ပုဂံမြေနှင့် ခိုင် Ep- 13

1.6K 148 0
                                    

**Unicode**

"Hello....."

"ခိုင် အိပ်နေပြီလား..."

"မအိပ်သေးလို့ ဖုန်းကိုင်တာပေါ့ မခန့်ရယ် " ပြောင်စပ်စပ် အသံဖြင့်ပြန်ဖြေလိုက်ရာ။

"အကောင်းမေးတာကို လူကြီးကို ရွှတ်နောက်နောက်နဲ့"

"ဟုတ်ပါပြီ မနောက်တော့ပါဘူး လူကြီးရယ်"

လူကြီး။ လူကြီး တဲ့ တကယ်ကြီး သူ့ကိုသူ လူကြီးလို့သုံးသွားသည်လား။

"ဟိုလေ နေ့လည်က Ice berryမှာ ခိုင့်ကို တွေ့တယ်"

"ခိုင်လဲတွေ့ပါတယ် ဘေးမှလူပါလို့မခေါ်တော့တာ"

"တွေ့တယ်လား မတွေ့ဘူးထင်နေတာ"

"တွေ့တာပေါ့ မခန့် လက်ကိုလိုက်ကိုင်နေတာတောင်တွေ့မိသေးပါ့"

ခန့်အားနာသွားသည်။ အိန္ဒြာ ငိုသံစွတ်ပြောလိုက်သည်ကို မနှစ်သက်ပါ။ အိန္ဒြာကို ဝမ်းမနည်းစေချင်သောစိတ်ကြောင့် စကားပြောဖို့ပင်တွန့်ဆုတ်သွားသည်။

"ဟိုလေ..."

"ဟုတ် မခန့်ပြောလေ"

"တစ်ပတ်ခါ တွေ့ရအောင် မုန့်ဝယ်ကျွေးချင်လို့"

မုန့်ဆိုသည့်အသံက အိန္ဒြာရဲ့စိတ်ကိုတားစီးမရပါ။ မုန့်သံကြားသည်နဲ့ စိတ်ထဲမှာ ဘာစားရမလဲ တန်းတွေးမိသည့်အထိ မုန့်အပေါ် သံယောဇဥ်ရှိလွန်းလှသည်။

"ဟာ တကယ်လား စားမယ်စားမယ် "

"ဘာစားချင်တာရှိလဲ အကုန်ဝယ်ကျွေးမယ်"

"Hot pot လောလောဆယ်တော့ အဲ့တာပဲရှိသေးတယ် စားချင်တာမှတ်ထားမယ်လေ အဲ့နေ့ဝယ်ကျွေး ဟီးဟီး"

"တစ်ရက်ထဲနဲ့ အကုန်စားမလို့လား"

"ဘာလဲ မကျွေးချင်ဘူးလား"

"မဟုတ်ပါဘူး ဗိုက်ဆန့်ပါ့မလားလို့ မေးကြည့်တာ စားနိုင်ရင် အကုန်ကျွေးမှာ မ ပိုင်သမျှ ခိုင်ဖို့ကြီးပဲ...."

ခန့်စကားကြောင့် တိတ်ဆိတ်သွားကြပြန်သည်။ ဘာအခြေအနေမှန်းမသိတဲ့ အခြေအနေမှာ ရင်ခုန်ရခြင်းထပ် ကျန်တာမသိကြတော့ပါ။

"ဟုတ်ပြီလေ အရုပ်ပါဝယ်ခိုင်းမှာ"

"ဝယ်ပါရှင် ဝယ်ပါ"

ပုဂံမြေနှင့် ခိုင်Where stories live. Discover now