ပုဂံမြေနှင့် ခိုင်

By Jay_Mez

66.9K 5.1K 181

**Unicode** ခိုင် နဲ့လျှောက်လှမ်းမှပုဂံမြေက အသက်ဝင်မယ်ထင်ပါရဲ့ .... ခိုင် နဲ့တွေ့မှပြုံးမိတဲ့ ကိုယ့်ကိုကိုယ... More

ပုဂံမြေနှင့် ခိုင် Ep- 1
ပုဂံမြေနှင့် ခိုင် Ep- 2
ပုဂံမြေနှင့် ခိုင် Ep- 3
ပုဂံမြေနှင့် ခိုင် Ep- 4
ပုဂံမြေနှင့် ခိုင် Ep-5
ပုဂံမြေနှင့် ခိုင် Ep- 6
ပုဂံမြေနှင့် ခိုင် Ep- 7
ပုဂံမြေနှင့် ခိုင် Ep- 8
ပုဂံမြေနှင့် ခိုင် Ep- 9
ပုဂံမြေနှင့် ခိုင် Ep- 10
ပုဂံမြေနှင့် ခိုင် Ep- 11
ပုဂံမြေနှင့် ခိုင် Ep- 12
ပုဂံမြေနှင့် ခိုင် Ep- 13
ပုဂံမြေနှင့် ခိုင် Ep- 14
ပုဂံမြေနှင့် ခိုင် Ep- 15
ပုဂံမြေနှင့် ခိုင် Ep- 16
ပုဂံမြေနှင့် ခိုင် Ep - 17
ပုဂံမြေနှင့် ခိုင် Ep- 18
ပုဂံမြေနှင့် ခိုင် Ep- 19
ပုဂံမြေနှင့် ခိုင် Ep - 20
ပုဂံမြေနှင့် ခိုင် Ep - 21
ပုဂံမြေနှင့် ခိုင် Ep- 22
ပုဂံမြေနှင့် ခိုင် Ep- 23
ပုဂံမြေနှင့် ခိုင် Ep- 24
ပုဂံမြေနှင့် ခိုင် Ep- 25
Attention pls
ပုဂံမြေနှင့် ခိုင် Ep- 27
ပုဂံမြေနှင့် ခိုင် Ep- 28
🚨🚨
ပုဂံမြေနှင့် ခိုင် Ep - 29 (Final)

ပုဂံမြေနှင့် ခိုင် Ep- 26

1.6K 163 8
By Jay_Mez

**Unicode**


"လီးပဲမသာမရေ...."

ဟုတ်ပါတယ် ယွန်းပါ။ မြန်မာနိုင်ငံကို၁၂နှစ်နီးပါးပစ်ထားခဲ့တဲ့သူငယ်ချင်းကို ပထမဆုံး မြန်မာနိုင်ငံမှာပြန်မြင်လိုက်ရချိန် ယွန်းဘက်မှစပြောသောစကားပါ။

"ရိုင်းလိုက်တာ နင်ဘယ်သူ့သမီးလဲ"

"လွမ်းလို့ကို မငြိုငြင်ပါနဲ့"

"လီးကိုလွမ်းလေ နင်December ကတောင် စော်နဲ့ငါ့ဆီလာသေးတာကို "

"မတူဘူးလေ ငါလွမ်းတာမြန်မာနိုင်ငံကနင့်ကို"

"အရေမရအဖက်မရတွေပြောမယ့်အစား ဒီ luggageတွေဝိုင်းသယ်ပေးပါလား"

"အရမ်းဟောက်တယ်နင်ရောနင့်အကိုရော"

"ဘယ်မှာတုန်း ကိုကြီးနဲ့မလင်းက"

"သူ့သမီးသေးပေါက်ချလို့သွားလဲကျတယ်"

အိနြာ မြန်မာနိုင်ငံကိုလုံးဝခြေမချခဲ့သည်မှာ ၁၂နှစ်ကျော်ခဲ့ပါပြီ။ သည်လောက်ဆိုရင် ထွက်ပြေးရှောင်တိမ်ခဲ့သည်မှာ လုံလောက်ပြီမလား။ အိနြာလဲ အရိုးအကြောဆရာဝန်တစ်ယောက်ဖြစ်နေခဲ့ပြီလေ....

"မလင်း တူမလေးကလေ ဘယ်သူနဲ့တူတာလဲ အိနြာမျက်လုံးထဲ မေမေနဲ့တူသလိုပဲ"

"ဟဲ့အငယ်မ ငါ့သမီးက ငါနဲ့တူမှာပေါ့"

"တော်ပါတော့ ဒီမောင်နှမနှစ်ယောက်ရယ် ငြင်းလာတာ နှစ်တွေလဲချို့နေပြီ။ လင်းအိနြာမေတောင် ၅နှစ်ပြည့်တော့မယ်။ ဒီမောင်နှမကငြင်းလို့မဝသေးဘူး"

"မလင်းသိလား ကိုကြီးက လိုက်ကပ်နေတာ မေမေနဲ့တူတာသိသိကြီးကို"

"ငါနဲ့တူတာပါဆို မယုံရင် အိမ်ရောက်ရင်ကပ်ကြည့်"

"ဟာ တော်ပါတော့ နင်တို့မောင်နှမက အမြဲငြင်းနေတာ နားငြီးတယ်" ဆူညံနေသည့်ကားပေါ်သည်မခံနိုင်သည့် ယွန်းမှဝင်တားလိုက်တော့သည်။

"သေလေ ယွန်းမ နင်ငါနဲ့ငါ့အကိုချစ်တာကို အားကျနေတာမလား"

"ဖြစ်ရပြန်ပြီချက်ချင်း အံဩတယ် နင်တို့မောင်နှမ"

အိမ်ရောက်သည်နှင့် ဝမ်းသာမျက်ရည်များနှင့်ကြိုနေသည့်အဖေနဲ့အမေကြောင့် အိနြာ အရမ်းအားနာစိတ်ဝင်မိသည်။ တကယ်ဆို ကျောင်းပြီးကတည်းကပြန်လာစေချင်ခဲ့သည့်မိဘနှစ်ပါးကို မမေ့နိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်ပမှာဆက်နေခဲ့ခြင်းဖြစ်သည်။

"မေမေ့သမီးလေးက အရပ်ပိုရှည်လာလိုက်တာ"

"လာပြန်ပြီ ဒုတိယ ယွန်းမ။ အမေကလဲ လွန်ခဲ့တဲ့၃လကပဲတွေ့ထားတာကို အပိုပြောပြန်ပြီ"

"သမီး ပြန်ထွက်မသွားရတော့ဘူးနော်"

"စိတ်ချပါ ရှောင်မပြေးတော့ဘူး" အိနြာမိဘတွေအကြောက်ဆုံးမှာနောက်တစ်ခေါက်ထွက်ပြေးသွားမည်ကိုပါ ကျန်တာဘာလုပ်လုပ်မတားပဲ သည်းခံပေးကြပါသည်။

"သွားနားတော့သမီး ညကျ မိသားစုစုံစုံလင်လင်ထမင်းစားမယ်"

"ဟုတ်နားတော့မယ်နော် ယွန်းမနင်လိုက်ခဲ့အခန်းထဲ"

"မလိုက်ဘူးပြန်မလို့"

"လိုက်ခဲ့ပါဆိုမေးစရာရှိလို့"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဘာမေးမလို့လဲ"

"ငါလေ... ငါ တော်ပါပြီမမေးတော့ပါဘူး ပြန်တော့"

"ဇဘ နင်မမေးလဲ ငါကပြောမှာ နင်သိချင်တာ မခန့်အကြောင်းမလား.... right"

"..."

"အခုသူက single mother"

"What နေသူရိန်ရော ထားသွားတာလား shit" အိနြာမသိစိတ်ထဲမှာ အချိန်ပြည့်နေရာယူထားသည်မို့ အိနြာပင်မသိလိုက်သည့်အခိုက်အတန့်မှာ ပါးစပ်ကအလိုလိုထွက်ကျလာသည့်စကားပင်ဖြစ်သည်။

"ပြောမယ်လေ အရှိန်ယူခွင့်ပေးပါအုံး"

"အေးပါ ပြောဆက်ပြော"

"သူ့သမီးလေး ၁နှစ်ကျော်ကျော်လောက်မှာ နှစ်ဦးသဘောတူကွာရှင်းလိုက်တာ.... မခန့်ရောနေသူရိန်ရောက အရာရာတာဝန်မိသားစုအတွက်တာဝန်ကျေပေမယ့် ချစ်ချင်းမရှိတဲ့အိမ်ထောင်ရေးကဘယ်လိုအဆင်မပြေနိုင်ဘူးလေ"

"အဲ့ကလေးကဘယ်နှနှစ်လဲ"

"၁၁နှစ်ကျော်"

"Wtf မချစ်ဘူးဆိုပြီး ကလေးတန်းယူတာလား စောက်ကျိုးနည်း"

"မဟုတ်ဘူး အိနြာ rape caseတဲ့"

"ငါလဲ....ငါ မသိခဲ့ရဘူး" အိနြာသွေးပြတ်ခြောက်ခြားသွားသည်တော့အမှန်ပဲ အမှန်တရားကိုသိခဲ့ရင်ကောင်းသားဟုသည်အတွေးများလဲကြီးဆိုးခဲ့သည်။

"အင်း ဘယ်သူမှမသိခဲ့ရတာ သူတို့နှစ်ဖက်မိဘတွေပဲသိခဲ့ရတာ ငါတောင် သူ့တို့ရှေ့နေလုပ်လို့သိလိုက်ရတာ"

"ငါ့ကို သူအမှန်တိုင်းပြောခဲ့သင့်တယ်"

"အရှက်နဲ့သိက္ခာလေ နင့်ကိုဘယ်လောက်ပဲချစ်ချစ် သူသိက္ခာကျမှာမျိုးမလုပ်ဘူး နင်သိပါတယ် သူ့စိတ်ဓာတ်"

"အင်းပေါ့ အခုတော့"

"နင်အခြားသိချင်တာရှိရင် ငါ့ကိုမေး ငါအတော်များများစုံစမ်းပြီပြီ"

"နင်အားနေလား လိုက်စုံစမ်းရအောင်"

"မအားပါဘူးဟယ် ငါ့ဟာငါတောင်အမှုသည်တွေနဲ့တိုင်ပတ်"

"ဒါတောင်စုံစမ်းနိုင်သေးတယ်လေ"

"မဟုတ်ဘူး ဟိုတလောက ကလေးအတွက်အမွေကိစ္စကို ငါနဲ့လွှဲထားတာ"

"နင်ကသူတို့ရှေ့နေပေါ့"

"ဟီးဟီး ဟုတ်တယ်"

"သူတို့အခုဘယ်မှာနေလဲ"

"မခန့်အိမ်ပဲလေ သူ့မိဘတွေအသက်ကြီးလာပြီပဲ သားသမီးဆိုသူပဲရှိတာ သူ့သမီးလေးကိုလဲ သူ့အမေတွေအဖေတွေကြည့်တာ"

"အဲ့တာဆို အရင်အိမ် အရင်အခန်းပဲပေါ့ နေနိုင်လိုက်တာ"

"နင် ဘယ်တော့အလုပ်စဆင်းမှာလဲ"

"နောက်လမှ ခရီးသွားအုံးမလို့"

"ဟဲ့ သင်္ကြန်မှာ အလုပ်လုပ်မလို့လား မကဲရတာကြာပြီး ကဲရအောင် သင်္ကြန်ပြီးမှအလုပ်လုပ်လေ"

"နင်တင်ကျွေးထားမှာလားငါ့ကို"

"ဘောစိမက ငါ့ထပ်ချမ်းသာနေပြီးတော့"

"သေလေ...."

အမှန်တရားကိုသိလိုက်ရတော့ အိနြာ နေသူရိန်ကိုမုန်းတဲ့အမုန်းတွေကပိုတိုးလို့လာသည်။ ခန့်နဲ့ပက်သက်ခဲ့သည်ကိုတော့ အိနြာက မေ့နိုင်သလောက်ခဲ့တာ မုန်းခဲ့တာမျိုးမဟုတ်။ ပက်သက်သမျှအရာအားလုံးကို အခုချိန်ထိမေ့လို့မရခဲ့။ပက်သက်ခဲ့တဲ့ တစ်နှစ်ဆိုတဲ့အချိန်ကမနည်းပါဘူး။ အိနြာ အသက်မှာ ၂၉နှစ်တောင်ဖြစ်သွားပြီမလို့ ရည်းစားထည်လဲတွဲဖူးသည်။ ခန့်လောက်တော့ ဘယ်သူ့ကိုမှစိတ်ပင်ဝင်စားချင်းမရှိခဲ့ပါ။ အခုအသက်အရွယ်အပိုင်းခြားအားဖြင့် ခန့်မှာ ၃၅ဖြစ်ပြီး အိနြာမှာ ၂၉ ဖြစ်လို့နေပြီ။ ပုဂံမြေဆိုတာ မေ့ပစ်လို့ရတဲ့အသိဉာဏ်ထဲမှာထိပ်ဆုံးကပါဝင်နေလေသည်။

"ကလေးကိုမေလေးလို့မခေါ်ကြပါနဲ့တောင်းပန်ပါတယ်"

"လှပါတယ် ငါ့သမီးငါတို့ဘာခေါ်ခေါ်ပေါ့" ထုံးစံတိုင်း မောင်နှမနှစ်ယောက်မှာ ကလေးကိစ္စနဲ့ရန်သတ်နေရပြန်ပါပြီ။

"နင့်သမီးဆိုတိုင်းအဲ့လိုရမလား ဒါငါ့တူမလေ"

"နင်မကျေနပ် အိမ်ထောင်ပြုပြီးကလေးမွေးလေ"
စကားမှားသွားတဲ့အိနြာအကိုကြောင့် မလင်းမှာ မျက်နာရိပ်မျက်နာကဲပြသော်လဲမရတာကြောင့် ဗိုက်ခေါက်လိမ်ဆွဲကာ ပညာပြရတော့သည်။ အိနြာပြန်ရောက်ကတည်းက အိနြာတို့မိသားစုမှာပို၍အသက်တင်လာခဲ့သည်။ အိနြာနဲ့သူ့အကိုရန်ဖြစ်သံများကမပါမဖြစ်ပေါ့။

~~~~ Where did we go wrong? I know we started out alright

Where did we go wrong? I swear I knew we'd last this time

Where did we go wrong? Oh, did you, did you change your mind?

How could you change your mind? Who got inside your mind?

Where did we go wrong? I know we started out alright

Where did we go wrong? I swear I knew we'd last this time

Where did we go wrong? Oh, did you, did you change your mind?

How could you change your mind? Who got inside your mind? ~~~~

"အိနြာ မလင်းပါ ဝင်ခဲ့ရမလား" အိနြာမှာအခန်းထဲမှာ LANYရဲ့13နားထောင်နေချင်းဖြစ်သည်။ သုံးခါလောက်တံခါးခေါက်မှ အခန်းထဲမှာ ပြန်ဖြေသံကြားရချင်းဖြစ်သည်။

"လာလေမလင်း အိနြာ ပစ္စည်းတွေ အင်္ကျီတွေနေရာချနေတာ"

"မလင်းပြောမလို့.."

"ပြောလေ ဘာပြောမို့လဲ... နောက်ကလေးထပ်ယူမလို့လား"

"ဘယ့်နှယ့်ပေါက်ပေါက်ရှာရှာ"

"ဘာပြောမို့လဲ"

"မေလေးမွေးနေ့လေ"

"အွင်း ဘာလို့"

"ခန့်နဲ့ သူ့သမီးလေးကိုဖိတ်ထားတယ် အဆင်ပြေပါ့မလား အိနြာအတွက်"

"ရပါတယ်မလင်းရဲ့ အိနြာဘာမှမဖြစ်ဘူး" ဖြစ်တာပေါ့ အကြီးအကျယ်စိုးထိတ်သွားတာ ၁၂နှစ်နီးပါးရှောင်ပုန်းခဲ့မိတဲ့အမျိုးသမီးကိုတွေ့ရမှာ အထူးသဖြင့် သူနဲ့သူ့သမီးနှစ်ယောက်လုံးကို။

"ပြောပြရအုံးမလား သူဘာကြောင့်လက်ထပ်ခဲ့လဲ..."

"အိနြာသိပြီပြီ ယွန်းမပြောလို့"

"ဟုတ်ပါပြီ နားတော့ မနက်ဖြန် မေလေးမွေးနေ့လိုအပ်တာဝယ်မှာ လိုက်ခဲ့မယ်မလား"

"လိုက်မှာ စိတ်ချ တစ်ဦးတည်းသောတူမလေးကို"

"အိုကေ အိုကေ ဂွက်နိုက်"

အိနြာ တစ်ညလုံး ခန့်အကြောင်းတွေးရင်းအိပ်မရပါ။ ဒီလိုတွေစောစောသိရရင် မြန်မာနိုင်ငံစောစောပြန်လာပြီး အနာမှာနေပေးတာပေါ့ဟု သက်ပြင်းအကြိမ်ကြိမ်ချနေမိသည်။ဘယ်လောက်တောင်တွေးကြောက်နေခဲ့မလဲ စိတ်နာမိတဲ့သူ ကိုယ့်အပေါ်မတော်မတရားကြံခဲ့တဲ့သူနဲ့ လက်ထက်ရသည်မှာ...


19.3.2022
A/N မီးလာရင် Zawgyiလာတင်ပေးပါမယ်

Continue Reading

You'll Also Like

829K 29K 103
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
377K 11.1K 22
Nothing's worse than your crush finding out about your search history... your po rn search history to be exact. >>>•>>•<< "...S...
1.3M 90.5K 23
#Book-2 in Lost Royalty series (But can be read standalone ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spr...
640K 23K 200
[FIXED/FAN TRANSLATION] A student who was preparing for the Civil Service examination for 4th year suddenly found himself in an unfamiliar body 3 yea...