ပုဂံမြေနှင့် ခိုင် Ep- 26

1.5K 162 8
                                    

**Unicode**


"လီးပဲမသာမရေ...."

ဟုတ်ပါတယ် ယွန်းပါ။ မြန်မာနိုင်ငံကို၁၂နှစ်နီးပါးပစ်ထားခဲ့တဲ့သူငယ်ချင်းကို ပထမဆုံး မြန်မာနိုင်ငံမှာပြန်မြင်လိုက်ရချိန် ယွန်းဘက်မှစပြောသောစကားပါ။

"ရိုင်းလိုက်တာ နင်ဘယ်သူ့သမီးလဲ"

"လွမ်းလို့ကို မငြိုငြင်ပါနဲ့"

"လီးကိုလွမ်းလေ နင်December ကတောင် စော်နဲ့ငါ့ဆီလာသေးတာကို "

"မတူဘူးလေ ငါလွမ်းတာမြန်မာနိုင်ငံကနင့်ကို"

"အရေမရအဖက်မရတွေပြောမယ့်အစား ဒီ luggageတွေဝိုင်းသယ်ပေးပါလား"

"အရမ်းဟောက်တယ်နင်ရောနင့်အကိုရော"

"ဘယ်မှာတုန်း ကိုကြီးနဲ့မလင်းက"

"သူ့သမီးသေးပေါက်ချလို့သွားလဲကျတယ်"

အိနြာ မြန်မာနိုင်ငံကိုလုံးဝခြေမချခဲ့သည်မှာ ၁၂နှစ်ကျော်ခဲ့ပါပြီ။ သည်လောက်ဆိုရင် ထွက်ပြေးရှောင်တိမ်ခဲ့သည်မှာ လုံလောက်ပြီမလား။ အိနြာလဲ အရိုးအကြောဆရာဝန်တစ်ယောက်ဖြစ်နေခဲ့ပြီလေ....

"မလင်း တူမလေးကလေ ဘယ်သူနဲ့တူတာလဲ အိနြာမျက်လုံးထဲ မေမေနဲ့တူသလိုပဲ"

"ဟဲ့အငယ်မ ငါ့သမီးက ငါနဲ့တူမှာပေါ့"

"တော်ပါတော့ ဒီမောင်နှမနှစ်ယောက်ရယ် ငြင်းလာတာ နှစ်တွေလဲချို့နေပြီ။ လင်းအိနြာမေတောင် ၅နှစ်ပြည့်တော့မယ်။ ဒီမောင်နှမကငြင်းလို့မဝသေးဘူး"

"မလင်းသိလား ကိုကြီးက လိုက်ကပ်နေတာ မေမေနဲ့တူတာသိသိကြီးကို"

"ငါနဲ့တူတာပါဆို မယုံရင် အိမ်ရောက်ရင်ကပ်ကြည့်"

"ဟာ တော်ပါတော့ နင်တို့မောင်နှမက အမြဲငြင်းနေတာ နားငြီးတယ်" ဆူညံနေသည့်ကားပေါ်သည်မခံနိုင်သည့် ယွန်းမှဝင်တားလိုက်တော့သည်။

"သေလေ ယွန်းမ နင်ငါနဲ့ငါ့အကိုချစ်တာကို အားကျနေတာမလား"

"ဖြစ်ရပြန်ပြီချက်ချင်း အံဩတယ် နင်တို့မောင်နှမ"

အိမ်ရောက်သည်နှင့် ဝမ်းသာမျက်ရည်များနှင့်ကြိုနေသည့်အဖေနဲ့အမေကြောင့် အိနြာ အရမ်းအားနာစိတ်ဝင်မိသည်။ တကယ်ဆို ကျောင်းပြီးကတည်းကပြန်လာစေချင်ခဲ့သည့်မိဘနှစ်ပါးကို မမေ့နိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်ပမှာဆက်နေခဲ့ခြင်းဖြစ်သည်။

ပုဂံမြေနှင့် ခိုင်Where stories live. Discover now