Unicode
အခန်း-၃၀ မြင့်မြတ်သော ဓားပညာရှိ ဂူသင်္ချိုင်း၏သတင်း။
[ဇာတ်လမ်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် သေချာပေါက် ပြန်ဆွဲတင်ရမယ်...]
မိစ္ဆာဂိုဏ်း၊ မျက်ဝန်းကျွန်းဆွယ်။
သခင်ငယ်၏ နေအိမ်။
ညဥ့်နက်နေပြီဖြစ်သော်လည်း သခင်ငယ်၏ နေအိမ်ခန်းမသည် တောက်ပစွာ ထွန်းလင်းနေလေသည်။ ဂန္ဓမာခန်းမဆောင်၏ အကြီးအကဲသည် အခန်း အလယ်တွင် တုန်လှုပ်စွာရပ်နေ၏။ သူ့ခြေထောက် အောက်တွင်မူ ပိန်ပိန်သေးသေး ကောင်လေး တစ်ယောက်သည် တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်နေလေသည်။
ထိုကောင်လေးသည် အသက်ဆယ့်သုံး၊ ဆယ့်လေးနှစ် အရွယ်သာရှိသေးသည်။ စုယန်သည် ထိုကောင်လေး၏ လုပ်ရပ်ကိုပြန်တွေးပြီး သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲလုနီးပါး ဖြစ်နေလေ၏။
ဒါက ဘာသဘောလဲ? သူက ကလေးပဲရှိသေးတာလေ! ဒီအကြီးအကဲ... လူယုတ်မာအဘိုးကြီးက ကလေး တစ်ယောက်ကို သူ့အိပ်ယာပေါ်မှာ အစေခံဖို့ ဘယ်လိုစီစဉ်ပေးနိုင်ရတာလဲ?
စုယန်သည် အခန်း၏ခေါင်းရင်း ပင်မကုလားထိုင်တွင် ထိုင်ကာ လက်တစ်ဖက်ဖြင့် သူ့နဖူးကိုဖိထားပြီး ကျန်လက်တစ်ဖက်ဖြင့် တုန်တုန်ယင်ယင် ဒူးထောက်နေသည့်ကောင်လေးကို ညွှန်ပြလိုက်၏။
"လျန်ကျိုး.. သူ့ကို အဝတ်တစ်ထည်ပေးလိုက်အုံး။ ညဘက် အရမ်းအေးတယ်.. သူ့ကို အအေးမမိစေနဲ့"
(T/N: 莲 <လျန်> - ကြာ , 九 <ကျိုး> - ကိုး)
ကြာခန်းမဆောင်မှ အစေခံသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် အဝတ်တစ်ထည် ယူလာပြီး ကျွီနျန်အား လွှမ်းခြုံပေးလိုက်လေသည်။ ထို့နောက် ခေါင်းငုံ့ကာ နံဘေး၌ ရပ်နေလိုက်၏။
စုယန်က ဂန္ဓမာခန်းမဆောင် အကြီးအကဲကို မေးလိုက်သည်။
"ခင်ဗျားပြောချင်တာက လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကျုပ် မြေရိုင်းလွင်ပြင်ကနေထွက်သွားတဲ့အချိန် သူ့ကိုခေါ်လာတယ်ပေါ့လေ။ သူ့အပြင် နောက်ထပ် လူငယ်တော်တော်များများကိုလည်း ဖမ်းခေါ် လာခဲ့သေးတယ်ဟုတ်လား?"
ဂန္ဓမာခန်းမဆောင် အကြီးအကဲက ခေါင်းငုံ့ကာ လေးလေးစားစား ပြန်ဖြေ၏။
"ဟုတ်ပါတယ်။ သခင်ငယ် အဲဒီတုန်းက ခရီးထွက်ပြီး ကျားနှင်းပန်းခန်းမဆောင်မှာ ပြုစုပျိုးထောင်ဖို့ အလှလေးတွေအများကြီးကို ခေါ်လာခဲ့တယ်လေ။ အခု သခင်ငယ်လေးရဲ့ ကျင့်ကြံမှုမှာ အောင်မြင်မှုတွေလည်း ရနေပြီ.. နောက်နှစ်ဆို သရဖူဆောင်းတဲ့အရွယ်လည်း ရောက်ပြီဆိုတော့ သခင်ငယ်လေးအတွက် အိပ်ယာ အစေခံထားဖို့ အချိန်တန်ပြီလို့ ကျုပ်တွေးမိခဲ့တယ်။
ဒါကြောင့် သခင်ငယ်လေး ကျောက်စိမ်းအိမ်တော်ထဲ ဝင်နေတဲ့ နှစ်နှစ်အတွင်း နူးညံ့သိမ်မွေ့ပြီး သင့်လျော် လျောက်ပတ်တဲ့ နှစ်ယောက်ကို ကျုပ်ရွေးချယ်ခဲ့တာပါ.. အဲဒါကြောင့် သူတို့က... "
စုယန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အကြီးအကဲ၏စကားကို ရပ်တန့်လိုက်လေသည်။ ထို့နောက် သူက မှုန်ကုပ်စွာဖြင့် မေးလိုက်၏။
"ကျားနှင်းပန်းခန်းမဆောင်? အဲဒီမှာ ဘယ်နှစ်ယောက်လောက်ရှိလဲ... အကုန်လုံးက ဒီအသက်အရွယ်တွေပဲလား?"
ဂန္ဓမာခန်းမဆောင် အကြီးအကဲက ပြုံးလျက်ပြောသည်။
"အိုး! သခင်ငယ်လေးက မေ့ပျောက်လွယ်တယ်ဆိုတာ ကျုပ်သတိမထားမိခဲ့ဘူး"
ထို့နောက်သူသည် ကျားနှင်းပန်းခန်းမဆောင်၏ လုပ်ဆောင်ချက်တွေအကြောင်း စုယန်အား စတင်ရှင်းပြတော့သည်။
ဂန္ဓမာခန်းမဆောင် အကြီးအကဲ၏ ရှင်းလင်းချက်ကို နားထောင်ပြီးနောက် စုယန်သည် ကျားနှင်းပန်း ခန်းမဆောင်ကို မိစ္ဆာဂိုဏ်း၏သခင်ငယ်ဖြစ်သော သူကိုယ်တိုင်မှ တည်ထောင်ထားကြောင်း နောက်ဆုံးတွင် နားလည်သွားတော့သည်။ ၎င်းသည် သူ့နေထိုင်ရာနှင့် မနီးမဝေးတွင်တည်ရှိပြီး ဂန္ဓမာ ခန်းမဆောင်၏ စီမံခန့်ခွဲမှုအောက်တွင် ရှိလေသည်။
ထို့အပြင် သခင်ငယ်သည် အမျိုးသားများ အထူးသဖြင့်
မရင့်ကျက်သေးသည့် လှပသောယောက်ျားလေးများကို နှစ်သက်လေသည်။ သူပြန်ပေးဆွဲခဲ့သော သို့မဟုတ် ဖမ်းဆီးခေါ်ဆောင်ခဲ့သောလူအားလုံးမှာ အသက် ဆယ့်နှစ်နှစ်မှ ဆယ့်ခြောက်နှစ်ကြား ယောက်ျားလေး များသာ ဖြစ်ချေသည်။
နှစ်နှစ်ကြာပြီးနောက် ထိုကလေးများမှာ အရွယ်ရောက် လာကြ၏။ သခင်ငယ်လေးက အသက်ကြီးသူများကို မကြိုက်မှာစိုးသောကြောင် ဂန္ဓမာခန်းမဆောင် အကြီးအကဲသည် သခင်ငယ်လေးအား အစေခံရန် ပို၍ရင့်ကျက်သော ယောက်ျားလေးများကို မရွေးချယ်ခဲ့ပေ။ သူသည် အငယ်ဆုံးဖြစ်သော ကျွီနျန်ကိုသာ တာဝန်ပေးအပ်ခဲ့လေ၏။
စုယန်သည် နာကျင်ကိုက်ခဲနေသောခေါင်းကို ဖိနှိပ်လိုက်ပြီး 'ဇာတ်ကောင်အတိုင်းနေ.. ဇာတ်ကောင်အတိုင်းနေ'ဟူသော စကားလုံးအား ထပ်တလဲလဲရေရွတ်ရင်း ကိုယ့်ကိုကိုယ် ချုပ်တည်းလိုက်လေသည်။
ဇာတ်ညွှန်းမှာ ဘာပြဿနာရှိနေတာလဲ? မိစ္ဆာဂိုဏ်းရဲ့ သခင်ငယ်က ယောက်ျားတွေကိုကြိုက်တယ်လို့ တစ်ခါမှ မပြောခဲ့ဖူးပါဘူး!
မူရင်းဝတ္ထုမှာ ဖော်ပြထားတယ်ဆိုရင်တောင် အွန်လိုင်းဒရမ်မာ ဇာတ်ညွှန်းရေးသူတွေက အားလုံးကို တည်းဖြတ်ပစ်မှာ သေချာသည်။ မဟုတ်ပါက ဇာတ်ညွှန်းသည် စာပေစိစစ်ရေးကို မကျော်လွှားနိုင်ပေ။ သခင်ငယ်၏ အချို့သော အကျင့်စရိုက်များကို ပြန်တွေးကြည့်ပါက သူ့တွင် ယောက်ျားလေးများနှင့် ပရောပရည်လုပ်သည့် အခန်းအနည်းငယ် ပါဝင်သော်လည်း သိပ်ထင်ထင်ရှားရှား မရှိပါချေ။
နောက်ဆုံးတော့ သူသည် ဇာတ်ပို့တစ်ယောက်သာ ဖြစ်ချေသည်။ ဇာတ်ပို့တစ်ယောက်ရဲ့ လိင်စိတ်ကို မည်သူကဂရုစိုက်မည်နည်း?
စုယန်သည် ခေါင်းကိုက်ခြင်းကို ခံစားနေရပြန်သည်။
သူသည် အနည်းငယ်ဆရာကျသော သရုပ်ဆောင်တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး ဗီလိန်ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ရာတွင်လည်း ချို့ယွင်းချက်မရှိပေ။ သို့ရာတွင် စုယန်သည် သူ၏သုံးဖက်မြင်ဝါဒကြောင့် ဤအရာမျိုးကို လက်သင့်မခံနိုင်ပါချေ။
အနှီကောင်လေးများအား ဖမ်းဆီးမှုသည် ယခင်က
မူလပိုင်ရှင် ပြုလုပ်ခဲ့ခြင်းသာဖြစ်သည်။ သူ့ရဲ့ကျင့်ကြံမှူ ကန့်သတ်ချက်ကြောင့် ထိုကလေးများအား ထိတွေ့ဖို့ အချိန်မရခဲ့သော်လည်း ထိုကလေးများသည် သူတို့၏ မိသားစုနှင့်ဝေးရာသို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်း ဖြစ်သောကြောင့် သူတို့အား လျစ်လျူရှုထား၍မရပေ။
ကံကောင်းထောက်မစွာ မိစ္ဆာဂိုဏ်း၏ အတွင်းရေး ကိစ္စများသည် ဇာတ်ညွှန်း၌မပါဝင်ခဲ့ပါချေ။ ဂိုဏ်းအတွင်း မည်မျှပင် ပုံပျက်နေပါစေ အဓိက ဇာတ်ကြောင်းကိုတော့ မထိခိုက်စေနိုင်ပါ။ ထိုကိစ္စများကို သူကိုယ်တိုင် ထိန်းချုပ်လိုက်နိုင်သည်။
စုယန်သည် စိတ်ကိုငြိမ်အောင်ထားပြီးနောက် တည်တံ့သော မျက်နှာထားဖြင့် ဆိုလေသည်။
"ဒီသခင်ငယ်က သူတို့ကို မကြိုက်တော့ဘူး.. သူတို့ရဲ့ အိမ်တွေကိုစုံစမ်းပြီး နစ်နာကြေးအချိုနဲ့အတူ ပြန်ပို့လိုက်တော့"
ဂန္ဓမာခန်းမဆောင် အကြီးအကဲမှာ အံ့သြသွားရ၏။
"သခင်ငယ်လေး.. ဒါတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး!"
စုယန်က စိတ်မရှည်စွာ ဆိုသည်။
"ဘာက မဖြစ်နိုင်တာလဲ? သူတို့က အတင်းအဓမ္မ ခေါ်လာခံခဲ့ရတာဆိုတော့ အိမ်ပြန်ချင်နေကြမှာပဲလေ။ ပြန်လွှတ်လိုက်တာ မကောင်းဘူးလား"
ဂန္ဓမာခန်းမဆောင် အကြီးအကဲသည် ရှုပ်ထွေးသော အမူအရာဖြင့် ခါးသက်စွာ ပြောလေသည်။
"ဒါက.. သခင်ငယ်လေး.. သူတို့ဂိုဏ်းကို စရောက်တုန်းကတော့ သဘာဝကျစွာပဲ ကျုပ်ရဲ့ လက်အောက်မှာ လေ့ကျင့်ဖို့ကို ငြင်းဆန်ကြတယ်။ ဒါပေမယ့်လည်း ကျုပ်တို့ ဂန္ဓမာခန်းမဆောင်က သခင်ငယ်လေးနဲ့ ဂိုဏ်းချုပ်အတွက် ဒီအရုပ်လေးတွေကို လေ့ကျင့်ပေးဖို့ တာဝန်ရှိတယ်လေ။ ဒါကြောင့် သူတို့တွေက မရေမတွက်နိုင်တဲ့ ဒုက္ခတွေကို ကြုံတွေ့ခဲ့ရပြီး အဲဒီအတွက်လည်း ကျုပ်တို့ဂိုဏ်းအပေါ် အငြှိုးအာဃာတတွေ ထားနေမှာပဲ။ သူတို့တွေကိုသာ ပြန်လွှတ်လိုက်မယ်ဆိုရင် နောင်အနာဂတ်မှာ ကျုပ်တို့ ဂိုဏ်းအတွက် အန္တရာယ်ဖြစ်စေမှာကို စိုးရိမ်မိပါတယ်"
ထို့နောက် သူက အံကြိတ်ကာ ဆယ်ပြောသည်။
"သခင်ငယ်လေးက သူတို့ကို မကြိုက်တော့ဘူးဆိုရင် အားလုံးကို သတ်ပစ်လိုက်တာ ပိုကောင်းမယ်လို့ ထင်တယ်။ အဲဒါက အဆင်အပြေဆုံးပဲ"
ထိုစကားကိုကြားသောအခါ စုယန်၏ ဦးရေပြား တစ်ခုလုံး ထုံကျင်သွားလေ၏။ သူက စိတ်မရှည် ဟန်ဆောင်ပြီး လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။
"ကျုပ်တို့ရဲ့ ယင်ထန်နတ်ဂိုဏ်းက လူငယ်လေးတချို့ကို ဘာလို့ကြောက်နေရမှာလဲ။ ကျုပ် သူတို့ကိုလွှတ်ပေးဖို့
အမိန့်ပေးတယ်။ အမိန့်အတိုင်း လိုက်နာကြ... သူတို့ကို သတ်ခွင့်မရှိဘူး!"
ဂန္ဓမာခန်းမဆောင် အကြီးအကဲက ဆက်လက် ဖြားယောင်းရန် ကြိုးစားလိုက်သည်။
"ဒါပေမယ့်... သခင်ငယ်.."
စုယန်သည် စူးစူးရဲရဲကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
"ခင်ဗျားက သခင်ငယ်လား.. ကျုပ်က သခင်ငယ်လား? ကျုပ်ရဲ့အမိန့်ကို မလိုက်နာဘူးဆိုရင် ခင်ဗျား အကြီးအကဲ တစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်စရာ မလိုတော့ဘူးလို့ထင်တယ်!"
ဂန္ဓမာခန်းမဆောင် အကြီးအကဲသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး စုယန်၏အမိန့်ကို လက်ခံရုံမှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။
သူသည် မြေပြင်ပေါ်တွင်ဝပ်နေသော ကျွီနျန်အား တိုးတိုးလေး ကပ်ပြောလိုက်၏။ ကျွီနျန်သည် တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်လိုက်ပြီး အကြီးအကဲနောက်သို့ လိုက်သွားတော့သည်။
အပြင်မထွက်ခင်တွင် ကျွီနျန်သည် ရဲတင်းစွာဖြင့် နောက်သို့ ပြန်လှည့်ကြည့်လိုက်၏။ သူသည် စုယန် ပင်မကုလားထိုင်မှထသွားပြီး သမ်းဝေကာ အိပ်ခန်းဆီသို့ ပြန်သွားသည်ကို မြင်လိုက်ရသည်။
ကျွီနျန်သည် နှုတ်ခမ်းကိုကိုက်လိုက်ပြီး အဝတ်ဖြင့် သူ့ကိုယ်သူ တင်းကျပ်စွာ ထုတ်ပိုးလိုက်သည်။ သူ၏မျက်လုံးများမှာမူ လှိုင်းထန်သော သမုဒ္ဒရာကဲ့သို့ ကြောက်စရာကောင်းနေ၏။
စုယန် အိပ်ခန်းထဲသို့ ပြန်ရောက်သောအခါ လျန်ကျိုးသည် နောက်ထပ် စေခိုင်းချင်တာရှိမရှိ လာရောက်စစ်ဆေးလေသည်။ စုယန်က သူ့ကို ပြန်လွှတ်လိုက်ပြီး မီးမှုတ်ကာ အိပ်ယာပေါ်သို့ ပြန်တက်လိုက်လေ၏။
သူသည် စေ့စပ်သေချာသူ မဟုတ်သော်လည်း မိုက်မဲသူတော့ မဟုတ်ပါချေ။ အနှီကောင်လေးများအား ပြန်လွှတ်လိုက်ခြင်းသည် မိစ္ဆာဂိုဏ်းအတွက် ကောင်းသောအရာမဟုတ်မှန်း သူသေချာသိသည်။
သို့သော်... ဇာတ်လမ်းဇာတ်ကြောင်းအရ ကုဖေးတိသည် နှစ်နှစ်အတွင်း ဖြောင့်မတ်သော ဂိုဏ်းများကိုစုစည်းကာ နတ်ဆိုးမြို့တော်သို့ ဝင်ရောက်ပြီး မိစ္ဆာဂိုဏ်းကိုသုတ်သင်မည်ဖြစ်သည်။ ဤဖမ်းဆီးခံရသော ကလေးများအား မခေါ်ဆောင် ခဲ့လျှင်တောင် မိစ္ဆာဂိုဏ်းသည် ထိုဝန်းရံတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ယခုအချိန်မှာ သူတို့ကို လွှတ်ပေးလိုက်ခြင်းသည် ပိုကောင်းလိမ့်ပေမည်။ ထိုသို့လုပ်ခြင်းဖြင့် သူတို့ရဲ့ အသက်တွေကိုလည်း ကယ်တင်ပေးနိုင်မည်ဖြစ်၏။
ဤအရာသည် စိတ်ကူးယဉ်ကမ္ဘာတစ်ခုမျှသာ ဖြစ်ကြောင်း သူသိသော်လည်း သူသည် ဤနေရာ၌ နှစ်နှစ်ကြာမျှနေခဲ့ပြီးဖြစ်၍ ၎င်းအပေါ် စိတ်ခံစားချက် အနည်းငယ် ဖြစ်တည်လာခဲ့သည်။
ကုဖေးတိ၊ ဖန်ရှီ၊ ရွှီယွင်ကျန်း.. ကျောက်စိမ်းအိမ်တော်မှ ရှစ်ရှုံးနှင့် ရှစ်ကျဲများ.. သည့်အပြင် ဇာတ်ညွှန်းရှိ အမည်မပါရှိသော အခြားသောဇာတ်ကောင်များ အတွက်မူ ဤကမ္ဘာသည် အစစ်အမှန်ပင် ဖြစ်ချေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ရဲ့အသက်ကို ကယ်တင်ပေးနိုင်လျှင် ပိုကောင်းပေလိမ့်မည်။
ထိုသို့တွေးရင်း စုယန်သည် စောင်ထဲသို့တိုးဝင်လိုက်ပြီး သက်ပြင်းချကာ မျက်လုံးများကို မှိတ်လိုက်တော့သည်။
ထိုနေ့ည၌ စုယန်သည် အိပ်မက်ထဲ၌ နစ်မြုပ်နေခဲ့သည်။
စစချင်း သူသည် ဇာတ်ညွှန်း၏ပြင်ပအရာများကို အိပ်မက်မက်ခဲ့သည်။ နောက်တော့ သူသည် ကမ္ဘာ အစစ်အမှန်သို့ ပြန်ရောက်သွားပုံရ၏။ သူ ကမ်းခြေကို ခရီးထွက်ခဲ့ပြီး မမျှော်လင့်ဘဲ ကုဖေးတိတို့အဖွဲ့နှင့်
တွေ့ဆုံခဲ့ရသည်။ ထို့နောက် ကုဖေးတိက သူ့အား ရေကူးပြိုင်ရန် စိန်ခေါ်လေသည်။
သူတို့နှစ်ယောက် ရေကူးပြိုင်နေရင်း ကုဖေးတိသည် ရေဝဲဂယက်ထဲသို့ ဆွဲချခံရလုနီးပါး ဖြစ်သွားရသည်။ စုယန်သည် ချက်ချင်းဆိုသလို သူ့ကိုကယ်တင်ရန် ကြိုးစားခဲ့သောလည်း အကြောင်းတစ်ခုခုကြောင့် သူသည် မည်သည့်ခွန်အားကိုမျှ အသုံးမချနိုင်ဘဲ နောက်ဆုံးတွင် ကုဖေးတိနှင့်အတူ ရေစီးကြောင်းထဲသို့ မျောပါသွားတော့လေသည်...
အဲဒီနောက်တွင် မသဲကွဲသော အိပ်မက်အပိုင်းအစများစွာ မက်ခဲ့လေသည်။
တစ်စုံတစ်ယောက်က သူ့ကိုပွေ့ဖက်ထားပြီး သူ့နဖူးနဲ့ လက်ကောက်ဝတ်ကို အထပ်ထပ်အခါခါ စမ်းသပ်ကာ သူ့နားထဲကိုလည်း မသဲကွဲသည့်စကားတချို့ တီးတိုးပြောနေပုံရသည်။ နောက်ပိုင်းတွင် ထိုလူသည် သူ့အား ကျောပေါ်တင်ကာ နှင်းဖုံးနေသည့် တောင်ပေါ်သို့ တက်ခဲ့လေ၏။
နှင်းဖုံးနေသည့်တောင်ပေါ်ရှိ ဆိုးရွားသော အအေးဓာတ်သည် ရိုးတွင်းခြင်ဆီအထိ ထိုးဖောက် ဝင်ရောက်လာပြီး စိတ်ဝိညာဥ်ကိုပင် အေးခဲသွား စေသည်။ သို့ရာတွင် ထိုလူသား၏ကျောပြင်သည် နွေးထွေးနေပြီး သူ့ခန္ဓာကိုယ်မှ အဆက်မပြတ် စီးဆင်းနေသော အပူလှိုင်းများက စုယန်အား လွန်စွာ သက်တောင့်သက်သာဖြစ်စေ၏။
ထို့ကြောင့် စုယန်သည် ထိုလူသား၏ ကျောပြင်ပေါ်တွင် ငြိမ်သက်စွာလှဲလျောင်းကာ သူသွားလေရာကို သယ်ဆောင်သွားခွင့် ပြုထားလေသည်..။
ပြတင်းပေါက်အပြင်ဘက်မှ နူးညံ့ကြည်လင်သော ငှက်ကလေး၏တေးကြူသံ ထွက်ပေါ်လာ၏။
စုယန်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက် ပြီးနောက် တစ်စုံတစ်ခုကို သတိထားမိသွားကာ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူထထိုင်လိုက်ပြီး စောင်ကို မ,လိုက်သောအခါ သူ၏စိုစွတ်နေသော အတွင်းခံကို မြင်လိုက်ရလေ၏။
စုယန် "......"
မနေ့ညက အဲဒီကလေးတွေနဲ့ပတ်သတ်ပြီး သူ မသင့်တော်တာ ဘာမှမမက်ခဲ့ဘူးလေ! သူ့ခန္ဓာကိုယ်က အရမ်းကို တုံ့ပြန်လွယ်လွန်းနေတာမဟုတ်လား? မဟုတ်သေးဘူး.. ယောက်ျားလေးတွေက ဒီအရွယ်မှာ အရမ်းတက်ကြွပြီး အားအင်တွေပြည့်နေတာဆိုတော့...
အမှန်ပဲ.. ဒါ သူ့အမှားမဟုတ်ဘူး။
စုယန်သည် ဒေါသတကြီးဖြင့် သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်၏။
တစ်စုံတစ်ယောက်အား အပြစ်တင်ရမည်ဆိုလျှင် ထိုယုတ်မာပြီး မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေသော ဂန္ဓမာခန်းမဆောင် အကြီးအကဲကိုသာ အပြစ်တင်ရပေမည်။
.......
မိစ္ဆာဂိုဏ်း၏ အမူအကျင့်များသည် အဆင့်အမြင့်ဆုံးမှ အနိမ့်ဆုံးဂိုဏ်းသားများအထိ စုယန်၏ အခြေခံ မူများနှင့် မကိုက်ညီသော်လည်း အနည်းဆုံးတော့ သူတို့၏တာဝန်များကို လုပ်ဆောင်ရာတွင် အလွန်ထိရောက်ပေသည်။
သုံးရက်အကြာတွင် ကျားနှင်းပန်းခန်းမဆောင်၌ ထိန်းသိမ်းခံထားရသော လူငယ်လေးများအား အလယ်ပိုင်းလွင်ပြင် သိုင်းလောကနယ်ပယ်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်လေသည်။
ထို့နောက် စုယန်သည် ဂန္ဓမာခန်းမဆောင် အကြီးအကဲကို ထပ်မံခေါ်ယူခဲ့ပြီး မျက်ဝန်းကျွန်းဆွယ်ရှိ ဂန္ဓမာခန်းမဆောင်၏ ခန်းမအခွဲအားလုံးကိုပိတ်ရန် အမိန့်ပေးခဲ့သည်။ ဂန္ဓမာခန်းမဆောင် အကြီးအကဲသည် ယခုအကြိမ်၌ ညွှန်ကြားချက်ကို ဆန့်ကျင်ရန် မကြိုးစားခဲ့ပေ။ သူသည် အမိန့်ကို တိတ်တဆိတ် လိုက်နာခဲ့ပြီး မျက်ဝန်းကျွန်းဆွယ်ရှိ ခန်းမအခွဲ အားလုံးကို လျင်မြန်စွာ ရှင်းလင်းပစ်ခဲ့သည်။
နောက်ဆုံး၌ စုယန်သည် ကျောက်စိမ်းအိမ်တော်တွင် ရှိနေတုန်းကကဲ့သို့ တိတ်ဆိတ်ငြိမ်သက်မှုမျိုးကို ပြန်လည်ရရှိခဲ့ပြီး သူ၏နေ့ရက်များကို ပြန်လည်စတင် ခဲ့လေသည်။ သူသည် နံနက်စောစောအချိန်၌ ဓားရေး လေ့ကျင့်ပြီး နေ့လယ်စာမစားမီ ဂိုဏ်းအရေးကိစ္စများကို ဆွေးနွေးကာ နေ့လယ်ပိုင်းတွင် အခြားသောသိုင်းပညာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ညနေခင်းတွင်မူ ဇီးခန်းမဆောင်သို့ သွားရောက်ပြီး သူနှင့်အတူ လေ့ကျင့်နိုင်မည့် တစ်စုံတစ်ဦးကို ရှာဖွေခဲ့သည်။
ဤသို့ဖြင့် သိုင်းပညာကို နှစ်လကြာအောင် ရူးသွပ်စွာ လေ့ကျင့်ခဲ့ပြီး နောက်ဆုံးတွင် သစ်ခွခန်းမဆောင်မှ ထောက်လှမ်းရေး သူလျှိုတစ်ဦးသည် စုယန်ဆီသို့ သတင်းအချက်အလက်တစ်ခု ပေးပို့ကာ သူ၏ အေးချမ်းသာယာသောဘဝကို အနှောင့်အယှက် ပေးတော့လေ၏။
သို့သော်လည်း ဤသည်မှာ စုယန် စောင့်မျှော်နေသည့် သတင်းသာ ဖြစ်ချေသည်။
မကြာသေးမီအချိန်က သိုင်းလောကတခွင်တွင် ကောလဟာလတစ်ခု ပေါက်ကြားခဲ့လေသည်။ ၎င်းမှာ လွန်ခဲ့သော နှစ်တစ်ရာက ဓားပညာရှိတစ်ဦးဖြစ်သည့် ပိုင်ကျင်းဟုန်သည် တပည့်တစ်ဦးကို လက်ခံခဲ့ဖူးသည် ဟူ၍ဖြစ်သည်။
သူ၏တပည့်ဖြစ်သူသည် ယခုအချိန်၌ သေမင်း တံခါးဝသို့ ရောက်နေပြီဖြစ်ပြီး မြေရိုင်းလွင်ပြင်၏ လျှို့ဝှက်နေရာတစ်ခုတွင် ဓားပညာရှိ၏ဂူသင်္ချိုင်း တည်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့လေသည်။ ဒဏ္ဍာရီအရ ပိုင်ကျင်းဟုန်၏ ဂူသင်္ချိုင်းအတွင်း၌ မည်သူကိုမျှ မပေးအပ်ခဲ့ဖူးသော ဓားပညာ အမွေအနှစ်များအပါအဝင် သူ့ဘဝတစ်လျှောက်လုံး တီထွင်ဖန်တီးခဲ့သည့် လက်ရာမြောက်သော သိုင်းပညာများစွာ ရှိသည်ဟုဆိုသည်။
ထိုသတင်းထွက်ပြီးသည်နှင့် သိုင်းပညာအသိုင်းအ၀ိုင်းမှာ လှုပ်လှုပ်ရွရွဖြစ်လာကြ၏။ အလယ်ပိုင်းလွင်ပြင်မှ မြေရိုင်းလွင်ပြင်ဆီသို့ သွားရာလမ်းကြောင်းများတွင် ရထားလုံးများ၊ လှည်းများ၊ မြင်းများဖြင့် ရုတ်တရက် စည်ကားနေတော့သည်။
"သခင်ငယ်လေး.. ဒီကိစ္စက အရမ်းလေးနက်တယ်" ဇီးခန်းမဆောင် အကြီးအကဲက ဆိုလေ၏။
"မြေရိုင်းလွင်ပြင်မှာရှိတဲ့ ဓားပညာရှိဂူသင်္ချိုင်းရဲ့ နေရာအတိအကျကို မသိပေမယ့် အလယ်ပိုင်းလွင်ပြင် သိုင်းပညာအသိုင်းအဝန်းကလူတွေသာ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရှာဖွေမယ်ဆိုရင် ကျုပ်တို့ရဲ့ ဌာနချုပ်ကို ရှာတွေ့သွားနိုင်တယ်။ ကျုပ်တို့တတွေ သတိကြီးကြီး ထားမှဖြစ်မယ်!"
ထိုစကားကိုကြားသောအခါ စုယန် ခေါင်းညိတ်လိုက်သည်။
"ကျုပ်လည်း ဒီကိစ္စကို စဉ်းစားနေတာ။ နတ်ဆိုး မြို့တော်ကို ရှာတွေ့သွားစေမယ့်အစား ဓားပညာရှိ ဂူသင်္ချိုင်းကိုရှာဖို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်ရင် မကောင်းဘူးလား။ ကျုပ်တို့သာ ဓားပညာ အမွေအနှစ်တွေကို ရှာတွေ့မယ်ဆိုရင် ဂိုဏ်းအတွက် အများကြီးအကျိုးရှိလိမ့်မယ်။ ဒုတိယအနေနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း အချိန်နှင့်တပြေးညီ ထိန်းချုပ်နိုင်လိမ့်မယ်။ တကယ်လို့ သူတို့သာ နတ်ဆိုးမြို့တော်ကို ဦးတည်လာခဲ့မယ်ဆိုရင် လမ်းတစ်ဝက်မှာတင် ထိပ်တိုက်တွေ့ပြီး အရှုပ်အထွေး ဖန်တီးလိုက်နိုင်တယ်လေ"
ဇီးခန်းမဆောင် အကြီးအကဲက သူ့လက်သီးကို တင်းတင်းဆုပ်ကာ ပြောလေသည်။
"သခင်ငယ်က အရမ်းကို ပညာရှိပါပေတယ်!"
စုယန်က ကျေနပ်စွာ ရယ်မောလိုက်လေ၏။
"ဒါဆို အကြီးအကဲတွေက ဇီးခန်းမဆောင်ကနေ အထက်တန်းစား အဖွဲ့တစ်ဖွဲ့ကိုရွေးပြီး ကျုပ်ဆီ အပ်လိုက်။ ကျုပ်ကိုယ်တိုင်ဦးဆောင်ပြီး ဓားပညာရှိဂူသင်္ချိုင်းကို သွားရှာမယ်!"
ထိုစကားကိုကြားသောအခါ ဇီးခန်းမဆောင် အကြီးအကဲက ထိတ်လန့်သွားပြီး ချက်ချင်းပင် ကန့်ကွက်လေသည်။
"သခင်ငယ်လေး.. ကိုယ့်ကိုကိုယ် အန္တရာယ်တွင်းထဲ ဆွဲထည့်စရာမလိုပါဘူးဗျာ။ သခင်ငယ်လေးက ဂိုဏ်းထဲမှာနေပြီး အေးအေးဆေးဆေး ဗျူဟာခင်းပေးရုံပဲ.. ကိုယ်တိုင်ကိုယ်ကျ စွန့်စားစရာမလိုဘူး"
စုယန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒီကိစ္စက ပြေလည်သွားပြီ။ အကြီးအကဲက အဖွဲ့သားတွေကို ရွေးထားလိုက်တော့.. မနက်ဖြန်
ကျုပ် ခရီးစထွက်မယ်!"
ဇီးခန်းမဆောင် အကြီးအကဲ "....."
စုယန်သည် အကြီးအကဲများကို ခပ်ဖွဖွ ပြုံးပြလိုက်ပြီး
သူ၏မျက်လုံးထဲမှ သံသယဖြစ်ဖွယ်မရှိသော သတ္တိများကို ပြသလိုက်သည်။
ဘယ်သူက နောက်နေလို့လဲ? ငါဒီနေ့ကို စောင့်နေရတာ နှစ်လတောင် ရှိသွားပြီ။ ဂိုဏ်းရဲ့အတွင်းရေးကိစ္စတွေကို နှစ်လလောက် ဒုက္ခခံခဲ့ရတာ မလုံလောက်သေးလို့လား?
သူသည် ဇာတ်လမ်းဇာတ်ကြောင်းကို ရှေ့ဆက်ရန် ဤနေရာသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ မိစ္ဆာဂိုဏ်း၏ တန်ခိုးသြဇာကို ချဲ့ထွင်ရန် မဟုတ်ပါ။
ဒါပေါ့... ဇာတ်လိုက်ကုဖေးတိ ဘယ်သွားသွား
ငါ သူ့နောက်ကို လိုက်သွားမယ်။
ကုဖေးတိသည် ဝူလင်မဟာမိတ်ခေါင်းဆောင်၏ သားဖြစ်ပြီး ကျောက်စိမ်းအိမ်တော်၌ ပညာသင်ယူ ပြီးမြောက်ထားသူလည်းဖြစ်သည်။ သည့်အပြင် သူသည် ဓားကို အဓိက အသုံးပြုသူလည်းဖြစ်၏။ သူကိုယ်တိုင်ဆန္ဒရှိလို့ဖြစ်စေ ဂိုဏ်းမှ အတင်းအကြပ် ခိုင်းစေခြင်းကြောင့်ဖြစ်စေ သူသည် မြေရိုင်းလွင်ပြင်သို့ သေချာပေါက် ရောက်လာလိမ့်မည် ဖြစ်သည်။
ဇာတ်ကွက်၏ပထမပိုင်း ပြိုကျသွားသော်လည်း ဤအပိုင်းမှစပြီး ၎င်းကို လမ်းကြောင်းမှန်ပေါ်သို့ သေချာပေါက် ပြန်ဆွဲတင်သွားရမည် ဖြစ်ပေသည်။
_5.3.22
စာရေးဆရာမှာ ပြောစရာရှိပါတယ် :
စုယန် (ဝမ်းသာအားရ ထုပ်ပိုး) : ငါ့ခင်ပွန်းကို သွားတွေ့မယ်!
Thanks for reading ❣️
Zawgyi
အခန္း-၃၀ ျမင့္ျမတ္ေသာ ဓားပညာရွိ ဂူသခၤ်ိဳင္း၏သတင္း။
[ဇာတ္လမ္းကို လမ္းေၾကာင္းမွန္ေပၚေရာက္ေအာင္ ေသခ်ာေပါက္ ျပန္ဆြဲတင္ရမယ္...]
မိစာၦဂိုဏ္း၊ မ်က္ဝန္းကြၽန္းဆြယ္။
သခင္ငယ္၏ ေနအိမ္။
ညဥ့္နက္ေနၿပီျဖစ္ေသာ္လည္း သခင္ငယ္၏ ေနအိမ္ခန္းမသည္ ေတာက္ပစြာ ထြန္းလင္းေနေလသည္။ ဂႏၶမာခန္းမေဆာင္၏ အႀကီးအကဲသည္ အခန္း အလယ္တြင္ တုန္လႈပ္စြာရပ္ေန၏။ သူ႕ေျခေထာက္ ေအာက္တြင္မူ ပိန္ပိန္ေသးေသး ေကာင္ေလး တစ္ေယာက္သည္ တုန္တုန္ယင္ယင္ျဖင့္ ဒူးေထာက္ေနေလသည္။
ထိုေကာင္ေလးသည္ အသက္ဆယ့္သုံး၊ ဆယ့္ေလးႏွစ္ အ႐ြယ္သာရွိေသးသည္။ စုယန္သည္ ထိုေကာင္ေလး၏ လုပ္ရပ္ကိုျပန္ေတြးၿပီး သူ႕ေခါင္းတစ္ခုလုံး ေပါက္ကြဲလုနီးပါး ျဖစ္ေနေလ၏။
ဒါက ဘာသေဘာလဲ? သူက ကေလးပဲရွိေသးတာေလ! ဒီအႀကီးအကဲ... လူယုတ္မာအဘိုးႀကီးက ကေလး တစ္ေယာက္ကို သူ႕အိပ္ယာေပၚမွာ အေစခံဖို႔ ဘယ္လိုစီစဥ္ေပးနိုင္ရတာလဲ?
စုယန္သည္ အခန္း၏ေခါင္းရင္း ပင္မကုလားထိုင္တြင္ ထိုင္ကာ လက္တစ္ဖက္ျဖင့္ သူ႕နဖူးကိုဖိထားၿပီး က်န္လက္တစ္ဖက္ျဖင့္ တုန္တုန္ယင္ယင္ ဒူးေထာက္ေနသည့္ေကာင္ေလးကို ၫႊန္ျပလိုက္၏။
"လ်န္က်ိဳး.. သူ႕ကို အဝတ္တစ္ထည္ေပးလိုက္အုံး။ ညဘက္ အရမ္းေအးတယ္.. သူ႕ကို အေအးမမိေစနဲ႕"
(T/N: 莲 <လ်န္> - ၾကာ , 九 <က်ိဳး> - ကိုး)
ၾကာခန္းမေဆာင္မွ အေစခံသည္ ထိုစကားကို ၾကားေသာအခါ ခ်က္ခ်င္းပင္ အဝတ္တစ္ထည္ ယူလာၿပီး ကြၽီန်န္အား လႊမ္းၿခဳံေပးလိုက္ေလသည္။ ထို႔ေနာက္ ေခါင္းငုံ႕ကာ နံေဘး၌ ရပ္ေနလိုက္၏။
စုယန္က ဂႏၶမာခန္းမေဆာင္ အႀကီးအကဲကို ေမးလိုက္သည္။
"ခင္ဗ်ားေျပာခ်င္တာက လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းက က်ဳပ္ ေျမရိုင္းလြင္ျပင္ကေနထြက္သြားတဲ့အခ်ိန္ သူ႕ကိုေခၚလာတယ္ေပါ့ေလ။ သူ႕အျပင္ ေနာက္ထပ္ လူငယ္ေတာ္ေတာ္မ်ားမ်ားကိုလည္း ဖမ္းေခၚ လာခဲ့ေသးတယ္ဟုတ္လား?"
ဂႏၶမာခန္းမေဆာင္ အႀကီးအကဲက ေခါင္းငုံ႕ကာ ေလးေလးစားစား ျပန္ေျဖ၏။
"ဟုတ္ပါတယ္။ သခင္ငယ္ အဲဒီတုန္းက ခရီးထြက္ၿပီး က်ားႏွင္းပန္းခန္းမေဆာင္မွာ ျပဳစုပ်ိဳးေထာင္ဖို႔ အလွေလးေတြအမ်ားႀကီးကို ေခၚလာခဲ့တယ္ေလ။ အခု သခင္ငယ္ေလးရဲ႕ က်င့္ႀကံမႈမွာ ေအာင္ျမင္မႈေတြလည္း ရေနၿပီ.. ေနာက္ႏွစ္ဆို သရဖူေဆာင္းတဲ့အ႐ြယ္လည္း ေရာက္ၿပီဆိုေတာ့ သခင္ငယ္ေလးအတြက္ အိပ္ယာ အေစခံထားဖို႔ အခ်ိန္တန္ၿပီလို႔ က်ဳပ္ေတြးမိခဲ့တယ္။
ဒါေၾကာင့္ သခင္ငယ္ေလး ေက်ာက္စိမ္းအိမ္ေတာ္ထဲ ဝင္ေနတဲ့ ႏွစ္ႏွစ္အတြင္း ႏူးညံ့သိမ္ေမြ႕ၿပီး သင့္ေလ်ာ္ ေလ်ာက္ပတ္တဲ့ ႏွစ္ေယာက္ကို က်ဳပ္ေ႐ြးခ်ယ္ခဲ့တာပါ.. အဲဒါေၾကာင့္ သူတို႔က... "
စုယန္သည္ သူ႕လက္ကို ေဝွ႕ယမ္းလိုက္ၿပီး အႀကီးအကဲ၏စကားကို ရပ္တန႔္လိုက္ေလသည္။ ထို႔ေနာက္ သူက မႈန္ကုပ္စြာျဖင့္ ေမးလိုက္၏။
"က်ားႏွင္းပန္းခန္းမေဆာင္? အဲဒီမွာ ဘယ္ႏွစ္ေယာက္ေလာက္ရွိလဲ... အကုန္လုံးက ဒီအသက္အ႐ြယ္ေတြပဲလား?"
ဂႏၶမာခန္းမေဆာင္ အႀကီးအကဲက ၿပဳံးလ်က္ေျပာသည္။
"အိုး! သခင္ငယ္ေလးက ေမ့ေပ်ာက္လြယ္တယ္ဆိုတာ က်ဳပ္သတိမထားမိခဲ့ဘူး"
ထို႔ေနာက္သူသည္ က်ားႏွင္းပန္းခန္းမေဆာင္၏ လုပ္ေဆာင္ခ်က္ေတြအေၾကာင္း စုယန္အား စတင္ရွင္းျပေတာ့သည္။
ဂႏၶမာခန္းမေဆာင္ အႀကီးအကဲ၏ ရွင္းလင္းခ်က္ကို နားေထာင္ၿပီးေနာက္ စုယန္သည္ က်ားႏွင္းပန္း ခန္းမေဆာင္ကို မိစာၦဂိုဏ္း၏သခင္ငယ္ျဖစ္ေသာ သူကိုယ္တိုင္မွ တည္ေထာင္ထားေၾကာင္း ေနာက္ဆုံးတြင္ နားလည္သြားေတာ့သည္။ ၎သည္ သူ႕ေနထိုင္ရာႏွင့္ မနီးမေဝးတြင္တည္ရွိၿပီး ဂႏၶမာ ခန္းမေဆာင္၏ စီမံခန႔္ခြဲမႈေအာက္တြင္ ရွိေလသည္။
ထို႔အျပင္ သခင္ငယ္သည္ အမ်ိဳးသားမ်ား အထူးသျဖင့္
မရင့္က်က္ေသးသည့္ လွပေသာေယာက္်ားေလးမ်ားကို ႏွစ္သက္ေလသည္။ သူျပန္ေပးဆြဲခဲ့ေသာ သို႔မဟုတ္ ဖမ္းဆီးေခၚေဆာင္ခဲ့ေသာလူအားလုံးမွာ အသက္ ဆယ့္ႏွစ္ႏွစ္မွ ဆယ့္ေျခာက္ႏွစ္ၾကား ေယာက္်ားေလး မ်ားသာ ျဖစ္ေခ်သည္။
ႏွစ္ႏွစ္ၾကာၿပီးေနာက္ ထိုကေလးမ်ားမွာ အ႐ြယ္ေရာက္ လာၾက၏။ သခင္ငယ္ေလးက အသက္ႀကီးသူမ်ားကို မႀကိဳက္မွာစိုးေသာေၾကာင္ ဂႏၶမာခန္းမေဆာင္ အႀကီးအကဲသည္ သခင္ငယ္ေလးအား အေစခံရန္ ပို၍ရင့္က်က္ေသာ ေယာက္်ားေလးမ်ားကို မေ႐ြးခ်ယ္ခဲ့ေပ။ သူသည္ အငယ္ဆုံးျဖစ္ေသာ ကြၽီန်န္ကိုသာ တာဝန္ေပးအပ္ခဲ့ေလ၏။
စုယန္သည္ နာက်င္ကိုက္ခဲေနေသာေခါင္းကို ဖိႏွိပ္လိုက္ၿပီး 'ဇာတ္ေကာင္အတိုင္းေန.. ဇာတ္ေကာင္အတိုင္းေန'ဟူေသာ စကားလုံးအား ထပ္တလဲလဲေရ႐ြတ္ရင္း ကိုယ့္ကိုကိုယ္ ခ်ဳပ္တည္းလိုက္ေလသည္။
ဇာတ္ၫႊန္းမွာ ဘာျပႆနာရွိေနတာလဲ? မိစာၦဂိုဏ္းရဲ႕ သခင္ငယ္က ေယာက္်ားေတြကိုႀကိဳက္တယ္လို႔ တစ္ခါမွ မေျပာခဲ့ဖူးပါဘူး!
မူရင္းဝတၳဳမွာ ေဖာ္ျပထားတယ္ဆိုရင္ေတာင္ အြန္လိုင္းဒရမ္မာ ဇာတ္ၫႊန္းေရးသူေတြက အားလုံးကို တည္းျဖတ္ပစ္မွာ ေသခ်ာသည္။ မဟုတ္ပါက ဇာတ္ၫႊန္းသည္ စာေပစိစစ္ေရးကို မေက်ာ္လႊားနိုင္ေပ။ သခင္ငယ္၏ အခ်ိဳ႕ေသာ အက်င့္စရိုက္မ်ားကို ျပန္ေတြးၾကည့္ပါက သူ႕တြင္ ေယာက္်ားေလးမ်ားႏွင့္ ပေရာပရည္လုပ္သည့္ အခန္းအနည္းငယ္ ပါဝင္ေသာ္လည္း သိပ္ထင္ထင္ရွားရွား မရွိပါေခ်။
ေနာက္ဆုံးေတာ့ သူသည္ ဇာတ္ပို႔တစ္ေယာက္သာ ျဖစ္ေခ်သည္။ ဇာတ္ပို႔တစ္ေယာက္ရဲ႕ လိင္စိတ္ကို မည္သူကဂ႐ုစိုက္မည္နည္း?
စုယန္သည္ ေခါင္းကိုက္ျခင္းကို ခံစားေနရျပန္သည္။
သူသည္ အနည္းငယ္ဆရာက်ေသာ သ႐ုပ္ေဆာင္တစ္ဦး အျဖစ္ သတ္မွတ္ခံထားရၿပီး ဗီလိန္ဇာတ္႐ုပ္အျဖစ္ သ႐ုပ္ေဆာင္ရာတြင္လည္း ခ်ိဳ႕ယြင္းခ်က္မရွိေပ။ သို႔ရာတြင္ စုယန္သည္ သူ၏သုံးဖက္ျမင္ဝါဒေၾကာင့္ ဤအရာမ်ိဳးကို လက္သင့္မခံနိုင္ပါေခ်။
အႏွီေကာင္ေလးမ်ားအား ဖမ္းဆီးမႈသည္ ယခင္က
မူလပိုင္ရွင္ ျပဳလုပ္ခဲ့ျခင္းသာျဖစ္သည္။ သူ႕ရဲ႕က်င့္ႀကံမႉ ကန႔္သတ္ခ်က္ေၾကာင့္ ထိုကေလးမ်ားအား ထိေတြ႕ဖို႔ အခ်ိန္မရခဲ့ေသာ္လည္း ထိုကေလးမ်ားသည္ သူတို႔၏ မိသားစုႏွင့္ေဝးရာသို႔ ဖမ္းဆီးေခၚေဆာင္ခံခဲ့ရျခင္း ျဖစ္ေသာေၾကာင့္ သူတို႔အား လ်စ္လ်ဴရႈထား၍မရေပ။
ကံေကာင္းေထာက္မစြာ မိစာၦဂိုဏ္း၏ အတြင္းေရး ကိစၥမ်ားသည္ ဇာတ္ၫႊန္း၌မပါဝင္ခဲ့ပါေခ်။ ဂိုဏ္းအတြင္း မည္မွ်ပင္ ပုံပ်က္ေနပါေစ အဓိက ဇာတ္ေၾကာင္းကိုေတာ့ မထိခိုက္ေစနိုင္ပါ။ ထိုကိစၥမ်ားကို သူကိုယ္တိုင္ ထိန္းခ်ဳပ္လိုက္နိုင္သည္။
စုယန္သည္ စိတ္ကိုၿငိမ္ေအာင္ထားၿပီးေနာက္ တည္တံ့ေသာ မ်က္ႏွာထားျဖင့္ ဆိုေလသည္။
"ဒီသခင္ငယ္က သူတို႔ကို မႀကိဳက္ေတာ့ဘူး.. သူတို႔ရဲ႕ အိမ္ေတြကိုစုံစမ္းၿပီး နစ္နာေၾကးအခ်ိဳနဲ႕အတူ ျပန္ပို႔လိုက္ေတာ့"
ဂႏၶမာခန္းမေဆာင္ အႀကီးအကဲမွာ အံ့ၾသသြားရ၏။
"သခင္ငယ္ေလး.. ဒါေတာ့ ဘယ္လိုမွမျဖစ္နိုင္ဘူး!"
စုယန္က စိတ္မရွည္စြာ ဆိုသည္။
"ဘာက မျဖစ္နိုင္တာလဲ? သူတို႔က အတင္းအဓမၼ ေခၚလာခံခဲ့ရတာဆိုေတာ့ အိမ္ျပန္ခ်င္ေနၾကမွာပဲေလ။ ျပန္လႊတ္လိုက္တာ မေကာင္းဘူးလား"
ဂႏၶမာခန္းမေဆာင္ အႀကီးအကဲသည္ ရႈပ္ေထြးေသာ အမူအရာျဖင့္ ခါးသက္စြာ ေျပာေလသည္။
"ဒါက.. သခင္ငယ္ေလး.. သူတို႔ဂိုဏ္းကို စေရာက္တုန္းကေတာ့ သဘာဝက်စြာပဲ က်ဳပ္ရဲ႕ လက္ေအာက္မွာ ေလ့က်င့္ဖို႔ကို ျငင္းဆန္ၾကတယ္။ ဒါေပမယ့္လည္း က်ဳပ္တို႔ ဂႏၶမာခန္းမေဆာင္က သခင္ငယ္ေလးနဲ႕ ဂိုဏ္းခ်ဳပ္အတြက္ ဒီအ႐ုပ္ေလးေတြကို ေလ့က်င့္ေပးဖို႔ တာဝန္ရွိတယ္ေလ။ ဒါေၾကာင့္ သူတို႔ေတြက မေရမတြက္နိုင္တဲ့ ဒုကၡေတြကို ႀကဳံေတြ႕ခဲ့ရၿပီး အဲဒီအတြက္လည္း က်ဳပ္တို႔ဂိုဏ္းအေပၚ အျငႇိုးအာဃာတေတြ ထားေနမွာပဲ။ သူတို႔ေတြကိုသာ ျပန္လႊတ္လိုက္မယ္ဆိုရင္ ေနာင္အနာဂတ္မွာ က်ဳပ္တို႔ ဂိုဏ္းအတြက္ အႏၲရာယ္ျဖစ္ေစမွာကို စိုးရိမ္မိပါတယ္"
ထို႔ေနာက္ သူက အံႀကိတ္ကာ ဆယ္ေျပာသည္။
"သခင္ငယ္ေလးက သူတို႔ကို မႀကိဳက္ေတာ့ဘူးဆိုရင္ အားလုံးကို သတ္ပစ္လိုက္တာ ပိုေကာင္းမယ္လို႔ ထင္တယ္။ အဲဒါက အဆင္အေျပဆုံးပဲ"
ထိုစကားကိုၾကားေသာအခါ စုယန္၏ ဦးေရျပား တစ္ခုလုံး ထုံက်င္သြားေလ၏။ သူက စိတ္မရွည္ ဟန္ေဆာင္ၿပီး လက္ကိုေဝွ႕ယမ္းကာ ေျပာလိုက္သည္။
"က်ဳပ္တို႔ရဲ႕ ယင္ထန္နတ္ဂိုဏ္းက လူငယ္ေလးတခ်ိဳ႕ကို ဘာလို႔ေၾကာက္ေနရမွာလဲ။ က်ဳပ္ သူတို႔ကိုလႊတ္ေပးဖို႔
အမိန႔္ေပးတယ္။ အမိန့္အတိုင္း လိုက္နာၾက... သူတို႔ကို သတ္ခြင့္မရွိဘူး!"
ဂႏၶမာခန္းမေဆာင္ အႀကီးအကဲက ဆက္လက္ ျဖားေယာင္းရန္ ႀကိဳးစားလိုက္သည္။
"ဒါေပမယ့္... သခင္ငယ္.."
စုယန္သည္ စူးစူးရဲရဲၾကည့္ၿပီး ေဒါသတႀကီး ေအာ္ဟစ္လိုက္ေလ၏။
"ခင္ဗ်ားက သခင္ငယ္လား.. က်ဳပ္က သခင္ငယ္လား? က်ဳပ္ရဲ႕အမိန့္ကို မလိုက္နာဘူးဆိုရင္ ခင္ဗ်ား အႀကီးအကဲ တစ္ေယာက္အျဖစ္ တာဝန္ ထမ္းေဆာင္စရာ မလိုေတာ့ဘူးလို႔ထင္တယ္!"
ဂႏၶမာခန္းမေဆာင္ အႀကီးအကဲသည္ ကူကယ္ရာမဲ့စြာ သက္ျပင္းခ်လိဳက္ၿပီး စုယန္၏အမိန႔္ကို လက္ခံ႐ုံမွတပါး အျခားေ႐ြးခ်ယ္စရာမရွိေတာ့ေပ။
သူသည္ ေျမျပင္ေပၚတြင္ဝပ္ေနေသာ ကြၽီန်န္အား တိုးတိုးေလး ကပ္ေျပာလိုက္၏။ ကြၽီန်န္သည္ တုန္တုန္ယင္ယင္ျဖင့္ မတ္တပ္ရပ္လိုက္ၿပီး အႀကီးအကဲေနာက္သို႔ လိုက္သြားေတာ့သည္။
အျပင္မထြက္ခင္တြင္ ကြၽီန်န္သည္ ရဲတင္းစြာျဖင့္ ေနာက္သို႔ ျပန္လွည့္ၾကည့္လိုက္၏။ သူသည္ စုယန္ ပင္မကုလားထိုင္မွထသြားၿပီး သမ္းေဝကာ အိပ္ခန္းဆီသို႔ ျပန္သြားသည္ကို ျမင္လိုက္ရသည္။
ကြၽီန်န္သည္ ႏႈတ္ခမ္းကိုကိုက္လိုက္ၿပီး အဝတ္ျဖင့္ သူ႕ကိုယ္သူ တင္းက်ပ္စြာ ထုတ္ပိုးလိုက္သည္။ သူ၏မ်က္လုံးမ်ားမွာမူ လွိုင္းထန္ေသာ သမုဒၵရာကဲ့သို႔ ေၾကာက္စရာေကာင္းေန၏။
စုယန္ အိပ္ခန္းထဲသို႔ ျပန္ေရာက္ေသာအခါ လ်န္က်ိဳးသည္ ေနာက္ထပ္ ေစခိုင္းခ်င္တာရွိမရွိ လာေရာက္စစ္ေဆးေလသည္။ စုယန္က သူ႕ကို ျပန္လႊတ္လိုက္ၿပီး မီးမႈတ္ကာ အိပ္ယာေပၚသို႔ ျပန္တက္လိုက္ေလ၏။
သူသည္ ေစ့စပ္ေသခ်ာသူ မဟုတ္ေသာ္လည္း မိုက္မဲသူေတာ့ မဟုတ္ပါေခ်။ အႏွီေကာင္ေလးမ်ားအား ျပန္လႊတ္လိုက္ျခင္းသည္ မိစာၦဂိုဏ္းအတြက္ ေကာင္းေသာအရာမဟုတ္မွန္း သူေသခ်ာသိသည္။
သို႔ေသာ္... ဇာတ္လမ္းဇာတ္ေၾကာင္းအရ ကုေဖးတိသည္ ႏွစ္ႏွစ္အတြင္း ေျဖာင့္မတ္ေသာ ဂိုဏ္းမ်ားကိုစုစည္းကာ နတ္ဆိုးၿမိဳ႕ေတာ္သို႔ ဝင္ေရာက္ၿပီး မိစာၦဂိုဏ္းကိုသုတ္သင္မည္ျဖစ္သည္။ ဤဖမ္းဆီးခံရေသာ ကေလးမ်ားအား မေခၚေဆာင္ ခဲ့လွ်င္ေတာင္ မိစာၦဂိုဏ္းသည္ ထိုဝန္းရံတိုက္ခိုက္မႈမွ လြတ္ေျမာက္နိုင္မည္မဟုတ္ေပ။
ယခုအခ်ိန္မွာ သူတို႔ကို လႊတ္ေပးလိုက္ျခင္းသည္ ပိုေကာင္းလိမ့္ေပမည္။ ထိုသို႔လုပ္ျခင္းျဖင့္ သူတို႔ရဲ႕ အသက္ေတြကိုလည္း ကယ္တင္ေပးနိုင္မည္ျဖစ္၏။
ဤအရာသည္ စိတ္ကူးယဥ္ကမာၻတစ္ခုမွ်သာ ျဖစ္ေၾကာင္း သူသိေသာ္လည္း သူသည္ ဤေနရာ၌ ႏွစ္ႏွစ္ၾကာမွ်ေနခဲ့ၿပီးျဖစ္၍ ၎အေပၚ စိတ္ခံစားခ်က္ အနည္းငယ္ ျဖစ္တည္လာခဲ့သည္။
ကုေဖးတိ၊ ဖန္ရွီ၊ ႐ႊီယြင္က်န္း.. ေက်ာက္စိမ္းအိမ္ေတာ္မွ ရွစ္ရႈံးႏွင့္ ရွစ္က်ဲမ်ား.. သည့္အျပင္ ဇာတ္ၫႊန္းရွိ အမည္မပါရွိေသာ အျခားေသာဇာတ္ေကာင္မ်ား အတြက္မူ ဤကမာၻသည္ အစစ္အမွန္ပင္ ျဖစ္ေခ်သည္။
မည္သို႔ပင္ဆိုေစကာမူ သူတို႔ရဲ႕အသက္ကို ကယ္တင္ေပးနိုင္လွ်င္ ပိုေကာင္းေပလိမ့္မည္။
ထိုသို႔ေတြးရင္း စုယန္သည္ ေစာင္ထဲသို႔တိုးဝင္လိုက္ၿပီး သက္ျပင္းခ်ကာ မ်က္လုံးမ်ားကို မွိတ္လိုက္ေတာ့သည္။
ထိုေန႕ည၌ စုယန္သည္ အိပ္မက္ထဲ၌ နစ္ျမဳပ္ေနခဲ့သည္။
စစခ်င္း သူသည္ ဇာတ္ၫႊန္း၏ျပင္ပအရာမ်ားကို အိပ္မက္မက္ခဲ့သည္။ ေနာက္ေတာ့ သူသည္ ကမာၻ အစစ္အမွန္သို႔ ျပန္ေရာက္သြားပုံရ၏။ သူ ကမ္းေျခကို ခရီးထြက္ခဲ့ၿပီး မေမွ်ာ္လင့္ဘဲ ကုေဖးတိတို႔အဖြဲ႕ႏွင့္
ေတြ႕ဆုံခဲ့ရသည္။ ထို႔ေနာက္ ကုေဖးတိက သူ႕အား ေရကူးၿပိဳင္ရန္ စိန္ေခၚေလသည္။
သူတို႔ႏွစ္ေယာက္ ေရကူးၿပိဳင္ေနရင္း ကုေဖးတိသည္ ေရဝဲဂယက္ထဲသို႔ ဆြဲခ်ခံရလုနီးပါး ျဖစ္သြားရသည္။ စုယန္သည္ ခ်က္ခ်င္းဆိုသလို သူ႕ကိုကယ္တင္ရန္ ႀကိဳးစားခဲ့ေသာလည္း အေၾကာင္းတစ္ခုခုေၾကာင့္ သူသည္ မည္သည့္ခြန္အားကိုမွ် အသုံးမခ်နိဳင္ဘဲ ေနာက္ဆုံးတြင္ ကုေဖးတိႏွင့္အတူ ေရစီးေၾကာင္းထဲသို႔ ေမ်ာပါသြားေတာ့ေလသည္...
အဲဒီေနာက္တြင္ မသဲကြဲေသာ အိပ္မက္အပိုင္းအစမ်ားစြာ မက္ခဲ့ေလသည္။
တစ္စုံတစ္ေယာက္က သူ႕ကိုေပြ႕ဖက္ထားၿပီး သူ႕နဖူးနဲ႕ လက္ေကာက္ဝတ္ကို အထပ္ထပ္အခါခါ စမ္းသပ္ကာ သူ႕နားထဲကိုလည္း မသဲကြဲသည့္စကားတခ်ိဳ႕ တီးတိုးေျပာေနပုံရသည္။ ေနာက္ပိုင္းတြင္ ထိုလူသည္ သူ႕အား ေက်ာေပၚတင္ကာ ႏွင္းဖုံးေနသည့္ ေတာင္ေပၚသို႔ တက္ခဲ့ေလ၏။
ႏွင္းဖုံးေနသည့္ေတာင္ေပၚရွိ ဆိုး႐ြားေသာ အေအးဓာတ္သည္ ရိုးတြင္းျခင္ဆီအထိ ထိုးေဖာက္ ဝင္ေရာက္လာၿပီး စိတ္ဝိညာဥ္ကိုပင္ ေအးခဲသြား ေစသည္။ သို႔ရာတြင္ ထိုလူသား၏ေက်ာျပင္သည္ ေႏြးေထြးေနၿပီး သူ႕ခႏၶာကိုယ္မွ အဆက္မျပတ္ စီးဆင္းေနေသာ အပူလွိုင္းမ်ားက စုယန္အား လြန္စြာ သက္ေတာင့္သက္သာျဖစ္ေစ၏။
ထို႔ေၾကာင့္ စုယန္သည္ ထိုလူသား၏ ေက်ာျပင္ေပၚတြင္ ၿငိမ္သက္စြာလွဲေလ်ာင္းကာ သူသြားေလရာကို သယ္ေဆာင္သြားခြင့္ ျပဳထားေလသည္..။
ျပတင္းေပါက္အျပင္ဘက္မွ ႏူးညံ့ၾကည္လင္ေသာ ငွက္ကေလး၏ေတးၾကဴသံ ထြက္ေပၚလာ၏။
စုယန္သည္ မ်က္လုံးမ်ားကို ျဖည္းညွင္းစြာ ဖြင့္လိုက္ ၿပီးေနာက္ တစ္စုံတစ္ခုကို သတိထားမိသြားကာ ႐ုတ္တရက္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူထထိုင္လိုက္ၿပီး ေစာင္ကို မ,လိုက္ေသာအခါ သူ၏စိုစြတ္ေနေသာ အတြင္းခံကို ျမင္လိုက္ရေလ၏။
စုယန္ "......"
မေန႕ညက အဲဒီကေလးေတြနဲ႕ပတ္သတ္ၿပီး သူ မသင့္ေတာ္တာ ဘာမွမမက္ခဲ့ဘူးေလ! သူ႕ခႏၶာကိုယ္က အရမ္းကို တုံ႕ျပန္လြယ္လြန္းေနတာမဟုတ္လား? မဟုတ္ေသးဘူး.. ေယာက္်ားေလးေတြက ဒီအ႐ြယ္မွာ အရမ္းတက္ႂကြၿပီး အားအင္ေတြျပည့္ေနတာဆိုေတာ့...
အမွန္ပဲ.. ဒါ သူ႕အမွားမဟုတ္ဘူး။
စုယန္သည္ ေဒါသတႀကီးျဖင့္ သူ႕ကိုယ္သူ ကာကြယ္ေျပာဆိုလိုက္၏။
တစ္စုံတစ္ေယာက္အား အျပစ္တင္ရမည္ဆိုလွ်င္ ထိုယုတ္မာၿပီး မိမိကိုယ္ကို ယုံၾကည္မႈလြန္ကဲေနေသာ ဂႏၶမာခန္းမေဆာင္ အႀကီးအကဲကိုသာ အျပစ္တင္ရေပမည္။
.......
မိစာၦဂိုဏ္း၏ အမူအက်င့္မ်ားသည္ အဆင့္အျမင့္ဆုံးမွ အနိမ့္ဆုံးဂိုဏ္းသားမ်ားအထိ စုယန္၏ အေျခခံ မူမ်ားႏွင့္ မကိုက္ညီေသာ္လည္း အနည္းဆုံးေတာ့ သူတို႔၏တာဝန္မ်ားကို လုပ္ေဆာင္ရာတြင္ အလြန္ထိေရာက္ေပသည္။
သုံးရက္အၾကာတြင္ က်ားႏွင္းပန္းခန္းမေဆာင္၌ ထိန္းသိမ္းခံထားရေသာ လူငယ္ေလးမ်ားအား အလယ္ပိုင္းလြင္ျပင္ သိုင္းေလာကနယ္ပယ္သို႔ ျပန္လည္ပို႔ေဆာင္ခဲ့ၿပီး ျဖစ္ေလသည္။
ထို႔ေနာက္ စုယန္သည္ ဂႏၶမာခန္းမေဆာင္ အႀကီးအကဲကို ထပ္မံေခၚယူခဲ့ၿပီး မ်က္ဝန္းကြၽန္းဆြယ္ရွိ ဂႏၶမာခန္းမေဆာင္၏ ခန္းမအခြဲအားလုံးကိုပိတ္ရန္ အမိန႔္ေပးခဲ့သည္။ ဂႏၶမာခန္းမေဆာင္ အႀကီးအကဲသည္ ယခုအႀကိမ္၌ ၫႊန္ၾကားခ်က္ကို ဆန႔္က်င္ရန္ မႀကိဳးစားခဲ့ေပ။ သူသည္ အမိန႔္ကို တိတ္တဆိတ္ လိုက္နာခဲ့ၿပီး မ်က္ဝန္းကြၽန္းဆြယ္ရွိ ခန္းမအခြဲ အားလုံးကို လ်င္ျမန္စြာ ရွင္းလင္းပစ္ခဲ့သည္။
ေနာက္ဆုံး၌ စုယန္သည္ ေက်ာက္စိမ္းအိမ္ေတာ္တြင္ ရွိေနတုန္းကကဲ့သို႔ တိတ္ဆိတ္ၿငိမ္သက္မႈမ်ိဳးကို ျပန္လည္ရရွိခဲ့ၿပီး သူ၏ေန႕ရက္မ်ားကို ျပန္လည္စတင္ ခဲ့ေလသည္။ သူသည္ နံနက္ေစာေစာအခ်ိန္၌ ဓားေရး ေလ့က်င့္ၿပီး ေန႕လယ္စာမစားမီ ဂိုဏ္းအေရးကိစၥမ်ားကို ေဆြးေႏြးကာ ေန႕လယ္ပိုင္းတြင္ အျခားေသာသိုင္းပညာ ေလ့က်င့္မႈမ်ား ျပဳလုပ္ခဲ့သည္။ ညေနခင္းတြင္မူ ဇီးခန္းမေဆာင္သို႔ သြားေရာက္ၿပီး သူႏွင့္အတူ ေလ့က်င့္နိုင္မည့္ တစ္စုံတစ္ဦးကို ရွာေဖြခဲ့သည္။
ဤသို႔ျဖင့္ သိုင္းပညာကို ႏွစ္လၾကာေအာင္ ႐ူးသြပ္စြာ ေလ့က်င့္ခဲ့ၿပီး ေနာက္ဆုံးတြင္ သစ္ခြခန္းမေဆာင္မွ ေထာက္လွမ္းေရး သူလွ်ိုတစ္ဦးသည္ စုယန္ဆီသို႔ သတင္းအခ်က္အလက္တစ္ခု ေပးပို႔ကာ သူ၏ ေအးခ်မ္းသာယာေသာဘဝကို အေႏွာင့္အယွက္ ေပးေတာ့ေလ၏။
သို႔ေသာ္လည္း ဤသည္မွာ စုယန္ ေစာင့္ေမွ်ာ္ေနသည့္ သတင္းသာ ျဖစ္ေခ်သည္။
မၾကာေသးမီအခ်ိန္က သိုင္းေလာကတခြင္တြင္ ေကာလဟာလတစ္ခု ေပါက္ၾကားခဲ့ေလသည္။ ၎မွာ လြန္ခဲ့ေသာ ႏွစ္တစ္ရာက ဓားပညာရွိတစ္ဦးျဖစ္သည့္ ပိုင္က်င္းဟုန္သည္ တပည့္တစ္ဦးကို လက္ခံခဲ့ဖူးသည္ ဟူ၍ျဖစ္သည္။
သူ၏တပည့္ျဖစ္သူသည္ ယခုအခ်ိန္၌ ေသမင္း တံခါးဝသို႔ ေရာက္ေနၿပီျဖစ္ၿပီး ေျမရိုင္းလြင္ျပင္၏ လွ်ို႔ဝွက္ေနရာတစ္ခုတြင္ ဓားပညာရွိ၏ဂူသခၤ်ိဳင္း တည္ရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ေလသည္။ ဒ႑ာရီအရ ပိုင္က်င္းဟုန္၏ ဂူသခၤ်ိဳင္းအတြင္း၌ မည္သူကိုမွ် မေပးအပ္ခဲ့ဖူးေသာ ဓားပညာ အေမြအႏွစ္မ်ားအပါအဝင္ သူ႕ဘဝတစ္ေလွ်ာက္လုံး တီထြင္ဖန္တီးခဲ့သည့္ လက္ရာေျမာက္ေသာ သိုင္းပညာမ်ားစြာ ရွိသည္ဟုဆိုသည္။
ထိုသတင္းထြက္ၿပီးသည္ႏွင့္ သိုင္းပညာအသိုင္းအ၀ိုင္းမွာ လႈပ္လႈပ္႐ြ႐ြျဖစ္လာၾက၏။ အလယ္ပိုင္းလြင္ျပင္မွ ေျမရိုင္းလြင္ျပင္ဆီသို႔ သြားရာလမ္းေၾကာင္းမ်ားတြင္ ရထားလုံးမ်ား၊ လွည္းမ်ား၊ ျမင္းမ်ားျဖင့္ ႐ုတ္တရက္ စည္ကားေနေတာ့သည္။
"သခင္ငယ္ေလး.. ဒီကိစၥက အရမ္းေလးနက္တယ္" ဇီးခန္းမေဆာင္ အႀကီးအကဲက ဆိုေလ၏။
"ေျမရိုင္းလြင္ျပင္မွာရွိတဲ့ ဓားပညာရွိဂူသခၤ်ိဳင္းရဲ႕ ေနရာအတိအက်ကိဳ မသိေပမယ့္ အလယ္ပိုင္းလြင္ျပင္ သိုင္းပညာအသိုင္းအဝန္းကလူေတြသာ နက္နက္ရွိုင္းရွိုင္း ဝင္ေရာက္ရွာေဖြမယ္ဆိုရင္ က်ဳပ္တို႔ရဲ႕ ဌာနခ်ဳပ္ကို ရွာေတြ႕သြားနိုင္တယ္။ က်ဳပ္တို႔တေတြ သတိႀကီးႀကီး ထားမွျဖစ္မယ္!"
ထိုစကားကိုၾကားေသာအခါ စုယန္ ေခါင္းညိတ္လိုက္သည္။
"က်ဳပ္လည္း ဒီကိစၥကို စဥ္းစားေနတာ။ နတ္ဆိုး ၿမိဳ႕ေတာ္ကို ရွာေတြ႕သြားေစမယ့္အစား ဓားပညာရွိ ဂူသခၤ်ိဳင္းကိုရွာဖို႔ အဖြဲ႕တစ္ဖြဲ႕ ေစလႊတ္လိုက္ရင္ မေကာင္းဘူးလား။ က်ဳပ္တို႔သာ ဓားပညာ အေမြအႏွစ္ေတြကို ရွာေတြ႕မယ္ဆိုရင္ ဂိုဏ္းအတြက္ အမ်ားႀကီးအက်ိဳးရွိလိမ့္မယ္။ ဒုတိယအေနနဲ႕ သူတို႔ရဲ႕ လႈပ္ရွားမႈေတြကိုလည္း အခ်ိန္ႏွင့္တေျပးညီ ထိန္းခ်ဳပ္နိုင္လိမ့္မယ္။ တကယ္လို႔ သူတို႔သာ နတ္ဆိုးၿမိဳ႕ေတာ္ကို ဦးတည္လာခဲ့မယ္ဆိုရင္ လမ္းတစ္ဝက္မွာတင္ ထိပ္တိုက္ေတြ႕ၿပီး အရႈပ္အေထြး ဖန္တီးလိုက္နိုင္တယ္ေလ"
ဇီးခန္းမေဆာင္ အႀကီးအကဲက သူ႕လက္သီးကို တင္းတင္းဆုပ္ကာ ေျပာေလသည္။
"သခင္ငယ္က အရမ္းကို ပညာရွိပါေပတယ္!"
စုယန္က ေက်နပ္စြာ ရယ္ေမာလိုက္ေလ၏။
"ဒါဆို အႀကီးအကဲေတြက ဇီးခန္းမေဆာင္ကေန အထက္တန္းစား အဖြဲ႕တစ္ဖြဲ႕ကိုေ႐ြးၿပီး က်ဳပ္ဆီ အပ္လိုက္။ က်ဳပ္ကိုယ္တိုင္ဦးေဆာင္ၿပီး ဓားပညာရွိဂူသခၤ်ိဳင္းကို သြားရွာမယ္!"
ထိုစကားကိုၾကားေသာအခါ ဇီးခန္းမေဆာင္ အႀကီးအကဲက ထိတ္လန႔္သြားၿပီး ခ်က္ခ်င္းပင္ ကန႔္ကြက္ေလသည္။
"သခင္ငယ္ေလး.. ကိုယ့္ကိုကိုယ္ အႏၲရာယ္တြင္းထဲ ဆြဲထည့္စရာမလိုပါဘူးဗ်ာ။ သခင္ငယ္ေလးက ဂိုဏ္းထဲမွာေနၿပီး ေအးေအးေဆးေဆး ဗ်ဴဟာခင္းေပး႐ုံပဲ.. ကိုယ္တိုင္ကိုယ္က် စြန႔္စားစရာမလိုဘူး"
စုယန္က သူ႕လက္ကို ေဝွ႕ယမ္းလိုက္သည္။
"ဒီကိစၥက ေျပလည္သြားၿပီ။ အႀကီးအကဲက အဖြဲ႕သားေတြကို ေ႐ြးထားလိုက္ေတာ့.. မနက္ျဖန္
က်ဳပ္ ခရီးစထြက္မယ္!"
ဇီးခန္းမေဆာင္ အႀကီးအကဲ "....."
စုယန္သည္ အႀကီးအကဲမ်ားကို ခပ္ဖြဖြ ၿပဳံးျပလိုက္ၿပီး
သူ၏မ်က္လုံးထဲမွ သံသယျဖစ္ဖြယ္မရွိေသာ သတၱိမ်ားကို ျပသလိုက္သည္။
ဘယ္သူက ေနာက္ေနလို႔လဲ? ငါဒီေန႕ကို ေစာင့္ေနရတာ ႏွစ္လေတာင္ ရွိသြားၿပီ။ ဂိုဏ္းရဲ႕အတြင္းေရးကိစၥေတြကို ႏွစ္လေလာက္ ဒုကၡခံခဲ့ရတာ မလုံေလာက္ေသးလို႔လား?
သူသည္ ဇာတ္လမ္းဇာတ္ေၾကာင္းကို ေရွ႕ဆက္ရန္ ဤေနရာသို႔ ျပန္လာခဲ့ျခင္းျဖစ္သည္။ မိစာၦဂိုဏ္း၏ တန္ခိုးၾသဇာကို ခ်ဲ့ထြင္ရန္ မဟုတ္ပါ။
ဒါေပါ့... ဇာတ္လိုက္ကုေဖးတိ ဘယ္သြားသြား
ငါ သူ႕ေနာက္ကို လိုက္သြားမယ္။
ကုေဖးတိသည္ ဝူလင္မဟာမိတ္ေခါင္းေဆာင္၏ သားျဖစ္ၿပီး ေက်ာက္စိမ္းအိမ္ေတာ္၌ ပညာသင္ယူ ၿပီးေျမာက္ထားသူလည္းျဖစ္သည္။ သည့္အျပင္ သူသည္ ဓားကို အဓိက အသုံးျပဳသူလည္းျဖစ္၏။ သူကိုယ္တိုင္ဆႏၵရွိလို႔ျဖစ္ေစ ဂိုဏ္းမွ အတင္းအၾကပ္ ခိုင္းေစျခင္းေၾကာင့္ျဖစ္ေစ သူသည္ ေျမရိုင္းလြင္ျပင္သို႔ ေသခ်ာေပါက္ ေရာက္လာလိမ့္မည္ ျဖစ္သည္။
ဇာတ္ကြက္၏ပထမပိုင္း ၿပိဳက်သြားေသာ္လည္း ဤအပိုင္းမွစၿပီး ၎ကို လမ္းေၾကာင္းမွန္ေပၚသို႔ ေသခ်ာေပါက္ ျပန္ဆြဲတင္သြားရမည္ ျဖစ္ေပသည္။
_5.3.22
စာေရးဆရာမွာ ေျပာစရာရွိပါတယ္ :
စုယန္ (ဝမ္းသာအားရ ထုပ္ပိုး) : ငါ့ခင္ပြန္းကို သြားေတြ႕မယ္!
Thanks for reading ❣️