Unicode
အခန်း-၃၂ သူစိမ်းအဖြစ် တွေ့ဆုံခြင်း။
[ဘိုးဘေးတွေကို အရှက်ရစေတယ်!!]
စုယန် ဒေါသထွက်သွားလေသည်။
ဇာတ်လမ်းအစဖြစ်သော မေ့ကျူးတောင်၌ ကုဖေးတိသည် သူ၏ ဒိုင်ယာလော့များကို ကျပန်း ပြောင်းလဲခြင်းဖြင့် သူ(စုယန်)၏ စွမ်းဆောင်ရည်ကို ပျက်ပြားစေခဲ့သည်။ မည်သို့ပင်ဆိုစေ ကုဖေးတိသည် 'Arch-Rivals' ၏ ဇာတ်ဆောင်ပင် ဖြစ်သည်။ ယခုမူ သိုင်းလောကရှိ ကျပန်း အမြောက်စာ ဇာတ်ကောင်လေးက ဇာတ်ညွှန်းစာသားများကို ပေါ့ပေါ့ပါးပါး ပြောင်းလဲပစ်နေလေသည်။
ဘယ်လောက်တောင် သတ္တိရှိနေလိုက်သလဲ!
ဒီလူတွေအားလုံးက သူ့ကို ဇာတ်ညွှန်းအတိုင်း မှန်မှန်ကန်ကန် သရုပ်ဆောင်ခွင့်မပေးတာ ဘာကြောင့်လဲ?
စုယန်သည် မျက်လုံးများကို မှေးကျဉ်းထားရင်း မကျေမနပ် နှာခေါင်းရှုံ့လိုက်လေသည်။ ထို့နောက် သူသည် ရေကန်ထဲမှခုန်ထွက်ကာ ခါးရှိ ပျော့ပျောင်းသောဓားရှည်ကို ဆွဲထုတ်လိုက်ပြီး အဖြူရောင်ဝတ်ဆုံနှင့်လူကို စတင် တိုက်ခိုက်လိုက်တော့သည်။
အစောင့်လေးယောက်သည် ချက်ချင်းဆိုသလို ရှေ့တိုးလာသော်လည်း ကုဖေးတိက သူတို့အား တားဆီးလိုက်လေသည်။
"ငါသူနဲ့ ရင်ဆိုင်လိုက်မယ်.. မင်းတို့က မြင်းတွေနဲ့ ရိက္ခာတွေကို ကာကွယ်ထား"
သူတို၏စံအိမ်သခင်လေးသည် သိုင်းပညာအရာ၌ ထူးချွန်သူဖြစ်ကြောင်း သိထားသောကြောင့် အစောင့်များသည် အကြည့်ချင်းဖလှယ်ကာ မြင်းများကို ဆွဲခေါ်သွားကြပြီး နှစ်ယောက်သား တိုက်ပွဲဝင်ရန် နေရာအလုံအလောက်ကို ပေးထားခဲ့သည်။
ရွှီယွင်ကျန်းသည် ဟော့ယင်း၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး တိုက်ပွဲနေရာမှ ရုန်းထွက်လိုက်၏။ ထိုတိုက်ပွဲကို အဝေးမှကြည့်နေရင်း သူ၏မျက်နှာ၌ ရှုပ်ထွေးသောအမူအရာများ ပေါ်နေလေသည်။
စုယန်သည် သူ၏ဓားသွားနှင့် ကုဖေးတိ၏ဓား ထိလိုက်သည်နှင့် အနည်းငယ် အံ့သြသွားသလို ခံစားလိုက်ရ၏။
သူသည် ခွန်အားကို အပြည့်အ၀အသုံးမချခဲ့သော်လည်း ထို ၇၀-၈၀% ကပင် သိုင်းလောကမှ ပညာရှင် အများစုကို အနိုင်ယူနိုင်ခဲ့လေသည်။ သို့သော် မျက်နှာနှင့်ဦးခေါင်းကို ဖုံးကွယ်ထားသော သူ့ရှေ့ရှိ ဇာတ်ပို့လေးသည် သူ၏တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်လေသည်။ သူ၏ကျွမ်းကျင်မှုမှာ သိသာထင်ရှားလှ၏။
အမြောက်စာဇာတ်ကောင်တွေက ဘယ်အချိန်က သူနဲ့ရင်ဆိုင်နိုင်တဲ့ ခွန်အားမျိုး ရှိသွားရတာလဲ?
ကျောက်စိမ်းအိမ်တော်မှာရှိနေတဲ့ နှစ်နှစ်တာ ကာလအတွင်း သူက အပျော်အပါးဘက်လိုက်စားမိခဲ့လို့ မူလသခင်ငယ်ရဲ့ ကျွမ်းကျင်မှုအဆင့်ကို မရောက်နိုင်သေးတာလား?
ထိုသို့တွေးရင်း စုယန်သည် သူ၏အတွင်းအားကို နောက်ထပ် ၁၀% တိုးမြှင့်လိုက်လေသည်။
သူသည် လက်ကောက်ဝတ်ကို အနည်းငယ်လှည့်ကာ 'နတ်ကြာပွင့်ဓားသိုင်း'၏ တတိယအတွဲဖြစ်သည့် 'သန့်စင်သော လှိုင်းဂယက်'ကို အသုံးပြုလိုက်ပြီး 'ပန်းပျံဝဲဓားသိုင်း'၏ ဒုတိယအတွဲဖြစ်သော 'မြက်ကြာရနံ့'သို့ တိုက်ရိုက် ပြောင်းလဲခဲ့သည်။ သူ၏ ပျော့ပြောင်းသောဓားသည် ကုဖေးတိ၏ လက်ကောက်ဝတ်၌ လှည့်ပတ်နေ၏။
ကုဖေးတိသည် 'စစ်မှန်သော သိမ်းငှက်ဓား'အစား 'ငန်းရိုင်း၏ အပြန်လမ်း'မှ 'ကျက်သရေရှိသော ငန်းတောင်ပံ' ကို အသုံးပြုလိုက်သည်။ သူသည် စုယန်၏ ရှေ့ပိုင်းတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့၏။ ထို့ကြောင့် စုယန်၏ သေစေနိုင်သော တိုက်ခိုက်မှုသည် နေရာလွတ်ကိုသာ ပေါ့ပေါ့ပါးပါး ထိမှန်သွားခဲ့သည်။
စုယန်သည် သူ၏နှုတ်ခမ်းထောင့်ကို ကွေးညွတ်လိုက်ပြီး 'မြတ်နိုးဖွယ် ပန်းပွင့်ခြေလှမ်း'ကို အသုံးပြုလိုက်သည်။ ထို့နောက် 'နွေရာသီပင်လုံးကြိုင်ပန်းခက်ကြွေကျခြင်း'၊ 'အေးခဲနေသော ဆောင်းရာသီဇီးပန်းပွင့်'နှင့် 'ကြက်သွေးနီရောင်မက်မွန်နွေဦး' တို့အားသုံး၍
အဆက်မပြတ် တိုက်ခိုက်ကာ တစ်ဖက်လူအား ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားစေသည်။
'ပန်းပျံဝဲဓားသိုင်း'တွင် မက်မွန်၊ ကြာ၊ ပင်လုံးကြိုင်နှင့် ဇီးတို့၏ ရာသီလေးခုဖြင့် ဖွဲ့စည်းထားပြီး 'ကျောက်စိမ်းပျိုနီ' 'ခရမ်းနုရောင်ပန်းထုံး' နှင့် 'ပန်းအူတိုင်နီ' တို့နှင့် ဖြည့်စွက်ထားသည်။ ရွေ့လျားမှုများသည် ရိုးရှင်းသော်လည်း ပုံသေပုံစံမျိုးမရှိပေ။ ရှစ်ဇွင်း၏အမိန့်အရ စုယန်သည် ကျောက်စိမ်းအိမ်တော်၌ မျက်နှာချင်းဆိုင် ယှဉ်ပြိုင် တိုက်ခိုက်မှုများ စတင်သောအခါ ဤဓားသိုင်းကို မိစ္ဆာဂိုဏ်း၏ 'နတ်ကြာပွင့်ဓားသိုင်း' ထက်ပို၍ လေ့ကျင့်ထားပြီး သူအကြိုက်ဆုံးဓားသိုင်းလည်း ဖြစ်သည်။
ကုဖေးတိ၏ 'ငန်းရိုင်း၏အပြန်လမ်း'သည် ဖြောင့်မှန်သောလမ်းစဉ်နှင့် ပိုနီးစပ်သည်။ 'ပန်းပျံဝဲဓားသိုင်း'နှင့် ရင်ဆိုင်ရသည့်အခါ ၎င်းသည် ကျိုးကြောင်းဆီလျော်တတ်သော ပညာရှင်နှင့် ဆင်တူသွားပြီး ချစ်စဖွယ်ကောင်းသော အမျိုးသမီး တစ်ဦး၏ နှောင့်ယှက်မှုကိုခံရသည့် ခံစားချက်ကို ဖြစ်ပေါ်စေကာ နောက်ကောက်ကျန်ခဲ့တော့သည်။
စုယန်၏ မျက်လုံးများမှာ ပိုမိုတောက်ပလာသည်ကို မြင်ရသဖြင့် ကုဖေးတိသည် ခပ်ဟဟ ရယ်မောလိုက်ပြီး ခွန်အားကို ၈၀% အထိ တိုးမြှင့်ကာ ပြင်းထန်သော ထိုးနှက်ချက်ဖြင့် စုယန်၏ လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်သည်။
စုယန်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ပြိုင်ဘက်က မရိုးရှင်းဟု ခံစားလာရသည်။
ထို့ကြောင့် သူသည် သူ၏အတွင်းအား ၉၀% ကို ထုတ်ဖော်ပြီး ခါးကိုလှည့်ကာ သူ၏လှုပ်ရှားမှုများကို 'ဇီးပင်နီအားယစ်မူးစွာ ခုတ်ထစ်ခြင်း' ဖြင့် အစားထိုးလိုက်၏။
'ဇီးပင်နီအားယစ်မူးစွာ ခုတ်ထစ်ခြင်း'သည် မိစ္ဆာဂိုဏ်း၏ 'နတ်ကြာပွင့်ဓားသိုင်း' နှင့် ကျောက်စိမ်းအိမ်တော်၏ 'ပန်းပျံဝဲဓားသိုင်း' တို့နှင့် လွန်စွာကွဲပြားသည်။ စုယန်သည် ၎င်းကို ကိုယ်တိုင် အကနှင့်ပေါင်းစပ် ဖန်းတီးထားခြင်းပင် ဖြစ်သည်။ ၎င်း၏လှုပ်ရှားမှု တိုင်းသည် အလွန်ရိုးရှင်းသော်လည်း ရက်စက် ကြမ်းတမ်းသော ကခုန်မှုတစ်ခုဖြစ်ပြီး ကြာပွတ်နှင့် တူသောဓားကို အသုံးပြုကာ တိုက်ရိုက်ထိုးနှက်ခြင်း ထက် ခုတ်ထစ်ခြင်းနှင့် လှည့်ကွက်များကို ပို၍ အသုံးပြုခြင်းဖြစ်သည်။
ထို့အပြင် ၎င်းဓားသိုင်းပညာသည် ခံစစ်လှည့်ကွက်များလည်း မပါရှိပါချေ။
စုယန်သည် ကျွမ်းကျင်သော သိုင်းပညာရှင်တစ်ဦး မဟုတ်သောကြောင့် သူ၏ အတတ်ကျွမ်းဆုံးပညာရပ် ဖြစ်သော အကပညာကိုသာ အားကိုးခဲ့ရသည်။ သူဖန်တီးခဲ့သော ဓားလှုပ်ရှားမှုများသည် လုံးဝ စိတ်အားထက်သန်ပြီး ပြင်းထန်သော ထိုးစစ်နည်းလမ်း များသာဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ ဤထိုးစစ်ကို ဦးတည်သည့် သိုင်းပညာသည် တိုက်ပွဲအတွင်း သူ၏ စိတ်ပိုင်းဆိုင်ရာကျင့်စဉ်နှင့် တွေးခေါ်လေ့ကျင့်မှုအတွက် အလွန်သင့်လျော်သည်။ ထို့ကြောင့် တိလင်းသည် စုယန်အား ဤဓားသိုင်းပညာ လေ့လာခြင်းကို မတားမြစ်ခဲ့ပေ။
ကုဖေးတိ၏ဓားသည် စုယန်၏တိုက်ခိုက်မှုကို တားဆီးခဲ့ပြီး နောက်ဆက်တွဲတိုက်ခိုက်မှုများစွာကို ရှောင်လွှဲနိုင်ခဲ့သည်။
"ကောင်းလိုက်တဲ့ ဓားသိုင်း!"
စုယန်သည် သူ့ရှေ့မှလူကို စကားပြန်ရန် ပျင်းလွန်းနေ၏။ သူ၏လှုပ်ရှားမှုများသည် ပိုမိုပြင်းထန်လာပြီး သေစေနိုင်သော ထိုးနှက်ချက်များအဖြစ်သို့ ဦးတည်သွားသည်။
ကုဖေးတိသည် နောက်ဆုံးတွင် 'ငန်းရိုင်း၏အပြန်လမ်း' ဖြင့် တန်ပြန်မတိုက်နိုင်တော့ဘဲ အခြားတစ်ခုသို့ ပြောင်းလဲလိုက်ရတော့သည်။ သူ၏ အတွင်းအား များသည် တဟုန်ထိုးတက်လာပြီး 'စစ်မှန်သော သိမ်းငှက်ဓား'၏ 'တိမ်လွှာသိမ်းငှက်နီ'ကို အသုံးပြုကာ စုယန်၏မျက်နှာကို တိုက်ခိုက်လိုက်လေ၏။
စုယန်သည် အံကြိတ်လိုက်ပြီး 'မြတ်နိုးဖွယ် ပန်းပွင့်ခြေလှမ်း'ကိုသုံးကာ ရှောင်ရှားလိုက်သည်။ ထို့နောက် သူ့လက်ကိုလှန်လိုက်ပြီး ကုဖေးတိ၏ လည်ပင်းအား ပြန်လည်တိုက်ခိုက်လိုက်၏။
ကုဖေးတိသည် ထိုတိုက်ခိုက်မှုကို 'ညဇီးကွက်သစ်တော' နှင့် ရှောင်လိုက်ပြီး စုယန်၏နှလုံးနေရာကို တိုက်ရိုက်ပစ်မှတ်ထားသည့် 'သိမ်းငှက်ဖြူ ရေကိုရိုက်ခတ်ခြင်း' လှုပ်ရှားမှုကို ပြန်လည်လုပ်ဆောင် ခဲ့သည်။
စုယန်သည် တုန်လှုပ်ခြင်းအလျဉ်းမရှိဘဲ ခန္ဓာကိုယ်ကို လှည့်ကာ ရှောင်ထွက်ပြီးနောက် 'ပန်းပျံဝဲဓားသိုင်း' သို့ လိုက်လျောညီထွေစွာ ပြန်ကူပြောင်းသွားခဲ့သည်။ သူသည် ကုဖေးတိ၏ဓားကို လိမ်လိုက်ပြီး 'ခရမ်းနုရောင်ပန်းထုံး'ကို သုံးကာ သူ၏အရေးကြီး အစိတ်အပိုင်းကိုချိန်ရွယ်ထားသည့် ကုဖေးတိ၏ဓားကို အောင်မြင်စွာ ပြန်တိုက်ထုတ်နိုင်ခဲ့သည်။
ရွှီယွင်ကျန်းသည် သူတို့နှစ်ဦးကြား တိုက်ပွဲကို စိုက်ကြည့်နေ၏။ တိုးလျသောအသံတစ်ခုကပင် တိုက်ပွဲရှိလူများအား အနှောင့်အယှက်ဖြစ်စေမည် စိုးသောကြောင့် သူ၏အသက်ရှုသံမှာ မကြားနိုင်လောက်အောင်ပင်။
ရုတ်တရက် တစ်စုံတစ်ယောက်သည် သူ့လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သောကြောင့် အာရုံများ ပြန်လည်စုစည်းသွားလေသည်။ သူသည် ဘေးရှိ ဟော့ယင်းအားကြည့်ရန် ခေါင်းလှည့်လိုက်၏။
ဟော့ယင်း၏ မျက်နှာသည် ဖြူဖျော့နေပြီး ရွှီယွင်ကျန်းကို ကိုင်ထားသော သူမ၏လက်သည် သိသိသာသာပင် တုန်လှုပ်နေသည်။
"ယောက်ျား အဲဒီလူ..." သူမက တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး ဆိုလေ၏။
"အဲဒီလူက ဖေးတိကို 'စစ်မှန်သောသိမ်းငှက်ဓား'ကို ထုတ်သုံးစေပြီး သူနဲ့တန်းတူတိုက်ခိုက်ဖို့ တွန်းအားပေး နိုင်တယ်။ သူက... မိစ္ဆာဂိုဏ်းရဲ့ သခင်ငယ်ကိုယ်တိုင် ဖြစ်နေမှာကို ကျွန်မစိုးရိမ်တယ်"
ရွှီယွင်ကျန်းသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ဟော့ယင်း၏လက်ကိုပုတ်ကာ နှစ်သိမ့်လိုက်လေသည်။
"စိတ်မပူပါနဲ့ ..ဖေးတိရှုံးမှာ မဟုတ်ဘူး "
ထိုသို့ပြောပြီးနောက် သူသည် တိုက်ပွဲ၏အခြေအနေကို ပြန်ကြည့်လိုက်၏။ ဟော့ယင်း မမြင်နိုင်သောနေရာတွင် သူ၏အေးစက်နေသော လက်ချောင်းထိပ်များကို လက်ဖဝါးထဲသို့ ထည့်ဆုပ်လိုက်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်လေသည်။
နှစ်ယောက်သားသည် အပြင်းအထန် ထိပ်တိုက် ရင်ဆိုင်နေဆဲဖြစ်သည်။
စုယန်နောက်မှ လိုက်လာကြသော မိစ္ဆာဂိုဏ်း၏ ပန်းလက်ထောက်များသည် ရေကန်၏အစွန်းကို ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း တစ်ဖက်ကမ်းရှိ ထန်းယွင်စံအိမ်မှ အစောင့်များသည် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခြင်းကြောင့် သူတို့သည်လည်း ချက်ချင်း တိုက်ပွဲသို့မဝင်ခဲ့ကြပေ။ ယင်းအစား သူတို့သည် ရေကန်၏အနားတွင် စောင့်ကြပ်နေကြ၏။
ရုတ်တရက်ဆိုသလို မေ့ရှစ်စန်းက အော်ဟစ်လိုက်လေသည်။
"သခင်ငယ်လေး.. သတိထား! အရှေ့ဘက်မှာ ချဉ်းကပ်လာသူတွေ ရှိနေတယ်!"
စုယန်သည် နောက်ကြောင်းပြန်ကြည့်ရန် အချိန်မရှိသော်လည်း ချဉ်းကပ်လာသူများသည် အလယ်ပိုင်းလွင်ပြင် သိုင်းပညာ အသိုင်းအဝိုင်းမှ ဖြစ်ရမည်ဟု အကြမ်းဖျင်းခံစားမိသည်။ သူတို့သည် ဤအဖြူဝတ် အမြောက်စာဇာတ်ကောင်လေးကို ကယ်တင်ရန် ရောက်လာသော ကုဖေးတိနှင့် သူ၏ လက်အောက်ငယ်သားများ ဖြစ်နိုင်လေသည်။
ထိုသို့တွေးပြီးနောက် စုယန်သည် အနည်းငယ် စိတ်ရှုပ်လာလေ၏။ ထိုလူအား အရေးနိမ့်အောင် မလုပ်နိုင်သေးသော်လည်း စစ်ကူများက ရောက်ရှိလာလေပြီ။ ဒီတိုက်ပွဲကို သူဘယ်လိုဆက်တိုက်ရမလဲ?
စုယန် ဇာတ်ကြောင်းကို ပြန်စဉ်းစားကြည့်လိုက်သည်။ ဇာတ်ညွှန်းထဲ၌ ကုဖေးတိသည် သူဖမ်းဆီးထားသော လူကို ကယ်တင်နိုင်ခဲ့ပြီးနောက် မိစ္ဆာဂိုဏ်းသည် ကြမ်းတမ်းသော စကားလုံးအချို့ကို ပြောဆိုကာ ပြန်ထွက်သွားပုံရသည်။
ဒီတော့ သူအချိန်မီ ပြန်ထွက်သွားနိုင်သရွေ့ ဇာတ်လမ်းကို ပြိုပျက်စေမှာ မဟုတ်ဘူးမလား?
ဇာတ်လမ်းဇာတ်ကွက် ပြိုပျက်သွားပြီး သူ့ကိုယ်သူ ချုပ်တည်းနေထိုင်ခဲ့ရသည့် ကျောက်စိမ်းအိမ်တော်မှ အချိန်တွေကိုပြန်တွေးကာ စုယန် ကြောက်ရွံ့ သွားလေသည်။ သူသည် အတွေးများမိသွားသဖြင့် 'မြတ်နိုးဖွယ် ပန်းပွင့်ခြေလှမ်း'ကို ခြေလှမ်းမှားနင်းမိ သွားလေ၏။
ကုဖေးတိ၏ ဓားဖျားသည် စုယန်၏လည်ပင်းကို ကပ်သီးလေး ရှောင်ထွက်သွားပြီး လည်တိုင်နံဘေးကို ခြစ်မိသွားကာ သွေးအနည်းငယ်စွန်းထင်းသွားခဲ့သည်။
စုယန်သည် အလွန်အန္တရာယ်များလှသော အခြေအနေကြောင့် လေအေးများကို ရှူသွင်း မိလိုက်သည်။ သူသည် သတိလက်လွတ်ဖြစ်သွားပြီး အမြောက်စာဇာတ်ပို့ဆီမှ အသတ်ခံရလုနီးပါး ဖြစ်သွားရ၏။ ဤအရာသည် သူ့ဘိုးဘေးများအား အရှက်ရစေလေသည်။
ထိုသို့တွေးရင်း စုယန်၏အမူအရာမှာ ရုတ်တရက် မည်းမှောင်သွားပြီး တစ်ဖက်လူအား အဆက်မပြတ် တိုက်ခိုက်တော့သည်။
ကုဖေးတိသည် ခံစစ်ပုံစံသာ ဆက်တိုက်လုပ်ဆောင် နေခဲ့ပြီး အကြောင်းတစ်ခုခုကြောင့် နောက်တစ်ကြိမ် တိုက်ခိုက်ရန် မကြိုးစားတော့ပေ။
အဖွဲ့အသစ်တစ်ဖွဲ့သည် ရေကန်အရှေ့ဘက်သို့ အလျင်အမြန် ရောက်ရှိလာပြီး ရေစပ်နား၌ တိုက်ခိုက်နေသော လူနှစ်ဦးကို တွေ့လိုက်ရသည်။ တစ်ယောက်က ဆက်တိုက်ဆိုသလို ဆုတ်ခွာနေပြီး အခြားတစ်ယောက်က သေစေနိုင်သောဓားချက် များဖြင့် ဆက်တိုက်ထိုးနှက်နေလေသည်။ သူတို့နှစ်ယောက်သည် အမှန်အကန်ပင် တိုက်ခိုက် နေခြင်းလား ဒါမှမဟုတ် ပညာဖလှယ်နေခြင်းလား ဆိုသည်ကို မည်သူမှမပြောနိုင်ပါချေ။
ထိုအချိန်တွင် ရေကန်နှင့်ဆယ်ပေအကွာ အုပ်စုထံမှ အသံတစ်ခု ထွက်လာလေ၏။
"ဒါက မိစ္ဆာဂိုဏ်းပဲ.. အနီရောင်နဲ့လူက မိစ္ဆာဂိုဏ်းက သခင်ငယ်စုယန်ပဲ!"
ထိုစကားကိုကြားသည်နှင့် အဖွဲ့မှလူနှစ်ဦးသည် ချက်ချင်းဆိုသလို စုယန်နှင့် ကုဖေးတိထံသို့ မြှားများဖြင့် တိုက်ရိုက်ပစ်ခတ်တိုက်ခိုက် လိုက်လေသည်။
ရွှီယွင်ကျန်းက ထိတ်လန့်စွာဖြင့် သတိလှမ်းပေးလိုက်သည်။
"သတိထား!"
မေ့ရှစ်စန်းသည် ချက်ချင်းပင် 'မြတ်နိုးဖွယ် ပန်းပွင့်ခြေလှမ်း'ကို အသုံးပြုလိုက်ပြီး မြှားများကို ကြားဖြတ်တားရန် ကြိုးစားလိုက်သည်။
သို့ရာတွင် မြှားများမှာ အလွန်လျင်မြန်လှပေသည်။ သူသည် တစ်ခုကို တားနိုင်ခဲ့သော်လည်း အခြားတစ်ခုမှာ ပစ်မှတ်ဆီသို့ တည့်တည့် ပျံသန်းသွားလေသည်။
စုယန်သည် အသစ်ရောက်ရှိလာသောအုပ်စုအား ကျောခိုင်းလျက်သားဖြစ်နေပြီး လေထဲသို့ ဖြတ်သန်းလာသော မြှားသံကိုသာ ကြားလိုက်ရ လေသည်။ သူသည် ၎င်းကို တားဆီးရန် လှည့်ကြည့်ချင်သော်လည်း ထိုသို့ပြုလုပ်ပါက သူ၏နောက်ကျောသည် တစ်ဖက်က ရန်သူအတွက် ဖွင့်လှစ်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
စုယန်သည် နှစ်ဖက်စလုံးမှ တိုက်ခိုက်ခံရခြင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားလေ၏။ သူသည် အချိန်အတိုလေးအတွင်း ဤအခြေအနေအား မည်သို့ကိုင်တွယ်ရမည်မှန်း မသိတော့ချေ။
ကုဖေးတိ၏ဓားသည် စုယန်၏လှုပ်ရှားမှုများကို အလျားလိုက် ပိတ်ဆို့လိုက်သည်။ ထို့နောက် သူသည် ရှေ့သို့အမြန်လှမ်းကာ စုယန်၏ပုခုံးကို ဆုပ်ကိုင်လိုက်ပြီး စက်ဝိုင်းသဏ္ဍာန် လှည့်လိုက်လေ၏။
ထို့နောက် ဓား၏အစွန်းဖြင့် မြှားတံကို တိုက်ထုတ်လိုက်ပြီး နှစ်ယောက်စလုံးကို မထိခိုက်စေရန် လမ်းကြောင်းလွှဲလိုက်လေသည်။
ကုဖေးတိသည် သူ့ရင်ခွင်ထဲရှိလူကို ထိတ်လန့်တကြား ကြည့်လိုက်သည်။
"မင်း.. "
သို့သော် သူဘာမှမပြောရသေးခင်မှာပဲ စုယန်သည် သူ၏ရင်ဘတ်ကို လက်ဖဝါးဖြင့် ပြင်းပြင်းထန်ထန် ရိုက်ထုတ်လိုက်လေသည်။
ထိုရိုက်ချက်တွင် အတွင်းအားများ ပါဝင်နေခြင်းကြောင့် ကုဖေးတိသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ် သွားရ၏။ သူ၏လက်ထဲမှဓားသည် ဘေးသို့ပြုတ်ကျ သွားပြီး နှစ်ကြိမ် ချောင်းဆိုးလိုက်ရလေသည်။ ပိုးသားပုဝါအောက်မှ သူ၏မျက်လုံးများမှာ အံ့သြမှုဖြင့် ပြည့်နှက်နေသည်။
စုယန်က အော်ပြောလိုက်၏။
"ရှစ်စန်း.. သွားကြစို့!"
စုယန်၏ အမိန့်ကိုရသည်နှင့် မေ့ရှစ်စန်းသည် အခြား အဖွဲ့ဝင်များအား အနားယူနေသောမြင်းများကို ခေါ်ယူစေကာ မြေရိုင်းလွင်ပြင် အတွင်းပိုင်းသို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့သည်။
စုယန်သည် သူ၏မြင်းကိုစီးလျက် နောက်ဆုံးတစ်ကြိမ် အဖြစ် အသစ်ရောက်လာသောအုပ်စုကို ကြည့်လိုက်သည်။
ထိုလူများသည် ဂိုဏ်းကြီးတစ်ခုမှ မဟုတ်ပေ။ အဝတ်အစားများမှာ ကွဲပြားနေပြီး လက်နက်မျိုးစုံ ကိုင်ဆောင်ထားကြ၏။ အသက်အရွယ်များမှာလည်း အလွန်ကွဲပြားနေလေသည်။ စုယန်သည် လူအုပ်ကြားထဲ၌ ဝံပုလွေငယ်လေး၏ ခေါင်းမာသော မျက်နှာကို ရှာမတွေ့သဖြင့် အနည်းငယ် စိတ်ပျက်သွား၏။ ထို့နောက် သူသည် သက်ပြင်းချပြီး ထွက်ခွာသွားတော့သည်။
ရွှီယွင်ကျန်းသည် ကုဖေးတိကို ကူညီရန် ရှေ့တိုးလာခဲ့သည်။
ကုဖေးတိသည် ခဏတာ အသက်ရှူကြပ်သွားရုံသာ ဖြစ်ပြီး သူ့မျက်လုံးတွေက ထွက်ခွာသွားသောစုယန်၏ ကျောပြင်ကို အချိန်အတန်ကြာ စိုက်ကြည့်နေခဲ့သည်။
"မင်းတို့က ဘယ်သူတွေလဲ..?!" ထိုအချိန်တွင် ပြင်းထန်သော အော်သံတစ်ခု ထွက်ပေါ်လာ၏။
"မင်းကရော မိစ္ဆာဂိုဏ်းရဲ့ နတ်ဆိုးကျင့်ကြံသူကို ရည်ရွယ်ချက်ရှိရှိနဲ့ လွှတ်လိုက်တာလား?!"
ကုဖေးတိ လှည့်ကြည့်လိုက်သောအခါ လူအုပ်ခေါင်းဆောင်က မြင်းပေါ်ကနေ ခုန်ဆင်းလာပြီး ဓားဖြင့်ချိန်ရွယ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားလေ၏။
ကုဖေးတိ၏အမိန့်ကိုမစောင့်တော့ဘဲ ထန်းယွင်စံအိမ်မှ အစောင့်များသည် ထိုလူကိုဝိုင်းလိုက်ပြီး တားဆီး လိုက်လေသည်။ ကုဖေးတိသည် ထိုလူအား ရှင်းပြမနေတော့ဘဲ ထန်းယွင်စံအိမ်၏ အမှတ်အသားပြားကိုထုတ်ယူကာ ထိုလူ၏မျက်စိရှေ့၌ ကိုင်ထားလိုက်လေ၏။
ထိုအမှတ်အသားပြားကိုမြင်သောအခါ လူအုပ် ခေါင်းဆောင်သည် လည်ပင်းညှစ်ခံထားရသည့် ငှက်တစ်ကောင်ကဲ့သို့ 'ကု'ဟု အသံပြုကာ ဘာမှ ထပ်မပြောရဲတော့ပေ။
ကုဖေးတိသည် သစ်ပင်တစ်ပင်၏အရိပ်အောက်၌ ထိုင်လိုက်၏။ သူသည် ပိုးပဝါကို ဖြည်လိုက်ပြီး အနီရောင်စွန်းထင်းနေသော အတွင်းလွှာကို ခေါက်ကာ သန့်ရှင်းသောအပိုင်းဖြင့် နှုတ်ခမ်းထောင့်မှသွေးများကို သုတ်လိုက်သည်။
ရွှီယွင်ကျန်းက မျက်မှောင်ကြုတ်လိုက်၏။
"သူ့ရဲ့လက်ဖဝါးမှာ ခွန်အားသိပ်မပါဘူးမဟုတ်လား?
ကုဖေးတိက ခေါင်းယမ်းလိုက်သည်။
"သူက အတွင်းအား ၅၀-၆၀% လောက်ကို သုံးထားတယ်။ ငါကလည်း မမျှော်လင့်ထားတော့ မကာကွယ်လိုက်နိုင်ဘူး"
ထို့နောက် သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး ရယ်မောလိုက်လေသည်။
"ကိုယ်ပြုတဲ့ကံ ကိုယ်ထံပြန်ဆိုတာ အမှန်ပါပဲလား..."
ရွှီယွင်ကျန်းသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး သူ့ဘေးတွင် တရားထိုင်နေသော ဟော့ယင်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အသံတိုးတိုးဖြင့် မေးလိုက်၏။
"မင်းဘယ်သူဆိုတာ ဘာလို့ သူ့ကို မပြောပြလိုက်တာလဲ?"
ကုဖေးတိက ခေါင်းယမ်းလိုက်သည်။
"သူငါ့ကို မှတ်မိလိမ့်မယ်လို့ မျှော်လင့်နေခဲ့တာ"
"သူ့ကြည့်ရတာ မှတ်မိပုံမပေါ်ဘူး" ရွှီယွင်ကျန်းက သက်ပြင်းချလိုက်၏။
ကုဖေးတိက ပြုံးလိုက်သည်။
"တကယ်ပဲ... ငါ 'စစ်မှန်သောသိမ်းငှက်ဓား'ကို သုံးတာတောင် ငါ့ခန္ဓာကိုယ်ပေါ်က နတ်ဆေးရနံ့ကို သယ်ဆောင်ထားတာတောင် သူကငါ့ကို အသိအမှတ်မပြုဘူး" သူ့လေသံ၌ စိတ်ပျက်အားလျော့မှုများ ပါရှိလေ၏။
......
ခပ်လှမ်းလှမ်း အကွာအဝေး၌။
စုယန်သည် မြင်းပေါ်၌ တစ်ချိန်လုံး မျက်မှောင်ကြုတ်ထားလေသည်။
အစောပိုင်းက အမြောက်စာဇာတ်ကောင်လေးသည် သူ့အား မြား၏ရန်မှ ကယ်တင်ခဲ့သော်လည်း သူသည် ဆင်ခြင်နိုင်စွမ်းမရှိတော့ဘဲ ထိုအမြောက်စာလေး၏ ရင်ဘတ်အား လက်ဖဝါးနှင့် ပြန်ရိုက်နှက်ခဲ့လေသည်။ ယခု သေချာပြန်စဉ်းစားကြည့်သောအခါ ထိုရိုက်ချက်၌ အတွင်းအား၏ ၅၀-၆၀%ခန့် ပါဝင်နေပြီး သူ၏ နှလုံးနေရာကို တိုက်ရိုက်ထိမှန်သွားခြင်း ဖြစ်ပေသည်။
အဲဒီကောင်လေး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလောက်တယ် မဟုတ်လား? ငါက ကျွေးတဲ့လက်ကို ပြန်ကိုက်မိခဲ့တာလား?
_သို့သော်လည်း စုယန်သည် ထိုအမြောက်စာ ဇာတ်ကောင်က သူ့ကိုဘာကြောင့် ကယ်တင်ရတာလဲ ဆိုတာကို နားမလည်နိုင်ပါချေ။
သူသည် များစွာ တွေးတောခဲ့သော်လည်း ပဟေဋ္ဌိ ဖြစ်နေဆဲ ဖြစ်သည်။ ထိုကောင်လေး၏ ခန္ဓာကိုယ်တွင် ရင်းနှီးနေသော မွှေးရနံ့တစ်ခုရှိနေသည်ကို သူ သတိထားမိသော်လည်း ထိုရနံ့ကို မည်သည်မှရဖူးမှန်း မမှတ်မိတော့ပေ။
ဤခေတ်၌ အမွှေးအိတ်ဆောင်တတ်သော အမျိုးသား အများအပြားရှိပြီး ထိုရနံ့သည် သူရင်းနှီးသော ပန်းတစ်ခုခု၏ ရနံ့ဖြစ်နိုင်သည်ဟု စုယန် တွေးလိုက်လေသည်။
_16.3.22
စာရေးဆရာမှာ ပြောစရာရှိပါတယ်:
စုယန်: ဟမ့်! ဒီကျေးဇူးကို ငါ အနှေးနဲ့အမြန် ပြန်ဆပ်မယ်။
T/N : ငတုံးလေးစုယန် ပြန်လာပါပြီ 😂
တစ်ပတ်လောက် စောင့်စေမိတဲ့အတွက် ဆောရီးပါ။ ပုံမှန်အတိုင်း ဆက်တင်ပေးမယ်နော် (◍•ᴗ•◍)♡
Thanks for reading ❣️
Zawgyi
အခန္း-၃၂ သူစိမ္းအျဖစ္ ေတြ႕ဆုံျခင္း။
[ဘိုးေဘးေတြကို အရွက္ရေစတယ္!!]
စုယန္ ေဒါသထြက္သြားေလသည္။
ဇာတ္လမ္းအစျဖစ္ေသာ ေမ့က်ဴးေတာင္၌ ကုေဖးတိသည္ သူ၏ ဒိုင္ယာေလာ့မ်ားကို က်ပန္း ေျပာင္းလဲျခင္းျဖင့္ သူ(စုယန္)၏ စြမ္းေဆာင္ရည္ကို ပ်က္ျပားေစခဲ့သည္။ မည္သို႔ပင္ဆိုေစ ကုေဖးတိသည္ 'Arch-Rivals' ၏ ဇာတ္ေဆာင္ပင္ ျဖစ္သည္။ ယခုမူ သိုင္းေလာကရွိ က်ပန္း အေျမာက္စာ ဇာတ္ေကာင္ေလးက ဇာတ္ၫႊန္းစာသားမ်ားကို ေပါ့ေပါ့ပါးပါး ေျပာင္းလဲပစ္ေနေလသည္။
ဘယ္ေလာက္ေတာင္ သတၱိရွိေနလိုက္သလဲ!
ဒီလူေတြအားလုံးက သူ႕ကို ဇာတ္ၫႊန္းအတိုင္း မွန္မွန္ကန္ကန္ သ႐ုပ္ေဆာင္ခြင့္မေပးတာ ဘာေၾကာင့္လဲ?
စုယန္သည္ မ်က္လုံးမ်ားကို ေမွးက်ဥ္းထားရင္း မေက်မနပ္ ႏွာေခါင္းရႈံ႕လိုက္ေလသည္။ ထို႔ေနာက္ သူသည္ ေရကန္ထဲမွခုန္ထြက္ကာ ခါးရွိ ေပ်ာ့ေပ်ာင္းေသာဓားရွည္ကို ဆြဲထုတ္လိုက္ၿပီး အျဖဴေရာင္ဝတ္ဆုံႏွင့္လူကို စတင္ တိုက္ခိုက္လိုက္ေတာ့သည္။
အေစာင့္ေလးေယာက္သည္ ခ်က္ခ်င္းဆိုသလို ေရွ႕တိုးလာေသာ္လည္း ကုေဖးတိက သူတို႔အား တားဆီးလိုက္ေလသည္။
"ငါသူနဲ႕ ရင္ဆိုင္လိုက္မယ္.. မင္းတို႔က ျမင္းေတြနဲ႕ ရိကၡာေတြကို ကာကြယ္ထား"
သူတို၏စံအိမ္သခင္ေလးသည္ သိုင္းပညာအရာ၌ ထူးခြၽန္သူျဖစ္ေၾကာင္း သိထားေသာေၾကာင့္ အေစာင့္မ်ားသည္ အၾကည့္ခ်င္းဖလွယ္ကာ ျမင္းမ်ားကို ဆြဲေခၚသြားၾကၿပီး ႏွစ္ေယာက္သား တိုက္ပြဲဝင္ရန္ ေနရာအလုံအေလာက္ကို ေပးထားခဲ့သည္။
႐ႊီယြင္က်န္းသည္ ေဟာ့ယင္း၏ လက္ေကာက္ဝတ္ကို ဆြဲကိုင္လိုက္ၿပီး တိုက္ပြဲေနရာမွ ႐ုန္းထြက္လိုက္၏။ ထိုတိုက္ပြဲကို အေဝးမွၾကည့္ေနရင္း သူ၏မ်က္ႏွာ၌ ရႈပ္ေထြးေသာအမူအရာမ်ား ေပၚေနေလသည္။
စုယန္သည္ သူ၏ဓားသြားႏွင့္ ကုေဖးတိ၏ဓား ထိလိုက္သည္ႏွင့္ အနည္းငယ္ အံ့ၾသသြားသလို ခံစားလိုက္ရ၏။
သူသည္ ခြန္အားကို အျပည့္အ၀အသုံးမခ်ခဲ့ေသာ္လည္း ထို ၇၀-၈၀% ကပင္ သိုင္းေလာကမွ ပညာရွင္ အမ်ားစုကို အနိုင္ယူနိုင္ခဲ့ေလသည္။ သို႔ေသာ္ မ်က္ႏွာႏွင့္ဦးေခါင္းကို ဖုံးကြယ္ထားေသာ သူ႕ေရွ႕ရွိ ဇာတ္ပို႔ေလးသည္ သူ၏တိုက္ခိုက္မႈကို အမွန္တကယ္ တားဆီးနိုင္ေလသည္။ သူ၏ကြၽမ္းက်င္မႈမွာ သိသာထင္ရွားလွ၏။
အေျမာက္စာဇာတ္ေကာင္ေတြက ဘယ္အခ်ိန္က သူနဲ႕ရင္ဆိုင္နိုင္တဲ့ ခြန္အားမ်ိဳး ရွိသြားရတာလဲ?
ေက်ာက္စိမ္းအိမ္ေတာ္မွာရွိေနတဲ့ ႏွစ္ႏွစ္တာ ကာလအတြင္း သူက အေပ်ာ္အပါးဘက္လိုက္စားမိခဲ့လို႔ မူလသခင္ငယ္ရဲ႕ ကြၽမ္းက်င္မႈအဆင့္ကို မေရာက္နိုင္ေသးတာလား?
ထိုသို႔ေတြးရင္း စုယန္သည္ သူ၏အတြင္းအားကို ေနာက္ထပ္ ၁၀% တိုးျမႇင့္လိုက္ေလသည္။
သူသည္ လက္ေကာက္ဝတ္ကို အနည္းငယ္လွည့္ကာ 'နတ္ၾကာပြင့္ဓားသိုင္း'၏ တတိယအတြဲျဖစ္သည့္ 'သန႔္စင္ေသာ လွိုင္းဂယက္'ကို အသုံးျပဳလိုက္ၿပီး 'ပန္းပ်ံဝဲဓားသိုင္း'၏ ဒုတိယအတြဲျဖစ္ေသာ 'ျမက္ၾကာရနံ႕'သို႔ တိုက္ရိုက္ ေျပာင္းလဲခဲ့သည္။ သူ၏ ေပ်ာ့ေျပာင္းေသာဓားသည္ ကုေဖးတိ၏ လက္ေကာက္ဝတ္၌ လွည့္ပတ္ေန၏။
ကုေဖးတိသည္ 'စစ္မွန္ေသာ သိမ္းငွက္ဓား'အစား 'ငန္းရိုင္း၏ အျပန္လမ္း'မွ 'က်က္သေရရွိေသာ ငန္းေတာင္ပံ' ကို အသုံးျပဳလိုက္သည္။ သူသည္ စုယန္၏ ေရွ႕ပိုင္းတိုက္ခိုက္မႈကို ေရွာင္ရွားနိုင္ခဲ့၏။ ထို႔ေၾကာင့္ စုယန္၏ ေသေစနိုင္ေသာ တိုက္ခိုက္မႈသည္ ေနရာလြတ္ကိုသာ ေပါ့ေပါ့ပါးပါး ထိမွန္သြားခဲ့သည္။
စုယန္သည္ သူ၏ႏႈတ္ခမ္းေထာင့္ကို ေကြးၫြတ္လိုက္ၿပီး 'ျမတ္နိုးဖြယ္ ပန္းပြင့္ေျခလွမ္း'ကို အသုံးျပဳလိုက္သည္။ ထို႔ေနာက္ 'ေႏြရာသီပင္လုံးႀကိဳင္ပန္းခက္ေႂကြက်ျခင္း'၊ 'ေအးခဲေနေသာ ေဆာင္းရာသီဇီးပန္းပြင့္'ႏွင့္ 'ၾကက္ေသြးနီေရာင္မက္မြန္ေႏြဦး' တို႔အားသုံး၍
အဆက္မျပတ္ တိုက္ခိုက္ကာ တစ္ဖက္လူအား ေျခလွမ္းမ်ားစြာ ေနာက္ျပန္ဆုတ္သြားေစသည္။
'ပန္းပ်ံဝဲဓားသိုင္း'တြင္ မက္မြန္၊ ၾကာ၊ ပင္လုံးႀကိဳင္ႏွင့္ ဇီးတို႔၏ ရာသီေလးခုျဖင့္ ဖြဲ႕စည္းထားၿပီး 'ေက်ာက္စိမ္းပ်ိဳနီ' 'ခရမ္းႏုေရာင္ပန္းထုံး' ႏွင့္ 'ပန္းအူတိုင္နီ' တို႔ႏွင့္ ျဖည့္စြက္ထားသည္။ ေ႐ြ႕လ်ားမႈမ်ားသည္ ရိုးရွင္းေသာ္လည္း ပုံေသပုံစံမ်ိဳးမရွိေပ။ ရွစ္ဇြင္း၏အမိန႔္အရ စုယန္သည္ ေက်ာက္စိမ္းအိမ္ေတာ္၌ မ်က္ႏွာခ်င္းဆိုင္ ယွဥ္ၿပိဳင္ တိုက္ခိုက္မႈမ်ား စတင္ေသာအခါ ဤဓားသိုင္းကို မိစာၦဂိုဏ္း၏ 'နတ္ၾကာပြင့္ဓားသိုင္း' ထက္ပို၍ ေလ့က်င့္ထားၿပီး သူအႀကိဳက္ဆုံးဓားသိုင္းလည္း ျဖစ္သည္။
ကုေဖးတိ၏ 'ငန္းရိုင္း၏အျပန္လမ္း'သည္ ေျဖာင့္မွန္ေသာလမ္းစဥ္ႏွင့္ ပိုနီးစပ္သည္။ 'ပန္းပ်ံဝဲဓားသိုင္း'ႏွင့္ ရင္ဆိုင္ရသည့္အခါ ၎သည္ က်ိဳးေၾကာင္းဆီေလ်ာ္တတ္ေသာ ပညာရွင္ႏွင့္ ဆင္တူသြားၿပီး ခ်စ္စဖြယ္ေကာင္းေသာ အမ်ိဳးသမီး တစ္ဦး၏ ေႏွာင့္ယွက္မႈကိုခံရသည့္ ခံစားခ်က္ကို ျဖစ္ေပၚေစကာ ေနာက္ေကာက္က်န္ခဲ့ေတာ့သည္။
စုယန္၏ မ်က္လုံးမ်ားမွာ ပိုမိုေတာက္ပလာသည္ကို ျမင္ရသျဖင့္ ကုေဖးတိသည္ ခပ္ဟဟ ရယ္ေမာလိုက္ၿပီး ခြန္အားကို ၈၀% အထိ တိုးျမႇင့္ကာ ျပင္းထန္ေသာ ထိုးႏွက္ခ်က္ျဖင့္ စုယန္၏ လႈပ္ရွားမႈအားလုံးကို ရပ္တန႔္လိုက္သည္။
စုယန္သည္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႕ၿပိဳင္ဘက္က မရိုးရွင္းဟု ခံစားလာရသည္။
ထို႔ေၾကာင့္ သူသည္ သူ၏အတြင္းအား ၉၀% ကို ထုတ္ေဖာ္ၿပီး ခါးကိုလွည့္ကာ သူ၏လႈပ္ရွားမႈမ်ားကို 'ဇီးပင္နီအားယစ္မူးစြာ ခုတ္ထစ္ျခင္း' ျဖင့္ အစားထိုးလိုက္၏။
'ဇီးပင္နီအားယစ္မူးစြာ ခုတ္ထစ္ျခင္း'သည္ မိစာၦဂိုဏ္း၏ 'နတ္ၾကာပြင့္ဓားသိုင္း' ႏွင့္ ေက်ာက္စိမ္းအိမ္ေတာ္၏ 'ပန္းပ်ံဝဲဓားသိုင္း' တို႔ႏွင့္ လြန္စြာကြဲျပားသည္။ စုယန္သည္ ၎ကို ကိုယ္တိုင္ အကႏွင့္ေပါင္းစပ္ ဖန္းတီးထားျခင္းပင္ ျဖစ္သည္။ ၎၏လႈပ္ရွားမႈ တိုင္းသည္ အလြန္ရိုးရွင္းေသာ္လည္း ရက္စက္ ၾကမ္းတမ္းေသာ ကခုန္မႈတစ္ခုျဖစ္ၿပီး ၾကာပြတ္ႏွင့္ တူေသာဓားကို အသုံးျပဳကာ တိုက္ရိုက္ထိုးႏွက္ျခင္း ထက္ ခုတ္ထစ္ျခင္းႏွင့္ လွည့္ကြက္မ်ားကို ပို၍ အသုံးျပဳျခင္းျဖစ္သည္။
ထို႔အျပင္ ၎ဓားသိုင္းပညာသည္ ခံစစ္လွည့္ကြက္မ်ားလည္း မပါရွိပါေခ်။
စုယန္သည္ ကြၽမ္းက်င္ေသာ သိုင္းပညာရွင္တစ္ဦး မဟုတ္ေသာေၾကာင့္ သူ၏ အတတ္ကြၽမ္းဆုံးပညာရပ္ ျဖစ္ေသာ အကပညာကိုသာ အားကိုးခဲ့ရသည္။ သူဖန္တီးခဲ့ေသာ ဓားလႈပ္ရွားမႈမ်ားသည္ လုံးဝ စိတ္အားထက္သန္ၿပီး ျပင္းထန္ေသာ ထိုးစစ္နည္းလမ္း မ်ားသာျဖစ္သည္။ သို႔ေသာ္ မေမွ်ာ္လင့္ဘဲ ဤထိုးစစ္ကို ဦးတည္သည့္ သိုင္းပညာသည္ တိုက္ပြဲအတြင္း သူ၏ စိတ္ပိုင္းဆိုင္ရာက်င့္စဥ္ႏွင့္ ေတြးေခၚေလ့က်င့္မႈအတြက္ အလြန္သင့္ေလ်ာ္သည္။ ထို႔ေၾကာင့္ တိလင္းသည္ စုယန္အား ဤဓားသိုင္းပညာ ေလ့လာျခင္းကို မတားျမစ္ခဲ့ေပ။
ကုေဖးတိ၏ဓားသည္ စုယန္၏တိုက္ခိုက္မႈကို တားဆီးခဲ့ၿပီး ေနာက္ဆက္တြဲတိုက္ခိုက္မႈမ်ားစြာကို ေရွာင္လႊဲနိုင္ခဲ့သည္။
"ေကာင္းလိုက္တဲ့ ဓားသိုင္း!"
စုယန္သည္ သူ႕ေရွ႕မွလူကို စကားျပန္ရန္ ပ်င္းလြန္းေန၏။ သူ၏လႈပ္ရွားမႈမ်ားသည္ ပိုမိုျပင္းထန္လာၿပီး ေသေစနိုင္ေသာ ထိုးႏွက္ခ်က္မ်ားအျဖစ္သို႔ ဦးတည္သြားသည္။
ကုေဖးတိသည္ ေနာက္ဆုံးတြင္ 'ငန္းရိုင္း၏အျပန္လမ္း' ျဖင့္ တန္ျပန္မတိုက္နိုင္ေတာ့ဘဲ အျခားတစ္ခုသို႔ ေျပာင္းလဲလိုက္ရေတာ့သည္။ သူ၏ အတြင္းအား မ်ားသည္ တဟုန္ထိုးတက္လာၿပီး 'စစ္မွန္ေသာ သိမ္းငွက္ဓား'၏ 'တိမ္လႊာသိမ္းငွက္နီ'ကို အသုံးျပဳကာ စုယန္၏မ်က္ႏွာကို တိုက္ခိုက္လိုက္ေလ၏။
စုယန္သည္ အံႀကိတ္လိုက္ၿပီး 'ျမတ္နိုးဖြယ္ ပန္းပြင့္ေျခလွမ္း'ကိုသုံးကာ ေရွာင္ရွားလိုက္သည္။ ထို႔ေနာက္ သူ႕လက္ကိုလွန္လိုက္ၿပီး ကုေဖးတိ၏ လည္ပင္းအား ျပန္လည္တိုက္ခိုက္လိုက္၏။
ကုေဖးတိသည္ ထိုတိုက္ခိုက္မႈကို 'ညဇီးကြက္သစ္ေတာ' ႏွင့္ ေရွာင္လိုက္ၿပီး စုယန္၏ႏွလုံးေနရာကို တိုက္ရိုက္ပစ္မွတ္ထားသည့္ 'သိမ္းငွက္ျဖဴ ေရကိုရိုက္ခတ္ျခင္း' လႈပ္ရွားမႈကို ျပန္လည္လုပ္ေဆာင္ ခဲ့သည္။
စုယန္သည္ တုန္လႈပ္ျခင္းအလ်ဥ္းမရွိဘဲ ခႏၶာကိုယ္ကို လွည့္ကာ ေရွာင္ထြက္ၿပီးေနာက္ 'ပန္းပ်ံဝဲဓားသိုင္း' သို႔ လိုက္ေလ်ာညီေထြစြာ ျပန္ကူေျပာင္းသြားခဲ့သည္။ သူသည္ ကုေဖးတိ၏ဓားကို လိမ္လိုက္ၿပီး 'ခရမ္းႏုေရာင္ပန္းထုံး'ကို သုံးကာ သူ၏အေရးႀကီး အစိတ္အပိုင္းကိုခ်ိန္႐ြယ္ထားသည့္ ကုေဖးတိ၏ဓားကို ေအာင္ျမင္စြာ ျပန္တိုက္ထုတ္နိုင္ခဲ့သည္။
႐ႊီယြင္က်န္းသည္ သူတို႔ႏွစ္ဦးၾကား တိုက္ပြဲကို စိုက္ၾကည့္ေန၏။ တိုးလ်ေသာအသံတစ္ခုကပင္ တိုက္ပြဲရွိလူမ်ားအား အေႏွာင့္အယွက္ျဖစ္ေစမည္ စိုးေသာေၾကာင့္ သူ၏အသက္ရႈသံမွာ မၾကားနိုင္ေလာက္ေအာင္ပင္။
႐ုတ္တရက္ တစ္စုံတစ္ေယာက္သည္ သူ႕လက္ေကာက္ဝတ္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္ေသာေၾကာင့္ အာ႐ုံမ်ား ျပန္လည္စုစည္းသြားေလသည္။ သူသည္ ေဘးရွိ ေဟာ့ယင္းအားၾကည့္ရန္ ေခါင္းလွည့္လိုက္၏။
ေဟာ့ယင္း၏ မ်က္ႏွာသည္ ျဖဴေဖ်ာ့ေနၿပီး ႐ႊီယြင္က်န္းကို ကိုင္ထားေသာ သူမ၏လက္သည္ သိသိသာသာပင္ တုန္လႈပ္ေနသည္။
"ေယာက္်ား အဲဒီလူ..." သူမက တံေတြးကို ခက္ခက္ခဲခဲ ၿမိဳခ်လိဳက္ၿပီး ဆိုေလ၏။
"အဲဒီလူက ေဖးတိကို 'စစ္မွန္ေသာသိမ္းငွက္ဓား'ကို ထုတ္သုံးေစၿပီး သူနဲ႕တန္းတူတိုက္ခိုက္ဖို႔ တြန္းအားေပး နိုင္တယ္။ သူက... မိစာၦဂိုဏ္းရဲ႕ သခင္ငယ္ကိုယ္တိုင္ ျဖစ္ေနမွာကို ကြၽန္မစိုးရိမ္တယ္"
႐ႊီယြင္က်န္းသည္ တစ္ခဏမွ် တိတ္ဆိတ္သြားၿပီး ေဟာ့ယင္း၏လက္ကိုပုတ္ကာ ႏွစ္သိမ့္လိုက္ေလသည္။
"စိတ္မပူပါနဲ႕ ..ေဖးတိရႈံးမွာ မဟုတ္ဘူး "
ထိုသို႔ေျပာၿပီးေနာက္ သူသည္ တိုက္ပြဲ၏အေျခအေနကို ျပန္ၾကည့္လိုက္၏။ ေဟာ့ယင္း မျမင္နိုင္ေသာေနရာတြင္ သူ၏ေအးစက္ေနေသာ လက္ေခ်ာင္းထိပ္မ်ားကို လက္ဖဝါးထဲသို႔ ထည့္ဆုပ္လိုက္ၿပီး စိတ္တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္ေလသည္။
ႏွစ္ေယာက္သားသည္ အျပင္းအထန္ ထိပ္တိုက္ ရင္ဆိုင္ေနဆဲျဖစ္သည္။
စုယန္ေနာက္မွ လိုက္လာၾကေသာ မိစာၦဂိုဏ္း၏ ပန္းလက္ေထာက္မ်ားသည္ ေရကန္၏အစြန္းကို ေရာက္ရွိေနၿပီ ျဖစ္သည္။ သို႔ေသာ္လည္း တစ္ဖက္ကမ္းရွိ ထန္းယြင္စံအိမ္မွ အေစာင့္မ်ားသည္ မည္သည့္လႈပ္ရွားမႈမွ မျပဳလုပ္ျခင္းေၾကာင့္ သူတို႔သည္လည္း ခ်က္ခ်င္း တိုက္ပြဲသို႔မဝင္ခဲ့ၾကေပ။ ယင္းအစား သူတို႔သည္ ေရကန္၏အနားတြင္ ေစာင့္ၾကပ္ေနၾက၏။
႐ုတ္တရက္ဆိုသလို ေမ့ရွစ္စန္းက ေအာ္ဟစ္လိုက္ေလသည္။
"သခင္ငယ္ေလး.. သတိထား! အေရွ႕ဘက္မွာ ခ်ဥ္းကပ္လာသူေတြ ရွိေနတယ္!"
စုယန္သည္ ေနာက္ေၾကာင္းျပန္ၾကည့္ရန္ အခ်ိန္မရွိေသာ္လည္း ခ်ဥ္းကပ္လာသူမ်ားသည္ အလယ္ပိုင္းလြင္ျပင္ သိုင္းပညာ အသိုင္းအဝိုင္းမွ ျဖစ္ရမည္ဟု အၾကမ္းဖ်င္းခံစားမိသည္။ သူတို႔သည္ ဤအျဖဴဝတ္ အေျမာက္စာဇာတ္ေကာင္ေလးကို ကယ္တင္ရန္ ေရာက္လာေသာ ကုေဖးတိႏွင့္ သူ၏ လက္ေအာက္ငယ္သားမ်ား ျဖစ္နိုင္ေလသည္။
ထိုသို႔ေတြးၿပီးေနာက္ စုယန္သည္ အနည္းငယ္ စိတ္ရႈပ္လာေလ၏။ ထိုလူအား အေရးနိမ့္ေအာင္ မလုပ္နိုင္ေသးေသာ္လည္း စစ္ကူမ်ားက ေရာက္ရွိလာေလၿပီ။ ဒီတိုက္ပြဲကို သူဘယ္လိုဆက္တိုက္ရမလဲ?
စုယန္ ဇာတ္ေၾကာင္းကို ျပန္စဥ္းစားၾကည့္လိုက္သည္။ ဇာတ္ၫႊန္းထဲ၌ ကုေဖးတိသည္ သူဖမ္းဆီးထားေသာ လူကို ကယ္တင္နိုင္ခဲ့ၿပီးေနာက္ မိစာၦဂိုဏ္းသည္ ၾကမ္းတမ္းေသာ စကားလုံးအခ်ိဳ႕ကို ေျပာဆိုကာ ျပန္ထြက္သြားပုံရသည္။
ဒီေတာ့ သူအခ်ိန္မီ ျပန္ထြက္သြားနိုင္သေ႐ြ႕ ဇာတ္လမ္းကို ၿပိဳပ်က္ေစမွာ မဟုတ္ဘူးမလား?
ဇာတ္လမ္းဇာတ္ကြက္ ၿပိဳပ်က္သြားၿပီး သူ႕ကိုယ္သူ ခ်ဳပ္တည္းေနထိုင္ခဲ့ရသည့္ ေက်ာက္စိမ္းအိမ္ေတာ္မွ အခ်ိန္ေတြကိုျပန္ေတြးကာ စုယန္ ေၾကာက္႐ြံ႕ သြားေလသည္။ သူသည္ အေတြးမ်ားမိသြားသျဖင့္ 'ျမတ္နိုးဖြယ္ ပန္းပြင့္ေျခလွမ္း'ကို ေျခလွမ္းမွားနင္းမိ သြားေလ၏။
ကုေဖးတိ၏ ဓားဖ်ားသည္ စုယန္၏လည္ပင္းကို ကပ္သီးေလး ေရွာင္ထြက္သြားၿပီး လည္တိုင္နံေဘးကို ျခစ္မိသြားကာ ေသြးအနည္းငယ္စြန္းထင္းသြားခဲ့သည္။
စုယန္သည္ အလြန္အႏၲရာယ္မ်ားလွေသာ အေျခအေနေၾကာင့္ ေလေအးမ်ားကို ရႉသြင္း မိလိုက္သည္။ သူသည္ သတိလက္လြတ္ျဖစ္သြားၿပီး အေျမာက္စာဇာတ္ပို႔ဆီမွ အသတ္ခံရလုနီးပါး ျဖစ္သြားရ၏။ ဤအရာသည္ သူ႕ဘိုးေဘးမ်ားအား အရွက္ရေစေလသည္။
ထိုသို႔ေတြးရင္း စုယန္၏အမူအရာမွာ ႐ုတ္တရက္ မည္းေမွာင္သြားၿပီး တစ္ဖက္လူအား အဆက္မျပတ္ တိုက္ခိုက္ေတာ့သည္။
ကုေဖးတိသည္ ခံစစ္ပုံစံသာ ဆက္တိုက္လုပ္ေဆာင္ ေနခဲ့ၿပီး အေၾကာင္းတစ္ခုခုေၾကာင့္ ေနာက္တစ္ႀကိမ္ တိုက္ခိုက္ရန္ မႀကိဳးစားေတာ့ေပ။
အဖြဲ႕အသစ္တစ္ဖြဲ႕သည္ ေရကန္အေရွ႕ဘက္သို႔ အလ်င္အျမန္ ေရာက္ရွိလာၿပီး ေရစပ္နား၌ တိုက္ခိုက္ေနေသာ လူႏွစ္ဦးကို ေတြ႕လိုက္ရသည္။ တစ္ေယာက္က ဆက္တိုက္ဆိုသလို ဆုတ္ခြာေနၿပီး အျခားတစ္ေယာက္က ေသေစနိုင္ေသာဓားခ်က္ မ်ားျဖင့္ ဆက္တိုက္ထိုးႏွက္ေနေလသည္။ သူတို႔ႏွစ္ေယာက္သည္ အမွန္အကန္ပင္ တိုက္ခိုက္ ေနျခင္းလား ဒါမွမဟုတ္ ပညာဖလွယ္ေနျခင္းလား ဆိုသည္ကို မည္သူမွမေျပာနိုင္ပါေခ်။
ထိုအခ်ိန္တြင္ ေရကန္ႏွင့္ဆယ္ေပအကြာ အုပ္စုထံမွ အသံတစ္ခု ထြက္လာေလ၏။
"ဒါက မိစာၦဂိုဏ္းပဲ.. အနီေရာင္နဲ႕လူက မိစာၦဂိုဏ္းက သခင္ငယ္စုယန္ပဲ!"
ထိုစကားကိုၾကားသည္ႏွင့္ အဖြဲ႕မွလူႏွစ္ဦးသည္ ခ်က္ခ်င္းဆိုသလို စုယန္ႏွင့္ ကုေဖးတိထံသို႔ ျမႇားမ်ားျဖင့္ တိုက္ရိုက္ပစ္ခတ္တိုက္ခိုက္ လိုက္ေလသည္။
႐ႊီယြင္က်န္းက ထိတ္လန႔္စြာျဖင့္ သတိလွမ္းေပးလိုက္သည္။
"သတိထား!"
ေမ့ရွစ္စန္းသည္ ခ်က္ခ်င္းပင္ 'ျမတ္နိုးဖြယ္ ပန္းပြင့္ေျခလွမ္း'ကို အသုံးျပဳလိုက္ၿပီး ျမႇားမ်ားကို ၾကားျဖတ္တားရန္ ႀကိဳးစားလိုက္သည္။
သို႔ရာတြင္ ျမႇားမ်ားမွာ အလြန္လ်င္ျမန္လွေပသည္။ သူသည္ တစ္ခုကို တားနိုင္ခဲ့ေသာ္လည္း အျခားတစ္ခုမွာ ပစ္မွတ္ဆီသို႔ တည့္တည့္ ပ်ံသန္းသြားေလသည္။
စုယန္သည္ အသစ္ေရာက္ရွိလာေသာအုပ္စုအား ေက်ာခိုင္းလ်က္သားျဖစ္ေနၿပီး ေလထဲသို႔ ျဖတ္သန္းလာေသာ ျမႇားသံကိုသာ ၾကားလိုက္ရ ေလသည္။ သူသည္ ၎ကို တားဆီးရန္ လွည့္ၾကည့္ခ်င္ေသာ္လည္း ထိုသို႔ျပဳလုပ္ပါက သူ၏ေနာက္ေက်ာသည္ တစ္ဖက္က ရန္သူအတြက္ ဖြင့္လွစ္ေပးလိုက္သလို ျဖစ္သြားေပလိမ့္မည္။
စုယန္သည္ ႏွစ္ဖက္စလုံးမွ တိုက္ခိုက္ခံရျခင္းေၾကာင့္ ထိတ္လန႔္တုန္လႈပ္သြားေလ၏။ သူသည္ အခ်ိန္အတိုေလးအတြင္း ဤအေျခအေနအား မည္သို႔ကိုင္တြယ္ရမည္မွန္း မသိေတာ့ေခ်။
ကုေဖးတိ၏ဓားသည္ စုယန္၏လႈပ္ရွားမႈမ်ားကို အလ်ားလိုက္ ပိတ္ဆို႔လိုက္သည္။ ထို႔ေနာက္ သူသည္ ေရွ႕သို႔အျမန္လွမ္းကာ စုယန္၏ပုခုံးကို ဆုပ္ကိုင္လိုက္ၿပီး စက္ဝိုင္းသ႑ာန္ လွည့္လိုက္ေလ၏။
ထို႔ေနာက္ ဓား၏အစြန္းျဖင့္ ျမႇားတံကို တိုက္ထုတ္လိုက္ၿပီး ႏွစ္ေယာက္စလုံးကို မထိခိုက္ေစရန္ လမ္းေၾကာင္းလႊဲလိုက္ေလသည္။
ကုေဖးတိသည္ သူ႕ရင္ခြင္ထဲရွိလူကို ထိတ္လန႔္တၾကား ၾကည့္လိုက္သည္။
"မင္း.. "
သို႔ေသာ္ သူဘာမွမေျပာရေသးခင္မွာပဲ စုယန္သည္ သူ၏ရင္ဘတ္ကို လက္ဖဝါးျဖင့္ ျပင္းျပင္းထန္ထန္ ရိုက္ထုတ္လိုက္ေလသည္။
ထိုရိုက္ခ်က္တြင္ အတြင္းအားမ်ား ပါဝင္ေနျခင္းေၾကာင့္ ကုေဖးတိသည္ ေျခလွမ္းအနည္းငယ္ ေနာက္ျပန္ဆုတ္ သြားရ၏။ သူ၏လက္ထဲမွဓားသည္ ေဘးသို႔ျပဳတ္က် သြားၿပီး ႏွစ္ႀကိမ္ ေခ်ာင္းဆိုးလိုက္ရေလသည္။ ပိုးသားပုဝါေအာက္မွ သူ၏မ်က္လုံးမ်ားမွာ အံ့ၾသမႈျဖင့္ ျပည့္ႏွက္ေနသည္။
စုယန္က ေအာ္ေျပာလိုက္၏။
"ရွစ္စန္း.. သြားၾကစို႔!"
စုယန္၏ အမိန႔္ကိုရသည္ႏွင့္ ေမ့ရွစ္စန္းသည္ အျခား အဖြဲ႕ဝင္မ်ားအား အနားယူေနေသာျမင္းမ်ားကို ေခၚယူေစကာ ေျမရိုင္းလြင္ျပင္ အတြင္းပိုင္းသို႔ ေျပာင္းေ႐ႊ႕ရန္ အမိန႔္ေပးခဲ့သည္။
စုယန္သည္ သူ၏ျမင္းကိုစီးလ်က္ ေနာက္ဆုံးတစ္ႀကိမ္ အျဖစ္ အသစ္ေရာက္လာေသာအုပ္စုကို ၾကည့္လိုက္သည္။
ထိုလူမ်ားသည္ ဂိုဏ္းႀကီးတစ္ခုမွ မဟုတ္ေပ။ အဝတ္အစားမ်ားမွာ ကြဲျပားေနၿပီး လက္နက္မ်ိဳးစုံ ကိုင္ေဆာင္ထားၾက၏။ အသက္အ႐ြယ္မ်ားမွာလည္း အလြန္ကြဲျပားေနေလသည္။ စုယန္သည္ လူအုပ္ၾကားထဲ၌ ဝံပုေလြငယ္ေလး၏ ေခါင္းမာေသာ မ်က္ႏွာကို ရွာမေတြ႕သျဖင့္ အနည္းငယ္ စိတ္ပ်က္သြား၏။ ထို႔ေနာက္ သူသည္ သက္ျပင္းခ်ၿပီး ထြက္ခြာသြားေတာ့သည္။
႐ႊီယြင္က်န္းသည္ ကုေဖးတိကို ကူညီရန္ ေရွ႕တိုးလာခဲ့သည္။
ကုေဖးတိသည္ ခဏတာ အသက္ရႉၾကပ္သြား႐ုံသာ ျဖစ္ၿပီး သူ႕မ်က္လုံးေတြက ထြက္ခြာသြားေသာစုယန္၏ ေက်ာျပင္ကို အခ်ိန္အတန္ၾကာ စိုက္ၾကည့္ေနခဲ့သည္။
"မင္းတို႔က ဘယ္သူေတြလဲ..?!" ထိုအခ်ိန္တြင္ ျပင္းထန္ေသာ ေအာ္သံတစ္ခု ထြက္ေပၚလာ၏။
"မင္းကေရာ မိစာၦဂိုဏ္းရဲ႕ နတ္ဆိုးက်င့္ႀကံသူကို ရည္႐ြယ္ခ်က္ရွိရွိနဲ႕ လႊတ္လိုက္တာလား?!"
ကုေဖးတိ လွည့္ၾကည့္လိုက္ေသာအခါ လူအုပ္ေခါင္းေဆာင္က ျမင္းေပၚကေန ခုန္ဆင္းလာၿပီး ဓားျဖင့္ခ်ိန္႐ြယ္ေနသည္ကို ေတြ႕လိုက္ရသည္။ သူ၏မ်က္ႏွာမွာ ေဒါသေၾကာင့္ နီျမန္းသြားေလ၏။
ကုေဖးတိ၏အမိန႔္ကိုမေစာင့္ေတာ့ဘဲ ထန္းယြင္စံအိမ္မွ အေစာင့္မ်ားသည္ ထိုလူကိုဝိုင္းလိုက္ၿပီး တားဆီး လိုက္ေလသည္။ ကုေဖးတိသည္ ထိုလူအား ရွင္းျပမေနေတာ့ဘဲ ထန္းယြင္စံအိမ္၏ အမွတ္အသားျပားကိုထုတ္ယူကာ ထိုလူ၏မ်က္စိေရွ႕၌ ကိုင္ထားလိုက္ေလ၏။
ထိုအမွတ္အသားျပားကိုျမင္ေသာအခါ လူအုပ္ ေခါင္းေဆာင္သည္ လည္ပင္းညွစ္ခံထားရသည့္ ငွက္တစ္ေကာင္ကဲ့သို႔ 'ကု'ဟု အသံျပဳကာ ဘာမွ ထပ္မေျပာရဲေတာ့ေပ။
ကုေဖးတိသည္ သစ္ပင္တစ္ပင္၏အရိပ္ေအာက္၌ ထိုင္လိုက္၏။ သူသည္ ပိုးပဝါကို ျဖည္လိုက္ၿပီး အနီေရာင္စြန္းထင္းေနေသာ အတြင္းလႊာကို ေခါက္ကာ သန႔္ရွင္းေသာအပိုင္းျဖင့္ ႏႈတ္ခမ္းေထာင့္မွေသြးမ်ားကို သုတ္လိုက္သည္။
႐ႊီယြင္က်န္းက မ်က္ေမွာင္ၾကဳတ္လိုက္၏။
"သူ႕ရဲ႕လက္ဖဝါးမွာ ခြန္အားသိပ္မပါဘူးမဟုတ္လား?
ကုေဖးတိက ေခါင္းယမ္းလိုက္သည္။
"သူက အတြင္းအား ၅၀-၆၀% ေလာက္ကို သုံးထားတယ္။ ငါကလည္း မေမွ်ာ္လင့္ထားေတာ့ မကာကြယ္လိုက္နိုင္ဘူး"
ထို႔ေနာက္ သူသည္ တစ္စုံတစ္ခုကို သတိရသြားၿပီး ရယ္ေမာလိုက္ေလသည္။
"ကိုယ္ျပဳတဲ့ကံ ကိုယ္ထံျပန္ဆိုတာ အမွန္ပါပဲလား..."
႐ႊီယြင္က်န္းသည္ တစ္ခဏမွ် တိတ္ဆိတ္သြားၿပီး သူ႕ေဘးတြင္ တရားထိုင္ေနေသာ ေဟာ့ယင္းကို တစ္ခ်က္ၾကည့္လိုက္သည္။ ထို႔ေနာက္ အသံတိုးတိုးျဖင့္ ေမးလိုက္၏။
"မင္းဘယ္သူဆိုတာ ဘာလို႔ သူ႕ကို မေျပာျပလိုက္တာလဲ?"
ကုေဖးတိက ေခါင္းယမ္းလိုက္သည္။
"သူငါ့ကို မွတ္မိလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနခဲ့တာ"
"သူ႕ၾကည့္ရတာ မွတ္မိပုံမေပၚဘူး" ႐ႊီယြင္က်န္းက သက္ျပင္းခ်လိဳက္၏။
ကုေဖးတိက ၿပဳံးလိုက္သည္။
"တကယ္ပဲ... ငါ 'စစ္မွန္ေသာသိမ္းငွက္ဓား'ကို သုံးတာေတာင္ ငါ့ခႏၶာကိုယ္ေပၚက နတ္ေဆးရနံ႕ကို သယ္ေဆာင္ထားတာေတာင္ သူကငါ့ကို အသိအမွတ္မျပဳဘူး" သူ႕ေလသံ၌ စိတ္ပ်က္အားေလ်ာ့မႈမ်ား ပါရွိေလ၏။
......
ခပ္လွမ္းလွမ္း အကြာအေဝး၌။
စုယန္သည္ ျမင္းေပၚ၌ တစ္ခ်ိန္လုံး မ်က္ေမွာင္ၾကဳတ္ထားေလသည္။
အေစာပိုင္းက အေျမာက္စာဇာတ္ေကာင္ေလးသည္ သူ႕အား ျမား၏ရန္မွ ကယ္တင္ခဲ့ေသာ္လည္း သူသည္ ဆင္ျခင္နိုင္စြမ္းမရွိေတာ့ဘဲ ထိုအေျမာက္စာေလး၏ ရင္ဘတ္အား လက္ဖဝါးႏွင့္ ျပန္ရိုက္ႏွက္ခဲ့ေလသည္။ ယခု ေသခ်ာျပန္စဥ္းစားၾကည့္ေသာအခါ ထိုရိုက္ခ်က္၌ အတြင္းအား၏ ၅၀-၆၀%ခန႔္ ပါဝင္ေနၿပီး သူ၏ ႏွလုံးေနရာကို တိုက္ရိုက္ထိမွန္သြားျခင္း ျဖစ္ေပသည္။
အဲဒီေကာင္ေလး ဒဏ္ရာျပင္းျပင္းထန္ထန္ ရသြားေလာက္တယ္ မဟုတ္လား? ငါက ေကြၽးတဲ့လက္ကို ျပန္ကိုက္မိခဲ့တာလား?
_သို႔ေသာ္လည္း စုယန္သည္ ထိုအေျမာက္စာ ဇာတ္ေကာင္က သူ႕ကိုဘာေၾကာင့္ ကယ္တင္ရတာလဲ ဆိုတာကို နားမလည္နိုင္ပါေခ်။
သူသည္ မ်ားစြာ ေတြးေတာခဲ့ေသာ္လည္း ပေဟ႒ိ ျဖစ္ေနဆဲ ျဖစ္သည္။ ထိုေကာင္ေလး၏ ခႏၶာကိုယ္တြင္ ရင္းႏွီးေနေသာ ေမႊးရနံ႕တစ္ခုရွိေနသည္ကို သူ သတိထားမိေသာ္လည္း ထိုရနံ႕ကို မည္သည္မွရဖူးမွန္း မမွတ္မိေတာ့ေပ။
ဤေခတ္၌ အေမႊးအိတ္ေဆာင္တတ္ေသာ အမ်ိဳးသား အမ်ားအျပားရွိၿပီး ထိုရနံ႕သည္ သူရင္းႏွီးေသာ ပန္းတစ္ခုခု၏ ရနံ႕ျဖစ္နိုင္သည္ဟု စုယန္ ေတြးလိုက္ေလသည္။
_16.3.22
စာေရးဆရာမွာ ေျပာစရာရွိပါတယ္:
စုယန္: ဟမ့္! ဒီေက်းဇူးကို ငါ အေႏွးနဲ႕အျမန္ ျပန္ဆပ္မယ္။
T/N : ငတုံးေလးစုယန္ ျပန္လာပါၿပီ 😂
တစ္ပတ္ေလာက္ ေစာင့္ေစမိတဲ့အတြက္ ေဆာရီးပါ။ ပုံမွန္အတိုင္း ဆက္တင္ေပးမယ္ေနာ္ (◍•ᴗ•◍)♡
Thanks for reading ❣️