𝐍𝐨 𝐌𝐨𝐫𝐞 𝐓𝐞𝐚𝐫
By Kim_Vante_Koo
22K 1.6K 167
ကျန်တာတွေမလို... ဖဝါးမလပ်ခြေရာထပ်ဖို့ကသာ ကျွန်တော့်ရဲ့ဘဝအဆက်အဆက် တောင်းဆုတစ်ခု ဖြစ်ခဲ့၏။ More
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10 🔞
Part 11
Part 12
Part 13
Part 14🔞
Part 15
Part 16
Part 17
Ending
Thank you all
Announcement for _
Hello
Part 1
3.1K 136 11
By Kim_Vante_Koo
Unicode..
" လမ်းခွဲကြရအောင် "
စကားအဆုံး ကြွေကျသွားတဲ့မျက်ရည်တစ်စက်....
ဆတ်ခနဲနာကျင်သွားတဲ့ နှလုံးသားတစ်စုံနဲ့အတူ အတင်းဝင်ရောက်လာတာက မယုံကြည်နိုင်မှု...
ဟင့်အင်း သူနောက်နေတာနေမှာ။
"အဟက်...နောက်စရာမှမဟုတ်ပဲ Ohmရယ်
ကစားချင်လည်း တခြားနည်းပြောင်းကစားကွာ
အလကားသက်သက် စိတ်ညစ်အောင်မလုပ်နဲ့"
"မဟုတ်ဘူး ဘေဘီ ကိုယ်နောက်နေတာမဟုတ်ဘူး
ကိုယ်တို့လမ်းခွဲဖို့ကို အတည်ပြောနေတာ..."
အကြောင်းပြချက်မရှိပဲ ဘာလို့ရုတ်တရက်ကြီးလဲ။
နှစ်နှစ်ကျော်တည်ဆောက်လာတဲ့သံယောဇဥ်က
ဒီလိုလွယ်လွယ်ဖြတ်ပစ်ဖို့မှမဟုတ်တာ..။
စချစ်တတ်တည်းက ငါ့ရဲ့အရာရာက မင်းနဲ့ပဲစတင်ခဲ့တာ။
ငါ့ရဲ့အချစ်ဦး ငါရဲ့အချစ်ဆုံး အရာအားလုံးနဲ့ယှဥ်ရင်တောင်
မင်းမျက်နှာကိုပဲ ကြည့်ပြီးရူးခဲ့တာ...မင်းမှမင်းဖြစ်နေခဲ့ရသမျှကမင်းထားခဲ့တာခံရဖို့မှမဟုတ်တာ...။
မဖြစ်ရဘူးလေအချစ်ရဲ့ မင်းငါ့ကိုတကယ်ခွဲသွားလို့မဖြစ်ပါဘူး။
"ဘာလို့လဲ Ohm အကြောင်းပြချက်ကဘာလဲ
မင်းမှာ အခက်အခဲတစ်ခုခုများရှိသလား...
ရှိရင်ငါတို့အတူတူဖြေရှင်းကြမယ်လေနော်...
စိတ်ညစ်တိုင်းလမ်းခွဲမယ်လျှောက်မပြောပါနဲ့ကွာ"
ကျောခိုင်းထားရာကနေ ကျွန်တော့်ကိုလှည့်ကြည့်တဲ့ သူ။
ဖြစ်နိုင်ရင်အချိန်တွေကိုဒီမှာပဲ ရပ်ထားပစ်လိုက်ချင်တော့တယ်။ မကြားချင်ဘူး သူဆက်ပြောလာမယ့်စကားတွေကို။
မကြားချင်ဘူးဆိုတာထက် မကြားရဲတာ...။
"မင်းသိလား ဘေဘီ။ တစ်ခါတလေမှာ အချစ်တစ်ခုတည်းနဲ့
ပြီးဆုံး မသွားနိုင်မယ့်အရာတွေရှိတယ်..ချစ်နေရင်တောင်
ရှေ့ဆက်တိုးမရနိုင်တော့မယ့်အခြေအနေတွေရှိတယ်။
ချစ်နေရင်တောင်ထုတ်ပြမရနိုင်တော့မယ်အခြေအနေတွေရှိတယ်.."
ဒဿနလိုလို ဝတ္ထုလိုလိုစာစုတွေကိုကျွန်တော့်ကိုရွတ်ပြတယ်။
"ဘာတွေအတွေးလွန်နေတာလဲOhm.. ငါရှိတယ်လေ
ငါက မင်းအခက်အခဲတွေရဲ့အဖြေမဟုတ်ဘူးလား...
ဒါမှမဟုတ်အဖြေကိုတူတူရှာလို့မရနိုင်ဘူးလား
မင်းတကယ်လို့ ပြသနာကြုံနေခဲ့ရင်လည်း
အတူတူ ရင်ဆိုင်ကြမယ်လေကွာ ငါ့ကိုဒီလိုမျိုးတွေထပ်ပြီး
မပြောပါနဲ့...ငါ...ငါတကယ်တောင်းပန်..."
ကျွန်တော်ဘာမှမတွေးနိုင်တော့ဘူး...။
ဘယ်လိုလုပ်ရင် သူလမ်းခွဲဖို့အကြောင်းတွေဆက်မပြောမှာလည်း။ ဘယ်လိုတွေလုပ်ရင် သူကျွန်တော့်ကိုမထားခဲ့မှာလည်း။ ကြံရာမရစိတ်တွေနဲ့အတူ ပူပန်လာသောရင်အစုံ။
ကိုယ့်ကိုယ်ကိုယ်သတိထားမိချိန်မှာ ကျွန်တော်ဟာ
​မြေပြင်ပေါ်ဒူးထောက်လျက်သား...။
ထားခဲ့လို့မဖြစ်ဘူးလေအချစ်ရဲ့...။ မဟုတ်ရင် မင်းထားခဲ့လို့
သွက်သွက်ခါအောင်ရူးသွားတဲ့အရူးက ငါဖြစ်သွားလိမ့်မယ်။
မြေပြင်ပေါ်ပုံလျက်သားကျနေတဲ့ကျွန်တော့်ကို လက်မောင်းရင်းကနေပြာပြာသလဲဆွဲထူတယ်..။ အထိအတွေ့တွေက
အရင်အတိုင်းနူးညံ့တုန်း။ မျက်ရည်ကြည်တွေသိုင်းနေတဲ့
မျက်ဝန်းတွေက အရင်အတိုင်းကြင်နာမှုတွေပြည့်နေတုန်း။
တဆတ်ဆတ်တုန်ယင်နေတဲ့နှုတ်ခမ်းလေးက ကျွန်တော့်ကို
ပူပန်မှုတွေရှိနေတုန်း...။ ချစ်နေရက်သားနဲ့Ohmရယ်..။
" ကိုယ့်ကို အခက်တွေ့အောင်မလုပ်ဘူးမလား.."
ကျွန်တော့်အချစ်ဦးလေးက ကျွန်တော့်ကိုဒီလိုစကားမျိုးတွေနဲ့ချည်ပါတယ်။ အစစအရာရာ အလိုလိုက်ခဲ့သမျှဟာ သူကျွန်တော့်ဆီနေပျော်စေလိုတဲ့ ဆန္ဒတစ်ခုတည်းကြောင့်ပါ။
သေလောက်အောင်သူ့ကို အပိုင်ရချင်ပေမယ့်.. ရူးမတတ်ခံစားနေရပေမယ့် သူသာပျော်မယ်ဆိုရင် ကျွန်တော်လေ....
" အင်း...မင်းစိတ်ပင်ပန်းအောင်ဘယ်နှခါများငါလုပ်ဖူးလို့လဲOhm ရယ်...သိရဲ့သားနဲ့များ"
"ဒါဆို ဘေဘီက ကိုယ့်ကိုလက်လွှတ်ပေးမှာလား"
"အကြောင်းပြချက်တစ်ခုခုလောက်ငါရသင့်တယ်မဟုတ်လား"
သက်ပြင်းကိုခိုးရှိုက်တယ်.. ချက်ချင်းနောက်လှည့်သွားပေမယ့် စီးကျသွားတဲ့မျက်ရည်တချို့ကိုတော့မြင်လိုက်ပါရဲ့..။
"အဲ့ဒါက"
"အင်း"
" အချိန်တန်ရင်ပေးသိမှာပါ..အခုကိုယ်ပြောလို့
အဆင်မပြေတာမို့.."
"အင်း... အဆင်မပြေရင်မပြောပါနဲ့ အဆင်မပြေဘူးထင်ရင်
ဘာမှမပြောနဲ့ "
ကျွန်တော့်ကိုလှည့်ကြည့်လာတဲ့မျက်ဝန်းတချို့က အားနာရိပ်တွေထင်နေတယ်..။ အံကြိတ်ရင်းပြုံးပြမိတယ်။
ကျွန်တော်တကယ်လက်လွှတ်လိုက်ရတော့မှာမလား။
သူနောက်ဆံမတင်းစေဖို့ ကျွန်တော်အားတင်းထားသင့်တယ်မလား။ သူထင်ထားတာထက် ကျွန်တော်အများကြီးသန်မာကြောင်း သူသိသင့်တယ်မလား။ ချစ်ခြင်းတွေချခင်းထားတဲ့
လမ်းမှာ သူထွက်သွားမယ်ဆိုရင်တောင် အနာတရကင်းစေလိုပါတယ်။
"ကိုယ်လေ ပြန်လာပါ့မယ်လို့ကတိပေးချင်ပေမယ့်
မရေရာတဲ့မျှော်လင့်ချက်တွေနဲ့ မင်းကိုချည်မထားရက်ပါဘူး
အဲ့ဒီအစား နေ့စဥ်ဘဝတွေမှာ ပုံမှန်လေးဖြတ်သန်းရင်း
တချက်တချက်ကိုယ့်ကိုလွမ်းပေးပါ...။ ဒီ့ထက်ပိုပြီး
အများကြီးသန်သန်မာမာနေပေးပါ..."
လက်ဖဝါးတဖက်နဲ့ ကျွန်တော့်ခေါင်းကိုလာရောက်ပွတ်သပ်တယ်။ နောက်ဆုံးသော အထိအတွေ့ကိုခံစားနေတုန်းမှာ
ကျွန်တော့်နဖူးပေါ်နွေးခနဲတချက်....။
ထားခဲ့မယ်ဆိုလည်းစိတ်နာအောင်လုပ်သွားသင့်တာမလား။
ပြန်လာဖို့ မျှော်လင့်ချက်ထားလို့မရဘူးဆိုရင်
ကျွန်တော့်ကို ပစ်ပစ်ခါခါပြောသွားသင့်တာမဟုတ်ဘူးလား။
အခုထိကြင်ကြင်နာနာတွေပြောနေတုန်း...။ အကြင်နာတွေပေးနေတုန်း..။မင်းနဲ့လည်း ငါရူးတော့မယ် Ohmရယ်..။
"ငါမျှော်နေမှာ Ohm ဒီတစ်ခုတော့မင်းငါ့ကို
တားပိုင်ခွင့်မရှိဘူး..။ အကြောင်းပြချက်တစ်စုံတစ်ရာမရှိပဲ
လမ်းခွဲပေးရတဲ့ ငါ့ကိုလည်းနည်းနည်းတော့စာနာပါဦးကွာ"
မငိုအောင်တင်းခံထားပေမယ့်လို့....
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပေမယ့်လို့
ကျွန်တော့်ကိုဖီဆန်ပြီး မျက်ရည်တွေက ထွက်ကျလာတယ်။
သူနဲ့ပတ်သတ်ရင်အရာရာမှာပျော့ညံ့နေတတ်တဲ့
ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျစိတ်နဲ့အတူ မျက်ရည်တွေကိုခပ်ကြမ်းကြမ်းပွတ်သပ်မိတော့ ကျွန်တော့်လက်တွေကို
ဖိအုပ်ပြီး လာကိုင်တယ်..။ နာတယ် Ohmရယ်
ငါရင်ထဲကတကယ်နာနေတယ်...။
" နှစ်သိမ့်နေမယ့်အစား ငါ့ကိုလှည့်မကြည့်ပဲထွက်သွားပေးပါလား Ohm... မင်းအခက်တွေ့အောင် မျက်ရည်ခံထိုးတာမျိုးငါအဖြစ်မခံနိုင်ဘူး.."
ဘယ်နှကြိမ်မှန်းမသိတဲ့သက်ပြင်းရှိုက်သံတွေနဲ့အတူ
သူဆုပ်ကိုင်ထားတဲ့ကျွန်တော့်လက်ကိုလွှတ်ချတယ်..။
သွားပြီ ကျွန်တော်တို့တကယ်ကိုဝေးကြပါပြီ...။
"အစစအရာရာ ဂရုစိုက်ပါ...ငါမရှိတုန်းမှာ
cigerattes တွေအများကြီးမသောက်နဲ့...ပြီးတော့
ပင်ပန်းလာတိုင်း ငိုချဖို့ရင်ခွင်လိုအပ်လာတဲ့အခါ
ငါရှိနေမှာကိုသတိရပေးပါ.."
ကျေးဇူးတင်ပါတယ်ဆိုတဲ့အဓိပ္ပါယ်တွေပါဝင်နေတဲ့အပြုံးတစ်ခုသူ့ဆီကနေလွင့်လာတယ်..။ အပြုံးတွေမြင်တိုင်း
တသက်လုံးအဲ့အပြုံးတွေထိုင်ကြည့်ချင်တဲ့လောဘတွေက
တရိပ်ရိပ်တက်တယ်။ ငါလေမင်းလက်ကိုဆွဲပြီး
အဝေးဆုံးကိုထွက်ပြေးသွားချင်လိုက်တာ။
"အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်ကလေး"
အတွဲတွေလမ်းခွဲတိုင်းသုံးတဲ့စကားမျိုးနဲ့
ကျွန်တော့်ကို ကျေးဇူးတင်နေပြန်ပါတယ်...။
ကျေးဇူးပြုပြီးသွားလိုက်ပါတော့ မဟုတ်ရင်ငါမင်းလက်ကို
ဆွဲထားမိလိမ့်မယ်...။
"ဘာကြောင့်ခဏခဏ ဒီစကားပြောနေတာလည်း...။
ငါ့ကိုကျေးဇူးတင်မယ့်အစား မင်းရွေးချယ်သွားတဲ့လမ်းတိုင်းမှာ ပျော်ပျော်ရွှင်ရွှင် နေပေးပါ။ ငါကမင်းစိတ်မပူလည်းရတာမို့"
ဒီတစ်ခါတော့ အရင်ကျောခိုင်းမိတဲ့သူဟာကျွန်တော်။
သူထွက်သွားမယ့်ပုံရိပ်ကို ကြည့်နေနိုင်ဖို့အထိကျွန်တော့်မှာအင်အားတွေမရှိတော့ဘူး။ ဖြစ်နိုင်ရင် တွေ့ရာရေကန်ထဲခုန်
ဆင်းပြီး နစ်မြုပ်ပျောက်ကွယ်သွားချင်တော့တာ..။
အကြားအာရုံထဲဝင်လာတာက ခြေသံတချို့...။
တချပ်ချပ်အသံက တဖြည်းဖြည်းတိုးမှိန်လာရင်း.....
သူတကယ်ပဲထွက်သွားခဲ့ပါပြီ...။
သက်ဆုံးတိုင်ဆိုတဲ့ မျှော်လင့်ချက်ပေါင်းသောင်းခြောက်ထောင်နဲ့ ကတိတွေအထပ်ထပ်ပေးပြီး မတည်နိုင်ခဲ့တဲ့ ကျွန်တော်ရူးခါနေရအောင်ချစ်ရတဲ့
ကျွန်တော့်အချစ်ဦး...။ ပင်ပန်းမှုတိုင်းက မင်းပါးချိုင့်တွေမြင်တိုင်းပျောက်တယ်ဆိုတဲ့ သူက အခုတော့
အခက်အခဲတွေဆီတစ်ယောက်တည်းတိုးဝင်သွားပြီ။
ကူညီပေးနိုင်ဖို့ နှစ်သိမ့်ပေးနိုင်ဖို့အခွင့်အရေးတောင်
ကျွန်တော့်ကိုမပေးခဲ့ပါဘူး...။ စိတ်မနာရက်ခြင်းပေါင်းများစွာနဲ့ ကျန်ခဲ့တာတောင်ထပ်တလဲလဲချစ်မိနေတုန်း...။
တရွေ့ရွေ့ဝေးကွာသွားတဲ့ ကျောပြင်လေးဆီ မမှိတ်မသုန်ငေးကြည့်ရင်း ဒီမြင်ကွင်းလေးကိုဦးနှောက်ထဲရသလောက်ထည့်မှတ်မိတယ်။ ဒီမြင်ကွင်းဟာ သူ့ကိုနောက်ဆုံးမြင်ရတဲ့
မြင်ကွင်းဖြစ်ချင်ဖြစ်နေမှာ....
အဆက်မပြတ်ငေးကြည့်နေရင်းကပဲ...
အမြင်အာရုံတွေဝေဝါးလာတာဟာ
မျက်ရည်တွေဝေ့နေလို့ဖြစ်မှာပါ...။ အသက်ရှူမဝတော့တာဟာ လေငြိမ်နေလို့ဖြစ်မှာပါ။ ရင်ဘတ်ထဲ သေမတတ်အောင့်နေတာဟာ Coffee တွေအသောက်များလို့ဖြစ်မှာပါ။
​မြေပြင်ပေါ်လဲကျသွားတာဟာ...ကျွန်တော်အားနည်းနေလို့ဖြစ်မှာပါ........။
________________
To be continued...
~Wint
20.2.2022
=============
Zawgyi
" လမ်းခွဲကြရအောင် "