ပုဂံမြေနှင့် ခိုင် Ep - 21

1.4K 146 14
                                    

**Unicode**

"အိန္ဒြာမ မခန့်နဲ့အခြေအနေ ဘယ်လို.."

"ဒီလိုပဲ ဟိုအပတ်ကပြောခဲ့သလိုပဲ "

"တကယ် မဆက်သွယ်ကျတော့တာ"

"အင်း ပြတ်သလိုပဲ....ပြတ်သားသွားတာ"

"နေနိုင်လိုက်တာ မခန့်က တကယ်နေနိုင်လိုက်တာ"

"နင်သိလား ငါရဲ့ first loveက ဒီမှာပဲ အဆုံးသတ်သွားပြီဆိုတာ...ငါအရမ်းချစ်ခဲ့တာ....အရမ်းချစ်ပေးခဲ့တာ...ငါလိုလူတစ်ယောက်အစား ကိုနေသူရိန်ကတောင် ပိုလိုက်ဖက်မယ်ထင်ခဲ့တာ မှန်ပါတယ် ငါထင်ခဲ့သလိုပဲ"

"နင်ဆက်သွယ်ကြည့်သေးလား"

"ဟင့်အင်း ငါဆက်သွယ်ကြည့်တော့ရော သူကအပြတ်ငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါမသိတော့ဘူး မဆက်သွယ်ပဲ ရှောင်ပြေးနေတာက ငါ့အတွက်ပိုစိတ်သက်သာရာရမယ်ထင်တယ်"

×××Where did we go wrong?
I know we started out alright
Where did we go wrong?
I swear I knew we'd last this time
Where did we go wrong?
Oh,did you,did you change your mind?
How could you change your mind?
Who got inside your mind? ×××

(A/N - LANYရဲ့13 အသဲကွဲတဲ့သူတွေအတွက်အတော်အဆင်ပြေမယ့်သီချင်းပါ)

"ဟယ်လိုမေမေ" ယွန်းနဲ့ပြောလက်စကိုရပ်ကာ အမေ ဖြစ်သူဆက်သည့် ဖုန်းအသံမြည်လာသဖြင့် ကောက်ကိုင်လိုက်တော့သည်။

"သမီးငယ် စောစောပြန်လာခဲ့နော် သမီးကိုကြီးတို့ရောက်နေတယ်"

"ဟုတ်ကဲ့မေမေ ငယ်လေးပြန်လာတော့မှာ ယွန်းနဲ့စကားပြောပြီးရင်"

"သမီးယွန်းကိုလည်း အိမ်လာလည်ဖို့ပြောပေးအုံး"

"ဟုတ်ကဲ့ အဲ့တာဆို ဖုန်းချပြီနော်" အိန္ဒြာ ပြန်အပြောတောင်မစောင့်တော့ပဲ ဦးအောင်ဖုန်းကိုချလိုက်တော့သည်။

"ယွန်းငါအရင် ပြန်တော့မယ်။နင်လည်းအစ်မနဲ့တွေ့ပြီးအိမ်ပြန်နော် ၇နာရီထပ်နောက်ကျရင် ငါကိုယ်တိုင်အန်တီကိုတိုင်မှာ။ ငါ့မေမေက အားရင်လာလည်အုံးတဲ့"

"အေးပါ အေးပါ ဂရုစိုက်ပြန်"

"လစ်ပြီ"

"အေးလစ်တော့ နွားမ"

"လီးနွားလား" လက်ခလယ်ထောင်ပြကာ ဆိုင်ထဲမှထွက်ခဲ့တော့သည်။

ပုဂံမြေနှင့် ခိုင်Where stories live. Discover now