ကိုသက်နဲ့အတူ ပြန်လာသည်မို့ မန္တလေးမှာနေဦးမည့်အရေးကို အကြောင်းပြချက်ရှာရလေသည်။
"ပါမောက္ခ ဦးတင်မောင်ဆီမှာ မေးစရာလေးရှိလို့ပါ" ဆိုပြီး ပြောသည်ကို ကိုသက်က မျက်လုံးပြူးပြီး ကြည့်သေး၏။ သို့သော်လည်း မသိချင်ယောင်ဆောင်ကာ မန္တလေးသို့ရောက်မည့်ကားကို လက်မှတ်ဖြတ်လိုက်သည်။
"ပြင်ဦးလွင်ကို အရင်လိုက်ခဲ့.." ဟူသော စကားကို လျစ်လျူရှုသဖြင့် ကားစီးသည့် တစ်လျှောက်လုံး အနားမှနေ၍ ပွစိပွစိရေရွတ်သည့်ဒဏ်ကို တော်တော်လေး သည်းခံရသည်။ ခက်သည်။
ခက်သည်ဆိုသည်က မြို့ထဲကို ကားဝင်သည်နှင့် အလိုလိုပင် စိတ်ထဲ ပေါ့ပါးလာရသည်။ မန္တလေးသို့ ရောက်ရောက်ခြင်းမှာ စာတိုက်သို့ အရင်သွားမည်ဟု ဆုံးဖြတ်ထားသောကြောင့်ပင်။
"ဒါနဲ့ အဝန်း၊ မနေ့က မင်းတို့ရောက်နေတာ ဘယ်သူ့အိမ်လဲ။ "
"ကိုသု...ကိုသုမောင်တဲ့။ အကိုကြီးတို့ဆေးရုံကပဲလေ၊ သန့်ရှင်းရေးဝန်ထမ်း။"
"သြော်..."
ကိုသက်မျက်နှာကို မသိမသာနဲ့ အကဲခတ်ကြည့်လိုက်တော့ ဘာမှ အထွေအထူးဖြစ်မသွားသည်ကြောင့် ကျိတ်ပြီးသက်ပြင်းချမိသည်။ တကယ်မလွယ်ပါ...အမှန်တရားကိုသာ ကိုသက်သိသွားရင် သူတော့ရိုက်ပုတ်ထုထောင်းခံရမည်။
လိမ်ရကောင်းလားဆိုပြီး ဆွဲထိုးချင်ထိုးဦးမည်မို့...ကြိုတွေးကာ ရင်မောပေမယ့်...
"ခရီးသည်များ ခင်ဗျာ၊ ကားကွင်းရောက်ပါပြီ" ဆိုသော အသံကြောင့် ခြေရင်းအနားမှ ချထားသော လက်ဆွဲအိတ်ကို ကောက်ကိုင်ကာ ချက်ချင်းပဲ ကားပေါ်က ဆင်းခဲ့လိုက်သည်။
"ဆိုင်ကယ်ပဲ ငှားမယ်။"
"ဟုတ်ကဲ့ ကိုသက်၊ ကျွန်တော်သွားငှားလိုက်မယ်"
သွက်လက်စွာနဲ့ပင် ကိုသက်အနားကနေထွက်လာခဲ့ပြီး ကယ်ရီဆရာများစုဝေးရာ ကားကွင်းပေါက်နားသို့ အပြေးသွားလိုက်သည်။
ကယ်ရီအရေအတွက် များသည်ကြောင့် နှစ်စီးငှားခဲ့သည်။
"တစ်စီးတည်းငှားခိုင်းတာကွ။"
"လုပ်ပါ ကိုသက်ရာ၊ ခေါ်လာပြီးပြီကို အားနာစရာကြီး"
"မင်းတော့ နာတော့မယ်။"
ကိုသက်၏ ထိုအပြောကို မျက်နှာငယ်လေးလုပ်ပြလိုက်တော့ ကိုသက်သည် သူ့အတွက်ငှားလာပေးသည့် ကယ်ရီပေါ်သို့ တက်သွားလေသည်။ ကိုသက်တို့ ဆိုင်ကယ်ထွက်သွားပြီးမှ ကယ်ရီသမားအား စာတိုက်ဘက်သို့ပို့ပေးပါဟု ပြောလိုက်သည်။
"ဘယ်လောက်းပေးရမလဲ" ဆိုသောအပြောနှင့်အတူ ကျသင့်သလောက်ကို အိတ်ကပ်ထဲမှ အမြန်ပင်ထုတ်ပေးကာ စာတိုက်ထဲသို့ ပြေးဝင်လိုက်သည်က အလွန်ပင်မြန်ဆန်လွန်းသည်။
"ဟိုကောင်လေး မင်းစာက ဒီမှာ။"
စာတိုက်မှူးသည် သူ၏ရုံးခန်းအတွင်းမှ လှမ်းအော်သည်မို့ အဝန်းပြုံးမိသွားသည်။ အချိန်တွေကြာလာသည်ကြောင့်လား မသိ။ စာတိုက်မှူးသည် အရင်ကလို ဘုဂလန့်မနိုင်တော့ပါ။
"မနက်ဖြန်ပဲ ပြန်ပို့ဖို့ စီစဥ်နေတာ။ ရော့..."
စားပွဲ၏ အံဆွဲထဲမှ ထုတ်ပေးသည်က အခေါက်ပေါင်းများစွာက ကဲ့သို့ စာအိတ်ကလေးမဟုတ်ပဲ ပါဆယ် ပုံးလေးဖြစ်နေ၏။
"ဖွင့်ကြည့်မယ်ဆိုလည်း ယူသာသွားတော့၊"
စာရင်းတွေကို ကြည့်နေရင်းမှ ပြောလာသော ထိုစကားကြောင့် အဝန်းသည် ပျော်ရွှင်စွာနဲ့ပင် ရုံးခန်းအတွင်းမှ ထွက်ခွာသွားတော့သည်။
"ညနေ ရုံးချိန်အမီပြန်ပို့ဦး၊"
"ဟုတ် ဟုတ်..."
ကျောဘက် ပြတင်းတံခါးဆီမှ အသံကြောင့် ရုတ်တရပ် လန့်သွားကာ လှည့်ကြည့်မိမှ...
"ဒီကောင်လေးတော့..."
ဒါကို သူက သွားဖြီးပြပြီး...
"ကျွန်တော် သွားပြီ ဦးလေး..." ဟု ပြောကာ ပြေးသွားလိုက်သည်။
ပျော်ရွှင်မှုတွေ ပွေ့ပိုက်ထားရသည့် ခံစားချက်မျိုးနှင့် သူဟာ စာတိုက်ဝန်းအတွင်းမှ ထွက်လာခဲ့သည်။
ပါဆယ်ပုံးလေးကို ဖွင့်ဖောက်ဖို့ရန်အတွက် သူအရမ်းပဲ စိတ်လှုပ်ရှားလို့နေသည်။ ပါဆယ်ပုံးအား ပတ်ပတ်လည် စေ့စေ့ကြည့်နေရင်း တိတ်ကပ်ထားသော နေရာများကို မှတ်သားထားနေရင်းမှ...
"ခဲတံချွန်တဲ့ ဓားလေးနဲ့ ဖောက်မှ" ဟု တွေးပြီး လက်ကိုင်အိတ်ကို ပြန်,မ၊ ပါဆယ်ပုံးကို လက်တစ်ဖက်ဖြင့် အသေအချာ ကိုင်ထားပြီး အနီးအနားက စတိုးဆိုင်သို့ သွားလိုက်၏။
"အမ၊ ခဲချွန်တဲ့ ဓားလေး ရှိလား။"
"မရှိဘူး မောင်လေး..."
ဟုတ်ပါသည်။ ကိတ်မုန့်ရောင်းသည့် ဆိုင်မှာ ဘယ်လိုကြောင့် ခဲချွန်ဓားရှိမလဲ။ သူကလည်းလေ အရေးကြီးပါတယ်၊ သိချင်လွန်းလှပါတယ်ဆိုကာမှ အခုလို လွဲချော်ရတယ်လို့။
သူ့ကိုယ်သူ အားမလို အားမရဖြစ်မိပြီး နောက်ထပ် တစ်ဆိုင်သို့ သွားလိုက်သည်။
"ခဲချွန်တဲ့ဓား မရောင်းဘူးလား အမ..."
"အဲ့လိုမျိုးတော့ မရှိဘူး။ ဟို ခေါင်းရိတ်တဲ့ဓားတော့ရှိတယ် မောင်လေး..."
ပြောပြောဆိုဆိုနဲ့ ထုတ်ပေးလာသည် Stainlessဓားများထည့်ထားသော boxသေးသေးလေး။ အရပ်အခေါ် ဘရိတ်ဓားသည် ဤဆေးဆိုင်တွင် ရှိနေသည်ကို ကျေးဇူးအမြန်တင်ကာ၊ အမြန်ပဲငွေပေးချေပြီး ဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။
ပါဆယ်ပုံးလေး ဖောက်ဖို့ကိုပင် ယောက်ယက်ခတ်နေပါသောသူသည် အခုချိန်မှာ သော်သည် အိမ်တံခါးဆီမှာရပ်၍ ပြုံးလျက်ကပင် သူ့အားဆီးကြိုလို့စောင့်နေမည်ဆိုလျှင်....
"သော်..."
အိမ်တံခါးဝဆီမှ သော်သည် သူ့အားပြုံးပြလျက်ရှိသည်။
ခပ်မြန်မြန်နဲ့ ခြေလှမ်းဖို့ဟန်ပြင်လိုက်တော့ သော်က ပျော်ကွယ်သွားပြီး အိမ်တံခါးသည် သော့ခတ်လျက်သာ ရှိသေး၏။
ဝမ်းသာကာပီတိဖြာနေသောမျက်နှာသည် ချက်ချင်းပဲ ညှိုးငယ်သွားလေသည်။ ထို့နောက် လေးတွဲ့သောခြေလှမ်းတို့ကို အသုံးပြုကာ သော်မရှိနိုင်တဲ့ သော့်အိမ်လေးကို သူကိုယ်တိုင်ပဲ တံခါးဖွင့်ပြီးဝင်သွားလိုက်တော့သည်။
အိမ်ထဲရောက်သည့်အခါတွင် ကြမ်းပြင်ပေါ်ကို ခပ်ဖြေးဖြေးထိုင်ချပြီး တယုတယနှင့် ကိုင်ဆောင်လာသော ပါဆယ်ပုံးလေးအား ဖွင့်ကြည့်ဖို့ လုပ်လိုက်သည်။
အဝတ်အစားထည့်ထားသော လက်ကိုင်အိတ်သည် သူ့နံဘေးတွင် သူ့အား အဖော်ပြုရှိနေပေးသည်။
အကိုရေ...
ဒီနာမ်စားကို ခေါ်ရပါများလွန်းတော့လည်း မောလှပါပြီ၊ အကိုကတော့ တစ်ခါလေးတောင်ပြန်မထူးဘူးနော်။ ဒါပေမယ့်လည်း အခုလေ အကို့အတွက်လက်ဆောင်အနေနဲ့ အကိုအရမ်းကြိုက်တဲ့ လာဗင်ဒါကို ပေါင်းခံထားပြီး၊ ကျွန်တော်အရမ်းကြိုက်တဲ့ တောစံပယ်ပန်းလေးတွေနဲ့ ပေါင်းစပ်ပြီး perfumeလုပ်ထားတယ် အကိုရဲ့။ ဒီရနံ့ကို ကျွန်တော်တော့ အရမ်းကြိုက်တာမို့ အကိုလည်းကြိုက်မယ်လို့ ထင်မိပါတယ်။
အင်းနော်...အကိုသာ ဒီပါဆယ်ပုံးလေးကို ဖွင့်ကြည့်ရင် ဒီရေမွှေးပုလင်းလေးပါလာမှန်းသိမှာ၊ အခုတော့.....။ ကျွန်တော့်အကို့ကို ချစ်တယ်နော်။
အကြောင်းပြချက်မရှိပဲ နေရောင်မရှိတဲ့ ကမ္ဘာမှာနေရင်း ကျွန်တော့်ခန္ဓာကိုယ်က အေးစက်နေပြီ၊ကျွန်တော့်နှလုံးသား အပါအဝင်ပေါ့လေ။
အကိုရှိမှ နွေးထွေးမည့်
အကို့ရဲ့သော်
စာရွက်ခေါက်ကလေးအား သူ့အရာအတိုင်း ပြန်လည်ခေါက်ထားရင်း ပါဆယ်ဗုံးအတွင်းရှိ လက်သန်းအရွယ် ဖန်ပုလင်းလေးကို သူရီဝေစွာနဲ့ကြည့်မိသည်။
ကောက်ကိုင်လိုက်လို့ရသည်၊ ဖွင့်၍ ရှူရှိုက်လိုက်လို့ရသည်။ သို့သော်လည်း ထိုသို့ပြုလုပ်ချက်တွေမတိုင်ခင် သူဟာ စူးနင့်နင့်နှင့် ငေးမောစိုက်ကြည့်နေသည်။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်.....စက္ကန့်ပေါင်း မရေမတွက်နိုင်လောက်အောင် ငေးမောကြည့်နေရင်း သူ့မျက်ဝန်းမှ မျက်ရည်တို့သည် ရေတွက်၍မကုန်နိုင်အောင် ကျဆင်းနေတော့၏။
"သော်...."
သူတမ်းတ ရေရွတ်ကာ ခေါ်ဆိုလိုက်သည့်အချိန်တွင် သော်သည် သူ့နံဘေးတွင် လာရောက်ထိုင်ပေးသည်။ သူ့အကြည့်တို့က သော်ရှိရာသို့ ခပ်ဖြေးဖြေးချင်း ရွေ့သွားလိုက်ပြီး၊ သူ့ခန္ဓာကိုယ်ကမူ အနည်းငယ်မျှမလှုပ်မယှက်ပဲ ရှိနေ၏။
အခုချိန်မှာ သူဟာ အသက်ရှူသည်ကိုပင် ခိုးဝှက်နေရသည်။
"ကိုယ်လေ..."
အပြောနှင့်အတူ သူ့လက်တို့က လေထဲသို့မြှောက်သွားပြီး သော်ပါးပြင်အား ထိတွေ့ဖို့ ကြိုးစားနေသည်က သူ့အသိတရားတို့အလွန်မှာဖြစ်သည်။
"ဒီတစ်ခါ ထပ်ပျောက်မသွားပါနဲ့တော့ သော်ရာ..."
ဒုန်း!!!!
ဖျော့တော့စွာနဲ့ ရေရွတ်ရင်း ထိတွေ့ဖို့ ကြိုးစားသော လက်အား ကြမ်းပြင်နှင့် ထိတွေ့ရိုက်ခတ်လိုက်တော့သည်။
ဒီလက်ကြောင့် သော်ပျောက်သွားတာ။
သူသည် နာကြည်းစွာနှင့် သူ့လက်အား စိုက်ကြည့်နေရင်း သူ့စိတ်တို့က အင်မတန်မှ ခက်ထန်လို့နေသည်ကို သတိမူမိသွားသည်။
"ကိုယ်...."
ငိုကြီးချက်မဖြင့်ရှိနေသော သူ၏ ဤသို့ပုံစံအား သော့်ထံတင်ပြဖို့ရန်အတွက် စကား,စလိုက်ပြီးနာက်တွင် သူ့အသံက လည်ချောင်းဝမှ ထွက်မလာနိုင်တာ့ပေ။
နင့်နင့်သီးသီးနဲ့ ဝမ်းနည်းကြေကွဲနေရသော သူ့ပုံစံသည် မည်သူတစ်ဦးတစ်ယောက်ကမှ အပြစ်ဒဏ်ပေးထားခြင်းကြောင့် မဟုတ်မှန်းသူသိသည်။
သို့သော် သူအပြစ်တင်ချင်မိသည်။
Ring Ring Ring !!!!!!
အသံမြည်နေသော ဖုန်းအား ကောက်ကိုင်လိုက်တော့ ထွက်ပေါ်လာသော အသံသည် သူ့ဒေါသကို နှစ်ဆဖြစ်စေ၏။
"အဝန်းရေ...သားပြန်လာတယ်ဆို၊ မနက်ဖြန်အိမ်ကို ပြန်လာမှာမဟုတ်လား။ မေမေ ဘာဟင်းချက်ထားပေးရမလဲဟင်..."
တစ်ဖက်က အသံသည် ညင်သာမှုတွေအပြည့်၊ ကြင်နာမှုတွေ အလျှံအပယ်နဲ့ဖြစ်သည်။
"ငါလည်း ပြန်ရောက်နေတယ် အဝန်း။ ပြန်လာခဲ့နော်..."
"စာအုပ်ဝယ်ခဲ့ဦးနော် အဝန်း။"
ညီမငယ်နှစ်ယောက်၏ စကားသံသည်လည်း သူ့အားလွမ်းဆွတ်နေဟန်တို့၊ အားကိုးနေဟန်တို့ဖြင့် ရှိနေသည်။
"အလုပ်ရှုပ်နေလည်း အားမှပဲပြန်လာ အဝန်း၊ မင်းညီမတွေပြောတာကို စိတ်ထဲထားမနေနဲ့..."
"အဖေကလည်း..."
"အဖေကလည်း..."
လွတ်လပ်ခြင်းတို့ ပေးသနားသော အဖေ့စကားနောက်တွင် တွယ်ညှိနေသောကြိုးနှစ်ချောင်း၏ ခပ်စောင့်စောင့် အသံရယ်ကြောင့် သူမှာ...
"ပြန်လာမှာလေ။ စာအုပ်တော့ မဝယ်ခဲ့တော့ဘူး အလင်း။ အဆောင်မှာ ရှိတဲ့ငါ့စာအုပ်တွေ ထပ်ယူခဲ့မယ်။ အကွေးလည်း ငါလာမှပြန်နော်၊ မဟုတ်လည်း ငါပဲလိုက်ပို့ပါ့မယ်ဟာ။
အမေ... သားအတွက် ကြက်သားနဲ့အာလူး ဆီပြန်လေးချက်ထားဦး။ အကွေးတို့ကိုလည်း သားလာမှ ကျွေး။ အဖေ့အတွက်ရော..ဘာလိုသေးလဲ။ "
"ထိုးမုန့်ပေါ့ကွာ၊ ထိုးမုန်အဆင်ပြေရင် ပြောပါတယ်"
ခန့်ညားတဲ့ အဖေ့အသံဟာ အဆုံးသတ်ခါနီးတွင် ရယ်သံတစ်ချို့ ရောယှက်သွားသည်။ ထို့ကြောင့် သူကိုယ်တိုင်လည်း ပြုံးမိသွားကာ...
"ထိုးမုန့်က အဆင်ပြေပါတယ်။ မြင့်မြင့်ခင်ကသာ..အခုထိ အပျိုကြီးဗျ။"
ပြန်လည်လို့ စ,နောက်လိုက်သည့်တိုင် ရင်ထဲမှာ တနင့်တပိုးနဲ့ဖြစ်နေသည်။
"နင်ယူလိုက်ပါလား အဝန်း၊ အဖေက ထိုးမုန့်ကြိုက်တယ်လေ။"
"ယူလို့ရလို့လား"
အူလည်လည် အကွေး၏ အမေးရယ်ကြောင့် သူအသံထွက်အောင်ရယ်မိသည်။
အကွေး၏ အမေးဆုံးပြီး သိပ်မကြာခင်တွင်...
"ယောကျာ်းနဲ့ မိန်းမနဲ့ပဲ ယူလို့ရတာပေါ့ဟ"
အလင်း၏ ဆရာကြီးလုပ်သံမှာ အကွေးဟာ မျက်လုံးလေးတွေဝိုင်းပြီး ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေမည်ကို သူတွေးကြည့်လို့ရသည်။
"ဒါပေမယ့် ချစ်ဦးမှလေ။ လက်ထပ်တယ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက် အရင်ချစ်ကြပြီးမှ ဖြစ်ရတာ။"
ဤသို့ ပြောခဲ့ပါသော အကွေးသည် တကယ်တမ်းလက်ထပ်သွားသည့် အခါမှာတော့...
"ကောင်လေးက ရည်မွန်တယ်၊ စကားအပြောဆိုလည်း မဆိုးဘူး။ ခံယူချက်လေးလဲ ကောင်းတယ်ကွ။"
"ဒါပေမယ့် အဖေရာ။ အကွေးမှာ....ဟို ကိုယ်ဝန်ဆိုတာ..."
သူနေရ ခက်စွာနဲ့ ပြောမိတော့ အဖေက သူ့လက်မောင်းကို ဖိညှစ်ကာ...
"ဒါကလည်း သူ့ကြောင့်ကြည့်ပဲ ပြောလို့မရဘူး။ အဲဒီညက ဆေးမိထားတယ်ဆိုလားပဲ။ ထားပါ အဝန်းရာ...ဖြစ်ပြီးတာတွေ ပြန်ပြောနေလည်း အကွေးက အပျိုမှ ပြန်မဖြစ်တော့ပဲ... အဲ့တော့ အဲ့ဒီကောင်လေးကို မင်းပဲပြုပြင်ပေးလိုက်ပေါ့။"
အဖေဟာ အကွေးရဲ့ဘဝတင်မဟုတ်တော့ပဲ အကွေးရဲ့အမျိုးသားအထိပါ သူ့ထံသို့ ယုံကြည်စွာနှင့် အပ်နှံသည်။
အဖေနဲ့စကားပြောပြီးနောက်တွင် အိမ်နောက်ထဲကနေ သူမတို့ရှိနေသည့် အိမ်ထဲသို့ ပြန်ဝင်လာလိုက်တော့ အလင်းဟာ တန်းလျားခုံတွင် ထိုင်နေသည့် အကွေးရဲ့အမျိုးသားဟု ပြောသူထံ မျက်လုံးပြူးပြီး ကြည့်နေလျက်ရှိနေသည်။
ထို့ကြောင့် ပြူးပြနေသောအလင်းအား အနည်းငယ်မျှသာပြောပြီး သူ့အနေနဲ့ အကွေးဗိုက်ထဲက ရင်သွေးအား ကြိုဆိုစကားပြောလိုက်သည်။ ထိုအခါမှာ သူကဲ့သို့ အကွေးအပေါ်စိုးရိမ်စိတ်ကြိီးမားလွန်းတဲ့ အလင်းဟာလည်း အကွေးအတွက် ပီတိဝေဖြာပေးလေသည်။
ပြင်ဦးလွင် ဆေးရုံတွင် တာဝန်ထမ်းဆောင်နေရသော သူသည် ကျောင်းသားဘဝတုန်းကလို စိတ်လွတ်လက်လွတ်မရှိတော့။ တာဝန်ဆိုသော ချုပ်နှောင်မှုနှင့် လစာဟူသော တက်မက်မှုလေးတို့ကြောင့် နေ့ချင်းပင် ပြန်သွားရမည်။
"အဝန်းက ချက်ချင်းပြန်ရမှာပေါ့။
ဒါဆို ကောင်းကို မိတ္ထီလာခေါ်သွားပေးစမ်း" ဟူသော မိခင်၏ အမိန့်မှာတမ်းကြောင့် ယနေ့မှတော်လိုက်ရသော ယောက်ဖတော်လေးအား မိတ္ထီလာတွင် ချပေးခဲ့ရသေး၏။
"Hello..."
"အကိုကြီး။ ကိုသက်ကတော့ လုပ်ချလိုက်ပြန်ပြီ..."
ဆေးရုံတွင်ရှိနေသော အလုပ်သင်ဆရာဝန်လေး၏ အပြောကို သူကြားဖြတ်ကာ..
"ဘာလုပ်တာလဲဆိုတာကို ရှင်းရှင်းပြောစမ်း ဟေ့ကောင်"
"ဖိတ်စာတွေ လိုက်ဝေနေလို့ဗျို့၊ အခု အကိုကြီးဘယ်မှာလဲ..အကိုကြီးကို ရှာနေတယ် ကိုသက်က။"
"ကျစ်...လာနေပြီ ပြောထားကွာ"
သူသည် ကားအား အရှိန်မြှင့်လိုက်သည်။ ကိုသက်သည် သူတာဝန်ကျသည့်အချိန်အထိ ပြင်ဦးလွင်ဆေးရုံကနေ မပြောင်းသေး။ သူသည်လည်း ကံဆိုးစွာနဲ့ပင် ကိုသက်နှင့်အတူ ဆေးရုံတစ်ခုတည်း လုပ်ရသည်က မကျွတ်လွတ်သေးပါ။
ဆေးရုံဝန်းအတွင်းတွင် ကားထိုးခဲ့ပြီးနောက် ခြေတံရှည်တို့ဖြင့် လျင်မြန်စွာပင် ပြေးဝင်ခဲ့လိုက်သည်။
"ကိုသက်..."
"ဘယ်သွားနေတာလဲ။ မနက်ထဲက မင်းကိုရှာနေတာ..."
ကော်ဖီခွက်ကို ခပ်ဖြည်းဖြည်းနဲ့ မွှေရင်း အေးဆေးစွာနှင့် ပြောလာသော ကိုသက်၏ဘေးက ခုံတွင် သူဝင်ထိုင်လိုက်သည်။ ပြီးနောက် စားပွဲခုံတွင် အသင့်တင်ထားသော ရေကရားထဲမှ ရေအနည်းငယ်ကို ခွက်ထဲထည့်ပြီး မော့ချလိုက်တော့သည်။ ပြေးလာရတာ သူမောနေပြီလေ။
"ရော့..."
ကမ်းပေးလာတဲ့ ဖိတ်စာလေးကို ဖတ်ကြည့်လိုတော့ သတို့သားနေရာတွင် ကိုသက်၏နာမည်ဖြစ်နေပြီး သတို့သမီးကတော့ နှင်းရည်မိုးတဲ့။ ထိုကောင်မလေးကို သူ,မသိပါ။
ဒါထက် အခုဖိတ်စာထဲက 'မောင့်သက်လျာ'ကိုလည်း သူ,မသိတော့။
"ခွင့်တင်လို့ရအောင် တစ်ပတ်ကြိုပေးထားတာ။ လက်ဖွဲ့က Clickတစ်စီးပေး။ ကြားတယ်နော်..."
မင်္ဂလာလက်ဖွဲ့တောင်းသည်လား၊ ဓားပြတိုက်နေသည်လား သူတော့ဝေခွဲမရတော့။ အခုချိန်မှာ သူဟာ သက်လျာကို ကြည့်ရင်း၊ သက်လျာကို အကဲခတ်ရင်းနဲ့ပဲ ခပ်ဆွေးဆွေးလေးရှိနေတာ ဖြစ်၏။
သူ,မယုံကြည်နိုင်ခဲ့ပါ။ ဒီနေ့တွင် သူ့အတွက် မယုံကြည်နိုင်စရာ ကိစ္စနှစ်ခုဖြစ်ပွားခဲ့သည်။ ထိုကိစ္စနှစ်ခုကလည်း မင်္ဂလာကိစ္စပဲဖြစ်သည်။ သူ့ဘဝတွင် အရေးအပါဆုံးဖြစ်သော လူနှစ်ယောက်သည် သူဘယ်တုန်းကမှ မတွေးခဲ့ဖူးသည့် လက်ထပ်ခြင်းမျိုးနှင့် ဘဝကြင်ဖော်ကို တွေ့ရှိသွားသည်။
သို့သော်လည်း အနာဂတ်ခရီးလမ်းမှာ ထိုလူနှစ်ယောက်လုံး ပျော်ရွှင်နိုင်ပါ့မလား ဆိုတာကို တွေးကြည့်ရင်း သူ ခေါင်းကိုသာ အတွင်တွင်ရမ်းနေမိသည်။
"အဲ့လောက်ကြီး ခေါင်းယမ်းမနေနဲ့ကွာ။ ငါတစ်ဝက်စိုက်ပါ့မယ်..."
အနားမှာထိုင်နေသည့် အကိုကြီး၏ စကားကြောင့် သူ့လက်ညှိုးနှင့်တွယ်ချိတ်လျက်ရှိသော keyလေးကို မြှောက်ကြည့်မိသည်။ (၃၂) သိန်း၊ နည်းလှသည့် ပိုက်ဆံတော့မဟုတ်ပါ။
သူမင်္ဂလာဆောင်ရင်လည်း ကိုသက်ကို စျေးကြီးတာပဲ ဝယ်ခိုင်းရမည်ဟု ခပ်ရွတ်ရွတ် တွေးမိရင်း...
သော်ရော..ကိုယ့်ကို ထားခဲ့ပြီး ပျော်ရွှင်နေမှာလားဟင်။
သော်နဲ့ပက်သတ်သမျှ သူ့အတွေးတို့သည် ဘယ်သောအခါမှ စကားသံအဖြစ် ပြောင်းလဲသွားမည်မဟုတ်ပါ။
"ငါပြောတာ ပါလား..."
လက်ချင်းချိတ်လျက် အနားသို့ရောက်လာပါသော သတို့သားနှင့် သတို့သမီးတို့သည် ငွေမှင်ရောင် ချိတ်ဝမ်းဆက်ဖြင့် တင့်တယ်လျက်ရှိနေသည်။ သို့သော်လည်း စကားသံကတော့ဖြင့် သူ့အဖို့ရာ ကျက်သရေမရှိလှပါ။
ဟန်မဆောင်တော့ပဲ နှုတ်ခမ်းတစ်ဖက် တွန့်လိုက်ရင်းကပင် ...
"ရော့..."
လက်ထဲမှာ ကိုင်ထားပါသော သော့အား ပေးလိုက်သည်။
"ကျေးဇူး ညီလေး။"
အဝန်း၏ နောက်ကျောအား လက်သီးဖြင့် ထိုးလိုက်ရင်း ကျေးဇူးတင်စကားဆိုနေသည်မှာ တကယ်ပျော်ရွှင်နေသလိုပင်။
"သား..." ဟူသော ခေါ်သံကြောင့် သက်လျာတို့ မင်္ဂလာမောင်နှံသည် အဝန်းတို့အနားကနေ ထွက်သွားလေသည်။
"ပြန်ကြမလား အကိုကြီး။"
ပွဲကပြီးလို့ လူဖြင့်မရှိတော့။ သို့သော်လည်း သူတို့သည် သတို့သားအားစောင့်နေကြဆဲပင်။ လူပျိုညတွေ၊ဘာတွေ လုပ်ဖို့ လုံးဝ စိတ်ကူးမရှိပါ။ မသိပဲပြန်သွားမလားဆိုပြီး ပြောဆိုမည့်ဒဏ်ကို ခံရမည်စိုး၍သာ ထိုင်နေကြတာဖြစ်၏။
"ခဏ။ ငါ သွားပြောလိုက်မယ်"
"အင်း အင်း..."
ကိုသက်ကို ကြောက်သည်မှာ သူတစ်ယောက်ထဲမဟုတ်။ အကိုကြီးပါ အဖော်ပါ၏။
"ရပြီ သွားကြမယ်..."
"အင်း။"
မင်္ဂလာ မဏ္ဍပ်ထဲက ထွက်လာပြီးမှ နောက်ပြန်လှည့်၍ ပြန်ကြည့်မိသည်။
"အကွေးလည်း အိမ်ထောင်ကျသွားပြီဆို။ "
"အခုပဲ တွေးနေတာ။ အကွေးကို မင်္ဂဆောင် လုပ်ပေးရင် ကောင်းမလားလို့"
"သတို့သား ဘက်က..."
ကြည်သာသည် စကားကို ဆက်မပြောတော့ အဝန်းဆီကို အားနာသလိုလိုနဲ့ကြည့်သည်။ ထိုအခါ အဝန်းက ဟက်ခနဲတစ်ချက်ရီလိုက်ပြီး...
"ကျွန်တော်တို့ အကွေးကံက ဒီလိုနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ အကိုကြီး စောင့်ကြည့်နေပါ..."
သူရဲရဲကြီး စိန်ခေါ်ပစ်လိုက်သည်။ ထိုအခြေအနေမှာ သူဟာ အရာရာကိုတွက်ဆ ဆင်ခြင်ပြီးမှ ထိုသို့ပြောခြင်းမဟုတ်ပါ။ သူဟာ မခံမရပ်နိုင်စွာနှင့် ထိုသို့ ကြွေးကြော်ခဲ့တာဖြစ်သည်။
သို့သော်လည်း သူ့စကားတွေက တကယ်မှန်ကန်ခဲ့သည်။
"ဒီမှာလေ အကွေးမင်္ဂလာဆောင်...."
ဆေးရုံတစ်ခုလုံးကို လိုက်ပြပြီး ကြွားပစ်တော့သည်။ သူ့ညီမဟာ ကလေးနှစ်ယောက်ရပြီးကာမှ မင်္ဂလာဆောင်တော့ရော ဘာရေးလဲ၊ အဓိကက ဓာတ်ပုံထဲဖြစ်နေသည့်တိုင် ကြည်လင်စွာနဲ့ ပျော်ရွှင်နေသည့် သူ့အဖြူထည်လေးက သိပ်တောက်ပနေတာလေ။
ပျော်ပါသည်...သူ သိပ်ကိုပျော်ပါသည်။ ဒီအပျော်ဟာ သူ့ဘဝတစ်စိတ်တစ်ပိုင်းနဲ့ လဲထားရသည်ကို သူသိသည်။ သို့သော် သူပျော်ပါသည်။
အကွေးတို့ မင်္ဂလာဆောင် ဓာတ်ပုံကိုကြည့်နေရင်းမှ...
"Parisမှာ ကိုယ်တို့အကွေးနဲ့ တွေ့ဖြစ်ကြရင် သော် သူ့ကို သိမှာမဟုတ်ပါဘူးလေ၊ဒါလည်းကောင်းပါတယ်။ တွေ့ခဲ့ရင်တောင် ဒီတိုင်းပဲ ကျော်သွားလိုက်ပါ သော်....ဒါဟာ သော့်အတွက် အကောင်းဆုံးမို့ပါ။"
ပြင်သစ်မှာ သွားရောက်နေထိုင်နေသော ညီမငယ်ကို သွားမတွေ့ပဲ ပြင်သစ်မှာရှိနေသည့် နှလုံးအိမ်အား သွေးစိမ်းရှင်ရှင် ထွက်မတတ် သူလွမ်းဆွတ်နေပါသည်။
(* အလှည့်အပြောင်းတွေ မြန်ဆန်ခြု့လို့ တောင်းပန်ပါတယ်နော်။ ဒီအတောတွင်း ငိုအောင်လုပ်ခဲ့တာတွေအတွက်ပါ ထပ်တိုး တောင်းပန်စကားဆိုချင်ပါတယ်။ နောက်တစ်ပိုင်းမှာ အားလုံးမျှော်လင့်နေကြတဲ့ စန္ဒသော်ကအောင် ပြန်ရောက်လာမှာဖြစ်ပြီး ကျွန်မသိပ်မျှော်လင့်ထားတဲ့ ဇာတ်ထွဋ်ကိုလည်း ရောက်ပါတော့မယ်။)
_________________________
Zawgyi....
ကိုသက္နဲ႔အတူ ျပန္လာသည္မို႔ မႏၲေလးမွာေနဦးမည့္အေရးကို အေၾကာင္းျပခ်က္ရွာရေလသည္။
"ပါေမာကၡ ဦးတင္ေမာင္ဆီမွာ ေမးစရာေလးရွိလို႔ပါ" ဆိုၿပီး ေျပာသည္ကို ကိုသက္က မ်က္လုံးျပဴးၿပီး ၾကည့္ေသး၏။ သို႔ေသာ္လည္း မသိခ်င္ေယာင္ေဆာင္ကာ မႏၲေလးသို႔ေရာက္မည့္ကားကို လက္မွတ္ျဖတ္လိုက္သည္။
"ျပင္ဦးလြင္ကို အရင္လိုက္ခဲ့.." ဟူေသာ စကားကို လ်စ္လ်ဴရႈသျဖင့္ ကားစီးသည့္ တစ္ေလွ်ာက္လုံး အနားမွေန၍ ပြစိပြစိေရ႐ြတ္သည့္ဒဏ္ကို ေတာ္ေတာ္ေလး သည္းခံရသည္။ ခက္သည္။
ခက္သည္ဆိုသည္က ၿမိဳ႕ထဲကို ကားဝင္သည္ႏွင့္ အလိုလိုပင္ စိတ္ထဲ ေပါ့ပါးလာရသည္။ မႏၲေလးသို႔ ေရာက္ေရာက္ျခင္းမွာ စာတိုက္သို႔ အရင္သြားမည္ဟု ဆုံးျဖတ္ထားေသာေၾကာင့္ပင္။
"ဒါနဲ႔ အဝန္း၊ မေန႔က မင္းတို႔ေရာက္ေနတာ ဘယ္သူ႔အိမ္လဲ။ "
"ကိုသု...ကိုသုေမာင္တဲ့။ အကိုႀကီးတို႔ေဆး႐ုံကပဲေလ၊ သန္႔ရွင္းေရးဝန္ထမ္း။"
"ေၾသာ္..."
ကိုသက္မ်က္ႏွာကို မသိမသာနဲ႔ အကဲခတ္ၾကည့္လိုက္ေတာ့ ဘာမွ အေထြအထူးျဖစ္မသြားသည္ေၾကာင့္ က်ိတ္ၿပီးသက္ျပင္းခ်မိသည္။ တကယ္မလြယ္ပါ...အမွန္တရားကိုသာ ကိုသက္သိသြားရင္ သူေတာ့႐ိုက္ပုတ္ထုေထာင္းခံရမည္။
လိမ္ရေကာင္းလားဆိုၿပီး ဆြဲထိုးခ်င္ထိုးဦးမည္မို႔...ႀကိဳေတြးကာ ရင္ေမာေပမယ့္...
"ခရီးသည္မ်ား ခင္ဗ်ာ၊ ကားကြင္းေရာက္ပါၿပီ" ဆိုေသာ အသံေၾကာင့္ ေျခရင္းအနားမွ ခ်ထားေသာ လက္ဆြဲအိတ္ကို ေကာက္ကိုင္ကာ ခ်က္ခ်င္းပဲ ကားေပၚက ဆင္းခဲ့လိုက္သည္။
"ဆိုင္ကယ္ပဲ ငွားမယ္။"
"ဟုတ္ကဲ့ ကိုသက္၊ ကြၽန္ေတာ္သြားငွားလိုက္မယ္"
သြက္လက္စြာနဲ႔ပင္ ကိုသက္အနားကေနထြက္လာခဲ့ၿပီး ကယ္ရီဆရာမ်ားစုေဝးရာ ကားကြင္းေပါက္နားသို႔ အေျပးသြားလိုက္သည္။
ကယ္ရီအေရအတြက္ မ်ားသည္ေၾကာင့္ ႏွစ္စီးငွားခဲ့သည္။
"တစ္စီးတည္းငွားခိုင္းတာကြ။"
"လုပ္ပါ ကိုသက္ရာ၊ ေခၚလာၿပီးၿပီကို အားနာစရာႀကီး"
"မင္းေတာ့ နာေတာ့မယ္။"
ကိုသက္၏ ထိုအေျပာကို မ်က္ႏွာငယ္ေလးလုပ္ျပလိုက္ေတာ့ ကိုသက္သည္ သူ႔အတြက္ငွားလာေပးသည့္ ကယ္ရီေပၚသို႔ တက္သြားေလသည္။ ကိုသက္တို႔ ဆိုင္ကယ္ထြက္သြားၿပီးမွ ကယ္ရီသမားအား စာတိုက္ဘက္သို႔ပို႔ေပးပါဟု ေျပာလိုက္သည္။
"ဘယ္ေလာက္းေပးရမလဲ" ဆိုေသာအေျပာႏွင့္အတူ က်သင့္သေလာက္ကို အိတ္ကပ္ထဲမွ အျမန္ပင္ထုတ္ေပးကာ စာတိုက္ထဲသို႔ ေျပးဝင္လိုက္သည္က အလြန္ပင္ျမန္ဆန္လြန္းသည္။
"ဟိုေကာင္ေလး မင္းစာက ဒီမွာ။"
စာတိုက္မႉးသည္ သူ၏႐ုံးခန္းအတြင္းမွ လွမ္းေအာ္သည္မို႔ အဝန္းၿပဳံးမိသြားသည္။ အခ်ိန္ေတြၾကာလာသည္ေၾကာင့္လား မသိ။ စာတိုက္မႉးသည္ အရင္ကလို ဘုဂလန္႔မႏိုင္ေတာ့ပါ။
"မနက္ျဖန္ပဲ ျပန္ပို႔ဖို႔ စီစဥ္ေနတာ။ ေရာ့..."
စားပြဲ၏ အံဆြဲထဲမွ ထုတ္ေပးသည္က အေခါက္ေပါင္းမ်ားစြာက ကဲ့သို႔ စာအိတ္ကေလးမဟုတ္ပဲ ပါဆယ္ ပုံးေလးျဖစ္ေန၏။
"ဖြင့္ၾကည့္မယ္ဆိုလည္း ယူသာသြားေတာ့၊"
စာရင္းေတြကို ၾကည့္ေနရင္းမွ ေျပာလာေသာ ထိုစကားေၾကာင့္ အဝန္းသည္ ေပ်ာ္႐ႊင္စြာနဲ႔ပင္ ႐ုံးခန္းအတြင္းမွ ထြက္ခြာသြားေတာ့သည္။
"ညေန ႐ုံးခ်ိန္အမီျပန္ပို႔ဦး၊"
"ဟုတ္ ဟုတ္..."
ေက်ာဘက္ ျပတင္းတံခါးဆီမွ အသံေၾကာင့္ ႐ုတ္တရပ္ လန္႔သြားကာ လွည့္ၾကည့္မိမွ...
"ဒီေကာင္ေလးေတာ့..."
ဒါကို သူက သြားၿဖီးျပၿပီး...
"ကြၽန္ေတာ္ သြားၿပီ ဦးေလး..." ဟု ေျပာကာ ေျပးသြားလိုက္သည္။
ေပ်ာ္႐ႊင္မႈေတြ ေပြ႕ပိုက္ထားရသည့္ ခံစားခ်က္မ်ိဳးႏွင့္ သူဟာ စာတိုက္ဝန္းအတြင္းမွ ထြက္လာခဲ့သည္။
ပါဆယ္ပုံးေလးကို ဖြင့္ေဖာက္ဖို႔ရန္အတြက္ သူအရမ္းပဲ စိတ္လႈပ္ရွားလို႔ေနသည္။ ပါဆယ္ပုံးအား ပတ္ပတ္လည္ ေစ့ေစ့ၾကည့္ေနရင္း တိတ္ကပ္ထားေသာ ေနရာမ်ားကို မွတ္သားထားေနရင္းမွ...
"ခဲတံခြၽန္တဲ့ ဓားေလးနဲ႔ ေဖာက္မွ" ဟု ေတြးၿပီး လက္ကိုင္အိတ္ကို ျပန္,မ၊ ပါဆယ္ပုံးကို လက္တစ္ဖက္ျဖင့္ အေသအခ်ာ ကိုင္ထားၿပီး အနီးအနားက စတိုးဆိုင္သို႔ သြားလိုက္၏။
"အမ၊ ခဲခြၽန္တဲ့ ဓားေလး ရွိလား။"
"မရွိဘူး ေမာင္ေလး..."
ဟုတ္ပါသည္။ ကိတ္မုန္႔ေရာင္းသည့္ ဆိုင္မွာ ဘယ္လိုေၾကာင့္ ခဲခြၽန္ဓားရွိမလဲ။ သူကလည္းေလ အေရးႀကီးပါတယ္၊ သိခ်င္လြန္းလွပါတယ္ဆိုကာမွ အခုလို လြဲေခ်ာ္ရတယ္လို႔။
သူ႔ကိုယ္သူ အားမလို အားမရျဖစ္မိၿပီး ေနာက္ထပ္ တစ္ဆိုင္သို႔ သြားလိုက္သည္။
"ခဲခြၽန္တဲ့ဓား မေရာင္းဘူးလား အမ..."
"အဲ့လိုမ်ိဳးေတာ့ မရွိဘူး။ ဟို ေခါင္းရိတ္တဲ့ဓားေတာ့ရွိတယ္ ေမာင္ေလး..."
ေျပာေျပာဆိုဆိုနဲ႔ ထုတ္ေပးလာသည္ Stainlessဓားမ်ားထည့္ထားေသာ boxေသးေသးေလး။ အရပ္အေခၚ ဘရိတ္ဓားသည္ ဤေဆးဆိုင္တြင္ ရွိေနသည္ကို ေက်းဇူးအျမန္တင္ကာ၊ အျမန္ပဲေငြေပးေခ်ၿပီး ဆိုင္ထဲမွ ထြက္လာခဲ့လိုက္သည္။
ပါဆယ္ပုံးေလး ေဖာက္ဖို႔ကိုပင္ ေယာက္ယက္ခတ္ေနပါေသာသူသည္ အခုခ်ိန္မွာ ေသာ္သည္ အိမ္တံခါးဆီမွာရပ္၍ ၿပဳံးလ်က္ကပင္ သူ႔အားဆီးႀကိဳလို႔ေစာင့္ေနမည္ဆိုလွ်င္....
"ေသာ္..."
အိမ္တံခါးဝဆီမွ ေသာ္သည္ သူ႔အားၿပဳံးျပလ်က္ရွိသည္။
ခပ္ျမန္ျမန္နဲ႔ ေျခလွမ္းဖို႔ဟန္ျပင္လိုက္ေတာ့ ေသာ္က ေပ်ာ္ကြယ္သြားၿပီး အိမ္တံခါးသည္ ေသာ့ခတ္လ်က္သာ ရွိေသး၏။
ဝမ္းသာကာပီတိျဖာေနေသာမ်က္ႏွာသည္ ခ်က္ခ်င္းပဲ ညႇိဳးငယ္သြားေလသည္။ ထို႔ေနာက္ ေလးတြဲ႕ေသာေျခလွမ္းတို႔ကို အသုံးျပဳကာ ေသာ္မရွိႏိုင္တဲ့ ေသာ့္အိမ္ေလးကို သူကိုယ္တိုင္ပဲ တံခါးဖြင့္ၿပီးဝင္သြားလိုက္ေတာ့သည္။
အိမ္ထဲေရာက္သည့္အခါတြင္ ၾကမ္းျပင္ေပၚကို ခပ္ေျဖးေျဖးထိုင္ခ်ၿပီး တယုတယႏွင့္ ကိုင္ေဆာင္လာေသာ ပါဆယ္ပုံးေလးအား ဖြင့္ၾကည့္ဖို႔ လုပ္လိုက္သည္။
အဝတ္အစားထည့္ထားေသာ လက္ကိုင္အိတ္သည္ သူ႔နံေဘးတြင္ သူ႔အား အေဖာ္ျပဳရွိေနေပးသည္။
အကိုေရ...
ဒီနာမ္စားကို ေခၚရပါမ်ားလြန္းေတာ့လည္း ေမာလွပါၿပီ၊ အကိုကေတာ့ တစ္ခါေလးေတာင္ျပန္မထူးဘူးေနာ္။ ဒါေပမယ့္လည္း အခုေလ အကို႔အတြက္လက္ေဆာင္အေနနဲ႔ အကိုအရမ္းႀကိဳက္တဲ့ လာဗင္ဒါကို ေပါင္းခံထားၿပီး၊ ကြၽန္ေတာ္အရမ္းႀကိဳက္တဲ့ ေတာစံပယ္ပန္းေလးေတြနဲ႔ ေပါင္းစပ္ၿပီး perfumeလုပ္ထားတယ္ အကိုရဲ႕။ ဒီရနံ႔ကို ကြၽန္ေတာ္ေတာ့ အရမ္းႀကိဳက္တာမို႔ အကိုလည္းႀကိဳက္မယ္လို႔ ထင္မိပါတယ္။
အင္းေနာ္...အကိုသာ ဒီပါဆယ္ပုံးေလးကို ဖြင့္ၾကည့္ရင္ ဒီေရေမႊးပုလင္းေလးပါလာမွန္းသိမွာ၊ အခုေတာ့.....။ ကြၽန္ေတာ့္အကို႔ကို ခ်စ္တယ္ေနာ္။
အေၾကာင္းျပခ်က္မရွိပဲ ေနေရာင္မရွိတဲ့ ကမာၻမွာေနရင္း ကြၽန္ေတာ့္ခႏၶာကိုယ္က ေအးစက္ေနၿပီ၊ကြၽန္ေတာ့္ႏွလုံးသား အပါအဝင္ေပါ့ေလ။
အကိုရွိမွ ေႏြးေထြးမည့္
အကို႔ရဲ႕ေသာ္
စာ႐ြက္ေခါက္ကေလးအား သူ႔အရာအတိုင္း ျပန္လည္ေခါက္ထားရင္း ပါဆယ္ဗုံးအတြင္းရွိ လက္သန္းအ႐ြယ္ ဖန္ပုလင္းေလးကို သူရီေဝစြာနဲ႔ၾကည့္မိသည္။
ေကာက္ကိုင္လိုက္လို႔ရသည္၊ ဖြင့္၍ ရႉရႈိက္လိုက္လို႔ရသည္။ သို႔ေသာ္လည္း ထိုသို႔ျပဳလုပ္ခ်က္ေတြမတိုင္ခင္ သူဟာ စူးနင့္နင့္ႏွင့္ ေငးေမာစိုက္ၾကည့္ေနသည္။
တစ္စကၠန္႔၊ ႏွစ္စကၠန္႔၊ သုံးစကၠန္႔.....စကၠန္႔ေပါင္း မေရမတြက္ႏိုင္ေလာက္ေအာင္ ေငးေမာၾကည့္ေနရင္း သူ႔မ်က္ဝန္းမွ မ်က္ရည္တို႔သည္ ေရတြက္၍မကုန္ႏိုင္ေအာင္ က်ဆင္းေနေတာ့၏။
"ေသာ္...."
သူတမ္းတ ေရ႐ြတ္ကာ ေခၚဆိုလိုက္သည့္အခ်ိန္တြင္ ေသာ္သည္ သူ႔နံေဘးတြင္ လာေရာက္ထိုင္ေပးသည္။ သူ႔အၾကည့္တို႔က ေသာ္ရွိရာသို႔ ခပ္ေျဖးေျဖးခ်င္း ေ႐ြ႕သြားလိုက္ၿပီး၊ သူ႔ခႏၶာကိုယ္ကမူ အနည္းငယ္မွ်မလႈပ္မယွက္ပဲ ရွိေန၏။
အခုခ်ိန္မွာ သူဟာ အသက္ရႉသည္ကိုပင္ ခိုးဝွက္ေနရသည္။
"ကိုယ္ေလ..."
အေျပာႏွင့္အတူ သူ႔လက္တို႔က ေလထဲသို႔ေျမႇာက္သြားၿပီး ေသာ္ပါးျပင္အား ထိေတြ႕ဖို႔ ႀကိဳးစားေနသည္က သူ႔အသိတရားတို႔အလြန္မွာျဖစ္သည္။
"ဒီတစ္ခါ ထပ္ေပ်ာက္မသြားပါနဲ႔ေတာ့ ေသာ္ရာ..."
ဒုန္း!!!!
ေဖ်ာ့ေတာ့စြာနဲ႔ ေရ႐ြတ္ရင္း ထိေတြ႕ဖို႔ ႀကိဳးစားေသာ လက္အား ၾကမ္းျပင္ႏွင့္ ထိေတြ႕႐ိုက္ခတ္လိုက္ေတာ့သည္။
ဒီလက္ေၾကာင့္ ေသာ္ေပ်ာက္သြားတာ။
သူသည္ နာၾကည္းစြာႏွင့္ သူ႔လက္အား စိုက္ၾကည့္ေနရင္း သူ႔စိတ္တို႔က အင္မတန္မွ ခက္ထန္လို႔ေနသည္ကို သတိမူမိသြားသည္။
"ကိုယ္...."
ငိုႀကီးခ်က္မျဖင့္ရွိေနေသာ သူ၏ ဤသို႔ပုံစံအား ေသာ့္ထံတင္ျပဖို႔ရန္အတြက္ စကား,စလိုက္ၿပီးနာက္တြင္ သူ႔အသံက လည္ေခ်ာင္းဝမွ ထြက္မလာႏိုင္တာ့ေပ။
နင့္နင့္သီးသီးနဲ႔ ဝမ္းနည္းေၾကကြဲေနရေသာ သူ႔ပုံစံသည္ မည္သူတစ္ဦးတစ္ေယာက္ကမွ အျပစ္ဒဏ္ေပးထားျခင္းေၾကာင့္ မဟုတ္မွန္းသူသိသည္။
သို႔ေသာ္ သူအျပစ္တင္ခ်င္မိသည္။
Ring Ring Ring !!!!!!
အသံျမည္ေနေသာ ဖုန္းအား ေကာက္ကိုင္လိုက္ေတာ့ ထြက္ေပၚလာေသာ အသံသည္ သူ႔ေဒါသကို ႏွစ္ဆျဖစ္ေစ၏။
"အဝန္းေရ...သားျပန္လာတယ္ဆို၊ မနက္ျဖန္အိမ္ကို ျပန္လာမွာမဟုတ္လား။ ေမေမ ဘာဟင္းခ်က္ထားေပးရမလဲဟင္..."
တစ္ဖက္က အသံသည္ ညင္သာမႈေတြအျပည့္၊ ၾကင္နာမႈေတြ အလွ်ံအပယ္နဲ႔ျဖစ္သည္။
"ငါလည္း ျပန္ေရာက္ေနတယ္ အဝန္း။ ျပန္လာခဲ့ေနာ္..."
"စာအုပ္ဝယ္ခဲ့ဦးေနာ္ အဝန္း။"
ညီမငယ္ႏွစ္ေယာက္၏ စကားသံသည္လည္း သူ႔အားလြမ္းဆြတ္ေနဟန္တို႔၊ အားကိုးေနဟန္တို႔ျဖင့္ ရွိေနသည္။
"အလုပ္ရႈပ္ေနလည္း အားမွပဲျပန္လာ အဝန္း၊ မင္းညီမေတြေျပာတာကို စိတ္ထဲထားမေနနဲ႔..."
"အေဖကလည္း..."
"အေဖကလည္း..."
လြတ္လပ္ျခင္းတို႔ ေပးသနားေသာ အေဖ့စကားေနာက္တြင္ တြယ္ညႇိေနေသာႀကိဳးႏွစ္ေခ်ာင္း၏ ခပ္ေစာင့္ေစာင့္ အသံရယ္ေၾကာင့္ သူမွာ...
"ျပန္လာမွာေလ။ စာအုပ္ေတာ့ မဝယ္ခဲ့ေတာ့ဘူး အလင္း။ အေဆာင္မွာ ရွိတဲ့ငါ့စာအုပ္ေတြ ထပ္ယူခဲ့မယ္။ အေကြးလည္း ငါလာမွျပန္ေနာ္၊ မဟုတ္လည္း ငါပဲလိုက္ပို႔ပါ့မယ္ဟာ။
အေမ... သားအတြက္ ၾကက္သားနဲ႔အာလူး ဆီျပန္ေလးခ်က္ထားဦး။ အေကြးတို႔ကိုလည္း သားလာမွ ေကြၽး။ အေဖ့အတြက္ေရာ..ဘာလိုေသးလဲ။ "
"ထိုးမုန္႔ေပါ့ကြာ၊ ထိုးမုန္အဆင္ေျပရင္ ေျပာပါတယ္"
ခန္႔ညားတဲ့ အေဖ့အသံဟာ အဆုံးသတ္ခါနီးတြင္ ရယ္သံတစ္ခ်ိဳ႕ ေရာယွက္သြားသည္။ ထို႔ေၾကာင့္ သူကိုယ္တိုင္လည္း ၿပဳံးမိသြားကာ...
"ထိုးမုန္႔က အဆင္ေျပပါတယ္။ ျမင့္ျမင့္ခင္ကသာ..အခုထိ အပ်ိဳႀကီးဗ်။"
ျပန္လည္လို႔ စ,ေနာက္လိုက္သည့္တိုင္ ရင္ထဲမွာ တနင့္တပိုးနဲ႔ျဖစ္ေနသည္။
"နင္ယူလိုက္ပါလား အဝန္း၊ အေဖက ထိုးမုန္႔ႀကိဳက္တယ္ေလ။"
"ယူလို႔ရလို႔လား"
အူလည္လည္ အေကြး၏ အေမးရယ္ေၾကာင့္ သူအသံထြက္ေအာင္ရယ္မိသည္။
အေကြး၏ အေမးဆုံးၿပီး သိပ္မၾကာခင္တြင္...
"ေယာက်ာ္းနဲ႔ မိန္းမနဲ႔ပဲ ယူလို႔ရတာေပါ့ဟ"
အလင္း၏ ဆရာႀကီးလုပ္သံမွာ အေကြးဟာ မ်က္လုံးေလးေတြဝိုင္းၿပီး ေခါင္းတၿငိမ့္ၿငိမ့္ျဖစ္ေနမည္ကို သူေတြးၾကည့္လို႔ရသည္။
"ဒါေပမယ့္ ခ်စ္ဦးမွေလ။ လက္ထပ္တယ္ဆိုတာက တစ္ေယာက္နဲ႔တစ္ေယာက္ အရင္ခ်စ္ၾကၿပီးမွ ျဖစ္ရတာ။"
ဤသို႔ ေျပာခဲ့ပါေသာ အေကြးသည္ တကယ္တမ္းလက္ထပ္သြားသည့္ အခါမွာေတာ့...
"ေကာင္ေလးက ရည္မြန္တယ္၊ စကားအေျပာဆိုလည္း မဆိုးဘူး။ ခံယူခ်က္ေလးလဲ ေကာင္းတယ္ကြ။"
"ဒါေပမယ့္ အေဖရာ။ အေကြးမွာ....ဟို ကိုယ္ဝန္ဆိုတာ..."
သူေနရ ခက္စြာနဲ႔ ေျပာမိေတာ့ အေဖက သူ႔လက္ေမာင္းကို ဖိညႇစ္ကာ...
"ဒါကလည္း သူ႔ေၾကာင့္ၾကည့္ပဲ ေျပာလို႔မရဘူး။ အဲဒီညက ေဆးမိထားတယ္ဆိုလားပဲ။ ထားပါ အဝန္းရာ...ျဖစ္ၿပီးတာေတြ ျပန္ေျပာေနလည္း အေကြးက အပ်ိဳမွ ျပန္မျဖစ္ေတာ့ပဲ... အဲ့ေတာ့ အဲ့ဒီေကာင္ေလးကို မင္းပဲျပဳျပင္ေပးလိုက္ေပါ့။"
အေဖဟာ အေကြးရဲ႕ဘဝတင္မဟုတ္ေတာ့ပဲ အေကြးရဲ႕အမ်ိဳးသားအထိပါ သူ႔ထံသို႔ ယုံၾကည္စြာႏွင့္ အပ္ႏွံသည္။
အေဖနဲ႔စကားေျပာၿပီးေနာက္တြင္ အိမ္ေနာက္ထဲကေန သူမတို႔ရွိေနသည့္ အိမ္ထဲသို႔ ျပန္ဝင္လာလိုက္ေတာ့ အလင္းဟာ တန္းလ်ားခုံတြင္ ထိုင္ေနသည့္ အေကြးရဲ႕အမ်ိဳးသားဟု ေျပာသူထံ မ်က္လုံးျပဴးၿပီး ၾကည့္ေနလ်က္ရွိေနသည္။
ထို႔ေၾကာင့္ ျပဴးျပေနေသာအလင္းအား အနည္းငယ္မွ်သာေျပာၿပီး သူ႔အေနနဲ႔ အေကြးဗိုက္ထဲက ရင္ေသြးအား ႀကိဳဆိုစကားေျပာလိုက္သည္။ ထိုအခါမွာ သူကဲ့သို႔ အေကြးအေပၚစိုးရိမ္စိတ္ႀကိီးမားလြန္းတဲ့ အလင္းဟာလည္း အေကြးအတြက္ ပီတိေဝျဖာေပးေလသည္။
ျပင္ဦးလြင္ ေဆး႐ုံတြင္ တာဝန္ထမ္းေဆာင္ေနရေသာ သူသည္ ေက်ာင္းသားဘဝတုန္းကလို စိတ္လြတ္လက္လြတ္မရွိေတာ့။ တာဝန္ဆိုေသာ ခ်ဳပ္ေႏွာင္မႈႏွင့္ လစာဟူေသာ တက္မက္မႈေလးတို႔ေၾကာင့္ ေန႔ခ်င္းပင္ ျပန္သြားရမည္။
"အဝန္းက ခ်က္ခ်င္းျပန္ရမွာေပါ့။
ဒါဆို ေကာင္းကို မိတၳီလာေခၚသြားေပးစမ္း" ဟူေသာ မိခင္၏ အမိန္႔မွာတမ္းေၾကာင့္ ယေန႔မွေတာ္လိုက္ရေသာ ေယာက္ဖေတာ္ေလးအား မိတၳီလာတြင္ ခ်ေပးခဲ့ရေသး၏။
"Hello..."
"အကိုႀကီး။ ကိုသက္ကေတာ့ လုပ္ခ်လိုက္ျပန္ၿပီ..."
ေဆး႐ုံတြင္ရွိေနေသာ အလုပ္သင္ဆရာဝန္ေလး၏ အေျပာကို သူၾကားျဖတ္ကာ..
"ဘာလုပ္တာလဲဆိုတာကို ရွင္းရွင္းေျပာစမ္း ေဟ့ေကာင္"
"ဖိတ္စာေတြ လိုက္ေဝေနလို႔ဗ်ိဳ႕၊ အခု အကိုႀကီးဘယ္မွာလဲ..အကိုႀကီးကို ရွာေနတယ္ ကိုသက္က။"
"က်စ္...လာေနၿပီ ေျပာထားကြာ"
သူသည္ ကားအား အရွိန္ျမႇင့္လိုက္သည္။ ကိုသက္သည္ သူတာဝန္က်သည့္အခ်ိန္အထိ ျပင္ဦးလြင္ေဆး႐ုံကေန မေျပာင္းေသး။ သူသည္လည္း ကံဆိုးစြာနဲ႔ပင္ ကိုသက္ႏွင့္အတူ ေဆး႐ုံတစ္ခုတည္း လုပ္ရသည္က မကြၽတ္လြတ္ေသးပါ။
ေဆး႐ုံဝန္းအတြင္းတြင္ ကားထိုးခဲ့ၿပီးေနာက္ ေျခတံရွည္တို႔ျဖင့္ လ်င္ျမန္စြာပင္ ေျပးဝင္ခဲ့လိုက္သည္။
"ကိုသက္..."
"ဘယ္သြားေနတာလဲ။ မနက္ထဲက မင္းကိုရွာေနတာ..."
ေကာ္ဖီခြက္ကို ခပ္ျဖည္းျဖည္းနဲ႔ ေမႊရင္း ေအးေဆးစြာႏွင့္ ေျပာလာေသာ ကိုသက္၏ေဘးက ခုံတြင္ သူဝင္ထိုင္လိုက္သည္။ ၿပီးေနာက္ စားပြဲခုံတြင္ အသင့္တင္ထားေသာ ေရကရားထဲမွ ေရအနည္းငယ္ကို ခြက္ထဲထည့္ၿပီး ေမာ့ခ်လိုက္ေတာ့သည္။ ေျပးလာရတာ သူေမာေနၿပီေလ။
"ေရာ့..."
ကမ္းေပးလာတဲ့ ဖိတ္စာေလးကို ဖတ္ၾကည့္လိုေတာ့ သတို႔သားေနရာတြင္ ကိုသက္၏နာမည္ျဖစ္ေနၿပီး သတို႔သမီးကေတာ့ ႏွင္းရည္မိုးတဲ့။ ထိုေကာင္မေလးကို သူ,မသိပါ။
ဒါထက္ အခုဖိတ္စာထဲက 'ေမာင့္သက္လ်ာ'ကိုလည္း သူ,မသိေတာ့။
"ခြင့္တင္လို႔ရေအာင္ တစ္ပတ္ႀကိဳေပးထားတာ။ လက္ဖြဲ႕က Clickတစ္စီးေပး။ ၾကားတယ္ေနာ္..."
မဂၤလာလက္ဖြဲ႕ေတာင္းသည္လား၊ ဓားျပတိုက္ေနသည္လား သူေတာ့ေဝခြဲမရေတာ့။ အခုခ်ိန္မွာ သူဟာ သက္လ်ာကို ၾကည့္ရင္း၊ သက္လ်ာကို အကဲခတ္ရင္းနဲ႔ပဲ ခပ္ေဆြးေဆြးေလးရွိေနတာ ျဖစ္၏။
သူ,မယုံၾကည္ႏိုင္ခဲ့ပါ။ ဒီေန႔တြင္ သူ႔အတြက္ မယုံၾကည္ႏိုင္စရာ ကိစၥႏွစ္ခုျဖစ္ပြားခဲ့သည္။ ထိုကိစၥႏွစ္ခုကလည္း မဂၤလာကိစၥပဲျဖစ္သည္။ သူ႔ဘဝတြင္ အေရးအပါဆုံးျဖစ္ေသာ လူႏွစ္ေယာက္သည္ သူဘယ္တုန္းကမွ မေတြးခဲ့ဖူးသည့္ လက္ထပ္ျခင္းမ်ိဳးႏွင့္ ဘဝၾကင္ေဖာ္ကို ေတြ႕ရွိသြားသည္။
သို႔ေသာ္လည္း အနာဂတ္ခရီးလမ္းမွာ ထိုလူႏွစ္ေယာက္လုံး ေပ်ာ္႐ႊင္ႏိုင္ပါ့မလား ဆိုတာကို ေတြးၾကည့္ရင္း သူ ေခါင္းကိုသာ အတြင္တြင္ရမ္းေနမိသည္။
"အဲ့ေလာက္ႀကီး ေခါင္းယမ္းမေနနဲ႔ကြာ။ ငါတစ္ဝက္စိုက္ပါ့မယ္..."
အနားမွာထိုင္ေနသည့္ အကိုႀကီး၏ စကားေၾကာင့္ သူ႔လက္ညႇိဳးႏွင့္တြယ္ခ်ိတ္လ်က္ရွိေသာ keyေလးကို ေျမႇာက္ၾကည့္မိသည္။ (၃၂) သိန္း၊ နည္းလွသည့္ ပိုက္ဆံေတာ့မဟုတ္ပါ။
သူမဂၤလာေဆာင္ရင္လည္း ကိုသက္ကို ေစ်းႀကီးတာပဲ ဝယ္ခိုင္းရမည္ဟု ခပ္႐ြတ္႐ြတ္ ေတြးမိရင္း...
ေသာ္ေရာ..ကိုယ့္ကို ထားခဲ့ၿပီး ေပ်ာ္႐ႊင္ေနမွာလားဟင္။
ေသာ္နဲ႔ပက္သတ္သမွ် သူ႔အေတြးတို႔သည္ ဘယ္ေသာအခါမွ စကားသံအျဖစ္ ေျပာင္းလဲသြားမည္မဟုတ္ပါ။
"ငါေျပာတာ ပါလား..."
လက္ခ်င္းခ်ိတ္လ်က္ အနားသို႔ေရာက္လာပါေသာ သတို႔သားႏွင့္ သတို႔သမီးတို႔သည္ ေငြမွင္ေရာင္ ခ်ိတ္ဝမ္းဆက္ျဖင့္ တင့္တယ္လ်က္ရွိေနသည္။ သို႔ေသာ္လည္း စကားသံကေတာ့ျဖင့္ သူ႔အဖို႔ရာ က်က္သေရမရွိလွပါ။
ဟန္မေဆာင္ေတာ့ပဲ ႏႈတ္ခမ္းတစ္ဖက္ တြန္႔လိုက္ရင္းကပင္ ...
"ေရာ့..."
လက္ထဲမွာ ကိုင္ထားပါေသာ ေသာ့အား ေပးလိုက္သည္။
"ေက်းဇူး ညီေလး။"
အဝန္း၏ ေနာက္ေက်ာအား လက္သီးျဖင့္ ထိုးလိုက္ရင္း ေက်းဇူးတင္စကားဆိုေနသည္မွာ တကယ္ေပ်ာ္႐ႊင္ေနသလိုပင္။
"သား..." ဟူေသာ ေခၚသံေၾကာင့္ သက္လ်ာတို႔ မဂၤလာေမာင္ႏွံသည္ အဝန္းတို႔အနားကေန ထြက္သြားေလသည္။
"ျပန္ၾကမလား အကိုႀကီး။"
ပြဲကၿပီးလို႔ လူျဖင့္မရွိေတာ့။ သို႔ေသာ္လည္း သူတို႔သည္ သတို႔သားအားေစာင့္ေနၾကဆဲပင္။ လူပ်ိဳညေတြ၊ဘာေတြ လုပ္ဖို႔ လုံးဝ စိတ္ကူးမရွိပါ။ မသိပဲျပန္သြားမလားဆိုၿပီး ေျပာဆိုမည့္ဒဏ္ကို ခံရမည္စိုး၍သာ ထိုင္ေနၾကတာျဖစ္၏။
"ခဏ။ ငါ သြားေျပာလိုက္မယ္"
"အင္း အင္း..."
ကိုသက္ကို ေၾကာက္သည္မွာ သူတစ္ေယာက္ထဲမဟုတ္။ အကိုႀကီးပါ အေဖာ္ပါ၏။
"ရၿပီ သြားၾကမယ္..."
"အင္း။"
မဂၤလာ မ႑ပ္ထဲက ထြက္လာၿပီးမွ ေနာက္ျပန္လွည့္၍ ျပန္ၾကည့္မိသည္။
"အေကြးလည္း အိမ္ေထာင္က်သြားၿပီဆို။ "
"အခုပဲ ေတြးေနတာ။ အေကြးကို မဂၤေဆာင္ လုပ္ေပးရင္ ေကာင္းမလားလို႔"
"သတို႔သား ဘက္က..."
ၾကည္သာသည္ စကားကို ဆက္မေျပာေတာ့ အဝန္းဆီကို အားနာသလိုလိုနဲ႔ၾကည့္သည္။ ထိုအခါ အဝန္းက ဟက္ခနဲတစ္ခ်က္ရီလိုက္ၿပီး...
"ကြၽန္ေတာ္တို႔ အေကြးကံက ဒီလိုနဲ႔ ၿပီးသြားမွာ မဟုတ္ပါဘူး။ အကိုႀကီး ေစာင့္ၾကည့္ေနပါ..."
သူရဲရဲႀကီး စိန္ေခၚပစ္လိုက္သည္။ ထိုအေျခအေနမွာ သူဟာ အရာရာကိုတြက္ဆ ဆင္ျခင္ၿပီးမွ ထိုသို႔ေျပာျခင္းမဟုတ္ပါ။ သူဟာ မခံမရပ္ႏိုင္စြာႏွင့္ ထိုသို႔ ေႂကြးေၾကာ္ခဲ့တာျဖစ္သည္။
သို႔ေသာ္လည္း သူ႔စကားေတြက တကယ္မွန္ကန္ခဲ့သည္။
"ဒီမွာေလ အေကြးမဂၤလာေဆာင္...."
ေဆး႐ုံတစ္ခုလုံးကို လိုက္ျပၿပီး ႂကြားပစ္ေတာ့သည္။ သူ႔ညီမဟာ ကေလးႏွစ္ေယာက္ရၿပီးကာမွ မဂၤလာေဆာင္ေတာ့ေရာ ဘာေရးလဲ၊ အဓိကက ဓာတ္ပုံထဲျဖစ္ေနသည့္တိုင္ ၾကည္လင္စြာနဲ႔ ေပ်ာ္႐ႊင္ေနသည့္ သူ႔အျဖဴထည္ေလးက သိပ္ေတာက္ပေနတာေလ။
ေပ်ာ္ပါသည္...သူ သိပ္ကိုေပ်ာ္ပါသည္။ ဒီအေပ်ာ္ဟာ သူ႔ဘဝတစ္စိတ္တစ္ပိုင္းနဲ႔ လဲထားရသည္ကို သူသိသည္။ သို႔ေသာ္ သူေပ်ာ္ပါသည္။
အေကြးတို႔ မဂၤလာေဆာင္ ဓာတ္ပုံကိုၾကည့္ေနရင္းမွ...
"Parisမွာ ကိုယ္တို႔အေကြးနဲ႔ ေတြ႕ျဖစ္ၾကရင္ ေသာ္ သူ႔ကို သိမွာမဟုတ္ပါဘူးေလ၊ဒါလည္းေကာင္းပါတယ္။ ေတြ႕ခဲ့ရင္ေတာင္ ဒီတိုင္းပဲ ေက်ာ္သြားလိုက္ပါ ေသာ္....ဒါဟာ ေသာ့္အတြက္ အေကာင္းဆုံးမို႔ပါ။"
ျပင္သစ္မွာ သြားေရာက္ေနထိုင္ေနေသာ ညီမငယ္ကို သြားမေတြ႕ပဲ ျပင္သစ္မွာရွိေနသည့္ ႏွလုံးအိမ္အား ေသြးစိမ္းရွင္ရွင္ ထြက္မတတ္ သူလြမ္းဆြတ္ေနပါသည္။
(* အလွည့္အေျပာင္းေတြ ျမန္ဆန္ျခဳ႕လို႔ ေတာင္းပန္ပါတယ္ေနာ္။ ဒီအေတာတြင္း ငိုေအာင္လုပ္ခဲ့တာေတြအတြက္ပါ ထပ္တိုး ေတာင္းပန္စကားဆိုခ်င္ပါတယ္။ ေနာက္တစ္ပိုင္းမွာ အားလုံးေမွ်ာ္လင့္ေနၾကတဲ့ စႏၵေသာ္ကေအာင္ ျပန္ေရာက္လာမွာျဖစ္ၿပီး ကြၽန္မသိပ္ေမွ်ာ္လင့္ထားတဲ့ ဇာတ္ထြဋ္ကိုလည္း ေရာက္ပါေတာ့မယ္။)