အဝန်းသည် ယောက်ဖတော်စပ်သူ၏ စီစဥ်ပေးမှုကြောင့် သူတို့အိမ်က ကားနှင့်ပင် ချင်းပြည်နယ်၊ တီးတိန်သို့ အမြန်ခရီးနှင်လေသည်။
သူနဲ့အတူ ကိုလွင်မောင်က လိုက်ပါလာပြီး ယင်းတော်ဆေးရုံမှာ ကိုသက်ကစောင့်နေမည်။ ပခုက္ကူဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ပန်းသွဲ့သည်လည်း လိုက်မည်ဖြစ်ကြောင်းကို ဖုန်းဆက်ကာ ပြောထားလေသည်။
"ဘယ်လို ဖြစ်ရတာလဲကွာ...."
ကားပေါ်သို့ ရောက်လာချင်းမှာပဲ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်သည့် ကိုသက်ဟာ မျက်ရည်များကြားကနေ ရင်ကျိုးမရစွာဆိုသည်။
"မသိသေးဘူး ကိုသက်၊ ကျွန်တော့်ဆီကို မြတ်ဘုန်းစာပို့တာ..."
သူ့ဖုန်းအား ပြရင်း ပြောပြနေသည့် ကိုလွင်မောင့်အသံဟာလည်း မချိမဆန့်ပဲဖြစ်သည်။
"တောက်...ဒီကောင်ကွာ၊ စနေတာဆိုလို့ကတော့ မျက်ခွက်စုတ်အောင် ထိုးပစ်မှာ..."
ဘာမှဝင်မပြောပဲ နောက်ကျောဘက်ကမှ ကူရှင်ကို မှီကာ မျက်လုံးမှိတ်ထားသည့်တိုင် ကြားနေရသော အသံများက သူ့ရင်ကို ဆူးချွန်များဖြင့် ထိုးနေသလိုပင်။
"အကိုကြီး..."
သူ့နံဘေးရောက်လာပြီဖြစ်တဲ့ ပန်းသွဲ့သည် သူ့လက်မောင်းမှာ မျက်နှာအပ်ရင်း ငိုကြွေးသည်။
"ဟုတ်ရော ဟုတ်ရဲ့လားကွာ...."
မယုံနိုင်သလိုနဲ့ ပြောဆိုလာသည်က ကိုတိုး၊ နောက်ထပ် လိုက်လာသည်က ကိုသော်မောင်နှင့် အကိုကြီးတို့နှစ်တုန်းက ECဖြစ်မည်။
"ကြည်သာကွာ..."
သူ့ပေါင်ကိုသူ လက်သီးဖြင့်ထိုးရင် မချိမဆန့်နဲ့ ပေါ်ထွက်လာသည့် ကိုသက်အသံကိုလည်း သူ,မကြားသလိုပဲ ဟန်ဆောင်နေလိုက်သည်။
တစ်လမ်းလုံးမှ သူတို့ပြောသမျှ အကြောင်းအရာမျိုးစုံတို့ကို မကြားသလို ဟန်ဆောင်ရင်း မျက်လုံးမှိတ်ကာ လိုက်လာသည်က ကားရပ်သွားပြီးနောက် ကားတံခါးကိုဖွင့်လိုက်သည့် ချက်ချင်းမှာပဲ...
အားလုံးထက်အရင် သူဆင်းသွားလိုက်ပြီး ကြည့်လိုက်တော့....
"မဟုတ်ဘူး..မဟုတ်ဘူး။
အကိုကြီးက ကျွန်တော်မလာလို့ တမင်လိမ်တာမဟုတ်ဘူးလား။ မဟုတ်ဘူးနော် အကိုကြီး...ပြန်ထ,လာလို့ ။"
အခုချိန်မှာ သူဟာ သူ့ကိုယ်သူဆရာဝန်တစ်ယောက်ဆိုတာကိုမေ့သွားပြီး ကုတင်အထက်မှာ လဲလျောင်းနေသော ကြည်သာ့ခန္ဓာကိုယ်အား အတင်းဆွဲထူလေသည်။
"အဝန်း...စိတ်ကိုထိန်းဦး။"
"မဟုတ်ဘူး ကိုလွင်မောင်၊ မဟုတ်ဘူးလို့ ပြောပေးစမ်းပါဗျာ။ ကျွန်တော်တကယ် မယုံခဲ့တာပါ...အကိုကြီးက ကျွန်တော့်အလာကိုစောင့်နေတာလို့ပဲ ထင်ခဲ့တာ။ အကိုကြီးက ကျွန်တော့်ကို ပြုံးပြီးစောင့်နေရမှာလေ...ပြီးရင် ကျွန်တော့်ကို ဆိုင်ကယ်ပေါ်တင်ပြီး တောင်တွေအထပ်ထပ် အတူတူသွားကြမှာ...အကိုကြီးက ကျွန်တော်နဲ့အတူခရီးတွေသွားပြီး ဓာတ်ပုံရိုက်ချင်တာဗျ...."
မြေပြင်ပေါ် ဒူးထောက်ပြီး အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်ကာ ငိုကြွေးနေသော အဝန်းကို အားလုံးက ဆွဲထားကြသည်။ အဝန်း၏ ဆွဲထူမှုနဲ့ ဆွဲ,မတင် မှုတွေကြောင့် ကြည်သာ့ရုပ်လောင်းသည် အေးချမ်းစွာရှိမနေတော့ပေ။
"ဘာလို့များ ကျွန်တော်ကိုမစောင့်ပဲ ထားခဲ့တာလဲလို့...ဟမ် ကျွန်တော့်ကို အဲ့သလောက်တောင်စိတ်နာလို့ ကျွန်တော့်ကိုမစောင့်ပဲထွက်သွားတာလား။"
အေးစက်နေသော ကြည်သာ့လက်ချောင်းတို့အား သူ့မျက်နှာနှင့် ထိကပ်ရင်း အော်ဟစ်နေလေသည်။
"ကြည်သာ မင်းကွာ၊ ငါတို့နဲ့အတူ ခရီးတွေသွားမှာဆို...."
သက်လျာသည်လည်း အဝန်းအား ဆွဲဖက်ထားလျက်ကပင် ကြည်သာ့ကို မေးလေသည်။
"မင်းပြန်လာစမ်းပါ ကြည်သာရာ။ ဒီမှာ မင်းညီလေးကို ကြည့်ဦးလေ...မင်းသိပ်ချစ်တဲ့ မင်းညီလေးက မင်းကြောင့်နဲ့ ငိုနေပြီ၊ ငါ မင်းလိုမချော့တတ်ဘူးကွ။"
အရာရာမှာ သူ့ကိုသာ ဦးစားပေးခဲ့ပြီး၊ အမြဲသူ့ဘက်က ရှိပေးခဲ့သည့် သူသိပ်ချစ်သော သူ့အကိုကြီးက အခုလိုမျိုး ကုတင်အထက်မှာလဲလျောင်းနေဖို့ အချိန်က စောလွန်းသည်။ တကယ်ဆို အကိုကြီးအပေါ်မှာ သူပေးဆပ်ဖို့ အများကြီးကျန်သေးတာကို အခုလိုမျိုးကြီး ခွဲခွာသွားဖို့က....တကယ်ကိုမှ စောလွန်းသေးပါသည်။
"သားငယ်ရယ် မင်းညီလေးတွေရောက်လာပြီလေ...အမလေး ငါ့သားလေး။ ငါ့သားဆရာဝန် သူတော်ကောင်းလေးကို စောစောစီးစီးခေါ်သွားကြတာ...ငါ့ကိုသာ အရင်ခေါ်သွားကြပါဟဲ့"
အနေအေးလှပါသော ဒေါ်ကြည်စင်သန့်သည် ယခုအခါမှာတော့ အင်မတန်မှ ကျယ်လောင်စွာပြောဆိုပြီး ရင်ဘက်စည်တီးကာဖြင့် ငိုကြွေးနေလေသည်။
ဒေါ်ကြည်စင်သန့်၏ စကားသံကြောင့် အဝန်းသည် သူမ,ရှိရာဘက်သို့ ကြည့်မိလိုက်သည်။ အို...ငိုကြွေးနေသည့် ဤရုပ်လွှာသည် ထိုနေရာမှာ သူ့အမေသာဆိုလျှင် သူတော့ ဘယ်လိုမှစိတ်အေးချမ်းသာစွာနှင့် အနားယူနိုင်မည် မဟုတ်ဘူးလို့ တွေးမိပြီး၊ အတတ်နိုင်ဆုံး သူ့မျက်ရည်မကျ မိအောင်ကြိုးစားမိသည်။
သို့သော်လည်း သူ့ရင်အတွင်းက ပူလောင်မှုတို့က လျော့ကျမသွားပဲ ပိုလို့ပင် အရှိန်ပြင်းလာလေသည်။
နာရီပေါင်းများစွာ ငြိမ်သက်နေသည့် သူ့ကို ကိုသက်အပါအဝင် ဘေးမှာရှိနေသည့် သူများက..
"ငိုချလိုက်ပါ အဝန်းရာ၊ မင်းရင်ထဲ ပေါ့သွားအောင် ငိုချလိုက်ပါ။"
"ဟုတ်တယ်နော်..အကိုကြီး၊ အခုလိုကြီး တင်းမထားပါနဲ့နော်....ကိုကြည်သာကလည်း အကိုကြီးကို အခုလိုပုံစံနဲ့ မြင်ချင်မှာမဟုတ်ပါဘူး။"
ညနေပိုင်းကမှ ရောက်လာသော လေပြေနုသွေးသည် သူ့နံဘေးတွင် ထိုင်လျက် သူ့အား ငိုဖို့ရန်တိုက်တွန်းသည်။ သို့သော်လည်း သူမျက်ရည်မကျအောင် ထိန်းထားမိဆဲပင်။
သူ့မျက်ရည်တွေကို မြင်ရင် အကိုကြီးစိတ်ချမ်းသာမှာမဟုတ်ဘူးလေ။ ဝိညာဥ်အနေနဲ့ပဲဖြစ်ဖြစ် အကိုကြီးကသာ သူ့ကို ကြည့်နေမယ်ဆိုရင်လေ အကိုကြီး မြင်သွားမှာပါ။ ဒီလိုမငိုတဲ့ သူ့ရဲ့ပုံစံကိုလေ။
ဒါမှပဲ အကိုကြီး စိတ်ဖြောင့်ဖြောင့်နဲ့သွားနိုင်မှာ။ ဒါကြောင့် သူမငိုဘူး၊ သူလုံးဝကို မငိုဘူး။
"မင်းအကိုကြီးကို လိုက်ပို့ကြရအောင် အဝန်း..."
ပခုံးပေါ်လက်တင်ပြီး သူ့အားငုံ့ကြည့်ကာ ပြောလာသော ကိုသက်စကားကြောင့် ငြိမ်သက်နေသည့် သူ့အပူမီးတောက်က လေကြောင့် နောက်တစ်ကြိမ်ဟုန်းခနဲတောက်လောင်သွားသလိုပင်၊ သူ့စိတ်တို့ဟာ သူ့ရဲ့ထိန်းချုပ်မှုတို့ အလွန်ကိုရောက်သွားပြီဖြစ်၏။
သူမငိုဘူးဟု ဆုံးဖြတ်ထားတာပါ၊ ဒါကြောင့်ပဲ သူ့ဘာမှမပြောပဲ ငြိမ်ငြိမ်လေး အကိုကြီးကိုကြည့်နေတာ။ ဒါတွေကို အိမ်မက်တစ်ခုဖြစ်ဖို့ ဆုတောင်းရင်း သူငြိမ်သက်နေသည်က အိမ်မက်ကနေနိုးလာမယ့် အချိန်ကို စောင့်နေတာလေ...အခု အခု ဘာလို့များ အကိုကြီးကို....အို လူတွေဝိုင်း,မနေကြသလဲ။
"ဟင့်အင်း ဟင့်အင်း။ အကိုကြီးကို ဒီတိုင်းပဲထားလိုက်ပါ။ အကိုကြီးနဲ့ကျွန်တော်နဲ့ အတူရတာ အခုမှ၂ရက်တောင်မပြည့်သေးဘူးဗျ...ထားလိုက်ပါ လွှတ်ထားပါဗျာ။ "
ဒီနှစ်ရက်လုံးမှာ အစာမဆိုထားနှင့် ရေသည်ပင် အတင်းတိုက်ပါမှ အနည်းငယ်သောက်သောသူသည် အခုလိုစကားကို ခြောက်သွေ့စွာနှင့် နင့်ဝင်စွာ မနည်းအားယူပြီး ပြောနေရလေသည်။
အခု မြင်လိုက်ရသော အခေါင်းတလား၊ အကိုကြီးကို ထည့်သွင်းဖို့ မ,နေကြသော လူတစ်စု အို... ချစ်ရတဲ့သူကို အပြီးတိုင်ဆုံးရှုံးလိုက်ရသည့် ခံစားချက်ဟာ ဘာနဲ့မျှမတူအောင် ပူလောင်လွန်းသည်ကို သူသိလိုက်ရပြီ။
အကိုကြီးအတွက် သူ့ခန္ဓာကိုယ်က ခြောက်သွေ့သွားတော့မတတ် ပူလောင်နေရသည်။ ဆေးရုံက သော့်အကြောင်းကို ဖုန်းဆက်ပြောတုန်းကလည်း ဤသို့ပင် သူ့ရင်ထဲပူလောင်ဟုန်ကြွေးခဲ့ရသည်။ ဆေးရုံသွားတဲ့လမ်းတစ်လျှောက်လုံးမှာလည်း သူဟာ လျှော်ရည်အပြည့်နဲ့လမ်းကို သွားနေသကဲ့သိုပင်။အချစ်ရဆုံးသော သူစိမ်းနှစ်ယောက်အတွက် သူဟာ ဤသို့ဖြင့် စိတ်ပင်ပန်းရုံမက ရင်တစ်ခုလုံး ပူလောင်ခဲ့ရလေသည်။
နောက်ထပ် သူ့အချစ်ဆုံး သူ့မိသားစုဝင်တွေသာ တစ်ခုခုဖြစ်သွားခဲ့လျှင်...
"အကိုကြီးကြောင့်..အကိုကြီးသာ အသက်ရှင်သေးရင် ကျွန်တော်အခုလိုတွေ တွေးမိမှာ မဟုတ်ဘူးဗျာ၊ ပြန်လာခဲ့ပါ အကိုကြီးရာ...ကျွန်တော်အခု အရမ်းတွေ နာကျင်နေပြီမို့...အင့် !!!"
ကိုသက်ကို မှီထားရင်းမှ အကိုကြီးဆီကို ငေးမောကြည့်ကာ အပြစ်တင်စကားဆိုလိုက်တော့ အကိုကြီးဟာ အရှုံးပေးအပြုံးလေး ပြုံးမပြတော့ပါ။အရင်ကလို 'အေးပါကွာ၊ နောက်မဖြစ်စေရဘူး ဟုတ်ပြီလား...' ဟုလည်း ကြင်ကြင်နာနာလည်း မပြောတော့ပါ။
အကိုကြီးဟာ ဘာမှမဖြစ်သလိုပင် လဲလျောင်းနေသည်။ ဒါကိုပဲ သူမကျေမနပ်ဖြစ်မိသည်။
"ခင်ဗျားပဲ အလိုလိုက်ခဲ့ပြီး ဘာလို့အဆုံးထိတာဝန်မယူတာလဲဗျာ....."
"ငါရှိတာပဲ အဝန်းရာ၊ လာနော်..ငါတို့ လိုက်ပို့ကြရအောင်။ ဟိုမှာ ကြည်သာစောင့်နေပြီ"
"ဟင့်အင်း မလိုက်ဘူးလို့၊ ကိုသက် ကျွန်တော့်ကို လွှတ်ပါ....ခေါ်မသွားပါနဲ့၊ အကိုကြီးကိုလည်း မခေါ်သွားနဲ့...မခေါ်သွားနဲ့လို့ပြောနေတာ"
အကိုကြီးကို ထည့်ထားသည့် အခေါင်းကိုယူသွားဖို့လုပ်နေကြသည်ကြောင့် သူအတင်းပဲ ရုန်းကန်ရင်း ရင်တွေကွဲမတတ်အော်ပြောနေမိသည်။ သို့သော်လည်း သူ့စကားကို မည်သူကမှ ဂရုမစိုက်ကြပါလေ။
ထိုကြောင့် သူတို့သွားရာနောက်သို့ ခွေယိုင်ကျချင်နေသော ခြေထောက်များဖြင့် လိုက်သွားဖို့ရန် ထ,ဖို့လုပ်လိုက်တော့...
"အဝန်း..."
စိုးရိမ်တကြိီးနဲ့ ကိုသက်က လှမ်းထိန်းပေးလေသည်။လမ်းမလျှောက်တာ နှစ်ရက်ပဲရှိသေးသည်ကို အခုတော့ဖြင့် လမ်းလျှောက်တတ်ကာစ ကလေးငယ်လေးလို့ပဲ ကိုလွင်မောင်နှင့် ကိုသက်က ဘေးတစ်ဖက်တစ်ချက်ကနေ သူ့အားတွဲထားပေးရသည်။
"မင်းတို့ ဒီမှာပဲ ထိုင်လိုက်ကြတော့၊ ဆရာတော်တွေ ကြွလာရင် တရားနာကြမယ်"
"ကိုသု..."
"နောက်မှ သက်လျာ၊ နောက်မှပဲ...."
သို့နှင့် သိပ်မကြာခင်ပင် ဘုန်းကြီးများကြွလာပြီး တရားနာကြရသည်။ ရက်လည်ဆွမ်းကိုလည်း တီးတိန်ဆေးရုံမှာပဲ ကပ်လိုက်ကြပြီး အမိန့်ပြန်တမ်းကိုတော့မူ သန်းတိုးအောင်က ဖတ်ကြားလေသည်။
"သင်သည် ဤဆေးရုံနှင့် မည်သို့မျှ မသက်ဆိုင်တော့ပါ။ သင်သွားလိုရာသို့ သွားနိုင်ပြီ...."
အဆုံးသတ် ဒီစကား နှစ်ခွန်းနှင့် ထပ်တူ လေထုထဲ နှလုံးသားလေလှိုင်းဖြင့် လွင့်သွားသည်က...
"နောက်ဘဝကျရင် ကျွန်တော်လေ အကိုကြီးကိုပဲအချစ်တွေ အကုန်ပေးပါ့မယ်"
ထိုသို့ အပြောပြီးနောက်တွင် သူ့ရင်ထဲနွေးခနဲဖြစ်သွားသည်။ သူ့ရင်ထဲတင်မကပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးက သိမ့်ခနဲဖြစ်သွားသည်။
တစ်သက်လုံးမကြားခဲ့တဲ့ ကျွန်တော့်ရင်ထဲက စကားသံတွေကို အခုတစ်ခါတော့ အကိုကြီးလုံလုံလောက်လောက်ကြားနိုင်သွားတယ်မဟုတ်လား
ရက်လည်ပြီး ညနေမှပဲ သူတို့သည် သက်ဆိုင်ရာဆေးရုံများသို့ ပြန်လည်ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ကြရသည်။ ဖြစ်ခဲ့သမျှအတွက် စိတ်ထဲမှာ ကြေကွဲရင်း သူတို့ကိုလိုအပ်နေသေးသည့် လူများထံ သွားရောက်၍ ဖြည့်ဆည်းပေးကြရလေသည်။
ဒါဟာ စစ်မှန်တဲ့ လူ့ဘဝမဟုတ်လား။ နာကျင်ရသမျှကို မြိုသိပ်ထားပြီး တာဝန်ကိစ္စ အဝဝကိုကျေပွန်အောင် ထမ်းဆောင်ရမှာက လူ့ဘောင်၏ သတ်မှတ်ချက် စည်းမျဥ်းတစ်ခုပင် ဖြစ်၏။
_________________
Zawgyi....
အဝန္းသည္ ေယာက္ဖေတာ္စပ္သူ၏ စီစဥ္ေပးမႈေၾကာင့္ သူတို႔အိမ္က ကားႏွင့္ပင္ ခ်င္းျပည္နယ္၊ တီးတိန္သို႔ အျမန္ခရီးႏွင္ေလသည္။
သူနဲ႔အတူ ကိုလြင္ေမာင္က လိုက္ပါလာၿပီး ယင္းေတာ္ေဆး႐ုံမွာ ကိုသက္ကေစာင့္ေနမည္။ ပခုကၠဴေဆး႐ုံတြင္ တာဝန္ထမ္းေဆာင္ေနေသာ ပန္းသြဲ႕သည္လည္း လိုက္မည္ျဖစ္ေၾကာင္းကို ဖုန္းဆက္ကာ ေျပာထားေလသည္။
"ဘယ္လို ျဖစ္ရတာလဲကြာ...."
ကားေပၚသို႔ ေရာက္လာခ်င္းမွာပဲ မ်က္ႏွာခ်င္းဆိုင္ခုံတြင္ ဝင္ထိုင္သည့္ ကိုသက္ဟာ မ်က္ရည္မ်ားၾကားကေန ရင္က်ိဳးမရစြာဆိုသည္။
"မသိေသးဘူး ကိုသက္၊ ကြၽန္ေတာ့္ဆီကို ျမတ္ဘုန္းစာပို႔တာ..."
သူ႔ဖုန္းအား ျပရင္း ေျပာျပေနသည့္ ကိုလြင္ေမာင့္အသံဟာလည္း မခ်ိမဆန္႔ပဲျဖစ္သည္။
"ေတာက္...ဒီေကာင္ကြာ၊ စေနတာဆိုလို႔ကေတာ့ မ်က္ခြက္စုတ္ေအာင္ ထိုးပစ္မွာ..."
ဘာမွဝင္မေျပာပဲ ေနာက္ေက်ာဘက္ကမွ ကူရွင္ကို မွီကာ မ်က္လုံးမွိတ္ထားသည့္တိုင္ ၾကားေနရေသာ အသံမ်ားက သူ႔ရင္ကို ဆူးခြၽန္မ်ားျဖင့္ ထိုးေနသလိုပင္။
"အကိုႀကီး..."
သူ႔နံေဘးေရာက္လာၿပီျဖစ္တဲ့ ပန္းသြဲ႕သည္ သူ႔လက္ေမာင္းမွာ မ်က္ႏွာအပ္ရင္း ငိုေႂကြးသည္။
"ဟုတ္ေရာ ဟုတ္ရဲ႕လားကြာ...."
မယုံႏိုင္သလိုနဲ႔ ေျပာဆိုလာသည္က ကိုတိုး၊ ေနာက္ထပ္ လိုက္လာသည္က ကိုေသာ္ေမာင္ႏွင့္ အကိုႀကီးတို႔ႏွစ္တုန္းက ECျဖစ္မည္။
"ၾကည္သာကြာ..."
သူ႔ေပါင္ကိုသူ လက္သီးျဖင့္ထိုးရင္ မခ်ိမဆန္႔နဲ႔ ေပၚထြက္လာသည့္ ကိုသက္အသံကိုလည္း သူ,မၾကားသလိုပဲ ဟန္ေဆာင္ေနလိုက္သည္။
တစ္လမ္းလုံးမွ သူတို႔ေျပာသမွ် အေၾကာင္းအရာမ်ိဳးစုံတို႔ကို မၾကားသလို ဟန္ေဆာင္ရင္း မ်က္လုံးမွိတ္ကာ လိုက္လာသည္က ကားရပ္သြားၿပီးေနာက္ ကားတံခါးကိုဖြင့္လိုက္သည့္ ခ်က္ခ်င္းမွာပဲ...
အားလုံးထက္အရင္ သူဆင္းသြားလိုက္ၿပီး ၾကည့္လိုက္ေတာ့....
"မဟုတ္ဘူး..မဟုတ္ဘူး။
အကိုႀကီးက ကြၽန္ေတာ္မလာလို႔ တမင္လိမ္တာမဟုတ္ဘူးလား။ မဟုတ္ဘူးေနာ္ အကိုႀကီး...ျပန္ထ,လာလို႔ ။"
အခုခ်ိန္မွာ သူဟာ သူ႔ကိုယ္သူဆရာဝန္တစ္ေယာက္ဆိုတာကိုေမ့သြားၿပီး ကုတင္အထက္မွာ လဲေလ်ာင္းေနေသာ ၾကည္သာ့ခႏၶာကိုယ္အား အတင္းဆြဲထူေလသည္။
"အဝန္း...စိတ္ကိုထိန္းဦး။"
"မဟုတ္ဘူး ကိုလြင္ေမာင္၊ မဟုတ္ဘူးလို႔ ေျပာေပးစမ္းပါဗ်ာ။ ကြၽန္ေတာ္တကယ္ မယုံခဲ့တာပါ...အကိုႀကီးက ကြၽန္ေတာ့္အလာကိုေစာင့္ေနတာလို႔ပဲ ထင္ခဲ့တာ။ အကိုႀကီးက ကြၽန္ေတာ့္ကို ၿပဳံးၿပီးေစာင့္ေနရမွာေလ...ၿပီးရင္ ကြၽန္ေတာ့္ကို ဆိုင္ကယ္ေပၚတင္ၿပီး ေတာင္ေတြအထပ္ထပ္ အတူတူသြားၾကမွာ...အကိုႀကီးက ကြၽန္ေတာ္နဲ႔အတူခရီးေတြသြားၿပီး ဓာတ္ပုံ႐ိုက္ခ်င္တာဗ်...."
ေျမျပင္ေပၚ ဒူးေထာက္ၿပီး အ႐ူးတစ္ေယာက္ကဲ့သို႔ ေအာ္ဟစ္ကာ ငိုေႂကြးေနေသာ အဝန္းကို အားလုံးက ဆြဲထားၾကသည္။ အဝန္း၏ ဆြဲထူမႈနဲ႔ ဆြဲ,မတင္ မႈေတြေၾကာင့္ ၾကည္သာ့႐ုပ္ေလာင္းသည္ ေအးခ်မ္းစြာရွိမေနေတာ့ေပ။
"ဘာလို႔မ်ား ကြၽန္ေတာ္ကိုမေစာင့္ပဲ ထားခဲ့တာလဲလို႔...ဟမ္ ကြၽန္ေတာ့္ကို အဲ့သေလာက္ေတာင္စိတ္နာလို႔ ကြၽန္ေတာ့္ကိုမေစာင့္ပဲထြက္သြားတာလား။"
ေအးစက္ေနေသာ ၾကည္သာ့လက္ေခ်ာင္းတို႔အား သူ႔မ်က္ႏွာႏွင့္ ထိကပ္ရင္း ေအာ္ဟစ္ေနေလသည္။
"ၾကည္သာ မင္းကြာ၊ ငါတို႔နဲ႔အတူ ခရီးေတြသြားမွာဆို...."
သက္လ်ာသည္လည္း အဝန္းအား ဆြဲဖက္ထားလ်က္ကပင္ ၾကည္သာ့ကို ေမးေလသည္။
"မင္းျပန္လာစမ္းပါ ၾကည္သာရာ။ ဒီမွာ မင္းညီေလးကို ၾကည့္ဦးေလ...မင္းသိပ္ခ်စ္တဲ့ မင္းညီေလးက မင္းေၾကာင့္နဲ႔ ငိုေနၿပီ၊ ငါ မင္းလိုမေခ်ာ့တတ္ဘူးကြ။"
အရာရာမွာ သူ႔ကိုသာ ဦးစားေပးခဲ့ၿပီး၊ အၿမဲသူ႔ဘက္က ရွိေပးခဲ့သည့္ သူသိပ္ခ်စ္ေသာ သူ႔အကိုႀကီးက အခုလိုမ်ိဳး ကုတင္အထက္မွာလဲေလ်ာင္းေနဖို႔ အခ်ိန္က ေစာလြန္းသည္။ တကယ္ဆို အကိုႀကီးအေပၚမွာ သူေပးဆပ္ဖို႔ အမ်ားႀကီးက်န္ေသးတာကို အခုလိုမ်ိဳးႀကီး ခြဲခြာသြားဖို႔က....တကယ္ကိုမွ ေစာလြန္းေသးပါသည္။
"သားငယ္ရယ္ မင္းညီေလးေတြေရာက္လာၿပီေလ...အမေလး ငါ့သားေလး။ ငါ့သားဆရာဝန္ သူေတာ္ေကာင္းေလးကို ေစာေစာစီးစီးေခၚသြားၾကတာ...ငါ့ကိုသာ အရင္ေခၚသြားၾကပါဟဲ့"
အေနေအးလွပါေသာ ေဒၚၾကည္စင္သန္႔သည္ ယခုအခါမွာေတာ့ အင္မတန္မွ က်ယ္ေလာင္စြာေျပာဆိုၿပီး ရင္ဘက္စည္တီးကာျဖင့္ ငိုေႂကြးေနေလသည္။
ေဒၚၾကည္စင္သန္႔၏ စကားသံေၾကာင့္ အဝန္းသည္ သူမ,ရွိရာဘက္သို႔ ၾကည့္မိလိုက္သည္။ အို...ငိုေႂကြးေနသည့္ ဤ႐ုပ္လႊာသည္ ထိုေနရာမွာ သူ႔အေမသာဆိုလွ်င္ သူေတာ့ ဘယ္လိုမွစိတ္ေအးခ်မ္းသာစြာႏွင့္ အနားယူႏိုင္မည္ မဟုတ္ဘူးလို႔ ေတြးမိၿပီး၊ အတတ္ႏိုင္ဆုံး သူ႔မ်က္ရည္မက် မိေအာင္ႀကိဳးစားမိသည္။
သို႔ေသာ္လည္း သူ႔ရင္အတြင္းက ပူေလာင္မႈတို႔က ေလ်ာ့က်မသြားပဲ ပိုလို႔ပင္ အရွိန္ျပင္းလာေလသည္။
နာရီေပါင္းမ်ားစြာ ၿငိမ္သက္ေနသည့္ သူ႔ကို ကိုသက္အပါအဝင္ ေဘးမွာရွိေနသည့္ သူမ်ားက..
"ငိုခ်လိုက္ပါ အဝန္းရာ၊ မင္းရင္ထဲ ေပါ့သြားေအာင္ ငိုခ်လိုက္ပါ။"
"ဟုတ္တယ္ေနာ္..အကိုႀကီး၊ အခုလိုႀကီး တင္းမထားပါနဲ႔ေနာ္....ကိုၾကည္သာကလည္း အကိုႀကီးကို အခုလိုပုံစံနဲ႔ ျမင္ခ်င္မွာမဟုတ္ပါဘူး။"
ညေနပိုင္းကမွ ေရာက္လာေသာ ေလေျပႏုေသြးသည္ သူ႔နံေဘးတြင္ ထိုင္လ်က္ သူ႔အား ငိုဖို႔ရန္တိုက္တြန္းသည္။ သို႔ေသာ္လည္း သူမ်က္ရည္မက်ေအာင္ ထိန္းထားမိဆဲပင္။
သူ႔မ်က္ရည္ေတြကို ျမင္ရင္ အကိုႀကီးစိတ္ခ်မ္းသာမွာမဟုတ္ဘူးေလ။ ဝိညာဥ္အေနနဲ႔ပဲျဖစ္ျဖစ္ အကိုႀကီးကသာ သူ႔ကို ၾကည့္ေနမယ္ဆိုရင္ေလ အကိုႀကီး ျမင္သြားမွာပါ။ ဒီလိုမငိုတဲ့ သူ႔ရဲ႕ပုံစံကိုေလ။
ဒါမွပဲ အကိုႀကီး စိတ္ေျဖာင့္ေျဖာင့္နဲ႔သြားႏိုင္မွာ။ ဒါေၾကာင့္ သူမငိုဘူး၊ သူလုံးဝကို မငိုဘူး။
"မင္းအကိုႀကီးကို လိုက္ပို႔ၾကရေအာင္ အဝန္း..."
ပခုံးေပၚလက္တင္ၿပီး သူ႔အားငုံ႔ၾကည့္ကာ ေျပာလာေသာ ကိုသက္စကားေၾကာင့္ ၿငိမ္သက္ေနသည့္ သူ႔အပူမီးေတာက္က ေလေၾကာင့္ ေနာက္တစ္ႀကိမ္ဟုန္းခနဲေတာက္ေလာင္သြားသလိုပင္၊ သူ႔စိတ္တို႔ဟာ သူ႔ရဲ႕ထိန္းခ်ဳပ္မႈတို႔ အလြန္ကိုေရာက္သြားၿပီျဖစ္၏။
သူမငိုဘူးဟု ဆုံးျဖတ္ထားတာပါ၊ ဒါေၾကာင့္ပဲ သူ႔ဘာမွမေျပာပဲ ၿငိမ္ၿငိမ္ေလး အကိုႀကီးကိုၾကည့္ေနတာ။ ဒါေတြကို အိမ္မက္တစ္ခုျဖစ္ဖို႔ ဆုေတာင္းရင္း သူၿငိမ္သက္ေနသည္က အိမ္မက္ကေနႏိုးလာမယ့္ အခ်ိန္ကို ေစာင့္ေနတာေလ...အခု အခု ဘာလို႔မ်ား အကိုႀကီးကို....အို လူေတြဝိုင္း,မေနၾကသလဲ။
"ဟင့္အင္း ဟင့္အင္း။ အကိုႀကီးကို ဒီတိုင္းပဲထားလိုက္ပါ။ အကိုႀကီးနဲ႔ကြၽန္ေတာ္နဲ႔ အတူရတာ အခုမွ၂ရက္ေတာင္မျပည့္ေသးဘူးဗ်...ထားလိုက္ပါ လႊတ္ထားပါဗ်ာ။ "
ဒီႏွစ္ရက္လုံးမွာ အစာမဆိုထားႏွင့္ ေရသည္ပင္ အတင္းတိုက္ပါမွ အနည္းငယ္ေသာက္ေသာသူသည္ အခုလိုစကားကို ေျခာက္ေသြ႕စြာႏွင့္ နင့္ဝင္စြာ မနည္းအားယူၿပီး ေျပာေနရေလသည္။
အခု ျမင္လိုက္ရေသာ အေခါင္းတလား၊ အကိုႀကီးကို ထည့္သြင္းဖို႔ မ,ေနၾကေသာ လူတစ္စု အို... ခ်စ္ရတဲ့သူကို အၿပီးတိုင္ဆုံးရႈံးလိုက္ရသည့္ ခံစားခ်က္ဟာ ဘာနဲ႔မွ်မတူေအာင္ ပူေလာင္လြန္းသည္ကို သူသိလိုက္ရၿပီ။
အကိုႀကီးအတြက္ သူ႔ခႏၶာကိုယ္က ေျခာက္ေသြ႕သြားေတာ့မတတ္ ပူေလာင္ေနရသည္။ ေဆး႐ုံက ေသာ့္အေၾကာင္းကို ဖုန္းဆက္ေျပာတုန္းကလည္း ဤသို႔ပင္ သူ႔ရင္ထဲပူေလာင္ဟုန္ေႂကြးခဲ့ရသည္။ ေဆး႐ုံသြားတဲ့လမ္းတစ္ေလွ်ာက္လုံးမွာလည္း သူဟာ ေလွ်ာ္ရည္အျပည့္နဲ႔လမ္းကို သြားေနသကဲ့သိုပင္။အခ်စ္ရဆုံးေသာ သူစိမ္းႏွစ္ေယာက္အတြက္ သူဟာ ဤသို႔ျဖင့္ စိတ္ပင္ပန္း႐ုံမက ရင္တစ္ခုလုံး ပူေလာင္ခဲ့ရေလသည္။
ေနာက္ထပ္ သူ႔အခ်စ္ဆုံး သူ႔မိသားစုဝင္ေတြသာ တစ္ခုခုျဖစ္သြားခဲ့လွ်င္...
"အကိုႀကီးေၾကာင့္..အကိုႀကီးသာ အသက္ရွင္ေသးရင္ ကြၽန္ေတာ္အခုလိုေတြ ေတြးမိမွာ မဟုတ္ဘူးဗ်ာ၊ ျပန္လာခဲ့ပါ အကိုႀကီးရာ...ကြၽန္ေတာ္အခု အရမ္းေတြ နာက်င္ေနၿပီမို႔...အင့္ !!!"
ကိုသက္ကို မွီထားရင္းမွ အကိုႀကီးဆီကို ေငးေမာၾကည့္ကာ အျပစ္တင္စကားဆိုလိုက္ေတာ့ အကိုႀကီးဟာ အရႈံးေပးအၿပဳံးေလး ၿပဳံးမျပေတာ့ပါ။အရင္ကလို 'ေအးပါကြာ၊ ေနာက္မျဖစ္ေစရဘူး ဟုတ္ၿပီလား...' ဟုလည္း ၾကင္ၾကင္နာနာလည္း မေျပာေတာ့ပါ။
အကိုႀကီးဟာ ဘာမွမျဖစ္သလိုပင္ လဲေလ်ာင္းေနသည္။ ဒါကိုပဲ သူမေက်မနပ္ျဖစ္မိသည္။
"ခင္ဗ်ားပဲ အလိုလိုက္ခဲ့ၿပီး ဘာလို႔အဆုံးထိတာဝန္မယူတာလဲဗ်ာ....."
"ငါရွိတာပဲ အဝန္းရာ၊ လာေနာ္..ငါတို႔ လိုက္ပို႔ၾကရေအာင္။ ဟိုမွာ ၾကည္သာေစာင့္ေနၿပီ"
"ဟင့္အင္း မလိုက္ဘူးလို႔၊ ကိုသက္ ကြၽန္ေတာ့္ကို လႊတ္ပါ....ေခၚမသြားပါနဲ႔၊ အကိုႀကီးကိုလည္း မေခၚသြားနဲ႔...မေခၚသြားနဲ႔လို႔ေျပာေနတာ"
အကိုႀကီးကို ထည့္ထားသည့္ အေခါင္းကိုယူသြားဖို႔လုပ္ေနၾကသည္ေၾကာင့္ သူအတင္းပဲ ႐ုန္းကန္ရင္း ရင္ေတြကြဲမတတ္ေအာ္ေျပာေနမိသည္။ သို႔ေသာ္လည္း သူ႔စကားကို မည္သူကမွ ဂ႐ုမစိုက္ၾကပါေလ။
ထိုေၾကာင့္ သူတို႔သြားရာေနာက္သို႔ ေခြယိုင္က်ခ်င္ေနေသာ ေျခေထာက္မ်ားျဖင့္ လိုက္သြားဖို႔ရန္ ထ,ဖို႔လုပ္လိုက္ေတာ့...
"အဝန္း..."
စိုးရိမ္တႀကိီးနဲ႔ ကိုသက္က လွမ္းထိန္းေပးေလသည္။လမ္းမေလွ်ာက္တာ ႏွစ္ရက္ပဲရွိေသးသည္ကို အခုေတာ့ျဖင့္ လမ္းေလွ်ာက္တတ္ကာစ ကေလးငယ္ေလးလို႔ပဲ ကိုလြင္ေမာင္ႏွင့္ ကိုသက္က ေဘးတစ္ဖက္တစ္ခ်က္ကေန သူ႔အားတြဲထားေပးရသည္။
"မင္းတို႔ ဒီမွာပဲ ထိုင္လိုက္ၾကေတာ့၊ ဆရာေတာ္ေတြ ႂကြလာရင္ တရားနာၾကမယ္"
"ကိုသု..."
"ေနာက္မွ သက္လ်ာ၊ ေနာက္မွပဲ...."
သို႔ႏွင့္ သိပ္မၾကာခင္ပင္ ဘုန္းႀကီးမ်ားႂကြလာၿပီး တရားနာၾကရသည္။ ရက္လည္ဆြမ္းကိုလည္း တီးတိန္ေဆး႐ုံမွာပဲ ကပ္လိုက္ၾကၿပီး အမိန္႔ျပန္တမ္းကိုေတာ့မူ သန္းတိုးေအာင္က ဖတ္ၾကားေလသည္။
"သင္သည္ ဤေဆး႐ုံႏွင့္ မည္သို႔မွ် မသက္ဆိုင္ေတာ့ပါ။ သင္သြားလိုရာသို႔ သြားႏိုင္ၿပီ...."
အဆုံးသတ္ ဒီစကား ႏွစ္ခြန္းႏွင့္ ထပ္တူ ေလထုထဲ ႏွလုံးသားေလလႈိင္းျဖင့္ လြင့္သြားသည္က...
"ေနာက္ဘဝက်ရင္ ကြၽန္ေတာ္ေလ အကိုႀကီးကိုပဲအခ်စ္ေတြ အကုန္ေပးပါ့မယ္"
ထိုသို႔ အေျပာၿပီးေနာက္တြင္ သူ႔ရင္ထဲေႏြးခနဲျဖစ္သြားသည္။ သူ႔ရင္ထဲတင္မကပဲ သူ႔ခႏၶာကိုယ္တစ္ခုလုံးက သိမ့္ခနဲျဖစ္သြားသည္။
တစ္သက္လုံးမၾကားခဲ့တဲ့ ကြၽန္ေတာ့္ရင္ထဲက စကားသံေတြကို အခုတစ္ခါေတာ့ အကိုႀကီးလုံလုံေလာက္ေလာက္ၾကားႏိုင္သြားတယ္မဟုတ္လား
ရက္လည္ၿပီး ညေနမွပဲ သူတို႔သည္ သက္ဆိုင္ရာေဆး႐ုံမ်ားသို႔ ျပန္လည္ဝင္ေရာက္ၿပီး တာဝန္ထမ္းေဆာင္ၾကရသည္။ ျဖစ္ခဲ့သမွ်အတြက္ စိတ္ထဲမွာ ေၾကကြဲရင္း သူတို႔ကိုလိုအပ္ေနေသးသည့္ လူမ်ားထံ သြားေရာက္၍ ျဖည့္ဆည္းေပးၾကရေလသည္။
ဒါဟာ စစ္မွန္တဲ့ လူ႔ဘဝမဟုတ္လား။ နာက်င္ရသမွ်ကို ၿမိဳသိပ္ထားၿပီး တာဝန္ကိစၥ အဝဝကိုေက်ပြန္ေအာင္ ထမ္းေဆာင္ရမွာက လူ႔ေဘာင္၏ သတ္မွတ္ခ်က္ စည္းမ်ဥ္းတစ္ခုပင္ ျဖစ္၏။