ပုဂံမြေနှင့် ခိုင် Ep- 2

2.9K 248 4
                                    

**Unicode**

×××× တစ်နေ့မှာတော့ ငါတို့တွေဆုံစည်းရမယ်
နင်မမေ့လိုက်နဲ့ နေဝင်ရင်ငါတို့ခွဲရမယ်
အိမ်ပြန်ချိန်ခဏလေး နှုတ်ဆက်ချိန်ရောက်လည်း
တို့နှစ်ယောက်လုံးအတွက် အမှတ်တရအဖြစ်နဲ့
ငါ့ရဲ့အသည်းတစ်ခြမ်း မင်းဆီချန်ပြီး
ဒီမြို့လေးရဲ့အဝေး ငါပြန်သွားတဲ့အခါ နင်မမေ့ဖို့ရာ
ခဏလောက်ဆက်သိမ်းထားပါ
တစ်နေ့နေ့မင်းလေးရှိရာမြို့ထဲ ငါအရောက်လာမယ်
ယုံကြည်ထားဆဲပါ ငါ့အသည်းတစ်ခြမ်းဟာ
မင်းရဲ့အချစ်များနဲ့........××××

မနက်၆နာရီထိုး ကားရပ်နားဝန်းကိုရောက်ခံနီး ကားပေါ်မှာဖွင့်ထားတဲ့ မျိုးကြီးရဲ့ပြန်လာချိန်လေး သီချင်းကြောင့် နေခြည်ခန့်နိုးလာခဲ့သည် သူ့ဘေးမှာ သူ့ပုခုံးပေါ်ခေါင်းတင်ပြီး အိပ်စက်နေတဲ့ ကောင်မလေးကြောင့် ခန့်တစ်ချက်ပြုံးလိုက်မိသည် ညကကားမှန်ကိုခေါင်းနဲ့တိုက်ပြီး အိပ်နေလို့မကြည့်ရက်သည့်အဆုံး ခန့်သူ့ပုခုံးပေါ်ကို အိန္ဒြာကိုတင်ထားလိုက်ရသည်

ပိန်ပိန်ပါးပါးလေး နဲ့ပြုံးလိုက်ရင်မျက်လုံး​လေးပျောက်ပြီး အလွန်ချစ်ဖို့ကောင်းလွန်းသည် မျက်ခုံးမွှေးနဲ့မျက်တောင်မွှေးများမှာအလွန်လှလွန်းသည် လက်ချောင်းသွယ်သွယ်လေးတွေနဲ့ သွေးကြောငယ်လေးများမှာစိမ်းပြီး တွေပါဖောက်မြင်နေရသည် ချစ်ဖို့ကောင်းလွန်းသည်ဟုတွေးနေမိသည်

ခဏအကြာ အပေါ့အပါးသွားရန် ကားရပ်မည်ဖြစ်ကြောင်း ကားဆရာရဲ့နှိုးဆော်မူကြောင့် ခန့်ဘေးက ပိစိကွေးလေး လှုပ်လှုပ်ရွရွနဲ့ နိုးလာသည်

"ဟာ မခန့်ပုခုံးပေါ်ခေါင်းတင်ပြီး တစ်ညလုံးအိပ်နေမိတာလား ဆောတီး ပုခုံးနာနေတော့မှာပဲ ဆောတီး"

"ရပါတယ် ဘာမှမဖြစ်ပါဘူး မလေးပါဘူး လည်ပင်းနာနေမှာဆိုးလို့ တင်ပေးထားလိုက်တာ"

"ကျေးဇူးပါမခန့်ရယ် အိန္ဒြာက အဲ့လိုပဲ အိပ်ရင်ပြန်မနိုးတော့ဘူး"

"ဟုတ်ပါ့ အိပ်နေလိုက်တာများ ဟောက်တောင်ဟောက်နေသေးတယ်"

"ဟယ် အိန္ဒြာတကယ်ကြီးဟောက်နေတာလား"

ပုဂံမြေနှင့် ခိုင်Where stories live. Discover now