာ ထိုလူနှစ်ယောက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
"... အလယ်ပိုင်းလွင်ပြင်ကို ပြန်ယူဖို့လား ဒါမှမဟုတ် မင်းတို့ရဲ့ဂိုဏ်းကို ပြန်ပေးဖို့လား?"
စုယန်၏ စွပ်စွဲချက်ကို ကြားသောအခါ ထိုလူနှစ်ယောက်က ဒေါသထွက်သွားကြ၏။ သူတို့သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဓားရှည်များကို ဆွဲထုတ်လိုက်ကြသည်။
"ဒီကလေးက လှည့်စားမှုတွေ ပြည့်နေတာပဲ!" ပို၍သန်မာပုံရသောလူက ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဒီနေ့ ဒီအဘိုးက အလယ်ပိုင်းလွင်ပြင်အတွက် မိစ္ဆာဂိုဏ်းက မကောင်းဆိုးဝါးတွေကို ချေမှုန်းပစ်ပေးမယ်"
စုယန်သည် သူ့လက်ကောက်ဝတ်ကို လှုပ်ယမ်းလိုက်ပြီး ဓားကိုပင့်မြှောက်ကာ မည်သည့်ဓားကွက်မှမသုံးဘဲ အတွင်းအားသီးသန့်ဖြင့် ထိုလူ၏ ဓားသွားကို ရိုးရှင်းစွာ ပိတ်ဆို့လိုက်လေသည်။
သတ္တုချင်းထိခတ်သံ သုံးလေးချက် ထွက်ပေါ်လာ ပြီးနောက် စုယန်၏ဓားသည် ထိုလူ၏ လက်ကောက်ဝတ်ကို ဖြတ်ရှလိုက်လေသည်။ ထိုလူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ဓားကို ဆက်မကိုင်ထားနိုင်တော့ပေ။
သူသည် နောက်ပြန်ဆုတ်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော သူ၏ဓားကိုငုံ့ကြည့်ကာ ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်၏။
"မင်းက ဘယ်သူလဲ!"
စုယန်က ကျေနပ်စွာ ရယ်မောလိုက်သည်။
"အခုတော့ မင်းက ငါဘယ်သူလဲဆိုတာကိုမေးဖို့ သတိရသွားပြီပေါ့လေ.. နည်းနည်းနောက်ကျနေပြီလို့ မထင်ဘူးလား"
ထိုစကားကိုကြားသောအခါ သန်မာသောလူက သူ့အဖော်ကို မျက်လုံးဖြင့် အချက်ပြလိုက်သည်။
ရုတ်တရက်ဆိုသလို ထိုလူက စုယန်နားမလည်နိုင်သော အရာတစ်ခုကိုအော်လိုက်ပြီး ချက်ချင်းပင် အရပ်ရှည်ရှည် လူရှစ်ယောက်သည် အိမ်ထဲမှ ထွက်လာကြလေ၏။
ထိုလူရှစ်ယောက်သည် ပထမထွက်လာသော လူနှစ်ယောက်နှင့် တစ်ဖွဲ့တည်းဟု ယူဆရသည်။ သူတို့သည် မိစ္ဆာဂိုဏ်းမှ လူများကိုမြင်သောအခါ ဒေါသတကြီး ဆဲဆိုကြတော့၏။
စုယန်သည် သူတို့၏ ညစ်ညမ်းသော စကားများကြောင့် ခေါင်းကိုက်လာပြီး သူတို့နှင့်ငြင်းခုံရန် အလွန် ပျင်းရိနေလေသည်။ သူသည် ချက်ချင်း ရှေ့သို့ ပြေးသွားလိုက်ပြီး ကျွမ်းကျင်သောစားဖိုးမှူးက ဟင်းသီးဟင်းရွက်များကို ခုတ်ထစ်သကဲ့သို့ ချွေးတစ်စက်ပင်မထွက်စေဘဲ ထိုလူအုပ်စုကို မြေပြင်ပေါ်သို့ အလဲသိပ်လိုက်တော့၏။
သူသည် မည်သူ့ကိုမျှ ဒဏ်ရာကြီးကြီးမားမား မရစေဘဲ မလှုပ်နိုင်အောင်နှင့် သတိလစ်သွားသည်အထိသာ ရိုက်နှက်ခဲ့သည်။ ထို့နောက် ထိုလူများအား ကြိုးတုတ်ကာ ကျန်ကိစ္စများကို မေ့ရှစ်စန်း၏လက်ထဲသို့ အပ်ခဲ့လိုက်တော့သည်။
မေ့ရှစ်စန်းက အမိန့်နာခံပြီး ကျန်ပန်းလက်ထောက် များနှင့်အတူ ထိုလူများကို ခြံဝင်းငယ်လေးမှာ ဆွဲထုတ်သွားလိုက်သည်။
စုယန်သည် ရွှံ့အိမ်ငယ်ထဲသို့ ၀င်လိုက်သည်နှင့် ခရီးဆောင်အိတ်များနှင့် ရိက္ခာခြောက်များစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူသည် ၎င်းတို့ကိုမယူခဲ့ဘဲ သူနှင့်မိစ္ဆာဂိုဏ်းအတွက် နေရာရရန် ထောင့်တွင်သာ ရွှေ့ထားလိုက်သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ရုတ်တရက် ထူးထူးခြားခြား အသံအချို့ကို သူကြားလိုက်ရ၏။ အချို့က ကျိန်ဆဲနေကြပုံရပြီး အချို့က ကရုဏာကို တောင်းနေကြပုံရပေသည်။ နောက်ဆုံးတွင် တစ်စုံတစ်ခုက ဖြတ်တောက်လိုက်သကဲ့သို့ အသံအားလုံး ပျောက်ကွယ်သွားပြီး လေထုထဲ၌ စူးရှသော ရနံ့တစ်ခု ပျံ့လွင့်လာလေသည်။
စုယန်သည် မျက်မှောင်ကြုတ်ကာ သူ၏ခရီးဆောင် အိတ်ကို လှမ်းယူခါနီးတွင် သူ့လှုပ်ရှားမှုက ရုတ်တရက် ရပ်တန့်သွားသည်။
သူသည် ဇာတ်ညွှန်းမှ ဤအခန်းကို ရုတ်တရက် သတိရသွား၏။
ဇာတ်ညွှန်းတွင် မိစ္ဆာဂိုဏ်း၏သခင်ငယ်သည် မိုးမခရွက်ရေကန်သို့ ရောက်ရှိလာပြီး အမြောက်စာ များ၏ ရန်စခြင်းကိုခံခဲ့ရသည်။ ထို့နောက် သူသည် ဒေါသကို မထိန်းနိုင်ဘဲ ထိုလူအားလုံးကို သတ်ပစ်လိုက်ခြင်းပင်!
ကုဖေးတိသည် သူလူအားလုံးကို သုတ်သင်ပြီး နောက်မှသာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် မိုးမခရွက်ရေကန်၏ ကမ်းစပ်တွင် အလောင်းများဖြင့် ပြည့်နှက်နေပြီး ရဲရဲနီနေသော သွေးများမှာ ရေကန်ထဲသို့ စိမ့်ဝင်နေလေသည်။ ကုဖေးတိသည် အလွန်အမင်း ဒေါသထွက်သွားပြီး သူ၏တပ်များကို ဦးဆောင်ကာ မိစ္ဆာဂိုဏ်းမှလူများကို တိုက်ခိုက်ခဲ့သည်။
အတိအကျပြောရလျှင် မိုးမခရွက်ရေကန်မှ တိုက်ပွဲကြောင့် ကုဖေးတိသည် ဒဏ်ရာအပြင်းအထန် ရရှိသွားလေသည်။ ထို့ကြောင့် သူသည် စုယန်ကို ရှုံးနိမ့်သွားခဲ့ပြီး ဖူလင်းယွင်နှင့်အတူ ချောက်ကမ်းပါးမှ ပြုတ်ကျသွားတော့၏။
ထိုသို့တွေးရင်း စုယန်၏မျက်နှာသည် ဖြူဖျော့ သွားလေသည်။ သူသည် 'မြတ်နိုးဖွယ်ပန်းပွင့်ခြေလှမ်း' ကို အသုံးပြုကာ ရွှံ့အိမ်ငယ်လေးမှ အလျင်အမြန် ထွက်လိုက်လေ၏။
သို့သော် ဆယ့်ငါးမိနစ်ထက်မပိုသောအချိန်တွင် မိုးမရွက်ရေကန်သည် ငရဲတွင်းသဖွယ် ဖြစ်နေပြီဖြစ်သည်။
ထိုလူများသည် သစ်ပင်များတွင် ကြိုးများဖြင့် တင်းတင်းကျပ်ကျပ် ချည်နှောင်ထားခံရပြီး အားလုံးနီးပါး အသက်မရှိကြတော့ပေ။ ၎င်းတို့ အသီးသီး၏ ခန္ဓာကိုယ်ပေါ်တွင် ဆိုးရွားသော ဒဏ်ရာဒဏ်ချက်များ သို့မဟုတ် သူတို့၏နှလုံးသားကို ချွန်ထက်သည့် လက်နက်ဖြင့် ထိုးဖောက်ခံရခြင်း သို့မဟုတ် သူတို့၏ လည်ပင်းများကို ဖြတ်တောက် ခံရခြင်းစသဖြင့် မြင်ကွင်းမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ယခုလေးတင် အသက်ရှင်နေသေးပြီး ဆဲဆိုနေခဲ့သော လူဆယ်ယောက်မှ တစ်ယောက် သာလျှင် အသက်ရှင်ကျန်တော့လေသည်။ ထိုလူသည် စုယန်နှင့် ပထမဆုံးတိုက်ခိုက်ခဲ့သောလူဖြစ်ပြီး ယခုအခါ မေ့ရှစ်စန်း၏ ဓားအောက်တွင် ရုန်းကန်နေရလေသည်။
သူသည် ကရုဏာကို မတောင်းခံဘဲ သူ၏ဒေါသများ ပြည့်နှက်နေသော မျက်လုံးများမှာ နီရဲနေပြီး အချိန်မရွေး သွေးများစီးကျလာတော့မည့် အတိုင်းပင်။
"မင်းကို မိစ္ဆာဂိုဏ်း..." သူသည် ပါးစပ်ထဲမှ သွေးများစီးကျလျက် ကျိန်ဆဲလိုက်၏။ "မင်းတို့အားလုံး ဆိုးရွားတဲ့ သေခြင်းတရားကို ကြုံတွေ့ရလိမ့်မယ်.. သူတော်ကောင်းယောင်ဆောင်တဲ့ မကောင်းဆိုးဝါးတွေ..."
စုယန်သည် သူ့ရှေ့ကမြင်ကွင်းကို စိုက်ကြည့်နေ၏။ သူ့နှာခေါင်းထဲ၌ သွေးရနံ့များဖြင့် ပြည့်နှက်နေပြီး အနည်းငယ် မူးဝေသွားရသည်။ သူသည် ထိုနေရာ၌ မအန်ချမိစေရန် ထိန်းထားရ၏။ ထို့နောက် မျက်လုံးများကို မှိတ်ကာ ပြောလိုက်သည်။
"...ရှစ်စန်း ရပ်လိုက်"
မေ့ရှစ်စန်းသည် ထိုလူ၏ပခုံးကို ထိုးဖောက်ထားသော ဓားရှည်ကို ရုတ်ခြည်းဆွဲထုတ်လိုက်ပြီး ခေါင်းကိုလှည့်လိုက်သည်။
"သခင်ငယ်လေး"
"မင်း..."
စုယန်၏လည်ချောင်းသည် တင်းကျပ်နေပြီး စကားတစ်လုံးပင်မပြောနိုင်ပေ။
ဤအခိုက်အတန့်၌ သူသည် ဤကမ္ဘာဟာ မည်သို့သော ကမ္ဘာအမျိုးအစားဖြစ်သည်ကို အမှန်တကယ်ပင် နားလည်သဘောပေါက်နိုင်ခဲ့သည်။
မနေ့ကအထိ 'သိုင်းလောက' ဟူသော စကားလုံး နောက်တွင် ဓားရှည်အား ပျော်ပျော်ကြီးလွှဲယမ်းပြီး ရန်ငြိုးဖွဲ့ရုံကလွဲလို့ မည်သည့်အရာမျှမရှိခဲ့ပေ။ ဇာတ်ညွှန်း၏ သွေးထွက်သံယို သရုပ်ဖော်မှုဖြစ်စေ အလောင်းများပြန့်ကျဲနေသော ဇာတ်ဝင်ခန်းဖြစ်စေ ၎င်းသည် သူ၏စိတ်ဝိညာဉ်ကို တုန်လှုပ်စေနိုင်သော သက်ရောက်မှုမျိုးမရှိခဲ့ပေ။
သို့သော် ယခုအခါ၌မူ... လူများအမှန်တကယ် သေဆုံးနေခြင်းပင် ဖြစ်ပေသည်။
စာအုပ်ထဲ၌မူ ဤလူများသည် စာမျက်နှာထက်မှ ရိုးရှင်းသော စကားလုံးများသာဖြစ်ပြီး မည်သည့်အခါမှ ပျောက်ကွယ်သွားမည်မဟုတ်သလို ဇာတ်လမ်း၌ သရုပ်ဆောင်သူများမှာလည်း သူတို့၏တာဝန် ပြီးဆုံးသည်နှင့် မည်သည့်ထိခိုက်မှုမျှမရှိဘဲ ပုံမှန်အတိုင်း မတ်တပ်ရပ်နေနိုင်မည် ဖြစ်သည်။
စုယန်သည် စိတ်ထဲ၌ တုန်လှုပ်နေပြီး အသိစိတ်များကို မစုစည်းနိုင်တော့ချေ။
မေ့ရှစ်စန်းက ဆိုလေသည်။
"သခင်ငယ်လေး.. ဒီလက်အောက်ငယ်သားက ဂူသင်္ချိုင်းရဲ့ တည်နေရာမြေပုံကို စစ်ဆေးမေးမြန်း နေပါတယ်။ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ"
စုယန် အသိစိတ်ပြန်ဝင်လာပြီး မှင်သက်နေလေ၏။ သူ ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း မည်သည့်စကားမျှ ထွက်မလာချေ။
သူ၏ဒိုင်ယာလော့များကိုပင် မေ့သွားရ၏။
မြေပြင်ပေါ်မှ နောက်ဆုံးအသက်ရှင်ကျန်သူသည် ပြင်းပြင်းထန်ထန် ဆက်လက်ကျိန်ဆဲနေခြင်း ဖြစ်သည်။
ထိုအချိန်တွင် အဝေးတနေရာမှ မြင်းခွာသံများသည် တဖြည်းဖြည်း နီးကပ်လာလေသည်။ ထိုလူများသည် ရေကန်အနားသို့ ချဉ်းကပ်လာပုံရသည်။
မိစ္ဆာဂိုဏ်းမှလူတိုင်းသည် သတိရှိနေကြပြီး စုယန်ကို ကာကွယ်ရန် ချက်ချင်းဝိုင်းရံလိုက်ကြသည်။
မေ့ရှစ်စန်းသည် ထိတ်လန့်နေသေးသော စုယန်အား တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ဆုံးဖြတ်ချက် တစ်ခုကို ပြတ်ပြတ်သားသားချလိုက်ပြီး ဆဲဆိုနေဆဲ ဖြစ်သော နောက်ဆုံးကျန်လူကို ဓားဖြင့်ထိုးစိုက် လိုက်တော့သည်။
စုယန်က ထိတ်လန့်စွာအော်လိုက်၏။
"ရှစ်စန်း!!"
ထိုလူ၏ ကျိန်ဆဲသံသည် ရုတ်ခြည်းရပ်တန့်သွားပြီး သစ်ပင်ရှေ့၌ ခေါင်းငိုက်စိုက်ကျသွားတော့သည်။
မေ့ရှစ်စန်းသည် စုယန်ရှေ့မှောက်၌ ဒူးထောက်ချလိုက်ပြီး ဆိုလေ၏။
"တစ်ယောက်ယောက်က သူ့ကို ကယ်တင်နိုင်သွားရင် ပြဿနာတက်လိမ့်မယ်။ ဒီလက်အောက်ငယ်သားက အခွင့်အာဏာမရှိဘဲ ပြုမူခဲ့မိပါတယ်။ သခင်ငယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ"
တစ်ချိန်တည်းမှာပင် မြင်းဖြူတစ်ကောင်သည် ကျောက်ကမ်းပါးထက်၌ ပေါ်ထွက်လာ၏။ ထိုမြင်းဖြူထက်မှလူသည် နေဝင်ချိန်ကို ကျောခိုင်းထားပြီး လွှမ်းမိုးမှုရှိသော ပုံသဏ္ဍာန်ကို ဖြစ်ပေါ်စေသည်။
သူသည် လဖြူရောင်၀တ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာကို ပိုးပဝါဖြင့် ဖုံးအုပ်ထားသည်။ သူ၏နက်မှောင်သော မျက်လုံးများမှာ ကြယ်များကဲ့သို့ တောက်ပနေ၏။
အညိုရောင်နှင့် အသားရောင်မြင်းနှစ်ကောင်ကို စီးနင်းထားသော အမျိုးသားနှင့် အမျိုးသမီးသည် သူ၏ဘေး၌ပေါ်လာပြီး တူညီသောမျက်နှာကာကို ဝတ်ဆင်ထားကြသည်။ နောက်တစ်စက္ကန့်တွင် မြင့်မားသော ကျောက်ကမ်းပါးပတ်လည်၌ တူညီဝတ်စုံဝတ်ဆင်ထားသော အစောင့်တစ်ဒါဇင်ခန့် စီတန်းလျက်ရှိနေ၏။
စုယန်သည် ထိုလူများအား စိုက်ကြည့်လိုက်သည်။
ကုဖေးတိ၏မျက်လုံးများသည် သွေးများနှင့် အလောင်းများတလျှောက် ဖြတ်ကျော်လာပြီး နောက်ဆုံးတွင် စုယန်၏ ဖြူဖျော့နေသော မျက်နှာထက်၌ ငြိမ်သက်သွားလေသည်။
ရွှီယွင်ကျန်းသည် သူ့ရှေ့မှ ငရဲနှင့်တူသောမြင်ကွင်းနှင့် ထိုအလယ်၌ လုံးဝသန့်ရှင်းစင်ကြယ်ပုံရသော လူကို မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
ဇက်ကြိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား သောကြောင့် သူ၏လက်ဆစ်များမှာ ဖြူဖျော့ လာလေသည်။ သူက အံကြိတ်လျက် မေးလိုက်၏။
"ဒါ... မင်းလုပ်လိုက်တာလား"
စုယန်၏ခေါင်းထဲ၌ အတွေးများစွာ ဖြတ်သန်းသွားပြီး မည်သို့ဖြေရမှန်း မသိတော့ပေ။
ဤငရဲဆန်သောဇာတ်ကွက်သည် သူ၏မူလ ရည်ရွယ်ချက် မဟုတ်သော်လည်း 'သူတို့ကို ဆွဲထုတ်သွားပြီး ကိုင်တွယ်ရန်' မေ့ရှစ်စန်းအား ညွှန်ကြားခဲ့သူမှာ အမှန်တကယ်ပင် သူကိုယ်တိုင်ဖြစ်သည်။
မိစ္ဆာဂိုဏ်း၏ ပန်းလက်ထောက်များသည် အဓိက အချက်ကို နားလည်မှုလွဲသွားခဲ့ပြီး ပြန်လည်ပြုပြင်၍ မရသော အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။ သူသည် မိစ္ဆာဂိုဏ်း၏ အခြေခံမူများအား လျှော့တွက်ခဲ့မိ၏။
စုယန်၏ အသံတိတ်ဝန်ခံခြင်းကို မြင်သောအခါ ရွှီယွင်ကျန်းက ဒေါသတကြီး ဆိုလေသည်။
"မင်းဒီလိုလုပ်လိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားခဲ့ဘူး! ငါတကယ်... မင်းကို နားလည်မှုလွဲခဲ့တာပဲ!"
စုယန်သည် သူ၏နှုတ်ခမ်းထောင့်ကို ကွေးညွတ်လိုက်ပြီး အားတင်းပြုံးလိုက်ကာ နောက်ဆုံးတွင် စကားလုံး အချို့ကို ပြန်ပြောနိုင်ခဲ့သည်။
"မင်းတို့ အလယ်ပိုင်းလွင်ပြင်ကလူတွေက ငါတို့ရဲ့ဂိုဏ်းကို အမြဲ ဒီလိုပုံစံဘဲ ရှုမြင်နေတာ မဟုတ်လား။ ဘာများမှားနေလို့လဲ?"
ထိုစကားကိုကြားသောအခါ ရွှီယွင်ကျန်းသည် ဒေါသအလွန်ထွက်သွားပြီး သူ့ဓားကို ဆွဲထုတ်လိုက်သည်။
သို့သော် ကုဖေးတိက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။
လေထုထဲ၌ သွေးနံ့များ တစိမ့်စိမ့်ထွက်ပေါ်နေပြီး စုယန်သည် ပျို့အန်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။ သူက အံကြိတ်လိုက်ပြီး ခေါင်းကိုလှည့်ကာ မေ့ရှစ်စန်းအား ပြောလိုက်၏။
"ဒီနေရာက ညစ်ပတ်လွန်းတယ်.. ငါ သည်းမခံနိုင်ဘူး။ ဒီညအတွက် ရေကန်ရဲ့တစ်ဖက်ခြမ်းမှာ စခန်းချရအောင်"
ထိုသို့ပြောပြီးနောက် စုယန်သည် ပါးစပ်ကိုပိတ်ကာ 'မြတ်နိုးဖွယ်ပန်းပွင့်ခြေလှမ်း'ကိုသုံးပြီး ချာခနဲ လှည့်ထွက်သွား၏။ ထို့နောက် ရေကန်ဘေးရှိ ချုံပုတ်များထဲသို့ တိုးပျောက်ကွယ်သွားတော့သည်။
ရွှီယွင်ကျန်းက ဒေါသတကြီးဆိုလေသည်။
"ဖေးတိ.. ငါ့ကို မတားနဲ့။ ငါအောက်ကိုဆင်းပြီး အဲဒီမိစ္ဆာဂိုဏ်းက လူတွေအားလုံးကို သတ်ပစ်မယ်!"
ကုဖေးတိက လေးနက်စွာပြောလိုက်သည်။
"သူကိုရော.. မင်းက သူ့ကိုရောသတ်မှာလား?"
ရွှီယွင်ကျန်းက အံကို တင်းတင်းကြပ်ကြပ် ကြိတ်ထားလေသည်။
"သူတကယ် ဒီလိုလုပ်နိုင်တယ်ဆိုမှတော့.. ငါ.. ငါသူ့ကို.. "
အချိန်အတန်ကြာသော်လည်း ရွှီယွင်ကျန်း၏ပါးစပ်မှ ရက်စက်ကြမ်းတမ်းသော စကားလုံးများ ထွက်မလာပေ။ ရွှီယွင်ကျန်းသည် သူ၏လေးလံသော ဓားရှည်ကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး မြင်းပေါ်၌သာ တိတ်တဆိတ် ထိုင်နေလေသည်။
ကုဖေးတိသည် ချိုင့်ဝှမ်းထဲသို့ ငုံ့ကြည့်လိုက်၏။ မိစ္ဆာဂိုဏ်းသည် ၎င်းတို့၏ပစ္စည်းများကို လျင်မြန်စွာ ထုပ်ပိုးပြီး မြင်းများကိုဆွဲကာ ရေကန်တဖက်ခြမ်းသို့ ထွက်ခွာသွားတော့သည်။ ထို့နောက် ကုဖေးတိသည် သူ၏အဖွဲ့ကို ချိုင့်ဝှမ်းထဲသို့ ခေါ်ဆောင်လာလိုက်သည်။
သူသည် သစ်ပင်များမှ လူသေအလောင်းများကို ကြိုးဖြည်ပေးပြီး ကောပိသဲကန္တာရ၌သင်္ဂြိုဟ်စရာ နေရာရှာရန် အစောင့်များကို အမိန့်ပေးလိုက်သည်။ ထို့နောက် ထိုလူများ၏ ခရီးဆောင်အိတ်များနှင့် ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ရာ ၎င်းတို့သည် အလယ်ပိုင်းလွင်ပြင် ဝူကျားကျိုက်မှ လူယုတ်မာများ ဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။
"ဒီနှစ်တွေမှာ ဝူကျားကျိုက်ရဲ့လက်ထဲမှာ မရေမတွက်နိုင်တဲ့ လူတွေသေခဲ့ရတယ်။ သူတို့ကို ဖြောင့်မတ်တဲ့လူတွေလို့ သတ်မှတ်လို့မရတဲ့အတွက် စိတ်အေးအေးထားနိုင်ပြီ"
ကုဖေးတိက သူ၏အချစ်ဆုံးသူငယ်ချင်းဖြစ်သော ရွှီယွင်ကျန်းကို နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။
"ဒါ့အပြင် သိုင်းလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ပြီးနောက် ငါတို့... ထန်းယွင်စံအိမ်နဲ့ ချန်ဖုန်းတောင်ပေါ်ရွာတို့ ဆိုတာကလည်း ထင်သလောက် သန့်ရှင်စင်ကြယ်မနေဘူးလေ။ ငါဆိုလိုတာက.. ငါ့တို့ထဲက ဘယ်သူက သွေးမစွန်းဖူးလို့လဲ"
"ငါ စိတ်မြန်လွန်းသွားတယ်။ ဒီလိုအခြေအနေ မျိုးမှာတောင် သူ့ရဲ့အပြစ်ကင်းစင်ပုံရတဲ့မျက်နှာကို မြင်လိုက်ရတော့ ငါ.."
ရွှီယွင်ကျန်းသည် ထိုအကြောင်းကို ဆက်မပြောနိုင်တော့ပေ။ သူက ခါးသက်စွာ ပြုံးလိုက်ပြီး ဆို၏။
"ငါက မင်းထက် အသက်ပိုကြီးတာတောင် မင်းလောက် စိတ်မတည်ငြိမ်နိုင်ဘူးပဲ.. အသက်ကြီးလေလေ ရင့်ကျက်မှုနည်းလေလေပါလား"
ကုဖေးတိသည် မြင်းဇောင်းရှိ ဟော့ယင်းကို တစ်ချက်ကြည့်လိုက်ပြီး ခပ်တိုးတိုးပြောလေ၏။
"သူနဲ့ပတ်သတ်လာရင် မင်းက အရှက်တရားတောင် မရှိတော့ဘူးပဲ.. နားလည်ပေးနိုင်ပါတယ်လေ"
သူက ခေတ္တရပ်ပြီးနောက် မေးလိုက်သည်။
"မင်း.. အခုအချိန်ထိ သူ့ကို စိတ်ထဲရှိနေသေးတာလား?"
ရွှီယွင်ကျန်းက သက်ပြင်းချလိုက်သည်။
"ငါလက်ထပ်ပြီးကတည်းက ယင်းနျန်ကို ငါ့နှလုံးသား တစ်ခုလုံးနဲ့ ချစ်ပေးချင်တယ်။ ကျန်တာတွေကို မစဉ်းစားသင့်တော့သည်။ ဒါ့အပြင် အဲဒါက ငယ်ရွယ်တဲ့ အချိန်က စိတ်ကူးယဉ်မှုတစ်ခုပဲလေ.. အဲ့ထက်မပိုပါဘူး... "
ကုဖေးတိက တစ်ခဏမျှ တိတ်ဆိတ်သွားပြီး သူ့လက်ကို မြှောက်ကာ ရွှီယွင်ကျန်း၏ပုခုံးကို ပုတ်ပေးလိုက်လေသည်။
_18.3.22
Thanks for reading ❣️
Zawgyi
အခန္း-၃၃ မိုးမခ႐ြက္ေရကန္ ေသြးစြန္းထင္းျခင္း။
[မိစာၦဂိုဏ္းရဲ႕ အေျခခံမူေတြကို ေလွ်ာ့တြက္ခဲ့မိတယ္..]
ႏွစ္ရက္အၾကာ ေန႕လည္ပိုင္းတြင္ စုယန္ႏွင့္အဖြဲ႕သည္ ေကာ့ပိသဲကႏၲာရရွိ ႀကီးမားေသာအိုေအစစ္တစ္ခုဆီသို႔ ေရာက္ရွိခဲ့ၾကသည္။
၎အိုေအစစ္သည္ အျမင့္ႏွစ္ေပခန့္ရွိေသာ ေက်ာက္ကမ္းပါးမ်ားႏွင့္ ဝန္းရံထားသည့္ ေျမနိမ့္ခ်ိဳင့္ဝွမ္းတစ္ခုတြင္ တည္ရွိေလသည္။
ခ်ိဳင့္ဝွမ္းအလယ္တြင္မူ လြန္ခဲ့သည့္ႏွစ္ရက္က ေတြ႕ခဲ့ရေသာ ေရကန္ထက္ ႏွစ္ဆခန႔္ႀကီးမားသည္ နက္ျပာေရာင္ ေရကန္ႀကီးတစ္ကန္ တည္ရွိသည္။ ၎၏ ရွည္လ်ားက်ဥ္းေျမာင္းေသာ ပုံသ႑ာန္ေၾကာင့္ ေဒသခံမ်ားက မိုးမခ႐ြက္ေရကန္ဟု ေခၚတြင္ၾက ေလသည္။ ေရကန္၏ ပတ္ဝန္းက်င္ျဖစ္ေသာ ခ်ိဳင့္ဝွမ္းတစ္ခုလုံးတြင္ သစ္ပင္ခ်ဳံႏြယ္မ်ား ထူထပ္ေပါမ်ားစြာ ေပါက္ေရာက္ၿပီး စိမ္းလန္းစိုေျပေန၏။
မိုးမခ႐ြက္ေရကန္ အိုေအစစ္သည္ မိစာၦဂိုဏ္း၏ ဌာနခ်ဳပ္မွလြဲ၍ ေကာ့ပိသဲကႏၲာရရွိ အႀကီးဆုံး အိုေအစစ္ျဖစ္သည္။ မိစာၦဂိုဏ္း၏ဌာနခ်ဳပ္ကို ဖုံးကြယ္ထားေသာေၾကာင့္ မိုးမခ႐ြက္ေရကန္သည္ သိုင္းေလာကတြင္ အႀကီးဆုံး အိုေအစစ္အျဖစ္ လူသိမ်ားၿပီး အင္ပါယာတရား႐ုံး၏ ေျမပုံေပၚတြင္ ေတြ႕ျမင္နိုင္ေသာ တစ္ခုတည္းေသာ အိုေအစစ္ ျဖစ္လာခဲ့သည္။ ထို႔အျပင္ အေနာက္တိုင္းေဒသမ်ားသို႔ ျဖတ္သန္းသြားလာေသာ ခရီးသြားမ်ားအတြက္ မျဖစ္မေန နားခိုရာေနရာတစ္ခုလည္း ျဖစ္ေပသည္။
ထို႔ေၾကာင့္ ဤေနရာ၌ ေဆာက္လုပ္ထားေသာ တည္းခိုစရာေနရာမ်ားႏွင့္ ႏြားတင္းကုပ္မ်ား ရွိေပသည္။
ယခုအခ်ိန္တြင္ ေရကန္ေဘး၌ မည္သူမွ်မရွိေသာ္လည္း စိမ္းလန္းေသာသစ္ပင္မ်ား၏ အရိပ္ေအာက္ ႐ႊံ႕တံတိုင္း ခတ္ထားသည့္ ၿခံဝင္းေလးထဲတြင္ ျမင္းႏွစ္ေကာင္ ရွိေန၏။ တစ္စုံတစ္ေယာက္ ဤေနရာသို႔ ေစာေစာ ေရာက္လာသည္မွာ ထင္ရွားေပသည္။
ေမ့ရွစ္စန္းက ေရွ႕သို႔လွမ္းလာကာ ေမးေလသည္။
"သခင္ငယ္ေလး.. အရင္ စစ္ေဆးၾကည့္လိုက္ရမလား?"
စုယန္သည္ ဇာတ္လမ္း၌ ထိုသို႔ေသာျမင္ကြင္းမ်ိဳး ရွိပုံရသည္ဟုေတြးကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"မလိုဘူး.. ဒီတိုင္းသြားရေအာင္"
သူမွတ္မိတာ မွန္ကန္ပါက ဤအိုေအစစ္တြင္ အေျမာက္စာဇာတ္ေကာင္ အေျမာက္အျမားႏွင့္ ဆုံေတြ႕ရမည္ျဖစ္သည္။ သူသည္ ထိုအေျမာက္စာမ်ားကို ေျမျပင္ေပၚ အလဲသိပ္ၿပီးေနာက္ ကုေဖးတိသည္ အခ်ိန္ကိုက္ေရာက္ရွိလာမည္ ျဖစ္ေပသည္။
အမွန္ပဲ။ ကုေဖးတိက ထပ္ၿပီး ကယ္တင္ေပးရအုံးမယ္။
ဤဇာတ္ၫႊန္းသည္ 'Arch-Rivals' ဟူေသာ ၎၏ေခါင္းစဥ္ႏွင့္ အံဝင္ခြင္က်ျဖစ္ေပသည္။ သူသည္ အခ်ိန္တိုင္းလိုလို လူမ်ားကိုအနိုင္က်င့္ရန္ တာဝန္ရွိၿပီး ကုေဖးတိသည္ ထိုလူမ်ားကို ကယ္တင္ရန္ တာဝန္ရွိေပသည္။ ၎သည္ ၿငီးေငြ႕ဖြယ္ေကာင္း လိမ့္မည္ဟု ထင္ရေသာ္လည္း ဇာတ္ကြက္မ်ားသည္ ကြဲျပားေနၿပီး သူသ႐ုပ္ေဆာင္ေသာအခါ၌ အံ့အားသင့္စြာဘဲ ၿငီးေငြ႕သည္ဟု မခံစားခဲ့ရေပ။
စုယန္သည္ စိတ္ထဲ၌ ညည္းၫူၿပီးေနာက္ ခ်ိဳင့္ဝွမ္း ေအာက္ေျခသို႔ ဆင္းသက္လိုက္သည္။ သူသည္ သူ၏ျမင္းကို ေရတိုက္ရန္အတြက္ ပန္းလက္ေထာက္ တစ္ဦးထံအပ္လိုက္ၿပီး ေမ့ရွစ္စန္းႏွင့္ တျခားလူမ်ားႏွင့္ အတူ ႐ႊံ႕အိမ္ငယ္ေလး၏ ၿခံဝင္းထဲကို ေလွ်ာက္သြားလိုက္သည္။
လူသစ္မ်ား ခ်ဥ္းကပ္လာသည္ကို သတိျပဳမိေသာအခါ အိမ္ငယ္ေလးထဲမွ အမ်ိဳးသားႏွစ္ဦးသည္ ထြက္လာခဲ့၏။ စုယန္သည္ ႏႈတ္ဆက္ရန္ ျပင္လိုက္ေသာ္လည္း ထိုႏွစ္ေယာက္မွာ သူ႕ကိုျမင္ၿပီး အံ့ဩသြားၾကေလသည္။
သူတို႔ထဲမွ တစ္ေယာက္က ႏႈတ္ခမ္း႐ြဲ႕လိုက္ၿပီး ႐ြံမုန္းစြာ ကဲ့ရဲ႕လိုက္၏။
"မိစာၦဂိုဏ္းက လူေတြက အလယ္ပိုင္းလြင္ျပင္က ဓားပညာရွိရဲ႕ အေမြအႏွစ္ကို တက္မက္ရဲတာလား"
ထိုစကားကိုၾကားေသာအခါ စုယန္ မ်က္ခုံးပင့္လိုက္သည္။
ဤသည္မွာ အေျမာက္စာမ်ား၏ ဂႏၲဝင္ဇာတ္ကြက္ပင္ ျဖစ္ေပသည္။ ဤတစ္ခါေတာ့ ဇာတ္ကြက္က မၿပိဳလဲသြားပုံရသည္။ ၎မွာ ဇာတ္ၫႊန္းထဲ၌ ေရးထားေသာ စာေၾကာင္းႏွင့္ အတူတူပင္ျဖစ္၏။
စုယန္ စိတ္ေတြၾကည္လင္လာၿပီး မိစာၦဂိုဏ္း၏ သခင္ငယ္ရဲ႕ ထုံးစံအတိုင္း ႏႈတ္ခမ္းေထာင့္ကို ပင့္ျမႇောက္ကာ ယုတ္မာေသာ အၿပဳံးကို ျပသလိုက္သည္။
"အိုး! ဒီအေမြအႏွစ္က အလယ္ပိုင္းလြင္ျပင္နဲ႕ ဆိုင္တာဆိုရင္ ဘာလို႔ ေျမရိုင္းလြင္ျပင္မွာ ရွိေနရတာလဲ? ဒီေျမရိုင္းလြင္ျပင္က ငါတို႔ဂိုဏ္းရဲ႕ ေနာက္ေဖးၿခံဆိုတာ မသိဘူးလား?"
ထိုလူသည္ ဆို႔နင့္သြားေသာ္လည္း ေမးေစ့ကို ပင့္ျမႇောက္ကာ ျပန္ေျပာေလသည္။
"ဓားပညာရွိက ေျမရိုင္းလြင္ျပင္ကိုျဖတ္ေက်ာ္ရင္း ကံဆိုးမႈတစ္ခုနဲ႕ ႀကဳံေတြ႕ခဲ့ရၿပီး ဒီေနရာကေန မထြက္ခြာနိုင္ဘဲ ေသဆုံးခဲ့ရတာ။ ဒါေၾကာင့္ သူ႕ရဲ႕အေမြအႏွစ္ကို အလယ္ပိုင္းလြင္ျပင္ဆီ ျပန္ယူသြားဖို႔က ငါတို႔ရဲ႕တာဝန္ပဲ"
စုယန္က ၿပဳံးလိုက္ၿပီး ခါးမွဓားကို ဆြဲထုတ္ကာ ထိုလူႏွစ္ေယာက္ဆီသို႔ ျဖည္းညွင္းစြာ ေလွ်ာက္သြားလိုက္သည္။
"... အလယ္ပိုင္းလြင္ျပင္ကို ျပန္ယူဖို႔လား ဒါမွမဟုတ္ မင္းတို႔ရဲ႕ဂိုဏ္းကို ျပန္ေပးဖို႔လား?"
စုယန္၏ စြပ္စြဲခ်က္ကို ၾကားေသာအခါ ထိုလူႏွစ္ေယာက္က ေဒါသထြက္သြားၾက၏။ သူတို႔သည္ မ်က္လုံးမ်ားကို က်ဥ္းေျမာင္းလိုက္ၿပီး ဓားရွည္မ်ားကို ဆြဲထုတ္လိုက္ၾကသည္။
"ဒီကေလးက လွည့္စားမႈေတြ ျပည့္ေနတာပဲ!" ပို၍သန္မာပုံရေသာလူက ေဒါသတႀကီး ေအာ္ဟစ္လိုက္၏။
"ဒီေန႕ ဒီအဘိုးက အလယ္ပိုင္းလြင္ျပင္အတြက္ မိစာၦဂိုဏ္းက မေကာင္းဆိုးဝါးေတြကို ေခ်မႈန္းပစ္ေပးမယ္"
စုယန္သည္ သူ႕လက္ေကာက္ဝတ္ကို လႈပ္ယမ္းလိုက္ၿပီး ဓားကိုပင့္ျမႇောက္ကာ မည္သည့္ဓားကြက္မွမသုံးဘဲ အတြင္းအားသီးသန႔္ျဖင့္ ထိုလူ၏ ဓားသြားကို ရိုးရွင္းစြာ ပိတ္ဆို႔လိုက္ေလသည္။
သတၱဳခ်င္းထိခတ္သံ သုံးေလးခ်က္ ထြက္ေပၚလာ ၿပီးေနာက္ စုယန္၏ဓားသည္ ထိုလူ၏ လက္ေကာက္ဝတ္ကို ျဖတ္ရွလိုက္ေလသည္။ ထိုလူသည္ နာက်င္စြာ ေအာ္ဟစ္လိုက္ၿပီး သူ၏ဓားကို ဆက္မကိုင္ထားနိုင္ေတာ့ေပ။
သူသည္ ေနာက္ျပန္ဆုတ္သြားၿပီး ေျမျပင္ေပၚသို႔ ျပဳတ္က်သြားေသာ သူ၏ဓားကိုငုံ႕ၾကည့္ကာ ထိတ္လန႔္တုန္လႈပ္စြာ ေမးလိုက္၏။
"မင္းက ဘယ္သူလဲ!"
စုယန္က ေက်နပ္စြာ ရယ္ေမာလိုက္သည္။
"အခုေတာ့ မင္းက ငါဘယ္သူလဲဆိုတာကိုေမးဖို႔ သတိရသြားၿပီေပါ့ေလ.. နည္းနည္းေနာက္က်ေနၿပီလို႔ မထင္ဘူးလား"
ထိုစကားကိုၾကားေသာအခါ သန္မာေသာလူက သူ႕အေဖာ္ကို မ်က္လုံးျဖင့္ အခ်က္ျပလိုက္သည္။
႐ုတ္တရက္ဆိုသလို ထိုလူက စုယန္နားမလည္နိုင္ေသာ အရာတစ္ခုကိုေအာ္လိုက္ၿပီး ခ်က္ခ်င္းပင္ အရပ္ရွည္ရွည္ လူရွစ္ေယာက္သည္ အိမ္ထဲမွ ထြက္လာၾကေလ၏။
ထိုလူရွစ္ေယာက္သည္ ပထမထြက္လာေသာ လူႏွစ္ေယာက္ႏွင့္ တစ္ဖြဲ႕တည္းဟု ယူဆရသည္။ သူတို႔သည္ မိစာၦဂိုဏ္းမွ လူမ်ားကိုျမင္ေသာအခါ ေဒါသတႀကီး ဆဲဆိုၾကေတာ့၏။
စုယန္သည္ သူတို႔၏ ညစ္ညမ္းေသာ စကားမ်ားေၾကာင့္ ေခါင္းကိုက္လာၿပီး သူတို႔ႏွင့္ျငင္းခုံရန္ အလြန္ ပ်င္းရိေနေလသည္။ သူသည္ ခ်က္ခ်င္း ေရွ႕သို႔ ေျပးသြားလိုက္ၿပီး ကြၽမ္းက်င္ေသာစားဖိုးမႉးက ဟင္းသီးဟင္း႐ြက္မ်ားကို ခုတ္ထစ္သကဲ့သို႔ ေခြၽးတစ္စက္ပင္မထြက္ေစဘဲ ထိုလူအုပ္စုကို ေျမျပင္ေပၚသို႔ အလဲသိပ္လိုက္ေတာ့၏။
သူသည္ မည္သူ႕ကိုမွ် ဒဏ္ရာႀကီးႀကီးမားမား မရေစဘဲ မလႈပ္နိုင္ေအာင္ႏွင့္ သတိလစ္သြားသည္အထိသာ ရိုက္ႏွက္ခဲ့သည္။ ထို႔ေနာက္ ထိုလူမ်ားအား ႀကိဳးတုတ္ကာ က်န္ကိစၥမ်ားကို ေမ့ရွစ္စန္း၏လက္ထဲသို႔ အပ္ခဲ့လိုက္ေတာ့သည္။
ေမ့ရွစ္စန္းက အမိန႔္နာခံၿပီး က်န္ပန္းလက္ေထာက္ မ်ားႏွင့္အတူ ထိုလူမ်ားကို ၿခံဝင္းငယ္ေလးမွာ ဆြဲထုတ္သြားလိုက္သည္။
စုယန္သည္ ႐ႊံ႕အိမ္ငယ္ထဲသို႔ ၀င္လိုက္သည္ႏွင့္ ခရီးေဆာင္အိတ္မ်ားႏွင့္ ရိကၡာေျခာက္မ်ားစြာ ရွိေနသည္ကို ေတြ႕လိုက္ရသည္။ သူသည္ ၎တို႔ကိုမယူခဲ့ဘဲ သူႏွင့္မိစာၦဂိုဏ္းအတြက္ ေနရာရရန္ ေထာင့္တြင္သာ ေ႐ႊ႕ထားလိုက္သည္။
ထိုအခ်ိန္တြင္ အျပင္ဘက္မွ ႐ုတ္တရက္ ထူးထူးျခားျခား အသံအခ်ိဳ႕ကို သူၾကားလိုက္ရ၏။ အခ်ိဳ႕က က်ိန္ဆဲေနၾကပုံရၿပီး အခ်ိဳ႕က က႐ုဏာကို ေတာင္းေနၾကပုံရေပသည္။ ေနာက္ဆုံးတြင္ တစ္စုံတစ္ခုက ျဖတ္ေတာက္လိုက္သကဲ့သို႔ အသံအားလုံး ေပ်ာက္ကြယ္သြားၿပီး ေလထုထဲ၌ စူးရွေသာ ရနံ႕တစ္ခု ပ်ံ့လြင့္လာေလသည္။
စုယန္သည္ မ်က္ေမွာင္ၾကဳတ္ကာ သူ၏ခရီးေဆာင္ အိတ္ကို လွမ္းယူခါနီးတြင္ သူ႕လႈပ္ရွားမႈက ႐ုတ္တရက္ ရပ္တန့္သြားသည္။
သူသည္ ဇာတ္ၫႊန္းမွ ဤအခန္းကို ႐ုတ္တရက္ သတိရသြား၏။
ဇာတ္ၫႊန္းတြင္ မိစာၦဂိုဏ္း၏သခင္ငယ္သည္ မိုးမခ႐ြက္ေရကန္သို႔ ေရာက္ရွိလာၿပီး အေျမာက္စာ မ်ား၏ ရန္စျခင္းကိုခံခဲ့ရသည္။ ထို႔ေနာက္ သူသည္ ေဒါသကို မထိန္းနိုင္ဘဲ ထိုလူအားလုံးကို သတ္ပစ္လိုက္ျခင္းပင္!
ကုေဖးတိသည္ သူလူအားလုံးကို သုတ္သင္ၿပီး ေနာက္မွသာ ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္။ ထိုအခ်ိန္တြင္ မိုးမခ႐ြက္ေရကန္၏ ကမ္းစပ္တြင္ အေလာင္းမ်ားျဖင့္ ျပည့္ႏွက္ေနၿပီး ရဲရဲနီေနေသာ ေသြးမ်ားမွာ ေရကန္ထဲသို႔ စိမ့္ဝင္ေနေလသည္။ ကုေဖးတိသည္ အလြန္အမင္း ေဒါသထြက္သြားၿပီး သူ၏တပ္မ်ားကို ဦးေဆာင္ကာ မိစာၦဂိုဏ္းမွလူမ်ားကို တိုက္ခိုက္ခဲ့သည္။
အတိအက်ေျပာရလွ်င္ မိုးမခ႐ြက္ေရကန္မွ တိုက္ပြဲေၾကာင့္ ကုေဖးတိသည္ ဒဏ္ရာအျပင္းအထန္ ရရွိသြားေလသည္။ ထို႔ေၾကာင့္ သူသည္ စုယန္ကို ရႈံးနိမ့္သြားခဲ့ၿပီး ဖူလင္းယြင္ႏွင့္အတူ ေခ်ာက္ကမ္းပါးမွ ျပဳတ္က်သြားေတာ့၏။
ထိုသို႔ေတြးရင္း စုယန္၏မ်က္ႏွာသည္ ျဖဴေဖ်ာ့ သြားေလသည္။ သူသည္ 'ျမတ္နိုးဖြယ္ပန္းပြင့္ေျခလွမ္း' ကို အသုံးျပဳကာ ႐ႊံ႕အိမ္ငယ္ေလးမွ အလ်င္အျမန္ ထြက္လိုက္ေလ၏။
သို႔ေသာ္ ဆယ့္ငါးမိနစ္ထက္မပိုေသာအခ်ိန္တြင္ မိုးမ႐ြက္ေရကန္သည္ ငရဲတြင္းသဖြယ္ ျဖစ္ေနၿပီျဖစ္သည္။
ထိုလူမ်ားသည္ သစ္ပင္မ်ားတြင္ ႀကိဳးမ်ားျဖင့္ တင္းတင္းက်ပ္က်ပ္ ခ်ည္ေႏွာင္ထားခံရၿပီး အားလုံးနီးပါး အသက္မရွိၾကေတာ့ေပ။ ၎တို႔ အသီးသီး၏ ခႏၶာကိုယ္ေပၚတြင္ ဆိုး႐ြားေသာ ဒဏ္ရာဒဏ္ခ်က္မ်ား သို႔မဟုတ္ သူတို႔၏ႏွလုံးသားကို ခြၽန္ထက္သည့္ လက္နက္ျဖင့္ ထိုးေဖာက္ခံရျခင္း သို႔မဟုတ္ သူတို႔၏ လည္ပင္းမ်ားကို ျဖတ္ေတာက္ ခံရျခင္းစသျဖင့္ ျမင္ကြင္းမွာ ေၾကာက္မက္ဖြယ္ ေကာင္းလွသည္။ ယခုေလးတင္ အသက္ရွင္ေနေသးၿပီး ဆဲဆိုေနခဲ့ေသာ လူဆယ္ေယာက္မွ တစ္ေယာက္ သာလွ်င္ အသက္ရွင္က်န္ေတာ့ေလသည္။ ထိုလူသည္ စုယန္ႏွင့္ ပထမဆုံးတိုက္ခိုက္ခဲ့ေသာလူျဖစ္ၿပီး ယခုအခါ ေမ့ရွစ္စန္း၏ ဓားေအာက္တြင္ ႐ုန္းကန္ေနရေလသည္။
သူသည္ က႐ုဏာကို မေတာင္းခံဘဲ သူ၏ေဒါသမ်ား ျပည့္ႏွက္ေနေသာ မ်က္လုံးမ်ားမွာ နီရဲေနၿပီး အခ်ိန္မေ႐ြး ေသြးမ်ားစီးက်လာေတာ့မည့္ အတိုင္းပင္။
"မင္းကို မိစာၦဂိုဏ္း..." သူသည္ ပါးစပ္ထဲမွ ေသြးမ်ားစီးက်လ်က္ က်ိန္ဆဲလိုက္၏။ "မင္းတို႔အားလုံး ဆိုး႐ြားတဲ့ ေသျခင္းတရားကို ႀကဳံေတြ႕ရလိမ့္မယ္.. သူေတာ္ေကာင္းေယာင္ေဆာင္တဲ့ မေကာင္းဆိုးဝါးေတြ..."
စုယန္သည္ သူ႕ေရွ႕ကျမင္ကြင္းကို စိုက္ၾကည့္ေန၏။ သူ႕ႏွာေခါင္းထဲ၌ ေသြးရနံ႕မ်ားျဖင့္ ျပည့္ႏွက္ေနၿပီး အနည္းငယ္ မူးေဝသြားရသည္။ သူသည္ ထိုေနရာ၌ မအန္ခ်မိေစရန္ ထိန္းထားရ၏။ ထို႔ေနာက္ မ်က္လုံးမ်ားကို မွိတ္ကာ ေျပာလိုက္သည္။
"...ရွစ္စန္း ရပ္လိုက္"
ေမ့ရွစ္စန္းသည္ ထိုလူ၏ပခုံးကို ထိုးေဖာက္ထားေသာ ဓားရွည္ကို ႐ုတ္ျခည္းဆြဲထုတ္လိုက္ၿပီး ေခါင္းကိုလွည့္လိုက္သည္။
"သခင္ငယ္ေလး"
"မင္း..."
စုယန္၏လည္ေခ်ာင္းသည္ တင္းက်ပ္ေနၿပီး စကားတစ္လုံးပင္မေျပာနိုင္ေပ။
ဤအခိုက္အတန႔္၌ သူသည္ ဤကမာၻဟာ မည္သို႔ေသာ ကမာၻအမ်ိဳးအစားျဖစ္သည္ကို အမွန္တကယ္ပင္ နားလည္သေဘာေပါက္နိုင္ခဲ့သည္။
မေန႕ကအထိ 'သိုင္းေလာက' ဟူေသာ စကားလုံး ေနာက္တြင္ ဓားရွည္အား ေပ်ာ္ေပ်ာ္ႀကီးလႊဲယမ္းၿပီး ရန္ၿငိဳးဖြဲ႕႐ုံကလြဲလို႔ မည္သည့္အရာမွ်မရွိခဲ့ေပ။ ဇာတ္ၫႊန္း၏ ေသြးထြက္သံယို သ႐ုပ္ေဖာ္မႈျဖစ္ေစ အေလာင္းမ်ားျပန႔္က်ဲေနေသာ ဇာတ္ဝင္ခန္းျဖစ္ေစ ၎သည္ သူ၏စိတ္ဝိညာဥ္ကို တုန္လႈပ္ေစနိုင္ေသာ သက္ေရာက္မႈမ်ိဳးမရွိခဲ့ေပ။
သို႔ေသာ္ ယခုအခါ၌မူ... လူမ်ားအမွန္တကယ္ ေသဆုံးေနျခင္းပင္ ျဖစ္ေပသည္။
စာအုပ္ထဲ၌မူ ဤလူမ်ားသည္ စာမ်က္ႏွာထက္မွ ရိုးရွင္းေသာ စကားလုံးမ်ားသာျဖစ္ၿပီး မည္သည့္အခါမွ ေပ်ာက္ကြယ္သြားမည္မဟုတ္သလို ဇာတ္လမ္း၌ သ႐ုပ္ေဆာင္သူမ်ားမွာလည္း သူတို႔၏တာဝန္ ၿပီးဆုံးသည္ႏွင့္ မည္သည့္ထိခိုက္မႈမွ်မရွိဘဲ ပုံမွန္အတိုင္း မတ္တပ္ရပ္ေနနိုင္မည္ ျဖစ္သည္။
စုယန္သည္ စိတ္ထဲ၌ တုန္လႈပ္ေနၿပီး အသိစိတ္မ်ားကို မစုစည္းနိုင္ေတာ့ေခ်။
ေမ့ရွစ္စန္းက ဆိုေလသည္။
"သခင္ငယ္ေလး.. ဒီလက္ေအာက္ငယ္သားက ဂူသခၤ်ိဳင္းရဲ႕ တည္ေနရာေျမပုံကို စစ္ေဆးေမးျမန္း ေနပါတယ္။ ေက်းဇူးျပဳၿပီး စိတ္ေအးေအးထားပါ"
စုယန္ အသိစိတ္ျပန္ဝင္လာၿပီး မွင္သက္ေနေလ၏။ သူ ပါးစပ္ကို ဖြင့္ဟလိုက္ေသာ္လည္း မည္သည့္စကားမွ် ထြက္မလာေခ်။
သူ၏ဒိုင္ယာေလာ့မ်ားကိုပင္ ေမ့သြားရ၏။
ေျမျပင္ေပၚမွ ေနာက္ဆုံးအသက္ရွင္က်န္သူသည္ ျပင္းျပင္းထန္ထန္ ဆက္လက္က်ိန္ဆဲေနျခင္း ျဖစ္သည္။
ထိုအခ်ိန္တြင္ အေဝးတေနရာမွ ျမင္းခြာသံမ်ားသည္ တျဖည္းျဖည္း နီးကပ္လာေလသည္။ ထိုလူမ်ားသည္ ေရကန္အနားသို႔ ခ်ဥ္းကပ္လာပုံရသည္။
မိစာၦဂိုဏ္းမွလူတိုင္းသည္ သတိရွိေနၾကၿပီး စုယန္ကို ကာကြယ္ရန္ ခ်က္ခ်င္းဝိုင္းရံလိုက္ၾကသည္။
ေမ့ရွစ္စန္းသည္ ထိတ္လန႔္ေနေသးေသာ စုယန္အား တစ္ခ်က္ၾကည့္လိုက္၏။ ထို႔ေနာက္ ဆုံးျဖတ္ခ်က္ တစ္ခုကို ျပတ္ျပတ္သားသားခ်လိဳက္ၿပီး ဆဲဆိုေနဆဲ ျဖစ္ေသာ ေနာက္ဆုံးက်န္လူကို ဓားျဖင့္ထိုးစိုက္ လိုက္ေတာ့သည္။
စုယန္က ထိတ္လန႔္စြာေအာ္လိုက္၏။
"ရွစ္စန္း!!"
ထိုလူ၏ က်ိန္ဆဲသံသည္ ႐ုတ္ျခည္းရပ္တန႔္သြားၿပီး သစ္ပင္ေရွ႕၌ ေခါင္းငိုက္စိုက္က်သြားေတာ့သည္။
ေမ့ရွစ္စန္းသည္ စုယန္ေရွ႕ေမွာက္၌ ဒူးေထာက္ခ်လိဳက္ၿပီး ဆိုေလ၏။
"တစ္ေယာက္ေယာက္က သူ႕ကို ကယ္တင္နိုင္သြားရင္ ျပႆနာတက္လိမ့္မယ္။ ဒီလက္ေအာက္ငယ္သားက အခြင့္အာဏာမရွိဘဲ ျပဳမူခဲ့မိပါတယ္။ သခင္ငယ္ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို အျပစ္ေပးပါ"
တစ္ခ်ိန္တည္းမွာပင္ ျမင္းျဖဴတစ္ေကာင္သည္ ေက်ာက္ကမ္းပါးထက္၌ ေပၚထြက္လာ၏။ ထိုျမင္းျဖဴထက္မွလူသည္ ေနဝင္ခ်ိန္ကို ေက်ာခိုင္းထားၿပီး လႊမ္းမိုးမႈရွိေသာ ပုံသ႑ာန္ကို ျဖစ္ေပၚေစသည္။
သူသည္ လျဖဴေရာင္၀တ္စုံကို ဝတ္ဆင္ထားၿပီး သူ၏မ်က္ႏွာကို ပိုးပဝါျဖင့္ ဖုံးအုပ္ထားသည္။ သူ၏နက္ေမွာင္ေသာ မ်က္လုံးမ်ားမွာ ၾကယ္မ်ားကဲ့သို႔ ေတာက္ပေန၏။
အညိုေရာင္ႏွင့္ အသားေရာင္ျမင္းႏွစ္ေကာင္ကို စီးနင္းထားေသာ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးသည္ သူ၏ေဘး၌ေပၚလာၿပီး တူညီေသာမ်က္ႏွာကာကို ဝတ္ဆင္ထားၾကသည္။ ေနာက္တစ္စကၠန႔္တြင္ ျမင့္မားေသာ ေက်ာက္ကမ္းပါးပတ္လည္၌ တူညီဝတ္စုံဝတ္ဆင္ထားေသာ အေစာင့္တစ္ဒါဇင္ခန႔္ စီတန္းလ်က္ရွိေန၏။
စုယန္သည္ ထိုလူမ်ားအား စိုက္ၾကည့္လိုက္သည္။
ကုေဖးတိ၏မ်က္လုံးမ်ားသည္ ေသြးမ်ားႏွင့္ အေလာင္းမ်ားတေလွ်ာက္ ျဖတ္ေက်ာ္လာၿပီး ေနာက္ဆုံးတြင္ စုယန္၏ ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာထက္၌ ၿငိမ္သက္သြားေလသည္။
႐ႊီယြင္က်န္းသည္ သူ႕ေရွ႕မွ ငရဲႏွင့္တူေသာျမင္ကြင္းႏွင့္ ထိုအလယ္၌ လုံးဝသန႔္ရွင္းစင္ၾကယ္ပုံရေသာ လူကို ျမင္လိုက္ရေသာအခါတြင္ သူ႕မ်က္လုံးမ်ား ႐ုတ္တရက္ က်ဥ္းေျမာင္းသြားသည္။
ဇက္ႀကိဳးကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထား ေသာေၾကာင့္ သူ၏လက္ဆစ္မ်ားမွာ ျဖဴေဖ်ာ့ လာေလသည္။ သူက အံႀကိတ္လ်က္ ေမးလိုက္၏။
"ဒါ... မင္းလုပ္လိုက္တာလား"
စုယန္၏ေခါင္းထဲ၌ အေတြးမ်ားစြာ ျဖတ္သန္းသြားၿပီး မည္သို႔ေျဖရမွန္း မသိေတာ့ေပ။
ဤငရဲဆန္ေသာဇာတ္ကြက္သည္ သူ၏မူလ ရည္႐ြယ္ခ်က္ မဟုတ္ေသာ္လည္း 'သူတို႔ကို ဆြဲထုတ္သြားၿပီး ကိုင္တြယ္ရန္' ေမ့ရွစ္စန္းအား ၫႊန္ၾကားခဲ့သူမွာ အမွန္တကယ္ပင္ သူကိုယ္တိုင္ျဖစ္သည္။
မိစာၦဂိုဏ္း၏ ပန္းလက္ေထာက္မ်ားသည္ အဓိက အခ်က္ကို နားလည္မႈလြဲသြားခဲ့ၿပီး ျပန္လည္ျပဳျပင္၍ မရေသာ အက်ိဳးဆက္မ်ားကို ျဖစ္ေပၚေစခဲ့သည္။ သူသည္ မိစာၦဂိုဏ္း၏ အေျခခံမူမ်ားအား ေလွ်ာ့တြက္ခဲ့မိ၏။
စုယန္၏ အသံတိတ္ဝန္ခံျခင္းကို ျမင္ေသာအခါ ႐ႊီယြင္က်န္းက ေဒါသတႀကီး ဆိုေလသည္။
"မင္းဒီလိုလုပ္လိမ့္မယ္လို႔ ငါတကယ္ မေမွ်ာ္လင့္ထားခဲ့ဘူး! ငါတကယ္... မင္းကို နားလည္မႈလြဲခဲ့တာပဲ!"
စုယန္သည္ သူ၏ႏႈတ္ခမ္းေထာင့္ကို ေကြးၫြတ္လိုက္ၿပီး အားတင္းၿပဳံးလိုက္ကာ ေနာက္ဆုံးတြင္ စကားလုံး အခ်ိဳ႕ကို ျပန္ေျပာနိုင္ခဲ့သည္။
"မင္းတို႔ အလယ္ပိုင္းလြင္ျပင္ကလူေတြက ငါတို႔ရဲ႕ဂိုဏ္းကို အၿမဲ ဒီလိုပုံစံဘဲ ရႈျမင္ေနတာ မဟုတ္လား။ ဘာမ်ားမွားေနလို႔လဲ?"
ထိုစကားကိုၾကားေသာအခါ ႐ႊီယြင္က်န္းသည္ ေဒါသအလြန္ထြက္သြားၿပီး သူ႕ဓားကို ဆြဲထုတ္လိုက္သည္။
သို႔ေသာ္ ကုေဖးတိက သူ႕လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္၏။
ေလထုထဲ၌ ေသြးနံ႕မ်ား တစိမ့္စိမ့္ထြက္ေပၚေနၿပီး စုယန္သည္ ပ်ိဳ႕အန္ခ်င္စိတ္ကို မထိန္းထားနိုင္ေတာ့ေပ။ သူက အံႀကိတ္လိုက္ၿပီး ေခါင္းကိုလွည့္ကာ ေမ့ရွစ္စန္းအား ေျပာလိုက္၏။
"ဒီေနရာက ညစ္ပတ္လြန္းတယ္.. ငါ သည္းမခံနိုင္ဘူး။ ဒီညအတြက္ ေရကန္ရဲ႕တစ္ဖက္ျခမ္းမွာ စခန္းခ်ရေအာင္"
ထိုသို႔ေျပာၿပီးေနာက္ စုယန္သည္ ပါးစပ္ကိုပိတ္ကာ 'ျမတ္နိုးဖြယ္ပန္းပြင့္ေျခလွမ္း'ကိုသုံးၿပီး ခ်ာခနဲ လွည့္ထြက္သြား၏။ ထို႔ေနာက္ ေရကန္ေဘးရွိ ခ်ဳံပုတ္မ်ားထဲသို႔ တိုးေပ်ာက္ကြယ္သြားေတာ့သည္။
႐ႊီယြင္က်န္းက ေဒါသတႀကီးဆိုေလသည္။
"ေဖးတိ.. ငါ့ကို မတားနဲ႕။ ငါေအာက္ကိုဆင္းၿပီး အဲဒီမိစာၦဂိုဏ္းက လူေတြအားလုံးကို သတ္ပစ္မယ္!"
ကုေဖးတိက ေလးနက္စြာေျပာလိုက္သည္။
"သူကိုေရာ.. မင္းက သူ႕ကိုေရာသတ္မွာလား?"
႐ႊီယြင္က်န္းက အံကို တင္းတင္းၾကပ္ၾကပ္ ႀကိတ္ထားေလသည္။
"သူတကယ္ ဒီလိုလုပ္နိုင္တယ္ဆိုမွေတာ့.. ငါ.. ငါသူ႕ကို.. "
အခ်ိန္အတန္ၾကာေသာ္လည္း ႐ႊီယြင္က်န္း၏ပါးစပ္မွ ရက္စက္ၾကမ္းတမ္းေသာ စကားလုံးမ်ား ထြက္မလာေပ။ ႐ႊီယြင္က်န္းသည္ သူ၏ေလးလံေသာ ဓားရွည္ကို ဓားအိမ္ထဲသို႔ ျပန္ထည့္လိုက္ၿပီး ျမင္းေပၚ၌သာ တိတ္တဆိတ္ ထိုင္ေနေလသည္။
ကုေဖးတိသည္ ခ်ိဳင့္ဝွမ္းထဲသို႔ ငုံ႕ၾကည့္လိုက္၏။ မိစာၦဂိုဏ္းသည္ ၎တို႔၏ပစၥည္းမ်ားကို လ်င္ျမန္စြာ ထုပ္ပိုးၿပီး ျမင္းမ်ားကိုဆြဲကာ ေရကန္တဖက္ျခမ္းသို႔ ထြက္ခြာသြားေတာ့သည္။ ထို႔ေနာက္ ကုေဖးတိသည္ သူ၏အဖြဲ႕ကို ခ်ိဳင့္ဝွမ္းထဲသို႔ ေခၚေဆာင္လာလိုက္သည္။
သူသည္ သစ္ပင္မ်ားမွ လူေသအေလာင္းမ်ားကို ႀကိဳးျဖည္ေပးၿပီး ေကာပိသဲကႏၲာရ၌သျဂၤိုဟ္စရာ ေနရာရွာရန္ အေစာင့္မ်ားကို အမိန႔္ေပးလိုက္သည္။ ထို႔ေနာက္ ထိုလူမ်ား၏ ခရီးေဆာင္အိတ္မ်ားႏွင့္ ပစၥည္းမ်ားကို စစ္ေဆးၾကည့္လိုက္ရာ ၎တို႔သည္ အလယ္ပိုင္းလြင္ျပင္ ဝူက်ားက်ိဳက္မွ လူယုတ္မာမ်ား ျဖစ္ေၾကာင္း ေကာက္ခ်က္ခ်နိဳင္ခဲ့သည္။
"ဒီႏွစ္ေတြမွာ ဝူက်ားက်ိဳက္ရဲ႕လက္ထဲမွာ မေရမတြက္နိုင္တဲ့ လူေတြေသခဲ့ရတယ္။ သူတို႔ကို ေျဖာင့္မတ္တဲ့လူေတြလို႔ သတ္မွတ္လို႔မရတဲ့အတြက္ စိတ္ေအးေအးထားနိုင္ၿပီ"
ကုေဖးတိက သူ၏အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္ေသာ ႐ႊီယြင္က်န္းကို ႏွစ္သိမ့္ဖို႔ ႀကိဳးစားလိုက္သည္။
"ဒါ့အျပင္ သိုင္းေလာကမွာ ႏွစ္ေပါင္းမ်ားစြာ က်င္လည္ၿပီးေနာက္ ငါတို႔... ထန္းယြင္စံအိမ္နဲ႕ ခ်န္ဖုန္းေတာင္ေပၚ႐ြာတို႔ ဆိုတာကလည္း ထင္သေလာက္ သန႔္ရွင္စင္ၾကယ္မေနဘူးေလ။ ငါဆိုလိုတာက.. ငါ့တို႔ထဲက ဘယ္သူက ေသြးမစြန္းဖူးလို႔လဲ"
"ငါ စိတ္ျမန္လြန္းသြားတယ္။ ဒီလိုအေျခအေန မ်ိဳးမွာေတာင္ သူ႕ရဲ႕အျပစ္ကင္းစင္ပုံရတဲ့မ်က္ႏွာကို ျမင္လိုက္ရေတာ့ ငါ.."
႐ႊီယြင္က်န္းသည္ ထိုအေၾကာင္းကို ဆက္မေျပာနိုင္ေတာ့ေပ။ သူက ခါးသက္စြာ ၿပဳံးလိုက္ၿပီး ဆို၏။
"ငါက မင္းထက္ အသက္ပိုႀကီးတာေတာင္ မင္းေလာက္ စိတ္မတည္ၿငိမ္နိုင္ဘူးပဲ.. အသက္ႀကီးေလေလ ရင့္က်က္မႈနည္းေလေလပါလား"
ကုေဖးတိသည္ ျမင္းေဇာင္းရွိ ေဟာ့ယင္းကို တစ္ခ်က္ၾကည့္လိုက္ၿပီး ခပ္တိုးတိုးေျပာေလ၏။
"သူနဲ႕ပတ္သတ္လာရင္ မင္းက အရွက္တရားေတာင္ မရွိေတာ့ဘူးပဲ.. နားလည္ေပးနိုင္ပါတယ္ေလ"
သူက ေခတၱရပ္ၿပီးေနာက္ ေမးလိုက္သည္။
"မင္း.. အခုအခ်ိန္ထိ သူ႕ကို စိတ္ထဲရွိေနေသးတာလား?"
႐ႊီယြင္က်န္းက သက္ျပင္းခ်လိဳက္သည္။
"ငါလက္ထပ္ၿပီးကတည္းက ယင္းန်န္ကို ငါ့ႏွလုံးသား တစ္ခုလုံးနဲ႕ ခ်စ္ေပးခ်င္တယ္။ က်န္တာေတြကို မစဥ္းစားသင့္ေတာ့သည္။ ဒါ့အျပင္ အဲဒါက ငယ္႐ြယ္တဲ့ အခ်ိန္က စိတ္ကူးယဥ္မႈတစ္ခုပဲေလ.. အဲ့ထက္မပိုပါဘူး... "
ကုေဖးတိက တစ္ခဏမွ် တိတ္ဆိတ္သြားၿပီး သူ႕လက္ကို ျမႇောက္ကာ ႐ႊီယြင္က်န္း၏ပုခုံးကို ပုတ္ေပးလိုက္ေလသည္။
_18.3.22
Thanks for reading ❣️