မြွေသားရဲ၏ဇနီးသည် 【MM Transla...

By ShweLoon365

275K 38.8K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(42)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)

(43)

4K 574 19
By ShweLoon365

(Unicode)

အပြင်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်များနှင့် သစ်တောများရှိ အရာအားလုံးက အပြင်းအထန် ဆေးကြောခံထားရသလိုပင်။

မိုးရေနှင်အတူ တိုက်ခတ်နေသောလေသည် ဂူထဲသို့ ရေမှုန်ရေမွှားလေးများကို မှုတ်ထုတ်လိုက်ရာ ဂူဝင်ပေါက်အတွင်းသို့ စိမ့်ဝင်သွားပြီး ကျောက်ဆောင်နှင့် ရွှံ့ မြေအနည်းငယ်ကိုပင် စိုစွတ်စေသည်။

ရှုကျင်ထျန်းသည် ရှုဟန်နီ၏ အေးစက်နေသော ခေါင်းကို ပွေ့ဖက်ကာ ရွှင်မြူးစွာဖြင့် သူ့ပေါင်ပေါ်တင်လိုက်သည်။ 
"နောက်ဆုံးတော့ မင်း နိုးလာပြီ။ မင်း အိပ်နေတာ သုံးရက်သုံးညရှိနေပြီ သိရဲ့လား။ ဘာမှ တုံ့ပြန်မှုလည်း မရှိဘူး သေနေသလိုပဲ....အဟွတ်...နောက်ဆုံးတော့ မင်း နိုးလာပြီ"

ရှုဟန်ယွီသည် မိန်းမပျိုလေး၏ နွေးထွေးသောခန္ဓာကိုယ်ကို ဖိကပ်ထားပြီး ချစ်စဖွယ် ပွတ်သပ်ပေးလိုက်သည်။ ရှုဟန်ယွီက သူ့လက်တွဲဖော်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့နှလုံးသားထဲ ပြည့်လျှံသွားလေ၏။

ထျန်းထျန်းက သူ့အပိုင်ပဲ! သူတို့နှစ်ဦးကြား ဘယ်သူကမှ ကြားဝင်ဖို့မဖြစ်နိုင်ဘူး။

ရှုကျင်ထျန်းသည် ရှုဟန်ယွီနိုးလာသည်ကိုမြင်လိုက်ရတာကြောင့် သူ၏စိတ်မကျေမနပ်မှု အနည်းငယ် လျော့ပါးသွားသည်။ ရှုကျင်ထျန်းက အနည်းငယ် ငြိမ်သက်သွားပြီး ရှုဟန်ယွီ၏ဒဏ်ရာကို စစ်ဆေးကြည့်လိုက်သည်။ ဆလင်ဒါသဏ္ဍာန် ရှည်လျားနေတဲ့ အစိမ်းရောင် အသားအရည်မှာ ဒဏ်ရာတွေရှိနေပြီး ထိုဒဏ်ရာတွေအနီးတစ်ဝိုက်တွင် အနာဖေးများ စတင်ဖြစ်ပေါ်လာပြီကို သူမြင်လိုက်ရသည်။

ယခင်က ရှုကျင်ထျန်းသည် ဤအရာများကို သတိမထားမိဘဲ ရှုဟန်ယွီအတွက်သာ အလွန်စိုးရိမ်နေခဲ့သည်။ ယခု ရှုဟန်ယွီနိုးလာသည်နှင့်အမျှ ရှုဟန်ယွီ ပြန်လည်ကောင်းမွန်နေပြီဆိုတာကို သဘောပေါက်သဖြင့် သူလည်း သက်သာရာရသွား၏။

ထိုသို့သော ပြန်လည်ကောင်းမွန်မှု အရှိန်အဟုန်သည် အံ့သြစရာပါပင်။ ရှုကျင်ထျန်းသာ ရှုဟန်ယွီ၏အနားမှာရှိနေခဲ့တာ မဟုတ်လျှင် ထိုသူ၏ဒဏ်ရာများက  လွန်ခဲ့တဲ့ သုံးရက်လောက်က ဖြစ်ခဲ့သည်ဟု မယုံနိုင်ပေ။ သေလုမျောပါးနဲ့ မြွေကြီးပေါ်လာတာကိုမြင်တော့ အချိန်အတော်ကြာအောင် ပြုစုရဦးမည်ဟု သူထင်ခဲ့သည်။ ဒီကာလမှာ သူ့မိသားစုအတွက် အထောက်အပံ့ဖြစ်စေဖို့တောင် စိတ်ကူးထားခဲ့သည်။ အဲ့တော့ ရှုဟန်ယွီက ဘာကြောင့် သတိလစ်သွားတာလဲ?

ရှုကျင်ထျန်းက အနည်းငယ် ပဟေဋ္ဌိဖြစ်နေသော်လည်း ဝမ်းသာမှုနှင့် ပျော်ရွှင်မှုတို့ကြား တိမ်မြုပ်သွားခဲ့သည်။

ရှုကျင်ထျန်းက ရှုဟန်ယွီကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားပြီး စိမ်းစိုနေတဲ့ မျက်လုံးတွေကိုကြည့်ရင်း
"ဟန်ယွီ၊ ဘယ်လိုနေသေးလဲ။ ပိုကောင်းလာလား။ မင်း ဒီရက်ပိုင်း ငှက်ဥတွေပဲ စားရတာ အရမ်း ဗိုက်ဆာနေလိမ့်မယ်!"

ရှုကျင်ထျန်းသည် သေနေသောသားကောင်များကို ရှုဟန်ယွီကိုကျွေးရန် စိတ်ကူးထားသော်လည်း ၎င်းက တစ်နေ့တာလုံး ထိုနေရာတွင် ထားခဲ့ခြင်းဖြစ်ရာ ပျက်စီးသွားမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ပြီးတော့ မြွေကြီးက သတိလစ်နေသည်မို့ အသားကျွေးရန်လည်း အဆင်မပြေပေ။

သူ့ကို အသားကျွေးဖို့ စဉ်းစားရင်း ရှုကျင်ထျန်းဟာ အစာကျွေးခံရခြင်းရဲ့ ကြောက်စရာကောင်းတဲ့ အတွေ့အကြုံကို သတိရသွားပြီး ထိုသို့လုပ်မည်ကို အလိုအလျောက် ငြင်းပယ်လိုက်သည်။ အကြောင်းပြချက် အမျိုးမျိုးကြောင့် ရှုကျင်ထျန်း သည် ရှုဟန်ယွီအား သေဆုံးနေသော တိရစ္ဆာန်အသေကျွေးရန် စိတ်ကူးကို စွန့်လွှတ်ခဲ့သည်။

ထို့ကြောင့် မစားရသေးသော သားကောင်ကို တောင်ကုန်းပေါ်မှ ပစ်ချခဲ့လိုက်သည်။

ရှုဟန်ယွီ သည် မိန်းမပျိုလေး၏ ရင်ဘတ်ကိုထိကာ ခေါင်းယမ်းလိုက်သည်။ ထိုဥများသည် သူ့ဇနီးလေးအတွက်ဖြစ်သော်လည်း ယခုမူ သူ့ဗိုက်ထဲတွင် ရှိနေကြသည်။ ဥတွေထပ်လိုချင်ရင် ဆောင်းရာသီရောက်တဲ့အထိ စောင့်ရပေလိမ့်မည်။

"မဟုတ်ဘူး...မင်း သွေးထွက်လွန်နေတာကြောင့် များများစားပေးရမယ်။ ငါအမဲလိုက်သွားလိုက်မယ်"

ရှုကျင်ထျန်း၏ရင်ဘတ်သည် ရုတ်တရပ် လေးလံလာသည်။ ရှုကျင်ထျန်းက ခေါင်းငုံ့လိုက်ရာ ရှုဟန်ယွီသည် နားမလည်နိုင်သော အကြည့်များဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ့ပါးစပ်မှနီမြန်းသော မြွေလျှာလေးကို ထုတ်လိုက်သည်။

ရှုဟန်ယွီသည် သူ၏ တိုက်ခိုက်ရေးအင်အားကို အထင်သေးကြောင်း ရှုကျင်ထျန်းသိလိုက်ရပြီး သူ၏ရင်ထဲတွင် မွန်းကြပ်သွားသလို ခံစားလိုက်ရသည်။

လူတိုင်းက ကိုယ်ချစ်ရသူရဲ့အမြင်ထဲမှာ ပြီးပြည့်စုံချင်ကြသည်။ ယောက်ျားတစ်ယောက်အနေနဲ့ သူသည်လည်း သူချစ်ရသူ၏နှလုံးသားထဲတွင် အင်အားကြီးသော တည်ရှိမှုတစ်ခုအဖြစ်ရှိစေချင်သည်။ အနည်းဆုံးတော့ အားနည်းတဲ့သူလို့ မမြင်စေချင်ဘူး။

ရှုကျင်ထျန်းသည် ဤမျှလောက် မတွေးတတ်ပေမယ့် လည်း စိတ်မကောင်းဖြစ်သွားလေ၏။ ရှုကျင်ထျန်းက စိတ်ရှည်ရှည်နဲ့ နှစ်သိမ့်ပေးရင်း
" စိတ်မပူနဲ့ ငါသတိထားပါ့မယ်...မြန်မြန်ပြန်လာခဲ့မယ်"

သို့သော် ရှုဟန်ယွီက မိန်းမပျိုလေး ဘာပြောသလဲမသိခဲ့ပေ။ သူ၏ခန္ဓာကိုယ်သည် စက်ဝိုင်းပုံသဏ္ဍာန်မှ ပြေလျော့သွားကာ မိန်းမပျိုလေး၏ခါးကို ရစ်ပတ်လိုက်ပြီး အိပ်ယာပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။

"အာ့!ဟန်ယွီ မင်းဘာလို့ ဒီလောက်ကြီး လှုပ်ရှားနေတာလဲ။ နာသွားသေးလား"
ရှုကျင်ထျန်းက ထိတ်လန့်သွားပြီး ရှုဟန်ယွီ၏ဒဏ်ရာကို စစ်ဆေးဖို့ အမြန်သွားလိုက်သည်။

ကံကောင်းစွာနဲ့ပဲ ရှုဟန်ယွီ၏ဒဏ်ရာက ပြန်ပွင့်မသွားခဲ့ပေ။

ရှုဟန်ယွီသည် မြွေလျှာလေးကို ထုတ်လိုက်ရင်း မိန်းမပျိုလေး၏လည်ပင်းနားသို့ ပျင်းရိစွာမှီနွဲ့လိုက်သည်။ ထို့နောက် သူ၏မျက်ခွံများကိုပိတ်ကာ မှိန်းနေလေတော့သည်။

"မစားချင်ဘူးလား"

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ လေးလံလွန်းသောခန္ဓာကိုယ်ကို တွန်းလိုက်သော်လည်း ရှုဟန်ယွီကမူ မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ထားပြီး သူ့ကို လျစ်လျူရှုခဲ့သည်။

ရှုကျင်ထျန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချမိသည်။ သူ၏ဘေးဘက်မှာရှိနေသော မြွေကြီးကိုကြည့်ကာ သူ့လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။

ဂူထဲသို့ လေတိုက်လာသဖြင့် ရှုကျင်ထျန်းမှာ အနည်းငယ်အေးသလို ခံစားလိုက်ရသည်။ ထို့ကြောင့် တိရိစ္ဆာန်အရေခွံကို ခြေဖဝါးပေါ်တင်၍ ဖုံးအုပ်လိုက်လေ၏။

ထို့နောက် ရှုဟန်ယွီသည်လည်း အေးစက်နေသည်ဟု သူထင်ခဲ့သည်။ ထို့ကြောင့် ရှုကျင်ထျန်းသည် စောင်ကို ခြေထောက်တစ်ဖက်ဖြင့်မြှောက်ကာ မြွေအမြီးကိုဖုံးအုပ်လိုက်သည်။

သေးငယ်လွန်းသော အရေခွံစောင်လေးဟာ ရှုဟန်ယွီ၏ခန္ဓာကိုယ်ကို လုံးလုံးလျားလျား မဖုံးဖိနိုင်ပေ။ ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏အမြီးကို ခြေထောက်ဖြင့်ချိတ်ကာ ဆွဲယူလိုက်သည်။ သို့သော် ရှုဟန်ယွီ၏အင်အားကြီးသောမြွေအမြီးက စောင်ကိုရှုပ်ပွသွားစေသည်။

"အိုက်ယား! ဟန်ယွီ မင်း မအိပ်သေးဘူးလား မြန်မြန်ဒီကိုလာ"
ရှုကျင်ထျန်းက ရှုဟန်ယွီကို တွန်းလိုက်သည်။

ရှုဟန်ယွီကမူ မလှုပ်မယှက် အိပ်ပျော်သွားလေ၏။

ရှုကျင်ထျန်း : "..."

မြွေအမြီးက သူ့ခြေထောက်ကိုဖိထားတာကြောင့် အနည်းငယ်လေးလံနေ၏။ ရှုကျင်ထျန်းက တွန်းထုတ်လိုက်သော်လည်းမရ။ ရှုဟန်ယွီကို ကြည့်လိုက်တော့လည်း မျက်စိမှိတ်ထားသည်ကို မြင်လိုက်ရသည်။

ရှုဟန်ယွီသည် လုံးဝမလှုပ်ရှားပေမယ့် အေးမြသောအသက်ရှုသံကမူ ရံဖန်ရံခါ ရှုကျင်ထျန်း၏လည်ပင်းကို ထိခတ်လာသဖြင့်သာ အသက်ရှင်နေသေးသည့် အရိပ်အယောင်ကို ခံစားရခြင်းဖြစ်သည်။

အိုကေ သူလည်း အိပ်ချင်နေပြီ။ အဲ့တော့ အတူတူအိပ်ကြတာပေါ့...ရှုကျင်ထျန်း သက်တောင့်သက်သာဖြစ်စေမည့် အနေအထားကို ရှာပြီးနောက် ရှုဟန်ယွီကို ပွေ့ဖက်ထားရင်း မျက်လုံးကို မှိတ်ထားလိုက်သည်။ အိပ်ငိုက်ခြင်း၏ လှုံ့ဆော်မှုကြောင့် ရှုကျင်ထျန်းသည် သူနိုးလာသည်မှာ မကြာသေးကြောငခး သတိမထားမိခဲ့...

ရှုဟန်ယွီသည် ကျေနပ်အားရစွာဖြငခ့ မျက်လုံးများကိုမဖွင့်ဘဲ နောက်ထပ်နှစ်ရက်လောက် အိပ်နေလိုက်သည်။

လွန်ခဲ့သည့်နှစ်ရက်ထိ မိုးရွာနေဆဲပင်။ ရက်အတော်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အပူချိန်လျော့ကျလာသော်လည်း နေ့ဘက်တွင်မူ အနည်းငယ်အေးနေဆဲပင်။ ရှုကျင်ထျန်းသည် အိပ်ယာမှထွက်လာတိုင်း ဂျာကင်အင်္ကျီကို၀တ်ထားရသည်။

လွန်ခဲ့သည့်နှစ်ရက်အတွင်း ရှုကျင်ထျန်းသည် ရှုဟန်ယွီအတွက် အစာရှာရန် အပြင်ထွက်ရန် ပြင်ဆင်ခဲ့သည်။ သို့ပေသိ ရှုဟန်ယွီက သိသွားခဲ့ပြီး သူ့ကိုမသွားရန် တားမြစ်ခဲ့သည်။ ရှုကျင်ထျန်းက ခိုးထွက်ဖို့တောင် ကြိုးစားပေမယ့် ရှုဟန်ယွီက သူ့ကို စောင့်ကြည့်နေသလိုပင်။ ဂူထဲက မထွက်ရ သေးခင်မှာပဲ မြွေအမြီးဖြင့် သူ့ကို ပြင်းပြင်းထန်ထန် တားခဲ့တာကြောင့် သူ့မှာသေလောက်အောင် ကြောက်သွားခဲ့သည်။

နှစ်ရက်အကြာတွင် ရှုဟန်ယွီ၏ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာက လုံးဝပျောက်ကင်းသွားခဲ့သည်။ အစိမ်းရောင်အရေပြားသည် ချောမွေ့နူးညံ့နေပြီး လက်ရာမြောက်သော အကြေးခွံများသည် အလင်းရောင်ဖြင့် တောက်ပနေသောကြောင့် ဒဏ်ရာအစအနများကို မမြင်နိုင်လောက်အောင် ပြီးပြည့်စုံနေသည်။

ရှုဟန်ယွီသည် သူ့ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ပြီး တိရစ္ဆာန်အရေခွံများပေါ်တွင် တွားသွားရင်းဖြင့် လူသားအသွင်သို့ ပြောင်းလဲလိုက်သည်။

ရှုဟန်ယွီ လူသားအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ရှုကျင်ထျန်းသည် ပျော်ရွှင်စွာခုန်ပေါက်လိုက်သည်။

"ဟန်ယွီ၊ မင်း အဆင်ပြေရဲ့လား"

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏အရေပြားကိုထိလိုက်ပြီး အံ့ဩစွာပြောလိုက်သည်။
"ကျစ်~ ဒီအသားအရေက ဘာလို့ဒီလောက်ကောင်းနေတာလဲ အမာရွတ်လေးတောင် နည်းနည်းမှမရှိဘူး"

ရှုကျင်ထျန်းက သူ့နောက်ကျောနှင့်လက်မောင်းတို့တွင် ငှက်ကြီးတစ်ကောင်ကြောင့် ဒဏ်ရာရသွားသည်ကို သတိရမိပြီး မနာလိုစွာ ပြောလိုက်သည်။ အချိန်တော်တော် ကြာခဲ့ပြီဖြစ်သော်လည်း သူ့လက်မောင်းပေါ်ရှိ အမာရွတ်က သိသာထင်ရှားနေသေးသည်။ သူ့နောက်ကျောကို မမြင်နိုင်သော်လည်း ရေချိုးလိုက်သောအခါ မတော်တဆ ဒဏ်ရာအချို့ကို ခံစားမိလေသည်။

သူ့ခန္ဓာကိုယ်မှာ အမာရွတ်တွေရှိမရှိကို သူဂရုမစိုက်ပေမယ့် ရှုဟန်ယွီ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းက အားကောင်းလွန်းသည်။ ရှုကျင်ထျန်းက ကူကယ်ရာမဲ့စွာ မျက်စောင်းထိုးလိုက်သည်။

"ကိုယ်ဗိုက်ဆာတယ်! အစာသွားရှာလိုက်ဦးမယ်။ ထျန်းထျန်းက အိမ်မှာ ကောင်းကောင်းနေခဲ့ရမယ်နော်"
ရှုဟန်ယွီ စကားမပြောတာကြာပြီ။ သူ့အသံက နည်းနည်းလေးမှိုင်းပြီး အက်ရှရှ လေးဖြစ်နေပေမဲ့ ထိုအရာကပင် အနည်းငယ် ဆွဲဆောင်မှုရှိနေသည်။

ရှုကျင်ထျန်းက ပါးစပ်လှုပ်သွားသည်။ ရှုဟန်ယွီက သူ့ကို 'ထျန်းထျန်း'လို့ခေါ်တိုင်း ထူးဆန်းသလိုခံစားရသည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏စကားကို ပြီးအောင်မစောင့်ဘဲ ကြောက်စရာကောင်းသော စကားလုံးများ ထပ်ပြောမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် တုံ့ပြန်ခဲ့သည်။

"အင်း...မြန်မြန်သွား၊ မင်းမစားရတာ ရက်တော်တော်ကြာပြီ။ သားကောင် အကြီးကြီးဖမ်းပြီး မြန်မြန်ပြန်လာခဲ့"

ရှုဟန်ယွီက နှုတ်ခမ်းထောင့်များက အနည်းငယ်မြင့်တက်လာပြီး တုံ့ပြန်လိုက်သော်လည်း အပြင်မထွက်သေးဘဲ စပျစ်နွယ်ပင်ကို ကြည့်လိုက်သည်။

ရှုကျင်ထျန်းက ရှုဟန်ယွီ၏ မျက်လုံးများသွားရာကို လိုက်ကြည့်ရင်း ရှုဟန်ယွီက စပျစ်နွယ်ပင်ကို ကြည့်နေတာကို တွေ့လိုက်ရသည်။ သူက သူ့ကို ထပ်ပြီး ချည်ထားချင်ပြန်ပြီ!

ရှုကျင်ထျန်းက အနည်းငယ် စိတ်မချမ်းသာဖြစ်သွားသော်လည်း သူ့ဒေါသကို ထိန်းထားပြီးပြောလိုက်သည်။
"စိတ်ချ...စိတ်ချပါ ငါဘယ်မှမသွားဘူး။ မင်းမရှိရင် ငါ့ကိုဘယ်သူက ကာကွယ်ပေးမှာလဲ။ မင်းစိတ်အေးအေးထားပြီး သွားလို့ရတယ်!"

ရှုကျင်ထျန်းက ရှုဟန်ယွီ၏ဒဏ်ရာအကြောင်းကို ရုတ်တရက် တွေးလိုက်မိသည်။ ရှုဟန်ယွီသည် ယခင်က မြွေအသွင်ဖြစ်နေသောကြောင့် မမေးမြန်းနိုင်ခဲ့ပေ။ အချိန်တော်တော်ကြာနေပြီ။ သူကိုယ်တိုင်လည်း မေ့လုနီးပါးဖြစ်နေခဲ့သည်။

"သြော်.. အဲဒီနေ့က မင်းဘာလို့ အပြင်ထွက်သွားတာလဲ။ မင်းအိမ်မှာ ဘာလို့အစာမစားတာလဲ...မင်း ဒဏ်ရာနဲ့တောင် ပြန်လာခဲ့သေးတယ်"

ရှုကျင်ထျန်းသည် ရှုဟန်ယွီကို သံသယဖြစ်စွာကြည့်ကာ ရှုဟန်ယွီ ဘာဖြစ်ခဲ့သလဲဆိုတာကို သိချင်စိတ်ပြင်းပြနေသည်။ သူ့နယ်မြေကို တခြားအင်အားကြီးတဲ့ သားရဲတွေက ကျူးကျော်လာလို့လား?  မြွေကြီးက အဲ့ဒီကျူးကျော်သူတွေကို မောင်းထုတ်ဖို့သွားခဲ့တာလား?

ရှုဟန်ယွီ၏မျက်လုံးများသည် ရုတ်တရက် အေးစက်သွားကာ ရှုကျင်ထျန်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။ ထို့နောက် အေးစက်စက်အသံဖြင့် ပြောလာသည်။
"မင်းက ကိုယ့်အပိုင်...မင်းကို တပ်မက်ရဲတဲ့လူကို ကိုယ် သေအောင်သတ်ရလိမ့်မယ်!"

ရှုကျင်ထျန်း၏မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားသည်။
"မင်း ဟိုသားရဲကို သွားရှာတာလား"

ထိုယောကျ်ားကို တွေးမိလိုက်သောအခါ အဆိပ်ပြင်းသော အင်းဆက်ပိုးမွှားများကဲ့သို့ ဆိုးရွားသော မှတ်ဉာဏ်များ သူ့ဦးနှောက်ထဲသို့ တိုးဝင်လာသည်။ ရှုကျင်ထျန်း၏ဦးခေါင်းသည် နာကျင်နေပြီး သူ့မျက်နှာသည် ရုတ်တရက် သွေးရောင်မဲ့သွားလေ၏။

"ဒါဆို ဘယ်လိုဖြစ်သွားလဲ"
ရှုကျင်ထျန်းသည် သူ၏မျက်လုံးများထဲတွင် အမုန်းတရားများဖြင့် တောက်ပလာသော်လည်း သူ၏အသံကမူ ကြောက်ရွံ့မှုကြောင့် တုန်ခါနေ၏။

"ထွက်ပြေးသွားပြီ"

ရှုဟန်ယွီသည် မိန်းမပျိုလေး၏ ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး သူ၏မျက်နှာထားကို ပြေလျော့စေကာ နာကျင်နေသော ဇနီးလေးကို ပွေ့ဖက်ရင်း ကျောပြင်ပေါ်တွင် ညင်သာစွာ ပုတ်ပေးလိုက်သည်။

"ထျန်းထျန်း မကြောက်နဲ့နော်...ကိုယ်ရှိတယ်"

ရှုကျင်ထျန်းက အေးခဲသွားပြီး ရှုဟန်ယွီကို မော့ကြည့်လိုက်သည်။

"သူပြန်လာပြီလား၊ အဲ့ဒါကြောင့် လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ငါနဲ့ခြေတစ်လှမ်းမခွာဘဲ နေခဲ့တာလား"

"အင်း!"

ရှုဟန်ယွီက ညင်ညင်သာသာ တုံ့ပြန်လိုက်ပြီး မိန်းမပျိုလေး၏မျက်လုံးတွေကို ဖုံးအုပ်နေသည့် နက်မှောင်တဲ့ ဆံပင်တွေကို ဖယ်လိုက်သည်။
"ထျန်းထျန်း မကြောက်ပါနဲ့...သူက ကိုယ့်ကို မရိုက်နိုင်ပါဘူး။ နောက်တစ်ခါ လာရဲရင် ကိုယ် သူ့ကို သတ်လိုက်မယ်နော်"

ရှုကျင်ထျန်းက ရှုဟန်ယွီ၏ခါးကို ပွေ့ဖက်လိုက်ကာ မျက်နှာကို ရှုဟန်ယွီ၏ရင်ဘတ်တွင် မြှုပ်နှံထားပြီး ပွစိပွစိနဲ့ရေရွတ်လိုက်သည်။
"မဟုတ်ဘူး။ မင်း ဒဏ်ရာမရဖို့ပဲလိုအပ်တာ! ငါ့အတွက် ထပ်ပြီးမတိုက်ခိုက်ပါနဲ့တော့...ကျန်းကျန်းမာမာနဲ့ ငါတို့ရဲ့နေ့ရက်တွေကို ဖြတ်သန်းဖို့ပဲလိုတယ်”

ရှုဟန်ယွီသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး သူ့ရင်ခွင်ထဲရှိ မိန်းမပျိုလေးကိုငုံ့ကြည့်ရင်း သူ၏မြစိမ်းရောင်မျက်လုံးများက တလက်လက် တောက်ပလာကာ မိန်းမပျိုလေးကို မျိုချချင်နေသကဲ့သို့ပင်။

ကျန်းကျန်းမာမာနဲ့ ငါတို့ရဲ့နေ့ရက်တွေကို ဖြတ်သန်းဖို့ပဲလိုတယ်လို့ မိန်းမပျိုလေးကပြောတယ်။ ဆိုလိုတာက...သူက သူ့ကို အပြည့်အဝ လက်ခံတဲ့သဘောလား?

ရှုဟန်ယွီ၏ နှလုံးခုန်သံသည် ထိန်းမရနိုင်အောင် မြန်ဆန်လာကာ မိန်းမပျိုလေးကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ 

~~~~~~

15/2/2022(9:55PM)

(Zawgyi)

အျပင္ဘက္တြင္ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေတာင္မ်ားႏွင့္ သစ္ေတာမ်ားရွိ အရာအားလုံးက အျပင္းအထန္ ေဆးေၾကာခံထားရသလိုပင္။

မိုးေရႏွင္အတူ တိုက္ခတ္ေနေသာေလသည္ ဂူထဲသို႔ ေရမႈန္ေရမႊားေလးမ်ားကို မႈတ္ထုတ္လိုက္ရာ ဂူဝင္ေပါက္အတြင္းသို႔ စိမ့္ဝင္သြားၿပီး ေက်ာက္ေဆာင္ႏွင့္ ႐ႊံ႕ ေျမအနည္းငယ္ကိုပင္ စိုစြတ္ေစသည္။

ရႈက်င္ထ်န္းသည္ ရႈဟန္နီ၏ ေအးစက္ေနေသာ ေခါင္းကို ေပြ႕ဖက္ကာ ႐ႊင္ျမဴးစြာျဖင့္ သူ႕ေပါင္ေပၚတင္လိုက္သည္။ 
"ေနာက္ဆုံးေတာ့ မင္း နိုးလာၿပီ။ မင္း အိပ္ေနတာ သုံးရက္သုံးညရွိေနၿပီ သိရဲ႕လား။ ဘာမွ တုံ႕ျပန္မႈလည္း မရွိဘူး ေသေနသလိုပဲ....အဟြတ္...ေနာက္ဆုံးေတာ့ မင္း နိုးလာၿပီ"

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလး၏ ႏြေးေထြးေသာခႏၶာကိုယ္ကို ဖိကပ္ထားၿပီး ခ်စ္စဖြယ္ ပြတ္သပ္ေပးလိုက္သည္။ ရႈဟန္ယြီက သူ႕လက္တြဲေဖာ္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူ႕ႏွလုံးသားထဲ ျပည့္လွ်ံသြားေလ၏။

ထ်န္းထ်န္းက သူ႕အပိုင္ပဲ! သူတို႔ႏွစ္ဦးၾကား ဘယ္သူကမွ ၾကားဝင္ဖို႔မျဖစ္နိုင္ဘူး။

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီနိုးလာသည္ကိုျမင္လိုက္ရတာေၾကာင့္ သူ၏စိတ္မေက်မနပ္မႈ အနည္းငယ္ ေလ်ာ့ပါးသြားသည္။ ရႈက်င္ထ်န္းက အနည္းငယ္ ၿငိမ္သက္သြားၿပီး ရႈဟန္ယြီ၏ဒဏ္ရာကို စစ္ေဆးၾကည့္လိုက္သည္။ ဆလင္ဒါသ႑ာန္ ရွည္လ်ားေနတဲ့ အစိမ္းေရာင္ အသားအရည္မွာ ဒဏ္ရာေတြရွိေနၿပီး ထိုဒဏ္ရာေတြအနီးတစ္ဝိုက္တြင္ အနာေဖးမ်ား စတင္ျဖစ္ေပၚလာၿပီကို သူျမင္လိုက္ရသည္။

ယခင္က ရႈက်င္ထ်န္းသည္ ဤအရာမ်ားကို သတိမထားမိဘဲ ရႈဟန္ယြီအတြက္သာ အလြန္စိုးရိမ္ေနခဲ့သည္။ ယခု ရႈဟန္ယြီနိုးလာသည္ႏွင့္အမွ် ရႈဟန္ယြီ ျပန္လည္ေကာင္းမြန္ေနၿပီဆိုတာကို သေဘာေပါက္သျဖင့္ သူလည္း သက္သာရာရသြား၏။

ထိုသို႔ေသာ ျပန္လည္ေကာင္းမြန္မႈ အရွိန္အဟုန္သည္ အံ့ၾသစရာပါပင္။ ရႈက်င္ထ်န္းသာ ရႈဟန္ယြီ၏အနားမွာရွိေနခဲ့တာ မဟုတ္လွ်င္ ထိုသူ၏ဒဏ္ရာမ်ားက  လြန္ခဲ့တဲ့ သုံးရက္ေလာက္က ျဖစ္ခဲ့သည္ဟု မယုံနိုင္ေပ။ ေသလုေမ်ာပါးနဲ႕ ေႁမြႀကီးေပၚလာတာကိုျမင္ေတာ့ အခ်ိန္အေတာ္ၾကာေအာင္ ျပဳစုရဦးမည္ဟု သူထင္ခဲ့သည္။ ဒီကာလမွာ သူ႕မိသားစုအတြက္ အေထာက္အပံ့ျဖစ္ေစဖို႔ေတာင္ စိတ္ကူးထားခဲ့သည္။ အဲ့ေတာ့ ရႈဟန္ယြီက ဘာေၾကာင့္ သတိလစ္သြားတာလဲ?

ရႈက်င္ထ်န္းက အနည္းငယ္ ပေဟ႒ိျဖစ္ေနေသာ္လည္း ဝမ္းသာမႈႏွင့္ ေပ်ာ္႐ႊင္မႈတို႔ၾကား တိမ္ျမဳပ္သြားခဲ့သည္။

ရႈက်င္ထ်န္းက ရႈဟန္ယြီကို သူ႕ရင္ခြင္ထဲတြင္ ေပြ႕ဖက္ထားၿပီး စိမ္းစိုေနတဲ့ မ်က္လုံးေတြကိုၾကည့္ရင္း
"ဟန္ယြီ၊ ဘယ္လိုေနေသးလဲ။ ပိုေကာင္းလာလား။ မင္း ဒီရက္ပိုင္း ငွက္ဥေတြပဲ စားရတာ အရမ္း ဗိုက္ဆာေနလိမ့္မယ္!"

ရႈက်င္ထ်န္းသည္ ေသေနေသာသားေကာင္မ်ားကို ရႈဟန္ယြီကိုေကြၽးရန္ စိတ္ကူးထားေသာ္လည္း ၎က တစ္ေန႕တာလုံး ထိုေနရာတြင္ ထားခဲ့ျခင္းျဖစ္ရာ ပ်က္စီးသြားမလားဆိုတာ ဘယ္သူသိနိုင္မွာလဲ။ ၿပီးေတာ့ ေႁမြႀကီးက သတိလစ္ေနသည္မို႔ အသားေကြၽးရန္လည္း အဆင္မေျပေပ။

သူ႕ကို အသားေကြၽးဖို႔ စဥ္းစားရင္း ရႈက်င္ထ်န္းဟာ အစာေကြၽးခံရျခင္းရဲ႕ ေၾကာက္စရာေကာင္းတဲ့ အေတြ႕အႀကဳံကို သတိရသြားၿပီး ထိုသို႔လုပ္မည္ကို အလိုအေလ်ာက္ ျငင္းပယ္လိုက္သည္။ အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးေၾကာင့္ ရႈက်င္ထ်န္း သည္ ရႈဟန္ယြီအား ေသဆုံးေနေသာ တိရစ္ဆာန္အေသေကြၽးရန္ စိတ္ကူးကို စြန့္လႊတ္ခဲ့သည္။

ထို႔ေၾကာင့္ မစားရေသးေသာ သားေကာင္ကို ေတာင္ကုန္းေပၚမွ ပစ္ခ်ခဲ့လိုက္သည္။

ရႈဟန္ယြီ သည္ မိန္းမပ်ိဳေလး၏ ရင္ဘတ္ကိုထိကာ ေခါင္းယမ္းလိုက္သည္။ ထိုဥမ်ားသည္ သူ႕ဇနီးေလးအတြက္ျဖစ္ေသာ္လည္း ယခုမူ သူ႕ဗိုက္ထဲတြင္ ရွိေနၾကသည္။ ဥေတြထပ္လိုခ်င္ရင္ ေဆာင္းရာသီေရာက္တဲ့အထိ ေစာင့္ရေပလိမ့္မည္။

"မဟုတ္ဘူး...မင္း ေသြးထြက္လြန္ေနတာေၾကာင့္ မ်ားမ်ားစားေပးရမယ္။ ငါအမဲလိုက္သြားလိုက္မယ္"

ရႈက်င္ထ်န္း၏ရင္ဘတ္သည္ ႐ုတ္တရပ္ ေလးလံလာသည္။ ရႈက်င္ထ်န္းက ေခါင္းငုံ႕လိုက္ရာ ရႈဟန္ယြီသည္ နားမလည္နိုင္ေသာ အၾကည့္မ်ားျဖင့္ ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။ ထို႔ေနာက္ သူ႕ပါးစပ္မွနီျမန္းေသာ ေႁမြလွ်ာေလးကို ထုတ္လိုက္သည္။

ရႈဟန္ယြီသည္ သူ၏ တိုက္ခိုက္ေရးအင္အားကို အထင္ေသးေၾကာင္း ရႈက်င္ထ်န္းသိလိုက္ရၿပီး သူ၏ရင္ထဲတြင္ မြန္းၾကပ္သြားသလို ခံစားလိုက္ရသည္။

လူတိုင္းက ကိုယ္ခ်စ္ရသူရဲ႕အျမင္ထဲမွာ ၿပီးျပည့္စုံခ်င္ၾကသည္။ ေယာက္်ားတစ္ေယာက္အေနနဲ႕ သူသည္လည္း သူခ်စ္ရသူ၏ႏွလုံးသားထဲတြင္ အင္အားႀကီးေသာ တည္ရွိမႈတစ္ခုအျဖစ္ရွိေစခ်င္သည္။ အနည္းဆုံးေတာ့ အားနည္းတဲ့သူလို႔ မျမင္ေစခ်င္ဘူး။

ရႈက်င္ထ်န္းသည္ ဤမွ်ေလာက္ မေတြးတတ္ေပမယ့္ လည္း စိတ္မေကာင္းျဖစ္သြားေလ၏။ ရႈက်င္ထ်န္းက စိတ္ရွည္ရွည္နဲ႕ ႏွစ္သိမ့္ေပးရင္း
" စိတ္မပူနဲ႕ ငါသတိထားပါ့မယ္...ျမန္ျမန္ျပန္လာခဲ့မယ္"

သို႔ေသာ္ ရႈဟန္ယြီက မိန္းမပ်ိဳေလး ဘာေျပာသလဲမသိခဲ့ေပ။ သူ၏ခႏၶာကိုယ္သည္ စက္ဝိုင္းပုံသ႑ာန္မွ ေျပေလ်ာ့သြားကာ မိန္းမပ်ိဳေလး၏ခါးကို ရစ္ပတ္လိုက္ၿပီး အိပ္ယာေပၚသို႔ ေခၚေဆာင္သြားခဲ့သည္။

"အာ့!ဟန္ယြီ မင္းဘာလို႔ ဒီေလာက္ႀကီး လႈပ္ရွားေနတာလဲ။ နာသြားေသးလား"
ရႈက်င္ထ်န္းက ထိတ္လန႔္သြားၿပီး ရႈဟန္ယြီ၏ဒဏ္ရာကို စစ္ေဆးဖို႔ အျမန္သြားလိုက္သည္။

ကံေကာင္းစြာနဲ႕ပဲ ရႈဟန္ယြီ၏ဒဏ္ရာက ျပန္ပြင့္မသြားခဲ့ေပ။

ရႈဟန္ယြီသည္ ေႁမြလွ်ာေလးကို ထုတ္လိုက္ရင္း မိန္းမပ်ိဳေလး၏လည္ပင္းနားသို႔ ပ်င္းရိစြာမွီႏြဲ႕လိုက္သည္။ ထို႔ေနာက္ သူ၏မ်က္ခြံမ်ားကိုပိတ္ကာ မွိန္းေနေလေတာ့သည္။

"မစားခ်င္ဘူးလား"

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ ေလးလံလြန္းေသာခႏၶာကိုယ္ကို တြန္းလိုက္ေသာ္လည္း ရႈဟန္ယြီကမူ မ်က္လုံးမ်ားကို ျဖည္းညွင္းစြာမွိတ္ထားၿပီး သူ႕ကို လ်စ္လ်ဴရႈခဲ့သည္။

ရႈက်င္ထ်န္းက ကူကယ္ရာမဲ့စြာ သက္ျပင္းခ်မိသည္။ သူ၏ေဘးဘက္မွာရွိေနေသာ ေႁမြႀကီးကိုၾကည့္ကာ သူ႕လက္ႏွစ္ဖက္ျဖင့္ ေပြ႕ဖက္လိုက္သည္။

ဂူထဲသို႔ ေလတိုက္လာသျဖင့္ ရႈက်င္ထ်န္းမွာ အနည္းငယ္ေအးသလို ခံစားလိုက္ရသည္။ ထို႔ေၾကာင့္ တိရိစ္ဆာန္အေရခြံကို ေျခဖဝါးေပၚတင္၍ ဖုံးအုပ္လိုက္ေလ၏။

ထို႔ေနာက္ ရႈဟန္ယြီသည္လည္း ေအးစက္ေနသည္ဟု သူထင္ခဲ့သည္။ ထို႔ေၾကာင့္ ရႈက်င္ထ်န္းသည္ ေစာင္ကို ေျခေထာက္တစ္ဖက္ျဖင့္ျမႇောက္ကာ ေႁမြအၿမီးကိုဖုံးအုပ္လိုက္သည္။

ေသးငယ္လြန္းေသာ အေရခြံေစာင္ေလးဟာ ရႈဟန္ယြီ၏ခႏၶာကိုယ္ကို လုံးလုံးလ်ားလ်ား မဖုံးဖိနိုင္ေပ။ ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏အၿမီးကို ေျခေထာက္ျဖင့္ခ်ိတ္ကာ ဆြဲယူလိုက္သည္။ သို႔ေသာ္ ရႈဟန္ယြီ၏အင္အားႀကီးေသာေႁမြအၿမီးက ေစာင္ကိုရႈပ္ပြသြားေစသည္။

"အိုက္ယား! ဟန္ယြီ မင္း မအိပ္ေသးဘူးလား ျမန္ျမန္ဒီကိုလာ"
ရႈက်င္ထ်န္းက ရႈဟန္ယြီကို တြန္းလိုက္သည္။

ရႈဟန္ယြီကမူ မလႈပ္မယွက္ အိပ္ေပ်ာ္သြားေလ၏။

ရႈက်င္ထ်န္း : "..."

ေႁမြအၿမီးက သူ႕ေျခေထာက္ကိုဖိထားတာေၾကာင့္ အနည္းငယ္ေလးလံေန၏။ ရႈက်င္ထ်န္းက တြန္းထုတ္လိုက္ေသာ္လည္းမရ။ ရႈဟန္ယြီကို ၾကည့္လိုက္ေတာ့လည္း မ်က္စိမွိတ္ထားသည္ကို ျမင္လိုက္ရသည္။

ရႈဟန္ယြီသည္ လုံးဝမလႈပ္ရွားေပမယ့္ ေအးျမေသာအသက္ရႈသံကမူ ရံဖန္ရံခါ ရႈက်င္ထ်န္း၏လည္ပင္းကို ထိခတ္လာသျဖင့္သာ အသက္ရွင္ေနေသးသည့္ အရိပ္အေယာင္ကို ခံစားရျခင္းျဖစ္သည္။

အိုေက သူလည္း အိပ္ခ်င္ေနၿပီ။ အဲ့ေတာ့ အတူတူအိပ္ၾကတာေပါ့...ရႈက်င္ထ်န္း သက္ေတာင့္သက္သာျဖစ္ေစမည့္ အေနအထားကို ရွာၿပီးေနာက္ ရႈဟန္ယြီကို ေပြ႕ဖက္ထားရင္း မ်က္လုံးကို မွိတ္ထားလိုက္သည္။ အိပ္ငိုက္ျခင္း၏ လႈံ႕ေဆာ္မႈေၾကာင့္ ရႈက်င္ထ်န္းသည္ သူနိုးလာသည္မွာ မၾကာေသးေၾကာငခး သတိမထားမိခဲ့...

ရႈဟန္ယြီသည္ ေက်နပ္အားရစြာျဖငခ့ မ်က္လုံးမ်ားကိုမဖြင့္ဘဲ ေနာက္ထပ္ႏွစ္ရက္ေလာက္ အိပ္ေနလိုက္သည္။

လြန္ခဲ့သည့္ႏွစ္ရက္ထိ မိုး႐ြာေနဆဲပင္။ ရက္အေတာ္ၾကာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ အပူခ်ိန္ေလ်ာ့က်လာေသာ္လည္း ေန႕ဘက္တြင္မူ အနည္းငယ္ေအးေနဆဲပင္။ ရႈက်င္ထ်န္းသည္ အိပ္ယာမွထြက္လာတိုင္း ဂ်ာကင္အကၤ်ီကို၀တ္ထားရသည္။

လြန္ခဲ့သည့္ႏွစ္ရက္အတြင္း ရႈက်င္ထ်န္းသည္ ရႈဟန္ယြီအတြက္ အစာရွာရန္ အျပင္ထြက္ရန္ ျပင္ဆင္ခဲ့သည္။ သို႔ေပသိ ရႈဟန္ယြီက သိသြားခဲ့ၿပီး သူ႕ကိုမသြားရန္ တားျမစ္ခဲ့သည္။ ရႈက်င္ထ်န္းက ခိုးထြက္ဖို႔ေတာင္ ႀကိဳးစားေပမယ့္ ရႈဟန္ယြီက သူ႕ကို ေစာင့္ၾကည့္ေနသလိုပင္။ ဂူထဲက မထြက္ရ ေသးခင္မွာပဲ ေႁမြအၿမီးျဖင့္ သူ႕ကို ျပင္းျပင္းထန္ထန္ တားခဲ့တာေၾကာင့္ သူ႕မွာေသေလာက္ေအာင္ ေၾကာက္သြားခဲ့သည္။

ႏွစ္ရက္အၾကာတြင္ ရႈဟန္ယြီ၏ခႏၶာကိုယ္ေပၚရွိဒဏ္ရာက လုံးဝေပ်ာက္ကင္းသြားခဲ့သည္။ အစိမ္းေရာင္အေရျပားသည္ ေခ်ာေမြ႕ႏူးညံ့ေနၿပီး လက္ရာေျမာက္ေသာ အေၾကးခြံမ်ားသည္ အလင္းေရာင္ျဖင့္ ေတာက္ပေနေသာေၾကာင့္ ဒဏ္ရာအစအနမ်ားကို မျမင္နိုင္ေလာက္ေအာင္ ၿပီးျပည့္စုံေနသည္။

ရႈဟန္ယြီသည္ သူ႕ခႏၶာကိုယ္ကို ဆန႔္တန္းလိုက္ၿပီး တိရစ္ဆာန္အေရခြံမ်ားေပၚတြင္ တြားသြားရင္းျဖင့္ လူသားအသြင္သို႔ ေျပာင္းလဲလိုက္သည္။

ရႈဟန္ယြီ လူသားအျဖစ္ ေျပာင္းလဲသြားသည္ကို ျမင္လိုက္ရသျဖင့္ ရႈက်င္ထ်န္းသည္ ေပ်ာ္႐ႊင္စြာခုန္ေပါက္လိုက္သည္။

"ဟန္ယြီ၊ မင္း အဆင္ေျပရဲ႕လား"

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏အေရျပားကိုထိလိုက္ၿပီး အံ့ဩစြာေျပာလိုက္သည္။
"က်စ္~ ဒီအသားအေရက ဘာလို႔ဒီေလာက္ေကာင္းေနတာလဲ အမာ႐ြတ္ေလးေတာင္ နည္းနည္းမွမရွိဘူး"

ရႈက်င္ထ်န္းက သူ႕ေနာက္ေက်ာႏွင့္လက္ေမာင္းတို႔တြင္ ငွက္ႀကီးတစ္ေကာင္ေၾကာင့္ ဒဏ္ရာရသြားသည္ကို သတိရမိၿပီး မနာလိုစြာ ေျပာလိုက္သည္။ အခ်ိန္ေတာ္ေတာ္ ၾကာခဲ့ၿပီျဖစ္ေသာ္လည္း သူ႕လက္ေမာင္းေပၚရွိ အမာ႐ြတ္က သိသာထင္ရွားေနေသးသည္။ သူ႕ေနာက္ေက်ာကို မျမင္နိုင္ေသာ္လည္း ေရခ်ိဳးလိုက္ေသာအခါ မေတာ္တဆ ဒဏ္ရာအခ်ိဳ႕ကို ခံစားမိေလသည္။

သူ႕ခႏၶာကိုယ္မွာ အမာ႐ြတ္ေတြရွိမရွိကို သူဂ႐ုမစိုက္ေပမယ့္ ရႈဟန္ယြီ၏ ျပန္လည္ေကာင္းမြန္နိုင္စြမ္းက အားေကာင္းလြန္းသည္။ ရႈက်င္ထ်န္းက ကူကယ္ရာမဲ့စြာ မ်က္ေစာင္းထိုးလိုက္သည္။

"ကိုယ္ဗိုက္ဆာတယ္! အစာသြားရွာလိုက္ဦးမယ္။ ထ်န္းထ်န္းက အိမ္မွာ ေကာင္းေကာင္းေနခဲ့ရမယ္ေနာ္"
ရႈဟန္ယြီ စကားမေျပာတာၾကာၿပီ။ သူ႕အသံက နည္းနည္းေလးမွိုင္းၿပီး အက္ရွရွ ေလးျဖစ္ေနေပမဲ့ ထိုအရာကပင္ အနည္းငယ္ ဆြဲေဆာင္မႈရွိေနသည္။

ရႈက်င္ထ်န္းက ပါးစပ္လႈပ္သြားသည္။ ရႈဟန္ယြီက သူ႕ကို 'ထ်န္းထ်န္း'လို႔ေခၚတိုင္း ထူးဆန္းသလိုခံစားရသည္။

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏စကားကို ၿပီးေအာင္မေစာင့္ဘဲ ေၾကာက္စရာေကာင္းေသာ စကားလုံးမ်ား ထပ္ေျပာမည္ကို စိုးရိမ္သျဖင့္ အလ်င္အျမန္ တုံ႕ျပန္ခဲ့သည္။

"အင္း...ျမန္ျမန္သြား၊ မင္းမစားရတာ ရက္ေတာ္ေတာ္ၾကာၿပီ။ သားေကာင္ အႀကီးႀကီးဖမ္းၿပီး ျမန္ျမန္ျပန္လာခဲ့"

ရႈဟန္ယြီက ႏႈတ္ခမ္းေထာင့္မ်ားက အနည္းငယ္ျမင့္တက္လာၿပီး တုံ႕ျပန္လိုက္ေသာ္လည္း အျပင္မထြက္ေသးဘဲ စပ်စ္ႏြယ္ပင္ကို ၾကည့္လိုက္သည္။

ရႈက်င္ထ်န္းက ရႈဟန္ယြီ၏ မ်က္လုံးမ်ားသြားရာကို လိုက္ၾကည့္ရင္း ရႈဟန္ယြီက စပ်စ္ႏြယ္ပင္ကို ၾကည့္ေနတာကို ေတြ႕လိုက္ရသည္။ သူက သူ႕ကို ထပ္ၿပီး ခ်ည္ထားခ်င္ျပန္ၿပီ!

ရႈက်င္ထ်န္းက အနည္းငယ္ စိတ္မခ်မ္းသာျဖစ္သြားေသာ္လည္း သူ႕ေဒါသကို ထိန္းထားၿပီးေျပာလိုက္သည္။
"စိတ္ခ်...စိတ္ခ်ပါ ငါဘယ္မွမသြားဘူး။ မင္းမရွိရင္ ငါ့ကိုဘယ္သူက ကာကြယ္ေပးမွာလဲ။ မင္းစိတ္ေအးေအးထားၿပီး သြားလို႔ရတယ္!"

ရႈက်င္ထ်န္းက ရႈဟန္ယြီ၏ဒဏ္ရာအေၾကာင္းကို ႐ုတ္တရက္ ေတြးလိုက္မိသည္။ ရႈဟန္ယြီသည္ ယခင္က ေႁမြအသြင္ျဖစ္ေနေသာေၾကာင့္ မေမးျမန္းနိုင္ခဲ့ေပ။ အခ်ိန္ေတာ္ေတာ္ၾကာေနၿပီ။ သူကိုယ္တိုင္လည္း ေမ့လုနီးပါးျဖစ္ေနခဲ့သည္။

"ေၾသာ္.. အဲဒီေန႕က မင္းဘာလို႔ အျပင္ထြက္သြားတာလဲ။ မင္းအိမ္မွာ ဘာလို႔အစာမစားတာလဲ...မင္း ဒဏ္ရာနဲ႕ေတာင္ ျပန္လာခဲ့ေသးတယ္"

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီကို သံသယျဖစ္စြာၾကည့္ကာ ရႈဟန္ယြီ ဘာျဖစ္ခဲ့သလဲဆိုတာကို သိခ်င္စိတ္ျပင္းျပေနသည္။ သူ႕နယ္ေျမကို တျခားအင္အားႀကီးတဲ့ သားရဲေတြက က်ဴးေက်ာ္လာလို႔လား?  ေႁမြႀကီးက အဲ့ဒီက်ဴးေက်ာ္သူေတြကို ေမာင္းထုတ္ဖို႔သြားခဲ့တာလား?

ရႈဟန္ယြီ၏မ်က္လုံးမ်ားသည္ ႐ုတ္တရက္ ေအးစက္သြားကာ ရႈက်င္ထ်န္းကို တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ထားလိုက္သည္။ ထို႔ေနာက္ ေအးစက္စက္အသံျဖင့္ ေျပာလာသည္။
"မင္းက ကိုယ့္အပိုင္...မင္းကို တပ္မက္ရဲတဲ့လူကို ကိုယ္ ေသေအာင္သတ္ရလိမ့္မယ္!"

ရႈက်င္ထ်န္း၏မ်က္လုံးမ်ားသည္ ခ်က္ခ်င္းပင္ ျပဴးက်ယ္သြားသည္။
"မင္း ဟိုသားရဲကို သြားရွာတာလား"

ထိုေယာက်္ားကို ေတြးမိလိုက္ေသာအခါ အဆိပ္ျပင္းေသာ အင္းဆက္ပိုးမႊားမ်ားကဲ့သို႔ ဆိုး႐ြားေသာ မွတ္ဉာဏ္မ်ား သူ႕ဦးႏွောက္ထဲသို႔ တိုးဝင္လာသည္။ ရႈက်င္ထ်န္း၏ဦးေခါင္းသည္ နာက်င္ေနၿပီး သူ႕မ်က္ႏွာသည္ ႐ုတ္တရက္ ေသြးေရာင္မဲ့သြားေလ၏။

"ဒါဆို ဘယ္လိုျဖစ္သြားလဲ"
ရႈက်င္ထ်န္းသည္ သူ၏မ်က္လုံးမ်ားထဲတြင္ အမုန္းတရားမ်ားျဖင့္ ေတာက္ပလာေသာ္လည္း သူ၏အသံကမူ ေၾကာက္႐ြံ႕မႈေၾကာင့္ တုန္ခါေန၏။

"ထြက္ေျပးသြားၿပီ"

ရႈဟန္ယြီသည္ မိန္းမပ်ိဳေလး၏ ေၾကာက္႐ြံ႕မႈကို ခံစားလိုက္ရၿပီး သူ၏မ်က္ႏွာထားကို ေျပေလ်ာ့ေစကာ နာက်င္ေနေသာ ဇနီးေလးကို ေပြ႕ဖက္ရင္း ေက်ာျပင္ေပၚတြင္ ညင္သာစြာ ပုတ္ေပးလိုက္သည္။

"ထ်န္းထ်န္း မေၾကာက္နဲ႕ေနာ္...ကိုယ္ရွိတယ္"

ရႈက်င္ထ်န္းက ေအးခဲသြားၿပီး ရႈဟန္ယြီကို ေမာ့ၾကည့္လိုက္သည္။

"သူျပန္လာၿပီလား၊ အဲ့ဒါေၾကာင့္ လြန္ခဲ့တဲ့ရက္အနည္းငယ္အတြင္းမွာ ငါနဲ႕ေျခတစ္လွမ္းမခြာဘဲ ေနခဲ့တာလား"

"အင္း!"

ရႈဟန္ယြီက ညင္ညင္သာသာ တုံ႕ျပန္လိုက္ၿပီး မိန္းမပ်ိဳေလး၏မ်က္လုံးေတြကို ဖုံးအုပ္ေနသည့္ နက္ေမွာင္တဲ့ ဆံပင္ေတြကို ဖယ္လိုက္သည္။
"ထ်န္းထ်န္း မေၾကာက္ပါနဲ႕...သူက ကိုယ့္ကို မရိုက္နိုင္ပါဘူး။ ေနာက္တစ္ခါ လာရဲရင္ ကိုယ္ သူ႕ကို သတ္လိုက္မယ္ေနာ္"

ရႈက်င္ထ်န္းက ရႈဟန္ယြီ၏ခါးကို ေပြ႕ဖက္လိုက္ကာ မ်က္ႏွာကို ရႈဟန္ယြီ၏ရင္ဘတ္တြင္ ျမႇုပ္ႏွံထားၿပီး ပြစိပြစိနဲ႕ေရ႐ြတ္လိုက္သည္။
"မဟုတ္ဘူး။ မင္း ဒဏ္ရာမရဖို႔ပဲလိုအပ္တာ! ငါ့အတြက္ ထပ္ၿပီးမတိုက္ခိုက္ပါနဲ႕ေတာ့...က်န္းက်န္းမာမာနဲ႕ ငါတို႔ရဲ႕ေန႕ရက္ေတြကို ျဖတ္သန္းဖို႔ပဲလိုတယ္

ရႈဟန္ယြီသည္ ႐ုတ္တရက္ တိတ္ဆိတ္သြားၿပီး သူ႕ရင္ခြင္ထဲရွိ မိန္းမပ်ိဳေလးကိုငုံ႕ၾကည့္ရင္း သူ၏ျမစိမ္းေရာင္မ်က္လုံးမ်ားက တလက္လက္ ေတာက္ပလာကာ မိန္းမပ်ိဳေလးကို မ်ိဳခ်ခ်င္ေနသကဲ့သို႔ပင္။

က်န္းက်န္းမာမာနဲ႕ ငါတို႔ရဲ႕ေန႕ရက္ေတြကို ျဖတ္သန္းဖို႔ပဲလိုတယ္လို႔ မိန္းမပ်ိဳေလးကေျပာတယ္။ ဆိုလိုတာက...သူက သူ႕ကို အျပည့္အဝ လက္ခံတဲ့သေဘာလား?

ရႈဟန္ယြီ၏ ႏွလုံးခုန္သံသည္ ထိန္းမရနိုင္ေအာင္ ျမန္ဆန္လာကာ မိန္းမပ်ိဳေလးကို တင္းက်ပ္စြာ ေပြ႕ဖက္ထားလိုက္သည္။ 

~~~~~~

15/2/2022(9:55PM)

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...