ပုဂံမြေနှင့် ခိုင် Ep- 3

2.3K 213 5
                                    

**Unicode**

ခန့် တို့ဟော်တယ်ပြန်ရောက်သည့်အချိန်မှာ ည၇နာရီထိုးပြီး၁၅မိနစ်ဖြစ်နေနှင်ပြီ ညစာစားသောက်ပြီးအခန်းပြန်ရင် အချိန်ရောက်တော့ ည၈နာရီထိုးလောက်ဖြစ်သွားသည်..

"မခန့် အခန်းပြန်တော့မလို့လား အိန္ဒြာလဲလိုက်မယ်မခန့်"

ခန့် ခုန်မှထတာကို အိန္ဒြာလှမ်းမြင်တော့ ပြောလိုက်ရာ
"လာလေခိုင် အတူပြန်ကြမယ်"

"ဟုတ်ကဲ့မခန့်"

အခန်းထဲရောက်တော့ ခန့်က အဝတ်အစားလဲဖို့သာပြင်ပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည် အိန္ဒြာတစ်ယောက်ဘယ်လိုကျန်ခဲ့သည်တော့ ခန့်မသိမထားပဲရေချိုးခန်းကိုထွက်လာသည်။

ခန့်ရေချိုးခန်းထဲက ထွက်လာတော့

"ညီမလေးခန့် အပြင်လိုက်မလား အမတို့လမ်းလေးဘာလေးထွက်လျှောက်မလို့" မလင်းကအပြင်သွားဖို့ ခန့်ကိုခေါ်လာသောကြောင့်

"ဟုတ်အမ ခန့်လိုက်ခဲ့မယ်လေ ခိုင် ခေါ်မယ်မလား" ခန့်က ပြုံးပြီး လှမ်းစလိုက်တော့ အိန္ဒြာက အံသြတဲ့အကြည့်နဲ့

"ဟမ် အော်လိုက်ခဲ့လေမခန့်ရဲ့"

အိန္ဒြာရဲ့ ခန့်နဲ့တွေ့မှဖြစ်ပေါ်လာတဲ့ အပြုအမူထဲက တစ်ခုက ခန့်ပြောသမျှကို အမြဲလိုလိုအံသြနေတတ်တာပဲဖြစ်တယ် ခန့်ရဲ့ စနောက်မူတွေကတော့မပါမဖြစ်ပေါ့......

"အာ့ဆို သွားမယ်လေ ညီမလေးခန့်"

"ဟုတ်ဟုတ် လာပြီအစ်မ"

ခန့်တို့ဟော်တယ်အရှေ့ရောက်တော့ အိန္ဒြာအကိုနဲ့ ကားပေါ်မှာခင်ခဲ့တဲ့ ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည် ၅ယောက်သား အနီးဆုံး ဘုရားဖြစ်သည့် ရွှေစည်းခုံဘုရားဘက်ကို လမ်းလျှောက်ထွက်လာခဲ့သည်

"ဒီကညီမလေးနာမည်ဘယ်လိုခေါ်လဲညီမလေး " အိန္ဒြာအကိုရဲ့အမေးကြောင့်

"ညီမနာမည်က နေခြည်ခန့်လို့ခေါ်ပါတယ် ခန့်လို့ခေါ်လို့ရပါတယ်"

"လူလိုပဲ နာမည်လဲလှတယ်နော် " အိန္ဒြာအကိုနဲ့ပါလာတဲ့ ကောင်လေးရဲ့ စကားကြောင့်ခန့်အနည်းငယ်ရှက်သွားသည်နှင့် တပြိုင်နက်ထဲ အိန္ဒြာကိုကြည့်လိုက်ကာ မျက်နာအနည်းငယ်ပျက်သွားသည်ကို ခန့်မြင်လိုက်ရသည်။

ပုဂံမြေနှင့် ခိုင်Where stories live. Discover now