ပုဂံမြေနှင့် ခိုင် Ep- 14

1.5K 151 2
                                    

**Unicode**

လမ်းမခွဲခင် 3လအလို....

"ကို အိပ်ရာကနိုးပြီလား"

"အင်း ခန့် ကို နိုးပြီ အစောကြီးဖုန်းဆက်တာဘာလုပ်မလို့လဲ"

"ညနေတွေ့ရအောင်လို့ဖုန်းဆက်တာ....."

"ညနေကို မအားဘူး ခန့် အလုပ်ကိစ္စလေးရှိလို့"

"ဟင် အခုတလော ဘာအလုပ်ကိစ္စရှိရှိမပြောတော့ဘူးနော် ဘာလို့လဲ ညနေဘယ်သူနဲ့တွေ့မှာမလို့လဲ"

"မင်းကို အကုန်လိုက်ပြောပြနေရမှာလား"

"ကိုနေမင်းခန့် ကျွန်မက ရှင့်ရည်းစားဆိုတာရော ရှင်သတိရသေးရဲ့လား"

"သိတယ်လေ အဲ့တာဘာဖြစ်လဲ ဖုန်းချတော့မယ် မနက်စောစော စိတ်တိုအောင်လာမလုပ်နဲ့တော့"

"ဟာ အဲ့လို...." အဆုံးထိနားမထောင်ပဲ ဖုန်းချသွားသည့် နေမင်းခန့်အောင် ခန့် တားဆီးမရအောင် မျက်ရည်များနဲ့ငိုကြွေးနေမိသည်။

ကိုနေမင်းခန့်နဲ့ ခန့် တွဲလာတာ ၂နှစ်ခွဲကျော်လာပါပြီ။
၂နှစ်ပြည့်တဲ့ထိ relationshipက သာယာခဲ့ပါတယ်။
နောက်ပိုင်း အချိုးပြောင်းလာတဲ့ နေမင်းခန့်ကြောင့် တစ်ဖြေးဖြေးနဲ့အေးစက်လာခဲ့တယ်။
ကိုနေမင်းခန့် အချိုးတွေပြောင်းပြီး ခြေလှမ်းတွေပျက်လာခဲ့တယ်။
အရင်လိုနေ့တိုင်းတွေ့ဖို့ နေ့တိုင်းဖုန်းပြောဖို့တောင် အချိန်မပေးတော့ပဲ ရှောင်ဖယ်လာခဲ့တယ်။
သူရှောင်ဖယ်သွားတဲ့ညတိုင်းဟာ မျက်လုံးတွေမို့အစ်နေသည့်အထိ ခန့် ရူးရူးမိုက်မိုက်ငိုကြွေးနေမိသည်။

၃ လလောက်ကြာသည့်အထိ သည်းခံခဲ့ပါတယ်။
သူများကျွန်မအပေါ်စိတ်ပြန်လည်လာမလားဆိုတဲ့အတွေးနဲ့။
ခန့် တတ်နိုင်သလောက်လဲ ကြိုးစားကြည့်ခဲ့ပါတယ်။
ရုပ်ရှင်ကြည့်ဖို့ချိန်းတယ် အလုပ်ကိစ္စအကြောင်းပြပြီးရှောင်ဖယ်တယ်။
နောက်ဆုံးမတတ်နိုင်တဲ့အဆုံး ကိုယ်ကိုတိုင် စိတ်ဖြတ်ပြီး လမ်းခွဲဖို့ပြောခဲ့ရတယ်။
လမ်းမခွဲခင် သူငယ်ချင်းတွေစုံစမ်းပေးတာကြောင့် သူအသစ်တွေ့နေတဲ့ကောင်မလေးအကြောင်းသိခဲ့ပါသေးတယ်။
သူနဲ့သုံးလလောက်အဆက်အသွယ်ဖြတ်လိုက်တယ်။
သူ့ဘက်ကလဲမဆက်သွယ်သလို ကျွန်မဘက်ကလဲမဆက်သွယ်ပဲ နေနိုင်သွားသည့်အထိပေါ့။
နောက်ဆုံးမှာ မိဘတွေကိုဖွင့်ပြောပြီးတွဲခဲ့တာမလို့ မိဘတွေကိုအမှန်တိုင်းဖွင့်ပြောပြီး လမ်းခွဲဖို့ဖြစ်လာခဲ့တယ်။
လမ်းမခွဲခင် ပုဂံခရီးကိုစိတ်ဖြေလက်ဖျောက်မိဘတွေနဲ့သွားခဲ့တယ်။
ပြန်ရောက်တော့လမ်းခွဲဖို့ချိန်းတော့ တောင်းပန်တယ်။
ဒါပေမယ့် အချိန်တွေက ကုစားသွားမှာပါလို့ပဲတွေးပြီး စိတ်ကိုအဆုံးထိဖြတ်လိုက်မိတယ်။
ထပ်ချစ်မိဖို့ကိုလဲ ကြောက်တယ်။
ထပ်ခံစားရမှာကိုလဲကြောက်တယ်။
အချစ်သစ်လို့ပြောရမလား ခန့်စိတ်ကိုအတော်လွှမ်းမိုးနိုင်တဲ့ကောင်မလေးနဲ့မတွေ့ခင်အထိပေါ့........

ပုဂံမြေနှင့် ခိုင်Where stories live. Discover now