မြွေသားရဲ၏ဇနီးသည် 【MM Transla...

By ShweLoon365

276K 38.8K 2.2K

Title - Beastman Forcefully Raising a Wife (Unicode) ချမ်းသာသော ဒုတိယမျိုးဆက်သခင်လေး ရှုကျင်ထျန်းဟာ ပြန်ပေးဆွ... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(8.2)
(9)
(10)
(11)
(12)
(13)
(14)
(15.1)
(15.2)
(16)
(17.1)
(17.2)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31.1)
(31.2)
(32.1)
(32.2)
(33)
(34.1)
(34.2)
(35)
(36)
(37)
(38)
(39.1)
(39.2)
(40)
(41)
(43)
(44.1)
(44.2)
(45.1)
(45.2)
(46.1)
(46.2)
(47)
(48)
(49)
(50)
(51)
(52)

(42)

3.2K 545 11
By ShweLoon365

(Unicode)

ရက်စက်ကြမ်းကြုတ်သော သားရဲအော်သံသည် ချိုင့်ဝှမ်းတစ်လျှောက်တွင် ပဲ့တင်ထပ်သွားပြီး ဒေါသအရှိန်ကြောင့် ကမ္ဘာတစ်ခုလုံးကို ဝါးမြိုတော့မတတ်ပင်။ ရှုကျင်ထျန်းမှာလည်း အိမ်မက်ကမ္ဘာထဲနစ်မြောနေလေ၏။ တိရိစ္ဆာန်အရေခွံဖြင့် ဖုံးအုပ်ထားသော သူ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။ မျက်မှောင်ကြုတ်ထားပြီး နဖူးမှချွေးများက တစက်စက်ကျဆင်းနေကာ သူ့မျက်နှာမှာလည်း သွေးရောင်ကင်းမဲ့လျက်ပင်။

ရှုကျင်ထျန်းသည် မျက်ခွံများကို တင်းတင်းစေ့ပိတ်ထားလိုက်သည်။ သူ၏အားနည်းသောနှုတ်ခမ်းများက ဖွင့်လိုက်ပိတ်လိုက်ဖြင့် တစ်ခုခုပြောနေပုံရသော်လည်း အသံမထွက်နိုင်ပေ။

ရက်စက်ကြမ်းကြုတ်တတ်သည့် ထိုလူ၏မျက်နှာသည် သွေးဆာနေသော အပြုံးများဝေဆာနေ၏။ ထိုလူသည် ရှုကျင်ထျန်း နားမလည်နိုင်သော စကားလုံးများစွာကိုပြောရင်း ကြီးမားသော သားရဲတစ်ကောင်ကို သယ်ဆောင်လာပြီး ရှုကျင်ထျန်းထံသို့ ခြေတစ်လှမ်းပြီးတစ်လှမ်း ချဉ်းကပ်လာခဲ့သည်။

ရှုကျင်ထျန်း၏နှလုံးသားလေးမှာ ရုတ်တရက် တုန်လှုပ်ထိတ်လန့်နေ၏။ သူ၏ ထိတ်လန့်နေသော ရုန်းကန်မှုသည် မမြင်နိုင်သော စွမ်းအားအချို့ဖြင့် ချည်နှောင်ထားသလိုပင်။ သူ့ကို ချည်နှောင်မထားမှန်း သိသာပေမယ့် ရုန်းမထွက်နိုင်အောင်ရှိလေ၏။ ခြေလှမ်းများနီးကပ်လာသည်နှင့်အမျှ သူ့မှာ မတတ်သာဘဲ ငေးကြည့်နေရုံသာရှိတော့သည်။

အချိန်တွေ မရေမတွက်နိုင်အောင် နှောင့်နှေးသွားသလိုပဲ။ ထိုသားရဲက ခြေလှမ်းကျဲကြီးတွေနဲ့ ချဉ်းကပ်လာပေမယ့် သူ့အနားကိုမရောက်နိုင်။ ရှုကျင်ထျန်းသည် မရှောင်တိမ်းနိုင်ဘဲ သူ့ဆီလာနေသော သားရဲကိုသာ ကြည့်နေခဲ့ရသည်။ ခြေလှမ်းတိုင်းက သူ့နှလုံးသားကို နင်းခြေသွားသလိုပင်။ ရှုကျင်ထျန်းသည် ထိတ်လန့်မှုကြောင့် တုန်ယင်သွားပြီး အသက်ရှူမှားသွားရလေ၏။

အကွာအဝေး မည်မျှပင်ရှိစေကာမူ အဆုံးသတ်သွားမည်သာ။ ထိုသားရဲက သွေးများရွှဲနစ်နေသော သားကောင်ကို လည်ပင်းမှကိုင်မြှောက်လိုက်ပြီး ရှုကျင်ထျန်း၏ပါးစပ်ထဲသို့ ညှစ်ထည့်လိုက်သည်...။

ရှုကျင်ထျန်းမှာ မရှောင်လွှဲနိုင်ဘဲ သူ့ပါးစပ်ကိုသာ ပိတ်ဆို့ထားရသည်။ ငန်ကျိနေသောသွေးသည် သူ့ပါးစပ်ထဲသို့ ချက်ချင်းကျဆင်းသွားပြီး  ပြင်းထန်သော သွေးအရသာက ရှုကျင်ထျန်းကို သေလုမတတ်ဖြစ်စေသည်။

"ဟင့်အင်း..."

ရှုကျင်ထျန်းက အသည်းအသန် ထထိုင်လိုက်ရာ သူဟာအိပ်ယာပေါ်တွင် ဖြစ်နေပြီး သူ့ရှေ့က ပုံရိပ်က သူ့အကျွမ်းတဝင်လိုဏ်ဂူအဖြစ် ချက်ချင်းပြောင်းလဲသွားလေ၏။ ရှုကျင်ထျန်းမှာ အိပ်မက်မက်နေတာမှန်း  အတည်မပြုခင် ခဏလောက် စိတ်ကိုငြိမ်ငြိမ်ထားလိုက်ရသည်။

ကျေးဇူးတင်လိုက်တာ...ဒါက အိမ်မက်တစ်ခုပဲ။ ရှုကျင်ထျန်းမှာ ပြန်လည်မွေးဖွားလာသလို ခံစားလိုက်ရပြီး အလွန်ဝမ်းသာသွားလေ၏။

ထိုအရာတွေကို အိပ်မက်မမက်တာကြာခဲ့ပြီ။ ရှုကျင်ထျန်းက သူ့ကို လွှတ်ထားပြီလို့ တွေးခဲ့ခြင်းပင်။ ဒီတစ်ခါအိပ်မက်ဆိုးက လက်တွေ့လိုဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့။ သူ့ကိုယ်သူ လှည့်စားနေတာကြောင့် လှောင်ရယ်ခံလိုက်ရသလိုမျိုး စိတ်ထဲမှာ အကြောက်တရားတွေ အခုချိန်ထိ မပျောက်ကွယ်သေးပေ။

ရှုကျင်ထျန်းသည် သူ့ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်ဖိကာ သူ၏အလွန်မြန်နေသော နှလုံးခုန်သံကို ငြိမ်သက်စေလိုက်သည်။

"ဟန်ယွီ"
ရှုကျင်ထျန်းမှာ စိတ်မချမ်းသာ။ မြွေကြီးက စပျစ်နွယ်ပင်ကို ဖြတ်လိုက်ပြီမဟုတ်ဘူးလား။ ဘာလို့ထပ်ချည်ထားသေးတာလဲ။

ရှုကျင်ထျန်းသည် ဂူပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း သူမှလွဲ၍ မြေပြင်ပေါ်တွင် သားရဲအသေကောင်သာ ရှိသည်။ ရှုဟန်ယွီ၏ပုံသဏ္ဍာန်ကို မတွေ့ခဲ့ရပေ။

သားကောင်က ဒီမှာရှိတယ်လေ... မြွေကြီးက ဘာလို့ အပြင်ထွက်သွားတာလဲ။

မြေပြင်ပေါ်ရှိ သားကောင်ကို ကြည့်လိုက်တော့ ရှုကျင်ထျန်းဟာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ မြွေကြီးက သူ့ကို သွေးသောက်စေချင်ခဲ့တာ...

ပြီးတော့ရော? နောက်ပိုင်း ဘာဆက်ဖြစ်သွားတာလဲ။မြွေကြီးဘယ်မှာလဲ။ သူက ဘာလို့ အိပ်ပျော်သွားတာလဲ။ ဘာလို့ ဘာမှမမှတ်မိရတာလဲ။

ရှုကျင်ထျန်းက သူ့ခေါင်းသူ ဖွဖွပုတ်လိုက်ရာ သူ့မှတ်ဥာဏ်တွေ ဖရိုဖရဲဖြစ်နေပြီး သူ့စိတ်တွေင ဝေဝါးလာသည်။ ထိုမှတ်ဉာဏ်တွေကို သူ နားမလည်နိုင်ပေ။ မြွေကြီးက သူ့ကို နူးညံ့စွာ ပွေ့ဖက်ထားသလိုပင်။ ထို့ကြောင့် ယခု သူသည် လုံခြုံသည်ဟူသောအသိနှင့် တည်ငြိမ်နေမှုကို ခံစားနေရခြင်းဖြစ်မည်။

စပျစ်နွယ်ပင်က အလွန်ရှည်လျားပြီး လှိုဏ်ဂူအတွင်း လှည့်ပတ်သွားလာဖို့ရန် လုံလောက်သည်။ ရှုကျင်ထျန်းသည် လွန်ခဲ့သော နှစ်ရက်က သူ့အတွက် ရှုဟန်ယွီ လုပ်ပေးထားသည့် တိရစ္ဆာန်အရေခွံဖိနပ်ကို ဝတ်ဆင်ကာ စစ်ဆေးရန် လမ်းလျှောက်လိုက်သည်။

သားကောင်၏လည်ပင်းမှာ အမှန်ပင် အကိုက်ခံရပြီး ဒဏ်ရာပေါ်တွင် နီညိုရောင်သွေးများခဲနေ၏။ ရှုကျင်ထျန်းက သူနှုတ်ခမ်းသူ ထိကြည့်လိုက်ရာ သူ့ပါးစပ်ထဲတွင် သွေးအရသာ မရှိလေပါမှ စိတ်ချသွားသည်။

ဒါပေမယ့် မြွေကြီးက ဘယ်ရောက်သွားတာလဲ။ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ။

သူဟာ အိပ်မက်ဆိုးတစ်ခု၏ ဒဏ်ကို ခံခဲ့ရတာ ဖြစ်နိုင်သည်။ ရှုကျင်ထျန်းမှာ အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။ သူသည် ရှုဟန်ယွီကိုသာ မြင်လိုစိတ်ပြင်းပြနေပြီး ဂူပေါက်ဝကို ရံဖန်ရံခါ ကြည့်နေမိသည်။

အချိန်ကြာလာသည်နှင့်အမျှ ရှုကျင်ထျန်း၏ စိတ်မသက်မသာဖြစ်မှုသည် အဆမတန်ကြီးထွားလာခဲ့သည်။ ရှုကျင်ထျန်းဟာ ထိုင်မနေနိုင်တော့။ သူသည် စပျစ်နွယ်ပင်ကိုဖြတ်ရန် ဓားမြှောင်တစ်ချောင်းကို ရှာဖွေနေချိန် လျှောကျသံတစ်ခု ကြားလိုက်ရသည်။

"ဟန်ယွီ၊ နောက်ဆုံးတော့ မင်းပြန်လာပြီ!"
ရှုကျင်ထျန်းမှာ ဝမ်းသာပီတိဖြစ်ကာ စိုးရိမ်တကြီးလှည့်ကြည့်ရင်း နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားသည်။

ထျန်းထျန်း...

ရှုဟန်ယွီ၏ အမြင်အာရုံများသည် မှုန်ဝါးဝါးဖြစ်နေပြီး သူ့ဇနီးလေး သူရှေ့တွင်ရှိသည်နေကို ကြည့်ကာ နောက်ဆုံးတွင် စိတ်လျှော့လိုက်မိသည်။ သူ့တစ်ကိုယ်လုံး ပျော့ခွေနေပြီး ကြီးမားသောခန္ဓာကိုယ်၏ လဲကျမှုကြောင့် မြှားတစ်စင်းကဲ့သို့ တုန်ယင်နေသည်။

မိန်းမပျိုလေးတစ်ယောက်ထဲ အထီးကျန်နေမှာကို စိုးရိမ်တာကြောင့်သာမဟုတ်ရင် ရှုဟန်ယွီ အဲ့ဒီနေရာမှာပဲ စိတ်လျော့မိလိမ့်မည်။

ရှုကျင်ထျန်းမှာ အံ့အားသင့်သွားပြီး ရှုဟန်ယွီကိုတွေ့လိုက်သောအခါက သူ့နှလုံးသား၏ ပျော်ရွှင်မှုသည် အေးခဲသွားပြီး ရေခဲမှတ်သို့ပင် ရောက်ရှိသွားလေ၏။

"ဟန်ယွီ၊ ဟန်ယွီ ဘာဖြစ်တာလဲ"
ရှုကျင်ထျန်းက ရှုဟန်ယွီဆီသို့ အပြေးသွားလိုက်သည်။ ရှုဟန်ယွီဟာ လဲကျလုဆဲဆဲတွင် ပင်ပန်းနွမ်းနယ်နေပြီး အားနည်းနေတယ်လို့ပဲ သူခံစားလိုက်ရသည်။ သူနီးကပ် လာ သောအခါ ရှုဟန် ယွီ၏ခန္ဓာကိုယ်တွင်  ဒဏ်ရာများရှိနေသည်ကို သိလိုက် ရသည် ။

ဒဏ်ရာက သိပ်မနက်သော်လည်း လက်သည်းကုတ်ရာကဲ့သို့ ဒဏ်ရာများက များပြားလွန်းလှသည်။ အထူးသဖြင့် ဝမ်းဗိုက်အောက်ပိုင်း၊ မြေပြင်နှင့် ထိတွေ့လေ့ရှိသောနေရာမှ ဒဏ်ရာများသည် ရွှံ့နှင့် ကျောက်ခဲများဖြင့်ပင် နစ်မြှုပ်နေသေးသည်။ ဂူတွင်းတွင် မိုးရေထိတွေ့မှုမရှိတာကြောင့် ရှုဟန်ယွီ၏ဒဏ်ရာပေါင်းများစွာက သွေးများပြည့်လျှံလာပြီး အစိမ်းရင့်ရောင် မြွေကိုယ်ခန္ဓာသည် အနီရောင်ဇီးပန်းပွင့်များဖြင့် စွန်းထင်းသလိုဖြစ်နေ၏။

ရှုဟန်ယွီသည် လက်ကျန်ခွန်အားဖြင့် အိမ်သို့အရောက်ပြန်လာခဲ့သည်။ ရှုကျင်ထျန်းကို တွေ့ချိန်မှာတော့ သူ့တွင် ခွန်အားများလျော့ပါးသွားကာ ထိန်းမထားနိုင်တော့ပေ။ သူ၏ကြီးမားသော ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"မြွေကြီး!"

ရှုကျင်ထျန်းက အလန့်တကြား အော်ဟစ်လိုက်သည်။ သူ့နှလုံးသားထဲရှိ ရှုဟန်ယွီ၏ပုံရိပ်ဟာ အမြဲတမ်း ဖျက်ဆီးလို့မရသလို ပျံသန်းနေတဲ့ သားရဲတွေတောင် သူ့ကို အနိုင်မယူနိုင်သူပင်။ ယခု ရှုဟန်ယွီ ရုတ် တရက်  လဲကျသွားသည် ကို မြင် လိုက် ရ တော့ သူ့စိတ် ထဲတွင်  မကြုံစဖူး ထိတ် လန့် တုန် လှုပ် သွားသည် ။

"မြွေကြီးလား"

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ အေးစက်နေသော ခန္ဓာကိုယ်ပေါ်တွင် သူ့လက်ကိုတင်ထားရင်း သူ့အသံမှာလည်း တုန်ခါနေ၏။ သို့သော် မည်သူကမျှ သူ့ကို တုံ့ပြန်ခြင်းမရှိသောကြောင့် ရှုကျင်ထျန်းမှာ စိတ်ပျက်သွားခဲ့ရသည်။

"မြွေကြီး... မင်းဘာလို့ မြေကြီးပေါ်မှာ အိပ်နေတာလဲ၊ အိပ်ရာထဲမှာ အနားယူတာ ပိုကောင်းတယ်!"

ရှုကျင်ထျန်းမှာ သတိကြီးကြီးထားကာ ပြောဆိုနေသော်လည်း ရှုဟန်ယွီက မလှုပ်ရှားသေးပေ။ ရှုကျင်ထျန်းသည် တုန်တုန်ယင်ယင်ဖြင့် လက်ကိုဆန့်ထုတ်လိုက်ပြီး ရှုဟန်ယွီ၏နှာခေါင်းအောက်တွင် ထားလိုက်သည်။ ထိုစဥ် ရှုကျင်ထျန်းမှာ အသက်မရှုနိုင်ဖြစ်နေပြီး ဂူသည်ပင် ခဏမျှ တိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာတော့ သူ့လက်ချောင်းတွေကိုဖြတ်ကာ အေးမြသောလေများနှင့် အသက်ရှုသံသဲ့သဲ့ ထွက်ပေါ်လာသည်။ ရှုကျင်ထျန်းမှာလည်း အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

"ဟန်ယွီ၊ မင်းငါ့ကို လန့်သေအောင်လုပ်နေတာပဲ"

ရှုဟန်ယွီ၏ ဝမ်းဗိုက်အောက်ပိုင်းရှိ ဒဏ်ရာများသည် ရွှံ့နွံများဖြင့်ဖုံးလွှမ်းကာ တဖြည်းဖြည်း သွေးများစွန်းထင်းလာခဲ့သည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ဒဏ်ရာကို ကူညီဖြေရှင်းပေးချင်သော်လည်း သူထလိုက်သောအခါ သူသည် အားနည်းနေပြီး သူ၏ခြေလက်များကလည်း ထိန်းမနိုင်သိမ်းမရ တုန်ရီနေတော့သည်။

ရှုကျင်ထျန်း ခပ်ဟဟရယ်လိုက်သည်။ သူဒီလောက်တောင် ထိတ်လန့်နေခဲ့တာလား။

ရှုကျင်ထျန်းသည် ရေစုထည့်ထားသော ပင်လယ်အခွံမာကိုသယ်ပြီး စုတ်ပြဲနေသော ပိုးအင်္ကျီတစ်ထည်ကို စိမ်လိုက်သည်။ ထို့နောက် ရှုဟန်ယွီ၏ခန္ဓာကိုယ်ကို သုတ်ပေးလိုက်သည်။

ရှုဟန်ယွီသည် သွေးများဖြင့် ဖုံးလွှမ်းနေသည်။ ကြောက်မက်ဖွယ်ကောင်းလှပေမယ့် ဒဏ်ရာတွေက သိပ်မနက်ပေ။ ဒဏ်ရာတွေ အရမ်းများပြီး အချိန်အကြာကြီး ကုသမှုမခံယူခဲ့တာကြောင့် သွေးဆုံးရှုံးမှုတွေများလွန်းသွားခဲ့တာပင်။ ဒါကပဲ ရှုဟန်ယွီကို မေ့မြောသွားစေခဲ့သည်။

ရှုဟန်ယွီသည် အားနည်းပြီး မေ့မြောနေသည့်တိုင် သတိရှိနေဆဲဖြစ်သည်။ ထူးဆန်းသလိုလို ခံစားလိုက်ရသဖြင့် မျက်ခွံများ အနည်းငယ်ပွင့်လာသည်။ မိန်းမပျိုလေး၏မှုန်ဝါးနေသော အသွင်အပြင်သည် သူ့ပတ်ဝန်းကျင်တွင် ရှုပ်ထွေးပွေလီနေ၏။ ရှုဟန်ယွီသည် သိမ်မွေ့သောခံစားချက်နှင့်  ပြောမပြနိုင်သည့်ကျေနပ်မှုတစ်ခု ရရှိသွားလေ၏။ သို့သော် သွေးများစွာ ဆုံးရှုံးသွားသဖြင့် သူ၏ မျက်ခွံများကို အလျင်အမြန် ပိတ်လိုက်ပြန်သည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီကို အပေါ်အောက် သုတ်ပေးလိုက်သည်။ ယခုအခါတွင် ရှုဟန်ယွီဟာ မြွေသေတစ်ကောင်လိုဖြစ်နေသောကြောင့် သူ့မှာ အလွန်စိတ်မချမ်းမသာ ဖြစ်နေရသည်။ တစ်ကိုယ်လုံးကို ဆေးကြောသန့်စင်ပြီးနောက် ရှုဟန်ယွီ၏ခန္ဓာကိုယ်သည် မိုးရေတွေစိုစွတ်မနေဘဲ သွေးများကလည်း အမြန်ရပ်တန့်သွားသည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီကို အိပ်ယာထဲသို့ ရွှေ့လိုက်သည်။ ရှုဟန်ယွီက လေးလံလွန်းသဖြင့် ရှုကျင်ထျန်းသည် မြွေ၏အမြီးကို အရင်မ,ရွှေ့ပြီး မြွေ၏ခန္ဓာကိုယ်ကို အိပ်ယာဘေးသို့ ရွှေ့လိုက်သည်။

ရှုကျင်ထျန်းသည် တောင်ကိုရွှေ့နေသော အဘိုးအိုတစ်ယောက်ကဲ့သို့ပင် သူ၏ အလုပ်ကို အောင်မြင်စွာ ပြီးမြောက်သောအခါတွင် သူသည် မောပန်းပြီး ချွေးများထွက်နေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်က ဘယ်အချိန်ကတည်းက ဒီလောက် နုယွအားနည်းနေသလဲမသိ...

ရှုကျင်ထျန်းက ရှုဟန်ယွီကို အိပ်ယာပေါ်တင်ပြီး ရှုဟန်ယွီ သူ့ကို ရစ်ပတ်လေ့ရှိတဲ့ပုံစံအတိုင်း ထားလိုက်သည်။ သူလည်း ပင်ပန်းနေပြီမို့ လှဲလျောင်းပြီး အနားယူချင်သည်။ သို့သော် ရှုဟန်ယွီသည် သွေးအလွန်အကျွံဆုံးရှုံးခဲ့တာကြောင့် ရှုကျင်ထျန်းက ရှုဟန်ယွီ၏သွေးကို ပြန်လည်ဖြည့်သွင်းပေးချင်ခဲ့သည်။ သူ လှည့်ကြည့်လိုက်သောအခါ လည်ပင်းတွင် အကိုက်ခံထားရသော သားကောင်ကို တွေ့လိုက်ရသည်။

ရှုကျင်ထျန်းသည် သားကောင်ကို ဆွဲယူလိုက်သော်လည်း သားကောင်၏သွေးများက ခဲနေလေပြီ။ ထိုသားကောင်ကို ခက်ခက်ခဲခဲမြှောက်ကာ ဇောက်ထိုးလှုပ်ယမ်းလိုက်သော်လည်း သွေးစက်အနည်းငယ်သာ မြေပြင်ပေါ်သို့ ကျဆင်းလာ၏။

ဘာလို့ သွေးမရှိတာလဲ။ ရှုကျင်ထျန်းမှာ သံသယဖြစ်မိသည်။ သားကောင်က သေတာကြာသွားများလို့လား။

ရှုကျင်ထျန်းသည် သွေးမရသောကြောင့် နောက်ဆုံးတွင် ရှုဟန်ယွီအား ငှက်ဥကြီးဆယ်လုံးကို ကျွေးလိုက်ရလေသည်။ သူသည်လည်း ညစာစားဖို့ အချိန်နီးနေလေပြီ။ ထူးဆန်းတာက သူဗိုက်မဆာပေ။ လွန်ခဲ့သောရက်အနည်းငယ်ကကဲ့သို့ ဆာလောင်ခြင်းကိုမခံစားရ...

ရှုကျင်ထျန်းက အများကြီးမစဉ်းစားတော့ဘဲ ရှုဟန်ယွီကို စောင်ခြုံပေးလိုက်သည်။ ရှုဟန်ယွီက ပို၍ပင်အေးလာသောကြောင့် သူ့ခန္ဓာကိုယ်ကို နွေးထွေးစေရန်လည်း ကူညီပေးနေရသည်။

ရှုကျင်ထျန်းသည် အိပ်ငိုက်နေပြီး နွမ်းနယ်နေသော ခန္ဓာကိုယ်ကြောင့် မြွေတစ်ကောင်ကို ကိုင်ထားပြီး မကြာမီပင် အိပ်ပျော်သွားခဲ့သည်။ ရှုကျင်ထျန်း နိုးလာသောအခါတွင်လည်း ရှုဟန်ယွီသည် ဆောင်းခိုနေသော မြွေတစ်ကောင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ အိပ်ပျော်နေသည်။

ရှုကျင်ထျန်း၏နှလုံးသားလေးဟာ မငြိမ်မသက်ဖြစ်ပြီး စိုးရိမ်လာပြန်သည်။ သူနိုးလာသောအခါတွင် ရှုဟန်ယွီ၏ဒဏ်ရာကိုစစ်ဆေးပြီး ရှုဟန်ယွီကိုကူညီကျွေးမွေးခဲ့သည်။

ရှုဟန်ယွီသည် သုံးရက်ကြာ သတိလစ်နေပြီး နိုးမလာခဲ့ပေ။ အကယ်၍ သူသာ အသက်ရှူသံ အားနည်းနေပါက ရှုကျင်ထျန်းဟာ သူသေသွားပြီဟု တကယ်ထင်နေလိမ့်မည်သာ။ ရှုကျင်ထျန်းက ငှက်ဥအရည်တွေ နေ့တိုင်းဖောက်ကျွေးခဲ့ရာ အခုတော့ ငှက်ဥတွေပင် အကုန်ကုန်သွားပြီ။

ရှုဟန်ယွီ ငတ်မှာကြောက်လို့ ရှုကျင်ထျန်းက ဓားမြှောင်ကိုရှာပြီး သုံးရက်ကြာအောင် ချည်နှောင်ထားတဲ့ နွယ်ပင်ကိုဖြတ်ကာ အစာရှာဖို့ ပြင်လိုက်သည်။

ရှုကျင်ထျန်း ဂူထဲမှ မထွက်ခင်လေးမှာပဲ သူ့နောက်ကျောမှာ အေးစိမ့်စိမ့်နဲ့ "Sss~~"ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။

ရှုကျင်ထျန်းက အံ့အားသင့်သွားပြီး သူ့လက်ထဲက ဓားမြှောင်ဟာ မြေပြင်ပေါ် ပြုတ်ကျသွားလေ၏။ ရှုကျင်ထျန်းက မယုံကြည်နိုင်စွာ ပြန်လှည့်လိုက်သည်။ ခုနကပဲ အိပ်ပျော်နေတဲ့ မြွေကြီးက အခုချက်ချင်း နိုးလာပြီလား?

ရှုကျင်ထျန်းမှာ ၎င်းကို မယုံနိုင်ကြည်နိုင်ဘဲ သူထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်မိသည်။ ရှုဟန်ယွီသည် သူ၏ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ရာ ရုတ်တရက်လန့်သွားလေ၏။

"ဟန်ယွီ၊ နောက်ဆုံးတော့ မင်းနိုးလာပြီ"

ရှုဟန်ယွီသည် ယခုရက်များအတွင်း သတိလစ်နေပြီး  မိန်းမပျိုလေး၏ သူ့အပေါ် ဂရုစိုက်မှုကို အလွန်သဘောကျတာကြောင့် မသိစိတ်က နိုးထရန်ဆန္ဒမရှိခဲ့ပေ။ အလွန်လှပတဲ့ အိမ်မက်ထဲမှာ နစ်မြှုပ်နေရင်း မိန်းမပျိုလေး၏အသံကို ရုတ်တရက်ကြားလိုက်ရတဲ့အခါ နိုးထလာခြင်းဖြစ်သည်။ သူ့မျက်လုံးများကို အားသွန်ခွန်စိုက်ဖွင့်ကြည့်လိုက်တော့ မိန်းမပျိုလေးက ထွက်သွားသည်ကို မြင်လိုက်ရသည်။ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ရှုကျင်ထျန်းကိုသာ စိုက်ကြည့်နေမိသည်။

ရှုကျင်ထျန်းသည် ရုတ်တရက် ဝမ်းသာသွားပြီး ရှုဟန်ယွီ၏ထူးခြားနေမှုကို လျစ်လျူရှုကာ ရှုဟန်ယွီဆီသို့ အပြေးသွားလိုက်သည်။

"နောက်ဆုံးတော့ မင်းနိုးလာပြီ၊ မင်းအိပ်နေတာ ဘယ်လောက်ကြာပြီဆိုတာ မင်းသိရဲ့လား"

ရှုကျင်ထျန်းသည် မူလက ပျော်ရွှင်မှုကို ထုတ်ဖော်ချင်သော်လည်း သူစကားထွက်လာသည်နှင့် ရုတ်တရက် မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ ဒီတစ်ကြိမ်တွင် မြွေကြီးက သူ့ကို တကယ်ကြောက်နေသလိုပင်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။ ရှုဟန်ယွီ၏ ကြည်လင်နေသော မြစိမ်းရောင်မျက်ဝန်းများကိုကြည့်ရင်း သူ့မျက်လုံးထဲတွင် အရည်ကြည်များဝေ့ဝဲလာပြီး ငိုချတော့မလိုပင်။

ရှုဟန်ယွီသည် ချက်ချင်းပင် စိတ်ဆင်းရဲသွားကာ သူ၏မြွေဦးခေါင်းကို အနည်းငယ်မြှင့်ကာ မိန်းမပျိုလေး၏ခါးကို ပွတ်သပ်လိုက်သည်။ သူသည် သူ့ဇနီးလေးကို ပွေ့ဖက်ပြီးချော့ချင်ခဲ့ပေမယ့် အသွင်ပြောင်းတာက ဝန်ထုတ်ဝန်ပိုးဖြစ်လွန်းတာကြောင့် မိန်းမပျိုလေးကို ကိုယ်ဟန်အမူအရာနဲ့သာ နှစ်သိမ့်ပေးလိုက်သည်။

~~~~~~

14/2/2022(10:15AM)

ဒီနေ့မှာကိုယ့်လိုFAလေးတွေရှိရင်အပျင်းပြေဖတ်လို့ရအောင် updateလုပ်ပေးဖို့အမေ့ကိုအပြေးအလွှားbillထည့်ပေးခိုင်းထားရတာ😁😁

(Zawgyi)

ရက္စက္ၾကမ္းၾကဳတ္ေသာ သားရဲေအာ္သံသည္ ခ်ိဳင့္ဝွမ္းတစ္ေလွ်ာက္တြင္ ပဲ့တင္ထပ္သြားၿပီး ေဒါသအရွိန္ေၾကာင့္ ကမၻာတစ္ခုလုံးကို ဝါးၿမိဳေတာ့မတတ္ပင္။ ရႈက်င္ထ်န္းမွာလည္း အိမ္မက္ကမၻာထဲနစ္ေျမာေနေလ၏။ တိရိစ္ဆာန္အေရခြံျဖင့္ ဖုံးအုပ္ထားေသာ သူ၏ခႏၶာကိုယ္က အနည္းငယ္ တုန္ယင္သြားသည္။ မ်က္ေမွာင္ၾကဳတ္ထားၿပီး နဖူးမွေခြၽးမ်ားက တစက္စက္က်ဆင္းေနကာ သူ႕မ်က္ႏွာမွာလည္း ေသြးေရာင္ကင္းမဲ့လ်က္ပင္။

ရႈက်င္ထ်န္းသည္ မ်က္ခြံမ်ားကို တင္းတင္းေစ့ပိတ္ထားလိုက္သည္။ သူ၏အားနည္းေသာႏႈတ္ခမ္းမ်ားက ဖြင့္လိုက္ပိတ္လိုက္ျဖင့္ တစ္ခုခုေျပာေနပုံရေသာ္လည္း အသံမထြက္နိုင္ေပ။

ရက္စက္ၾကမ္းၾကဳတ္တတ္သည့္ ထိုလူ၏မ်က္ႏွာသည္ ေသြးဆာေနေသာ အၿပဳံးမ်ားေဝဆာေန၏။ ထိုလူသည္ ရႈက်င္ထ်န္း နားမလည္နိုင္ေသာ စကားလုံးမ်ားစြာကိုေျပာရင္း ႀကီးမားေသာ သားရဲတစ္ေကာင္ကို သယ္ေဆာင္လာၿပီး ရႈက်င္ထ်န္းထံသို႔ ေျခတစ္လွမ္းၿပီးတစ္လွမ္း ခ်ဥ္းကပ္လာခဲ့သည္။

ရႈက်င္ထ်န္း၏ႏွလုံးသားေလးမွာ ႐ုတ္တရက္ တုန္လႈပ္ထိတ္လန့္ေန၏။ သူ၏ ထိတ္လန႔္ေနေသာ ႐ုန္းကန္မႈသည္ မျမင္နိုင္ေသာ စြမ္းအားအခ်ိဳ႕ျဖင့္ ခ်ည္ႏွောင္ထားသလိုပင္။ သူ႕ကို ခ်ည္ႏွောင္မထားမွန္း သိသာေပမယ့္ ႐ုန္းမထြက္နိုင္ေအာင္ရွိေလ၏။ ေျခလွမ္းမ်ားနီးကပ္လာသည္ႏွင့္အမွ် သူ႕မွာ မတတ္သာဘဲ ေငးၾကည့္ေန႐ုံသာရွိေတာ့သည္။

အခ်ိန္ေတြ မေရမတြက္နိုင္ေအာင္ ႏွောင့္ႏွေးသြားသလိုပဲ။ ထိုသားရဲက ေျခလွမ္းက်ဲႀကီးေတြနဲ႕ ခ်ဥ္းကပ္လာေပမယ့္ သူ႕အနားကိုမေရာက္နိုင္။ ရႈက်င္ထ်န္းသည္ မေရွာင္တိမ္းနိုင္ဘဲ သူ႕ဆီလာေနေသာ သားရဲကိုသာ ၾကည့္ေနခဲ့ရသည္။ ေျခလွမ္းတိုင္းက သူ႕ႏွလုံးသားကို နင္းေျခသြားသလိုပင္။ ရႈက်င္ထ်န္းသည္ ထိတ္လန့္မႈေၾကာင့္ တုန္ယင္သြားၿပီး အသက္ရႉမွားသြားရေလ၏။

အကြာအေဝး မည္မွ်ပင္ရွိေစကာမူ အဆုံးသတ္သြားမည္သာ။ ထိုသားရဲက ေသြးမ်ား႐ႊဲနစ္ေနေသာ သားေကာင္ကို လည္ပင္းမွကိုင္ျမႇောက္လိုက္ၿပီး ရႈက်င္ထ်န္း၏ပါးစပ္ထဲသို႔ ညွစ္ထည့္လိုက္သည္...။

ရႈက်င္ထ်န္းမွာ မေရွာင္လႊဲနိုင္ဘဲ သူ႕ပါးစပ္ကိုသာ ပိတ္ဆို႔ထားရသည္။ ငန္က်ိေနေသာေသြးသည္ သူ႕ပါးစပ္ထဲသို႔ ခ်က္ခ်င္းက်ဆင္းသြားၿပီး  ျပင္းထန္ေသာ ေသြးအရသာက ရႈက်င္ထ်န္းကို ေသလုမတတ္ျဖစ္ေစသည္။

"ဟင့္အင္း..."

ရႈက်င္ထ်န္းက အသည္းအသန္ ထထိုင္လိုက္ရာ သူဟာအိပ္ယာေပၚတြင္ ျဖစ္ေနၿပီး သူ႕ေရွ႕က ပုံရိပ္က သူ႕အကြၽမ္းတဝင္လိုဏ္ဂူအျဖစ္ ခ်က္ခ်င္းေျပာင္းလဲသြားေလ၏။ ရႈက်င္ထ်န္းမွာ အိပ္မက္မက္ေနတာမွန္း  အတည္မျပဳခင္ ခဏေလာက္ စိတ္ကိုၿငိမ္ၿငိမ္ထားလိုက္ရသည္။

ေက်းဇူးတင္လိုက္တာ...ဒါက အိမ္မက္တစ္ခုပဲ။ ရႈက်င္ထ်န္းမွာ ျပန္လည္ေမြးဖြားလာသလို ခံစားလိုက္ရၿပီး အလြန္ဝမ္းသာသြားေလ၏။

ထိုအရာေတြကို အိပ္မက္မမက္တာၾကာခဲ့ၿပီ။ ရႈက်င္ထ်န္းက သူ႕ကို လႊတ္ထားၿပီလို႔ ေတြးခဲ့ျခင္းပင္။ ဒီတစ္ခါအိပ္မက္ဆိုးက လက္ေတြ႕လိုျဖစ္ေနမယ္လို႔ မေမွ်ာ္လင့္ထားခဲ့။ သူ႕ကိုယ္သူ လွည့္စားေနတာေၾကာင့္ ေလွာင္ရယ္ခံလိုက္ရသလိုမ်ိဳး စိတ္ထဲမွာ အေၾကာက္တရားေတြ အခုခ်ိန္ထိ မေပ်ာက္ကြယ္ေသးေပ။

ရႈက်င္ထ်န္းသည္ သူ႕ရင္ဘတ္ကို လက္တစ္ဖက္ျဖင့္ဖိကာ သူ၏အလြန္ျမန္ေနေသာ ႏွလုံးခုန္သံကို ၿငိမ္သက္ေစလိုက္သည္။

"ဟန္ယြီ"
ရႈက်င္ထ်န္းမွာ စိတ္မခ်မ္းသာ။ ေႁမြႀကီးက စပ်စ္ႏြယ္ပင္ကို ျဖတ္လိုက္ၿပီမဟုတ္ဘူးလား။ ဘာလို႔ထပ္ခ်ည္ထားေသးတာလဲ။

ရႈက်င္ထ်န္းသည္ ဂူပတ္ပတ္လည္ကို လွည့္ပတ္ၾကည့္လိုက္ေသာ္လည္း သူမွလြဲ၍ ေျမျပင္ေပၚတြင္ သားရဲအေသေကာင္သာ ရွိသည္။ ရႈဟန္ယြီ၏ပုံသ႑ာန္ကို မေတြ႕ခဲ့ရေပ။

သားေကာင္က ဒီမွာရွိတယ္ေလ... ေႁမြႀကီးက ဘာလို႔ အျပင္ထြက္သြားတာလဲ။

ေျမျပင္ေပၚရွိ သားေကာင္ကို ၾကည့္လိုက္ေတာ့ ရႈက်င္ထ်န္းဟာ ႐ုတ္တရက္ တစ္စုံတစ္ခုကို သတိရသြားၿပီး မ်က္လုံးမ်ား ျပဴးက်ယ္သြားသည္။ ေႁမြႀကီးက သူ႕ကို ေသြးေသာက္ေစခ်င္ခဲ့တာ...

ၿပီးေတာ့ေရာ? ေနာက္ပိုင္း ဘာဆက္ျဖစ္သြားတာလဲ။ေႁမြႀကီးဘယ္မွာလဲ။ သူက ဘာလို႔ အိပ္ေပ်ာ္သြားတာလဲ။ ဘာလို႔ ဘာမွမမွတ္မိရတာလဲ။

ရႈက်င္ထ်န္းက သူ႕ေခါင္းသူ ဖြဖြပုတ္လိုက္ရာ သူ႕မွတ္ဥာဏ္ေတြ ဖရိုဖရဲျဖစ္ေနၿပီး သူ႕စိတ္ေတြင ေဝဝါးလာသည္။ ထိုမွတ္ဉာဏ္ေတြကို သူ နားမလည္နိုင္ေပ။ ေႁမြႀကီးက သူ႕ကို ႏူးညံ့စြာ ေပြ႕ဖက္ထားသလိုပင္။ ထို႔ေၾကာင့္ ယခု သူသည္ လုံၿခဳံသည္ဟူေသာအသိႏွင့္ တည္ၿငိမ္ေနမႈကို ခံစားေနရျခင္းျဖစ္မည္။

စပ်စ္ႏြယ္ပင္က အလြန္ရွည္လ်ားၿပီး လွိုဏ္ဂူအတြင္း လွည့္ပတ္သြားလာဖို႔ရန္ လုံေလာက္သည္။ ရႈက်င္ထ်န္းသည္ လြန္ခဲ့ေသာ ႏွစ္ရက္က သူ႕အတြက္ ရႈဟန္ယြီ လုပ္ေပးထားသည့္ တိရစ္ဆာန္အေရခြံဖိနပ္ကို ဝတ္ဆင္ကာ စစ္ေဆးရန္ လမ္းေလွ်ာက္လိုက္သည္။

သားေကာင္၏လည္ပင္းမွာ အမွန္ပင္ အကိုက္ခံရၿပီး ဒဏ္ရာေပၚတြင္ နီညိုေရာင္ေသြးမ်ားခဲေန၏။ ရႈက်င္ထ်န္းက သူႏႈတ္ခမ္းသူ ထိၾကည့္လိုက္ရာ သူ႕ပါးစပ္ထဲတြင္ ေသြးအရသာ မရွိေလပါမွ စိတ္ခ်သြားသည္။

ဒါေပမယ့္ ေႁမြႀကီးက ဘယ္ေရာက္သြားတာလဲ။ ဘာလို႔ အခုထိ ျပန္မလာေသးတာလဲ။

သူဟာ အိပ္မက္ဆိုးတစ္ခု၏ ဒဏ္ကို ခံခဲ့ရတာ ျဖစ္နိုင္သည္။ ရႈက်င္ထ်န္းမွာ အနည္းငယ္ စိတ္မသက္မသာျဖစ္မိသည္။ သူသည္ ရႈဟန္ယြီကိုသာ ျမင္လိုစိတ္ျပင္းျပေနၿပီး ဂူေပါက္ဝကို ရံဖန္ရံခါ ၾကည့္ေနမိသည္။

အခ်ိန္ၾကာလာသည္ႏွင့္အမွ် ရႈက်င္ထ်န္း၏ စိတ္မသက္မသာျဖစ္မႈသည္ အဆမတန္ႀကီးထြားလာခဲ့သည္။ ရႈက်င္ထ်န္းဟာ ထိုင္မေနနိုင္ေတာ့။ သူသည္ စပ်စ္ႏြယ္ပင္ကိုျဖတ္ရန္ ဓားျမႇောင္တစ္ေခ်ာင္းကို ရွာေဖြေနခ်ိန္ ေလွ်ာက်သံတစ္ခု ၾကားလိုက္ရသည္။

"ဟန္ယြီ၊ ေနာက္ဆုံးေတာ့ မင္းျပန္လာၿပီ!"
ရႈက်င္ထ်န္းမွာ ဝမ္းသာပီတိျဖစ္ကာ စိုးရိမ္တႀကီးလွည့္ၾကည့္ရင္း ေနာက္ဆုံးတြင္ စိတ္တည္ၿငိမ္သြားသည္။

ထ်န္းထ်န္း...

ရႈဟန္ယြီ၏ အျမင္အာ႐ုံမ်ားသည္ မႈန္ဝါးဝါးျဖစ္ေနၿပီး သူ႕ဇနီးေလး သူေရွ႕တြင္ရွိသည္ေနကို ၾကည့္ကာ ေနာက္ဆုံးတြင္ စိတ္ေလွ်ာ့လိုက္မိသည္။ သူ႕တစ္ကိုယ္လုံး ေပ်ာ့ေခြေနၿပီး ႀကီးမားေသာခႏၶာကိုယ္၏ လဲက်မႈေၾကာင့္ ျမႇားတစ္စင္းကဲ့သို႔ တုန္ယင္ေနသည္။

မိန္းမပ်ိဳေလးတစ္ေယာက္ထဲ အထီးက်န္ေနမွာကို စိုးရိမ္တာေၾကာင့္သာမဟုတ္ရင္ ရႈဟန္ယြီ အဲ့ဒီေနရာမွာပဲ စိတ္ေလ်ာ့မိလိမ့္မည္။

ရႈက်င္ထ်န္းမွာ အံ့အားသင့္သြားၿပီး ရႈဟန္ယြီကိုေတြ႕လိုက္ေသာအခါက သူ႕ႏွလုံးသား၏ ေပ်ာ္႐ႊင္မႈသည္ ေအးခဲသြားၿပီး ေရခဲမွတ္သို႔ပင္ ေရာက္ရွိသြားေလ၏။

"ဟန္ယြီ၊ ဟန္ယြီ ဘာျဖစ္တာလဲ"
ရႈက်င္ထ်န္းက ရႈဟန္ယြီဆီသို႔ အေျပးသြားလိုက္သည္။ ရႈဟန္ယြီဟာ လဲက်လဳဆဲဆဲတြင္ ပင္ပန္းႏြမ္းနယ္ေနၿပီး အားနည္းေနတယ္လို႔ပဲ သူခံစားလိုက္ရသည္။ သူနီးကပ္ လာ ေသာအခါ ရႈဟန္ ယြီ၏ခႏၶာကိုယ္တြင္  ဒဏ္ရာမ်ားရွိေနသည္ကို သိလိုက္ ရသည္ ။

ဒဏ္ရာက သိပ္မနက္ေသာ္လည္း လက္သည္းကုတ္ရာကဲ့သို႔ ဒဏ္ရာမ်ားက မ်ားျပားလြန္းလွသည္။ အထူးသျဖင့္ ဝမ္းဗိုက္ေအာက္ပိုင္း၊ ေျမျပင္ႏွင့္ ထိေတြ႕ေလ့ရွိေသာေနရာမွ ဒဏ္ရာမ်ားသည္ ႐ႊံ႕ႏွင့္ ေက်ာက္ခဲမ်ားျဖင့္ပင္ နစ္ျမႇုပ္ေနေသးသည္။ ဂူတြင္းတြင္ မိုးေရထိေတြ႕မႈမရွိတာေၾကာင့္ ရႈဟန္ယြီ၏ဒဏ္ရာေပါင္းမ်ားစြာက ေသြးမ်ားျပည့္လွ်ံလာၿပီး အစိမ္းရင့္ေရာင္ ေႁမြကိုယ္ခႏၶာသည္ အနီေရာင္ဇီးပန္းပြင့္မ်ားျဖင့္ စြန္းထင္းသလိုျဖစ္ေန၏။

ရႈဟန္ယြီသည္ လက္က်န္ခြန္အားျဖင့္ အိမ္သို႔အေရာက္ျပန္လာခဲ့သည္။ ရႈက်င္ထ်န္းကို ေတြ႕ခ်ိန္မွာေတာ့ သူ႕တြင္ ခြန္အားမ်ားေလ်ာ့ပါးသြားကာ ထိန္းမထားနိုင္ေတာ့ေပ။ သူ၏ႀကီးမားေသာ ခႏၶာကိုယ္သည္ ေျမျပင္ေပၚသို႔ လဲက်သြားေတာ့သည္။

"ေႁမြႀကီး!"

ရႈက်င္ထ်န္းက အလန့္တၾကား ေအာ္ဟစ္လိုက္သည္။ သူ႕ႏွလုံးသားထဲရွိ ရႈဟန္ယြီ၏ပုံရိပ္ဟာ အၿမဲတမ္း ဖ်က္ဆီးလို႔မရသလို ပ်ံသန္းေနတဲ့ သားရဲေတြေတာင္ သူ႕ကို အနိုင္မယူနိုင္သူပင္။ ယခု ရႈဟန္ယြီ ႐ုတ္ တရက္  လဲက်သြားသည္ ကို ျမင္ လိုက္ ရ ေတာ့ သူ႕စိတ္ ထဲတြင္  မႀကဳံစဖူး ထိတ္ လန႔္ တုန္ လႈပ္ သြားသည္ ။

"ေႁမြႀကီးလား"

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ ေအးစက္ေနေသာ ခႏၶာကိုယ္ေပၚတြင္ သူ႕လက္ကိုတင္ထားရင္း သူ႕အသံမွာလည္း တုန္ခါေန၏။ သို႔ေသာ္ မည္သူကမွ် သူ႕ကို တုံ႕ျပန္ျခင္းမရွိေသာေၾကာင့္ ရႈက်င္ထ်န္းမွာ စိတ္ပ်က္သြားခဲ့ရသည္။

"ေႁမြႀကီး... မင္းဘာလို႔ ေျမႀကီးေပၚမွာ အိပ္ေနတာလဲ၊ အိပ္ရာထဲမွာ အနားယူတာ ပိုေကာင္းတယ္!"

ရႈက်င္ထ်န္းမွာ သတိႀကီးႀကီးထားကာ ေျပာဆိုေနေသာ္လည္း ရႈဟန္ယြီက မလႈပ္ရွားေသးေပ။ ရႈက်င္ထ်န္းသည္ တုန္တုန္ယင္ယင္ျဖင့္ လက္ကိုဆန႔္ထုတ္လိုက္ၿပီး ရႈဟန္ယြီ၏ႏွာေခါင္းေအာက္တြင္ ထားလိုက္သည္။ ထိုစဥ္ ရႈက်င္ထ်န္းမွာ အသက္မရႈနိုင္ျဖစ္ေနၿပီး ဂူသည္ပင္ ခဏမွ် တိတ္ဆိတ္သြားသည္။

အခ်ိန္အေတာ္ၾကာေတာ့ သူ႕လက္ေခ်ာင္းေတြကိုျဖတ္ကာ ေအးျမေသာေလမ်ားႏွင့္ အသက္ရႈသံသဲ့သဲ့ ထြက္ေပၚလာသည္။ ရႈက်င္ထ်န္းမွာလည္း အသက္ျပင္းျပင္း ရႉထုတ္လိုက္ၿပီး တုန္တုန္ယင္ယင္ျဖင့္ ေျမျပင္ေပၚသို႔ လဲက်သြားေလ၏။

"ဟန္ယြီ၊ မင္းငါ့ကို လန့္ေသေအာင္လုပ္ေနတာပဲ"

ရႈဟန္ယြီ၏ ဝမ္းဗိုက္ေအာက္ပိုင္းရွိ ဒဏ္ရာမ်ားသည္ ႐ႊံ႕ႏြံမ်ားျဖင့္ဖုံးလႊမ္းကာ တျဖည္းျဖည္း ေသြးမ်ားစြန္းထင္းလာခဲ့သည္။

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ဒဏ္ရာကို ကူညီေျဖရွင္းေပးခ်င္ေသာ္လည္း သူထလိုက္ေသာအခါ သူသည္ အားနည္းေနၿပီး သူ၏ေျခလက္မ်ားကလည္း ထိန္းမနိုင္သိမ္းမရ တုန္ရီေနေတာ့သည္။

ရႈက်င္ထ်န္း ခပ္ဟဟရယ္လိုက္သည္။ သူဒီေလာက္ေတာင္ ထိတ္လန့္ေနခဲ့တာလား။

ရႈက်င္ထ်န္းသည္ ေရစုထည့္ထားေသာ ပင္လယ္အခြံမာကိုသယ္ၿပီး စုတ္ၿပဲေနေသာ ပိုးအကၤ်ီတစ္ထည္ကို စိမ္လိုက္သည္။ ထို႔ေနာက္ ရႈဟန္ယြီ၏ခႏၶာကိုယ္ကို သုတ္ေပးလိုက္သည္။

ရႈဟန္ယြီသည္ ေသြးမ်ားျဖင့္ ဖုံးလႊမ္းေနသည္။ ေၾကာက္မက္ဖြယ္ေကာင္းလွေပမယ့္ ဒဏ္ရာေတြက သိပ္မနက္ေပ။ ဒဏ္ရာေတြ အရမ္းမ်ားၿပီး အခ်ိန္အၾကာႀကီး ကုသမႈမခံယူခဲ့တာေၾကာင့္ ေသြးဆုံးရႈံးမႈေတြမ်ားလြန္းသြားခဲ့တာပင္။ ဒါကပဲ ရႈဟန္ယြီကို ေမ့ေျမာသြားေစခဲ့သည္။

ရႈဟန္ယြီသည္ အားနည္းၿပီး ေမ့ေျမာေနသည့္တိုင္ သတိရွိေနဆဲျဖစ္သည္။ ထူးဆန္းသလိုလို ခံစားလိုက္ရသျဖင့္ မ်က္ခြံမ်ား အနည္းငယ္ပြင့္လာသည္။ မိန္းမပ်ိဳေလး၏မႈန္ဝါးေနေသာ အသြင္အျပင္သည္ သူ႕ပတ္ဝန္းက်င္တြင္ ရႈပ္ေထြးေပြလီေန၏။ ရႈဟန္ယြီသည္ သိမ္ေမြ႕ေသာခံစားခ်က္ႏွင့္  ေျပာမျပနိုင္သည့္ေက်နပ္မႈတစ္ခု ရရွိသြားေလ၏။ သို႔ေသာ္ ေသြးမ်ားစြာ ဆုံးရႈံးသြားသျဖင့္ သူ၏ မ်က္ခြံမ်ားကို အလ်င္အျမန္ ပိတ္လိုက္ျပန္သည္။

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီကို အေပၚေအာက္ သုတ္ေပးလိုက္သည္။ ယခုအခါတြင္ ရႈဟန္ယြီဟာ ေႁမြေသတစ္ေကာင္လိုျဖစ္ေနေသာေၾကာင့္ သူ႕မွာ အလြန္စိတ္မခ်မ္းမသာ ျဖစ္ေနရသည္။ တစ္ကိုယ္လုံးကို ေဆးေၾကာသန႔္စင္ၿပီးေနာက္ ရႈဟန္ယြီ၏ခႏၶာကိုယ္သည္ မိုးေရေတြစိုစြတ္မေနဘဲ ေသြးမ်ားကလည္း အျမန္ရပ္တန႔္သြားသည္။

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီကို အိပ္ယာထဲသို႔ ေ႐ႊ႕လိုက္သည္။ ရႈဟန္ယြီက ေလးလံလြန္းသျဖင့္ ရႈက်င္ထ်န္းသည္ ေႁမြ၏အၿမီးကို အရင္မ,ေ႐ႊ႕ၿပီး ေႁမြ၏ခႏၶာကိုယ္ကို အိပ္ယာေဘးသို႔ ေ႐ႊ႕လိုက္သည္။

ရႈက်င္ထ်န္းသည္ ေတာင္ကိုေ႐ႊ႕ေနေသာ အဘိုးအိုတစ္ေယာက္ကဲ့သို႔ပင္ သူ၏ အလုပ္ကို ေအာင္ျမင္စြာ ၿပီးေျမာက္ေသာအခါတြင္ သူသည္ ေမာပန္းၿပီး ေခြၽးမ်ားထြက္ေနၿပီျဖစ္သည္။ သူ႕ခႏၶာကိုယ္က ဘယ္အခ်ိန္ကတည္းက ဒီေလာက္ ႏုယြအားနည္းေနသလဲမသိ...

ရႈက်င္ထ်န္းက ရႈဟန္ယြီကို အိပ္ယာေပၚတင္ၿပီး ရႈဟန္ယြီ သူ႕ကို ရစ္ပတ္ေလ့ရွိတဲ့ပုံစံအတိုင္း ထားလိုက္သည္။ သူလည္း ပင္ပန္းေနၿပီမို႔ လွဲေလ်ာင္းၿပီး အနားယူခ်င္သည္။ သို႔ေသာ္ ရႈဟန္ယြီသည္ ေသြးအလြန္အကြၽံဆုံးရႈံးခဲ့တာေၾကာင့္ ရႈက်င္ထ်န္းက ရႈဟန္ယြီ၏ေသြးကို ျပန္လည္ျဖည့္သြင္းေပးခ်င္ခဲ့သည္။ သူ လွည့္ၾကည့္လိုက္ေသာအခါ လည္ပင္းတြင္ အကိုက္ခံထားရေသာ သားေကာင္ကို ေတြ႕လိုက္ရသည္။

ရႈက်င္ထ်န္းသည္ သားေကာင္ကို ဆြဲယူလိုက္ေသာ္လည္း သားေကာင္၏ေသြးမ်ားက ခဲေနေလၿပီ။ ထိုသားေကာင္ကို ခက္ခက္ခဲခဲျမႇောက္ကာ ေဇာက္ထိုးလႈပ္ယမ္းလိုက္ေသာ္လည္း ေသြးစက္အနည္းငယ္သာ ေျမျပင္ေပၚသို႔ က်ဆင္းလာ၏။

ဘာလို႔ ေသြးမရွိတာလဲ။ ရႈက်င္ထ်န္းမွာ သံသယျဖစ္မိသည္။ သားေကာင္က ေသတာၾကာသြားမ်ားလို႔လား။

ရႈက်င္ထ်န္းသည္ ေသြးမရေသာေၾကာင့္ ေနာက္ဆုံးတြင္ ရႈဟန္ယြီအား ငွက္ဥႀကီးဆယ္လုံးကို ေကြၽးလိုက္ရေလသည္။ သူသည္လည္း ညစာစားဖို႔ အခ်ိန္နီးေနေလၿပီ။ ထူးဆန္းတာက သူဗိုက္မဆာေပ။ လြန္ခဲ့ေသာရက္အနည္းငယ္ကကဲ့သို႔ ဆာေလာင္ျခင္းကိုမခံစားရ...

ရႈက်င္ထ်န္းက အမ်ားႀကီးမစဥ္းစားေတာ့ဘဲ ရႈဟန္ယြီကို ေစာင္ၿခဳံေပးလိုက္သည္။ ရႈဟန္ယြီက ပို၍ပင္ေအးလာေသာေၾကာင့္ သူ႕ခႏၶာကိုယ္ကို ႏြေးေထြးေစရန္လည္း ကူညီေပးေနရသည္။

ရႈက်င္ထ်န္းသည္ အိပ္ငိုက္ေနၿပီး ႏြမ္းနယ္ေနေသာ ခႏၶာကိုယ္ေၾကာင့္ ေႁမြတစ္ေကာင္ကို ကိုင္ထားၿပီး မၾကာမီပင္ အိပ္ေပ်ာ္သြားခဲ့သည္။ ရႈက်င္ထ်န္း နိုးလာေသာအခါတြင္လည္း ရႈဟန္ယြီသည္ ေဆာင္းခိုေနေသာ ေႁမြတစ္ေကာင္ကဲ့သို႔ တိတ္ဆိတ္ၿငိမ္သက္စြာ အိပ္ေပ်ာ္ေနသည္။

ရႈက်င္ထ်န္း၏ႏွလုံးသားေလးဟာ မၿငိမ္မသက္ျဖစ္ၿပီး စိုးရိမ္လာျပန္သည္။ သူနိုးလာေသာအခါတြင္ ရႈဟန္ယြီ၏ဒဏ္ရာကိုစစ္ေဆးၿပီး ရႈဟန္ယြီကိုကူညီေကြၽးေမြးခဲ့သည္။

ရႈဟန္ယြီသည္ သုံးရက္ၾကာ သတိလစ္ေနၿပီး နိုးမလာခဲ့ေပ။ အကယ္၍ သူသာ အသက္ရႉသံ အားနည္းေနပါက ရႈက်င္ထ်န္းဟာ သူေသသြားၿပီဟု တကယ္ထင္ေနလိမ့္မည္သာ။ ရႈက်င္ထ်န္းက ငွက္ဥအရည္ေတြ ေန႕တိုင္းေဖာက္ေကြၽးခဲ့ရာ အခုေတာ့ ငွက္ဥေတြပင္ အကုန္ကုန္သြားၿပီ။

ရႈဟန္ယြီ ငတ္မွာေၾကာက္လို႔ ရႈက်င္ထ်န္းက ဓားျမႇောင္ကိုရွာၿပီး သုံးရက္ၾကာေအာင္ ခ်ည္ႏွောင္ထားတဲ့ ႏြယ္ပင္ကိုျဖတ္ကာ အစာရွာဖို႔ ျပင္လိုက္သည္။

ရႈက်င္ထ်န္း ဂူထဲမွ မထြက္ခင္ေလးမွာပဲ သူ႕ေနာက္ေက်ာမွာ ေအးစိမ့္စိမ့္နဲ႕ "Sss~~"ဟူေသာ အသံတစ္ခု ထြက္ေပၚလာသည္။

ရႈက်င္ထ်န္းက အံ့အားသင့္သြားၿပီး သူ႕လက္ထဲက ဓားျမႇောင္ဟာ ေျမျပင္ေပၚ ျပဳတ္က်သြားေလ၏။ ရႈက်င္ထ်န္းက မယုံၾကည္နိုင္စြာ ျပန္လွည့္လိုက္သည္။ ခုနကပဲ အိပ္ေပ်ာ္ေနတဲ့ ေႁမြႀကီးက အခုခ်က္ခ်င္း နိုးလာၿပီလား?

ရႈက်င္ထ်န္းမွာ ၎ကို မယုံနိုင္ၾကည္နိုင္ဘဲ သူထင္ေယာင္ထင္မွားျဖစ္ေနသည္ဟု ထင္မိသည္။ ရႈဟန္ယြီသည္ သူ၏ေခါင္းကို အနည္းငယ္ ေမာ့ၾကည့္လိုက္ရာ ႐ုတ္တရက္လန႔္သြားေလ၏။

"ဟန္ယြီ၊ ေနာက္ဆုံးေတာ့ မင္းနိုးလာၿပီ"

ရႈဟန္ယြီသည္ ယခုရက္မ်ားအတြင္း သတိလစ္ေနၿပီး  မိန္းမပ်ိဳေလး၏ သူ႕အေပၚ ဂ႐ုစိုက္မႈကို အလြန္သေဘာက်တာေၾကာင့္ မသိစိတ္က နိုးထရန္ဆႏၵမရွိခဲ့ေပ။ အလြန္လွပတဲ့ အိမ္မက္ထဲမွာ နစ္ျမႇုပ္ေနရင္း မိန္းမပ်ိဳေလး၏အသံကို ႐ုတ္တရက္ၾကားလိုက္ရတဲ့အခါ နိုးထလာျခင္းျဖစ္သည္။ သူ႕မ်က္လုံးမ်ားကို အားသြန္ခြန္စိုက္ဖြင့္ၾကည့္လိုက္ေတာ့ မိန္းမပ်ိဳေလးက ထြက္သြားသည္ကို ျမင္လိုက္ရသည္။ သူ႕တစ္ကိုယ္လုံး ေတာင့္တင္းသြားၿပီး ရႈက်င္ထ်န္းကိုသာ စိုက္ၾကည့္ေနမိသည္။

ရႈက်င္ထ်န္းသည္ ႐ုတ္တရက္ ဝမ္းသာသြားၿပီး ရႈဟန္ယြီ၏ထူးျခားေနမႈကို လ်စ္လ်ဴရႈကာ ရႈဟန္ယြီဆီသို႔ အေျပးသြားလိုက္သည္။

"ေနာက္ဆုံးေတာ့ မင္းနိုးလာၿပီ၊ မင္းအိပ္ေနတာ ဘယ္ေလာက္ၾကာၿပီဆိုတာ မင္းသိရဲ႕လား"

ရႈက်င္ထ်န္းသည္ မူလက ေပ်ာ္႐ႊင္မႈကို ထုတ္ေဖာ္ခ်င္ေသာ္လည္း သူစကားထြက္လာသည္ႏွင့္ ႐ုတ္တရက္ မွားယြင္းေနသည္ကို ခံစားလိုက္ရသည္။ ဒီတစ္ႀကိမ္တြင္ ေႁမြႀကီးက သူ႕ကို တကယ္ေၾကာက္ေနသလိုပင္။

ရႈက်င္ထ်န္းသည္ ရႈဟန္ယြီ၏ေဘးတြင္ ဒူးေထာက္ထိုင္လိုက္သည္။ ရႈဟန္ယြီ၏ ၾကည္လင္ေနေသာ ျမစိမ္းေရာင္မ်က္ဝန္းမ်ားကိုၾကည့္ရင္း သူ႕မ်က္လုံးထဲတြင္ အရည္ၾကည္မ်ားေဝ့ဝဲလာၿပီး ငိုခ်ေတာ့မလိုပင္။

ရႈဟန္ယြီသည္ ခ်က္ခ်င္းပင္ စိတ္ဆင္းရဲသြားကာ သူ၏ေႁမြဦးေခါင္းကို အနည္းငယ္ျမႇင့္ကာ မိန္းမပ်ိဳေလး၏ခါးကို ပြတ္သပ္လိုက္သည္။ သူသည္ သူ႕ဇနီးေလးကို ေပြ႕ဖက္ၿပီးေခ်ာ့ခ်င္ခဲ့ေပမယ့္ အသြင္ေျပာင္းတာက ဝန္ထုတ္ဝန္ပိုးျဖစ္လြန္းတာေၾကာင့္ မိန္းမပ်ိဳေလးကို ကိုယ္ဟန္အမူအရာနဲ႕သာ ႏွစ္သိမ့္ေပးလိုက္သည္။

~~~~~~

14/2/2022(10:15AM)

ဒီေန႕မွာကိုယ့္လိုFAေလးေတြရွိရင္အပ်င္းေျပဖတ္လို႔ရေအာင္ updateလုပ္ေပးဖို႔အေမ့ကိုအေျပးအလႊားbillထည့္ေပးခိုင္းထားရတာ😁😁

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...