"ထမင်းစား..."
အိမ်နောက်ကနေ ထွက်လာသည့် ကောင်းဟာ ကျွန်တော့်ကကိုမြင်မြင်ချင်းမှာပဲ ပြောဆိုမည့်စကားတို့ ရပ်တန့်သွားသည်။ ကျွန်တော့်ဆီကို အားနာမှုမျက်လုံးတွေနဲ့ကြည့်နေသည်ကြောင့် နောက်ထပ်နားမလည်နိုင်စရာ တစ်ခုတိုးရပြန်သည်။
"ကောင်း ဒီမှာဧည့်သည်၊ အလုပ်ရှင်နဲ့ စကားပြောလိုက်ဦး...လာ သမီးတို့၊ တို့တွေထမင်းဝိုင်းကို သွားရအောင်"
"သမီး သမီး..ခဏနေဦးမယ်။"
"အလင်း လာဆိုလာ..."
ကျွန်တော့်အနားသို့ လာဖို့ပြင်နေသော အလင်းကို လက်ကနေဆွဲခေါ်ကာ အိမ်နောက်ထဲသို့ ဝင်သွားသည့် လခြမ်းကွေးအဖေ၏နောက်သို့ လခြမ်းကွေးပါလိုက်သွားလေသည်။
"ဒီနေ့ဘာဟင်းချက်လဲ အဖေသိလား၊ ကောင်းလက်ရာကလေ...."
သူမအဖေနောက်ကနေ စကားတွေရွှန်းရွှန်းဝေအောင် ပြောဆိုနေသည့် လခြမ်းကွေးကို ကျွန်တော်အားကျရပြန်သည်။
"အကို..."
"ဟင်..ပြောလေ ကောင်း"
"ကျွန်တော် တောင်းပန်ပါတယ်.."
ညှိုးငယ်နေတဲ့ မျက်ဝန်းတွေနဲ့ ဘာအတွက်ကြောင့်များ တောင်းပန်စကားဆိုနေရသလဲဆိုတာကို ကျွန်တော် တကယ်ပဲ နားမလည်နိုင်တော့ပေ။
"ကိုယ်တို့ အေးအေးဆေးဆေးစကားပြောကြရအောင်။ ကိုယ်အခု ဘာကိုမှလိုက်မမီတော့ဘူး"
"ဒီဘက်မှာ သွားပြောရအောင်..."
ကောင်းမြတ်သော ပြောသည့် ဒီဘက်ဆိုသည်ဟာ အကိုတို့ အိမ်၏အပေါ်ထပ်ကိုပြောတာဖြစ်သည်။ အိမ်နှစ်လုံးကို ဆက်၍ဆောက်ထားသည်မို့ တော်တော်လေး ကျယ်ဝန်းသည်။
"ဒီအခန်းမှာ အကိုနားလေ.."
"အကို့အခန်းကရော..."
အလွှတ်မဲ့စွာနဲ့ ထုတ်မေးလိုက်တော့ ကောင်းက ကျွန်တော့်ထံအကြည့်တစ်မျိုးနဲ့ကြည့်လာလေသည်။
ဒီအကြည့်ကို နေရခက်စွာနဲ့လက်ခံလိုက်ရင်း...
"ဒီဖက်က အကိုကြီးအခန်း၊ ဘေးကတော့ အလင်းရဲ့အခန်း အကို..."
သုံးခန်းတွဲလျက်မှာ ကျွန်တော်နဲ့အကို့ အခန်းကြားမှာ ကြယ်စင်လင်းက ခြားထားသည်။ အကို့အိမ်မှာ ဆိုသည့် အသိနှင့် ဤသို့ကားဆီထားမှုတို့ကို ကျွန်တော့်ဘက်က မည်သို့မျှ ပြန်မပြောနိုင်ဖြစ်ရသည်။
"အကို ဒီမှာ..."
အတွေးလွန်နေသည့် ကျွန်တော့်ထံသို့ ကောင်းယူလာပေးသော ဖိတ်စာသည်....
"ခဏလေး ကောင်း၊ သော် ကိုယ်တို့အပြင်ထွက်ရအောင်။ သော့်ကို ကိုယ်လိုက်ပို့ပေးမလို့။"
ကျွန်တော့်အနားရောက်လာသည့် အကိုဟာ ချက်ချင်းမှာပဲ ကောင်းကိုင်ထားသော ဖိတ်စာလေးကို လုံးချေ ဖျက်ဆီးပစ်တော့သည်။
"ဒါဆို ကျွန်တော် အောက်ဆင်းတော့မယ်နော်။ အကိုအဆင်ပြေတယ် မဟုတ်လား။"
"ကိုယ်ရတယ်။Thank you ကောင်း... ဒီမှာ ရှိနေပေးတဲ့အတွက်ပါ...."
အကို့အိမ်ဆိုပြီး အကို့ကို အားကိုးပြီးလိုက်လာသည်ကနေ ကျွန်တော့်မှာ တစ်ယောက်တည်းဖြစ်နေသည့်ခံစားချက်မျိုးကို ခံစားရသည်။ သို့သော်လည်း အနည်းဆုံးတော့ ဒီအိမ်မှာ ကောင်းရှိနေတာပဲ ဆိုတဲ့ အသိလေးနဲ့ ကိုယ့်စိတ်ကို အားပေးနေမိသည်။
"သွားရအောင် သော်..."
အကို့ဟာ ကျွန်တော့်လက်ကို ဆုပ်ကိုင်ပြီး လှေကားကနေဆင်းသည်။ ကျွန်တော့်လက်ချောင်းတွေကို ဆုပ်ကိုင်ထားသည့် အကို့လက်ကလေးကို ကြည့်ရင်း လှေကားကနေဆင်းလာသည်က...
"အဝန်း..."
"ကျွန်တော် သော့်ကိုရွှေမြင်တင် လိုက်ပို့ပေးဦးမယ် အမေ။"
"အေး အေးပါ..."
ကျွန်တော်နဲ့အကို့ကို အံ့သြသလို ကြည့်နေတဲ့ အကို့အမေကြောင့် အကို့လက်တွေကို ဖြုတ်ဖို့ ကျွန်တော့်ဘက်ကကြိုးစားလိုက်သည်။ ဘယ်လောက်ပဲချစ်ကြတယ်ပြောပြော လူကြီးသူမရှေ့မှာ အခုလိုကြီးလက်တွဲလျက်ရှိနေတာက မသင့်တော်ဘူးဟု ကျွန်တော်ယူဆသည်။
သို့သော်လည်း အကိုဟာ ကျွန်တော့်ရဲ့ကြိုးစားမှုကို မသိချင်ယောင်ဆောင်ကာ မြဲမြံစွာနှင့်ပင် ကျွန်တော့်လက်အားဆုပ်ကိုင်ထားသည်။
"ဘယ်အချိန် ပြန်လာမှာလဲ အဝန်း...."
အကို့အမေ၏ နောက်ကနေ ထွက်ပေါ်လာသည့် အကို့အဖေဟာ ကျွန်တော်တို့အနားကို ရောက်လာချင်းမှာပဲ လိုရင်းကိုမေးသည်။
ထိုအချိန်မှာ ကျွန်တော် အကို့ထံသို့အကြောင်းမဲ့ကြည့်မိသည်။ ချက်ချင်းစူးရဲသွားသည့် အကို့မျက်လုံးတွေဟာ၊ အစောက အကို့အဖေ့ဆီမှာ ကျွန်တော်မြင်တွေ့လိုက်ရသည့်အတိုင်းပင်။ အကိုဟာ အကို့အဖေနဲ့သိပ်တူသည်ကို ကျွန်တော်သိလိုက်ရသည်။
အကိုတို့သားဖနှစ်ယောက်လုံးမှာ စူးရဲနေတဲ့ ရွှေဝါရောင်မျက်ဝန်းတွေရှိနေသည်။
"အခြေအနေ အရပဲအဖေ၊ "
"အင်း..မင်းသဘောပါပဲ။ ငါတို့ကတော့ ဒီအိမ်မှာပဲ မနက်ဖြန်အတွက် ပြင်ဆင်နေမယ်။"
အကိုဟာ စိတ်ရှုပ်ထွေးသွားသလိုနဲ့ ခေါင်းကိုသာ အသာငြိမ့်ပြကာ အားလုံးရဲ့ရှေ့ကနေ ကျွန်တော့်လက်ကိုဆွဲကာ ထွက်လာခဲ့တော့သည်။
"ကိုယ်မောင်းမယ် သော်..ခဏနော်"
ကားမောင်းသူနေရာကို သွားမယ်လုပ်ပြီးမှ အကိုဟာ အိမ်ထဲသို့ပြန်ဝင်သွားသည်ကြောင့် ကျွန်တော်ကြောက်မိသည်။ ဒီအိမ်ထဲကနေ အကို ပြန်မထွက်လာမှာကို ကျွန်တော်ကြောက်ပါသည်။
"အလင်း ဒီမှာဆွဲကြိုးလာယူဦး..."
"အေး လာပြီ၊"
အပြေးတပိုင်းနှင့်ရောက်လာသည့် ကြယ်စင်လင်းထံသို့ အကိုဟာ လည်ပင်းမှာရှိသည့်ဆွဲကြိုးလေးကို ဖြုတ်ပေးသည်။ ကျွန်တော်သာ အမှတ်မမှားဘူးဆိုလျှင် အကိုနဲ့စတွေ့သည်အချိန်ထဲကနေ အခုလို ပြန်တွေ့ကြသည့်အချိန်ထိ အကို့လည်ပင်းမှာ ဤဆွဲကြိုးလေးက နေရာယူထားမြဲဖြစ်သည်။
ယခုအခါမှာ မည်သို့သော အကြောင်းအရာများကြောင့် ဆွဲကြိုးကိုဖြုတ်၍ထားခဲ့လေသလဲ ကျွန်တော်မစဥ်းစားတတ်တော့ပါ။
"ဒီကနေ အရှေ့တိုင်းမောင်းသွားလိုက်ရင် ရွှေမြင်တင်တောင်ကို ရောက်တယ် သော်။ သမိုင်းကြောင်းတွေအရဆို ရွှေမြင်တင်တောင်က မောင်တော့်ရဲ့တောင်လို့ ပြောကြတယ်။ ရွှေမြင်တင်မရောက်ခင်မှာ ဟိုဘက်ဒီဘက် လမ်းခွဲလေးရှိသေးတယ်..အဲ့ဒီကနေ တောင်ဘက်ကိုကွေ့သွားရင် အမတော်ရဲ့တောင်ပဲ။
မောင်နှမငါးယောက်ရှိတဲ့ ထဲမှာ သုံးယောက်ပဲအသက်ရှင်ပြီး တောင်တော်စေတီတွေတည်ကြတယ်တဲ့။ "
"ရှေ့မှာ ...."
ကျွန်တော့်ဘက်သို့ ငေးကြည့်ရင်း စကားတွေပြောနေသည့် အကိုဟာ ရှေ့ကနေဖြတ်တက်သည့် ဆိုင်ကယ်ကြောင့် ဘရိတ်ကိုအမြန်ပင်အုပ်လိုက်ရပြီး ကျွန်တော်ကတော့ ထိတ်လန့်တကြားနှင့် အာမေဋိတ်သံသာ ထွက်သွားသည်။
"Sorry သော်..."
"အကို ပင်ပန်းနေရင်လည်း ကျွန်တော်ပဲမောင်းပေးပါ့မယ်။ ဖြစ်ရဲ့လားဟင် အကို...."
"အာ မဟုတ်တာ၊ ရပါတယ် သော်ရ။
ရှေ့နားဆို ဒီအပင်တန်းဆုံးရင် ရောက်ပြီပဲ"
အကိုအပြောကြောင့် ဘေးဘီကိုကြည့်မိသည်။ လမ်း၏ တစ်ဖက်တစ်ချက်မှာ စီရီစွာနှင့်စိုက်ပျိုးထားသည့် အပင်တို့က အုံ့ဆိုင်းလို့ပေးသည်ကြောင့် လမ်းမအထက်တွင် နေပြောက်ပင်မထိုးပဲရှိလို့နေသည်။
အုံ့စိုင်းကာ စိမ်းစိုနေသည့် ဒီလမ်းတစ်လျှောက် စိတ်တို့က အလိုလိုကြည်လင်လာရင်း...လမ်းရဲ့အဆုံးမရောက်ခင်မှာ...
"ဟိုမှာ မြင်နေရတာက ရွှေမြင်တင်ပဲ သော်...."
အကို့လက်ညှိုးညွှန်ပြသည့် ရပ်တော်မူ။ တောင်ပေါ်တွင်ရှိနေသော ရပ်တော်မူဘုရားနှင့် စေတီတစ်ဆူကို ခပ်လှမ်းလှမ်းကပင် ဖူးမြော်၍ ရနိုင်လေသည်။ ရွှေရောင်ဝင်းနေသည့် စေတီသည် စိတ်တို့ကို ညှို့ယူသွားသလိုနဲ့ ကျွန်တော့်မှာ အလိုလိုပင် ရင်ထဲက လှိုက်လှိုက်လဲလဲ ကြည်ညိုမိသည်။
"ကိုယ် ပြောတာ ဒီလမ်းလေ သော်၊ တောင်ဘက်ကို ချိုးသွားလိုက်ရင် အမတော်ရဲ့ နတ်တောင်ကိုရောက်တယ်။ အဲ့ဒီကနေ ဆက်သွားရင် ရေတံခွန်ပါရှိသေးတယ်။"
"ရေတံခွန်..."
"အင်း... ရေဦး ရေတံခွန်တဲ့။ ကျောက်တုန်းတွေကြားကနေ တက်သွားရတာ။ ရေကူးလို့လည်းရတယ်။"
"သာယာမှာပဲနော်..."
"ဒါပေါ့၊ အခုတော့ ရွှေမြင်တင်ကိုပဲ သွားမယ်နော်..."
"ဟုတ် အကို.."
ကျွန်တော့်ရဲ့ ဖြေသံကိုကြားပြီးမှပဲ အကိုဟာ ရှေ့သို့ဆက်မောင်းသွားလေသည်။
"ကိုယ်တို့ ခြေချင်ပဲတတ်ကြတာပေါ့..."
အလှူခံမဏ္ဍပ်နံဘေးက ကွန်ကရစ်ခင်းထားသော နေရာတွင် ကားကိုပါကင်ထိုးလိုက်ပြီး ထိုသို့ပြောသည့် အကို့ကြောင့် ကျွန်တော့်မှာ နေရာအသစ်အကြောင်းကို စပ်စုမိသည်။
"ခြေချင်မတက်လို့ရော ရလား အကို..."
"ရတယ်လေ သော်။ မြောက်ဘက်စောင်တန်းကနေ သွားရင် ကားလမ်းရှိတယ်၊ အဲ့ဒီကမှ ဓာတ်လှေကားနဲ့ဆို တောင်ပေါ်ကိုချက်ချင်းရောက်တယ်။ သော် သွားချင်လို့လား။"
"မဟုတ်ပါဘူး..ဒီတိုင်းမေးကြည့်တာ။"
"ဒါဆိုလည်း သွားရအောင်လေ၊ကိုယ်က သော်နဲ့အတူ လှေကားထစ်တွေ ရေတွက်ချင်တာ။အဲ့တာကြောင့် တောင်ဘက်မုခ်ကနေ တက်မလို့..."
"ဟွန်းး....ခင်မောင်တိုးသီချင်းလိုလား.."
မရယ်ပဲ မနေနိုင်အောင်ကို ဖြစ်မိပြီး အကို့ကို စ,လိုက်တော့ အကိုကလည်း ချက်ချင်းပဲ သဘောပေါက်သွားပြီး...
"ကိုယ်ပြောပါတယ် ရိုးရိုးလေးသာ ဝတ်ခဲ့ပါလို့"
"ဟား ဟား ဟားးးး"
အကို့ကြောင့်နဲ့ ကျွန်တော့်မှာ စိတ်လွတ်၊လက်လွတ်တွေရယ်မောမိပြီး ကားတံခါးကို ဖွင့်ကာ ကားပေါ်ကနေ ဆင်းခဲ့လိုက်သည်။ အပြင်မှ ခြေချချခြင်းပဲ လတ်ဆတ်တဲ့ လေထုက ကျွန်တော့်ကို ဆီးကြိုသည်။
အနီးအနားမှာ လူနေအိမ်မရှိသည်မို့ ဘုရားရိပ်တရားရိပ်က တကယ်ကို အေးချမ်းလွန်းပါသည်။
"ကိုယ်တို့ ငယ်ငယ်က ကိုယ်တို့အဖိုးနဲ့ဒီကိုခဏခဏ ရောက်ဖြစ်တယ်။ ဒီကိုရောက်ရင် ကိုယ့်စိတ်တွေငြိမ်ချမ်းသွားတယ်လေ....အသက်ရလာတော့ ဒီကိုလာဖို့တောင် ကိုယ့်မှာမေ့လျော့နေတတ်ပြီ။"
လမ်းတစ်ဖက်တွင်ရှိသော စောင်းတန်းဆီသို့ ဦးတည်ရင်း အကိုဟာ ကျွန်တော့်လက်တစ်ဖက်ကို ဆုပ်ကိုင်ဖို့ကိုလည်း မမေ့လျော့ပါ။
ကျွန်တော်တို့ရှေ့ကနေ ဖြတ်မောင်းသွားသော ကားတစ်စီးကိုပင် ဂရုမပြုမိကြပဲ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် အကြောင်းပြချက်မရှိပဲ ငေးကြည့်နေမိသည်။
"အကို..."
"ပြောလေ သော်..."
စောင်းတန်းမုခ်ပေါက်တွင် ဖိနပ်ချွတ်ကြရာ၌ ကျွန်တော့်ဖိနပ်ကို ကိုင်ပေးသည့် အကို့ကြောင့် ကျွန်တော့်မှာ အထိတ်တလန့်ဖြစ်သွားရသလောက် အကိုကတော့ ဘာမဖြစ်သလိုနဲ့ပါ။
အကို့ရဲ့ အခုလို လိုက်လျောပေးမှုတွေကို ကျွန်တော်ကြောက်လာပြီ၊ အတွေးမများဖို့ အကို့ကို ယုံကြည်ဖို့ဘယ်လောက်ပဲကြိုးစားနေပါစေ နောက်ဆုံး ကျွန်တော့်စိတ်တို့က ဇဝေဇဝါနဲ့ပဲ အကိုပေးတဲ့ကြင်နာမှုတွေကို လက်ခံဖို့ တွန့်ဆုတ်ချင်ပြီ။
"ကိုယ်လုပ်ပေးချင်လို့ပါ။"
"နောက်ဆုံးအနေနဲ့ လိုက်လျောပေးနေတာဆိုရင်..."
"မဟုတ်ဘူး သော်၊ အဲ့လိုမဟုတ်ဘူး။
သော် ခွင့်ပြုမှာပါ...သော် သဘောတူကြည်ဖြူတဲ့အရာကိုပဲ ကိုယ်လုပ်ချင်တယ်။ သော်စိတ်ဆင်းရဲရအောင် ကိုယ်ထပ်ပြီးမလုပ်တော့ဘူးသိလား..."
အကိုက သူ့လည်တိုင်တွေကို လက်ချောင်းလေးများဖြင့် စမ်းကြည့်ရင်း ခပ်ယဲ့ယဲ့လေးပြုံးပြန်သည်။
"ကိုယ်က ကိုယ့်အိမ်နဲ့ ဘာမှမသက်ဆိုင်တော့ဘူးလေ။"
"ဘယ်လို..."
"ဆွဲကြိုးနဲ့အတူ အဖေ့ကိုပေးခဲ့တဲ့ကတိတွေကို ကိုယ်ထားရစ်ခဲ့ပြီ သော်၊ အခု သော့်ရှေ့မှာရှိနေတာက ကိုယ်တိုင် ကိုယ်ပါပဲ။ ကိုယ်တစ်ယောက်တည်းပါ သော်...."
"ကျွန်တော် ပျော်ရမှာလား အကိုရယ်..."
"ဒါပေါ့ သော်ပျော်ရမှာပါလေ..."
ပြောပြီး အကိုသည် ကျွန်တော့်လက်ကို ပြန်လည်လို့ ဆုပ်ကိုင်ကာ နှစ်ဦးသားတန်းတူညီမျှစွာနဲ့ လှေကားထစ်၏ ပထမခြေလှမ်းကို အတူတက်ခဲ့ကြသည်။
"ဟိုဟာက ခြေရာတော်လား..."
"ဟုတ်တယ် သော်၊ အဲ့ဒီကနေအရှေ့ကိုဆက်သွားရင် ဇရပ်ရှိတယ်၊ ဘုန်းကြီးတွေလည်း နေကြတယ်..."
လှေကား၏ အရှေ့ဘက်ခြမ်းရှိ သံချောင်းများဖြင့် ဝန်းခတ်ထားသော နေရာကို သတိမေးမူမိကာ မေးလို့ ငေးကြည့်နေဆဲမှာပင်...
"ဒါက အတုလဒေဝီမိဖုရားကြီး တည်ခဲ့တာ..."
လှေကား၏ အနောက်ဘက်တွင်ရှိသော စေတီတော်သည် အတုလဒေဝီမိဖုရားကြီးတည်ထားခဲ့သည်တဲ့။ အခုမှ အောက်ခြေပဲရှိသေးသည် ကျွန်တော့်အတွက် စိတ်ဝင်စားစရာများကို မှင်သက်စွာနဲ့ ငေးကြည့်နေရသည်။
"ဒီမှာက ပန်းရောင်းတဲ့သူတွေ၊ ဘာတွေမရှိဘူးနော်။"
"ပွဲတော်ရက်ဆိုရင်တော့ ရှိပါတယ်။ "
"သြော်..."
လှေကားထစ်တွေ အနောက်ဘက်သို့ယွန်းသွားသည့်နေရာတွင် အကိုက...
"ဒါက နတ်နန်း" ဟု မိတ်ဆတ်ပေးသည်။
ပြီးသည်နှင့် အပေါ်ဘက်သို့ မတ်စောက်စွာ တက်လာခဲ့ရသည်။
"ဒါနဲ့ ဒီမှာလှေကားထစ်ဘယ်လောက်ရှိလဲအကို..."
"၅၀၀လား၊ ၅၀၀၀လားပဲ။ ကိုယ်တောင်မေ့ချင်ချင်ဖြစ်နေပြီ။"
"၅၀၀၀ပဲ နေမှာပါ"
အပေါ်စေတီသို့ ရောက်ရန် လှေကားထစ်အနည်းငယ်သာ လိုတော့သည်မှာ ကျွန်တော် ဘယ်လိုမှ မ,လှမ်းနိုင်တော့ပဲဖြစ်ရကာ လှေကားမှာပင်ထိုင်ချမိသည်။
"ဟိုးးးမှာ အင်ကြင်းပန်းတွေသော်....."
ထိုင်နေသည့်နေရာမှ အကိုလက်ညှိုးညွှန်ပြရာ အရှေ့တောင်ဘက် ယွန်းယွန်းကို ကြည့်မိလိုက်တော့ ဟုတ်ပါရဲ့ အင်ကြင်းပန်းတွေက ဝေဝေဆာဆာနဲ့ ဖူးပွင့်နေလိုက်တာများ၊ လေတစ်ချက်အဝှေ့မှာ ရနံ့က သင်းပျံ့နေမည်ဟု ကျွန်တော်ထင်သည်။
လေတိုက်ခတ်မှုကိုသာ ခံစားရပြီး ကျွန်တော်ရှူရှိုက်လိုက်သော ထိုလေထုထဲတွင် အင်ကြင်းပန်းရနံ့တို့က ပါမလာချေ။
"မွှေးရဲ့လား သော်...."
ကျွန်တော့်ရဲ့ အနံ့ခံအာရုံအကြောင်းကို အကိုမေ့လျော့သွားတာဖြစ်မည်။ သို့သော်လည်း ဒီလိုအကြောင်းတွေပြောပြီး အခုချိန်လေးကို မပင်ပန်းစေချင်ပါ။ ထို့ကြောင့်...
"ဟိုဟာက နောက်ထပ် တောင်တစ်လုံးလား" ဟု မေးလိုက်သည်။
"အင်း..ရသေ့တောင်။"
"သြော်..."
"သော် အမောပြေရင် ကိုယ်တို့ဆက်တက်ရအောင်လေ..."
ကျွန်တော်လည်း အမောပြေပြီမို့ အကို့လက်တွေကို ဖမ်းဆုပ်လိုက်ရင်း လှေကားထစ်တွေကို အကိုနဲ့အတူ ကျော်ဖြတ်တော့မည်။
ရင်ပြင်ပေါ်ကို ရောက်သွားတော့ ရွှေရောင်ဝင်းဖိတ်နေသည့် တန်ခိုးကြီး စေတီတော်မြတ်အား ထိခြင်းငါးဖြာနှင့် ရှိခိုးဦးချမိသည်။ တောင်တက်လာသည့် ပင်ပန်းမှုတို့ ပြေပြောက်သွားပြီး ရင်ထဲကို အေးမြသွားစေတာ အမှန်ပင်။
"ဟိုဘက်ကို သွားရအောင် သော်..."
ဘုရားကန်တော့ပြီးနောက်မှာ ကျွန်တော်ဟာ အကိုခေါ်ရာနောက်သို့ လိုက်ခဲ့သည်။ ဘုရားမှ တောင်ဘက်ဆီသို့ ထွက်ခဲ့လိုက်တော့ ရင်ပြင်ကျယ်မှာ ခုံတန်းလေးတွေရှိနေသည်။ ရင်ပြင်အစွန်းကို အသေအချာ ပွတ်လုံးများဖြင့် ကာရံထားသည်က ကျွန်တော့်ခါးသာသာ သာရှိသည်။
အကာအရံပေါ်ကို လက်တင်ပြီး ဟင်းလင်ပြင်ထဲသို့ ကျွန်တော့်မျက်နှာကို မော့ကာထားလိုက်တော့ အေးမြလက်ဆတ်သည့် လေထုနဲ့အတူ ကျွန်တော့်ပါးပြင်ပေါ် ရောက်လာသည့် အနမ်းနွေးနွေးတို့ကြောင့် မျက်လုံးမှိတ်ထားရင်းကပင် ကျွန်တော် ပြုံးမိသွားသည်။
"ဒါက လမ်းကနေမြင်ရတဲ့ ရပ်တော်မူ မဟုတ်သေးဘူး သော်...."
"ဟုတ်လား။ ဒါဆို အဝေးကနေ မြင်ခဲ့တဲ့ဘုရားက..."
"ဟိုဘက်ကို ဆက်သွားရမှာ။ လာ သွားရအောင်..."
စေတီ၏ အနောက်ဘက်သို့ လျှောက်သွားလိုက်တော့ ထိုမှတဆင့် အောက်သို့ဆင်းသည့် လှေကားလေးရှိသည်။ သို့သော်လည်း လှေကားသည် တန်ခိုးကြီးဘုရားနှင့် ဒီရင်ပြင်တစ်ခုကို ဆက်သွယ်ပေးရုံမျှသာ ဖြစ်၏။ ဒါသည် နောက်ထပ်စောင်းတန်းတစ်ခုမဟုတ်ပါ။
"ဒါက ကျန်စစ်သားမင်းကြီးတည်ထားခဲ့တဲ့ နှီးဘုရား..."
"နှီးနဲ့ လုပ်တာပေါ့..."
"အင်း၊ အပေါ်ကတော့ ရွှေသင်္ကန်းကပ်ထားတာပေါ့ သော်ရ။ ဒါကတော့ ဒီဘဒ္ဒကမ္ဘာမှာ ပွင့်ခဲ့တဲ့ ဘုရားလေးဆူကို တည်ထားတာ။ နောက်ထပ် ပြစရာရှိသေးတယ်..."
ကျွန်တော့်လက်တွေကို ဆွဲပြီး ပြေးခေါ်သွားသည်က...
"လှလိုက်တာ..."
အပေါ်စီးကနေ ကြည့်နေရသည့် တောင်၏ အလှ၊ သစ်ပင်များနှင့် လယ်ရာမြေကွက်များတွင် ထွန်ယက်ထားသည်က တကယ်ကို့မှ ချစ်စရာကောင်းလွန်းသည်။
"ဟိုးမှာလည်း တောင်တစ်တောင်ရှိသေးတယ်။"
အကို့လက်ညှိုးညွှန်ပြသည့် ဟိုးအဝေးကြီးက တောင်တစ်တောင်။ အကိုမြင်ခဲ့ရတဲ့ ဒီနေရာတွေက တကယ်ကို အလှတွေအပြည့်နဲ့ပါ။
"နောက်ထပ် ပိုလှတာပြမယ်..."
ကလေးတစ်ယောက်လို အကြွားသန်ချင်နေသည့် အကို့ဆွဲခေါ်ရာသို့ အပြေးတစ်ပိုင်းနဲ့ လိုက်ပါလာရင်းမှ...
"ဒီလှေကားကရော ဘာအတွက်လည်း အကို..."
"အရင်ကတော့ အိမ်သာရှိတယ်၊ အခုတော့ အကောင်တွေပလောင်တွေ ကြောက်လို့ ဒီတိုင်းပဲ ထားလိုက်တာ။"
"မသိပါဘူး ရွှေတွေဘာတွေများ မြှပ်ထားတာလားလို့..."
"ဖြစ်ရမယ် သော်ရာ။ အယ်..တစ်ခုတော့ရှိတယ်။ ကိုယ်တို့ငယ်ငယ်က ပြောကြတာတော့ ဒီလှေကားကနေဆင်းပြီး အောက်ထဲကို ဝင်သွားရင် ဒီတောင်ကနေ ပုဂံအထိပေါက်တဲ့လမ်းရှိတယ်တဲ့။"
"ဒါဆို သွားကြည့်ရအောင်လေ..."
လှေကားထစ်တွေဆီကို ဆင်းပြေးဖို့လုပ်နေတဲ့ ကျွန်တော့်လက်တွေကို အကိုက ဆွဲခေါ်ထားပြီး...
"မလုပ်လိုက်ပါနဲ့ သော်ရယ်၊ အောက်ထဲမှာ တစ်ခုခုရှိနေရင် ဘယ်နှယ့်လုပ်မလဲ။ လာပါ သွားရအောင်.."
သွားရအောင်လို့ ပြောပြီး ကျွန်တော့်လက်ကို အတင်းဆွဲခေါ်သွားပါသည့် အကိုကြောင့် ကျွန်တော့်မှာလည်း စူးစမ်းချင်သည့်စိတ်တို့ကို ငုပ်လျှိုးထားလိုက်ရတော့သည်။
"ဒါက အနောက်ဘက်စောင်းတန်း၊ နတ်ရေကန်လည်းရှိသေးတယ်..."
"ဘယ်လို ရေကန်.."
"ဒီလိုကွာ ကျောက်တုန်းနှစ်ခုကြားမှာ ရေကန်သဘောမျိုးလေးဖြစ်တာ။ ရောဂါဘာညာ ပျောက်တယ်ပေါ့လေ...အရင်က ပြောပါတယ်၊အခုတော့ ဘုန်းကြီးက ပိုက်နဲ့သွယ်ပြီး ရေထည့်ပေးနေတယ်ဆိုလား..."
"ဟားဟားးး...ဖြစ်ရတယ် အကိုရယ်"
သဘောတကျနဲ့ အော်ရယ်ချလိုက်မိတာ မျက်ရည်ပါထွက်တယ်။ တကယ် တကယ် ထူးဆန်းတာတွေကြည့်ပဲ မြင်နေကြားနေရသည်။
"အခုတော့ ဒီဘက်ကို သွားရအောင်ပါ..."
"အင်း..."
အကို့နောက်ကိုလိုက်လာလိုက်တော့ ကုဿိနာရုံကိုမြင်လိုက်ရပြီး ထိုနေရာမှ အနည်းငယ်လွတ်နေသော ကြားလေးထဲကို အကိုနဲ့ကျွန်တော် တစ်ယောက်ချင်းပဲ ဝင်သွားလိုက်ရသည်။
"သော်မြင်တဲ့ ဘုရားက ဒါပဲ"
"ရပ်တော်မူနဲ့ စေတီနဲ့...ဟုတ်တယ်နော် အကို"
အကိုက မျက်ခုံးလေး ပင့်ပြသည်။ သူပြောသည်ကို ဟုတ်တယ်နော် မေးလို့ဖြစ်ပါလိမ့်မည်။ ကျွန်တော့်ရောင်နီဝန်းက သူပြောသမျှကို ယုံကြည်မှ သဘောကျတာဖြစ်၏။
"ဒီမှာလည်း ရှုခင်းလှတာပဲနော်..."
ရပ်တော်မူကနေ ရင်ပြင်အစွန်းရှိ တံတိုင်းတွေကာထားသည့်နားသွားရပ်ကာ တောင်အောက်ကို လှမ်းကြည့်မိပြန်သည်။တောင်ပတ်ပတ်လည်မှာ ရှိတဲ့ရှုခင်းတွေက အမှန်တကယ်ပင်လှပါသည်။
စိမ်းစိုသာယာပြီး မြင်ရသူကို တကယ်ပေါ့ပါးစေသည်။
"ဟိုးမှာက ဆည်လေ။ "
လက်ညှိုးညွှန်ပြတဲ့ နေရာကို ကျွန်တော်မတွေ့ရပါ။ သို့သော်လည်း ပြီးစလွယ်ခေါင်းငြိမ့်ကာ ဆည်ဆိုသည်နှင့်လမ်းမှာ အကိုပြောခဲ့သော ရေတံခွန်ကို သတိရမိပြီး...
"ကျွန်တော်တို့ ရေတံခွန်သွားရအောင်လေ အကို..."
"ရေကစားချင်လို့လား..."
"မဟုတ်ပါဘူး။ ဒီတိုင်းကြည့်ချင်တာ..."
"ရေကို ကြည့်ချင်တာဆိုရင်တော့ ကန်သစ်ပဲ သွားရအောင်ပါ။ ရေတံခွန်ဘက် လမ်းမှာက လူပြတ်တော့ ဆေးသမားတွေပေါတယ်"
"ဒါဆိုလည်း အကို့သဘောလေ...."
ဒီလိုနဲ့ အကိုနဲ့ကျွန်တော် တောင်အောက်သို့ ဆင်းလာခဲ့ကြသည်။ အလာတုန်းကအတိုင်းပင် တောင်ဘက်မုခ်ကပဲ ပြန်ထွက်လာတာဖြစ်၏။
(*နောက်တစ်ပိုင်းဆို အချိန်တွေအကြာကြီးထမ်းထားတဲ့ဝန်ထုပ်ကြီးကို တို့လွှတ်ချနိုင်သွားပါပြီ။)
__________________
Zawgyi.....
"ထမင္းစား..."
အိမ္ေနာက္ကေန ထြက္လာသည့္ ေကာင္းဟာ ကြၽန္ေတာ့္ကကိုျမင္ျမင္ခ်င္းမွာပဲ ေျပာဆိုမည့္စကားတို႔ ရပ္တန္႔သြားသည္။ ကြၽန္ေတာ့္ဆီကို အားနာမႈမ်က္လုံးေတြနဲ႔ၾကည့္ေနသည္ေၾကာင့္ ေနာက္ထပ္နားမလည္ႏိုင္စရာ တစ္ခုတိုးရျပန္သည္။
"ေကာင္း ဒီမွာဧည့္သည္၊ အလုပ္ရွင္နဲ႔ စကားေျပာလိုက္ဦး...လာ သမီးတို႔၊ တို႔ေတြထမင္းဝိုင္းကို သြားရေအာင္"
"သမီး သမီး..ခဏေနဦးမယ္။"
"အလင္း လာဆိုလာ..."
ကြၽန္ေတာ့္အနားသို႔ လာဖို႔ျပင္ေနေသာ အလင္းကို လက္ကေနဆြဲေခၚကာ အိမ္ေနာက္ထဲသို႔ ဝင္သြားသည့္ လျခမ္းေကြးအေဖ၏ေနာက္သို႔ လျခမ္းေကြးပါလိုက္သြားေလသည္။
"ဒီေန႔ဘာဟင္းခ်က္လဲ အေဖသိလား၊ ေကာင္းလက္ရာကေလ...."
သူမအေဖေနာက္ကေန စကားေတြ႐ႊန္း႐ႊန္းေဝေအာင္ ေျပာဆိုေနသည့္ လျခမ္းေကြးကို ကြၽန္ေတာ္အားက်ရျပန္သည္။
"အကို..."
"ဟင္..ေျပာေလ ေကာင္း"
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္.."
ညႇိဳးငယ္ေနတဲ့ မ်က္ဝန္းေတြနဲ႔ ဘာအတြက္ေၾကာင့္မ်ား ေတာင္းပန္စကားဆိုေနရသလဲဆိုတာကို ကြၽန္ေတာ္ တကယ္ပဲ နားမလည္ႏိုင္ေတာ့ေပ။
"ကိုယ္တို႔ ေအးေအးေဆးေဆးစကားေျပာၾကရေအာင္။ ကိုယ္အခု ဘာကိုမွလိုက္မမီေတာ့ဘူး"
"ဒီဘက္မွာ သြားေျပာရေအာင္..."
ေကာင္းျမတ္ေသာ ေျပာသည့္ ဒီဘက္ဆိုသည္ဟာ အကိုတို႔ အိမ္၏အေပၚထပ္ကိုေျပာတာျဖစ္သည္။ အိမ္ႏွစ္လုံးကို ဆက္၍ေဆာက္ထားသည္မို႔ ေတာ္ေတာ္ေလး က်ယ္ဝန္းသည္။
"ဒီအခန္းမွာ အကိုနားေလ.."
"အကို႔အခန္းကေရာ..."
အလႊတ္မဲ့စြာနဲ႔ ထုတ္ေမးလိုက္ေတာ့ ေကာင္းက ကြၽန္ေတာ့္ထံအၾကည့္တစ္မ်ိဳးနဲ႔ၾကည့္လာေလသည္။
ဒီအၾကည့္ကို ေနရခက္စြာနဲ႔လက္ခံလိုက္ရင္း...
"ဒီဖက္က အကိုႀကီးအခန္း၊ ေဘးကေတာ့ အလင္းရဲ႕အခန္း အကို..."
သုံးခန္းတြဲလ်က္မွာ ကြၽန္ေတာ္နဲ႔အကို႔ အခန္းၾကားမွာ ၾကယ္စင္လင္းက ျခားထားသည္။ အကို႔အိမ္မွာ ဆိုသည့္ အသိႏွင့္ ဤသို႔ကားဆီထားမႈတို႔ကို ကြၽန္ေတာ့္ဘက္က မည္သို႔မွ် ျပန္မေျပာႏိုင္ျဖစ္ရသည္။
"အကို ဒီမွာ..."
အေတြးလြန္ေနသည့္ ကြၽန္ေတာ့္ထံသို႔ ေကာင္းယူလာေပးေသာ ဖိတ္စာသည္....
"ခဏေလး ေကာင္း၊ ေသာ္ ကိုယ္တို႔အျပင္ထြက္ရေအာင္။ ေသာ့္ကို ကိုယ္လိုက္ပို႔ေပးမလို႔။"
ကြၽန္ေတာ့္အနားေရာက္လာသည့္ အကိုဟာ ခ်က္ခ်င္းမွာပဲ ေကာင္းကိုင္ထားေသာ ဖိတ္စာေလးကို လုံးေခ် ဖ်က္ဆီးပစ္ေတာ့သည္။
"ဒါဆို ကြၽန္ေတာ္ ေအာက္ဆင္းေတာ့မယ္ေနာ္။ အကိုအဆင္ေျပတယ္ မဟုတ္လား။"
"ကိုယ္ရတယ္။Thank you ေကာင္း... ဒီမွာ ရွိေနေပးတဲ့အတြက္ပါ...."
အကို႔အိမ္ဆိုၿပီး အကို႔ကို အားကိုးၿပီးလိုက္လာသည္ကေန ကြၽန္ေတာ့္မွာ တစ္ေယာက္တည္းျဖစ္ေနသည့္ခံစားခ်က္မ်ိဳးကို ခံစားရသည္။ သို႔ေသာ္လည္း အနည္းဆုံးေတာ့ ဒီအိမ္မွာ ေကာင္းရွိေနတာပဲ ဆိုတဲ့ အသိေလးနဲ႔ ကိုယ့္စိတ္ကို အားေပးေနမိသည္။
"သြားရေအာင္ ေသာ္..."
အကို႔ဟာ ကြၽန္ေတာ့္လက္ကို ဆုပ္ကိုင္ၿပီး ေလွကားကေနဆင္းသည္။ ကြၽန္ေတာ့္လက္ေခ်ာင္းေတြကို ဆုပ္ကိုင္ထားသည့္ အကို႔လက္ကေလးကို ၾကည့္ရင္း ေလွကားကေနဆင္းလာသည္က...
"အဝန္း..."
"ကြၽန္ေတာ္ ေသာ့္ကိုေ႐ႊျမင္တင္ လိုက္ပို႔ေပးဦးမယ္ အေမ။"
"ေအး ေအးပါ..."
ကြၽန္ေတာ္နဲ႔အကို႔ကို အံ့ၾသသလို ၾကည့္ေနတဲ့ အကို႔အေမေၾကာင့္ အကို႔လက္ေတြကို ျဖဳတ္ဖို႔ ကြၽန္ေတာ့္ဘက္ကႀကိဳးစားလိုက္သည္။ ဘယ္ေလာက္ပဲခ်စ္ၾကတယ္ေျပာေျပာ လူႀကီးသူမေရွ႕မွာ အခုလိုႀကီးလက္တြဲလ်က္ရွိေနတာက မသင့္ေတာ္ဘူးဟု ကြၽန္ေတာ္ယူဆသည္။
သို႔ေသာ္လည္း အကိုဟာ ကြၽန္ေတာ့္ရဲ႕ႀကိဳးစားမႈကို မသိခ်င္ေယာင္ေဆာင္ကာ ၿမဲၿမံစြာႏွင့္ပင္ ကြၽန္ေတာ့္လက္အားဆုပ္ကိုင္ထားသည္။
"ဘယ္အခ်ိန္ ျပန္လာမွာလဲ အဝန္း...."
အကို႔အေမ၏ ေနာက္ကေန ထြက္ေပၚလာသည့္ အကို႔အေဖဟာ ကြၽန္ေတာ္တို႔အနားကို ေရာက္လာခ်င္းမွာပဲ လိုရင္းကိုေမးသည္။
ထိုအခ်ိန္မွာ ကြၽန္ေတာ္ အကို႔ထံသို႔အေၾကာင္းမဲ့ၾကည့္မိသည္။ ခ်က္ခ်င္းစူးရဲသြားသည့္ အကို႔မ်က္လုံးေတြဟာ၊ အေစာက အကို႔အေဖ့ဆီမွာ ကြၽန္ေတာ္ျမင္ေတြ႕လိုက္ရသည့္အတိုင္းပင္။ အကိုဟာ အကို႔အေဖနဲ႔သိပ္တူသည္ကို ကြၽန္ေတာ္သိလိုက္ရသည္။
အကိုတို႔သားဖႏွစ္ေယာက္လုံးမွာ စူးရဲေနတဲ့ ေ႐ႊဝါေရာင္မ်က္ဝန္းေတြရွိေနသည္။
"အေျခအေန အရပဲအေဖ၊ "
"အင္း..မင္းသေဘာပါပဲ။ ငါတို႔ကေတာ့ ဒီအိမ္မွာပဲ မနက္ျဖန္အတြက္ ျပင္ဆင္ေနမယ္။"
အကိုဟာ စိတ္ရႈပ္ေထြးသြားသလိုနဲ႔ ေခါင္းကိုသာ အသာၿငိမ့္ျပကာ အားလုံးရဲ႕ေရွ႕ကေန ကြၽန္ေတာ့္လက္ကိုဆြဲကာ ထြက္လာခဲ့ေတာ့သည္။
"ကိုယ္ေမာင္းမယ္ ေသာ္..ခဏေနာ္"
ကားေမာင္းသူေနရာကို သြားမယ္လုပ္ၿပီးမွ အကိုဟာ အိမ္ထဲသို႔ျပန္ဝင္သြားသည္ေၾကာင့္ ကြၽန္ေတာ္ေၾကာက္မိသည္။ ဒီအိမ္ထဲကေန အကို ျပန္မထြက္လာမွာကို ကြၽန္ေတာ္ေၾကာက္ပါသည္။
"အလင္း ဒီမွာဆြဲႀကိဳးလာယူဦး..."
"ေအး လာၿပီ၊"
အေျပးတပိုင္းႏွင့္ေရာက္လာသည့္ ၾကယ္စင္လင္းထံသို႔ အကိုဟာ လည္ပင္းမွာရွိသည့္ဆြဲႀကိဳးေလးကို ျဖဳတ္ေပးသည္။ ကြၽန္ေတာ္သာ အမွတ္မမွားဘူးဆိုလွ်င္ အကိုနဲ႔စေတြ႕သည္အခ်ိန္ထဲကေန အခုလို ျပန္ေတြ႕ၾကသည့္အခ်ိန္ထိ အကို႔လည္ပင္းမွာ ဤဆြဲႀကိဳးေလးက ေနရာယူထားၿမဲျဖစ္သည္။
ယခုအခါမွာ မည္သို႔ေသာ အေၾကာင္းအရာမ်ားေၾကာင့္ ဆြဲႀကိဳးကိုျဖဳတ္၍ထားခဲ့ေလသလဲ ကြၽန္ေတာ္မစဥ္းစားတတ္ေတာ့ပါ။
"ဒီကေန အေရွ႕တိုင္းေမာင္းသြားလိုက္ရင္ ေ႐ႊျမင္တင္ေတာင္ကို ေရာက္တယ္ ေသာ္။ သမိုင္းေၾကာင္းေတြအရဆို ေ႐ႊျမင္တင္ေတာင္က ေမာင္ေတာ့္ရဲ႕ေတာင္လို႔ ေျပာၾကတယ္။ ေ႐ႊျမင္တင္မေရာက္ခင္မွာ ဟိုဘက္ဒီဘက္ လမ္းခြဲေလးရွိေသးတယ္..အဲ့ဒီကေန ေတာင္ဘက္ကိုေကြ႕သြားရင္ အမေတာ္ရဲ႕ေတာင္ပဲ။
ေမာင္ႏွမငါးေယာက္ရွိတဲ့ ထဲမွာ သုံးေယာက္ပဲအသက္ရွင္ၿပီး ေတာင္ေတာ္ေစတီေတြတည္ၾကတယ္တဲ့။ "
"ေရွ႕မွာ ...."
ကြၽန္ေတာ့္ဘက္သို႔ ေငးၾကည့္ရင္း စကားေတြေျပာေနသည့္ အကိုဟာ ေရွ႕ကေနျဖတ္တက္သည့္ ဆိုင္ကယ္ေၾကာင့္ ဘရိတ္ကိုအျမန္ပင္အုပ္လိုက္ရၿပီး ကြၽန္ေတာ္ကေတာ့ ထိတ္လန္႔တၾကားႏွင့္ အာေမဋိတ္သံသာ ထြက္သြားသည္။
"Sorry ေသာ္..."
"အကို ပင္ပန္းေနရင္လည္း ကြၽန္ေတာ္ပဲေမာင္းေပးပါ့မယ္။ ျဖစ္ရဲ႕လားဟင္ အကို...."
"အာ မဟုတ္တာ၊ ရပါတယ္ ေသာ္ရ။
ေရွ႕နားဆို ဒီအပင္တန္းဆုံးရင္ ေရာက္ၿပီပဲ"
အကိုအေျပာေၾကာင့္ ေဘးဘီကိုၾကည့္မိသည္။ လမ္း၏ တစ္ဖက္တစ္ခ်က္မွာ စီရီစြာႏွင့္စိုက္ပ်ိဳးထားသည့္ အပင္တို႔က အုံ႔ဆိုင္းလို႔ေပးသည္ေၾကာင့္ လမ္းမအထက္တြင္ ေနေျပာက္ပင္မထိုးပဲရွိလို႔ေနသည္။
အုံ႔စိုင္းကာ စိမ္းစိုေနသည့္ ဒီလမ္းတစ္ေလွ်ာက္ စိတ္တို႔က အလိုလိုၾကည္လင္လာရင္း...လမ္းရဲ႕အဆုံးမေရာက္ခင္မွာ...
"ဟိုမွာ ျမင္ေနရတာက ေ႐ႊျမင္တင္ပဲ ေသာ္...."
အကို႔လက္ညႇိဳးၫႊန္ျပသည့္ ရပ္ေတာ္မူ။ ေတာင္ေပၚတြင္ရွိေနေသာ ရပ္ေတာ္မူဘုရားႏွင့္ ေစတီတစ္ဆူကို ခပ္လွမ္းလွမ္းကပင္ ဖူးေျမာ္၍ ရႏိုင္ေလသည္။ ေ႐ႊေရာင္ဝင္းေနသည့္ ေစတီသည္ စိတ္တို႔ကို ညႇိဳ႕ယူသြားသလိုနဲ႔ ကြၽန္ေတာ့္မွာ အလိုလိုပင္ ရင္ထဲက လႈိက္လႈိက္လဲလဲ ၾကည္ညိဳမိသည္။
"ကိုယ္ ေျပာတာ ဒီလမ္းေလ ေသာ္၊ ေတာင္ဘက္ကို ခ်ိဳးသြားလိုက္ရင္ အမေတာ္ရဲ႕ နတ္ေတာင္ကိုေရာက္တယ္။ အဲ့ဒီကေန ဆက္သြားရင္ ေရတံခြန္ပါရွိေသးတယ္။"
"ေရတံခြန္..."
"အင္း... ေရဦး ေရတံခြန္တဲ့။ ေက်ာက္တုန္းေတြၾကားကေန တက္သြားရတာ။ ေရကူးလို႔လည္းရတယ္။"
"သာယာမွာပဲေနာ္..."
"ဒါေပါ့၊ အခုေတာ့ ေ႐ႊျမင္တင္ကိုပဲ သြားမယ္ေနာ္..."
"ဟုတ္ အကို.."
ကြၽန္ေတာ့္ရဲ႕ ေျဖသံကိုၾကားၿပီးမွပဲ အကိုဟာ ေရွ႕သို႔ဆက္ေမာင္းသြားေလသည္။
"ကိုယ္တို႔ ေျခခ်င္ပဲတတ္ၾကတာေပါ့..."
အလႉခံမ႑ပ္နံေဘးက ကြန္ကရစ္ခင္းထားေသာ ေနရာတြင္ ကားကိုပါကင္ထိုးလိုက္ၿပီး ထိုသို႔ေျပာသည့္ အကို႔ေၾကာင့္ ကြၽန္ေတာ့္မွာ ေနရာအသစ္အေၾကာင္းကို စပ္စုမိသည္။
"ေျခခ်င္မတက္လို႔ေရာ ရလား အကို..."
"ရတယ္ေလ ေသာ္။ ေျမာက္ဘက္ေစာင္တန္းကေန သြားရင္ ကားလမ္းရွိတယ္၊ အဲ့ဒီကမွ ဓာတ္ေလွကားနဲ႔ဆို ေတာင္ေပၚကိုခ်က္ခ်င္းေရာက္တယ္။ ေသာ္ သြားခ်င္လို႔လား။"
"မဟုတ္ပါဘူး..ဒီတိုင္းေမးၾကည့္တာ။"
"ဒါဆိုလည္း သြားရေအာင္ေလ၊ကိုယ္က ေသာ္နဲ႔အတူ ေလွကားထစ္ေတြ ေရတြက္ခ်င္တာ။အဲ့တာေၾကာင့္ ေတာင္ဘက္မုခ္ကေန တက္မလို႔..."
"ဟြန္းး....ခင္ေမာင္တိုးသီခ်င္းလိုလား.."
မရယ္ပဲ မေနႏိုင္ေအာင္ကို ျဖစ္မိၿပီး အကို႔ကို စ,လိုက္ေတာ့ အကိုကလည္း ခ်က္ခ်င္းပဲ သေဘာေပါက္သြားၿပီး...
"ကိုယ္ေျပာပါတယ္ ႐ိုး႐ိုးေလးသာ ဝတ္ခဲ့ပါလို႔"
"ဟား ဟား ဟားးးး"
အကို႔ေၾကာင့္နဲ႔ ကြၽန္ေတာ့္မွာ စိတ္လြတ္၊လက္လြတ္ေတြရယ္ေမာမိၿပီး ကားတံခါးကို ဖြင့္ကာ ကားေပၚကေန ဆင္းခဲ့လိုက္သည္။ အျပင္မွ ေျခခ်ခ်ျခင္းပဲ လတ္ဆတ္တဲ့ ေလထုက ကြၽန္ေတာ့္ကို ဆီးႀကိဳသည္။
အနီးအနားမွာ လူေနအိမ္မရွိသည္မို႔ ဘုရားရိပ္တရားရိပ္က တကယ္ကို ေအးခ်မ္းလြန္းပါသည္။
"ကိုယ္တို႔ ငယ္ငယ္က ကိုယ္တို႔အဖိုးနဲ႔ဒီကိုခဏခဏ ေရာက္ျဖစ္တယ္။ ဒီကိုေရာက္ရင္ ကိုယ့္စိတ္ေတြၿငိမ္ခ်မ္းသြားတယ္ေလ....အသက္ရလာေတာ့ ဒီကိုလာဖို႔ေတာင္ ကိုယ့္မွာေမ့ေလ်ာ့ေနတတ္ၿပီ။"
လမ္းတစ္ဖက္တြင္ရွိေသာ ေစာင္းတန္းဆီသို႔ ဦးတည္ရင္း အကိုဟာ ကြၽန္ေတာ့္လက္တစ္ဖက္ကို ဆုပ္ကိုင္ဖို႔ကိုလည္း မေမ့ေလ်ာ့ပါ။
ကြၽန္ေတာ္တို႔ေရွ႕ကေန ျဖတ္ေမာင္းသြားေသာ ကားတစ္စီးကိုပင္ ဂ႐ုမျပဳမိၾကပဲ ကြၽန္ေတာ္တို႔ တစ္ေယာက္ကိုတစ္ေယာက္ အေၾကာင္းျပခ်က္မရွိပဲ ေငးၾကည့္ေနမိသည္။
"အကို..."
"ေျပာေလ ေသာ္..."
ေစာင္းတန္းမုခ္ေပါက္တြင္ ဖိနပ္ခြၽတ္ၾကရာ၌ ကြၽန္ေတာ့္ဖိနပ္ကို ကိုင္ေပးသည့္ အကို႔ေၾကာင့္ ကြၽန္ေတာ့္မွာ အထိတ္တလန္႔ျဖစ္သြားရသေလာက္ အကိုကေတာ့ ဘာမျဖစ္သလိုနဲ႔ပါ။
အကို႔ရဲ႕ အခုလို လိုက္ေလ်ာေပးမႈေတြကို ကြၽန္ေတာ္ေၾကာက္လာၿပီ၊ အေတြးမမ်ားဖို႔ အကို႔ကို ယုံၾကည္ဖို႔ဘယ္ေလာက္ပဲႀကိဳးစားေနပါေစ ေနာက္ဆုံး ကြၽန္ေတာ့္စိတ္တို႔က ဇေဝဇဝါနဲ႔ပဲ အကိုေပးတဲ့ၾကင္နာမႈေတြကို လက္ခံဖို႔ တြန္႔ဆုတ္ခ်င္ၿပီ။
"ကိုယ္လုပ္ေပးခ်င္လို႔ပါ။"
"ေနာက္ဆုံးအေနနဲ႔ လိုက္ေလ်ာေပးေနတာဆိုရင္..."
"မဟုတ္ဘူး ေသာ္၊ အဲ့လိုမဟုတ္ဘူး။
ေသာ္ ခြင့္ျပဳမွာပါ...ေသာ္ သေဘာတူၾကည္ျဖဴတဲ့အရာကိုပဲ ကိုယ္လုပ္ခ်င္တယ္။ ေသာ္စိတ္ဆင္းရဲရေအာင္ ကိုယ္ထပ္ၿပီးမလုပ္ေတာ့ဘူးသိလား..."
အကိုက သူ႔လည္တိုင္ေတြကို လက္ေခ်ာင္းေလးမ်ားျဖင့္ စမ္းၾကည့္ရင္း ခပ္ယဲ့ယဲ့ေလးၿပဳံးျပန္သည္။
"ကိုယ္က ကိုယ့္အိမ္နဲ႔ ဘာမွမသက္ဆိုင္ေတာ့ဘူးေလ။"
"ဘယ္လို..."
"ဆြဲႀကိဳးနဲ႔အတူ အေဖ့ကိုေပးခဲ့တဲ့ကတိေတြကို ကိုယ္ထားရစ္ခဲ့ၿပီ ေသာ္၊ အခု ေသာ့္ေရွ႕မွာရွိေနတာက ကိုယ္တိုင္ ကိုယ္ပါပဲ။ ကိုယ္တစ္ေယာက္တည္းပါ ေသာ္...."
"ကြၽန္ေတာ္ ေပ်ာ္ရမွာလား အကိုရယ္..."
"ဒါေပါ့ ေသာ္ေပ်ာ္ရမွာပါေလ..."
ေျပာၿပီး အကိုသည္ ကြၽန္ေတာ့္လက္ကို ျပန္လည္လို႔ ဆုပ္ကိုင္ကာ ႏွစ္ဦးသားတန္းတူညီမွ်စြာနဲ႔ ေလွကားထစ္၏ ပထမေျခလွမ္းကို အတူတက္ခဲ့ၾကသည္။
"ဟိုဟာက ေျခရာေတာ္လား..."
"ဟုတ္တယ္ ေသာ္၊ အဲ့ဒီကေနအေရွ႕ကိုဆက္သြားရင္ ဇရပ္ရွိတယ္၊ ဘုန္းႀကီးေတြလည္း ေနၾကတယ္..."
ေလွကား၏ အေရွ႕ဘက္ျခမ္းရွိ သံေခ်ာင္းမ်ားျဖင့္ ဝန္းခတ္ထားေသာ ေနရာကို သတိေမးမူမိကာ ေမးလို႔ ေငးၾကည့္ေနဆဲမွာပင္...
"ဒါက အတုလေဒဝီမိဖုရားႀကီး တည္ခဲ့တာ..."
ေလွကား၏ အေနာက္ဘက္တြင္ရွိေသာ ေစတီေတာ္သည္ အတုလေဒဝီမိဖုရားႀကီးတည္ထားခဲ့သည္တဲ့။ အခုမွ ေအာက္ေျခပဲရွိေသးသည္ ကြၽန္ေတာ့္အတြက္ စိတ္ဝင္စားစရာမ်ားကို မွင္သက္စြာနဲ႔ ေငးၾကည့္ေနရသည္။
"ဒီမွာက ပန္းေရာင္းတဲ့သူေတြ၊ ဘာေတြမရွိဘူးေနာ္။"
"ပြဲေတာ္ရက္ဆိုရင္ေတာ့ ရွိပါတယ္။ "
"ေၾသာ္..."
ေလွကားထစ္ေတြ အေနာက္ဘက္သို႔ယြန္းသြားသည့္ေနရာတြင္ အကိုက...
"ဒါက နတ္နန္း" ဟု မိတ္ဆတ္ေပးသည္။
ၿပီးသည္ႏွင့္ အေပၚဘက္သို႔ မတ္ေစာက္စြာ တက္လာခဲ့ရသည္။
"ဒါနဲ႔ ဒီမွာေလွကားထစ္ဘယ္ေလာက္ရွိလဲအကို..."
"၅၀၀လား၊ ၅၀၀၀လားပဲ။ ကိုယ္ေတာင္ေမ့ခ်င္ခ်င္ျဖစ္ေနၿပီ။"
"၅၀၀၀ပဲ ေနမွာပါ"
အေပၚေစတီသို႔ ေရာက္ရန္ ေလွကားထစ္အနည္းငယ္သာ လိုေတာ့သည္မွာ ကြၽန္ေတာ္ ဘယ္လိုမွ မ,လွမ္းႏိုင္ေတာ့ပဲျဖစ္ရကာ ေလွကားမွာပင္ထိုင္ခ်မိသည္။
"ဟိုးးးမွာ အင္ၾကင္းပန္းေတြေသာ္....."
ထိုင္ေနသည့္ေနရာမွ အကိုလက္ညႇိဳးၫႊန္ျပရာ အေရွ႕ေတာင္ဘက္ ယြန္းယြန္းကို ၾကည့္မိလိုက္ေတာ့ ဟုတ္ပါရဲ႕ အင္ၾကင္းပန္းေတြက ေဝေဝဆာဆာနဲ႔ ဖူးပြင့္ေနလိုက္တာမ်ား၊ ေလတစ္ခ်က္အေဝွ႔မွာ ရနံ႔က သင္းပ်ံ႕ေနမည္ဟု ကြၽန္ေတာ္ထင္သည္။
ေလတိုက္ခတ္မႈကိုသာ ခံစားရၿပီး ကြၽန္ေတာ္ရႉရႈိက္လိုက္ေသာ ထိုေလထုထဲတြင္ အင္ၾကင္းပန္းရနံ႔တို႔က ပါမလာေခ်။
"ေမႊးရဲ႕လား ေသာ္...."
ကြၽန္ေတာ့္ရဲ႕ အနံ႔ခံအာ႐ုံအေၾကာင္းကို အကိုေမ့ေလ်ာ့သြားတာျဖစ္မည္။ သို႔ေသာ္လည္း ဒီလိုအေၾကာင္းေတြေျပာၿပီး အခုခ်ိန္ေလးကို မပင္ပန္းေစခ်င္ပါ။ ထို႔ေၾကာင့္...
"ဟိုဟာက ေနာက္ထပ္ ေတာင္တစ္လုံးလား" ဟု ေမးလိုက္သည္။
"အင္း..ရေသ့ေတာင္။"
"ေၾသာ္..."
"ေသာ္ အေမာေျပရင္ ကိုယ္တို႔ဆက္တက္ရေအာင္ေလ..."
ကြၽန္ေတာ္လည္း အေမာေျပၿပီမို႔ အကို႔လက္ေတြကို ဖမ္းဆုပ္လိုက္ရင္း ေလွကားထစ္ေတြကို အကိုနဲ႔အတူ ေက်ာ္ျဖတ္ေတာ့မည္။
ရင္ျပင္ေပၚကို ေရာက္သြားေတာ့ ေ႐ႊေရာင္ဝင္းဖိတ္ေနသည့္ တန္ခိုးႀကီး ေစတီေတာ္ျမတ္အား ထိျခင္းငါးျဖာႏွင့္ ရွိခိုးဦးခ်မိသည္။ ေတာင္တက္လာသည့္ ပင္ပန္းမႈတို႔ ေျပေျပာက္သြားၿပီး ရင္ထဲကို ေအးျမသြားေစတာ အမွန္ပင္။
"ဟိုဘက္ကို သြားရေအာင္ ေသာ္..."
ဘုရားကန္ေတာ့ၿပီးေနာက္မွာ ကြၽန္ေတာ္ဟာ အကိုေခၚရာေနာက္သို႔ လိုက္ခဲ့သည္။ ဘုရားမွ ေတာင္ဘက္ဆီသို႔ ထြက္ခဲ့လိုက္ေတာ့ ရင္ျပင္က်ယ္မွာ ခုံတန္းေလးေတြရွိေနသည္။ ရင္ျပင္အစြန္းကို အေသအခ်ာ ပြတ္လုံးမ်ားျဖင့္ ကာရံထားသည္က ကြၽန္ေတာ့္ခါးသာသာ သာရွိသည္။
အကာအရံေပၚကို လက္တင္ၿပီး ဟင္းလင္ျပင္ထဲသို႔ ကြၽန္ေတာ့္မ်က္ႏွာကို ေမာ့ကာထားလိုက္ေတာ့ ေအးျမလက္ဆတ္သည့္ ေလထုနဲ႔အတူ ကြၽန္ေတာ့္ပါးျပင္ေပၚ ေရာက္လာသည့္ အနမ္းေႏြးေႏြးတို႔ေၾကာင့္ မ်က္လုံးမွိတ္ထားရင္းကပင္ ကြၽန္ေတာ္ ၿပဳံးမိသြားသည္။
"ဒါက လမ္းကေနျမင္ရတဲ့ ရပ္ေတာ္မူ မဟုတ္ေသးဘူး ေသာ္...."
"ဟုတ္လား။ ဒါဆို အေဝးကေန ျမင္ခဲ့တဲ့ဘုရားက..."
"ဟိုဘက္ကို ဆက္သြားရမွာ။ လာ သြားရေအာင္..."
ေစတီ၏ အေနာက္ဘက္သို႔ ေလွ်ာက္သြားလိုက္ေတာ့ ထိုမွတဆင့္ ေအာက္သို႔ဆင္းသည့္ ေလွကားေလးရွိသည္။ သို႔ေသာ္လည္း ေလွကားသည္ တန္ခိုးႀကီးဘုရားႏွင့္ ဒီရင္ျပင္တစ္ခုကို ဆက္သြယ္ေပး႐ုံမွ်သာ ျဖစ္၏။ ဒါသည္ ေနာက္ထပ္ေစာင္းတန္းတစ္ခုမဟုတ္ပါ။
"ဒါက က်န္စစ္သားမင္းႀကီးတည္ထားခဲ့တဲ့ ႏွီးဘုရား..."
"ႏွီးနဲ႔ လုပ္တာေပါ့..."
"အင္း၊ အေပၚကေတာ့ ေ႐ႊသကၤန္းကပ္ထားတာေပါ့ ေသာ္ရ။ ဒါကေတာ့ ဒီဘဒၵကမာၻမွာ ပြင့္ခဲ့တဲ့ ဘုရားေလးဆူကို တည္ထားတာ။ ေနာက္ထပ္ ျပစရာရွိေသးတယ္..."
ကြၽန္ေတာ့္လက္ေတြကို ဆြဲၿပီး ေျပးေခၚသြားသည္က...
"လွလိုက္တာ..."
အေပၚစီးကေန ၾကည့္ေနရသည့္ ေတာင္၏ အလွ၊ သစ္ပင္မ်ားႏွင့္ လယ္ရာေျမကြက္မ်ားတြင္ ထြန္ယက္ထားသည္က တကယ္ကို႔မွ ခ်စ္စရာေကာင္းလြန္းသည္။
"ဟိုးမွာလည္း ေတာင္တစ္ေတာင္ရွိေသးတယ္။"
အကို႔လက္ညႇိဳးၫႊန္ျပသည့္ ဟိုးအေဝးႀကီးက ေတာင္တစ္ေတာင္။ အကိုျမင္ခဲ့ရတဲ့ ဒီေနရာေတြက တကယ္ကို အလွေတြအျပည့္နဲ႔ပါ။
"ေနာက္ထပ္ ပိုလွတာျပမယ္..."
ကေလးတစ္ေယာက္လို အႂကြားသန္ခ်င္ေနသည့္ အကို႔ဆြဲေခၚရာသို႔ အေျပးတစ္ပိုင္းနဲ႔ လိုက္ပါလာရင္းမွ...
"ဒီေလွကားကေရာ ဘာအတြက္လည္း အကို..."
"အရင္ကေတာ့ အိမ္သာရွိတယ္၊ အခုေတာ့ အေကာင္ေတြပေလာင္ေတြ ေၾကာက္လို႔ ဒီတိုင္းပဲ ထားလိုက္တာ။"
"မသိပါဘူး ေ႐ႊေတြဘာေတြမ်ား ျမႇပ္ထားတာလားလို႔..."
"ျဖစ္ရမယ္ ေသာ္ရာ။ အယ္..တစ္ခုေတာ့ရွိတယ္။ ကိုယ္တို႔ငယ္ငယ္က ေျပာၾကတာေတာ့ ဒီေလွကားကေနဆင္းၿပီး ေအာက္ထဲကို ဝင္သြားရင္ ဒီေတာင္ကေန ပုဂံအထိေပါက္တဲ့လမ္းရွိတယ္တဲ့။"
"ဒါဆို သြားၾကည့္ရေအာင္ေလ..."
ေလွကားထစ္ေတြဆီကို ဆင္းေျပးဖို႔လုပ္ေနတဲ့ ကြၽန္ေတာ့္လက္ေတြကို အကိုက ဆြဲေခၚထားၿပီး...
"မလုပ္လိုက္ပါနဲ႔ ေသာ္ရယ္၊ ေအာက္ထဲမွာ တစ္ခုခုရွိေနရင္ ဘယ္ႏွယ့္လုပ္မလဲ။ လာပါ သြားရေအာင္.."
သြားရေအာင္လို႔ ေျပာၿပီး ကြၽန္ေတာ့္လက္ကို အတင္းဆြဲေခၚသြားပါသည့္ အကိုေၾကာင့္ ကြၽန္ေတာ့္မွာလည္း စူးစမ္းခ်င္သည့္စိတ္တို႔ကို ငုပ္လွ်ိဳးထားလိုက္ရေတာ့သည္။
"ဒါက အေနာက္ဘက္ေစာင္းတန္း၊ နတ္ေရကန္လည္းရွိေသးတယ္..."
"ဘယ္လို ေရကန္.."
"ဒီလိုကြာ ေက်ာက္တုန္းႏွစ္ခုၾကားမွာ ေရကန္သေဘာမ်ိဳးေလးျဖစ္တာ။ ေရာဂါဘာညာ ေပ်ာက္တယ္ေပါ့ေလ...အရင္က ေျပာပါတယ္၊အခုေတာ့ ဘုန္းႀကီးက ပိုက္နဲ႔သြယ္ၿပီး ေရထည့္ေပးေနတယ္ဆိုလား..."
"ဟားဟားးး...ျဖစ္ရတယ္ အကိုရယ္"
သေဘာတက်နဲ႔ ေအာ္ရယ္ခ်လိုက္မိတာ မ်က္ရည္ပါထြက္တယ္။ တကယ္ တကယ္ ထူးဆန္းတာေတြၾကည့္ပဲ ျမင္ေနၾကားေနရသည္။
"အခုေတာ့ ဒီဘက္ကို သြားရေအာင္ပါ..."
"အင္း..."
အကို႔ေနာက္ကိုလိုက္လာလိုက္ေတာ့ ကုႆိနာ႐ုံကိုျမင္လိုက္ရၿပီး ထိုေနရာမွ အနည္းငယ္လြတ္ေနေသာ ၾကားေလးထဲကို အကိုနဲ႔ကြၽန္ေတာ္ တစ္ေယာက္ခ်င္းပဲ ဝင္သြားလိုက္ရသည္။
"ေသာ္ျမင္တဲ့ ဘုရားက ဒါပဲ"
"ရပ္ေတာ္မူနဲ႔ ေစတီနဲ႔...ဟုတ္တယ္ေနာ္ အကို"
အကိုက မ်က္ခုံးေလး ပင့္ျပသည္။ သူေျပာသည္ကို ဟုတ္တယ္ေနာ္ ေမးလို႔ျဖစ္ပါလိမ့္မည္။ ကြၽန္ေတာ့္ေရာင္နီဝန္းက သူေျပာသမွ်ကို ယုံၾကည္မွ သေဘာက်တာျဖစ္၏။
"ဒီမွာလည္း ရႈခင္းလွတာပဲေနာ္..."
ရပ္ေတာ္မူကေန ရင္ျပင္အစြန္းရွိ တံတိုင္းေတြကာထားသည့္နားသြားရပ္ကာ ေတာင္ေအာက္ကို လွမ္းၾကည့္မိျပန္သည္။ေတာင္ပတ္ပတ္လည္မွာ ရွိတဲ့ရႈခင္းေတြက အမွန္တကယ္ပင္လွပါသည္။
စိမ္းစိုသာယာၿပီး ျမင္ရသူကို တကယ္ေပါ့ပါးေစသည္။
"ဟိုးမွာက ဆည္ေလ။ "
လက္ညႇိဳးၫႊန္ျပတဲ့ ေနရာကို ကြၽန္ေတာ္မေတြ႕ရပါ။ သို႔ေသာ္လည္း ၿပီးစလြယ္ေခါင္းၿငိမ့္ကာ ဆည္ဆိုသည္ႏွင့္လမ္းမွာ အကိုေျပာခဲ့ေသာ ေရတံခြန္ကို သတိရမိၿပီး...
"ကြၽန္ေတာ္တို႔ ေရတံခြန္သြားရေအာင္ေလ အကို..."
"ေရကစားခ်င္လို႔လား..."
"မဟုတ္ပါဘူး။ ဒီတိုင္းၾကည့္ခ်င္တာ..."
"ေရကို ၾကည့္ခ်င္တာဆိုရင္ေတာ့ ကန္သစ္ပဲ သြားရေအာင္ပါ။ ေရတံခြန္ဘက္ လမ္းမွာက လူျပတ္ေတာ့ ေဆးသမားေတြေပါတယ္"
"ဒါဆိုလည္း အကို႔သေဘာေလ...."
ဒီလိုနဲ႔ အကိုနဲ႔ကြၽန္ေတာ္ ေတာင္ေအာက္သို႔ ဆင္းလာခဲ့ၾကသည္။ အလာတုန္းကအတိုင္းပင္ ေတာင္ဘက္မုခ္ကပဲ ျပန္ထြက္လာတာျဖစ္၏။
(*ေနာက္တစ္ပိုင္းဆို အခ်ိန္ေတြအၾကာႀကီးထမ္းထားတဲ့ဝန္ထုပ္ႀကီးကို တို႔လႊတ္ခ်ႏိုင္သြားပါၿပီ။)