ကြည့်မကောင်းတဲ့သူတစ်ယောက်အဖြစ်
ရုပ်ဆိုးတော့လည်း ဘာဖြစ်လည်း ဒါသူလိုချင်တာပဲမလား?
ရုတ်တရက် ဇုချီကိုယ်အရှေ့ပိုင်း အေးခနဲ ဖြစ်သွားတာကိုခံစားလိုက်ရတယ်။ဇုချီနည်းနည်းလောက် စိတ်တည်ငြိမ်သွားတဲ့ အချိန်မှာပဲ သူအကျီက ပုဝါစ နှစ်ခုလို ရွှယ့်ကျွယ်လက်ထဲမှာ ဆွဲဖြဲခံလိုက်ရပြီး ဘေးမှာလွှတ်ပစ်ထားရတာကို တွေ့လိုက်ရတယ်။
ဇုချီ : "......"
သတိပေးသံ အကျယ်ကြီးတစ်ခု သူ့ခေါင်းထဲကမြည်လာတယ်။
ရန်သူဘက်က တိုက်ခိုက်နေပြီ!
ရန်သူဘက်က တိုက်ခိုက်နေပြီ!
ရွှယ့်ကျွယ်ကိုသေလောက်တဲ့အထိ ဒေါသထွက်အောင်လုပ်ဖို့ စီစဉ်ထားတဲ့ အကြံတွေအကုန်လုံး အစအနမရှိ ပျောက်ကွယ်သွားတယ်။မျက်လုံးပြူးသွားပြီး အလန့်တကြား ထထိုင်ဖို့ လက်ကို အပြင်းအထန် ရုန်းကန်လိုက်တယ်။
ဒါပေမယ့် ရွှယ့်ကျွယ်က ကုတင်ပေါ်တက်ကာ လွယ်လွယ်ကူကူပဲ ဇုချီကို အိပ်ရာပေါ် ပြန်တွန်းချလိုက်ပြီး လက်ကို ကုတင်ပေါ်မှာ တင်းတင်းကြပ်ကြပ် ချုပ်ထားလိုက်သည်။
ရွှယ့်ကျွယ်ရဲ့ မျက်လုံးတွေက အေးစက်တဲ့အရိပ်ရောင်တွေနဲ့ ပြည့်နှက်နေတယ်။ ထိတ်လန့်နေတဲ့ ဇုချီ ကို ကြည့်ပြီး
" ငါ့ရဲ့ သည်းခံမှုကို မစမ်းသပ်ဖို့ မင်းကိုအကြိမ်ကြိမ် သတိပေးခဲ့တယ်"
စစ်မှန်တဲ့ယောင်္ကျားတစ်ယောက်က ဘယ်အချိန်မှာ အလျော့အတင်း လုပ်ရမလဲဆိုတာ ကောင်းကောင်းနားလည်တယ်။
ထိုစကားကို အပြည့်အ၀ ကျင့်သုံးပြီး ဇုချီအမှားဝန်ခံကာ ကောင်းကောင်းမွန်မွန်ပြောလိုက်တယ်။
"ကော ကျွန်တော်မှားမှန်း သိပါပြီ၊ ခင်ဗျားရဲ့ သည်းခံနိုင်စွမ်းကို ကျွန်တော်မစမ်းသပ်ခဲ့သင့်ဘူး၊ခင်ဗျားကပဲ သဘောထားကြီးကြီးနဲ့ ကျွန်တော့်ကို နည်းနည်းလောက် အလျှော့ပေးလိုက်ပါ ရတယ်မလားဟင်?"
ရွှယ့်ကျွယ်က ဇုချီကို မပြောင်းလဲတဲ့အမူရာနဲ့ ကြည့်လိုက်ပြီး သွားကြားထဲကနေ စကားလုံးနှစ်လုံးကို ညှစ်ထုတ်လိုက်တယ်
"နောက်ကျသွားပြီ"
(T/N - "晚了" ကို မြန်မာမှုပြောင်းလိုက်တော့ လေးလုံးဖြစ်သွားတာရယ်)
နောက်တော့ ရွှယ်ကျွယ် ရုတ်တရက် အရှေ့တိုးလာတယ်။ တစ်စက္ကန့်အတွင်း သူက ဇုချီရဲ့ ဖန်စီဘောင်းဘီတိုကို ဆွဲချွတ်ဖို့ လက်ကို ဆန့်လိုက်သည်။
"အား--!!!"
ဇုချီ အသက်ခံရတော့မယ့် ဝက်တစ်ကောင်လို အော်လိုက်ပြီး ခေါင်းငုံ့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ဖောင်းကားနေတဲ့ ဝမ်းဗိုက်ကိုသာ သနားစရာတွေ့လိုက်ရပြီး ချက်ချင်းပဲ အရှက်ကွဲသွားရတယ်။
သူ့အရှက်ကို ကယ်နိုင်တဲ့ ကောက်ရိုးမျှင်တစ်ခုလို ရွှယ့်ကျွယ် တစ်ဝက်နီးပါး ချွတ်ချထားတဲ့ ဘောင်းဘီကို ဇုချီဘယ်ညာ လက်နှစ်ဖက်လုံးနဲ့ ပြန်ဆွဲယူရင်း ရုန်းကန်နေတယ်။
"ရွှယ့်ကျွယ် ခင်ဗျားက သောက်ကျိုးနည်းသားရဲကောင်ပဲ!"
ဒေါသတကြီးနဲ့ ဇုချီထပ်ပြောလိုက်တယ်။
"ခင်ဗျားက ကိုယ်ဝန်ရှိတဲ့သူကိုတောင် အလွှတ်မပေးဘူး။ခင်ဗျားလူဖြစ်ဖို့ ထိုက်တန်သေးရဲ့လား !"
သူ့အသံ ရပ်သွားတာနဲ့ ဇုချီဘောင်းဘီကို ချွတ်ဖို့ အာရုံစိုက်နေတဲ့ ရွှယ့်ကျွယ်ရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး ဇုချီကိုကြည့်ဖို့ ခေါင်းမော့လာတယ်။
ဇုချီထိုအခိုက်အတန့်မှာ အေးစက်တဲ့အရှိန်ဝါရှိတဲ့ ချွန်ထက်နေတဲ့ဓါးနှစ်ချောင်း သူ့ဆီကို တန်းတန်းမတ်မတ် ပျံသန်းလာသလို ခံစားလိုက်ရပြီး သူ့ရင်ဘတ်တွေ အေးခဲသွားသလိုပဲ မသိစိတ်ကနေ သူ့ခန္ဓာကိုယ်ကို လက်နဲ့ပွေ့ပိုက်ကာထားမိတယ်။
တိတ်ဆိတ်သွားတဲ့ လေထုထဲမှာ အန္တရာယ်အငွေ့သက်တွေ ပျံ့နှံ့လာတယ်။ အချိန်ဘယ်လောက်ကြာသွားလဲမသိပေမယ့် ရွှယ့်ကျွယ်ကရုတ်တရက် သူ့ကိုလွှတ်ပေးလိုက်ပြီး အိပ်ယာ ကနေထကာ
"စိတ်မပူနဲ့၊ငါက တခြားသူတွေကို အတင်းအကြပ်ရယူဖို့ စိတ်မဝင်စားဘူး"
လို့ ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။
ဇုချီကုတင်ပေါ်မှာ မောဟိုက်စွာ လှဲချလိုက်တယ်။ ဒီစကားကြားတော့ သိသိသာသာပဲ သက်သာရာရသွားပြီး အိပ်ယာကနေထဖို့ လက်နှစ်ဖက် ထောက်လိုက်တယ်။
"မလှုပ်နဲ့"
အဝေးကို ထွက်သွားတဲ့ ရွှယ့်ကျွယ် က ရုတ်တရက် ပြောလာတယ်။
အခုလေးတင် မြောက်ဝင်ရိုးစွန်းလို အေးစက်နေတဲ့ ရွှယ့်ကျွယ်ရဲ့ မျက်လုံးတွေကို တွေးမိပြီး သူ့အသက်ကို မြတ်နိုးတဲ့ ဇု'သူရဲဘောကြောင်' ချီ က ချက်ချင်းပဲ တောင့်တင်းသွားပြီး လှုပ်တောင် မလှုပ်ရဲဘဲ အိပ်ယာ ပေါ်မှာ ဆက်အိပ်နေလိုက်တယ်။
ရွှယ့်ကျွယ်က ဗီရိုကိုဖွင့်လိုက်ပုံရပြီး ခနကြာတော့ အဝတ်ရှာတဲ့ အသံကို ဇုချီကြားလိုက်ရတယ်။ ရွှယ်ကျွယ်က ပုံမှန်အတိုင်း ပြန်လာတယ်။ အဝတ်အစားတချို့ကို လက်ထဲတွင်ကိုင်ကာ ကုတင်ဘေးမှာမတ်တပ် ရပ်နေပြီး ဇုချီကို ငုံ့ကြည့်လိုက်တယ်။
"အဲ့ဒီ့အချိန်တုန်းကသာ မင်းမှာဖြူစင်တဲ့သိက္ခာနည်းနည်းပါးပါးရှိခဲ့မယ်ဆိုရင် ဒီနေ့လိုမျိုး ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဒုက္ခပေးနေစရာမလိုဘူး"
(ဆေးခတ်ခဲ့တဲ့ အချိန်ဇုချီမှာသိက္ခာမရှိဘူးလို့ ကွယ်ဝှက်ပြောနေတာပါ)
ရွှယ့်ကျွယ်ရဲ့ပါးစပ်ကနေ ရွဲ့စောင်းတဲ့ စကားတွေ ထွက်လာခဲ့တယ်
ရွှယ့်ကျွယ်ရဲ့ အကြည့်အောက်မှာ ဇုချီတကယ်ပဲ ရှက်ရွံ့ နီမြန်းသွားရတယ်။သွားတွေကိုအံကြိတ်လိုက်ပြီး ဗိုက်ကိုဖုံးဖို့ သူ့ဘေးနားကစုတ်ပြဲနေတဲ့အဝတ် တွေကိုဆွဲထုတ်လိုက်သည်။ စိတ်မသက်မသာဖြစ်သွားပြီး
"ခင်ဗျားဘာလုပ်မှာလဲ"
လို့ပြတ်ပြတ်သားသား မေးသည်။
ရွှယ့်ကျွယ်ရဲ့ ပါးစပ်က တဖြည်းဖြည်း ကွေးညွှတ်သွားပြီး
"နောက်ကျရင် သိလိမ့်မယ်"
***
အိမ်ထိန်းနဲ့တံခါးဝမှာစောင့်နေသော လက်ထောက် ကျောင့်ရှောင်က အခန်းထဲကနေ ဆူပူကြိမ်းမောင်းသံတချို့ကို ယောင်ဝါးဝါးကြားလိုက်ရတယ်။ထို့ပြင် အသံတွေက ဥက္ကဌရွှယ်ရဲ့အသံမဟုတ်ဘဲ တစ်ယောက်ထဲအော်ဟစ်နေတဲ့ ဇုချီရဲ့အသံဖြစ်နေတယ်။
အိမ်ထိန်းကျောင်းက လက်နှစ်ဖက်ကို နောက်ပို့ပြီးအသံတွေကို မကြားရသလို မျက်လုံးတွေက အရှေ့ကို ငေးကြည့်ရင်း လျစ်လျူရှုထားတယ်။
ဒါပေမယ့် ကျောင့်ရှောင်ရဲ့မျက်နှာမှာတော့ စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်နေပြီး တစ်ခါတစ်ရံ ပြတင်းပေါက်ဆီ ပြေးသွားပြီး စောင့်ကြည့်ပေမယ့် အခန်းထဲကနေ လိုက်ကာတွေ ပိတ်ထားတာကြောင့် ဘာမှ မမြင်ရ ဖြစ်နေပြီး တံခါးရှေ့ကိုပဲ စိတ်ပျက်စွာ ပြန်သွားရတယ်။
"ဦးလေး ကျောင်း"
ကျောင့်ရှောင်က တုံ့ဆိုင်းနေပြီး
"စောစောကအခန်းထဲဝင်ပြီး အလှပြင် ပစ္စည်းတွေပေးခဲ့တယ်မလား? အထဲမှာ ဘယ်လိုအခြေအနေရှိလဲ။ ဥက္ကဌရွှယ် ဘာမှမဖြစ်ဘူးမလား"
အိမ်ထိန်းကျောင်းက ပေါ့ပေါ့ပါးပါးပဲ
"ဥက္ကဌ ရွှယ်က ဘာဖြစ်နိုင်မှာလဲ? မင်းစိုးရိမ်သင့်တဲ့လူက တခြားတစ်ယောက်"
ကျောင့်ရှောင်အံ့သြသွားပြီး
"ဦးလေးပြောချင်တာ မစ္စတာဇု ?"
သူတို့နှစ်ယောက် စကားမဆုံးသေးခင်မှာပဲ သူတို့နောက်က တံခါးက ရုတ်တရက် ပွင့်လာတယ်။ကျောင့်ရှောင် ကမန်းကတန်း လှည့်ကြည့်လိုက်ပြီး သူ့ရှေ့က မြင်ကွင်းကို မြင်လိုက်ရတော့ ခဏတာ လန့်သွားပြီး ရယ်တာကို မထိန်းချုပ်နိုင်တော့ဘူး။
"ဘာရယ်တာလဲ! မိတ်ကပ်လိမ်းထားတဲ့သူကို မမြင်ဖူးဘူးလား..!"
ထိုအချိန်မှာ ဇုချီတစ်ကိုယ်လုံးဆူးတွေနဲ့ပြည့်နေတဲ့ ဖြူကောင်တစ်ကောင်လို သူ့ကိုစိတ်မချမ်းမသာဖြစ်စေတဲ့သူတိုင်း ချက်ခြင်းထိုးပစ်လိုက်ဖို့ အဆင်သင့်ဖြစ်နေတယ်။
ဇုချီက ရွှယ့်ကျွယ်သူ့ကို ဒီလိုနည်းနဲ့ လက်တုံ့ပြန်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က ရွှယ့်ကျွယ်သူ့ကို ရေချိုးခန်းထဲကို တွန်းထည့်ကာ မှန်ကြည့်ခိုင်းတဲ့ အချိန်မှာ ဇုချီတုန်လှုပ်သွားပြီး မျက်နှာကိုအုပ်ရင်း တစ်ကိုယ်လုံးပြိုလဲလုနီးပါး ဖြစ်ခဲ့ရတယ်။
မှန်ထဲမှာ မြင်နေရတဲ့ ပါးစပ်တစ်ခုလုံး နီးပါးနီရဲနေပြီး ဂျုံမှုန့်ဖြူဖြူတွေ ဖြူးထားသလို မျက်နှာနဲ့ ဂျိုကာကောင်က ဘယ်သူကြီးလဲ!!
သောက်ကျိုးနည်း! ရွှယ့်ကျွယ်သူ့ကို စင်ပေါ်မှာ သီချင်းဆိုခိုင်းတော့ မစီစဉ်ထားဘူး ဟုတ်တယ်မလား ?
သူလိမ်းချင်တောင် ဒီလောက်ထိလိမ်းပေးစရာမလိုဘူးလေ!ရွှယ့်ကျွယ်က ရိုးရိုးရှင်းရှင်း အဖြောင့်ကောင် ယောက်ျားတစ်ယောက်သာဆိုရင် မိတ်ကပ်လို အလှကုန်တွေက လက်တစ်ကမ်းမှာ မရှိသင့်ဘူး ဟုတ်တယ်မလား?
အိုး မှားနေတယ်! အတိအကျပြောရရင် ရွှယ့်ကျွယ်ကို တစ်ဝက်လောက် ကွေးနေတယ်လို့ ပြောလို့ရတယ်......သူ(ရွှယ့်ကျွယ်)က အပြည့်အဝမကွေးသေးဘူးဆိုရင်တောင် အလှကုန်ပစ္စည်းတွေနဲ့ ဟာသမလုပ်ဖို့ တောင်းဆိုပါတယ်!သူမိတ်ကပ်လိမ်းပေးတဲ့ပုံစံက သူ့(ဇုချီ)ကိုသရဲတစ္ဆေပုံစံလို ပြောင်းသွားလုနီးပါးပဲ!
နောက်တစ်ခုရှိသေးတယ်။ အခုသူ့(ဇုချီ)ကို ပန်းရောင်ရှပ်အကျီနဲ့ အဖြူမည်း ဘောင်းဘီကို ဘာလို့ ဝတ်ခိုင်းထားတာလဲ? လည်ပင်းမှာလည်း အနီရောင်တောက်တောက် လည်ပတ် ပတ်ပေးထားသေးတယ်။သူ့ကိုယ်သူ စိတ်ကျန်းမာရေးဆေးရုံကနေ ထွက်ပြေးလာတဲ့သူလို့ တွေးမိလုနီးပါးပဲ။
ဒါပေမယ့် ဇုချီအနေနဲ့ ရွှယ့်ကျွယ်ကိုဆန့်ကျင်ဖို့ အခွင့်ရေးမရှိပေ။ ဖြစ်စဉ်တစ်ခုလုံးမှာ ရွှယ့်ကျွယ်က သူ့(ဇုချီ)ရဲ့ခြေလက်တွေကို ချည်ထားတယ်လေ! သူရုန်းကန်ဖို့ အခွင့်အရေးမရှိခဲ့ဘူး။
အဆုံးမှာတော့ ဇုချီက ငြင်းဆန်နေတာကို စွန့်လွှတ်လိုက်ပြီး ရွှယ့်ကျွယ် စိတ်တိုင်းကျပြင်ဆင်ဖို့ ခွင့်ပြုလိုက်တော့တယ်။
ဘာပဲပြောပြောမူလပိုင်ရှင်ရဲ့ဂုဏ်သတင်းကတော့ အပျက်သဘောဆောင်လာတော့မယ်။ နောက်ထပ် အမည်းစက်တစ်ခုရလာမှာကို သူ ဂရုမစိုက်ပါဘူး။ပြီးတော့ ရွှယ့်ကျွယ်ကမှ ပြည်တွင်းပြည်ပ အထက်တန်းစားအသိုင်းအဝိုင်းမှာ နာမည်ကြီးတဲ့သူတစ်ယောက်။သူ့(ရွှယ့်ကျွယ်)နားကတစ်ယောက်ယောက်သာ မျက်နှာပျက်ခဲ့ရင်၊ ရွှယ်ကျွယ်လည်း မျက်နှာပျက်သွားလိမ့်မယ်။
ဇုချီတစ်ယောက် ပူဖောင်းပြီး ဆူးချွန်တွေ ထွက်လာတော့မယ့် ငါးပူတင်းအဖြစ်ပြောင်းလုနီးပါးဖြစ်နေတာကိုမြင်လိုက်ရတော့ ကျောင့်ရှောင်က ခနခနပြုံးနေခဲ့ပြီး မရယ်ဖို့ ထိန်းထားပေမယ့် ရံဖန်ရံခါ လှုပ်နေတဲ့ သူ့မျက်နှာကသူ့ခံစားချက်တွေကို သစ္စာဖောက်နေခဲ့တယ်။
ရွှယ့်ကျွယ်က ဇုချီအနားမှာ အေးအေးဆေးဆေး ရပ်နေပြီး
"ဦးလေး ကျောင်း ကားအဆင်သင့်ဖြစ်ပြီလား"
"အဆင်သင့်ဖြစ်ပါပြီ။"
အိမ်ထိန်းက အနည်းငယ် ခေါင်းညိတ်ပြပြီး 'ကျေးဇူးပြုပြီး' ဆိုတဲ့ အမူအယာလုပ်ကာ
"ယာဉ်မောင်းက အရှေ့မှာ စောင့်နေပါတယ်"
ဇုချီက မှောင်မဲနေတဲ့ အမူရာနဲ့ ရွှယ့်ကျွယ်နဲ့အတူ ကားနောက်ခန်းထဲကို ဝင်လိုက်သည်။
ဒရိုင်ဘာသည် ကားကိုစတင်မောင်းနှင်လိုက်ပြီး အကွေ့အကောက်များပြီး သစ်ပင်တန်းစီထားသောကျဥ်းမြောင်းလှတဲ့လမ်းကိုဖြတ်ကာ တစ်ဖန်ကွေ့လိုက်ပြီး အပန်းဖြေစခန်းထဲကနေ ဖြည်းညှင်းစွာမောင်းထွက်လာခဲ့သည်။
ဆင်ခြေဖုံးရပ်ကွက်ရှိ လေထုအရည်အသွေးနဲ့ ရှုခင်းက မြို့ထဲကထက် များစွာသာလွန်တယ်။ ပတ်ပတ်လည်ကိုကြည့်လိုက်ရင် ကျယ်ဝန်းတဲ့လမ်းတွေရှိပြီး ရံဖန်ရံခါမှသာ ကားအနည်းငယ် ဖြတ်သွားလေ့ရှိတယ်။
ဇုချီက ကားထဲမှာအလွန်ငြီးငွေ့နေတာကြောင့် ကားမှန်ရဲ့သုံးပုံတစ်ပုံကို ဖွင့်လိုက်ရာ အေးမြတဲ့လေက ကားထဲကို ဝင်ရောက်လာခဲ့သည်။ဇုချီ ကျေကျေနပ်နပ် သက်ပြင်းချလိုက်ပြီး ညစ်နေတဲ့ စိတ်တွေလည်း သက်သာရာရသွားတယ်။
ကြည့်မကောင်းလောက်အောင် ရုပ်ဆိုးနေတာပဲ။ အဲ့တော့ ဘာဖြစ်သေးလဲ? ဒီလိုရလဒ်က သူ(ဇုချီ)လိုချင်တာမလား?
ရွှယ့်ကျွယ် က သူ့ကို ရွံမုန်းပြီး ကန်ထုတ်ဖို့ မစောင့်နိုင်လောက်အောင် ဖြစ်သွားဖို့ ကြည့်မကောင်းအောင်နေရမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။
ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်မှုအများကြီးလုပ်လိုက်ပြီးဇုချီရဲ့မျက်နှာက ခုနကလောက် ဒေါသထွက်နေတာမျိုးမရှိတော့ပေ။ အေးမြတဲ့လေကို ခံစားရင်း မျက်လုံးလေးမှိတ်ကာ ကားပြတင်းပေါက်ကို မှီနေတဲ့ပုံက အစာဝသွားတဲ့ ကြောင်တစ်ကောင်နှင့်တူနေတယ်။
တိတ်ဆိတ်နေတဲ့ ဇုချီက စွာတေးလန် ဇုချီထက် အများကြီး ပိုကောင်းတယ်။ သူ့မျက်တောင်လေးတွေက ရှည်လျားပြီးကွေးညွှတ်နေတာကြောင့် မျက်ခွံတွေကို မှေးချလိုက်တဲ့အခါ ချောမွေ့ပြီး ဖြူစင်တဲ့မျက်နှာမှာ အရိပ်ပါးတစ်ခု ကျရောက်လာသည်။နှုတ်ခမ်းတစ်စုံက ပြည့်ဖူးနေပြီးပန်းရောင်ဖျော့ဖျော့သန်းနေတယ်။ ဆံပင်က သဘာဝအတိုင်း သစ်အယ်သီးအရောင်ဖြစ်ပြီး၊ တစ်ချက်တစ်ချက် ကြည့်လိုက်ရင် သွေးနှော တစ်ယောက်လိုပဲ.....။
သေချာတာပေါ့၊အဲ့ဒီလူက မိတ်ကပ်မလိမ်းခင် ဇုချီပဲ၊ အခုလိုမိတ်ကပ်လိမ်းထားတဲ့ပုံစံနဲ့ ဇုချီကတော့ ပီကင်းအော်ပရာ(Peking Opera) အဆိုတော်တစ်ယောက်လို ရုပ်ရည်နဲ့ လှပနေပြီး သူ့ကိုယ်သူတည်ကြည်ခန့်ညားတဲ့သူပါလို့ပြောလိုက်ရင် သေချာပေါက် ဟာသတစ်ခုဖြစ်သွားမှာ ။
ရွှယ့်ကျွယ် ခေါင်းလှည့်လာပြီး ငိုက်မျဉ်းနေတဲ့ ဇုချီကို ခဏလောက်ကြည့်ပြီး နောက်ကြည့်မှန်ထဲကနေ ယာဉ်မောင်းကို မျက်လုံးမှိတ်ပြလိုက်တယ်။
ထို့နောက် ဇုချီက ကားမှန်ပြတင်းပေါက်မတင်ခင် တစ်မိနစ်ခန့်သာ လေပြေကို ခံစားလိုက်ရတယ်။
ရုတ်တရက် အနိုးခံလိုက်ရတဲ့ ဇုချီက ဒေါသတကြီးနဲ့ လှည့်ပြီး
"ခင်ဗျား ဘာလို့ ကားမှန်ကို ပိတ်လိုက်ရတာလဲ!"
ရွှယ့်ကျွယ်က အပြစ်ကင်းတဲ့ပုံစံနဲ့ ပခုံးတွန့်လိုက်ပြီး
"ငါ့နေရာကနေ မင်းဘက်က ကားမှန်ကိုပိတ်နိုင်မယ်လို့ထင်လား"
ဇုချီက အရှေ့ထိုင်ခုံမှာရှိနေတဲ့ ယာဉ်မောင်းကို စိုက်ကြည့်လိုက်တယ်
"......"
ယာဉ်မောင်းမျက်နှာပေါ်မှာ ချွေးအေးတွေ ရေတံခွန်ကျသလို ထွက်လာခဲ့တယ်။ ဒီအိုးကိုကြည့်လိုက်ပါအုံး အတော်လေး ကြီးတဲ့ အိုးပဲ*
*(E/N : အိုး ဆိုတာ 'တခြားတစ်ယောက်ကိုယ်စား အပြစ်ဖို့ခံရတယ်' လို့ ပြောချင်တာပါ)
ဇုချီပြန်အိပ်မရတော့ဘူး။ သူ့ရဲ့ ဖောင်းကား နေတဲ့ဗိုက်ကို ထိန်းပြီး ထိုင်ချလိုက်ကာ ရင်ဘတ်ပေါ် လက်နှစ်ဖက် တင်ထားလိုက်တယ်။ ခဏအကြာမှာ သူ့ဘေးနားမှာရှိနေတဲ့ ရွှယ့်ကျွယ်က ထိုင်ခုံနောက်မှီပြီး အိပ်ပျော်သွားတာကို ရုတ်တရက် မြင်လိုက်ရတယ်။
ဇုချီ : "......"
မျိုးမစစ်ကောင်!
တစ်နာရီကြာပြီးနောက်၊ RMB အငွေ့အသက်*တွေ လွှမ်းခြုံထားတဲ့ ခမ်းနားတဲ့အဝတ်အစားဆိုင်တစ်ခုမှာ ကားရပ်သွားတယ်။ယာဉ်မောင်းက ကားပေါ်ကဆင်းပြီး ကားနောက်ခန်းတံခါးကိုဖွင့်လိုက်တယ်။
*(E/N- ရင်မင်းဘီ (Renminbi) - တရုတ်ငွေကြေး
တကယ့်အဆင့်မြင့် အထက်တန်းစားဆိုင်လို့ပြောချင်တာပါ)
ဇုချီစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု လုံလုံလောက်လောက် လုပ်ထားပေမယ့် ဆိုင်ရဲ့ပြောင်လက်နေတဲ့ တံခါးကို မြင်လိုက်ရတော့ ရုတ်တရက် ငုံးတစ်ကောင်လို သေးငယ်သွားသလို ခံစားလိုက်ရပြီး ကားတံခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ အပြင်ထွက်ဖို့ ငြင်းဆန်လိုက်တယ် ။
ရွှယ်ကျွယ်က ရှိုးပွဲတစ်ခုလို အပြုံးမပျက် ကြည့်ရင်း စကားလုံးအချို့နဲ့ လှောင်ပြောင်ဖို့မမေ့ဘဲ
"မင်းပဲဒီလိုဝတ်ရတာ ကြိုက်တယ်လို့ ပြောခဲ့တယ်မလား။ရှက်စရာကောင်းတယ်လို့ မင်းဘယ်လိုများတွေးနိုင်ရတာလဲ"
ဇုချီက
"ဒီဝတ်စုံကို ဘယ်သူက ကြိုက်တယ်လို့ ပြောလို့လဲ။ဒီအဝတ်အစားတွေကို ရူးနေတဲ့လူပဲ ကြိုက်လိမ့်မယ်။ ဒါတွေက ငါ့အောက်ခံဘောင်းဘီနဲ့တောင် ယှဉ်လို့မရဘူး"
ရွှယ့်ကျွယ်ရဲ့ ကွေးညွှတ်နေတဲ့ပါးစပ်ထောင့်က ပြန်ကျသွားပြီ။ သူ့အမူအရာက အနည်းငယ်အေးစက်နေတယ် -
"ငါ့မျက်လုံးထဲမှာ ဒီဝတ်စုံနှစ်ခုကြား ကွာခြားသွားတာ မရှိဘူး။မင်းကြိုက်ရင် တစ်သက်လုံးဝတ်ထားလို့ရတယ်"
ဇုချီတိတ်ဆိတ်သွားရပြန်တယ်။
ရွှယ့်ကျွယ်ရဲ့မှတ်ချက်တွေက နောက်ပြောင်နေတာမဟုတ်ဘဲ သူပြောတဲ့အတိုင်း တကယ်လုပ်လိမ့်မယ်ဆိုတာ ဇုချီခံစားလို့ရတယ်။
ဇုချီရဲ့အမြင်မှာ ရွှယ့်ကျွယ်က ဆက်တင်တွေထဲမှာ ချိန်ညှိထားတဲ့ စက္ကူပေါ်က ဇာတ်ကောင်တစ်ယောက်လို့သာ ထင်ခဲ့တာ။ရွှယ့်ကျွယ်ကို အသွေးအသားနဲ့ သက်ရှိ လူသားတစ်ယောက်လို ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ထိုသူရဲ့ လုပ်ရပ်တွေ၊ ဆုံးဖြတ်ချက်တွေအပြင် ကိုယ်ပိုင်အသွင်အပြင်၊ စိတ်နေစိတ်ထားနဲ့ စရိုက်လက္ခဏာတွေက စာအုပ်ထဲက စကားလုံးအနည်းငယ်နဲ့ ဖော်ပြလို့မရပေ။
ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပြီး ရွှယ့်ကျွယ်ကအပေးအယူလုပ်လာခဲ့တယ်။အိမ်ထိန်းကျောင်း ပြင်ဆင်ထားတဲ့ တစ်သျှူးအစို ကို ကားထဲယူပြီး ဇုချီ မျက်နှာပေါ်က မိတ်ကပ်ကို ဖျက်ပေးဖို့ ကားထဲကို ဝင်လိုက်တယ်။
ရွှယ့်ကျွယ်ကဘာပဲလုပ်လုပ် လေးလေးနက်နက်လုပ်လေ့ရှိတယ်။ဇုချီအတွက် မိတ်ကပ်ဖျက် ပေးဖို့ရင်တောင် ဇုချီရဲ့ မျက်နှာတစ်လက်မချင်းစီကို ဂရုတစိုက်ဖျက်ပေးနေတယ်။
သူတို့နှစ်ယောက် မျက်နှာချင်းထိလုနီးပါးဖြစ်နေပြီး ရွှယ့်ကျွယ်ရဲ့နွေးထွေးတဲ့ ဝင်သက်ထွက်သက် အားလုံး ဇုချီ မျက်နှာပေါ်ကို ဖြတ်သန်းသွားတယ်။ ဇုချီရှက်ရွံ့စွာနဲ့ နှုတ်ခမ်းကို ဖွဖွဖိပြီး ရွှယ့်ကျွယ်ရဲ့ မျက်နှာ ကောင်းကောင်းကြီး စိုက်ကြည့် နေလိုက်တယ်။
စွဲမက်ဖွယ်ကောင်းတဲ့ အမျိုးသား ဇာတ်ပို့ရဲ့ အသွင်အပြင်က ပြောစရာမလိုအောင် သဘာဝအတိုင်း ချောမောနေခဲ့တယ်။သူ့အသွင်အပြင်ကြောင့် လူတွေ လှည့်ကြည့်လာဖို့ 200% သေချာပေမယ့်မျက်မှောင်ကြုတ်ရတာကို သဘောကျတဲ့ ရွှယ့်ကျွယ်ကြောင့် ရှောင်သွားကြတာများတယ်။
ဇုချီတွေးနေတဲ့အချိန်မှာ ရွှယ့်ကျွယ်က ဇုချီရဲ့ မိတ်ကပ်တွေ ကို အမြန်ဖယ်ရှားလိုက်တယ်။
"မင်းဘာတွေတွေးနေလဲ?"
ရွှယ့်ကျွယ် ကသန့်ရှင်းရေးလုပ်ရင်း မေးလိုက်တယ်။
ဇုချီသတိမထားမိလိုက်ဘဲ
"ကျွန်တော် တွေးနေတာ၊ ခင်ဗျားမိတ်ကပ်သင်တန်းမှာ စာရင်းပေးထားရင်ရော ဘယ်လိုလဲ?"
အနည်းဆုံးတော့ နောက်တစ်ခါကျရင် သူ့ကိုပိုကြည့်ကောင်းအောင် လိမ်းပေးနိုင်တာပေါ့။
ရွယ့်ကျွယ် : "......."
Peking Opera Make up
Zawgyi
ၾကည့္မေကာင္းတဲ့သူတစ္ေယာက္အျဖစ္
႐ုပ္ဆိုးေတာ့လည္း ဘာျဖစ္လည္း ဒါသူလိုခ်င္တာပဲမလား?
႐ုတ္တရက္ ဇုခ်ီကိုယ္အေရွ႕ပိုင္း ေအးခနဲ ျဖစ္သြားတာကိုခံစားလိုက္ရတယ္။ဇုခ်ီနည္းနည္းေလာက္ စိတ္တည္ၿငိမ္သြားတဲ့ အခ်ိန္မွာပဲ သူအက်ီက ပုဝါစ ႏွစ္ခုလို ႐ႊယ့္ကြၽယ္လက္ထဲမွာ ဆြဲၿဖဲခံလိုက္ရၿပီး ေဘးမွာလႊတ္ပစ္ထားရတာကို ေတြ႕လိုက္ရတယ္။
ဇုခ်ီ : "......"
သတိေပးသံ အက်ယ္ႀကီးတစ္ခု သူ႔ေခါင္းထဲကျမည္လာတယ္။
ရန္သူဘက္က တိုက္ခိုက္ေနၿပီ!
ရန္သူဘက္က တိုက္ခိုက္ေနၿပီ!
႐ႊယ့္ကြၽယ္ကိုေသေလာက္တဲ့အထိ ေဒါသထြက္ေအာင္လုပ္ဖို႔ စီစဥ္ထားတဲ့ အႀကံေတြအကုန္လုံး အစအနမရွိ ေပ်ာက္ကြယ္သြားတယ္။မ်က္လုံးျပဴးသြားၿပီး အလန႔္တၾကား ထထိုင္ဖို႔ လက္ကို အျပင္းအထန္ ႐ုန္းကန္လိုက္တယ္။
ဒါေပမယ့္ ႐ႊယ့္ကြၽယ္က ကုတင္ေပၚတက္ကာ လြယ္လြယ္ကူကူပဲ ဇုခ်ီကို အိပ္ရာေပၚ ျပန္တြန္းခ်လိုက္ၿပီး လက္ကို ကုတင္ေပၚမွာ တင္းတင္းၾကပ္ၾကပ္ ခ်ဳပ္ထားလိုက္သည္။
႐ႊယ့္ကြၽယ္ရဲ႕ မ်က္လုံးေတြက ေအးစက္တဲ့အရိပ္ေရာင္ေတြနဲ႔ ျပည့္ႏွက္ေနတယ္။ ထိတ္လန႔္ေနတဲ့ ဇုခ်ီ ကို ၾကည့္ၿပီး
" ငါ့ရဲ႕ သည္းခံမႈကို မစမ္းသပ္ဖို႔ မင္းကိုအႀကိမ္ႀကိမ္ သတိေပးခဲ့တယ္"
စစ္မွန္တဲ့ေယာက်ၤားတစ္ေယာက္က ဘယ္အခ်ိန္မွာ အေလ်ာ့အတင္း လုပ္ရမလဲဆိုတာ ေကာင္းေကာင္းနားလည္တယ္။
ထိုစကားကို အျပည့္အ၀ က်င့္သုံးၿပီး ဇုခ်ီအမွားဝန္ခံကာ ေကာင္းေကာင္းမြန္မြန္ေျပာလိုက္တယ္။
"ေကာ ကြၽန္ေတာ္မွားမွန္း သိပါၿပီ၊ ခင္ဗ်ားရဲ႕ သည္းခံႏိုင္စြမ္းကို ကြၽန္ေတာ္မစမ္းသပ္ခဲ့သင့္ဘူး၊ခင္ဗ်ားကပဲ သေဘာထားႀကီးႀကီးနဲ႔ ကြၽန္ေတာ့္ကို နည္းနည္းေလာက္ အေလွ်ာ့ေပးလိုက္ပါ ရတယ္မလားဟင္?"
႐ႊယ့္ကြၽယ္က ဇုခ်ီကို မေျပာင္းလဲတဲ့အမူရာနဲ႔ ၾကည့္လိုက္ၿပီး သြားၾကားထဲကေန စကားလုံးႏွစ္လုံးကို ညႇစ္ထုတ္လိုက္တယ္
"ေနာက္က်သြားၿပီ"
(T/N - "晚了" ကို ျမန္မာမႈေျပာင္းလိုက္ေတာ့ ေလးလုံးျဖစ္သြားတာရယ္)
ေနာက္ေတာ့ ႐ႊယ္ကြၽယ္ ႐ုတ္တရက္ အေရွ႕တိုးလာတယ္။ တစ္စကၠန႔္အတြင္း သူက ဇုခ်ီရဲ႕ ဖန္စီေဘာင္းဘီတိုကို ဆြဲခြၽတ္ဖို႔ လက္ကို ဆန႔္လိုက္သည္။
"အား--!!!"
ဇုခ်ီ အသက္ခံရေတာ့မယ့္ ဝက္တစ္ေကာင္လို ေအာ္လိုက္ၿပီး ေခါင္းငုံ႔ၾကည့္လိုက္တဲ့အခါ သူ႔ရဲ႕ေဖာင္းကားေနတဲ့ ဝမ္းဗိုက္ကိုသာ သနားစရာေတြ႕လိုက္ရၿပီး ခ်က္ခ်င္းပဲ အရွက္ကြဲသြားရတယ္။
သူ႔အရွက္ကို ကယ္ႏိုင္တဲ့ ေကာက္႐ိုးမွ်င္တစ္ခုလို ႐ႊယ့္ကြၽယ္ တစ္ဝက္နီးပါး ခြၽတ္ခ်ထားတဲ့ ေဘာင္းဘီကို ဇုခ်ီဘယ္ညာ လက္ႏွစ္ဖက္လုံးနဲ႔ ျပန္ဆြဲယူရင္း ႐ုန္းကန္ေနတယ္။
"႐ႊယ့္ကြၽယ္ ခင္ဗ်ားက ေသာက္က်ိဳးနည္းသားရဲေကာင္ပဲ!"
ေဒါသတႀကီးနဲ႔ ဇုခ်ီထပ္ေျပာလိုက္တယ္။
"ခင္ဗ်ားက ကိုယ္ဝန္ရွိတဲ့သူကိုေတာင္ အလႊတ္မေပးဘူး။ခင္ဗ်ားလူျဖစ္ဖို႔ ထိုက္တန္ေသးရဲ႕လား !"
သူ႔အသံ ရပ္သြားတာနဲ႔ ဇုခ်ီေဘာင္းဘီကို ခြၽတ္ဖို႔ အာ႐ုံစိုက္ေနတဲ့ ႐ႊယ့္ကြၽယ္ရဲ႕လႈပ္ရွားမႈေတြ ရပ္တန႔္သြားၿပီး ဇုခ်ီကိုၾကည့္ဖို႔ ေခါင္းေမာ့လာတယ္။
ဇုခ်ီထိုအခိုက္အတန႔္မွာ ေအးစက္တဲ့အရွိန္ဝါရွိတဲ့ ခြၽန္ထက္ေနတဲ့ဓါးႏွစ္ေခ်ာင္း သူ႔ဆီကို တန္းတန္းမတ္မတ္ ပ်ံသန္းလာသလို ခံစားလိုက္ရၿပီး သူ႔ရင္ဘတ္ေတြ ေအးခဲသြားသလိုပဲ မသိစိတ္ကေန သူ႔ခႏၶာကိုယ္ကို လက္နဲ႔ေပြ႕ပိုက္ကာထားမိတယ္။
တိတ္ဆိတ္သြားတဲ့ ေလထုထဲမွာ အႏၲရာယ္အေငြ႕သက္ေတြ ပ်ံ႕ႏွံ႔လာတယ္။ အခ်ိန္ဘယ္ေလာက္ၾကာသြားလဲမသိေပမယ့္ ႐ႊယ့္ကြၽယ္က႐ုတ္တရက္ သူ႔ကိုလႊတ္ေပးလိုက္ၿပီး အိပ္ယာ ကေနထကာ
"စိတ္မပူနဲ႔၊ငါက တျခားသူေတြကို အတင္းအၾကပ္ရယူဖို႔ စိတ္မဝင္စားဘူး"
လို႔ ေပါ့ေပါ့ပါးပါး ေျပာလိုက္တယ္။
ဇုခ်ီကုတင္ေပၚမွာ ေမာဟိုက္စြာ လွဲခ်လိုက္တယ္။ ဒီစကားၾကားေတာ့ သိသိသာသာပဲ သက္သာရာရသြားၿပီး အိပ္ယာကေနထဖို႔ လက္ႏွစ္ဖက္ ေထာက္လိုက္တယ္။
"မလႈပ္နဲ႔"
အေဝးကို ထြက္သြားတဲ့ ႐ႊယ့္ကြၽယ္ က ႐ုတ္တရက္ ေျပာလာတယ္။
အခုေလးတင္ ေျမာက္ဝင္႐ိုးစြန္းလို ေအးစက္ေနတဲ့ ႐ႊယ့္ကြၽယ္ရဲ႕ မ်က္လုံးေတြကို ေတြးမိၿပီး သူ႔အသက္ကို ျမတ္ႏိုးတဲ့ ဇု'သူရဲေဘာေၾကာင္' ခ်ီ က ခ်က္ခ်င္းပဲ ေတာင့္တင္းသြားၿပီး လႈပ္ေတာင္ မလႈပ္ရဲဘဲ အိပ္ယာ ေပၚမွာ ဆက္အိပ္ေနလိုက္တယ္။
႐ႊယ့္ကြၽယ္က ဗီ႐ိုကိုဖြင့္လိုက္ပုံရၿပီး ခနၾကာေတာ့ အဝတ္ရွာတဲ့ အသံကို ဇုခ်ီၾကားလိုက္ရတယ္။ ႐ႊယ္ကြၽယ္က ပုံမွန္အတိုင္း ျပန္လာတယ္။ အဝတ္အစားတခ်ိဳ႕ကို လက္ထဲတြင္ကိုင္ကာ ကုတင္ေဘးမွာမတ္တပ္ ရပ္ေနၿပီး ဇုခ်ီကို ငုံ႔ၾကည့္လိုက္တယ္။
"အဲ့ဒီ့အခ်ိန္တုန္းကသာ မင္းမွာျဖဴစင္တဲ့သိကၡာနည္းနည္းပါးပါးရွိခဲ့မယ္ဆိုရင္ ဒီေန႔လိုမ်ိဳး ငါတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ဒုကၡေပးေနစရာမလိုဘူး"
(ေဆးခတ္ခဲ့တဲ့ အခ်ိန္ဇုခ်ီမွာသိကၡာမရွိဘူးလို႔ ကြယ္ဝွက္ေျပာေနတာပါ)
႐ႊယ့္ကြၽယ္ရဲ႕ပါးစပ္ကေန ႐ြဲ႕ေစာင္းတဲ့ စကားေတြ ထြက္လာခဲ့တယ္
႐ႊယ့္ကြၽယ္ရဲ႕ အၾကည့္ေအာက္မွာ ဇုခ်ီတကယ္ပဲ ရွက္႐ြံ႕ နီျမန္းသြားရတယ္။သြားေတြကိုအံႀကိတ္လိုက္ၿပီး ဗိုက္ကိုဖုံးဖို႔ သူ႔ေဘးနားကစုတ္ၿပဲေနတဲ့အဝတ္ ေတြကိုဆြဲထုတ္လိုက္သည္။ စိတ္မသက္မသာျဖစ္သြားၿပီး
"ခင္ဗ်ားဘာလုပ္မွာလဲ"
လို႔ျပတ္ျပတ္သားသား ေမးသည္။
႐ႊယ့္ကြၽယ္ရဲ႕ ပါးစပ္က တျဖည္းျဖည္း ေကြးၫႊတ္သြားၿပီး
"ေနာက္က်ရင္ သိလိမ့္မယ္"
***
အိမ္ထိန္းနဲ႔တံခါးဝမွာေစာင့္ေနေသာ လက္ေထာက္ ေက်ာင့္ေရွာင္က အခန္းထဲကေန ဆူပူႀကိမ္းေမာင္းသံတခ်ိဳ႕ကို ေယာင္ဝါးဝါးၾကားလိုက္ရတယ္။ထို႔ျပင္ အသံေတြက ဥကၠဌ႐ႊယ္ရဲ႕အသံမဟုတ္ဘဲ တစ္ေယာက္ထဲေအာ္ဟစ္ေနတဲ့ ဇုခ်ီရဲ႕အသံျဖစ္ေနတယ္။
အိမ္ထိန္းေက်ာင္းက လက္ႏွစ္ဖက္ကို ေနာက္ပို႔ၿပီးအသံေတြကို မၾကားရသလို မ်က္လုံးေတြက အေရွ႕ကို ေငးၾကည့္ရင္း လ်စ္လ်ဴရႈထားတယ္။
ဒါေပမယ့္ ေက်ာင့္ေရွာင္ရဲ႕မ်က္ႏွာမွာေတာ့ စိုးရိမ္စိတ္ေတြနဲ႔ ျပည့္ႏွက္ေနၿပီး တစ္ခါတစ္ရံ ျပတင္းေပါက္ဆီ ေျပးသြားၿပီး ေစာင့္ၾကည့္ေပမယ့္ အခန္းထဲကေန လိုက္ကာေတြ ပိတ္ထားတာေၾကာင့္ ဘာမွ မျမင္ရ ျဖစ္ေနၿပီး တံခါးေရွ႕ကိုပဲ စိတ္ပ်က္စြာ ျပန္သြားရတယ္။
"ဦးေလး ေက်ာင္း"
ေက်ာင့္ေရွာင္က တုံ႔ဆိုင္းေနၿပီး
"ေစာေစာကအခန္းထဲဝင္ၿပီး အလွျပင္ ပစၥည္းေတြေပးခဲ့တယ္မလား? အထဲမွာ ဘယ္လိုအေျခအေနရွိလဲ။ ဥကၠဌ႐ႊယ္ ဘာမွမျဖစ္ဘူးမလား"
အိမ္ထိန္းေက်ာင္းက ေပါ့ေပါ့ပါးပါးပဲ
"ဥကၠဌ ႐ႊယ္က ဘာျဖစ္ႏိုင္မွာလဲ? မင္းစိုးရိမ္သင့္တဲ့လူက တျခားတစ္ေယာက္"
ေက်ာင့္ေရွာင္အံ့ၾသသြားၿပီး
"ဦးေလးေျပာခ်င္တာ မစၥတာဇု ?"
သူတို႔ႏွစ္ေယာက္ စကားမဆုံးေသးခင္မွာပဲ သူတို႔ေနာက္က တံခါးက ႐ုတ္တရက္ ပြင့္လာတယ္။ေက်ာင့္ေရွာင္ ကမန္းကတန္း လွည့္ၾကည့္လိုက္ၿပီး သူ႔ေရွ႕က ျမင္ကြင္းကို ျမင္လိုက္ရေတာ့ ခဏတာ လန႔္သြားၿပီး ရယ္တာကို မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး။
"ဘာရယ္တာလဲ! မိတ္ကပ္လိမ္းထားတဲ့သူကို မျမင္ဖူးဘူးလား..!"
ထိုအခ်ိန္မွာ ဇုခ်ီတစ္ကိုယ္လုံးဆူးေတြနဲ႔ျပည့္ေနတဲ့ ျဖဴေကာင္တစ္ေကာင္လို သူ႔ကိုစိတ္မခ်မ္းမသာျဖစ္ေစတဲ့သူတိုင္း ခ်က္ျခင္းထိုးပစ္လိုက္ဖို႔ အဆင္သင့္ျဖစ္ေနတယ္။
ဇုခ်ီက ႐ႊယ့္ကြၽယ္သူ႔ကို ဒီလိုနည္းနဲ႔ လက္တုံ႔ျပန္လိမ့္မယ္လို႔ တစ္ခါမွ မေတြးခဲ့ဖူးဘူး။ လြန္ခဲ့တဲ့ မိနစ္အနည္းငယ္က ႐ႊယ့္ကြၽယ္သူ႔ကို ေရခ်ိဳးခန္းထဲကို တြန္းထည့္ကာ မွန္ၾကည့္ခိုင္းတဲ့ အခ်ိန္မွာ ဇုခ်ီတုန္လႈပ္သြားၿပီး မ်က္ႏွာကိုအုပ္ရင္း တစ္ကိုယ္လုံးၿပိဳလဲလုနီးပါး ျဖစ္ခဲ့ရတယ္။
မွန္ထဲမွာ ျမင္ေနရတဲ့ ပါးစပ္တစ္ခုလုံး နီးပါးနီရဲေနၿပီး ဂ်ဳံမႈန႔္ျဖဴျဖဴေတြ ျဖဴးထားသလို မ်က္ႏွာနဲ႔ ဂ်ိဳကာေကာင္က ဘယ္သူႀကီးလဲ!!
ေသာက္က်ိဳးနည္း! ႐ႊယ့္ကြၽယ္သူ႔ကို စင္ေပၚမွာ သီခ်င္းဆိုခိုင္းေတာ့ မစီစဥ္ထားဘူး ဟုတ္တယ္မလား ?
သူလိမ္းခ်င္ေတာင္ ဒီေလာက္ထိလိမ္းေပးစရာမလိုဘူးေလ!႐ႊယ့္ကြၽယ္က ႐ိုး႐ိုးရွင္းရွင္း အေျဖာင့္ေကာင္ ေယာက္်ားတစ္ေယာက္သာဆိုရင္ မိတ္ကပ္လို အလွကုန္ေတြက လက္တစ္ကမ္းမွာ မရွိသင့္ဘူး ဟုတ္တယ္မလား?
အိုး မွားေနတယ္! အတိအက်ေျပာရရင္ ႐ႊယ့္ကြၽယ္ကို တစ္ဝက္ေလာက္ ေကြးေနတယ္လို႔ ေျပာလို႔ရတယ္......သူ(႐ႊယ့္ကြၽယ္)က အျပည့္အဝမေကြးေသးဘူးဆိုရင္ေတာင္ အလွကုန္ပစၥည္းေတြနဲ႔ ဟာသမလုပ္ဖို႔ ေတာင္းဆိုပါတယ္!သူမိတ္ကပ္လိမ္းေပးတဲ့ပုံစံက သူ႔(ဇုခ်ီ)ကိုသရဲတေစၦပုံစံလို ေျပာင္းသြားလုနီးပါးပဲ!
ေနာက္တစ္ခုရွိေသးတယ္။ အခုသူ႔(ဇုခ်ီ)ကို ပန္းေရာင္ရွပ္အက်ီနဲ႔ အျဖဴမည္း ေဘာင္းဘီကို ဘာလို႔ ဝတ္ခိုင္းထားတာလဲ? လည္ပင္းမွာလည္း အနီေရာင္ေတာက္ေတာက္ လည္ပတ္ ပတ္ေပးထားေသးတယ္။သူ႔ကိုယ္သူ စိတ္က်န္းမာေရးေဆး႐ုံကေန ထြက္ေျပးလာတဲ့သူလို႔ ေတြးမိလုနီးပါးပဲ။
ဒါေပမယ့္ ဇုခ်ီအေနနဲ႔ ႐ႊယ့္ကြၽယ္ကိုဆန႔္က်င္ဖို႔ အခြင့္ေရးမရွိေပ။ ျဖစ္စဥ္တစ္ခုလုံးမွာ ႐ႊယ့္ကြၽယ္က သူ႔(ဇုခ်ီ)ရဲ႕ေျခလက္ေတြကို ခ်ည္ထားတယ္ေလ! သူ႐ုန္းကန္ဖို႔ အခြင့္အေရးမရွိခဲ့ဘူး။
အဆုံးမွာေတာ့ ဇုခ်ီက ျငင္းဆန္ေနတာကို စြန႔္လႊတ္လိုက္ၿပီး ႐ႊယ့္ကြၽယ္ စိတ္တိုင္းက်ျပင္ဆင္ဖို႔ ခြင့္ျပဳလိုက္ေတာ့တယ္။
ဘာပဲေျပာေျပာမူလပိုင္ရွင္ရဲ႕ဂုဏ္သတင္းကေတာ့ အပ်က္သေဘာေဆာင္လာေတာ့မယ္။ ေနာက္ထပ္ အမည္းစက္တစ္ခုရလာမွာကို သူ ဂ႐ုမစိုက္ပါဘူး။ၿပီးေတာ့ ႐ႊယ့္ကြၽယ္ကမွ ျပည္တြင္းျပည္ပ အထက္တန္းစားအသိုင္းအဝိုင္းမွာ နာမည္ႀကီးတဲ့သူတစ္ေယာက္။သူ႔(႐ႊယ့္ကြၽယ္)နားကတစ္ေယာက္ေယာက္သာ မ်က္ႏွာပ်က္ခဲ့ရင္၊ ႐ႊယ္ကြၽယ္လည္း မ်က္ႏွာပ်က္သြားလိမ့္မယ္။
ဇုခ်ီတစ္ေယာက္ ပူေဖာင္းၿပီး ဆူးခြၽန္ေတြ ထြက္လာေတာ့မယ့္ ငါးပူတင္းအျဖစ္ေျပာင္းလုနီးပါးျဖစ္ေနတာကိုျမင္လိုက္ရေတာ့ ေက်ာင့္ေရွာင္က ခနခနၿပဳံးေနခဲ့ၿပီး မရယ္ဖို႔ ထိန္းထားေပမယ့္ ရံဖန္ရံခါ လႈပ္ေနတဲ့ သူ႔မ်က္ႏွာကသူ႔ခံစားခ်က္ေတြကို သစၥာေဖာက္ေနခဲ့တယ္။
႐ႊယ့္ကြၽယ္က ဇုခ်ီအနားမွာ ေအးေအးေဆးေဆး ရပ္ေနၿပီး
"ဦးေလး ေက်ာင္း ကားအဆင္သင့္ျဖစ္ၿပီလား"
"အဆင္သင့္ျဖစ္ပါၿပီ။"
အိမ္ထိန္းက အနည္းငယ္ ေခါင္းညိတ္ျပၿပီး 'ေက်းဇူးျပဳၿပီး' ဆိုတဲ့ အမူအယာလုပ္ကာ
"ယာဥ္ေမာင္းက အေရွ႕မွာ ေစာင့္ေနပါတယ္"
ဇုခ်ီက ေမွာင္မဲေနတဲ့ အမူရာနဲ႔ ႐ႊယ့္ကြၽယ္နဲ႔အတူ ကားေနာက္ခန္းထဲကို ဝင္လိုက္သည္။
ဒ႐ိုင္ဘာသည္ ကားကိုစတင္ေမာင္းႏွင္လိုက္ၿပီး အေကြ႕အေကာက္မ်ားၿပီး သစ္ပင္တန္းစီထားေသာက်ဥ္းေျမာင္းလွတဲ့လမ္းကိုျဖတ္ကာ တစ္ဖန္ေကြ႕လိုက္ၿပီး အပန္းေျဖစခန္းထဲကေန ျဖည္းညႇင္းစြာေမာင္းထြက္လာခဲ့သည္။
ဆင္ေျခဖုံးရပ္ကြက္ရွိ ေလထုအရည္အေသြးနဲ႔ ရႈခင္းက ၿမိဳ႕ထဲကထက္ မ်ားစြာသာလြန္တယ္။ ပတ္ပတ္လည္ကိုၾကည့္လိုက္ရင္ က်ယ္ဝန္းတဲ့လမ္းေတြရွိၿပီး ရံဖန္ရံခါမွသာ ကားအနည္းငယ္ ျဖတ္သြားေလ့ရွိတယ္။
ဇုခ်ီက ကားထဲမွာအလြန္ၿငီးေငြ႕ေနတာေၾကာင့္ ကားမွန္ရဲ႕သုံးပုံတစ္ပုံကို ဖြင့္လိုက္ရာ ေအးျမတဲ့ေလက ကားထဲကို ဝင္ေရာက္လာခဲ့သည္။ဇုခ်ီ ေက်ေက်နပ္နပ္ သက္ျပင္းခ်လိုက္ၿပီး ညစ္ေနတဲ့ စိတ္ေတြလည္း သက္သာရာရသြားတယ္။
ၾကည့္မေကာင္းေလာက္ေအာင္ ႐ုပ္ဆိုးေနတာပဲ။ အဲ့ေတာ့ ဘာျဖစ္ေသးလဲ? ဒီလိုရလဒ္က သူ(ဇုခ်ီ)လိုခ်င္တာမလား?
႐ႊယ့္ကြၽယ္ က သူ႔ကို ႐ြံမုန္းၿပီး ကန္ထုတ္ဖို႔ မေစာင့္ႏိုင္ေလာက္ေအာင္ ျဖစ္သြားဖို႔ ၾကည့္မေကာင္းေအာင္ေနရမယ္ဆိုရင္လည္း အဆင္ေျပပါတယ္။
ကိုယ့္ကိုယ္ကိုယ္ ႏွစ္သိမ့္မႈအမ်ားႀကီးလုပ္လိုက္ၿပီးဇုခ်ီရဲ႕မ်က္ႏွာက ခုနကေလာက္ ေဒါသထြက္ေနတာမ်ိဳးမရွိေတာ့ေပ။ ေအးျမတဲ့ေလကို ခံစားရင္း မ်က္လုံးေလးမွိတ္ကာ ကားျပတင္းေပါက္ကို မွီေနတဲ့ပုံက အစာဝသြားတဲ့ ေၾကာင္တစ္ေကာင္ႏွင့္တူေနတယ္။
တိတ္ဆိတ္ေနတဲ့ ဇုခ်ီက စြာေတးလန္ ဇုခ်ီထက္ အမ်ားႀကီး ပိုေကာင္းတယ္။ သူ႔မ်က္ေတာင္ေလးေတြက ရွည္လ်ားၿပီးေကြးၫႊတ္ေနတာေၾကာင့္ မ်က္ခြံေတြကို ေမွးခ်လိုက္တဲ့အခါ ေခ်ာေမြ႕ၿပီး ျဖဴစင္တဲ့မ်က္ႏွာမွာ အရိပ္ပါးတစ္ခု က်ေရာက္လာသည္။ႏႈတ္ခမ္းတစ္စုံက ျပည့္ဖူးေနၿပီးပန္းေရာင္ေဖ်ာ့ေဖ်ာ့သန္းေနတယ္။ ဆံပင္က သဘာဝအတိုင္း သစ္အယ္သီးအေရာင္ျဖစ္ၿပီး၊ တစ္ခ်က္တစ္ခ်က္ ၾကည့္လိုက္ရင္ ေသြးေႏွာ တစ္ေယာက္လိုပဲ.....။
ေသခ်ာတာေပါ့၊အဲ့ဒီလူက မိတ္ကပ္မလိမ္းခင္ ဇုခ်ီပဲ၊ အခုလိုမိတ္ကပ္လိမ္းထားတဲ့ပုံစံနဲ႔ ဇုခ်ီကေတာ့ ပီကင္းေအာ္ပရာ(Peking Opera) အဆိုေတာ္တစ္ေယာက္လို ႐ုပ္ရည္နဲ႔ လွပေနၿပီး သူ႔ကိုယ္သူတည္ၾကည္ခန႔္ညားတဲ့သူပါလို႔ေျပာလိုက္ရင္ ေသခ်ာေပါက္ ဟာသတစ္ခုျဖစ္သြားမွာ ။
႐ႊယ့္ကြၽယ္ ေခါင္းလွည့္လာၿပီး ငိုက္မ်ဥ္းေနတဲ့ ဇုခ်ီကို ခဏေလာက္ၾကည့္ၿပီး ေနာက္ၾကည့္မွန္ထဲကေန ယာဥ္ေမာင္းကို မ်က္လုံးမွိတ္ျပလိုက္တယ္။
ထို႔ေနာက္ ဇုခ်ီက ကားမွန္ျပတင္းေပါက္မတင္ခင္ တစ္မိနစ္ခန႔္သာ ေလေျပကို ခံစားလိုက္ရတယ္။
႐ုတ္တရက္ အႏိုးခံလိုက္ရတဲ့ ဇုခ်ီက ေဒါသတႀကီးနဲ႔ လွည့္ၿပီး
"ခင္ဗ်ား ဘာလို႔ ကားမွန္ကို ပိတ္လိုက္ရတာလဲ!"
႐ႊယ့္ကြၽယ္က အျပစ္ကင္းတဲ့ပုံစံနဲ႔ ပခုံးတြန႔္လိုက္ၿပီး
"ငါ့ေနရာကေန မင္းဘက္က ကားမွန္ကိုပိတ္ႏိုင္မယ္လို႔ထင္လား"
ဇုခ်ီက အေရွ႕ထိုင္ခုံမွာရွိေနတဲ့ ယာဥ္ေမာင္းကို စိုက္ၾကည့္လိုက္တယ္
"......"
ယာဥ္ေမာင္းမ်က္ႏွာေပၚမွာ ေခြၽးေအးေတြ ေရတံခြန္က်သလို ထြက္လာခဲ့တယ္။ ဒီအိုးကိုၾကည့္လိုက္ပါအုံး အေတာ္ေလး ႀကီးတဲ့ အိုးပဲ*
*(E/N : အိုး ဆိုတာ 'တျခားတစ္ေယာက္ကိုယ္စား အျပစ္ဖို႔ခံရတယ္' လို႔ ေျပာခ်င္တာပါ)
ဇုခ်ီျပန္အိပ္မရေတာ့ဘူး။ သူ႔ရဲ႕ ေဖာင္းကား ေနတဲ့ဗိုက္ကို ထိန္းၿပီး ထိုင္ခ်လိုက္ကာ ရင္ဘတ္ေပၚ လက္ႏွစ္ဖက္ တင္ထားလိုက္တယ္။ ခဏအၾကာမွာ သူ႔ေဘးနားမွာရွိေနတဲ့ ႐ႊယ့္ကြၽယ္က ထိုင္ခုံေနာက္မွီၿပီး အိပ္ေပ်ာ္သြားတာကို ႐ုတ္တရက္ ျမင္လိုက္ရတယ္။
ဇုခ်ီ : "......"
မ်ိဳးမစစ္ေကာင္!
တစ္နာရီၾကာၿပီးေနာက္၊ RMB အေငြ႕အသက္*ေတြ လႊမ္းၿခဳံထားတဲ့ ခမ္းနားတဲ့အဝတ္အစားဆိုင္တစ္ခုမွာ ကားရပ္သြားတယ္။ယာဥ္ေမာင္းက ကားေပၚကဆင္းၿပီး ကားေနာက္ခန္းတံခါးကိုဖြင့္လိုက္တယ္။
*(E/N- ရင္မင္းဘီ (Renminbi) - တ႐ုတ္ေငြေၾကး
တကယ့္အဆင့္ျမင့္ အထက္တန္းစားဆိုင္လို႔ေျပာခ်င္တာပါ)
ဇုခ်ီစိတ္ပိုင္းဆိုင္ရာ ျပင္ဆင္မႈ လုံလုံေလာက္ေလာက္ လုပ္ထားေပမယ့္ ဆိုင္ရဲ႕ေျပာင္လက္ေနတဲ့ တံခါးကို ျမင္လိုက္ရေတာ့ ႐ုတ္တရက္ ငုံးတစ္ေကာင္လို ေသးငယ္သြားသလို ခံစားလိုက္ရၿပီး ကားတံခါးကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ကာ အျပင္ထြက္ဖို႔ ျငင္းဆန္လိုက္တယ္ ။
႐ႊယ္ကြၽယ္က ရႈိးပြဲတစ္ခုလို အၿပဳံးမပ်က္ ၾကည့္ရင္း စကားလုံးအခ်ိဳ႕နဲ႔ ေလွာင္ေျပာင္ဖို႔မေမ့ဘဲ
"မင္းပဲဒီလိုဝတ္ရတာ ႀကိဳက္တယ္လို႔ ေျပာခဲ့တယ္မလား။ရွက္စရာေကာင္းတယ္လို႔ မင္းဘယ္လိုမ်ားေတြးႏိုင္ရတာလဲ"
ဇုခ်ီက
"ဒီဝတ္စုံကို ဘယ္သူက ႀကိဳက္တယ္လို႔ ေျပာလို႔လဲ။ဒီအဝတ္အစားေတြကို ႐ူးေနတဲ့လူပဲ ႀကိဳက္လိမ့္မယ္။ ဒါေတြက ငါ့ေအာက္ခံေဘာင္းဘီနဲ႔ေတာင္ ယွဥ္လို႔မရဘူး"
႐ႊယ့္ကြၽယ္ရဲ႕ ေကြးၫႊတ္ေနတဲ့ပါးစပ္ေထာင့္က ျပန္က်သြားၿပီ။ သူ႔အမူအရာက အနည္းငယ္ေအးစက္ေနတယ္ -
"ငါ့မ်က္လုံးထဲမွာ ဒီဝတ္စုံႏွစ္ခုၾကား ကြာျခားသြားတာ မရွိဘူး။မင္းႀကိဳက္ရင္ တစ္သက္လုံးဝတ္ထားလို႔ရတယ္"
ဇုခ်ီတိတ္ဆိတ္သြားရျပန္တယ္။
႐ႊယ့္ကြၽယ္ရဲ႕မွတ္ခ်က္ေတြက ေနာက္ေျပာင္ေနတာမဟုတ္ဘဲ သူေျပာတဲ့အတိုင္း တကယ္လုပ္လိမ့္မယ္ဆိုတာ ဇုခ်ီခံစားလို႔ရတယ္။
ဇုခ်ီရဲ႕အျမင္မွာ ႐ႊယ့္ကြၽယ္က ဆက္တင္ေတြထဲမွာ ခ်ိန္ညႇိထားတဲ့ စကၠဴေပၚက ဇာတ္ေကာင္တစ္ေယာက္လို႔သာ ထင္ခဲ့တာ။႐ႊယ့္ကြၽယ္ကို အေသြးအသားနဲ႔ သက္ရွိ လူသားတစ္ေယာက္လို ျဖစ္ေနလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး။ထိုသူရဲ႕ လုပ္ရပ္ေတြ၊ ဆုံးျဖတ္ခ်က္ေတြအျပင္ ကိုယ္ပိုင္အသြင္အျပင္၊ စိတ္ေနစိတ္ထားနဲ႔ စ႐ိုက္လကၡဏာေတြက စာအုပ္ထဲက စကားလုံးအနည္းငယ္နဲ႔ ေဖာ္ျပလို႔မရေပ။
ေရွ႕မတိုးသာ ေနာက္မဆုတ္သာ ျဖစ္ေနၿပီး ႐ႊယ့္ကြၽယ္ကအေပးအယူလုပ္လာခဲ့တယ္။အိမ္ထိန္းေက်ာင္း ျပင္ဆင္ထားတဲ့ တစ္သွ်ဴးအစို ကို ကားထဲယူၿပီး ဇုခ်ီ မ်က္ႏွာေပၚက မိတ္ကပ္ကို ဖ်က္ေပးဖို႔ ကားထဲကို ဝင္လိုက္တယ္။
႐ႊယ့္ကြၽယ္ကဘာပဲလုပ္လုပ္ ေလးေလးနက္နက္လုပ္ေလ့ရွိတယ္။ဇုခ်ီအတြက္ မိတ္ကပ္ဖ်က္ ေပးဖို႔ရင္ေတာင္ ဇုခ်ီရဲ႕ မ်က္ႏွာတစ္လက္မခ်င္းစီကို ဂ႐ုတစိုက္ဖ်က္ေပးေနတယ္။
သူတို႔ႏွစ္ေယာက္ မ်က္ႏွာခ်င္းထိလုနီးပါးျဖစ္ေနၿပီး ႐ႊယ့္ကြၽယ္ရဲ႕ေႏြးေထြးတဲ့ ဝင္သက္ထြက္သက္ အားလုံး ဇုခ်ီ မ်က္ႏွာေပၚကို ျဖတ္သန္းသြားတယ္။ ဇုခ်ီရွက္႐ြံ႕စြာနဲ႔ ႏႈတ္ခမ္းကို ဖြဖြဖိၿပီး ႐ႊယ့္ကြၽယ္ရဲ႕ မ်က္ႏွာ ေကာင္းေကာင္းႀကီး စိုက္ၾကည့္ ေနလိုက္တယ္။
စြဲမက္ဖြယ္ေကာင္းတဲ့ အမ်ိဳးသား ဇာတ္ပို႔ရဲ႕ အသြင္အျပင္က ေျပာစရာမလိုေအာင္ သဘာဝအတိုင္း ေခ်ာေမာေနခဲ့တယ္။သူ႔အသြင္အျပင္ေၾကာင့္ လူေတြ လွည့္ၾကည့္လာဖို႔ 200% ေသခ်ာေပမယ့္မ်က္ေမွာင္ၾကဳတ္ရတာကို သေဘာက်တဲ့ ႐ႊယ့္ကြၽယ္ေၾကာင့္ ေရွာင္သြားၾကတာမ်ားတယ္။
ဇုခ်ီေတြးေနတဲ့အခ်ိန္မွာ ႐ႊယ့္ကြၽယ္က ဇုခ်ီရဲ႕ မိတ္ကပ္ေတြ ကို အျမန္ဖယ္ရွားလိုက္တယ္။
"မင္းဘာေတြေတြးေနလဲ?"
႐ႊယ့္ကြၽယ္ ကသန႔္ရွင္းေရးလုပ္ရင္း ေမးလိုက္တယ္။
ဇုခ်ီသတိမထားမိလိုက္ဘဲ
"ကြၽန္ေတာ္ ေတြးေနတာ၊ ခင္ဗ်ားမိတ္ကပ္သင္တန္းမွာ စာရင္းေပးထားရင္ေရာ ဘယ္လိုလဲ?"
အနည္းဆုံးေတာ့ ေနာက္တစ္ခါက်ရင္ သူ႔ကိုပိုၾကည့္ေကာင္းေအာင္ လိမ္းေပးႏိုင္တာေပါ့။
႐ြယ့္ကြၽယ္ : "......."
Peking Opera Make up